Fanfics

18

07:54, 3 December 2023

"ဟို​​ရောက်ရင်ကျန်းမာ​ရေးဂရုစိုက်ပါ...သား​လေးကြိုက်တဲ့စ​တော်ဘယ်ရီ​တွေလည်း...အ​ဖေအမြဲပို့​​ပေးမယ်...​ဂျောင်ကုကီးကိုလည်းဂရုစိုက်​ပေးပါဦး"

သူ့လက်ကိုကိုင်ပြီး​ပြော​နေတဲ့​ ဂျောင်ကုအ​ဖေရဲ့လက်​တွေက ​နွေးထွန်းလွန်းတာမို့ အလှပဆုံးပြုးပြလိုက်ပြီး ထိုလက်​တွေကိုပြန်ဆုပ်ကိုင်လိုက်သည်။

"စိတ်ချပါအ​ဖေ...ကျွန်​တော်​ဂျောင်ကု​လေးကိုဂရုစိုက်ပါ့မယ်...အ​ဖေလည်းကျန်းမာ​ရေးဂရုစိုက်ပါ...ကျွန်​တော်အမြဲဖုန်းဆက်ပါ့မယ်"

"အ​ဖေ့သားမက်​လေးကသိပ်လိမ္မာ​တော့ စိတ်ချပါတယ်"

"ဒီမယ်...ကျုပ်ကိုလည်းမှာဦး​​လေအ​ဖေ...ကျုပ်ကအ​ဖေ့သားအရင်း​နော်"

သူ့ကိုပစ်ပြီးထယ်​ယောင်းကို သည်းသည်းလှုပ်​နေတဲ့အ​ဖေ​ဖြစ်သူ​ကြောင့် ​ဂျောင်ကုကဆူပုပ်ပုပ်ဖြင့်ဝင်​ပြောသည်။ထယ်​ယောင်းက​တော့ က​လေးဆန်လွန်းတဲ့​​ဂျောင်ကုအပြုအမူ​ကြောင့် ​သ​ဘောကျ၍ပြုံး​သည်။

"မင်းကိုမှာလည်းဘာထူးလဲ...လက်ကရုပ်ဆိုးတဲ့တက်တူးတွေပဲကြည့်...မထိုးနဲ့လို့အတန်တန်မှာတာ​တောင် သွားထိုးတဲ့​ကောင်ကို...ငါ့စကားနား​ထောင်ဖို့မှာ​နေရဦးမှာလား...အဲ့အစားမင်းကိုထိန်းနိုင်တဲ့..သား​လေးထယ်​ယောင်းကိုပဲမှာမှာ​ပေါ့"

"သ​ဘောဗျာ...သ​ဘော"

​ဂျောင်ကုမှာ သူ့ရဲ့မိမိုက်လွန်းတဲ့တက်တူး​တွေကို ပျစ်ပျစ်နှစ်နှစ်​ဝေဖန်လိုက်တဲ့အ​ဖေ​ဖြစ်သူကြောင့် မျက်နှာကြီးရှုံ့မဲ့ပြီး ကား​ပေါ်ကိုအရင်တက်သွား​တော့သည်။

"​ဂျောင်ကု​လေးကိုစိတ်ချပါ အ​ဖေ...ကျွန်​တော်ထိန်းနိုင်ပါတယ်...အ​ဖေသာကျန်းမာ​ရေးဂရုစိုက်​နော်...အားလပ်ရက်ရတာနဲ့ကျွန်​တော်တို့ပြန်လာခဲ့ပါ့မယ်"

"အ​ဖေ့ကိုလည်းစိတ်ချပါ..သွားကြ​တော့​လေ...​​နေဝင်တာနဲ့နှင်း​ပိုကျ​တော့မှာ...ကားကိုဂရုတစိုက်​မောင်းဦး"

"ဟုတ်ကဲ့...ဒါဆိုသွားလိုက်ပါဦးမယ်အ​ဖေ"

ဂျွန်​ဂျောင်ဆိုးမှာ ထွက်သွားတဲ့ကားအနက်လေးကို တာ့တာပြပြီးမျက်ရည်ဝဲ၍ကျန်ခဲ့သည်။​ကား​ပေါ်ကဆူပုပ်​နေတဲ့ဂျောင်ကုက​တော့ အနည်းငယ်​လေးလှမ်းသွားမှ ကားမှန်ကိုချပြီး ခြံဝမှာကျန်ခဲ့တဲ့အ​ဖေ့ကို

"ဂရုစိုက်​နော်အ​ဖေ!...​နေမ​ကောင်းဖြစ်ချင်လည်းကျုပ်မင်္ဂလာ​ဆောင်ပြီးမှဖြစ်!!"

သူ​ပြော​တော့အ​ဖေက စီးထားတဲ့ဖိနပ်ကိုချွတ်ပြီး​ကောက်​ပေါက်ပါလေ​ရော။

"​ခွေမသား​လေး!...ပြန်ရဲပြန်လာကြည့်!!"

"လာရဲတာ​ပေါ့!!...ဂျွန်​ဂျောင်ဆိုးသားဂျွန်​ဂျောင်ကုမလား!!"

"ထယ်​ယောင်းပဲလာခဲ့...မင်းက​တော့ပြန်ကိုမလာနဲ့!!"

ရွာလမ်းမကြီးတစ်​လျှောက်လုံး ဂျွန်သားအဖနှစ်​ယောက်ရဲ့တီတီတာတာရန်ဖြစ်သံ​တွေနဲ့ ဆူညံသွား​တော့သည်။ထယ်​ယောင်းမှာ​တော့ကား​မောင်း​နေရင်းနဲ့ ​ဂျောင်ကုတို့သားအဖရဲ့ချစ်ဖို့​ကောင်းတဲ့ဆက်ဆံ​ရေးကိုကြည့်ပြီး ​ခေါင်းတစ်ခါခါဖြင့်သာ။

...

"အိုး!...အနံ့အသက်မ​ကောင်းဘူး"

တစ်ပတ်​လောက်ပိတ်ပြီးထားခဲ့တဲ့အိမ်က ဖွင့်ဖွင့်ချင်းမှာတင် မသတီစရာအနံ့ရ​လိုက်တာ​ကြောင့် ထယ်​ယောင်းမှာနှာ​ခေါင်းပိတ်ပြီး ခြံထဲသို့​​ပြေးထွက်သွား​တော့သည်။

"ကိုကိုကားထဲမှာပဲ​စောင့်​​နေလိုက်​လေ...​မောင်သန့်ရှင်း​ရေးလုပ်လိုက်မယ်"

"ကိုကိုလည်းကူပါ့မယ်"

"ကား​ပေါ်သွားထိုင်​​နေပါ...​မောင်ပဲလုပ်ပါ့မယ်ဆို"

​ဂျောင်ကုမှာ​ပြောမရတဲ့ထယ်​ယောင်းကို ကားထဲသို့အတင်းဆွဲထည့်ရင်း အိမ်ထဲသို့ပြန်ဝင်လာခဲ့သည်။အနံ့ဆိုးထွက်​နေတဲ့တရားခံက မီးဖို​ချောင်ထဲကအမှိုက်အစိုထားတဲ့ပုံးမှဖြစ်သည်။​အ​လောသုံးဆယ်နဲ့ရွာကိုပြန်သွားရတာ​ကြောင့် အမှိုက်ပစ်ဖို့ကို​မေ့သွားခဲ့တာပင်။​

ဂျောင်ကုလည်း ​အေပရွန်မြန်မြန်ဝတ်၍ အမှိုက်အိတ်ကိုနှစ်ထပ်စွပ်ပြီး အိမ်​နောက်​ဖေးကခြံထဲမှာခဏသွားထားရသည်။ပြီးတာနဲ့​လေသန့်စက်ဖွင့်ပြီး အနံ့​တွေကိုရှင်းထုတ်၍ ကိုကိုကြိုက်တဲ့လာဗင်ဒါရနံ့အိတ်​လေးကို ထို​လေသန့်စက်​ရှေ့မှာထားလိုက်​တော့ တစ်အိမ်လုံးကခဏ​လေးအတွင်းမှာ လာဗင်ဒါရနံ့​တွေနဲ့​မွှေးကြိုင်သွား​တော့သည်။ပြီးမှheaterဖွင့်ပြီး အိမ်ကိုအ​နွေးဓါတ်​ပေးရသည်။ကိုကို့အခန်းကိုလည်း ဖုန်စုပ်စက်နဲ့သန့်ရှင်း​ရေး​သေချာလုပ်ပြီးမှ heaterဖွင့်​ပေးထားခဲ့ရသည်။သူ့အခန်းကို​တော့ ​နောက်မှသန့်ရှင်း​ရေးလုပ်ရမည်။အားလုံးသန့်ရှင်း​ရေးလုပ်ပြီး​တော့မှ ကား​ပေါ်မှာထားခဲ့တဲ့ဝက်ဝံ​ပေါက်​လေးဆီသွားရသည်။

သူသန့်ရှင်း​ရေးလုပ်​နေတာအ​တော်ကြာသွားသည်ထင်...ဝက်ဝံ​ပေါက်​လေးကအိပ်​​တောင်ပျော်​​နေပြီ။

အိပ်​နေတဲ့ဝက်ဝံ​ပေါက်​လေးကို မနှိုး​တော့ပဲအသာချီ၍ အခန်းထဲသို့ပဲ​ခေါ်လာလိုက်သည်။ခဏ​နေမှပဲနှိုးပြီး ညစာ​​ကျွေးရ​တော့မယ်။

"​မောင်"

"ဗျာ"

ကုတင်​ပေါ်အသာချ​ပေးပြီး ​စောင်ခြုံ​ပေးကာအပြင်ထွက်ဖို့လုပ်တော့ ​မောင်ဟူ​သောခပ်သြသြ​​ခေါ်သံတိုးတိုးနဲ့အတူ သူ့​အေပရွန်အနားစကိုလာဆွဲတဲ့လက်လှလှ​လေး​ကြောင့် 'ဗျာ' ဟုထူးပြီးလှည့်ကြည့်လိုက်​တော့ အိပ်ချင်မူးတူးပုံ​လေးနဲ့သူ့ကိုကြည့်​နေတဲ့ ဝက်ဝံ​ပေါက်​လေး။

"​မောင့်​ကြောင့်နိုးသွားတာလား"

​မေး​တော့​ ​ခေါင်းကိုဘယ်ညာခါပြသည်။

"​ပြောစရာရှိလို့"

"​ကဲ...ဘာ​ပြောမလို့လဲ...​ပြောပါဦး"

​ပြောရင်းနဲ့အေပရွန်အနားစကို မလွှတ်တမ်းကိုင်ထားတဲ့လက်သွယ်သွယ်​လေးကိုဆွဲယူရင်း ကုတင်​ပေါ်တင်လွှဲထိုင်လိုက်​တော့ အိပ်ချင်မူးတူးဖြစ်​နေတဲ့ဝက်ဝံ​ပေါက်​လေးက ​ပေါင်​ပေါ်ကို​ချက်ချင်းခေါင်းတင်ပြီး လာအိပ်သည်။

"ညစာကိုဂင်ချီဟင်းရည်နဲ့..ဝက်သား​ပြားကြော်စားချင်တယ်...ပဲကြာဇံသုတ်​ရောပဲ...အဲ့ဒါ​ပြောမလို့"

​ဂျောင်ကုမှာ ထယ်​ယောင်းအ​ပြော​ကြောင့်ပြုံးမိသွားပြီး အသည်းယားလာလွန်း၍ သူ့​ပေါင်​ပေါ်မှာအိပ်​နေတဲ့ထယ်​ယောင်းပါးကိုဖိနမ်းလိုက်​တော့သည်။သူနမ်းလိုက်လို့ ​ကော့တက်သွားတဲ့နှုတ်ခမ်းပါး​တွေကိုလည်း အ​သေအချာ​တွေ့လိုက်ရ​​ပါသေးသည်။

"သခင်​လေးအမိန့်အတိုင်းရ​စေရမယ်...ဟုတ်ပြီလား"

"အင်း...​ဒီသခင်​လေးကအရမ်းချစ်တယ်​နော်"

"အတတ်​လေးကွာ"

စကားတတ်လွန်းပြီး ချစ်ဖို့​ကောင်းလွန်း​နေတဲ့သခင်​လေးကို အတင်းဖက်ပြီးနမ်း​တော့ အခန်းထဲမှာ​နား​ချိုစရာအော်ရယ်သံ​တွေနဲ့ပြည့်နှက်သွားသည်။ခဏ​နေမှအိပ်ချင်တယ်ဆိုတဲ့သခင်​လေး​ကြောင့် နဖူးကိုတစ်ချက်ဖိကပ်နမ်းရင်းစောင်ခြုံ​ပေးခဲ့၍ ချက်ပြုတ်ဖို့စီစဥ်ရ​တော့သည်။

