Episode 16 (သည်ကံကြမ္မာသည် ရက်စက်ပါပြီ)
09:13, 3 October 2025"ဘာတွေ အဲလောက်ပျော်နေတာလဲ သားရ"
"ဒယ်ဒီ..."
"အေးး ပြောစမ်းပါ့အုံးး"
"နန်းထယ်လေ ဒယ်ဒီ...သူ့ဆီကစာ"
"အော်... မြတ်စံသားလားး"
"ဟုတ် ဒယ်ဒီ"
"သား သူ့ကိုတော်တော်ချစ်တာပဲနော် ဒယ်ဒီမှာ ငါ့သား ရည်းစားမထားဘူးမှတ်တာ နောက်ဆုံးတော့တွေ့သွားတာပဲ"
"ဟီးး ကံတရားက ဆန်းသကိုး ဒယ်ဒီရ... အကြောင်းအမျိုးမျိုးနဲ့ ကျွန်တော် သူနဲ့တွေ့ပြီးး ချစ်မိတဲ့အထိ ဖြစ်လာတာပဲလေ"
"ဒီလိုပါပဲ...မင်းမာမီနဲ့တုန်းကဆို ဒယ်ဒီက နိုင်ငံခြားသားပေမဲ့ အခုလို မင်းကိုတောငိ ရလာတဲ့အထိ ခရီးပေါက်ခဲ့တာပဲလေ"
"ကျွန်တော်လည်း ဖေဖေတို့လို ပျော်ပျော်ကြီး လက်ထပ်ပြီး နေချင်တယ် ထယ်နဲ့ လက်ထပ်ချင်ပြီ"
"ဟားး ငါ့သားကတော့ အေးကွာ မင်းမာမီ နေပြန်ကောင်းတာနဲ့ ဒယ်ဒီတို့ မြင်ကပါကိုသွားမယ် ပြီးရင် မင်းတို့ကိုလက်ထပ်ပေးမယ်ကွာ"
"ဒယ်ဒီ တကယ်ပြောတာလား"
"ဒါပေါ့ ငါ့သားက ငါ့ကိုသိပ်ချစ်တာပဲလေ အချစ်စစ်ရဲ့တန်ဖိုးကို ဒယ်ဒီကောင်းကောင်းကြီး သိခဲ့တာမို့ ငါ့သားကိုလည်း ပိတ်ပင်ဖို့ ဒယ်ဒီမလုပ်ပါဘူးကွ သားပျော်ရင် ရပြီလေ"
"ရေးး ဒါမှ တို့ဒယ်ဒီကွ"
ဒယ်ဒီဆီကခွင့်ပြုချက်လည်းရပြီ မိဘတွေက သဘောတူပြီဆိုတော့ ဘာအတားအဆီးမှ မရှိတော့ပါပေ။
ဝမ်းသာစွာနဲ့ ဂျွန် ထယ့်ဆီကို စာတစ်ဆောင်ပြန်ရေးလိုက်သည်။
"ထယ် ကိုယ့်ဒယ်ဒီက ခွင့်ပြုတယ်တဲ့ ကိုယ့်မာမီပြန်ကောင်းတာနဲ့ မြင်ကပါမှာ လက်ထပ်ပေးမယ်တဲ့လေ ကိုယ်သိပ်ပျော်တာပဲ ကိုယ်တော့ အဲနေ့ကိုမျှော်နေပြီ...ထယ် သိပ်ချစ်တာပဲ လွမ်းနေရတာ ထယ်ရာ... ကိုယ်တို့ အမြန်ဆုံး ပြန်တွေ့ကြမယ်နော် ကိုယ်မကြာခင် ပြန်လာခဲ့မယ်"
စာကိုရပြီးး ထယ့်မှာထပင်ကမိသည်။ ဂျွန်ပြန်လာတော့မယ်တဲ့လေ...။ လက်ထပ်ပွဲကိုလည်း ခွင့်ပြုတယ်တဲ့။ နောက်ဆုံးတော့ သူတို့ ပေါင်းဖက်ရမှာတော့တဲ့လားး။ ........
ဂျွန်ရန်ကုန်မှတစ်လတော့ကြာခဲ့ပြီ။ မာမီကလည်း နေလို့ကောင်းစပြုနေပြီ။ ကျန်းမာရေးကောင်းလာပြီ။
ဂျွန် ကင်မရာအသစ်တစ်လုံးလည်းရတော့ ထယ့်ဆီကိုစာရေးမိသည်။
" ထယ် ကိုယ်ဒီနေ့ ဒယ်ဒီက ကင်မရာအသစ်ထွက်တာ ဝယ်ပေးတယ်...သူက ရွေ့လျားနေတာတွေကိုပါ မှတ်တမ်းတင် လို့ရတာမို့ နောက်တစ်ခေါက် ကိုယ်တို့တွေ့ရင် အတူတူ ရိုက်ရအောင် ကိုယ်တို့အမှတ်တရတွေကို အကုန်သိမ်းထားချင်တယ် ထယ် ကိုယ်ပြန်လာတော့မယ်သိလားး နောက်အပတ်ထဲ ပြန်လာမှာ ထယ်မျှော်နေမယ်မလားး"
စာကိုရေးလိုက်ပေမဲ့ ပြန်စာကိုမရခဲ့...။ ထယ်မအားလို့နေမှာပါဆိုကာ စောင့်ခဲ့သည်။ နောက်ထပ်စာတွေထပ်ရေးကာ ပို့သည်။ နေ့တိုင်းလိုလို ဂျွန်စာတွေပို့နေခဲ့ပေမဲ့ ပြန်စာမလာခဲ့ပါ။
ဂျွန့်စိတ်တွေပူရပြီ......သူ့ရင်တွေပူလာရသည်။ နေ့တိုင်း မျှော်နေပေမဲ့ စာတစ်ဆောင်မှ ရောက်မလာခဲ့ပါ။
"ထယ်ဘာလို့ စာမပြန်တာလဲ သူနေများ မကောင်းလို့လား ဘာများ ဖြစ်နေတာပါလိမ့်......"
