Episode 13 (မမြင်ရတဲ့ ကိုယ်တို့အနာဂါတ်)
08:58, 3 October 2025“ဂျွန် ထယ်နဲ့လိုက်ခဲ့”
“ဘယ်လဲ နန်းထယ်ရ”
“အင်းး ပန်းချီဆွဲမလို့”
“ဟုတ်ပါပြီဗျာ လိုက်ခဲ့ပါ့မယ် အမိန့်တော်အတိုင်းပါ သခင်လေး”
ဂျွန်ကနောက်နေသေးတော့ ရယ်ရယ်မောမောနဲ့ ထွက်လာခဲ့တာ လက်ပံပင်စီ။
“ကဲဲ…ဆွဲဗျာ”
“ဟာ… ရသေးဘူးး ဂျွန်ကလာ”
“ဟင်”
“ဒီနားမှာနေ…အင်းး အဲလိုနေ မလှုပ်နဲ့နော်”
ပုံစဲချပေးနေသော နန်းထယ်မှာ ဂျွန့်ကို လက်ပံပင်အောက်ရပ်ခိုင်းထားသည်။
“ဒီကိုကြည့်လေ ဂျွန်ရ”
“နန်းထယ် ကိုယ့်ပုံဆွဲမလို့လား”
“အင်းး မရဘူးလား”
“ရတာပေါ့ စိတ်ကြိုက်ဆွဲဗျာ”
စုတ်တံကိုလက်မှာစတင်ကိုင်လိုက်လို့ ပန်းချီဆရာလေးနန်းထယ် အလုပ်စလေပြီ။
မြင်ကပါရွာထိပ်က လက်ပံပင်ကြီးအောက်မှာ ဂျွန်သက်နောင်ရှိန်က မတ်တပ်ရပ်နေကာ… လေတစ်ချက်တိုက်လိုက်တိုင်း ကြွေကျလာတဲ့ အနီရောင် လက်ပံပွင့်တွေက ဂျွန်ရဲ့ ထောင်ထောင်မောင်းမောင်း ပုံရိပ်ကို အလှဆင်နေသလိုပဲ။
ဒီနေ့မှ ဆန်းပြားစွာ ဂျွန်ဝတ်ထားတဲ့ အဖြူရောင် ပိုးဖဲသားအင်္ကျီနဲ့ အညိုရောင်ပုဆိုးက သူ့ရဲ့ ဖွေးဥတဲ့အသားအရေနဲ့ လိုက်ဖက်လွန်းနေပြီး မြန်မာ့ပန်းပုဆရာတစ်ဦး ထုဆစ်ထားသလို ခန့်ညားတဲ့ ယောက်ျားပီသတဲ့အလှကို ပိုပေါ်လွင်စေလွန်းတယ်။
ဂျွန်ရဲ့ ခန္ဓာကိုယ်ဟာ တစ်ခုချင်းစီကို စိတ်ထဲက ပုံဖော်လို့ရအောင် စွဲမက်စရာကောင်းတယ်။
ကျယ်ပြန့်တဲ့ ပုခုံးပြင်၊ ခိုင်မာတဲ့ ရင်ပြင်နဲ့ ကြွက်သားတွေနဲ့ပြည့်နေတဲ့ လက်မောင်းတွေဟာ ရွှေနန်းထယ်ကို ဘေးကင်းလုံခြုံမှုပေးနိုင်မယ့် အားအင်တွေနဲ့ပြည့်နေသလိုလို။
လက်ချောင်းတွေကလည်း ရှည်လျားပြီး သန်မာတဲ့ပုံစံက သူ့ကို မြင်ကပါမှာ…. မိန်းကလေးများရဲ့ အသဲစွဲ…. ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်တစ်ပွင့်လို ကျော်ကြားစေတာမလားလေ။
ဂျွန်ရဲ့မျက်နှာကလည်း ကဗျာတစ်ပုဒ်လိုပဲ ချောမောခန့်ညားလွန်းပါတယ်။ ညီညာတဲ့ မျက်ခုံးတွေအောက်မှာရှိတဲ့ အညိုရောင်မျက်ဝန်းတွေဟာ ပုံပြင်တွေပြောပြနေသလိုပဲ နူးညံ့မှုနဲ့နက်နဲမှုတွေ ပြည့်နှက်နေတယ်။
ဂျွန်ရဲ့ နှာတံစင်းစင်းနဲ့ ထုဆစ်ထားသလို လှပတဲ့ နှုတ်ခမ်းတွေအောက်က မှဲ့နက်လေးက ရွှေနန်းထယ်ကို ရင်ခုန်အောင် လုပ်နိုင်သည်။
ပန်းချီဆွဲနေရင်း ဂျွန်ရဲ့ အငွေ့အသက်တွေကို ခံစားမိတဲ့အခါတိုင်း ရွှေနန်းထယ်ရဲ့ နှလုံးသားက ကလိကလိ ဖြစ်နေရတယ်။ ဂျွန်ရဲ့ အညိုရောင်မျက်ဝန်းတွေဟာ အချစ်နဲ့ နက်နဲမှုကို ဖော်ပြနေသည်။ သူ့ရဲ့ အကြည့်တွေက ရွှေနန်းထယ်ရဲ့စိတ်ကို ဖမ်းစားထားသလိုပါပဲ။ တစ်ခါတလေ နူးညံ့ပြီး တစ်ခါတလေ မာကျောနေတဲ့ သူ့မျက်ဝန်းတွေဟာ အချစ်ကဗျာတစ်ပုဒ်လို လှပနေပါတယ်။လေထဲမှာ ကခုန်နေတဲ့ လက်ပံပွင့်တွေနဲ့ ဂျွန်ရဲ့အကြည့်တွေက ယှဉ်ပြိုင်နေသလိုပဲ။ ဂျွန်ရဲ့အကြည့်တွေက ရွှေနန်းထယ်ရဲ့ နှလုံးသားကို ထိုးဖောက်ဝင်ရောက်ပြီး အချစ်တွေကို ဖန်တီးပေးနေ တယ်။