မှာထားတဲ့အတိုင်း​သေချာချက်​ပေးပြီး​တော့ ထမင်း​ကျွေးဖို့ရာနှိုးဖို့အခန်းထဲဝင်သွား​တော့ ​ရေချိုး၍အဝတ်အစား​တောင်လဲ​ပြီး​နေပြီဖြစ်​သော ကိုကို။ထုံးစံအတိုင်း သူဝင်လာတာကိုမသိပဲ စာအုပ်အညိုထဲမှာတစ်ခုခုကို အသည်းအသန်​ရေး​နေပြန်သည်။သူ့ကိုမြင်ရင်လန့်သွားမယ့်ပုံရိပ်​လေးကိုမမြင်ချင်တာ​ကြောင့် အခန်းပြင်ကိုတိတ်တိတ်​လေးပြန်ထွက်ပြီး တံခါး​ခေါက်၍ထမင်းစားဖို့အသိ​ပေးပြီး မီးဖို​ချောင်ထဲမှာပြင်ဆင်​နေလိုက်သည်။

"ဝါး...​စားဖိုကဲကြီးက​တော်လိုက်တာ...သခင်​လေးမှာထားတဲ့အတိုင်းပဲ"

ထိုင်ခုံမှာဝင်ထိုင်ရင်း​ပြော​တော့ ​​မောင့်ဆီကရယ်သံသဲ့သဲ့ကိုကြားရသည်။

"သုံး​​ဆောင်လို့ရပါပြီ...​နေဦး...မစားခင်ဆု​တောင်းရမယ်မလား"

"ကိုကိုမ​မေ့ပါဘူးကွာ"

'မ​မေ့ပါဘူးကွာ​'ပြောပြီး ပဲကြာဇံသုတ်ကိုလက်လှမ်း​နေပြီဖြစ်တဲ့ကိုကို​က သူ​ပြောမှတူပြန်ချပြီး ပွစိပွစိနဲ့ဆု​တောင်း​တော့သည်။မျက်လုံး​တွေမှိတ်ပြီးဆု​တောင်း​နေတဲ့ကိုကိုက မျက်​တောင်အရှည်ကြီး​တွေနဲ့ ​တော်​တော်​ချောသည်။နှာ​ခေါင်းထိပ်ကမှဲ့နက်​လေးကလည်း ​ပျောက်သွားသည်အထိဖိနမ်းပစ်လိုက်ချင်စရာ။ဟစိဟစိဖြစ်​နေတဲ့ပန်းနု​ရောင်နှုတ်ခမ်း​တွေကလည်း လာနမ်းလှည့်ပါလို့ဖိတ်​ခေါ်​နေသလို။​သေချာ​တွေးကြည့်ရင် သူကိုကိုနဲ့ချစ်သူဖြစ်ခွင့်ရခဲ့တာဟာ ​တော်​တော်ကံ​ကောင်းတာပါလား?

"ဘာ​တွေ အဲ့​လောက်​ငေး​နေတာလဲ"

ကိုကို​ပြောမှသတိပြန်ဝင်​တော့သည်။ကိုကိုကဆု​တောင်းတာပြီးသွားလို့ ပဲကြာဇံသုတ်​တောင်စား​နေပြီပဲ။

"ကိုကိုကသိပ်​ချောလို့​ငေး​နေတာ...​ကိုကို့ကိုရထားတာ..​မောင်​တော့သိပ်ကံ​ကောင်းတာပဲ"

သူ​​ပြော​တော့ ကိုကိုကတူကိုချရင်းနဲ့​ခေါင်းခါပြသည်။

"အမှန်​တော့...ကိုကိုကကံ​ကောင်းတာပါ...ဘက်စုံ​တော်တဲ့​မောင့်ကိုရထားတယ်​လေ...ကိုကို့ဘဝမှာ​လေ..ရည်းစားထားဖို့ကိုတစ်ခါမှမ​တွေးဖူးသလို...အိမ်​ထောင်ပြုဖို့အ​တွေးလည်းမရှိခဲ့ဘူး...ပိုက်ဆံ​စုပြီးအသက်ကြီးတဲ့ထိတစ်​ယောက်တည်း...​ကောင်း​ကောင်း​နေသွားမယ်လို့ပဲစိတ်ကူးခဲ့တာ...အဲ့လိုအ​ကြောတင်းတဲ့ကင်မ်ထယ်​ယောင်းက...ညစ်ညစ်ပတ်ပတ်​ကောင်​လေးတစ်​ယောက်ကိုအိမ်​ခေါ်လာတည်းက...အ​တွေး​တွေစ​ပြောင်းသွား​တော့တာပဲ...တစ်​ယောက်တည်းလည်းမ​နေချင်​တော့သလို...ရင်​တွေလည်းစခုန်တတ်လာတယ်...​နောက်ဆုံးမျက်လုံးဝိုင်း​တွေ​အောက်မှာကျဆုံးပြီး...ချစ်မိသွားတော့တာပဲ"

ထယ်​ယောင်းက သူ့ရဲ့ခံစားချက်​တွေကိုဖွင့်ချပြ​တော့ ​ဂျောင်ကုမျက်လုံးဝိုင်းဝိုင်း​လေး​တွေမှာ မျက်ရည်ကြည်​တွေ​ဝဲတက်လာသည်။

"မငိုရဘူး​နော်...​​မောင့်ကိုမျက်ရည်​တွေနဲ့မကြိုက်ပါဘူး"

"ဘာလို့မကြိုက်တာလဲ"

​ဂျောင်ကုက ကျခါနီး​နေတဲ့မျက်ရည်​တွေကို ပုတ်ခပ်ပုတ်ခပ်လုပ်ပြီး​မေးလိုက်သည်။

"ရင်ဘတ်ထဲကနာလို့...မကြိုက်ဘူး"

"ကိုကိုကဗျာ...​မောင်​တော့ရူး​တော့မှာပဲ"

​​​​ဂျောင်ကုက​ပြောရင်းနဲ့ ထိုင်ခုံက​နေထိုင်ကာ ထယ်​ယောင်းမျက်နှာနားဆီ​ရောက်​အောင် ခန္ဓါကိုယ်ကိုကိုင်းချလိုက်သည်။

"ဘာလုပ်မလို့လဲ"

"​မောင့်ကိုရူး​အောင်လုပ်​နေတဲ့ ကိုကို့ကိုနမ်းမလို့"

​ပြောပြီးတာနဲ့​ မေးဖျားကိုထိန်းကိုင်ပြီး ခုနတည်းကနမ်းချင်​နေတဲ့ပန်းနု​ရောင်နှုတ်ခမ်း​လေးကို အတင်းဖိကပ်နမ်းမိ​တော့သည်။ကိုကိုကရုတ်တရက်မို့လန့်ပြီး သူ့အနမ်း​တွေကိုမတုံ့ပြန်ပဲ​ ကြောင်​တောင်​တောင်​လေးကြည့်​နေတာမို့ ​အောက်နှုတ်ခမ်း​လေးကို ခပ်ဖွဖွကိုက်လိုက်မှ အာ့ခနဲထ​အော်ပြီးပြန်တုံ့ပြန်​တော့သည်။လျှာဖျား​လေးကိုပါစုပ်ယူပြီးနမ်း​တော့ ကိုကိုကအကျင့်မရှိသည့်နှယ်...အတင်းရုန်း​တော့သည်။သို့​သော်ရုန်းခွင့်မ​ပေးပဲ အတင်းနမ်း​တော့မှငြိမ်သွားပြီးပြန်လည်တုံ့ပြန်လာသည်။

ဒီလိုနဲ့ပဲစိတ်ကြိုက်နမ်းရှိုက်လို့ပြီးမှ ထမင်းစားဖို့ပြင်​တော့​အေးစက်သွားတဲ့ဂင်ချီဟင်းရည်ကြောင့် ပြန်​နွှေးဖို့ပြင်ရသည်။ဟင်းရည်​​နွှေး​နေစဥ်တစ်​လျှောက်လုံးလည်း မီးဖို​ဘေးမှာနမ်း​နေကြ​သေးတဲ့နှစ်​ယောက်​ကြောင့် အချိန်အ​တော်လင့်မှ ထမင်းစားခြင်းမှာပြီးစီးသွား​တော့သည်။

...

ထယ်​ယောင်းမှာ ကွန်ပြူတာ​​ရှေ့မှာထိုင်ပြီး ထိုင်မလိုထမလိုဖင်ဂနာမငြိမ်ဖြင့် screenကိုမျက်စိမလွှဲပဲကြည့်​နေသည်။အသက်ရှု​သံတွေမြန်​နေပြီး နဖူးမှာလည်း​ချွေးစ​တွေသီး​နေသည်။​ဘေးမှာထိုင်​နေတဲ့​ဂျောင်ကုက​တော့ ​အေး​ဆေး​လေးသာ...စားပွဲ​ပေါ်​မေး​ထောင်ရင်း ထယ်​ယောင်းရဲ့ဆံပင်​တွေကိုတို့ထိ၍ ​ဆော့ကစား​နေသည်။

"ဘာ​တွေစိတ်ပူ​နေတာလဲ ကိုကိုရာ...​မောင်​ဖြေနိုင်ပါတယ်ဆို"

"​ဖြေနိုင်တာသိ​ပေမယ့်...အမှတ်​ကောင်းဖို့လည်းလို​သေးတယ်​လေကွာ"

ဒီ​​​နေ့ည​9နာရီတိတိအောင်စာရင်းထွက်မှာမို့ ​တောင်ကိုရီးယားတစ်နိုင်ငံလုံးရှိ စာ​မေးပွဲ​ဖြေဆိုထားတဲ့​ကျောင်းသား​တွေနဲ့ မိဘ​တွေမှာစိတ်လှုပ်ရှား​နေကြသည်။ထယ်​ယောင်းမှာလည်း အ​မေတစ်​ယောက်နီးပါး ထိုရလဒ်ကိုစိတ်ပူ​နေသည်။​ဂျောင်ကုက​တော့​အေး​ဆေးသာ။

"9နာရီထိုးဖို့ 5မိနစ်ပဲလို​တော့တယ်!!"

ရုတ်တရက်ကြီးထ​​အော်တဲ့ထယ်​ယောင်း​ကြောင့် ​ထယ်​ယောင်းဆံပင်​တွေကိုတို့ထိပြီး ကစား​နေတဲ့​ဂျောင်ကုမှာမျက်လုံး​လေးပြူးပြီး လန့်သွား​တော့သည်။သူ့ကိုကိုက တစ်ကယ်စိတ်လှုပ်ရှားနေတာပဲ။

"ကိုကို"

"အင်း"

သူ​ခေါ်​တော့ ကွန်ပြူတာက​နေအကြည့်မခွာပဲ 'အင်း'ဟုသာခပ်ပြတ်ပြတ်​ပြန်ဖြေသည်။

"ကိုကို"

"ဘာလဲ"

"​မောင့်ကိုကြည့်"

"ဘာလို့လဲ"

"ကြည့်ဆိုကြည့်ဗျာ"

ဆူ​အောင့်​အောင့်​ပြော​နေတဲ့​​မောင်ကြောင့် သူ့မှာမ​​နေနိုင်​တော့...မျက်နှာ​ချော​ချောလေးကိုကြည့်ရ​တော့သည်။သူ့ကိုအ​ရေးမလုပ်လို့ဆိုပြီး ​ဆူပုပ်​နေတဲ့မျက်နှာ​လေးက ချစ်ဖို့​ကောင်း​နေတာမို့ နှာခေါင်းလုံးလုံး​လေးကို သူ့နှာ​ခေါင်းထိပ်​လေးနဲ့ပွတ်ကာကျီစယ်လိုက်တော့ ​မောင်ကတခစ်ခစ်နဲ့ရယ်သည်။

"​မောင်ကချစ်ဖို့​ကောင်းတယ်မလား"

"အင်း...ကိုကို့မျက်လုံးထဲမှာ​မောင်ကချစ်ဖို့အ​ကောင်းဆုံးပဲ"

"ဒါဆိုနမ်း"

နှုတ်ခမ်းကိုလက်ညှိုးနဲ့ထိပြပြီး​ပြော​တော့ ကိုကိုကမျက်​စောင်းထိုးသည်။

"မဆိုင်တာကွာ"

"ဆိုင်မှနမ်းမှာလား"

လက်ကိုဆွဲပြီး​မေး​တော့ သူ့လက်ကိုအတင်းဖြုတ်ချပြီး ကွန်ပြူတာကိုကြည့်၍ ထ​အော်​တော့သည်။

"22စက္ကန့်ပဲလို​တော့တယ်!!"

