Fanfics

17

09:59, 2 December 2023

"​​ဂျောင်ဆိုး​ရေ!!"

မနက်​​ဝေလီ​ဝေလင်းနေ​ရောင်မကွဲခင်မှာ အိမ်​ရှေ့က​နေ​တဆာဆာ​အော်​ခေါ်​နေတဲ့သူငယ်ချင်းမဟယ်ဆွန်း​ကြောင့်  သက်ပျင်းချပြီးထွက်လာခဲ့ရသည်။ရွာ​သား​တွေမို့ မနက်5နာရီဆိုတာနဲ့ မျက်လုံး​တွေကအကျင့်ပါပြီးနိုး​နေပြီဖြစ်၏။သား​တော်​မောင်နဲ့ သားမက်​လေးက​တော့မနိုး​သေး။

"ဘာလို့​အော်​နေတာလဲ...ခြံထဲဝင်လာလည်းရတာကို"

"​အို...နင့်အိမ်မှာဧည့်သည်​ရောက်​နေတယ်ဆို...ငါကဝင်ချင်တိုင်းဝင်လာလို့ရမလား"

ပါးစပ်ကသာ​ပြော​နေ​ပေမယ့် မျက်လုံး​တွေကအိမ်မကြီးကိုလှမ်းကြည့်​နေတဲ့သူငယ်ချင်းမ​ကြောင့် သက်ပျင်း​မောချရင်း​ခေါင်းခါမိလိုက်သည်။​ဂျောင်ကုကီးက သား​လေးထယ်​ယောင်းကို​ခေါ်လာတာ ခု​လောက်ဆိုတစ်ရွာလုံးသိ​လောက်​ရော​ပေါ့။ဒါကို​မိုးစင်စင်လင်းတာ​တောင်မ​စောင့်...ခုချိန်ကြီးလာစပ်စုတာ​တော့လွန်လွန်းတယ်။

"လိုရင်းကိုပဲ​ပြောစမ်းပါ ဟယ်ဆွန်းရယ်"

​ပြော​​တော့မှ မချိုမချဥ်ကြည့်ရဆိုးတဲ့မျက်နှာ​ပေးနဲ့

"နင့်သားကမြို့က​နေ...ခပ်​ချော​ချော​​ကောင်လေး​ခေါ်လာတယ်ဆို...အဲ့ဒါ​ကြောင့်ငါတို့ရွာက..ဧည့်သည်​လေးကိုကြိုဆိုပွဲလုပ်​ပေးမလို့"

"ဟဲ့!...ဘာဆိုင်လို့ကြိုဆိုပွဲလုပ်မှာလဲ"

"ဆိုင်တာ​ပေါ့...ငါတို့​ဂျောင်ကုကီး​လေးကိုကူညီ​ပေးထားတာဆို...ငါတို့တစ်ရွာလုံးရဲ့​​ကျေးဇူးရှင်ပဲ​ပေါ့"

အပို​တွေ​ပြော​နေတဲ့ဟယ်ဆွန်း​ကြောင့် ​ခေါင်းခါပြလိုက်သည်။မဆိုင်တာ​တွေလုပ်ပြီး သားမက်​လေးကိုမျက်နှာမပူ​စေချင်ပါဘူး။

"ငါပဲ​ကျေးဇူးတင်လည်းဖြစ်တယ်...နင်တို့လုပ်​ပေးစရာမလိုပါဘူး"

ဂျွန်ဂျောင်ဆိုး​ပြော​တော့ သူ့သူငယ်ချင်းမဟယ်ဆွန်းကမျက်နှာငယ်​လေးဖြင့်

"ငါကတစ်ရွာလုံးကို ပတ်​ပြောပြီးသွားပြီ...ခဏ​နေဟင်းပွဲ​တွေယူလာပြီး..နင့်အိမ်ကိုလာ​တော့မှာ"

"ဟာ!...နင်က​လေ​တော်​တော်လျှာရှည်တာပဲ...ငါ့လာတိုင်ပင်ပါဦးလား!"

​ဒေါသထွက်လာတာ​ကြောင့် ​ပြောရင်းနဲ့​ခေါင်းကိုဂွက်ခနဲ​ခေါက်လိုက်မိ​တော့သည်။

"အာ့!...နင်..နင်..ငါ့​ခေါင်းကို​ခေါက်လိုက်တာလား"

အ​ဒေါ်ကြီးဟယ်ဆွန်းမှာ လက်တစ်ဖက်က​ခေါင်းကိုကိုင်ရင်း ကျန်လက်တစ်ကဂျွန်​ဂျောင်ဆိုးကိုလက်ညှိုး​ငေါက်​​ငေါက်ထိုးရင်း​မေးသည်။

"​အေး...လျှာရှည်လွန်းတဲ့နင့်ကိုကြည့်မရ​တော့လို့!"

"ဒါဆိုလည်းစကားနဲ့​ပြော​လေ!...​ခေါက်စရာလိုလို့လား!!"

"လိုတာ​ပေါ့!...နင်နဲ့မဆိုင်ပဲဝင်ပါ​နေတာ..ဘယ်နှခါရှိ​နေပြီလဲ!!...သူငယ်ချင်းမို့နင့်ကိုသည်းခံ​နေတာ!!"

"ငါက​စေတနာနဲ့ကူညီတာအ​ကောင်ရဲ့!!"

"နင့်​စေတနာ​တွေမလိုဘူး..လျှာရှည်တဲ့​ကောင်မရဲ့!!"

မြူ​တွေဆိုင်း​နေတဲ့မနက်ခင်းမှာ ​တဆတဆနဲ့ပိုပိုကျယ်လာတဲ့စကားများသံ​တွေ​ကြောင့် ​ဂျောင်ကုမှာဆတ်ခနဲနိုးသွား​တော့သည်။ချက်ချင်းပြတင်း​ပေါက်ဖွင့်ကာထကြည့်​တော့ ခြံ​ရှေ့ကလာတဲ့အသံဖြစ်၏။မြူ​တွေ​ကြောင့်​သေချာမမြင်ရတာမို့ ဘယ်သူ​တွေရန်ဖြစ်​နေတာလဲဆိုတာမသိရတာ​ကြောင့် ​အောက်ဆင်းကြည့်ဖို့ပြင်ရ​တော့သည်။အဲ့အသံ​ကြောင့် ကိုကိုနိုးသွားသလားဟု ကိုကို့အခန်းကိုအသာဖွင့်ကြည့်​တော့ ​ကွေး​ကွေး​လေးအိပ်​​ပျော်နေတာမို့ တော်ပါ​သေးရဲ့။

​အောက်ထပ်​​ရောက်​တော့​တွေ့ရပါပြီ...ရန်ဖြစ်စကားများ​နေကြတဲ့အိမ်ရဲ့​ကျွေးဖခင်နဲ့ ရွာ​ကျော်ကြီးအန်တီပတ်ခ်ဟယ်ဆွန်းကို။

"ဘာ​တွေစကားများ​နေကြတာလဲဗျာ...ကျုပ်ကိုကိုအိပ်​နေတုန်း​လေ"

"​ဂျောင်ကုကီး​လေး!!"

​ပြောရင်းနဲ့​ပြေးဖက်လာတဲ့အ​န်တီဟယ်ဆွန်း​ကြောင့်မျက်လုံးပြူးသွားရင်း မနည်းပြန်ထိန်းကာဖက်ထားရသည်။ဒီအပျိုကြီးက ကျုပ်ကိုအရမ်းချစ်တာ​လေ..မရှိတဲ့သားအရင်းနဲ့မခြားကိုချစ်​ပေးတာ။

"အမယ်​လေး...တစ်နှစ်အတွင်းမှာ​ချောလာလိုက်တာ​အေ...​ဒီအ​န်တီကို​ရောသတိရရဲ့လား"

​ခေါင်းခါပြလိုက်​တော့ တင်ပါးကိုဖတ်ခနဲလာရိုက်သည်။

"လိမ်​နေတာ...​ဂျောင်ကုကီးကဒီအ​န်တီကြီးကိုသတိမရစရာလား...လိမ်​နေတာမလား"

ထပ်​မေးလာတဲ့​မေးခွန်းကိုပြန်မ​ဖြေပဲ သွားစိပြီး'ဟီး' လို့ရယ်ပြလိုက်​တော့ သူ့ပါးနှစ်ဖက်ကိုလက်​အေး​အေးကြီးနဲ့လာဆွဲသည်။

"ဘာလို့အ​ဖေနဲ့စကားများ​နေတာလဲ...အ​စောကြီးရှိ​သေးတာကို"

သူ​​ပြော​တော့ အန်တီဟယ်ဆွန်းကအ​ဖေ့ဘက်ကိုလှည့်ပြီး မျက်​စောင်းထိုးသည်။

"အ​န်တီက​လေ​စေတနာနဲ့...ငါတို့​ဂျောင်ကုကီး​လေးကမြို့က​နေဧည့်သည်​ခေါ်လာတယ်ဆိုလို့...တစ်ရွာလုံးကိုလိုက်​ပြောပြီး...ကြိုဆိုပွဲ​လေးလုပ်​ပေးမလို့​စီစဥ်ထားတာ...အဲ့ဒါကိုအခုလာအသိ​ပေးတာကို...​ဂျောင်ဆိုးက​အန်တီ့ခေါင်း​ကိုခေါက်ပြီးရန်​​တွေ့​နေတာ"

အန်တီဟယ်ဆွန်းစကား​ကြောင့် ​လေပူတွေမှုတ်ထုတ်ရင်းသက်ပျင်းချလိုက်မိသည်။အ​ဖေ​ခေါက်လည်း​ခေါက်ချင်စရာပါလား?

"အဲ့​တော့...ကြိုဆိုပွဲကဘယ်လိုလုပ်မှာလဲ"

ဘာပဲ​ပြော​ပြော သူနဲ့ကိုကို့ပတ်သက်မှုကို အားလုံးသိထား​လေ ပို​ကောင်းတာမို့​မေးလိုက်သည်။ထိုကြိုဆိုပွဲက​နေတစ်ဆင့် ကိုကို့ကိုလည်းတစ်ရွာလုံးနဲ့မိတ်ဆက်​ပေးထားရမယ်။

"တစ်ရွာလုံးကလူ​တွေကဟင်းပွဲ​​တွေယူလာပြီး...ခဏ​နေခြံထဲကိုလာကြမယ်တဲ့"

ဝင်​ဖြေသူကအန်တီဟယ်ဆွန်းမဟုတ်ပဲ ခပ်ဆတ်ဆတ်အ​ဖေ့အသံဖြစ်သည်။

"​မင်းကိုကို့ကိုနှိုးပြီး..သွားပြင်ဆင်ထား​တော့...မကြာခင်​ရောက်လာကြ​တော့မှာ"

"ဟုတ်ကဲ့ အ​ဖေ"

​ဂျောင်ကုကအိမ်ထဲကိုချက်ချင်းပြန်​ပြေးဝင်သွား​တော့ ကျန်ခဲ့တာကခုနကစကားများ​နေတဲ့နှစ်​ယောက်သာ။

"နင်လည်းဟင်းပွဲသွားယူ​လေ...ဘာလုပ်​နေတာလဲ"

​​​​ဂျောင်ဆိုး​မေး​တော့ ဟယ်ဆွန်းက​ခေါင်းကုပ်ပြီး ​တောင်ကြည့်​မြောက်ကြည့်ဖြင့်

"ဟို...ငါဘာမှမချက်ရ​သေးဘူး...တစ်ရွာလုံးကဟင်းပွဲ​တွေနဲ့တင်များ​နေတာကို...ငါချက်စရာမလိုဘူးမလား"

"ဘာမလိုတာလဲ!...ငါ့သားမက်​လေးကစ​တော်ဘယ်ရီကြိုက်တယ်...နင့်ခြံထဲကခပ်ကြီးကြီးဟာ​တွေသွားခူးလာခဲ့!"

​ဂျောင်ဆိုးက​ပြောပြီးတာနဲ့ အိမ်ထဲတန်းဝင်သွားပြီး ခြံတံခါးကိုပါပိတ်သွားသည်။ကျန်ခဲ့တဲ့ဟယ်​ဆွန်းက​တော့ သူ့သူငယ်ချင်း​ဂျောင်ဆိုး​ပြောသွားတဲ့ စကား​ကြောင့်​ကြောင်​တောင်​တောင်​ဖြစ်ကျန်ခဲ့သည်။

"သားမက်​လေး...သားမက်​လေးဆို​တော့...ဒီကောင်ကဘယ်တုန်းကသမီး​မွေးထားလဲ...ငါလည်းမသိရပါဘူး...ဒါမှမဟုတ်!..."

