19
15:25, 3 December 2023"ကဲ...ပြောစမ်းပါဦး...ဘာတွေလဲဆိုတာ"
ဧည့်ခန်းထဲမှာ ထယ်ယောင်းမိဘတွေကတစ်ဖက်မှာထိုင်နေပြီး မျက်နှာချင်းဆိုင်မှာတော့ ထယ်ယောင်းနဲ့ဂျောင်ကုထိုင်နေကြသည်။ဂျောင်ကုကခုထိအေပရွန်မချွတ်ရသေးသလို မျက်နှာမှာလည်းဂျုံမှုန့်ဖြူဖြူတွေကပ်နေတုန်း။ထယ်ယောင်းကလည်းအလုပ်ကပြန်လာတာနဲ့ ခြံထဲကနေတန်းမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အင်္ကျီတောင်မလဲနိုင်ပဲ ထိုအတိုင်းသာကုပ်ကုပ်လေးထိုင်နေသည်။ဒီတစ်ခေါက် ဂျူလိုင်ပိတ်ရက်မှာ အမေတို့ကိုဖွင့်ပြောဖို့ရည်ရွယ်ထားသော်လည်း ခုတော့ဘာမပြောညာမပြောနဲ့ရောက်ချလာပြီး သိသွားလေပြီ။
"နှစ်ယောက်လုံးပါးစပ်ကို မှန်ကြည့်ဖို့ထားတာလား...ဖြေကြလေ!!"
ဒယ်ဂူးသူပီပီအသံပြဲပြီး အပေါက်ဆိုးတဲ့အမေကထအော်တော့မှ ထယ်ယောင်းကခေါင်းမော့ကြည့်ပြီး မချင့်မရဲဖြင့်ပြောဖို့အရေးကိုတွန့်ဆုတ်နေသည်။ပုံမှန်အချိန်ဆို ဇတ်ကျဲကျဲနိုင်တဲ့ဂျောင်ကုလည်း ထယ်ယောင်းအမေကိုတော့ကြောက်သည်မို့ ယုန်သူငယ်လေးလိုခေါင်းငုံ့ထားသည်။
"ကင်မ်ထယ်ယောင်း...နင်ဖြေစမ်း...အဲ့ယုန်လိုလိုကြွက်လိုလိုဟာလေးနဲ့နင်ကဘာတွေလဲ...နင့်ကို ကိုကိုလို့ခေါ်နေတော့...ဘာလဲ!...ငါမသိအောင်မွေးစားလိုက်တာလား!"
"မိန်းမ...ဒီကောင်လေးကကြီးနေပြီလေ..မွေးစားလို့မှမရတော့တာ"
ယုတ္တိမရှိတဲ့မိန်းမဖြစ်သူစကားတော့ ဝင်ထောက်ပေးတော့ မျက်စောင်းထိုးခံလိုက်ရတာမို့ ချက်ချင်းပါးစပ်ပိတ်ပြီး အပြင်ကိုပဲအကြည့်လွှဲနေလိုက်သည်။အချိန်မရွေး နေရာမရွေး မိန်းမကိုကြောက်နေရတာလည်း အလုပ်တစ်လုပ်ပါပဲလား?
"ငါမေးတာဖြေကြလေ!..စိတ်မရှည်တော့ဘူးနော်!!"
"သား...သားချစ်သူပါအမေ"
အမေကအသံပြဲကြီးနဲ့ထပ်အော်တော့မှ ထယ်ယောင်းမှာတုန်တုန်ချိချိဖြင့်ဖြေလိုက်ရသည်။လက်ဖျားတွေအေးစက်ပြီး ကြောက်တာဖင်ပါတုန်တယ်။
ထယ်ယောင်းအဖြေကြောင့် မိဘနှစ်ပါးလုံးမှာအနည်းငယ်မျက်လုံးပြူးမျက်ဆန်ပြူးဖြစ်သွားသော်လည်း ဒရမ်မာတွေထဲကလို မေ့လဲသွားတာတွေတော့မရှိ။
"နာမည်ပြော"
"ဂျွန်ဂျောင်ကုပါ"
အမေကဒူးကိုချိတ်ထိုင်ပြီး ခန္ဓါကိုယ်ကိုမတ်မတ်ထား၍အနေအထားပြင်ပြီး မျက်နှာကိုချီကာမေးတော့ ထယ်ယောင်းကဝင်ဖြေသည်။
"နင်ကဂျွန်ဂျောင်ကုလား...ငါမေးနေတာနင့်ဘေးကကောင်လေးကိုမေးတာ"
ထိုသို့ပြောမှ ဂျောင်ကုမှာချက်ချင်းခေါင်းမော့ပြီး လက်ပိုက်၍ သူ့ကိုမျက်မှောင်ကျုံ့ပြီးစိုက်ကြည့်နေတဲ့ထယ်ယောင်းအမေကို ရယ်ပြလိုက်သည်။
"ငါရယ်ခိုင်းတာလား...နာမည်မေးနေတာ"
သူငယ်နာမစင်တဲ့ရုပ်နဲ့ ကြောင်တောင်တောင်လာလုပ်နေတဲ့ကောင်လေးကြောင့် ပိတ်ဟောက်ပစ်လိုက်သည်။ရုပ်လေးကတော့ချောပေမယ့် လက်မှာလည်းပရောင်စုံတက်တူးတွေနဲ့ နားမှာလည်းအကွင်းတွေကဘယ်နှခုမှန်းမသိ။ဘယ်လိုကြည့်ကြည့် လမ်းဘေးနေလမ်းဘေးစား ကလေကချေရုပ်လေး။အသက်ကတော့ အိမ်ကကျေးဇူးရှင်ထက်ငယ်မယ့်ပုံပဲ။ဧကန္တ...ဒင်းကငါ့သားကိုများ ချူစားနေတာလား?
အိမ်ကကျေးဇူးရှင်ကဖအေတူငတုံးဆိုတော့ ငါသေချာစစ်ဆေးမှာပါပဲ။
"ကျုပ်နာမည်က ဂျွန်ဂျောင်ကုပါခင်ဗျ"
ဂျောင်ကုအနေတော်အသံအနေအထားဖြင့် ရိုရိုသေသေခါးကိုင်းပြီးမိတ်ဆက်လိုက်သည်။
"ဟက်...'ကျုပ်'ဆိုတည်းက တောသားပဲ"
ထယ်ယောင်းအမေက ဂျောင်ကုကိုကြည့်ပြီးနှုတ်ခမ်းကိုရွဲ့၍တိုးတိုးပြောသည်။
"ဟို...ဘာပြောလိုက်တာလဲခင်ဗျ!"
"အလုပ်အကိုင်"
ဂျောင်ကုပြောတာကိုမသိချင်ယောင်ဆောင်ပြီး နောက်မေးခွန်းဆက်မေးသည်။ထယ်ယောင်းကတော့ အမေဖြစ်သူအကြောင်းသိတာမို့ လက်သည်းကိုတတိတိကိုက်ရင်း စိုးရိမ်နေသည်။
"တက္ကသိုလ်ကျောင်းသားပါ"
"အလုပ်လက်မဲ့ပေါ့"
"အာ...ဟုတ်ကဲ့...လောလောဆယ်တော့အလုပ်လက်မဲ့ပါ"
ဟင်း...သေချာတယ်။အိမ်ကကျေးဇူးရှင်လေးကို ချူစားနေတာပဲ။
"ဘာတက္ကသိုလ်တက်နေတာလဲ"
"ဆိုးလ်တက္ကသိုလ်ပါ အမေ"
ဂျောင်ကုမဖြေခင် ထယ်ယောင်းကကြားဖြတ်၍ဖြေသည်။ဆိုးလ်တက္ကသိုလ်ဆိုတာနဲ့ အရောင်တောက်သွားမယ့်အမေ့မျက်လုံးတွေကို သိတာပေါ့။ဒါကြောင့် 'ဆိုးလ်' ဆိုတဲ့နေရာကိုတမင်ဖိပြောလိုက်တော့ အမေ့မျက်လုံးကထင်တဲ့အတိုင်း အရောင်လက်လာသည်။
"အဟမ်း...ဆိုးလ်တက္ကသိုလ်ကျောင်းသားပေါ့...မဆိုးပါဘူး...အလုပ်လက်မဲ့ပေမယ့်...ကျောင်းပြီးရင်တော့အလုပ်ကောင်းကောင်းရမှာပဲ"
"ဟုတ်ကဲ့"
ဂျောင်ကုကပြုံးပြ၍ ခေါင်းညိတ်ပြတော့ ထယ်ယောင်းအမေကအကြည့်လွှဲပြီး မသိချင်ဆောင်သည်။
"မိဘတွေဘာလုပ်လဲ"
ထိုမေးခွန်းကြောင့် ဂျောင်ကုသက်ပျင်းချမိလိုက်သည်။ကွာရှင်းထားတဲ့သူ့မိဘတွေဆက်ဆံရေးကိုသာသိရင် ကိုကို့အမေကသဘာတူပါ့မလား?
"အဖေကရွာမှာပဲစိုက်ပျိုးရေးနဲ့...မွေးမြူရေးလုပ်တာပါ...အမေကတော့အဖေနဲ့ကွာရှင်းပြီး...နောက်အိမ်ထောင်နဲ့ပါ"
"ဟား!...သွားပြီပဲ"
လုံးဝငမွဲပါလား?ကင်မ်ထယ်ယောင်းကတော့ ဘယ်လိုအကောင်ကိုရှာလာပါ့လိမ်?
"အမေ!"
"မိန်းမ!"
ထယ်ယောင်းအမေရဲ့ညည်းညူသံကြောင့် ဂျောင်ကုကခေါင်းငိုက်စိုက်ကျသွားတော့ ထယ်ယောင်းရော ထယ်ယောင်းအဖေပါအော်တော့သည်။ဒါဟာလူတစ်ယောက်လုံးကို ရှေ့တည့်တည့်မှာထားပြီး ပေါ်တင်ကဲ့ရဲ့လိုက်တာမလား?
"အမယ်လေးဟယ်...ဘာလို့အော်နေကြတာလဲ"
"မိန်းမ...မင်းအဲ့လိုပြောလိုက်တာလွန်တယ်မလား"
ထယ်ယောင်းအဖေက မိန်းမရဲ့အင်္ကျီစကို မရဲတရဲဆွဲ၍ပြောတော့ ဗိုက်ကိုတံတောင်နဲ့အတွတ်ခံလိုက်ရသည်။
"မင်းမိဘတွေအိမ်ထောင်ရေးကို...ငါစိတ်မဝင်စားသလိုကဲ့လည်းမကဲ့ရဲ့ဘူး...သိချင်တာကမင်းအဖေအလုပ်အကိုင်ပဲ...ငါ့သားချစ်သူဆိုတော့ ငါသိဖို့လိုတယ်မလား...ဘာလုပ်လဲဆိုတာအသေးစိတ်ပြောပြ"
ထိုအခါမှဂျောင်ကုမျက်နှာမှာ ပြန်အရောင်ဝင်းလာတော့သည်။
"အဖေကစတော်ဘယ်ရီစိုက်ပြီး...နွားတွေမွေးတာပါ"
ဟူး...လုံးဝဆင်းရဲသားပါလား?
