Fanfics

Episode 15 (ကိုယ်တို့ကြားထဲက အမှတ်တရများစွာ)

09:06, 3 October 2025

ချစ်သူတွေလည်းဖြစ်လာသလို ရင်းနှီးမှုတွေပိုလာကာ အရင်ထက် ပိုလာတဲ့ စကားတွေနဲ့ ဆက်ဆံမှုတွေကြားး။ 

ရိုက်ထားတဲ့ပုံတွေကားများနေပြီမို့ ပုံထုတ်တော့မည့်ဂျွန်နဲ့ နောက်က တစ်လှမ်းမကွာ ကပ်လိုက်ပါသော နန်းထယ်။ 

ဓာတ်ပုံအခန်း….ဓာတ်ပုံတွေထုတ်ချင်လို့ ဦးလေးမြတ်စံကို အကူအညီတောင်းတော့ ဂိုထောင် ကို အသုံးပြုခွင့်ရတာနဲ့ ဓာတ်ပုံခန်းပြောင်းလိုက်သည်ပင်။

ညနေခင်းရဲ့ လေပြည်အေးအေးလေး တိုက်ခတ်နေတဲ့အချိန်မှာ ဂျွန်နဲ့ နန်းထယ်တို့ဟာ ဂျွန်ရဲ့ ဓာတ်ပုံအခန်းထဲမှာ ရောက်နေကြသည် ။ 

အပြင်ဘက်က ရွှေရောင်နေရောင်ခြည်ဟာ အခန်းထဲကို ဖြာကျနေကာ… ဂျွန်ဟာ သူရိုက်ထားတဲ့ ပုံတွေကို ထုတ်ဖို့ရာ အလုပ်ရှုပ်နေချိန်မှာ နန်းထယ်က ဂျွန်ရဲ့ဘေးမှာ ကပ်ပြီး စပ်စုနေပါတော့သည်။

 နန်းထယ်ရဲ့ကိုယ်သင်းနံ့သင်းသင်းလေးက ဂျွန်ရဲ့စိတ်ကို လှုပ်ရှားစေပြီး နှလုံးသားကို ရင်ခုန်စေမိသည်။ 

"ဂျွန်... ဂျွန်ရိုက်ထားတဲ့ ပုံတွေ ထုတ်တော့မှာလား"

"အင်း... ဒီဓာတ်ပုံမှန်ပြားတွေကို ပုံရိပ်ပေါ်လာအောင် ထုတ်တော့မလို့။ ထယ်က ဘေးကနေ ထိုင်ကြည့်နေလေ။"

"အာ... ထယ်လည်း လုပ်ပုံလုပ်နည်းလေးတွေ သိချင်တယ်"

နန်းထယ်ရဲ့ ချိုသာတဲ့အသံကြောင့် ဂျွန်က နန်းထယ်ကို ကြည့်ပြီး ပြုံးလိုက်ပါကာ….

"ဒါဆိုလည်း ကိုယ် လုပ်ပြမယ်။ ပထမဆုံးတော့ ဒီလို ပုံတွေကို developer လို့ခေါ်တဲ့ ဓာတုအရည်ထဲမှာ ထည့်စိမ်ရတယ်"

ဂျွန်က မှန်ပြားပေါ်က ပုံတွေကို developer အရည်ထဲမှာ ထည့်စိမ်လိုက်ပြီး ရှင်းပြသည်။ 

"ဒီလိုမျိုး developer အရည်နဲ့ စိမ်လိုက်ရင် ဓာတ်ပုံတွေမှာ ပုံရိပ်တွေ စပေါ်လာတယ်။ ပုံရိပ်ပေါ်လာပြီဆိုရင်တော့ stop bath လို့ခေါ်တဲ့ ဓာတုအရည်ထဲမှာ ထည့်စိမ်ရတယ်"

ဂျွန်ရဲ့အသံဟာ နူးညံ့ပြီး နန်းထယ်ကို အေးချမ်းမှုပေးသည်။ 

"Stop bath က ဘာအတွက်လဲဟင်"

"developer အရည်က အလုပ်လုပ်တာ ရပ်သွားအောင်လို့။ ဒါမှ ပုံရိပ်က လိုတာထက်ပိုပြီး မပေါ်တော့ဘူးလေ"

"အော်... အဲဒါဆို နောက်တစ်ဆင့်ကရော"

"နောက်ဆုံးအဆင့်တော့ fixer လို့ခေါ်တဲ့ ဓာတုအရည်ထဲမှာ စိမ်ရတယ်။ ဒါက ဓာတ်ပုံကို အလင်းရောင်ကြောင့် ပျက်စီးမသွားအောင်လို့ ထိန်းပေးတာ"

ဂျွန်က ရှင်းပြနေချိန်မှာ နန်းထယ်က ဂျွန်ရဲ့လက်ကို ကိုင်လိုက်ပြီး-

"အာ... ဂျွန်ရဲ့လက်တွေက အေးနေတာပဲ။ ဓာတ်ပုံထုတ်တဲ့အခန်းက အေးနေလို့လား"

နန်းထယ်ရဲ့စကားကြောင့် ဂျွန်က နန်းထယ်ရဲ့လက်ကို ပြန်ကိုင်လိုက်ပြီး-

"ထယ်ဘေးနားမှာ ရှိနေရင်တော့ ကိုယ့်ရဲ့နှလုံးသားက ပူနွေးနေမှာပါ"

ဂျွန်ရဲ့စကားကြောင့် နန်းထယ်ရဲ့မျက်နှာလေး ရှက်ရွံ့သွားပြီး ဂျွန်ကို ရိုက်လိုက်သည်။

"ဂျွန်နော်... စကားတွေကလည်း။ အာရုံစိုက်ပြီး လုပ်ပါဆို"

"ဟုတ်ပါပြီ... ဒါပေမဲ့ ဒီဓာတ်ပုံတွေ အကုန်ပြီးပြီဆိုရင်တော့ ကိုယ့်ဘဝအတွက် ပုံဖော်ပေးမယ့် ထယ်နဲ့ အတူတူရှိနေမယ်"

“တကယ်ပဲ…ဂျွန်က အရမ်းတွေတတ်နေတာ”

ခပ်ရှက်ရှက်နဲ့ နန်းထယ်ကတော့ သဘောတကျကျနဲ့ ရဲတွတ်နေတဲ့ သည်ကောင်လေးကြောင့် ဂျွန့်မှာလည်း ရယ်မိပြုံးမိသည်။ ဒီလိုနဲ့ ဓာတ်ပုံခန်းထဲက ရယ်သံတွေနဲ့ ပျော်ရွှင်မှုတွေကား ညနေစောင်း ပုဂံလေနဲ့အတူ လွင့်ပျံခဲ့လေသည်။ 

.

.

.

.

.

.

.

မြင်ကပါရွာထိပ်က လက်ပံပင်ကြီးအောက်မှာ နန်းထယ်ဟာ ပုံကြမ်းစာအုပ်လေးတစ်အုပ်ကို ဖွင့်ပြီး ထိုင်နေသည်။ 

သူ့ရဲ့ ပေါင်ပေါ်မှာတော့ ဂျွန်က ခေါင်းအုံးပြီး လှဲအိပ်နေတာပေါ့။ ညနေခင်းရဲ့ လေပြေအေးအေးက လက်ပံပွင့်တွေနဲ့အတူ သူတို့နှစ်ဦးကြားကို ဖြတ်သန်းတိုက်ခတ်နေသည်ပင်။ 

ကြွေကျလာတဲ့ အနီရောင် လက်ပံပွင့်တွေက နန်းထယ်နဲ့ ဂျွန်ကို ပတ်လည်ဝိုင်းရံနေပြီး လှပတဲ့ ပန်းချီကားတစ်ချပ်လို ဖြစ်နေပါသည်။

နန်းထယ်ဟာ ဂျွန်ရဲ့ ချောမောခန့်ညားတဲ့ မျက်နှာကို ငေးကြည့်ရင်း ပုံကြမ်းဆွဲနေသည်။ 

သူ့ရဲ့မျက်ဝန်းတွေက ဂျွန်ရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတိုင်းကို တစ်ခုချင်းစီ မှတ်သားနေသလိုပဲ။ 

ဂျွန်က နန်းထယ်ရဲ့ ပေါင်ပေါ်မှာ အိပ်နေတဲ့အချိန်မှာပဲ နန်းထယ်ရဲ့ ခါးလေးကို သိုင်းဖက်လိုက်ပြီး ပိုပြီးနီးကပ်အောင် ဆွဲလိုက်သည်။ 

ဂျွန်ရဲ့ ရင်ခွင်ထဲမှာ နန်းထယ်ဟာ လုံခြုံမှုအပြည့်အဝကို ခံစားရပါသည်။

"ထယ်... ဘာလို့ ဒီလောက်တောင် ကြည့်နေတာလဲ"

"ဂျွန်က လှုပ်လို့မရအောင် အသက်ဝင်နေတဲ့ ပန်းချီကားတစ်ချပ်နဲ့တူလို့"

နန်းထယ်ရဲ့စကားကြောင့် ဂျွန်က နန်းထယ်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး-

"ကိုယ်က ထယ်တစ်ယောက်တည်းအတွက်ပဲ အသက်ဝင်နေမှာပါ"

သူတို့နှစ်ဦးဟာ လေထဲမှာ ကခုန်နေတဲ့ လက်ပံပွင့်တွေကြားထဲမှာ ကြည်နူးစွာနဲ့ အချစ်တွေကို ဖန်တီးနေကြပါသည်။

.

