Episode 14 (မင်းကို ကိုယ်ချစ်သည်)
09:03, 3 October 2025ဂျွန်မှ နန်းထယ်ကို မော်ဒယ်လ်လုပ်ခိုင်းထားသည်။ ပုဂံမြို့ဟောင်းဆီကို ထွက်လာကြပြီးး ရွေးလိုက်တဲ့ ဘုရားကားး ဓမ္မရံကြီးဘုရားး။
ဓမ္မရံကြီးဘုရားနဲ့ လှပတဲ့ နန်းထယ်ပုဂံရဲ့ အထင်ကရနေရာတစ်ခုဖြစ်တဲ့ ဓမ္မရံကြီးဘုရားကြီးရှေ့မှာ ရွှေနန်းထယ်က ဓာတ်ပုံရိုက်ဖို့ ပြင်ဆင်နေတယ်။
“နန်းထယ် ဒီလိုလေးး လုပ် အေးး ဟုတ်တယ်”
ဂျွန်မှ အသေအချာ ပြုပြင်ပေးကာ နန်းထယ်က လိုက်ကာ နေပေးသည်။
ကင်မရာ မှန်ဘီလူးမှ မြင်နေရတဲ့ နန်းထယ်။
သူ့ရဲ့ သေးသွယ်တဲ့ ကိုယ်ခန္ဓာနဲ့ ပုဂံဘုရားရဲ့ ခန့်ညားထည်ဝါမှုက အံ့မခန်း လိုက်ဖက်နေတယ်။ ပန်းချီကားတစ်ချပ်လို လှပတဲ့ နန်းထယ်ရဲ့အလှကို ဂျွန်က ကင်မရာမှန်ဘီလူးနောက်ကနေ စွဲမက်စွာ ကြည့်နေမိသည်။
နန်းထယ်ရဲ့ အပြာနုရောင် ပိုးဖဲသားအင်္ကျီနဲ့ အနက်ရောင်ပုဆိုးက သူ့ရဲ့ ဖြူဖွေးပြီး ချောမွတ်တဲ့အသားအရေကို ပိုပြီးပေါ်လွင်စေသည်။
နန်းထယ်ရဲ့ မျက်နှာပေါ်က အစိတ်အပိုင်းတိုင်းက ဂျွန်ကို ရင်ခုန်အောင် လုပ်နိုင်ပါသည်။ ကကြီးပုံစံလှပတဲ့ နှုတ်ခမ်းတွေ၊ သေးသွယ်ပြီး စင်းနေတဲ့ နှာတံလေး၊ မျက်လုံးအောက်နဲ့ ပါးပေါ်က မှဲ့နက်လေးတွေက နန်းထယ်ရဲ့အလှကို ပိုပြီးပြည့်စုံစေသည်။
နန်းထယ်ရဲ့ မျက်ဝန်းတွေကလည်း နူးညံ့ပြီး လှပလွန်းတဲ့အတွက် ဂျွန်ရဲ့စိတ်ကို ဖမ်းစားထားသလိုပါပဲ။
မိန်းမလှလေးတွေတောင် ဂျွန်ကို မဆွဲဆောင်နိုင်ခဲ့ပေမယ့် နန်းထယ်ရဲ့ ညို့အားပြင်းတဲ့အလှက ဂျွန်ကို သိမ်းပိုက်သွားခဲ့ပါပြီ။
ဂျွန်ဟာ နန်းထယ်ရဲ့ပုံကို ရိုက်နေရင်းနဲ့ သူ့ရဲ့နှလုံးသားက နန်းထယ်ကို အပြည့်အဝ ပုံဖော်နေပါပြီ။
ပုဂံရဲ့ သမိုင်းဝင်ရှုခင်းတွေနဲ့ နန်းထယ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ အလှတရားတွေက အချစ်ကို ဖန်တီးပေးနေသည်။
ဒီလို ဓာတ်ပုံရိုက်ရင်းနဲ့ သူတို့နှစ်ဦးကြားက ခံစားချက်တွေဟာ ပိုပြီး နက်ရှိုင်းလာပါပြီ။
နန်းထယ်ဟာ ဂျွန်ရဲ့ ကင်မရာထဲမှာတင်မကဘဲ ဂျွန်ရဲ့နှလုံးသားထဲမှာလည်း နေရာယူထားလိုက်မိပါပြီ။
ဂျွန့ရဲ့နှလုံးသားဝယ် မသေချာမရေရာတဲ့ ခံစားချက်တွေကြောင့် ခေါင်းရှုပ်ရပြီ။ သူ့စိတ်တွင်း စိုးမိုးနေသော နန်းထယ် ပုံရိပ်တွေ မှာ နေ့ညမရွေး အချိန်တိုင်း ပေါ်နေသည်။
ဘာကိုမှ အာရုံစိုက်မရ….နန်းထယ်အကြောင်း ချည်းသာ။
တကယ်ပဲ အဖြေပင်ရှာမရ….ညတိုင်းလည်း ကောင်းကောင်းအိပ်၍မပျော်တော့ပါ။
ဒါပေမဲ့ ဒီလိုအိပ်မပျော်တာ ဂျွန်တင်မဟုတ်။ နန်းထယ်ရောပင်။
အချိန်တိုင်း သူ့လက်တွေ သူ့စိတ်တွေက ဂျွန့် ကိုသာတွေးမိ ဆွဲမိနေတာ။ သူဆွဲထားတဲ့ ဂျွန့်ပုံတွေ များလွန်းနေပြီ။ ပုံတွေ ဘယ်လောက်ဆွဲဆွဲ ခေါင်းထဲမှာ သူအမြဲရောက်နေသည်။
ပုံတွေများလွန်းလို့ သိမ်းရတောင်ခက်လာပြီ။ ဂျွန်ဟာ သူ့အပေါ်လွှမ်းမိုးနိုင်လွန်းနေပြီ။
အိပ်လည ဂျွန် စားလည်း ဂျွန် သွားလည်း ဂျွန်နဲ့ သူ့စိတ်တွေလည်း ရောင်ချာလည်လို့ ထယ်တော့ ရူးတော့မလိုပင်။
တစ်နေ့တော့ အဖြေရှာမရတဲ့ဂျွန်…တိုင်ပင်စရာ လူရှာရင်း…ဦးမြတ်စံကိုသာ တွေးမိတာနဲ့…
ဂျွန်တစ်ယောက် ဦးမြတ်စံ ကိုလိုက်ရှာရင်း သူ့ရဲ့အလုပ်ခန်းကိုရောက်သွားမိသည်။ အလုပ်ခန်းတဲ့ ပန်းပုထုရာအခန်းး သူတစ်ခါမှမဝင်ဖူးပါ။
အထဲကိုရောက်တော့ ထုလက်စ ပန်းပုတွေ ပုံဖော်ဆဲ ရွံ့တွေ နဲ့ သစ်သားတွေ ပြန့်ကျက်လို့ပင်။
ထိုထဲကမှ ပြီးနေပြီးသား ပန်းပုတစ်ခုကားး ဂျွန့် စိက်ကိုဖမ်းစားမိသည်။
အဝေးကနေကြည့်တာတောင် အသက်ဝင်နေသလို လှုပိရှားတော့မလိုလို လှပကာလက်ရာမြောက်သော ပန်းပုရုပ်ကား အသေအချာကြည့်တော့မှ သိသည်။
“ဒါက အန်တီ သစ္စာပုံပဲ”
“ဟင်…ဘယ်သူ သက်နောင်”
ဦးလေးမြတ်စံမှာ အခန်းရဲ့နောက်ဘက်က ထွက်လာတော့ ဂျွန့်ကို တွေ့သည်။
“ဦးလေး….ဒါက”
“အော်…ဒါလား ဒါက မင်းအန်တီပုံလေ ငယ်ငယ်ကပေါ့ကွာ”
“အန်တီက တော်တော် လှတာပဲ”
“အေးးကွ…. သူက တစ်ချိန်ကတော့ မြင်ကပါရဲ့အလှလေးပဲလေ…. ငါနဲ့ရတော့ မနာလိုတဲ့သူ များချက်….ငါက တကယ့်ကို ကံကောင်းခဲ့တာ”
“ဦးလေးက အန်တီကို တော်တော်ချစ်တာပဲနော်”
“ချစ်တာပေါ့ ကွာ…ချစ်တာပေါ့ ဟိုးကတည်းကချစ်ခဲ့တာ အခုထိလည်းချစ်တုန်းပဲလေ”
“သိသာပါတယ်ဗျာ ဒီပန်းပုကို ကြည့်တာနဲ့ ဦးလေးအချစ်က ဘယ်လောက်ကြီးကြောင်း သိသာပါတယ်”
“အင်းး မင်းမြင်သားကွ”
“ဦးလေးး…”
ဂျွန့်ခေါင်းထဲ တစ်စုံတစ်ရာ သောအကြံပေါ်လာပြီ။
“ကျွန်တော် ပန်းပုသင်လို့ရမလားး”
“ဟေ…”
“ကျွန်တော် လည်း အဲလို ပန်းပုထုတတ်ချင်တယ်”
“ဘယ်လိုပန်းပုတုန်းး”
“ကျွန်တော့်ခံစားချက်တွေကို ဖော်ပြနိုင်မဲ့ ပန်းပုမျိုး”
“မင်း တကယ်ပြောတာလား သက်နောင်”
“ကျွန်တော် မနောက်ပါဘူးး ကျွန်တော် တကယ်သင်ချင်တာပါ”
“အင်းး ဒီလိုဆိုလည်း သင်ပေးရတာ မခဲရင်းပါဘူး”
“ ကျေးဇူပါ ဦးလေး ကျွန်တော့်ကို လမ်းပြပေးလို့ ကျေးဇူးပါဗျာ”
“မင်း ဘာကိုဆိုလိုလည်းမသိပေမဲ့ ရပါတယ်ကွာ… ငါအကူအညီပေးနိုင်ရင်ပဲ ကျေနပ်ပါတယ်”
“ဘယ်နေ့စသင်ပေးမလဲဗျ”
“မင်း အဆင်ပြေတဲ့နေ့”
“ဒါဆို မနက်ဖြန် စလို့ရမလား”
“အင်းး ရတယ်လေ…ငါသုံးလလောက်တော့ မင်းကိုသင်ပေးနိုင်တယ်”