"စတော်ဘယ်ရီခြံတွေအများကြီးစိုက်ပြီး...နွားတွေမွေးပြီးJudoဆိုတဲ့အမေကြိုက်တဲ့နွားနို့ကုမ္ပဏီကို...နွားနို့ပို့တာပါ"
ခပ်ပြတ်ပြတ်ဖြေတဲ့ဂျောင်ကုစကားကို ထယ်ယောင်းကထပ်ဖြည့်၍ဖြေသည်။မောင်ကလေသိပ်အတာ...ပိုင်တာဆိုင်တာကိုတိတိကျကျပြောပေါ့။ဒါနဲ့များအမေ့ဆီကသူ့ကိုတောင်းဦးမယ်တဲ့။
"နင်ကတော်တော်သိနေပါလား...ငါမေးနေတာကာယကံရှင်ကိုလေ"
သဲသဲကဲကဲဖြစ်နေတဲ့သားဖြစ်သူကို ဟောက်လိုက်တော့မှ ခေါင်းပြန်ငုံ့သွားသည်။အင်း...အိမ်စီးပွားရေးကတော့ မဆိုးပါဘူး။ဒါနဲ့..ငါကလည်းလက်တွေ့မှယုံတာ..လိမ်ပြောနေတာလည်းဖြစ်နိုင်တာပဲ။
"မင်းစကားကိုယုံလို့ရလား"
"ဟုတ်...ရပါတယ်အန်တီ"
ထယ်ယောင်းအဖေမှာ လူကိုရှေ့မှာထားပြီး တရားခံစစ်စစ်နေတဲ့မိန်းမကို သည်းမခံနိုင်တော့တာကြောင့် ယောကျာ်းအာဏာကိုပြဖို့အတွက် မတ်တပ်ရပ်လိုက်သည်။ဒီမိန်းမကို တစ်ခါလောက်တော့ သူ့အကြောင်းသိအောင်ပြဦးမှပဲ။
"အဲ့ဒါဘာလုပ်တာလဲ"
ရုတ်တရက်ထပြီး မတ်တပ်ရပ်လိုက်တဲ့ယောကျာ်းကြောင့် မေးလိုက်တော့
"ဟို...ညောင်းလို့ပါမိန်းမရဲ့"
ပြမယ့်အာဏာဆိုတာလည်း ဒီမိန်းမအသံကြားတာနဲ့တင် ဘယ်ချောင်ရောက်သွားမှန်းမသိ။အသွေးအသားတစ်ခုလုံးကကို ဒီမိန်းမကိုကြောက်နေတာ။ဝဋ်ကြွေးဆိုတာ ဒါမျိုးကိုပြောတာထင်တယ်။
"ရှင်ညောင်းနေလက်စနဲ့...ကျွန်မဖို့ရေသွားခပ်ပေးစမ်းပါ...စကားပြောတာများသွားလို့...ရေဆာတယ်"
"ဟုတ်ကဲ့ အသဲလေး"
ထယ်ယောင်းမှာတော့ အားကိုးတကြီးဖြင့် အဖေဖြစ်သူကိုကြည့်နေသော်လည်း နောက်ဆုံးမှာဒုံရင်းကဒုံရင်းပဲမို့ ခေါင်းခါရင်းစိတ်ပျက်စွာ သက်ပျင်းချလိုက်သည်။
အဖေဖြစ်သူကတော့ 'မိန်းမရိုသေအသက်ရှည်' ဆိုတဲ့ မယက တွေရဲ့ဆောင်ပုဒ်အတိုင်း မီးဖိုချောင်ထဲပြေးသွားတာမှ တန်းနေရော။
"မင်းစကားကိုယုံလို့ရတယ်ဆို...မင်းအိမ်ကိုဖုန်းခေါ်လိုက်ပါ"
"ဗျာ!"
ထယ်ယောင်းအမေစကားကြောင့် ရေခပ်ပြီးပြန်လာတဲ့အဖေအပါအဝင် ထယ်ယောင်းရောဂျောင်ကုပါလန့်သွားတော့သည်။ထယ်ယောင်းကတော့အလန့်ဆုံးပင်။အမေကဘာလုပ်ဖို့ မောင့်အဖေနဲ့ဖုန်းပြောမှာလဲ?
"ဘာလုပ်မလို့လဲ အမေ"
"အတည်ပြုမလို့လေ...ဘာလုပ်နေတာလဲ...ဖုန်းခေါ်လေ"
ဂျောင်ကုလည်း ထိုတော့မှ အဖေကိုဖုန်းခေါ်လိုက်ရသည်။ပထမတစ်ခေါက်ခေါ်တော့အဖေကမကိုင်...ကြည့်ရတာနွားခြံထဲမှာအလုပ်များနေတယ်ထင်တယ်။ဒုတိယတစ်ခေါက်ခေါ်တော့လည်းမကိုင်။
မဝင်တဲ့ဖုန်းကိုကြည့်ပြီး ထယ်ယောင်းအမေကမဲ့ပြုံးပြုံးသည်။
ဟက်...သောက်ကလေး။ငါ့သားငတုံးကိုပဲလိမ်လို့ရမယ်။ငါ့တော့ လာလိမ်လို့ရမလား?စဥ်းစားလေ။မာနကြီးပြီး သူ့ကိုယ်သူဘဝင်မြင့်နေတဲ့ ဒယ်ဂူးမြို့နယ်ရေးမှူးသားကင်မ်ထယ်ယောင်းအဖေ ကင်မ်ဂွမ်ယောင်းကိုတောင် ငါပဲအစွယ်ချိုးလာတာ။ဒီလောက်ကတော့ ဟွန်း...နှပ်ချေးကလော်နေသလောက်ပဲရှိတယ်ဟဲ့။
အရှေ့တည့်တည့်ကနေ 'ငါသိတယ်' ဟူသောသဘောမျိုးနဲ့ စူးစိုက်ကြည့်နေတဲ့ ကိုကို့အမေကြောင့် အဖေ့ကိုအဆက်မပြတ်ဖုန်းခေါ်နေရသည်။အဖေကလည်း အခုမှတော်တော်နဲ့ဖုန်းမကိုင်။7ကြိမ်မြောက်လောက်မှ တဒူဒူမြည်နေသောအသံနဲ့အတူ 'ဟယ်လို' ဆိုတာကိုကြားရတော့သည်။
"စပီကာဖွင့်လိုက်"
"ဟုတ်"
ထယ်ယောင်းအမေညွှန်ကြားတဲ့အတိုင်း ဂျောင်ကုကဖုန်းကိုစပီကာဖွင့်ပြီး စားပွဲပေါ်တင်လိုက်သည်။ထယ်ယောင်းကတော့ အမေဘာပြောမလဲဆိုတာကို စိုးရိမ်တကြီးနဲ့စောင့်ကြည့်နေသည်။
"ဂျွန်ဂျောင်ကုအဖေဟုတ်ပါလား...ကျွန်မကကင်မ်ထယ်ယောင်းအမေ ကင်မ်ဆိုဂျောင်းပါ"
တစ်ဖက်ကဂျောင်ကုအဖေမှာ သားမက်လေးရဲ့အမေဆိုတာကြောင့် ကောက်ရိုးတွေချနေတာကိုရပ်ပြီး လက်အိတ်ကိုချွတ်၍ တရိုတသေပြန်ဖြေသည်။
'ဟုတ်ကဲ့...ကျုပ်ကဂျွန်ဂျောင်ကုရဲ့အဖေ ဂျွန်ဂျောင်ဆိုးပါ'
"စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်တယ်လို့ သားဖြစ်သူပြောတယ်...စတော်ဘယ်ရီစိုက်တယ်ဆိုလို့...ဘယ်နှခင်းလောက်စိုက်တာလဲ"
မိန်းမဖြစ်သူရဲ့ပေါက်တတ်ကရမေးခွန်းကြောင့် ထယ်ယောင်းအဖေက လက်ကိုနည်းနည်းတို့ရင်း မမေးဖို့ခေါင်းခါပြသည်။သို့သော် ထယ်ယောင်းအမေက လာတို့တဲ့လက်ကိုပြန်ဆွဲဆိတ်လိုက်ပြီး မျက်လုံးပြူးပြသည်။
'ကျုပ်တို့စိုက်တာစုစုပေါင်းက...အခင်း200လောက်ပါ'
ဘုရားရေ...အခင်း200ဆို ဧက40လောက်ပေါ့။
"မြေကအပိုင်လား...ငှားစိုက်တာလားရှင့်"
"ဘိုးဘွားပိုင်မြေပါခင်ဗျ...အပိုင်ပါ..ဘာဖြစ်လို့လဲခင်ဗျ...ဂျောင်ကုကီးတစ်ခုခုလိမ်ပြောထားလို့လား"
ဂျောင်ကုအဖေဂျွန်ဂျောင်ဆိုးမှာ သားဖြစ်သူရဲ့အကျင့်ကိုသိတာကြောင့်မေးလိုက်တော့ တစ်ဖက်ကထယ်ယောင်းအမေကမဟုတ်ပါဘူးပြောမှ သက်ပျင်းချနိုင်တော့သည်။
"နွားမွေးမြူရေးလုပ်တယ်လို့လည်း သားဖြစ်သူကပြောပါတယ်...ဘယ်လိုလဲဆိုတာရှင်းပြပေးနိုင်မလား"
"အမေ...အဲ့ဒါတွေမေးပြီးဘာလုပ်မလို့လဲ"
ထယ်ယောင်းက အပိုတွေမေးနေတဲ့အမေကို တိုးတိုးပြောတော့ အမေဖြစ်သူကတိုးတိုးနေစမ်းဟု အသံတိတ်ပြန်ပြောသည်။
'ကျုပ်တို့ကနို့စားနွားတွေမွေးပြီး...Judoဆိုတဲ့နွားနို့ကုမ္ပဏီကိုတင်ပို့တာပါ'
"ဟိုလေ...နွားဘယ်နှကောင်လောက်များ..."
'အတိအကျကတော့ အကောင်ရေ1483ကောင်ပါ'
အိုးမိုး...ငါ့သားလေးက တောသူဌေးကိုရှာထားတာပါလား?ခုနကငတုံးလို့ပြောထားတာကို ပြန်ရုတ်သိမ်းတယ်။ငါ့သားလေးကသူ့အဖေနဲ့မတူပဲ အရမ်းတော်တာပဲ။
"ဟုတ်ကဲ့...ဒါလေးမေးချင်လို့ဖုန်းဆက်လိုက်တာပါ...နောက်မှသပ်သပ်ဆက်သွယ်လိုက်ပါ့မယ်ရှင့်"
ထယ်ယောင်းအမေက ယဥ်ယဥ်ကျေးကျေးပြောပြီးတော့ဖုန်းချလိုက်သည်။
"သားလေးက တစ်ဦးတည်းသောသားလား"
လေသံအစပြောင်းလဲသွားတော့ အမေကြောင့်ထယ်ယောင်းရော အဖေဖြစ်သူပါ ပါးစပ်အဟောင်းသား။
"ဟုတ်ကဲ့...ကျုပ်ကတစ်ဦးတည်းသောသားပါအန်တီ"
ဒါဆိုအမွေတွေအကုန် ဒီကောင်လေးပဲရမှာပဲ။
"အို...အမေလို့ပဲခေါ်ပါကွယ်...အန်တီဆိုတာကြီးက သူစိမ်းဆန်လွန်းတယ်"
ထယ်ယောင်းနဲ့အဖေဖြစ်သူမှာ သိသိသာသာကိုပြောင်းလဲသွားတဲ့အမေဖြစ်သူကို လိုက်မမှီနိုင်တော့။ဂျောင်ကုကတော့ သဘောကောင်းတဲ့ထယ်ယောင်းအမေကြောင့် အတောက်ပဆုံးပြုံး၍ ပျော်နေသည်။
ဒါက သူနဲ့ကိုကိုနဲ့ကိုခွင့်ပြုတယ်ဆိုတဲ့သဘောမလား?
