Episode 12 (သိခဲ့ပြီလေ သည်အာနန္ဒာ ဘုရားပွဲမှာ)
08:56, 3 October 2025"နန်းထယ်... မိုးလင်းနေပြီ၊ မထသေးဘူးလား”
ဂျွန်ရဲ့ သံချပ်သံအလား ပြတ်သားတဲ့အသံကြောင့် ကျွန်တော် အိပ်ယာကနိုးလာရသည်။
"အေးပါ... ထပါပြီ၊ ဂျွန်ကလည်း"
အိမ်အောက်ထပ်ကို ဆင်းလာတော့ မီးဖိုချောင်ထဲက မီးခိုးငွေ့တွေ ထွက်နေတာတွေ့တော့ ဂျွန်ကို လှမ်းကြည့်လိုက်တော့…မျက်လုံး အပြူးသားးဖြစ်ရသော နန်းထယ်။
"ဟ... မင်းက ထမင်းဟင်းချက်နေတာလား"
"အေးပေါ့... ဒီနေ့ ထမင်းဟင်းမစားချင်ဘူးဆို... စားဖိုမှူးဂျွန်ရဲ့ လက်ရာကို မြည်းစမ်းကြည့်ပါဦးကွာ"
ထိုအခါ မေမေ့ကို လှမ်းကြည့်တော့ မေမေမှပြုံးကာ…
“သက်နောင်က လုပ်ချင်တယ်ဆိုလို့ အမေသင်လိုက်တာ အတတ်မြန်တယ် သက်နောင်က”
နန်းထယ်လည်း ဘာမှမပြောနိုင်တော့ပေ။ တတ်လာတတ်နိုင်ပါတယ်လေ ဂျွန်ရယ်။
ဂျွန်က ပြုံးလိုက်ပြီး ကျွန်တော့်ကို မုန့်ဟင်းခါးတစ်ပွဲ ချပေးသည်။ မြို့ကြီးသားတစ်ယောက်က ဒီလိုကျေးလက်အစားအစာကို ကိုယ်တိုင်ချက်စားတာ မြင်တော့ နန်းထယ်မှာ အရမ်းကို အံ့သြသွားမိသည်။
"ဂျွန် ဒီမှာနေရတာ အဆင်ပြေရဲ့လား"
"ပြေပါတယ်... နန်းထယ် နဲ့အတူရှိနေတာ ဘယ်နေရာဖြစ်ဖြစ် အဆင်ပြေပါတယ်"
ဂျွန်ရဲ့စကားကြောင့် နန်းထယ်မှာ မုန့်ဟင်းခါးကို ငုံ့စားရင်း သည်းမတတ်ပင် ချောင်ပင်ထဆိုးတော့ ဂျွန်ရေပေးကာ ကျောကိုပုတ်ပေးသည်။
သည်းရမှာပေါ့ စကားကိုက ဟိုလိုလိုသည်လိုလိုကိုးး။ နန်းထယ်လေးလည်း ရင်ထဲမှာ ရင်ခုန်သွားရသည်။
တစ်ခါတစ်လေ ဂျွန်ပြောတဲ့ စကားတွေက ရိုးသားသလိုလိုနဲ့ ရည်ရွယ်ချက်ရှိရှိ ပြောနေသလို ခံစားနေရသည်။
စားသောက်ပြီးမကြာပါဘူးး နန်းထယ်ရဲ့ ငယ်သူငယ်ချင်း ရဲမင်းက ရောက်လာသည်။ရဲမင်းက အိမ်ထဲကို ဝင်လာပြီး ဦးမြတ်စံ နဲ့ အန်တီသစ္စာ ကို လက်အုပ်ချီပြီး နှုတ်ဆက်သည်။
"ဦးလေး.. အန်တီ….. ရဲမင်းပါဗျ နန်းထယ်ရှိက ဘူးလားဗျ "
"အေး... လာလေ ရဲမင်းရဲ့ သားငယ်က ဟိုမှာပါကွယ်"
ဖေဖေမှ ရဲမင်းကိုခေါ်ရင်း နန်းထယ်ကိုညွှန်ပြသည်။
"လာပါဦးး ကြည့်ပါဦး"