.

.

.

.

.

.

.

ပုဂံရဲ့ သမိုင်းဝင်စေတီပုထိုးတွေပေါ်မှာ ဂျွန်နဲ့ နန်းထယ်တို့ လည်ပတ်နေ​​ကြသည် ။ 

တစ်နေရာရောက်တိုင်း ဂျွန်က နန်းထယ်ရဲ့ပုံတွေကို အမှတ်တရ ရိုက်ပေးနေသည်။ နန်းထယ်က ဘုရားပေါ်မှာရှိတဲ့ ခေါင်းလောင်းတစ်ခုကို တီးလိုက်ပြီး-

"ဂျွန်... ဘာဆုတောင်းလဲ"

"မင်းကိုယ့်ကို ချစ်တာထက်ပိုပြီး ချစ်နိုင်အောင်လို့"

နန်းထယ်က ဂျွန်ကို စိုက်ကြည့်လိုက်ပြီး-

"အဲဒါဆို ထယ်ကရော ဘာဆုတောင်းလဲ"

"ထယ်ကလည်း ဂျွန်နဲ့ အတူတူရှိနေပြီး အမြဲတမ်း ပျော်နေနိုင်ပါစေလို့ ဆုတောင်းလိုက်တယ် ဟီးး"

ဂျွန်ရဲ့စကားကြောင့် နန်းထယ်ဟာ ဂျွန်ကို ရင်ခုန်စေပြန်တယ်။ နန်းထယ်လည်း ဂျွန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်တယ်။ ဂျွန်ကလည်း နန်းထယ်ရဲ့လက်ကို ပိုပြီးခိုင်မာစွာ ဆုပ်ကိုင်လိုက်ပြီး-

"ထယ်... ကိုယ်တို့နှစ်ယောက်ရဲ့ ပုံပြင်ကိုလည်း ဒီဘုရားတွေလို အမြဲတမ်းတည်မြဲအောင် ဖန်တီးသွားကြမယ်"

သူတို့နှစ်ဦးဟာ ပုဂံရဲ့ အလှတရားတွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေကို ဖလှယ်ခဲ့ ကြပါတော့သည်။ 

ဂျွန်ဟာ အလုပ်ကြိုးစားတတ်တဲ့သူတစ်ယောက်ပါ။ အခုလည်း ပန်းပုထုနေတာမို့ ချွေးတွေနဲ့ စိုရွှဲနေတယ်။ နန်းထယ်ကတော့ ဂျွန်ကို အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေတာပေါ့။

"ဂျွန်... ရေလာသောက်အုံး"

"ကျေးဇူးပါ ထယ်"

နန်းထယ်က ဂျွန်ကို ရေတိုက်လိုက်ပြီး သူ့မျက်နှာပေါ်က ချွေးတွေကို သုတ်ပေးလိုက်တယ်။ ဂျွန်ကလည်း နန်းထယ်ရဲ့လက်ကို ကိုင်လိုက်ပြီး-

"ထယ်... ဒီလက်တွေကို ပန်းပုထုတဲ့လက်တွေထက်ပိုပြီး ချစ်တယ်"

နန်းထယ်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး-

"ဂျွန်... အလုပ်လုပ်နေတာကို အာရုံစိုက်ပါဦး"

"ကိုယ်က ထယ့်ကိုမြင်ရင် အာရုံမစိုက်နိုင်တော့ဘူး"

ဂျွန်ရဲ့စကားကြောင့် နန်းထယ်ဟာ ဂျွန်ရဲ့ရင်ခွင်ထဲကို ဝင်လိုက်ပြီး-

"ဒါဆိုလည်း ထယ်လည်း ပန်းပုထုပေးမယ်"

သူတို့နှစ်ဦးဟာ အလုပ်လုပ်ရင်း ပန်းပုရုပ်တွေကြားးး အချစ်တွေကို ပုံဖော်နေခဲ့ကြပြန်ပါသည်။

.

.

.

.

.

.

.

.

မြင်ကပါရွာထဲကို ဂျွန်နဲ့ နန်းထယ်တို့ လည်ပတ်ဖို့ ရောက်လာကြသည်။ ရွာသားတွေနဲ့ စကားပြောရင်း ပျော်ပျော်ရွှင်ရွှင် နဲ့ပင်။

 စကားတွေပြောနေကြရင်းး  ရွာထဲက ကောင်လေးတစ်ယောက်က နန်းထယ်ရဲ့ဘေးမှာ ကပ်ပြီး စကားတွေ ပြောနေချိန်မှာ….. 

ဂျွန်ရဲ့မျက်နှာမှာ တင်းလာပြီး ပါးစောင်ကို လျှာနဲ့ ထိုးရင်းး မျက်ခုံးပင်တွန့်ချိုးလိုက်သည်။ ရင်ထဲမှာ မကျေမနပ်နဲ့…. သဝန်တိုစိတ်တွေ ပေါ်လာ​ပြီ။

ဂျွန်က နန်းထယ်ရဲ့လက်ကို ဆွဲပြီး သူ့ရဲ့ဘေးနားကို ခေါ်လိုက်တယ်။

"ထယ်... ကိုယ့်ဘေးနားမှာပဲ နေ"

"ဂျွန်... ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး။ ကိုယ့်ရဲ့အပိုင်လေးက ဘေးကောင်တွေနဲ့ ဝေးဝေးနေ"

ဂျွန်ရဲ့စကားကြောင့် နန်းထယ်ရဲ့မျက်နှာလေး ရဲသွားပြီး ရှက်ရွံ့စွာ ပြုံးလိုက်သည်။ သူတို့နှစ်ဦးဟာ ရွာလမ်းပေါ်မှာ လမ်းလျှောက်နေတုန်း မိန်းကလေးတစ်အုပ်က ဂျွန်ကို ဝိုင်းကြည့်နေကြသည်။ 

မိန်းကလေးတစ်ယောက်က ဂျွန်နားကို ကပ်ပြီး-

"ကိုသက်နောင်... ဓာတ်ပုံရိုက်ပေးလို့ရမလား"

ဂျွန်က နန်းထယ်ကို ကြည့်လိုက်ပြီး-

"ကိုယ်က သူလေး တစ်ယောက်တည်း ရဲ့ ဓာတ်ပုံဆရာပါ သူ့ကိုပဲ ရိုက်ပေးတတ်တာ"

နန်းထယ်က ဂျွန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး-

"ဟုတ်တယ်... ဂျွန်က ထယ့်ကိုပဲ ရိုက်ပေးတာ"

နန်းထယ်ရဲ့စကားကြောင့် ဂျွန်က နန်းထယ်ရဲ့ခါးလေးကို ဖက်လိုက်ပြီး-

"ထယ်ကလည်း ပြောတတ်သားပဲ။ ကိုယ်တို့သွားရအောင်"

သူတို့နှစ်ဦးဟာ လူတွေကြားထဲမှာ အချစ်တွေကို ပုံဖော်ရင်း ရယ်မောပျော်ရွှင်နေကြပါတယ်။ မိန်းမပျိုလေးတွေကတော့ ဆူပုတ်ပုတ်နဲ့ အထိနာကာ ကျန်ရစ်ခဲ့ကြလေတော့သည်။ 

.

.

.

.

.

.

.

.