"အာ...ဟုတ်ကဲ့...အ...အမေ"
"အို...အရမ်းလိမ္မာတာပဲကွယ်...ထယ်ယောင်းထက်ငယ်တဲ့ပုံပဲ...သားလေးကဘယ်နှနှစ်လဲ"
"အသက်20ပါအမေ"
"ထယ်ယောင်းထက်7နှစ်တောင်ငယ်တာပဲ...အမေ့သားကိုရောချစ်ရဲ့လား"
ထယ်ယောင်းအမေက ရေတစ်ငုံသောက်ပြီးမေးလိုက်တော့
"ကိုကို့ကိုအရမ်းချစ်တာပါ...ချစ်တယ်ဆိုတာထက်ပိုပါတယ်...ကိုကိုကကျုပ်ဘဝပါ"
ဂျောင်ကုရဲ့တွေဝေခြင်းမရှိပဲဖြေလိုက်တဲ့အဖြေကြောင့် ထယ်ယောင်းမှာ မျက်နှာတစ်ခုလုံးရဲတက်လာပြီး ခေါင်းကိုငုံ့ချလိုက်တော့သည်။
"အမယ်လေး...ချစ်တယ်ဆိုရပါပြီရှင့်"
အားလုံးကပြုံးရွှင်နေသော်လည်း ထယ်ယောင်းအဖေကတော့ဘေးကမိန်းမရဲ့ အပြောင်းအလဲမြန်ပုံကိုကြည့်၍ စိတ်ထဲကနေ 'မျက်နှာများတဲ့မိန်းမ 'ဟုဝေဖန်နေလေရဲ့။
ဒီလိုနဲ့ပဲ အဆင်ပြေသွားတဲ့သားမက်နဲ့ယောက္ခမဆက်ဆံရေးက စကားတပြောပြောနဲ့ပြီးသွားတော့သည်။ညရောက်တော့ ဂျောင်ကုချက်ပြုတ်ထားတဲ့ဟင်းတွေနဲ့ပဲ တူတူစားလိုက်ကြတော့ ထယ်ယောင်းအဖေက ပန်းကန်ဆေးနေတဲ့ဂျောင်ကုနားကိုသွား၍ သူ့မိန်းမဟင်းချက်လက်ရာထက် ဂျောင်ကုလက်ရာကပိုကောင်းကြောင်း ကပ်ချီးကျုးသွားသည်။ထယ်ယောင်းအမေကလည်း ဘက်စုံတော်တဲ့သားမက်လောင်းလေးကို ပါးစပ်ဖျားကမချ။ဂျောင်ကုကီးလို့ခေါ်၍ ထယ်ယောင်းရဲ့ငယ်ငယ်တုန်းကအကြောင်းတွေကို အကုန်ပြောပြသည်။ဂျောင်ကုမှာလည်း မိသားစုနဲ့နေချင်တဲ့သူမို့ ထယ်ယောင်းမိဘတွေနဲ့သင့်သင့်မြတ်မြတ်နေပြီး တစ်ချိန်လုံးရယ်မောနေသည်။
"ဂျောင်ကုကီးက...ဒီမှာအိပ်လို့ဖြစ်ပါ့မလား"
အခန်းနှစ်ခန်းထဲရှိတာကြောင့် ဂျောင်ကုကသူနေနေတဲ့အခန်းကို ထယ်ယောင်းမိဘတွေကိုပေးနေ၍ သူကတော့စောင်နဲ့ခေါင်းအုံးတစ်လုံးပိုက်ပြီး ဧည့်ခန်းထဲမှာအိပ်ဖို့လုပ်သည်။
"ရပါတယ်အဖေ...ခရီးကပင်ပန်းလာတယ်ဆိုတော့ သက်တောင့်သက်သာအနားယူပါ"
"ဒါဆို...အဖေတို့လည်းအိပ်ပြီနော်"
"ဟုတ်ကဲ့"
တစ်အိမ်လုံးငြိမ်သက်သွားတော့မှ ဧည့်ခန်းမီးကိုပိတ်ပြီး ဆိုဖာပေါ်မှာလှဲ၍ ခေါင်းမြှီးခြုံပြီးအိပ်ဖို့ကြိုးစားလိုက်သည်။နေရာအပြောင်းအလဲမို့ တော်တော်နဲ့အိပ်မပျော်သေးတာမို့ မျက်လုံးမှိတ်ထားရင်းနဲ့ပဲ ရောက်တတ်ရာရာလျှောက်တွေးနေလိုက်သည်။ထိုအချိန်တရှပ်ရှပ်နဲ့ကြားလိုက်ရတဲ့အသံကြောင့် မျက်လုံးကဆတ်ခနဲပွင့်သွားသည်။သို့သော် ခေါင်းမြှီးခြုံထားလျက်နဲ့ပဲ နားစွင့်ကြည့်တော့ ထိုတရှပ်ရှပ်အသံနဲ့အတူ 'မောင်' ဟူသောခေါ်သံတိုးတိုးကိုကြားရတော့မှာ မျက်လုံးပြန်မှိတ်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်သည်။
"မောင်...အိပ်သွားပြီလား"
ဘာမှမသိတဲ့ထယ်ယောင်းက ဂျောင်ကုကိုအသာတို့ထိ၍ တိုးတိုးလေးမေးသည်။သူ့မှာ မောင့်ကိုအခန်းထဲခေါ်အိပ်ချင်သော်လည်း မိဘတွေရှိနေလို့မသင့်တော်တာမို့ မောင့်ကိုဧည့်ခန်းမှာအိပ်ခိုင်းလိုက်ရသည်။ဒါကြောင့် အခုသူခေါင်းအုံးနေကျ ခေါင်းအုံးအိအိလေးယူလာပေးတာ။နောက်မို့ဆို မနက်မိုးလင်းတာနဲ့ မောင်တော့ဇာတ်ကျောတက်လို့ဆိုပြီး အော်နေရမှာ။
"မောင်...အိပ်ပျော်သွားတာလားလို့"
သူ့ကိုလှုပ်ပြီးမေးနေတဲ့ကိုကို့ကိုစချင်တာကြောင့် တမင်ပြန်မထူးပဲ အိပ်ချင်ယောင်ဆောင်၍ ဟောက်ပြလိုက်သည်။
"အာ...ဟောက်တောင်ဟောက်နေပြီပဲ"
ထယ်ယောင်းလည်း ဟောက်နေတဲ့ဂျောင်ကုကိုမနှိုးတော့ပဲ စောင်ကိုခဏဆွဲဖယ်၍ ဂျောင်ကုအုံးထားတဲ့ခေါင်းအုံးကို သူယူလာတဲ့ခေါင်းအုံးနဲ့လဲပေးလိုက်သည်။မနိုင်မနင်းနဲ့ဂျောင်ကုခေါင်းကိုမပြီး ခေါင်းအုံးလဲပေးနေတုန်း ဂျောင်ကုနိုးသွားမှာစိုးတာကြောင့် ကလေးတွေကိုအိပ်ခါနီးမြှူသလို 'တကျွတ်ကျွတ်' လုပ်နေသေးသည်။
ခေါင်းအုံးကိုသေချာနေရာချပေးပြီးတော့မှ မောင့်ကိုဖြေးဖြေးချင်းပြန်လှဲပြီး စောင်ခြုံပေးထားလိုက်သည်။
"အိပ်မက်လှလှမက်ပါစေ မောင်"
ဆုတောင်းပေးပြီးတော့ နဖူးကိုနမ်းဖို့ခန္ဓါကိုယ်ကိုကိုင်းချလိုက်တော့ သူ့ခါးကိုလာဖက်တဲ့လက်တစ်စုံကြောင့် ဟန်ချက်ပျက်ပြီးမောင့်အပေါ်သို့လဲကျတော့သည်။ကြည့်လိုက်တော့ စပ်ဖြီးဖြီးရယ်နေပါသောမောင်။မောင်ကအိပ်ချင်ယောင်ဆောင်နေတာကို။
"ဘာလို့အိပ်ချင်ယောင်ဆောင်နေတာလဲ"
နားရွက်ကိုဆွဲကာမေးတော့ ပြန်မဖြေပဲနဲ့ သူ့ပါးကိုနမ်းသည်။
"ကိုကို့ကိုစချင်လို့...တမင်အိပ်ချင်ယောင်ဆောင်နေတာ"
ပြောရင်းနဲ့ နောက်ပါးတစ်ဖက်ကိုထပ်နမ်းပြန်သောမောင်။
"လွှတ်ဦး...အမေတို့မြင်သွားရင်မကောင်းဘူး"
အခုအနေအထားကြီးက အနည်းငယ်နေရခက်တာမို့ ပြောလိုက်တော့ခေါင်းခါပြီး ခါးကိုအားပိုထည့်၍ဖက်သည်။အားသန်လွန်းတဲ့လက်နှစ်ဖက်ကြောင့် သူ့ခါးလေးကျိုးသွားမှာတောင်စိုးရသည်။
"မလွှတ်ဘူး...ဒီအတိုင်းအိပ်မယ်"
"ရမလားကွ"
"ရတယ်"
ဂျောင်ကုကပြောရင်းနဲ့ သူ့ကိုယ်ပေါ်ရောက်နေတဲ့ထယ်ယောင်းခန္ဓါကိုယ်လေးကို ထိန်းကိုင်၍ဘေးတိုက်လှဲချလိုက်သည်။ဆိုဖာကအနည်းငယ်ကျယ်တာကြောင့် အခုဆိုဘေးတိုက်အနေအထားဖြင့် ကိုကိုကသူ့ရင်ခွင်ထဲမှာဖြစ်သည်။ရုတ်တရက်ဆန်တဲ့သူ့အပြုအမူကြောင့် ကိုကိုက 'အမေ့' ဟုတိုးတိုးလေးပေါ်ပြီး ခါးမှာဖက်တွယ်ထားတဲ့သူ့လက်တွေကို အတင်းဖယ်ချသည်။သို့သော် ဖယ်ခွင့်မပေးပဲအတင်းဖက်တော့ လက်နောက်ပြန်ဖြင့်ဆံပင်ကိုဆောင့်ဆွဲသည်။
ကိုကိုက မောင့်ကိုဆိုသိပ်အနိုင်ကျင့်တာ။
"ငြိမ်ငြိမ်နေကိုကို...မနေရင်ထအော်မှာနော်"
"ဟာ...အဲ့လိုလုပ်လို့ရမလား"
"ဒါဆို...ရင်ခွင်ထဲမှာငြိမ်ငြိမ်လေးနေ...မောင်အိပ်ပျော်သွားမှအခန်းထဲပြန်"
"ပြီးရောကွာ...မြန်မြန်အိပ်"
ဂျောင်ကုမှာ သူ့ကိုမလွန်ဆန်နိုင်တဲ့ထယ်ယောင်းကြောင့် သဘောကျစွာပြုံး၍ နှာခေါင်းဝနားမှာလာကျီစယ်နေတဲ့ ဆံနွယ်မွှေးမွှေးလေးတွေကိုနမ်းရင်း ထိုဆံပင်တွေနဲ့ကွယ်နေတဲ့ဂုတ်ပိုးလေးကိုပါ နမ်းပစ်လိုက်သည်။ထိုအနမ်းကြောင့် ထယ်ယောင်းခန္ဓါကိုယ်လေးအနည်းငယ်တွန့်သွားတော့ ဂျောင်ကုကပိုစချင်လာတာမို့ ခါးမှာဖက်ထားတဲ့သူ့လက်တွေကို အင်္ကျီထဲလျှိုဝင်ပြီး ချပ်ချပ်ကပ်ကပ်ဗိုက်ကိုပွတ်တီးပွတ်သပ်လုပ်တော့ ထယ်ယောင်းကထိုဂနာမငြိမ်တဲ့လက်တွေကိုဖမ်းချုပ်ပြီး
"ငြိမ်ငြိမ်နေစမ်း မောင်"
အံ့ကျိတ်၍တိုးတိုးပြောတော့ မောင်ကခပ်တိုးတိုးရယ်ရင်း ဂုတ်ပိုးကိုဖိကပ်နမ်းပြန်သည်။ထိုအနမ်းတွေကြောင့် လူကအငွေ့ပါပျံချင်နေပြီ။ဗိုက်ကိုလာကလိနေတဲ့လက်တွေကြောင့်လည်း ရင်ထဲတလှပ်လှပ်ဖြစ်လာတာမို့ မနည်းအသက်ရှုပြီး ရင်ခုန်သံကိုမှန်အောင်လုပ်နေရတာ။
ဒါကိုမောင်က အလိုက်ကန်းဆိုးမသိ...သပ်သပ်စနောက်နေတာ။
"အိပ်တော့...မအိပ်ရင်ကိုကိုဒီတိုင်းထားခဲ့မှာနော်"
"အဲ့လိုမလုပ်ပါနဲ့...အိပ်ပါ့မယ်"
အကျပ်ကိုင်လိုက်မှငြိမ်ကျသွားတဲ့ဂျောင်ကု။သို့သော်ခဏသာငြိမ်နေပြီး ဆတ်ဆတ်ထိမခံနိုင်တဲ့ကိုကို့ကိုစချင်တာကြောင့် ကိုကို့ခါးပေါ်ကလက်တွေကဖြေးဖြေးချင်းနေရာရွေ့ရင်း ကိုကို့ရင်ဘတ်နားရောက်တာနဲ့ စမ်းလိုက်မိတဲ့နို့သီးခေါင်းသေးသေးလေးကို ညှစ်ပစ်လိုက်ပြီး မနမ်းစေချင်တဲ့ဂုတ်ပိုးကိုလည်းဖိကပ်နမ်းပစ်လိုက်တော့
"အာ့!...ဂျွန်ဂျောင်ကု!...ယီးပဲ!"