စိတ်တွေ ပူပန်ရင်းသာ စာတွေကိုဆက်ပို့နေခဲ့မိသည်။ ပြန်စာမလာတဲ့ စာတွေကို သူမျှော်လင့်ရင်း ဆက်ပို့နေမိပါသည်။
တကယ်တမ်း နန်းထယ်မှာ စာတွေလည်း မပို့်နိုင်သလို စာတွေမရခဲ့ပါ။
ဂျွန်ရဲ့နောက်ဆုံးသော စာက သူပြန်လာတော့မည်။ ဂျွန့် ဒယ်ဒီက သဘောတူတယ်။ ပြန်လာရင် လက်ထပ်မယ် ဆိုတဲ့ အကြောင်းသာ။
ထိုစာရပြီး မကြာပါဘူးး ထယ််တို့ ပုဂံမှာ မြို့စားအသစ်ပြောင်းသည်ပင်။ မြို့စားအသစ်မှာ လူတွေအဆိုအရ ချောလည်းချောသလို ငယ်လည်းငယ်သည်တဲ့။
နန်းထယ်ကတော့ ဂျွန်သာ သူ့အတွက်အရာရာမို့ သိပ်တော့စိတ်မဝင်စားး။ ပုဂံမြေမှာတော့ သည်မြို့စား အကြောင်းက ကျော်ကြားလို့ပင်။
တစ်နေ့ နန်းထယ်တို့အ်ိမ်ကို လူတစ်ယောက်ရောက်လာသည်။ နန်းထယ်ကတော့ အခန်းအောင်းလို့ ပန်းချီဆွဲနေတာမို့ မသိပါ။
ထိုလူမှာ အဖေနဲ့ စကားတွေပင်ပြောနေကြသည်။ နန်းထယ်လည်း လူသံတွေကြားတာနဲ့ ထွက််ကြည့်မိတော့
အသက်ခပ်ငယ်ငယ် လူတစ်ယောက်။ ပိုးဖဲသားအင်္ကျီနီနီနဲ့ ပုဆိုးမှာလည်း အကောင်းစား။ လူကလည်း သန့်သန့်ပြန့်ပြန့်နဲ့ ရုပ်ရည်မှာလည်း ခန့်ညားပုံပေါ်သည်။ ဂျွန့်ကိုတော့ မမှီဘူးပေါ့။
ပိုဆန်းတာက ထိုလူကို အဖေက လေးလေးစားစား ပြောနေတယ်လေ ။ သူကဘယ်သူမို့ ဘယ်လိုလူမို့ အဖေတောင် ယဥ်ယဥ်ကျေးကျေး ဆိုနေရတာလဲ။
နန်းထယ် စပ်စုကာကြည့်နေတုန်း ထိုလူက သူ့ကိုမြင်သွားသည်ပင်။
အသားဖွေးဖွေး အရပ်ကအနေတော် ပိန်ကာသေးသွယ်လျက် နူးညံ့ကာ သိမ်မွေ့ဖွယ် အလှပိုင်ရှင်ကို တွေ့မိတော့ တစ်ခဏတာ ငေးမောမိတာ အသက်ရှူဖို့တောင် မေ့ရသည်။
ဖေဖေဦးမြတ်စံ သတိထားမိလို့ လှည့်ကာ ကြည့်တော့ သူ့ရဲ့သားငယ်ပင်။
"မြို့စားမင်းး ဒါက ကျွန်တော့်သား ရွှေနန်းထယ်တဲ့.... သားး လာခဲ့လေ"
မြို့စားမင်းတဲ့ နာမည်ကြီးနေတဲ့ မြို့စားမင်းက သူတဲ့လားလေ။
"ဟ..ဟုတ်ကဲ့"
ဖေဖေမှခေါ်တော့ နန်းထယ် အဖေ့အနား ဝင်ထိုင်တော့သည်။ ထိုအခါလည်း ရှေ့တည့်တည့်က မြို့စားမင်းဆိုသူကားး နန်းထယ်ကို ပေါက်ထွက်မတတ် ကြည့်နေတာများ နန်းထယ် စိတ်ထဲ မသိုးမသန့်ဖြစ်ရပါသည်။
နေရတာလည်း ခက်ပါသည်။ အဲလိုမျိုး စိုက်ကြည့်နေတာ သူမကြိုက်။
အဖေမှာ သူနဲ့စကားတွေဆိုကြရင်း အကြောင်းကိုသဘောပေါက်သွားပါသည်။ မြို့စားမင်းလာတာက နန်းထယ် ဖေဖေရဲ့ ပန်းပုလက်ရာကြောင့်။
ပန်းပုထုဖို့ ဖေဖေမြတ်စံကို ခိုင်းခဲ့တာ သဘောတကျဖြစ်ကာ ဆုငွေပေးရင်း လာလည်တာတဲ့လေ။
မြို့စားနာမည်ကလည်း ရန်ဇေယျာတဲ့ နန်းထယ်နဲ့ အသက်သိပ်မကွာပါ ၂၄နှစ်တဲ့လေ။ အသက််ငယ်ငယ်နဲ့ မြို့စားဖြစ်လာခဲ့တာ။
တကယ်ကတော့ ဖခင်ကလည်း ပုဂံမြို့စားဟောင်းကိုမှ မရမက အတင်းရယူခဲ့လို့ ဒီနေရာကို ရလာခဲ့တာ။
ထုံးစံတိုင်း အာဏာကို မြတ်နိုးသူတို့ အတိုင်း သူတို့နည်း သူတို့ဟန်နဲ့ပေါ့လေ။
နန်းထယ် ဒီအကြောင်းတွေကို သိတော့ ဘာရယ်မသိ။ ရန်ဇေယျာကို စက်ဆုပ်မိတာအမှန်။ ပြောကြတာတော့ ရန်ဇေယျာက သူ့ဖခင်ကို နှိပ်တောင်နှိပ်စက်တယ် တဲ့လေ။
မွေးထားတဲ့ ကိုယ့်ဖခင်ကို သူမို့ ပြစ်မှားရက်တယ် ။ မိဘဟာ ဆိုးသည်ဖြစ်စေ ကေင်းသည်ဖြစ်စေ မပြစ်မှားသင့်ပါ။ ဘယ်လောက်ပဲ ကိုယ့်အပေါ်မကောင်းပါစေ ကိုယ့်ကို ဒီလူ့ဘသထဲ ဆွဲခေါ်ကာ မွေးပေးထားတဲ့ ကျေးဇူးရှိကတည်းက အကြီးမားဆုံးသော ကျေးဇူးရှင်တွေပင်။
ဒီလိုမျိုး ကျေးဇူးရှင်မိဘတွေကို ကျေးဇူးဆပ်ရမဲ့အစား ပြစ်မှားမိတာဟာ အတော်လေး ကြီးလေးသည့် အကုသိုလ်တစ်ခုပင်။
နန်းထယ်အနေနဲ့ သည်လိုလူကို သူနားမလည်နိုင်သလို သဘောလည်း မကျ။ ဒီလိုလူဟာ ဆိုးရွားသော အကျင့် မကောင်းသောအတွေးအကြံတွေနဲ့ ပြည့်နေသူပင် သေချာသည်။
ဒါကြောင့် တတ်နိုင်သမျှမပတ်သက်ဖို့ ဆုံးဖြတ်ခဲ့သည်။
ဒါပေမဲ့လည်းး သူမပတ်သက်ချင်မှပဲ အိမ်ကိုနေ့တိုင်းလိုလိုလာနေတဲ့ မြို့စားး ။ အကြောင်းမရှိဘဲ အကြောင်းရှာ လာလာနေတတ်သလို။
နန်းထယ်နဲ့လည်း ရင်းနှီးနေတဲ့အတိုင်းပြုမူတတ်သည်။ နန်းထယ်ကတော့ ခပ်စိမ်းစိမ်းပင် ဆက်ဆံပေမဲ့ သူကတော့ ပိုပိုတိုးလာခဲ့တာ။
တစ်နေ့ နန်းထယ်ကို သူရည်းစားစကားပြောခဲ့သည်ပင်။
"နန်းထယ် ကိုယ် မင်းကိုချစ်တယ် မင်းကိုယ့်ကို လက်ခံမယ်မလားး မင်းသဘောတူတာနဲ့ ကိုယ်လက်ထပ်ဖို့လုပ်မယ်လေ"
ခုမှဖွင့်ပြော ခုလက်ထပ်ချင်တယ်တဲ့... ဂျွန်နဲ့ကွာပါ့။ ဂျွန်ဟာ သူ့ကိုချစ်သလို ဆုံးရှုံးရမှာမလို ။ သူမုန်းခံရမှာပိုမလိုလားသူ။ ဒါကြောင့် ဖွင့်ပြောတုန်းက ဆို အဖြေတောင်သူမတောင်းတာ။
ရန်ဇေယျာက တော့ အဖြေတင်မက လက်ထပ်မယ််တဲ့။ နန်းထယ်မှာ အရင်ကတည်းက သဘောမကျတာ ဘယ်လက်ခံမလဲ။ သူ့မှာ ဂျွန်ရှိတယ်လေ။
"စိတ်မကောင်းပါဘူးးး ထယ် မြို့စားမင်းကို မချစ်ဘူး ထယ့်မှာ ချစ်သူရှိတယ် ထယ်သူနဲ့ပဲ လက်ထပ်မှာ"
"ဘာ..ကွ..."