မြင်ကပါရွာရဲ့ ဈေးပိတ်ရက်မှာ ဂျွန်နဲ့ နန်းထယ်တို့ဟာ လက်ချင်းတွဲပြီး ဈေးထဲကို ဝင်လာကြသည်။ ဈေးထဲက ဆူညံသံတွေ၊ လူတွေရဲ့ ပျော်ရွှင်တဲ့အသံတွေကြားမှာ သူတို့နှစ်ဦးဟာ ကြင်စဦးတွေလိုပဲ ပျော်ရွှင်နေကြတာပေါ့…။

"ဂျွန်... ထယ်တို့ ဟင်းချက်ဖို့ ဟင်းသီးဟင်းရွက်တွေ ဝယ်ရအောင် မေမေက မှာလိုက်တာတွေရှိသေးတယ်”

"အင်း... ထယ်ကြိုက်တာသာ ဝယ်"

ဂျွန်က နန်းထယ်ရဲ့ ပခုံးလေးကို ဖက်ပြီး ဟင်းသီးဟင်းရွက်တန်းဘက်ကို လျှောက်လာကြသည်။ 

ရွာက လူတွေက သူတို့နှစ်ဦးကို ကြည့်ပြီး ပြုံးစိစိနဲ့ပင်။ 

"ဂျွန်... ဟိုမှာ မုန့်လက်ဆောင်းဆိုင်"

နန်းထယ်က မုန့်လက်ဆောင်းဆိုင်မှာ ရပ်လိုက်ပြီး ဂျွန်ကို ကြည့်လိုက်သည်။

"ထယ် ကြိုက်လား"

"ဟုတ်... ထယ် အတော်လေး ကြိုက်တယ်"

ဂျွန်က မုန့်လက်ဆောင်းနှစ်ပွဲမှာပြီး တစ်ပွဲကို နန်းထယ်ကို ပေးလိုက်တယ်။ နန်းထယ်က စားနေရင်း-

"ဂျွန်... အရမ်းကောင်းတယ်"

ဂျွန်က နန်းထယ်ရဲ့ ပါးစပ်နားမှာ ပေနေတဲ့ မုန့်လက်ဆောင်းတွေကို လက်နဲ့ သုတ်ပေးလိုက်ပြီး- သူ့ပါးစပ်ထဲ ထည့်စားကာ

"အင်း... ဟုတ်သား အရသာရှိတယ် ထယ်စားထား လို့ပိုအရသာရှိ တယ်ထင်တယ်"

"အာ... ဂျွန်... ဘာတွေပြောနေတာလဲ"

နန်းထယ်က ရှက်ရွံ့စွာ ပြောလိုက်တော့ ဂျွန်က ခပ်ပြုံးပြုံးနဲ့ နန်းထယ်ရဲ့ဆံပင်ကို သပ်ပေးလိုက်သည်။ 

ဈေးဝယ်ပြီး အပြန်လမ်းမှာတော့ နန်းထယ်ရဲ့ လက်ထဲက ဈေးခြင်းကို ဂျွန်က ယူပြီး ဆွဲပေးလိုက်သည်။

"ဂျွန်... မဆွဲပါနဲ့။ ထယ် ကိုင်လိုက်ပါမယ်"

"အိမ်ထောင်ဦးစီးရဲ့ အလုပ်ကို မင်းက ဘယ်လိုလုပ် လုပ်ရဲတာလဲ"

"အာ... ဂျွန်ကလည်း"

နန်းထယ်က ရှက်ရွံ့စွာ ပြောလိုက်တော့ ဂျွန်က ပြုံးလိုက်ပြီး နန်းထယ်ရဲ့ခါးလေးကို ဖက်လိုက်သည်။

အပြန်လမ်းမှာတော့ သူတို့ရဲ့သူငယ်ချင်းလေး ရဲမင်းနဲ့ ဆုံတွေ့ကြပြန်တယ်။ 

"ဟ... ဂျွန်နဲ့ နန်းထယ်တို့ ဈေးဝယ်ပြီးပြီလား"

"အင်း... ရဲမင်း"

"မင်းတို့နှစ်ယောက်ကတော့ ကြင်စဦးတွေလိုပဲနော်။ ကိုယ်တို့လည်း အားကျရပါတယ်ကွာ"

ရဲမင်းရဲ့စကားကြောင့် နန်းထယ်က ရှက်သွားပြီး ဂျွန်ရဲ့ခါးလေးကို ဖက်လိုက်သည်။ 

"ရဲမင်းကလည်းး စနေပြန်ပြီ”

နန်းထယ်မှ ရှက်ကိုးရှက်ကန်းနဲ့ ပြောတော့

“ထယ်ကလည်းး တစ်ချိန်ဖြစ်လာမှာပဲကိုးး ရှက်နေသေးတယ်”

“ဂျွန်…!?!’

နန်းထယ်မှာ သူ့မျက်နှာ ဘယ်ထားရမလဲမသိ ရှက်လွန်းနေပြီ။ ရဲမင်းကတော့ မျပ်လုံးပြူးလေးနဲ့ တိတ်တိတ်လေးသာ ရယ်မိတော့သည်။ 

“ဒါဆို ရဲမင်း ငါတို့သွားတော့မယ်”

“အင်းးး”

ထယ်ကတော့ နှုတ် တောင်မဆက်နိုင် ခပ်သွက်သွက်သွားလေသည်။ ထိုအခါမှ ဂျွန်မှ အမြန်လိုက်ရင်းးး

“ထယ်…စောင့်အုံးလေကွ”

သူတို့နှစ်ဦးရဲ့ အချစ်ပုံပြင်လေးမှာ မြင်ကပါမှာတော့ နေရာစုံလို့ ​ပြန့်နှံ့ခဲ့တာအမှန်ပင်။ 

.

.

.

.

.

.

.

.

ချစ်သူ သက်တမ်းး ၂လအကြာမှာပဲ…. ဂျွန်ရဲ့ ဓာတ်ပုံပြိုင်ပွဲအတွက် နီးကပ်လို့လာပြီ။ 

လက်ပံပင်ကြီးအောက်ဝယ် ဂျွန် နန်းထယ်ရဲ့လက်ကို ဆုပ်ကိုင်ထလျက်….

“ရန်ကုန်က စာလာတယ် ထယ်…ကိုယ် ရန်ကုန်ပြန်ရမယ်ထင်တယ်”

“ဟင်….သွားတော့မှာလားး”

“မကြာပါဘူးး ၁လလောက်ပါပဲ ပြိုင်ပွဲရလဒ်ထွက်တာနဲ့ ကိုယ်ပြန်ခဲ့မှာ…ထယ် စောင့်နေမယ်မလားး”

“အင်းး ထယ်စောင့်နေမယ်”

“ကိုယ်တို့ ပြန်လာရင် လက်ထပ်ရအောင်ထယ်”

“ဟင်…ဂျွန်”

“အင်းး ကိုယ်တကယ်ပြောတာ ကိုယ်ထယ့်ကိုချစ်တယ် မခွဲနိုင်ဘူးး ဒီတော့ ကိုယ်ဆုံးဖြတ်ပြီးပြီ ထယ့်ကို ကိုယ်လက်ထပ်ချင်တယ်”

ဂျွန်မှ ထယ့်လက်တွေကိုကိုင်ကာဆိုတော့ ထယ်လည်း ဂျွန့်မျက်ဝန်းတွေထဲ ကြည့်လျက်။

“အင်းး ပြန်လာရင် လက်ထပ်ကြမယ် ဂျွန်”

ထယ့်ကို ရင်ခွင်ထဲ ဆွဲပင်ဖက်ကာ နန်းထယ်မှာလည်း ဂျွန့်ရင်ခွင်ထဲနစ်မြုပ်လျက် ထွက်သွားတော့မည့် ချစ်သူကို နှုတ်ဆက်ရင်း မျက်ရည်တွေလည်း စီးကျလျက်။ ထိုနေ့လေးမှာပဲ ခွဲခွာခြင်းဟာ စတင်လာခဲ့လေသည်။ 

.

.

.

.

.

.

.

.

.

“ဂျွန်…..”

လက်ထဲမှာအထုပ်ငယ်ကို ဆွဲကာ လွယ်အိတ်ကိုလည်းလွယ်ကာ ဂျွန် မြင်ကပါရွာထိပ်မှာ ရပ်နေပေသည်။ 

“ထယ်…ကိုယ်သွားရတော့မယ်”

“ဂျွန် အမြန်ဆုံး ပြန်လာခဲ့နော် ထယ်စောင့်နေမှာ ဂျွန်မလာမချင်းစောင့်နေမှာနော်”

“အင်းး ကိုယ်ပြန်လာမှာပါ ထယ်နဲ့လက်ထပ်ဖို့ ကိုယ်ပြန်လာမှာ…”

ထယ့်ကို ဖက်ကာထပ်၍နှုတ်ဆက်သည်။ ထို့နောက် နန်းထယ် ဘေးနားမှရပ်နေကြတဲ့ ဦးလေးမြတ်စံနဲ့ အန်တီသစ္စာ။

“ဦးလေးးး ကျွန်တော် ပြန်လာရင် ထယ့်ကိုလက်ထပ်မယ် ဦးလေးး ဦးလေးခွင့်ပြုမယ်မလားး”

ဂျွန်မျက်ရည်ဝဲလျက် ဆိုတော့ ဦးလေး မြတ်စံမှာ ပြုံးပြရင်း

“ဦးလေးက လက်ခံပါတယ် သက်နောင်လို လူလေးနဲ့ ဦးလေးသား ကို စိတ်ချတာပေါ့ ဂျွန်ရဲ့သားမို့ ပိုပြီးစိတ်ချရတယ်လေ…. မင်းသာ ပြန်လာခဲ့ ရောက်တာနဲ့ ပေးးစားမယ်”

“ဟုတ်တယ်နော် သား သက်နောင် အန်တီ့သားက မင်းကိုမျှော်နေမှာ အကြာမနေနဲ့သိလား အန်တီ မင်္ဂလာပွဲနေ့ကို မျှော်နေမယ်”