အန်တီသစ္စာကလည်း ဂျွန်ကို ရဲမင်းနဲ့ မိတ်ဆက်ပေးတော့ ရဲမင်းက ဂျွန်ကို စိုက်ကြည့်လိုက် တော့ ဂျွန်ကလည်း ရဲမင်းကို ပြုံးပြပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။
"မင်းက မြို့ကလာတာလား"
"ဟုတ်တယ်၊ ရန်ကုန်ကပါ။ ကျွန်တော့် နာမည်က ဂျွန်သက်နောင်ရှိန်ပါ”
“ကျွန်တော့် နာမည်က ရဲမင်းပါ... မင်းတို့နှစ်ယောက် အဆင်ပြေကြရဲ့လား"
"ပြေပါတယ် ရဲမင်းရဲ့"
ဂျွန်ရဲ့ အဖြေကြောင့် ရဲမင်းက ကျွန်တော့်ကို လှည့်ကြည့်ပြီး ခပ်ပြုံးပြုံးလေးလုပ်သာ်။
"နန်းထယ်... လာကွာ၊ ခြင်းခတ်ပွဲသွားကြည့်ရအောင်"
"အင်း... ရဲမင်း ငါလိုက်ခဲ့မယ် ပုံကထပ်ဆွဲမလို့ဆိုတာ့ ကွက်တိပဲ….ဒါနဲ့… ဂျွန်ရော လိုက်ခဲ့မလား"
နန်းထယ်ရဲ့ အမေးကြောင့် ဂျွန်က ပုခုံးတွန့်ပြရင်း..."အင်း... ငါမလိုက်တော့ပါဘူးးး နန်းထယ်တို့ အတွက် ရှုပ်နေလိမ့်မယ်....."
"လာပါ..ဂျွန်ရဲ့ ..ထယ်တို့အတူတူသွားရအောင်"
နန်းထယ်မှ မျက်နှာငယ်လေးနဲ့ ဂျွန်ကို ပြောလိုက်တော့ ဂျွန်က ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။
"နန်းထယ် ခေါ်တာဆိုတော့ လိုက်ခဲ့မှာပေါ့လေ"ဂျွန်ရဲ့ စကားကြောင့် နန်းတယ် စိတ်ထဲမှာ ပျော်သွားရသည်။ ဒီလိုနဲ့ သုံးယောက်သား ခြင်းခတ်ကွင်းကို ရောက်တော့ ကွင်းထဲမှာ လူငယ်တွေဟာ ပျော်ရွှင်စွာ ခြင်းခတ်နေကြသည်။
တစ်ယောက်နဲ့တစ်ယောက် ရယ်မောပျော်ရွှင်နေကြတဲ့ မြင်ကွင်းက ရင်ထဲကို အေးချမ်းမှု အပြည့်အဝ ပေးလိုက်သလိုပဲ။
နန်းထယ်လည်း ခဲတံနဲ့ စက္ကူကို ထုတ်လိုက်ပြီး ပုံကြမ်းတွေ စတင်ဆွဲတော့သည်။ ဂျွန်ကလည်း သူ့ရဲ့ကင်မရာနဲ့ ပုံတွေ တဖျပ်ဖျပ်ရိုက်နေသည်။
ရဲမင်းက ဂျွန်ကို ခြင်းခတ်ဖို့ ခေါ်တော့ ဂျွန်က တွန့်ဆုတ်သွားတယ်။
"အဟဲ... ငါမခတ်တတ်ဘူး"
"လာပါဟ... ငါသင်ပေးမယ်။ ပျော်စရာကောင်းတယ်"
ရဲမင်းရဲ့ စကားကြောင့် ဂျွန်က နန်းထယ်ကို လှည့်ကြည့်လိုက်ပြီး အားပေးသလိုကြည့်လိုက်တယ်။
"နန်းထယ်..ကိုယ်သွားသင်လိုက်ဦးမယ်"
