Episode 17 (သည်ဘဝကံမပါတော့ နောက်ဘဝပေါ့ကွယ်)
09:14, 3 October 2025“နန်းထယ်…မင်းက ဘယ်ကိုသွားချင်တာလဲ ဟင်”
“မင်းး မင်း ရန်ဇေယျာ”
“ဟင် သူက…မြို့စားလားး”
“အော်…ဒီကောင်က မင်းချစ်သူဆိုတဲ့ကောင်လားး”
“မင်း ငါတို့ကိုလွှတ်ပေးပါ တောင်းပန်ပါတယ် မင်းသိတယ် ငါမင်းကိုမချစ်နိုင်တာကို မင်း ဘယ်လိုပဒ လုပ်လုပ် ငါမင်းကိုချစ်မှာမဟုတ်ဘူးးး မင်းလက်လျော့လိုက်ပါ”
ရန်ဇေယျာမှာ တစ်ချက် ကြည့်ပြီး ကျယ်လောင်စွာရယ်မောပြီးး။
“ဟားး နန်းထယ် မင်းက သိပ်ရယ်စရာတွေပြောတတ်တာပဲ ငါဆိုတဲ့ကောင်က လိုချင်တာကို မရ ရအောင်ယူတတ်တာကွ မင်းအချစ်တွေ ဘာတွေငါမလိုချင်ဘူးး ငါလိုချင်တာ မင်းကို မင်း ဘာသာ ဘာဖြစ်နေဖြစ်နေ မင်းကိုရရင် ငါကျေနပ်ပြီ ပဲလေ”
“မင်းး …!!?”
ဂျွန်မှာ နန်းထယ်လက်ကို တင်းတင်းဆုပ်ကိုင်လျက် ထွက်ပြေးမည်လုပ်တော့။
“ဟေ့ရောင်တွေ ဝိုင်းထားကြစမ်းးး”
ထွက်ပေါက်မရှိ…ပိတ်နေပါပြီ။ ဂျွန့်လက်ကို နန်းထယ် မလွှတ်တမ်း ကိုင်ထားသလို လက်တွေလည်း တုန်ရီနေပြီ။
“မင်းချစ်တာ ဒီကောင်ပေါ့ ဟက်လားး မင်း သစ္စာမဖောက်ရက်တာ ဒီကောင်ပေါ့ ဟက်လားး နန်းထယ်”
“မင်းး သူ့ကို မထိနဲ့ မင်းလိုချင်တာ ငါမလား ငါလိုက်ခဲ့မယ်”
နန်းထယ်မှ ထွက်မည်လုပ်တော့ ဂျွန်ဟာ နန်းထယ်ကို ပြန်ဆွဲလို့ သူကရှေ့ကရပ်ကာ
“မင်း ထယ့်ကိုလိုချင်ရင် ငါ့ကိုအရင်ဖြတ်သွားရမယ် ရန်ဇေယျာ”
“ဟားးး ရယ်ရသားး မင်းလိုကောင်များး ပုရွက်ဆိတ်သာသာပဲကွ ဟေ့ရောင်တွေ နန်းထယ်ကို ရအောင်ခေါ်ကြစမ်းး”
ရန်ဇေယျာရဲ့အမိန့်အောက်မှာပဲ လူအုပ်ကြီးဟာ ဂျွန့်ကိုဝိုင်းတိုက်ခိုက်ကြသည်။ နန်းထယ်ကို လာလုရာ ဂျွန်မှ ပြန်လည်ခုခံရင်း ထိုးနှက်တော့သည်။
နန်းထယ်မှာ ဘယ်လောက်ပဲ သန်မာပါစေ…. လူအများနဲ့ တစ်ယောက်တည်းလေ…။ ဘယ်နိုင်မလဲ။ တိုက်ရင်းခိုက်ရင်းပင် ဂျွန့်နောက်ကနေ ခေါင်းကို တုတ်နဲ့ ရိုက်ချလိုက်ရာ မြေပြင်ပေါ် လဲကျလေသည်။