အသံပြဲကြီးဖြင့်ထအော်ပြီး ရင်ခွင်ထဲကနေတဲ့ရုန်းနေတဲ့ကိုကိုကြောင့် ပါးစပ်ကိုလက်နဲ့ပိတ်လိုက်တော့ လက်နောက်ပြန်ဖြင့် သူ့ခေါင်းကိုဂွက်ခနဲလာခေါက်သည်။
"လွှတ်စမ်း...တော်ပြီ..မင်းဘာသာအိပ်တော့"
"ဟင့်အင်း...ကိုကို့ကိုဖက်အိပ်မှာ...ငိုမှာနော်"
"ငိုလေ...သောက်နှာဘူးလေး"
ပြောလည်းပြောခေါင်းကိုလည်း ထပ်ခေါက်ပြန်တဲ့ကိုကိုကြောင့် တမင်ငိုချင်ဟန်ဆောင်ပြလိုက်တော့ ကိုကိုကမရုန်းတော့ပဲခဏတော့ငြိမ်သွားသည်။ပြီးမှ လေသံအေးအေးလေးဖြင့်
"နာသွားလား...ကိုကိုတောင်းပန်ပါတယ်...မောင်ကမအိပ်ပဲနဲ့စနေတာကို...အိပ်တော့နော်"
"ဟုတ်...ကိုကို့စကားနားထောင်မယ်"
"အင်း...ကိုကို့ကလေးလေးကလိမ္မာတယ်"
သူ့ကိုခေါင်းခေါက်ပြီးတာနဲ့ ချက်ချင်းတောင်းပန်တတ်တဲ့ကိုကိုက သိပ်ချစ်ဖို့ကောင်းသည်။သူနာမှာကို ကိုကိုကနည်းနည်းတောင်မကြိုက်ပါဘူးတဲ့လေ။အခုလည်းရင်ခွင်ထဲကနေငြိမ်ငြိမ်လေးနေပြီး သူ့လက်တစ်ဖက်ကိုယူကာနမ်းလိုက်တဲ့ကိုကိုကြောင့် မျက်လုံးတွေကိုမှိတ်၍အိပ်ဖို့ကြိုးစားရတော့ရသည်။နောက်မို့ဆို ကိုကိုကထပ်စိတ်ဆိုးသွားရင်ဒုက္ခ။
ထယ်ယောင်းလည်း ဂျောင်ကုအိပ်ပျော်သွားတဲ့အထိစောင့်ပေးရင်းနဲ့ သူပါရောပြီးအိပ်ပျော်သွားသည်။ဆိုဖာကျဥ်းကျဥ်းပေါ်မှာ ပူးကပ်ပြီးအိပ်နေကြတဲ့ကောင်လေးနှစ်ယောက်အတွက်တော့ ထိုနေ့ညတာကရှည်လျားသည်။
...
မနက်မိုးလင်းတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ လေတိုးစရာမရှိလောက်အောင်ကို ခန္ဓါကိုယ်ချင်းပူးကပ်ပြီးအိပ်နေတဲ့ သားဖြစ်သူနဲ့သားမက်လောင်းကြောင့် ထယ်ယောင်းအမေမှာခေါင်းတခါခါ။ထယ်ယောင်းအဖေကတော့ ထိုမြင်ကွင်းကိုတစ်ဖြတ်သာကြည့်ပြီး ခြံထဲဆင်း၍ကားရေဆေးနေသည်။
"အဟမ်း!...ထကြတော့လေ"
အနားသွားပြီး လက်နဲ့ပုပ်ကာနှိုးတော့မှ နှစ်ယောက်သားကအင့်အဲလုပ်ပြီးနိုးလာတော့သည်။သူမကိုမြင်တော့ အလန့်တကြားဖြင့် ဖက်ထားတာကိုအတင်းဖယ်ချရင်း သွားဖြဲရယ်ပြ၍အခန်းထဲသို့ ပြေးသွားကြတော့သည်။
"ဟူး...ကောင်လေးနှစ်ယောက်ဆိုပြီးမလွယ်ပါလား"
"ဘာမလွယ်တာလဲ မိန်းမ"
ကားရေဆေးပြီး အိမ်ထဲပြန်ဝင်လာတဲ့ထယ်ယောင်းအဖေက မီးဖိုခန်းထဲမှာ စတော်ဘယ်ရီစားရင်းညည်းတွားနေတဲ့မိန်းမကိုမေးသည်။
"ရှင်နဲ့မဆိုင်ပါဘူး"
သူ့ကိုနည်းနည်းတောင်အရေးမလုပ်ပဲ မျက်စိရှေ့ကနေကော့တော့ကော့တော့နဲ့ ထွက်သွားတဲ့မိန်းမကိုကြည့်ပြီး မနက်ခင်းဒေါသကထောင်းခနဲ။
"ဒီမိန်းမတော့ ငါလုပ်ရင်သေတော့မယ်...ငါကချစ်လို့သည်းခံနေတာကို...ဒင်းကရောင့်တက်နေတာ"
"အဲ့မှာဘာရပ်လုပ်နေတာလဲ...လသာဆောင်က သစ်ပင်တွေရေလောင်းလိုက်ဦး"
"ဟုတ်ကဲ့ မိန်းမ"
လူတွေရဲ့ အတွေးနဲ့လုပ်ရက်ဟာထပ်တူကျဖို့ဆိုတာ သိပ်တော့မလွယ်ကူပါ။
..
"ထယ်ယောင်း...အမေနဲ့အခန်းထဲခဏလိုက်ခဲ့"
နေ့လည်စာစားပြီးလို့ခဏထိုင်နေတုန်း မျက်ဆပစ်ပြပြီးခေါ်တဲ့အမေကြောင့် ခေါင်းညိတ်ပြ၍နောက်ကလိုက်သွားလိုက်သည်။
"ဘာပြောမလို့လဲ အမေ"
သူပြောတော့ အမေကသူ့လက်ကိုကိုင်ပြီး မျက်နှာကိုသေချာကြည့်သည်။
"အမေပွင့်ပွင့်လင်းလင်းပဲမေးမယ်...ဂျောင်ကုကီးကသားထက်အငယ်လေးဆိုတော့...သားကအပေါ်ထပ်ကမလား"
အမေပြောတဲ့အပေါ်ထပ်ဆိုတာ ဘာကြီးလဲ??
"နင်ဘာတွေစဥ်းစားနေတာလဲ...အမေကခေတ်မှီတဲ့မိန်းမပါ...အဲ့ကိစ္စတွေပါအကုန်သိတယ်...ငါ့သားကသေချာပေါက်အပေါ်ထပ်မလား"
"သားကအောက်ထပ်ပဲကြိုက်တာ"
"ဟား..."
သားဖြစ်သူပါးစပ်ကထွက်လာတဲ့အသံကြောင့် သက်ပျင်းချပြီး ကိုင်ထားတဲ့လက်ကိုပါလွှတ်လိုက်သည်။အနည်းဆုံးတော့ သူမ,သားကအပေါ်ထပ်ဖြစ်သင့်တာမလား?
"ဂျောင်ကုကီးက အောက်ထပ်မှာနေလို့ပြောတာလား...ကိုယ့်သဘောနဲ့ကိုယ်နေတာလား"
ထယ်ယောင်း အမေပြောနေတာတွေကိုတစ်ကယ်နားမလည်ပါ။အပေါ်ထပ်တွေအောက်ထပ်တွေက ဘာလုပ်မလို့လဲ?အမေကသူတို့ကို အိမ်အသစ်ဝယ်ပေးမလို့များလား?
"အပေါ်ထပ်ကအလုပ်ရှုပ်တယ်အမေ...အပေါ်မှာနေရင်တက်ရဆင်းရနဲ့ ပင်ပန်းလည်းပင်ပန်းသေးတယ်...သားကတော့အောက်ထပ်ပဲကြိုက်တယ်...အေးဆေးပဲလေ"
ထယ်ယောင်းရဲ့ ရိုးရိုးတန်းတန်းဖြေတဲ့စကားကို တစ်မျိုးပြောင်းတွေးနေတဲ့ကင်မ်ဆိုဂျောင်းမှာ ချောင်းတွေထဆိုးပြီး မျက်နှာကြီးပါရဲတက်လာတော့သည်။
"အေးပါ...အေးပါ...အောက်ထပ်ကြိုက်တယ်ဆိုလည်း...အောက်ထပ်ပေါ့"
ပြောပြီးတာနဲ့ သုတ်တီးသုတ်ပြာထွက်သွားတဲ့အမေဖြစ်သူကြောင့် ထယ်ယောင်းမှာခေါင်းလေးကုတ်ပြီးသာ ကြောင်တောင်တောင်နဲ့ကျန်ခဲ့သည်။
ကင်မ်ဆိုဂျောင်းမှာ မျက်နှာရဲရင်းနဲ့အပြင်ထွက်လာတုန်း ဧည့်ခန်းမှာစာလုပ်နေတဲ့ဂျောင်ကုကိုတွေ့တာမို့ အော်ခေါ်လိုက်သည်။ဘယ်လိုကြည့်ကြည့် ဒီကလေးကသူ့သားထက်ပိုငယ်ပြီး နောက်မှလူဖြစ်လာတာ..အပေါ်ထပ်ဆိုတာမဖြစ်နိုင်ဘူး။ကင်မ်ထယ်ယောင်းလိမ်နေတာပဲဖြစ်မယ်။
"ဂျောင်ကုကီးလေး"
"အာ...အမေ"
သူ့ကိုခေါ်တဲ့အမေကြောင့် စာလုပ်နေတာကိုရပ်လိုက်သည်။
"ဂျောင်ကုကီးကအပေါ်ထပ်ကလား...အောက်ထပ်ကလား"
နဂိုတည်းကဒယ်ဂူးသူတွေဟာပွင့်လင်းတာမို့ ဂျောင်ကုကိုသားအရင်းနဲ့မခြားမြင်တဲ့ကင်မ်ဆိုဂျောင်းက တိုက်ရိုက်မေးချလိုက်တော့သည်။
"ဗျာ...အမေဘာကိုပြော...."
"ရှက်မနေပါနဲ့...အမေ့ကိုပွင့်ပွင့်လင်းလင်းသာပြော"
ဂျောင်ကုလည်း အစမရှိအဆုံးမရှိမေးခွန်းကြောင့် ခေါင်းကုတ်ဖင်ကုတ်ရင်းဖြင့်
"အပေါ်ထပ်ပဲကြိုက်တယ်"
"ဘာလို့လဲ!"
"အပေါ်ထပ်က နေလို့ကောင်းတယ်လေ"
"ဪ...လိုက်လည်းလိုက်ပါတယ်...ကောင်းတယ်...ကောင်းတယ်...စာဆက်လုပ်တော့"
မေးတုန်းကမေးပြီး သူဖြေတော့မှမျက်နှာမသာမယာဖြစ်သွားတဲ့ယောက္ခမကြီးကြောင့် ဂျောင်ကုမှာလည်းခေါင်းကုတ်ရင်းသာ စာပြန်လုပ်နေလိုက်တော့သည်။
Kimharu4121992🌵Borahae💜
#ဒီအပိုင်းကို ကိုယ့်ကိုနည်းနည်းဝေဖန်ပေးကြပါလား??တစ်မျိုးဖြစ်နေလို့😣
Zawgyi
"ကဲ...ေျပာစမ္းပါဦး...ဘာေတြလဲဆိုတာ"
ဧည့္ခန္းထဲမွာ ထယ္ေယာင္းမိဘေတြကတစ္ဖက္မွာထိုင္ေနၿပီး မ်က္ႏွာခ်င္းဆိုင္မွာေတာ့ ထယ္ေယာင္းနဲ႔ေဂ်ာင္ကုထိုင္ေနၾကသည္။ေဂ်ာင္ကုကခုထိေအပ႐ြန္မခြၽတ္ရေသးသလို မ်က္ႏွာမွာလည္းဂ်ံဳမႈန္႔ျဖဴျဖဴေတြကပ္ေနတုန္း။ထယ္ေယာင္းကလည္းအလုပ္ကျပန္လာတာနဲ႔ ျခံထဲကေနတန္းျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ အက်ႌေတာင္မလဲႏိုင္ပဲ ထိုအတိုင္းသာကုပ္ကုပ္ေလးထိုင္ေနသည္။ဒီတစ္ေခါက္ ဂ်ဴလိုင္ပိတ္ရက္မွာ အေမတို႔ကိုဖြင့္ေျပာဖို႔ရည္႐ြယ္ထားေသာ္လည္း ခုေတာ့ဘာမေျပာညာမေျပာနဲ႔ေရာက္ခ်လာၿပီး သိသြားေလၿပီ။
"ႏွစ္ေယာက္လုံးပါးစပ္ကို မွန္ၾကည့္ဖို႔ထားတာလား...ေျဖၾကေလ!!"
ဒယ္ဂူးသူပီပီအသံၿပဲၿပီး အေပါက္ဆိုးတဲ့အေမကထေအာ္ေတာ့မွ ထယ္ေယာင္းကေခါင္းေမာ့ၾကည့္ၿပီး မခ်င့္မရဲျဖင့္ေျပာဖို႔အေရးကိုတြန္႔ဆုတ္ေနသည္။ပုံမွန္အခ်ိန္ဆို ဇတ္က်ဲက်ဲႏိုင္တဲ့ေဂ်ာင္ကုလည္း ထယ္ေယာင္းအေမကိုေတာ့ေၾကာက္သည္မို႔ ယုန္သူငယ္ေလးလိုေခါင္းငုံ႔ထားသည္။
"ကင္မ္ထယ္ေယာင္း...နင္ေျဖစမ္း...အဲ့ယုန္လိုလိုႂကြက္လိုလိုဟာေလးနဲ႔နင္ကဘာေတြလဲ...နင့္ကို ကိုကိုလို႔ေခၚေနေတာ့...ဘာလဲ!...ငါမသိေအာင္ေမြးစားလိုက္တာလား!"
