Fanfics

Episode 11 (ပုဂံမြေပေါ်က ခြေရာများ)

08:54, 3 October 2025

မနက်ခင်းရဲ့ ပုဂံလေအေးက တိုက်ခတ်နေချိန်မှာ ဂျွန်တစ်ယောက် အိပ်ရာနိုးလာတယ်။ 

အိမ်ရဲ့ မီးဖိုချောင်ဘက်ကနေ မွှေးမွှေးပျံ့ပျံ့ရနံ့တွေရနေတော့ အိမ်အောက်ထပ်ကို ဆင်းကြည့်လိုက်တယ်။ 

အိမ်ရှေ့မှာရှိတဲ့ စားပွဲဝိုင်းမှာတော့ နန်းထယ်ရဲ့မိခင် ဒေါ်သစ္စာက အပြုံးနဲ့အတူ မနက်စာပြင်ဆင်ပေးနေတာကို တွေ့ရတယ်။ 

ဦးမြတ်စံကလည်း နှုတ်ခမ်းစူပြီး လက်ဖက်ရည်ကြမ်းသောက်နေတယ်။ 

ဂျွန်က အိမ်ထဲရောက်တာနဲ့ နှုတ်ဆက်လိုက်တော့ ဒေါ်သစ္စာက 

"သား... နိုးပြီလား။ လာပါ သား.. အန်တီပြင်ထားတဲ့ မနက်စာ လာစားလေ" 

လို့ ဖိတ်ခေါ်သည်။ ဂျွန်လည်း သွားထိုင်လိုက်တော့ အခန်းထဲက ထွက်လာတဲ့ နန်းထယ်က ဂျွန့်ကိုကြည့်ပြီးပြောသည်။ 

“ထယ့်အမေ လုပ်ထားတဲ့ ကောက်ညှင်းပေါင်းက အရမ်းနာမည်ကြီးတယ်နော် ဂျွန်" 

လို့ ပြောပြီး ပြုံးပြလိုက်ကာ ဂျွန့်အနားမှာ ဝင်ထိုင်သည်။ 

ပုဂံရဲ့ မနက်ခင်းနဲ့ ကောက်ညှင်းပေါင်း

ဂျွန်ရဲ့ရှေ့မှာ ချထားတဲ့ ကောက်ညှင်းပေါင်းပန်းကန်ဟာ မြင်ရရုံနဲ့ကို လှပနေတယ်။ 

ဝါးဖတ်လေးထဲ ထည့်ထားတဲ့ ပူနွေးနွေး ကောက်ညှင်းပေါင်းကို အုန်းသီးခြစ်ဖတ်လေးတွေနဲ့ မြေပဲဆန်လှော်လေးတွေ ဖြူးထားပြီး ငရုတ်သီးအကြမ်းမှုန့်လေးတွေပါ ထည့်ထားတာကို တွေ့ရတယ်။ 

ဂျွန်က ဒီလို မနက်စာမျိုး ရန်ကုန်မှာ မစားဖူးတော့ မျက်လုံးဝိုင်းသွားတယ်။ 

"ဒါက ဘာလဲ နန်းထယ်?" 

လို့ မေးလိုက်​​တော့ နန်းထယ်နည်းနည်းတော့ ကြောင်သွားရသည်။  

"ဒါက ကောက်ညှင်းပေါင်းလေ။ ထယ်တို့ မြင်ကပါရွာမှာ မနက်တိုင်းလိုလို စားကြတယ်။ သဘာဝမြေပဲနဲ့ အုန်းသီးတွေနဲ့ ပေါင်းထားတာ" 

လို့ နန်းထယ်က ရှင်းပြပြီး သူ့အတွက် ချထားတဲ့ ကောက်ညှင်းပေါင်းကို ခပ်ပြုံးပြုံးနဲ့ စားနေတယ်။

ဂျွန်လည်း စပြီး မြည်းကြည့်လိုက်တော့ ထင်ထားတာထက် အရမ်းကို အရသာရှိနေတယ်။ ကောက်ညှင်းပေါင်းရဲ့ နူးညံ့မှု၊ အုန်းသီးရဲ့ အချိုဓာတ်၊ မြေပဲရဲ့ အနံ့နဲ့ အရသာတွေက အာခေါင်ထဲမှာ ရောထွေးသွားပြီး ရင်ထဲမှာလည်း မနက်ခင်းရဲ့ ကြည်နူးမှုတွေ ပျံ့နှံ့သွားသလို ခံစားရတယ်။ 

"ကိုယ့်အိမ်မှာဆိုရင် မနက်တိုင်း ပေါင်မုန့်ကို ကော်ဖီနဲ့ပဲစားတာ။ ဒါပေမယ့် ဒါက ပေါင်မုန့်ထက်တောင် အရသာပိုရှိတယ်" 

လို့ပြောလိုက်တော့… နန်းထယ်က ကျေနပ်စွာ ပြုံးပြီး 

"ထယ်တို့ရဲ့ ရိုးရာမနက်စာက ဒီလိုပဲ အရသာရှိအရမ်းရှိတာလေ" 

ဒေါ်သစ္စာက ဂျွန့်ရဲ့ စကားကိုကြားပြီး ချိုသာစွာပြုံးကာ 

"သားလေး ကြိုက်တယ်ဆိုတော့ အန်တီဝမ်းသာတာပေါ့။ နောက်နေ့ကျရင်လည်း နောက်ထပ် မြန်မာမုန့်တွေ လုပ်ကျွေးဦးမယ်ကွယ်" 

လို့ ပြောလိုက်တော့….စားနေရင်း ဂျွန်မှာ အန်တီသစ္စာကိုကြည့်ပြီးးး 

 "ရပါတယ် အန်တီရယ်။ ဒါလေးနဲ့တင် ဝမ်းသာနေပါပြီ" 

လို့ ပြောပြီး နန်းထယ်နဲ့ မျက်လုံးချင်းဆုံကာ ပြုံးလိုက်ကြတယ်။ ဒီမနက်ခင်းရဲ့ ရိုးရှင်းတဲ့ မနက်စာနဲ့အတူ သူတို့နှစ်ဦးကြားက ရင်းနှီးမှုတွေဟာ ပိုပြီးခိုင်မာလာသလိုပင်။ 

မနက်စာစားဝိုင်းမှာ ထိုင်နေသော ဦးလေးမြတ်စံကို တွေ့မိတော့ သတိရမိသည့်အရာ။ 

“ဦးလေးး”

“ဟေ…သား”

“ဦးလေးး ကျွန်တော် ဒီနေ့ ပုဂံဘုရားစေတီတွေ သွားဖူးရင် ဓာတ်ပုံတွေရိုက်မလို့ အဲဒါ လမ်းပြပေးမဲ့သူလေး ဘာလေးရှိဘူးလားဗျ… ကိုယ့်ဘာသာ ကြမသွားတတ်လို့”

“အင်းး အဲလိုတော့ မရှိဘူးး လူငှားရင်တော့ မင်း ပိုက်ဆံကုန်မှာကွ….”

အဖေနဲ့ ဂျွန့်စကားဝိုင်းကြား နန်းထယ်ဖြတ်ပြောမိသည်။

“အဖေကလည်းး သားလိုက်ပို့လိုက်မယ်လေ”

သူထပြောမှ အဖြေရလေပြီ။ ထိုအခါ ဦးမြတ်စံပြုံးရင်း

“ဟုတ်သားး သားငယ် ရှိနေတာပဲ…. ဂျွန့်ကို လိုက်ပို့လို့ရတာပဲ”

“ဟုတ်တယ်လေ အဖေရဲ့ ဂျွန် ထယ်နဲ့ဆို အဆင်ပြေတယ်မလားး”

“ပြေတာထက်ကိုပိုပါတယ်ဗျာ နန်းထယ်နဲ့ဆိုတော့ ပိုကောင်းတာပေါ့”

“ဒါဆိုလည်းး မနက်စာစားပြီးတာနဲ့ သွားကြတာပေါ့ ဟောဒီက ရွှေနန်းထယ်က ပုဂံကိုကျွမ်းစိန်ပါနော် ဟဲ”

“ဟုတ်ကဲ့ပါဗျာ ဟောဒီက မြင်ကပါသားလေးနောက်က လိုက်ပါ့မယ်ဗျာ အားကိုးပါတယ်နော် နန်းထယ်”

“အားသားကိုးထားလိုက်ပေတော့ ဟားးး”

မနက်စာစားဝိုင်းကလည်း ရယ်ရယ်မောမောနဲ့ ပျော်စရာပင်။ ဒီလိုနဲ့ မနက်ခင်းစောစောအချိန်…။