စုတ်ချက်တွေကို ဆွဲနေရင်းနဲ့… ဂျွန်ရဲ့စိုးမိုးမှူကား နန်းထယ်ရဲ့ စိတ်အလုံးစုံထဲ ဝင်ရောက် တိုးဖောက် ခဲ့လေပြီ။
တစ်လတောင် မပြည့်သေးတဲ့ ခင်မင်မှုကနေ အချစ်ကို ရောက်ရှိလာတယ်ဆိုတာကို သူတို့နှစ်ဦးလုံး မသိသေးပေမယ့် ဒီလက်ပံပင်အောက်က တွေ့ဆုံမှုဟာ သူတို့နှစ်ဦးရဲ့ နှလုံးသားကို တစ်သားတည်း ဖြစ်စေခဲ့ပြီလေ။
နောက်ဆုံးတော့ ကြာမြင့်စွာ အာရုံစိုက်လို့ဆွဲခဲ့ရတဲ့ပုံမှာ ပြီးချေပြီ။ အရမ်းကို လက်ရာမြောက် လွန်းနေသည်။
နန်းထယ်ရဲ့ ပုံထဲက ဂျွန်…သိပ်ကိုအသက်ဝင်သည်။ သူ့အကြည့်တွေ မျက်ဝန်းတွေ…. အပြုံးတွေကအစ ရုပ်လုံးပေါ်လှသည်။
ပန်းချီလေးကိုကြည့်မိတိုင်း ခံစားရသည့် ပန်းရောင်သမ်းနေသည့် ခံစားချက်။ ပုံထဲမှာတင် တစ်ခါမှမထည့်သွင်းဖူးတဲ့ ခံစားချက်တွေရောပြွမ်းလို့ ထိုအရာကအချစ်ဆိုတာကို သူသိခဲ့လေပြီလားလေ။
“နန်းထယ် ကိုယ်ကတိအတိုင်း ပုံဆွဲခံတယ်ဆိုတော့ နန်းထယ်လည်း ကတိတည်ရမယ်နော်”
“ဟင်…”
“ကိုယ့်ရဲ့ ဓာတ်ပုံမော်ဒယ်လ်လုပ်ပေးရမယ်လေ”
“အင်းး ရတာပေါ့ နန်းထယ် ကတိတည်မှာပါ”
“ဒါမှပေါ့…”
ဂျွန်ပြောရင်းပင် လက်ပံပင်ကိုကြည့်မိရင်း သတိထားမိသွားတာက စေတီတော်တစ်ဆူ။
“နန်းထယ် ဟိုက စေတီက…”
လက်ပံပင်နဲ့မလှမ်းမကမ်းက စေတီတော် ဖွေးဖွေး။
“ဒါက ထယ်တို့ရွာရဲ့ စေတီလေ…ရွာသူရွာသားတွေနဲ့ သူကြီးပေါင်းပြီး တည်ထားခဲ့တာတဲ့”
“အော်…အဲလိုကိုးး ကိုယ်တို့ ဒီကိုတစ်ခုမှ မင်ဝင်ဖူးဘူးနော်”
“အင်းးလေ ဂျွန် ပဲ ပုဂံဘုရားတွေကို လည်ချင်ပတ်ချင်တယ်ဆို”
“ဟီးး ဒါဆို အခုဝင်ရအောင်”
“လုပ်ပြီ…သဘော သဘောဗျာ ဒါပေမဲ့ ဒီပန်းချီကားတော့ သွားထားအုံးမယ်”
“အင်းး ပြီးရင် ပြန်လာမယ်လေ”
“အင်းး”
ဒါနဲ့ မြင်ကပါရွာထဲ ပြန်ဝင်ကာ အ်ိမ်ကိုပြန်လို့ ပန်းချီကားကိုထားခဲ့သည်။ ဂျွန်ကတော့ ကင်မရာကိုကောက်ခဲ့ကာ…
စေတီတော်စီကိုသာ ဦးတည်လို့ ရင်ပြင်ပေါ်ထိ ရောက်လာခဲ့ချေပြီ။
ဂျွန်နဲ့ နန်းထယ်တို့ လည်း အဖြူရောင်သည်စေတီပေါ်မှာ လှည့်ပတ်ကြည့်ရင်း လက်ရာမြောက်သော စေတီရဲ့ပန်းပုလက်ရာတွေ။
“ဂျွန် ဘယ်လိုလဲ ဒီစေတီကရော သဘောကျရဲ့လား”
လက်ထဲက ကင်မရာကို ကိုင်လျက် ဓာတ်ပုံတွေရိုက်နေတဲ့ ဂျွန့်ကိုကြည့်ပြီးဆိုတော့။
ကင်မရာကိုချကာ သူပြန်ဖြေသည်။
“အင်းး တော်တော်လေး အံ့ဩဖို့ကောင်းတယ် ပုဂံဘုရားအပြင် ဒီမြင်ကပါစေတီကလည်း သပ္ပါယ်တယ် အနုပညာလက်ရာတွေနဲ့ အရမ်းလက်ရာမြောက်တာပဲ”
“အင်းး ဒီစေတီက ဟိုးအရင်ကတည်းကရှိတာ…. အဖေပြောတာတော့ အဖေတို့ ဘိုးဘေးတွေလက်ထက် ကတည်းကတဲ့ တည်ထားတာ ရွာမှာ လပြည့်နေ့လိုဆိုရင်တော့ လူတွေ ဒီကိုလာကြပေမဲ့ ဒီလို သာမာန်နေ့မျိုးမှာ သိပ်မရှိဘူးး ပုဂံဘုရားတွေကိုပဲ ဖူးကြတာများတယ် အားလုံးထဲမှာမှ ဂျွန်က အထူးဆန်းဆုံးလူပဲ သိလား မြင်ကပါစေတီကို သဘောကျလွန်းနေတာ ဂျွန်ပဲရှိတယ်”