"မိန္းမ...ဒီေကာင္ေလးကႀကီးေနၿပီေလ..ေမြးစားလို႔မွမရေတာ့တာ"
ယုတၱိမ႐ွိတဲ့မိန္းမျဖစ္သူစကားေတာ့ ဝင္ေထာက္ေပးေတာ့ မ်က္ေစာင္းထိုးခံလိုက္ရတာမို႔ ခ်က္ခ်င္းပါးစပ္ပိတ္ၿပီး အျပင္ကိုပဲအၾကည့္လႊဲေနလိုက္သည္။အခ်ိန္မေ႐ြး ေနရာမေ႐ြး မိန္းမကိုေၾကာက္ေနရတာလည္း အလုပ္တစ္လုပ္ပါပဲလား?
"ငါေမးတာေျဖၾကေလ!..စိတ္မ႐ွည္ေတာ့ဘူးေနာ္!!"
"သား...သားခ်စ္သူပါအေမ"
အေမကအသံၿပဲႀကီးနဲ႔ထပ္ေအာ္ေတာ့မွ ထယ္ေယာင္းမွာတုန္တုန္ခ်ိခ်ိျဖင့္ေျဖလိုက္ရသည္။လက္ဖ်ားေတြေအးစက္ၿပီး ေၾကာက္တာဖင္ပါတုန္တယ္။
ထယ္ေယာင္းအေျဖေၾကာင့္ မိဘႏွစ္ပါးလုံးမွာအနည္းငယ္မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖစ္သြားေသာ္လည္း ဒရမ္မာေတြထဲကလို ေမ့လဲသြားတာေတြေတာ့မ႐ွိ။
"နာမည္ေျပာ"
"ဂြၽန္ေဂ်ာင္ကုပါ"
အေမကဒူးကိုခ်ိတ္ထိုင္ၿပီး ခႏၶါကိုယ္ကိုမတ္မတ္ထား၍အေနအထားျပင္ၿပီး မ်က္ႏွာကိုခ်ီကာေမးေတာ့ ထယ္ေယာင္းကဝင္ေျဖသည္။
"နင္ကဂြၽန္ေဂ်ာင္ကုလား...ငါေမးေနတာနင့္ေဘးကေကာင္ေလးကိုေမးတာ"
ထိုသို႔ေျပာမွ ေဂ်ာင္ကုမွာခ်က္ခ်င္းေခါင္းေမာ့ၿပီး လက္ပိုက္၍ သူ႕ကိုမ်က္ေမွာင္က်ံဳ႕ၿပီးစိုက္ၾကည့္ေနတဲ့ထယ္ေယာင္းအေမကို ရယ္ျပလိုက္သည္။
"ငါရယ္ခိုင္းတာလား...နာမည္ေမးေနတာ"
သူငယ္နာမစင္တဲ့႐ုပ္နဲ႔ ေၾကာင္ေတာင္ေတာင္လာလုပ္ေနတဲ့ေကာင္ေလးေၾကာင့္ ပိတ္ေဟာက္ပစ္လိုက္သည္။႐ုပ္ေလးကေတာ့ေခ်ာေပမယ့္ လက္မွာလည္းပေရာင္စုံတက္တူးေတြနဲ႔ နားမွာလည္းအကြင္းေတြကဘယ္ႏွခုမွန္းမသိ။ဘယ္လိုၾကည့္ၾကည့္ လမ္းေဘးေနလမ္းေဘးစား ကေလကေခ်႐ုပ္ေလး။အသက္ကေတာ့ အိမ္ကေက်းဇူး႐ွင္ထက္ငယ္မယ့္ပုံပဲ။ဧကႏၲ...ဒင္းကငါ့သားကိုမ်ား ခ်ဴစားေနတာလား?
အိမ္ကေက်းဇူး႐ွင္ကဖေအတူငတုံးဆိုေတာ့ ငါေသခ်ာစစ္ေဆးမွာပါပဲ။
"က်ဳပ္နာမည္က ဂြၽန္ေဂ်ာင္ကုပါခင္ဗ်"
ေဂ်ာင္ကုအေနေတာ္အသံအေနအထားျဖင့္ ႐ို႐ိုေသေသခါးကိုင္းၿပီးမိတ္ဆက္လိုက္သည္။
"ဟက္...'က်ဳပ္'ဆိုတည္းက ေတာသားပဲ"
ထယ္ေယာင္းအေမက ေဂ်ာင္ကုကိုၾကည့္ၿပီးႏႈတ္ခမ္းကို႐ြဲ႕၍တိုးတိုးေျပာသည္။
"ဟို...ဘာေျပာလိုက္တာလဲခင္ဗ်!"
"အလုပ္အကိုင္"
ေဂ်ာင္ကုေျပာတာကိုမသိခ်င္ေယာင္ေဆာင္ၿပီး ေနာက္ေမးခြန္းဆက္ေမးသည္။ထယ္ေယာင္းကေတာ့ အေမျဖစ္သူအေၾကာင္းသိတာမို႔ လက္သည္းကိုတတိတိကိုက္ရင္း စိုးရိမ္ေနသည္။
"တကၠသိုလ္ေက်ာင္းသားပါ"
"အလုပ္လက္မဲ့ေပါ့"
"အာ...ဟုတ္ကဲ့...ေလာေလာဆယ္ေတာ့အလုပ္လက္မဲ့ပါ"
ဟင္း...ေသခ်ာတယ္။အိမ္ကေက်းဇူး႐ွင္ေလးကို ခ်ဴစားေနတာပဲ။
"ဘာတကၠသိုလ္တက္ေနတာလဲ"
"ဆိုးလ္တကၠသိုလ္ပါ အေမ"
ေဂ်ာင္ကုမေျဖခင္ ထယ္ေယာင္းကၾကားျဖတ္၍ေျဖသည္။ဆိုးလ္တကၠသိုလ္ဆိုတာနဲ႔ အေရာင္ေတာက္သြားမယ့္အေမ့မ်က္လုံးေတြကို သိတာေပါ့။ဒါေၾကာင့္ 'ဆိုးလ္' ဆိုတဲ့ေနရာကိုတမင္ဖိေျပာလိုက္ေတာ့ အေမ့မ်က္လုံးကထင္တဲ့အတိုင္း အေရာင္လက္လာသည္။
"အဟမ္း...ဆိုးလ္တကၠသိုလ္ေက်ာင္းသားေပါ့...မဆိုးပါဘူး...အလုပ္လက္မဲ့ေပမယ့္...ေက်ာင္းၿပီးရင္ေတာ့အလုပ္ေကာင္းေကာင္းရမွာပဲ"
"ဟုတ္ကဲ့"
ေဂ်ာင္ကုကျပဳံးျပ၍ ေခါင္းညိတ္ျပေတာ့ ထယ္ေယာင္းအေမကအၾကည့္လႊဲၿပီး မသိခ်င္ေဆာင္သည္။
"မိဘေတြဘာလုပ္လဲ"
ထိုေမးခြန္းေၾကာင့္ ေဂ်ာင္ကုသက္ပ်င္းခ်မိလိုက္သည္။ကြာ႐ွင္းထားတဲ့သူ႕မိဘေတြဆက္ဆံေရးကိုသာသိရင္ ကိုကို႔အေမကသဘာတူပါ့မလား?
"အေဖက႐ြာမွာပဲစိုက္ပ်ိဳးေရးနဲ႔...ေမြးျမဴေရးလုပ္တာပါ...အေမကေတာ့အေဖနဲ႔ကြာ႐ွင္းၿပီး...ေနာက္အိမ္ေထာင္နဲ႔ပါ"
"ဟား!...သြားၿပီပဲ"
လုံးဝငမြဲပါလား?ကင္မ္ထယ္ေယာင္းကေတာ့ ဘယ္လိုအေကာင္ကို႐ွာလာပါ့လိမ္?
"အေမ!"
"မိန္းမ!"
ထယ္ေယာင္းအေမရဲ႕ညည္းညဴသံေၾကာင့္ ေဂ်ာင္ကုကေခါင္းငိုက္စိုက္က်သြားေတာ့ ထယ္ေယာင္းေရာ ထယ္ေယာင္းအေဖပါေအာ္ေတာ့သည္။ဒါဟာလူတစ္ေယာက္လုံးကို ေ႐ွ႕တည့္တည့္မွာထားၿပီး ေပၚတင္ကဲ့ရဲ႕လိုက္တာမလား?
"အမယ္ေလးဟယ္...ဘာလို႔ေအာ္ေနၾကတာလဲ"
"မိန္းမ...မင္းအဲ့လိုေျပာလိုက္တာလြန္တယ္မလား"
ထယ္ေယာင္းအေဖက မိန္းမရဲ႕အက်ႌစကို မရဲတရဲဆြဲ၍ေျပာေတာ့ ဗိုက္ကိုတံေတာင္နဲ႔အတြတ္ခံလိုက္ရသည္။
"မင္းမိဘေတြအိမ္ေထာင္ေရးကို...ငါစိတ္မဝင္စားသလိုကဲ့လည္းမကဲ့ရဲ႕ဘူး...သိခ်င္တာကမင္းအေဖအလုပ္အကိုင္ပဲ...ငါ့သားခ်စ္သူဆိုေတာ့ ငါသိဖို႔လိုတယ္မလား...ဘာလုပ္လဲဆိုတာအေသးစိတ္ေျပာျပ"
ထိုအခါမွေဂ်ာင္ကုမ်က္ႏွာမွာ ျပန္အေရာင္ဝင္းလာေတာ့သည္။
"အေဖကစေတာ္ဘယ္ရီစိုက္ၿပီး...ႏြားေတြေမြးတာပါ"
ဟူး...လုံးဝဆင္းရဲသားပါလား?
"စေတာ္ဘယ္ရီျခံေတြအမ်ားႀကီးစိုက္ၿပီး...ႏြားေတြေမြးၿပီးJudoဆိုတဲ့အေမႀကိဳက္တဲ့ႏြားႏို႔ကုမၸဏီကို...ႏြားႏို႔ပို႔တာပါ"
ခပ္ျပတ္ျပတ္ေျဖတဲ့ေဂ်ာင္ကုစကားကို ထယ္ေယာင္းကထပ္ျဖည့္၍ေျဖသည္။ေမာင္ကေလသိပ္အတာ...ပိုင္တာဆိုင္တာကိုတိတိက်က်ေျပာေပါ့။ဒါနဲ႔မ်ားအေမ့ဆီကသူ႕ကိုေတာင္းဦးမယ္တဲ့။
"နင္ကေတာ္ေတာ္သိေနပါလား...ငါေမးေနတာကာယကံ႐ွင္ကိုေလ"
သဲသဲကဲကဲျဖစ္ေနတဲ့သားျဖစ္သူကို ေဟာက္လိုက္ေတာ့မွ ေခါင္းျပန္ငုံ႔သြားသည္။အင္း...အိမ္စီးပြားေရးကေတာ့ မဆိုးပါဘူး။ဒါနဲ႔..ငါကလည္းလက္ေတြ႕မွယုံတာ..လိမ္ေျပာေနတာလည္းျဖစ္ႏိုင္တာပဲ။
"မင္းစကားကိုယုံလို႔ရလား"
"ဟုတ္...ရပါတယ္အန္တီ"
ထယ္ေယာင္းအေဖမွာ လူကိုေ႐ွ႕မွာထားၿပီး တရားခံစစ္စစ္ေနတဲ့မိန္းမကို သည္းမခံႏိုင္ေတာ့တာေၾကာင့္ ေယာက်ာ္းအာဏာကိုျပဖို႔အတြက္ မတ္တပ္ရပ္လိုက္သည္။ဒီမိန္းမကို တစ္ခါေလာက္ေတာ့ သူ႕အေၾကာင္းသိေအာင္ျပဦးမွပဲ။
"အဲ့ဒါဘာလုပ္တာလဲ"
႐ုတ္တရက္ထၿပီး မတ္တပ္ရပ္လိုက္တဲ့ေယာက်ာ္းေၾကာင့္ ေမးလိုက္ေတာ့
"ဟို...ေညာင္းလို႔ပါမိန္းမရဲ႕"
ျပမယ့္အာဏာဆိုတာလည္း ဒီမိန္းမအသံၾကားတာနဲ႔တင္ ဘယ္ေခ်ာင္ေရာက္သြားမွန္းမသိ။အေသြးအသားတစ္ခုလုံးကကို ဒီမိန္းမကိုေၾကာက္ေနတာ။ဝဋ္ေႂကြးဆိုတာ ဒါမ်ိဳးကိုေျပာတာထင္တယ္။
"႐ွင္ေညာင္းေနလက္စနဲ႔...ကြၽန္မဖို႔ေရသြားခပ္ေပးစမ္းပါ...စကားေျပာတာမ်ားသြားလို႔...ေရဆာတယ္"
"ဟုတ္ကဲ့ အသဲေလး"
ထယ္ေယာင္းမွာေတာ့ အားကိုးတႀကီးျဖင့္ အေဖျဖစ္သူကိုၾကည့္ေနေသာ္လည္း ေနာက္ဆုံးမွာဒုံရင္းကဒုံရင္းပဲမို႔ ေခါင္းခါရင္းစိတ္ပ်က္စြာ သက္ပ်င္းခ်လိုက္သည္။
အေဖျဖစ္သူကေတာ့ 'မိန္းမ႐ိုေသအသက္႐ွည္' ဆိုတဲ့ မယက ေတြရဲ႕ေဆာင္ပုဒ္အတိုင္း မီးဖိုေခ်ာင္ထဲေျပးသြားတာမွ တန္းေနေရာ။
"မင္းစကားကိုယုံလို႔ရတယ္ဆို...မင္းအိမ္ကိုဖုန္းေခၚလိုက္ပါ"
"ဗ်ာ!"