ပုဂံရဲ့ နံနက်ခင်းဟာ လတ်ဆတ်တဲ့လေပြေလေးတွေနဲ့ တိတ်ဆိတ်ငြိမ်သက်နေသည်။ ဂျွန်ဟာ ဓာတ်ပုံပြိုင်ပွဲအတွက် ကင်မရာကို ပုခုံးမှာလွယ်ပြီး လွန်ခဲ့တဲ့ တစ်ရက်ကမှ စတင်ခင်မင်ခဲ့တဲ့ ပန်းချီဆရာလေး မြင်ကပါရွာသားလေး နန်းထယ် နဲ့အတူ ပထမဆုံး ဘုရားဖူးခရီးကို စတင်ခဲ့တယ်။ 

ခြေလျှင်သာသွားခဲ့ကြတာမို့ နာရီဝက်လောက်တော့ လျှောက်ခဲ့ရပါသည်။ လမ်းလျှောက်ရင်းးး ဘေးနားက ကောင်လေးး ရွှေနန်းထယ်။ 

အသက် (၂၀) အရွယ် နန်းထယ်ရဲ့ ရွှေစွန်းအေး မျက်နှာလေးဟာ မိန်းကလေးတွေတောင် အားကျရလောက်အောင် ချောမောလှပ လွန်းတာကြောင့် (၂၂) နှစ်အရွယ် ဂျွန်တစ်ယောက် ပုဂံရဲ့ရှုခင်းအလှအပြင် သူ့ဘေးက ကောင်လေးရဲ့အလှကိုပါ ငေးကြည့်နေမိတော့တယ်။ 

ပထမဆုံးရောက်တဲ့နေရာကတော့ ရွှေဆံတော်ဘုရား။ နေမထွက်ခင် အရုဏ်တက်ချိန်မှာ မြူခိုးတွေဖုံးလွှမ်းနေတဲ့ ပုဂံလွင်ပြင်ဟာ လှေကားထစ်တွေအတိုင်း တဖြည်းဖြည်းတက်သွားချိန်မှာ ရွှေရောင်အလင်းတန်းလေးတွေနဲ့ ပေါင်းစပ်ပြီး ပန်းချီကားတစ်ချပ်လို အသက်ဝင်လာသည်။

 ဂျွန်ဟာ ဒီမြင်ကွင်းကို သူ့ကင်မရာထဲ ဖမ်းယူနေတုန်း နန်းထယ်က ဂျွန်ရဲ့ရှေ့ကို ရောက်လာပြီးး အပြုံးတွေ ပန်ဆင်လျက်သာ….

"ဒီဘုရားကို ပုဂံအင်ပါယာရဲ့ အစောဆုံးခေတ်က အနော်ရထာမင်းက တည်ခဲ့တာ။ မွန်တို့ရဲ့ သထုံပြည်ကနေ ပင့်ဆောင်လာတဲ့ ဗုဒ္ဓရဲ့ ဆံတော်ဓာတ်ကို ဌာပနာဖို့ ရည်ရွယ်ပြီး တည်ထားခဲ့တာလို့ ဆိုကြတယ် ဂျွန်" 

လို့တိုးတိုးလေး ပြောလိုက်ပြန်သည်။ 

"ဒီဘုရားရဲ့ မြင့်မားတဲ့ အဆောက်အအုံပုံစံက ရှေးခေတ်က ဘုရင်တွေရဲ့ တန်ခိုးဩဇာကို ပြသနေသလိုပဲ။ ဘုရားပေါ်ကနေ ပုဂံတစ်လွှားက ဘုရားပေါင်းစုံကို အပေါ်စီးကနေ မြင်ရလို့ နေဝင်ဆည်းဆာကြည့်ဖို့ အကောင်းဆုံးနေရာတစ်ခုလည်း ဖြစ်တယ်"

လို့ ထပ်ပြောတော့ ဂျွန်က နန်းထယ့်ရဲ့ ရိုးသားဖြူစင်တဲ့ အပြုံးလေးကို မြင်လိုက်တာနဲ့ ကင်မရာကိုချပြီး 

"မင်းရဲ့ အသိပညာတွေက ပုဂံရဲ့အလှကို ပိုပြီးအဓိပ္ပာယ်ရှိစေတယ်" 

လို့ ပြောလိုက်ပြီး နန်းထယ့်ရဲ့ မျက်နှာလေးကို ဓာတ်ပုံတစ်ပုံ ရိုက်လိုက်တယ်။ 

နေရောင်ခြည်က ပိုပြီးပူလာတဲ့အချိန်မှာတော့ သူတို့နှစ်ယောက် ဓမ္မရံကြီးဘုရား ကို ဆက်သွားကြသည်။ ပုဂံရဲ့ အကြီးဆုံးနဲ့ အခိုင်မာဆုံးလို့ နာမည်ကျော်တဲ့ ဒီဘုရားကြီးရဲ့ အုတ်နီနီတွေက ယောက်ျားပီသတဲ့ ဂျွန်ရဲ့ စိတ်ကို ဆွဲဆောင်နေသလို။ 

" ဂျွန် ဒီဘုရားကို နောက်ပိုင်းခေတ်က နရသူမင်းက တည်ခဲ့တာ….သူဟာ ဖခင်ကို သတ်ပြီး နန်းတက်ခဲ့လို့ သူ့အပြစ်တွေဆေးကြောဖို့ရယ်၊ နောက်ပြီး သူ့နန်းတက်တာကို မကျေနပ်တဲ့ မှူးမတ်တွေ ရှိခဲ့လို့ သူတို့ကို ဩဇာပြဖို့ပါ ရည်ရွယ်ခဲ့တယ်လို့ဆိုတယ် " 

နန်းထယ်က ဘုရားရဲ့ ကြမ်းတမ်းတဲ့ သမိုင်းကို ရှင်းပြနေပေမဲ့ သူ့မျက်နှာလေးကတော့ နူးညံ့နေဆဲပဲ။ 

"ဒီဘုရားရဲ့ အင်္ဂတေပန်းတော့တွေကို ကြည့်လိုက် ဂျွန်။ သိပ်ကို လှပပြီး အနုစိတ်လွန်းတယ်" 

ဂျွန်က အုတ်တစ်ချပ်နဲ့တစ်ချပ်ကြားမှာ ဆေးထိုးအပ်တောင် မဝင်အောင် တည်ဆောက်ထားတဲ့ လက်ရာတွေကို အံ့ဩနေရင်း

 "ဒီလောက်ခိုင်မာပြီး လေးနက်တဲ့ ဘုရားကို တည်ခဲ့တဲ့ မင်းက စိတ်ထဲမှာ ဘယ်လိုခံစားနေရမလဲဆိုတာ တွေးကြည့်ရင် အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်" 

လို့ ဖြည်းဖြည်းချင်းပြောလိုက်တယ်။

“အင်းး ဂျွန် ပြောသလိုပဲ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်”

လို့သာပြန်ဖြေမိသည်။ သည်ဘုရားမှာလည်း လျှောက်ပတ်ရင်း ဓာတ်ပုံတွေရိုက်ခဲ့ကာ….။

နောက်ထပ်သွားတဲ့နေရာကတော့ အာနန္ဒာဘုရား။ ဂျွန်က ခမ်းနားထည်ဝါတဲ့ ဘုရားရဲ့ ဗိသုကာလက်ရာတွေကို သေချာမှတ်တမ်းတင်နေတုန်း နန်းထယ်က 

"ဒီဘုရားကို ကျန်စစ်သားမင်းက မင်းကြီးရဲ့ ဆရာဖြစ်တဲ့ ရှင်ပုဏ္ဏနဲ့ ရဟန္တာတွေကို ကိုးကွယ်ဖို့ ရည်ရွယ်ပြီး တည်ခဲ့တာ။ သီလရှင်တွေရဲ့ တရားထိုင်ရာ ဂူပုထိုးပုံစံ ကို ယူပြီး တည်ခဲ့တာလို့လည်း ဆိုတယ် ဂျွန်" 

လို့ အသေးစိတ်ပင် ရှင်းပြ​တော့ ဂျွန်မှာ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေသည်။ 

"အထဲမှာတော့ လေးဘက်လေးနား ရပ်တော်မူလေးဆူ ရှိတယ်။ အနောက်ဘက်က ဘုရားရှင်ကတော့ ရှေးခေတ်လက်ရာ မဟုတ်တော့ပေမဲ့ တောင်ဘက်က ဘုရားရှင်ကို အနီးကပ်ကြည့်ရင် မျက်နှာတော်က ပြုံးနေသလိုပဲ။ အဝေးကနေကြည့်ရင်တော့ မျက်နှာတော်က တည်ကြည်နေတတ်တယ်" 