“စေတီတိုင်းဟာ သူ့တန်ဖိုးနဲ့သူ သူ့သမိုင်းနဲ့သူပဲလေ စေတီတိုငင်းမှာ သီးခြားလက်ရာတွေ အနုပညာလက်ရာတွေ အပြည့်နဲ့ပဲလေ…. သီးသန့် ဆန်းပြားမှုတွေ ရှိနေပြီးသားပဲ ကိုယ်ကတော့ စေတီတွေရဲ့ အလှကို သာမာန်လို့မမြင်ဘူးး အခု ဒီမြင်ကပါစေတီကဆိုလည်း ရွာသားတွေရဲ့ စည်းလုံးမှုကို ဖော်ညွှန်းထားသလိုပဲမလားး”
“အင်းး တကယ်ပဲ ဂျွန့်လိုလူရှားတာပဲ စေတီရဲ့အလှကို ဂျွန်ပဲမြင်တယ်”
“နန်းထယ်ရော”
“မြင်တာပေါ့ ဒီစေတီကို ထယ် သိပ်သဘောကျတာ သပ္ပါယ်လွန်းတယ် ပုဂံကဘုရားတွေကလှသလိုပဲ… ဒီစေတီကလည်းအတူတူပဲ”
“အင်းး ဒါပေမဲ့ ဒီဘုရားပေါ်က နန်းထယ်လည်း လှတယ်”
“ဟာ…ဂျွန်”
မျက်နှာလေးလွဲကာ ရှက်သွေးဖြာသွားရပြန်သည်။ ထိုမျက်နှာလေး ကိုကြည့်၍ ဂျွန်မှာတော့ သဘောကျစွာ ရယ်ရင်း ကင်မရာနဲ့ မှတ်တမ်းတင်လိုက်တော့သည်။
ဘုရားပေါ်မှာ ရှိခိုးကန်တော့ကြရင်းးး ဆုပင်တောင်းကြတော့
“ဂျွန် မင်းဘာဆုတောင်းလဲ”
“အင်းး ကိုယ် ဆုတောင်းတာက ဟောဒီက နန်းထယ်လေးနဲ့အတူ တစ်သက်လုံးနေပါရစေလို့”
“ဂျွန်…စမနေနဲ့ကွာ…”
အနေရခက်ကာ ပါးလေးတွေရဲတက်လို့ ရှက်ရပြန်သည်။
“တကယ်ပြောကွာ…”
“နန်းထယ်ကလည်း ဆုတောင်းဆိုတာ ပြောရင်မပြည့်ဖူးတဲ့”
“ကျစ်…ဂျွန်ကတော့ လည်ချက်”
နှုတ်ခမ်း ကိုထော်ကာ မျက်စောင်းလေး ပစ်ကျွေးပြန်တော့ ဂျွန့်မှာအသဲတယားယားပင်။
ဘုရားရင်ပြင်ပေါ်မှာ ဆက်လျှောက်လာတော့ အေးမြတဲ့လေညှင်းလေးမှာ တိုက်ခတ်ကာ အေးချမ်းလှသည်။
ကျေးငှက်တို့၏ တေးသံမှာလည်း သာယာလျက် စေတီတော်ရဲ့ စိန်ဖူးတော်က ခေါင်းလောင်းသံလေးတွေမှာလည်း သာယာဖွယ်ကောင်းကာ စိတ်ကိုကြည်နူးစေမိသည်။
လမ်းလျှောက်ရင်း ထိမိသွားတတ်သည့် လက်တွေမှာ ပိုပိုနီးကပ်လာရကာ တစ်ချက်တစ်ချက်ပြုံးမိသလို ရင်လည်းခုန်မိသည်။
တိတ်ဆိတ်စွာ ငြိမ်သက်နေတဲ့ သူတို့အကြားးး အခြေအနေကိုဖြိုခွဲလိုက်သည်ကားး။
“နန်းထယ်….မလားး”
မုတ်ဆိတ်မဲမဲနဲ့ အသက်ကြီးကြီး ဦးမြတ်စံအရွယ်လောက် လူကြီးမှ နန်းထယ်ကိုမေးတော့။
“ဆရာကြီး ထိန်လင်းးလား”
“အေးကွ…နန်းထယ်တောင် တော်တော်အရွယ်ရောက်လာတာပဲ မြင်တယ်မလားး ဦးလေးဟောသလိုပဲ မင်း လှလှပပဖြစ်လာတယ်ဟုတ်”
“အာ…ဆရာကြီးကလည်းး”
နန်းထယ်နဲ့ပြောရင်း ဘေးနားကလူကိုသတိထားမိတော့
“ဒါက ဂျွန်သက်…”
“သက်နောင်….သားလား”
“ဦးလေးကြီးး”
နန်းထယ်မိတ်ဆက်ပေးစရာမလို…. အချင်းချင်း သိနေကြသည်ပင်။
“သိနေကြတာလားး”
“အင်းး ဦးလေးကြီးက ကိုယ့်အိမ်ကို ခဏခဏလာတယ်လေ ဖေဖေနဲ့အသိတွေ”
“ဟုတ်တယ် သက်နောင်လေး ဖေဖေက ဆရာနဲ့ မိတ်ဆွေတွေပဲလေ”
“ဒါဆို မိတ်ဆက်ပေးစရာ မလိုတာပေါ့”
“အင်းး ဒါပေါ့…”
ဆရာကြီးထိန်လင်းလည်း သူတို့နှစ်ယောက် အခြေအနေကို သတိထားမိတော့….