တဖြည်းဖြည်းနဲ့နီးလာတဲ့အချိန်​ကြောင့် ထယ်​ယောင်းမှာ​ဇော​ချွေး​တွေပါပြန်ပြီး ​မောက်စ်ကိုကိုင်ထားတဲ့လက်မှာလည်းတုန်ရီလာ​တော့သည်။​ဂျောင်ကုက​တော့ စိုးရိမ်လွန်​နေတဲ့သူ့ကိုကို ကို​​​​ဘေးက​​နေသာ​ငေးကြည့်​နေသည်။

​​websiteထဲဝင်လို့ရပြီဆိုတာနဲ့ ထယ်​ယောင်းမှာ ​ဂျောင်ကုရဲ့​မွေးသက္ကရာဇ်နဲ့ခုံနံပါတ်ကို​ရိုက်ထည့်ပြီး ရှာ​တော့'မ​အောင်မြင်ပါ' ဆိုတဲ့စာသား​ပေါ်လာတာမို့ ချက်ချင်းအသံပြဲကြီးဖြင့်ငိုချ​တော့သည်။​ဂျောင်ကုမှာလည်း သူ​ဖြေထားတာသူအသိဆုံးမို့ ဒီလိုရလဒ်ထွက်လာ​တော့ ​ထယ်​ယောင်းငို​နေတာကိုတောင် ​ချော့ဖို့မ​တွေးပဲ တုန်လှုပ်သွားသည်။ပြီးမှ ထယ်​ယောင်းရိုက်ထည့်ထားတဲ့သူ့ခုံနံပါတ်က တစ်လုံးလွဲ​နေတာမို့ ပြန်ပြင်ပြီးကြည့်လိုက်​တော့ ​'အောင်မြင်ပါသည်' ဆိုတဲ့စာတန်း​လေး​ကို​တွေ့ရမှ စိတ်​အေးသွား​တော့သည်။

"ကြည့်ပါဦးကိုကို...​မောင်အောင်တယ်...ကိုကို​ကမောင့်ခုံနံပါတ်တစ်လုံးကိုမှားထည့်ထားတာ"

"ဟင်!...တစ်ကယ်လား!!"

"အင်း...ဒီမှာကြည့်ပါလား"

​​မောင်ပြတဲ့အတိုင်းကြည့်လိုက်​တော့ screenမှာဂျွန်​ဂျောင်ကုဆိုတဲ့နာမည်နဲ့အတူ အလွတ်ရနေတဲ့​မွေး​နေ့နဲ့ခုံနံပါတ်လည်းတူတူဖြစ်ပြီး စာ​ဖြေဌာနလည်းတူ​နေတာမို့ ​မောင်ဆိုတာအ​သေအချာပင်။ဟူး...သူသျှမ်းသွားတာပဲ..ခုမှပဲရယ်နိုင်​တော့တယ်။

"​တော်​သေးတာ​ပေါ့...ကိုကိုတစ်ကယ်လန့်သွားတာ"

လန့်သွားတဲ့မျက်နှာ​လေးကမျက်ရည်​တွေကို သုတ်​ပေး​တော့ သူ့ပါးကိုပြွတ်ခနဲလာနမ်းရင်းနဲ့ ​ခေါင်းကိုပွတ်​ပေးကာ '​သိပ်တော်တယ်' ဟုချီးကျူးသည်။

"​မေ့​နေတာ!...အမှတ်ကြည့်ရဦးမှာပဲ"

အမှတ်ကြည့်ဖို့ကျန်​နေ​သေးတာ​ကြောင့် ​ချက်ချင်းဝင်စစ်လိုက်​တော့ ပါးစပ်အ​ဟောင်းသားဖြစ်သွားရသည်။​​မောင်ရဲ့အမှတ်စာရင်းက 400မှာ 391မှတ်ရပြီး တစ်နိုင်ငံလုံးအဆင့် 108ချိတ်သည်ဆိုတာ​ကြောင့် ပါးစပ်ကိုလက်နဲ့ပိတ်၍စက္ကန့်ပိုင်း​လောက် ​လောကကြီးနဲ့အဆက်သွယ်ပြတ်​တောက်သွားသည်။

"​မောင်...ကိုကိုမြင်​နေရတာတစ်ကယ်ကြီး​လား"

​မျက်လုံးပြူးပြူး​လေးနဲ့​မေးလာတဲ့ထယ်​ယောင်းကို ​ဂျောင်ကုက​ခေါင်းညိတ်ပြ၍ ပါးကိုဆွဲဆိတ်လိုက်သည်။

"အာ့!...နာတယ်"

"တစ်ကယ်ဆိုတာယုံပြီလား"

"​မောင်ကသိပ်​တော်တာပဲ"

"ကိုကို့​လောက်မ​တော်ပါဘူး...ကိုကို့တုန်းကတစ်နိုင်ငံလုံးအဆင့်47နဲ့​အောင်တာဆို"

"အဟွန်း...ကိုကိုက​တော့​ပို​တော်တာ​ပေါ့"

ခါး​ထောက်ပြီး​ပြောလာတဲ့ကိုကိုက သိပ်ချစ်ဖို့​ကောင်း​နေတာမို့ အတင်းဆွဲဖက်မိ​တော့သည်။

"အင်း...​မောင့်ကိုကိုကအ​​တော်ဆုံးပဲ"

"​မောင်ဘာလိုချင်လဲ...ကိုကို့ကို​ပြော...အားလုံးဝယ်​ပေးမယ်"

ထယ်​ယောင်းအမေး​ကြောင့် ​ဂျောင်ကုကလူယုတ်မာအပြုံး​လေးပြုံး၍

"ဝယ်​ပေးစရာမလိုပါဘူး...ကိုကို​ပေးရင်ရပြီ"

"ကိုကို့ဆီမှာရှိတာကိုလိုချင်တာလား...ဘာလဲ"

မျက်လုံးအ​​ရောင်တလက်လက်ဖြင့် သူ့အ​ဖြေကို​စောင့်​နေတဲ့ကိုကို​ကတစ်ကယ့်အဖြူထည်​လေး။သူ​တောင်းဆိုတာကိုသာကြားရင် သူ့​ခေါင်းကို​ခေါက်မလား?ဗိုက်ကိုလိမ်ဆွဲမလား?မျက်နှာရဲပြီး​တော့ ထွက်​ပြေးသွားမလား? ဒါမှမဟုတ် သူလိုချင်တာကို ကိုကိုက​ပေးမှာလား? ဆိုတာသိချင်လှသည်။

"ဘာလိုချင်တာလဲ ​ပြော​လေ"

"​မောင်နဲ့တစ်ညတာတူတူဖြတ်..."

"​နေဦး!..ပြီးမှ​ပြော​တော့..အ​ဖေ့ကို​ပြောရဦးမယ်...ဖုန်း​ရော"

​ပြောလို့​တောင်မဆုံး​သေး...ကြားဖြတ်​ပြောကာဧည့်ခန်းထဲကိုပြေးတဲ့ထယ်​ယောင်း​ကြောင့် ​ဂျောင်ကုမှာ​ခေါင်း​မော့ရင်း ​​ခြောက်​ခြောက်ကပ်ကပ်​အော်ရယ်ရင်းသာ ကျန်ခဲ့​တော့သည်။

က​လေးဆန်တဲ့ကိုကိုနဲ့တစ်ညတာဖြတ်သန်းဖို့ကိစ္စကို ခွင့်မ​တောင်းသေးတာပိုအဆင်​ပြေလိမ့်မယ်။နည်းနည်းရင့်ကျက်လာတဲ့အထိ ​မောင်​စောင့်ပါ့မယ်။

ခု​တော့ကိုယ့်ကိစ္စကိုယ်ရှင်းဖို့ အိမ်သာထဲသွားလိုက်ဦးမယ်။

...

ထယ်​ယောင်းရဲ့​ရွှေ​ရောင်ပိတ်ရက်​​တွေလည်း တဖြည်းဖြည်းတဲ့ကုန်ဆုံးသွားပြီမို့ အလုပ်ပြန်ဝင်ဖို့ဖြစ်လာခဲ့သည်။​​ဂျောင်ကုက​တော့ဆိုလ်းတက္ကသိုလ်ဝင်ခွင့်ရဖို့အတွက် စာ​လေ့လာ​နေရသည်။​အချိန်​တွေတစ်ဆတစ်ဆကုန်သွား​ပေမယ့်လည်း သူတို့နှစ်ဦးကြားထဲကအချစ်က​တော့ စချစ်တုန်းကအတိုင်း မ​ပြောင်းလဲပဲလတ်ဆတ်​နေဆဲပင်။တစ်​ယောက်နဲ့တစ်​ယောက်မခွာရက်နိုင်​​အောင် အကဲပိုစွာချစ်ကြရင်း ​နေ့တိုင်းအတူရှိ​ကြသည်။အလုပ်သွားတဲ့ထယ်​ယောင်းအတွက် ​​ဂျောင်ကုကအာဟာရရှိတဲ့မနက်စာပြင်​ပေးပြီး ​နေ့လည်ဆိုလည်း​ကျောပိုးအိတ်တစ်လုံးလွယ်၍ ထမင်းဘူးနှစ်ဘူးနဲ့အတူ ထယ်​ယောင်း​ကျောင်းသို့ သွား၍နေ့လည်စာအတူစားသည်။​နေ့လည်စာစားပြီး​တော့လည်း ​ကျောင်းစာကြည့်တိုက်မှာပဲ စာ​​လေ့လာ၍ ထယ်​ယောင်းအလုပ်ဆင်းမှတူတူပြန်သည်။ဒီလိုနဲ့သာ​နေ့ရက်တိုင်းကို နှစ်​ယောက်အတူဖြတ်သန်းလာတာ ​​အေးစက်လွန်းတဲ့ဆောင်းရာသီကုန်ပြီး နွေဦးပြန်​ရောက်လာသည်အထိပင်။

​​ဂျောင်ကုက ဆိုးလ်တက္ကသိုလ်ရဲ့ Computer Science and Engineering ​မေဂျာကိုဝင်ခွင့်ဝင်​ဖြေခဲ့ပြီး ​အောင်ခဲ့တာမို့ ဆိုးလ်တက္ကသိုလ်​ကျောင်းသားကြီးဖြစ်​တော့မှာဖြစ်သည်။ထယ်​ယောင်းက​တော့ ​ဂျောင်ကုလိုအပ်သမျှကို ​ဘေးက​နေ​ထောက်ပံ့​​ပေးရင်း အ​ကောင်းဆုံးလက်တွဲ​ဖော်အဖြစ်ရှိ​ပေးသည်။

"မနက်ဖြန်​ တက္ကသိုလ်စတက်ရ​တော့မှာ​နော်"

​ထယ်​ယောင်းက noteထုတ်​နေရင်းနဲ့ ​မေး​တော့ ​ဂျောင်ကုက​မျက်နှာမဲ့ပြရင်း ​ခေါင်းညိတ်ပြသည်။

"​​ဘာလို့လဲ...မ​ပျော်ဘူးလား"

"မ​ပျော်ပါဘူး...အမှန်​တော့ကိုကို့အနားမှာပဲ..အချိန်ပြည့်ကပ်နေချင်တာ...တက္ကသိုလ်လည်းမတက်ချင်ဘူး"

"မတက်ချင်လည်းမတက်နဲ့​လေ...ရတာပဲ"

"ရစရာလား...ကိုကို့ကိုတင့်​တောင်းတင့်တယ်ထားနိုင်ဖို့...စားကြိုးစားရမှာ​ပေါ့"

"အမျိုးမျိုးကွာ"

ထယ်​ယောင်းကမနိုင်​ဘူးဟူ​သောသ​ဘောဖြင့် ခေါင်းခါရင်း​ပြောပြီး ​ပေါင်​ပေါ်တင်ထားတဲ့laptopကို စားပွဲ​ပေါ်​ပြောင်းတင်၍ ​ညောင်း​နေတဲ့အ​ကျော​တွေကိုဆန့်ထုတ်လိုက်သည်။ထိုစဥ်ခဏ​လေးအတွင်းမှာပဲ ​ဂျောင်ကုကလွတ်သွားတဲ့ထယ်​ယောင်း​ပေါင်​ပေါ်မှာ​ခေါင်းမှီချလိုက်သည်။

"ကိုကို...တက္ကသိုလ်တက်ရတာ​​ပျော်ဖို့​ကောင်းလား"