ဂျွန်ရဲ့စကားကြောင့် နန်းထယ် ခေါင်းငြိမ့်ပြလိုက်ပြီး ဂျွန်ကို စောင့်နေလိုက်သည်။ ဂျွန် ခြင်းခတ်နေတဲ့ပုံစံက အရမ်းကို ယောကျ်ားပီသပြီး ကြည့်ကောင်းနေသည်။
နဖူးပေါ်မှာ ချွေးသီးလေးတွေ စို့နေပြီး ရဲရဲတောက်နေတဲ့ မျက်နှာက နေရောင်အောက်မှာ ပိုပြီး တောက်ပနေတယ်။ ဂျွန်ရဲ့ လှုပ်ရှားမှုတွေတိုင်းက ကျွန်တော့်ရင်ထဲကို လှုပ်ခတ်နေသလိုပဲ။
ဂျွန်ကို ကြည့်ရင်း ရုတ်တရက် နန်းထယ်ရဲ့ ရင်ထဲမှာ မခံစားဖူးတဲ့ ခံစားချက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာတယ်။ ဒီခံစားချက်ဟာ ချစ်ခြင်းရဲ့ အစဆိုတာကိုတော့ အဲ့ဒီအချိန်မှာ သူတကယ်ပဲ မသိသေးခဲ့ပါလေ။
အိမ်ပြန်ရောက်တော့ အိပ်မပျော်နိုင်အောင် ဖြစ်နေမိတယ်။ နန်းထယ် ရင်ထဲမှာ ဂျွန်ရဲ့ ပုံရိပ်က စွဲနေခဲ့သည်။ အဲ့ဒီညက ပေါ်ပေါက်လာတဲ့ ခံစားချက်နဲ့အတူ စိတ်ထဲကနေ ဂျွန်ရဲ့ပုံကို ပုံတူကူးချလိုက်တယ်။
ခြင်းခတ်နေတဲ့ ဂျွန်ရဲ့ မျက်နှာအမူအရာတွေ၊ သူ့ရဲ့ လှုပ်ရှားနေတဲ့ ခန္ဓာကိုယ်ပုံစံ၊ ပတ်ဝန်းကျင်က အရာရာကို နန်းထယ် ပုံဆွဲစာအုပ်ထဲမှာ တိကျစွာ ထည့်သွင်းဆွဲမိတော့တယ်။
အဲ့ဒီပုံဟာ နန်းထယ်ရဲ ဘဝမှာ လက်ရာအမြောက်ဆုံးသော ပုံတစ်ပုံ ဖြစ်လာတယ်။
အဲ့ဒီပုံကို ကြည့်တိုင်း ဂျွန်နဲ့အတူ ခြင်းခတ်ခဲ့တဲ့ ညနေခင်းကို ပြန်လည်အမှတ်ရပြီး ရင်ထဲမှာ နွေးထွေးမှုကို ခံစားရတယ်။
ဂျွန်ကတော့ ထယ့်ရဲ့ ရင်ခုန်သံကို မသိခဲ့ပေမဲ့... ခြင်းလုံးသံနဲ့အတူ နှလုံးသားထဲကို ဝင်ရောက်လာခဲ့မိ ပြီလေ။
❦~~~~~~~❦
တစ်လလောက်အကြာထိ နန်းထယ်နဲ့ ဂျွန်တို့ ခင်မင်လာခဲ့ကြရာ အရင်းနီးဆုံးဖြစ်လာရပြီ။
ဘာလိုလိုနဲ့ ပုဂံရဲ့အထင်ကရပွဲဖြစ်တဲ့ အာနန္ဒာဘုရားပွဲတော် ချိန်ခါ ကျလေပြီ။
“ဂျွန်… မင်းဘုရားပွဲရောက်ဖူးလားး”
“ဘုရားပွဲ ဟင့်အင်”
“ဒါဆို အတော်ပဲ ညကျအတူသွားရအောင်”
“ဘယ်ကိုလဲ”
“ဒီည အာနန္ဒာဘုရားပွဲတော်ရှိတယ်… သွားကြမယ်လေ”
“အင်းး သွား မယ်လေ….နန်းထယ်နဲ့ဆိုတော့ ပျော်စရာကောင်းမှာပေါ့”
“အင်းး သေချာပေါက် ပျော်စေရမယ်”
“ဟုတ်ပါပြီဗျာ”
ပွဲတော်ချိန်ညရောက်တော့ ပုဆိုးနဲ့ အပေါ်ရှပ်ကို ဝတ်ထားကြသည်။ ဂျွန်မှာ ပုံမှန်နဲ့မတူ ဘောင်းဘီရှာ်နဲ့မဟုတ်တော့။