“ကဲပါ ရောက်တုန်းလေး လက္ခဏာ ဖတ်ရအောင်”
“ရေးးး ဖတ်မယ်ဗျ”
“ဦးလေး က လက္ခဏာဖတ်တတ်တာလားး”
“ဟားးး အေးဆေးပေါ့ကွ ဆရာကြီးထိန်လင်းပါကွ”
“ဟင်…ဂျွန်မသိဘူးလား တို့ဆရာကြီးက ပညာရပ်အစုံကျွမ်းတယ်လေ ဗေဒင် နက္ခတ် လက္ခဏာဖတ်တာ အောက်လမ်း အထက်လမ်း အကုန် ကျွမ်းတာ မြင်ကပါမှာ နာမည်ကြီးပဲလေ”
“ဟားး သက်နောင်က ဘယ်သိမလဲ သူက ဆရာ့ကို ဂျွန့်မိတ်ဆွေလို့သာထင်ထားတာ”
“ဟဲဟဲ…အဲလိုပဲဗျ”
“ကဲပါ…လာ ခဏထိုင်ကြ ဖတ်ကြည့်တာပေါ့”
စေတီရင်ပြင်ပေါ် အရိပ်ကျရာနေရာကို ထိုင်ကာ….
“အင်းးး အင်းး မင်းတို့က ဖူးစာပါတာပဲ”
“ဗျာ…”
“ဒီကိုကြည့် မင်းတို့လက္ခဏာအရ မင်းတို့က နတ်ဖက်တဲ့စုံတွဲ ပဲ…. အတိတ်ကိုကြည့်တော့လည်း ချစ်သူတွေ ဖြစ်ခဲ့ ဖူးတယ်…”
ဆရာကြီးစကားမှာ တစ်ယောက်နဲ့တစ်ယောက် အကြည့်ချင်းစုံမိတော့ ရှက်ကိုးရှက်ကန်းနဲ့ မျက်နှာ လွဲမိကာ ခေါင်းကုတ်လို့ကုတ်။ ဂုတ်ပိုးကိုလက်နဲ့ ပွတ်လို့ပွတ်ပင်။
“အင်းး အနာဂါတ်က…အနာ..ဂါတ် ဟင်…!!?”
ဆရာကြီးထိန်လင်းရဲ့ ထိတ်လန့်သွားပုံကြောင့် နှစ်ယောက်လုံး လန့်သွားရသည်။
“ဘာတွေ့ရလို့လဲဗျ…ဆရာကြီး”
“အနာဂါတ်ကို မတွေ့ဘူးးး မှောင်မဲနေတယ် ဘာကိုမှမမြင်ရဘူးး”
“ဗျ….ဗျာ”
“စိတ်အတင်းမပူပါနဲ့ အနာဂါတ်ဆိုတာ မသေချာတဲ့အရာပါ ပုံမှန် ဆို ငါ့ပညာက မမှားတတ်ပေမဲ့ ဘယ်ပြောရမလဲ ငါမတွေ့နိုင်တာမျိုး ဖြစ်နိုင်တာပဲလေ…”
“အဲဲ လိုလား”
“အေးကွယ့် စိတ်မပူပါနဲ့ အကောင်းတွေပဲ ဖြစ်လာမှာပါ”
ဆရာကြီးကပြန်ပြောမှ စိတ်နည်းနည်းအေးကာ
“နန်းထယ်ရယ် အတင်းစိတ်မပူပါနဲ့…. အနာဂါတ်ဆိုတာ ကိုယ်တို့ ဖန်တီးလို့ရတာပဲမလား”
ဂျွန့်စကားကြောင့် နန်းထယ်လည်း ခေါင်းညိတ်လျက်
“အင်းး ဂျွန်ပြောသလိုပဲ”
“ဒါဆို ဦးလေးး ကျွန်တော်တို့ သွားတော့မယ်ဗျ”
“အေးအေးး နောက်မှပြန်တွေ့ကြတာပေါ့”
“ဆရာကြီး သွားတေ့မယ်ဗျ”
နန်းထယ်နဲ့ ဂျွန်လည်း လှည့်၍သာ ထွက်သွားခဲ့သည်။ ဆရာကြီးထိန်လင်းကတော့ နောက်မှာသာကျန်ရစ်ရင်းး စိတ်ထဲကတော့ မအေးနိုင်။ စေတီတော်ကိုသာ လက်အုပ်ချီလျက်….
