18
07:54, 3 December 2023"ဟိုရောက်ရင်ကျန်းမာရေးဂရုစိုက်ပါ...သားလေးကြိုက်တဲ့စတော်ဘယ်ရီတွေလည်း...အဖေအမြဲပို့ပေးမယ်...ဂျောင်ကုကီးကိုလည်းဂရုစိုက်ပေးပါဦး"
သူ့လက်ကိုကိုင်ပြီးပြောနေတဲ့ ဂျောင်ကုအဖေရဲ့လက်တွေက နွေးထွန်းလွန်းတာမို့ အလှပဆုံးပြုးပြလိုက်ပြီး ထိုလက်တွေကိုပြန်ဆုပ်ကိုင်လိုက်သည်။
"စိတ်ချပါအဖေ...ကျွန်တော်ဂျောင်ကုလေးကိုဂရုစိုက်ပါ့မယ်...အဖေလည်းကျန်းမာရေးဂရုစိုက်ပါ...ကျွန်တော်အမြဲဖုန်းဆက်ပါ့မယ်"
"အဖေ့သားမက်လေးကသိပ်လိမ္မာတော့ စိတ်ချပါတယ်"
"ဒီမယ်...ကျုပ်ကိုလည်းမှာဦးလေအဖေ...ကျုပ်ကအဖေ့သားအရင်းနော်"
သူ့ကိုပစ်ပြီးထယ်ယောင်းကို သည်းသည်းလှုပ်နေတဲ့အဖေဖြစ်သူကြောင့် ဂျောင်ကုကဆူပုပ်ပုပ်ဖြင့်ဝင်ပြောသည်။ထယ်ယောင်းကတော့ ကလေးဆန်လွန်းတဲ့ဂျောင်ကုအပြုအမူကြောင့် သဘောကျ၍ပြုံးသည်။
"မင်းကိုမှာလည်းဘာထူးလဲ...လက်ကရုပ်ဆိုးတဲ့တက်တူးတွေပဲကြည့်...မထိုးနဲ့လို့အတန်တန်မှာတာတောင် သွားထိုးတဲ့ကောင်ကို...ငါ့စကားနားထောင်ဖို့မှာနေရဦးမှာလား...အဲ့အစားမင်းကိုထိန်းနိုင်တဲ့..သားလေးထယ်ယောင်းကိုပဲမှာမှာပေါ့"
"သဘောဗျာ...သဘော"
ဂျောင်ကုမှာ သူ့ရဲ့မိမိုက်လွန်းတဲ့တက်တူးတွေကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်လိုက်တဲ့အဖေဖြစ်သူကြောင့် မျက်နှာကြီးရှုံ့မဲ့ပြီး ကားပေါ်ကိုအရင်တက်သွားတော့သည်။
"ဂျောင်ကုလေးကိုစိတ်ချပါ အဖေ...ကျွန်တော်ထိန်းနိုင်ပါတယ်...အဖေသာကျန်းမာရေးဂရုစိုက်နော်...အားလပ်ရက်ရတာနဲ့ကျွန်တော်တို့ပြန်လာခဲ့ပါ့မယ်"
"အဖေ့ကိုလည်းစိတ်ချပါ..သွားကြတော့လေ...နေဝင်တာနဲ့နှင်းပိုကျတော့မှာ...ကားကိုဂရုတစိုက်မောင်းဦး"
"ဟုတ်ကဲ့...ဒါဆိုသွားလိုက်ပါဦးမယ်အဖေ"
ဂျွန်ဂျောင်ဆိုးမှာ ထွက်သွားတဲ့ကားအနက်လေးကို တာ့တာပြပြီးမျက်ရည်ဝဲ၍ကျန်ခဲ့သည်။ကားပေါ်ကဆူပုပ်နေတဲ့ဂျောင်ကုကတော့ အနည်းငယ်လေးလှမ်းသွားမှ ကားမှန်ကိုချပြီး ခြံဝမှာကျန်ခဲ့တဲ့အဖေ့ကို
"ဂရုစိုက်နော်အဖေ!...နေမကောင်းဖြစ်ချင်လည်းကျုပ်မင်္ဂလာဆောင်ပြီးမှဖြစ်!!"
သူပြောတော့အဖေက စီးထားတဲ့ဖိနပ်ကိုချွတ်ပြီးကောက်ပေါက်ပါလေရော။
"ခွေမသားလေး!...ပြန်ရဲပြန်လာကြည့်!!"
"လာရဲတာပေါ့!!...ဂျွန်ဂျောင်ဆိုးသားဂျွန်ဂျောင်ကုမလား!!"
"ထယ်ယောင်းပဲလာခဲ့...မင်းကတော့ပြန်ကိုမလာနဲ့!!"
ရွာလမ်းမကြီးတစ်လျှောက်လုံး ဂျွန်သားအဖနှစ်ယောက်ရဲ့တီတီတာတာရန်ဖြစ်သံတွေနဲ့ ဆူညံသွားတော့သည်။ထယ်ယောင်းမှာတော့ကားမောင်းနေရင်းနဲ့ ဂျောင်ကုတို့သားအဖရဲ့ချစ်ဖို့ကောင်းတဲ့ဆက်ဆံရေးကိုကြည့်ပြီး ခေါင်းတစ်ခါခါဖြင့်သာ။
...
"အိုး!...အနံ့အသက်မကောင်းဘူး"
တစ်ပတ်လောက်ပိတ်ပြီးထားခဲ့တဲ့အိမ်က ဖွင့်ဖွင့်ချင်းမှာတင် မသတီစရာအနံ့ရလိုက်တာကြောင့် ထယ်ယောင်းမှာနှာခေါင်းပိတ်ပြီး ခြံထဲသို့ပြေးထွက်သွားတော့သည်။
"ကိုကိုကားထဲမှာပဲစောင့်နေလိုက်လေ...မောင်သန့်ရှင်းရေးလုပ်လိုက်မယ်"
"ကိုကိုလည်းကူပါ့မယ်"
"ကားပေါ်သွားထိုင်နေပါ...မောင်ပဲလုပ်ပါ့မယ်ဆို"
ဂျောင်ကုမှာပြောမရတဲ့ထယ်ယောင်းကို ကားထဲသို့အတင်းဆွဲထည့်ရင်း အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။အနံ့ဆိုးထွက်နေတဲ့တရားခံက မီးဖိုချောင်ထဲကအမှိုက်အစိုထားတဲ့ပုံးမှဖြစ်သည်။အလောသုံးဆယ်နဲ့ရွာကိုပြန်သွားရတာကြောင့် အမှိုက်ပစ်ဖို့ကိုမေ့သွားခဲ့တာပင်။
ဂျောင်ကုလည်း အေပရွန်မြန်မြန်ဝတ်၍ အမှိုက်အိတ်ကိုနှစ်ထပ်စွပ်ပြီး အိမ်နောက်ဖေးကခြံထဲမှာခဏသွားထားရသည်။ပြီးတာနဲ့လေသန့်စက်ဖွင့်ပြီး အနံ့တွေကိုရှင်းထုတ်၍ ကိုကိုကြိုက်တဲ့လာဗင်ဒါရနံ့အိတ်လေးကို ထိုလေသန့်စက်ရှေ့မှာထားလိုက်တော့ တစ်အိမ်လုံးကခဏလေးအတွင်းမှာ လာဗင်ဒါရနံ့တွေနဲ့မွှေးကြိုင်သွားတော့သည်။ပြီးမှheaterဖွင့်ပြီး အိမ်ကိုအနွေးဓါတ်ပေးရသည်။ကိုကို့အခန်းကိုလည်း ဖုန်စုပ်စက်နဲ့သန့်ရှင်းရေးသေချာလုပ်ပြီးမှ heaterဖွင့်ပေးထားခဲ့ရသည်။သူ့အခန်းကိုတော့ နောက်မှသန့်ရှင်းရေးလုပ်ရမည်။အားလုံးသန့်ရှင်းရေးလုပ်ပြီးတော့မှ ကားပေါ်မှာထားခဲ့တဲ့ဝက်ဝံပေါက်လေးဆီသွားရသည်။
သူသန့်ရှင်းရေးလုပ်နေတာအတော်ကြာသွားသည်ထင်...ဝက်ဝံပေါက်လေးကအိပ်တောင်ပျော်နေပြီ။
အိပ်နေတဲ့ဝက်ဝံပေါက်လေးကို မနှိုးတော့ပဲအသာချီ၍ အခန်းထဲသို့ပဲခေါ်လာလိုက်သည်။ခဏနေမှပဲနှိုးပြီး ညစာကျွေးရတော့မယ်။
"မောင်"
"ဗျာ"
ကုတင်ပေါ်အသာချပေးပြီး စောင်ခြုံပေးကာအပြင်ထွက်ဖို့လုပ်တော့ မောင်ဟူသောခပ်သြသြခေါ်သံတိုးတိုးနဲ့အတူ သူ့အေပရွန်အနားစကိုလာဆွဲတဲ့လက်လှလှလေးကြောင့် 'ဗျာ' ဟုထူးပြီးလှည့်ကြည့်လိုက်တော့ အိပ်ချင်မူးတူးပုံလေးနဲ့သူ့ကိုကြည့်နေတဲ့ ဝက်ဝံပေါက်လေး။
"မောင့်ကြောင့်နိုးသွားတာလား"
မေးတော့ ခေါင်းကိုဘယ်ညာခါပြသည်။
"ပြောစရာရှိလို့"
"ကဲ...ဘာပြောမလို့လဲ...ပြောပါဦး"
ပြောရင်းနဲ့အေပရွန်အနားစကို မလွှတ်တမ်းကိုင်ထားတဲ့လက်သွယ်သွယ်လေးကိုဆွဲယူရင်း ကုတင်ပေါ်တင်လွှဲထိုင်လိုက်တော့ အိပ်ချင်မူးတူးဖြစ်နေတဲ့ဝက်ဝံပေါက်လေးက ပေါင်ပေါ်ကိုချက်ချင်းခေါင်းတင်ပြီး လာအိပ်သည်။
"ညစာကိုဂင်ချီဟင်းရည်နဲ့..ဝက်သားပြားကြော်စားချင်တယ်...ပဲကြာဇံသုတ်ရောပဲ...အဲ့ဒါပြောမလို့"
ဂျောင်ကုမှာ ထယ်ယောင်းအပြောကြောင့်ပြုံးမိသွားပြီး အသည်းယားလာလွန်း၍ သူ့ပေါင်ပေါ်မှာအိပ်နေတဲ့ထယ်ယောင်းပါးကိုဖိနမ်းလိုက်တော့သည်။သူနမ်းလိုက်လို့ ကော့တက်သွားတဲ့နှုတ်ခမ်းပါးတွေကိုလည်း အသေအချာတွေ့လိုက်ရပါသေးသည်။
"သခင်လေးအမိန့်အတိုင်းရစေရမယ်...ဟုတ်ပြီလား"
"အင်း...ဒီသခင်လေးကအရမ်းချစ်တယ်နော်"
"အတတ်လေးကွာ"
စကားတတ်လွန်းပြီး ချစ်ဖို့ကောင်းလွန်းနေတဲ့သခင်လေးကို အတင်းဖက်ပြီးနမ်းတော့ အခန်းထဲမှာနားချိုစရာအော်ရယ်သံတွေနဲ့ပြည့်နှက်သွားသည်။ခဏနေမှအိပ်ချင်တယ်ဆိုတဲ့သခင်လေးကြောင့် နဖူးကိုတစ်ချက်ဖိကပ်နမ်းရင်းစောင်ခြုံပေးခဲ့၍ ချက်ပြုတ်ဖို့စီစဥ်ရတော့သည်။
မှာထားတဲ့အတိုင်းသေချာချက်ပေးပြီးတော့ ထမင်းကျွေးဖို့ရာနှိုးဖို့အခန်းထဲဝင်သွားတော့ ရေချိုး၍အဝတ်အစားတောင်လဲပြီးနေပြီဖြစ်သော ကိုကို။ထုံးစံအတိုင်း သူဝင်လာတာကိုမသိပဲ စာအုပ်အညိုထဲမှာတစ်ခုခုကို အသည်းအသန်ရေးနေပြန်သည်။သူ့ကိုမြင်ရင်လန့်သွားမယ့်ပုံရိပ်လေးကိုမမြင်ချင်တာကြောင့် အခန်းပြင်ကိုတိတ်တိတ်လေးပြန်ထွက်ပြီး တံခါးခေါက်၍ထမင်းစားဖို့အသိပေးပြီး မီးဖိုချောင်ထဲမှာပြင်ဆင်နေလိုက်သည်။
"ဝါး...စားဖိုကဲကြီးကတော်လိုက်တာ...သခင်လေးမှာထားတဲ့အတိုင်းပဲ"
ထိုင်ခုံမှာဝင်ထိုင်ရင်းပြောတော့ မောင့်ဆီကရယ်သံသဲ့သဲ့ကိုကြားရသည်။
"သုံးဆောင်လို့ရပါပြီ...နေဦး...မစားခင်ဆုတောင်းရမယ်မလား"
"ကိုကိုမမေ့ပါဘူးကွာ"
'မမေ့ပါဘူးကွာ'ပြောပြီး ပဲကြာဇံသုတ်ကိုလက်လှမ်းနေပြီဖြစ်တဲ့ကိုကိုက သူပြောမှတူပြန်ချပြီး ပွစိပွစိနဲ့ဆုတောင်းတော့သည်။မျက်လုံးတွေမှိတ်ပြီးဆုတောင်းနေတဲ့ကိုကိုက မျက်တောင်အရှည်ကြီးတွေနဲ့ တော်တော်ချောသည်။နှာခေါင်းထိပ်ကမှဲ့နက်လေးကလည်း ပျောက်သွားသည်အထိဖိနမ်းပစ်လိုက်ချင်စရာ။ဟစိဟစိဖြစ်နေတဲ့ပန်းနုရောင်နှုတ်ခမ်းတွေကလည်း လာနမ်းလှည့်ပါလို့ဖိတ်ခေါ်နေသလို။သေချာတွေးကြည့်ရင် သူကိုကိုနဲ့ချစ်သူဖြစ်ခွင့်ရခဲ့တာဟာ တော်တော်ကံကောင်းတာပါလား?