"ထယ် သွားတော့မယ်"
နန်းထယ်လှည့်ထွက်မည်လုပ်တော့ လက်ကနေဆွဲပါသော ရန်ဇေယျာ။
"မြို့စားမင်း ဘာလုပ်တာလဲ ထယ်ပြောပြီးပြီလေ ထယ့်မှာ ချစ်သူရှိတယ် ထယ် သူ့ကိုပဲချစ်တယ်"
"မင်း အတော်အတင့်ရဲနေတယ်ပေါ့ နန်းထယ် မင်းလို ဘာမဟုတ်တဲ့ကောင်က ငါ့ကိုငြင်းရဲတယ်ပေါ့ ဟက်လား"
"ထယ် တောင်းပန်ပါတယ် ထယ် မြို့စားမင်းကို လက်မခံနိုင်ဘူးး မြို့စာမင်း ဘယ်လိုထင်ထင် ထယ် ချစ်သူအပေါ် သစ္စာမဖောက်နိုင်ဘူးး"
"ဟက်...အဲလို လားး ရတယ်လေ မင်း သူ့အပေါ် သစ္စာမဖောက်ပဲ နေနိုင်ပါ့မလား ကြည့်ကြတာပေါ့"
နန်းထယ်လက်ကိုလွှတ်ကာ သူထွက်သွားသည်။ နန်းထယ်ကတော့ နာကျင်စွာကျန်ရစ်ခဲ့တဲ့ လက်ကိုင်ရင်း ရင်တွေပူရသည်။ မြို့စားမင်းဆိုတာ အာဏာရှင်တွေမလားး။ နန်းထယ် ကြောက်မိသည်။ အာဏာရှင်တွေနဲ့ နန်းထယ် မယှဥ်နိုင်ပါ။
သူကြောက်မိနေတဲ့အတိုင်းး နန်းထယ်ဘဝမှာ ကံဆိုးမှုကြီး ဝင်လာခဲ့သည်။
"သားငယ်...သားငယ် အဖေနဲ့အမေလည်း မတတ်နိုင်တော့ဘူးး မင်းမမကြီး ဘေးကင်းဖို့ သားငယ် လုပ်ပေးနိုင်မလားးကွယ်"
မမကြီးမှာ အန္တရာယ်ရှိနေပြီ။ မြို့စားမင်းမှာ အစိုးရရာထူးပိုင်းတွေနဲ့ အသိရှိတာကြောင့် ဥပဒေကို သူဂရုမစိုက်။ ဥပဒေဆိုတာ သူ့အတွက်ချထားတာ မဟုတ်ဘူးတဲ့လေ။
ဥပဒေနဲ့ အာဏာကားး သူ့လက်ခုပ်ထဲက ရေပင်ဖြစ်နေတော့ ထယ် မလွဲသာပဲ လက်ခံခဲ့ရပြီ။
မလိုချင်ခဲ့.... မုန်းတီးမိတဲ့သူကို စေ့စပ်ရတော့မယ်...။ ဂျွန်များလာမလာလို့ သူမျှော်မိပေမဲ့ မဖြစ်နိုင်ဘူးလေ။
စေ့စပ်ပွဲကို သူဖြတ်ကျော်ခဲ့ရသည်။ မချစ်မနှစ်သက်တဲ့ ရန်ဇေယျာကို စေ့စပ်ခဲ့ရသည်။ ဒါတောင် ရန်ဇေယျာက လက်ထပ်ချင်ခဲ့တာ ထယ့်ဘက်က ညှိနှိုင်းနိုင်လို့ စေ့စပ်ရုံသာ။
စေ့စပ်ရုံပဲဆိုပေမဲ့ ရန်ဇေယျာရဲ့စီစဥ်မှုကြောင့် နန်းထယ်မှာ စေ့စပ်ပြီးတာနဲ့ သူနဲ့အတူ မြို့စားအိမ်ကိုလိုက်သွားရပေသည်။
မလိုက်ချင်လိုက်ချင်နဲ့ လိုက်သွားခဲ့ရတာ။ ရောက်ပြီးတာနဲ့ နန်းထယ်ဘဝမှာ အချုပ်ထဲရောက်သွားသလိုပင်။
မိဘတွေနဲ့လည်း ပေးမတွေ့ စာအပို့အပြန်လည်းမရတော့ သူငယ်ချင်းတွေနဲ့လည်း ပေးမတွေ့သလို အပြင်တောင်ထွက်မရ။ ရန်ဇေယျာဟာ သူမပါရင် အပြင်မထွက်ခိုင်းပေ။
ဒီလိုနဲ့ နန်းထယ် ဂျွန့်ဆီ စာလည်းမပို့နိုင်သလို ဂျွန့်စာတွေလည်း သူမရခဲ့ပါ။ အပြင်လောကတစ်ခုလုံးနဲ့ အဆက်အသွယ်ပင်ပျက်ခဲ့ရချေသည်။
စံအိမ်ကြီးထဲ အထီးကျန်စွာနေရင်း လှောင်အိမ်ထဲက ငှက်တစ်ကောင်လို။ အရုပ်လေးတစ်ရုပ်လို အသိမ်းခံထားရသည့် ဘဝမှာ သူမပျော်နိုင်တော့ပါ။ ဂျွန့်ကိုသူတွေ့ချင်သည်။ ဂျွန့်ကိုလွမ်းသည်။ သည်ခံစားချက်တွေကား နာကျင်လှပါသည်ပင်။
❦~~~~~~~❦
ဂျွန်တစ်ယောက် ရန်ကုန်မှ မြင်ကပါကိုပြန်ရောက်ပြီ။ နန်းထယ်ရှိမည့်အိမ်ကို ရောက်လာခဲ့သည်။
"ထယ်ရေ ထယ်...ကိုယ်ပြန်လာပြီလေ ထယ်"
ပြန်ထူးသံလည်း မကြားသလို တိတ်ဆိတ်လွန်းလှပြီ။
"ထယ်ရေ...ထယ်"
"ဘယ်သူလဲကွဲ့...ဟင် သား သက်နောင်"
အိမ်အနောက်ထဲက ထွက်လာသော အန်တီသစ္စာ ဂျွန့်ကိုမြင်တော့ ငိုမဲ့မဲ့ ဖြင့်။
"အန်တီ ထယ်ရော"
"သားငယ်...သားငယ်က..."