ထယ္ေယာင္းအေမစကားေၾကာင့္ ေရခပ္ၿပီးျပန္လာတဲ့အေဖအပါအဝင္ ထယ္ေယာင္းေရာေဂ်ာင္ကုပါလန္႔သြားေတာ့သည္။ထယ္ေယာင္းကေတာ့အလန္႔ဆုံးပင္။အေမကဘာလုပ္ဖို႔ ေမာင့္အေဖနဲ႔ဖုန္းေျပာမွာလဲ?
"ဘာလုပ္မလို႔လဲ အေမ"
"အတည္ျပဳမလို႔ေလ...ဘာလုပ္ေနတာလဲ...ဖုန္းေခၚေလ"
ေဂ်ာင္ကုလည္း ထိုေတာ့မွ အေဖကိုဖုန္းေခၚလိုက္ရသည္။ပထမတစ္ေခါက္ေခၚေတာ့အေဖကမကိုင္...ၾကည့္ရတာႏြားျခံထဲမွာအလုပ္မ်ားေနတယ္ထင္တယ္။ဒုတိယတစ္ေခါက္ေခၚေတာ့လည္းမကိုင္။
မဝင္တဲ့ဖုန္းကိုၾကည့္ၿပီး ထယ္ေယာင္းအေမကမဲ့ျပဳံးျပဳံးသည္။
ဟက္...ေသာက္ကေလး။ငါ့သားငတုံးကိုပဲလိမ္လို႔ရမယ္။ငါ့ေတာ့ လာလိမ္လို႔ရမလား?စဥ္းစားေလ။မာနႀကီးၿပီး သူ႕ကိုယ္သူဘဝင္ျမင့္ေနတဲ့ ဒယ္ဂူးၿမိဳ႕နယ္ေရးမႉးသားကင္မ္ထယ္ေယာင္းအေဖ ကင္မ္ဂြမ္ေယာင္းကိုေတာင္ ငါပဲအစြယ္ခ်ိဳးလာတာ။ဒီေလာက္ကေတာ့ ဟြန္း...ႏွပ္ေခ်းကေလာ္ေနသေလာက္ပဲ႐ွိတယ္ဟဲ့။
အေ႐ွ႕တည့္တည့္ကေန 'ငါသိတယ္' ဟူေသာသေဘာမ်ိဳးနဲ႔ စူးစိုက္ၾကည့္ေနတဲ့ ကိုကို႔အေမေၾကာင့္ အေဖ့ကိုအဆက္မျပတ္ဖုန္းေခၚေနရသည္။အေဖကလည္း အခုမွေတာ္ေတာ္နဲ႔ဖုန္းမကိုင္။7ႀကိမ္ေျမာက္ေလာက္မွ တဒူဒူျမည္ေနေသာအသံနဲ႔အတူ 'ဟယ္လို' ဆိုတာကိုၾကားရေတာ့သည္။
"စပီကာဖြင့္လိုက္"
"ဟုတ္"
ထယ္ေယာင္းအေမၫႊန္ၾကားတဲ့အတိုင္း ေဂ်ာင္ကုကဖုန္းကိုစပီကာဖြင့္ၿပီး စားပြဲေပၚတင္လိုက္သည္။ထယ္ေယာင္းကေတာ့ အေမဘာေျပာမလဲဆိုတာကို စိုးရိမ္တႀကီးနဲ႔ေစာင့္ၾကည့္ေနသည္။
"ဂြၽန္ေဂ်ာင္ကုအေဖဟုတ္ပါလား...ကြၽန္မကကင္မ္ထယ္ေယာင္းအေမ ကင္မ္ဆိုေဂ်ာင္းပါ"
တစ္ဖက္ကေဂ်ာင္ကုအေဖမွာ သားမက္ေလးရဲ႕အေမဆိုတာေၾကာင့္ ေကာက္႐ိုးေတြခ်ေနတာကိုရပ္ၿပီး လက္အိတ္ကိုခြၽတ္၍ တ႐ိုတေသျပန္ေျဖသည္။
'ဟုတ္ကဲ့...က်ဳပ္ကဂြၽန္ေဂ်ာင္ကုရဲ႕အေဖ ဂြၽန္ေဂ်ာင္ဆိုးပါ'
"စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးလုပ္တယ္လို႔ သားျဖစ္သူေျပာတယ္...စေတာ္ဘယ္ရီစိုက္တယ္ဆိုလို႔...ဘယ္ႏွခင္းေလာက္စိုက္တာလဲ"
မိန္းမျဖစ္သူရဲ႕ေပါက္တတ္ကရေမးခြန္းေၾကာင့္ ထယ္ေယာင္းအေဖက လက္ကိုနည္းနည္းတို႔ရင္း မေမးဖို႔ေခါင္းခါျပသည္။သို႔ေသာ္ ထယ္ေယာင္းအေမက လာတို႔တဲ့လက္ကိုျပန္ဆြဲဆိတ္လိုက္ၿပီး မ်က္လုံးျပဴးျပသည္။
'က်ဳပ္တို႔စိုက္တာစုစုေပါင္းက...အခင္း200ေလာက္ပါ'
ဘုရားေရ...အခင္း200ဆို ဧက40ေလာက္ေပါ့။
"ေျမကအပိုင္လား...ငွားစိုက္တာလား႐ွင့္"
"ဘိုးဘြားပိုင္ေျမပါခင္ဗ်...အပိုင္ပါ..ဘာျဖစ္လို႔လဲခင္ဗ်...ေဂ်ာင္ကုကီးတစ္ခုခုလိမ္ေျပာထားလို႔လား"
ေဂ်ာင္ကုအေဖဂြၽန္ေဂ်ာင္ဆိုးမွာ သားျဖစ္သူရဲ႕အက်င့္ကိုသိတာေၾကာင့္ေမးလိုက္ေတာ့ တစ္ဖက္ကထယ္ေယာင္းအေမကမဟုတ္ပါဘူးေျပာမွ သက္ပ်င္းခ်ႏိုင္ေတာ့သည္။
"ႏြားေမြးျမဴေရးလုပ္တယ္လို႔လည္း သားျဖစ္သူကေျပာပါတယ္...ဘယ္လိုလဲဆိုတာ႐ွင္းျပေပးႏိုင္မလား"
"အေမ...အဲ့ဒါေတြေမးၿပီးဘာလုပ္မလို႔လဲ"
ထယ္ေယာင္းက အပိုေတြေမးေနတဲ့အေမကို တိုးတိုးေျပာေတာ့ အေမျဖစ္သူကတိုးတိုးေနစမ္းဟု အသံတိတ္ျပန္ေျပာသည္။
'က်ဳပ္တို႔ကႏို႔စားႏြားေတြေမြးၿပီး...Judoဆိုတဲ့ႏြားႏို႔ကုမၸဏီကိုတင္ပို႔တာပါ'
"ဟိုေလ...ႏြားဘယ္ႏွေကာင္ေလာက္မ်ား..."
'အတိအက်ကေတာ့ အေကာင္ေရ1483ေကာင္ပါ'
အိုးမိုး...ငါ့သားေလးက ေတာသူေဌးကို႐ွာထားတာပါလား?ခုနကငတုံးလို႔ေျပာထားတာကို ျပန္႐ုတ္သိမ္းတယ္။ငါ့သားေလးကသူ႕အေဖနဲ႔မတူပဲ အရမ္းေတာ္တာပဲ။
"ဟုတ္ကဲ့...ဒါေလးေမးခ်င္လို႔ဖုန္းဆက္လိုက္တာပါ...ေနာက္မွသပ္သပ္ဆက္သြယ္လိုက္ပါ့မယ္႐ွင့္"
ထယ္ေယာင္းအေမက ယဥ္ယဥ္ေက်းေက်းေျပာၿပီးေတာ့ဖုန္းခ်လိုက္သည္။
"သားေလးက တစ္ဦးတည္းေသာသားလား"
ေလသံအစေျပာင္းလဲသြားေတာ့ အေမေၾကာင့္ထယ္ေယာင္းေရာ အေဖျဖစ္သူပါ ပါးစပ္အေဟာင္းသား။
"ဟုတ္ကဲ့...က်ဳပ္ကတစ္ဦးတည္းေသာသားပါအန္တီ"
ဒါဆိုအေမြေတြအကုန္ ဒီေကာင္ေလးပဲရမွာပဲ။
"အို...အေမလို႔ပဲေခၚပါကြယ္...အန္တီဆိုတာႀကီးက သူစိမ္းဆန္လြန္းတယ္"
ထယ္ေယာင္းနဲ႔အေဖျဖစ္သူမွာ သိသိသာသာကိုေျပာင္းလဲသြားတဲ့အေမျဖစ္သူကို လိုက္မမွီႏိုင္ေတာ့။ေဂ်ာင္ကုကေတာ့ သေဘာေကာင္းတဲ့ထယ္ေယာင္းအေမေၾကာင့္ အေတာက္ပဆုံးျပဳံး၍ ေပ်ာ္ေနသည္။
ဒါက သူနဲ႔ကိုကိုနဲ႔ကိုခြင့္ျပဳတယ္ဆိုတဲ့သေဘာမလား?