မြန်မာ့ရိုးရာ ပုဆိုနဲ့ မိုးပြာရောင်ပိုးဖဲအင်္ကျီကို ဝတ်ထားသည်။ မြန်မာဝတ်စုံနဲ့ ဂျွန်သပ်ကို ခန့်ညားသည်။ အံ့ဩးရာကောင်းလောက်အောင်ပင်။
နန်းထယ် အချိန်များရလျှင်….ခုချက်ချင်း ပုံသာထဆွဲလိုက်ချင်သည်။
နန်းထယ် နန်းထယ် မှာလည်း ပန်းရောင်နုနု ပိုးထည်အင်္ကျီနဲ့ ပုဆိုးအရောင်ခပ်နုနုကိုဝတ်ထားသည်။ ဒီနေ့မှာ ပို၍ လှနေသည့် နန်းထယ်မှာ ဂျွန့်ကို ရင်ပင်ခုန်စေသည်။
နန်းထယ်ရဲ့ ပုံရိပ်မှာ ဂျွန်လှုပ်ပင်မလှုပ်နိုင်တော့…. အကြောင်သားရပ်၍သာကြည့်နေပေသည်။
“ဂျွန်….ဂျွန်….ဟေ့..”
“ဟင်…”
“ဘာရပ်နေတာလဲ ဂျွန်”
“နန်းထယ်….သိပ်ကိုလှတယ်”
“ဂျွန်ကွာ…”
နန်းထယ်မှာ ရှက်ကိုးရှက်ကန်းနဲ့ ဖြစ်ရပါသည်။
“ကဲပါ….မြှောက်တာနောက်မှ သွားရအောင်”
“အင်းး သွားမယ်လေ”
အတူတူပဲ ထွက်လာခဲ့လိုက်ကြတာ ပုဂံမြေဆီသို့…။
ပုဂံရဲ့ညဟာ အေးမြပြီး ငြိမ်သက်နေပေမဲ့ အနန္ဒာဘုရားပွဲတော်ကြောင့်တော့ တိတ်ဆိတ်မနေခဲ့ဘူး။
ရွှေနန်းထယ်က သူ့ရဲ့ပန်းချီကားတွေထဲက ပုဂံရဲ့ညတွေကို အပြင်မှာ တွေ့မြင်နေရတာမို့ ပျော်ရွှင်နေတယ်။ သူနဲ့အတူ လိုက်ပါလာတဲ့ ရန်ကုန်သား ဂျွန်သက်နောင်ရှိန်ကတော့ ပုဂံရဲ့အလှတရားတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဓာတ်ပုံရိုက်ရင်း မွေ့လျော်နေပါသည်။
"နန်းထယ်၊ ဒီကလူတွေ ပျော်ပျော်ရွှင်ရွှင်ရှိကြတာ တွေ့ရတော့ ကိုယ်လည်း ပျော်တယ်ကွာ"
ဂျွန်က ပြုံးပြီးပြောတော့ နန်းထယ်က သူ့ကို ခပ်ပြုံးပြုံးလေးပြန်ကြည့်တယ်။
သူတို့နှစ်ယောက်ဟာ ခင်မင်လာတာ တစ်လလောက်ရှိပြီဖြစ်ပေမဲ့ အခုလို အနီးကပ်ရှိနေတဲ့ အချိန်တွေမှာ နန်းထယ်ရဲ့ရင်ခုန်သံဟာ ပုံမှန်မဟုတ်တော့ဘူး။
ဂျွန်ရဲ့ ချောမောခန့်ညားတဲ့ရုပ်ရည်၊ သူ့ရဲ့တည်ကြည်တဲ့အပြုံးတွေက နန်းထယ်ရဲ့စိတ်ကို တစ်စုံတစ်ရာ လှုပ်ရှားစေသည်။
ပွဲတော်ထဲကို ဝင်လိုက်တာနဲ့ မီးရောင်စုံအောက်က အာနန္ဒာဘုရားဟာ တကယ့်ကို တောက်ပနေတယ်။ လမ်းတစ်လျှောက်လုံးမှာ စားစရာဆိုင်တန်း တွေကလည်း အပြည့်ပါပဲ။