“ဟုတ်ကဲ့ပါ ဦးလေးး”
ဒီလိုနဲ့ ဂျွန်ကတော့ ပန်းပုပညာကို သင်ဖို့သာ ဆုံးဖြတ်ချက် ချခဲ့လေတော့သည်။
နောက်တစ်နေ့ မနက်စောစော ဦးလေးမြတ်စံဆီသွားကာ ပန်းပုသင်လေပြီ။
“သက်နောင်…... ငါတို့ ပန်းပုဆရာတွေဟာ ကျောက်တုံးနဲ့ သစ်သားတွေကို အသက်သွင်းတဲ့သူတွေပေါ့ကွ။ မင်း ပန်းပုပညာကို သင်ယူချင်တယ်ဆိုရင် အခြေခံကနေစပြီး ငါပြောပြမယ်။
ပန်းပုပညာရဲ့ အစက ပစ္စည်းရွေးချယ်တာပဲ။စကျင်ကျောက်လိုမျိုး ကျောက်တုံးကတော့ အကောင်းဆုံးပဲ။ ပုံဖော်ရတာ ခက်ပေမယ့် ပြီးသွားရင်တော့ အလှဆုံးနဲ့ အခိုင်မာဆုံးပဲ။ ဒါပေမဲ့ ဒီကျောက်တုံးက အမှားလုပ်လို့မရဘူး။ တစ်ချက်မှားရင် အစကနေ ပြန်လုပ်ရသလို ဖြစ်သွားနိုင်တယ်။
သစ်သားကတော့ ပိုပြီးပျော့ပျောင်းတယ်၊ ထုရတာပိုလွယ်တယ်။ ဒါပေမဲ့ ပိုးထိုးတာမျိုး၊ ဆွေးမြေ့တာမျိုးဖြစ်နိုင်တယ်။ ထင်းရှူးပင်နဲ့ ကျွန်းလိုသစ်မာတွေကတော့ ပန်းပုထုဖို့ အကောင်းဆုံးပဲ။
ပန်းပုပညာကို အစပြုလေ့လာတဲ့သူတွေအတွက်တော့ ရွှံ့စေးက အကောင်းဆုံးပဲ။ ကိုယ်လိုချင်တဲ့ပုံစံကို လွယ်လွယ်ကူကူ ပုံဖော်လို့ရပြီး အမှားလုပ်မိရင်လည်း ပြန်ပြင်လို့ရတယ်။
ပန်းပုမထုခင် မင်းထုချင်တဲ့ ပုံရဲ့ပုံကြမ်းကို ပန်းချီဆွဲပြီး အရင်လေ့လာရမယ်။ ပန်းပုဆိုတာ သုံးဖက်မြင် ပုံသဏ္ဌာန်ဖြစ်တဲ့အတွက် ပုံရဲ့ရှေ့၊ နောက်၊ ဘေး၊ အပေါ်၊ အောက်ဘက်တွေကို အသေးစိတ်ရေးဆွဲပြီး လေ့လာရမယ်။ပန်းပုထုရာမှာသုံးတဲ့ ကိရိယာတွေက အများကြီးပဲ။ အဓိကအားဖြင့်တော့
တူရွင်း ဆိုတာက ကျောက်တုံးကြီးတွေကို အကြမ်းထည်ပုံဖော်ဖို့အတွက် သုံးတယ်။ဆောက်…သူက သစ်သားနဲ့ ကျောက်တုံးတွေကို အသေးစိတ်ပုံဖော်ဖို့အတွက် အမျိုးမျိုးသော ဆောက်တွေကိုသုံးရမယ်။ထုဆစ်တံ ကပုံကို ညှိဖို့နဲ့ ချောမွေ့အောင်လုပ်ဖို့အတွက် အသုံးပြုရတယ်။”
ပစ္စည်းတွေအကြောင်း ပန်းပုအကြောင်း ပြောပြီးနောက်….ထပ်ပြောပြသည်။ ဂျွန်ကတော့ စိတ်ဝင်တစား နားထောင်ရင်းပင်။
“ပန်းပုထုဖို့ရာ စိတ်ဓာတ်ကလည်း အရေးကြီးတယ် ပန်းပုကို ထုရရင်ပြီးရောဆိုတာမျိုး မဖြစ်ဘူးးကွ အရေးအကြီးဆုံးကတော့ စိတ်ရှည်သည်းခံမှုပဲ။ ပန်းပုထုတာဟာ အချိန်ယူရတဲ့ အနုပညာတစ်ခုဖြစ်တယ်။
ကျောက်တုံးရဲ့ အစွန်းတစ်ဖက်ကို ဖြည်းဖြည်းချင်းခြစ်ထုတ်ပြီး ကိုယ်လိုချင်တဲ့ပုံပေါ်လာဖို့ စိတ်ရှည်ရှည်နဲ့ ကြိုးစားရမယ်။ သတိမမူပဲ လုပ်မိရင်တော့ အားလုံးပျက်စီးသွားနိုင်တယ်။
ပန်းပုထုတယ်ဆိုတာ ပစ္စည်းတစ်ခုကို ပုံဖော်တာထက် ကျောက်တုံး ဒါမှမဟုတ် သစ်သားထဲမှာ ပုန်းကွယ်နေတဲ့ ဝိညာဉ်ကို ထုတ်ဖော်တာပဲ။
ပန်းပုထုတဲ့အခါ မင်းရဲ့စိတ်ထဲမှာ ဘာတွေထားရမလဲပန်းပုပညာဆိုတာ လက်မှုပညာတစ်ခုထက်မကဘူး။ ကိုယ့်ရဲ့စိတ်ဓာတ်ကိုလည်း လေ့ကျင့်ပေးတယ်။
ပန်းပုထုတယ်ဆိုတာက လောလို့မရဘူးးကွ…. ဖြည်းဖြည်းချင်း ထွင်းထုရတာ။ အလျင်စလို လုပ်မိရင် အရာအားလုံး ပျက်စီးနိုင်တယ်။ ဒါကြောင့် မင်းမှာ သည်းခံစိတ်အပြည့်အဝရှိဖို့ လိုတယ်။
မင်းထုချင်တဲ့ ပုံစံကို ပန်းပုပစ္စည်း ထဲမှာ ရှိပြီးသားဖြစ်တယ်လို့ မှတ်ယူရမယ်။ မင်းရဲ့လုပ်ဆောင်မှုက အဲ့ဒီပုံကို ဖော်ထုတ်ပေးလိုက်တာပဲဖြစ်တယ်။ ဒါကြောင့် မင်းရဲ့ပစ္စည်းကို လေးစားစိတ်နဲ့ ကိုင်တွယ်ရမယ်။
ပန်းပုရုပ်တစ်ခုကို မထုခင် မင်းစိတ်ထဲမှာ ထုမယ့်ပုံရဲ့ ပုံသဏ္ဌာန်အပြည့်အစုံကို အရင်ဆုံးမြင်အောင် ကြိုးစားရမယ်။ ဘယ်နေရာမှာ ထွင်းမလဲ၊ ဘယ်နေရာမှာ ချန်ထားမလဲဆိုတာတွေကို စိတ်ကူးနဲ့ အရင်ဆုံးပုံဖော်နိုင်ရမယ်။
မင်းရဲ့လက်ထဲက ပန်းပုကို ကိုယ်ရဲ့ရင်သွေးလို သဘောထားပြီး ချစ်ခင်စိတ်ထားရမယ်။ ဒါမှသာ ပန်းပုရုပ်မှာ အသက်ဝင်လာပြီး ကြည့်ရှုသူကို ဆွဲဆောင်နိုင်မှာပဲ။ပန်းပုထုတယ်ဆိုတာ မင်းရဲ့ဝိညာဉ်ကို ထုတ်ဖော်ပြသလိုက်တာပဲ။ အဲဒီလိုလုပ်နိုင်ဖို့ဆိုရင် စိတ်ဓာတ်ခိုင်မာဖို့နဲ့ အနုပညာကို အလေးထားဖို့လိုတယ်”
ဦးလေးမြတ်စံဆိုသမျှ ပြောသမျှကို ဂျွန် မျက်စိ မလွတ်တမ်း နားမလွတ်တမ်း နားထောင်ရင်း ကြည့်နေလျက်ပင်။
“သက်နောင်... မင်း ပန်းပုပညာကို ပိုပြီးနားလည်ချင်တယ်ဆိုတော့ ငါတို့ပညာနဲ့ အခြားအနုပညာတွေရဲ့ ကွာခြားပုံကို နှိုင်းယှဉ်ပြီး ရှင်းပြမယ်။
ပန်းချီဆရာက ပန်းချီကားချပ်ပေါ်မှာ ပုံရိပ်တွေကို အရောင်တွေနဲ့ ပုံဖော်တယ်။ အလင်းနဲ့အရိပ်တွေကို အသုံးပြုပြီး အရာဝတ္ထုရဲ့အတိမ်အနက်ကို ဖော်ပြနိုင်ပေမယ့် လက်နဲ့ထိလို့ မရဘူး။ ပန်းချီကားတစ်ချပ်က ပုံတစ်ပုံတည်းကိုပဲ ပြသနိုင်တယ်။
ဓာတ်ပုံဆရာကလည်း တစ်ခဏတာပုံရိပ်တစ်ခုကို ဖမ်းယူလိုက်တာပဲ။ ပန်းချီလိုပဲ မျက်နှာပြင်တစ်ခုပေါ်မှာ ပုံရိပ်တစ်ခုပဲရှိတယ်။ ဒါပေမဲ့ ဓာတ်ပုံဆိုတာက အရှိကိုအရှိအတိုင်းဖမ်းယူတာဖြစ်လို့ ပန်းချီလောက် အနုစိတ်စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ပုံဖော်ဖို့ ခက်ခဲတယ်။
ပန်းပုဆရာကတော့ ကျောက်တုံး၊ သစ်သား စတဲ့ ပစ္စည်းတွေကို ပုံသွင်းပြီး တကယ့်အရာဝတ္ထုလိုပဲ ဖြစ်အောင်ဖန်တီးတာ။ ပန်းပုတစ်ရုပ်ကို လူတစ်ယောက်က ဘေးပတ်ပတ်လည်ကနေ လှည့်ပတ်ကြည့်ရှုလို့ရတယ်။