“ ကျေးဇူးပါ ဦးလေး နဲ့ အန်တီ ကျွန်တော် အဖေ့ကိုပြောပြီးးး ပြန်လာခဲ့မယ် ပြီးတာနဲ့ လက်ထပ်မယ် ထယ့်နဲ့အတူ နေသွားမယ်”

“အေးကွယ်….ကောင်းကောင်းသွားနော် တို့တတွေစောင့်နေကြမယ်”

“ထယ် ကိုယ်….စာတွေရေးလိုက်မယ်နော် ကိုယ်မင်းကို အမြဲ ဆက်သွယ်နေမယ်နော်”

“အင်း ထယ် ဂျွန့် စာတွေကိုမျှော်နေမယ်”

ဂျွန်လည်း နန်းထယ်နဲ့ ဦးလေးအန်တီတို့ကို လက်ပြနှုတ်ဆက်ကာသာ လှည်းပေါ်တက်လို့ ကားရှိရာ ပုဂံမြို့ကားဂိတ်စီ။ 

ကားဂိတ်က နေမှ ကားငှားပြီး ညောင်ဦးမြို့ ဆိပ်ကမ်း။ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလို့ ရန်ကုန်ကိုပြန်ရောက်သည်။ 

ရန်ကုန် ရောက်လို့ ဓာတ်ပုံကိုအပ်ကာ ပြိုင်ပွဲရလဒ်ကိုစောင့်သည်။ မကြာပါဘူးး တစ်ပတ်အတွင်းကြေငြာပါသည်။ ဂျွန်ပဲ နိုင်သည်လေ။ 

သူနိုင်သွားတဲ့ပုံမှာတော့ လက်ပံပင်အောက်က လျှပ်တပြတ်ရိုက်မိခဲ့တဲ့ ပန်းချီဆရာလေးကဲ့ အကြည့်တွေ…။ ပထမဆုံး ထယ်နဲ့စတွေ့နဲ့နေ့မှာ စရိုက်မိတဲ့  ကင်မရာကိုသူကြည့်မိတဲ့ပုံရိပ်လေးပင်။ 

ပုဂံဘုရားတွေနဲ့ ပြိုင်ချင်ပေမဲ့ သည်ပုံလေးက ဆွဲဆောင်နေတာမို့ ပြိုင်လိုက်တာ နိုင်သည်တဲ့။ သူ့ရဲ့ဓာတ်ပုံဟာ မဂ္ဂဇင်းတွေ သတင်းစာတွေထဲထိ ပါကုန်သည်။ 

ထယ့်ရဲ့အလှကို မြန်မာကမြင်ပြီလေ။ သတင်းကောင်းအတွက် ထယ့်ကိုသူစာလှမ်းရေးသည်။ 

“ထယ်…ပြိုင်ပွဲမှာ ကိုယ်အနိုင်ရတယ် ကိုယ်ပြိုင်ထားတာ ထယ့်ပုံလေးနဲ့ ထယ်နဲ့ကိုယ် စတွေ့တဲ့နေ့ကို မှတ်မိတယ်မလားး 

ကိုယ်မင်းကိုဓာတ်ပုံ ခိုးရိုက်တာလေ အဲတုန်းက ထယ်ကိုယ့်ကင်မရာကို ရုတ်တရက်ကြည့်လိုက်တုန်း ကိုယ်ရိုက်မိထားတာကို ပြိုင်ပွဲဝင်ပုံ အဖြစ်ထည့်လိုက်တာ တကယ်နိုင်သွားတယ် 

အခုဆို ထယ့်ပုံက နေရာတကာမှာ ပျံ့နေပြီ ထယ်ရဲ့ ထယ့်ရဲ့အလှ ကိုယ့်ချစ်သူလေးကို လူတိုင်းသိကုန်ပြီ ထယ်ရဲ့ ကိုယ်တော့ ချစ်သူလေးအတွက် ဂုဏ်ယူလိုက်တာကွာ”

စာရောက်လာတော့ ဖွင့်ဖောက်ကာပျော်မိသည်။ စာပြန်ရေးလိုက်ပါသည်။ 

“ဂျွန် ထယ်တကယ် ဝမ်းသာတယ် ထယ်တကယ်ဆို ဂျွန်နိုင်မှာ သိပြီးသားပေမဲ့ ထယ့်ပုံနဲ့နိုင်လို့ ပျော်တယ်ဂျွန် ဂျွန်ပြိုင်ပွဲ ပြီးပြီဆိုတော့ ပြန်လာတော့မှာပေါ့နော် ထယ်စောင့်နေမယ်သိလား”

စာလေးကိုဖွင့်ဖောက်ကာ ဂျွန်အားတက်သရောနဲ့ ပျော်ရသည်။ သူမြင်ကပါကိုပြန်ရတော့မယ်လေ။ 

ဒါပေမဲ့ ကံကအခွင့်မပေးရှာပါလေ… ဂျွန့်အနေနဲ့ မြင်ကပါကို ပြန်လို့မရသေးပါပေ။ 

ဒါနဲ့ ထယ့်ဆီကို စာသာပြန်ရေးမိသည်။ 

“စာရောက်တယ် နန်းထယ်”

ရဲမင်းမှ စာအပို့အပြန်လုပ်ပေးနေကြမို့ ယူလာရသည်။ 

အိမ်ပေါ်မှ ပြေးဆင်းကာ စာကိုအမြန်ယူကာဖတ်မိတော့…

“ထယ်…ကိုယ် အစကပြန်လာမလို့ပဲ ဒါပေမဲ့ ကိုယ့်မာမီ နေမကောင်းဘူးထယ် သူ ဆေးရုံတင်ထားရတယ် ကိုယ်ပြန်လို့မရသေးလို့ နောက်ရက်နည်းနည်းနေရမယ်ထယ် မာမီဆေးရုံက ဆင်းတာနဲ့ ကိုယ်ပြန်လာခဲ့မှာပါ ကိုယ့်ကိုစောင့်နေမယ်မလား ထယ်”

မျက်နှာ လေးညှိုးငယ်သွားရသည်။ 

“နန်းထယ် အဆင်ပြေရဲ့လားး”

“အင်းး ပြေပါတယ် ဂျွန်က ရက်နည်းနည်းထပ်နေရမယ်တဲ့လေ…”

“သူပြန်လာမှာပါ”

“အင်းး သူလာမှာပေါ့ ငါ့စောင့်နေတာပဲလေ”

အခုမရောက်သေးလဲ နောက်ကျသူ့ဆီလာမှာ သေချာတာမို့ စိတ်ကိုတင်း၍သာ အပြုံးတွေကို ပြန်ပန်ဆင်လိုက်ပါသည်။ 

ထို့နောက် ပြန်စာလေးရေးမိသည်။ 

“ဂျွန် ထယ်နားလည်ပါတယ် ဂျွန့်မေမေ နေပြန်ကောင်းဖို့ ထယ်ဆုတောင်း ပေးလိုက်ပါတယ် ဂျွန် ထယ်စောင့်နေဆဲပါ အရမ်းလွမ်းတယ်ဂျွန် အရမ်းချစ်တယ်နော်”

တဲ့….စာကိုဖတ်ပြီးနောက် ပြုံးနေတာတောင်မရပ်နိုင်တော့…။ ရင်ထဲမှာ စာလေးကိုဖတ်ထားလျက် ပျော်မိသည်။ နန်းထယ်ရဲ့ ချစ်သည် တိုတဲ့စကားလေးနဲ့တင် သူပျော်မိတာကိုးး။ 

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

ခ်စ္သူေတြလည္းျဖစ္လာသလို ရင္းႏွီးမႈေတြပိုလာကာ အရင္ထက္ ပိုလာတဲ့ စကားေတြနဲ႕ ဆက္ဆံမႈေတြၾကားး။

ရိုက္ထားတဲ့ပုံေတြကားမ်ားေနၿပီမို႔ ပုံထုတ္ေတာ့မည့္ဂြၽန္နဲ႕ ေနာက္က တစ္လွမ္းမကြာ ကပ္လိုက္ပါေသာ နန္းထယ္။

ဓာတ္ပုံအခန္း.ဓာတ္ပုံေတြထုတ္ခ်င္လို႔ ဦးေလးျမတ္စံကို အကူအညီေတာင္းေတာ့ ဂိုေထာင္ ကို အသုံးျပဳခြင့္ရတာနဲ႕ ဓာတ္ပုံခန္းေျပာင္းလိုက္သည္ပင္။

ညေနခင္းရဲ႕ ေလျပည္ေအးေအးေလး တိုက္ခတ္ေနတဲ့အခ်ိန္မွာ ဂြၽန္နဲ႕ နန္းထယ္တို႔ဟာ ဂြၽန္ရဲ႕ ဓာတ္ပုံအခန္းထဲမွာ ေရာက္ေနၾကသည္ ။