ထို့နောက် ထပ်မံရိုက်နှက်မှုတွေနဲ့ ကန်ချက်တွေကြားး ဂျွန့်တစ်ကိုယ်လုံး နာကျင်လေပြီ။ သွေးတွေလည်း အလိမ်းလိမ်းဖြင့် ။
နန်းထယ်မှာတော့ ငိုယိုရင်းသာ သူ့ကို လူနှစ်ယောက်မှ လာဆွဲပြန်တော့ ပါသွားရကာ ရန်ဇေယျာဘေးမှာ အချုပ်ခံထားရသည်။
“ ရပ်ကြပါတော့ မလုပ်ကြပါနဲ့တော့ ဂျွန့်ကိုလွှတ်ပေးကြပါတော့”
နန်းထယ်တောင်းပန်ရင်း ငိုကာ ပြောသည်။ ရန်ဇေယျာကတော့ တဟားဟားရယ်မောလို့ သဘောကျနေသည်။
ဂျွန်မှာ တစ်စက်လေးမှ မလှုပ်နိုင်တော့ မြေပေါ်မှာ လဲကျလို့ အနီရောင်လက်ပံတွေကြားး သူ့ရဲ့သွေးစက်တွေနဲ့ရောယှက်နေပြီ။
“ဟေ့ရောင်တွေ…သူ့ကို လက်ပံပင်နဲ့ချည်စမ်းးး”
ဂျွန့်ကိုမကာ လက်ပံပင်မှာ ကြိုးနဲ့တုတ်ထားလျက် နန်းထယ်ကိုတော့ ရှေ့တည့်တည့်မှ ချုပ်ထားသည်။
“နန်းထယ် မင်းသူ့ကို သိပ်ချစ်တယ် မလားး မင်း ချစ်တဲ့ကောင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ မင်းဘယ်လိုနေနေ ငါ့အပိုင်ဖြစ်လာမှာမလားး”
“ရန်ဇေယျာ မင်းဘာလုပ်မလို့လဲ…မင်း ထယ်တောင်းပန်းပါတယ် မင်း ဂျွန့်ကိုလွှတ်ပေးလိုက်ပါ”
နန်းထယ်မှ တောင်းပန်ပြန်တော့ ဂျွန်မှာ ကြိုးအတုတ်ခံလျက်သားး
“ကိုယ် အဆင်ပြေတယ် ထယ်…မငိုပါနဲ့ ထယ်…ကိုယ့်ကိုမကြည့်ပါနဲ့”
“ဂျွန်…ဂျွန်…!!!”
နန်းထယ်မျာ အချုပ်ခံထားရာက ရုန်းပေးမဲ့ အားမသာတာမို့ မရွေ့ပါ။ ငိုနေရုံမှလွဲ၍မတတ်နိုင်။
“ဟက် အဲလောက်ဖြစ်နေကြတာ…ဆီနဲ့ မီးယူခဲ့စမ်းး”
“ရန်ဇေယျာ မင်း…မင်းဘာလုပ်မလို့လဲ”
တပည့်တစ်ယောက်မှ မီးတုတ်နဲ့ ဆီပုံးသယ်လာကာ ရန်ဇေယျာကိုယ်တိုင်း ထို ဆီပုံးကိုယူလို့ သူရပ်နေရာ နေရာ မှ လက်ပံပင်ဆီ တဖြည်းဖြည်းချင်း လောင်းသွားရင်း ဂျွန့်ကိုယ်ပေါ်လောင်းချလေသည်။
“ဘာလုပ်တာလဲ…မလုပ်နဲ့ ရန်ဇေယျာ…!!!”