“ဘာမှ မကောင်းတာမဖြစ်ပါစေနဲ့….ခုဏက အမှောင် က…. တကယ်ဘာပြဿနာမှမဟုတ်ပါစေနဲ့…. သူတို့လေးတွေ ဘေးကင်းကင်းနဲ့ အေးချမ်းစွာ ပေါင်းဖက်နိုင်ပါစေ ဘုရား”
လို့သာ ဆုတောင်းမိရုံမှ လွဲ၍ မတတ်နိုင်ခဲ့ပေ။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
ဂြၽန္ ထယ္နဲ႕လိုက္ခဲ့
ဘယ္လဲ နန္းထယ္ရ
အင္းး ပန္းခ်ီဆြဲမလို႔
ဟုတ္ပါၿပီဗ်ာ လိုက္ခဲ့ပါ့မယ္ အမိန့္ေတာ္အတိုင္းပါ သခင္ေလး
ဂြၽန္ကေနာက္ေနေသးေတာ့ ရယ္ရယ္ေမာေမာနဲ႕ ထြက္လာခဲ့တာ လက္ပံပင္စီ။
ကဲဲဆြဲဗ်ာ
ဟာ ရေသးဘူးး ဂြၽန္ကလာ
ဟင္
ဒီနားမွာေနအင္းး အဲလိုေန မလႈပ္နဲ႕ေနာ္
ပုံစဲခ်ေပးေနေသာ နန္းထယ္မွာ ဂြၽန႔္ကို လက္ပံပင္ေအာက္ရပ္ခိုင္းထားသည္။
ဒီကိုၾကည့္ေလ ဂြၽန္ရ
နန္းထယ္ ကိုယ့္ပုံဆြဲမလို႔လား
အင္းး မရဘူးလား
ရတာေပါ့ စိတ္ႀကိဳက္ဆြဲဗ်ာ
စုတ္တံကိုလက္မွာစတင္ကိုင္လိုက္လို႔ ပန္းခ်ီဆရာေလးနန္းထယ္ အလုပ္စေလၿပီ။
ျမင္ကပါ႐ြာထိပ္က လက္ပံပင္ႀကီးေအာက္မွာ ဂြၽန္သက္ေနာင္ရွိန္က မတ္တပ္ရပ္ေနကာ ေလတစ္ခ်က္တိုက္လိုက္တိုင္း ေႂကြက်လာတဲ့ အနီေရာင္ လက္ပံပြင့္ေတြက ဂြၽန္ရဲ႕ ေထာင္ေထာင္ေမာင္းေမာင္း ပုံရိပ္ကို အလွဆင္ေနသလိုပဲ။
ဒီေန႕မွ ဆန္းျပားစြာ ဂြၽန္ဝတ္ထားတဲ့ အျဖဴေရာင္ ပိုးဖဲသားအကၤ်ီနဲ႕ အညိုေရာင္ပုဆိုးက သူ႕ရဲ႕ ေဖြးဥတဲ့အသားအေရနဲ႕ လိုက္ဖက္လြန္းေနၿပီး ျမန္မာ့ပန္းပုဆရာတစ္ဦး ထုဆစ္ထားသလို ခန႔္ညားတဲ့ ေယာက္်ားပီသတဲ့အလွကို ပိုေပၚလြင္ေစလြန္းတယ္။
ဂြၽန္ရဲ႕ ခႏၶာကိုယ္ဟာ တစ္ခုခ်င္းစီကို စိတ္ထဲက ပုံေဖာ္လို႔ရေအာင္ စြဲမက္စရာေကာင္းတယ္။
က်ယ္ျပန႔္တဲ့ ပုခုံးျပင္၊ ခိုင္မာတဲ့ ရင္ျပင္နဲ႕ ႂကြက္သားေတြနဲ႕ျပည့္ေနတဲ့ လက္ေမာင္းေတြဟာ ေ႐ႊနန္းထယ္ကို ေဘးကင္းလုံၿခဳံမႈေပးနိုင္မယ့္ အားအင္ေတြနဲ႕ျပည့္ေနသလိုလို။
လက္ေခ်ာင္းေတြကလည္း ရွည္လ်ားၿပီး သန္မာတဲ့ပုံစံက သူ႕ကို ျမင္ကပါမွာ. မိန္းကေလးမ်ားရဲ႕ အသဲစြဲ. ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္တစ္ပြင့္လို ေက်ာ္ၾကားေစတာမလားေလ။
ဂြၽန္ရဲ႕မ်က္ႏွာကလည္း ကဗ်ာတစ္ပုဒ္လိုပဲ ေခ်ာေမာခန႔္ညားလြန္းပါတယ္။ ညီညာတဲ့ မ်က္ခုံးေတြေအာက္မွာရွိတဲ့ အညိုေရာင္မ်က္ဝန္းေတြဟာ ပုံျပင္ေတြေျပာျပေနသလိုပဲ ႏူးညံ့မႈနဲ႕နက္နဲမႈေတြ ျပည့္ႏွက္ေနတယ္။
ဂြၽန္ရဲ႕ ႏွာတံစင္းစင္းနဲ႕ ထုဆစ္ထားသလို လွပတဲ့ ႏႈတ္ခမ္းေတြေအာက္က မွဲ႕နက္ေလးက ေ႐ႊနန္းထယ္ကို ရင္ခုန္ေအာင္ လုပ္နိုင္သည္။
ပန္းခ်ီဆြဲေနရင္း ဂြၽန္ရဲ႕ အေငြ႕အသက္ေတြကို ခံစားမိတဲ့အခါတိုင္း ေ႐ႊနန္းထယ္ရဲ႕ ႏွလုံးသားက ကလိကလိ ျဖစ္ေနရတယ္။ ဂြၽန္ရဲ႕ အညိုေရာင္မ်က္ဝန္းေတြဟာ အခ်စ္နဲ႕ နက္နဲမႈကို ေဖာ္ျပေနသည္။ သူ႕ရဲ႕ အၾကည့္ေတြက ေ႐ႊနန္းထယ္ရဲ႕စိတ္ကို ဖမ္းစားထားသလိုပါပဲ။ တစ္ခါတေလ ႏူးညံ့ၿပီး တစ္ခါတေလ မာေက်ာေနတဲ့ သူ႕မ်က္ဝန္းေတြဟာ အခ်စ္ကဗ်ာတစ္ပုဒ္လို လွပေနပါတယ္။ေလထဲမွာ ကခုန္ေနတဲ့ လက္ပံပြင့္ေတြနဲ႕ ဂြၽန္ရဲ႕အၾကည့္ေတြက ယွဥ္ၿပိဳင္ေနသလိုပဲ။ ဂြၽန္ရဲ႕အၾကည့္ေတြက ေ႐ႊနန္းထယ္ရဲ႕ ႏွလုံးသားကို ထိုးေဖာက္ဝင္ေရာက္ၿပီး အခ်စ္ေတြကို ဖန္တီးေပးေန တယ္။