လို့ဆိုပြီး ဂျွန်ရဲ့လက်ကို ခပ်ဖွဖွဆွဲပြီး ဘုရားအတွင်းဘက်ကို လိုက်ပို့တယ်။ ဂျွန်ဟာ အလင်းရောင်မှိန်မှိန်အောက်က ဘုရားကို ငေးကြည့်ရင်း လေးနက်တဲ့အငွေ့အသက်ကို ခံစားလိုက်ရတယ်။

နေလည်းမြင့်လို့ နေ့လည်စာ စားချိန်တောင်ရောက်ပြီ….။ ဗိုက်လည်း ဆာလာပြီမို့ နန်းထယ်မှ ဦးဆောင်ကာ… လမ်းဘေးက ဝါးလုံးထရံနဲ့ ရိုးရှင်းစွာ ဆောက်ထားတဲ့ ဆိုင်လေးတစ်ဆိုင်ထဲ ဝင်သွားတော့သည်။ 

ဆိုင်ထဲမှာတော့ လူတွေက ပုဆိုးတွေ၊ လုံချည်တွေနဲ့ ဝတ်ထားကာ ကိုယ်စီကိုယ်စီ စားသောက်နေကြပြီး ရိုးရှင်းတဲ့ ပန်းကန်တွေနဲ့ ခွက်တွေက ဂျွန့်ရဲ့ ရန်ကုန်က စားသောက်ဆိုင်တွေနဲ့ တခြားစီပဲ။ 

နန်းထယ်က ဂျွန်ကို နေရာတစ်နေရာမှာ ထိုင်ခိုင်းလိုက်ပြီး 

"ဒီမှာက ငါးပိရည်နဲ့ တို့စရာတွေ၊ ပဲပြုတ်၊ ငါးကြော်နဲ့ ထမင်းဆီစမ်းက အဓိကပဲ" 

လို့ ပြောလိုက်တယ်။ ဂျွန်က နန်းထယ့်ကို ကြည့်ပြီး 

"ဒီမှာ အင်္ဂလိပ်စာတွေ ရေးထားတာ မတွေ့ရဘူးပဲ" 

လို့ နောက်လိုက်တော့ နန်းထယ်က သဲ့သဲ့လေးရယ်ကာ

"ဒီမှာက အင်္ဂလိပ်စကားပြောတဲ့သူတွေလည်း မရှိဘူး။ အစားအသောက်တွေကလည်း ရိုးရာပဲ" 

လို့ ပြန်ဖြေလိုက်သည်။ ထို့နောက် နန်းထယ်က ရောင်းတဲ့အစ်မကြီးကို ခေါ်ပြီး 

"အစ်မ၊ ငါးပိရည်နဲ့ တို့စရာရယ်၊ ပဲပြုတ်ရယ်၊ ထမင်းဆီစမ်းရယ်၊ ငါးကြော်ရယ် ပေးပါ" 

လို့ မှာလိုက်တယ်။ ခဏအကြာမှာ ဟင်းပွဲတွေ ရောက်လာတော့ ဂျွန်က မျက်လုံးပြူးသွားတယ်။ ငပိရည်ပန်းကန်လုံးလေးထဲမှာ ငပိရည်တွေက ညိုမည်းနေပြီး ရနံ့ကလည်း ဂျွန်တစ်ခါမှ မရဖူးတဲ့ အနံ့မျိုးပဲ။ 

ဘေးမှာတော့ ရေနွေးဖျောထားတဲ့ တို့စရာအရွက်စုံတွေ၊ ပူပူနွေးနွေး ငါးကြော်တွေနဲ့ နာမည်ကြီး ပဲပြုတ်တွေက စားချင်စဖွယ်ရှိနေသည်။ 

"နန်းထယ်၊ ငါ ဒါတွေ ဘယ်လိုစားရမှန်း မသိဘူး" 

လို့ ရိုးရိုးသားသားပြောလိုက်သည်။ ထိုအခါမှ 

နန်းထယ်က ပြုံးလိုက်ပြီး

 "အဲဒါ ငါးပိရည် လေ။ ငါတို့ရိုးရာအစားအစာပဲ။ ရန်ကုန်က အင်္ဂလိပ်အစားအစာတွေနဲ့ မတူဘူးပေါ့" 

လို့ ပြောလိုက်ပြီးးးနောက်….. 

 "ဒီငါးပိရည်ကို တို့စရာအရွက်တွေနဲ့ တို့ပြီးစားရတာ။ အရင်ဆုံး ဒါလေးကို မြည်းကြည့်" 

လို့ပြောကာ…. နန်းထယ်က ဝါးရွက်ကလေးနဲ့ ငါးပိရည်ကို တို့ပြီး ဂျွန့်ရဲ့ ပါးစပ်နားကို တေ့ပေးလိုက်သည်။ 

ဂျွန်က တုံ့ဆိုင်းနေပေမယ့် နန်းထယ်ရဲ့ မျက်နှာလေးကို ကြည့်ပြီး စားလိုက်သည်။ ထင်ထားတာနဲ့ မတူဘဲ စူးရှတဲ့အရသာက ဂျွန့်ရဲ့အာခေါင်ထဲ ပြန့်နှံ့သွားသည်။ 

ပထမတော့ ရုတ်တရက် အံ့ဩသွားပေမဲ့ မကြာခင်မှာတော့ အရသာအသစ်တစ်ခုကို ကြိုက်သွားပြီဆိုတာ သူသိလိုက်ရပါသည်။

"အရမ်းကောင်းတယ်...။ အရသာက ထူးခြားပြီး စွဲမက်စရာကောင်းတယ်" 

လို့ ဂျွန်က ပြောလိုက်တော့ နန်းထယ်က ဝမ်းသာအားရ ပြုံးလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား အတူတူပဲ ထမင်းပူပူလေးတွေနဲ့ ငါးပိရည်၊ ငါးကြော်နဲ့ ပဲပြုတ်တွေကို စားကြတယ်။ 

ရိုးရှင်းတဲ့ အစားအစာတွေက သူတို့နှစ်ယောက်ရဲ့ စိတ်ခံစားချက်တွေကို ပိုပြီး နီးစပ်စေသလိုပဲ။ ဂျွန်က နန်းထယ့်ရဲ့ မျက်နှာလေးကို ကြည့်လိုက်တိုင်း သူ့ရဲ့ နှလုံးသားထဲမှာ အရင်က မခံစားဖူးတဲ့ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတာကို သိလိုက်တယ်။

ဒီလိုနဲ့ ရိုးရှင်းတဲ့ ပုဂံဒေသက နေ့လည်စာကို အတူတူစားရင်း ပုဂံရဲ့ အရသာကို မြို့သားလေး ဂျွန်ခံစားမိနေပြီမှာလည်းး သည်ကောင်လေး နန်းထယ်ကြောင့်ပဲလေ….။

❦~~~~~~~❦

နေ့လယ်စာ စားပြီးတော့ ဗိုက်တင်းနေတော့…. ခဏနားက ထွက်လာခဲ့ကြရာ…  သူတို့နှစ်ယောက် သဗ္ဗညုဘုရား ကို ရောက်လာတယ်။

 "ကဲ ဂျွန် ဒီဘုရားကတော့ ပုဂံရဲ့ အမြင့်ဆုံးဘုရားလို့ နာမည်ကြီးတယ်။ နောက်ဆုံးခေတ်က အလောင်းစည်သူမင်းက 'အရာရာကို သိမြင်နိုင်တဲ့ဉာဏ်တော်' (သဗ္ဗညုတဉာဏ်) ကို ရည်မှန်းပြီး တည်ခဲ့တာ" 

လို့ နန်းထယ်က ရှင်းပြသည် ။ ထိုမှ ဂျွန်ကလည်း…

"ဒီဘုရားကလည်း သူ့ရဲ့ အနုစိတ်လက်ရာတွေကြောင့် အပေါ်ကိုထိုးတက်သွားသလို ခံစားရတယ်"

 လို့ ပြောတော့ နန်းထယ်က ပြုံးလိုက်ပြီး "အမြင့်ဆုံးဖြစ်လို့ပေါ့" လို့ ဖြေလိုက်သည်။

ဂျွန်က အမြင့်ဆုံးဘုရားကို ကြည့်ရင်း သူ့ရင်ထဲမှာလည်း နန်းထယ်ဆိုတဲ့ ကောင်လေးအကြောင်း အရာရာကို သိမြင်ချင်စိတ်တွေ ပေါ်လာနေပြီလေ။

နေဝင်ရီတရောအချိန်မှာတော့ ပုဂံရဲ့ အခြားအလှတွေကို ရှာဖွေရင်း ဗူးဘုရား၊ မဟာဗောဓိဘုရား၊ မနူဟာဘုရား၊ ကန်တော့ပလ္လင်ဘုရား တို့ကို လည်ပတ်ကြ​သေးသည် ။

ဗူးဘုရားမှာ ဧရာဝတီမြစ်ကနေ လေပြေအေးတွေ တိုက်ခတ်လာပြီး 

"ဒီဘုရားလေးကတော့ ပုဂံရဲ့ အစောဆုံးဘုရားတွေထဲက တစ်ဆူဖြစ်တယ်လို့ ဆိုကြတယ်။ သမိုင်းအဆိုအရ တစ်ခါက ဘုရင်တစ်ပါးဟာ ဘူးသီးပေါ်မှာ တင်ပြီး ဧရာဝတီမြစ်ထဲမျောလာတဲ့ ရွှေရုပ်ပွားတော်ကို တွေ့တဲ့နေရာမှာ တည်ထားခဲ့လို့ 'ဗူးဘုရား' လို့ အမည်တွင်တာ ဂျွန်"

 လို့ နန်းထယ်ကပြောတော့ ဂျွန်ကတော့….