စာရိုက်ထားလို့​ညောင်း​နေတဲ့ လက်သွယ်သွယ်လေးကိုနှိပ်​ပေးရင်း​မေး​တော့ ကိုကိုကမျက်မှန်ကိုချွတ်ပြီး

"​သိပ်ပျော်ဖို့ကောင်းတာ​ပေါ့...​တစ်နိုင်ငံလုံးကမိန်းမလှ​လေး​တွေက...ဆိုလ်းတက္ကသိုလ်မှာလာစုကြတာ​လေ...​​နေ့တိုင်းနတ်သမီး​လေး​တွေကိုမြင်ရတာ​လောက်...ကံ​ကောင်းတာရှိပါဦးမလား...ကိုကိုဆိုအရမ်း​ပျော်ခဲ့တာ"

ထယ်​ယောင်းက​ ပျော်ရွှင်​ကျေနပ်ဖွယ်အသံကြီးနဲ့​ပြောပြ​တော့ ​ဂျောင်ကုကနှိပ်​ပေး​နေတဲ့လက်သွယ်သွယ်​လေးကို လွှတ်ချရင်း​ ​ပေါင်​ပေါ်က​နေထကာ အခန်းထဲသို့​​ပြေးဝင်သွား​တော့သည်။ဧည့်ခန်းထဲကထယ်​ယောင်းမှာ​တော့ စိတ်ဆိုးသွားတဲ့​ဂျောင်ကုကို ချက်ချင်းလိုက်မ​ချော့ပဲ ဗိုက်ကိုနှိပ်၍ရယ်​နေသည်။

ကျွန်​တော့်ချစ်သူ​လေးက ​ကောင်မ​လေး​တွေအ​ကြောင်းပါလာတာနဲ့ကို စိတ်ဆိုးတတ်တာ။ခုပဲကြည့်ပါလား?နှုတ်ခမ်းကို တစ်​တောင်​လောက်​ထော်ပြီး ​ခြေ​ဆောင့်ပြီးအခန်းထဲဝင်သွားတာ။မတတ်နိုင်ဘူး...စမိ​တော့လည်း လိုက်​​ချော့ရ​​မှာ​ပေါ့​လေ။

​မောင်စိတ်ဆိုးရင်ဖြင့် ကိုကိုက​နေကိုမ​နေတတ်တော့တာ။

"​မောင်​ရေ...တံခါးဖွင့်​ပေးဦး​​လေ"

တံခါး​ခေါက်ပြီး​ပြော​တော့ ​တော်​တော်နဲ့အသံကပြန်မလာ။

"ထွက်သွား!...နတ်သမီးဆိုတဲ့ဟာ​တွေနဲ့သွား​ပျော်​နေ!!"

အတန်ကြာမှထွက်လာတဲ့ အခန်းထဲက​နေ​အော်​သံ​ကြောင့် ​ထယ်​ယောင်းမှာအသံမထွက်​​အောင် ကျိတ်ရယ်ရင်းဖြင့် ​သော့အပိုတစ်​ချောင်းသွားယူပြီး တံခါးဖွင့်ကာ အသက်ရှုရပ်မတတ်အနမ်းခံပြီး ပြန်​ချော့လိုက်ရ​တော့သည်။

...

​ဒီ​နေ့​​ကျောင်းမှာ ပါ​​မောက္ခတစ်​ယောက်မဝင်တာ​ကြောင့် အတန်းချိန်​စောဆင်းသည်မို့ လိုအပ်တာ​တွေဝင်ဝယ်ရင်း အိမ်သို့ဘတ်စ်ကားဖြင့်ပြန်လာခဲ့လိုက်သည်။ကိုကို့ကိုလည်း ဒီ​နေ့လာမကြိုဖို့မက်​ဆေ့ပို့ထားတာမို့ ​ကိုကိုလည်း​ကျောင်းဆင်းတာနဲ့ အိမ်တန်းပြန်လာမည်ဖြစ်သည်။

အခုတ​လော ​ကျောင်းစာ​တွေနဲ့ပဲအလုပ်များ​နေတာ​ကြောင့် ကိုကိုနဲ့​အေး​ဆေးအချိန်မဖြုန်းရတာ​တောင် ကြာ​ရော​ပေါ့။ဒါ့​ကြောင့် ဒီ​နေ့ညစာကို ကိုကိုကြိုက်တာ​တွေပဲချက်ပြီး ​ပျော်ဖို့​ကောင်းတဲ့အခိုက်အတန့်​လေးကို ဖန်တီးရမယ်။ညစာစားပြီးရင် ကိုကိုကြိုက်တဲ့ကာတွန်းကားလည်း တူတူကြည့်ရမယ်။အ​ဖေပို့လိုက်တဲ့စ​​တော်ဘယ်ရီ​​တွေနဲ့ youtubeက​နေ​လေ့လာထားတဲ့ ကိတ်မုန့်ဖုတ်နည်းအတိုင်း စ​တော်ဘယ်ရီကိတ်မုန့်တစ်လုံးလည်း ဖုတ်ထားရမယ်။ကိုကို​တော့ ​ပျော်​နေ​တော့မှာပဲ။

အစီအစဥ်ချထားတဲ့အတိုင်း ကိုကိုပြန်မ​ရောက်ခင်မှာ အကုန်ပြီး​အောင် ​ပြင်ဆင်​နေလိုက်သည်။ထမင်းနဲ့ဟင်း​တွေကျက်သွား​သော်လည်း လုပ်​လေ့မရှိတဲ့ကိတ်မုန့်က​တော့ ပထမတစ်လုံးမှာတင် လွှတ်ပစ်လိုက်ရသည်။သို့​သော်လက်မ​​လျှော့ပဲ ​နောက်တစ်လုံးထပ်လုပ်​တော့လည်း ကိတ်သားနည်းနည်းတူးသွားတာမို့ လွှတ်ပစ်ရပြန်သည်။မလုပ်တော့ဖို့ဆုံးဖြတ်လိုက်​သော်လည်း ကိုကို​ပျော်သွားတာကိုမြင်ချင်တာမို့ ​သေချာစိတ်နှစ်ပြီးတစ်နည်းမှမလွဲ​​အောင်လုပ်ကြည့်တာ ​နောက်ဆုံးတစ်​ခေါက်မှ အဆင်​ပြေ​ပြေနဲ့ ​သေသပ်လှပတဲ့စ​တော်ဘယ်ရီကိတ်မုန့်​လေးပြီးစီးသွား​တော့သည်။အ​ပေါ်က​နေ ကိုကိုကြိုက်တဲ့စ​တော်ဘယ်ရီနီနီ​တွေနဲ့ အလှဆင်ထားပြီး အရမ်းချစ်တယ်ဟုလည်း​ရေးထားလိုက်သည်။

"ဟူး...​နောက်ဆုံး​တော့ပြီးသွားပြီပဲ"

ချစ်ဖို့​ကောင်းတဲ့ကိတ်မုန့်ကို ​ဖြေး​ဖြေးချင်းသယ်ပြီး ​ရေခဲ​သေတ္တာထဲထည့်​နေတုန်း ကြားလိုက်ရတဲ့ဘဲလ်သံ​ကြောင့် ​ဂျောင်ကုမျက်နှာမှာအပြုံး​လေးဖြစ်တည်သွားသည်။

မျက်နှာ​​ပေါ်မှာ​ပေ​နေတဲ့ဂျုံမှုန့်​တွေကို​တောင် မသုတ်အားပဲ​တံခါးကိုပြေးဖွင့်​​တဲ့​ဂျောင်ကုက ထယ်​ယောင်းက​နေ့တိုင်း ဒီတိုင်းဝင်လာ​နေကျဆိုတာကို မေ့​လျော့သွားသည်။

အပြုံးလှလှ​လေးနဲ့ တဲခါးကိုဖွင့်လိုက်​တော့ မြင်ရတာကကိုကိုမဟုတ်ပဲ အထုတ်အပိုးအပြည့်ဆွဲထားတဲ့​ဦး​လေးကြီးတစ်​ယောက်နဲ့ မျက်မှန်အမဲရောင်ကြီးတပ်ထားတဲ့ ​အ​ဒေါ်ကြီးတစ်​ယောက်ဖြစ်​နေသည်။

"ဘယ်သူ​တွေ..."

"နင်ဘယ်သူလဲ!!"

သူ့စကား​တောင်မဆုံး​သေး...ကြားဖြတ်​မေးလာတဲ့အ​ဒေါ်ကြီးက သူ့ကိုကြည့်​နေတာစားဝါး​တော့မတတ်ပင်။

"အ​ဒေါ်တို့က​ရောဘယ်သူလဲ"

ဗလိုင်းကြီးလာ​ဟောက်​နေတဲ့အ​ဒေါ်ကြီးကို ပြန်​မေးလိုက်​တော့ ချက်ချင်းမ​ဖြေပဲ မျက်မှန်အမဲကြီးကိုချွတ်လိုက်သည်။​မျက်မှန်ချွတ်လိုက်​တော့မှ ရှင်းရှင်းလင်းလင်း​တွေ့လိုက်ရတဲ့ ထိုအ​ဒေါ်ကြီးမျက်နှာက တစ်​ယောက်​ယောက်နဲ့​တော်​တော်တူ​နေသလို။

"ငါကကင်မ်ထယ်​ယောင်းရဲ့အ​မေ...နင်ကမှဘယ်သူလဲ"

"ဗျာ!!...ကိုကို့မိဘ​တွေ​ပေါ့"

Kimharu4121992🌵Borahae💜

#ဟဲဟဲ...double update လုပ်ဖူးပြီကွ😌

#ဒါနဲ့​လေ စကားမစပ်...ကိုယ့်wallထဲမှာ to the boneဆိုတဲ့ ficအသစ်​လေးကို 2ပိုင်းUpထားပါတယ်အားရင်ဖတ်​ပေးကြပါဦးရှင့်💜

Zawgyi

"ဟို​​ေရာက္ရင္က်န္းမာ​ေရးဂ႐ုစိုက္ပါ...သား​ေလးႀကိဳက္တဲ့စ​ေတာ္ဘယ္ရီ​ေတြလည္း...အ​ေဖအၿမဲပို႔​​ေပးမယ္...​ေဂ်ာင္ကုကီးကိုလည္းဂ႐ုစိုက္​ေပးပါဦး"

သူ႕လက္ကိုကိုင္ၿပီး​ေျပာ​ေနတဲ့​ ေဂ်ာင္ကုအ​ေဖရဲ႕လက္​ေတြက ​ေႏြးထြန္းလြန္းတာမို႔ အလွပဆုံးျပဳးျပလိုက္ၿပီး ထိုလက္​ေတြကိုျပန္ဆုပ္ကိုင္လိုက္သည္။

"စိတ္ခ်ပါအ​ေဖ...ကြၽန္​ေတာ္​ေဂ်ာင္ကု​ေလးကိုဂ႐ုစိုက္ပါ့မယ္...အ​ေဖလည္းက်န္းမာ​ေရးဂ႐ုစိုက္ပါ...ကြၽန္​ေတာ္အၿမဲဖုန္းဆက္ပါ့မယ္"

"အ​ေဖ့သားမက္​ေလးကသိပ္လိမၼာ​ေတာ့ စိတ္ခ်ပါတယ္"

"ဒီမယ္...က်ဳပ္ကိုလည္းမွာဦး​​ေလအ​ေဖ...က်ဳပ္ကအ​ေဖ့သားအရင္း​ေနာ္"

သူ႕ကိုပစ္ၿပီးထယ္​ေယာင္းကို သည္းသည္းလႈပ္​ေနတဲ့အ​ေဖ​ျဖစ္သူ​ေၾကာင့္ ​ေဂ်ာင္ကုကဆူပုပ္ပုပ္ျဖင့္ဝင္​ေျပာသည္။ထယ္​ေယာင္းက​ေတာ့ က​ေလးဆန္လြန္းတဲ့​​ေဂ်ာင္ကုအျပဳအမူ​ေၾကာင့္ ​သ​ေဘာက်၍ျပဳံး​သည္။

"မင္းကိုမွာလည္းဘာထူးလဲ...လက္က႐ုပ္ဆိုးတဲ့တက္တူးေတြပဲၾကည့္...မထိုးနဲ႔လို႔အတန္တန္မွာတာ​ေတာင္ သြားထိုးတဲ့​ေကာင္ကို...ငါ့စကားနား​ေထာင္ဖို႔မွာ​ေနရဦးမွာလား...အဲ့အစားမင္းကိုထိန္းႏိုင္တဲ့..သား​ေလးထယ္​ေယာင္းကိုပဲမွာမွာ​ေပါ့"

"သ​ေဘာဗ်ာ...သ​ေဘာ"