အျပင္ဘက္က ေ႐ႊေရာင္ေနေရာင္ျခည္ဟာ အခန္းထဲကို ျဖာက်ေနကာ ဂြၽန္ဟာ သူရိုက္ထားတဲ့ ပုံေတြကို ထုတ္ဖို႔ရာ အလုပ္ရႈပ္ေနခ်ိန္မွာ နန္းထယ္က ဂြၽန္ရဲ႕ေဘးမွာ ကပ္ၿပီး စပ္စုေနပါေတာ့သည္။

နန္းထယ္ရဲ႕ကိုယ္သင္းနံ႕သင္းသင္းေလးက ဂြၽန္ရဲ႕စိတ္ကို လႈပ္ရွားေစၿပီး ႏွလုံးသားကို ရင္ခုန္ေစမိသည္။

"ဂြၽန္... ဂြၽန္ရိုက္ထားတဲ့ ပုံေတြ ထုတ္ေတာ့မွာလား"

"အင္း... ဒီဓာတ္ပုံမွန္ျပားေတြကို ပုံရိပ္ေပၚလာေအာင္ ထုတ္ေတာ့မလို႔။ ထယ္က ေဘးကေန ထိုင္ၾကည့္ေနေလ။"

"အာ... ထယ္လည္း လုပ္ပုံလုပ္နည္းေလးေတြ သိခ်င္တယ္"

နန္းထယ္ရဲ႕ ခ်ိဳသာတဲ့အသံေၾကာင့္ ဂြၽန္က နန္းထယ္ကို ၾကည့္ၿပီး ၿပဳံးလိုက္ပါကာ.

"ဒါဆိုလည္း ကိုယ္ လုပ္ျပမယ္။ ပထမဆုံးေတာ့ ဒီလို ပုံေတြကို developer လို႔ေခၚတဲ့ ဓာတုအရည္ထဲမွာ ထည့္စိမ္ရတယ္"

ဂြၽန္က မွန္ျပားေပၚက ပုံေတြကို developer အရည္ထဲမွာ ထည့္စိမ္လိုက္ၿပီး ရွင္းျပသည္။

"ဒီလိုမ်ိဳး developer အရည္နဲ႕ စိမ္လိုက္ရင္ ဓာတ္ပုံေတြမွာ ပုံရိပ္ေတြ စေပၚလာတယ္။ ပုံရိပ္ေပၚလာၿပီဆိုရင္ေတာ့ stop bath လို႔ေခၚတဲ့ ဓာတုအရည္ထဲမွာ ထည့္စိမ္ရတယ္"

ဂြၽန္ရဲ႕အသံဟာ ႏူးညံ့ၿပီး နန္းထယ္ကို ေအးခ်မ္းမႈေပးသည္။

"Stop bath က ဘာအတြက္လဲဟင္"

"developer အရည္က အလုပ္လုပ္တာ ရပ္သြားေအာင္လို႔။ ဒါမွ ပုံရိပ္က လိုတာထက္ပိုၿပီး မေပၚေတာ့ဘူးေလ"

"ေအာ္... အဲဒါဆို ေနာက္တစ္ဆင့္ကေရာ"

"ေနာက္ဆုံးအဆင့္ေတာ့ fixer လို႔ေခၚတဲ့ ဓာတုအရည္ထဲမွာ စိမ္ရတယ္။ ဒါက ဓာတ္ပုံကို အလင္းေရာင္ေၾကာင့္ ပ်က္စီးမသြားေအာင္လို႔ ထိန္းေပးတာ"

ဂြၽန္က ရွင္းျပေနခ်ိန္မွာ နန္းထယ္က ဂြၽန္ရဲ႕လက္ကို ကိုင္လိုက္ၿပီး-

"အာ... ဂြၽန္ရဲ႕လက္ေတြက ေအးေနတာပဲ။ ဓာတ္ပုံထုတ္တဲ့အခန္းက ေအးေနလို႔လား"

နန္းထယ္ရဲ႕စကားေၾကာင့္ ဂြၽန္က နန္းထယ္ရဲ႕လက္ကို ျပန္ကိုင္လိုက္ၿပီး-

"ထယ္ေဘးနားမွာ ရွိေနရင္ေတာ့ ကိုယ့္ရဲ႕ႏွလုံးသားက ပူႏြေးေနမွာပါ"

ဂြၽန္ရဲ႕စကားေၾကာင့္ နန္းထယ္ရဲ႕မ်က္ႏွာေလး ရွက္႐ြံ႕သြားၿပီး ဂြၽန္ကို ရိုက္လိုက္သည္။

"ဂြၽန္ေနာ္... စကားေတြကလည္း။ အာ႐ုံစိုက္ၿပီး လုပ္ပါဆို"

"ဟုတ္ပါၿပီ... ဒါေပမဲ့ ဒီဓာတ္ပုံေတြ အကုန္ၿပီးၿပီဆိုရင္ေတာ့ ကိုယ့္ဘဝအတြက္ ပုံေဖာ္ေပးမယ့္ ထယ္နဲ႕ အတူတူရွိေနမယ္"

တကယ္ပဲဂြၽန္က အရမ္းေတြတတ္ေနတာ

ခပ္ရွက္ရွက္နဲ႕ နန္းထယ္ကေတာ့ သေဘာတက်က်နဲ႕ ရဲတြတ္ေနတဲ့ သည္ေကာင္ေလးေၾကာင့္ ဂြၽန့္မွာလည္း ရယ္မိၿပဳံးမိသည္။ ဒီလိုနဲ႕ ဓာတ္ပုံခန္းထဲက ရယ္သံေတြနဲ႕ ေပ်ာ္႐ႊင္မႈေတြကား ညေနေစာင္း ပုဂံေလနဲ႕အတူ လြင့္ပ်ံခဲ့ေလသည္။

.

.

.

.

.

.

.

ျမင္ကပါ႐ြာထိပ္က လက္ပံပင္ႀကီးေအာက္မွာ နန္းထယ္ဟာ ပုံၾကမ္းစာအုပ္ေလးတစ္အုပ္ကို ဖြင့္ၿပီး ထိုင္ေနသည္။

သူ႕ရဲ႕ ေပါင္ေပၚမွာေတာ့ ဂြၽန္က ေခါင္းအုံးၿပီး လွဲအိပ္ေနတာေပါ့။ ညေနခင္းရဲ႕ ေလေျပေအးေအးက လက္ပံပြင့္ေတြနဲ႕အတူ သူတို႔ႏွစ္ဦးၾကားကို ျဖတ္သန္းတိုက္ခတ္ေနသည္ပင္။

ေႂကြက်လာတဲ့ အနီေရာင္ လက္ပံပြင့္ေတြက နန္းထယ္နဲ႕ ဂြၽန္ကို ပတ္လည္ဝိုင္းရံေနၿပီး လွပတဲ့ ပန္းခ်ီကားတစ္ခ်ပ္လို ျဖစ္ေနပါသည္။

နန္းထယ္ဟာ ဂြၽန္ရဲ႕ ေခ်ာေမာခန႔္ညားတဲ့ မ်က္ႏွာကို ေငးၾကည့္ရင္း ပုံၾကမ္းဆြဲေနသည္။

သူ႕ရဲ႕မ်က္ဝန္းေတြက ဂြၽန္ရဲ႕ မ်က္ႏွာေပၚက အစိတ္အပိုင္းတိုင္းကို တစ္ခုခ်င္းစီ မွတ္သားေနသလိုပဲ။

ဂြၽန္က နန္းထယ္ရဲ႕ ေပါင္ေပၚမွာ အိပ္ေနတဲ့အခ်ိန္မွာပဲ နန္းထယ္ရဲ႕ ခါးေလးကို သိုင္းဖက္လိုက္ၿပီး ပိုၿပီးနီးကပ္ေအာင္ ဆြဲလိုက္သည္။

ဂြၽန္ရဲ႕ ရင္ခြင္ထဲမွာ နန္းထယ္ဟာ လုံၿခဳံမႈအျပည့္အဝကို ခံစားရပါသည္။

"ထယ္... ဘာလို႔ ဒီေလာက္ေတာင္ ၾကည့္ေနတာလဲ"

"ဂြၽန္က လႈပ္လို႔မရေအာင္ အသက္ဝင္ေနတဲ့ ပန္းခ်ီကားတစ္ခ်ပ္နဲ႕တူလို႔"

နန္းထယ္ရဲ႕စကားေၾကာင့္ ဂြၽန္က နန္းထယ္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး-

"ကိုယ္က ထယ္တစ္ေယာက္တည္းအတြက္ပဲ အသက္ဝင္ေနမွာပါ"

သူတို႔ႏွစ္ဦးဟာ ေလထဲမွာ ကခုန္ေနတဲ့ လက္ပံပြင့္ေတြၾကားထဲမွာ ၾကည္ႏူးစြာနဲ႕ အခ်စ္ေတြကို ဖန္တီးေနၾကပါသည္။

.

.

.

.

.

.

.

.