"ဒါဆို ဒီဘုရားက ကံကောင်းခြင်းရဲ့ သင်္ကေတပေါ့" 

လို့ ပြုံးပြုံးလေး ပြောလိုက်သည်။ ဂျွန်ဟာ မြစ်ဘေးက ဘုရားရဲ့ ရွှေရောင်အဆင်းနဲ့ လေအေးတွေ တိုက်ခတ်နေတဲ့ မြင်ကွင်းကို ဓာတ်ပုံရိုက်ရင်း ကြည်နူးနေမိသည်။

မဟာဗောဓိဘုရားကို ရောက်တော့….

" အခု ဒီဘုရားကတော့ အိန္ဒိယနိုင်ငံ ဗုဒ္ဓဂယာက မဟာဗောဓိဘုရားကို ပုံစံတူယူပြီး ပုဂံခေတ်နှောင်းပိုင်းက တည်ခဲ့တာ ဂျွန်….

ပန်းပွင့်ဖတ်ပုံစံ အထပ်ထပ်နဲ့ တည်ဆောက်ထားတဲ့ လက်ရာတွေက အနုပညာကို အရမ်းခံစားတတ်တဲ့ ငါ့လိုလူမျိုးအတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ မြင်ကွင်းတစ်ခုပါပဲ" 

လို့ နန်းထယ်က မျက်နှာလေးဝင်းပစွာ ပြောတော့ ဂျွန်ကလည်း

 "မင်းလို လှပတဲ့အရာတွေကို မြင်ရတာ မင်းအတွက် ပိုပြီးအဓိပ္ပာယ်ရှိမှာပဲ" 

လို့ ပြောလိုက်တော့ မျက်နှာလေး ရဲသွားရပြန်သည့် နန်းထယ်။ 

ကန်တော့ပလ္လင်ဘုရား မှာတော့……

"ဒီဘုရားကိုတော့ အလောင်းစည်သူမင်းရဲ့ သားဖြစ်သူ နရပတိစည်သူမင်းက သူ့ရဲ့ဖခင်ကို လုပ်ကြံခဲ့မိတဲ့ အပြစ်တွေကို ပြန်ပြီးအဖက်ဆယ်ဖို့ တည်ခဲ့တယ်လို့ သမိုင်းမှာ အဆိုရှိတယ် ဂျွန်…."

 လို့ နန်းထယ်က ပြောလိုက်ပြီး….. ဘုရားစေတီကို မော်ကြည့်ရင်းး တစ်ချက်ပြုံးကာ…

 "ဘုရားရဲ့ တည်ဆောက်ပုံက ပန်းပုတွေနဲ့ အနုစိတ်လွန်းတယ်။ အနုပညာခံစားတတ်တဲ့ သူတွေအတွက် သိပ်ကို ကြည်နူးစရာကောင်းတယ်" 

လို့ ထပ်ပြောတော့ ဂျွန်လည်း သဘောတကျ ခေါင်းညိတ်လိုက်သည်။ ပြုံးနေတဲ့ နန်းထယ်လေးကိုလည်း ငေးမောကာကြည့်နေမိပြန်သည်။

နောက်ဆုံးနေရာကတော့ မနူဟာဘုရား။ ဒီဘုရားရဲ့ အတွင်းဘက်မှာတော့ မထင်မှတ်ထားလောက်အောင် ကျဉ်းမြောင်းပြီး ကြီးမားတဲ့ ရုပ်ပွားတော်ကြီးတွေက နေရာအပြည့်ယူထားသည်။

 "ဒီဘုရားကို မနူဟာမင်းက အဖမ်းခံရပြီး တည်ခဲ့တာ။ ရုပ်ပွားတော်တွေက ကြီးမားပြီး နေရာကျဉ်းကျဉ်းလေးထဲ ရှိနေတာက ပုဂံရဲ့အချုပ်အနှောင်အောက်မှာ မင်းကြီးရဲ့ ဘဝက ဘယ်လောက် အကျဉ်းတန်ခဲ့သလဲဆိုတာကို ဖော်ပြနေသလိုပဲ" 

လို့ နန်းထယ်က ရင်ထဲကခံစားချက်အပြည့်နဲ့ ရှင်းပြလိုက်တော့ ဂျွန်က သူ့ရှေ့က ကောင်လေးရဲ့ နူးညံ့တဲ့ စိတ်ထားကို ပိုပြီးသဘောကျသွားတယ်။

ညနေခင်းရဲ့ ရွှေအိုရောင်အလင်းတန်းက ဘုရားတွေပေါ် ဖြာကျနေတယ်။ 

နန်းထယ်က ဘုရားဖူးတွေဆီက လှူဒါန်းထားတဲ့ ပန်းလေးတွေကိုယူပြီး ဂျွန်ကို ကပ်ခိုင်းတယ်။ ဂျွန်ကလည်း နန်းထယ်ကို ကြည့်ရင်း ပန်းတွေကို စေတီတော်ပေါ် တင်လိုက်တယ်။ 

ဘုရားကန်တော့ပြီးတော့ နှစ်ယောက်အတူ နေဝင်ဆည်းဆာကို ငေးကြည့်နေကြသည်။ ဂျွန်ဟာ ပုဂံရဲ့ ရှုခင်းအလှအပြင် သူ့ဘေးက နန်းထယ်ရဲ့ ရိုးသားဖြူစင်တဲ့အလှကိုပါ ဓာတ်ပုံရိုက်မိနေကြောင်း သိလိုက်ရသည်။ 

ပုဂံနဲ့ သိပ်ကို လိုက်ဖက်လွန်းတဲ့ နန်းထယ် ဂျွန့်မျက်လုံးထဲမှာ တောက်ပလျက် ပြီးပြည့်သုံနေသူလေးးပင်။ ဂျွန် နန်းထယ်ကို ကြည့်ရင်းပင် ရင်တွေထဲ ထပ်ကာထပ်ကာ ခုန်လာမိတော့ အသက်ကိုမနည်းပြန် ထိန်းရှူရပြန်သည်။ 

ဒီညနေခင်းမှာ ပုဂံက အလှဆုံးဖြစ်နေသလို သူ့ရဲ့ နှလုံးသားထဲမှာလည်း နန်းထယ်အပေါ် ခင်မင်မှုကနေ အချစ်တစ်ခုအဖြစ် စတင်ပေါ်ပေါက်လာပြီ ဆိုတာကိုတော့ သူမသိခဲ့ပါလေ။ 

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

 

မနက္ခင္းရဲ႕ ပုဂံေလေအးက တိုက္ခတ္ေနခ်ိန္မွာ ဂြၽန္တစ္ေယာက္ အိပ္ရာနိုးလာတယ္။

အိမ္ရဲ႕ မီးဖိုေခ်ာင္ဘက္ကေန ေမႊးေမႊးပ်ံ့ပ်ံ့ရနံ႕ေတြရေနေတာ့ အိမ္ေအာက္ထပ္ကို ဆင္းၾကည့္လိုက္တယ္။

အိမ္ေရွ႕မွာရွိတဲ့ စားပြဲဝိုင္းမွာေတာ့ နန္းထယ္ရဲ႕မိခင္ ေဒၚသစၥာက အၿပဳံးနဲ႕အတူ မနက္စာျပင္ဆင္ေပးေနတာကို ေတြ႕ရတယ္။

ဦးျမတ္စံကလည္း ႏႈတ္ခမ္းစူၿပီး လက္ဖက္ရည္ၾကမ္းေသာက္ေနတယ္။

ဂြၽန္က အိမ္ထဲေရာက္တာနဲ႕ ႏႈတ္ဆက္လိုက္ေတာ့ ေဒၚသစၥာက

"သား... နိုးၿပီလား။ လာပါ သား.. အန္တီျပင္ထားတဲ့ မနက္စာ လာစားေလ"