မုန့်ဈေးတန်းမှာတွေ့နေရတဲ့ ရိုးရာမုန့်တွေဖြစ်တဲ့ ကောက်ညှင်းပေါင်း၊ အုန်းထမင်း၊ မန်ကျည်းဖျော်ရည်၊ ဝက်သားကင် စတာတွေက ပွဲတော်ရဲ့အလှကို ပိုပြီး ထင်ရှားစေတယ်။
"ဒီမှာက ဝက်သားကင်ကအကောင်းဆုံးပဲ ထယ်တို့ ငယ်ငယ်ကဆို ဝက်သားကင်ကို အမြဲစားတာ အရမ်းကောင်းတယ်”
နန်းထယ်ပြောရင်းပင် ဝက်သားကင်နှစ်ချောင်းကို ဝယ်ကာ တစ်ချောင်းကို ဂျွန့်လက်ထဲ ထည့်ပေးလိုက်တယ်။
ဂျွန်က ဝက်သားကင်ကို မြည်းစမ်းပြီး ခေါင်းငြိမ့်ပြတယ်။
"အင်း... ဒီအရသာက တကယ့်ကို ကောင်းတယ်။ ရန်ကုန်မှာတော့ ဒီလိုပွဲတွေမရှိဘူး"
ဂျွန်ရဲ့ စကားကြောင့် နန်းထယ် ရယ်လိုက်ပြီး
“ဒါကတော့ ဘယ်တူမလဲ ဂျွန်ရဲ့ အခုလို ဘုရားပွဲမျိုးက ထယ်တို့ ပုဂံမြေလိုနေရာ ကျေးလက်တွေမှာ ကျင်းပလေ့ရှိတာကိုးး”
“ဒါဆိုရင်တော့ ကိုယ် ဒီမှာပဲ တစ်သက်လုံးနေချင်တော့တယ်ကွာ”
“နေပေါ့…ဂျွန်သဘောကျရင်”
“နန်းထယ် က သဘောကျပါ့မလားးး ကိုယ့်ကို”
“ဟင်…”
“ကိုယ်က နန်းထယ်နဲ့ အမြဲနေမှာလေ”
“ဟာ….”
“မြင်လားး နန်းထယ် ကိုယ့်ကို လက်မခံချင်ဘူးမလားး”
“ဘယ်ကလားးး ဂျွန့်ကို ထယ်သဘောကျပါတယ် ရုတ်တရက်မို့ပါ ဂျွန်ကလည်းး ဂျွန်နေချင် သပါ့ဆို နေပါဗျာ”
“တကယ်နေမှာနော် ကိုယ်က”
“အင်းးပါဆို”
“ကိုယ်က နန်းထယ်အနားမှာ အမြဲနေချင်တာ”
ရည်ရွယ်ချက် ရှိရှိသူပြောသလားး စနေလားတော့မသိပေမဲ့ ရှက်နေမိတာက နန်းထယ်ပင်။
မျက်နှာ ရဲရဲလေးနဲ့ နန်းထယ် ချောင်းလေးသာ ဟန့်လို့ ဂျွန်နဲ့အတူ… ပွဲတော်ထဲကို ဆက်ပြီး လျှောက်သွားလိုက်သည်။
ပုခုံးချင်းယှဥ်လျှောက်နေမိတော့….. အနားက ဂျွန် သူ့ထက်အရပ်ပိုရှည်ကာ လူကောင်ကြီးသည်။ မျက်တောင်မခတ်တမ်း ဂျွန့်မျက်နှာကို ကြည့်နေမိတာ။
လူအုပ်ကြားထဲမှာ ဂျွန်ရဲ့တည်ကြည်တဲ့ရုပ်ရည်က ထင်ရှားနေတယ်။ ငေးမိနေတာမို့ ခလုတ်ပင်တိုက်မိတော့ ချော်လဲကျမည်လုပ်တော့ဂျွန်မှ နန်းထယ်ကို ခါးမှ ဆွဲဖက်ကာ လှမ်းထိန်းသည်။