ပုဂံရဲ႕ သမိုင္းဝင္ေစတီပုထိုးေတြေပၚမွာ ဂြၽန္နဲ႕ နန္းထယ္တို႔ လည္ပတ္ေနၾကသည္ ။

တစ္ေနရာေရာက္တိုင္း ဂြၽန္က နန္းထယ္ရဲ႕ပုံေတြကို အမွတ္တရ ရိုက္ေပးေနသည္။ နန္းထယ္က ဘုရားေပၚမွာရွိတဲ့ ေခါင္းေလာင္းတစ္ခုကို တီးလိုက္ၿပီး-

"ဂြၽန္... ဘာဆုေတာင္းလဲ"

"မင္းကိုယ့္ကို ခ်စ္တာထက္ပိုၿပီး ခ်စ္နိုင္ေအာင္လို႔"

နန္းထယ္က ဂြၽန္ကို စိုက္ၾကည့္လိုက္ၿပီး-

"အဲဒါဆို ထယ္ကေရာ ဘာဆုေတာင္းလဲ"

"ထယ္ကလည္း ဂြၽန္နဲ႕ အတူတူရွိေနၿပီး အၿမဲတမ္း ေပ်ာ္ေနနိုင္ပါေစလို႔ ဆုေတာင္းလိုက္တယ္ ဟီးး"

ဂြၽန္ရဲ႕စကားေၾကာင့္ နန္းထယ္ဟာ ဂြၽန္ကို ရင္ခုန္ေစျပန္တယ္။ နန္းထယ္လည္း ဂြၽန္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္တယ္။ ဂြၽန္ကလည္း နန္းထယ္ရဲ႕လက္ကို ပိုၿပီးခိုင္မာစြာ ဆုပ္ကိုင္လိုက္ၿပီး-

"ထယ္... ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ ပုံျပင္ကိုလည္း ဒီဘုရားေတြလို အၿမဲတမ္းတည္ၿမဲေအာင္ ဖန္တီးသြားၾကမယ္"

သူတို႔ႏွစ္ဦးဟာ ပုဂံရဲ႕ အလွတရားေတြေအာက္မွာ တစ္ေယာက္နဲ႕တစ္ေယာက္ အခ်စ္ေတြကို ဖလွယ္ခဲ့ ၾကပါေတာ့သည္။

ဂြၽန္ဟာ အလုပ္ႀကိဳးစားတတ္တဲ့သူတစ္ေယာက္ပါ။ အခုလည္း ပန္းပုထုေနတာမို႔ ေခြၽးေတြနဲ႕ စို႐ႊဲေနတယ္။ နန္းထယ္ကေတာ့ ဂြၽန္ကို အရိပ္တၾကည့္ၾကည့္နဲ႕ ၾကည့္ေနတာေပါ့။

"ဂြၽန္... ေရလာေသာက္အုံး"

"ေက်းဇူးပါ ထယ္"

နန္းထယ္က ဂြၽန္ကို ေရတိုက္လိုက္ၿပီး သူ႕မ်က္ႏွာေပၚက ေခြၽးေတြကို သုတ္ေပးလိုက္တယ္။ ဂြၽန္ကလည္း နန္းထယ္ရဲ႕လက္ကို ကိုင္လိုက္ၿပီး-

"ထယ္... ဒီလက္ေတြကို ပန္းပုထုတဲ့လက္ေတြထက္ပိုၿပီး ခ်စ္တယ္"

နန္းထယ္က ရွက္႐ြံ႕စြာ ၿပဳံးလိုက္ၿပီး-

"ဂြၽန္... အလုပ္လုပ္ေနတာကို အာ႐ုံစိုက္ပါဦး"

"ကိုယ္က ထယ့္ကိုျမင္ရင္ အာ႐ုံမစိုက္နိုင္ေတာ့ဘူး"

ဂြၽန္ရဲ႕စကားေၾကာင့္ နန္းထယ္ဟာ ဂြၽန္ရဲ႕ရင္ခြင္ထဲကို ဝင္လိုက္ၿပီး-

"ဒါဆိုလည္း ထယ္လည္း ပန္းပုထုေပးမယ္"

သူတို႔ႏွစ္ဦးဟာ အလုပ္လုပ္ရင္း ပန္းပု႐ုပ္ေတြၾကားးး အခ်စ္ေတြကို ပုံေဖာ္ေနခဲ့ၾကျပန္ပါသည္။

.

.

.

.

.

.

.

.

ျမင္ကပါ႐ြာထဲကို ဂြၽန္နဲ႕ နန္းထယ္တို႔ လည္ပတ္ဖို႔ ေရာက္လာၾကသည္။ ႐ြာသားေတြနဲ႕ စကားေျပာရင္း ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ နဲ႕ပင္။

စကားေတြေျပာေနၾကရင္းး ႐ြာထဲက ေကာင္ေလးတစ္ေယာက္က နန္းထယ္ရဲ႕ေဘးမွာ ကပ္ၿပီး စကားေတြ ေျပာေနခ်ိန္မွာ..

ဂြၽန္ရဲ႕မ်က္ႏွာမွာ တင္းလာၿပီး ပါးေစာင္ကို လွ်ာနဲ႕ ထိုးရင္းး မ်က္ခုံးပင္တြန့္ခ်ိဳးလိုက္သည္။ ရင္ထဲမွာ မေက်မနပ္နဲ႕. သဝန္တိုစိတ္ေတြ ေပၚလာၿပီ။

ဂြၽန္က နန္းထယ္ရဲ႕လက္ကို ဆြဲၿပီး သူ႕ရဲ႕ေဘးနားကို ေခၚလိုက္တယ္။

"ထယ္... ကိုယ့္ေဘးနားမွာပဲ ေန"

"ဂြၽန္... ဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ဘူး။ ကိုယ့္ရဲ႕အပိုင္ေလးက ေဘးေကာင္ေတြနဲ႕ ေဝးေဝးေန"

ဂြၽန္ရဲ႕စကားေၾကာင့္ နန္းထယ္ရဲ႕မ်က္ႏွာေလး ရဲသြားၿပီး ရွက္႐ြံ႕စြာ ၿပဳံးလိုက္သည္။ သူတို႔ႏွစ္ဦးဟာ ႐ြာလမ္းေပၚမွာ လမ္းေလွ်ာက္ေနတုန္း မိန္းကေလးတစ္အုပ္က ဂြၽန္ကို ဝိုင္းၾကည့္ေနၾကသည္။

မိန္းကေလးတစ္ေယာက္က ဂြၽန္နားကို ကပ္ၿပီး-

"ကိုသက္ေနာင္... ဓာတ္ပုံရိုက္ေပးလို႔ရမလား"

ဂြၽန္က နန္းထယ္ကို ၾကည့္လိုက္ၿပီး-

"ကိုယ္က သူေလး တစ္ေယာက္တည္း ရဲ႕ ဓာတ္ပုံဆရာပါ သူ႕ကိုပဲ ရိုက္ေပးတတ္တာ"

နန္းထယ္က ဂြၽန္ရဲ႕လက္ကို ဆုပ္ကိုင္လိုက္ၿပီး-

"ဟုတ္တယ္... ဂြၽန္က ထယ့္ကိုပဲ ရိုက္ေပးတာ"

နန္းထယ္ရဲ႕စကားေၾကာင့္ ဂြၽန္က နန္းထယ္ရဲ႕ခါးေလးကို ဖက္လိုက္ၿပီး-

"ထယ္ကလည္း ေျပာတတ္သားပဲ။ ကိုယ္တို႔သြားရေအာင္"

သူတို႔ႏွစ္ဦးဟာ လူေတြၾကားထဲမွာ အခ်စ္ေတြကို ပုံေဖာ္ရင္း ရယ္ေမာေပ်ာ္႐ႊင္ေနၾကပါတယ္။ မိန္းမပ်ိဳေလးေတြကေတာ့ ဆူပုတ္ပုတ္နဲ႕ အထိနာကာ က်န္ရစ္ခဲ့ၾကေလေတာ့သည္။

.

.

.

.

.

.

.

.