"ဘာတွေ အဲ့လောက်ငေးနေတာလဲ"
ကိုကိုပြောမှသတိပြန်ဝင်တော့သည်။ကိုကိုကဆုတောင်းတာပြီးသွားလို့ ပဲကြာဇံသုတ်တောင်စားနေပြီပဲ။
"ကိုကိုကသိပ်ချောလို့ငေးနေတာ...ကိုကို့ကိုရထားတာ..မောင်တော့သိပ်ကံကောင်းတာပဲ"
သူပြောတော့ ကိုကိုကတူကိုချရင်းနဲ့ခေါင်းခါပြသည်။
"အမှန်တော့...ကိုကိုကကံကောင်းတာပါ...ဘက်စုံတော်တဲ့မောင့်ကိုရထားတယ်လေ...ကိုကို့ဘဝမှာလေ..ရည်းစားထားဖို့ကိုတစ်ခါမှမတွေးဖူးသလို...အိမ်ထောင်ပြုဖို့အတွေးလည်းမရှိခဲ့ဘူး...ပိုက်ဆံစုပြီးအသက်ကြီးတဲ့ထိတစ်ယောက်တည်း...ကောင်းကောင်းနေသွားမယ်လို့ပဲစိတ်ကူးခဲ့တာ...အဲ့လိုအကြောတင်းတဲ့ကင်မ်ထယ်ယောင်းက...ညစ်ညစ်ပတ်ပတ်ကောင်လေးတစ်ယောက်ကိုအိမ်ခေါ်လာတည်းက...အတွေးတွေစပြောင်းသွားတော့တာပဲ...တစ်ယောက်တည်းလည်းမနေချင်တော့သလို...ရင်တွေလည်းစခုန်တတ်လာတယ်...နောက်ဆုံးမျက်လုံးဝိုင်းတွေအောက်မှာကျဆုံးပြီး...ချစ်မိသွားတော့တာပဲ"
ထယ်ယောင်းက သူ့ရဲ့ခံစားချက်တွေကိုဖွင့်ချပြတော့ ဂျောင်ကုမျက်လုံးဝိုင်းဝိုင်းလေးတွေမှာ မျက်ရည်ကြည်တွေဝဲတက်လာသည်။
"မငိုရဘူးနော်...မောင့်ကိုမျက်ရည်တွေနဲ့မကြိုက်ပါဘူး"
"ဘာလို့မကြိုက်တာလဲ"
ဂျောင်ကုက ကျခါနီးနေတဲ့မျက်ရည်တွေကို ပုတ်ခပ်ပုတ်ခပ်လုပ်ပြီးမေးလိုက်သည်။
"ရင်ဘတ်ထဲကနာလို့...မကြိုက်ဘူး"
"ကိုကိုကဗျာ...မောင်တော့ရူးတော့မှာပဲ"
ဂျောင်ကုကပြောရင်းနဲ့ ထိုင်ခုံကနေထိုင်ကာ ထယ်ယောင်းမျက်နှာနားဆီရောက်အောင် ခန္ဓါကိုယ်ကိုကိုင်းချလိုက်သည်။
"ဘာလုပ်မလို့လဲ"
"မောင့်ကိုရူးအောင်လုပ်နေတဲ့ ကိုကို့ကိုနမ်းမလို့"
ပြောပြီးတာနဲ့ မေးဖျားကိုထိန်းကိုင်ပြီး ခုနတည်းကနမ်းချင်နေတဲ့ပန်းနုရောင်နှုတ်ခမ်းလေးကို အတင်းဖိကပ်နမ်းမိတော့သည်။ကိုကိုကရုတ်တရက်မို့လန့်ပြီး သူ့အနမ်းတွေကိုမတုံ့ပြန်ပဲ ကြောင်တောင်တောင်လေးကြည့်နေတာမို့ အောက်နှုတ်ခမ်းလေးကို ခပ်ဖွဖွကိုက်လိုက်မှ အာ့ခနဲထအော်ပြီးပြန်တုံ့ပြန်တော့သည်။လျှာဖျားလေးကိုပါစုပ်ယူပြီးနမ်းတော့ ကိုကိုကအကျင့်မရှိသည့်နှယ်...အတင်းရုန်းတော့သည်။သို့သော်ရုန်းခွင့်မပေးပဲ အတင်းနမ်းတော့မှငြိမ်သွားပြီးပြန်လည်တုံ့ပြန်လာသည်။
ဒီလိုနဲ့ပဲစိတ်ကြိုက်နမ်းရှိုက်လို့ပြီးမှ ထမင်းစားဖို့ပြင်တော့အေးစက်သွားတဲ့ဂင်ချီဟင်းရည်ကြောင့် ပြန်နွှေးဖို့ပြင်ရသည်။ဟင်းရည်နွှေးနေစဥ်တစ်လျှောက်လုံးလည်း မီးဖိုဘေးမှာနမ်းနေကြသေးတဲ့နှစ်ယောက်ကြောင့် အချိန်အတော်လင့်မှ ထမင်းစားခြင်းမှာပြီးစီးသွားတော့သည်။
...
ထယ်ယောင်းမှာ ကွန်ပြူတာရှေ့မှာထိုင်ပြီး ထိုင်မလိုထမလိုဖင်ဂနာမငြိမ်ဖြင့် screenကိုမျက်စိမလွှဲပဲကြည့်နေသည်။အသက်ရှုသံတွေမြန်နေပြီး နဖူးမှာလည်းချွေးစတွေသီးနေသည်။ဘေးမှာထိုင်နေတဲ့ဂျောင်ကုကတော့ အေးဆေးလေးသာ...စားပွဲပေါ်မေးထောင်ရင်း ထယ်ယောင်းရဲ့ဆံပင်တွေကိုတို့ထိ၍ ဆော့ကစားနေသည်။
"ဘာတွေစိတ်ပူနေတာလဲ ကိုကိုရာ...မောင်ဖြေနိုင်ပါတယ်ဆို"
"ဖြေနိုင်တာသိပေမယ့်...အမှတ်ကောင်းဖို့လည်းလိုသေးတယ်လေကွာ"
ဒီနေ့ည9နာရီတိတိအောင်စာရင်းထွက်မှာမို့ တောင်ကိုရီးယားတစ်နိုင်ငံလုံးရှိ စာမေးပွဲဖြေဆိုထားတဲ့ကျောင်းသားတွေနဲ့ မိဘတွေမှာစိတ်လှုပ်ရှားနေကြသည်။ထယ်ယောင်းမှာလည်း အမေတစ်ယောက်နီးပါး ထိုရလဒ်ကိုစိတ်ပူနေသည်။ဂျောင်ကုကတော့အေးဆေးသာ။
"9နာရီထိုးဖို့ 5မိနစ်ပဲလိုတော့တယ်!!"
ရုတ်တရက်ကြီးထအော်တဲ့ထယ်ယောင်းကြောင့် ထယ်ယောင်းဆံပင်တွေကိုတို့ထိပြီး ကစားနေတဲ့ဂျောင်ကုမှာမျက်လုံးလေးပြူးပြီး လန့်သွားတော့သည်။သူ့ကိုကိုက တစ်ကယ်စိတ်လှုပ်ရှားနေတာပဲ။
"ကိုကို"
"အင်း"
သူခေါ်တော့ ကွန်ပြူတာကနေအကြည့်မခွာပဲ 'အင်း'ဟုသာခပ်ပြတ်ပြတ်ပြန်ဖြေသည်။
"ကိုကို"
"ဘာလဲ"
"မောင့်ကိုကြည့်"
"ဘာလို့လဲ"
"ကြည့်ဆိုကြည့်ဗျာ"
ဆူအောင့်အောင့်ပြောနေတဲ့မောင်ကြောင့် သူ့မှာမနေနိုင်တော့...မျက်နှာချောချောလေးကိုကြည့်ရတော့သည်။သူ့ကိုအရေးမလုပ်လို့ဆိုပြီး ဆူပုပ်နေတဲ့မျက်နှာလေးက ချစ်ဖို့ကောင်းနေတာမို့ နှာခေါင်းလုံးလုံးလေးကို သူ့နှာခေါင်းထိပ်လေးနဲ့ပွတ်ကာကျီစယ်လိုက်တော့ မောင်ကတခစ်ခစ်နဲ့ရယ်သည်။
"မောင်ကချစ်ဖို့ကောင်းတယ်မလား"
"အင်း...ကိုကို့မျက်လုံးထဲမှာမောင်ကချစ်ဖို့အကောင်းဆုံးပဲ"
"ဒါဆိုနမ်း"
နှုတ်ခမ်းကိုလက်ညှိုးနဲ့ထိပြပြီးပြောတော့ ကိုကိုကမျက်စောင်းထိုးသည်။
"မဆိုင်တာကွာ"
"ဆိုင်မှနမ်းမှာလား"
လက်ကိုဆွဲပြီးမေးတော့ သူ့လက်ကိုအတင်းဖြုတ်ချပြီး ကွန်ပြူတာကိုကြည့်၍ ထအော်တော့သည်။
"22စက္ကန့်ပဲလိုတော့တယ်!!"