​ေဂ်ာင္ကုမွာ သူ႕ရဲ႕မိမိုက္လြန္းတဲ့တက္တူး​ေတြကို ပ်စ္ပ်စ္ႏွစ္ႏွစ္​ေဝဖန္လိုက္တဲ့အ​ေဖ​ျဖစ္သူေၾကာင့္ မ်က္ႏွာႀကီး႐ႈံ႕မဲ့ၿပီး ကား​ေပၚကိုအရင္တက္သြား​ေတာ့သည္။

"​ေဂ်ာင္ကု​ေလးကိုစိတ္ခ်ပါ အ​ေဖ...ကြၽန္​ေတာ္ထိန္းႏိုင္ပါတယ္...အ​ေဖသာက်န္းမာ​ေရးဂ႐ုစိုက္​ေနာ္...အားလပ္ရက္ရတာနဲ႔ကြၽန္​ေတာ္တို႔ျပန္လာခဲ့ပါ့မယ္"

"အ​ေဖ့ကိုလည္းစိတ္ခ်ပါ..သြားၾက​ေတာ့​ေလ...​​ေနဝင္တာနဲ႔ႏွင္း​ပိုက်​ေတာ့မွာ...ကားကိုဂ႐ုတစိုက္​ေမာင္းဦး"

"ဟုတ္ကဲ့...ဒါဆိုသြားလိုက္ပါဦးမယ္အ​ေဖ"

ဂြၽန္​ေဂ်ာင္ဆိုးမွာ ထြက္သြားတဲ့ကားအနက္ေလးကို တာ့တာျပၿပီးမ်က္ရည္ဝဲ၍က်န္ခဲ့သည္။​ကား​ေပၚကဆူပုပ္​ေနတဲ့ေဂ်ာင္ကုက​ေတာ့ အနည္းငယ္​ေလးလွမ္းသြားမွ ကားမွန္ကိုခ်ၿပီး ျခံဝမွာက်န္ခဲ့တဲ့အ​ေဖ့ကို

"ဂ႐ုစိုက္​ေနာ္အ​ေဖ!...​ေနမ​ေကာင္းျဖစ္ခ်င္လည္းက်ဳပ္မဂၤလာ​ေဆာင္ၿပီးမွျဖစ္!!"

သူ​ေျပာ​ေတာ့အ​ေဖက စီးထားတဲ့ဖိနပ္ကိုခြၽတ္ၿပီး​ေကာက္​ေပါက္ပါေလ​ေရာ။

"​ေခြမသား​ေလး!...ျပန္ရဲျပန္လာၾကည့္!!"

"လာရဲတာ​ေပါ့!!...ဂြၽန္​ေဂ်ာင္ဆိုးသားဂြၽန္​ေဂ်ာင္ကုမလား!!"

"ထယ္​ေယာင္းပဲလာခဲ့...မင္းက​ေတာ့ျပန္ကိုမလာနဲ႔!!"

႐ြာလမ္းမႀကီးတစ္​ေလွ်ာက္လုံး ဂြၽန္သားအဖႏွစ္​ေယာက္ရဲ႕တီတီတာတာရန္ျဖစ္သံ​ေတြနဲ႔ ဆူညံသြား​ေတာ့သည္။ထယ္​ေယာင္းမွာ​ေတာ့ကား​ေမာင္း​ေနရင္းနဲ႔ ​ေဂ်ာင္ကုတို႔သားအဖရဲ႕ခ်စ္ဖို႔​ေကာင္းတဲ့ဆက္ဆံ​ေရးကိုၾကည့္ၿပီး ​ေခါင္းတစ္ခါခါျဖင့္သာ။

...

"အိုး!...အနံ႔အသက္မ​ေကာင္းဘူး"

တစ္ပတ္​ေလာက္ပိတ္ၿပီးထားခဲ့တဲ့အိမ္က ဖြင့္ဖြင့္ခ်င္းမွာတင္ မသတီစရာအနံ႔ရ​လိုက္တာ​ေၾကာင့္ ထယ္​ေယာင္းမွာႏွာ​ေခါင္းပိတ္ၿပီး ျခံထဲသို႔​​ေျပးထြက္သြား​ေတာ့သည္။

"ကိုကိုကားထဲမွာပဲ​ေစာင့္​​ေနလိုက္​ေလ...​ေမာင္သန္႔႐ွင္း​ေရးလုပ္လိုက္မယ္"

"ကိုကိုလည္းကူပါ့မယ္"

"ကား​ေပၚသြားထိုင္​​ေနပါ...​ေမာင္ပဲလုပ္ပါ့မယ္ဆို"

​ေဂ်ာင္ကုမွာ​ေျပာမရတဲ့ထယ္​ေယာင္းကို ကားထဲသို႔အတင္းဆြဲထည့္ရင္း အိမ္ထဲသို႔ျပန္ဝင္လာခဲ့သည္။အနံ႔ဆိုးထြက္​ေနတဲ့တရားခံက မီးဖို​ေခ်ာင္ထဲကအမိႈက္အစိုထားတဲ့ပုံးမွျဖစ္သည္။​အ​ေလာသုံးဆယ္နဲ႔႐ြာကိုျပန္သြားရတာ​ေၾကာင့္ အမိႈက္ပစ္ဖို႔ကို​ေမ့သြားခဲ့တာပင္။​

ေဂ်ာင္ကုလည္း ​ေအပ႐ြန္ျမန္ျမန္ဝတ္၍ အမိႈက္အိတ္ကိုႏွစ္ထပ္စြပ္ၿပီး အိမ္​ေနာက္​ေဖးကျခံထဲမွာခဏသြားထားရသည္။ၿပီးတာနဲ႔​ေလသန္႔စက္ဖြင့္ၿပီး အနံ႔​ေတြကို႐ွင္းထုတ္၍ ကိုကိုႀကိဳက္တဲ့လာဗင္ဒါရနံ႔အိတ္​ေလးကို ထို​ေလသန္႔စက္​ေ႐ွ႕မွာထားလိုက္​ေတာ့ တစ္အိမ္လုံးကခဏ​ေလးအတြင္းမွာ လာဗင္ဒါရနံ႔​ေတြနဲ႔​ေမႊးႀကိဳင္သြား​ေတာ့သည္။ၿပီးမွheaterဖြင့္ၿပီး အိမ္ကိုအ​ေႏြးဓါတ္​ေပးရသည္။ကိုကို႔အခန္းကိုလည္း ဖုန္စုပ္စက္နဲ႔သန္႔႐ွင္း​ေရး​ေသခ်ာလုပ္ၿပီးမွ heaterဖြင့္​ေပးထားခဲ့ရသည္။သူ႕အခန္းကို​ေတာ့ ​ေနာက္မွသန္႔႐ွင္း​ေရးလုပ္ရမည္။အားလုံးသန္႔႐ွင္း​ေရးလုပ္ၿပီး​ေတာ့မွ ကား​ေပၚမွာထားခဲ့တဲ့ဝက္ဝံ​ေပါက္​ေလးဆီသြားရသည္။

သူသန္႔႐ွင္း​ေရးလုပ္​ေနတာအ​ေတာ္ၾကာသြားသည္ထင္...ဝက္ဝံ​ေပါက္​ေလးကအိပ္​​ေတာင္ေပ်ာ္​​ေနၿပီ။

အိပ္​ေနတဲ့ဝက္ဝံ​ေပါက္​ေလးကို မႏိႈး​ေတာ့ပဲအသာခ်ီ၍ အခန္းထဲသို႔ပဲ​ေခၚလာလိုက္သည္။ခဏ​ေနမွပဲႏိႈးၿပီး ညစာ​​ေကြၽးရ​ေတာ့မယ္။

"​ေမာင္"

"ဗ်ာ"

ကုတင္​ေပၚအသာခ်​ေပးၿပီး ​ေစာင္ျခဳံ​ေပးကာအျပင္ထြက္ဖို႔လုပ္ေတာ့ ​ေမာင္ဟူ​ေသာခပ္ၾသၾသ​​ေခၚသံတိုးတိုးနဲ႔အတူ သူ႕​ေအပ႐ြန္အနားစကိုလာဆြဲတဲ့လက္လွလွ​ေလး​ေၾကာင့္ 'ဗ်ာ' ဟုထူးၿပီးလွည့္ၾကည့္လိုက္​ေတာ့ အိပ္ခ်င္မူးတူးပုံ​ေလးနဲ႔သူ႕ကိုၾကည့္​ေနတဲ့ ဝက္ဝံ​ေပါက္​ေလး။

"​ေမာင့္​ေၾကာင့္ႏိုးသြားတာလား"

​ေမး​ေတာ့​ ​ေခါင္းကိုဘယ္ညာခါျပသည္။

"​ေျပာစရာ႐ွိလို႔"

"​ကဲ...ဘာ​ေျပာမလို႔လဲ...​ေျပာပါဦး"

​ေျပာရင္းနဲ႔ေအပ႐ြန္အနားစကို မလႊတ္တမ္းကိုင္ထားတဲ့လက္သြယ္သြယ္​ေလးကိုဆြဲယူရင္း ကုတင္​ေပၚတင္လႊဲထိုင္လိုက္​ေတာ့ အိပ္ခ်င္မူးတူးျဖစ္​ေနတဲ့ဝက္ဝံ​ေပါက္​ေလးက ​ေပါင္​ေပၚကို​ခ်က္ခ်င္းေခါင္းတင္ၿပီး လာအိပ္သည္။

"ညစာကိုဂင္ခ်ီဟင္းရည္နဲ႔..ဝက္သား​ျပားေၾကာ္စားခ်င္တယ္...ပဲၾကာဇံသုတ္​ေရာပဲ...အဲ့ဒါ​ေျပာမလို႔"

​ေဂ်ာင္ကုမွာ ထယ္​ေယာင္းအ​ေျပာ​ေၾကာင့္ျပဳံးမိသြားၿပီး အသည္းယားလာလြန္း၍ သူ႕​ေပါင္​ေပၚမွာအိပ္​ေနတဲ့ထယ္​ေယာင္းပါးကိုဖိနမ္းလိုက္​ေတာ့သည္။သူနမ္းလိုက္လို႔ ​ေကာ့တက္သြားတဲ့ႏႈတ္ခမ္းပါး​ေတြကိုလည္း အ​ေသအခ်ာ​ေတြ႕လိုက္ရ​​ပါေသးသည္။

"သခင္​ေလးအမိန္႔အတိုင္းရ​ေစရမယ္...ဟုတ္ၿပီလား"

"အင္း...​ဒီသခင္​ေလးကအရမ္းခ်စ္တယ္​ေနာ္"

"အတတ္​ေလးကြာ"

စကားတတ္လြန္းၿပီး ခ်စ္ဖို႔​ေကာင္းလြန္း​ေနတဲ့သခင္​ေလးကို အတင္းဖက္ၿပီးနမ္း​ေတာ့ အခန္းထဲမွာ​နား​ခ်ိဳစရာေအာ္ရယ္သံ​ေတြနဲ႔ျပည့္ႏွက္သြားသည္။ခဏ​ေနမွအိပ္ခ်င္တယ္ဆိုတဲ့သခင္​ေလး​ေၾကာင့္ နဖူးကိုတစ္ခ်က္ဖိကပ္နမ္းရင္းေစာင္ျခဳံ​ေပးခဲ့၍ ခ်က္ျပဳတ္ဖို႔စီစဥ္ရ​ေတာ့သည္။

မွာထားတဲ့အတိုင္း​ေသခ်ာခ်က္​ေပးၿပီး​ေတာ့ ထမင္း​ေကြၽးဖို႔ရာႏိႈးဖို႔အခန္းထဲဝင္သြား​ေတာ့ ​ေရခ်ိဳး၍အဝတ္အစား​ေတာင္လဲ​ၿပီး​ေနၿပီျဖစ္​ေသာ ကိုကို။ထုံးစံအတိုင္း သူဝင္လာတာကိုမသိပဲ စာအုပ္အညိဳထဲမွာတစ္ခုခုကို အသည္းအသန္​ေရး​ေနျပန္သည္။သူ႕ကိုျမင္ရင္လန္႔သြားမယ့္ပုံရိပ္​ေလးကိုမျမင္ခ်င္တာ​ေၾကာင့္ အခန္းျပင္ကိုတိတ္တိတ္​ေလးျပန္ထြက္ၿပီး တံခါး​ေခါက္၍ထမင္းစားဖို႔အသိ​ေပးၿပီး မီးဖို​ေခ်ာင္ထဲမွာျပင္ဆင္​ေနလိုက္သည္။

"ဝါး...​စားဖိုကဲႀကီးက​ေတာ္လိုက္တာ...သခင္​ေလးမွာထားတဲ့အတိုင္းပဲ"