စုတ္ခ်က္ေတြကို ဆြဲေနရင္းနဲ႕ ဂြၽန္ရဲ႕စိုးမိုးမႉကား နန္းထယ္ရဲ႕ စိတ္အလုံးစုံထဲ ဝင္ေရာက္ တိုးေဖာက္ ခဲ့ေလၿပီ။
တစ္လေတာင္ မျပည့္ေသးတဲ့ ခင္မင္မႈကေန အခ်စ္ကို ေရာက္ရွိလာတယ္ဆိုတာကို သူတို႔ႏွစ္ဦးလုံး မသိေသးေပမယ့္ ဒီလက္ပံပင္ေအာက္က ေတြ႕ဆုံမႈဟာ သူတို႔ႏွစ္ဦးရဲ႕ ႏွလုံးသားကို တစ္သားတည္း ျဖစ္ေစခဲ့ၿပီေလ။
ေနာက္ဆုံးေတာ့ ၾကာျမင့္စြာ အာ႐ုံစိုက္လို႔ဆြဲခဲ့ရတဲ့ပုံမွာ ၿပီးေခ်ၿပီ။ အရမ္းကို လက္ရာေျမာက္ လြန္းေနသည္။
နန္းထယ္ရဲ႕ ပုံထဲက ဂြၽန္သိပ္ကိုအသက္ဝင္သည္။ သူ႕အၾကည့္ေတြ မ်က္ဝန္းေတြ. အၿပဳံးေတြကအစ ႐ုပ္လုံးေပၚလွသည္။
ပန္းခ်ီေလးကိုၾကည့္မိတိုင္း ခံစားရသည့္ ပန္းေရာင္သမ္းေနသည့္ ခံစားခ်က္။ ပုံထဲမွာတင္ တစ္ခါမွမထည့္သြင္းဖူးတဲ့ ခံစားခ်က္ေတြေရာႁပြမ္းလို႔ ထိုအရာကအခ်စ္ဆိုတာကို သူသိခဲ့ေလၿပီလားေလ။
နန္းထယ္ ကိုယ္ကတိအတိုင္း ပုံဆြဲခံတယ္ဆိုေတာ့ နန္းထယ္လည္း ကတိတည္ရမယ္ေနာ္
ဟင္
ကိုယ့္ရဲ႕ ဓာတ္ပုံေမာ္ဒယ္လ္လုပ္ေပးရမယ္ေလ
အင္းး ရတာေပါ့ နန္းထယ္ ကတိတည္မွာပါ
ဒါမွေပါ့
ဂြၽန္ေျပာရင္းပင္ လက္ပံပင္ကိုၾကည့္မိရင္း သတိထားမိသြားတာက ေစတီေတာ္တစ္ဆူ။
နန္းထယ္ ဟိုက ေစတီက
လက္ပံပင္နဲ႕မလွမ္းမကမ္းက ေစတီေတာ္ ေဖြးေဖြး။
ဒါက ထယ္တို႔႐ြာရဲ႕ ေစတီေလ႐ြာသူ႐ြာသားေတြနဲ႕ သူႀကီးေပါင္းၿပီး တည္ထားခဲ့တာတဲ့
ေအာ္အဲလိုကိုးး ကိုယ္တို႔ ဒီကိုတစ္ခုမွ မင္ဝင္ဖူးဘူးေနာ္
အင္းးေလ ဂြၽန္ ပဲ ပုဂံဘုရားေတြကို လည္ခ်င္ပတ္ခ်င္တယ္ဆို
ဟီးး ဒါဆို အခုဝင္ရေအာင္
လုပ္ၿပီသေဘာ သေဘာဗ်ာ ဒါေပမဲ့ ဒီပန္းခ်ီကားေတာ့ သြားထားအုံးမယ္
အင္းး ၿပီးရင္ ျပန္လာမယ္ေလ
အင္းး
ဒါနဲ႕ ျမင္ကပါ႐ြာထဲ ျပန္ဝင္ကာ အ်ိမ်ကိုပြန်လို့ ပန္းခ်ီကားကိုထားခဲ့သည္။ ဂြၽန္ကေတာ့ ကင္မရာကိုေကာက္ခဲ့ကာ
ေစတီေတာ္စီကိုသာ ဦးတည္လို႔ ရင္ျပင္ေပၚထိ ေရာက္လာခဲ့ေခ်ၿပီ။
ဂြၽန္နဲ႕ နန္းထယ္တို႔ လည္း အျဖဴေရာင္သည္ေစတီေပၚမွာ လွည့္ပတ္ၾကည့္ရင္း လက္ရာေျမာက္ေသာ ေစတီရဲ႕ပန္းပုလက္ရာေတြ။
ဂြၽန္ ဘယ္လိုလဲ ဒီေစတီကေရာ သေဘာက်ရဲ႕လား
လက္ထဲက ကင္မရာကို ကိုင္လ်က္ ဓာတ္ပုံေတြရိုက္ေနတဲ့ ဂြၽန့္ကိုၾကည့္ၿပီးဆိုေတာ့။
ကင္မရာကိုခ်ကာ သူျပန္ေျဖသည္။
အင္းး ေတာ္ေတာ္ေလး အံ့ဩဖို႔ေကာင္းတယ္ ပုဂံဘုရားအျပင္ ဒီျမင္ကပါေစတီကလည္း သပ္ပါယ်တယ် အႏုပညာလက္ရာေတြနဲ႕ အရမ္းလက္ရာေျမာက္တာပဲ