အရှေ့ကကြည့်ရင် ပုံတစ်မျိုး၊ ဘေးကကြည့်ရင် ပုံတစ်မျိုးနဲ့ အရာဝတ္ထုရဲ့ ပုံသဏ္ဌာန်အပြည့်အစုံကို ခံစားလို့ရတယ်။ ဒါကြောင့် ပန်းပုပညာဟာ ပန်းချီနဲ့ ဓာတ်ပုံထက် ပိုပြီးတော့ အသက်ဝင်တယ်လို့ ဆိုနိုင်တယ် ကဲ…မင်း ဒီပညာကို အခုဆို တော်တော်သိရောပေါ့ ဆက်သင်ဖို့ အသင့်ဖြစ် ပြီလား”
“ဟုတ်ကဲ့ ဦလေးး ကျွန်တော် ရအောင်သင်မှာပါဗျ”
“အေးး ကောင်းတယ် ဒါမှ ဂျွန့်ရဲ့သားပေါ့ကွ ဟားးး”
ပန်းပုကိုသင်လာလိုက်တာ ရက်တွေလတွေကြာခဲ့ပြီ။ မလွယ်တော့မလွယ်ကူ ပါ။ တစ်ဆင့်ဆီ သွားရသည်။ ရွံ့နဲ့အရင်သင်သည်။ နောက် သစ်သားနဲ့သင်သည်။ ခွကိတွေ အရုပ််ငယ်တွေ တော့ထုတတ်ပြီ…
နောက်ဆုံး ကျောက်သားပေါ်မှာ လူပုံပန်းပုထုဖို့သင်ရပေတော့မည်။
ညနေခင်းရဲ့ လေပြေအေးက တဖြူးဖြူးနဲ့ ဦးမြတ်စံရဲ့ ပန်းပုထုတဲ့ အလုပ်ရုံထဲကို တိုးဝင်လာသည်။ ဂျွန်ဟာ သူ့လက်ထဲက ဆောက်နဲ့ ကျောက်တုံးကို အနီးကပ်ကြည့်ရင်း ဦးမြတ်စံရဲ့ မျက်နှာကို လှမ်းကြည့်လိုက်သည်။
"ဂျွန်... ပန်းပုထုတယ်ဆိုတာ အရင်ဆုံး စိတ်ကိုငြိမ်အောင် ထားရတယ်ကွ"
ဦးမြတ်စံရဲ့အသံက တည်ငြိမ်တယ်။ သူက ဂျွန်ရဲ့ဘေးနားကို လာရပ်ပြီး ဂျွန်ကို စိုက်ကြည့်လိုက်သည်။
"ပန်းပုထုတဲ့အခါ မင်းရဲ့စိတ်က လှုပ်ရှားနေရင် ပန်းပုရုပ်က အသက်ဝင်မှာမဟုတ်ဘူး။ ပထမဆုံးအဆင့်အနေနဲ့ မင်းရဲ့စိတ်နဲ့ ပန်းပုကို တစ်သားတည်းဖြစ်အောင် လုပ်ရတယ်"
ဂျွန်က ခေါင်းငြိမ့်ပြပြီး ကျောက်တုံးကို ပြန်ကြည့်လိုက်သည်။ ဦးမြတ်စံက ဆက်ပြောသည်။
"ပန်းပုအမျိုးအစားတွေက အများကြီးရှိတယ်ကွ။ သစ်သားနဲ့ထုတဲ့ သစ်သားပန်းပု၊ ကျောက်နဲ့ထုတဲ့ ကျောက်ပန်းပု၊ သံနဲ့ထုတဲ့ သံပန်းပု၊ ရွှံ့နဲ့ထုတဲ့ ရွှံ့ပန်းပု ဆိုပြီး အမျိုးမျိုးရှိတယ်။ ကိုယ်တို့ ပုဂံမှာတော့ ကျောက်ပန်းပုက အဓိကပဲ။"
ဂျွန်က စိတ်ဝင်တစား နားထောင်နေတယ်။
"ကဲ... ပန်းပုထုတဲ့အခါ ပထမဆုံးလုပ်ရမှာက ပုံကြမ်းဆွဲရမယ်လို့ပြောခဲ့တယ်လေ… ဒီတော့ အခု မင်း ဘယ်လိုပုံစံကို ထုချင်လဲ"
ဂျွန်က နန်းထယ်ရဲ့ပုံကို စိတ်ကူးလိုက်ပြီး ရှင်းပြတယ်။
"ကောင်းပြီ... မင်းထုချင်တဲ့သူရဲ့ ပုံကို မင်းစိတ်ထဲမှာ ထင်ဟပ်အောင်လုပ်။ ပြီးတော့ ဆောက်နဲ့ ကျောက်တုံးပေါ်မှာ ပုံကြမ်းကို ဆွဲလိုက်"
ဂျွန်က ဦးမြတ်စံပြောတဲ့အတိုင်း လုပ်သည်။ ကျောက်တုံးပေါ်မှာ ပန်းပုပုံကြမ်းကို ရေးဆွဲပြီးတော့ ဦးမြတ်စံက ဆက်ပြောသည်။
"ပန်းပုထုတာက အချစ်နဲ့တူတယ်။ မင်းရဲ့စိတ်ထဲမှာ ရှိနေတဲ့ခံစားချက်ကို ပန်းပုရုပ်ပေါ်မှာ ဖော်ပြတာ။ တစ်ခါတလေကျရင် ပန်းပုရုပ်က ပုံစံမကျဘဲ ပဲ့ထွက်သွားနိုင်တယ်။ အဲဒီလိုအခါမျိုးမှာလည်း စိတ်ဓာတ်မကျဘဲ ဆက်လက်ကြိုးစားရတယ်"
ဦးမြတ်စံက ဂျွန်ကို ရိုးသားတဲ့အပြုံးနဲ့ ကြည့်လိုက်သည်။
"ကဲ... ပုံကြမ်းပြီးပြီဆိုတော့ အခု ကျောက်တုံးကို စထုမယ်။ ပန်းပုထုတဲ့အခါ အရင်ဆုံး အကြီးစားနေရာတွေကို ထုရတယ်"
ဦးမြတ်စံက ဂျွန်ရဲ့လက်ကို ကိုင်ပြီး ဆောက်ကို ဘယ်လိုကိုင်ရမယ်၊ ဘယ်လိုထုရမယ်ဆိုတာကို သေသေချာချာ သင်ပေးသည်။ ဂျွန်ရဲ့လက်တွေက လှုပ်ရှားနေပြီး ကျောက်စတွေက ပန်းပုရုပ်ပေါ်ကနေ ကြွေကျလာသည်။
"ဂျွန်... မင်းရဲ့လက်က အနည်းငယ်တုန်နေတယ်။ သတ္တိရှိပါ... ပန်းပုထုတယ်ဆိုတာ သတ္တိရှိရမယ်"
ဦးမြတ်စံရဲ့စကားကြောင့် ဂျွန်က ခွန်အားအပြည့်နဲ့ ပန်းပုရုပ်ကို ဆက်ထုနေတယ်။ ဦးမြတ်စံက ဂျွန်ကို ပန်းပုထုနည်းအမျိုးမျိုးကို သင်ပေးသည်။
တစ်ခါတလေ လက်ချောင်းတွေ ဘယ်လိုအသုံးပြုရမယ်၊ ဘယ်လိုအသေးစိတ် ထုရမယ်ဆိုတာကိုလည်း ပြောပြသည်။ ဂျွန်က ဦးမြတ်စံရဲ့စကားတွေကို အသေးစိတ်နားထောင်ပြီး ပန်းပုထုတော့သည်။
"ဂျွန်... ပန်းပုထုတာက အချစ်ကို ဖော်ပြတာနဲ့တူတယ်... မင်းရဲ့စိတ်ထဲက ခံစားချက်တွေကို ပန်းပုရုပ်ပေါ်မှာ အကုန်ထည့်သွင်းရတယ်"
ဦးမြတ်စံရဲ့ စကားကြောင့် ဂျွန်က ခေါင်းငုံ့ပြီး ပြုံးလိုက်မိပါသည်။ သူ့ရင်ထဲမှာ နန်းထယ်ရဲ့ပုံရိပ်က ပိုပြီး ထင်ရှားလာသည်။ ဂျွန်ဟာ ပန်းပုထုနေရင်း ဦးမြတ်စံရဲ့ သင်ကြားမှုတွေကြောင့် ပန်းပုပညာမှာ ပိုပြီး တိုးတက်လာသည်။ ဂျွန်ဟာ နန်းထယ်ရဲ့ပုံကို ပန်းပုထုပြီး သူ့ရဲ့ရင်ထဲက ခံစားချက်တွေကို ဖွင့်ပြောဖို့ စိတ်ဆုံးဖြတ်လိုက်သည်
ဂျွန်မှာ နေ့မနားညမနား ထုနေခဲ့မိတဲ့ ပန်းပုရုပ်ကြောင့် နန်းထယ်နဲ့အချိန်မပေးနိုင်။ အမြဲစောင့်နေရတဲ့ နန်းထယ်မှာ ဂျွန်မရှိတော့ ပျင်းရလေသည်။
အမြဲ ဂျွန် အလုပ်လုပ်နေတဲ့ အခန်း ပေါက်မှာ ရစ်သီရစ်သီနဲ့ လာလာကြည့်တတ်ပေမဲ့ ဂျွန်ကတော့မသိ….။
တစ်နေ့တော့ သူမနေနိုင်တော့ပါ။ အခန်းထဲထိဝင်လာကာ ပြောတော့သည်။
“ဂျွန် မပျင်းဘူးလား အပြင်လေးဘာလေးထွက်ပါအုံးးး”
“နန်းထယ်ရယ် ကိုယ်မပြီးသေးလို့ပါ”
“ဂျွန် ကိုယ့်ကိုကိုလည်း ကြည့်အုံးး ချောင်ကျနေပြီလေ… နေမကောင်းဖြစ် လိမ့်မယ်”
“ကိုယ်အဆင်ပြေပါတယ်”
“ဟာကွာ…ဘာတွေအဲလောက် အရေးကြီးနေလို့လဲ ဒီပန်းပုက ဘယ်သူ့ပုံမို့လို့ အဲလောက် လုပ်နေရတာလဲ”
ဂျွန် စိတ်တိုနေတဲ့ ထယ့်ကိုကြည့်ပြီးး တစ်ချက်ပြုံးကာ
“ဒီပုံက ကိုယ်သိပ်ချစ်ရတဲ့သူ ရဲ့ပုံလေ..”