ကြမ်းရှရှ သူ့လက်တွေဟာ သန်မာကာ ထယ့်ထက် ကြီးမားသည်။ ထိုလက်တွေနဲ့ နန်းထယ် ခါးသေးသွယ်သွယ်ပေါ် ဆုပ်ကိုင်လျက်…… နန်းထယ်လေးလည်း ဂျွန့်ရင်ခွင်ထဲ ရောက်သွားတော့ တဒုတ်ဒုတ်နဲ့ ရင်ခုန်သံတွေမှာ အပြင်လူကြားမလားထင်ရသည်အထိ ကျယ်လာသည်။
နန်းထယ်မှာ သူ့နှလုံးးသားး အသံကို စိုးထိတ်လျက် တံတွေးပင်မြိုချရသည်။ ထိုအချိန် သူ့နှလုံးခုန်သံနဲ့ ထပ်တူကြနေသော အသံတစ်သံကိုပါကြားရသည်။
ထိုအသံကား ပိုကျယ်လောင်သည်။ သေချာနားထောင်တော့ ဂျွန့်ရင်ရင်ခွင်ထဲမှာ ရင်ဘတ်ဘယ်ဘတ်ခြမ်းက ကြားနေရတဲ့ နှလုံးခုန်သံပင်။
နန်းထယ်ရဲ့ အလှတွေကြောင့် ပွဲအလယ်မှာ ကင်မရာနဲ့ ဘေးဘီကိုရိုက်နေပေမဲ့ အာရုံမရ… ဘေးနားက ကောလေးကသာ ဂျွန့်စိတ်ကိုစိုးမိုးထားခဲ့တာ။ ကြည့်နေရင် သူသိမှာစိုးလို့ ခေါင်းရှောင်နေခဲ့တာ။
ချော်လဲတော့ စိတ်ကအလိုလို လှမ်းဖမ်းမိတော့ သူ့ခါးကနေတဲ့။ ကိုင်မိလိုက်တဲ့ ခါးလေးး သေးသွယ်လှသည်။ တစ်လကြာခဲ့ပြီ အတူနေခဲ့တာတောင် သူ့မှာ လက်တောင်မထိရဲခဲ့တာ။
အခုတော့ သည်ခါးသွယ်သွယ်လေးပေါ် ဆွဲဖက်ထားမိသည်။ ရင်ခွင်ထဲကို သူ့ကိုယ်လေး ဝင်လာတော့ ရင်ဘတ်ထဲက အကောင်ကား အငြိမ်မနေတော့ပါ။
ဆိုင်းသံဗုံသံ ညံလို့ပင်။ ကြမ်းတမ်းပြင်းထန်စွာ လှုပ်ခတ်နေတဲ့ နှလုံးသားကြောင့် နန်းထယ်ကြးမှာ စိုးရပြန်သည်။
ထိုအခါ ထိုကောင်လေးမှ ရင်ခွင်ထဲမှ မော်ကြည့်တော့ တံတွေး တွေ အလုံးလိုက်မြိုချရသည်။
မျက်တောင်ရှည်ရှည်တွေ….နှာခေါင်းပေါ်က မှည့်လေး ပါးပေါ်က မှည့်လေးတစ်ခု… မျက်ဝန်းတွေရဲ့အောက်က မှည့်နက်လေးတစ်ခု အကုန်လုံးကို…. အနီးကပ်မြင်နေရသည်။
ရင်ခုန်သံတွေမှာ ပိုပိုကျယ်လောင်လာနေပြီ။ အသက်ရှူတောင် မှားမတတ်….ရပ်တန့်သွားတော့မလိုပင်။
ဂျွန် ရုတ်တရက် နန်းထယ်ကို ရင်ခွင်ထဲ မှဖယ်ကာ ခြေတစ်လှမ်းလောက်ဆုတ်ပြီးးး
“ဟို…နန်းထယ် ချော်လဲမှာဆိုးလို့…ထိန်းလိုက်”
နန်းထယ်မှ ဂျွန့်လက်ကိုကိုင်ကာ ပြုံးလျက် ဂျွန့်မျက်ဝန်းတွေထဲ သူကြည့်ကာဆိုသည်။
“ ကျေးဇူးပဲ ဂျွန်”
လှလိုက်တဲအပြုံးလေးတွေ…ကကြီးပုံနှုတ်ခမ်းလေးနဲ့ လေးထောင့်အပြုံးလေးတွေ…။ သူသိပ်သဘောကျတဲ့ သည်အပြုံးလေးတွေ…။ သိပ်လှသည်။ သ်ိပ်တောက်ပသည်။ တန်ဖိုးသိပ်ရှိပါသည်လားးလေ။