နန်းထယ်မှာ အာခေါင်ပေါက်မတတ် ငိုကာအော်ဟစ် ပြောသည်။
ထို့နောက် ရန်ဇေယျာလည်း နန်းထယ်ဘေးရပ်ကာ…မီးတုတ်ကိုလက်မှာကိုင်လျက်။
“နန်းထယ် မင်း ချစ်မိတဲ့သူမှန်သမျှ ဒီလိုအဆုံးသတ်ရမယ်ဆိုတာ မင်းမှတ်ထား…. ဒါက ပထမဆုံး သင်ခန်းစာ ပဲ”
မီးတုတ်ကို မြေကြီးပေါ်လွှတ်ချလိုက်တော့….. ဆီလောင်းထားသည့်နေရာမှ မီးတွေဟာ ကူးစက်သွားကာ လက်ပံပင်ခြေရင်းဆီသို့။
“မလုပ်နဲ့….!!!”
မီးလျံတွေမှာ တဖြည်းဖြည်းချင်း စွဲလာပြီ။
အပင်ပေါ်က ပန်းပွင့်နီနီတွေမှာ မြေပြင်ပေါ်ကြွေကျမြေခလျက်သားးး
ပင်စည်ခြေရင်းကမီးလျံတွေမှာ ပွင့်ဖတ်တွေဆီကူးလူးကာ မြေပြင်မှာမီးလျံများတောက်လောင်နေပြီ။
လောင်တောင်နေတဲ့မီးတွေကြားကို တိုးဝင်ဖို့ရာကြိုးစားနေတဲ့ နန်းထယ်….သူ့ကိုဆွဲထားကြတယ်။ အဘက်ဘက်ကချုပ်ထားကြတယ်။
မျက်ရည်တွေစီးဆင်းလို့…..ရင်ဘတ်တွေထဲလည်း အသဲနာရပါတယ်။
“လွှတ်ပေးကြပါ…လွှတ်ပေးကြပါ…သွားပါရစေ”
နန်းထယ်ရဲ့ဩရှရှအော်သံမှာ ဝမ်းနည်းမှုတွေ အပြည့်။
“မလုပ်ကြပါနဲ့…တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး ရပ်လိုက်ကြပါတော့…!!!”
အသံကုန်အော်ဟစ်တောင်းပန်နေပေမဲ့လည်းး မလွှတ်ပေးကြ…။ လုပ်ရက်လိုက်ကြတာဗျာ။ ရက်စက်လိုက်ကြတာဗျာ။
“မလုပ်ကြပါနဲ့….မီးတွေငြိမ်းပေးပါ….ရပ်ကြပါတော့”
အော်နေပေမဲ့ မထူးပါ။ မီးလျံတွေမှာ ဂျွန့်ရဲ့ကိုယ်ပေါ် တောင်လောင်နေပြီ။ ခြေထောက်ပေါ်…ခြေထောက်မှ တဖြည်းဖြည်း တက်လာရာ ပူလောင်မှုတွေကားး အဆိုးဆုံးပင်။
ဒါပေမဲ့ ဂျွန့်မှာအော်ဖို့ရာတောင် အားမရှိတော့…. သူ့ရှေ့ကချစ်သူလေး ငိုနေတယ်။ သေလုဆဲဆဲတောင် သူနာကျင်နေတာကို မြင်ရတာပိုနာကျင်ရပါသည်။
မျက်ရည်တွေ အလိုလိုကျဆင်းလို့…။
“မငိုပါနဲ့ထယ်…မငိုပါနဲ့ ကိုယ့်ကြောင့် မငိုပါနဲ့ မင်းငိုရင် ကိုယ်နာကျင်ရလို့ပါ”
“ဂျွန်…မဖြစ်ဘူးး တစ်ယောက်ယောက် လာကြ ပါအုံးး ကယ်ကြပါအုံးးးး”
“ထယ်ရယ် ကိုယ်တောင်းပန်ပါတယ် အရင်ထားသွားခဲ့ရလို့ တောင်းပန်ပါတယ် ကိုယ် မင်းနဲ့တွေ့ခဲ့ရတာ နောင်တမရဘူးး သိပ်ပျော်ခဲ့ရတယ် ကျေဇူးပါ ထယ်…ကိုယ့်ဘဝထဲ ဝင်လာခဲ့လို့ ကျေးဇူးပါ ကိုယ်မင်းကိုချစ်တယ် ထယ် ကိုယ်အရင်သွားနှင့်တော့မယ် ထယ်ရယ်”
ပြောရင်းနဲ့ပင် မီးလျံတွေမှာ တစ်ကိုယ်လုံးလောင်ကျွမ်းလို့ ထယ့်မျက်စိရှေ့မှာတင်…ထယ် စိတ််တွေမထိန်းနိုင်တော့ ဘယ်ကရလို့ရမှန်းမသိတဲ့ အားတွေနဲ့ ရုန်းလိုက်တော့ လွတ်ထွက်သွားသည်။
ခြေလှမ်းတွေဟာ အမြန်ပင်ပြေးလို့ အလိုလိုပင် မီးပုံထဲကို တိုးဝင်မိသည်။
“နန်းထယ်…!!!”