မျက်နှာမှာ မပြီးသေးတာမို့ ဆက်ထွင်းနေဆဲ။
“ချစ်..ချစ်ရတဲ့သူ”
ဂျွန်ဆိုလိုက်တဲ့စကားကြောင့် နန်းထယ်ရင်ထဲ စို့အောင့်ကာ ခံစားရသည်။
“ဘယ်သူလဲဟင်..သူက ထယ်နဲ့သိလားး”
“အင်းး သိတယ် ထယ်နဲ့ အသိဆုံးလူ”
“ဟင်…အဲလောက်ရင်းနှီးတဲ့လူလား”
“ဟုတ်တယ်…”
“သူက ဘယ်လိုပုံ ရှိလဲဟင်”
“အင်းး အရပ်က နန်းထယ် လိုပဲ အသားအရည်လည်းတူတူလောက်ပဲ ခန္ဓာကိုယ်ကောပဲ”
“ဂျွန်ရာ ဂျွန် ပြောနေတာက ထယ်ဖြစ်တော့မယ် ထယ်နဲ့အဲလောက်တူတဲ့သူ ရှိလို့လားး”
ဂျွန် တိတ်တဆိတ်ရယ်မိသည်။ ထယ်ကတော့ မမြင်။
“အင်းး ရှိတယ်”
“သူ တော်တော်ကံကောင်းတာပဲ”
တိုးတိုးလေးဆိုမိတော့ ဂျွန်ကြားပေမဲ့ ပြန်မပြောလိုက်ပါ။ သည်ကောင်လေး အတော် အတာကိုးး။ သူပြောတဲ့သူက နန်းထယ်ဆိုတာကို သူ မသိရှာဘူးလေ။
နောက်ဆုံးတော့ လပြည့်ညမှာပဲ သည်ပန်းပုရုပ်ပြီးခဲ့ပြီ။ လင်းထိန်နေတဲ့လရောင်မှာ ပန်းပုရုပ် ပေါ်ထိုးကျလျက် အသက်ဝင်လှသည်။ ဂျွန့်ရဲ့ အသက် ဂျွန့်ရဲ့ နှလုံးသားလေးမှာ နောက်ဆုံးတော့ ရုပ်လုံးပေါ်ခဲ့ပြီ။
ပန်းပုရုပ် ရဲ့ပါးပြင်ကို လက်နဲ့အသာကိုင်ကာ အသက်ဝင်နေတဲ့ မျက်ဝန်းတွေထဲ ငေးကြည့်ကာ ပြုံးမိသည်။
မနက်ဖြန်ပဲ သူဖွင့်ပြောတော့မည်။ သူ့ခံစားချက်တွေ သေချာနေတာမို့ ရလဒ်ကို အရေးမစိုက်တော့။ ဖွင့်ဟဖို့ အချိန်တန်ပြီပင်။
မိုးလင်းတာနဲ့ ပန်းပုရုပ်ကို ပိတ်စအဖြူ နဲ့အုပ်၍သာ ရွာထဲက လူတွေအကူအညီနဲ့ ရွာထိပ်က လက်ပံပက်အောက် နေရာချလိုက်သည်။ ထို့နောက် ရဲမင်းအကူအညီနဲ့ နန်းထယ်ကို သွားခေါ်စေတော့….
နန်းထယ်လည်း လက်ပံပင်အောက်ရောက်လာခဲ့သည်။
လက်ပံပင်ကို မျက်နှာ မူလို့ ကျောပေးထားသည့် ဂျွန်။
“ဂျွန်…ထယ့်ကို ဘာလို့ခေါ်တာလဲ”
“ပြောစရာရှိလို့ နန်းထယ်”
ဂျွန့်မျက်ဝန်းတွေ ပြုံးနေတယ်။ သူ့အသံမှာ ချိုအေးနေသည်။ ထူးဆန်းနေသည်။
“ဒါက….ကိုယ် ထုထားတဲ့ပန်းပုလေ”
ပိတ်အဖြူနဲ့အုပ်ထားတဲ့ ပန်းပုကိုပြသည်။
“ပြီးပြီလားး”
“အင်းးး ကိုယ် ဒါ ကို ပိုင်ရှင်ကို အရင်ပြချင်လို့”
“ပြလေ…သူသဘောကျမှာပါ”
“အင်းး သူ သဘောကျမယ်လို့မျှော်လင့်တယ်”
ပတ်စကိုဖယ်ချလိုက်တော့ နန်းထယ် မျက်လုံးအပြူးသား။
“ဟင်…ဒါက ထယ့်ပုံလေ”
“အင်းး ထယ့်ပုံပါ”
“ဒါပေမဲ့ ဂျွန်ပြောတော့ ဂျွန်ချစ်တဲ့သူဆို”
နန်းထယ်အနားလျှောက်လာကာ နန်းထယ် လက်တွေကို ကိုင်လျက် ဆိုသည်။
“ကိုယ် နန်းထယ်ကိုချစ်တယ်….သိပ်ချစ်တယ် ကိုယ် အဖြေကိုမမျှော်လင့်ပါဘူးး ကိုယ့်ခံစားချက်တွေကို ပြောပြရုံပါ ဟောဒီလက်ပံပင်ကြီးမှ မင်းလေးကို စတွေ့ခဲ့ပြီးး မင်းလေးကို စချစ်ခဲ့တာ ဒီနေရာမှာစခဲ့တဲ့ ကိုယ့်အချစ်တွေကို ဖော်ပြချင်ရုံပါ ကိုယ်တို့ ဆက်ဆံရင်းတော့ အရင်တိုင်း နေလို့ကတယ်မလားး ထယ်”
ထိုအခါ နန်းထယ်မှ ဂျွန့်လက်တွေကိုဖယ်ချကာ
“ဘယ်ဖြစ်မလဲ အရင်တိုင်းနေဖို့ မဖြစ်နိုင်တော့ဘူးး ဂျွန်”
ထို့နောကိ လမ်းလျှောက်ရင်းးး ဂျွန့်နားကပ်ကာ ဂျွန်လက်မောင်းကို ဆွဲကိုင်ပြီးးး
“အခု ဂျွန်က ထယ့်ချစ်သူလေ”
“ဟင်…နန်းထယ်!?”
“ဘာလဲ မကြိုက်လို့လားး ရပါတယ်လေ…ထယ်”
မျက်နှာငယ်လေးနဲ့ ထယ်ပြောတော့ ဂျွန်မှ အပြုံးတွေတန်းစီလို့….။
“နန်းထယ် ဒါဆို ကိုယ့်ကို လက်ခံတယ်ပေါ့…ဒါဆို နန်းထယ် ကိုယ့်ကိုချစ်တယ်ပေါ့”
နန်းထယ်ပုခုံးကိုကိုင်ကာ မေးတော့ ခေါင်းကိုညိတ်ပြပြီး
“အင်းး ထယ် ဂျွန့်ကို ချစ်တယ်”
“ဟားး ဝမ်းသာလိုက်တာကွာ.. ကျေးဇူးပါနန်းထယ်ရာ”
“အချစ်မှာ ကျေးဇူးရယ်လို့ မရှိပါဘူးး ဂျွန်ရယ်”
“ကိုယ် သိပ်ပျော်တာပဲ ထယ်…ဒီနေ့က ကိုယ့်ဘဝရဲ့အပျော်ရဆုံးနေ့ပဲ”
“အင်းး ထယ်ရောပဲ”
လက်ပံပင်ကြီးမှာ စတွေ့ခဲ့ကာ ဖြစ်ပေါ်ပေါက်ဖွားခဲ့တဲ့ သည်ချစ်ခြင်းတွေ…ချစ်သူတွေအဖြစ်လဲ သည်နေရာမှာပဲ စတင်ခဲ့တာတဲ့လေ။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
ဂြၽန္မွ နန္းထယ္ကို ေမာ္ဒယ္လ္လုပ္ခိုင္းထားသည္။ ပုဂံၿမိဳ႕ေဟာင္းဆီကို ထြက္လာၾကၿပီးး ေ႐ြးလိုက္တဲ့ ဘုရားကားး ဓမၼရံႀကီးဘုရားး။
ဓမၼရံႀကီးဘုရားနဲ႕ လွပတဲ့ နန္းထယ္ပုဂံရဲ႕ အထင္ကရေနရာတစ္ခုျဖစ္တဲ့ ဓမၼရံႀကီးဘုရားႀကီးေရွ႕မွာ ေ႐ႊနန္းထယ္က ဓာတ္ပုံရိုက္ဖို႔ ျပင္ဆင္ေနတယ္။
နန္းထယ္ ဒီလိုေလးး လုပ္ ေအးး ဟုတ္တယ္
ဂြၽန္မွ အေသအခ်ာ ျပဳျပင္ေပးကာ နန္းထယ္က လိုက္ကာ ေနေပးသည္။
ကင္မရာ မွန္ဘီလူးမွ ျမင္ေနရတဲ့ နန္းထယ္။
သူ႕ရဲ႕ ေသးသြယ္တဲ့ ကိုယ္ခႏၶာနဲ႕ ပုဂံဘုရားရဲ႕ ခန႔္ညားထည္ဝါမႈက အံ့မခန္း လိုက္ဖက္ေနတယ္။ ပန္းခ်ီကားတစ္ခ်ပ္လို လွပတဲ့ နန္းထယ္ရဲ႕အလွကို ဂြၽန္က ကင္မရာမွန္ဘီလူးေနာက္ကေန စြဲမက္စြာ ၾကည့္ေနမိသည္။
နန္းထယ္ရဲ႕ အျပာႏုေရာင္ ပိုးဖဲသားအကၤ်ီနဲ႕ အနက္ေရာင္ပုဆိုးက သူ႕ရဲ႕ ျဖဴေဖြးၿပီး ေခ်ာမြတ္တဲ့အသားအေရကို ပိုၿပီးေပၚလြင္ေစသည္။