ျမင္ကပါ႐ြာရဲ႕ ေဈးပိတ္ရက္မွာ ဂြၽန္နဲ႕ နန္းထယ္တို႔ဟာ လက္ခ်င္းတြဲၿပီး ေဈးထဲကို ဝင္လာၾကသည္။ ေဈးထဲက ဆူညံသံေတြ၊ လူေတြရဲ႕ ေပ်ာ္႐ႊင္တဲ့အသံေတြၾကားမွာ သူတို႔ႏွစ္ဦးဟာ ၾကင္စဦးေတြလိုပဲ ေပ်ာ္႐ႊင္ေနၾကတာေပါ့။

"ဂြၽန္... ထယ္တို႔ ဟင္းခ်က္ဖို႔ ဟင္းသီးဟင္း႐ြက္ေတြ ဝယ္ရေအာင္ ေမေမက မွာလိုက္တာေတြရွိေသးတယ္

"အင္း... ထယ္ႀကိဳက္တာသာ ဝယ္"

ဂြၽန္က နန္းထယ္ရဲ႕ ပခုံးေလးကို ဖက္ၿပီး ဟင္းသီးဟင္း႐ြက္တန္းဘက္ကို ေလွ်ာက္လာၾကသည္။

႐ြာက လူေတြက သူတို႔ႏွစ္ဦးကို ၾကည့္ၿပီး ၿပဳံးစိစိနဲ႕ပင္။

"ဂြၽန္... ဟိုမွာ မုန႔္လက္ေဆာင္းဆိုင္"

နန္းထယ္က မုန႔္လက္ေဆာင္းဆိုင္မွာ ရပ္လိုက္ၿပီး ဂြၽန္ကို ၾကည့္လိုက္သည္။

"ထယ္ ႀကိဳက္လား"

"ဟုတ္... ထယ္ အေတာ္ေလး ႀကိဳက္တယ္"

ဂြၽန္က မုန႔္လက္ေဆာင္းႏွစ္ပြဲမွာၿပီး တစ္ပြဲကို နန္းထယ္ကို ေပးလိုက္တယ္။ နန္းထယ္က စားေနရင္း-

"ဂြၽန္... အရမ္းေကာင္းတယ္"

ဂြၽန္က နန္းထယ္ရဲ႕ ပါးစပ္နားမွာ ေပေနတဲ့ မုန႔္လက္ေဆာင္းေတြကို လက္နဲ႕ သုတ္ေပးလိုက္ၿပီး- သူ႕ပါးစပ္ထဲ ထည့္စားကာ

"အင္း... ဟုတ္သား အရသာရွိတယ္ ထယ္စားထား လို႔ပိုအရသာရွိ တယ္ထင္တယ္"

"အာ... ဂြၽန္... ဘာေတြေျပာေနတာလဲ"

နန္းထယ္က ရွက္႐ြံ႕စြာ ေျပာလိုက္ေတာ့ ဂြၽန္က ခပ္ၿပဳံးၿပဳံးနဲ႕ နန္းထယ္ရဲ႕ဆံပင္ကို သပ္ေပးလိုက္သည္။

ေဈးဝယ္ၿပီး အျပန္လမ္းမွာေတာ့ နန္းထယ္ရဲ႕ လက္ထဲက ေဈးျခင္းကို ဂြၽန္က ယူၿပီး ဆြဲေပးလိုက္သည္။

"ဂြၽန္... မဆြဲပါနဲ႕။ ထယ္ ကိုင္လိုက္ပါမယ္"

"အိမ္ေထာင္ဦးစီးရဲ႕ အလုပ္ကို မင္းက ဘယ္လိုလုပ္ လုပ္ရဲတာလဲ"

"အာ... ဂြၽန္ကလည္း"

နန္းထယ္က ရွက္႐ြံ႕စြာ ေျပာလိုက္ေတာ့ ဂြၽန္က ၿပဳံးလိုက္ၿပီး နန္းထယ္ရဲ႕ခါးေလးကို ဖက္လိုက္သည္။

အျပန္လမ္းမွာေတာ့ သူတို႔ရဲ႕သူငယ္ခ်င္းေလး ရဲမင္းနဲ႕ ဆုံေတြ႕ၾကျပန္တယ္။

"ဟ... ဂြၽန္နဲ႕ နန္းထယ္တို႔ ေဈးဝယ္ၿပီးၿပီလား"

"အင္း... ရဲမင္း"

"မင္းတို႔ႏွစ္ေယာက္ကေတာ့ ၾကင္စဦးေတြလိုပဲေနာ္။ ကိုယ္တို႔လည္း အားက်ရပါတယ္ကြာ"

ရဲမင္းရဲ႕စကားေၾကာင့္ နန္းထယ္က ရွက္သြားၿပီး ဂြၽန္ရဲ႕ခါးေလးကို ဖက္လိုက္သည္။

"ရဲမင္းကလည္းး စေနျပန္ၿပီ

နန္းထယ္မွ ရွက္ကိုးရွက္ကန္းနဲ႕ ေျပာေတာ့

ထယ္ကလည္းး တစ္ခ်ိန္ျဖစ္လာမွာပဲကိုးး ရွက္ေနေသးတယ္

ဂြၽန္!?!

နန္းထယ္မွာ သူ႕မ်က္ႏွာ ဘယ္ထားရမလဲမသိ ရွက္လြန္းေနၿပီ။ ရဲမင္းကေတာ့ မ်ပ္လုံးျပဴးေလးနဲ႕ တိတ္တိတ္ေလးသာ ရယ္မိေတာ့သည္။

ဒါဆို ရဲမင္း ငါတို႔သြားေတာ့မယ္

အင္းးး

ထယ္ကေတာ့ ႏႈတ္ ေတာင္မဆက္နိုင္ ခပ္သြက္သြက္သြားေလသည္။ ထိုအခါမွ ဂြၽန္မွ အျမန္လိုက္ရင္းးး

ထယ္ေစာင့္အုံးေလကြ

သူတို႔ႏွစ္ဦးရဲ႕ အခ်စ္ပုံျပင္ေလးမွာ ျမင္ကပါမွာေတာ့ ေနရာစုံလို႔ ျပန့္ႏွံ႕ခဲ့တာအမွန္ပင္။

.

.

.

.

.

.

.

.

ခ်စ္သူ သက္တမ္းး ၂လအၾကာမွာပဲ. ဂြၽန္ရဲ႕ ဓာတ္ပုံၿပိဳင္ပြဲအတြက္ နီးကပ္လို႔လာၿပီ။

လက္ပံပင္ႀကီးေအာက္ဝယ္ ဂြၽန္ နန္းထယ္ရဲ႕လက္ကို ဆုပ္ကိုင္ထလ်က္.

ရန္ကုန္က စာလာတယ္ ထယ္ကိုယ္ ရန္ကုန္ျပန္ရမယ္ထင္တယ္

ဟင္.သြားေတာ့မွာလားး

မၾကာပါဘူးး ၁လေလာက္ပါပဲ ၿပိဳင္ပြဲရလဒ္ထြက္တာနဲ႕ ကိုယ္ျပန္ခဲ့မွာထယ္ ေစာင့္ေနမယ္မလားး

အင္းး ထယ္ေစာင့္ေနမယ္

ကိုယ္တို႔ ျပန္လာရင္ လက္ထပ္ရေအာင္ထယ္

ဟင္ဂြၽန္

အင္းး ကိုယ္တကယ္ေျပာတာ ကိုယ္ထယ့္ကိုခ်စ္တယ္ မခြဲနိုင္ဘူးး ဒီေတာ့ ကိုယ္ဆုံးျဖတ္ၿပီးၿပီ ထယ့္ကို ကိုယ္လက္ထပ္ခ်င္တယ္

ဂြၽန္မွ ထယ့္လက္ေတြကိုကိုင္ကာဆိုေတာ့ ထယ္လည္း ဂြၽန့္မ်က္ဝန္းေတြထဲ ၾကည့္လ်က္။

အင္းး ျပန္လာရင္ လက္ထပ္ၾကမယ္ ဂြၽန္

ထယ့္ကို ရင္ခြင္ထဲ ဆြဲပင္ဖက္ကာ နန္းထယ္မွာလည္း ဂြၽန့္ရင္ခြင္ထဲနစ္ျမဳပ္လ်က္ ထြက္သြားေတာ့မည့္ ခ်စ္သူကို ႏႈတ္ဆက္ရင္း မ်က္ရည္ေတြလည္း စီးက်လ်က္။ ထိုေန႕ေလးမွာပဲ ခြဲခြာျခင္းဟာ စတင္လာခဲ့ေလသည္။

.

.

.

.

.

.

.

.

.

ဂြၽန္..

လက္ထဲမွာအထုပ္ငယ္ကို ဆြဲကာ လြယ္အိတ္ကိုလည္းလြယ္ကာ ဂြၽန္ ျမင္ကပါ႐ြာထိပ္မွာ ရပ္ေနေပသည္။

ထယ္ကိုယ္သြားရေတာ့မယ္

ဂြၽန္ အျမန္ဆုံး ျပန္လာခဲ့ေနာ္ ထယ္ေစာင့္ေနမွာ ဂြၽန္မလာမခ်င္းေစာင့္ေနမွာေနာ္

အင္းး ကိုယ္ျပန္လာမွာပါ ထယ္နဲ႕လက္ထပ္ဖို႔ ကိုယ္ျပန္လာမွာ

ထယ့္ကို ဖက္ကာထပ္၍ႏႈတ္ဆက္သည္။ ထို႔ေနာက္ နန္းထယ္ ေဘးနားမွရပ္ေနၾကတဲ့ ဦးေလးျမတ္စံနဲ႕ အန္တီသစၥာ။