ရန်ဇေယျာမှာ ပြေးသွားတဲ့နန်းထယ်ကို လှမ်းဆွဲရာ… မိရာကိုသာဆွဲမိတော့ ပါလာသည့် နန်းထယ် ရဲ့ခေါင်း။
ပြတ်ထွက်သွားသော ခေါင်းမှာ ရန်ဇေယျာလက်ထဲ ပါလာခဲ့၍ တစ်ကိုယ်လုံးဟာ မီးတွေထဲ တိုးဝင်လို့ လောမြိုက်သွားလေတော့သည်။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
နန္းထယ္မင္းက ဘယ္ကိုသြားခ်င္တာလဲ ဟင္
မင္းး မင္း ရန္ေဇယ်ာ
ဟင္ သူကၿမိဳ႕စားလားး
ေအာ္ဒီေကာင္က မင္းခ်စ္သူဆိုတဲ့ေကာင္လားး
မင္း ငါတို႔ကိုလႊတ္ေပးပါ ေတာင္းပန္ပါတယ္ မင္းသိတယ္ ငါမင္းကိုမခ်စ္နိုင္တာကို မင္း ဘယ္လိုပဒ လုပ္လုပ္ ငါမင္းကိုခ်စ္မွာမဟုတ္ဘူးးး မင္းလက္ေလ်ာ့လိုက္ပါ
ရန္ေဇယ်ာမွာ တစ္ခ်က္ ၾကည့္ၿပီး က်ယ္ေလာင္စြာရယ္ေမာၿပီးး။
ဟားး နန္းထယ္ မင္းက သိပ္ရယ္စရာေတြေျပာတတ္တာပဲ ငါဆိုတဲ့ေကာင္က လိုခ်င္တာကို မရ ရေအာင္ယူတတ္တာကြ မင္းအခ်စ္ေတြ ဘာေတြငါမလိုခ်င္ဘူးး ငါလိုခ်င္တာ မင္းကို မင္း ဘာသာ ဘာျဖစ္ေနျဖစ္ေန မင္းကိုရရင္ ငါေက်နပ္ၿပီ ပဲေလ
မင္းး !!?