နန္းထယ္ရဲ႕ မ်က္ႏွာေပၚက အစိတ္အပိုင္းတိုင္းက ဂြၽန္ကို ရင္ခုန္ေအာင္ လုပ္နိုင္ပါသည္။ ကႀကီးပုံစံလွပတဲ့ ႏႈတ္ခမ္းေတြ၊ ေသးသြယ္ၿပီး စင္းေနတဲ့ ႏွာတံေလး၊ မ်က္လုံးေအာက္နဲ႕ ပါးေပၚက မွဲ႕နက္ေလးေတြက နန္းထယ္ရဲ႕အလွကို ပိုၿပီးျပည့္စုံေစသည္။
နန္းထယ္ရဲ႕ မ်က္ဝန္းေတြကလည္း ႏူးညံ့ၿပီး လွပလြန္းတဲ့အတြက္ ဂြၽန္ရဲ႕စိတ္ကို ဖမ္းစားထားသလိုပါပဲ။
မိန္းမလွေလးေတြေတာင္ ဂြၽန္ကို မဆြဲေဆာင္နိုင္ခဲ့ေပမယ့္ နန္းထယ္ရဲ႕ ညို႔အားျပင္းတဲ့အလွက ဂြၽန္ကို သိမ္းပိုက္သြားခဲ့ပါၿပီ။
ဂြၽန္ဟာ နန္းထယ္ရဲ႕ပုံကို ရိုက္ေနရင္းနဲ႕ သူ႕ရဲ႕ႏွလုံးသားက နန္းထယ္ကို အျပည့္အဝ ပုံေဖာ္ေနပါၿပီ။
ပုဂံရဲ႕ သမိုင္းဝင္ရႈခင္းေတြနဲ႕ နန္းထယ္ရဲ႕ ႏူးညံ့သိမ္ေမြ႕တဲ့ အလွတရားေတြက အခ်စ္ကို ဖန္တီးေပးေနသည္။
ဒီလို ဓာတ္ပုံရိုက္ရင္းနဲ႕ သူတို႔ႏွစ္ဦးၾကားက ခံစားခ်က္ေတြဟာ ပိုၿပီး နက္ရွိုင္းလာပါၿပီ။
နန္းထယ္ဟာ ဂြၽန္ရဲ႕ ကင္မရာထဲမွာတင္မကဘဲ ဂြၽန္ရဲ႕ႏွလုံးသားထဲမွာလည္း ေနရာယူထားလိုက္မိပါၿပီ။
ဂြၽန႕ရဲ႕ႏွလုံးသားဝယ္ မေသခ်ာမေရရာတဲ့ ခံစားခ်က္ေတြေၾကာင့္ ေခါင္းရႈပ္ရၿပီ။ သူ႕စိတ္တြင္း စိုးမိုးေနေသာ နန္းထယ္ ပုံရိပ္ေတြ မွာ ေန႕ညမေ႐ြး အခ်ိန္တိုင္း ေပၚေနသည္။
ဘာကိုမွ အာ႐ုံစိုက္မရ.နန္းထယ္အေၾကာင္း ခ်ည္းသာ။
တကယ္ပဲ အေျဖပင္ရွာမရ.ညတိုင္းလည္း ေကာင္းေကာင္းအိပ္၍မေပ်ာ္ေတာ့ပါ။
ဒါေပမဲ့ ဒီလိုအိပ္မေပ်ာ္တာ ဂြၽန္တင္မဟုတ္။ နန္းထယ္ေရာပင္။
အခ်ိန္တိုင္း သူ႕လက္ေတြ သူ႕စိတ္ေတြက ဂြၽန့္ ကိုသာေတြးမိ ဆြဲမိေနတာ။ သူဆြဲထားတဲ့ ဂြၽန့္ပုံေတြ မ်ားလြန္းေနၿပီ။ ပုံေတြ ဘယ္ေလာက္ဆြဲဆြဲ ေခါင္းထဲမွာ သူအၿမဲေရာက္ေနသည္။
ပုံေတြမ်ားလြန္းလို႔ သိမ္းရေတာင္ခက္လာၿပီ။ ဂြၽန္ဟာ သူ႕အေပၚလႊမ္းမိုးနိုင္လြန္းေနၿပီ။
အိပ္လည ဂြၽန္ စားလည္း ဂြၽန္ သြားလည္း ဂြၽန္နဲ႕ သူ႕စိတ္ေတြလည္း ေရာင္ခ်ာလည္လို႔ ထယ္ေတာ့ ႐ူးေတာ့မလိုပင္။
တစ္ေန႕ေတာ့ အေျဖရွာမရတဲ့ဂြၽန္တိုင္ပင္စရာ လူရွာရင္းဦးျမတ္စံကိုသာ ေတြးမိတာနဲ႕
ဂြၽန္တစ္ေယာက္ ဦးျမတ္စံ ကိုလိုက္ရွာရင္း သူ႕ရဲ႕အလုပ္ခန္းကိုေရာက္သြားမိသည္။ အလုပ္ခန္းတဲ့ ပန္းပုထုရာအခန္းး သူတစ္ခါမွမဝင္ဖူးပါ။
အထဲကိုေရာက္ေတာ့ ထုလက္စ ပန္းပုေတြ ပုံေဖာ္ဆဲ ႐ြံ႕ေတြ နဲ႕ သစ္သားေတြ ျပန့္က်က္လို႔ပင္။
ထိုထဲကမွ ၿပီးေနၿပီးသား ပန္းပုတစ္ခုကားး ဂြၽန့္ စိက္ကိုဖမ္းစားမိသည္။
အေဝးကေနၾကည့္တာေတာင္ အသက္ဝင္ေနသလို လႈပိရွားေတာ့မလိုလို လွပကာလက္ရာေျမာက္ေသာ ပန္းပု႐ုပ္ကား အေသအခ်ာၾကည့္ေတာ့မွ သိသည္။
ဒါက အန္တီ သစၥာပုံပဲ
ဟင္ဘယ္သူ သက္ေနာင္
ဦးေလးျမတ္စံမွာ အခန္းရဲ႕ေနာက္ဘက္က ထြက္လာေတာ့ ဂြၽန့္ကို ေတြ႕သည္။
ဦးေလး.ဒါက
ေအာ္ဒါလား ဒါက မင္းအန္တီပုံေလ ငယ္ငယ္ကေပါ့ကြာ
အန္တီက ေတာ္ေတာ္ လွတာပဲ
ေအးးကြ. သူက တစ္ခ်ိန္ကေတာ့ ျမင္ကပါရဲ႕အလွေလးပဲေလ. ငါနဲ႕ရေတာ့ မနာလိုတဲ့သူ မ်ားခ်က္.ငါက တကယ့္ကို ကံေကာင္းခဲ့တာ
ဦးေလးက အန္တီကို ေတာ္ေတာ္ခ်စ္တာပဲေနာ္
ခ်စ္တာေပါ့ ကြာခ်စ္တာေပါ့ ဟိုးကတည္းကခ်စ္ခဲ့တာ အခုထိလည္းခ်စ္တုန္းပဲေလ
သိသာပါတယ္ဗ်ာ ဒီပန္းပုကို ၾကည့္တာနဲ႕ ဦးေလးအခ်စ္က ဘယ္ေလာက္ႀကီးေၾကာင္း သိသာပါတယ္
အင္းး မင္းျမင္သားကြ
ဦးေလးး
ဂြၽန့္ေခါင္းထဲ တစ္စုံတစ္ရာ ေသာအႀကံေပၚလာၿပီ။
ကြၽန္ေတာ္ ပန္းပုသင္လို႔ရမလားး
ေဟ
ကြၽန္ေတာ္ လည္း အဲလို ပန္းပုထုတတ္ခ်င္တယ္
ဘယ္လိုပန္းပုတုန္းး
ကြၽန္ေတာ့္ခံစားခ်က္ေတြကို ေဖာ္ျပနိုင္မဲ့ ပန္းပုမ်ိဳး
မင္း တကယ္ေျပာတာလား သက္ေနာင္
ကြၽန္ေတာ္ မေနာက္ပါဘူးး ကြၽန္ေတာ္ တကယ္သင္ခ်င္တာပါ
အင္းး ဒီလိုဆိုလည္း သင္ေပးရတာ မခဲရင္းပါဘူး
ေက်းဇူပါ ဦးေလး ကြၽန္ေတာ့္ကို လမ္းျပေပးလို႔ ေက်းဇူးပါဗ်ာ
မင္း ဘာကိုဆိုလိုလည္းမသိေပမဲ့ ရပါတယ္ကြာ ငါအကူအညီေပးနိုင္ရင္ပဲ ေက်နပ္ပါတယ္
ဘယ္ေန႕စသင္ေပးမလဲဗ်
မင္း အဆင္ေျပတဲ့ေန႕
ဒါဆို မနက္ျဖန္ စလို႔ရမလား
အင္းး ရတယ္ေလငါသုံးလေလာက္ေတာ့ မင္းကိုသင္ေပးနိုင္တယ္
ဟုတ္ကဲ့ပါ ဦးေလးး
ဒီလိုနဲ႕ ဂြၽန္ကေတာ့ ပန္းပုပညာကို သင္ဖို႔သာ ဆုံးျဖတ္ခ်က္ ခ်ခဲ့ေလေတာ့သည္။
ေနာက္တစ္ေန႕ မနက္ေစာေစာ ဦးေလးျမတ္စံဆီသြားကာ ပန္းပုသင္ေလၿပီ။
သက္ေနာင္... ငါတို႔ ပန္းပုဆရာေတြဟာ ေက်ာက္တုံးနဲ႕ သစ္သားေတြကို အသက္သြင္းတဲ့သူေတြေပါ့ကြ။ မင္း ပန္းပုပညာကို သင္ယူခ်င္တယ္ဆိုရင္ အေျခခံကေနစၿပီး ငါေျပာျပမယ္။
ပန္းပုပညာရဲ႕ အစက ပစၥည္းေ႐ြးခ်ယ္တာပဲ။စက်င္ေက်ာက္လိုမ်ိဳး ေက်ာက္တုံးကေတာ့ အေကာင္းဆုံးပဲ။ ပုံေဖာ္ရတာ ခက္ေပမယ့္ ၿပီးသြားရင္ေတာ့ အလွဆုံးနဲ႕ အခိုင္မာဆုံးပဲ။ ဒါေပမဲ့ ဒီေက်ာက္တုံးက အမွားလုပ္လို႔မရဘူး။ တစ္ခ်က္မွားရင္ အစကေန ျပန္လုပ္ရသလို ျဖစ္သြားနိုင္တယ္။