တဖြည်းဖြည်းနဲ့နီးလာတဲ့အချိန်ကြောင့် ထယ်ယောင်းမှာဇောချွေးတွေပါပြန်ပြီး မောက်စ်ကိုကိုင်ထားတဲ့လက်မှာလည်းတုန်ရီလာတော့သည်။ဂျောင်ကုကတော့ စိုးရိမ်လွန်နေတဲ့သူ့ကိုကို ကိုဘေးကနေသာငေးကြည့်နေသည်။
websiteထဲဝင်လို့ရပြီဆိုတာနဲ့ ထယ်ယောင်းမှာ ဂျောင်ကုရဲ့မွေးသက္ကရာဇ်နဲ့ခုံနံပါတ်ကိုရိုက်ထည့်ပြီး ရှာတော့'မအောင်မြင်ပါ' ဆိုတဲ့စာသားပေါ်လာတာမို့ ချက်ချင်းအသံပြဲကြီးဖြင့်ငိုချတော့သည်။ဂျောင်ကုမှာလည်း သူဖြေထားတာသူအသိဆုံးမို့ ဒီလိုရလဒ်ထွက်လာတော့ ထယ်ယောင်းငိုနေတာကိုတောင် ချော့ဖို့မတွေးပဲ တုန်လှုပ်သွားသည်။ပြီးမှ ထယ်ယောင်းရိုက်ထည့်ထားတဲ့သူ့ခုံနံပါတ်က တစ်လုံးလွဲနေတာမို့ ပြန်ပြင်ပြီးကြည့်လိုက်တော့ 'အောင်မြင်ပါသည်' ဆိုတဲ့စာတန်းလေးကိုတွေ့ရမှ စိတ်အေးသွားတော့သည်။
"ကြည့်ပါဦးကိုကို...မောင်အောင်တယ်...ကိုကိုကမောင့်ခုံနံပါတ်တစ်လုံးကိုမှားထည့်ထားတာ"
"ဟင်!...တစ်ကယ်လား!!"
"အင်း...ဒီမှာကြည့်ပါလား"
မောင်ပြတဲ့အတိုင်းကြည့်လိုက်တော့ screenမှာဂျွန်ဂျောင်ကုဆိုတဲ့နာမည်နဲ့အတူ အလွတ်ရနေတဲ့မွေးနေ့နဲ့ခုံနံပါတ်လည်းတူတူဖြစ်ပြီး စာဖြေဌာနလည်းတူနေတာမို့ မောင်ဆိုတာအသေအချာပင်။ဟူး...သူသျှမ်းသွားတာပဲ..ခုမှပဲရယ်နိုင်တော့တယ်။
"တော်သေးတာပေါ့...ကိုကိုတစ်ကယ်လန့်သွားတာ"
လန့်သွားတဲ့မျက်နှာလေးကမျက်ရည်တွေကို သုတ်ပေးတော့ သူ့ပါးကိုပြွတ်ခနဲလာနမ်းရင်းနဲ့ ခေါင်းကိုပွတ်ပေးကာ 'သိပ်တော်တယ်' ဟုချီးကျူးသည်။
"မေ့နေတာ!...အမှတ်ကြည့်ရဦးမှာပဲ"
အမှတ်ကြည့်ဖို့ကျန်နေသေးတာကြောင့် ချက်ချင်းဝင်စစ်လိုက်တော့ ပါးစပ်အဟောင်းသားဖြစ်သွားရသည်။မောင်ရဲ့အမှတ်စာရင်းက 400မှာ 391မှတ်ရပြီး တစ်နိုင်ငံလုံးအဆင့် 108ချိတ်သည်ဆိုတာကြောင့် ပါးစပ်ကိုလက်နဲ့ပိတ်၍စက္ကန့်ပိုင်းလောက် လောကကြီးနဲ့အဆက်သွယ်ပြတ်တောက်သွားသည်။
"မောင်...ကိုကိုမြင်နေရတာတစ်ကယ်ကြီးလား"
မျက်လုံးပြူးပြူးလေးနဲ့မေးလာတဲ့ထယ်ယောင်းကို ဂျောင်ကုကခေါင်းညိတ်ပြ၍ ပါးကိုဆွဲဆိတ်လိုက်သည်။
"အာ့!...နာတယ်"
"တစ်ကယ်ဆိုတာယုံပြီလား"
"မောင်ကသိပ်တော်တာပဲ"
"ကိုကို့လောက်မတော်ပါဘူး...ကိုကို့တုန်းကတစ်နိုင်ငံလုံးအဆင့်47နဲ့အောင်တာဆို"
"အဟွန်း...ကိုကိုကတော့ပိုတော်တာပေါ့"
ခါးထောက်ပြီးပြောလာတဲ့ကိုကိုက သိပ်ချစ်ဖို့ကောင်းနေတာမို့ အတင်းဆွဲဖက်မိတော့သည်။
"အင်း...မောင့်ကိုကိုကအတော်ဆုံးပဲ"
"မောင်ဘာလိုချင်လဲ...ကိုကို့ကိုပြော...အားလုံးဝယ်ပေးမယ်"
ထယ်ယောင်းအမေးကြောင့် ဂျောင်ကုကလူယုတ်မာအပြုံးလေးပြုံး၍
"ဝယ်ပေးစရာမလိုပါဘူး...ကိုကိုပေးရင်ရပြီ"
"ကိုကို့ဆီမှာရှိတာကိုလိုချင်တာလား...ဘာလဲ"
မျက်လုံးအရောင်တလက်လက်ဖြင့် သူ့အဖြေကိုစောင့်နေတဲ့ကိုကိုကတစ်ကယ့်အဖြူထည်လေး။သူတောင်းဆိုတာကိုသာကြားရင် သူ့ခေါင်းကိုခေါက်မလား?ဗိုက်ကိုလိမ်ဆွဲမလား?မျက်နှာရဲပြီးတော့ ထွက်ပြေးသွားမလား? ဒါမှမဟုတ် သူလိုချင်တာကို ကိုကိုကပေးမှာလား? ဆိုတာသိချင်လှသည်။
"ဘာလိုချင်တာလဲ ပြောလေ"
"မောင်နဲ့တစ်ညတာတူတူဖြတ်..."
"နေဦး!..ပြီးမှပြောတော့..အဖေ့ကိုပြောရဦးမယ်...ဖုန်းရော"
ပြောလို့တောင်မဆုံးသေး...ကြားဖြတ်ပြောကာဧည့်ခန်းထဲကိုပြေးတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမှာခေါင်းမော့ရင်း ခြောက်ခြောက်ကပ်ကပ်အော်ရယ်ရင်းသာ ကျန်ခဲ့တော့သည်။
ကလေးဆန်တဲ့ကိုကိုနဲ့တစ်ညတာဖြတ်သန်းဖို့ကိစ္စကို ခွင့်မတောင်းသေးတာပိုအဆင်ပြေလိမ့်မယ်။နည်းနည်းရင့်ကျက်လာတဲ့အထိ မောင်စောင့်ပါ့မယ်။
ခုတော့ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ အိမ်သာထဲသွားလိုက်ဦးမယ်။
...
ထယ်ယောင်းရဲ့ရွှေရောင်ပိတ်ရက်တွေလည်း တဖြည်းဖြည်းတဲ့ကုန်ဆုံးသွားပြီမို့ အလုပ်ပြန်ဝင်ဖို့ဖြစ်လာခဲ့သည်။ဂျောင်ကုကတော့ဆိုလ်းတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် စာလေ့လာနေရသည်။အချိန်တွေတစ်ဆတစ်ဆကုန်သွားပေမယ့်လည်း သူတို့နှစ်ဦးကြားထဲကအချစ်ကတော့ စချစ်တုန်းကအတိုင်း မပြောင်းလဲပဲလတ်ဆတ်နေဆဲပင်။တစ်ယောက်နဲ့တစ်ယောက်မခွာရက်နိုင်အောင် အကဲပိုစွာချစ်ကြရင်း နေ့တိုင်းအတူရှိကြသည်။အလုပ်သွားတဲ့ထယ်ယောင်းအတွက် ဂျောင်ကုကအာဟာရရှိတဲ့မနက်စာပြင်ပေးပြီး နေ့လည်ဆိုလည်းကျောပိုးအိတ်တစ်လုံးလွယ်၍ ထမင်းဘူးနှစ်ဘူးနဲ့အတူ ထယ်ယောင်းကျောင်းသို့ သွား၍နေ့လည်စာအတူစားသည်။နေ့လည်စာစားပြီးတော့လည်း ကျောင်းစာကြည့်တိုက်မှာပဲ စာလေ့လာ၍ ထယ်ယောင်းအလုပ်ဆင်းမှတူတူပြန်သည်။ဒီလိုနဲ့သာနေ့ရက်တိုင်းကို နှစ်ယောက်အတူဖြတ်သန်းလာတာ အေးစက်လွန်းတဲ့ဆောင်းရာသီကုန်ပြီး နွေဦးပြန်ရောက်လာသည်အထိပင်။
ဂျောင်ကုက ဆိုးလ်တက္ကသိုလ်ရဲ့ Computer Science and Engineering မေဂျာကိုဝင်ခွင့်ဝင်ဖြေခဲ့ပြီး အောင်ခဲ့တာမို့ ဆိုးလ်တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာဖြစ်သည်။ထယ်ယောင်းကတော့ ဂျောင်ကုလိုအပ်သမျှကို ဘေးကနေထောက်ပံ့ပေးရင်း အကောင်းဆုံးလက်တွဲဖော်အဖြစ်ရှိပေးသည်။
"မနက်ဖြန် တက္ကသိုလ်စတက်ရတော့မှာနော်"
ထယ်ယောင်းက noteထုတ်နေရင်းနဲ့ မေးတော့ ဂျောင်ကုကမျက်နှာမဲ့ပြရင်း ခေါင်းညိတ်ပြသည်။
"ဘာလို့လဲ...မပျော်ဘူးလား"
"မပျော်ပါဘူး...အမှန်တော့ကိုကို့အနားမှာပဲ..အချိန်ပြည့်ကပ်နေချင်တာ...တက္ကသိုလ်လည်းမတက်ချင်ဘူး"
"မတက်ချင်လည်းမတက်နဲ့လေ...ရတာပဲ"
"ရစရာလား...ကိုကို့ကိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့...စားကြိုးစားရမှာပေါ့"
"အမျိုးမျိုးကွာ"
ထယ်ယောင်းကမနိုင်ဘူးဟူသောသဘောဖြင့် ခေါင်းခါရင်းပြောပြီး ပေါင်ပေါ်တင်ထားတဲ့laptopကို စားပွဲပေါ်ပြောင်းတင်၍ ညောင်းနေတဲ့အကျောတွေကိုဆန့်ထုတ်လိုက်သည်။ထိုစဥ်ခဏလေးအတွင်းမှာပဲ ဂျောင်ကုကလွတ်သွားတဲ့ထယ်ယောင်းပေါင်ပေါ်မှာခေါင်းမှီချလိုက်သည်။
"ကိုကို...တက္ကသိုလ်တက်ရတာပျော်ဖို့ကောင်းလား"
စာရိုက်ထားလို့ညောင်းနေတဲ့ လက်သွယ်သွယ်လေးကိုနှိပ်ပေးရင်းမေးတော့ ကိုကိုကမျက်မှန်ကိုချွတ်ပြီး
"သိပ်ပျော်ဖို့ကောင်းတာပေါ့...တစ်နိုင်ငံလုံးကမိန်းမလှလေးတွေက...ဆိုလ်းတက္ကသိုလ်မှာလာစုကြတာလေ...နေ့တိုင်းနတ်သမီးလေးတွေကိုမြင်ရတာလောက်...ကံကောင်းတာရှိပါဦးမလား...ကိုကိုဆိုအရမ်းပျော်ခဲ့တာ"
ထယ်ယောင်းက ပျော်ရွှင်ကျေနပ်ဖွယ်အသံကြီးနဲ့ပြောပြတော့ ဂျောင်ကုကနှိပ်ပေးနေတဲ့လက်သွယ်သွယ်လေးကို လွှတ်ချရင်း ပေါင်ပေါ်ကနေထကာ အခန်းထဲသို့ပြေးဝင်သွားတော့သည်။ဧည့်ခန်းထဲကထယ်ယောင်းမှာတော့ စိတ်ဆိုးသွားတဲ့ဂျောင်ကုကို ချက်ချင်းလိုက်မချော့ပဲ ဗိုက်ကိုနှိပ်၍ရယ်နေသည်။
ကျွန်တော့်ချစ်သူလေးက ကောင်မလေးတွေအကြောင်းပါလာတာနဲ့ကို စိတ်ဆိုးတတ်တာ။ခုပဲကြည့်ပါလား?နှုတ်ခမ်းကို တစ်တောင်လောက်ထော်ပြီး ခြေဆောင့်ပြီးအခန်းထဲဝင်သွားတာ။မတတ်နိုင်ဘူး...စမိတော့လည်း လိုက်ချော့ရမှာပေါ့လေ။
မောင်စိတ်ဆိုးရင်ဖြင့် ကိုကိုကနေကိုမနေတတ်တော့တာ။
"မောင်ရေ...တံခါးဖွင့်ပေးဦးလေ"
တံခါးခေါက်ပြီးပြောတော့ တော်တော်နဲ့အသံကပြန်မလာ။
"ထွက်သွား!...နတ်သမီးဆိုတဲ့ဟာတွေနဲ့သွားပျော်နေ!!"