ဂြၽန္မွာ နန္းထယ္လက္ကို တင္းတင္းဆုပ္ကိုင္လ်က္ ထြက္ေျပးမည္လုပ္ေတာ့။
ေဟ့ေရာင္ေတြ ဝိုင္းထားၾကစမ္းးး
ထြက္ေပါက္မရွိပိတ္ေနပါၿပီ။ ဂြၽန့္လက္ကို နန္းထယ္ မလႊတ္တမ္း ကိုင္ထားသလို လက္ေတြလည္း တုန္ရီေနၿပီ။
မင္းခ်စ္တာ ဒီေကာင္ေပါ့ ဟက္လားး မင္း သစၥာမေဖာက္ရက္တာ ဒီေကာင္ေပါ့ ဟက္လားး နန္းထယ္
မင္းး သူ႕ကို မထိနဲ႕ မင္းလိုခ်င္တာ ငါမလား ငါလိုက္ခဲ့မယ္
နန္းထယ္မွ ထြက္မည္လုပ္ေတာ့ ဂြၽန္ဟာ နန္းထယ္ကို ျပန္ဆြဲလို႔ သူကေရွ႕ကရပ္ကာ
မင္း ထယ့္ကိုလိုခ်င္ရင္ ငါ့ကိုအရင္ျဖတ္သြားရမယ္ ရန္ေဇယ်ာ
ဟားးး ရယ္ရသားး မင္းလိုေကာင္မ်ားး ပု႐ြက္ဆိတ္သာသာပဲကြ ေဟ့ေရာင္ေတြ နန္းထယ္ကို ရေအာင္ေခၚၾကစမ္းး
ရန္ေဇယ်ာရဲ႕အမိန့္ေအာက္မွာပဲ လူအုပ္ႀကီးဟာ ဂြၽန့္ကိုဝိုင္းတိုက္ခိုက္ၾကသည္။ နန္းထယ္ကို လာလုရာ ဂြၽန္မွ ျပန္လည္ခုခံရင္း ထိုးႏွက္ေတာ့သည္။
နန္းထယ္မွာ ဘယ္ေလာက္ပဲ သန္မာပါေစ. လူအမ်ားနဲ႕ တစ္ေယာက္တည္းေလ။ ဘယ္နိုင္မလဲ။ တိုက္ရင္းခိုက္ရင္းပင္ ဂြၽန့္ေနာက္ကေန ေခါင္းကို တုတ္နဲ႕ ရိုက္ခ်လိဳက္ရာ ေျမျပင္ေပၚ လဲက်ေလသည္။
ထို႔ေနာက္ ထပ္မံရိုက္ႏွက္မႈေတြနဲ႕ ကန္ခ်က္ေတြၾကားး ဂြၽန့္တစ္ကိုယ္လုံး နာက်င္ေလၿပီ။ ေသြးေတြလည္း အလိမ္းလိမ္းျဖင့္ ။
နန္းထယ္မွာေတာ့ ငိုယိုရင္းသာ သူ႕ကို လူႏွစ္ေယာက္မွ လာဆြဲျပန္ေတာ့ ပါသြားရကာ ရန္ေဇယ်ာေဘးမွာ အခ်ဳပ္ခံထားရသည္။
ရပ္ၾကပါေတာ့ မလုပ္ၾကပါနဲ႕ေတာ့ ဂြၽန့္ကိုလႊတ္ေပးၾကပါေတာ့
နန္းထယ္ေတာင္းပန္ရင္း ငိုကာ ေျပာသည္။ ရန္ေဇယ်ာကေတာ့ တဟားဟားရယ္ေမာလို႔ သေဘာက်ေနသည္။
ဂြၽန္မွာ တစ္စက္ေလးမွ မလႈပ္နိုင္ေတာ့ ေျမေပၚမွာ လဲက်လိဳ႕ အနီေရာင္လက္ပံေတြၾကားး သူ႕ရဲ႕ေသြးစက္ေတြနဲ႕ေရာယွက္ေနၿပီ။
ေဟ့ေရာင္ေတြသူ႕ကို လက္ပံပင္နဲ႕ခ်ည္စမ္းးး
ဂြၽန့္ကိုမကာ လက္ပံပင္မွာ ႀကိဳးနဲ႕တုတ္ထားလ်က္ နန္းထယ္ကိုေတာ့ ေရွ႕တည့္တည့္မွ ခ်ဳပ္ထားသည္။
နန္းထယ္ မင္းသူ႕ကို သိပ္ခ်စ္တယ္ မလားး မင္း ခ်စ္တဲ့ေကာင္ တစ္ခုခုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ မင္းဘယ္လိုေနေန ငါ့အပိုင္ျဖစ္လာမွာမလားး
ရန္ေဇယ်ာ မင္းဘာလုပ္မလို႔လဲမင္း ထယ္ေတာင္းပန္းပါတယ္ မင္း ဂြၽန့္ကိုလႊတ္ေပးလိုက္ပါ
နန္းထယ္မွ ေတာင္းပန္ျပန္ေတာ့ ဂြၽန္မွာ ႀကိဳးအတုတ္ခံလ်က္သားး
ကိုယ္ အဆင္ေျပတယ္ ထယ္မငိုပါနဲ႕ ထယ္ကိုယ့္ကိုမၾကည့္ပါနဲ႕
ဂြၽန္ဂြၽန္!!!