လို႔ ဖိတ္ေခၚသည္။ ဂြၽန္လည္း သြားထိုင္လိုက္ေတာ့ အခန္းထဲက ထြက္လာတဲ့ နန္းထယ္က ဂြၽန့္ကိုၾကည့္ၿပီးေျပာသည္။

ထယ့္အေမ လုပ္ထားတဲ့ ေကာက္ညွင္းေပါင္းက အရမ္းနာမည္ႀကီးတယ္ေနာ္ ဂြၽန္"

လို႔ ေျပာၿပီး ၿပဳံးျပလိုက္ကာ ဂြၽန့္အနားမွာ ဝင္ထိုင္သည္။

ပုဂံရဲ႕ မနက္ခင္းနဲ႕ ေကာက္ညွင္းေပါင္း

ဂြၽန္ရဲ႕ေရွ႕မွာ ခ်ထားတဲ့ ေကာက္ညွင္းေပါင္းပန္းကန္ဟာ ျမင္ရ႐ုံနဲ႕ကို လွပေနတယ္။

ဝါးဖတ္ေလးထဲ ထည့္ထားတဲ့ ပူႏြေးႏြေး ေကာက္ညွင္းေပါင္းကို အုန္းသီးျခစ္ဖတ္ေလးေတြနဲ႕ ေျမပဲဆန္ေလွာ္ေလးေတြ ျဖဴးထားၿပီး င႐ုတ္သီးအၾကမ္းမႈန႔္ေလးေတြပါ ထည့္ထားတာကို ေတြ႕ရတယ္။

ဂြၽန္က ဒီလို မနက္စာမ်ိဳး ရန္ကုန္မွာ မစားဖူးေတာ့ မ်က္လုံးဝိုင္းသြားတယ္။

"ဒါက ဘာလဲ နန္းထယ္?"

လို႔ ေမးလိုက္ေတာ့ နန္းထယ္နည္းနည္းေတာ့ ေၾကာင္သြားရသည္။

"ဒါက ေကာက္ညွင္းေပါင္းေလ။ ထယ္တို႔ ျမင္ကပါ႐ြာမွာ မနက္တိုင္းလိုလို စားၾကတယ္။ သဘာဝေျမပဲနဲ႕ အုန္းသီးေတြနဲ႕ ေပါင္းထားတာ"

လို႔ နန္းထယ္က ရွင္းျပၿပီး သူ႕အတြက္ ခ်ထားတဲ့ ေကာက္ညွင္းေပါင္းကို ခပ္ၿပဳံးၿပဳံးနဲ႕ စားေနတယ္။

ဂြၽန္လည္း စၿပီး ျမည္းၾကည့္လိုက္ေတာ့ ထင္ထားတာထက္ အရမ္းကို အရသာရွိေနတယ္။ ေကာက္ညွင္းေပါင္းရဲ႕ ႏူးညံ့မႈ၊ အုန္းသီးရဲ႕ အခ်ိဳဓာတ္၊ ေျမပဲရဲ႕ အနံ႕နဲ႕ အရသာေတြက အာေခါင္ထဲမွာ ေရာေထြးသြားၿပီး ရင္ထဲမွာလည္း မနက္ခင္းရဲ႕ ၾကည္ႏူးမႈေတြ ပ်ံ့ႏွံ႕သြားသလို ခံစားရတယ္။

"ကိုယ့္အိမ္မွာဆိုရင္ မနက္တိုင္း ေပါင္မုန႔္ကို ေကာ္ဖီနဲ႕ပဲစားတာ။ ဒါေပမယ့္ ဒါက ေပါင္မုန႔္ထက္ေတာင္ အရသာပိုရွိတယ္"

လို႔ေျပာလိုက္ေတာ့ နန္းထယ္က ေက်နပ္စြာ ၿပဳံးၿပီး

"ထယ္တို႔ရဲ႕ ရိုးရာမနက္စာက ဒီလိုပဲ အရသာရွိအရမ္းရွိတာေလ"

ေဒၚသစၥာက ဂြၽန႔္ရဲ႕ စကားကိုၾကားၿပီး ခ်ိဳသာစြာၿပဳံးကာ

"သားေလး ႀကိဳက္တယ္ဆိုေတာ့ အန္တီဝမ္းသာတာေပါ့။ ေနာက္ေန႕က်ရင္လည္း ေနာက္ထပ္ ျမန္မာမုန႔္ေတြ လုပ္ေကြၽးဦးမယ္ကြယ္"

လို႔ ေျပာလိုက္ေတာ့.စားေနရင္း ဂြၽန္မွာ အန္တီသစၥာကိုၾကည့္ၿပီးးး

"ရပါတယ္ အန္တီရယ္။ ဒါေလးနဲ႕တင္ ဝမ္းသာေနပါၿပီ"

လို႔ ေျပာၿပီး နန္းထယ္နဲ႕ မ်က္လုံးခ်င္းဆုံကာ ၿပဳံးလိုက္ၾကတယ္။ ဒီမနက္ခင္းရဲ႕ ရိုးရွင္းတဲ့ မနက္စာနဲ႕အတူ သူတို႔ႏွစ္ဦးၾကားက ရင္းႏွီးမႈေတြဟာ ပိုၿပီးခိုင္မာလာသလိုပင္။

မနက္စာစားဝိုင္းမွာ ထိုင္ေနေသာ ဦးေလးျမတ္စံကို ေတြ႕မိေတာ့ သတိရမိသည့္အရာ။

ဦးေလးး

ေဟသား

ဦးေလးး ကြၽန္ေတာ္ ဒီေန႕ ပုဂံဘုရားေစတီေတြ သြားဖူးရင္ ဓာတ္ပုံေတြရိုက္မလို႔ အဲဒါ လမ္းျပေပးမဲ့သူေလး ဘာေလးရွိဘူးလားဗ် ကိုယ့္ဘာသာ ၾကမသြားတတ္လို႔

အင္းး အဲလိုေတာ့ မရွိဘူးး လူငွားရင္ေတာ့ မင္း ပိုက္ဆံကုန္မွာကြ.

အေဖနဲ႕ ဂြၽန့္စကားဝိုင္းၾကား နန္းထယ္ျဖတ္ေျပာမိသည္။

အေဖကလည္းး သားလိုက္ပို႔လိုက္မယ္ေလ

သူထေျပာမွ အေျဖရေလၿပီ။ ထိုအခါ ဦးျမတ္စံၿပဳံးရင္း

ဟုတ္သားး သားငယ္ ရွိေနတာပဲ. ဂြၽန့္ကို လိုက္ပို႔လို႔ရတာပဲ

ဟုတ္တယ္ေလ အေဖရဲ႕ ဂြၽန္ ထယ္နဲ႕ဆို အဆင္ေျပတယ္မလားး

ေျပတာထက္ကိုပိုပါတယ္ဗ်ာ နန္းထယ္နဲ႕ဆိုေတာ့ ပိုေကာင္းတာေပါ့

ဒါဆိုလည္းး မနက္စာစားၿပီးတာနဲ႕ သြားၾကတာေပါ့ ေဟာဒီက ေ႐ႊနန္းထယ္က ပုဂံကိုကြၽမ္းစိန္ပါေနာ္ ဟဲ

ဟုတ္ကဲ့ပါဗ်ာ ေဟာဒီက ျမင္ကပါသားေလးေနာက္က လိုက္ပါ့မယ္ဗ်ာ အားကိုးပါတယ္ေနာ္ နန္းထယ္

အားသားကိုးထားလိုက္ေပေတာ့ ဟားးး

မနက္စာစားဝိုင္းကလည္း ရယ္ရယ္ေမာေမာနဲ႕ ေပ်ာ္စရာပင္။ ဒီလိုနဲ႕ မနက္ခင္းေစာေစာအခ်ိန္။

ပုဂံရဲ႕ နံနက္ခင္းဟာ လတ္ဆတ္တဲ့ေလေျပေလးေတြနဲ႕ တိတ္ဆိတ္ၿငိမ္သက္ေနသည္။ ဂြၽန္ဟာ ဓာတ္ပုံၿပိဳင္ပြဲအတြက္ ကင္မရာကို ပုခုံးမွာလြယ္ၿပီး လြန္ခဲ့တဲ့ တစ္ရက္ကမွ စတင္ခင္မင္ခဲ့တဲ့ ပန္းခ်ီဆရာေလး ျမင္ကပါ႐ြာသားေလး နန္းထယ္ နဲ႕အတူ ပထမဆုံး ဘုရားဖူးခရီးကို စတင္ခဲ့တယ္။

ေျခလွ်င္သာသြားခဲ့ၾကတာမို႔ နာရီဝက္ေလာက္ေတာ့ ေလွ်ာက္ခဲ့ရပါသည္။ လမ္းေလွ်ာက္ရင္းးး ေဘးနားက ေကာင္ေလးး ေ႐ႊနန္းထယ္။