အတန်ကြာမှထွက်လာတဲ့ အခန်းထဲကနေအော်သံကြောင့် ထယ်ယောင်းမှာအသံမထွက်အောင် ကျိတ်ရယ်ရင်းဖြင့် သော့အပိုတစ်ချောင်းသွားယူပြီး တံခါးဖွင့်ကာ အသက်ရှုရပ်မတတ်အနမ်းခံပြီး ပြန်ချော့လိုက်ရတော့သည်။
...
ဒီနေ့ကျောင်းမှာ ပါမောက္ခတစ်ယောက်မဝင်တာကြောင့် အတန်းချိန်စောဆင်းသည်မို့ လိုအပ်တာတွေဝင်ဝယ်ရင်း အိမ်သို့ဘတ်စ်ကားဖြင့်ပြန်လာခဲ့လိုက်သည်။ကိုကို့ကိုလည်း ဒီနေ့လာမကြိုဖို့မက်ဆေ့ပို့ထားတာမို့ ကိုကိုလည်းကျောင်းဆင်းတာနဲ့ အိမ်တန်းပြန်လာမည်ဖြစ်သည်။
အခုတလော ကျောင်းစာတွေနဲ့ပဲအလုပ်များနေတာကြောင့် ကိုကိုနဲ့အေးဆေးအချိန်မဖြုန်းရတာတောင် ကြာရောပေါ့။ဒါ့ကြောင့် ဒီနေ့ညစာကို ကိုကိုကြိုက်တာတွေပဲချက်ပြီး ပျော်ဖို့ကောင်းတဲ့အခိုက်အတန့်လေးကို ဖန်တီးရမယ်။ညစာစားပြီးရင် ကိုကိုကြိုက်တဲ့ကာတွန်းကားလည်း တူတူကြည့်ရမယ်။အဖေပို့လိုက်တဲ့စတော်ဘယ်ရီတွေနဲ့ youtubeကနေလေ့လာထားတဲ့ ကိတ်မုန့်ဖုတ်နည်းအတိုင်း စတော်ဘယ်ရီကိတ်မုန့်တစ်လုံးလည်း ဖုတ်ထားရမယ်။ကိုကိုတော့ ပျော်နေတော့မှာပဲ။
အစီအစဥ်ချထားတဲ့အတိုင်း ကိုကိုပြန်မရောက်ခင်မှာ အကုန်ပြီးအောင် ပြင်ဆင်နေလိုက်သည်။ထမင်းနဲ့ဟင်းတွေကျက်သွားသော်လည်း လုပ်လေ့မရှိတဲ့ကိတ်မုန့်ကတော့ ပထမတစ်လုံးမှာတင် လွှတ်ပစ်လိုက်ရသည်။သို့သော်လက်မလျှော့ပဲ နောက်တစ်လုံးထပ်လုပ်တော့လည်း ကိတ်သားနည်းနည်းတူးသွားတာမို့ လွှတ်ပစ်ရပြန်သည်။မလုပ်တော့ဖို့ဆုံးဖြတ်လိုက်သော်လည်း ကိုကိုပျော်သွားတာကိုမြင်ချင်တာမို့ သေချာစိတ်နှစ်ပြီးတစ်နည်းမှမလွဲအောင်လုပ်ကြည့်တာ နောက်ဆုံးတစ်ခေါက်မှ အဆင်ပြေပြေနဲ့ သေသပ်လှပတဲ့စတော်ဘယ်ရီကိတ်မုန့်လေးပြီးစီးသွားတော့သည်။အပေါ်ကနေ ကိုကိုကြိုက်တဲ့စတော်ဘယ်ရီနီနီတွေနဲ့ အလှဆင်ထားပြီး အရမ်းချစ်တယ်ဟုလည်းရေးထားလိုက်သည်။
"ဟူး...နောက်ဆုံးတော့ပြီးသွားပြီပဲ"
ချစ်ဖို့ကောင်းတဲ့ကိတ်မုန့်ကို ဖြေးဖြေးချင်းသယ်ပြီး ရေခဲသေတ္တာထဲထည့်နေတုန်း ကြားလိုက်ရတဲ့ဘဲလ်သံကြောင့် ဂျောင်ကုမျက်နှာမှာအပြုံးလေးဖြစ်တည်သွားသည်။
မျက်နှာပေါ်မှာပေနေတဲ့ဂျုံမှုန့်တွေကိုတောင် မသုတ်အားပဲတံခါးကိုပြေးဖွင့်တဲ့ဂျောင်ကုက ထယ်ယောင်းကနေ့တိုင်း ဒီတိုင်းဝင်လာနေကျဆိုတာကို မေ့လျော့သွားသည်။
အပြုံးလှလှလေးနဲ့ တဲခါးကိုဖွင့်လိုက်တော့ မြင်ရတာကကိုကိုမဟုတ်ပဲ အထုတ်အပိုးအပြည့်ဆွဲထားတဲ့ဦးလေးကြီးတစ်ယောက်နဲ့ မျက်မှန်အမဲရောင်ကြီးတပ်ထားတဲ့ အဒေါ်ကြီးတစ်ယောက်ဖြစ်နေသည်။
"ဘယ်သူတွေ..."
"နင်ဘယ်သူလဲ!!"
သူ့စကားတောင်မဆုံးသေး...ကြားဖြတ်မေးလာတဲ့အဒေါ်ကြီးက သူ့ကိုကြည့်နေတာစားဝါးတော့မတတ်ပင်။
"အဒေါ်တို့ကရောဘယ်သူလဲ"
ဗလိုင်းကြီးလာဟောက်နေတဲ့အဒေါ်ကြီးကို ပြန်မေးလိုက်တော့ ချက်ချင်းမဖြေပဲ မျက်မှန်အမဲကြီးကိုချွတ်လိုက်သည်။မျက်မှန်ချွတ်လိုက်တော့မှ ရှင်းရှင်းလင်းလင်းတွေ့လိုက်ရတဲ့ ထိုအဒေါ်ကြီးမျက်နှာက တစ်ယောက်ယောက်နဲ့တော်တော်တူနေသလို။
"ငါကကင်မ်ထယ်ယောင်းရဲ့အမေ...နင်ကမှဘယ်သူလဲ"
"ဗျာ!!...ကိုကို့မိဘတွေပေါ့"
Kimharu4121992🌵Borahae💜
#ဟဲဟဲ...double update လုပ်ဖူးပြီကွ😌
#ဒါနဲ့လေ စကားမစပ်...ကိုယ့်wallထဲမှာ to the boneဆိုတဲ့ ficအသစ်လေးကို 2ပိုင်းUpထားပါတယ်အားရင်ဖတ်ပေးကြပါဦးရှင့်💜
Zawgyi
"ဟိုေရာက္ရင္က်န္းမာေရးဂ႐ုစိုက္ပါ...သားေလးႀကိဳက္တဲ့စေတာ္ဘယ္ရီေတြလည္း...အေဖအၿမဲပို႔ေပးမယ္...ေဂ်ာင္ကုကီးကိုလည္းဂ႐ုစိုက္ေပးပါဦး"
သူ႕လက္ကိုကိုင္ၿပီးေျပာေနတဲ့ ေဂ်ာင္ကုအေဖရဲ႕လက္ေတြက ေႏြးထြန္းလြန္းတာမို႔ အလွပဆုံးျပဳးျပလိုက္ၿပီး ထိုလက္ေတြကိုျပန္ဆုပ္ကိုင္လိုက္သည္။
"စိတ္ခ်ပါအေဖ...ကြၽန္ေတာ္ေဂ်ာင္ကုေလးကိုဂ႐ုစိုက္ပါ့မယ္...အေဖလည္းက်န္းမာေရးဂ႐ုစိုက္ပါ...ကြၽန္ေတာ္အၿမဲဖုန္းဆက္ပါ့မယ္"
"အေဖ့သားမက္ေလးကသိပ္လိမၼာေတာ့ စိတ္ခ်ပါတယ္"
"ဒီမယ္...က်ဳပ္ကိုလည္းမွာဦးေလအေဖ...က်ဳပ္ကအေဖ့သားအရင္းေနာ္"
သူ႕ကိုပစ္ၿပီးထယ္ေယာင္းကို သည္းသည္းလႈပ္ေနတဲ့အေဖျဖစ္သူေၾကာင့္ ေဂ်ာင္ကုကဆူပုပ္ပုပ္ျဖင့္ဝင္ေျပာသည္။ထယ္ေယာင္းကေတာ့ ကေလးဆန္လြန္းတဲ့ေဂ်ာင္ကုအျပဳအမူေၾကာင့္ သေဘာက်၍ျပဳံးသည္။
"မင္းကိုမွာလည္းဘာထူးလဲ...လက္က႐ုပ္ဆိုးတဲ့တက္တူးေတြပဲၾကည့္...မထိုးနဲ႔လို႔အတန္တန္မွာတာေတာင္ သြားထိုးတဲ့ေကာင္ကို...ငါ့စကားနားေထာင္ဖို႔မွာေနရဦးမွာလား...အဲ့အစားမင္းကိုထိန္းႏိုင္တဲ့..သားေလးထယ္ေယာင္းကိုပဲမွာမွာေပါ့"
"သေဘာဗ်ာ...သေဘာ"
ေဂ်ာင္ကုမွာ သူ႕ရဲ႕မိမိုက္လြန္းတဲ့တက္တူးေတြကို ပ်စ္ပ်စ္ႏွစ္ႏွစ္ေဝဖန္လိုက္တဲ့အေဖျဖစ္သူေၾကာင့္ မ်က္ႏွာႀကီး႐ႈံ႕မဲ့ၿပီး ကားေပၚကိုအရင္တက္သြားေတာ့သည္။
"ေဂ်ာင္ကုေလးကိုစိတ္ခ်ပါ အေဖ...ကြၽန္ေတာ္ထိန္းႏိုင္ပါတယ္...အေဖသာက်န္းမာေရးဂ႐ုစိုက္ေနာ္...အားလပ္ရက္ရတာနဲ႔ကြၽန္ေတာ္တို႔ျပန္လာခဲ့ပါ့မယ္"
"အေဖ့ကိုလည္းစိတ္ခ်ပါ..သြားၾကေတာ့ေလ...ေနဝင္တာနဲ႔ႏွင္းပိုက်ေတာ့မွာ...ကားကိုဂ႐ုတစိုက္ေမာင္းဦး"
"ဟုတ္ကဲ့...ဒါဆိုသြားလိုက္ပါဦးမယ္အေဖ"
ဂြၽန္ေဂ်ာင္ဆိုးမွာ ထြက္သြားတဲ့ကားအနက္ေလးကို တာ့တာျပၿပီးမ်က္ရည္ဝဲ၍က်န္ခဲ့သည္။ကားေပၚကဆူပုပ္ေနတဲ့ေဂ်ာင္ကုကေတာ့ အနည္းငယ္ေလးလွမ္းသြားမွ ကားမွန္ကိုခ်ၿပီး ျခံဝမွာက်န္ခဲ့တဲ့အေဖ့ကို
"ဂ႐ုစိုက္ေနာ္အေဖ!...ေနမေကာင္းျဖစ္ခ်င္လည္းက်ဳပ္မဂၤလာေဆာင္ၿပီးမွျဖစ္!!"