သစ္သားကေတာ့ ပိုၿပီးေပ်ာ့ေပ်ာင္းတယ္၊ ထုရတာပိုလြယ္တယ္။ ဒါေပမဲ့ ပိုးထိုးတာမ်ိဳး၊ ေဆြးေျမ့တာမ်ိဳးျဖစ္နိုင္တယ္။ ထင္းရႉးပင္နဲ႕ ကြၽန္းလိုသစ္မာေတြကေတာ့ ပန္းပုထုဖို႔ အေကာင္းဆုံးပဲ။
ပန္းပုပညာကို အစျပဳေလ့လာတဲ့သူေတြအတြက္ေတာ့ ႐ႊံ႕ေစးက အေကာင္းဆုံးပဲ။ ကိုယ္လိုခ်င္တဲ့ပုံစံကို လြယ္လြယ္ကူကူ ပုံေဖာ္လို႔ရၿပီး အမွားလုပ္မိရင္လည္း ျပန္ျပင္လို႔ရတယ္။
ပန္းပုမထုခင္ မင္းထုခ်င္တဲ့ ပုံရဲ႕ပုံၾကမ္းကို ပန္းခ်ီဆြဲၿပီး အရင္ေလ့လာရမယ္။ ပန္းပုဆိုတာ သုံးဖက္ျမင္ ပုံသဏၭာန္ျဖစ္တဲ့အတြက္ ပုံရဲ႕ေရွ႕၊ ေနာက္၊ ေဘး၊ အေပၚ၊ ေအာက္ဘက္ေတြကို အေသးစိတ္ေရးဆြဲၿပီး ေလ့လာရမယ္။ပန္းပုထုရာမွာသုံးတဲ့ ကိရိယာေတြက အမ်ားႀကီးပဲ။ အဓိကအားျဖင့္ေတာ့
တူ႐ြင္း ဆိုတာက ေက်ာက္တုံးႀကီးေတြကို အၾကမ္းထည္ပုံေဖာ္ဖို႔အတြက္ သုံးတယ္။ေဆာက္သူက သစ္သားနဲ႕ ေက်ာက္တုံးေတြကို အေသးစိတ္ပုံေဖာ္ဖို႔အတြက္ အမ်ိဳးမ်ိဳးေသာ ေဆာက္ေတြကိုသုံးရမယ္။ထုဆစ္တံ ကပုံကို ညွိဖို႔နဲ႕ ေခ်ာေမြ႕ေအာင္လုပ္ဖို႔အတြက္ အသုံးျပဳရတယ္။
ပစၥည္းေတြအေၾကာင္း ပန္းပုအေၾကာင္း ေျပာၿပီးေနာက္.ထပ္ေျပာျပသည္။ ဂြၽန္ကေတာ့ စိတ္ဝင္တစား နားေထာင္ရင္းပင္။
ပန္းပုထုဖို႔ရာ စိတ္ဓာတ္ကလည္း အေရးႀကီးတယ္ ပန္းပုကို ထုရရင္ၿပီးေရာဆိုတာမ်ိဳး မျဖစ္ဘူးးကြ အေရးအႀကီးဆုံးကေတာ့ စိတ္ရွည္သည္းခံမႈပဲ။ ပန္းပုထုတာဟာ အခ်ိန္ယူရတဲ့ အႏုပညာတစ္ခုျဖစ္တယ္။
ေက်ာက္တုံးရဲ႕ အစြန္းတစ္ဖက္ကို ျဖည္းျဖည္းခ်င္းျခစ္ထုတ္ၿပီး ကိုယ္လိုခ်င္တဲ့ပုံေပၚလာဖို႔ စိတ္ရွည္ရွည္နဲ႕ ႀကိဳးစားရမယ္။ သတိမမူပဲ လုပ္မိရင္ေတာ့ အားလုံးပ်က္စီးသြားနိုင္တယ္။
ပန္းပုထုတယ္ဆိုတာ ပစၥည္းတစ္ခုကို ပုံေဖာ္တာထက္ ေက်ာက္တုံး ဒါမွမဟုတ္ သစ္သားထဲမွာ ပုန္းကြယ္ေနတဲ့ ဝိညာဥ္ကို ထုတ္ေဖာ္တာပဲ။
ပန္းပုထုတဲ့အခါ မင္းရဲ႕စိတ္ထဲမွာ ဘာေတြထားရမလဲပန္းပုပညာဆိုတာ လက္မႈပညာတစ္ခုထက္မကဘူး။ ကိုယ့္ရဲ႕စိတ္ဓာတ္ကိုလည္း ေလ့က်င့္ေပးတယ္။
ပန္းပုထုတယ္ဆိုတာက ေလာလို႔မရဘူးးကြ. ျဖည္းျဖည္းခ်င္း ထြင္းထုရတာ။ အလ်င္စလို လုပ္မိရင္ အရာအားလုံး ပ်က္စီးနိုင္တယ္။ ဒါေၾကာင့္ မင္းမွာ သည္းခံစိတ္အျပည့္အဝရွိဖို႔ လိုတယ္။
မင္းထုခ်င္တဲ့ ပုံစံကို ပန္းပုပစၥည္း ထဲမွာ ရွိၿပီးသားျဖစ္တယ္လို႔ မွတ္ယူရမယ္။ မင္းရဲ႕လုပ္ေဆာင္မႈက အဲ့ဒီပုံကို ေဖာ္ထုတ္ေပးလိုက္တာပဲျဖစ္တယ္။ ဒါေၾကာင့္ မင္းရဲ႕ပစၥည္းကို ေလးစားစိတ္နဲ႕ ကိုင္တြယ္ရမယ္။
ပန္းပု႐ုပ္တစ္ခုကို မထုခင္ မင္းစိတ္ထဲမွာ ထုမယ့္ပုံရဲ႕ ပုံသဏၭာန္အျပည့္အစုံကို အရင္ဆုံးျမင္ေအာင္ ႀကိဳးစားရမယ္။ ဘယ္ေနရာမွာ ထြင္းမလဲ၊ ဘယ္ေနရာမွာ ခ်န္ထားမလဲဆိုတာေတြကို စိတ္ကူးနဲ႕ အရင္ဆုံးပုံေဖာ္နိုင္ရမယ္။
မင္းရဲ႕လက္ထဲက ပန္းပုကို ကိုယ္ရဲ႕ရင္ေသြးလို သေဘာထားၿပီး ခ်စ္ခင္စိတ္ထားရမယ္။ ဒါမွသာ ပန္းပု႐ုပ္မွာ အသက္ဝင္လာၿပီး ၾကည့္ရႈသူကို ဆြဲေဆာင္နိုင္မွာပဲ။ပန္းပုထုတယ္ဆိုတာ မင္းရဲ႕ဝိညာဥ္ကို ထုတ္ေဖာ္ျပသလိုက္တာပဲ။ အဲဒီလိုလုပ္နိုင္ဖို႔ဆိုရင္ စိတ္ဓာတ္ခိုင္မာဖို႔နဲ႕ အႏုပညာကို အေလးထားဖို႔လိုတယ္
ဦးေလးျမတ္စံဆိုသမွ် ေျပာသမွ်ကို ဂြၽန္ မ်က္စိ မလြတ္တမ္း နားမလြတ္တမ္း နားေထာင္ရင္း ၾကည့္ေနလ်က္ပင္။
သက္ေနာင္... မင္း ပန္းပုပညာကို ပိုၿပီးနားလည္ခ်င္တယ္ဆိုေတာ့ ငါတို႔ပညာနဲ႕ အျခားအႏုပညာေတြရဲ႕ ကြာျခားပုံကို ႏွိုင္းယွဥ္ၿပီး ရွင္းျပမယ္။
ပန္းခ်ီဆရာက ပန္းခ်ီကားခ်ပ္ေပၚမွာ ပုံရိပ္ေတြကို အေရာင္ေတြနဲ႕ ပုံေဖာ္တယ္။ အလင္းနဲ႕အရိပ္ေတြကို အသုံးျပဳၿပီး အရာဝတၳဳရဲ႕အတိမ္အနက္ကို ေဖာ္ျပနိုင္ေပမယ့္ လက္နဲ႕ထိလို႔ မရဘူး။ ပန္းခ်ီကားတစ္ခ်ပ္က ပုံတစ္ပုံတည္းကိုပဲ ျပသနိုင္တယ္။
ဓာတ္ပုံဆရာကလည္း တစ္ခဏတာပုံရိပ္တစ္ခုကို ဖမ္းယူလိုက္တာပဲ။ ပန္းခ်ီလိုပဲ မ်က္ႏွာျပင္တစ္ခုေပၚမွာ ပုံရိပ္တစ္ခုပဲရွိတယ္။ ဒါေပမဲ့ ဓာတ္ပုံဆိုတာက အရွိကိုအရွိအတိုင္းဖမ္းယူတာျဖစ္လို႔ ပန္းခ်ီေလာက္ အႏုစိတ္စိတ္ကူးစိတ္သန္းေတြကို လြတ္လြတ္လပ္လပ္ ပုံေဖာ္ဖို႔ ခက္ခဲတယ္။
ပန္းပုဆရာကေတာ့ ေက်ာက္တုံး၊ သစ္သား စတဲ့ ပစၥည္းေတြကို ပုံသြင္းၿပီး တကယ့္အရာဝတၳဳလိုပဲ ျဖစ္ေအာင္ဖန္တီးတာ။ ပန္းပုတစ္႐ုပ္ကို လူတစ္ေယာက္က ေဘးပတ္ပတ္လည္ကေန လွည့္ပတ္ၾကည့္ရႈလို႔ရတယ္။
အေရွ႕ကၾကည့္ရင္ ပုံတစ္မ်ိဳး၊ ေဘးကၾကည့္ရင္ ပုံတစ္မ်ိဳးနဲ႕ အရာဝတၳဳရဲ႕ ပုံသဏၭာန္အျပည့္အစုံကို ခံစားလို႔ရတယ္။ ဒါေၾကာင့္ ပန္းပုပညာဟာ ပန္းခ်ီနဲ႕ ဓာတ္ပုံထက္ ပိုၿပီးေတာ့ အသက္ဝင္တယ္လို႔ ဆိုနိုင္တယ္ ကဲမင္း ဒီပညာကို အခုဆို ေတာ္ေတာ္သိေရာေပါ့ ဆက္သင္ဖို႔ အသင့္ျဖစ္ ၿပီလား