ပြောရင်းပင် အန်တီသစ္စာ ငိုပါလေပြီ။ ဂျွန့်ရင်ထဲ ထိတ်လန့်မှုကြီး ဖြစ်ပေါ်လာရပြီ။
"အန်တိီ....ထယ် ဘယ်မှာလဲ ထယ် ဘာဖြစ်လို့လဲ"
အလန့်တကြား သူမေးတော့ အန်တီသစ္စာ အိမ်ထဲခေါ်ကာ ဂျွန့်ကို ရှင်းပြလေသည်။ ဂျွန်ရင်ထဲမှာ ရူမတတ်ခံစားရသည်။
သူပြန်လာရင်အရာရာအဆင်ပြေမယ်ထင်ခဲ့တာ... သူနောက်ကျသွားသည်တဲ့လေ။ သူခြေတစ်လှမ်းနောက်ကျခဲ့တာ။ သူသာစောစော ပြန်လာခဲ့ရင် အချိန်မှီခဲ့ရင် ထယ်အခုလို ဖြစ်ရမှာမဟုတ်ဘူးးလေ။ ဂျွန် နောင်တတွေအပြည့် နာကျင်စွာနဲ့ ကိုယ့်ကိိုကိုသာ အပြစ်တွေတင်မိသည်။
နန်းထယ်နဲ့ အတူနေခဲ့တဲ့ အခန်းလေးထဲ အခုတော့ တစ်ယောက်တည်းးး နေနေရသလို အရင်က သူကြားနေကြ ဩရှရှရယ်သံလေးတွေ မတွေ့နိုင်တော့။ ပန်းချီဆွဲနေတတ်တဲ့ ပန်းချီဆရာလေးကို မတွေ့နိုင်တော့။ ဂျွန်ရင်တွေကွဲကျေကုန်ပြီ။
မျက်ရည်တွေမှာ နေ့ညမရွေး အချိန်တိုင်းလိုလိုကျဆင်းနေပြီ။ အပြစ်တင်စိတ်နဲ့ နောင်တတွေနဲ့သာ ကိုယ့်ကိုကို မုန်းတီးမိသည်။
နန်းထယ်နဲ့မတွေ့နိုင် ဝေးကွာနေရတဲ့အချိန်တွင်း နာကျင်မှုတွေကို မြိုသိပ်လို့ ဖောက်ထုတ်ချင်မိတာနဲ့ ကျောက်သားတစ်ခုပေါ် အချိန်တိုင်း ထွင်းထုနေမိတာ နန်းထယ်ရဲ့ပုံ။
နန်းထယ်ကို လွမ်းတိုင်း သတိရတိုင်း သူ့အကြောင်းတွေးမိတိုင်း ပန်းပုကို သာထုနေမိတာ။
သူဘယ်လိုလုပ်မှ နန်းထယ်ကို ပြန်ကယ်ထုတ်နိုင်မှာလဲလေ။
နာကျင်စွာ ဝမ်းနည်းမှုတွေ အလွမ်းစိတ်တွေ အပြစ်စိတ်တွေ နောင်တတွေနဲ့ သူထုထွင်းခဲ့တဲ့ သည်ပန်းပုမှာ ဂျွန့်ခံစားချက်များ နစ်ဝင်လျက် ပုံကိကြည့်ရင်း ဝမ်းနည်စရာ အငွေ့အသက်တွေမှာ တလှိုင်လှိုင်ပင်။
သတင်းတွေကြားသည်။ နန်းထယ်နဲ့ မြို့စားမင်း မနက်ဖြန်ဆို လက်ထက်တော့မယ်တဲ့လေ။ မစားနိုင် မသောက်နိုင် ဂျွန် ဖြစ်နေရချိန်....ရဲမင်း ရောက်လာခဲ့သည်။
"သက်နောင် မင်းဒီလိုထိုင်နေတော့မှာလား"
"ငါက ဘာလုပ်နိုင်အုံးမှာလဲ"
"သက်နောင် မင်းက နန်းထယ်ကို ဒီတိုင်း မြို့စားလက်ထဲ ထည့်ပေးတော့မှာလား"
"ငါ...ငါ"
"မင်း နန်းထယ်နဲ့တွေ့ချင်လားး"
"ဘယ်လိုမေးလိုက်တာလဲ ရဲမင်းရာ ငါထယ့်ကို တွေ့ချင်လွန်းလို့ အရူးတစ်ပိုင်း ဖြစ်နေပြီလေ"
"အေးး ဒါဆို ငါကူညီပေးမယ် ငါ မြို့းစားမင်းနဲ့သိတယ် ငါနန်းထယ်ကို ခိုးထုတ်ခဲ့မယ်"
"ရဲမင်း မင်း တကယ်ပြောတာလား"
"အင်းး မင်းသာအားမွေးထား မင်းတို့ကို ငါကူပေးမယ်"
" ကျေးဇူးပါရဲမင်းရာ ကျေးဇူးပါ"
"ညကျ လက်ပံပင်ကို ၁၂နာရီလာခဲ့ ငါသူ့ကိုရအောင်ခေါ်ခဲ့မယ် ကျန်တာမင်းတို့ဆက်လူပ်ကြတော့"
"အေးးကွာ....ကျေးဇူးပါ ရဲမင်းး"
ရဲမင်းအကူအညီနဲ့သာ နန်းထယ်ကို တွေ့ခွင့်ရလေပြီ။ ........
လက်ပံပင်ကြီးအောက် ည၁၂တီးချိန်ပင်။ ဂျွန်တစ်ယောက် စောင့်နေခဲ့ရာ....။
"ဂျွန်..."
နှလုံးသားထဲမှာ စွဲနေပြီးသာ အသံလေးး။ လှည့်ကြည့်မိတော့ လရောင်အောက် အလင်းကြားက နန်းထယ်။
"ထယ်....!!!"
နန်းထယ်ကို ထွေးပွေ့ကာ အဝ ဖက်ပစ်လိုက်သည်။
"ထယ်ရာ...ထယ်ရယ် ကိုယ်နောက်ကျသွားတယ် ကိုယ်တောင်းပန်ပါတယ် ကိုယ် တောင်းပန်ပါတယ် တကယ်ပဲ ကိုယ်နောက်ကျသွားတယ်"
နန်းထယ်မှာ ဂျွန့်ရင်ခွင်ထဲမှ နေရင်း
"မလိုပါဘူးး ဂျွန်ရယ် ဂျွန်အခုရောက်လာပြီပဲ ဒါနဲ့တင်လုံလောက်ပြီပဲ"
"ထယ်ရယ်...ထယ်ရယ်"
နန်းထယ်ကို လွတ်တောင်မပေးချင်တော့ ဖက်၍သာထားမိသည်။
"ထယ် ကိုယ်တို့ထွက်ပြေးကြရအောင်"
"အင်းး ထယ် လိုက်ခဲ့မယ် ဒါပေမဲ့ မြို့စားက အာဏာပိုင်တယ် ထယ်"
"အဆင်ပြေတယ် ကိုယ့်ဒယ်ဒီက ပိုရာထူးကြီးတယ် သူကိုယ်တို့ကို ထိလို့ရမှာမဟုတ်ဘူးး"
"ဒါဆို သွားကြမယ် ထယ် သူနဲ့မနေနိုင်ဘူးး"
ထယ်လည်း ဂျွန့်ကို ယုံကြည်စွာလိုက်လာမည်ပင်။ ဂျွန်မှာ ထယ့်လက်ကို ဆုပ်ကိုင်လို့ ဘယ်တော့မှလွှတ်မပေးတော့မည့် အလား ဆွဲခေါ်ချိန် လက်ပံပင်နားကထွက်မည်လုပ်တော့.... ခြေလှမ်းတွေရပ်ကုန်ရသည်။
ဆယ်ယောက်လောက်ရှိမည့် လူအုပ်ကြီးမှာ အရှေ့ပင်ပိတ်ထားလျက်။ ထိုလူအုပ်ကြားထဲမှ ထွက်လာသူကားး ရန်ဇေယျာ။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
"ဘာေတြ အဲေလာက္ေပ်ာ္ေနတာလဲ သားရ"
"ဒယ္ဒီ..."