သူေျပာေတာ့အေဖက စီးထားတဲ့ဖိနပ္ကိုခြၽတ္ၿပီးေကာက္ေပါက္ပါေလေရာ။
"ေခြမသားေလး!...ျပန္ရဲျပန္လာၾကည့္!!"
"လာရဲတာေပါ့!!...ဂြၽန္ေဂ်ာင္ဆိုးသားဂြၽန္ေဂ်ာင္ကုမလား!!"
"ထယ္ေယာင္းပဲလာခဲ့...မင္းကေတာ့ျပန္ကိုမလာနဲ႔!!"
႐ြာလမ္းမႀကီးတစ္ေလွ်ာက္လုံး ဂြၽန္သားအဖႏွစ္ေယာက္ရဲ႕တီတီတာတာရန္ျဖစ္သံေတြနဲ႔ ဆူညံသြားေတာ့သည္။ထယ္ေယာင္းမွာေတာ့ကားေမာင္းေနရင္းနဲ႔ ေဂ်ာင္ကုတို႔သားအဖရဲ႕ခ်စ္ဖို႔ေကာင္းတဲ့ဆက္ဆံေရးကိုၾကည့္ၿပီး ေခါင္းတစ္ခါခါျဖင့္သာ။
...
"အိုး!...အနံ႔အသက္မေကာင္းဘူး"
တစ္ပတ္ေလာက္ပိတ္ၿပီးထားခဲ့တဲ့အိမ္က ဖြင့္ဖြင့္ခ်င္းမွာတင္ မသတီစရာအနံ႔ရလိုက္တာေၾကာင့္ ထယ္ေယာင္းမွာႏွာေခါင္းပိတ္ၿပီး ျခံထဲသို႔ေျပးထြက္သြားေတာ့သည္။
"ကိုကိုကားထဲမွာပဲေစာင့္ေနလိုက္ေလ...ေမာင္သန္႔႐ွင္းေရးလုပ္လိုက္မယ္"
"ကိုကိုလည္းကူပါ့မယ္"
"ကားေပၚသြားထိုင္ေနပါ...ေမာင္ပဲလုပ္ပါ့မယ္ဆို"
ေဂ်ာင္ကုမွာေျပာမရတဲ့ထယ္ေယာင္းကို ကားထဲသို႔အတင္းဆြဲထည့္ရင္း အိမ္ထဲသို႔ျပန္ဝင္လာခဲ့သည္။အနံ႔ဆိုးထြက္ေနတဲ့တရားခံက မီးဖိုေခ်ာင္ထဲကအမိႈက္အစိုထားတဲ့ပုံးမွျဖစ္သည္။အေလာသုံးဆယ္နဲ႔႐ြာကိုျပန္သြားရတာေၾကာင့္ အမိႈက္ပစ္ဖို႔ကိုေမ့သြားခဲ့တာပင္။
ေဂ်ာင္ကုလည္း ေအပ႐ြန္ျမန္ျမန္ဝတ္၍ အမိႈက္အိတ္ကိုႏွစ္ထပ္စြပ္ၿပီး အိမ္ေနာက္ေဖးကျခံထဲမွာခဏသြားထားရသည္။ၿပီးတာနဲ႔ေလသန္႔စက္ဖြင့္ၿပီး အနံ႔ေတြကို႐ွင္းထုတ္၍ ကိုကိုႀကိဳက္တဲ့လာဗင္ဒါရနံ႔အိတ္ေလးကို ထိုေလသန္႔စက္ေ႐ွ႕မွာထားလိုက္ေတာ့ တစ္အိမ္လုံးကခဏေလးအတြင္းမွာ လာဗင္ဒါရနံ႔ေတြနဲ႔ေမႊးႀကိဳင္သြားေတာ့သည္။ၿပီးမွheaterဖြင့္ၿပီး အိမ္ကိုအေႏြးဓါတ္ေပးရသည္။ကိုကို႔အခန္းကိုလည္း ဖုန္စုပ္စက္နဲ႔သန္႔႐ွင္းေရးေသခ်ာလုပ္ၿပီးမွ heaterဖြင့္ေပးထားခဲ့ရသည္။သူ႕အခန္းကိုေတာ့ ေနာက္မွသန္႔႐ွင္းေရးလုပ္ရမည္။အားလုံးသန္႔႐ွင္းေရးလုပ္ၿပီးေတာ့မွ ကားေပၚမွာထားခဲ့တဲ့ဝက္ဝံေပါက္ေလးဆီသြားရသည္။
သူသန္႔႐ွင္းေရးလုပ္ေနတာအေတာ္ၾကာသြားသည္ထင္...ဝက္ဝံေပါက္ေလးကအိပ္ေတာင္ေပ်ာ္ေနၿပီ။
အိပ္ေနတဲ့ဝက္ဝံေပါက္ေလးကို မႏိႈးေတာ့ပဲအသာခ်ီ၍ အခန္းထဲသို႔ပဲေခၚလာလိုက္သည္။ခဏေနမွပဲႏိႈးၿပီး ညစာေကြၽးရေတာ့မယ္။
"ေမာင္"
"ဗ်ာ"
ကုတင္ေပၚအသာခ်ေပးၿပီး ေစာင္ျခဳံေပးကာအျပင္ထြက္ဖို႔လုပ္ေတာ့ ေမာင္ဟူေသာခပ္ၾသၾသေခၚသံတိုးတိုးနဲ႔အတူ သူ႕ေအပ႐ြန္အနားစကိုလာဆြဲတဲ့လက္လွလွေလးေၾကာင့္ 'ဗ်ာ' ဟုထူးၿပီးလွည့္ၾကည့္လိုက္ေတာ့ အိပ္ခ်င္မူးတူးပုံေလးနဲ႔သူ႕ကိုၾကည့္ေနတဲ့ ဝက္ဝံေပါက္ေလး။
"ေမာင့္ေၾကာင့္ႏိုးသြားတာလား"
ေမးေတာ့ ေခါင္းကိုဘယ္ညာခါျပသည္။
"ေျပာစရာ႐ွိလို႔"
"ကဲ...ဘာေျပာမလို႔လဲ...ေျပာပါဦး"
ေျပာရင္းနဲ႔ေအပ႐ြန္အနားစကို မလႊတ္တမ္းကိုင္ထားတဲ့လက္သြယ္သြယ္ေလးကိုဆြဲယူရင္း ကုတင္ေပၚတင္လႊဲထိုင္လိုက္ေတာ့ အိပ္ခ်င္မူးတူးျဖစ္ေနတဲ့ဝက္ဝံေပါက္ေလးက ေပါင္ေပၚကိုခ်က္ခ်င္းေခါင္းတင္ၿပီး လာအိပ္သည္။
"ညစာကိုဂင္ခ်ီဟင္းရည္နဲ႔..ဝက္သားျပားေၾကာ္စားခ်င္တယ္...ပဲၾကာဇံသုတ္ေရာပဲ...အဲ့ဒါေျပာမလို႔"
ေဂ်ာင္ကုမွာ ထယ္ေယာင္းအေျပာေၾကာင့္ျပဳံးမိသြားၿပီး အသည္းယားလာလြန္း၍ သူ႕ေပါင္ေပၚမွာအိပ္ေနတဲ့ထယ္ေယာင္းပါးကိုဖိနမ္းလိုက္ေတာ့သည္။သူနမ္းလိုက္လို႔ ေကာ့တက္သြားတဲ့ႏႈတ္ခမ္းပါးေတြကိုလည္း အေသအခ်ာေတြ႕လိုက္ရပါေသးသည္။
"သခင္ေလးအမိန္႔အတိုင္းရေစရမယ္...ဟုတ္ၿပီလား"
"အင္း...ဒီသခင္ေလးကအရမ္းခ်စ္တယ္ေနာ္"
"အတတ္ေလးကြာ"
စကားတတ္လြန္းၿပီး ခ်စ္ဖို႔ေကာင္းလြန္းေနတဲ့သခင္ေလးကို အတင္းဖက္ၿပီးနမ္းေတာ့ အခန္းထဲမွာနားခ်ိဳစရာေအာ္ရယ္သံေတြနဲ႔ျပည့္ႏွက္သြားသည္။ခဏေနမွအိပ္ခ်င္တယ္ဆိုတဲ့သခင္ေလးေၾကာင့္ နဖူးကိုတစ္ခ်က္ဖိကပ္နမ္းရင္းေစာင္ျခဳံေပးခဲ့၍ ခ်က္ျပဳတ္ဖို႔စီစဥ္ရေတာ့သည္။
မွာထားတဲ့အတိုင္းေသခ်ာခ်က္ေပးၿပီးေတာ့ ထမင္းေကြၽးဖို႔ရာႏိႈးဖို႔အခန္းထဲဝင္သြားေတာ့ ေရခ်ိဳး၍အဝတ္အစားေတာင္လဲၿပီးေနၿပီျဖစ္ေသာ ကိုကို။ထုံးစံအတိုင္း သူဝင္လာတာကိုမသိပဲ စာအုပ္အညိဳထဲမွာတစ္ခုခုကို အသည္းအသန္ေရးေနျပန္သည္။သူ႕ကိုျမင္ရင္လန္႔သြားမယ့္ပုံရိပ္ေလးကိုမျမင္ခ်င္တာေၾကာင့္ အခန္းျပင္ကိုတိတ္တိတ္ေလးျပန္ထြက္ၿပီး တံခါးေခါက္၍ထမင္းစားဖို႔အသိေပးၿပီး မီးဖိုေခ်ာင္ထဲမွာျပင္ဆင္ေနလိုက္သည္။
"ဝါး...စားဖိုကဲႀကီးကေတာ္လိုက္တာ...သခင္ေလးမွာထားတဲ့အတိုင္းပဲ"
ထိုင္ခုံမွာဝင္ထိုင္ရင္းေျပာေတာ့ ေမာင့္ဆီကရယ္သံသဲ့သဲ့ကိုၾကားရသည္။
"သုံးေဆာင္လို႔ရပါၿပီ...ေနဦး...မစားခင္ဆုေတာင္းရမယ္မလား"
"ကိုကိုမေမ့ပါဘူးကြာ"
'မေမ့ပါဘူးကြာ'ေျပာၿပီး ပဲၾကာဇံသုတ္ကိုလက္လွမ္းေနၿပီျဖစ္တဲ့ကိုကိုက သူေျပာမွတူျပန္ခ်ၿပီး ပြစိပြစိနဲ႔ဆုေတာင္းေတာ့သည္။မ်က္လုံးေတြမွိတ္ၿပီးဆုေတာင္းေနတဲ့ကိုကိုက မ်က္ေတာင္အ႐ွည္ႀကီးေတြနဲ႔ ေတာ္ေတာ္ေခ်ာသည္။ႏွာေခါင္းထိပ္ကမွဲ႔နက္ေလးကလည္း ေပ်ာက္သြားသည္အထိဖိနမ္းပစ္လိုက္ခ်င္စရာ။ဟစိဟစိျဖစ္ေနတဲ့ပန္းႏုေရာင္ႏႈတ္ခမ္းေတြကလည္း လာနမ္းလွည့္ပါလို႔ဖိတ္ေခၚေနသလို။ေသခ်ာေတြးၾကည့္ရင္ သူကိုကိုနဲ႔ခ်စ္သူျဖစ္ခြင့္ရခဲ့တာဟာ ေတာ္ေတာ္ကံေကာင္းတာပါလား?