အင္းး ဒီေစတီက ဟိုးအရင္ကတည္းကရွိတာ. အေဖေျပာတာေတာ့ အေဖတို႔ ဘိုးေဘးေတြလက္ထက္ ကတည္းကတဲ့ တည္ထားတာ ႐ြာမွာ လျပည့္ေန႕လိုဆိုရင္ေတာ့ လူေတြ ဒီကိုလာၾကေပမဲ့ ဒီလို သာမာန္ေန႕မ်ိဳးမွာ သိပ္မရွိဘူးး ပုဂံဘုရားေတြကိုပဲ ဖူးၾကတာမ်ားတယ္ အားလုံးထဲမွာမွ ဂြၽန္က အထူးဆန္းဆုံးလူပဲ သိလား ျမင္ကပါေစတီကို သေဘာက်လြန္းေနတာ ဂြၽန္ပဲရွိတယ္
ေစတီတိုင္းဟာ သူ႕တန္ဖိုးနဲ႕သူ သူ႕သမိုင္းနဲ႕သူပဲေလ ေစတီတိုငင္းမွာ သီးျခားလက္ရာေတြ အႏုပညာလက္ရာေတြ အျပည့္နဲ႕ပဲေလ. သီးသန့္ ဆန္းျပားမႈေတြ ရွိေနၿပီးသားပဲ ကိုယ္ကေတာ့ ေစတီေတြရဲ႕ အလွကို သာမာန္လို႔မျမင္ဘူးး အခု ဒီျမင္ကပါေစတီကဆိုလည္း ႐ြာသားေတြရဲ႕ စည္းလုံးမႈကို ေဖာ္ၫႊန္းထားသလိုပဲမလားး
အင္းး တကယ္ပဲ ဂြၽန့္လိုလူရွားတာပဲ ေစတီရဲ႕အလွကို ဂြၽန္ပဲျမင္တယ္
နန္းထယ္ေရာ
ျမင္တာေပါ့ ဒီေစတီကို ထယ္ သိပ္သေဘာက်တာ သပ္ပါယ်လွန်းတယ် ပုဂံကဘုရားေတြကလွသလိုပဲ ဒီေစတီကလည္းအတူတူပဲ
အင္းး ဒါေပမဲ့ ဒီဘုရားေပၚက နန္းထယ္လည္း လွတယ္
ဟာဂြၽန္
မ်က္ႏွာေလးလြဲကာ ရွက္ေသြးျဖာသြားရျပန္သည္။ ထိုမ်က္ႏွာေလး ကိုၾကည့္၍ ဂြၽန္မွာေတာ့ သေဘာက်စြာ ရယ္ရင္း ကင္မရာနဲ႕ မွတ္တမ္းတင္လိုက္ေတာ့သည္။
ဘုရားေပၚမွာ ရွိခိုးကန္ေတာ့ၾကရင္းးး ဆုပင္ေတာင္းၾကေတာ့
ဂြၽန္ မင္းဘာဆုေတာင္းလဲ
အင္းး ကိုယ္ ဆုေတာင္းတာက ေဟာဒီက နန္းထယ္ေလးနဲ႕အတူ တစ္သက္လုံးေနပါရေစလို႔
ဂြၽန္စမေနနဲ႕ကြာ
အေနရခက္ကာ ပါးေလးေတြရဲတက္လို႔ ရွက္ရျပန္သည္။
တကယ္ေျပာကြာ
နန္းထယ္ကလည္း ဆုေတာင္းဆိုတာ ေျပာရင္မျပည့္ဖူးတဲ့
က်စ္ဂြၽန္ကေတာ့ လည္ခ်က္
ႏႈတ္ခမ္း ကိုေထာ္ကာ မ်က္ေစာင္းေလး ပစ္ေကြၽးျပန္ေတာ့ ဂြၽန့္မွာအသဲတယားယားပင္။
ဘုရားရင္ျပင္ေပၚမွာ ဆက္ေလွ်ာက္လာေတာ့ ေအးျမတဲ့ေလညွင္းေလးမွာ တိုက္ခတ္ကာ ေအးခ်မ္းလွသည္။
ေက်းငွက္တို႔၏ ေတးသံမွာလည္း သာယာလ်က္ ေစတီေတာ္ရဲ႕ စိန္ဖူးေတာ္က ေခါင္းေလာင္းသံေလးေတြမွာလည္း သာယာဖြယ္ေကာင္းကာ စိတ္ကိုၾကည္ႏူးေစမိသည္။
လမ္းေလွ်ာက္ရင္း ထိမိသြားတတ္သည့္ လက္ေတြမွာ ပိုပိုနီးကပ္လာရကာ တစ္ခ်က္တစ္ခ်က္ၿပဳံးမိသလို ရင္လည္းခုန္မိသည္။
တိတ္ဆိတ္စြာ ၿငိမ္သက္ေနတဲ့ သူတို႔အၾကားးး အေျခအေနကိုၿဖိဳခြဲလိုက္သည္ကားး။
နန္းထယ္.မလားး
မုတ္ဆိတ္မဲမဲနဲ႕ အသက္ႀကီးႀကီး ဦးျမတ္စံအ႐ြယ္ေလာက္ လူႀကီးမွ နန္းထယ္ကိုေမးေတာ့။
ဆရာႀကီး ထိန္လင္းးလား
ေအးကြနန္းထယ္ေတာင္ ေတာ္ေတာ္အ႐ြယ္ေရာက္လာတာပဲ ျမင္တယ္မလားး ဦးေလးေဟာသလိုပဲ မင္း လွလွပပျဖစ္လာတယ္ဟုတ္
အာဆရာႀကီးကလည္းး
နန္းထယ္နဲ႕ေျပာရင္း ေဘးနားကလူကိုသတိထားမိေတာ့
ဒါက ဂြၽန္သက္
သက္ေနာင္.သားလား
ဦးေလးႀကီးး
နန္းထယ္မိတ္ဆက္ေပးစရာမလို. အခ်င္းခ်င္း သိေနၾကသည္ပင္။
သိေနၾကတာလားး
အင္းး ဦးေလးႀကီးက ကိုယ့္အိမ္ကို ခဏခဏလာတယ္ေလ ေဖေဖနဲ႕အသိေတြ
ဟုတ္တယ္ သက္ေနာင္ေလး ေဖေဖက ဆရာနဲ႕ မိတ္ေဆြေတြပဲေလ
ဒါဆို မိတ္ဆက္ေပးစရာ မလိုတာေပါ့
အင္းး ဒါေပါ့
ဆရာႀကီးထိန္လင္းလည္း သူတို႔ႏွစ္ေယာက္ အေျခအေနကို သတိထားမိေတာ့.