အသက္ (၂၀) အ႐ြယ္ နန္းထယ္ရဲ႕ ေ႐ႊစြန္းေအး မ်က္ႏွာေလးဟာ မိန္းကေလးေတြေတာင္ အားက်ရေလာက္ေအာင္ ေခ်ာေမာလွပ လြန္းတာေၾကာင့္ (၂၂) ႏွစ္အ႐ြယ္ ဂြၽန္တစ္ေယာက္ ပုဂံရဲ႕ရႈခင္းအလွအျပင္ သူ႕ေဘးက ေကာင္ေလးရဲ႕အလွကိုပါ ေငးၾကည့္ေနမိေတာ့တယ္။

ပထမဆုံးေရာက္တဲ့ေနရာကေတာ့ ေ႐ႊဆံေတာ္ဘုရား။ ေနမထြက္ခင္ အ႐ုဏ္တက္ခ်ိန္မွာ ျမဴခိုးေတြဖုံးလႊမ္းေနတဲ့ ပုဂံလြင္ျပင္ဟာ ေလွကားထစ္ေတြအတိုင္း တျဖည္းျဖည္းတက္သြားခ်ိန္မွာ ေ႐ႊေရာင္အလင္းတန္းေလးေတြနဲ႕ ေပါင္းစပ္ၿပီး ပန္းခ်ီကားတစ္ခ်ပ္လို အသက္ဝင္လာသည္။

ဂြၽန္ဟာ ဒီျမင္ကြင္းကို သူ႕ကင္မရာထဲ ဖမ္းယူေနတုန္း နန္းထယ္က ဂြၽန္ရဲ႕ေရွ႕ကို ေရာက္လာၿပီးး အၿပဳံးေတြ ပန္ဆင္လ်က္သာ.

"ဒီဘုရားကို ပုဂံအင္ပါယာရဲ႕ အေစာဆုံးေခတ္က အေနာ္ရထာမင္းက တည္ခဲ့တာ။ မြန္တို႔ရဲ႕ သထုံျပည္ကေန ပင့္ေဆာင္လာတဲ့ ဗုဒၶရဲ႕ ဆံေတာ္ဓာတ္ကို ဌာပနာဖို႔ ရည္႐ြယ္ၿပီး တည္ထားခဲ့တာလို႔ ဆိုၾကတယ္ ဂြၽန္"

လို႔တိုးတိုးေလး ေျပာလိုက္ျပန္သည္။

"ဒီဘုရားရဲ႕ ျမင့္မားတဲ့ အေဆာက္အအုံပုံစံက ေရွးေခတ္က ဘုရင္ေတြရဲ႕ တန္ခိုးဩဇာကို ျပသေနသလိုပဲ။ ဘုရားေပၚကေန ပုဂံတစ္လႊားက ဘုရားေပါင္းစုံကို အေပၚစီးကေန ျမင္ရလို႔ ေနဝင္ဆည္းဆာၾကည့္ဖို႔ အေကာင္းဆုံးေနရာတစ္ခုလည္း ျဖစ္တယ္"

လို႔ ထပ္ေျပာေတာ့ ဂြၽန္က နန္းထယ့္ရဲ႕ ရိုးသားျဖဴစင္တဲ့ အၿပဳံးေလးကို ျမင္လိုက္တာနဲ႕ ကင္မရာကိုခ်ၿပီး

"မင္းရဲ႕ အသိပညာေတြက ပုဂံရဲ႕အလွကို ပိုၿပီးအဓိပၸာယ္ရွိေစတယ္"

လို႔ ေျပာလိုက္ၿပီး နန္းထယ့္ရဲ႕ မ်က္ႏွာေလးကို ဓာတ္ပုံတစ္ပုံ ရိုက္လိုက္တယ္။

ေနေရာင္ျခည္က ပိုၿပီးပူလာတဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ေယာက္ ဓမၼရံႀကီးဘုရား ကို ဆက္သြားၾကသည္။ ပုဂံရဲ႕ အႀကီးဆုံးနဲ႕ အခိုင္မာဆုံးလို႔ နာမည္ေက်ာ္တဲ့ ဒီဘုရားႀကီးရဲ႕ အုတ္နီနီေတြက ေယာက္်ားပီသတဲ့ ဂြၽန္ရဲ႕ စိတ္ကို ဆြဲေဆာင္ေနသလို။

" ဂြၽန္ ဒီဘုရားကို ေနာက္ပိုင္းေခတ္က နရသူမင္းက တည္ခဲ့တာ.သူဟာ ဖခင္ကို သတ္ၿပီး နန္းတက္ခဲ့လို႔ သူ႕အျပစ္ေတြေဆးေၾကာဖို႔ရယ္၊ ေနာက္ၿပီး သူ႕နန္းတက္တာကို မေက်နပ္တဲ့ မႉးမတ္ေတြ ရွိခဲ့လို႔ သူတို႔ကို ဩဇာျပဖို႔ပါ ရည္႐ြယ္ခဲ့တယ္လို႔ဆိုတယ္ "

နန္းထယ္က ဘုရားရဲ႕ ၾကမ္းတမ္းတဲ့ သမိုင္းကို ရွင္းျပေနေပမဲ့ သူ႕မ်က္ႏွာေလးကေတာ့ ႏူးညံ့ေနဆဲပဲ။

"ဒီဘုရားရဲ႕ အဂၤေတပန္းေတာ့ေတြကို ၾကည့္လိုက္ ဂြၽန္။ သိပ္ကို လွပၿပီး အႏုစိတ္လြန္းတယ္"

ဂြၽန္က အုတ္တစ္ခ်ပ္နဲ႕တစ္ခ်ပ္ၾကားမွာ ေဆးထိုးအပ္ေတာင္ မဝင္ေအာင္ တည္ေဆာက္ထားတဲ့ လက္ရာေတြကို အံ့ဩေနရင္း

"ဒီေလာက္ခိုင္မာၿပီး ေလးနက္တဲ့ ဘုရားကို တည္ခဲ့တဲ့ မင္းက စိတ္ထဲမွာ ဘယ္လိုခံစားေနရမလဲဆိုတာ ေတြးၾကည့္ရင္ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္"

လို႔ ျဖည္းျဖည္းခ်င္းေျပာလိုက္တယ္။

အင္းး ဂြၽန္ ေျပာသလိုပဲ သိပ္စိတ္ဝင္စားဖို႔ေကာင္းတယ္

လို႔သာျပန္ေျဖမိသည္။ သည္ဘုရားမွာလည္း ေလွ်ာက္ပတ္ရင္း ဓာတ္ပုံေတြရိုက္ခဲ့ကာ.။

ေနာက္ထပ္သြားတဲ့ေနရာကေတာ့ အာနႏၵာဘုရား။ ဂြၽန္က ခမ္းနားထည္ဝါတဲ့ ဘုရားရဲ႕ ဗိသုကာလက္ရာေတြကို ေသခ်ာမွတ္တမ္းတင္ေနတုန္း နန္းထယ္က

"ဒီဘုရားကို က်န္စစ္သားမင္းက မင္းႀကီးရဲ႕ ဆရာျဖစ္တဲ့ ရွင္ပုဏၰနဲ႕ ရဟႏၱာေတြကို ကိုးကြယ္ဖို႔ ရည္႐ြယ္ၿပီး တည္ခဲ့တာ။ သီလရွင္ေတြရဲ႕ တရားထိုင္ရာ ဂူပုထိုးပုံစံ ကို ယူၿပီး တည္ခဲ့တာလို႔လည္း ဆိုတယ္ ဂြၽန္"

လို႔ အေသးစိတ္ပင္ ရွင္းျပေတာ့ ဂြၽန္မွာ ေခါင္းတညိတ္ညိတ္နဲ႕ နားေထာင္ေနသည္။

"အထဲမွာေတာ့ ေလးဘက္ေလးနား ရပ္ေတာ္မူေလးဆူ ရွိတယ္။ အေနာက္ဘက္က ဘုရားရွင္ကေတာ့ ေရွးေခတ္လက္ရာ မဟုတ္ေတာ့ေပမဲ့ ေတာင္ဘက္က ဘုရားရွင္ကို အနီးကပ္ၾကည့္ရင္ မ်က္ႏွာေတာ္က ၿပဳံးေနသလိုပဲ။ အေဝးကေနၾကည့္ရင္ေတာ့ မ်က္ႏွာေတာ္က တည္ၾကည္ေနတတ္တယ္"