"ေအးး ေျပာစမ္းပါ့အုံးး"
"နန္းထယ္ေလ ဒယ္ဒီ...သူ႕ဆီကစာ"
"ေအာ္... ျမတ္စံသားလားး"
"ဟုတ္ ဒယ္ဒီ"
"သား သူ႕ကိုေတာ္ေတာ္ခ်စ္တာပဲေနာ္ ဒယ္ဒီမွာ ငါ့သား ရည္းစားမထားဘူးမွတ္တာ ေနာက္ဆုံးေတာ့ေတြ႕သြားတာပဲ"
"ဟီးး ကံတရားက ဆန္းသကိုး ဒယ္ဒီရ... အေၾကာင္းအမ်ိဳးမ်ိဳးနဲ႕ ကြၽန္ေတာ္ သူနဲ႕ေတြ႕ၿပီးး ခ်စ္မိတဲ့အထိ ျဖစ္လာတာပဲေလ"
"ဒီလိုပါပဲ...မင္းမာမီနဲ႕တုန္းကဆို ဒယ္ဒီက နိုင္ငံျခားသားေပမဲ့ အခုလို မင္းကိုေတာငိ ရလာတဲ့အထိ ခရီးေပါက္ခဲ့တာပဲေလ"
"ကြၽန္ေတာ္လည္း ေဖေဖတို႔လို ေပ်ာ္ေပ်ာ္ႀကီး လက္ထပ္ၿပီး ေနခ်င္တယ္ ထယ္နဲ႕ လက္ထပ္ခ်င္ၿပီ"
"ဟားး ငါ့သားကေတာ့ ေအးကြာ မင္းမာမီ ေနျပန္ေကာင္းတာနဲ႕ ဒယ္ဒီတို႔ ျမင္ကပါကိုသြားမယ္ ၿပီးရင္ မင္းတို႔ကိုလက္ထပ္ေပးမယ္ကြာ"
"ဒယ္ဒီ တကယ္ေျပာတာလား"
"ဒါေပါ့ ငါ့သားက ငါ့ကိုသိပ္ခ်စ္တာပဲေလ အခ်စ္စစ္ရဲ႕တန္ဖိုးကို ဒယ္ဒီေကာင္းေကာင္းႀကီး သိခဲ့တာမို႔ ငါ့သားကိုလည္း ပိတ္ပင္ဖို႔ ဒယ္ဒီမလုပ္ပါဘူးကြ သားေပ်ာ္ရင္ ရၿပီေလ"
"ေရးး ဒါမွ တို႔ဒယ္ဒီကြ"
ဒယ္ဒီဆီကခြင့္ျပဳခ်က္လည္းရၿပီ မိဘေတြက သေဘာတူၿပီဆိုေတာ့ ဘာအတားအဆီးမွ မရွိေတာ့ပါေပ။
ဝမ္းသာစြာနဲ႕ ဂြၽန္ ထယ့္ဆီကို စာတစ္ေဆာင္ျပန္ေရးလိုက္သည္။
"ထယ္ ကိုယ့္ဒယ္ဒီက ခြင့္ျပဳတယ္တဲ့ ကိုယ့္မာမီျပန္ေကာင္းတာနဲ႕ ျမင္ကပါမွာ လက္ထပ္ေပးမယ္တဲ့ေလ ကိုယ္သိပ္ေပ်ာ္တာပဲ ကိုယ္ေတာ့ အဲေန႕ကိုေမွ်ာ္ေနၿပီ...ထယ္ သိပ္ခ်စ္တာပဲ လြမ္းေနရတာ ထယ္ရာ... ကိုယ္တို႔ အျမန္ဆုံး ျပန္ေတြ႕ၾကမယ္ေနာ္ ကိုယ္မၾကာခင္ ျပန္လာခဲ့မယ္"
စာကိုရၿပီးး ထယ့္မွာထပင္ကမိသည္။ ဂြၽန္ျပန္လာေတာ့မယ္တဲ့ေလ...။ လက္ထပ္ပြဲကိုလည္း ခြင့္ျပဳတယ္တဲ့။ ေနာက္ဆုံးေတာ့ သူတို႔ ေပါင္းဖက္ရမွာေတာ့တဲ့လားး။ ........
ဂြၽန္ရန္ကုန္မွတစ္လေတာ့ၾကာခဲ့ၿပီ။ မာမီကလည္း ေနလို႔ေကာင္းစျပဳေနၿပီ။ က်န္းမာေရးေကာင္းလာၿပီ။
ဂြၽန္ ကင္မရာအသစ္တစ္လုံးလည္းရေတာ့ ထယ့္ဆီကိုစာေရးမိသည္။
" ထယ္ ကိုယ္ဒီေန႕ ဒယ္ဒီက ကင္မရာအသစ္ထြက္တာ ဝယ္ေပးတယ္...သူက ေ႐ြ႕လ်ားေနတာေတြကိုပါ မွတ္တမ္းတင္ လို႔ရတာမို႔ ေနာက္တစ္ေခါက္ ကိုယ္တို႔ေတြ႕ရင္ အတူတူ ရိုက္ရေအာင္ ကိုယ္တို႔အမွတ္တရေတြကို အကုန္သိမ္းထားခ်င္တယ္ ထယ္ ကိုယ္ျပန္လာေတာ့မယ္သိလားး ေနာက္အပတ္ထဲ ျပန္လာမွာ ထယ္ေမွ်ာ္ေနမယ္မလားး"
စာကိုေရးလိုက္ေပမဲ့ ျပန္စာကိုမရခဲ့...။ ထယ္မအားလို႔ေနမွာပါဆိုကာ ေစာင့္ခဲ့သည္။ ေနာက္ထပ္စာေတြထပ္ေရးကာ ပို႔သည္။ ေန႕တိုင္းလိုလို ဂြၽန္စာေတြပို႔ေနခဲ့ေပမဲ့ ျပန္စာမလာခဲ့ပါ။
ဂြၽန့္စိတ္ေတြပူရၿပီ......သူ႕ရင္ေတြပူလာရသည္။ ေန႕တိုင္း ေမွ်ာ္ေနေပမဲ့ စာတစ္ေဆာင္မွ ေရာက္မလာခဲ့ပါ။
"ထယ္ဘာလို႔ စာမျပန္တာလဲ သူေနမ်ား မေကာင္းလို႔လား ဘာမ်ား ျဖစ္ေနတာပါလိမ့္......"
စိတ္ေတြ ပူပန္ရင္းသာ စာေတြကိုဆက္ပို႔ေနခဲ့မိသည္။ ျပန္စာမလာတဲ့ စာေတြကို သူေမွ်ာ္လင့္ရင္း ဆက္ပို႔ေနမိပါသည္။
တကယ္တမ္း နန္းထယ္မွာ စာေတြလည္း မပို႔္နိုင္သလို စာေတြမရခဲ့ပါ။
ဂြၽန္ရဲ႕ေနာက္ဆုံးေသာ စာက သူျပန္လာေတာ့မည္။ ဂြၽန့္ ဒယ္ဒီက သေဘာတူတယ္။ ျပန္လာရင္ လက္ထပ္မယ္ ဆိုတဲ့ အေၾကာင္းသာ။
ထိုစာရၿပီး မၾကာပါဘူးး ထယ္္တို႔ ပုဂံမွာ ၿမိဳ႕စားအသစ္ေျပာင္းသည္ပင္။ ၿမိဳ႕စားအသစ္မွာ လူေတြအဆိုအရ ေခ်ာလည္းေခ်ာသလို ငယ္လည္းငယ္သည္တဲ့။
နန္းထယ္ကေတာ့ ဂြၽန္သာ သူ႕အတြက္အရာရာမို႔ သိပ္ေတာ့စိတ္မဝင္စားး။ ပုဂံေျမမွာေတာ့ သည္ၿမိဳ႕စား အေၾကာင္းက ေက်ာ္ၾကားလို႔ပင္။
တစ္ေန႕ နန်းထယ်တို့အ်ိမ်ကို လူတစ္ေယာက္ေရာက္လာသည္။ နန္းထယ္ကေတာ့ အခန္းေအာင္းလို႔ ပန္းခ်ီဆြဲေနတာမို႔ မသိပါ။
ထိုလူမွာ အေဖနဲ႕ စကားေတြပင္ေျပာေနၾကသည္။ နန္းထယ္လည္း လူသံေတြၾကားတာနဲ႕ ထြက္္ၾကည့္မိေတာ့