ပွဲတော်ထဲ ဆက်၍သာလျှောက်နေမိကြပေမဲ့ ခုဏကထက်တော့ အကွာအဝေးကာ နီးကပ်ကာ ပုခုံးချင်းတိုက်လုနီးပါးးး။
ပွဲတော်ကိုရောက်တဲ့သူတွေဟာ အနန္ဒာဘုရားရဲ့ ညအလှကို စိတ်ရှည်လက်ရှည်ကြည့်ရှုနေကြတယ်။ ဂျွန်က သူ့ရဲ့ကင်မရာနဲ့ ဒီလိုလှပတဲ့ မြင်ကွင်းတွေကို မှတ်တမ်းတင်နေသေးသည်။ တစ်ခါတစ်ခါတော့ ဘေးနားက နန်းထယ်ကို ရိုက်မိတတ်သည်။ ထိုအခါလည်း နန်းထယ်မှာ ပြုံးပြုံးပြတော့ ရင်ခုန်ရပြန်သည်။
"နန်းထယ်၊ ပုဂံက တကယ့်ကို လှပလွန်းတယ်"
"အေးပေါ့... ညဘက် ပုဂံကို မင်းမြင်ဖူးပြီးပြီလား"
"မမြင်ဖူးသေးဘူး"
ဂျွန်ရဲ့ အဖြေကြောင့် နန်းထယ်တို့နှစ်ယောက် ညဘက် ပုဂံရဲ့အလှအပကို လေ့လာဖို့ ဆုံးဖြတ်လိုက်ကြတယ်။
ပွဲတော်ထဲမှာ လျှောက်ရင်း ဇာတ်ပွဲတွေရှိတဲ့နေရာကို ရောက်တော့ စိတ်ဝင်စားသွားကြသည်။နန်းထယ်လည်း ဂျွန်ကို လက်ကနေ ဖွဖွဆွဲကာ…..ဇာတ်ပွဲဆီ တိုးလေသည်။
များပြားလှတဲ့ လူအုပ်တွေကြား အတော်နဲ့တိုးမပေါက်။ အရှေ့ထဲရောက်သည်ထိ နန်းထယ်တိုးလေတော့ ရှေ့က လူတွေကား ပိုပိုကြပ်လာကာ တိုးမရတော့။
“အ ရှေ့နားဆိုရပြီ”
အတင်းဆွဲခေါ်နေသူလေးကို လက်ကနေပြန်ဆွဲကာ ပုခုံးကနေဖက်လျက်….။
“မသွားနဲ့တော့ မတိုးနဲ့တော့ ဒီမှာပဲ ကြည့်ရအောင်”
ပုခုံးပေါ်ကလက်တွေကြောင့် ရင်ထဲမှာ ဝုန်းဒိုင်းကြဲလေပြီ။ ကျောက်ရုပ်လို ငြိမ်မိကာ ဇာတ်ပွဲအပေါ်သာ အာရုံတွေပို့လိုက်သည်။
ဇာတ်ပွဲတွေဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းနေပြီး သရုပ်ဆောင်တွေရဲ့ လှုပ်ရှားမှုတွေက အရမ်းကို အသက်ဝင်နေတယ်။
ပြဇာတ်က မင်းသားနဲ့ မင်းသမီးမှ လိုက်ဖက်လှစွာ ကပြဖျော်ဖြေကာ သူတို့ဟာ ပွဲကြည့်သူ ဂျွန်နဲ့နန်းထယ် နှင့် သိပ်ကိုတူသည်။ သူတို့အခြေအနေနဲ့ သူတို့ခံစားချက်တွေနဲ့ သိပ်ကို တိုက်ဆိုင်နေသော ပြဇာတ်တစ်ခုပင်။
"ဒီဇာတ်ပွဲတွေက တကယ့်ကို ကောင်းတာပဲနော်…"
"အေးပေါ့... ဒီလိုပွဲတော်တွေက နှစ်စဉ်နှစ်တိုင်းရှိတယ်"
ဂျွန်ရဲ့ စကားကြောင့် နန်းထယ် ပြုံးလိုက်ပြီး ဇာတ်ပွဲကို ဆက်ကြည့်နေလိုက်ကြတယ်။