လို႔ဆိုၿပီး ဂြၽန္ရဲ႕လက္ကို ခပ္ဖြဖြဆြဲၿပီး ဘုရားအတြင္းဘက္ကို လိုက္ပို႔တယ္။ ဂြၽန္ဟာ အလင္းေရာင္မွိန္မွိန္ေအာက္က ဘုရားကို ေငးၾကည့္ရင္း ေလးနက္တဲ့အေငြ႕အသက္ကို ခံစားလိုက္ရတယ္။

ေနလည္းျမင့္လို႔ ေန႕လည္စာ စားခ်ိန္ေတာင္ေရာက္ၿပီ.။ ဗိုက္လည္း ဆာလာၿပီမို႔ နန္းထယ္မွ ဦးေဆာင္ကာ လမ္းေဘးက ဝါးလုံးထရံနဲ႕ ရိုးရွင္းစြာ ေဆာက္ထားတဲ့ ဆိုင္ေလးတစ္ဆိုင္ထဲ ဝင္သြားေတာ့သည္။

ဆိုင္ထဲမွာေတာ့ လူေတြက ပုဆိုးေတြ၊ လုံခ်ည္ေတြနဲ႕ ဝတ္ထားကာ ကိုယ္စီကိုယ္စီ စားေသာက္ေနၾကၿပီး ရိုးရွင္းတဲ့ ပန္းကန္ေတြနဲ႕ ခြက္ေတြက ဂြၽန႔္ရဲ႕ ရန္ကုန္က စားေသာက္ဆိုင္ေတြနဲ႕ တျခားစီပဲ။

နန္းထယ္က ဂြၽန္ကို ေနရာတစ္ေနရာမွာ ထိုင္ခိုင္းလိုက္ၿပီး

"ဒီမွာက ငါးပိရည္နဲ႕ တို႔စရာေတြ၊ ပဲျပဳတ္၊ ငါးေၾကာ္နဲ႕ ထမင္းဆီစမ္းက အဓိကပဲ"

လို႔ ေျပာလိုက္တယ္။ ဂြၽန္က နန္းထယ့္ကို ၾကည့္ၿပီး

"ဒီမွာ အဂၤလိပ္စာေတြ ေရးထားတာ မေတြ႕ရဘူးပဲ"

လို႔ ေနာက္လိုက္ေတာ့ နန္းထယ္က သဲ့သဲ့ေလးရယ္ကာ

"ဒီမွာက အဂၤလိပ္စကားေျပာတဲ့သူေတြလည္း မရွိဘူး။ အစားအေသာက္ေတြကလည္း ရိုးရာပဲ"

လို႔ ျပန္ေျဖလိုက္သည္။ ထို႔ေနာက္ နန္းထယ္က ေရာင္းတဲ့အစ္မႀကီးကို ေခၚၿပီး

"အစ္မ၊ ငါးပိရည္နဲ႕ တို႔စရာရယ္၊ ပဲျပဳတ္ရယ္၊ ထမင္းဆီစမ္းရယ္၊ ငါးေၾကာ္ရယ္ ေပးပါ"

လို႔ မွာလိုက္တယ္။ ခဏအၾကာမွာ ဟင္းပြဲေတြ ေရာက္လာေတာ့ ဂြၽန္က မ်က္လုံးျပဴးသြားတယ္။ ငပိရည္ပန္းကန္လုံးေလးထဲမွာ ငပိရည္ေတြက ညိုမည္းေနၿပီး ရနံ႕ကလည္း ဂြၽန္တစ္ခါမွ မရဖူးတဲ့ အနံ႕မ်ိဳးပဲ။

ေဘးမွာေတာ့ ေရႏြေးေဖ်ာထားတဲ့ တို႔စရာအ႐ြက္စုံေတြ၊ ပူပူႏြေးႏြေး ငါးေၾကာ္ေတြနဲ႕ နာမည္ႀကီး ပဲျပဳတ္ေတြက စားခ်င္စဖြယ္ရွိေနသည္။

"နန္းထယ္၊ ငါ ဒါေတြ ဘယ္လိုစားရမွန္း မသိဘူး"

လို႔ ရိုးရိုးသားသားေျပာလိုက္သည္။ ထိုအခါမွ

နန္းထယ္က ၿပဳံးလိုက္ၿပီး

"အဲဒါ ငါးပိရည္ ေလ။ ငါတို႔ရိုးရာအစားအစာပဲ။ ရန္ကုန္က အဂၤလိပ္အစားအစာေတြနဲ႕ မတူဘူးေပါ့"

လို႔ ေျပာလိုက္ၿပီးးးေနာက္..

"ဒီငါးပိရည္ကို တို႔စရာအ႐ြက္ေတြနဲ႕ တို႔ၿပီးစားရတာ။ အရင္ဆုံး ဒါေလးကို ျမည္းၾကည့္"

လို႔ေျပာကာ. နန္းထယ္က ဝါး႐ြက္ကေလးနဲ႕ ငါးပိရည္ကို တို႔ၿပီး ဂြၽန႔္ရဲ႕ ပါးစပ္နားကို ေတ့ေပးလိုက္သည္။

ဂြၽန္က တုံ႕ဆိုင္းေနေပမယ့္ နန္းထယ္ရဲ႕ မ်က္ႏွာေလးကို ၾကည့္ၿပီး စားလိုက္သည္။ ထင္ထားတာနဲ႕ မတူဘဲ စူးရွတဲ့အရသာက ဂြၽန႔္ရဲ႕အာေခါင္ထဲ ျပန႔္ႏွံ႕သြားသည္။

ပထမေတာ့ ႐ုတ္တရက္ အံ့ဩသြားေပမဲ့ မၾကာခင္မွာေတာ့ အရသာအသစ္တစ္ခုကို ႀကိဳက္သြားၿပီဆိုတာ သူသိလိုက္ရပါသည္။

"အရမ္းေကာင္းတယ္...။ အရသာက ထူးျခားၿပီး စြဲမက္စရာေကာင္းတယ္"

လို႔ ဂြၽန္က ေျပာလိုက္ေတာ့ နန္းထယ္က ဝမ္းသာအားရ ၿပဳံးလိုက္တယ္။ ၿပီးေတာ့ ႏွစ္ေယာက္သား အတူတူပဲ ထမင္းပူပူေလးေတြနဲ႕ ငါးပိရည္၊ ငါးေၾကာ္နဲ႕ ပဲျပဳတ္ေတြကို စားၾကတယ္။

ရိုးရွင္းတဲ့ အစားအစာေတြက သူတို႔ႏွစ္ေယာက္ရဲ႕ စိတ္ခံစားခ်က္ေတြကို ပိုၿပီး နီးစပ္ေစသလိုပဲ။ ဂြၽန္က နန္းထယ့္ရဲ႕ မ်က္ႏွာေလးကို ၾကည့္လိုက္တိုင္း သူ႕ရဲ႕ ႏွလုံးသားထဲမွာ အရင္က မခံစားဖူးတဲ့ ေပ်ာ္႐ႊင္မႈေတြနဲ႕ ျပည့္ေနတာကို သိလိုက္တယ္။