ဦးေလးးး ကြၽန္ေတာ္ ျပန္လာရင္ ထယ့္ကိုလက္ထပ္မယ္ ဦးေလးး ဦးေလးခြင့္ျပဳမယ္မလားး

ဂြၽန္မ်က္ရည္ဝဲလ်က္ ဆိုေတာ့ ဦးေလး ျမတ္စံမွာ ၿပဳံးျပရင္း

ဦးေလးက လက္ခံပါတယ္ သက္ေနာင္လို လူေလးနဲ႕ ဦးေလးသား ကို စိတ္ခ်တာေပါ့ ဂြၽန္ရဲ႕သားမို႔ ပိုၿပီးစိတ္ခ်ရတယ္ေလ. မင္းသာ ျပန္လာခဲ့ ေရာက္တာနဲ႕ ေပးးစားမယ္

ဟုတ္တယ္ေနာ္ သား သက္ေနာင္ အန္တီ့သားက မင္းကိုေမွ်ာ္ေနမွာ အၾကာမေနနဲ႕သိလား အန္တီ မဂၤလာပြဲေန႕ကို ေမွ်ာ္ေနမယ္

ေက်းဇူးပါ ဦးေလး နဲ႕ အန္တီ ကြၽန္ေတာ္ အေဖ့ကိုေျပာၿပီးးး ျပန္လာခဲ့မယ္ ၿပီးတာနဲ႕ လက္ထပ္မယ္ ထယ့္နဲ႕အတူ ေနသြားမယ္

ေအးကြယ္.ေကာင္းေကာင္းသြားေနာ္ တို႔တေတြေစာင့္ေနၾကမယ္

ထယ္ ကိုယ္.စာေတြေရးလိုက္မယ္ေနာ္ ကိုယ္မင္းကို အၿမဲ ဆက္သြယ္ေနမယ္ေနာ္

အင္း ထယ္ ဂြၽန့္ စာေတြကိုေမွ်ာ္ေနမယ္

ဂြၽန္လည္း နန္းထယ္နဲ႕ ဦးေလးအန္တီတို႔ကို လက္ျပႏႈတ္ဆက္ကာသာ လွည္းေပၚတက္လို႔ ကားရွိရာ ပုဂံၿမိဳ႕ကားဂိတ္စီ။

ကားဂိတ္က ေနမွ ကားငွားၿပီး ေညာင္ဦးၿမိဳ႕ ဆိပ္ကမ္း။ ဧရာဝတီျမစ္အတိုင္း စုန္ဆင္းလို႔ ရန္ကုန္ကိုျပန္ေရာက္သည္။

ရန္ကုန္ ေရာက္လို႔ ဓာတ္ပုံကိုအပ္ကာ ၿပိဳင္ပြဲရလဒ္ကိုေစာင့္သည္။ မၾကာပါဘူးး တစ္ပတ္အတြင္းေၾကျငာပါသည္။ ဂြၽန္ပဲ နိုင္သည္ေလ။

သူနိုင္သြားတဲ့ပုံမွာေတာ့ လက္ပံပင္ေအာက္က လွ်ပ္တျပတ္ရိုက္မိခဲ့တဲ့ ပန္းခ်ီဆရာေလးကဲ့ အၾကည့္ေတြ။ ပထမဆုံး ထယ္နဲ႕စေတြ႕နဲ႕ေန႕မွာ စရိုက္မိတဲ့ ကင္မရာကိုသူၾကည့္မိတဲ့ပုံရိပ္ေလးပင္။

ပုဂံဘုရားေတြနဲ႕ ၿပိဳင္ခ်င္ေပမဲ့ သည္ပုံေလးက ဆြဲေဆာင္ေနတာမို႔ ၿပိဳင္လိုက္တာ နိုင္သည္တဲ့။ သူ႕ရဲ႕ဓာတ္ပုံဟာ မဂၢဇင္းေတြ သတင္းစာေတြထဲထိ ပါကုန္သည္။

ထယ့္ရဲ႕အလွကို ျမန္မာကျမင္ၿပီေလ။ သတင္းေကာင္းအတြက္ ထယ့္ကိုသူစာလွမ္းေရးသည္။

ထယ္ၿပိဳင္ပြဲမွာ ကိုယ္အနိုင္ရတယ္ ကိုယ္ၿပိဳင္ထားတာ ထယ့္ပုံေလးနဲ႕ ထယ္နဲ႕ကိုယ္ စေတြ႕တဲ့ေန႕ကို မွတ္မိတယ္မလားး

ကိုယ္မင္းကိုဓာတ္ပုံ ခိုးရိုက္တာေလ အဲတုန္းက ထယ္ကိုယ့္ကင္မရာကို ႐ုတ္တရက္ၾကည့္လိုက္တုန္း ကိုယ္ရိုက္မိထားတာကို ၿပိဳင္ပြဲဝင္ပုံ အျဖစ္ထည့္လိုက္တာ တကယ္နိုင္သြားတယ္

အခုဆို ထယ့္ပုံက ေနရာတကာမွာ ပ်ံ့ေနၿပီ ထယ္ရဲ႕ ထယ့္ရဲ႕အလွ ကိုယ့္ခ်စ္သူေလးကို လူတိုင္းသိကုန္ၿပီ ထယ္ရဲ႕ ကိုယ္ေတာ့ ခ်စ္သူေလးအတြက္ ဂုဏ္ယူလိုက္တာကြာ

စာေရာက္လာေတာ့ ဖြင့္ေဖာက္ကာေပ်ာ္မိသည္။ စာျပန္ေရးလိုက္ပါသည္။

ဂြၽန္ ထယ္တကယ္ ဝမ္းသာတယ္ ထယ္တကယ္ဆို ဂြၽန္နိုင္မွာ သိၿပီးသားေပမဲ့ ထယ့္ပုံနဲ႕နိုင္လို႔ ေပ်ာ္တယ္ဂြၽန္ ဂြၽန္ၿပိဳင္ပြဲ ၿပီးၿပီဆိုေတာ့ ျပန္လာေတာ့မွာေပါ့ေနာ္ ထယ္ေစာင့္ေနမယ္သိလား

စာေလးကိုဖြင့္ေဖာက္ကာ ဂြၽန္အားတက္သေရာနဲ႕ ေပ်ာ္ရသည္။ သူျမင္ကပါကိုျပန္ရေတာ့မယ္ေလ။

ဒါေပမဲ့ ကံကအခြင့္မေပးရွာပါေလ ဂြၽန့္အေနနဲ႕ ျမင္ကပါကို ျပန္လို႔မရေသးပါေပ။

ဒါနဲ႕ ထယ့္ဆီကို စာသာျပန္ေရးမိသည္။

စာေရာက္တယ္ နန္းထယ္

ရဲမင္းမွ စာအပို႔အျပန္လုပ္ေပးေနၾကမို႔ ယူလာရသည္။

အိမ္ေပၚမွ ေျပးဆင္းကာ စာကိုအျမန္ယူကာဖတ္မိေတာ့

ထယ္ကိုယ္ အစကျပန္လာမလို႔ပဲ ဒါေပမဲ့ ကိုယ့္မာမီ ေနမေကာင္းဘူးထယ္ သူ ေဆး႐ုံတင္ထားရတယ္ ကိုယ္ျပန္လို႔မရေသးလို႔ ေနာက္ရက္နည္းနည္းေနရမယ္ထယ္ မာမီေဆး႐ုံက ဆင္းတာနဲ႕ ကိုယ္ျပန္လာခဲ့မွာပါ ကိုယ့္ကိုေစာင့္ေနမယ္မလား ထယ္

မ်က္ႏွာ ေလးညွိုးငယ္သြားရသည္။

နန္းထယ္ အဆင္ေျပရဲ႕လားး

အင္းး ေျပပါတယ္ ဂြၽန္က ရက္နည္းနည္းထပ္ေနရမယ္တဲ့ေလ

သူျပန္လာမွာပါ

အင္းး သူလာမွာေပါ့ ငါ့ေစာင့္ေနတာပဲေလ

အခုမေရာက္ေသးလဲ ေနာက္က်သဴ႕ဆီလာမွာ ေသခ်ာတာမို႔ စိတ္ကိုတင္း၍သာ အၿပဳံးေတြကို ျပန္ပန္ဆင္လိုက္ပါသည္။

ထို႔ေနာက္ ျပန္စာေလးေရးမိသည္။

ဂြၽန္ ထယ္နားလည္ပါတယ္ ဂြၽန့္ေမေမ ေနျပန္ေကာင္းဖို႔ ထယ္ဆုေတာင္း ေပးလိုက္ပါတယ္ ဂြၽန္ ထယ္ေစာင့္ေနဆဲပါ အရမ္းလြမ္းတယ္ဂြၽန္ အရမ္းခ်စ္တယ္ေနာ္

တဲ့.စာကိုဖတ္ၿပီးေနာက္ ၿပဳံးေနတာေတာင္မရပ္နိုင္ေတာ့။ ရင္ထဲမွာ စာေလးကိုဖတ္ထားလ်က္ ေပ်ာ္မိသည္။ နန္းထယ္ရဲ႕ ခ်စ္သည္ တိုတဲ့စကားေလးနဲ႕တင္ သူေပ်ာ္မိတာကိုးး။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

There are no comments yet. Log in to be the first to leave a review!

Similar stories