နန္းထယ္မ်ာ အခ်ဳပ္ခံထားရာက ႐ုန္းေပးမဲ့ အားမသာတာမို႔ မေ႐ြ႕ပါ။ ငိုေန႐ုံမွလြဲ၍မတတ္နိုင္။
ဟက္ အဲေလာက္ျဖစ္ေနၾကတာဆီနဲ႕ မီးယူခဲ့စမ္းး
ရန္ေဇယ်ာ မင္းမင္းဘာလုပ္မလို႔လဲ
တပည့္တစ္ေယာက္မွ မီးတုတ္နဲ႕ ဆီပုံးသယ္လာကာ ရန္ေဇယ်ာကိုယ္တိုင္း ထို ဆီပုံးကိုယူလို႔ သူရပ္ေနရာ ေနရာ မွ လက္ပံပင္ဆီ တျဖည္းျဖည္းခ်င္း ေလာင္းသြားရင္း ဂြၽန့္ကိုယ္ေပၚေလာင္းခ်ေလသည္။
ဘာလုပ္တာလဲမလုပ္နဲ႕ ရန္ေဇယ်ာ!!!
နန္းထယ္မွာ အာေခါင္ေပါက္မတတ္ ငိုကာေအာ္ဟစ္ ေျပာသည္။
ထို႔ေနာက္ ရန္ေဇယ်ာလည္း နန္းထယ္ေဘးရပ္ကာမီးတုတ္ကိုလက္မွာကိုင္လ်က္။
နန္းထယ္ မင္း ခ်စ္မိတဲ့သူမွန္သမွ် ဒီလိုအဆုံးသတ္ရမယ္ဆိုတာ မင္းမွတ္ထား. ဒါက ပထမဆုံး သင္ခန္းစာ ပဲ
မီးတုတ္ကို ေျမႀကီးေပၚလႊတ္ခ်လိဳက္ေတာ့.. ဆီေလာင္းထားသည့္ေနရာမွ မီးေတြဟာ ကူးစက္သြားကာ လက္ပံပင္ေျခရင္းဆီသို႔။
မလုပ္နဲ႕.!!!
မီးလ်ံေတြမွာ တျဖည္းျဖည္းခ်င္း စြဲလာၿပီ။
အပင္ေပၚက ပန္းပြင့္နီနီေတြမွာ ေျမျပင္ေပၚေႂကြက်ေျမခလ်က္သားးး
ပင္စည္ေျခရင္းကမီးလ်ံေတြမွာ ပြင့္ဖတ္ေတြဆီကူးလူးကာ ေျမျပင္မွာမီးလ်ံမ်ားေတာက္ေလာင္ေနၿပီ။
ေလာင္ေတာင္ေနတဲ့မီးေတြၾကားကို တိုးဝင္ဖို႔ရာႀကိဳးစားေနတဲ့ နန္းထယ္.သူ႕ကိုဆြဲထားၾကတယ္။ အဘက္ဘက္ကခ်ဳပ္ထားၾကတယ္။
မ်က္ရည္ေတြစီးဆင္းလို႔..ရင္ဘတ္ေတြထဲလည္း အသဲနာရပါတယ္။
လႊတ္ေပးၾကပါလႊတ္ေပးၾကပါသြားပါရေစ
နန္းထယ္ရဲ႕ဩရွရွေအာ္သံမွာ ဝမ္းနည္းမႈေတြ အျပည့္။
မလုပ္ၾကပါနဲ႕ေတာင္းပန္ပါတယ္ေက်းဇူးျပဳၿပီး ရပ္လိုက္ၾကပါေတာ့!!!