ဟုတ္ကဲ့ ဦေလးး ကြၽန္ေတာ္ ရေအာင္သင္မွာပါဗ်
ေအးး ေကာင္းတယ္ ဒါမွ ဂြၽန့္ရဲ႕သားေပါ့ကြ ဟားးး
ပန္းပုကိုသင္လာလိုက္တာ ရက္ေတြလေတြၾကာခဲ့ၿပီ။ မလြယ္ေတာ့မလြယ္ကူ ပါ။ တစ္ဆင့္ဆီ သြားရသည္။ ႐ြံ႕နဲ႕အရင္သင္သည္။ ေနာက္ သစ္သားနဲ႕သင္သည္။ ခြကိေတြ အ႐ုပ္္ငယ္ေတြ ေတာ့ထုတတ္ၿပီ
ေနာက္ဆုံး ေက်ာက္သားေပၚမွာ လူပုံပန္းပုထုဖို႔သင္ရေပေတာ့မည္။
ညေနခင္းရဲ႕ ေလေျပေအးက တျဖဴးျဖဴးနဲ႕ ဦးျမတ္စံရဲ႕ ပန္းပုထုတဲ့ အလုပ္႐ုံထဲကို တိုးဝင္လာသည္။ ဂြၽန္ဟာ သူ႕လက္ထဲက ေဆာက္နဲ႕ ေက်ာက္တုံးကို အနီးကပ္ၾကည့္ရင္း ဦးျမတ္စံရဲ႕ မ်က္ႏွာကို လွမ္းၾကည့္လိုက္သည္။
"ဂြၽန္... ပန္းပုထုတယ္ဆိုတာ အရင္ဆုံး စိတ္ကိုၿငိမ္ေအာင္ ထားရတယ္ကြ"
ဦးျမတ္စံရဲ႕အသံက တည္ၿငိမ္တယ္။ သူက ဂြၽန္ရဲ႕ေဘးနားကို လာရပ္ၿပီး ဂြၽန္ကို စိုက္ၾကည့္လိုက္သည္။
"ပန္းပုထုတဲ့အခါ မင္းရဲ႕စိတ္က လႈပ္ရွားေနရင္ ပန္းပု႐ုပ္က အသက္ဝင္မွာမဟုတ္ဘူး။ ပထမဆုံးအဆင့္အေနနဲ႕ မင္းရဲ႕စိတ္နဲ႕ ပန္းပုကို တစ္သားတည္းျဖစ္ေအာင္ လုပ္ရတယ္"
ဂြၽန္က ေခါင္းၿငိမ့္ျပၿပီး ေက်ာက္တုံးကို ျပန္ၾကည့္လိုက္သည္။ ဦးျမတ္စံက ဆက္ေျပာသည္။
"ပန္းပုအမ်ိဳးအစားေတြက အမ်ားႀကီးရွိတယ္ကြ။ သစ္သားနဲ႕ထုတဲ့ သစ္သားပန္းပု၊ ေက်ာက္နဲ႕ထုတဲ့ ေက်ာက္ပန္းပု၊ သံနဲ႕ထုတဲ့ သံပန္းပု၊ ႐ႊံ႕နဲ႕ထုတဲ့ ႐ႊံ႕ပန္းပု ဆိုၿပီး အမ်ိဳးမ်ိဳးရွိတယ္။ ကိုယ္တို႔ ပုဂံမွာေတာ့ ေက်ာက္ပန္းပုက အဓိကပဲ။"
ဂြၽန္က စိတ္ဝင္တစား နားေထာင္ေနတယ္။
"ကဲ... ပန္းပုထုတဲ့အခါ ပထမဆုံးလုပ္ရမွာက ပုံၾကမ္းဆြဲရမယ္လို႔ေျပာခဲ့တယ္ေလ ဒီေတာ့ အခု မင္း ဘယ္လိုပုံစံကို ထုခ်င္လဲ"
ဂြၽန္က နန္းထယ္ရဲ႕ပုံကို စိတ္ကူးလိုက္ၿပီး ရွင္းျပတယ္။
"ေကာင္းၿပီ... မင္းထုခ်င္တဲ့သူရဲ႕ ပုံကို မင္းစိတ္ထဲမွာ ထင္ဟပ္ေအာင္လုပ္။ ၿပီးေတာ့ ေဆာက္နဲ႕ ေက်ာက္တုံးေပၚမွာ ပုံၾကမ္းကို ဆြဲလိုက္"
ဂြၽန္က ဦးျမတ္စံေျပာတဲ့အတိုင္း လုပ္သည္။ ေက်ာက္တုံးေပၚမွာ ပန္းပုပုံၾကမ္းကို ေရးဆြဲၿပီးေတာ့ ဦးျမတ္စံက ဆက္ေျပာသည္။
"ပန္းပုထုတာက အခ်စ္နဲ႕တူတယ္။ မင္းရဲ႕စိတ္ထဲမွာ ရွိေနတဲ့ခံစားခ်က္ကို ပန္းပု႐ုပ္ေပၚမွာ ေဖာ္ျပတာ။ တစ္ခါတေလက်ရင္ ပန္းပု႐ုပ္က ပုံစံမက်ဘဲ ပဲ့ထြက္သြားနိုင္တယ္။ အဲဒီလိုအခါမ်ိဳးမွာလည္း စိတ္ဓာတ္မက်ဘဲ ဆက္လက္ႀကိဳးစားရတယ္"
ဦးျမတ္စံက ဂြၽန္ကို ရိုးသားတဲ့အၿပဳံးနဲ႕ ၾကည့္လိုက္သည္။
"ကဲ... ပုံၾကမ္းၿပီးၿပီဆိုေတာ့ အခု ေက်ာက္တုံးကို စထုမယ္။ ပန္းပုထုတဲ့အခါ အရင္ဆုံး အႀကီးစားေနရာေတြကို ထုရတယ္"
ဦးျမတ္စံက ဂြၽန္ရဲ႕လက္ကို ကိုင္ၿပီး ေဆာက္ကို ဘယ္လိုကိုင္ရမယ္၊ ဘယ္လိုထုရမယ္ဆိုတာကို ေသေသခ်ာခ်ာ သင္ေပးသည္။ ဂြၽန္ရဲ႕လက္ေတြက လႈပ္ရွားေနၿပီး ေက်ာက္စေတြက ပန္းပု႐ုပ္ေပၚကေန ေႂကြက်လာသည္။
"ဂြၽန္... မင္းရဲ႕လက္က အနည္းငယ္တုန္ေနတယ္။ သတၱိရွိပါ... ပန္းပုထုတယ္ဆိုတာ သတၱိရွိရမယ္"
ဦးျမတ္စံရဲ႕စကားေၾကာင့္ ဂြၽန္က ခြန္အားအျပည့္နဲ႕ ပန္းပု႐ုပ္ကို ဆက္ထုေနတယ္။ ဦးျမတ္စံက ဂြၽန္ကို ပန္းပုထုနည္းအမ်ိဳးမ်ိဳးကို သင္ေပးသည္။
တစ္ခါတေလ လက္ေခ်ာင္းေတြ ဘယ္လိုအသုံးျပဳရမယ္၊ ဘယ္လိုအေသးစိတ္ ထုရမယ္ဆိုတာကိုလည္း ေျပာျပသည္။ ဂြၽန္က ဦးျမတ္စံရဲ႕စကားေတြကို အေသးစိတ္နားေထာင္ၿပီး ပန္းပုထုေတာ့သည္။
"ဂြၽန္... ပန္းပုထုတာက အခ်စ္ကို ေဖာ္ျပတာနဲ႕တူတယ္... မင္းရဲ႕စိတ္ထဲက ခံစားခ်က္ေတြကို ပန္းပု႐ုပ္ေပၚမွာ အကုန္ထည့္သြင္းရတယ္"
ဦးျမတ္စံရဲ႕ စကားေၾကာင့္ ဂြၽန္က ေခါင္းငုံ႕ၿပီး ၿပဳံးလိုက္မိပါသည္။ သူ႕ရင္ထဲမွာ နန္းထယ္ရဲ႕ပုံရိပ္က ပိုၿပီး ထင္ရွားလာသည္။ ဂြၽန္ဟာ ပန္းပုထုေနရင္း ဦးျမတ္စံရဲ႕ သင္ၾကားမႈေတြေၾကာင့္ ပန္းပုပညာမွာ ပိုၿပီး တိုးတက္လာသည္။ ဂြၽန္ဟာ နန္းထယ္ရဲ႕ပုံကို ပန္းပုထုၿပီး သူ႕ရဲ႕ရင္ထဲက ခံစားခ်က္ေတြကို ဖြင့္ေျပာဖို႔ စိတ္ဆုံးျဖတ္လိုက္သည္
ဂြၽန္မွာ ေန႕မနားညမနား ထုေနခဲ့မိတဲ့ ပန္းပု႐ုပ္ေၾကာင့္ နန္းထယ္နဲ႕အခ်ိန္မေပးနိုင္။ အၿမဲေစာင့္ေနရတဲ့ နန္းထယ္မွာ ဂြၽန္မရွိေတာ့ ပ်င္းရေလသည္။
အၿမဲ ဂြၽန္ အလုပ္လုပ္ေနတဲ့ အခန္း ေပါက္မွာ ရစ္သီရစ္သီနဲ႕ လာလာၾကည့္တတ္ေပမဲ့ ဂြၽန္ကေတာ့မသိ.။
တစ္ေန႕ေတာ့ သူမေနနိုင္ေတာ့ပါ။ အခန္းထဲထိဝင္လာကာ ေျပာေတာ့သည္။
ဂြၽန္ မပ်င္းဘူးလား အျပင္ေလးဘာေလးထြက္ပါအုံးးး
နန္းထယ္ရယ္ ကိုယ္မၿပီးေသးလို႔ပါ
ဂြၽန္ ကိုယ့္ကိုကိုလည္း ၾကည့္အုံးး ေခ်ာင္က်ေနၿပီေလ ေနမေကာင္းျဖစ္ လိမ့္မယ္
ကိုယ္အဆင္ေျပပါတယ္
ဟာကြာဘာေတြအဲေလာက္ အေရးႀကီးေနလို႔လဲ ဒီပန္းပုက ဘယ္သူ႕ပုံမို႔လို႔ အဲေလာက္ လုပ္ေနရတာလဲ
ဂြၽန္ စိတ္တိုေနတဲ့ ထယ့္ကိုၾကည့္ၿပီးး တစ္ခ်က္ၿပဳံးကာ
ဒီပုံက ကိုယ္သိပ္ခ်စ္ရတဲ့သူ ရဲ႕ပုံေလ..