ကဲပါ ေရာက္တုန္းေလး လကၡဏာ ဖတ္ရေအာင္
ေရးးး ဖတ္မယ္ဗ်
ဦးေလး က လကၡဏာဖတ္တတ္တာလားး
ဟားးး ေအးေဆးေပါ့ကြ ဆရာႀကီးထိန္လင္းပါကြ
ဟင္ဂြၽန္မသိဘူးလား တို႔ဆရာႀကီးက ပညာရပ္အစုံကြၽမ္းတယ္ေလ ေဗဒင္ နကၡတ္ လကၡဏာဖတ္တာ ေအာက္လမ္း အထက္လမ္း အကုန္ ကြၽမ္းတာ ျမင္ကပါမွာ နာမည္ႀကီးပဲေလ
ဟားး သက္ေနာင္က ဘယ္သိမလဲ သူက ဆရာ့ကို ဂြၽန့္မိတ္ေဆြလို႔သာထင္ထားတာ
ဟဲဟဲအဲလိုပဲဗ်
ကဲပါလာ ခဏထိုင္ၾက ဖတ္ၾကည့္တာေပါ့
ေစတီရင္ျပင္ေပၚ အရိပ္က်ရာေနရာကို ထိုင္ကာ.
အင္းးး အင္းး မင္းတို႔က ဖူးစာပါတာပဲ
ဗ်ာ
ဒီကိုၾကည့္ မင္းတို႔လကၡဏာအရ မင္းတို႔က နတ္ဖက္တဲ့စုံတြဲ ပဲ. အတိတ္ကိုၾကည့္ေတာ့လည္း ခ်စ္သူေတြ ျဖစ္ခဲ့ ဖူးတယ္
ဆရာႀကီးစကားမွာ တစ္ေယာက္နဲ႕တစ္ေယာက္ အၾကည့္ခ်င္းစုံမိေတာ့ ရွက္ကိုးရွက္ကန္းနဲ႕ မ်က္ႏွာ လြဲမိကာ ေခါင္းကုတ္လို႔ကုတ္။ ဂုတ္ပိုးကိုလက္နဲ႕ ပြတ္လို႔ပြတ္ပင္။
အင္းး အနာဂါတ္ကအနာ..ဂါတ္ ဟင္!!?
ဆရာႀကီးထိန္လင္းရဲ႕ ထိတ္လန့္သြားပုံေၾကာင့္ ႏွစ္ေယာက္လုံး လန့္သြားရသည္။
ဘာေတြ႕ရလို႔လဲဗ်ဆရာႀကီး
အနာဂါတ္ကို မေတြ႕ဘူးးး ေမွာင္မဲေနတယ္ ဘာကိုမွမျမင္ရဘူးး
ဗ်.ဗ်ာ
စိတ္အတင္းမပူပါနဲ႕ အနာဂါတ္ဆိုတာ မေသခ်ာတဲ့အရာပါ ပုံမွန္ ဆို ငါ့ပညာက မမွားတတ္ေပမဲ့ ဘယ္ေျပာရမလဲ ငါမေတြ႕နိုင္တာမ်ိဳး ျဖစ္နိုင္တာပဲေလ
အဲဲ လိုလား
ေအးကြယ့္ စိတ္မပူပါနဲ႕ အေကာင္းေတြပဲ ျဖစ္လာမွာပါ
ဆရာႀကီးကျပန္ေျပာမွ စိတ္နည္းနည္းေအးကာ
နန္းထယ္ရယ္ အတင္းစိတ္မပူပါနဲ႕. အနာဂါတ္ဆိုတာ ကိုယ္တို႔ ဖန္တီးလို႔ရတာပဲမလား
ဂြၽန့္စကားေၾကာင့္ နန္းထယ္လည္း ေခါင္းညိတ္လ်က္
အင္းး ဂြၽန္ေျပာသလိုပဲ
ဒါဆို ဦးေလးး ကြၽန္ေတာ္တို႔ သြားေတာ့မယ္ဗ်
ေအးေအးး ေနာက္မွျပန္ေတြ႕ၾကတာေပါ့
ဆရာႀကီး သြားေတ့မယ္ဗ်
နန္းထယ္နဲ႕ ဂြၽန္လည္း လွည့္၍သာ ထြက္သြားခဲ့သည္။ ဆရာႀကီးထိန္လင္းကေတာ့ ေနာက္မွာသာက်န္ရစ္ရင္းး စိတ္ထဲကေတာ့ မေအးနိုင္။ ေစတီေတာ္ကိုသာ လက္အုပ္ခ်ီလ်က္.
ဘာမွ မေကာင္းတာမျဖစ္ပါေစနဲ႕.ခုဏက အေမွာင္ က. တကယ္ဘာျပႆနာမွမဟုတ္ပါေစနဲ႕. သူတို႔ေလးေတြ ေဘးကင္းကင္းနဲ႕ ေအးခ်မ္းစြာ ေပါင္းဖက္နိုင္ပါေစ ဘုရား
လို႔သာ ဆုေတာင္းမိ႐ုံမွ လြဲ၍ မတတ္နိုင္ခဲ့ေပ။
ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