အသံကုန္ေအာ္ဟစ္ေတာင္းပန္ေနေပမဲ့လည္းး မလႊတ္ေပးၾက။ လုပ္ရက္လိုက္ၾကတာဗ်ာ။ ရက္စက္လိုက္ၾကတာဗ်ာ။
မလုပ္ၾကပါနဲ႕.မီးေတြၿငိမ္းေပးပါ.ရပ္ၾကပါေတာ့
ေအာ္ေနေပမဲ့ မထူးပါ။ မီးလ်ံေတြမွာ ဂြၽန့္ရဲ႕ကိုယ္ေပၚ ေတာင္ေလာင္ေနၿပီ။ ေျခေထာက္ေပၚေျခေထာက္မွ တျဖည္းျဖည္း တက္လာရာ ပူေလာင္မႈေတြကားး အဆိုးဆုံးပင္။
ဒါေပမဲ့ ဂြၽန့္မွာေအာ္ဖို႔ရာေတာင္ အားမရွိေတာ့. သူ႕ေရွ႕ကခ်စ္သူေလး ငိုေနတယ္။ ေသလုဆဲဆဲေတာင္ သူနာက်င္ေနတာကို ျမင္ရတာပိုနာက်င္ရပါသည္။
မ်က္ရည္ေတြ အလိုလိုက်ဆင္းလို႔။
မငိုပါနဲ႕ထယ္မငိုပါနဲ႕ ကိုယ့္ေၾကာင့္ မငိုပါနဲ႕ မင္းငိုရင္ ကိုယ္နာက်င္ရလို႔ပါ
ဂြၽန္မျဖစ္ဘူးး တစ္ေယာက္ေယာက္ လာၾက ပါအုံးး ကယ္ၾကပါအုံးးးး
ထယ္ရယ္ ကိုယ္ေတာင္းပန္ပါတယ္ အရင္ထားသြားခဲ့ရလို႔ ေတာင္းပန္ပါတယ္ ကိုယ္ မင္းနဲ႕ေတြ႕ခဲ့ရတာ ေနာင္တမရဘူးး သိပ္ေပ်ာ္ခဲ့ရတယ္ ေက်ဇဴးပါ ထယ္ကိုယ့္ဘဝထဲ ဝင္လာခဲ့လို႔ ေက်းဇူးပါ ကိုယ္မင္းကိုခ်စ္တယ္ ထယ္ ကိုယ္အရင္သြားႏွင့္ေတာ့မယ္ ထယ္ရယ္
ေျပာရင္းနဲ႕ပင္ မီးလ်ံေတြမွာ တစ္ကိုယ္လုံးေလာင္ကြၽမ္းလို႔ ထယ့္မ်က္စိေရွ႕မွာတင္ထယ္ စိတ္္ေတြမထိန္းနိုင္ေတာ့ ဘယ္ကရလို႔ရမွန္းမသိတဲ့ အားေတြနဲ႕ ႐ုန္းလိုက္ေတာ့ လြတ္ထြက္သြားသည္။
ေျခလွမ္းေတြဟာ အျမန္ပင္ေျပးလို႔ အလိုလိုပင္ မီးပုံထဲကို တိုးဝင္မိသည္။
နန္းထယ္!!!
ရန္ေဇယ်ာမွာ ေျပးသြားတဲ့နန္းထယ္ကို လွမ္းဆြဲရာ မိရာကိုသာဆြဲမိေတာ့ ပါလာသည့္ နန္းထယ္ ရဲ႕ေခါင္း။
ျပတ္ထြက္သြားေသာ ေခါင္းမွာ ရန္ေဇယ်ာလက္ထဲ ပါလာခဲ့၍ တစ္ကိုယ္လုံးဟာ မီးေတြထဲ တိုးဝင္လို႔ ေလာၿမိဳက္သြားေလေတာ့သည္။
ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