ဂျွန်ရဲ့ လက်က နန်းထယ်ရဲ့ပုခုံးကို ထပ်ကာ လာထိလိုက်တဲ့အခါ နန်းထယ်ရဲ့ နှလုံးသားဟာ မြန်မြန်ဆန်ဆန်ခုန်လာတယ်။ သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက ပုဂံရဲ့အလှနဲ့အတူ စတင်လာပြီဆိုတာ နန်းထယ် သိလိုက်မိသည်။
ပွဲတော်ထဲက ထွက်လာတော့ လက်မှုပစ္စည်းဆိုင်တန်းတွေကို ရောက်သွားကြတယ်။ သစ်သားရုပ်သေးရုပ်လေးတွေ၊ လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းလေးတွေက ဂျွန်ကို စိတ်ဝင်စားစေသည်။
နန်းထယ်က ဂျွန်ကို ရုပ်သေးရုပ်လေးတွေအကြောင်း ရှင်းပြပေးတယ်။
"ဒီရုပ်သေးတွေက မြန်မာ့ရိုးရာယဉ်ကျေးမှုတွေကို ဖော်ညွှန်းတာ၊ ဇာတ်ကောင်တွေတိုင်းမှာ သူ့ရဲ့ပုံစံတွေနဲ့ အဓိပ္ပာယ်တွေရှိတယ်"
လို့ နန်းထယ် ရှင်းပြတော့ ဂျွန်က စိတ်ဝင်တစားနားထောင်တယ်။ ဂျွန်က သူ့ရဲ့ဓာတ်ပုံပြိုင်ပွဲ အတွက်လည်း အမှတ်တရအနေနဲ့ ပုဂံရုပ်သေးရုပ်လေးတစ်ရုပ် ဝယ်လိုက်တယ်။
နန်းထယ်ကလည်း ဂျွန်ရဲ့အမှတ်တရဖြစ်အောင် ရုပ်သေးရုပ်လေးတစ်ရုပ် ဝယ်ပြီး ဂျွန်ကို လက်ဆောင်ပေးလိုက်တယ်။
ပွဲတော်မှာ ညဉ့်နက်လေ လူစည်လေမို့ လူကြပ်လာရာ လူမကွဲအောင် နန်းထယ်လက်ကို ဆုပ်ကိုင်ထားရသည်။
လူအများကြား လက်ချင်းချိတ်လို့ နန်းထယ်ရော ဂျွန်ပါ ပါးတွေရဲနီနေလျက်….ပွဲထဲမှာ လျှောက်ခဲ့ကြပါသည်။
ပွဲတော်ပြီးလို့ အိမ်ပြန်ရောက်တော့ ဂျွန်က နန်းထယ်ကို လှည့်ကြည့်လိုက်ပြီး…
"နန်းထယ်... ဒီညက ကိုယ့်အတွက် တကယ့်ကို အမှတ်တရညလေးပါပဲ"
ဂျွန်ရဲ့ စကားကြောင့် နန်းထယ်ရဲ့ရင်ထဲမှာ နွေးထွေးသွားရတယ်။ အာနန္ဒာ ပွဲတော်ရဲ့ ရနံ့နဲ့အတူ နန်းထယ်နဲ့ ဂျွန့်ရဲ့ခံစားချက်တွေလည်း ပိုပိုသရုပ်ပေါ်ခဲ့ပြီ။ မတိကျမသေချာတဲ့ ခံစားချက်တွေကို အခုတော့ အဖြေပေါ်ခဲ့ပြီ။
အဆုံးမှ နားလည်ကာ သိလိုက်ရတာက ဒါဟာ အချစ်ရဲ့အစပါပဲလေ။
ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Zawgi Code
"နန်းထယ်... မိုးလင်းနေပြီ၊ မထသေးဘူးလား”

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!