အသက္ခပ္ငယ္ငယ္ လူတစ္ေယာက္။ ပိုးဖဲသားအကၤ်ီနီနီနဲ႕ ပုဆိုးမွာလည္း အေကာင္းစား။ လူကလည္း သန့္သန႔္ျပန့္ျပန့္နဲ႕ ႐ုပ္ရည္မွာလည္း ခန့္ညားပုံေပၚသည္။ ဂြၽန့္ကိုေတာ့ မမွီဘူးေပါ့။
ပိုဆန္းတာက ထိုလူကို အေဖက ေလးေလးစားစား ေျပာေနတယ္ေလ ။ သူကဘယ္သူမို႔ ဘယ္လိုလူမို႔ အေဖေတာင္ ယဥ္ယဥ္ေက်းေက်း ဆိုေနရတာလဲ။
နန္းထယ္ စပ္စုကာၾကည့္ေနတုန္း ထိုလူက သူ႕ကိုျမင္သြားသည္ပင္။
အသားေဖြးေဖြး အရပ္ကအေနေတာ္ ပိန္ကာေသးသြယ္လ်က္ ႏူးညံ့ကာ သိမ္ေမြ႕ဖြယ္ အလွပိုင္ရွင္ကို ေတြ႕မိေတာ့ တစ္ခဏတာ ေငးေမာမိတာ အသက္ရႉဖို႔ေတာင္ ေမ့ရသည္။
ေဖေဖဦးျမတ္စံ သတိထားမိလို႔ လွည့္ကာ ၾကည့္ေတာ့ သူ႕ရဲ႕သားငယ္ပင္။
"ၿမိဳ႕စားမင္းး ဒါက ကြၽန္ေတာ့္သား ေ႐ႊနန္းထယ္တဲ့.... သားး လာခဲ့ေလ"
ၿမိဳ႕စားမင္းတဲ့ နာမည္ႀကီးေနတဲ့ ၿမိဳ႕စားမင္းက သူတဲ့လားေလ။
"ဟ..ဟုတ္ကဲ့"
ေဖေဖမွေခၚေတာ့ နန္းထယ္ အေဖ့အနား ဝင္ထိုင္ေတာ့သည္။ ထိုအခါလည္း ေရွ႕တည့္တည့္က ၿမိဳ႕စားမင္းဆိုသူကားး နန္းထယ္ကို ေပါက္ထြက္မတတ္ ၾကည့္ေနတာမ်ား နန္းထယ္ စိတ္ထဲ မသိုးမသန့္ျဖစ္ရပါသည္။
ေနရတာလည္း ခက္ပါသည္။ အဲလိုမ်ိဳး စိုက္ၾကည့္ေနတာ သူမႀကိဳက္။
အေဖမွာ သူနဲ႕စကားေတြဆိုၾကရင္း အေၾကာင္းကိုသေဘာေပါက္သြားပါသည္။ ၿမိဳ႕စားမင္းလာတာက နန္းထယ္ ေဖေဖရဲ႕ ပန္းပုလက္ရာေၾကာင့္။
ပန္းပုထုဖို႔ ေဖေဖျမတ္စံကို ခိုင္းခဲ့တာ သေဘာတက်ျဖစ္ကာ ဆုေငြေပးရင္း လာလည္တာတဲ့ေလ။
ၿမိဳ႕စားနာမည္ကလည္း ရန္ေဇယ်ာတဲ့ နန္းထယ္နဲ႕ အသက္သိပ္မကြာပါ ၂၄ႏွစ္တဲ့ေလ။ အသက္္ငယ္ငယ္နဲ႕ ၿမိဳ႕စားျဖစ္လာခဲ့တာ။
တကယ္ကေတာ့ ဖခင္ကလည္း ပုဂံၿမိဳ႕စားေဟာင္းကိုမွ မရမက အတင္းရယူခဲ့လို႔ ဒီေနရာကို ရလာခဲ့တာ။
ထုံးစံတိုင္း အာဏာကို ျမတ္နိုးသူတို႔ အတိုင္း သူတို႔နည္း သူတို႔ဟန္နဲ႕ေပါ့ေလ။
နန္းထယ္ ဒီအေၾကာင္းေတြကို သိေတာ့ ဘာရယ္မသိ။ ရန္ေဇယ်ာကို စက္ဆုပ္မိတာအမွန္။ ေျပာၾကတာေတာ့ ရန္ေဇယ်ာက သူ႕ဖခင္ကို ႏွိပ္ေတာင္ႏွိပ္စက္တယ္ တဲ့ေလ။
ေမြးထားတဲ့ ကိုယ့္ဖခင္ကို သူမို႔ ျပစ္မွားရက္တယ္ ။ မိဘဟာ ဆိုးသည္ျဖစ္ေစ ေကင္းသည္ျဖစ္ေစ မျပစ္မွားသင့္ပါ။ ဘယ္ေလာက္ပဲ ကိုယ့္အေပၚမေကာင္းပါေစ ကိုယ့္ကို ဒီလူ႕ဘသထဲ ဆြဲေခၚကာ ေမြးေပးထားတဲ့ ေက်းဇူးရွိကတည္းက အႀကီးမားဆုံးေသာ ေက်းဇူးရွင္ေတြပင္။
ဒီလိုမ်ိဳး ေက်းဇူးရွင္မိဘေတြကို ေက်းဇူးဆပ္ရမဲ့အစား ျပစ္မွားမိတာဟာ အေတာ္ေလး ႀကီးေလးသည့္ အကုသိုလ္တစ္ခုပင္။
နန္းထယ္အေနနဲ႕ သည္လိုလူကို သူနားမလည္နိုင္သလို သေဘာလည္း မက်။ ဒီလိုလူဟာ ဆိုး႐ြားေသာ အက်င့္ မေကာင္းေသာအေတြးအႀကံေတြနဲ႕ ျပည့္ေနသူပင္ ေသခ်ာသည္။
ဒါေၾကာင့္ တတ္နိုင္သမွ်မပတ္သက္ဖို႔ ဆုံးျဖတ္ခဲ့သည္။
ဒါေပမဲ့လည္းး သူမပတ္သက္ခ်င္မွပဲ အိမ္ကိုေန႕တိုင္းလိုလိုလာေနတဲ့ ၿမိဳ႕စားး ။ အေၾကာင္းမရွိဘဲ အေၾကာင္းရွာ လာလာေနတတ္သလို။
နန္းထယ္နဲ႕လည္း ရင္းႏွီးေနတဲ့အတိုင္းျပဳမူတတ္သည္။ နန္းထယ္ကေတာ့ ခပ္စိမ္းစိမ္းပင္ ဆက္ဆံေပမဲ့ သူကေတာ့ ပိုပိုတိုးလာခဲ့တာ။
တစ္ေန႕ နန္းထယ္ကို သူရည္းစားစကားေျပာခဲ့သည္ပင္။
"နန္းထယ္ ကိုယ္ မင္းကိုခ်စ္တယ္ မင္းကိုယ့္ကို လက္ခံမယ္မလားး မင္းသေဘာတူတာနဲ႕ ကိုယ္လက္ထပ္ဖို႔လုပ္မယ္ေလ"
ခုမွဖြင့္ေျပာ ခုလက္ထပ္ခ်င္တယ္တဲ့... ဂြၽန္နဲ႕ကြာပါ့။ ဂြၽန္ဟာ သူ႕ကိုခ်စ္သလို ဆုံးရႈံးရမွာမလို ။ သူမုန္းခံရမွာပိုမလိုလားသူ။ ဒါေၾကာင့္ ဖြင့္ေျပာတုန္းက ဆို အေျဖေတာင္သူမေတာင္းတာ။
ရန္ေဇယ်ာက ေတာ့ အေျဖတင္မက လက္ထပ္မယ္္တဲ့။ နန္းထယ္မွာ အရင္ကတည္းက သေဘာမက်တာ ဘယ္လက္ခံမလဲ။ သူ႕မွာ ဂြၽန္ရွိတယ္ေလ။
"စိတ္မေကာင္းပါဘူးးး ထယ္ ၿမိဳ႕စားမင္းကို မခ်စ္ဘူး ထယ့္မွာ ခ်စ္သူရွိတယ္ ထယ္သူနဲ႕ပဲ လက္ထပ္မွာ"
"ဘာ..ကြ..."