မ်က္ႏွာမွာ မၿပီးေသးတာမို႔ ဆက္ထြင္းေနဆဲ။
ခ်စ္..ခ်စ္ရတဲ့သူ
ဂြၽန္ဆိုလိုက္တဲ့စကားေၾကာင့္ နန္းထယ္ရင္ထဲ စို႔ေအာင့္ကာ ခံစားရသည္။
ဘယ္သူလဲဟင္..သူက ထယ္နဲ႕သိလားး
အင္းး သိတယ္ ထယ္နဲ႕ အသိဆုံးလူ
ဟင္အဲေလာက္ရင္းႏွီးတဲ့လူလား
ဟုတ္တယ္
သူက ဘယ္လိုပုံ ရွိလဲဟင္
အင္းး အရပ္က နန္းထယ္ လိုပဲ အသားအရည္လည္းတူတူေလာက္ပဲ ခႏၶာကိုယ္ေကာပဲ
ဂြၽန္ရာ ဂြၽန္ ေျပာေနတာက ထယ္ျဖစ္ေတာ့မယ္ ထယ္နဲ႕အဲေလာက္တူတဲ့သူ ရွိလို႔လားး
ဂြၽန္ တိတ္တဆိတ္ရယ္မိသည္။ ထယ္ကေတာ့ မျမင္။
အင္းး ရွိတယ္
သူ ေတာ္ေတာ္ကံေကာင္းတာပဲ
တိုးတိုးေလးဆိုမိေတာ့ ဂြၽန္ၾကားေပမဲ့ ျပန္မေျပာလိုက္ပါ။ သည္ေကာင္ေလး အေတာ္ အတာကိုးး။ သူေျပာတဲ့သူက နန္းထယ္ဆိုတာကို သူ မသိရွာဘူးေလ။
ေနာက္ဆုံးေတာ့ လျပည့္ညမွာပဲ သည္ပန္းပု႐ုပ္ၿပီးခဲ့ၿပီ။ လင္းထိန္ေနတဲ့လေရာင္မွာ ပန္းပု႐ုပ္ ေပၚထိုးက်လ်က္ အသက္ဝင္လွသည္။ ဂြၽန့္ရဲ႕ အသက္ ဂြၽန့္ရဲ႕ ႏွလုံးသားေလးမွာ ေနာက္ဆုံးေတာ့ ႐ုပ္လုံးေပၚခဲ့ၿပီ။
ပန္းပု႐ုပ္ ရဲ႕ပါးျပင္ကို လက္နဲ႕အသာကိုင္ကာ အသက္ဝင္ေနတဲ့ မ်က္ဝန္းေတြထဲ ေငးၾကည့္ကာ ၿပဳံးမိသည္။
မနက္ျဖန္ပဲ သူဖြင့္ေျပာေတာ့မည္။ သူ႕ခံစားခ်က္ေတြ ေသခ်ာေနတာမို႔ ရလဒ္ကို အေရးမစိုက္ေတာ့။ ဖြင့္ဟဖို႔ အခ်ိန္တန္ၿပီပင္။
မိုးလင္းတာနဲ႕ ပန္းပု႐ုပ္ကို ပိတ္စအျဖဴ နဲ႕အုပ္၍သာ ႐ြာထဲက လူေတြအကူအညီနဲ႕ ႐ြာထိပ္က လက္ပံပက္ေအာက္ ေနရာခ်လိဳက္သည္။ ထို႔ေနာက္ ရဲမင္းအကူအညီနဲ႕ နန္းထယ္ကို သြားေခၚေစေတာ့.
နန္းထယ္လည္း လက္ပံပင္ေအာက္ေရာက္လာခဲ့သည္။
လက္ပံပင္ကို မ်က္ႏွာ မူလို႔ ေက်ာေပးထားသည့္ ဂြၽန္။
ဂြၽန္ထယ့္ကို ဘာလို႔ေခၚတာလဲ
ေျပာစရာရွိလို႔ နန္းထယ္
ဂြၽန့္မ်က္ဝန္းေတြ ၿပဳံးေနတယ္။ သူ႕အသံမွာ ခ်ိဳေအးေနသည္။ ထူးဆန္းေနသည္။
ဒါက.ကိုယ္ ထုထားတဲ့ပန္းပုေလ
ပိတ္အျဖဴနဲ႕အုပ္ထားတဲ့ ပန္းပုကိုျပသည္။
ၿပီးၿပီလားး
အင္းးး ကိုယ္ ဒါ ကို ပိုင္ရွင္ကို အရင္ျပခ်င္လို႔
ျပေလသူသေဘာက်မွာပါ
အင္းး သူ သေဘာက်မယ္လို႔ေမွ်ာ္လင့္တယ္
ပတ္စကိုဖယ္ခ်လိဳက္ေတာ့ နန္းထယ္ မ်က္လုံးအျပဴးသား။
ဟင္ဒါက ထယ့္ပုံေလ
အင္းး ထယ့္ပုံပါ
ဒါေပမဲ့ ဂြၽန္ေျပာေတာ့ ဂြၽန္ခ်စ္တဲ့သူဆို
နန္းထယ္အနားေလွ်ာက္လာကာ နန္းထယ္ လက္ေတြကို ကိုင္လ်က္ ဆိုသည္။
ကိုယ္ နန္းထယ္ကိုခ်စ္တယ္.သိပ္ခ်စ္တယ္ ကိုယ္ အေျဖကိုမေမွ်ာ္လင့္ပါဘူးး ကိုယ့္ခံစားခ်က္ေတြကို ေျပာျပ႐ုံပါ ေဟာဒီလက္ပံပင္ႀကီးမွ မင္းေလးကို စေတြ႕ခဲ့ၿပီးး မင္းေလးကို စခ်စ္ခဲ့တာ ဒီေနရာမွာစခဲ့တဲ့ ကိုယ့္အခ်စ္ေတြကို ေဖာ္ျပခ်င္႐ုံပါ ကိုယ္တို႔ ဆက္ဆံရင္းေတာ့ အရင္တိုင္း ေနလို႔ကတယ္မလားး ထယ္
ထိုအခါ နန္းထယ္မွ ဂြၽန့္လက္ေတြကိုဖယ္ခ်ကာ
ဘယ္ျဖစ္မလဲ အရင္တိုင္းေနဖို႔ မျဖစ္နိုင္ေတာ့ဘူးး ဂြၽန္
ထို႔ေနာကိ လမ္းေလွ်ာက္ရင္းးး ဂြၽန့္နားကပ္ကာ ဂြၽန္လက္ေမာင္းကို ဆြဲကိုင္ၿပီးးး
အခု ဂြၽန္က ထယ့္ခ်စ္သူေလ
ဟင္နန္းထယ္!?
ဘာလဲ မႀကိဳက္လို႔လားး ရပါတယ္ေလထယ္
မ်က္ႏွာငယ္ေလးနဲ႕ ထယ္ေျပာေတာ့ ဂြၽန္မွ အၿပဳံးေတြတန္းစီလို႔.။
နန္းထယ္ ဒါဆို ကိုယ့္ကို လက္ခံတယ္ေပါ့ဒါဆို နန္းထယ္ ကိုယ့္ကိုခ်စ္တယ္ေပါ့
နန္းထယ္ပုခုံးကိုကိုင္ကာ ေမးေတာ့ ေခါင္းကိုညိတ္ျပၿပီး
အင္းး ထယ္ ဂြၽန့္ကို ခ်စ္တယ္
ဟားး ဝမ္းသာလိုက္တာကြာ.. ေက်းဇူးပါနန္းထယ္ရာ
အခ်စ္မွာ ေက်းဇူးရယ္လို႔ မရွိပါဘူးး ဂြၽန္ရယ္
ကိုယ္ သိပ္ေပ်ာ္တာပဲ ထယ္ဒီေန႕က ကိုယ့္ဘဝရဲ႕အေပ်ာ္ရဆုံးေန႕ပဲ
အင္းး ထယ္ေရာပဲ
လက္ပံပင္ႀကီးမွာ စေတြ႕ခဲ့ကာ ျဖစ္ေပၚေပါက္ဖြားခဲ့တဲ့ သည္ခ်စ္ျခင္းေတြခ်စ္သူေတြအျဖစ္လဲ သည္ေနရာမွာပဲ စတင္ခဲ့တာတဲ့ေလ။
ပုဂံေျမက လက္ပံမ်က္ရည်
Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