"ဘာေတြ အဲ့ေလာက္ေငးေနတာလဲ"
ကိုကိုေျပာမွသတိျပန္ဝင္ေတာ့သည္။ကိုကိုကဆုေတာင္းတာၿပီးသြားလို႔ ပဲၾကာဇံသုတ္ေတာင္စားေနၿပီပဲ။
"ကိုကိုကသိပ္ေခ်ာလို႔ေငးေနတာ...ကိုကို႔ကိုရထားတာ..ေမာင္ေတာ့သိပ္ကံေကာင္းတာပဲ"
သူေျပာေတာ့ ကိုကိုကတူကိုခ်ရင္းနဲ႔ေခါင္းခါျပသည္။
"အမွန္ေတာ့...ကိုကိုကကံေကာင္းတာပါ...ဘက္စုံေတာ္တဲ့ေမာင့္ကိုရထားတယ္ေလ...ကိုကို႔ဘဝမွာေလ..ရည္းစားထားဖို႔ကိုတစ္ခါမွမေတြးဖူးသလို...အိမ္ေထာင္ျပဳဖို႔အေတြးလည္းမ႐ွိခဲ့ဘူး...ပိုက္ဆံစုၿပီးအသက္ႀကီးတဲ့ထိတစ္ေယာက္တည္း...ေကာင္းေကာင္းေနသြားမယ္လို႔ပဲစိတ္ကူးခဲ့တာ...အဲ့လိုအေၾကာတင္းတဲ့ကင္မ္ထယ္ေယာင္းက...ညစ္ညစ္ပတ္ပတ္ေကာင္ေလးတစ္ေယာက္ကိုအိမ္ေခၚလာတည္းက...အေတြးေတြစေျပာင္းသြားေတာ့တာပဲ...တစ္ေယာက္တည္းလည္းမေနခ်င္ေတာ့သလို...ရင္ေတြလည္းစခုန္တတ္လာတယ္...ေနာက္ဆုံးမ်က္လုံးဝိုင္းေတြေအာက္မွာက်ဆုံးၿပီး...ခ်စ္မိသြားေတာ့တာပဲ"
ထယ္ေယာင္းက သူ႕ရဲ႕ခံစားခ်က္ေတြကိုဖြင့္ခ်ျပေတာ့ ေဂ်ာင္ကုမ်က္လုံးဝိုင္းဝိုင္းေလးေတြမွာ မ်က္ရည္ၾကည္ေတြဝဲတက္လာသည္။
"မငိုရဘူးေနာ္...ေမာင့္ကိုမ်က္ရည္ေတြနဲ႔မႀကိဳက္ပါဘူး"
"ဘာလို႔မႀကိဳက္တာလဲ"
ေဂ်ာင္ကုက က်ခါနီးေနတဲ့မ်က္ရည္ေတြကို ပုတ္ခပ္ပုတ္ခပ္လုပ္ၿပီးေမးလိုက္သည္။
"ရင္ဘတ္ထဲကနာလို႔...မႀကိဳက္ဘူး"
"ကိုကိုကဗ်ာ...ေမာင္ေတာ့႐ူးေတာ့မွာပဲ"
ေဂ်ာင္ကုကေျပာရင္းနဲ႔ ထိုင္ခုံကေနထိုင္ကာ ထယ္ေယာင္းမ်က္ႏွာနားဆီေရာက္ေအာင္ ခႏၶါကိုယ္ကိုကိုင္းခ်လိုက္သည္။
"ဘာလုပ္မလို႔လဲ"
"ေမာင့္ကို႐ူးေအာင္လုပ္ေနတဲ့ ကိုကို႔ကိုနမ္းမလို႔"
ေျပာၿပီးတာနဲ႔ ေမးဖ်ားကိုထိန္းကိုင္ၿပီး ခုနတည္းကနမ္းခ်င္ေနတဲ့ပန္းႏုေရာင္ႏႈတ္ခမ္းေလးကို အတင္းဖိကပ္နမ္းမိေတာ့သည္။ကိုကိုက႐ုတ္တရက္မို႔လန္႔ၿပီး သူ႕အနမ္းေတြကိုမတုံ႔ျပန္ပဲ ေၾကာင္ေတာင္ေတာင္ေလးၾကည့္ေနတာမို႔ ေအာက္ႏႈတ္ခမ္းေလးကို ခပ္ဖြဖြကိုက္လိုက္မွ အာ့ခနဲထေအာ္ၿပီးျပန္တုံ႔ျပန္ေတာ့သည္။လွ်ာဖ်ားေလးကိုပါစုပ္ယူၿပီးနမ္းေတာ့ ကိုကိုကအက်င့္မ႐ွိသည့္ႏွယ္...အတင္း႐ုန္းေတာ့သည္။သို႔ေသာ္႐ုန္းခြင့္မေပးပဲ အတင္းနမ္းေတာ့မွၿငိမ္သြားၿပီးျပန္လည္တုံ႔ျပန္လာသည္။
ဒီလိုနဲ႔ပဲစိတ္ႀကိဳက္နမ္း႐ိႈက္လို႔ၿပီးမွ ထမင္းစားဖို႔ျပင္ေတာ့ေအးစက္သြားတဲ့ဂင္ခ်ီဟင္းရည္ေၾကာင့္ ျပန္ေႏႊးဖို႔ျပင္ရသည္။ဟင္းရည္ေႏႊးေနစဥ္တစ္ေလွ်ာက္လုံးလည္း မီးဖိုေဘးမွာနမ္းေနၾကေသးတဲ့ႏွစ္ေယာက္ေၾကာင့္ အခ်ိန္အေတာ္လင့္မွ ထမင္းစားျခင္းမွာၿပီးစီးသြားေတာ့သည္။
...
ထယ္ေယာင္းမွာ ကြန္ျပဴတာေ႐ွ႕မွာထိုင္ၿပီး ထိုင္မလိုထမလိုဖင္ဂနာမၿငိမ္ျဖင့္ screenကိုမ်က္စိမလႊဲပဲၾကည့္ေနသည္။အသက္႐ႈသံေတြျမန္ေနၿပီး နဖူးမွာလည္းေခြၽးစေတြသီးေနသည္။ေဘးမွာထိုင္ေနတဲ့ေဂ်ာင္ကုကေတာ့ ေအးေဆးေလးသာ...စားပြဲေပၚေမးေထာင္ရင္း ထယ္ေယာင္းရဲ႕ဆံပင္ေတြကိုတို႔ထိ၍ ေဆာ့ကစားေနသည္။
"ဘာေတြစိတ္ပူေနတာလဲ ကိုကိုရာ...ေမာင္ေျဖႏိုင္ပါတယ္ဆို"
"ေျဖႏိုင္တာသိေပမယ့္...အမွတ္ေကာင္းဖို႔လည္းလိုေသးတယ္ေလကြာ"
ဒီေန႔ည9နာရီတိတိေအာင္စာရင္းထြက္မွာမို႔ ေတာင္ကိုရီးယားတစ္ႏိုင္ငံလုံး႐ွိ စာေမးပြဲေျဖဆိုထားတဲ့ေက်ာင္းသားေတြနဲ႔ မိဘေတြမွာစိတ္လႈပ္႐ွားေနၾကသည္။ထယ္ေယာင္းမွာလည္း အေမတစ္ေယာက္နီးပါး ထိုရလဒ္ကိုစိတ္ပူေနသည္။ေဂ်ာင္ကုကေတာ့ေအးေဆးသာ။
"9နာရီထိုးဖို႔ 5မိနစ္ပဲလိုေတာ့တယ္!!"
႐ုတ္တရက္ႀကီးထေအာ္တဲ့ထယ္ေယာင္းေၾကာင့္ ထယ္ေယာင္းဆံပင္ေတြကိုတို႔ထိၿပီး ကစားေနတဲ့ေဂ်ာင္ကုမွာမ်က္လုံးေလးျပဴးၿပီး လန္႔သြားေတာ့သည္။သူ႕ကိုကိုက တစ္ကယ္စိတ္လႈပ္႐ွားေနတာပဲ။
"ကိုကို"
"အင္း"
သူေခၚေတာ့ ကြန္ျပဴတာကေနအၾကည့္မခြာပဲ 'အင္း'ဟုသာခပ္ျပတ္ျပတ္ျပန္ေျဖသည္။
"ကိုကို"
"ဘာလဲ"
"ေမာင့္ကိုၾကည့္"
"ဘာလို႔လဲ"
"ၾကည့္ဆိုၾကည့္ဗ်ာ"
ဆူေအာင့္ေအာင့္ေျပာေနတဲ့ေမာင္ေၾကာင့္ သူ႕မွာမေနႏိုင္ေတာ့...မ်က္ႏွာေခ်ာေခ်ာေလးကိုၾကည့္ရေတာ့သည္။သူ႕ကိုအေရးမလုပ္လို႔ဆိုၿပီး ဆူပုပ္ေနတဲ့မ်က္ႏွာေလးက ခ်စ္ဖို႔ေကာင္းေနတာမို႔ ႏွာေခါင္းလုံးလုံးေလးကို သူ႕ႏွာေခါင္းထိပ္ေလးနဲ႔ပြတ္ကာက်ီစယ္လိုက္ေတာ့ ေမာင္ကတခစ္ခစ္နဲ႔ရယ္သည္။
"ေမာင္ကခ်စ္ဖို႔ေကာင္းတယ္မလား"
"အင္း...ကိုကို႔မ်က္လုံးထဲမွာေမာင္ကခ်စ္ဖို႔အေကာင္းဆုံးပဲ"
"ဒါဆိုနမ္း"
ႏႈတ္ခမ္းကိုလက္ညိႇဳးနဲ႔ထိျပၿပီးေျပာေတာ့ ကိုကိုကမ်က္ေစာင္းထိုးသည္။
"မဆိုင္တာကြာ"
"ဆိုင္မွနမ္းမွာလား"
လက္ကိုဆြဲၿပီးေမးေတာ့ သူ႕လက္ကိုအတင္းျဖဳတ္ခ်ၿပီး ကြန္ျပဴတာကိုၾကည့္၍ ထေအာ္ေတာ့သည္။
"22စကၠန္႔ပဲလိုေတာ့တယ္!!"