"ထယ္ သြားေတာ့မယ္"
နန္းထယ္လွည့္ထြက္မည္လုပ္ေတာ့ လက္ကေနဆြဲပါေသာ ရန္ေဇယ်ာ။
"ၿမိဳ႕စားမင္း ဘာလုပ္တာလဲ ထယ္ေျပာၿပီးၿပီေလ ထယ့္မွာ ခ်စ္သူရွိတယ္ ထယ္ သူ႕ကိုပဲခ်စ္တယ္"
"မင္း အေတာ္အတင့္ရဲေနတယ္ေပါ့ နန္းထယ္ မင္းလို ဘာမဟုတ္တဲ့ေကာင္က ငါ့ကိုျငင္းရဲတယ္ေပါ့ ဟက္လား"
"ထယ္ ေတာင္းပန္ပါတယ္ ထယ္ ၿမိဳ႕စားမင္းကို လက္မခံနိုင္ဘူးး ၿမိဳ႕စာမင္း ဘယ္လိုထင္ထင္ ထယ္ ခ်စ္သူအေပၚ သစၥာမေဖာက္နိုင္ဘူးး"
"ဟက္...အဲလို လားး ရတယ္ေလ မင္း သူ႕အေပၚ သစၥာမေဖာက္ပဲ ေနနိုင္ပါ့မလား ၾကည့္ၾကတာေပါ့"
နန္းထယ္လက္ကိုလႊတ္ကာ သူထြက္သြားသည္။ နန္းထယ္ကေတာ့ နာက်င္စြာက်န္ရစ္ခဲ့တဲ့ လက္ကိုင္ရင္း ရင္ေတြပူရသည္။ ၿမိဳ႕စားမင္းဆိုတာ အာဏာရွင္ေတြမလားး။ နန္းထယ္ ေၾကာက္မိသည္။ အာဏာရွင္ေတြနဲ႕ နန္းထယ္ မယွဥ္နိုင္ပါ။
သူေၾကာက္မိေနတဲ့အတိုင္းး နန္းထယ္ဘဝမွာ ကံဆိုးမႈႀကီး ဝင္လာခဲ့သည္။
"သားငယ္...သားငယ္ အေဖနဲ႕အေမလည္း မတတ္နိုင္ေတာ့ဘူးး မင္းမမႀကီး ေဘးကင္းဖို႔ သားငယ္ လုပ္ေပးနိုင္မလားးကြယ္"
မမႀကီးမွာ အႏၱရာယ္ရွိေနၿပီ။ ၿမိဳ႕စားမင္းမွာ အစိုးရရာထူးပိုင္းေတြနဲ႕ အသိရွိတာေၾကာင့္ ဥပေဒကို သူဂ႐ုမစိုက္။ ဥပေဒဆိုတာ သူ႕အတြက္ခ်ထားတာ မဟုတ္ဘူးတဲ့ေလ။
ဥပေဒနဲ႕ အာဏာကားး သူ႕လက္ခုပ္ထဲက ေရပင္ျဖစ္ေနေတာ့ ထယ္ မလြဲသာပဲ လက္ခံခဲ့ရၿပီ။
မလိုခ်င္ခဲ့.... မုန္းတီးမိတဲ့သူကို ေစ့စပ္ရေတာ့မယ္...။ ဂြၽန္မ်ားလာမလာလို႔ သူေမွ်ာ္မိေပမဲ့ မျဖစ္နိုင္ဘူးေလ။
ေစ့စပ္ပြဲကို သူျဖတ္ေက်ာ္ခဲ့ရသည္။ မခ်စ္မႏွစ္သက္တဲ့ ရန္ေဇယ်ာကို ေစ့စပ္ခဲ့ရသည္။ ဒါေတာင္ ရန္ေဇယ်ာက လက္ထပ္ခ်င္ခဲ့တာ ထယ့္ဘက္က ညွိႏွိုင္းနိုင္လို႔ ေစ့စပ္႐ုံသာ။
ေစ့စပ္႐ုံပဲဆိုေပမဲ့ ရန္ေဇယ်ာရဲ႕စီစဥ္မႈေၾကာင့္ နန္းထယ္မွာ ေစ့စပ္ၿပီးတာနဲ႕ သူနဲ႕အတူ ၿမိဳ႕စားအိမ္ကိုလိုက္သြားရေပသည္။
မလိုက္ခ်င္လိုက္ခ်င္နဲ႕ လိုက္သြားခဲ့ရတာ။ ေရာက္ၿပီးတာနဲ႕ နန္းထယ္ဘဝမွာ အခ်ဳပ္ထဲေရာက္သြားသလိုပင္။
မိဘေတြနဲ႕လည္း ေပးမေတြ႕ စာအပို႔အျပန္လည္းမရေတာ့ သူငယ္ခ်င္းေတြနဲ႕လည္း ေပးမေတြ႕သလို အျပင္ေတာင္ထြက္မရ။ ရန္ေဇယ်ာဟာ သူမပါရင္ အျပင္မထြက္ခိုင္းေပ။
ဒီလိုနဲ႕ နန္းထယ္ ဂြၽန့္ဆီ စာလည္းမပို႔နိုင္သလို ဂြၽန့္စာေတြလည္း သူမရခဲ့ပါ။ အျပင္ေလာကတစ္ခုလုံးနဲ႕ အဆက္အသြယ္ပင္ပ်က္ခဲ့ရေခ်သည္။
စံအိမ္ႀကီးထဲ အထီးက်န္စြာေနရင္း ေလွာင္အိမ္ထဲက ငွက္တစ္ေကာင္လို။ အ႐ုပ္ေလးတစ္႐ုပ္လို အသိမ္းခံထားရသည့္ ဘဝမွာ သူမေပ်ာ္နိုင္ေတာ့ပါ။ ဂြၽန့္ကိုသူေတြ႕ခ်င္သည္။ ဂြၽန့္ကိုလြမ္းသည္။ သည္ခံစားခ်က္ေတြကား နာက်င္လွပါသည္ပင္။
~~~~~~~
ဂြၽန္တစ္ေယာက္ ရန္ကုန္မွ ျမင္ကပါကိုျပန္ေရာက္ၿပီ။ နန္းထယ္ရွိမည့္အိမ္ကို ေရာက္လာခဲ့သည္။
"ထယ္ေရ ထယ္...ကိုယ္ျပန္လာၿပီေလ ထယ္"
ျပန္ထူးသံလည္း မၾကားသလို တိတ္ဆိတ္လြန္းလွၿပီ။
"ထယ္ေရ...ထယ္"
"ဘယ္သူလဲကြဲ႕...ဟင္ သား သက္ေနာင္"
အိမ္အေနာက္ထဲက ထြက္လာေသာ အန္တီသစၥာ ဂြၽန့္ကိုျမင္ေတာ့ ငိုမဲ့မဲ့ ျဖင့္။
"အန္တီ ထယ္ေရာ"
"သားငယ္...သားငယ္က..."