"အာ...ဟုတ္ကဲ့...အ...အေမ"
"အို...အရမ္းလိမၼာတာပဲကြယ္...ထယ္ေယာင္းထက္ငယ္တဲ့ပုံပဲ...သားေလးကဘယ္ႏွႏွစ္လဲ"
"အသက္20ပါအေမ"
"ထယ္ေယာင္းထက္7ႏွစ္ေတာင္ငယ္တာပဲ...အေမ့သားကိုေရာခ်စ္ရဲ႕လား"
ထယ္ေယာင္းအေမက ေရတစ္ငုံေသာက္ၿပီးေမးလိုက္ေတာ့
"ကိုကို႔ကိုအရမ္းခ်စ္တာပါ...ခ်စ္တယ္ဆိုတာထက္ပိုပါတယ္...ကိုကိုကက်ဳပ္ဘဝပါ"
ေဂ်ာင္ကုရဲ႕ေတြေဝျခင္းမ႐ွိပဲေျဖလိုက္တဲ့အေျဖေၾကာင့္ ထယ္ေယာင္းမွာ မ်က္ႏွာတစ္ခုလုံးရဲတက္လာၿပီး ေခါင္းကိုငုံ႔ခ်လိုက္ေတာ့သည္။
"အမယ္ေလး...ခ်စ္တယ္ဆိုရပါၿပီ႐ွင့္"
အားလုံးကျပဳံး႐ႊင္ေနေသာ္လည္း ထယ္ေယာင္းအေဖကေတာ့ေဘးကမိန္းမရဲ႕ အေျပာင္းအလဲျမန္ပုံကိုၾကည့္၍ စိတ္ထဲကေန 'မ်က္ႏွာမ်ားတဲ့မိန္းမ 'ဟုေဝဖန္ေနေလရဲ႕။
ဒီလိုနဲ႔ပဲ အဆင္ေျပသြားတဲ့သားမက္နဲ႔ေယာကၡမဆက္ဆံေရးက စကားတေျပာေျပာနဲ႔ၿပီးသြားေတာ့သည္။ညေရာက္ေတာ့ ေဂ်ာင္ကုခ်က္ျပဳတ္ထားတဲ့ဟင္းေတြနဲ႔ပဲ တူတူစားလိုက္ၾကေတာ့ ထယ္ေယာင္းအေဖက ပန္းကန္ေဆးေနတဲ့ေဂ်ာင္ကုနားကိုသြား၍ သူ႕မိန္းမဟင္းခ်က္လက္ရာထက္ ေဂ်ာင္ကုလက္ရာကပိုေကာင္းေၾကာင္း ကပ္ခ်ီးက်ဳးသြားသည္။ထယ္ေယာင္းအေမကလည္း ဘက္စုံေတာ္တဲ့သားမက္ေလာင္းေလးကို ပါးစပ္ဖ်ားကမခ်။ေဂ်ာင္ကုကီးလို႔ေခၚ၍ ထယ္ေယာင္းရဲ႕ငယ္ငယ္တုန္းကအေၾကာင္းေတြကို အကုန္ေျပာျပသည္။ေဂ်ာင္ကုမွာလည္း မိသားစုနဲ႔ေနခ်င္တဲ့သူမို႔ ထယ္ေယာင္းမိဘေတြနဲ႔သင့္သင့္ျမတ္ျမတ္ေနၿပီး တစ္ခ်ိန္လုံးရယ္ေမာေနသည္။
"ေဂ်ာင္ကုကီးက...ဒီမွာအိပ္လို႔ျဖစ္ပါ့မလား"
အခန္းႏွစ္ခန္းထဲ႐ွိတာေၾကာင့္ ေဂ်ာင္ကုကသူေနေနတဲ့အခန္းကို ထယ္ေယာင္းမိဘေတြကိုေပးေန၍ သူကေတာ့ေစာင္နဲ႔ေခါင္းအုံးတစ္လုံးပိုက္ၿပီး ဧည့္ခန္းထဲမွာအိပ္ဖို႔လုပ္သည္။
"ရပါတယ္အေဖ...ခရီးကပင္ပန္းလာတယ္ဆိုေတာ့ သက္ေတာင့္သက္သာအနားယူပါ"
"ဒါဆို...အေဖတို႔လည္းအိပ္ၿပီေနာ္"
"ဟုတ္ကဲ့"
တစ္အိမ္လုံးၿငိမ္သက္သြားေတာ့မွ ဧည့္ခန္းမီးကိုပိတ္ၿပီး ဆိုဖာေပၚမွာလွဲ၍ ေခါင္းၿမႇီးျခဳံၿပီးအိပ္ဖို႔ႀကိဳးစားလိုက္သည္။ေနရာအေျပာင္းအလဲမို႔ ေတာ္ေတာ္နဲ႔အိပ္မေပ်ာ္ေသးတာမို႔ မ်က္လုံးမွိတ္ထားရင္းနဲ႔ပဲ ေရာက္တတ္ရာရာေလွ်ာက္ေတြးေနလိုက္သည္။ထိုအခ်ိန္တ႐ွပ္႐ွပ္နဲ႔ၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္လုံးကဆတ္ခနဲပြင့္သြားသည္။သို႔ေသာ္ ေခါင္းၿမႇီးျခဳံထားလ်က္နဲ႔ပဲ နားစြင့္ၾကည့္ေတာ့ ထိုတ႐ွပ္႐ွပ္အသံနဲ႔အတူ 'ေမာင္' ဟူေသာေခၚသံတိုးတိုးကိုၾကားရေတာ့မွာ မ်က္လုံးျပန္မွိတ္ၿပီးအိပ္ခ်င္ေယာင္ေဆာင္ေနလိုက္သည္။
"ေမာင္...အိပ္သြားၿပီလား"
ဘာမွမသိတဲ့ထယ္ေယာင္းက ေဂ်ာင္ကုကိုအသာတို႔ထိ၍ တိုးတိုးေလးေမးသည္။သူ႕မွာ ေမာင့္ကိုအခန္းထဲေခၚအိပ္ခ်င္ေသာ္လည္း မိဘေတြ႐ွိေနလို႔မသင့္ေတာ္တာမို႔ ေမာင့္ကိုဧည့္ခန္းမွာအိပ္ခိုင္းလိုက္ရသည္။ဒါေၾကာင့္ အခုသူေခါင္းအုံးေနက် ေခါင္းအုံးအိအိေလးယူလာေပးတာ။ေနာက္မို႔ဆို မနက္မိုးလင္းတာနဲ႔ ေမာင္ေတာ့ဇာတ္ေက်ာတက္လို႔ဆိုၿပီး ေအာ္ေနရမွာ။
"ေမာင္...အိပ္ေပ်ာ္သြားတာလားလို႔"
သူ႕ကိုလႈပ္ၿပီးေမးေနတဲ့ကိုကို႔ကိုစခ်င္တာေၾကာင့္ တမင္ျပန္မထူးပဲ အိပ္ခ်င္ေယာင္ေဆာင္၍ ေဟာက္ျပလိုက္သည္။
"အာ...ေဟာက္ေတာင္ေဟာက္ေနၿပီပဲ"
ထယ္ေယာင္းလည္း ေဟာက္ေနတဲ့ေဂ်ာင္ကုကိုမႏိႈးေတာ့ပဲ ေစာင္ကိုခဏဆြဲဖယ္၍ ေဂ်ာင္ကုအုံးထားတဲ့ေခါင္းအုံးကို သူယူလာတဲ့ေခါင္းအုံးနဲ႔လဲေပးလိုက္သည္။မႏိုင္မနင္းနဲ႔ေဂ်ာင္ကုေခါင္းကိုမၿပီး ေခါင္းအုံးလဲေပးေနတုန္း ေဂ်ာင္ကုႏိုးသြားမွာစိုးတာေၾကာင့္ ကေလးေတြကိုအိပ္ခါနီးျမႇဴသလို 'တကြၽတ္ကြၽတ္' လုပ္ေနေသးသည္။
ေခါင္းအုံးကိုေသခ်ာေနရာခ်ေပးၿပီးေတာ့မွ ေမာင့္ကိုေျဖးေျဖးခ်င္းျပန္လွဲၿပီး ေစာင္ျခဳံေပးထားလိုက္သည္။
"အိပ္မက္လွလွမက္ပါေစ ေမာင္"
ဆုေတာင္းေပးၿပီးေတာ့ နဖူးကိုနမ္းဖို႔ခႏၶါကိုယ္ကိုကိုင္းခ်လိုက္ေတာ့ သူ႕ခါးကိုလာဖက္တဲ့လက္တစ္စုံေၾကာင့္ ဟန္ခ်က္ပ်က္ၿပီးေမာင့္အေပၚသို႔လဲက်ေတာ့သည္။ၾကည့္လိုက္ေတာ့ စပ္ၿဖီးၿဖီးရယ္ေနပါေသာေမာင္။ေမာင္ကအိပ္ခ်င္ေယာင္ေဆာင္ေနတာကို။
"ဘာလို႔အိပ္ခ်င္ေယာင္ေဆာင္ေနတာလဲ"
နား႐ြက္ကိုဆြဲကာေမးေတာ့ ျပန္မေျဖပဲနဲ႔ သူ႕ပါးကိုနမ္းသည္။
"ကိုကို႔ကိုစခ်င္လို႔...တမင္အိပ္ခ်င္ေယာင္ေဆာင္ေနတာ"
ေျပာရင္းနဲ႔ ေနာက္ပါးတစ္ဖက္ကိုထပ္နမ္းျပန္ေသာေမာင္။
"လႊတ္ဦး...အေမတို႔ျမင္သြားရင္မေကာင္းဘူး"
အခုအေနအထားႀကီးက အနည္းငယ္ေနရခက္တာမို႔ ေျပာလိုက္ေတာ့ေခါင္းခါၿပီး ခါးကိုအားပိုထည့္၍ဖက္သည္။အားသန္လြန္းတဲ့လက္ႏွစ္ဖက္ေၾကာင့္ သူ႕ခါးေလးက်ိဳးသြားမွာေတာင္စိုးရသည္။
"မလႊတ္ဘူး...ဒီအတိုင္းအိပ္မယ္"
"ရမလားကြ"
"ရတယ္"
ေဂ်ာင္ကုကေျပာရင္းနဲ႔ သူ႕ကိုယ္ေပၚေရာက္ေနတဲ့ထယ္ေယာင္းခႏၶါကိုယ္ေလးကို ထိန္းကိုင္၍ေဘးတိုက္လွဲခ်လိုက္သည္။ဆိုဖာကအနည္းငယ္က်ယ္တာေၾကာင့္ အခုဆိုေဘးတိုက္အေနအထားျဖင့္ ကိုကိုကသူ႕ရင္ခြင္ထဲမွာျဖစ္သည္။႐ုတ္တရက္ဆန္တဲ့သူ႕အျပဳအမူေၾကာင့္ ကိုကိုက 'အေမ့' ဟုတိုးတိုးေလးေပၚၿပီး ခါးမွာဖက္တြယ္ထားတဲ့သူ႕လက္ေတြကို အတင္းဖယ္ခ်သည္။သို႔ေသာ္ ဖယ္ခြင့္မေပးပဲအတင္းဖက္ေတာ့ လက္ေနာက္ျပန္ျဖင့္ဆံပင္ကိုေဆာင့္ဆြဲသည္။
ကိုကိုက ေမာင့္ကိုဆိုသိပ္အႏိုင္က်င့္တာ။
"ၿငိမ္ၿငိမ္ေနကိုကို...မေနရင္ထေအာ္မွာေနာ္"
"ဟာ...အဲ့လိုလုပ္လို႔ရမလား"
"ဒါဆို...ရင္ခြင္ထဲမွာၿငိမ္ၿငိမ္ေလးေန...ေမာင္အိပ္ေပ်ာ္သြားမွအခန္းထဲျပန္"
"ၿပီးေရာကြာ...ျမန္ျမန္အိပ္"
ေဂ်ာင္ကုမွာ သူ႕ကိုမလြန္ဆန္ႏိုင္တဲ့ထယ္ေယာင္းေၾကာင့္ သေဘာက်စြာျပဳံး၍ ႏွာေခါင္းဝနားမွာလာက်ီစယ္ေနတဲ့ ဆံႏြယ္ေမႊးေမႊးေလးေတြကိုနမ္းရင္း ထိုဆံပင္ေတြနဲ႔ကြယ္ေနတဲ့ဂုတ္ပိုးေလးကိုပါ နမ္းပစ္လိုက္သည္။ထိုအနမ္းေၾကာင့္ ထယ္ေယာင္းခႏၶါကိုယ္ေလးအနည္းငယ္တြန္႔သြားေတာ့ ေဂ်ာင္ကုကပိုစခ်င္လာတာမို႔ ခါးမွာဖက္ထားတဲ့သူ႕လက္ေတြကို အက်ႌထဲလွ်ိဳဝင္ၿပီး ခ်ပ္ခ်ပ္ကပ္ကပ္ဗိုက္ကိုပြတ္တီးပြတ္သပ္လုပ္ေတာ့ ထယ္ေယာင္းကထိုဂနာမၿငိမ္တဲ့လက္ေတြကိုဖမ္းခ်ဳပ္ၿပီး
"ၿငိမ္ၿငိမ္ေနစမ္း ေမာင္"
အံ့က်ိတ္၍တိုးတိုးေျပာေတာ့ ေမာင္ကခပ္တိုးတိုးရယ္ရင္း ဂုတ္ပိုးကိုဖိကပ္နမ္းျပန္သည္။ထိုအနမ္းေတြေၾကာင့္ လူကအေငြ႕ပါပ်ံခ်င္ေနၿပီ။ဗိုက္ကိုလာကလိေနတဲ့လက္ေတြေၾကာင့္လည္း ရင္ထဲတလွပ္လွပ္ျဖစ္လာတာမို႔ မနည္းအသက္႐ႈၿပီး ရင္ခုန္သံကိုမွန္ေအာင္လုပ္ေနရတာ။
ဒါကိုေမာင္က အလိုက္ကန္းဆိုးမသိ...သပ္သပ္စေနာက္ေနတာ။
"အိပ္ေတာ့...မအိပ္ရင္ကိုကိုဒီတိုင္းထားခဲ့မွာေနာ္"
"အဲ့လိုမလုပ္ပါနဲ႔...အိပ္ပါ့မယ္"
အက်ပ္ကိုင္လိုက္မွၿငိမ္က်သြားတဲ့ေဂ်ာင္ကု။သို႔ေသာ္ခဏသာၿငိမ္ေနၿပီး ဆတ္ဆတ္ထိမခံႏိုင္တဲ့ကိုကို႔ကိုစခ်င္တာေၾကာင့္ ကိုကို႔ခါးေပၚကလက္ေတြကေျဖးေျဖးခ်င္းေနရာေ႐ြ႕ရင္း ကိုကို႔ရင္ဘတ္နားေရာက္တာနဲ႔ စမ္းလိုက္မိတဲ့ႏို႔သီးေခါင္းေသးေသးေလးကို ညႇစ္ပစ္လိုက္ၿပီး မနမ္းေစခ်င္တဲ့ဂုတ္ပိုးကိုလည္းဖိကပ္နမ္းပစ္လိုက္ေတာ့
"အာ့!...ဂြၽန္ေဂ်ာင္ကု!...ယီးပဲ!"