တျဖည္းျဖည္းနဲ႔နီးလာတဲ့အခ်ိန္ေၾကာင့္ ထယ္ေယာင္းမွာေဇာေခြၽးေတြပါျပန္ၿပီး ေမာက္စ္ကိုကိုင္ထားတဲ့လက္မွာလည္းတုန္ရီလာေတာ့သည္။ေဂ်ာင္ကုကေတာ့ စိုးရိမ္လြန္ေနတဲ့သူ႕ကိုကို ကိုေဘးကေနသာေငးၾကည့္ေနသည္။
websiteထဲဝင္လို႔ရၿပီဆိုတာနဲ႔ ထယ္ေယာင္းမွာ ေဂ်ာင္ကုရဲ႕ေမြးသကၠရာဇ္နဲ႔ခုံနံပါတ္ကို႐ိုက္ထည့္ၿပီး ႐ွာေတာ့'မေအာင္ျမင္ပါ' ဆိုတဲ့စာသားေပၚလာတာမို႔ ခ်က္ခ်င္းအသံၿပဲႀကီးျဖင့္ငိုခ်ေတာ့သည္။ေဂ်ာင္ကုမွာလည္း သူေျဖထားတာသူအသိဆုံးမို႔ ဒီလိုရလဒ္ထြက္လာေတာ့ ထယ္ေယာင္းငိုေနတာကိုေတာင္ ေခ်ာ့ဖို႔မေတြးပဲ တုန္လႈပ္သြားသည္။ၿပီးမွ ထယ္ေယာင္း႐ိုက္ထည့္ထားတဲ့သူ႕ခုံနံပါတ္က တစ္လုံးလြဲေနတာမို႔ ျပန္ျပင္ၿပီးၾကည့္လိုက္ေတာ့ 'ေအာင္ျမင္ပါသည္' ဆိုတဲ့စာတန္းေလးကိုေတြ႕ရမွ စိတ္ေအးသြားေတာ့သည္။
"ၾကည့္ပါဦးကိုကို...ေမာင္ေအာင္တယ္...ကိုကိုကေမာင့္ခုံနံပါတ္တစ္လုံးကိုမွားထည့္ထားတာ"
"ဟင္!...တစ္ကယ္လား!!"
"အင္း...ဒီမွာၾကည့္ပါလား"
ေမာင္ျပတဲ့အတိုင္းၾကည့္လိုက္ေတာ့ screenမွာဂြၽန္ေဂ်ာင္ကုဆိုတဲ့နာမည္နဲ႔အတူ အလြတ္ရေနတဲ့ေမြးေန႔နဲ႔ခုံနံပါတ္လည္းတူတူျဖစ္ၿပီး စာေျဖဌာနလည္းတူေနတာမို႔ ေမာင္ဆိုတာအေသအခ်ာပင္။ဟူး...သူသွ်မ္းသြားတာပဲ..ခုမွပဲရယ္ႏိုင္ေတာ့တယ္။
"ေတာ္ေသးတာေပါ့...ကိုကိုတစ္ကယ္လန္႔သြားတာ"
လန္႔သြားတဲ့မ်က္ႏွာေလးကမ်က္ရည္ေတြကို သုတ္ေပးေတာ့ သူ႕ပါးကိုႁပြတ္ခနဲလာနမ္းရင္းနဲ႔ ေခါင္းကိုပြတ္ေပးကာ 'သိပ္ေတာ္တယ္' ဟုခ်ီးက်ဴးသည္။
"ေမ့ေနတာ!...အမွတ္ၾကည့္ရဦးမွာပဲ"
အမွတ္ၾကည့္ဖို႔က်န္ေနေသးတာေၾကာင့္ ခ်က္ခ်င္းဝင္စစ္လိုက္ေတာ့ ပါးစပ္အေဟာင္းသားျဖစ္သြားရသည္။ေမာင္ရဲ႕အမွတ္စာရင္းက 400မွာ 391မွတ္ရၿပီး တစ္ႏိုင္ငံလုံးအဆင့္ 108ခ်ိတ္သည္ဆိုတာေၾကာင့္ ပါးစပ္ကိုလက္နဲ႔ပိတ္၍စကၠန္႔ပိုင္းေလာက္ ေလာကႀကီးနဲ႔အဆက္သြယ္ျပတ္ေတာက္သြားသည္။
"ေမာင္...ကိုကိုျမင္ေနရတာတစ္ကယ္ႀကီးလား"
မ်က္လုံးျပဴးျပဴးေလးနဲ႔ေမးလာတဲ့ထယ္ေယာင္းကို ေဂ်ာင္ကုကေခါင္းညိတ္ျပ၍ ပါးကိုဆြဲဆိတ္လိုက္သည္။
"အာ့!...နာတယ္"
"တစ္ကယ္ဆိုတာယုံၿပီလား"
"ေမာင္ကသိပ္ေတာ္တာပဲ"
"ကိုကို႔ေလာက္မေတာ္ပါဘူး...ကိုကို႔တုန္းကတစ္ႏိုင္ငံလုံးအဆင့္47နဲ႔ေအာင္တာဆို"
"အဟြန္း...ကိုကိုကေတာ့ပိုေတာ္တာေပါ့"
ခါးေထာက္ၿပီးေျပာလာတဲ့ကိုကိုက သိပ္ခ်စ္ဖို႔ေကာင္းေနတာမို႔ အတင္းဆြဲဖက္မိေတာ့သည္။
"အင္း...ေမာင့္ကိုကိုကအေတာ္ဆုံးပဲ"
"ေမာင္ဘာလိုခ်င္လဲ...ကိုကို႔ကိုေျပာ...အားလုံးဝယ္ေပးမယ္"
ထယ္ေယာင္းအေမးေၾကာင့္ ေဂ်ာင္ကုကလူယုတ္မာအျပဳံးေလးျပဳံး၍
"ဝယ္ေပးစရာမလိုပါဘူး...ကိုကိုေပးရင္ရၿပီ"
"ကိုကို႔ဆီမွာ႐ွိတာကိုလိုခ်င္တာလား...ဘာလဲ"
မ်က္လုံးအေရာင္တလက္လက္ျဖင့္ သူ႕အေျဖကိုေစာင့္ေနတဲ့ကိုကိုကတစ္ကယ့္အျဖဴထည္ေလး။သူေတာင္းဆိုတာကိုသာၾကားရင္ သူ႕ေခါင္းကိုေခါက္မလား?ဗိုက္ကိုလိမ္ဆြဲမလား?မ်က္ႏွာရဲၿပီးေတာ့ ထြက္ေျပးသြားမလား? ဒါမွမဟုတ္ သူလိုခ်င္တာကို ကိုကိုကေပးမွာလား? ဆိုတာသိခ်င္လွသည္။
"ဘာလိုခ်င္တာလဲ ေျပာေလ"
"ေမာင္နဲ႔တစ္ညတာတူတူျဖတ္..."
"ေနဦး!..ၿပီးမွေျပာေတာ့..အေဖ့ကိုေျပာရဦးမယ္...ဖုန္းေရာ"
ေျပာလို႔ေတာင္မဆုံးေသး...ၾကားျဖတ္ေျပာကာဧည့္ခန္းထဲကိုေျပးတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမွာေခါင္းေမာ့ရင္း ေျခာက္ေျခာက္ကပ္ကပ္ေအာ္ရယ္ရင္းသာ က်န္ခဲ့ေတာ့သည္။
ကေလးဆန္တဲ့ကိုကိုနဲ႔တစ္ညတာျဖတ္သန္းဖို႔ကိစၥကို ခြင့္မေတာင္းေသးတာပိုအဆင္ေျပလိမ့္မယ္။နည္းနည္းရင့္က်က္လာတဲ့အထိ ေမာင္ေစာင့္ပါ့မယ္။
ခုေတာ့ကိုယ့္ကိစၥကိုယ္႐ွင္းဖို႔ အိမ္သာထဲသြားလိုက္ဦးမယ္။
...