ေျပာရင္းပင္ အန္တီသစၥာ ငိုပါေလၿပီ။ ဂြၽန့္ရင္ထဲ ထိတ္လန့္မႈႀကီး ျဖစ္ေပၚလာရၿပီ။
"အန်တိီ....ထယ္ ဘယ္မွာလဲ ထယ္ ဘာျဖစ္လို႔လဲ"
အလန့္တၾကား သူေမးေတာ့ အန္တီသစၥာ အိမ္ထဲေခၚကာ ဂြၽန့္ကို ရွင္းျပေလသည္။ ဂြၽန္ရင္ထဲမွာ ႐ူမတတ္ခံစားရသည္။
သူျပန္လာရင္အရာရာအဆင္ေျပမယ္ထင္ခဲ့တာ... သူေနာက္က်သြားသည္တဲ့ေလ။ သူေျခတစ္လွမ္းေနာက္က်ခဲ့တာ။ သူသာေစာေစာ ျပန္လာခဲ့ရင္ အခ်ိန္မွီခဲ့ရင္ ထယ္အခုလို ျဖစ္ရမွာမဟုတ္ဘူးးေလ။ ဂြၽန္ ေနာင္တေတြအျပည့္ နာက်င္စြာနဲ႕ ကိုယ့္ကိိုကိုသာ အျပစ္ေတြတင္မိသည္။
နန္းထယ္နဲ႕ အတူေနခဲ့တဲ့ အခန္းေလးထဲ အခုေတာ့ တစ္ေယာက္တည္းးး ေနေနရသလို အရင္က သူၾကားေနၾက ဩရွရွရယ္သံေလးေတြ မေတြ႕နိုင္ေတာ့။ ပန္းခ်ီဆြဲေနတတ္တဲ့ ပန္းခ်ီဆရာေလးကို မေတြ႕နိုင္ေတာ့။ ဂြၽန္ရင္ေတြကြဲေက်ကဳန္ၿပီ။
မ်က္ရည္ေတြမွာ ေန႕ညမေ႐ြး အခ်ိန္တိုင္းလိုလိုက်ဆင္းေနၿပီ။ အျပစ္တင္စိတ္နဲ႕ ေနာင္တေတြနဲ႕သာ ကိုယ့္ကိုကို မုန္းတီးမိသည္။
နန္းထယ္နဲ႕မေတြ႕နိုင္ ေဝးကြာေနရတဲ့အခ်ိန္တြင္း နာက်င္မႈေတြကို ၿမိဳသိပ္လို႔ ေဖာက္ထုတ္ခ်င္မိတာနဲ႕ ေက်ာက္သားတစ္ခုေပၚ အခ်ိန္တိုင္း ထြင္းထုေနမိတာ နန္းထယ္ရဲ႕ပုံ။
နန္းထယ္ကို လြမ္းတိုင္း သတိရတိုင္း သူ႕အေၾကာင္းေတြးမိတိုင္း ပန္းပုကို သာထုေနမိတာ။
သူဘယ္လိုလုပ္မွ နန္းထယ္ကို ျပန္ကယ္ထုတ္နိုင္မွာလဲေလ။
နာက်င္စြာ ဝမ္းနည္းမႈေတြ အလြမ္းစိတ္ေတြ အျပစ္စိတ္ေတြ ေနာင္တေတြနဲ႕ သူထုထြင္းခဲ့တဲ့ သည္ပန္းပုမွာ ဂြၽန့္ခံစားခ်က္မ်ား နစ္ဝင္လ်က္ ပုံကိၾကည့္ရင္း ဝမ္းနည္စရာ အေငြ႕အသက္ေတြမွာ တလွိုင္လွိုင္ပင္။
သတင္းေတြၾကားသည္။ နန္းထယ္နဲ႕ ၿမိဳ႕စားမင္း မနက္ျဖန္ဆို လက္ထက္ေတာ့မယ္တဲ့ေလ။ မစားနိုင္ မေသာက္နိုင္ ဂြၽန္ ျဖစ္ေနရခ်ိန္....ရဲမင္း ေရာက္လာခဲ့သည္။
"သက္ေနာင္ မင္းဒီလိုထိုင္ေနေတာ့မွာလား"
"ငါက ဘာလုပ္နိုင္အုံးမွာလဲ"
"သက္ေနာင္ မင္းက နန္းထယ္ကို ဒီတိုင္း ၿမိဳ႕စားလက္ထဲ ထည့္ေပးေတာ့မွာလား"
"ငါ...ငါ"
"မင္း နန္းထယ္နဲ႕ေတြ႕ခ်င္လားး"
"ဘယ္လိုေမးလိုက္တာလဲ ရဲမင္းရာ ငါထယ့္ကို ေတြ႕ခ်င္လြန္းလို႔ အ႐ူးတစ္ပိုင္း ျဖစ္ေနၿပီေလ"
"ေအးး ဒါဆို ငါကူညီေပးမယ္ ငါ ၿမိဳ႕းစားမင္းနဲ႕သိတယ္ ငါနန္းထယ္ကို ခိုးထုတ္ခဲ့မယ္"
"ရဲမင္း မင္း တကယ္ေျပာတာလား"
"အင္းး မင္းသာအားေမြးထား မင္းတို႔ကို ငါကူေပးမယ္"
" ေက်းဇူးပါရဲမင္းရာ ေက်းဇူးပါ"
"ညက် လက္ပံပင္ကို ၁၂နာရီလာခဲ့ ငါသူ႕ကိုရေအာင္ေခၚခဲ့မယ္ က်န္တာမင္းတို႔ဆက္လူပ္ၾကေတာ့"
"ေအးးကြာ....ေက်းဇူးပါ ရဲမင္းး"
ရဲမင္းအကူအညီနဲ႕သာ နန္းထယ္ကို ေတြ႕ခြင့္ရေလၿပီ။ ........
လက္ပံပင္ႀကီးေအာက္ ည၁၂တီးခ်ိန္ပင္။ ဂြၽန္တစ္ေယာက္ ေစာင့္ေနခဲ့ရာ....။
"ဂြၽန္..."
ႏွလုံးသားထဲမွာ စြဲေနၿပီးသာ အသံေလးး။ လွည့္ၾကည့္မိေတာ့ လေရာင္ေအာက္ အလင္းၾကားက နန္းထယ္။
"ထယ္....!!!"
နန္းထယ္ကို ေထြးေပြ႕ကာ အဝ ဖက္ပစ္လိုက္သည္။
"ထယ္ရာ...ထယ္ရယ္ ကိုယ္ေနာက္က်သြားတယ္ ကိုယ္ေတာင္းပန္ပါတယ္ ကိုယ္ ေတာင္းပန္ပါတယ္ တကယ္ပဲ ကိုယ္ေနာက္က်သြားတယ္"
နန္းထယ္မွာ ဂြၽန့္ရင္ခြင္ထဲမွ ေနရင္း
"မလိုပါဘူးး ဂြၽန္ရယ္ ဂြၽန္အခုေရာက္လာၿပီပဲ ဒါနဲ႕တင္လုံေလာက္ၿပီပဲ"
"ထယ္ရယ္...ထယ္ရယ္"
နန္းထယ္ကို လြတ္ေတာင္မေပးခ်င္ေတာ့ ဖက္၍သာထားမိသည္။
"ထယ္ ကိုယ္တို႔ထြက္ေျပးၾကရေအာင္"
"အင္းး ထယ္ လိုက္ခဲ့မယ္ ဒါေပမဲ့ ၿမိဳ႕စားက အာဏာပိုင္တယ္ ထယ္"
"အဆင္ေျပတယ္ ကိုယ့္ဒယ္ဒီက ပိုရာထူးႀကီးတယ္ သူကိုယ္တို႔ကို ထိလို႔ရမွာမဟုတ္ဘူးး"
"ဒါဆို သြားၾကမယ္ ထယ္ သူနဲ႕မေနနိုင္ဘူးး"
ထယ္လည္း ဂြၽန့္ကို ယုံၾကည္စြာလိုက္လာမည္ပင္။ ဂြၽန္မွာ ထယ့္လက္ကို ဆုပ္ကိုင္လို႔ ဘယ္ေတာ့မွလႊတ္မေပးေတာ့မည့္ အလား ဆြဲေခၚခ်ိန္ လက္ပံပင္နားကထြက္မည္လုပ္ေတာ့.... ေျခလွမ္းေတြရပ္ကုန္ရသည္။
ဆယ္ေယာက္ေလာက္ရွိမည့္ လူအုပ္ႀကီးမွာ အေရွ႕ပင္ပိတ္ထားလ်က္။ ထိုလူအုပ္ၾကားထဲမွ ထြက္လာသူကားး ရန္ေဇယ်ာ။
ပုဂံေျမက လက္ပံမ်က္ရည္
Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