အသံၿပဲႀကီးျဖင့္ထေအာ္ၿပီး ရင္ခြင္ထဲကေနတဲ့႐ုန္းေနတဲ့ကိုကိုေၾကာင့္ ပါးစပ္ကိုလက္နဲ႔ပိတ္လိုက္ေတာ့ လက္ေနာက္ျပန္ျဖင့္ သူ႕ေခါင္းကိုဂြက္ခနဲလာေခါက္သည္။
"လႊတ္စမ္း...ေတာ္ၿပီ..မင္းဘာသာအိပ္ေတာ့"
"ဟင့္အင္း...ကိုကို႔ကိုဖက္အိပ္မွာ...ငိုမွာေနာ္"
"ငိုေလ...ေသာက္ႏွာဘူးေလး"
ေျပာလည္းေျပာေခါင္းကိုလည္း ထပ္ေခါက္ျပန္တဲ့ကိုကိုေၾကာင့္ တမင္ငိုခ်င္ဟန္ေဆာင္ျပလိုက္ေတာ့ ကိုကိုကမ႐ုန္းေတာ့ပဲခဏေတာ့ၿငိမ္သြားသည္။ၿပီးမွ ေလသံေအးေအးေလးျဖင့္
"နာသြားလား...ကိုကိုေတာင္းပန္ပါတယ္...ေမာင္ကမအိပ္ပဲနဲ႔စေနတာကို...အိပ္ေတာ့ေနာ္"
"ဟုတ္...ကိုကို႔စကားနားေထာင္မယ္"
"အင္း...ကိုကို႔ကေလးေလးကလိမၼာတယ္"
သူ႕ကိုေခါင္းေခါက္ၿပီးတာနဲ႔ ခ်က္ခ်င္းေတာင္းပန္တတ္တဲ့ကိုကိုက သိပ္ခ်စ္ဖို႔ေကာင္းသည္။သူနာမွာကို ကိုကိုကနည္းနည္းေတာင္မႀကိဳက္ပါဘူးတဲ့ေလ။အခုလည္းရင္ခြင္ထဲကေနၿငိမ္ၿငိမ္ေလးေနၿပီး သူ႕လက္တစ္ဖက္ကိုယူကာနမ္းလိုက္တဲ့ကိုကိုေၾကာင့္ မ်က္လုံးေတြကိုမွိတ္၍အိပ္ဖို႔ႀကိဳးစားရေတာ့ရသည္။ေနာက္မို႔ဆို ကိုကိုကထပ္စိတ္ဆိုးသြားရင္ဒုကၡ။
ထယ္ေယာင္းလည္း ေဂ်ာင္ကုအိပ္ေပ်ာ္သြားတဲ့အထိေစာင့္ေပးရင္းနဲ႔ သူပါေရာၿပီးအိပ္ေပ်ာ္သြားသည္။ဆိုဖာက်ဥ္းက်ဥ္းေပၚမွာ ပူးကပ္ၿပီးအိပ္ေနၾကတဲ့ေကာင္ေလးႏွစ္ေယာက္အတြက္ေတာ့ ထိုေန႔ညတာက႐ွည္လ်ားသည္။
...
မနက္မိုးလင္းေတာ့ ဧည့္ခန္းထဲကဆိုဖာေပၚမွာ ေလတိုးစရာမ႐ွိေလာက္ေအာင္ကို ခႏၶါကိုယ္ခ်င္းပူးကပ္ၿပီးအိပ္ေနတဲ့ သားျဖစ္သူနဲ႔သားမက္ေလာင္းေၾကာင့္ ထယ္ေယာင္းအေမမွာေခါင္းတခါခါ။ထယ္ေယာင္းအေဖကေတာ့ ထိုျမင္ကြင္းကိုတစ္ျဖတ္သာၾကည့္ၿပီး ျခံထဲဆင္း၍ကားေရေဆးေနသည္။
"အဟမ္း!...ထၾကေတာ့ေလ"
အနားသြားၿပီး လက္နဲ႔ပုပ္ကာႏိႈးေတာ့မွ ႏွစ္ေယာက္သားကအင့္အဲလုပ္ၿပီးႏိုးလာေတာ့သည္။သူမကိုျမင္ေတာ့ အလန္႔တၾကားျဖင့္ ဖက္ထားတာကိုအတင္းဖယ္ခ်ရင္း သြားၿဖဲရယ္ျပ၍အခန္းထဲသို႔ ေျပးသြားၾကေတာ့သည္။
"ဟူး...ေကာင္ေလးႏွစ္ေယာက္ဆိုၿပီးမလြယ္ပါလား"
"ဘာမလြယ္တာလဲ မိန္းမ"
ကားေရေဆးၿပီး အိမ္ထဲျပန္ဝင္လာတဲ့ထယ္ေယာင္းအေဖက မီးဖိုခန္းထဲမွာ စေတာ္ဘယ္ရီစားရင္းညည္းတြားေနတဲ့မိန္းမကိုေမးသည္။
"႐ွင္နဲ႔မဆိုင္ပါဘူး"
သူ႕ကိုနည္းနည္းေတာင္အေရးမလုပ္ပဲ မ်က္စိေ႐ွ႕ကေနေကာ့ေတာ့ေကာ့ေတာ့နဲ႔ ထြက္သြားတဲ့မိန္းမကိုၾကည့္ၿပီး မနက္ခင္းေဒါသကေထာင္းခနဲ။
"ဒီမိန္းမေတာ့ ငါလုပ္ရင္ေသေတာ့မယ္...ငါကခ်စ္လို႔သည္းခံေနတာကို...ဒင္းကေရာင့္တက္ေနတာ"
"အဲ့မွာဘာရပ္လုပ္ေနတာလဲ...လသာေဆာင္က သစ္ပင္ေတြေရေလာင္းလိုက္ဦး"
"ဟုတ္ကဲ့ မိန္းမ"
လူေတြရဲ႕ အေတြးနဲ႔လုပ္ရက္ဟာထပ္တူက်ဖို႔ဆိုတာ သိပ္ေတာ့မလြယ္ကူပါ။
..
"ထယ္ေယာင္း...အေမနဲ႔အခန္းထဲခဏလိုက္ခဲ့"
ေန႔လည္စာစားၿပီးလို႔ခဏထိုင္ေနတုန္း မ်က္ဆပစ္ျပၿပီးေခၚတဲ့အေမေၾကာင့္ ေခါင္းညိတ္ျပ၍ေနာက္ကလိုက္သြားလိုက္သည္။
"ဘာေျပာမလို႔လဲ အေမ"
သူေျပာေတာ့ အေမကသူ႕လက္ကိုကိုင္ၿပီး မ်က္ႏွာကိုေသခ်ာၾကည့္သည္။
"အေမပြင့္ပြင့္လင္းလင္းပဲေမးမယ္...ေဂ်ာင္ကုကီးကသားထက္အငယ္ေလးဆိုေတာ့...သားကအေပၚထပ္ကမလား"
အေမေျပာတဲ့အေပၚထပ္ဆိုတာ ဘာႀကီးလဲ??
"နင္ဘာေတြစဥ္းစားေနတာလဲ...အေမကေခတ္မွီတဲ့မိန္းမပါ...အဲ့ကိစၥေတြပါအကုန္သိတယ္...ငါ့သားကေသခ်ာေပါက္အေပၚထပ္မလား"
"သားကေအာက္ထပ္ပဲႀကိဳက္တာ"
"ဟား..."
သားျဖစ္သူပါးစပ္ကထြက္လာတဲ့အသံေၾကာင့္ သက္ပ်င္းခ်ၿပီး ကိုင္ထားတဲ့လက္ကိုပါလႊတ္လိုက္သည္။အနည္းဆုံးေတာ့ သူမ,သားကအေပၚထပ္ျဖစ္သင့္တာမလား?
"ေဂ်ာင္ကုကီးက ေအာက္ထပ္မွာေနလို႔ေျပာတာလား...ကိုယ့္သေဘာနဲ႔ကိုယ္ေနတာလား"
ထယ္ေယာင္း အေမေျပာေနတာေတြကိုတစ္ကယ္နားမလည္ပါ။အေပၚထပ္ေတြေအာက္ထပ္ေတြက ဘာလုပ္မလို႔လဲ?အေမကသူတို႔ကို အိမ္အသစ္ဝယ္ေပးမလို႔မ်ားလား?
"အေပၚထပ္ကအလုပ္႐ႈပ္တယ္အေမ...အေပၚမွာေနရင္တက္ရဆင္းရနဲ႔ ပင္ပန္းလည္းပင္ပန္းေသးတယ္...သားကေတာ့ေအာက္ထပ္ပဲႀကိဳက္တယ္...ေအးေဆးပဲေလ"
ထယ္ေယာင္းရဲ႕ ႐ိုး႐ိုးတန္းတန္းေျဖတဲ့စကားကို တစ္မ်ိဳးေျပာင္းေတြးေနတဲ့ကင္မ္ဆိုေဂ်ာင္းမွာ ေခ်ာင္းေတြထဆိုးၿပီး မ်က္ႏွာႀကီးပါရဲတက္လာေတာ့သည္။
"ေအးပါ...ေအးပါ...ေအာက္ထပ္ႀကိဳက္တယ္ဆိုလည္း...ေအာက္ထပ္ေပါ့"
ေျပာၿပီးတာနဲ႔ သုတ္တီးသုတ္ျပာထြက္သြားတဲ့အေမျဖစ္သူေၾကာင့္ ထယ္ေယာင္းမွာေခါင္းေလးကုတ္ၿပီးသာ ေၾကာင္ေတာင္ေတာင္နဲ႔က်န္ခဲ့သည္။
ကင္မ္ဆိုေဂ်ာင္းမွာ မ်က္ႏွာရဲရင္းနဲ႔အျပင္ထြက္လာတုန္း ဧည့္ခန္းမွာစာလုပ္ေနတဲ့ေဂ်ာင္ကုကိုေတြ႕တာမို႔ ေအာ္ေခၚလိုက္သည္။ဘယ္လိုၾကည့္ၾကည့္ ဒီကေလးကသူ႕သားထက္ပိုငယ္ၿပီး ေနာက္မွလူျဖစ္လာတာ..အေပၚထပ္ဆိုတာမျဖစ္ႏိုင္ဘူး။ကင္မ္ထယ္ေယာင္းလိမ္ေနတာပဲျဖစ္မယ္။
"ေဂ်ာင္ကုကီးေလး"
"အာ...အေမ"
သူ႕ကိုေခၚတဲ့အေမေၾကာင့္ စာလုပ္ေနတာကိုရပ္လိုက္သည္။
"ေဂ်ာင္ကုကီးကအေပၚထပ္ကလား...ေအာက္ထပ္ကလား"
နဂိုတည္းကဒယ္ဂူးသူေတြဟာပြင့္လင္းတာမို႔ ေဂ်ာင္ကုကိုသားအရင္းနဲ႔မျခားျမင္တဲ့ကင္မ္ဆိုေဂ်ာင္းက တိုက္႐ိုက္ေမးခ်လိုက္ေတာ့သည္။
"ဗ်ာ...အေမဘာကိုေျပာ...."
"႐ွက္မေနပါနဲ႔...အေမ့ကိုပြင့္ပြင့္လင္းလင္းသာေျပာ"
ေဂ်ာင္ကုလည္း အစမ႐ွိအဆုံးမ႐ွိေမးခြန္းေၾကာင့္ ေခါင္းကုတ္ဖင္ကုတ္ရင္းျဖင့္
"အေပၚထပ္ပဲႀကိဳက္တယ္"
"ဘာလို႔လဲ!"
"အေပၚထပ္က ေနလို႔ေကာင္းတယ္ေလ"
"ဪ...လိုက္လည္းလိုက္ပါတယ္...ေကာင္းတယ္...ေကာင္းတယ္...စာဆက္လုပ္ေတာ့"
ေမးတုန္းကေမးၿပီး သူေျဖေတာ့မွမ်က္ႏွာမသာမယာျဖစ္သြားတဲ့ေယာကၡမႀကီးေၾကာင့္ ေဂ်ာင္ကုမွာလည္းေခါင္းကုတ္ရင္းသာ စာျပန္လုပ္ေနလိုက္ေတာ့သည္။
Kimharu4121992🌵Borahae💜
#ဒီအပိုင္းကို ကိုယ့္ကိုနည္းနည္းေဝဖန္ေပးၾကပါလား??တစ္မ်ိဳးျဖစ္ေနလို႔😣
There are no comments yet. Log in to be the first to leave a review!