ထယ္ေယာင္းရဲ႕ေ႐ႊေရာင္ပိတ္ရက္ေတြလည္း တျဖည္းျဖည္းတဲ့ကုန္ဆုံးသြားၿပီမို႔ အလုပ္ျပန္ဝင္ဖို႔ျဖစ္လာခဲ့သည္။ေဂ်ာင္ကုကေတာ့ဆိုလ္းတကၠသိုလ္ဝင္ခြင့္ရဖို႔အတြက္ စာေလ့လာေနရသည္။အခ်ိန္ေတြတစ္ဆတစ္ဆကုန္သြားေပမယ့္လည္း သူတို႔ႏွစ္ဦးၾကားထဲကအခ်စ္ကေတာ့ စခ်စ္တုန္းကအတိုင္း မေျပာင္းလဲပဲလတ္ဆတ္ေနဆဲပင္။တစ္ေယာက္နဲ႔တစ္ေယာက္မခြာရက္ႏိုင္ေအာင္ အကဲပိုစြာခ်စ္ၾကရင္း ေန႔တိုင္းအတူ႐ွိၾကသည္။အလုပ္သြားတဲ့ထယ္ေယာင္းအတြက္ ေဂ်ာင္ကုကအာဟာရ႐ွိတဲ့မနက္စာျပင္ေပးၿပီး ေန႔လည္ဆိုလည္းေက်ာပိုးအိတ္တစ္လုံးလြယ္၍ ထမင္းဘူးႏွစ္ဘူးနဲ႔အတူ ထယ္ေယာင္းေက်ာင္းသို႔ သြား၍ေန႔လည္စာအတူစားသည္။ေန႔လည္စာစားၿပီးေတာ့လည္း ေက်ာင္းစာၾကည့္တိုက္မွာပဲ စာေလ့လာ၍ ထယ္ေယာင္းအလုပ္ဆင္းမွတူတူျပန္သည္။ဒီလိုနဲ႔သာေန႔ရက္တိုင္းကို ႏွစ္ေယာက္အတူျဖတ္သန္းလာတာ ေအးစက္လြန္းတဲ့ေဆာင္းရာသီကုန္ၿပီး ေႏြဦးျပန္ေရာက္လာသည္အထိပင္။
ေဂ်ာင္ကုက ဆိုးလ္တကၠသိုလ္ရဲ႕ Computer Science and Engineering ေမဂ်ာကိုဝင္ခြင့္ဝင္ေျဖခဲ့ၿပီး ေအာင္ခဲ့တာမို႔ ဆိုးလ္တကၠသိုလ္ေက်ာင္းသားႀကီးျဖစ္ေတာ့မွာျဖစ္သည္။ထယ္ေယာင္းကေတာ့ ေဂ်ာင္ကုလိုအပ္သမွ်ကို ေဘးကေနေထာက္ပံ့ေပးရင္း အေကာင္းဆုံးလက္တြဲေဖာ္အျဖစ္႐ွိေပးသည္။
"မနက္ျဖန္ တကၠသိုလ္စတက္ရေတာ့မွာေနာ္"
ထယ္ေယာင္းက noteထုတ္ေနရင္းနဲ႔ ေမးေတာ့ ေဂ်ာင္ကုကမ်က္ႏွာမဲ့ျပရင္း ေခါင္းညိတ္ျပသည္။
"ဘာလို႔လဲ...မေပ်ာ္ဘူးလား"
"မေပ်ာ္ပါဘူး...အမွန္ေတာ့ကိုကို႔အနားမွာပဲ..အခ်ိန္ျပည့္ကပ္ေနခ်င္တာ...တကၠသိုလ္လည္းမတက္ခ်င္ဘူး"
"မတက္ခ်င္လည္းမတက္နဲ႔ေလ...ရတာပဲ"
"ရစရာလား...ကိုကို႔ကိုတင့္ေတာင္းတင့္တယ္ထားႏိုင္ဖို႔...စားႀကိဳးစားရမွာေပါ့"
"အမ်ိဳးမ်ိဳးကြာ"
ထယ္ေယာင္းကမႏိုင္ဘူးဟူေသာသေဘာျဖင့္ ေခါင္းခါရင္းေျပာၿပီး ေပါင္ေပၚတင္ထားတဲ့laptopကို စားပြဲေပၚေျပာင္းတင္၍ ေညာင္းေနတဲ့အေက်ာေတြကိုဆန္႔ထုတ္လိုက္သည္။ထိုစဥ္ခဏေလးအတြင္းမွာပဲ ေဂ်ာင္ကုကလြတ္သြားတဲ့ထယ္ေယာင္းေပါင္ေပၚမွာေခါင္းမွီခ်လိုက္သည္။
"ကိုကို...တကၠသိုလ္တက္ရတာေပ်ာ္ဖို႔ေကာင္းလား"
စာ႐ိုက္ထားလို႔ေညာင္းေနတဲ့ လက္သြယ္သြယ္ေလးကိုႏွိပ္ေပးရင္းေမးေတာ့ ကိုကိုကမ်က္မွန္ကိုခြၽတ္ၿပီး
"သိပ္ေပ်ာ္ဖို႔ေကာင္းတာေပါ့...တစ္ႏိုင္ငံလုံးကမိန္းမလွေလးေတြက...ဆိုလ္းတကၠသိုလ္မွာလာစုၾကတာေလ...ေန႔တိုင္းနတ္သမီးေလးေတြကိုျမင္ရတာေလာက္...ကံေကာင္းတာ႐ွိပါဦးမလား...ကိုကိုဆိုအရမ္းေပ်ာ္ခဲ့တာ"
ထယ္ေယာင္းက ေပ်ာ္႐ႊင္ေက်နပ္ဖြယ္အသံႀကီးနဲ႔ေျပာျပေတာ့ ေဂ်ာင္ကုကႏွိပ္ေပးေနတဲ့လက္သြယ္သြယ္ေလးကို လႊတ္ခ်ရင္း ေပါင္ေပၚကေနထကာ အခန္းထဲသို႔ေျပးဝင္သြားေတာ့သည္။ဧည့္ခန္းထဲကထယ္ေယာင္းမွာေတာ့ စိတ္ဆိုးသြားတဲ့ေဂ်ာင္ကုကို ခ်က္ခ်င္းလိုက္မေခ်ာ့ပဲ ဗိုက္ကိုႏွိပ္၍ရယ္ေနသည္။
ကြၽန္ေတာ္႕ခ်စ္သူေလးက ေကာင္မေလးေတြအေၾကာင္းပါလာတာနဲ႔ကို စိတ္ဆိုးတတ္တာ။ခုပဲၾကည့္ပါလား?ႏႈတ္ခမ္းကို တစ္ေတာင္ေလာက္ေထာ္ၿပီး ေျခေဆာင့္ၿပီးအခန္းထဲဝင္သြားတာ။မတတ္ႏိုင္ဘူး...စမိေတာ့လည္း လိုက္ေခ်ာ့ရမွာေပါ့ေလ။
ေမာင္စိတ္ဆိုးရင္ျဖင့္ ကိုကိုကေနကိုမေနတတ္ေတာ့တာ။
"ေမာင္ေရ...တံခါးဖြင့္ေပးဦးေလ"
တံခါးေခါက္ၿပီးေျပာေတာ့ ေတာ္ေတာ္နဲ႔အသံကျပန္မလာ။
"ထြက္သြား!...နတ္သမီးဆိုတဲ့ဟာေတြနဲ႔သြားေပ်ာ္ေန!!"
အတန္ၾကာမွထြက္လာတဲ့ အခန္းထဲကေနေအာ္သံေၾကာင့္ ထယ္ေယာင္းမွာအသံမထြက္ေအာင္ က်ိတ္ရယ္ရင္းျဖင့္ ေသာ့အပိုတစ္ေခ်ာင္းသြားယူၿပီး တံခါးဖြင့္ကာ အသက္႐ႈရပ္မတတ္အနမ္းခံၿပီး ျပန္ေခ်ာ့လိုက္ရေတာ့သည္။
...
ဒီေန႔ေက်ာင္းမွာ ပါေမာကၡတစ္ေယာက္မဝင္တာေၾကာင့္ အတန္းခ်ိန္ေစာဆင္းသည္မို႔ လိုအပ္တာေတြဝင္ဝယ္ရင္း အိမ္သို႔ဘတ္စ္ကားျဖင့္ျပန္လာခဲ့လိုက္သည္။ကိုကို႔ကိုလည္း ဒီေန႔လာမႀကိဳဖို႔မက္ေဆ့ပို႔ထားတာမို႔ ကိုကိုလည္းေက်ာင္းဆင္းတာနဲ႔ အိမ္တန္းျပန္လာမည္ျဖစ္သည္။
အခုတေလာ ေက်ာင္းစာေတြနဲ႔ပဲအလုပ္မ်ားေနတာေၾကာင့္ ကိုကိုနဲ႔ေအးေဆးအခ်ိန္မျဖဳန္းရတာေတာင္ ၾကာေရာေပါ့။ဒါ့ေၾကာင့္ ဒီေန႔ညစာကို ကိုကိုႀကိဳက္တာေတြပဲခ်က္ၿပီး ေပ်ာ္ဖို႔ေကာင္းတဲ့အခိုက္အတန္႔ေလးကို ဖန္တီးရမယ္။ညစာစားၿပီးရင္ ကိုကိုႀကိဳက္တဲ့ကာတြန္းကားလည္း တူတူၾကည့္ရမယ္။အေဖပို႔လိုက္တဲ့စေတာ္ဘယ္ရီေတြနဲ႔ youtubeကေနေလ့လာထားတဲ့ ကိတ္မုန္႔ဖုတ္နည္းအတိုင္း စေတာ္ဘယ္ရီကိတ္မုန္႔တစ္လုံးလည္း ဖုတ္ထားရမယ္။ကိုကိုေတာ့ ေပ်ာ္ေနေတာ့မွာပဲ။
အစီအစဥ္ခ်ထားတဲ့အတိုင္း ကိုကိုျပန္မေရာက္ခင္မွာ အကုန္ၿပီးေအာင္ ျပင္ဆင္ေနလိုက္သည္။ထမင္းနဲ႔ဟင္းေတြက်က္သြားေသာ္လည္း လုပ္ေလ့မ႐ွိတဲ့ကိတ္မုန္႔ကေတာ့ ပထမတစ္လုံးမွာတင္ လႊတ္ပစ္လိုက္ရသည္။သို႔ေသာ္လက္မေလွ်ာ့ပဲ ေနာက္တစ္လုံးထပ္လုပ္ေတာ့လည္း ကိတ္သားနည္းနည္းတူးသြားတာမို႔ လႊတ္ပစ္ရျပန္သည္။မလုပ္ေတာ့ဖို႔ဆုံးျဖတ္လိုက္ေသာ္လည္း ကိုကိုေပ်ာ္သြားတာကိုျမင္ခ်င္တာမို႔ ေသခ်ာစိတ္ႏွစ္ၿပီးတစ္နည္းမွမလြဲေအာင္လုပ္ၾကည့္တာ ေနာက္ဆုံးတစ္ေခါက္မွ အဆင္ေျပေျပနဲ႔ ေသသပ္လွပတဲ့စေတာ္ဘယ္ရီကိတ္မုန္႔ေလးၿပီးစီးသြားေတာ့သည္။အေပၚကေန ကိုကိုႀကိဳက္တဲ့စေတာ္ဘယ္ရီနီနီေတြနဲ႔ အလွဆင္ထားၿပီး အရမ္းခ်စ္တယ္ဟုလည္းေရးထားလိုက္သည္။
"ဟူး...ေနာက္ဆုံးေတာ့ၿပီးသြားၿပီပဲ"
ခ်စ္ဖို႔ေကာင္းတဲ့ကိတ္မုန္႔ကို ေျဖးေျဖးခ်င္းသယ္ၿပီး ေရခဲေသတၱာထဲထည့္ေနတုန္း ၾကားလိုက္ရတဲ့ဘဲလ္သံေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာမွာအျပဳံးေလးျဖစ္တည္သြားသည္။
မ်က္ႏွာေပၚမွာေပေနတဲ့ဂ်ံဳမႈန္႔ေတြကိုေတာင္ မသုတ္အားပဲတံခါးကိုေျပးဖြင့္တဲ့ေဂ်ာင္ကုက ထယ္ေယာင္းကေန႔တိုင္း ဒီတိုင္းဝင္လာေနက်ဆိုတာကို ေမ့ေလ်ာ့သြားသည္။
အျပဳံးလွလွေလးနဲ႔ တဲခါးကိုဖြင့္လိုက္ေတာ့ ျမင္ရတာကကိုကိုမဟုတ္ပဲ အထုတ္အပိုးအျပည့္ဆြဲထားတဲ့ဦးေလးႀကီးတစ္ေယာက္နဲ႔ မ်က္မွန္အမဲေရာင္ႀကီးတပ္ထားတဲ့ အေဒၚႀကီးတစ္ေယာက္ျဖစ္ေနသည္။
"ဘယ္သူေတြ..."
"နင္ဘယ္သူလဲ!!"
သူ႕စကားေတာင္မဆုံးေသး...ၾကားျဖတ္ေမးလာတဲ့အေဒၚႀကီးက သူ႕ကိုၾကည့္ေနတာစားဝါးေတာ့မတတ္ပင္။
"အေဒၚတို႔ကေရာဘယ္သူလဲ"
ဗလိုင္းႀကီးလာေဟာက္ေနတဲ့အေဒၚႀကီးကို ျပန္ေမးလိုက္ေတာ့ ခ်က္ခ်င္းမေျဖပဲ မ်က္မွန္အမဲႀကီးကိုခြၽတ္လိုက္သည္။မ်က္မွန္ခြၽတ္လိုက္ေတာ့မွ ႐ွင္း႐ွင္းလင္းလင္းေတြ႕လိုက္ရတဲ့ ထိုအေဒၚႀကီးမ်က္ႏွာက တစ္ေယာက္ေယာက္နဲ႔ေတာ္ေတာ္တူေနသလို။
"ငါကကင္မ္ထယ္ေယာင္းရဲ႕အေမ...နင္ကမွဘယ္သူလဲ"
"ဗ်ာ!!...ကိုကို႔မိဘေတြေပါ့"
Kimharu4121992🌵Borahae💜
#ဟဲဟဲ...double update လုပ္ဖူးၿပီကြ😌
#ဒါနဲ႔ေလ စကားမစပ္...ကိုယ့္wallထဲမွာ to the boneဆိုတဲ့ ficအသစ္ေလးကို 2ပိုင္းUpထားပါတယ္အားရင္ဖတ္ေပးၾကပါဦး႐ွင့္💜
There are no comments yet. Log in to be the first to leave a review!