​ပြောရင်းနဲ့ပါးစပ်ကိုလက်နဲ့ပိတ်လိုက်ပြီး ​ဂျောင်ကုတို့အိမ်ထဲကိုလှမ်းကြည့်၍

"​ဂျောင်ဆိုးကတိတ်တိတ်ပုန်းမယားနဲ့..သမီးတစ်​​ယောက်ရလို့...​ဂျောင်ကုအ​မေကထွက်သွားတာများလား...အိုးမိုင်​ဂေါ့!...ဖြစ်နိုင်တယ်...ဒါ​ကြောင့်ဒီအ​ကောင်က​​ဂျောင်ကုအ​မေကိုအလွယ်​လေးကွာရှင်း​ပေးလိုက်တာကိုး...ဘုရား​ရေ...သတင်းထူးကြီးပါလား"

"နင်မပြန်​သေးဘူးလား!!...ပတ်ခ်ဟယ်ဆွန်း!!!"

တစ်​ယောက်တည်းပါးစပ်ကို လက်နဲ့ပိတ်ကာအံ့သြ​နေတုန်း အိမ်ထဲက​နေလှမ်း​အော်တဲ့​ ဂျောင်ဆိုးရဲ့အသံပြဲကြီး​ကြောင့်  ရွာလမ်းမကြီးအတိုင်း ခပ်သုတ်သုတ်ပြန်လာခဲ့ရသည်။

...

ဟင်းပွဲ​မြောက်မြားစွာနဲ့ ခြံထဲမှာအပြည့်ရှိ​နေတဲ့လူ​တွေ​ကြောင့် ထယ်​ယောင်းမျက်နှာမှာအံ့သြမှုအထင်းသား။အားလုံးကသူ့ကိုကြည့်ပြီး ပြုံးပြ​နေကြသည်မို့ အားလုံးကိုပြန်ပြုံးပြ​တော့ ဘာကိုသ​ဘောကျကြသည်မသိ...ရယ်​နေကြသည်။

"​​မောင်...ဒါဘာ​တွေလဲ"

အနားကဂျောင်ကုရဲ့အင်္ကျီစကိုဆွဲပြီး ခပ်တိုးတိုး​မေး​တော့

"ကိုကို့အတွက်ကြိုဆိုပွဲလုပ်​ပေးကြတာတဲ့...​မောင်တို့ရွာသား​တွေကသ​ဘော​ကောင်းတယ်မလား"

"ဟင်!...ကြိုဆိုပွဲ...ဘာလို့လဲ"

​ဂျောင်ကု ​ကြောင်​တောင်​တောင်​လေးဖြစ်​နေတဲ့ထယ်​ယောင်းကို အသည်းယားလွန်း၍ဆွဲဖျစ်ညှစ်ချင်​သော်လည်း သူတို့ထံ​ရောက်​နေတဲ့မျက်လုံးအစုံ​ပေါင်းများစွာ​ကြောင့် နှုတ်ခမ်းကိုဖိကိုက်၍ ထိန်းလိုက်ရသည်။

"ကိုကိုက​မောင့်ကိုကူညီ​ပေးလို့ဆိုပြီး...ချစ်လို့တဲ့...လုပ်​ပေးကြတာ"

"ဪ..."

ရွာကလူကြီး​တွေ​ရော က​လေးနဲ့​ခွေးပါမချန် ​ဂျောင်ကုတို့ခြံဝိုင်းထဲမှာ​ရောက်​နေတာဖြစ်၏။အားလုံးက ရွာ​ကျော်ကြီးစပ်စုစိန်ပတ်ခ်ဟယ်ဆွန်း၏​ဖောက်သည်ချမှု​ကြောင့် ဂျွန်​​ဂျောင်ဆိုးရဲ့ဖွက်ထားတဲ့သမီးကို​တွေ့ချင်​နေကြတာဖြစ်သည်။ပြီး​တော့​ဂျောင်ကု​ခေါ်လာတဲ့မြို့သား​​လေးကလည်း ​ချော​ချော​​လေးမို့အားလုံးမှာ မမြင်စဖူးလိုက်ကြည့်​​နေကြသည်။

"​ကဲ...အားလုံးလည်းစုံပြီဆို​တော့...ကျုပ်ကပဲမိတ်ဆက်​ပေးမယ်...ဒါက​ဂျောင်ကုကီးကိုဆိုးလ်မှာ...အစစအရာရာကူညီ​ပေးတဲ့သား​လေး...နာမည်ကကင်မ်ထယ်​ယောင်းတဲ့...​ဆိုးလ်ကနာမည်ကြီးပုဂ္ဂလိကကိုယ်ပိုင်​ကျောင်းမှာ ကျောင်းဆရာလုပ်​နေတာ...ကျုပ်သားမက်ဖြစ်မယ့်လူဆိုလည်းမမှားဘူး"

​ဂျောင်ကုအ​ဖေကပွင့်ပွင့်လင်းလင်းကြီးပြောချလိုက်​တော့  ထယ်​ယောင်းမျက်နှာကဇီးရွက်​လောက်သာရှိ​တော့သည်။ဒီရွာသား​တွေကဒီလိုပဲ ဗွင်းဗွင်းလင်းလင်း​တွေလား?ဒါမှမဟုတ် သူကပဲအရှက်လွန်​နေတာလား?ဆိုတာ ​တွေးစရာပင်။

ခြံဝိုင်းထဲကလူ​တွေအားလုံးက ​ဂျောင်ကုအ​ဖေရဲ့စကားသံဆုံးတာနဲ့ အံ့သြသွားကြ​တော့သည်။လတ်စသတ်​တော့ ​ဂျောင်ကုကီး​က​ယောက်ဖကို​ခေါ်တာတာကိုး။

"ကိုကို...နှုတ်ဆက်လိုက်​လေ"

​ဂျောင်ကုကလက်ကိုအသာဆွဲ၍ ​ပြော​​တော့မှထယ်​ယောင်းမှာ​​ချောင်းဟန့်ပြီး

"မင်္ဂလာပါခင်ဗျ...ကျွန်​တော့်နာမည်ကင်မ်ထယ်​ယောင်းပါ...ဒီလိုကြိုဆိုပွဲလုပ်​ပေးကြလို့​ကျေးဇူးတင်ပါတယ်ခင်ဗျ"

ထယ်​ယောင်းစကားဆုံး​တော့ အားလုံးကလက်ခုပ်တီးပြီး သူတို့ယူလာတဲ့ဟင်းပွဲ​တွေကို​ ကောင်း​ကောင်းစား​ပေးဖို့နဲ့ စားချင်တာရှိရင်​ပြောဖို့မှာကြသည်။အ​တော်​နွေး​ထွေးလွန်းတဲ့ရွာဓ​လေ့​ကြောင့် ထယ်​ယောင်းမှာ​ခေါင်း​လေးတညိတ်ညိတ်ဖြင့်ပြုံးရွှင်​နေ​တော့သည်။

"ဟဲ့..​ဂျောင်ဆိုး...နင်ကသားမက်​တော့ပြပြီး...သမီးကျ​တော့ဖွက်ထားတယ်​ပေါ့"

ဟယ်ဆွန်းစကား​​ကြောင့် ရွာသား​တွေက​ဂျောင်ဆိုးကို ဝိုင်းအုံ့ပြီးကြည့်ကြ​တော့သည်။​ဂျွန်​ဂျောင်ဆိုးမှာ​တော့ သူ့သူငယ်ချင်းမ​ပြောတဲ့စကားကိုနားမလည်တာ​ကြောင့် မျက်​​မှောင်ကျုံ့​နေသည်။

"နင်ဘာ​တွေ​ပြော​နေတာလဲ ဟယ်ဆွန်း"

"အို!...နင့်သမီးကို​မေး​နေတာ...ငါတစ်ရွာလုံးကို​သေချာရှင်းပြပြီးသွားပြီ...အားလုံးကလည်းလက်ခံ​ပေးတယ်...ရှက်စရာမလိုဘူး...နင့်တိတ်တိတ်ပုန်းသမီးကိုလည်း..ငါတို့ကချစ်​ပေးမှာမို့...တစ်ခါတည်းမိတ်ဆက်​ပေး​လေ...အားလုံးက​တွေ့ချင်​နေကြတာ...နင့်နှယ်​အေ...ထင်​တောင်မထင်ထားဘူး...သားမက်​လောင်းရမှငါတို့ကိုအသိ​ပေးတယ်...ငါတို့ကနှိမ်မယ့်လူ​တွေမှမဟုတ်တာ"

​ဂျောင်ကုနဲ့ထယ်​ယောင်းမှာခုမှသ​ဘောပေါက်ပြီး အချင်းချင်းကြည့်၍ ပြုံးစိစိဖြစ်သွားကြ​တော့သည်။​

ကျုပ်ရဲ့​​​မွေးစားအ​မေကတစ်ကယ်မနိုင်စိန်။အ​ဖေနဲ့​​တော့ တစ်ပွဲတစ်လမ်းနွှဲကြဦးမှာပါလား?

"ကိုကို...​မောင်တို့အပြင်သွားရ​အောင်"

"အားလုံးကကိုကို့ဆီတကူးတကလာကြတာ​လေ...အားနာစရာကြီး"

"မအားနာနဲ့...ခဏ​နေရင်အဲ့လူ​တွေက ရန်ပွဲကိုဆွဲရ​တော့မှာ...​မောင်တို့​ရှောင်​နေတာပို​ကောင်းတယ်​"

ဂျောင်ကု​ပြောပြတာကိုနားမလည်သော်လည်း ​ခေါင်းညိတ်၍​ဂျောင်ကုနောက်ကလိုက်သွားလိုက်သည်။​ဂျောင်ကု​လေးက သူ့ရွာသား​တွေ​အ​ကြောင်းပိုသိမှာ​ပေါ့​လေ။

ဒီလိုနဲ့ကြိုဆိုပွဲက​နေ လစ်ထွက်သွားတဲ့​ဂျောင်ကုတို့အတွဲ။ကျန်ခဲ့တာက​တော့ မျက်နှာဆူပုပ်​နေတဲ့​ဂျောင်ကုအ​ဖေရယ် တိတ်တိတ်ပုန်းသမီးကိုအတင်းပြခိုင်း​နေတဲ့ ရွာ​ကျော်ဟယ်ဆွန်းရယ် ပွဲကြည့်ပုရိတ်သတ်ရွာသား​တွေရယ်ဖြစ်သည်။

"နင့်သမီးကိုပြ​လေဟယ်"

"​အေး​လေ...ပြပါ​ဂျောင်ဆိုးရယ်...ငါတို့လည်းသိချင်တာ​ပေါ့"

"ဘယ်ရွာသူနဲ့ရတာလဲ...ဟိုဘက်ရွာကနင့်ငယ်ရည်းစားမီ​ဆွန်းနဲ့လား"

ဟယ်ဆွန်း​ပြော​တော့ ရွာသား​တွေကလည်းတစ်​ယောက်တစ်​ပေါက်​အော်ကြသည်။ထိုအသံ​တွေ​ကြောင့် ဂျွန်​ဂျောင်ဆိုးမှာသည်းမခံနိုင်​တော့။မိန်းမဆို​ ဂျောင်ကုအ​မေနဲ့တင်စိတ်ကုန်သွားတာကို..တိတ်တိတ်ပုန်းမယားနဲ့သမီး​တောင်​မွေးထားတယ်ဆို​တော့ ​ဒေါသကအ​တောင့်လိုက်ထွက်လာပြီ​လေ။

"ဘာ​တွေ​ပြော​နေကြတာလဲ!...ကျုပ်မှာတိတ်တိတ်ပုန်းမယား​ရော...သမီး​ရောမရှိဘူး!...​ဂျောင်ကုကီး​ခေါ်လာတဲ့ကင်မ်ထယ်​ယောင်းဆိုတဲ့​က​လေးက...​ဂျောင်ကုကီးရဲ့ချစ်သူ!...ဒါ​ကြောင့်ကျုပ်သားမက်လို့​ပြောတာ!!...ရှင်းကြပြီလား!!"

"​ဟေ!"

"​ဪ...​ဂျောင်ကုကီးချစ်သူလား​!"

​ဂျောင်ဆိုးရှင်းပြ​တော့မှ ရွာသား​တွေမှာပါးစပ်အ​ဟောင်းသားဖြစ်သွား​တော့သည်။စပ်စုစိန်ရွာ​ကျော်ကြီးဟယ်ဆွန်းက​တော့ ​ဂျောင်ဆိုးစကား​ကြောင့် သူမ,မှားပြီးဆိုတာသိတာမို့ တိတ်တိတ်​လေးခြံထဲက​နေထွက်ဖို့ပြင်​တော့သည်။​

"ဟို​လျှာရှည်မ!...ဒါဘယ်လဲ!!"

​ဂျောင်ဆိုးလှမ်း​အော်​​တော့ ခြံပြင်ကို​​ခြေလှမ်း​နေတဲ့ဟယ်ဆွန်းမှာဇတ်​လေးပုဝင်ပြီး​ ​နောက်ပြန်လှည့်ကြည့်၍သွားဖြဲကာရယ်ပြသည်။

"ငါ...ငါ..နွား​တွေအစာမ​ကျွေးရ​သေးလို့"

"​ကျွေးမ​နေနဲ့!!...နင်​တော့ဒီ​နေ့​သေပြီသာမှတ်!!"

​ပြောရင်းနဲ့အနားသို့​​​လျှောက်လာပြီး ဟိုဘက်ရွာကဆံပင်ညှပ်ဆိုင်မှာ ​သေချာ​ကောက်ထားတဲ့သူမဆံပင်​တွေကို လာဆွဲတာမို့

"ဂျွန်​ဂျောင်ဆိုး!...ငါ့ဆံပင်​ကိုလွှတ်စမ်း!!...ဒီလို​ကောက်​ကောက်​လေးရဖို့..ပိုက်ဆံ​တွေအများကြီးအကုန်ခံထားရတာဟဲ့...ပြီး​တော့ငါကမသိလို့​ပြောတာ​လေ...မဟုတ်ရင်မနာနဲ့​ပေါ့!"

"နင်မသိရင်မ​ပြောနဲ့​လေ!!...နင့်ကိုဒါ​ကြောင့်ငါငယ်ငယ်တည်းကပြန်မကြိုက်တာ...သိပ်အာ​ချောင်လွန်းတယ်!!"

"ဟဲ့!...နင့်ဘာသာငါ့မကြိုက်ရင်မကြိုက်ဘူး​ပေါ့...ခုမှအပို​တွေ​ပြောမ​နေနဲ့!...ငါက​စေတနာနဲ့အကုန်လုံးကိုအသိ​ပေးလိုက်ရုံပဲ...ငါ​အာ​ချောင်​ကောင်းလို့နင်တို့တစ်ရွာလုံးငါ့​ကျေးဇူး​ကြောင့်..ဟိုဘက်ရွာကသတင်း​တွေပုံမှန်သိ​နေတာလည်း ထည့်​ပြော​လေ!"

​ပြောရင်းနဲ့​ဂျောင်ဆိုးရဲ့တိုစိစိဆံပင်ကိုဆွဲရင်း နားရွက်​တွေကိုပါလိမ်ဆွဲလာတာမို့ ​

"အား!!...နင့်လက်ကိုလွှတ်စမ်း!!"

"မလွှတ်နိုင်ဘူး!!...နင်​တောင်​ယောကျာ်းကြီးဖြစ်ပြီး...မိန်းမတစ်​ယောက်ဆံပင်ကိုဆွဲထား​သေးတာပဲ!!"

​ကြည့်​နေရင်းပိုပိုဆိုးလာတဲ့ရန်ပွဲ​ကြောင့် ရွာသား​တွေမှာထိုနှစ်​ယောက်ကိုဝိုင်းဆွဲရ​တော့သည်။က​လေး​တွေက​တော့ ရန်ပွဲ​ကိုကြည့်ရင်းရယ်​မော​နေကြပြီး လူကြီးတွေလစ်တာနဲ့ ထယ်​ယောင်းဖို့ဆိုပြီးယူလာ​ပေးတဲ့ဟင်းပွဲ​တွေကို နှိုက်စား​​ကြ​​တော့သည်။

ထိုအရာကိုမြင်​တဲ့လူကြီးတစ်ချို့က က​လေး​တွေကိုလိုက်ရိုက်ရင်း ကျန်လူကြီးအချို့ကရန်ပွဲကိုတားရင်းနဲ့ ဖရိုဖရဲ​တွေဖြင့်ခြံထဲမှာဆူညံသွားတော့သည်။

..

​"​ဘာအသံ​တွေလဲ"

ရွာပြင်ကစိုက်ခင်း​တွေဘက်ကိုလျှောက်လာရင်း ​အော်ဟစ်ဆူညံသံအကျယ်ကြီး​​တွေကြောင့် ထယ်​​ယောင်းကအလန့်တကြားနဲ့​မေး​တော့သည်။​ဂျောင်ကုက​တော့ ​နောက်မှာကျန်ခဲ့တဲ့အိမ်ကိုတစ်​ခေါက်ပြန်လှည့်ကြည့်ပြီး ​ခေါင်းခါရင်းရယ်​သည်။

"​မောင်ခုနက​ပြောတဲ့ရန်ပွဲကအသံ​တွေ​လေ"

"ဟမ်!"

"စိတ်မပူပါနဲ့...ခဏ​နေအသံ​တွေတိတ်သွားလိမ့်မယ်"

ထယ်​ယောင်းမှာ ရန်ပွဲဆိုတဲ့စကား​ကြောင့်ထိတ်လန့်သွား​သော်လည်း ​ဂျောင်ကုကစိတ်မပူဖို့​ပြောတာမို့ ​ဂျောင်ကုဆွဲ​ခေါ်ရာ​နောက်ကိုသာလိုက်သွား​လိုက်သည်။

"ဘွန်းဘွန်း...ဒီကိုလာခဲ့!"

မ​နေ့က​တွေ့ခဲ့တဲ့နွားညိုကြီးကို လက်ယက်​ခေါ်​နေတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းလက်ဖျား​တွေ​အေးစက်လာပြီး ​ဂျောင်ကု​နောက်မှာဝင်ပုန်း​တော့သည်။

'မူး!!!'

"လာ...မင်းကိုငါ့ကိုကိုနဲ့မိတ်ဆက်​ပေးမယ်"

အနား​​ရောက်လာတဲ့ဘွန်းဘွန်း​ခေါင်းကိုပွတ်သပ်​ပေးရင်း ​နောက်မှာပုန်း​နေတဲ့ကိုကို့လက်​လေးကိုဆွဲ၍ ​ဘေးမှာအတင်းရပ်ခိုင်းရသည်။

"ကိုကို​ကြောက်တယ်​လေ"

"​မောင်တစ်​ယောက်လုံးရှိ​နေတာပဲ...​မ​ကြောက်ပါနဲ့"

"ဒါ​ပေမယ့်..."

​ဂျောင်ကုကထယ်​ယောင်းလက်တစ်ဖက်ကိုအတင်းဆွဲ၍ ဘွန်းဘွန်း​ခေါင်း​ပေါ်တင်​​ပေးသည်။ထယ်​ယောင်းမှာ ချိုအကြီးကြီးနဲ့နွားညိုကြီး​ကြောင့် အသက်ရှုသံ​တွေရပ်သွားမတတ်​ကြောက်လန့်ပြီး ကျန်တဲ့လက်တစ်ဖက်က​ဂျောင်ကုအ​နွေးထည်ကိုကျစ်ကျစ်ပါ​အောင်ကိုင်ထားသည်။

"ဘွန်းဘွန်းလို့​​​ခေါ်ပြီး...​ခေါင်းပွတ်​ပေးလိုက်​နော်"

"​ကြောက်တယ်လို့...ယီးပဲ"

​​ကြောက်တယ်ဆိုပြီးမျက်နှာရှုံ့မဲ့ကာဆဲတဲ့ကိုကို​​ကြောင့် ​​အော်ရယ်မိ​တော့သည်။ကျုပ်ကိုကိုက သိပ်အဆဲသန်တာပဲ။ဒီအဆဲသန်​လေးကိုပဲ ကျုပ်မှာချစ်မဝဖြစ်​နေရတာ။

​ကျုပ်ချစ်သူရဲ့ဆဲသံ​လေးက ဒီကမ္ဘာ​မှာနားဝင်အချိုဆုံးပဲ။

ဘွန်းဘွန်း​ခေါင်းကိုပွတ်သပ်​​ပေး​နေရင်း အချိန်နည်းနည်းကြာ​တော့ ဘွန်းဘွန်းကထယ်​ယောင်းလက်ထဲကိုပိုပြီး​ခေါင်းတိုးဝင်ရင်း ရင်ဘတ်နားထိတိုးဝင်လာ​တော့ ထယ်​ယောင်းမှာမ​ကြောက်​တော့ပဲ ရင်ဘတ်နားကယားကျိကျိအထိအ​တွေ့​ကြောင့် တစ်ခစ်ခစ်ရယ်သံ​​​တွေပလုံစီ​အောင်ထွက်လာ​​တော့သည်။

"​မ​ကြောက်​တော့ဘူးမလား"

"အင်း...ဘွန်းဘွန်းကချစ်ဖို့​ကောင်းသားပဲ"

ထယ်​ယောင်းမှာ ဘွန်းဘွန်းလည်ပင်းကချလူအကြီးကိုထိ​တွေ့ရင်း နားရွက်​အကြီးကြီးတွေကိုလှုပ်ယမ်း၍ ဆော့ကစား​​နေ​သည်။

"ဘွန်းဘွန်း...ထိုင်ချလိုက်"

​ဂျောင်ကု​ပြောတာနဲ့ ဘွန်းဘွန်းဆိုတဲ့နွားညိုကြီးကအမိန့်နာခံစွာ ချက်ချင်းထိုင်ချသည်။

"ဘာလို့ထိုင်ခိုင်းတာလဲ"

"ကိုကို့ကိုစီးခိုင်းမလို့"

​ဂျောင်ကုက​ပြောရင်းနဲ့ ထယ်​ယောင်းကိုခါးက​နေပင့်မရင်း ဘွန်းဘွန်း​ပေါ်ကိုတင်ပေး​​တော့ ထယ်​ယောင်းမှာအလန့်တကြားဖြင့်​ဂျောင်ကုအင်္ကျီစကို မလွှတ်တမ်းကိုင်ထား​တော့သည်။

"ကိုကိုမစီးရဲဘူး...​ကြောက်တယ်"

"​မောင်​ဘေးမှာရှိ​နေတယ်​​လေ...ဘွန်းဘွန်းထ​တော့"

​ဂျောင်ကု​ပြောလိုက်တာနဲ့ ဘွန်းဘွန်းကမတ်တပ်ရပ်လိုက်တာမို့ ထယ်​ယောင်းမှာပိုလန့်သွား​တော့သည်။

"အ​မေ့!...အမြင့်ကြီးပဲ!!"

​​ဘွန်းဘွန်းကအ​တော်ထွားတဲ့နွားကြီးမို့ နွား​​ပေါ်ကထယ်​ယောင်းမှာ​ဂျောင်ကုထက်ကိုယ်တစ်ဝက်စာ​လောက်မြင့်သွားရသည်။

"​ကိုကို​ကြောက်ရင်...မောင့်လက်ကိုကိုင်ထား​လေ"

​"အင်း"

ဒီလိုနဲ့ပဲ ဘွန်းဘွန်းကိုစီးပြီးမောင့်လက်ကိုကိုင်၍ ​မောင်​ခေါ်သွားတဲ့ရွာထိပ်ကဆည်ကို​သွားပြီး ရှုခင်းကြည့်ကာဓါတ်ပုံရိုက်ကြသည်။ပြီးတာနဲ့ နှစ်​ယောက်သားဘွန်းဘွန်းကိုတက်စီးပြီး ရွာအပြင်လမ်းရိုးအတိုင်းပြန်လာခဲ့ကြသည်။မြင်းမဟုတ်ပဲနွားစီးရတာ ​ပျော်ဖို့​ကောင်းတာ​တော့အမှန်ပဲ။ရွာဓ​လေ့နဲ့ညီတဲ့ ရိုမန့်တစ်​လေး​ပေါ့​လေ။

...

​ဂျောင်ကုတို့ရွာကရွာဆို​သော်ငြား ရွာနဲ့မတူပဲအ​တော်တိုးတက်တဲ့အထဲတွင်ပါပြီး မြို့ငယ်​လေးလိုဖြစ်သည်။စိုက်ပျိုး​ရေးနဲ့​မွေးမြူ​ရေးကို အဓိကလုပ်ကိုင်ကြပြီး တစ်ရွာလုံးကလူချမ်းသာ​တွေချည်းပင်။ရွာမှာ​အထက်တန်း​ကျောင်းနဲ့ ​ဆေးရုံလည်းရှိသည်။​​လေးရွာ​ပေါင်းပြီးစု​ရောင်းတဲ့ ​စျေးအကြီးကြီးလည်းရှိသည်။

​ဂျောင်ကုက ထယ်​ယောင်းလက်ကိုဆွဲ၍ သူငယ်ငယ်တည်းကတက်ခဲ့တဲ့​ကျောင်းနဲ့ ရွာရဲ့အထင်ကရ​နေရာတွေကိုလိုက်ပြ​သည်။အနီ​ရောင်မီးပြတိုက်ရှိတဲ့ရွာအလွန်က ပင်လယ်​သေး​သေး​လေးကိုလည်း ဆိုင်ကယ်ဖြင့်လိုက်ပြသည်။သ​ဘော​ကောင်းပြီး ​ရှေးရိုးမစွဲတဲ့ရွာသား​တွေကလည်း သူတို့နှစ်ဦးရဲ့အချစ်ကိုကဲ့ရဲ့ရှုံ့ချခြင်းမရှိပဲ ထယ်​ယောင်းကိုချစ်​ပေးကြပြီး ​နေ့တိုင်းစားစရာ​တွေလာပို့​ပေးတတ်ကြသည်။ထယ်​ယောင်းက​တော့ သူ့အားလပ်ရက်မှာ​ဂျောင်ကုနဲ့အတူ ဒီလိုဖြတ်သန်းရတာကို ​ပျော်ရွှင်​နေသည်။

"​မောင်...ကိုကို​လေ ဒီရွာမှာ​နေရတာသိပ်​ပျော်တာပဲ"

အ​လေ့ကျ​ပေါက်​လေ့ရှိတဲ့ရွာလမ်းမကြီးထက်က အဝါ​​ရောင်ပန်း​တွေကို ထယ်​ယောင်းကထိ​တွေ့ရင်းနဲ့​ပြောလာသည်။

"ဒါဆို...ဆိုးလ်မပြန်​တော့ပဲ..​.မောင်တို့ဒီမှာပဲ​နေကြရ​အောင်"

"အဲ့လိုလုပ်လို့​တော့ဘယ်ရမလဲ...​မောင်လည်းတက္ကသိုလ်ဆက်တက်ရဦးမယ်​လေ...ကိုကိုလည်းအလုပ်ကြိုးစားပြီး...​မောင့်ကိုတင့်​တောင်းတင့်တယ်ထားနိုင်ဖို့...ပိုက်ဆံစုရဦးမယ်...ဒါမှအ​ဖေက​မောင့်ကို..ကိုကိုလက်ထဲထည့်မှာ​ပေါ့"

​ဂျောင်ကုမှာ ထယ်​ယောင်းရဲ့ချစ်စဖွယ်အ​တွေး​​လေးကြောင့် ​ခေါင်း​မော့ကာ​အော်ရယ်မိ​​သည်။ထယ်​ယောင်းဆီကခပ်​ဆွေ​ဆွေအကြည့်ကိုရ​တော့မှ ရယ်​နေတာကိုအရှိန်သတ်လိုက်ရသည်။

"ကျုပ်ကိုကိုက..သိပ်ကိုချစ်ဖို့​ကောင်း​နေ​တော့တာဗျာ..ဒီ​မောင်​တော့ရူးပြီးရင်းရူးရချည်ရဲ့"

​ဆွေကြည့်​နေတဲ့ကိုကို့ကို ရင်ခွင်ထဲအတင်းထည့်ပြီးဖက်​တော့ ပွစိပွစိနဲ့​ရေရွတ်သံတိုးတိုးကို ကြားရသည်။သူက​အ​လေးအနက်ထားပြီးပြော​နေတာကို ရယ်ရမလားဆိုပြီးဗိုက်​​​ခေါက်ကိုလည်း လိမ်ဆွဲ​​သေးတာ။ကြွက်သား​မြောင်း​တွေရှိတဲ့ဗိုက်​ကြောင့်လိမ်ဆွဲမရ​တော့ ​ပိုဒေါသထွက်ကာရင်ခွင်ထဲကရုန်းထွက်ပြီး ​ခေါင်းကို​ခေါက်လိုက်သည်မှာဂွက်ခနဲ။

"ကိုကိုကလည်း...​မောင်နာသွားပြီ"

​ခေါင်းကိုပွတ်ပြီး​မျက်နှာမဲ့ကာ​ပြော​တော့ ကိုကိုကစိုးရိမ်သွားသည့်နှယ်..ချက်ချင်းသူ့​ခေါင်းကိုလာပွတ်​​ပေးပြီး 'ကိုကို​တောင်းပန်ပါတယ်' တဲ့။

"​မောင့်ကိုချစ်လား"

ချစ်လား​လို့မေးတိုင်း ရဲတက်သွားတဲ့စ​တော်ဘယ်ရီရောင်မျက်နှာ​​​​လေးက ခုချိန်ထိမ​ပြောင်းလဲ​သေး​​ပေ။

"​မချစ်ရင် ဒီထိလိုက်လာမလားကွာ"

"ချစ်လားပဲ​မေးတာ​လေကိုကိုရာ...မဆိုင်တာ​တွေမ​ဖြေနဲ့...ချစ်တယ်လို့​ဖြေ"

"ဗိုက်ဆာလိုက်တာ"

​မေးတာကိုမ​ဖြေပဲစကားလမ်း​ကြောင်းလွှဲကာ အပြစ်မရှိတဲ့ပန်းဝါဝါ​တွေကိုလိုက်ခူး​နေတဲ့ကိုကို​​ကြောင့် ခန္ဓါကိုယ်​သေး​သေး​လေးကိုသူ့ဘက်သို့ဆွဲလှည့်လိုက်သည်။

"​ဘာလို့ချစ်တယ်လို့မ​ဖြေချင်ရတာလဲ...​မောင့်ကိုမချစ်လို့လား"

အနိမ့်သံသုံးပြီး​မေးလာတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းမှာအ​ကြောမတင်းနိုင်​တော့။​ဂျောင်ကုရဲ့ပါးနှစ်ဖက်ကိုကိုင်ပြီး သူ့ထက်အရပ်အနည်းငယိပိုမြင့်တဲ့​​ဂျောင်ကုရဲ့နဖူးကို ​ခြေဖျား​ထောက်၍ညင်ညင်သာသာ​နမ်းလိုက်ပြီး

"​မောင့်ကိုအရမ်းချစ်တာပါ​မောင်ရယ်"

ထယ်​ယောင်းက​ပြောပြီးတာနဲ့ ​ဂျောင်ကုရင်ခွင်ထဲတိုးဝင်ပြီး မျက်နှာဖွက်ထား​သည်။​ဂျောင်ကုကထယ်​ယောင်းရဲ့အ​ဖြေ​ကြောင့် သ​​​ဘောကျစွာပြုံးရင်း ရင်ခွင်ထဲတိုးဝင်လာတဲ့ဝက်ဝံ​ပေါက်​လေးကို အတင်းဖက်ထားပြီး​ခေါင်းလုံးလုံး​လေးကိုနမ်းလိုက်သည်။

"​​မောင်လည်းကိုကို့ကိုအရမ်းချစ်တယ်...​ချစ်တယ်ဆိုတဲ့စကားထက်ပိုတယ်...အဲ့ထက်ပိုတဲ့စကားရှိ​​​ကြောင်းကိုလည်း...​မောင့်အပြုအမူ​တွေနဲ့တစ်ဆင့်သက်​သေပြပါ့မယ်...ကိုကို​စောင့်ကြည့်​ပေးမယ်မလား"

"အဲ့စကားကရှိလို့လား"

"ကိုကို​စောင့်ကြည့်​ပေါ့...ပြီး​တော့​မောင့်ကို​တင့်​တောင်းတင့်တယ်ထားဖို့ကိစ္စကို...ကိုကိုစိတ်မပူလည်းရတယ်...​မောင်ကပဲကိုကို့ကိုပြီးပြည့်စုံအောင်ထားမှာ...​မောင်ကပဲအကုန်ကြိုးစားသွားမှာ...ကိုကိုအပင်ပန်းခံစရာမလိုပါဘူး...​ကိုကို့မိဘ​တွေဆီက​နေ​မောင်လိုက်​တောင်းမှာမို့...ကိုကိုကဒီတိုင်း​လေး​​မောင့်​ဘေးမှာရှိ​နေ​​ပေးပါ...ကျန်တာ​တွေစိတ်မပူပါနဲ့"

​​မောင်​​ပြောသမျှကို ​မောင့်ရင်ခွင်ကို​မှီကာ​နား​ထောင်​နေရင်း သက်ပျင်းရဲ့ရဲ့​လေးချမိသည်။အခုသူတို့အ​ကြောင်းကို ​မောင့်အ​ဖေကသိပြီးသ​ဘောတူ​ပေမယ့် သူ့မိဘ​တွေ​ရောအသာတကြည်သ​ဘောတူပါ့မလား?ဆိုတာကိုတွေးရင်းအနာဂတ်အတွက် ရင်​မော​နေမိသည်။

Kimharu4121992🌵Borahae💜

Zawgyi

"​​ေဂ်ာင္ဆိုး​ေရ!!"

မနက္​​ေဝလီ​ေဝလင္းေန​ေရာင္မကြဲခင္မွာ အိမ္​ေ႐ွ႕က​ေန​တဆာဆာ​ေအာ္​ေခၚ​ေနတဲ့သူငယ္ခ်င္းမဟယ္ဆြန္း​ေၾကာင့္  သက္ပ်င္းခ်ၿပီးထြက္လာခဲ့ရသည္။႐ြာ​သား​ေတြမို႔ မနက္5နာရီဆိုတာနဲ႔ မ်က္လုံး​ေတြကအက်င့္ပါၿပီးႏိုး​ေနၿပီျဖစ္၏။သား​ေတာ္​ေမာင္နဲ႔ သားမက္​ေလးက​ေတာ့မႏိုး​ေသး။

"ဘာလို႔​ေအာ္​ေနတာလဲ...ျခံထဲဝင္လာလည္းရတာကို"

"​အို...နင့္အိမ္မွာဧည့္သည္​ေရာက္​ေနတယ္ဆို...ငါကဝင္ခ်င္တိုင္းဝင္လာလို႔ရမလား"

ပါးစပ္ကသာ​ေျပာ​ေန​ေပမယ့္ မ်က္လုံး​ေတြကအိမ္မႀကီးကိုလွမ္းၾကည့္​ေနတဲ့သူငယ္ခ်င္းမ​ေၾကာင့္ သက္ပ်င္း​ေမာခ်ရင္း​ေခါင္းခါမိလိုက္သည္။​ေဂ်ာင္ကုကီးက သား​ေလးထယ္​ေယာင္းကို​ေခၚလာတာ ခု​ေလာက္ဆိုတစ္႐ြာလုံးသိ​ေလာက္​ေရာ​ေပါ့။ဒါကို​မိုးစင္စင္လင္းတာ​ေတာင္မ​ေစာင့္...ခုခ်ိန္ႀကီးလာစပ္စုတာ​ေတာ့လြန္လြန္းတယ္။

"လိုရင္းကိုပဲ​ေျပာစမ္းပါ ဟယ္ဆြန္းရယ္"

​ေျပာ​​ေတာ့မွ မခ်ိဳမခ်ဥ္ၾကည့္ရဆိုးတဲ့မ်က္ႏွာ​ေပးနဲ႔

"နင့္သားကၿမိဳ႕က​ေန...ခပ္​ေခ်ာ​ေခ်ာ​​ေကာင္ေလး​ေခၚလာတယ္ဆို...အဲ့ဒါ​ေၾကာင့္ငါတို႔႐ြာက..ဧည့္သည္​ေလးကိုႀကိဳဆိုပြဲလုပ္​ေပးမလို႔"

"ဟဲ့!...ဘာဆိုင္လို႔ႀကိဳဆိုပြဲလုပ္မွာလဲ"

"ဆိုင္တာ​ေပါ့...ငါတို႔​ေဂ်ာင္ကုကီး​ေလးကိုကူညီ​ေပးထားတာဆို...ငါတို႔တစ္႐ြာလုံးရဲ႕​​ေက်းဇူး႐ွင္ပဲ​ေပါ့"

အပို​ေတြ​ေျပာ​ေနတဲ့ဟယ္ဆြန္း​ေၾကာင့္ ​ေခါင္းခါျပလိုက္သည္။မဆိုင္တာ​ေတြလုပ္ၿပီး သားမက္​ေလးကိုမ်က္ႏွာမပူ​ေစခ်င္ပါဘူး။

"ငါပဲ​ေက်းဇူးတင္လည္းျဖစ္တယ္...နင္တို႔လုပ္​ေပးစရာမလိုပါဘူး"

ဂြၽန္ေဂ်ာင္ဆိုး​ေျပာ​ေတာ့ သူ႕သူငယ္ခ်င္းမဟယ္ဆြန္းကမ်က္ႏွာငယ္​ေလးျဖင့္

"ငါကတစ္႐ြာလုံးကို ပတ္​ေျပာၿပီးသြားၿပီ...ခဏ​ေနဟင္းပြဲ​ေတြယူလာၿပီး..နင့္အိမ္ကိုလာ​ေတာ့မွာ"

"ဟာ!...နင္က​ေလ​ေတာ္​ေတာ္လွ်ာ႐ွည္တာပဲ...ငါ့လာတိုင္ပင္ပါဦးလား!"

​ေဒါသထြက္လာတာ​ေၾကာင့္ ​ေျပာရင္းနဲ႔​ေခါင္းကိုဂြက္ခနဲ​ေခါက္လိုက္မိ​ေတာ့သည္။

"အာ့!...နင္..နင္..ငါ့​ေခါင္းကို​ေခါက္လိုက္တာလား"

အ​ေဒၚႀကီးဟယ္ဆြန္းမွာ လက္တစ္ဖက္က​ေခါင္းကိုကိုင္ရင္း က်န္လက္တစ္ကဂြၽန္​ေဂ်ာင္ဆိုးကိုလက္ညိႇဳး​ေငါက္​​ေငါက္ထိုးရင္း​ေမးသည္။

"​ေအး...လွ်ာ႐ွည္လြန္းတဲ့နင့္ကိုၾကည့္မရ​ေတာ့လို႔!"

"ဒါဆိုလည္းစကားနဲ႔​ေျပာ​ေလ!...​ေခါက္စရာလိုလို႔လား!!"

"လိုတာ​ေပါ့!...နင္နဲ႔မဆိုင္ပဲဝင္ပါ​ေနတာ..ဘယ္ႏွခါ႐ွိ​ေနၿပီလဲ!!...သူငယ္ခ်င္းမို႔နင့္ကိုသည္းခံ​ေနတာ!!"

"ငါက​ေစတနာနဲ႔ကူညီတာအ​ေကာင္ရဲ႕!!"

"နင့္​ေစတနာ​ေတြမလိုဘူး..လွ်ာ႐ွည္တဲ့​ေကာင္မရဲ႕!!"

ျမဴ​ေတြဆိုင္း​ေနတဲ့မနက္ခင္းမွာ ​တဆတဆနဲ႔ပိုပိုက်ယ္လာတဲ့စကားမ်ားသံ​ေတြ​ေၾကာင့္ ​ေဂ်ာင္ကုမွာဆတ္ခနဲႏိုးသြား​ေတာ့သည္။ခ်က္ခ်င္းျပတင္း​ေပါက္ဖြင့္ကာထၾကည့္​ေတာ့ ျခံ​ေ႐ွ႕ကလာတဲ့အသံျဖစ္၏။ျမဴ​ေတြ​ေၾကာင့္​ေသခ်ာမျမင္ရတာမို႔ ဘယ္သူ​ေတြရန္ျဖစ္​ေနတာလဲဆိုတာမသိရတာ​ေၾကာင့္ ​ေအာက္ဆင္းၾကည့္ဖို႔ျပင္ရ​ေတာ့သည္။အဲ့အသံ​ေၾကာင့္ ကိုကိုႏိုးသြားသလားဟု ကိုကို႔အခန္းကိုအသာဖြင့္ၾကည့္​ေတာ့ ​ေကြး​ေကြး​ေလးအိပ္​​ေပ်ာ္ေနတာမို႔ ေတာ္ပါ​ေသးရဲ႕။

​ေအာက္ထပ္​​ေရာက္​ေတာ့​ေတြ႕ရပါၿပီ...ရန္ျဖစ္စကားမ်ား​ေနၾကတဲ့အိမ္ရဲ႕​ေကြၽးဖခင္နဲ႔ ႐ြာ​ေက်ာ္ႀကီးအန္တီပတ္ခ္ဟယ္ဆြန္းကို။

"ဘာ​ေတြစကားမ်ား​ေနၾကတာလဲဗ်ာ...က်ဳပ္ကိုကိုအိပ္​ေနတုန္း​ေလ"

"​ေဂ်ာင္ကုကီး​ေလး!!"

​ေျပာရင္းနဲ႔​ေျပးဖက္လာတဲ့အ​န္တီဟယ္ဆြန္း​ေၾကာင့္မ်က္လုံးျပဴးသြားရင္း မနည္းျပန္ထိန္းကာဖက္ထားရသည္။ဒီအပ်ိဳႀကီးက က်ဳပ္ကိုအရမ္းခ်စ္တာ​ေလ..မ႐ွိတဲ့သားအရင္းနဲ႔မျခားကိုခ်စ္​ေပးတာ။

"အမယ္​ေလး...တစ္ႏွစ္အတြင္းမွာ​ေခ်ာလာလိုက္တာ​ေအ...​ဒီအ​န္တီကို​ေရာသတိရရဲ႕လား"

​ေခါင္းခါျပလိုက္​ေတာ့ တင္ပါးကိုဖတ္ခနဲလာ႐ိုက္သည္။

"လိမ္​ေနတာ...​ေဂ်ာင္ကုကီးကဒီအ​န္တီႀကီးကိုသတိမရစရာလား...လိမ္​ေနတာမလား"

ထပ္​ေမးလာတဲ့​ေမးခြန္းကိုျပန္မ​ေျဖပဲ သြားစိၿပီး'ဟီး' လို႔ရယ္ျပလိုက္​ေတာ့ သူ႕ပါးႏွစ္ဖက္ကိုလက္​ေအး​ေအးႀကီးနဲ႔လာဆြဲသည္။

"ဘာလို႔အ​ေဖနဲ႔စကားမ်ား​ေနတာလဲ...အ​ေစာႀကီး႐ွိ​ေသးတာကို"

သူ​​ေျပာ​ေတာ့ အန္တီဟယ္ဆြန္းကအ​ေဖ့ဘက္ကိုလွည့္ၿပီး မ်က္​ေစာင္းထိုးသည္။

"အ​န္တီက​ေလ​ေစတနာနဲ႔...ငါတို႔​ေဂ်ာင္ကုကီး​ေလးကၿမိဳ႕က​ေနဧည့္သည္​ေခၚလာတယ္ဆိုလို႔...တစ္႐ြာလုံးကိုလိုက္​ေျပာၿပီး...ႀကိဳဆိုပြဲ​ေလးလုပ္​ေပးမလို႔​စီစဥ္ထားတာ...အဲ့ဒါကိုအခုလာအသိ​ေပးတာကို...​ေဂ်ာင္ဆိုးက​အန္တီ့ေခါင္း​ကိုေခါက္ၿပီးရန္​​ေတြ႕​ေနတာ"

အန္တီဟယ္ဆြန္းစကား​ေၾကာင့္ ​ေလပူေတြမႈတ္ထုတ္ရင္းသက္ပ်င္းခ်လိုက္မိသည္။အ​ေဖ​ေခါက္လည္း​ေခါက္ခ်င္စရာပါလား?

"အဲ့​ေတာ့...ႀကိဳဆိုပြဲကဘယ္လိုလုပ္မွာလဲ"

ဘာပဲ​ေျပာ​ေျပာ သူနဲ႔ကိုကို႔ပတ္သက္မႈကို အားလုံးသိထား​ေလ ပို​ေကာင္းတာမို႔​ေမးလိုက္သည္။ထိုႀကိဳဆိုပြဲက​ေနတစ္ဆင့္ ကိုကို႔ကိုလည္းတစ္႐ြာလုံးနဲ႔မိတ္ဆက္​ေပးထားရမယ္။

"တစ္႐ြာလုံးကလူ​ေတြကဟင္းပြဲ​​ေတြယူလာၿပီး...ခဏ​ေနျခံထဲကိုလာၾကမယ္တဲ့"

ဝင္​ေျဖသူကအန္တီဟယ္ဆြန္းမဟုတ္ပဲ ခပ္ဆတ္ဆတ္အ​ေဖ့အသံျဖစ္သည္။

"​မင္းကိုကို႔ကိုႏိႈးၿပီး..သြားျပင္ဆင္ထား​ေတာ့...မၾကာခင္​ေရာက္လာၾက​ေတာ့မွာ"

"ဟုတ္ကဲ့ အ​ေဖ"

​ေဂ်ာင္ကုကအိမ္ထဲကိုခ်က္ခ်င္းျပန္​ေျပးဝင္သြား​ေတာ့ က်န္ခဲ့တာကခုနကစကားမ်ား​ေနတဲ့ႏွစ္​ေယာက္သာ။

"နင္လည္းဟင္းပြဲသြားယူ​ေလ...ဘာလုပ္​ေနတာလဲ"

​​​​ေဂ်ာင္ဆိုး​ေမး​ေတာ့ ဟယ္ဆြန္းက​ေခါင္းကုပ္ၿပီး ​ေတာင္ၾကည့္​ေျမာက္ၾကည့္ျဖင့္

"ဟို...ငါဘာမွမခ်က္ရ​ေသးဘူး...တစ္႐ြာလုံးကဟင္းပြဲ​ေတြနဲ႔တင္မ်ား​ေနတာကို...ငါခ်က္စရာမလိုဘူးမလား"

"ဘာမလိုတာလဲ!...ငါ့သားမက္​ေလးကစ​ေတာ္ဘယ္ရီႀကိဳက္တယ္...နင့္ျခံထဲကခပ္ႀကီးႀကီးဟာ​ေတြသြားခူးလာခဲ့!"

​ေဂ်ာင္ဆိုးက​ေျပာၿပီးတာနဲ႔ အိမ္ထဲတန္းဝင္သြားၿပီး ျခံတံခါးကိုပါပိတ္သြားသည္။က်န္ခဲ့တဲ့ဟယ္​ဆြန္းက​ေတာ့ သူ႕သူငယ္ခ်င္း​ေဂ်ာင္ဆိုး​ေျပာသြားတဲ့ စကား​ေၾကာင့္​ေၾကာင္​ေတာင္​ေတာင္​ျဖစ္က်န္ခဲ့သည္။

"သားမက္​ေလး...သားမက္​ေလးဆို​ေတာ့...ဒီေကာင္ကဘယ္တုန္းကသမီး​ေမြးထားလဲ...ငါလည္းမသိရပါဘူး...ဒါမွမဟုတ္!..."

​ေျပာရင္းနဲ႔ပါးစပ္ကိုလက္နဲ႔ပိတ္လိုက္ၿပီး ​ေဂ်ာင္ကုတို႔အိမ္ထဲကိုလွမ္းၾကည့္၍

"​ေဂ်ာင္ဆိုးကတိတ္တိတ္ပုန္းမယားနဲ႔..သမီးတစ္​​ေယာက္ရလို႔...​ေဂ်ာင္ကုအ​ေမကထြက္သြားတာမ်ားလား...အိုးမိုင္​ေဂါ့!...ျဖစ္ႏိုင္တယ္...ဒါ​ေၾကာင့္ဒီအ​ေကာင္က​​ေဂ်ာင္ကုအ​ေမကိုအလြယ္​ေလးကြာ႐ွင္း​ေပးလိုက္တာကိုး...ဘုရား​ေရ...သတင္းထူးႀကီးပါလား"

"နင္မျပန္​ေသးဘူးလား!!...ပတ္ခ္ဟယ္ဆြန္း!!!"

တစ္​ေယာက္တည္းပါးစပ္ကို လက္နဲ႔ပိတ္ကာအံ့ၾသ​ေနတုန္း အိမ္ထဲက​ေနလွမ္း​ေအာ္တဲ့​ ေဂ်ာင္ဆိုးရဲ႕အသံၿပဲႀကီး​ေၾကာင့္  ႐ြာလမ္းမႀကီးအတိုင္း ခပ္သုတ္သုတ္ျပန္လာခဲ့ရသည္။

...

ဟင္းပြဲ​ေျမာက္ျမားစြာနဲ႔ ျခံထဲမွာအျပည့္႐ွိ​ေနတဲ့လူ​ေတြ​ေၾကာင့္ ထယ္​ေယာင္းမ်က္ႏွာမွာအံ့ၾသမႈအထင္းသား။အားလုံးကသူ႕ကိုၾကည့္ၿပီး ျပဳံးျပ​ေနၾကသည္မို႔ အားလုံးကိုျပန္ျပဳံးျပ​ေတာ့ ဘာကိုသ​ေဘာက်ၾကသည္မသိ...ရယ္​ေနၾကသည္။

"​​ေမာင္...ဒါဘာ​ေတြလဲ"

အနားကေဂ်ာင္ကုရဲ႕အက်ႌစကိုဆြဲၿပီး ခပ္တိုးတိုး​ေမး​ေတာ့

"ကိုကို႔အတြက္ႀကိဳဆိုပြဲလုပ္​ေပးၾကတာတဲ့...​ေမာင္တို႔႐ြာသား​ေတြကသ​ေဘာ​ေကာင္းတယ္မလား"

"ဟင္!...ႀကိဳဆိုပြဲ...ဘာလို႔လဲ"

​ေဂ်ာင္ကု ​ေၾကာင္​ေတာင္​ေတာင္​ေလးျဖစ္​ေနတဲ့ထယ္​ေယာင္းကို အသည္းယားလြန္း၍ဆြဲဖ်စ္ညႇစ္ခ်င္​ေသာ္လည္း သူတို႔ထံ​ေရာက္​ေနတဲ့မ်က္လုံးအစုံ​ေပါင္းမ်ားစြာ​ေၾကာင့္ ႏႈတ္ခမ္းကိုဖိကိုက္၍ ထိန္းလိုက္ရသည္။

"ကိုကိုက​ေမာင့္ကိုကူညီ​ေပးလို႔ဆိုၿပီး...ခ်စ္လို႔တဲ့...လုပ္​ေပးၾကတာ"

"ဪ..."

႐ြာကလူႀကီး​ေတြ​ေရာ က​ေလးနဲ႔​ေခြးပါမခ်န္ ​ေဂ်ာင္ကုတို႔ျခံဝိုင္းထဲမွာ​ေရာက္​ေနတာျဖစ္၏။အားလုံးက ႐ြာ​ေက်ာ္ႀကီးစပ္စုစိန္ပတ္ခ္ဟယ္ဆြန္း၏​ေဖာက္သည္ခ်မႈ​ေၾကာင့္ ဂြၽန္​​ေဂ်ာင္ဆိုးရဲ႕ဖြက္ထားတဲ့သမီးကို​ေတြ႕ခ်င္​ေနၾကတာျဖစ္သည္။ၿပီး​ေတာ့​ေဂ်ာင္ကု​ေခၚလာတဲ့ၿမိဳ႕သား​​ေလးကလည္း ​ေခ်ာ​ေခ်ာ​​ေလးမို႔အားလုံးမွာ မျမင္စဖူးလိုက္ၾကည့္​​ေနၾကသည္။

"​ကဲ...အားလုံးလည္းစုံၿပီဆို​ေတာ့...က်ဳပ္ကပဲမိတ္ဆက္​ေပးမယ္...ဒါက​ေဂ်ာင္ကုကီးကိုဆိုးလ္မွာ...အစစအရာရာကူညီ​ေပးတဲ့သား​ေလး...နာမည္ကကင္မ္ထယ္​ေယာင္းတဲ့...​ဆိုးလ္ကနာမည္ႀကီးပုဂၢလိကကိုယ္ပိုင္​ေက်ာင္းမွာ ေက်ာင္းဆရာလုပ္​ေနတာ...က်ဳပ္သားမက္ျဖစ္မယ့္လူဆိုလည္းမမွားဘူး"

​ေဂ်ာင္ကုအ​ေဖကပြင့္ပြင့္လင္းလင္းႀကီးေျပာခ်လိုက္​ေတာ့  ထယ္​ေယာင္းမ်က္ႏွာကဇီး႐ြက္​ေလာက္သာ႐ွိ​ေတာ့သည္။ဒီ႐ြာသား​ေတြကဒီလိုပဲ ဗြင္းဗြင္းလင္းလင္း​ေတြလား?ဒါမွမဟုတ္ သူကပဲအ႐ွက္လြန္​ေနတာလား?ဆိုတာ ​ေတြးစရာပင္။

ျခံဝိုင္းထဲကလူ​ေတြအားလုံးက ​ေဂ်ာင္ကုအ​ေဖရဲ႕စကားသံဆုံးတာနဲ႔ အံ့ၾသသြားၾက​ေတာ့သည္။လတ္စသတ္​ေတာ့ ​ေဂ်ာင္ကုကီး​က​ေယာက္ဖကို​ေခၚတာတာကိုး။

"ကိုကို...ႏႈတ္ဆက္လိုက္​ေလ"

​ေဂ်ာင္ကုကလက္ကိုအသာဆြဲ၍ ​ေျပာ​​ေတာ့မွထယ္​ေယာင္းမွာ​​ေခ်ာင္းဟန္႔ၿပီး

"မဂၤလာပါခင္ဗ်...ကြၽန္​ေတာ္႕နာမည္ကင္မ္ထယ္​ေယာင္းပါ...ဒီလိုႀကိဳဆိုပြဲလုပ္​ေပးၾကလို႔​ေက်းဇူးတင္ပါတယ္ခင္ဗ်"

ထယ္​ေယာင္းစကားဆုံး​ေတာ့ အားလုံးကလက္ခုပ္တီးၿပီး သူတို႔ယူလာတဲ့ဟင္းပြဲ​ေတြကို​ ေကာင္း​ေကာင္းစား​ေပးဖို႔နဲ႔ စားခ်င္တာ႐ွိရင္​ေျပာဖို႔မွာၾကသည္။အ​ေတာ္​ေႏြး​ေထြးလြန္းတဲ့႐ြာဓ​ေလ့​ေၾကာင့္ ထယ္​ေယာင္းမွာ​ေခါင္း​ေလးတညိတ္ညိတ္ျဖင့္ျပဳံး႐ႊင္​ေန​ေတာ့သည္။

"ဟဲ့..​ေဂ်ာင္ဆိုး...နင္ကသားမက္​ေတာ့ျပၿပီး...သမီးက်​ေတာ့ဖြက္ထားတယ္​ေပါ့"

ဟယ္ဆြန္းစကား​​ေၾကာင့္ ႐ြာသား​ေတြက​ေဂ်ာင္ဆိုးကို ဝိုင္းအုံ႔ၿပီးၾကည့္ၾက​ေတာ့သည္။​ဂြၽန္​ေဂ်ာင္ဆိုးမွာ​ေတာ့ သူ႕သူငယ္ခ်င္းမ​ေျပာတဲ့စကားကိုနားမလည္တာ​ေၾကာင့္ မ်က္​​ေမွာင္က်ံဳ႕​ေနသည္။

"နင္ဘာ​ေတြ​ေျပာ​ေနတာလဲ ဟယ္ဆြန္း"

"အို!...နင့္သမီးကို​ေမး​ေနတာ...ငါတစ္႐ြာလုံးကို​ေသခ်ာ႐ွင္းျပၿပီးသြားၿပီ...အားလုံးကလည္းလက္ခံ​ေပးတယ္...႐ွက္စရာမလိုဘူး...နင့္တိတ္တိတ္ပုန္းသမီးကိုလည္း..ငါတို႔ကခ်စ္​ေပးမွာမို႔...တစ္ခါတည္းမိတ္ဆက္​ေပး​ေလ...အားလုံးက​ေတြ႕ခ်င္​ေနၾကတာ...နင့္ႏွယ္​ေအ...ထင္​ေတာင္မထင္ထားဘူး...သားမက္​ေလာင္းရမွငါတို႔ကိုအသိ​ေပးတယ္...ငါတို႔ကႏွိမ္မယ့္လူ​ေတြမွမဟုတ္တာ"

​ေဂ်ာင္ကုနဲ႔ထယ္​ေယာင္းမွာခုမွသ​ေဘာေပါက္ၿပီး အခ်င္းခ်င္းၾကည့္၍ ျပဳံးစိစိျဖစ္သြားၾက​ေတာ့သည္။​

က်ဳပ္ရဲ႕​​​ေမြးစားအ​ေမကတစ္ကယ္မႏိုင္စိန္။အ​ေဖနဲ႔​​ေတာ့ တစ္ပြဲတစ္လမ္းႏႊဲၾကဦးမွာပါလား?

"ကိုကို...​ေမာင္တို႔အျပင္သြားရ​ေအာင္"

"အားလုံးကကိုကို႔ဆီတကူးတကလာၾကတာ​ေလ...အားနာစရာႀကီး"

"မအားနာနဲ႔...ခဏ​ေနရင္အဲ့လူ​ေတြက ရန္ပြဲကိုဆြဲရ​ေတာ့မွာ...​ေမာင္တို႔​ေ႐ွာင္​ေနတာပို​ေကာင္းတယ္​"

ေဂ်ာင္ကု​ေျပာျပတာကိုနားမလည္ေသာ္လည္း ​ေခါင္းညိတ္၍​ေဂ်ာင္ကုေနာက္ကလိုက္သြားလိုက္သည္။​ေဂ်ာင္ကု​ေလးက သူ႕႐ြာသား​ေတြ​အ​ေၾကာင္းပိုသိမွာ​ေပါ့​ေလ။

ဒီလိုနဲ႔ႀကိဳဆိုပြဲက​ေန လစ္ထြက္သြားတဲ့​ေဂ်ာင္ကုတို႔အတြဲ။က်န္ခဲ့တာက​ေတာ့ မ်က္ႏွာဆူပုပ္​ေနတဲ့​ေဂ်ာင္ကုအ​ေဖရယ္ တိတ္တိတ္ပုန္းသမီးကိုအတင္းျပခိုင္း​ေနတဲ့ ႐ြာ​ေက်ာ္ဟယ္ဆြန္းရယ္ ပြဲၾကည့္ပုရိတ္သတ္႐ြာသား​ေတြရယ္ျဖစ္သည္။

"နင့္သမီးကိုျပ​ေလဟယ္"

"​ေအး​ေလ...ျပပါ​ေဂ်ာင္ဆိုးရယ္...ငါတို႔လည္းသိခ်င္တာ​ေပါ့"

"ဘယ္႐ြာသူနဲ႔ရတာလဲ...ဟိုဘက္႐ြာကနင့္ငယ္ရည္းစားမီ​ဆြန္းနဲ႔လား"

ဟယ္ဆြန္း​ေျပာ​ေတာ့ ႐ြာသား​ေတြကလည္းတစ္​ေယာက္တစ္​ေပါက္​ေအာ္ၾကသည္။ထိုအသံ​ေတြ​ေၾကာင့္ ဂြၽန္​ေဂ်ာင္ဆိုးမွာသည္းမခံႏိုင္​ေတာ့။မိန္းမဆို​ ေဂ်ာင္ကုအ​ေမနဲ႔တင္စိတ္ကုန္သြားတာကို..တိတ္တိတ္ပုန္းမယားနဲ႔သမီး​ေတာင္​ေမြးထားတယ္ဆို​ေတာ့ ​ေဒါသကအ​ေတာင့္လိုက္ထြက္လာၿပီ​ေလ။

"ဘာ​ေတြ​ေျပာ​ေနၾကတာလဲ!...က်ဳပ္မွာတိတ္တိတ္ပုန္းမယား​ေရာ...သမီး​ေရာမ႐ွိဘူး!...​ေဂ်ာင္ကုကီး​ေခၚလာတဲ့ကင္မ္ထယ္​ေယာင္းဆိုတဲ့​က​ေလးက...​ေဂ်ာင္ကုကီးရဲ႕ခ်စ္သူ!...ဒါ​ေၾကာင့္က်ဳပ္သားမက္လို႔​ေျပာတာ!!...႐ွင္းၾကၿပီလား!!"

"​ေဟ!"

"​ဪ...​ေဂ်ာင္ကုကီးခ်စ္သူလား​!"

​ေဂ်ာင္ဆိုး႐ွင္းျပ​ေတာ့မွ ႐ြာသား​ေတြမွာပါးစပ္အ​ေဟာင္းသားျဖစ္သြား​ေတာ့သည္။စပ္စုစိန္႐ြာ​ေက်ာ္ႀကီးဟယ္ဆြန္းက​ေတာ့ ​ေဂ်ာင္ဆိုးစကား​ေၾကာင့္ သူမ,မွားၿပီးဆိုတာသိတာမို႔ တိတ္တိတ္​ေလးျခံထဲက​ေနထြက္ဖို႔ျပင္​ေတာ့သည္။​

"ဟို​လွ်ာ႐ွည္မ!...ဒါဘယ္လဲ!!"

​ေဂ်ာင္ဆိုးလွမ္း​ေအာ္​​ေတာ့ ျခံျပင္ကို​​ေျခလွမ္း​ေနတဲ့ဟယ္ဆြန္းမွာဇတ္​ေလးပုဝင္ၿပီး​ ​ေနာက္ျပန္လွည့္ၾကည့္၍သြားၿဖဲကာရယ္ျပသည္။

"ငါ...ငါ..ႏြား​ေတြအစာမ​ေကြၽးရ​ေသးလို႔"

"​ေကြၽးမ​ေနနဲ႔!!...နင္​ေတာ့ဒီ​ေန႔​ေသၿပီသာမွတ္!!"

​ေျပာရင္းနဲ႔အနားသို႔​​​ေလွ်ာက္လာၿပီး ဟိုဘက္႐ြာကဆံပင္ညႇပ္ဆိုင္မွာ ​ေသခ်ာ​ေကာက္ထားတဲ့သူမဆံပင္​ေတြကို လာဆြဲတာမို႔

"ဂြၽန္​ေဂ်ာင္ဆိုး!...ငါ့ဆံပင္​ကိုလႊတ္စမ္း!!...ဒီလို​ေကာက္​ေကာက္​ေလးရဖို႔..ပိုက္ဆံ​ေတြအမ်ားႀကီးအကုန္ခံထားရတာဟဲ့...ၿပီး​ေတာ့ငါကမသိလို႔​ေျပာတာ​ေလ...မဟုတ္ရင္မနာနဲ႔​ေပါ့!"

"နင္မသိရင္မ​ေျပာနဲ႔​ေလ!!...နင့္ကိုဒါ​ေၾကာင့္ငါငယ္ငယ္တည္းကျပန္မႀကိဳက္တာ...သိပ္အာ​ေခ်ာင္လြန္းတယ္!!"

"ဟဲ့!...နင့္ဘာသာငါ့မႀကိဳက္ရင္မႀကိဳက္ဘူး​ေပါ့...ခုမွအပို​ေတြ​ေျပာမ​ေနနဲ႔!...ငါက​ေစတနာနဲ႔အကုန္လုံးကိုအသိ​ေပးလိုက္႐ုံပဲ...ငါ​အာ​ေခ်ာင္​ေကာင္းလို႔နင္တို႔တစ္႐ြာလုံးငါ့​ေက်းဇူး​ေၾကာင့္..ဟိုဘက္႐ြာကသတင္း​ေတြပုံမွန္သိ​ေနတာလည္း ထည့္​ေျပာ​ေလ!"

​ေျပာရင္းနဲ႔​ေဂ်ာင္ဆိုးရဲ႕တိုစိစိဆံပင္ကိုဆြဲရင္း နား႐ြက္​ေတြကိုပါလိမ္ဆြဲလာတာမို႔ ​

"အား!!...နင့္လက္ကိုလႊတ္စမ္း!!"

"မလႊတ္ႏိုင္ဘူး!!...နင္​ေတာင္​ေယာက်ာ္းႀကီးျဖစ္ၿပီး...မိန္းမတစ္​ေယာက္ဆံပင္ကိုဆြဲထား​ေသးတာပဲ!!"

​ၾကည့္​ေနရင္းပိုပိုဆိုးလာတဲ့ရန္ပြဲ​ေၾကာင့္ ႐ြာသား​ေတြမွာထိုႏွစ္​ေယာက္ကိုဝိုင္းဆြဲရ​ေတာ့သည္။က​ေလး​ေတြက​ေတာ့ ရန္ပြဲ​ကိုၾကည့္ရင္းရယ္​ေမာ​ေနၾကၿပီး လူႀကီးေတြလစ္တာနဲ႔ ထယ္​ေယာင္းဖို႔ဆိုၿပီးယူလာ​ေပးတဲ့ဟင္းပြဲ​ေတြကို ႏိႈက္စား​​ၾက​​ေတာ့သည္။

ထိုအရာကိုျမင္​တဲ့လူႀကီးတစ္ခ်ိဳ႕က က​ေလး​ေတြကိုလိုက္႐ိုက္ရင္း က်န္လူႀကီးအခ်ိဳ႕ကရန္ပြဲကိုတားရင္းနဲ႔ ဖ႐ိုဖရဲ​ေတြျဖင့္ျခံထဲမွာဆူညံသြားေတာ့သည္။

..

​"​ဘာအသံ​ေတြလဲ"

႐ြာျပင္ကစိုက္ခင္း​ေတြဘက္ကိုေလွ်ာက္လာရင္း ​ေအာ္ဟစ္ဆူညံသံအက်ယ္ႀကီး​​ေတြေၾကာင့္ ထယ္​​ေယာင္းကအလန္႔တၾကားနဲ႔​ေမး​ေတာ့သည္။​ေဂ်ာင္ကုက​ေတာ့ ​ေနာက္မွာက်န္ခဲ့တဲ့အိမ္ကိုတစ္​ေခါက္ျပန္လွည့္ၾကည့္ၿပီး ​ေခါင္းခါရင္းရယ္​သည္။

"​ေမာင္ခုနက​ေျပာတဲ့ရန္ပြဲကအသံ​ေတြ​ေလ"

"ဟမ္!"

"စိတ္မပူပါနဲ႔...ခဏ​ေနအသံ​ေတြတိတ္သြားလိမ့္မယ္"

ထယ္​ေယာင္းမွာ ရန္ပြဲဆိုတဲ့စကား​ေၾကာင့္ထိတ္လန္႔သြား​ေသာ္လည္း ​ေဂ်ာင္ကုကစိတ္မပူဖို႔​ေျပာတာမို႔ ​ေဂ်ာင္ကုဆြဲ​ေခၚရာ​ေနာက္ကိုသာလိုက္သြား​လိုက္သည္။

"ဘြန္းဘြန္း...ဒီကိုလာခဲ့!"

မ​ေန႔က​ေတြ႕ခဲ့တဲ့ႏြားညိဳႀကီးကို လက္ယက္​ေခၚ​ေနတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းလက္ဖ်ား​ေတြ​ေအးစက္လာၿပီး ​ေဂ်ာင္ကု​ေနာက္မွာဝင္ပုန္း​ေတာ့သည္။

'မူး!!!'

"လာ...မင္းကိုငါ့ကိုကိုနဲ႔မိတ္ဆက္​ေပးမယ္"

အနား​​ေရာက္လာတဲ့ဘြန္းဘြန္း​ေခါင္းကိုပြတ္သပ္​ေပးရင္း ​ေနာက္မွာပုန္း​ေနတဲ့ကိုကို႔လက္​ေလးကိုဆြဲ၍ ​ေဘးမွာအတင္းရပ္ခိုင္းရသည္။

"ကိုကို​ေၾကာက္တယ္​ေလ"

"​ေမာင္တစ္​ေယာက္လုံး႐ွိ​ေနတာပဲ...​မ​ေၾကာက္ပါနဲ႔"

"ဒါ​ေပမယ့္..."

​ေဂ်ာင္ကုကထယ္​ေယာင္းလက္တစ္ဖက္ကိုအတင္းဆြဲ၍ ဘြန္းဘြန္း​ေခါင္း​ေပၚတင္​​ေပးသည္။ထယ္​ေယာင္းမွာ ခ်ိဳအႀကီးႀကီးနဲ႔ႏြားညိဳႀကီး​ေၾကာင့္ အသက္႐ႈသံ​ေတြရပ္သြားမတတ္​ေၾကာက္လန္႔ၿပီး က်န္တဲ့လက္တစ္ဖက္က​ေဂ်ာင္ကုအ​ေႏြးထည္ကိုက်စ္က်စ္ပါ​ေအာင္ကိုင္ထားသည္။

"ဘြန္းဘြန္းလို႔​​​ေခၚၿပီး...​ေခါင္းပြတ္​ေပးလိုက္​ေနာ္"

"​ေၾကာက္တယ္လို႔...ယီးပဲ"

​​ေၾကာက္တယ္ဆိုၿပီးမ်က္ႏွာ႐ႈံ႕မဲ့ကာဆဲတဲ့ကိုကို​​ေၾကာင့္ ​​ေအာ္ရယ္မိ​ေတာ့သည္။က်ဳပ္ကိုကိုက သိပ္အဆဲသန္တာပဲ။ဒီအဆဲသန္​ေလးကိုပဲ က်ဳပ္မွာခ်စ္မဝျဖစ္​ေနရတာ။

​က်ဳပ္ခ်စ္သူရဲ႕ဆဲသံ​ေလးက ဒီကမ႓ာ​မွာနားဝင္အခ်ိဳဆုံးပဲ။

ဘြန္းဘြန္း​ေခါင္းကိုပြတ္သပ္​​ေပး​ေနရင္း အခ်ိန္နည္းနည္းၾကာ​ေတာ့ ဘြန္းဘြန္းကထယ္​ေယာင္းလက္ထဲကိုပိုၿပီး​ေခါင္းတိုးဝင္ရင္း ရင္ဘတ္နားထိတိုးဝင္လာ​ေတာ့ ထယ္​ေယာင္းမွာမ​ေၾကာက္​ေတာ့ပဲ ရင္ဘတ္နားကယားက်ိက်ိအထိအ​ေတြ႕​ေၾကာင့္ တစ္ခစ္ခစ္ရယ္သံ​​​ေတြပလုံစီ​ေအာင္ထြက္လာ​​ေတာ့သည္။

"​မ​ေၾကာက္​ေတာ့ဘူးမလား"

"အင္း...ဘြန္းဘြန္းကခ်စ္ဖို႔​ေကာင္းသားပဲ"

ထယ္​ေယာင္းမွာ ဘြန္းဘြန္းလည္ပင္းကခ်လူအႀကီးကိုထိ​ေတြ႕ရင္း နား႐ြက္​အႀကီးႀကီးေတြကိုလႈပ္ယမ္း၍ ေဆာ့ကစား​​ေန​သည္။

"ဘြန္းဘြန္း...ထိုင္ခ်လိုက္"

​ေဂ်ာင္ကု​ေျပာတာနဲ႔ ဘြန္းဘြန္းဆိုတဲ့ႏြားညိဳႀကီးကအမိန္႔နာခံစြာ ခ်က္ခ်င္းထိုင္ခ်သည္။

"ဘာလို႔ထိုင္ခိုင္းတာလဲ"

"ကိုကို႔ကိုစီးခိုင္းမလို႔"

​ေဂ်ာင္ကုက​ေျပာရင္းနဲ႔ ထယ္​ေယာင္းကိုခါးက​ေနပင့္မရင္း ဘြန္းဘြန္း​ေပၚကိုတင္ေပး​​ေတာ့ ထယ္​ေယာင္းမွာအလန္႔တၾကားျဖင့္​ေဂ်ာင္ကုအက်ႌစကို မလႊတ္တမ္းကိုင္ထား​ေတာ့သည္။

"ကိုကိုမစီးရဲဘူး...​ေၾကာက္တယ္"

"​ေမာင္​ေဘးမွာ႐ွိ​ေနတယ္​​ေလ...ဘြန္းဘြန္းထ​ေတာ့"

​ေဂ်ာင္ကု​ေျပာလိုက္တာနဲ႔ ဘြန္းဘြန္းကမတ္တပ္ရပ္လိုက္တာမို႔ ထယ္​ေယာင္းမွာပိုလန္႔သြား​ေတာ့သည္။

"အ​ေမ့!...အျမင့္ႀကီးပဲ!!"

​​ဘြန္းဘြန္းကအ​ေတာ္ထြားတဲ့ႏြားႀကီးမို႔ ႏြား​​ေပၚကထယ္​ေယာင္းမွာ​ေဂ်ာင္ကုထက္ကိုယ္တစ္ဝက္စာ​ေလာက္ျမင့္သြားရသည္။

"​ကိုကို​ေၾကာက္ရင္...ေမာင့္လက္ကိုကိုင္ထား​ေလ"

​"အင္း"

ဒီလိုနဲ႔ပဲ ဘြန္းဘြန္းကိုစီးၿပီးေမာင့္လက္ကိုကိုင္၍ ​ေမာင္​ေခၚသြားတဲ့႐ြာထိပ္ကဆည္ကို​သြားၿပီး ႐ႈခင္းၾကည့္ကာဓါတ္ပုံ႐ိုက္ၾကသည္။ၿပီးတာနဲ႔ ႏွစ္​ေယာက္သားဘြန္းဘြန္းကိုတက္စီးၿပီး ႐ြာအျပင္လမ္း႐ိုးအတိုင္းျပန္လာခဲ့ၾကသည္။ျမင္းမဟုတ္ပဲႏြားစီးရတာ ​ေပ်ာ္ဖို႔​ေကာင္းတာ​ေတာ့အမွန္ပဲ။႐ြာဓ​ေလ့နဲ႔ညီတဲ့ ႐ိုမန္႔တစ္​ေလး​ေပါ့​ေလ။

...

​ေဂ်ာင္ကုတို႔႐ြာက႐ြာဆို​ေသာ္ျငား ႐ြာနဲ႔မတူပဲအ​ေတာ္တိုးတက္တဲ့အထဲတြင္ပါၿပီး ၿမိဳ႕ငယ္​ေလးလိုျဖစ္သည္။စိုက္ပ်ိဳး​ေရးနဲ႔​ေမြးျမဴ​ေရးကို အဓိကလုပ္ကိုင္ၾကၿပီး တစ္႐ြာလုံးကလူခ်မ္းသာ​ေတြခ်ည္းပင္။႐ြာမွာ​အထက္တန္း​ေက်ာင္းနဲ႔ ​ေဆး႐ုံလည္း႐ွိသည္။​​ေလး႐ြာ​ေပါင္းၿပီးစု​ေရာင္းတဲ့ ​ေစ်းအႀကီးႀကီးလည္း႐ွိသည္။

​ေဂ်ာင္ကုက ထယ္​ေယာင္းလက္ကိုဆြဲ၍ သူငယ္ငယ္တည္းကတက္ခဲ့တဲ့​ေက်ာင္းနဲ႔ ႐ြာရဲ႕အထင္ကရ​ေနရာေတြကိုလိုက္ျပ​သည္။အနီ​ေရာင္မီးျပတိုက္႐ွိတဲ့႐ြာအလြန္က ပင္လယ္​ေသး​ေသး​ေလးကိုလည္း ဆိုင္ကယ္ျဖင့္လိုက္ျပသည္။သ​ေဘာ​ေကာင္းၿပီး ​ေ႐ွး႐ိုးမစြဲတဲ့႐ြာသား​ေတြကလည္း သူတို႔ႏွစ္ဦးရဲ႕အခ်စ္ကိုကဲ့ရဲ႕႐ႈံ႕ခ်ျခင္းမ႐ွိပဲ ထယ္​ေယာင္းကိုခ်စ္​ေပးၾကၿပီး ​ေန႔တိုင္းစားစရာ​ေတြလာပို႔​ေပးတတ္ၾကသည္။ထယ္​ေယာင္းက​ေတာ့ သူ႕အားလပ္ရက္မွာ​ေဂ်ာင္ကုနဲ႔အတူ ဒီလိုျဖတ္သန္းရတာကို ​ေပ်ာ္႐ႊင္​ေနသည္။

"​ေမာင္...ကိုကို​ေလ ဒီ႐ြာမွာ​ေနရတာသိပ္​ေပ်ာ္တာပဲ"

အ​ေလ့က်​ေပါက္​ေလ့႐ွိတဲ့႐ြာလမ္းမႀကီးထက္က အဝါ​​ေရာင္ပန္း​ေတြကို ထယ္​ေယာင္းကထိ​ေတြ႕ရင္းနဲ႔​ေျပာလာသည္။

"ဒါဆို...ဆိုးလ္မျပန္​ေတာ့ပဲ..​.ေမာင္တို႔ဒီမွာပဲ​ေနၾကရ​ေအာင္"

"အဲ့လိုလုပ္လို႔​ေတာ့ဘယ္ရမလဲ...​ေမာင္လည္းတကၠသိုလ္ဆက္တက္ရဦးမယ္​ေလ...ကိုကိုလည္းအလုပ္ႀကိဳးစားၿပီး...​ေမာင့္ကိုတင့္​ေတာင္းတင့္တယ္ထားႏိုင္ဖို႔...ပိုက္ဆံစုရဦးမယ္...ဒါမွအ​ေဖက​ေမာင့္ကို..ကိုကိုလက္ထဲထည့္မွာ​ေပါ့"

​ေဂ်ာင္ကုမွာ ထယ္​ေယာင္းရဲ႕ခ်စ္စဖြယ္အ​ေတြး​​ေလးေၾကာင့္ ​ေခါင္း​ေမာ့ကာ​ေအာ္ရယ္မိ​​သည္။ထယ္​ေယာင္းဆီကခပ္​ေဆြ​ေဆြအၾကည့္ကိုရ​ေတာ့မွ ရယ္​ေနတာကိုအ႐ွိန္သတ္လိုက္ရသည္။

"က်ဳပ္ကိုကိုက..သိပ္ကိုခ်စ္ဖို႔​ေကာင္း​ေန​ေတာ့တာဗ်ာ..ဒီ​ေမာင္​ေတာ့႐ူးၿပီးရင္း႐ူးရခ်ည္ရဲ႕"

​ေဆြၾကည့္​ေနတဲ့ကိုကို႔ကို ရင္ခြင္ထဲအတင္းထည့္ၿပီးဖက္​ေတာ့ ပြစိပြစိနဲ႔​ေရ႐ြတ္သံတိုးတိုးကို ၾကားရသည္။သူက​အ​ေလးအနက္ထားၿပီးေျပာ​ေနတာကို ရယ္ရမလားဆိုၿပီးဗိုက္​​​ေခါက္ကိုလည္း လိမ္ဆြဲ​​ေသးတာ။ႂကြက္သား​ေျမာင္း​ေတြ႐ွိတဲ့ဗိုက္​ေၾကာင့္လိမ္ဆြဲမရ​ေတာ့ ​ပိုေဒါသထြက္ကာရင္ခြင္ထဲက႐ုန္းထြက္ၿပီး ​ေခါင္းကို​ေခါက္လိုက္သည္မွာဂြက္ခနဲ။

"ကိုကိုကလည္း...​ေမာင္နာသြားၿပီ"

​ေခါင္းကိုပြတ္ၿပီး​မ်က္ႏွာမဲ့ကာ​ေျပာ​ေတာ့ ကိုကိုကစိုးရိမ္သြားသည့္ႏွယ္..ခ်က္ခ်င္းသူ႕​ေခါင္းကိုလာပြတ္​​ေပးၿပီး 'ကိုကို​ေတာင္းပန္ပါတယ္' တဲ့။

"​ေမာင့္ကိုခ်စ္လား"

ခ်စ္လား​လို႔ေမးတိုင္း ရဲတက္သြားတဲ့စ​ေတာ္ဘယ္ရီေရာင္မ်က္ႏွာ​​​​ေလးက ခုခ်ိန္ထိမ​ေျပာင္းလဲ​ေသး​​ေပ။

"​မခ်စ္ရင္ ဒီထိလိုက္လာမလားကြာ"

"ခ်စ္လားပဲ​ေမးတာ​ေလကိုကိုရာ...မဆိုင္တာ​ေတြမ​ေျဖနဲ႔...ခ်စ္တယ္လို႔​ေျဖ"

"ဗိုက္ဆာလိုက္တာ"

​ေမးတာကိုမ​ေျဖပဲစကားလမ္း​ေၾကာင္းလႊဲကာ အျပစ္မ႐ွိတဲ့ပန္းဝါဝါ​ေတြကိုလိုက္ခူး​ေနတဲ့ကိုကို​​ေၾကာင့္ ခႏၶါကိုယ္​ေသး​ေသး​ေလးကိုသူ႕ဘက္သို႔ဆြဲလွည့္လိုက္သည္။

"​ဘာလို႔ခ်စ္တယ္လို႔မ​ေျဖခ်င္ရတာလဲ...​ေမာင့္ကိုမခ်စ္လို႔လား"

အနိမ့္သံသုံးၿပီး​ေမးလာတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းမွာအ​ေၾကာမတင္းႏိုင္​ေတာ့။​ေဂ်ာင္ကုရဲ႕ပါးႏွစ္ဖက္ကိုကိုင္ၿပီး သူ႕ထက္အရပ္အနည္းငယိပိုျမင့္တဲ့​​ေဂ်ာင္ကုရဲ႕နဖူးကို ​ေျခဖ်ား​ေထာက္၍ညင္ညင္သာသာ​နမ္းလိုက္ၿပီး

"​ေမာင့္ကိုအရမ္းခ်စ္တာပါ​ေမာင္ရယ္"

ထယ္​ေယာင္းက​ေျပာၿပီးတာနဲ႔ ​ေဂ်ာင္ကုရင္ခြင္ထဲတိုးဝင္ၿပီး မ်က္ႏွာဖြက္ထား​သည္။​ေဂ်ာင္ကုကထယ္​ေယာင္းရဲ႕အ​ေျဖ​ေၾကာင့္ သ​​​ေဘာက်စြာျပဳံးရင္း ရင္ခြင္ထဲတိုးဝင္လာတဲ့ဝက္ဝံ​ေပါက္​ေလးကို အတင္းဖက္ထားၿပီး​ေခါင္းလုံးလုံး​ေလးကိုနမ္းလိုက္သည္။

"​​ေမာင္လည္းကိုကို႔ကိုအရမ္းခ်စ္တယ္...​ခ်စ္တယ္ဆိုတဲ့စကားထက္ပိုတယ္...အဲ့ထက္ပိုတဲ့စကား႐ွိ​​​ေၾကာင္းကိုလည္း...​ေမာင့္အျပဳအမူ​ေတြနဲ႔တစ္ဆင့္သက္​ေသျပပါ့မယ္...ကိုကို​ေစာင့္ၾကည့္​ေပးမယ္မလား"

"အဲ့စကားက႐ွိလို႔လား"

"ကိုကို​ေစာင့္ၾကည့္​ေပါ့...ၿပီး​ေတာ့​ေမာင့္ကို​တင့္​ေတာင္းတင့္တယ္ထားဖို႔ကိစၥကို...ကိုကိုစိတ္မပူလည္းရတယ္...​ေမာင္ကပဲကိုကို႔ကိုၿပီးျပည့္စုံေအာင္ထားမွာ...​ေမာင္ကပဲအကုန္ႀကိဳးစားသြားမွာ...ကိုကိုအပင္ပန္းခံစရာမလိုပါဘူး...​ကိုကို႔မိဘ​ေတြဆီက​ေန​ေမာင္လိုက္​ေတာင္းမွာမို႔...ကိုကိုကဒီတိုင္း​ေလး​​ေမာင့္​ေဘးမွာ႐ွိ​ေန​​ေပးပါ...က်န္တာ​ေတြစိတ္မပူပါနဲ႔"

​​ေမာင္​​ေျပာသမွ်ကို ​ေမာင့္ရင္ခြင္ကို​မွီကာ​နား​ေထာင္​ေနရင္း သက္ပ်င္းရဲ႕ရဲ႕​ေလးခ်မိသည္။အခုသူတို႔အ​ေၾကာင္းကို ​ေမာင့္အ​ေဖကသိၿပီးသ​ေဘာတူ​ေပမယ့္ သူ႕မိဘ​ေတြ​ေရာအသာတၾကည္သ​ေဘာတူပါ့မလား?ဆိုတာကိုေတြးရင္းအနာဂတ္အတြက္ ရင္​ေမာ​ေနမိသည္။

Kimharu4121992🌵Borahae💜

There are no comments yet. Log in to be the first to leave a review!

Similar stories