ထိုင္ခုံမွာဝင္ထိုင္ရင္း​ေျပာ​ေတာ့ ​​ေမာင့္ဆီကရယ္သံသဲ့သဲ့ကိုၾကားရသည္။

"သုံး​​ေဆာင္လို႔ရပါၿပီ...​ေနဦး...မစားခင္ဆု​ေတာင္းရမယ္မလား"

"ကိုကိုမ​ေမ့ပါဘူးကြာ"

'မ​ေမ့ပါဘူးကြာ​'ေျပာၿပီး ပဲၾကာဇံသုတ္ကိုလက္လွမ္း​ေနၿပီျဖစ္တဲ့ကိုကို​က သူ​ေျပာမွတူျပန္ခ်ၿပီး ပြစိပြစိနဲ႔ဆု​ေတာင္း​ေတာ့သည္။မ်က္လုံး​ေတြမွိတ္ၿပီးဆု​ေတာင္း​ေနတဲ့ကိုကိုက မ်က္​ေတာင္အ႐ွည္ႀကီး​ေတြနဲ႔ ​ေတာ္​ေတာ္​ေခ်ာသည္။ႏွာ​ေခါင္းထိပ္ကမွဲ႔နက္​ေလးကလည္း ​ေပ်ာက္သြားသည္အထိဖိနမ္းပစ္လိုက္ခ်င္စရာ။ဟစိဟစိျဖစ္​ေနတဲ့ပန္းႏု​ေရာင္ႏႈတ္ခမ္း​ေတြကလည္း လာနမ္းလွည့္ပါလို႔ဖိတ္​ေခၚ​ေနသလို။​ေသခ်ာ​ေတြးၾကည့္ရင္ သူကိုကိုနဲ႔ခ်စ္သူျဖစ္ခြင့္ရခဲ့တာဟာ ​ေတာ္​ေတာ္ကံ​ေကာင္းတာပါလား?

"ဘာ​ေတြ အဲ့​ေလာက္​ေငး​ေနတာလဲ"

ကိုကို​ေျပာမွသတိျပန္ဝင္​ေတာ့သည္။ကိုကိုကဆု​ေတာင္းတာၿပီးသြားလို႔ ပဲၾကာဇံသုတ္​ေတာင္စား​ေနၿပီပဲ။

"ကိုကိုကသိပ္​ေခ်ာလို႔​ေငး​ေနတာ...​ကိုကို႔ကိုရထားတာ..​ေမာင္​ေတာ့သိပ္ကံ​ေကာင္းတာပဲ"

သူ​​ေျပာ​ေတာ့ ကိုကိုကတူကိုခ်ရင္းနဲ႔​ေခါင္းခါျပသည္။

"အမွန္​ေတာ့...ကိုကိုကကံ​ေကာင္းတာပါ...ဘက္စုံ​ေတာ္တဲ့​ေမာင့္ကိုရထားတယ္​ေလ...ကိုကို႔ဘဝမွာ​ေလ..ရည္းစားထားဖို႔ကိုတစ္ခါမွမ​ေတြးဖူးသလို...အိမ္​ေထာင္ျပဳဖို႔အ​ေတြးလည္းမ႐ွိခဲ့ဘူး...ပိုက္ဆံ​စုၿပီးအသက္ႀကီးတဲ့ထိတစ္​ေယာက္တည္း...​ေကာင္း​ေကာင္း​ေနသြားမယ္လို႔ပဲစိတ္ကူးခဲ့တာ...အဲ့လိုအ​ေၾကာတင္းတဲ့ကင္မ္ထယ္​ေယာင္းက...ညစ္ညစ္ပတ္ပတ္​ေကာင္​ေလးတစ္​ေယာက္ကိုအိမ္​ေခၚလာတည္းက...အ​ေတြး​ေတြစ​ေျပာင္းသြား​ေတာ့တာပဲ...တစ္​ေယာက္တည္းလည္းမ​ေနခ်င္​ေတာ့သလို...ရင္​ေတြလည္းစခုန္တတ္လာတယ္...​ေနာက္ဆုံးမ်က္လုံးဝိုင္း​ေတြ​ေအာက္မွာက်ဆုံးၿပီး...ခ်စ္မိသြားေတာ့တာပဲ"

ထယ္​ေယာင္းက သူ႕ရဲ႕ခံစားခ်က္​ေတြကိုဖြင့္ခ်ျပ​ေတာ့ ​ေဂ်ာင္ကုမ်က္လုံးဝိုင္းဝိုင္း​ေလး​ေတြမွာ မ်က္ရည္ၾကည္​ေတြ​ဝဲတက္လာသည္။

"မငိုရဘူး​ေနာ္...​​ေမာင့္ကိုမ်က္ရည္​ေတြနဲ႔မႀကိဳက္ပါဘူး"

"ဘာလို႔မႀကိဳက္တာလဲ"

​ေဂ်ာင္ကုက က်ခါနီး​ေနတဲ့မ်က္ရည္​ေတြကို ပုတ္ခပ္ပုတ္ခပ္လုပ္ၿပီး​ေမးလိုက္သည္။

"ရင္ဘတ္ထဲကနာလို႔...မႀကိဳက္ဘူး"

"ကိုကိုကဗ်ာ...​ေမာင္​ေတာ့႐ူး​ေတာ့မွာပဲ"

​​​​ေဂ်ာင္ကုက​ေျပာရင္းနဲ႔ ထိုင္ခုံက​ေနထိုင္ကာ ထယ္​ေယာင္းမ်က္ႏွာနားဆီ​ေရာက္​ေအာင္ ခႏၶါကိုယ္ကိုကိုင္းခ်လိုက္သည္။

"ဘာလုပ္မလို႔လဲ"

"​ေမာင့္ကို႐ူး​ေအာင္လုပ္​ေနတဲ့ ကိုကို႔ကိုနမ္းမလို႔"

​ေျပာၿပီးတာနဲ႔​ ေမးဖ်ားကိုထိန္းကိုင္ၿပီး ခုနတည္းကနမ္းခ်င္​ေနတဲ့ပန္းႏု​ေရာင္ႏႈတ္ခမ္း​ေလးကို အတင္းဖိကပ္နမ္းမိ​ေတာ့သည္။ကိုကိုက႐ုတ္တရက္မို႔လန္႔ၿပီး သူ႕အနမ္း​ေတြကိုမတုံ႔ျပန္ပဲ​ ေၾကာင္​ေတာင္​ေတာင္​ေလးၾကည့္​ေနတာမို႔ ​ေအာက္ႏႈတ္ခမ္း​ေလးကို ခပ္ဖြဖြကိုက္လိုက္မွ အာ့ခနဲထ​ေအာ္ၿပီးျပန္တုံ႔ျပန္​ေတာ့သည္။လွ်ာဖ်ား​ေလးကိုပါစုပ္ယူၿပီးနမ္း​ေတာ့ ကိုကိုကအက်င့္မ႐ွိသည့္ႏွယ္...အတင္း႐ုန္း​ေတာ့သည္။သို႔​ေသာ္႐ုန္းခြင့္မ​ေပးပဲ အတင္းနမ္း​ေတာ့မွၿငိမ္သြားၿပီးျပန္လည္တုံ႔ျပန္လာသည္။

ဒီလိုနဲ႔ပဲစိတ္ႀကိဳက္နမ္း႐ိႈက္လို႔ၿပီးမွ ထမင္းစားဖို႔ျပင္​ေတာ့​ေအးစက္သြားတဲ့ဂင္ခ်ီဟင္းရည္ေၾကာင့္ ျပန္​ေႏႊးဖို႔ျပင္ရသည္။ဟင္းရည္​​ေႏႊး​ေနစဥ္တစ္​ေလွ်ာက္လုံးလည္း မီးဖို​ေဘးမွာနမ္း​ေနၾက​ေသးတဲ့ႏွစ္​ေယာက္​ေၾကာင့္ အခ်ိန္အ​ေတာ္လင့္မွ ထမင္းစားျခင္းမွာၿပီးစီးသြား​ေတာ့သည္။

...

ထယ္​ေယာင္းမွာ ကြန္ျပဴတာ​​ေ႐ွ႕မွာထိုင္ၿပီး ထိုင္မလိုထမလိုဖင္ဂနာမၿငိမ္ျဖင့္ screenကိုမ်က္စိမလႊဲပဲၾကည့္​ေနသည္။အသက္႐ႈ​သံေတြျမန္​ေနၿပီး နဖူးမွာလည္း​ေခြၽးစ​ေတြသီး​ေနသည္။​ေဘးမွာထိုင္​ေနတဲ့​ေဂ်ာင္ကုက​ေတာ့ ​ေအး​ေဆး​ေလးသာ...စားပြဲ​ေပၚ​ေမး​ေထာင္ရင္း ထယ္​ေယာင္းရဲ႕ဆံပင္​ေတြကိုတို႔ထိ၍ ​ေဆာ့ကစား​ေနသည္။

"ဘာ​ေတြစိတ္ပူ​ေနတာလဲ ကိုကိုရာ...​ေမာင္​ေျဖႏိုင္ပါတယ္ဆို"

"​ေျဖႏိုင္တာသိ​ေပမယ့္...အမွတ္​ေကာင္းဖို႔လည္းလို​ေသးတယ္​ေလကြာ"

ဒီ​​​ေန႔ည​9နာရီတိတိေအာင္စာရင္းထြက္မွာမို႔ ​ေတာင္ကိုရီးယားတစ္ႏိုင္ငံလုံး႐ွိ စာ​ေမးပြဲ​ေျဖဆိုထားတဲ့​ေက်ာင္းသား​ေတြနဲ႔ မိဘ​ေတြမွာစိတ္လႈပ္႐ွား​ေနၾကသည္။ထယ္​ေယာင္းမွာလည္း အ​ေမတစ္​ေယာက္နီးပါး ထိုရလဒ္ကိုစိတ္ပူ​ေနသည္။​ေဂ်ာင္ကုက​ေတာ့​ေအး​ေဆးသာ။

"9နာရီထိုးဖို႔ 5မိနစ္ပဲလို​ေတာ့တယ္!!"

႐ုတ္တရက္ႀကီးထ​​ေအာ္တဲ့ထယ္​ေယာင္း​ေၾကာင့္ ​ထယ္​ေယာင္းဆံပင္​ေတြကိုတို႔ထိၿပီး ကစား​ေနတဲ့​ေဂ်ာင္ကုမွာမ်က္လုံး​ေလးျပဴးၿပီး လန္႔သြား​ေတာ့သည္။သူ႕ကိုကိုက တစ္ကယ္စိတ္လႈပ္႐ွားေနတာပဲ။

"ကိုကို"

"အင္း"

သူ​ေခၚ​ေတာ့ ကြန္ျပဴတာက​ေနအၾကည့္မခြာပဲ 'အင္း'ဟုသာခပ္ျပတ္ျပတ္​ျပန္ေျဖသည္။

"ကိုကို"

"ဘာလဲ"

"​ေမာင့္ကိုၾကည့္"

"ဘာလို႔လဲ"

"ၾကည့္ဆိုၾကည့္ဗ်ာ"

ဆူ​ေအာင့္​ေအာင့္​ေျပာ​ေနတဲ့​​ေမာင္ေၾကာင့္ သူ႕မွာမ​​ေနႏိုင္​ေတာ့...မ်က္ႏွာ​ေခ်ာ​ေခ်ာေလးကိုၾကည့္ရ​ေတာ့သည္။သူ႕ကိုအ​ေရးမလုပ္လို႔ဆိုၿပီး ​ဆူပုပ္​ေနတဲ့မ်က္ႏွာ​ေလးက ခ်စ္ဖို႔​ေကာင္း​ေနတာမို႔ ႏွာေခါင္းလုံးလုံး​ေလးကို သူ႕ႏွာ​ေခါင္းထိပ္​ေလးနဲ႔ပြတ္ကာက်ီစယ္လိုက္ေတာ့ ​ေမာင္ကတခစ္ခစ္နဲ႔ရယ္သည္။

"​ေမာင္ကခ်စ္ဖို႔​ေကာင္းတယ္မလား"

"အင္း...ကိုကို႔မ်က္လုံးထဲမွာ​ေမာင္ကခ်စ္ဖို႔အ​ေကာင္းဆုံးပဲ"

"ဒါဆိုနမ္း"

ႏႈတ္ခမ္းကိုလက္ညိႇဳးနဲ႔ထိျပၿပီး​ေျပာ​ေတာ့ ကိုကိုကမ်က္​ေစာင္းထိုးသည္။

"မဆိုင္တာကြာ"

"ဆိုင္မွနမ္းမွာလား"

လက္ကိုဆြဲၿပီး​ေမး​ေတာ့ သူ႕လက္ကိုအတင္းျဖဳတ္ခ်ၿပီး ကြန္ျပဴတာကိုၾကည့္၍ ထ​ေအာ္​ေတာ့သည္။

"22စကၠန္႔ပဲလို​ေတာ့တယ္!!"

တျဖည္းျဖည္းနဲ႔နီးလာတဲ့အခ်ိန္​ေၾကာင့္ ထယ္​ေယာင္းမွာ​ေဇာ​ေခြၽး​ေတြပါျပန္ၿပီး ​ေမာက္စ္ကိုကိုင္ထားတဲ့လက္မွာလည္းတုန္ရီလာ​ေတာ့သည္။​ေဂ်ာင္ကုက​ေတာ့ စိုးရိမ္လြန္​ေနတဲ့သူ႕ကိုကို ကို​​​​ေဘးက​​ေနသာ​ေငးၾကည့္​ေနသည္။

​​websiteထဲဝင္လို႔ရၿပီဆိုတာနဲ႔ ထယ္​ေယာင္းမွာ ​ေဂ်ာင္ကုရဲ႕​ေမြးသကၠရာဇ္နဲ႔ခုံနံပါတ္ကို​႐ိုက္ထည့္ၿပီး ႐ွာ​ေတာ့'မ​ေအာင္ျမင္ပါ' ဆိုတဲ့စာသား​ေပၚလာတာမို႔ ခ်က္ခ်င္းအသံၿပဲႀကီးျဖင့္ငိုခ်​ေတာ့သည္။​ေဂ်ာင္ကုမွာလည္း သူ​ေျဖထားတာသူအသိဆုံးမို႔ ဒီလိုရလဒ္ထြက္လာ​ေတာ့ ​ထယ္​ေယာင္းငို​ေနတာကိုေတာင္ ​ေခ်ာ့ဖို႔မ​ေတြးပဲ တုန္လႈပ္သြားသည္။ၿပီးမွ ထယ္​ေယာင္း႐ိုက္ထည့္ထားတဲ့သူ႕ခုံနံပါတ္က တစ္လုံးလြဲ​ေနတာမို႔ ျပန္ျပင္ၿပီးၾကည့္လိုက္​ေတာ့ ​'ေအာင္ျမင္ပါသည္' ဆိုတဲ့စာတန္း​ေလး​ကို​ေတြ႕ရမွ စိတ္​ေအးသြား​ေတာ့သည္။

"ၾကည့္ပါဦးကိုကို...​ေမာင္ေအာင္တယ္...ကိုကို​ကေမာင့္ခုံနံပါတ္တစ္လုံးကိုမွားထည့္ထားတာ"

"ဟင္!...တစ္ကယ္လား!!"

"အင္း...ဒီမွာၾကည့္ပါလား"

​​ေမာင္ျပတဲ့အတိုင္းၾကည့္လိုက္​ေတာ့ screenမွာဂြၽန္​ေဂ်ာင္ကုဆိုတဲ့နာမည္နဲ႔အတူ အလြတ္ရေနတဲ့​ေမြး​ေန႔နဲ႔ခုံနံပါတ္လည္းတူတူျဖစ္ၿပီး စာ​ေျဖဌာနလည္းတူ​ေနတာမို႔ ​ေမာင္ဆိုတာအ​ေသအခ်ာပင္။ဟူး...သူသွ်မ္းသြားတာပဲ..ခုမွပဲရယ္ႏိုင္​ေတာ့တယ္။

"​ေတာ္​ေသးတာ​ေပါ့...ကိုကိုတစ္ကယ္လန္႔သြားတာ"

လန္႔သြားတဲ့မ်က္ႏွာ​ေလးကမ်က္ရည္​ေတြကို သုတ္​ေပး​ေတာ့ သူ႕ပါးကိုႁပြတ္ခနဲလာနမ္းရင္းနဲ႔ ​ေခါင္းကိုပြတ္​ေပးကာ '​သိပ္ေတာ္တယ္' ဟုခ်ီးက်ဴးသည္။

"​ေမ့​ေနတာ!...အမွတ္ၾကည့္ရဦးမွာပဲ"

အမွတ္ၾကည့္ဖို႔က်န္​ေန​ေသးတာ​ေၾကာင့္ ​ခ်က္ခ်င္းဝင္စစ္လိုက္​ေတာ့ ပါးစပ္အ​ေဟာင္းသားျဖစ္သြားရသည္။​​ေမာင္ရဲ႕အမွတ္စာရင္းက 400မွာ 391မွတ္ရၿပီး တစ္ႏိုင္ငံလုံးအဆင့္ 108ခ်ိတ္သည္ဆိုတာ​ေၾကာင့္ ပါးစပ္ကိုလက္နဲ႔ပိတ္၍စကၠန္႔ပိုင္း​ေလာက္ ​ေလာကႀကီးနဲ႔အဆက္သြယ္ျပတ္​ေတာက္သြားသည္။

"​ေမာင္...ကိုကိုျမင္​ေနရတာတစ္ကယ္ႀကီး​လား"

​မ်က္လုံးျပဴးျပဴး​ေလးနဲ႔​ေမးလာတဲ့ထယ္​ေယာင္းကို ​ေဂ်ာင္ကုက​ေခါင္းညိတ္ျပ၍ ပါးကိုဆြဲဆိတ္လိုက္သည္။

"အာ့!...နာတယ္"

"တစ္ကယ္ဆိုတာယုံၿပီလား"

"​ေမာင္ကသိပ္​ေတာ္တာပဲ"

"ကိုကို႔​ေလာက္မ​ေတာ္ပါဘူး...ကိုကို႔တုန္းကတစ္ႏိုင္ငံလုံးအဆင့္47နဲ႔​ေအာင္တာဆို"

"အဟြန္း...ကိုကိုက​ေတာ့​ပို​ေတာ္တာ​ေပါ့"

ခါး​ေထာက္ၿပီး​ေျပာလာတဲ့ကိုကိုက သိပ္ခ်စ္ဖို႔​ေကာင္း​ေနတာမို႔ အတင္းဆြဲဖက္မိ​ေတာ့သည္။

"အင္း...​ေမာင့္ကိုကိုကအ​​ေတာ္ဆုံးပဲ"

"​ေမာင္ဘာလိုခ်င္လဲ...ကိုကို႔ကို​ေျပာ...အားလုံးဝယ္​ေပးမယ္"

ထယ္​ေယာင္းအေမး​ေၾကာင့္ ​ေဂ်ာင္ကုကလူယုတ္မာအျပဳံး​ေလးျပဳံး၍

"ဝယ္​ေပးစရာမလိုပါဘူး...ကိုကို​ေပးရင္ရၿပီ"

"ကိုကို႔ဆီမွာ႐ွိတာကိုလိုခ်င္တာလား...ဘာလဲ"

မ်က္လုံးအ​​ေရာင္တလက္လက္ျဖင့္ သူ႕အ​ေျဖကို​ေစာင့္​ေနတဲ့ကိုကို​ကတစ္ကယ့္အျဖဴထည္​ေလး။သူ​ေတာင္းဆိုတာကိုသာၾကားရင္ သူ႕​ေခါင္းကို​ေခါက္မလား?ဗိုက္ကိုလိမ္ဆြဲမလား?မ်က္ႏွာရဲၿပီး​ေတာ့ ထြက္​ေျပးသြားမလား? ဒါမွမဟုတ္ သူလိုခ်င္တာကို ကိုကိုက​ေပးမွာလား? ဆိုတာသိခ်င္လွသည္။

"ဘာလိုခ်င္တာလဲ ​ေျပာ​ေလ"

"​ေမာင္နဲ႔တစ္ညတာတူတူျဖတ္..."

"​ေနဦး!..ၿပီးမွ​ေျပာ​ေတာ့..အ​ေဖ့ကို​ေျပာရဦးမယ္...ဖုန္း​ေရာ"

​ေျပာလို႔​ေတာင္မဆုံး​ေသး...ၾကားျဖတ္​ေျပာကာဧည့္ခန္းထဲကိုေျပးတဲ့ထယ္​ေယာင္း​ေၾကာင့္ ​ေဂ်ာင္ကုမွာ​ေခါင္း​ေမာ့ရင္း ​​ေျခာက္​ေျခာက္ကပ္ကပ္​ေအာ္ရယ္ရင္းသာ က်န္ခဲ့​ေတာ့သည္။

က​ေလးဆန္တဲ့ကိုကိုနဲ႔တစ္ညတာျဖတ္သန္းဖို႔ကိစၥကို ခြင့္မ​ေတာင္းေသးတာပိုအဆင္​ေျပလိမ့္မယ္။နည္းနည္းရင့္က်က္လာတဲ့အထိ ​ေမာင္​ေစာင့္ပါ့မယ္။

ခု​ေတာ့ကိုယ့္ကိစၥကိုယ္႐ွင္းဖို႔ အိမ္သာထဲသြားလိုက္ဦးမယ္။

...

ထယ္​ေယာင္းရဲ႕​ေ႐ႊ​ေရာင္ပိတ္ရက္​​ေတြလည္း တျဖည္းျဖည္းတဲ့ကုန္ဆုံးသြားၿပီမို႔ အလုပ္ျပန္ဝင္ဖို႔ျဖစ္လာခဲ့သည္။​​ေဂ်ာင္ကုက​ေတာ့ဆိုလ္းတကၠသိုလ္ဝင္ခြင့္ရဖို႔အတြက္ စာ​ေလ့လာ​ေနရသည္။​အခ်ိန္​ေတြတစ္ဆတစ္ဆကုန္သြား​ေပမယ့္လည္း သူတို႔ႏွစ္ဦးၾကားထဲကအခ်စ္က​ေတာ့ စခ်စ္တုန္းကအတိုင္း မ​ေျပာင္းလဲပဲလတ္ဆတ္​ေနဆဲပင္။တစ္​ေယာက္နဲ႔တစ္​ေယာက္မခြာရက္ႏိုင္​​ေအာင္ အကဲပိုစြာခ်စ္ၾကရင္း ​ေန႔တိုင္းအတူ႐ွိ​ၾကသည္။အလုပ္သြားတဲ့ထယ္​ေယာင္းအတြက္ ​​ေဂ်ာင္ကုကအာဟာရ႐ွိတဲ့မနက္စာျပင္​ေပးၿပီး ​ေန႔လည္ဆိုလည္း​ေက်ာပိုးအိတ္တစ္လုံးလြယ္၍ ထမင္းဘူးႏွစ္ဘူးနဲ႔အတူ ထယ္​ေယာင္း​ေက်ာင္းသို႔ သြား၍ေန႔လည္စာအတူစားသည္။​ေန႔လည္စာစားၿပီး​ေတာ့လည္း ​ေက်ာင္းစာၾကည့္တိုက္မွာပဲ စာ​​ေလ့လာ၍ ထယ္​ေယာင္းအလုပ္ဆင္းမွတူတူျပန္သည္။ဒီလိုနဲ႔သာ​ေန႔ရက္တိုင္းကို ႏွစ္​ေယာက္အတူျဖတ္သန္းလာတာ ​​ေအးစက္လြန္းတဲ့ေဆာင္းရာသီကုန္ၿပီး ေႏြဦးျပန္​ေရာက္လာသည္အထိပင္။

​​ေဂ်ာင္ကုက ဆိုးလ္တကၠသိုလ္ရဲ႕ Computer Science and Engineering ​ေမဂ်ာကိုဝင္ခြင့္ဝင္​ေျဖခဲ့ၿပီး ​ေအာင္ခဲ့တာမို႔ ဆိုးလ္တကၠသိုလ္​ေက်ာင္းသားႀကီးျဖစ္​ေတာ့မွာျဖစ္သည္။ထယ္​ေယာင္းက​ေတာ့ ​ေဂ်ာင္ကုလိုအပ္သမွ်ကို ​ေဘးက​ေန​ေထာက္ပံ့​​ေပးရင္း အ​ေကာင္းဆုံးလက္တြဲ​ေဖာ္အျဖစ္႐ွိ​ေပးသည္။

"မနက္ျဖန္​ တကၠသိုလ္စတက္ရ​ေတာ့မွာ​ေနာ္"

​ထယ္​ေယာင္းက noteထုတ္​ေနရင္းနဲ႔ ​ေမး​ေတာ့ ​ေဂ်ာင္ကုက​မ်က္ႏွာမဲ့ျပရင္း ​ေခါင္းညိတ္ျပသည္။

"​​ဘာလို႔လဲ...မ​ေပ်ာ္ဘူးလား"

"မ​ေပ်ာ္ပါဘူး...အမွန္​ေတာ့ကိုကို႔အနားမွာပဲ..အခ်ိန္ျပည့္ကပ္ေနခ်င္တာ...တကၠသိုလ္လည္းမတက္ခ်င္ဘူး"

"မတက္ခ်င္လည္းမတက္နဲ႔​ေလ...ရတာပဲ"

"ရစရာလား...ကိုကို႔ကိုတင့္​ေတာင္းတင့္တယ္ထားႏိုင္ဖို႔...စားႀကိဳးစားရမွာ​ေပါ့"

"အမ်ိဳးမ်ိဳးကြာ"

ထယ္​ေယာင္းကမႏိုင္​ဘူးဟူ​ေသာသ​ေဘာျဖင့္ ေခါင္းခါရင္း​ေျပာၿပီး ​ေပါင္​ေပၚတင္ထားတဲ့laptopကို စားပြဲ​ေပၚ​ေျပာင္းတင္၍ ​ေညာင္း​ေနတဲ့အ​ေက်ာ​ေတြကိုဆန္႔ထုတ္လိုက္သည္။ထိုစဥ္ခဏ​ေလးအတြင္းမွာပဲ ​ေဂ်ာင္ကုကလြတ္သြားတဲ့ထယ္​ေယာင္း​ေပါင္​ေပၚမွာ​ေခါင္းမွီခ်လိုက္သည္။

"ကိုကို...တကၠသိုလ္တက္ရတာ​​ေပ်ာ္ဖို႔​ေကာင္းလား"

စာ႐ိုက္ထားလို႔​ေညာင္း​ေနတဲ့ လက္သြယ္သြယ္ေလးကိုႏွိပ္​ေပးရင္း​ေမး​ေတာ့ ကိုကိုကမ်က္မွန္ကိုခြၽတ္ၿပီး

"​သိပ္ေပ်ာ္ဖို႔ေကာင္းတာ​ေပါ့...​တစ္ႏိုင္ငံလုံးကမိန္းမလွ​ေလး​ေတြက...ဆိုလ္းတကၠသိုလ္မွာလာစုၾကတာ​ေလ...​​ေန႔တိုင္းနတ္သမီး​ေလး​ေတြကိုျမင္ရတာ​ေလာက္...ကံ​ေကာင္းတာ႐ွိပါဦးမလား...ကိုကိုဆိုအရမ္း​ေပ်ာ္ခဲ့တာ"

ထယ္​ေယာင္းက​ ေပ်ာ္႐ႊင္​ေက်နပ္ဖြယ္အသံႀကီးနဲ႔​ေျပာျပ​ေတာ့ ​ေဂ်ာင္ကုကႏွိပ္​ေပး​ေနတဲ့လက္သြယ္သြယ္​ေလးကို လႊတ္ခ်ရင္း​ ​ေပါင္​ေပၚက​ေနထကာ အခန္းထဲသို႔​​ေျပးဝင္သြား​ေတာ့သည္။ဧည့္ခန္းထဲကထယ္​ေယာင္းမွာ​ေတာ့ စိတ္ဆိုးသြားတဲ့​ေဂ်ာင္ကုကို ခ်က္ခ်င္းလိုက္မ​ေခ်ာ့ပဲ ဗိုက္ကိုႏွိပ္၍ရယ္​ေနသည္။

ကြၽန္​ေတာ္႕ခ်စ္သူ​ေလးက ​ေကာင္မ​ေလး​ေတြအ​ေၾကာင္းပါလာတာနဲ႔ကို စိတ္ဆိုးတတ္တာ။ခုပဲၾကည့္ပါလား?ႏႈတ္ခမ္းကို တစ္​ေတာင္​ေလာက္​ေထာ္ၿပီး ​ေျခ​ေဆာင့္ၿပီးအခန္းထဲဝင္သြားတာ။မတတ္ႏိုင္ဘူး...စမိ​ေတာ့လည္း လိုက္​​ေခ်ာ့ရ​​မွာ​ေပါ့​ေလ။

​ေမာင္စိတ္ဆိုးရင္ျဖင့္ ကိုကိုက​ေနကိုမ​ေနတတ္ေတာ့တာ။

"​ေမာင္​ေရ...တံခါးဖြင့္​ေပးဦး​​ေလ"

တံခါး​ေခါက္ၿပီး​ေျပာ​ေတာ့ ​ေတာ္​ေတာ္နဲ႔အသံကျပန္မလာ။

"ထြက္သြား!...နတ္သမီးဆိုတဲ့ဟာ​ေတြနဲ႔သြား​ေပ်ာ္​ေန!!"

အတန္ၾကာမွထြက္လာတဲ့ အခန္းထဲက​ေန​ေအာ္​သံ​ေၾကာင့္ ​ထယ္​ေယာင္းမွာအသံမထြက္​​ေအာင္ က်ိတ္ရယ္ရင္းျဖင့္ ​ေသာ့အပိုတစ္​ေခ်ာင္းသြားယူၿပီး တံခါးဖြင့္ကာ အသက္႐ႈရပ္မတတ္အနမ္းခံၿပီး ျပန္​ေခ်ာ့လိုက္ရ​ေတာ့သည္။

...

​ဒီ​ေန႔​​ေက်ာင္းမွာ ပါ​​ေမာကၡတစ္​ေယာက္မဝင္တာ​ေၾကာင့္ အတန္းခ်ိန္​ေစာဆင္းသည္မို႔ လိုအပ္တာ​ေတြဝင္ဝယ္ရင္း အိမ္သို႔ဘတ္စ္ကားျဖင့္ျပန္လာခဲ့လိုက္သည္။ကိုကို႔ကိုလည္း ဒီ​ေန႔လာမႀကိဳဖို႔မက္​ေဆ့ပို႔ထားတာမို႔ ​ကိုကိုလည္း​ေက်ာင္းဆင္းတာနဲ႔ အိမ္တန္းျပန္လာမည္ျဖစ္သည္။

အခုတ​ေလာ ​ေက်ာင္းစာ​ေတြနဲ႔ပဲအလုပ္မ်ား​ေနတာ​ေၾကာင့္ ကိုကိုနဲ႔​ေအး​ေဆးအခ်ိန္မျဖဳန္းရတာ​ေတာင္ ၾကာ​ေရာ​ေပါ့။ဒါ့​ေၾကာင့္ ဒီ​ေန႔ညစာကို ကိုကိုႀကိဳက္တာ​ေတြပဲခ်က္ၿပီး ​ေပ်ာ္ဖို႔​ေကာင္းတဲ့အခိုက္အတန္႔​ေလးကို ဖန္တီးရမယ္။ညစာစားၿပီးရင္ ကိုကိုႀကိဳက္တဲ့ကာတြန္းကားလည္း တူတူၾကည့္ရမယ္။အ​ေဖပို႔လိုက္တဲ့စ​​ေတာ္ဘယ္ရီ​​ေတြနဲ႔ youtubeက​ေန​ေလ့လာထားတဲ့ ကိတ္မုန္႔ဖုတ္နည္းအတိုင္း စ​ေတာ္ဘယ္ရီကိတ္မုန္႔တစ္လုံးလည္း ဖုတ္ထားရမယ္။ကိုကို​ေတာ့ ​ေပ်ာ္​ေန​ေတာ့မွာပဲ။

အစီအစဥ္ခ်ထားတဲ့အတိုင္း ကိုကိုျပန္မ​ေရာက္ခင္မွာ အကုန္ၿပီး​ေအာင္ ​ျပင္ဆင္​ေနလိုက္သည္။ထမင္းနဲ႔ဟင္း​ေတြက်က္သြား​ေသာ္လည္း လုပ္​ေလ့မ႐ွိတဲ့ကိတ္မုန္႔က​ေတာ့ ပထမတစ္လုံးမွာတင္ လႊတ္ပစ္လိုက္ရသည္။သို႔​ေသာ္လက္မ​​ေလွ်ာ့ပဲ ​ေနာက္တစ္လုံးထပ္လုပ္​ေတာ့လည္း ကိတ္သားနည္းနည္းတူးသြားတာမို႔ လႊတ္ပစ္ရျပန္သည္။မလုပ္ေတာ့ဖို႔ဆုံးျဖတ္လိုက္​ေသာ္လည္း ကိုကို​ေပ်ာ္သြားတာကိုျမင္ခ်င္တာမို႔ ​ေသခ်ာစိတ္ႏွစ္ၿပီးတစ္နည္းမွမလြဲ​​ေအာင္လုပ္ၾကည့္တာ ​ေနာက္ဆုံးတစ္​ေခါက္မွ အဆင္​ေျပ​ေျပနဲ႔ ​ေသသပ္လွပတဲ့စ​ေတာ္ဘယ္ရီကိတ္မုန္႔​ေလးၿပီးစီးသြား​ေတာ့သည္။အ​ေပၚက​ေန ကိုကိုႀကိဳက္တဲ့စ​ေတာ္ဘယ္ရီနီနီ​ေတြနဲ႔ အလွဆင္ထားၿပီး အရမ္းခ်စ္တယ္ဟုလည္း​ေရးထားလိုက္သည္။

"ဟူး...​ေနာက္ဆုံး​ေတာ့ၿပီးသြားၿပီပဲ"

ခ်စ္ဖို႔​ေကာင္းတဲ့ကိတ္မုန္႔ကို ​ေျဖး​ေျဖးခ်င္းသယ္ၿပီး ​ေရခဲ​ေသတၱာထဲထည့္​ေနတုန္း ၾကားလိုက္ရတဲ့ဘဲလ္သံ​ေၾကာင့္ ​ေဂ်ာင္ကုမ်က္ႏွာမွာအျပဳံး​ေလးျဖစ္တည္သြားသည္။

မ်က္ႏွာ​​ေပၚမွာ​ေပ​ေနတဲ့ဂ်ံဳမႈန္႔​ေတြကို​ေတာင္ မသုတ္အားပဲ​တံခါးကိုေျပးဖြင့္​​တဲ့​ေဂ်ာင္ကုက ထယ္​ေယာင္းက​ေန႔တိုင္း ဒီတိုင္းဝင္လာ​ေနက်ဆိုတာကို ေမ့​ေလ်ာ့သြားသည္။

အျပဳံးလွလွ​ေလးနဲ႔ တဲခါးကိုဖြင့္လိုက္​ေတာ့ ျမင္ရတာကကိုကိုမဟုတ္ပဲ အထုတ္အပိုးအျပည့္ဆြဲထားတဲ့​ဦး​ေလးႀကီးတစ္​ေယာက္နဲ႔ မ်က္မွန္အမဲေရာင္ႀကီးတပ္ထားတဲ့ ​အ​ေဒၚႀကီးတစ္​ေယာက္ျဖစ္​ေနသည္။

"ဘယ္သူ​ေတြ..."

"နင္ဘယ္သူလဲ!!"

သူ႕စကား​ေတာင္မဆုံး​ေသး...ၾကားျဖတ္​ေမးလာတဲ့အ​ေဒၚႀကီးက သူ႕ကိုၾကည့္​ေနတာစားဝါး​ေတာ့မတတ္ပင္။

"အ​ေဒၚတို႔က​ေရာဘယ္သူလဲ"

ဗလိုင္းႀကီးလာ​ေဟာက္​ေနတဲ့အ​ေဒၚႀကီးကို ျပန္​ေမးလိုက္​ေတာ့ ခ်က္ခ်င္းမ​ေျဖပဲ မ်က္မွန္အမဲႀကီးကိုခြၽတ္လိုက္သည္။​မ်က္မွန္ခြၽတ္လိုက္​ေတာ့မွ ႐ွင္း႐ွင္းလင္းလင္း​ေတြ႕လိုက္ရတဲ့ ထိုအ​ေဒၚႀကီးမ်က္ႏွာက တစ္​ေယာက္​ေယာက္နဲ႔​ေတာ္​ေတာ္တူ​ေနသလို။

"ငါကကင္မ္ထယ္​ေယာင္းရဲ႕အ​ေမ...နင္ကမွဘယ္သူလဲ"

"ဗ်ာ!!...ကိုကို႔မိဘ​ေတြ​ေပါ့"

Kimharu4121992🌵Borahae💜

#ဟဲဟဲ...double update လုပ္ဖူးၿပီကြ😌

#ဒါနဲ႔​ေလ စကားမစပ္...ကိုယ့္wallထဲမွာ to the boneဆိုတဲ့ ficအသစ္​ေလးကို 2ပိုင္းUpထားပါတယ္အားရင္ဖတ္​ေပးၾကပါဦး႐ွင့္💜

There are no comments yet. Log in to be the first to leave a review!

Similar stories