ဒီလိုနဲ႕ ရိုးရွင္းတဲ့ ပုဂံေဒသက ေန႕လည္စာကို အတူတူစားရင္း ပုဂံရဲ႕ အရသာကို ၿမိဳ႕သားေလး ဂြၽန္ခံစားမိေနၿပီမွာလည္းး သည္ေကာင္ေလး နန္းထယ္ေၾကာင့္ပဲေလ.။

~~~~~~~

ေန႕လယ္စာ စားၿပီးေတာ့ ဗိုက္တင္းေနေတာ့. ခဏနားက ထြက္လာခဲ့ၾကရာ သူတို႔ႏွစ္ေယာက္ သဗၺၫုဘုရား ကို ေရာက္လာတယ္။

"ကဲ ဂြၽန္ ဒီဘုရားကေတာ့ ပုဂံရဲ႕ အျမင့္ဆုံးဘုရားလို႔ နာမည္ႀကီးတယ္။ ေနာက္ဆုံးေခတ္က အေလာင္းစည္သူမင္းက 'အရာရာကို သိျမင္နိုင္တဲ့ဉာဏ္ေတာ္' (သဗၺၫုတဉာဏ္) ကို ရည္မွန္းၿပီး တည္ခဲ့တာ"

လို႔ နန္းထယ္က ရွင္းျပသည္ ။ ထိုမွ ဂြၽန္ကလည္း

"ဒီဘုရားကလည္း သူ႕ရဲ႕ အႏုစိတ္လက္ရာေတြေၾကာင့္ အေပၚကိုထိုးတက္သြားသလို ခံစားရတယ္"

လို႔ ေျပာေတာ့ နန္းထယ္က ၿပဳံးလိုက္ၿပီး "အျမင့္ဆုံးျဖစ္လို႔ေပါ့" လို႔ ေျဖလိုက္သည္။

ဂြၽန္က အျမင့္ဆုံးဘုရားကို ၾကည့္ရင္း သူ႕ရင္ထဲမွာလည္း နန္းထယ္ဆိုတဲ့ ေကာင္ေလးအေၾကာင္း အရာရာကို သိျမင္ခ်င္စိတ္ေတြ ေပၚလာေနၿပီေလ။

ေနဝင္ရီတေရာအခ်ိန္မွာေတာ့ ပုဂံရဲ႕ အျခားအလွေတြကို ရွာေဖြရင္း ဗူးဘုရား၊ မဟာေဗာဓိဘုရား၊ မႏူဟာဘုရား၊ ကန္ေတာ့ပလႅင္ဘုရား တို႔ကို လည္ပတ္ၾကေသးသည္ ။

ဗူးဘုရားမွာ ဧရာဝတီျမစ္ကေန ေလေျပေအးေတြ တိုက္ခတ္လာၿပီး

"ဒီဘုရားေလးကေတာ့ ပုဂံရဲ႕ အေစာဆုံးဘုရားေတြထဲက တစ္ဆူျဖစ္တယ္လို႔ ဆိုၾကတယ္။ သမိုင္းအဆိုအရ တစ္ခါက ဘုရင္တစ္ပါးဟာ ဘူးသီးေပၚမွာ တင္ၿပီး ဧရာဝတီျမစ္ထဲေမ်ာလာတဲ့ ေ႐ႊ႐ုပ္ပြားေတာ္ကို ေတြ႕တဲ့ေနရာမွာ တည္ထားခဲ့လို႔ 'ဗူးဘုရား' လို႔ အမည္တြင္တာ ဂြၽန္"

လို႔ နန္းထယ္ကေျပာေတာ့ ဂြၽန္ကေတာ့.

"ဒါဆို ဒီဘုရားက ကံေကာင္းျခင္းရဲ႕ သေကၤတေပါ့"

လို႔ ၿပဳံးၿပဳံးေလး ေျပာလိုက္သည္။ ဂြၽန္ဟာ ျမစ္ေဘးက ဘုရားရဲ႕ ေ႐ႊေရာင္အဆင္းနဲ႕ ေလေအးေတြ တိုက္ခတ္ေနတဲ့ ျမင္ကြင္းကို ဓာတ္ပုံရိုက္ရင္း ၾကည္ႏူးေနမိသည္။

မဟာေဗာဓိဘုရားကို ေရာက္ေတာ့.

" အခု ဒီဘုရားကေတာ့ အိႏၵိယနိုင္ငံ ဗုဒၶဂယာက မဟာေဗာဓိဘုရားကို ပုံစံတူယူၿပီး ပုဂံေခတ္ႏွောင္းပိုင္းက တည္ခဲ့တာ ဂြၽန္.

ပန္းပြင့္ဖတ္ပုံစံ အထပ္ထပ္နဲ႕ တည္ေဆာက္ထားတဲ့ လက္ရာေတြက အႏုပညာကို အရမ္းခံစားတတ္တဲ့ ငါ့လိုလူမ်ိဳးအတြက္ေတာ့ အဖိုးမျဖတ္နိုင္တဲ့ ျမင္ကြင္းတစ္ခုပါပဲ"

လို႔ နန္းထယ္က မ်က္ႏွာေလးဝင္းပစြာ ေျပာေတာ့ ဂြၽန္ကလည္း

"မင္းလို လွပတဲ့အရာေတြကို ျမင္ရတာ မင္းအတြက္ ပိုၿပီးအဓိပၸာယ္ရွိမွာပဲ"

လို႔ ေျပာလိုက္ေတာ့ မ်က္ႏွာေလး ရဲသြားရျပန္သည့္ နန္းထယ္။

ကန္ေတာ့ပလႅင္ဘုရား မွာေတာ့

"ဒီဘုရားကိုေတာ့ အေလာင္းစည္သူမင္းရဲ႕ သားျဖစ္သူ နရပတိစည္သူမင္းက သူ႕ရဲ႕ဖခင္ကို လုပ္ႀကံခဲ့မိတဲ့ အျပစ္ေတြကို ျပန္ၿပီးအဖက္ဆယ္ဖို႔ တည္ခဲ့တယ္လို႔ သမိုင္းမွာ အဆိုရွိတယ္ ဂြၽန္."

လို႔ နန္းထယ္က ေျပာလိုက္ၿပီး.. ဘုရားေစတီကို ေမာ္ၾကည့္ရင္းး တစ္ခ်က္ၿပဳံးကာ

"ဘုရားရဲ႕ တည္ေဆာက္ပုံက ပန္းပုေတြနဲ႕ အႏုစိတ္လြန္းတယ္။ အႏုပညာခံစားတတ္တဲ့ သူေတြအတြက္ သိပ္ကို ၾကည္ႏူးစရာေကာင္းတယ္"

လို႔ ထပ္ေျပာေတာ့ ဂြၽန္လည္း သေဘာတက် ေခါင္းညိတ္လိုက္သည္။ ၿပဳံးေနတဲ့ နန္းထယ္ေလးကိုလည္း ေငးေမာကာၾကည့္ေနမိျပန္သည္။

ေနာက္ဆုံးေနရာကေတာ့ မႏူဟာဘုရား။ ဒီဘုရားရဲ႕ အတြင္းဘက္မွာေတာ့ မထင္မွတ္ထားေလာက္ေအာင္ က်ဥ္းေျမာင္းၿပီး ႀကီးမားတဲ့ ႐ုပ္ပြားေတာ္ႀကီးေတြက ေနရာအျပည့္ယူထားသည္။

"ဒီဘုရားကို မႏူဟာမင္းက အဖမ္းခံရၿပီး တည္ခဲ့တာ။ ႐ုပ္ပြားေတာ္ေတြက ႀကီးမားၿပီး ေနရာက်ဥ္းက်ဥ္းေလးထဲ ရွိေနတာက ပုဂံရဲ႕အခ်ဳပ္အႏွောင္ေအာက္မွာ မင္းႀကီးရဲ႕ ဘဝက ဘယ္ေလာက္ အက်ဥ္းတန္ခဲ့သလဲဆိုတာကို ေဖာ္ျပေနသလိုပဲ"

လို႔ နန္းထယ္က ရင္ထဲကခံစားခ်က္အျပည့္နဲ႕ ရွင္းျပလိုက္ေတာ့ ဂြၽန္က သူ႕ေရွ႕က ေကာင္ေလးရဲ႕ ႏူးညံ့တဲ့ စိတ္ထားကို ပိုၿပီးသေဘာက်သြားတယ္။

ညေနခင္းရဲ႕ ေ႐ႊအိုေရာင္အလင္းတန္းက ဘုရားေတြေပၚ ျဖာက်ေနတယ္။

နန္းထယ္က ဘုရားဖူးေတြဆီက လႉဒါန္းထားတဲ့ ပန္းေလးေတြကိုယူၿပီး ဂြၽန္ကို ကပ္ခိုင္းတယ္။ ဂြၽန္ကလည္း နန္းထယ္ကို ၾကည့္ရင္း ပန္းေတြကို ေစတီေတာ္ေပၚ တင္လိုက္တယ္။

ဘုရားကန္ေတာ့ၿပီးေတာ့ ႏွစ္ေယာက္အတူ ေနဝင္ဆည္းဆာကို ေငးၾကည့္ေနၾကသည္။ ဂြၽန္ဟာ ပုဂံရဲ႕ ရႈခင္းအလွအျပင္ သူ႕ေဘးက နန္းထယ္ရဲ႕ ရိုးသားျဖဴစင္တဲ့အလွကိုပါ ဓာတ္ပုံရိုက္မိေနေၾကာင္း သိလိုက္ရသည္။

ပုဂံနဲ႕ သိပ္ကို လိုက္ဖက္လြန္းတဲ့ နန္းထယ္ ဂြၽန့္မ်က္လုံးထဲမွာ ေတာက္ပလ်က္ ၿပီးျပည့္သုံေနသူေလးးပင္။ ဂြၽန္ နန္းထယ္ကို ၾကည့္ရင္းပင္ ရင္ေတြထဲ ထပ္ကာထပ္ကာ ခုန္လာမိေတာ့ အသက္ကိုမနည္းျပန္ ထိန္းရႉရျပန္သည္။

ဒီညေနခင္းမွာ ပုဂံက အလွဆုံးျဖစ္ေနသလို သူ႕ရဲ႕ ႏွလုံးသားထဲမွာလည္း နန္းထယ္အေပၚ ခင္မင္မႈကေန အခ်စ္တစ္ခုအျဖစ္ စတင္ေပၚေပါက္လာၿပီ ဆိုတာကိုေတာ့ သူမသိခဲ့ပါေလ။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories