17
09:59, 2 December 2023"ဂျောင်ဆိုးရေ!!"
မနက်ဝေလီဝေလင်းနေရောင်မကွဲခင်မှာ အိမ်ရှေ့ကနေတဆာဆာအော်ခေါ်နေတဲ့သူငယ်ချင်းမဟယ်ဆွန်းကြောင့် သက်ပျင်းချပြီးထွက်လာခဲ့ရသည်။ရွာသားတွေမို့ မနက်5နာရီဆိုတာနဲ့ မျက်လုံးတွေကအကျင့်ပါပြီးနိုးနေပြီဖြစ်၏။သားတော်မောင်နဲ့ သားမက်လေးကတော့မနိုးသေး။
"ဘာလို့အော်နေတာလဲ...ခြံထဲဝင်လာလည်းရတာကို"
"အို...နင့်အိမ်မှာဧည့်သည်ရောက်နေတယ်ဆို...ငါကဝင်ချင်တိုင်းဝင်လာလို့ရမလား"
ပါးစပ်ကသာပြောနေပေမယ့် မျက်လုံးတွေကအိမ်မကြီးကိုလှမ်းကြည့်နေတဲ့သူငယ်ချင်းမကြောင့် သက်ပျင်းမောချရင်းခေါင်းခါမိလိုက်သည်။ဂျောင်ကုကီးက သားလေးထယ်ယောင်းကိုခေါ်လာတာ ခုလောက်ဆိုတစ်ရွာလုံးသိလောက်ရောပေါ့။ဒါကိုမိုးစင်စင်လင်းတာတောင်မစောင့်...ခုချိန်ကြီးလာစပ်စုတာတော့လွန်လွန်းတယ်။
"လိုရင်းကိုပဲပြောစမ်းပါ ဟယ်ဆွန်းရယ်"
ပြောတော့မှ မချိုမချဥ်ကြည့်ရဆိုးတဲ့မျက်နှာပေးနဲ့
"နင့်သားကမြို့ကနေ...ခပ်ချောချောကောင်လေးခေါ်လာတယ်ဆို...အဲ့ဒါကြောင့်ငါတို့ရွာက..ဧည့်သည်လေးကိုကြိုဆိုပွဲလုပ်ပေးမလို့"
"ဟဲ့!...ဘာဆိုင်လို့ကြိုဆိုပွဲလုပ်မှာလဲ"
"ဆိုင်တာပေါ့...ငါတို့ဂျောင်ကုကီးလေးကိုကူညီပေးထားတာဆို...ငါတို့တစ်ရွာလုံးရဲ့ကျေးဇူးရှင်ပဲပေါ့"
အပိုတွေပြောနေတဲ့ဟယ်ဆွန်းကြောင့် ခေါင်းခါပြလိုက်သည်။မဆိုင်တာတွေလုပ်ပြီး သားမက်လေးကိုမျက်နှာမပူစေချင်ပါဘူး။
"ငါပဲကျေးဇူးတင်လည်းဖြစ်တယ်...နင်တို့လုပ်ပေးစရာမလိုပါဘူး"
ဂျွန်ဂျောင်ဆိုးပြောတော့ သူ့သူငယ်ချင်းမဟယ်ဆွန်းကမျက်နှာငယ်လေးဖြင့်
"ငါကတစ်ရွာလုံးကို ပတ်ပြောပြီးသွားပြီ...ခဏနေဟင်းပွဲတွေယူလာပြီး..နင့်အိမ်ကိုလာတော့မှာ"
"ဟာ!...နင်ကလေတော်တော်လျှာရှည်တာပဲ...ငါ့လာတိုင်ပင်ပါဦးလား!"
ဒေါသထွက်လာတာကြောင့် ပြောရင်းနဲ့ခေါင်းကိုဂွက်ခနဲခေါက်လိုက်မိတော့သည်။
"အာ့!...နင်..နင်..ငါ့ခေါင်းကိုခေါက်လိုက်တာလား"
အဒေါ်ကြီးဟယ်ဆွန်းမှာ လက်တစ်ဖက်ကခေါင်းကိုကိုင်ရင်း ကျန်လက်တစ်ကဂျွန်ဂျောင်ဆိုးကိုလက်ညှိုးငေါက်ငေါက်ထိုးရင်းမေးသည်။
"အေး...လျှာရှည်လွန်းတဲ့နင့်ကိုကြည့်မရတော့လို့!"
"ဒါဆိုလည်းစကားနဲ့ပြောလေ!...ခေါက်စရာလိုလို့လား!!"
"လိုတာပေါ့!...နင်နဲ့မဆိုင်ပဲဝင်ပါနေတာ..ဘယ်နှခါရှိနေပြီလဲ!!...သူငယ်ချင်းမို့နင့်ကိုသည်းခံနေတာ!!"
"ငါကစေတနာနဲ့ကူညီတာအကောင်ရဲ့!!"
"နင့်စေတနာတွေမလိုဘူး..လျှာရှည်တဲ့ကောင်မရဲ့!!"
မြူတွေဆိုင်းနေတဲ့မနက်ခင်းမှာ တဆတဆနဲ့ပိုပိုကျယ်လာတဲ့စကားများသံတွေကြောင့် ဂျောင်ကုမှာဆတ်ခနဲနိုးသွားတော့သည်။ချက်ချင်းပြတင်းပေါက်ဖွင့်ကာထကြည့်တော့ ခြံရှေ့ကလာတဲ့အသံဖြစ်၏။မြူတွေကြောင့်သေချာမမြင်ရတာမို့ ဘယ်သူတွေရန်ဖြစ်နေတာလဲဆိုတာမသိရတာကြောင့် အောက်ဆင်းကြည့်ဖို့ပြင်ရတော့သည်။အဲ့အသံကြောင့် ကိုကိုနိုးသွားသလားဟု ကိုကို့အခန်းကိုအသာဖွင့်ကြည့်တော့ ကွေးကွေးလေးအိပ်ပျော်နေတာမို့ တော်ပါသေးရဲ့။
အောက်ထပ်ရောက်တော့တွေ့ရပါပြီ...ရန်ဖြစ်စကားများနေကြတဲ့အိမ်ရဲ့ကျွေးဖခင်နဲ့ ရွာကျော်ကြီးအန်တီပတ်ခ်ဟယ်ဆွန်းကို။
"ဘာတွေစကားများနေကြတာလဲဗျာ...ကျုပ်ကိုကိုအိပ်နေတုန်းလေ"
"ဂျောင်ကုကီးလေး!!"
ပြောရင်းနဲ့ပြေးဖက်လာတဲ့အန်တီဟယ်ဆွန်းကြောင့်မျက်လုံးပြူးသွားရင်း မနည်းပြန်ထိန်းကာဖက်ထားရသည်။ဒီအပျိုကြီးက ကျုပ်ကိုအရမ်းချစ်တာလေ..မရှိတဲ့သားအရင်းနဲ့မခြားကိုချစ်ပေးတာ။
"အမယ်လေး...တစ်နှစ်အတွင်းမှာချောလာလိုက်တာအေ...ဒီအန်တီကိုရောသတိရရဲ့လား"
ခေါင်းခါပြလိုက်တော့ တင်ပါးကိုဖတ်ခနဲလာရိုက်သည်။
"လိမ်နေတာ...ဂျောင်ကုကီးကဒီအန်တီကြီးကိုသတိမရစရာလား...လိမ်နေတာမလား"
ထပ်မေးလာတဲ့မေးခွန်းကိုပြန်မဖြေပဲ သွားစိပြီး'ဟီး' လို့ရယ်ပြလိုက်တော့ သူ့ပါးနှစ်ဖက်ကိုလက်အေးအေးကြီးနဲ့လာဆွဲသည်။
"ဘာလို့အဖေနဲ့စကားများနေတာလဲ...အစောကြီးရှိသေးတာကို"
သူပြောတော့ အန်တီဟယ်ဆွန်းကအဖေ့ဘက်ကိုလှည့်ပြီး မျက်စောင်းထိုးသည်။
"အန်တီကလေစေတနာနဲ့...ငါတို့ဂျောင်ကုကီးလေးကမြို့ကနေဧည့်သည်ခေါ်လာတယ်ဆိုလို့...တစ်ရွာလုံးကိုလိုက်ပြောပြီး...ကြိုဆိုပွဲလေးလုပ်ပေးမလို့စီစဥ်ထားတာ...အဲ့ဒါကိုအခုလာအသိပေးတာကို...ဂျောင်ဆိုးကအန်တီ့ခေါင်းကိုခေါက်ပြီးရန်တွေ့နေတာ"
အန်တီဟယ်ဆွန်းစကားကြောင့် လေပူတွေမှုတ်ထုတ်ရင်းသက်ပျင်းချလိုက်မိသည်။အဖေခေါက်လည်းခေါက်ချင်စရာပါလား?
"အဲ့တော့...ကြိုဆိုပွဲကဘယ်လိုလုပ်မှာလဲ"
ဘာပဲပြောပြော သူနဲ့ကိုကို့ပတ်သက်မှုကို အားလုံးသိထားလေ ပိုကောင်းတာမို့မေးလိုက်သည်။ထိုကြိုဆိုပွဲကနေတစ်ဆင့် ကိုကို့ကိုလည်းတစ်ရွာလုံးနဲ့မိတ်ဆက်ပေးထားရမယ်။
"တစ်ရွာလုံးကလူတွေကဟင်းပွဲတွေယူလာပြီး...ခဏနေခြံထဲကိုလာကြမယ်တဲ့"
ဝင်ဖြေသူကအန်တီဟယ်ဆွန်းမဟုတ်ပဲ ခပ်ဆတ်ဆတ်အဖေ့အသံဖြစ်သည်။
"မင်းကိုကို့ကိုနှိုးပြီး..သွားပြင်ဆင်ထားတော့...မကြာခင်ရောက်လာကြတော့မှာ"
"ဟုတ်ကဲ့ အဖေ"
ဂျောင်ကုကအိမ်ထဲကိုချက်ချင်းပြန်ပြေးဝင်သွားတော့ ကျန်ခဲ့တာကခုနကစကားများနေတဲ့နှစ်ယောက်သာ။
"နင်လည်းဟင်းပွဲသွားယူလေ...ဘာလုပ်နေတာလဲ"
ဂျောင်ဆိုးမေးတော့ ဟယ်ဆွန်းကခေါင်းကုပ်ပြီး တောင်ကြည့်မြောက်ကြည့်ဖြင့်
"ဟို...ငါဘာမှမချက်ရသေးဘူး...တစ်ရွာလုံးကဟင်းပွဲတွေနဲ့တင်များနေတာကို...ငါချက်စရာမလိုဘူးမလား"
"ဘာမလိုတာလဲ!...ငါ့သားမက်လေးကစတော်ဘယ်ရီကြိုက်တယ်...နင့်ခြံထဲကခပ်ကြီးကြီးဟာတွေသွားခူးလာခဲ့!"
ဂျောင်ဆိုးကပြောပြီးတာနဲ့ အိမ်ထဲတန်းဝင်သွားပြီး ခြံတံခါးကိုပါပိတ်သွားသည်။ကျန်ခဲ့တဲ့ဟယ်ဆွန်းကတော့ သူ့သူငယ်ချင်းဂျောင်ဆိုးပြောသွားတဲ့ စကားကြောင့်ကြောင်တောင်တောင်ဖြစ်ကျန်ခဲ့သည်။
"သားမက်လေး...သားမက်လေးဆိုတော့...ဒီကောင်ကဘယ်တုန်းကသမီးမွေးထားလဲ...ငါလည်းမသိရပါဘူး...ဒါမှမဟုတ်!..."
ပြောရင်းနဲ့ပါးစပ်ကိုလက်နဲ့ပိတ်လိုက်ပြီး ဂျောင်ကုတို့အိမ်ထဲကိုလှမ်းကြည့်၍
"ဂျောင်ဆိုးကတိတ်တိတ်ပုန်းမယားနဲ့..သမီးတစ်ယောက်ရလို့...ဂျောင်ကုအမေကထွက်သွားတာများလား...အိုးမိုင်ဂေါ့!...ဖြစ်နိုင်တယ်...ဒါကြောင့်ဒီအကောင်ကဂျောင်ကုအမေကိုအလွယ်လေးကွာရှင်းပေးလိုက်တာကိုး...ဘုရားရေ...သတင်းထူးကြီးပါလား"
"နင်မပြန်သေးဘူးလား!!...ပတ်ခ်ဟယ်ဆွန်း!!!"
တစ်ယောက်တည်းပါးစပ်ကို လက်နဲ့ပိတ်ကာအံ့သြနေတုန်း အိမ်ထဲကနေလှမ်းအော်တဲ့ ဂျောင်ဆိုးရဲ့အသံပြဲကြီးကြောင့် ရွာလမ်းမကြီးအတိုင်း ခပ်သုတ်သုတ်ပြန်လာခဲ့ရသည်။
...
ဟင်းပွဲမြောက်မြားစွာနဲ့ ခြံထဲမှာအပြည့်ရှိနေတဲ့လူတွေကြောင့် ထယ်ယောင်းမျက်နှာမှာအံ့သြမှုအထင်းသား။အားလုံးကသူ့ကိုကြည့်ပြီး ပြုံးပြနေကြသည်မို့ အားလုံးကိုပြန်ပြုံးပြတော့ ဘာကိုသဘောကျကြသည်မသိ...ရယ်နေကြသည်။
"မောင်...ဒါဘာတွေလဲ"
အနားကဂျောင်ကုရဲ့အင်္ကျီစကိုဆွဲပြီး ခပ်တိုးတိုးမေးတော့
"ကိုကို့အတွက်ကြိုဆိုပွဲလုပ်ပေးကြတာတဲ့...မောင်တို့ရွာသားတွေကသဘောကောင်းတယ်မလား"
"ဟင်!...ကြိုဆိုပွဲ...ဘာလို့လဲ"
ဂျောင်ကု ကြောင်တောင်တောင်လေးဖြစ်နေတဲ့ထယ်ယောင်းကို အသည်းယားလွန်း၍ဆွဲဖျစ်ညှစ်ချင်သော်လည်း သူတို့ထံရောက်နေတဲ့မျက်လုံးအစုံပေါင်းများစွာကြောင့် နှုတ်ခမ်းကိုဖိကိုက်၍ ထိန်းလိုက်ရသည်။
"ကိုကိုကမောင့်ကိုကူညီပေးလို့ဆိုပြီး...ချစ်လို့တဲ့...လုပ်ပေးကြတာ"
"ဪ..."
ရွာကလူကြီးတွေရော ကလေးနဲ့ခွေးပါမချန် ဂျောင်ကုတို့ခြံဝိုင်းထဲမှာရောက်နေတာဖြစ်၏။အားလုံးက ရွာကျော်ကြီးစပ်စုစိန်ပတ်ခ်ဟယ်ဆွန်း၏ဖောက်သည်ချမှုကြောင့် ဂျွန်ဂျောင်ဆိုးရဲ့ဖွက်ထားတဲ့သမီးကိုတွေ့ချင်နေကြတာဖြစ်သည်။ပြီးတော့ဂျောင်ကုခေါ်လာတဲ့မြို့သားလေးကလည်း ချောချောလေးမို့အားလုံးမှာ မမြင်စဖူးလိုက်ကြည့်နေကြသည်။
"ကဲ...အားလုံးလည်းစုံပြီဆိုတော့...ကျုပ်ကပဲမိတ်ဆက်ပေးမယ်...ဒါကဂျောင်ကုကီးကိုဆိုးလ်မှာ...အစစအရာရာကူညီပေးတဲ့သားလေး...နာမည်ကကင်မ်ထယ်ယောင်းတဲ့...ဆိုးလ်ကနာမည်ကြီးပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှာ ကျောင်းဆရာလုပ်နေတာ...ကျုပ်သားမက်ဖြစ်မယ့်လူဆိုလည်းမမှားဘူး"
ဂျောင်ကုအဖေကပွင့်ပွင့်လင်းလင်းကြီးပြောချလိုက်တော့ ထယ်ယောင်းမျက်နှာကဇီးရွက်လောက်သာရှိတော့သည်။ဒီရွာသားတွေကဒီလိုပဲ ဗွင်းဗွင်းလင်းလင်းတွေလား?ဒါမှမဟုတ် သူကပဲအရှက်လွန်နေတာလား?ဆိုတာ တွေးစရာပင်။
ခြံဝိုင်းထဲကလူတွေအားလုံးက ဂျောင်ကုအဖေရဲ့စကားသံဆုံးတာနဲ့ အံ့သြသွားကြတော့သည်။လတ်စသတ်တော့ ဂျောင်ကုကီးကယောက်ဖကိုခေါ်တာတာကိုး။
"ကိုကို...နှုတ်ဆက်လိုက်လေ"
ဂျောင်ကုကလက်ကိုအသာဆွဲ၍ ပြောတော့မှထယ်ယောင်းမှာချောင်းဟန့်ပြီး
"မင်္ဂလာပါခင်ဗျ...ကျွန်တော့်နာမည်ကင်မ်ထယ်ယောင်းပါ...ဒီလိုကြိုဆိုပွဲလုပ်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျ"
ထယ်ယောင်းစကားဆုံးတော့ အားလုံးကလက်ခုပ်တီးပြီး သူတို့ယူလာတဲ့ဟင်းပွဲတွေကို ကောင်းကောင်းစားပေးဖို့နဲ့ စားချင်တာရှိရင်ပြောဖို့မှာကြသည်။အတော်နွေးထွေးလွန်းတဲ့ရွာဓလေ့ကြောင့် ထယ်ယောင်းမှာခေါင်းလေးတညိတ်ညိတ်ဖြင့်ပြုံးရွှင်နေတော့သည်။
"ဟဲ့..ဂျောင်ဆိုး...နင်ကသားမက်တော့ပြပြီး...သမီးကျတော့ဖွက်ထားတယ်ပေါ့"
ဟယ်ဆွန်းစကားကြောင့် ရွာသားတွေကဂျောင်ဆိုးကို ဝိုင်းအုံ့ပြီးကြည့်ကြတော့သည်။ဂျွန်ဂျောင်ဆိုးမှာတော့ သူ့သူငယ်ချင်းမပြောတဲ့စကားကိုနားမလည်တာကြောင့် မျက်မှောင်ကျုံ့နေသည်။
"နင်ဘာတွေပြောနေတာလဲ ဟယ်ဆွန်း"
"အို!...နင့်သမီးကိုမေးနေတာ...ငါတစ်ရွာလုံးကိုသေချာရှင်းပြပြီးသွားပြီ...အားလုံးကလည်းလက်ခံပေးတယ်...ရှက်စရာမလိုဘူး...နင့်တိတ်တိတ်ပုန်းသမီးကိုလည်း..ငါတို့ကချစ်ပေးမှာမို့...တစ်ခါတည်းမိတ်ဆက်ပေးလေ...အားလုံးကတွေ့ချင်နေကြတာ...နင့်နှယ်အေ...ထင်တောင်မထင်ထားဘူး...သားမက်လောင်းရမှငါတို့ကိုအသိပေးတယ်...ငါတို့ကနှိမ်မယ့်လူတွေမှမဟုတ်တာ"
ဂျောင်ကုနဲ့ထယ်ယောင်းမှာခုမှသဘောပေါက်ပြီး အချင်းချင်းကြည့်၍ ပြုံးစိစိဖြစ်သွားကြတော့သည်။
ကျုပ်ရဲ့မွေးစားအမေကတစ်ကယ်မနိုင်စိန်။အဖေနဲ့တော့ တစ်ပွဲတစ်လမ်းနွှဲကြဦးမှာပါလား?
"ကိုကို...မောင်တို့အပြင်သွားရအောင်"
"အားလုံးကကိုကို့ဆီတကူးတကလာကြတာလေ...အားနာစရာကြီး"
"မအားနာနဲ့...ခဏနေရင်အဲ့လူတွေက ရန်ပွဲကိုဆွဲရတော့မှာ...မောင်တို့ရှောင်နေတာပိုကောင်းတယ်"
ဂျောင်ကုပြောပြတာကိုနားမလည်သော်လည်း ခေါင်းညိတ်၍ဂျောင်ကုနောက်ကလိုက်သွားလိုက်သည်။ဂျောင်ကုလေးက သူ့ရွာသားတွေအကြောင်းပိုသိမှာပေါ့လေ။
ဒီလိုနဲ့ကြိုဆိုပွဲကနေ လစ်ထွက်သွားတဲ့ဂျောင်ကုတို့အတွဲ။ကျန်ခဲ့တာကတော့ မျက်နှာဆူပုပ်နေတဲ့ဂျောင်ကုအဖေရယ် တိတ်တိတ်ပုန်းသမီးကိုအတင်းပြခိုင်းနေတဲ့ ရွာကျော်ဟယ်ဆွန်းရယ် ပွဲကြည့်ပုရိတ်သတ်ရွာသားတွေရယ်ဖြစ်သည်။
"နင့်သမီးကိုပြလေဟယ်"
"အေးလေ...ပြပါဂျောင်ဆိုးရယ်...ငါတို့လည်းသိချင်တာပေါ့"
"ဘယ်ရွာသူနဲ့ရတာလဲ...ဟိုဘက်ရွာကနင့်ငယ်ရည်းစားမီဆွန်းနဲ့လား"
ဟယ်ဆွန်းပြောတော့ ရွာသားတွေကလည်းတစ်ယောက်တစ်ပေါက်အော်ကြသည်။ထိုအသံတွေကြောင့် ဂျွန်ဂျောင်ဆိုးမှာသည်းမခံနိုင်တော့။မိန်းမဆို ဂျောင်ကုအမေနဲ့တင်စိတ်ကုန်သွားတာကို..တိတ်တိတ်ပုန်းမယားနဲ့သမီးတောင်မွေးထားတယ်ဆိုတော့ ဒေါသကအတောင့်လိုက်ထွက်လာပြီလေ။
"ဘာတွေပြောနေကြတာလဲ!...ကျုပ်မှာတိတ်တိတ်ပုန်းမယားရော...သမီးရောမရှိဘူး!...ဂျောင်ကုကီးခေါ်လာတဲ့ကင်မ်ထယ်ယောင်းဆိုတဲ့ကလေးက...ဂျောင်ကုကီးရဲ့ချစ်သူ!...ဒါကြောင့်ကျုပ်သားမက်လို့ပြောတာ!!...ရှင်းကြပြီလား!!"
"ဟေ!"
"ဪ...ဂျောင်ကုကီးချစ်သူလား!"
ဂျောင်ဆိုးရှင်းပြတော့မှ ရွာသားတွေမှာပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။စပ်စုစိန်ရွာကျော်ကြီးဟယ်ဆွန်းကတော့ ဂျောင်ဆိုးစကားကြောင့် သူမ,မှားပြီးဆိုတာသိတာမို့ တိတ်တိတ်လေးခြံထဲကနေထွက်ဖို့ပြင်တော့သည်။
"ဟိုလျှာရှည်မ!...ဒါဘယ်လဲ!!"
ဂျောင်ဆိုးလှမ်းအော်တော့ ခြံပြင်ကိုခြေလှမ်းနေတဲ့ဟယ်ဆွန်းမှာဇတ်လေးပုဝင်ပြီး နောက်ပြန်လှည့်ကြည့်၍သွားဖြဲကာရယ်ပြသည်။
"ငါ...ငါ..နွားတွေအစာမကျွေးရသေးလို့"
"ကျွေးမနေနဲ့!!...နင်တော့ဒီနေ့သေပြီသာမှတ်!!"
ပြောရင်းနဲ့အနားသို့လျှောက်လာပြီး ဟိုဘက်ရွာကဆံပင်ညှပ်ဆိုင်မှာ သေချာကောက်ထားတဲ့သူမဆံပင်တွေကို လာဆွဲတာမို့
"ဂျွန်ဂျောင်ဆိုး!...ငါ့ဆံပင်ကိုလွှတ်စမ်း!!...ဒီလိုကောက်ကောက်လေးရဖို့..ပိုက်ဆံတွေအများကြီးအကုန်ခံထားရတာဟဲ့...ပြီးတော့ငါကမသိလို့ပြောတာလေ...မဟုတ်ရင်မနာနဲ့ပေါ့!"
"နင်မသိရင်မပြောနဲ့လေ!!...နင့်ကိုဒါကြောင့်ငါငယ်ငယ်တည်းကပြန်မကြိုက်တာ...သိပ်အာချောင်လွန်းတယ်!!"
"ဟဲ့!...နင့်ဘာသာငါ့မကြိုက်ရင်မကြိုက်ဘူးပေါ့...ခုမှအပိုတွေပြောမနေနဲ့!...ငါကစေတနာနဲ့အကုန်လုံးကိုအသိပေးလိုက်ရုံပဲ...ငါအာချောင်ကောင်းလို့နင်တို့တစ်ရွာလုံးငါ့ကျေးဇူးကြောင့်..ဟိုဘက်ရွာကသတင်းတွေပုံမှန်သိနေတာလည်း ထည့်ပြောလေ!"
ပြောရင်းနဲ့ဂျောင်ဆိုးရဲ့တိုစိစိဆံပင်ကိုဆွဲရင်း နားရွက်တွေကိုပါလိမ်ဆွဲလာတာမို့
"အား!!...နင့်လက်ကိုလွှတ်စမ်း!!"
"မလွှတ်နိုင်ဘူး!!...နင်တောင်ယောကျာ်းကြီးဖြစ်ပြီး...မိန်းမတစ်ယောက်ဆံပင်ကိုဆွဲထားသေးတာပဲ!!"
ကြည့်နေရင်းပိုပိုဆိုးလာတဲ့ရန်ပွဲကြောင့် ရွာသားတွေမှာထိုနှစ်ယောက်ကိုဝိုင်းဆွဲရတော့သည်။ကလေးတွေကတော့ ရန်ပွဲကိုကြည့်ရင်းရယ်မောနေကြပြီး လူကြီးတွေလစ်တာနဲ့ ထယ်ယောင်းဖို့ဆိုပြီးယူလာပေးတဲ့ဟင်းပွဲတွေကို နှိုက်စားကြတော့သည်။
ထိုအရာကိုမြင်တဲ့လူကြီးတစ်ချို့က ကလေးတွေကိုလိုက်ရိုက်ရင်း ကျန်လူကြီးအချို့ကရန်ပွဲကိုတားရင်းနဲ့ ဖရိုဖရဲတွေဖြင့်ခြံထဲမှာဆူညံသွားတော့သည်။
..
"ဘာအသံတွေလဲ"
ရွာပြင်ကစိုက်ခင်းတွေဘက်ကိုလျှောက်လာရင်း အော်ဟစ်ဆူညံသံအကျယ်ကြီးတွေကြောင့် ထယ်ယောင်းကအလန့်တကြားနဲ့မေးတော့သည်။ဂျောင်ကုကတော့ နောက်မှာကျန်ခဲ့တဲ့အိမ်ကိုတစ်ခေါက်ပြန်လှည့်ကြည့်ပြီး ခေါင်းခါရင်းရယ်သည်။
"မောင်ခုနကပြောတဲ့ရန်ပွဲကအသံတွေလေ"
"ဟမ်!"
"စိတ်မပူပါနဲ့...ခဏနေအသံတွေတိတ်သွားလိမ့်မယ်"
ထယ်ယောင်းမှာ ရန်ပွဲဆိုတဲ့စကားကြောင့်ထိတ်လန့်သွားသော်လည်း ဂျောင်ကုကစိတ်မပူဖို့ပြောတာမို့ ဂျောင်ကုဆွဲခေါ်ရာနောက်ကိုသာလိုက်သွားလိုက်သည်။
"ဘွန်းဘွန်း...ဒီကိုလာခဲ့!"
မနေ့ကတွေ့ခဲ့တဲ့နွားညိုကြီးကို လက်ယက်ခေါ်နေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းလက်ဖျားတွေအေးစက်လာပြီး ဂျောင်ကုနောက်မှာဝင်ပုန်းတော့သည်။
'မူး!!!'
"လာ...မင်းကိုငါ့ကိုကိုနဲ့မိတ်ဆက်ပေးမယ်"
အနားရောက်လာတဲ့ဘွန်းဘွန်းခေါင်းကိုပွတ်သပ်ပေးရင်း နောက်မှာပုန်းနေတဲ့ကိုကို့လက်လေးကိုဆွဲ၍ ဘေးမှာအတင်းရပ်ခိုင်းရသည်။
"ကိုကိုကြောက်တယ်လေ"
"မောင်တစ်ယောက်လုံးရှိနေတာပဲ...မကြောက်ပါနဲ့"
"ဒါပေမယ့်..."
ဂျောင်ကုကထယ်ယောင်းလက်တစ်ဖက်ကိုအတင်းဆွဲ၍ ဘွန်းဘွန်းခေါင်းပေါ်တင်ပေးသည်။ထယ်ယောင်းမှာ ချိုအကြီးကြီးနဲ့နွားညိုကြီးကြောင့် အသက်ရှုသံတွေရပ်သွားမတတ်ကြောက်လန့်ပြီး ကျန်တဲ့လက်တစ်ဖက်ကဂျောင်ကုအနွေးထည်ကိုကျစ်ကျစ်ပါအောင်ကိုင်ထားသည်။
"ဘွန်းဘွန်းလို့ခေါ်ပြီး...ခေါင်းပွတ်ပေးလိုက်နော်"
"ကြောက်တယ်လို့...ယီးပဲ"
ကြောက်တယ်ဆိုပြီးမျက်နှာရှုံ့မဲ့ကာဆဲတဲ့ကိုကိုကြောင့် အော်ရယ်မိတော့သည်။ကျုပ်ကိုကိုက သိပ်အဆဲသန်တာပဲ။ဒီအဆဲသန်လေးကိုပဲ ကျုပ်မှာချစ်မဝဖြစ်နေရတာ။
ကျုပ်ချစ်သူရဲ့ဆဲသံလေးက ဒီကမ္ဘာမှာနားဝင်အချိုဆုံးပဲ။
ဘွန်းဘွန်းခေါင်းကိုပွတ်သပ်ပေးနေရင်း အချိန်နည်းနည်းကြာတော့ ဘွန်းဘွန်းကထယ်ယောင်းလက်ထဲကိုပိုပြီးခေါင်းတိုးဝင်ရင်း ရင်ဘတ်နားထိတိုးဝင်လာတော့ ထယ်ယောင်းမှာမကြောက်တော့ပဲ ရင်ဘတ်နားကယားကျိကျိအထိအတွေ့ကြောင့် တစ်ခစ်ခစ်ရယ်သံတွေပလုံစီအောင်ထွက်လာတော့သည်။
"မကြောက်တော့ဘူးမလား"
"အင်း...ဘွန်းဘွန်းကချစ်ဖို့ကောင်းသားပဲ"
ထယ်ယောင်းမှာ ဘွန်းဘွန်းလည်ပင်းကချလူအကြီးကိုထိတွေ့ရင်း နားရွက်အကြီးကြီးတွေကိုလှုပ်ယမ်း၍ ဆော့ကစားနေသည်။
"ဘွန်းဘွန်း...ထိုင်ချလိုက်"
ဂျောင်ကုပြောတာနဲ့ ဘွန်းဘွန်းဆိုတဲ့နွားညိုကြီးကအမိန့်နာခံစွာ ချက်ချင်းထိုင်ချသည်။
"ဘာလို့ထိုင်ခိုင်းတာလဲ"
"ကိုကို့ကိုစီးခိုင်းမလို့"
ဂျောင်ကုကပြောရင်းနဲ့ ထယ်ယောင်းကိုခါးကနေပင့်မရင်း ဘွန်းဘွန်းပေါ်ကိုတင်ပေးတော့ ထယ်ယောင်းမှာအလန့်တကြားဖြင့်ဂျောင်ကုအင်္ကျီစကို မလွှတ်တမ်းကိုင်ထားတော့သည်။
"ကိုကိုမစီးရဲဘူး...ကြောက်တယ်"
"မောင်ဘေးမှာရှိနေတယ်လေ...ဘွန်းဘွန်းထတော့"
ဂျောင်ကုပြောလိုက်တာနဲ့ ဘွန်းဘွန်းကမတ်တပ်ရပ်လိုက်တာမို့ ထယ်ယောင်းမှာပိုလန့်သွားတော့သည်။
"အမေ့!...အမြင့်ကြီးပဲ!!"
ဘွန်းဘွန်းကအတော်ထွားတဲ့နွားကြီးမို့ နွားပေါ်ကထယ်ယောင်းမှာဂျောင်ကုထက်ကိုယ်တစ်ဝက်စာလောက်မြင့်သွားရသည်။
"ကိုကိုကြောက်ရင်...မောင့်လက်ကိုကိုင်ထားလေ"
"အင်း"
ဒီလိုနဲ့ပဲ ဘွန်းဘွန်းကိုစီးပြီးမောင့်လက်ကိုကိုင်၍ မောင်ခေါ်သွားတဲ့ရွာထိပ်ကဆည်ကိုသွားပြီး ရှုခင်းကြည့်ကာဓါတ်ပုံရိုက်ကြသည်။ပြီးတာနဲ့ နှစ်ယောက်သားဘွန်းဘွန်းကိုတက်စီးပြီး ရွာအပြင်လမ်းရိုးအတိုင်းပြန်လာခဲ့ကြသည်။မြင်းမဟုတ်ပဲနွားစီးရတာ ပျော်ဖို့ကောင်းတာတော့အမှန်ပဲ။ရွာဓလေ့နဲ့ညီတဲ့ ရိုမန့်တစ်လေးပေါ့လေ။
...
ဂျောင်ကုတို့ရွာကရွာဆိုသော်ငြား ရွာနဲ့မတူပဲအတော်တိုးတက်တဲ့အထဲတွင်ပါပြီး မြို့ငယ်လေးလိုဖြစ်သည်။စိုက်ပျိုးရေးနဲ့မွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး တစ်ရွာလုံးကလူချမ်းသာတွေချည်းပင်။ရွာမှာအထက်တန်းကျောင်းနဲ့ ဆေးရုံလည်းရှိသည်။လေးရွာပေါင်းပြီးစုရောင်းတဲ့ စျေးအကြီးကြီးလည်းရှိသည်။
ဂျောင်ကုက ထယ်ယောင်းလက်ကိုဆွဲ၍ သူငယ်ငယ်တည်းကတက်ခဲ့တဲ့ကျောင်းနဲ့ ရွာရဲ့အထင်ကရနေရာတွေကိုလိုက်ပြသည်။အနီရောင်မီးပြတိုက်ရှိတဲ့ရွာအလွန်က ပင်လယ်သေးသေးလေးကိုလည်း ဆိုင်ကယ်ဖြင့်လိုက်ပြသည်။သဘောကောင်းပြီး ရှေးရိုးမစွဲတဲ့ရွာသားတွေကလည်း သူတို့နှစ်ဦးရဲ့အချစ်ကိုကဲ့ရဲ့ရှုံ့ချခြင်းမရှိပဲ ထယ်ယောင်းကိုချစ်ပေးကြပြီး နေ့တိုင်းစားစရာတွေလာပို့ပေးတတ်ကြသည်။ထယ်ယောင်းကတော့ သူ့အားလပ်ရက်မှာဂျောင်ကုနဲ့အတူ ဒီလိုဖြတ်သန်းရတာကို ပျော်ရွှင်နေသည်။
"မောင်...ကိုကိုလေ ဒီရွာမှာနေရတာသိပ်ပျော်တာပဲ"
အလေ့ကျပေါက်လေ့ရှိတဲ့ရွာလမ်းမကြီးထက်က အဝါရောင်ပန်းတွေကို ထယ်ယောင်းကထိတွေ့ရင်းနဲ့ပြောလာသည်။
"ဒါဆို...ဆိုးလ်မပြန်တော့ပဲ...မောင်တို့ဒီမှာပဲနေကြရအောင်"
"အဲ့လိုလုပ်လို့တော့ဘယ်ရမလဲ...မောင်လည်းတက္ကသိုလ်ဆက်တက်ရဦးမယ်လေ...ကိုကိုလည်းအလုပ်ကြိုးစားပြီး...မောင့်ကိုတင့်တောင်းတင့်တယ်ထားနိုင်ဖို့...ပိုက်ဆံစုရဦးမယ်...ဒါမှအဖေကမောင့်ကို..ကိုကိုလက်ထဲထည့်မှာပေါ့"
ဂျောင်ကုမှာ ထယ်ယောင်းရဲ့ချစ်စဖွယ်အတွေးလေးကြောင့် ခေါင်းမော့ကာအော်ရယ်မိသည်။ထယ်ယောင်းဆီကခပ်ဆွေဆွေအကြည့်ကိုရတော့မှ ရယ်နေတာကိုအရှိန်သတ်လိုက်ရသည်။
"ကျုပ်ကိုကိုက..သိပ်ကိုချစ်ဖို့ကောင်းနေတော့တာဗျာ..ဒီမောင်တော့ရူးပြီးရင်းရူးရချည်ရဲ့"
ဆွေကြည့်နေတဲ့ကိုကို့ကို ရင်ခွင်ထဲအတင်းထည့်ပြီးဖက်တော့ ပွစိပွစိနဲ့ရေရွတ်သံတိုးတိုးကို ကြားရသည်။သူကအလေးအနက်ထားပြီးပြောနေတာကို ရယ်ရမလားဆိုပြီးဗိုက်ခေါက်ကိုလည်း လိမ်ဆွဲသေးတာ။ကြွက်သားမြောင်းတွေရှိတဲ့ဗိုက်ကြောင့်လိမ်ဆွဲမရတော့ ပိုဒေါသထွက်ကာရင်ခွင်ထဲကရုန်းထွက်ပြီး ခေါင်းကိုခေါက်လိုက်သည်မှာဂွက်ခနဲ။
"ကိုကိုကလည်း...မောင်နာသွားပြီ"
ခေါင်းကိုပွတ်ပြီးမျက်နှာမဲ့ကာပြောတော့ ကိုကိုကစိုးရိမ်သွားသည့်နှယ်..ချက်ချင်းသူ့ခေါင်းကိုလာပွတ်ပေးပြီး 'ကိုကိုတောင်းပန်ပါတယ်' တဲ့။
"မောင့်ကိုချစ်လား"
ချစ်လားလို့မေးတိုင်း ရဲတက်သွားတဲ့စတော်ဘယ်ရီရောင်မျက်နှာလေးက ခုချိန်ထိမပြောင်းလဲသေးပေ။
"မချစ်ရင် ဒီထိလိုက်လာမလားကွာ"
"ချစ်လားပဲမေးတာလေကိုကိုရာ...မဆိုင်တာတွေမဖြေနဲ့...ချစ်တယ်လို့ဖြေ"
"ဗိုက်ဆာလိုက်တာ"
မေးတာကိုမဖြေပဲစကားလမ်းကြောင်းလွှဲကာ အပြစ်မရှိတဲ့ပန်းဝါဝါတွေကိုလိုက်ခူးနေတဲ့ကိုကိုကြောင့် ခန္ဓါကိုယ်သေးသေးလေးကိုသူ့ဘက်သို့ဆွဲလှည့်လိုက်သည်။
"ဘာလို့ချစ်တယ်လို့မဖြေချင်ရတာလဲ...မောင့်ကိုမချစ်လို့လား"
အနိမ့်သံသုံးပြီးမေးလာတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာအကြောမတင်းနိုင်တော့။ဂျောင်ကုရဲ့ပါးနှစ်ဖက်ကိုကိုင်ပြီး သူ့ထက်အရပ်အနည်းငယိပိုမြင့်တဲ့ဂျောင်ကုရဲ့နဖူးကို ခြေဖျားထောက်၍ညင်ညင်သာသာနမ်းလိုက်ပြီး
"မောင့်ကိုအရမ်းချစ်တာပါမောင်ရယ်"
ထယ်ယောင်းကပြောပြီးတာနဲ့ ဂျောင်ကုရင်ခွင်ထဲတိုးဝင်ပြီး မျက်နှာဖွက်ထားသည်။ဂျောင်ကုကထယ်ယောင်းရဲ့အဖြေကြောင့် သဘောကျစွာပြုံးရင်း ရင်ခွင်ထဲတိုးဝင်လာတဲ့ဝက်ဝံပေါက်လေးကို အတင်းဖက်ထားပြီးခေါင်းလုံးလုံးလေးကိုနမ်းလိုက်သည်။
"မောင်လည်းကိုကို့ကိုအရမ်းချစ်တယ်...ချစ်တယ်ဆိုတဲ့စကားထက်ပိုတယ်...အဲ့ထက်ပိုတဲ့စကားရှိကြောင်းကိုလည်း...မောင့်အပြုအမူတွေနဲ့တစ်ဆင့်သက်သေပြပါ့မယ်...ကိုကိုစောင့်ကြည့်ပေးမယ်မလား"
"အဲ့စကားကရှိလို့လား"
"ကိုကိုစောင့်ကြည့်ပေါ့...ပြီးတော့မောင့်ကိုတင့်တောင်းတင့်တယ်ထားဖို့ကိစ္စကို...ကိုကိုစိတ်မပူလည်းရတယ်...မောင်ကပဲကိုကို့ကိုပြီးပြည့်စုံအောင်ထားမှာ...မောင်ကပဲအကုန်ကြိုးစားသွားမှာ...ကိုကိုအပင်ပန်းခံစရာမလိုပါဘူး...ကိုကို့မိဘတွေဆီကနေမောင်လိုက်တောင်းမှာမို့...ကိုကိုကဒီတိုင်းလေးမောင့်ဘေးမှာရှိနေပေးပါ...ကျန်တာတွေစိတ်မပူပါနဲ့"
မောင်ပြောသမျှကို မောင့်ရင်ခွင်ကိုမှီကာနားထောင်နေရင်း သက်ပျင်းရဲ့ရဲ့လေးချမိသည်။အခုသူတို့အကြောင်းကို မောင့်အဖေကသိပြီးသဘောတူပေမယ့် သူ့မိဘတွေရောအသာတကြည်သဘောတူပါ့မလား?ဆိုတာကိုတွေးရင်းအနာဂတ်အတွက် ရင်မောနေမိသည်။
Kimharu4121992🌵Borahae💜
Zawgyi
"ေဂ်ာင္ဆိုးေရ!!"
မနက္ေဝလီေဝလင္းေနေရာင္မကြဲခင္မွာ အိမ္ေ႐ွ႕ကေနတဆာဆာေအာ္ေခၚေနတဲ့သူငယ္ခ်င္းမဟယ္ဆြန္းေၾကာင့္ သက္ပ်င္းခ်ၿပီးထြက္လာခဲ့ရသည္။႐ြာသားေတြမို႔ မနက္5နာရီဆိုတာနဲ႔ မ်က္လုံးေတြကအက်င့္ပါၿပီးႏိုးေနၿပီျဖစ္၏။သားေတာ္ေမာင္နဲ႔ သားမက္ေလးကေတာ့မႏိုးေသး။
"ဘာလို႔ေအာ္ေနတာလဲ...ျခံထဲဝင္လာလည္းရတာကို"
"အို...နင့္အိမ္မွာဧည့္သည္ေရာက္ေနတယ္ဆို...ငါကဝင္ခ်င္တိုင္းဝင္လာလို႔ရမလား"
ပါးစပ္ကသာေျပာေနေပမယ့္ မ်က္လုံးေတြကအိမ္မႀကီးကိုလွမ္းၾကည့္ေနတဲ့သူငယ္ခ်င္းမေၾကာင့္ သက္ပ်င္းေမာခ်ရင္းေခါင္းခါမိလိုက္သည္။ေဂ်ာင္ကုကီးက သားေလးထယ္ေယာင္းကိုေခၚလာတာ ခုေလာက္ဆိုတစ္႐ြာလုံးသိေလာက္ေရာေပါ့။ဒါကိုမိုးစင္စင္လင္းတာေတာင္မေစာင့္...ခုခ်ိန္ႀကီးလာစပ္စုတာေတာ့လြန္လြန္းတယ္။
"လိုရင္းကိုပဲေျပာစမ္းပါ ဟယ္ဆြန္းရယ္"
ေျပာေတာ့မွ မခ်ိဳမခ်ဥ္ၾကည့္ရဆိုးတဲ့မ်က္ႏွာေပးနဲ႔
"နင့္သားကၿမိဳ႕ကေန...ခပ္ေခ်ာေခ်ာေကာင္ေလးေခၚလာတယ္ဆို...အဲ့ဒါေၾကာင့္ငါတို႔႐ြာက..ဧည့္သည္ေလးကိုႀကိဳဆိုပြဲလုပ္ေပးမလို႔"
"ဟဲ့!...ဘာဆိုင္လို႔ႀကိဳဆိုပြဲလုပ္မွာလဲ"
"ဆိုင္တာေပါ့...ငါတို႔ေဂ်ာင္ကုကီးေလးကိုကူညီေပးထားတာဆို...ငါတို႔တစ္႐ြာလုံးရဲ႕ေက်းဇူး႐ွင္ပဲေပါ့"
အပိုေတြေျပာေနတဲ့ဟယ္ဆြန္းေၾကာင့္ ေခါင္းခါျပလိုက္သည္။မဆိုင္တာေတြလုပ္ၿပီး သားမက္ေလးကိုမ်က္ႏွာမပူေစခ်င္ပါဘူး။
"ငါပဲေက်းဇူးတင္လည္းျဖစ္တယ္...နင္တို႔လုပ္ေပးစရာမလိုပါဘူး"
ဂြၽန္ေဂ်ာင္ဆိုးေျပာေတာ့ သူ႕သူငယ္ခ်င္းမဟယ္ဆြန္းကမ်က္ႏွာငယ္ေလးျဖင့္
"ငါကတစ္႐ြာလုံးကို ပတ္ေျပာၿပီးသြားၿပီ...ခဏေနဟင္းပြဲေတြယူလာၿပီး..နင့္အိမ္ကိုလာေတာ့မွာ"
"ဟာ!...နင္ကေလေတာ္ေတာ္လွ်ာ႐ွည္တာပဲ...ငါ့လာတိုင္ပင္ပါဦးလား!"
ေဒါသထြက္လာတာေၾကာင့္ ေျပာရင္းနဲ႔ေခါင္းကိုဂြက္ခနဲေခါက္လိုက္မိေတာ့သည္။
"အာ့!...နင္..နင္..ငါ့ေခါင္းကိုေခါက္လိုက္တာလား"
အေဒၚႀကီးဟယ္ဆြန္းမွာ လက္တစ္ဖက္ကေခါင္းကိုကိုင္ရင္း က်န္လက္တစ္ကဂြၽန္ေဂ်ာင္ဆိုးကိုလက္ညိႇဳးေငါက္ေငါက္ထိုးရင္းေမးသည္။
"ေအး...လွ်ာ႐ွည္လြန္းတဲ့နင့္ကိုၾကည့္မရေတာ့လို႔!"
"ဒါဆိုလည္းစကားနဲ႔ေျပာေလ!...ေခါက္စရာလိုလို႔လား!!"
"လိုတာေပါ့!...နင္နဲ႔မဆိုင္ပဲဝင္ပါေနတာ..ဘယ္ႏွခါ႐ွိေနၿပီလဲ!!...သူငယ္ခ်င္းမို႔နင့္ကိုသည္းခံေနတာ!!"
"ငါကေစတနာနဲ႔ကူညီတာအေကာင္ရဲ႕!!"
"နင့္ေစတနာေတြမလိုဘူး..လွ်ာ႐ွည္တဲ့ေကာင္မရဲ႕!!"
ျမဴေတြဆိုင္းေနတဲ့မနက္ခင္းမွာ တဆတဆနဲ႔ပိုပိုက်ယ္လာတဲ့စကားမ်ားသံေတြေၾကာင့္ ေဂ်ာင္ကုမွာဆတ္ခနဲႏိုးသြားေတာ့သည္။ခ်က္ခ်င္းျပတင္းေပါက္ဖြင့္ကာထၾကည့္ေတာ့ ျခံေ႐ွ႕ကလာတဲ့အသံျဖစ္၏။ျမဴေတြေၾကာင့္ေသခ်ာမျမင္ရတာမို႔ ဘယ္သူေတြရန္ျဖစ္ေနတာလဲဆိုတာမသိရတာေၾကာင့္ ေအာက္ဆင္းၾကည့္ဖို႔ျပင္ရေတာ့သည္။အဲ့အသံေၾကာင့္ ကိုကိုႏိုးသြားသလားဟု ကိုကို႔အခန္းကိုအသာဖြင့္ၾကည့္ေတာ့ ေကြးေကြးေလးအိပ္ေပ်ာ္ေနတာမို႔ ေတာ္ပါေသးရဲ႕။
ေအာက္ထပ္ေရာက္ေတာ့ေတြ႕ရပါၿပီ...ရန္ျဖစ္စကားမ်ားေနၾကတဲ့အိမ္ရဲ႕ေကြၽးဖခင္နဲ႔ ႐ြာေက်ာ္ႀကီးအန္တီပတ္ခ္ဟယ္ဆြန္းကို။
"ဘာေတြစကားမ်ားေနၾကတာလဲဗ်ာ...က်ဳပ္ကိုကိုအိပ္ေနတုန္းေလ"
"ေဂ်ာင္ကုကီးေလး!!"
ေျပာရင္းနဲ႔ေျပးဖက္လာတဲ့အန္တီဟယ္ဆြန္းေၾကာင့္မ်က္လုံးျပဴးသြားရင္း မနည္းျပန္ထိန္းကာဖက္ထားရသည္။ဒီအပ်ိဳႀကီးက က်ဳပ္ကိုအရမ္းခ်စ္တာေလ..မ႐ွိတဲ့သားအရင္းနဲ႔မျခားကိုခ်စ္ေပးတာ။
"အမယ္ေလး...တစ္ႏွစ္အတြင္းမွာေခ်ာလာလိုက္တာေအ...ဒီအန္တီကိုေရာသတိရရဲ႕လား"
ေခါင္းခါျပလိုက္ေတာ့ တင္ပါးကိုဖတ္ခနဲလာ႐ိုက္သည္။
"လိမ္ေနတာ...ေဂ်ာင္ကုကီးကဒီအန္တီႀကီးကိုသတိမရစရာလား...လိမ္ေနတာမလား"
ထပ္ေမးလာတဲ့ေမးခြန္းကိုျပန္မေျဖပဲ သြားစိၿပီး'ဟီး' လို႔ရယ္ျပလိုက္ေတာ့ သူ႕ပါးႏွစ္ဖက္ကိုလက္ေအးေအးႀကီးနဲ႔လာဆြဲသည္။
"ဘာလို႔အေဖနဲ႔စကားမ်ားေနတာလဲ...အေစာႀကီး႐ွိေသးတာကို"
သူေျပာေတာ့ အန္တီဟယ္ဆြန္းကအေဖ့ဘက္ကိုလွည့္ၿပီး မ်က္ေစာင္းထိုးသည္။
"အန္တီကေလေစတနာနဲ႔...ငါတို႔ေဂ်ာင္ကုကီးေလးကၿမိဳ႕ကေနဧည့္သည္ေခၚလာတယ္ဆိုလို႔...တစ္႐ြာလုံးကိုလိုက္ေျပာၿပီး...ႀကိဳဆိုပြဲေလးလုပ္ေပးမလို႔စီစဥ္ထားတာ...အဲ့ဒါကိုအခုလာအသိေပးတာကို...ေဂ်ာင္ဆိုးကအန္တီ့ေခါင္းကိုေခါက္ၿပီးရန္ေတြ႕ေနတာ"
အန္တီဟယ္ဆြန္းစကားေၾကာင့္ ေလပူေတြမႈတ္ထုတ္ရင္းသက္ပ်င္းခ်လိုက္မိသည္။အေဖေခါက္လည္းေခါက္ခ်င္စရာပါလား?
"အဲ့ေတာ့...ႀကိဳဆိုပြဲကဘယ္လိုလုပ္မွာလဲ"
ဘာပဲေျပာေျပာ သူနဲ႔ကိုကို႔ပတ္သက္မႈကို အားလုံးသိထားေလ ပိုေကာင္းတာမို႔ေမးလိုက္သည္။ထိုႀကိဳဆိုပြဲကေနတစ္ဆင့္ ကိုကို႔ကိုလည္းတစ္႐ြာလုံးနဲ႔မိတ္ဆက္ေပးထားရမယ္။
"တစ္႐ြာလုံးကလူေတြကဟင္းပြဲေတြယူလာၿပီး...ခဏေနျခံထဲကိုလာၾကမယ္တဲ့"
ဝင္ေျဖသူကအန္တီဟယ္ဆြန္းမဟုတ္ပဲ ခပ္ဆတ္ဆတ္အေဖ့အသံျဖစ္သည္။
"မင္းကိုကို႔ကိုႏိႈးၿပီး..သြားျပင္ဆင္ထားေတာ့...မၾကာခင္ေရာက္လာၾကေတာ့မွာ"
"ဟုတ္ကဲ့ အေဖ"
ေဂ်ာင္ကုကအိမ္ထဲကိုခ်က္ခ်င္းျပန္ေျပးဝင္သြားေတာ့ က်န္ခဲ့တာကခုနကစကားမ်ားေနတဲ့ႏွစ္ေယာက္သာ။
"နင္လည္းဟင္းပြဲသြားယူေလ...ဘာလုပ္ေနတာလဲ"
ေဂ်ာင္ဆိုးေမးေတာ့ ဟယ္ဆြန္းကေခါင္းကုပ္ၿပီး ေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္
"ဟို...ငါဘာမွမခ်က္ရေသးဘူး...တစ္႐ြာလုံးကဟင္းပြဲေတြနဲ႔တင္မ်ားေနတာကို...ငါခ်က္စရာမလိုဘူးမလား"
"ဘာမလိုတာလဲ!...ငါ့သားမက္ေလးကစေတာ္ဘယ္ရီႀကိဳက္တယ္...နင့္ျခံထဲကခပ္ႀကီးႀကီးဟာေတြသြားခူးလာခဲ့!"
ေဂ်ာင္ဆိုးကေျပာၿပီးတာနဲ႔ အိမ္ထဲတန္းဝင္သြားၿပီး ျခံတံခါးကိုပါပိတ္သြားသည္။က်န္ခဲ့တဲ့ဟယ္ဆြန္းကေတာ့ သူ႕သူငယ္ခ်င္းေဂ်ာင္ဆိုးေျပာသြားတဲ့ စကားေၾကာင့္ေၾကာင္ေတာင္ေတာင္ျဖစ္က်န္ခဲ့သည္။
"သားမက္ေလး...သားမက္ေလးဆိုေတာ့...ဒီေကာင္ကဘယ္တုန္းကသမီးေမြးထားလဲ...ငါလည္းမသိရပါဘူး...ဒါမွမဟုတ္!..."
ေျပာရင္းနဲ႔ပါးစပ္ကိုလက္နဲ႔ပိတ္လိုက္ၿပီး ေဂ်ာင္ကုတို႔အိမ္ထဲကိုလွမ္းၾကည့္၍
"ေဂ်ာင္ဆိုးကတိတ္တိတ္ပုန္းမယားနဲ႔..သမီးတစ္ေယာက္ရလို႔...ေဂ်ာင္ကုအေမကထြက္သြားတာမ်ားလား...အိုးမိုင္ေဂါ့!...ျဖစ္ႏိုင္တယ္...ဒါေၾကာင့္ဒီအေကာင္ကေဂ်ာင္ကုအေမကိုအလြယ္ေလးကြာ႐ွင္းေပးလိုက္တာကိုး...ဘုရားေရ...သတင္းထူးႀကီးပါလား"
"နင္မျပန္ေသးဘူးလား!!...ပတ္ခ္ဟယ္ဆြန္း!!!"
တစ္ေယာက္တည္းပါးစပ္ကို လက္နဲ႔ပိတ္ကာအံ့ၾသေနတုန္း အိမ္ထဲကေနလွမ္းေအာ္တဲ့ ေဂ်ာင္ဆိုးရဲ႕အသံၿပဲႀကီးေၾကာင့္ ႐ြာလမ္းမႀကီးအတိုင္း ခပ္သုတ္သုတ္ျပန္လာခဲ့ရသည္။
...
ဟင္းပြဲေျမာက္ျမားစြာနဲ႔ ျခံထဲမွာအျပည့္႐ွိေနတဲ့လူေတြေၾကာင့္ ထယ္ေယာင္းမ်က္ႏွာမွာအံ့ၾသမႈအထင္းသား။အားလုံးကသူ႕ကိုၾကည့္ၿပီး ျပဳံးျပေနၾကသည္မို႔ အားလုံးကိုျပန္ျပဳံးျပေတာ့ ဘာကိုသေဘာက်ၾကသည္မသိ...ရယ္ေနၾကသည္။
"ေမာင္...ဒါဘာေတြလဲ"
အနားကေဂ်ာင္ကုရဲ႕အက်ႌစကိုဆြဲၿပီး ခပ္တိုးတိုးေမးေတာ့
"ကိုကို႔အတြက္ႀကိဳဆိုပြဲလုပ္ေပးၾကတာတဲ့...ေမာင္တို႔႐ြာသားေတြကသေဘာေကာင္းတယ္မလား"
"ဟင္!...ႀကိဳဆိုပြဲ...ဘာလို႔လဲ"
ေဂ်ာင္ကု ေၾကာင္ေတာင္ေတာင္ေလးျဖစ္ေနတဲ့ထယ္ေယာင္းကို အသည္းယားလြန္း၍ဆြဲဖ်စ္ညႇစ္ခ်င္ေသာ္လည္း သူတို႔ထံေရာက္ေနတဲ့မ်က္လုံးအစုံေပါင္းမ်ားစြာေၾကာင့္ ႏႈတ္ခမ္းကိုဖိကိုက္၍ ထိန္းလိုက္ရသည္။
"ကိုကိုကေမာင့္ကိုကူညီေပးလို႔ဆိုၿပီး...ခ်စ္လို႔တဲ့...လုပ္ေပးၾကတာ"
"ဪ..."
႐ြာကလူႀကီးေတြေရာ ကေလးနဲ႔ေခြးပါမခ်န္ ေဂ်ာင္ကုတို႔ျခံဝိုင္းထဲမွာေရာက္ေနတာျဖစ္၏။အားလုံးက ႐ြာေက်ာ္ႀကီးစပ္စုစိန္ပတ္ခ္ဟယ္ဆြန္း၏ေဖာက္သည္ခ်မႈေၾကာင့္ ဂြၽန္ေဂ်ာင္ဆိုးရဲ႕ဖြက္ထားတဲ့သမီးကိုေတြ႕ခ်င္ေနၾကတာျဖစ္သည္။ၿပီးေတာ့ေဂ်ာင္ကုေခၚလာတဲ့ၿမိဳ႕သားေလးကလည္း ေခ်ာေခ်ာေလးမို႔အားလုံးမွာ မျမင္စဖူးလိုက္ၾကည့္ေနၾကသည္။
"ကဲ...အားလုံးလည္းစုံၿပီဆိုေတာ့...က်ဳပ္ကပဲမိတ္ဆက္ေပးမယ္...ဒါကေဂ်ာင္ကုကီးကိုဆိုးလ္မွာ...အစစအရာရာကူညီေပးတဲ့သားေလး...နာမည္ကကင္မ္ထယ္ေယာင္းတဲ့...ဆိုးလ္ကနာမည္ႀကီးပုဂၢလိကကိုယ္ပိုင္ေက်ာင္းမွာ ေက်ာင္းဆရာလုပ္ေနတာ...က်ဳပ္သားမက္ျဖစ္မယ့္လူဆိုလည္းမမွားဘူး"
ေဂ်ာင္ကုအေဖကပြင့္ပြင့္လင္းလင္းႀကီးေျပာခ်လိုက္ေတာ့ ထယ္ေယာင္းမ်က္ႏွာကဇီး႐ြက္ေလာက္သာ႐ွိေတာ့သည္။ဒီ႐ြာသားေတြကဒီလိုပဲ ဗြင္းဗြင္းလင္းလင္းေတြလား?ဒါမွမဟုတ္ သူကပဲအ႐ွက္လြန္ေနတာလား?ဆိုတာ ေတြးစရာပင္။
ျခံဝိုင္းထဲကလူေတြအားလုံးက ေဂ်ာင္ကုအေဖရဲ႕စကားသံဆုံးတာနဲ႔ အံ့ၾသသြားၾကေတာ့သည္။လတ္စသတ္ေတာ့ ေဂ်ာင္ကုကီးကေယာက္ဖကိုေခၚတာတာကိုး။
"ကိုကို...ႏႈတ္ဆက္လိုက္ေလ"
ေဂ်ာင္ကုကလက္ကိုအသာဆြဲ၍ ေျပာေတာ့မွထယ္ေယာင္းမွာေခ်ာင္းဟန္႔ၿပီး
"မဂၤလာပါခင္ဗ်...ကြၽန္ေတာ္႕နာမည္ကင္မ္ထယ္ေယာင္းပါ...ဒီလိုႀကိဳဆိုပြဲလုပ္ေပးၾကလို႔ေက်းဇူးတင္ပါတယ္ခင္ဗ်"
ထယ္ေယာင္းစကားဆုံးေတာ့ အားလုံးကလက္ခုပ္တီးၿပီး သူတို႔ယူလာတဲ့ဟင္းပြဲေတြကို ေကာင္းေကာင္းစားေပးဖို႔နဲ႔ စားခ်င္တာ႐ွိရင္ေျပာဖို႔မွာၾကသည္။အေတာ္ေႏြးေထြးလြန္းတဲ့႐ြာဓေလ့ေၾကာင့္ ထယ္ေယာင္းမွာေခါင္းေလးတညိတ္ညိတ္ျဖင့္ျပဳံး႐ႊင္ေနေတာ့သည္။
"ဟဲ့..ေဂ်ာင္ဆိုး...နင္ကသားမက္ေတာ့ျပၿပီး...သမီးက်ေတာ့ဖြက္ထားတယ္ေပါ့"
ဟယ္ဆြန္းစကားေၾကာင့္ ႐ြာသားေတြကေဂ်ာင္ဆိုးကို ဝိုင္းအုံ႔ၿပီးၾကည့္ၾကေတာ့သည္။ဂြၽန္ေဂ်ာင္ဆိုးမွာေတာ့ သူ႕သူငယ္ခ်င္းမေျပာတဲ့စကားကိုနားမလည္တာေၾကာင့္ မ်က္ေမွာင္က်ံဳ႕ေနသည္။
"နင္ဘာေတြေျပာေနတာလဲ ဟယ္ဆြန္း"
"အို!...နင့္သမီးကိုေမးေနတာ...ငါတစ္႐ြာလုံးကိုေသခ်ာ႐ွင္းျပၿပီးသြားၿပီ...အားလုံးကလည္းလက္ခံေပးတယ္...႐ွက္စရာမလိုဘူး...နင့္တိတ္တိတ္ပုန္းသမီးကိုလည္း..ငါတို႔ကခ်စ္ေပးမွာမို႔...တစ္ခါတည္းမိတ္ဆက္ေပးေလ...အားလုံးကေတြ႕ခ်င္ေနၾကတာ...နင့္ႏွယ္ေအ...ထင္ေတာင္မထင္ထားဘူး...သားမက္ေလာင္းရမွငါတို႔ကိုအသိေပးတယ္...ငါတို႔ကႏွိမ္မယ့္လူေတြမွမဟုတ္တာ"
ေဂ်ာင္ကုနဲ႔ထယ္ေယာင္းမွာခုမွသေဘာေပါက္ၿပီး အခ်င္းခ်င္းၾကည့္၍ ျပဳံးစိစိျဖစ္သြားၾကေတာ့သည္။
က်ဳပ္ရဲ႕ေမြးစားအေမကတစ္ကယ္မႏိုင္စိန္။အေဖနဲ႔ေတာ့ တစ္ပြဲတစ္လမ္းႏႊဲၾကဦးမွာပါလား?
"ကိုကို...ေမာင္တို႔အျပင္သြားရေအာင္"
"အားလုံးကကိုကို႔ဆီတကူးတကလာၾကတာေလ...အားနာစရာႀကီး"
"မအားနာနဲ႔...ခဏေနရင္အဲ့လူေတြက ရန္ပြဲကိုဆြဲရေတာ့မွာ...ေမာင္တို႔ေ႐ွာင္ေနတာပိုေကာင္းတယ္"
ေဂ်ာင္ကုေျပာျပတာကိုနားမလည္ေသာ္လည္း ေခါင္းညိတ္၍ေဂ်ာင္ကုေနာက္ကလိုက္သြားလိုက္သည္။ေဂ်ာင္ကုေလးက သူ႕႐ြာသားေတြအေၾကာင္းပိုသိမွာေပါ့ေလ။
ဒီလိုနဲ႔ႀကိဳဆိုပြဲကေန လစ္ထြက္သြားတဲ့ေဂ်ာင္ကုတို႔အတြဲ။က်န္ခဲ့တာကေတာ့ မ်က္ႏွာဆူပုပ္ေနတဲ့ေဂ်ာင္ကုအေဖရယ္ တိတ္တိတ္ပုန္းသမီးကိုအတင္းျပခိုင္းေနတဲ့ ႐ြာေက်ာ္ဟယ္ဆြန္းရယ္ ပြဲၾကည့္ပုရိတ္သတ္႐ြာသားေတြရယ္ျဖစ္သည္။
"နင့္သမီးကိုျပေလဟယ္"
"ေအးေလ...ျပပါေဂ်ာင္ဆိုးရယ္...ငါတို႔လည္းသိခ်င္တာေပါ့"
"ဘယ္႐ြာသူနဲ႔ရတာလဲ...ဟိုဘက္႐ြာကနင့္ငယ္ရည္းစားမီဆြန္းနဲ႔လား"
ဟယ္ဆြန္းေျပာေတာ့ ႐ြာသားေတြကလည္းတစ္ေယာက္တစ္ေပါက္ေအာ္ၾကသည္။ထိုအသံေတြေၾကာင့္ ဂြၽန္ေဂ်ာင္ဆိုးမွာသည္းမခံႏိုင္ေတာ့။မိန္းမဆို ေဂ်ာင္ကုအေမနဲ႔တင္စိတ္ကုန္သြားတာကို..တိတ္တိတ္ပုန္းမယားနဲ႔သမီးေတာင္ေမြးထားတယ္ဆိုေတာ့ ေဒါသကအေတာင့္လိုက္ထြက္လာၿပီေလ။
"ဘာေတြေျပာေနၾကတာလဲ!...က်ဳပ္မွာတိတ္တိတ္ပုန္းမယားေရာ...သမီးေရာမ႐ွိဘူး!...ေဂ်ာင္ကုကီးေခၚလာတဲ့ကင္မ္ထယ္ေယာင္းဆိုတဲ့ကေလးက...ေဂ်ာင္ကုကီးရဲ႕ခ်စ္သူ!...ဒါေၾကာင့္က်ဳပ္သားမက္လို႔ေျပာတာ!!...႐ွင္းၾကၿပီလား!!"
"ေဟ!"
"ဪ...ေဂ်ာင္ကုကီးခ်စ္သူလား!"
ေဂ်ာင္ဆိုး႐ွင္းျပေတာ့မွ ႐ြာသားေတြမွာပါးစပ္အေဟာင္းသားျဖစ္သြားေတာ့သည္။စပ္စုစိန္႐ြာေက်ာ္ႀကီးဟယ္ဆြန္းကေတာ့ ေဂ်ာင္ဆိုးစကားေၾကာင့္ သူမ,မွားၿပီးဆိုတာသိတာမို႔ တိတ္တိတ္ေလးျခံထဲကေနထြက္ဖို႔ျပင္ေတာ့သည္။
"ဟိုလွ်ာ႐ွည္မ!...ဒါဘယ္လဲ!!"
ေဂ်ာင္ဆိုးလွမ္းေအာ္ေတာ့ ျခံျပင္ကိုေျခလွမ္းေနတဲ့ဟယ္ဆြန္းမွာဇတ္ေလးပုဝင္ၿပီး ေနာက္ျပန္လွည့္ၾကည့္၍သြားၿဖဲကာရယ္ျပသည္။
"ငါ...ငါ..ႏြားေတြအစာမေကြၽးရေသးလို႔"
"ေကြၽးမေနနဲ႔!!...နင္ေတာ့ဒီေန႔ေသၿပီသာမွတ္!!"
ေျပာရင္းနဲ႔အနားသို႔ေလွ်ာက္လာၿပီး ဟိုဘက္႐ြာကဆံပင္ညႇပ္ဆိုင္မွာ ေသခ်ာေကာက္ထားတဲ့သူမဆံပင္ေတြကို လာဆြဲတာမို႔
"ဂြၽန္ေဂ်ာင္ဆိုး!...ငါ့ဆံပင္ကိုလႊတ္စမ္း!!...ဒီလိုေကာက္ေကာက္ေလးရဖို႔..ပိုက္ဆံေတြအမ်ားႀကီးအကုန္ခံထားရတာဟဲ့...ၿပီးေတာ့ငါကမသိလို႔ေျပာတာေလ...မဟုတ္ရင္မနာနဲ႔ေပါ့!"
"နင္မသိရင္မေျပာနဲ႔ေလ!!...နင့္ကိုဒါေၾကာင့္ငါငယ္ငယ္တည္းကျပန္မႀကိဳက္တာ...သိပ္အာေခ်ာင္လြန္းတယ္!!"
"ဟဲ့!...နင့္ဘာသာငါ့မႀကိဳက္ရင္မႀကိဳက္ဘူးေပါ့...ခုမွအပိုေတြေျပာမေနနဲ႔!...ငါကေစတနာနဲ႔အကုန္လုံးကိုအသိေပးလိုက္႐ုံပဲ...ငါအာေခ်ာင္ေကာင္းလို႔နင္တို႔တစ္႐ြာလုံးငါ့ေက်းဇူးေၾကာင့္..ဟိုဘက္႐ြာကသတင္းေတြပုံမွန္သိေနတာလည္း ထည့္ေျပာေလ!"
ေျပာရင္းနဲ႔ေဂ်ာင္ဆိုးရဲ႕တိုစိစိဆံပင္ကိုဆြဲရင္း နား႐ြက္ေတြကိုပါလိမ္ဆြဲလာတာမို႔
"အား!!...နင့္လက္ကိုလႊတ္စမ္း!!"
"မလႊတ္ႏိုင္ဘူး!!...နင္ေတာင္ေယာက်ာ္းႀကီးျဖစ္ၿပီး...မိန္းမတစ္ေယာက္ဆံပင္ကိုဆြဲထားေသးတာပဲ!!"
ၾကည့္ေနရင္းပိုပိုဆိုးလာတဲ့ရန္ပြဲေၾကာင့္ ႐ြာသားေတြမွာထိုႏွစ္ေယာက္ကိုဝိုင္းဆြဲရေတာ့သည္။ကေလးေတြကေတာ့ ရန္ပြဲကိုၾကည့္ရင္းရယ္ေမာေနၾကၿပီး လူႀကီးေတြလစ္တာနဲ႔ ထယ္ေယာင္းဖို႔ဆိုၿပီးယူလာေပးတဲ့ဟင္းပြဲေတြကို ႏိႈက္စားၾကေတာ့သည္။
ထိုအရာကိုျမင္တဲ့လူႀကီးတစ္ခ်ိဳ႕က ကေလးေတြကိုလိုက္႐ိုက္ရင္း က်န္လူႀကီးအခ်ိဳ႕ကရန္ပြဲကိုတားရင္းနဲ႔ ဖ႐ိုဖရဲေတြျဖင့္ျခံထဲမွာဆူညံသြားေတာ့သည္။
..
"ဘာအသံေတြလဲ"
႐ြာျပင္ကစိုက္ခင္းေတြဘက္ကိုေလွ်ာက္လာရင္း ေအာ္ဟစ္ဆူညံသံအက်ယ္ႀကီးေတြေၾကာင့္ ထယ္ေယာင္းကအလန္႔တၾကားနဲ႔ေမးေတာ့သည္။ေဂ်ာင္ကုကေတာ့ ေနာက္မွာက်န္ခဲ့တဲ့အိမ္ကိုတစ္ေခါက္ျပန္လွည့္ၾကည့္ၿပီး ေခါင္းခါရင္းရယ္သည္။
"ေမာင္ခုနကေျပာတဲ့ရန္ပြဲကအသံေတြေလ"
"ဟမ္!"
"စိတ္မပူပါနဲ႔...ခဏေနအသံေတြတိတ္သြားလိမ့္မယ္"
ထယ္ေယာင္းမွာ ရန္ပြဲဆိုတဲ့စကားေၾကာင့္ထိတ္လန္႔သြားေသာ္လည္း ေဂ်ာင္ကုကစိတ္မပူဖို႔ေျပာတာမို႔ ေဂ်ာင္ကုဆြဲေခၚရာေနာက္ကိုသာလိုက္သြားလိုက္သည္။
"ဘြန္းဘြန္း...ဒီကိုလာခဲ့!"
မေန႔ကေတြ႕ခဲ့တဲ့ႏြားညိဳႀကီးကို လက္ယက္ေခၚေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းလက္ဖ်ားေတြေအးစက္လာၿပီး ေဂ်ာင္ကုေနာက္မွာဝင္ပုန္းေတာ့သည္။
'မူး!!!'
"လာ...မင္းကိုငါ့ကိုကိုနဲ႔မိတ္ဆက္ေပးမယ္"
အနားေရာက္လာတဲ့ဘြန္းဘြန္းေခါင္းကိုပြတ္သပ္ေပးရင္း ေနာက္မွာပုန္းေနတဲ့ကိုကို႔လက္ေလးကိုဆြဲ၍ ေဘးမွာအတင္းရပ္ခိုင္းရသည္။
"ကိုကိုေၾကာက္တယ္ေလ"
"ေမာင္တစ္ေယာက္လုံး႐ွိေနတာပဲ...မေၾကာက္ပါနဲ႔"
"ဒါေပမယ့္..."
ေဂ်ာင္ကုကထယ္ေယာင္းလက္တစ္ဖက္ကိုအတင္းဆြဲ၍ ဘြန္းဘြန္းေခါင္းေပၚတင္ေပးသည္။ထယ္ေယာင္းမွာ ခ်ိဳအႀကီးႀကီးနဲ႔ႏြားညိဳႀကီးေၾကာင့္ အသက္႐ႈသံေတြရပ္သြားမတတ္ေၾကာက္လန္႔ၿပီး က်န္တဲ့လက္တစ္ဖက္ကေဂ်ာင္ကုအေႏြးထည္ကိုက်စ္က်စ္ပါေအာင္ကိုင္ထားသည္။
"ဘြန္းဘြန္းလို႔ေခၚၿပီး...ေခါင္းပြတ္ေပးလိုက္ေနာ္"
"ေၾကာက္တယ္လို႔...ယီးပဲ"
ေၾကာက္တယ္ဆိုၿပီးမ်က္ႏွာ႐ႈံ႕မဲ့ကာဆဲတဲ့ကိုကိုေၾကာင့္ ေအာ္ရယ္မိေတာ့သည္။က်ဳပ္ကိုကိုက သိပ္အဆဲသန္တာပဲ။ဒီအဆဲသန္ေလးကိုပဲ က်ဳပ္မွာခ်စ္မဝျဖစ္ေနရတာ။
က်ဳပ္ခ်စ္သူရဲ႕ဆဲသံေလးက ဒီကမ႓ာမွာနားဝင္အခ်ိဳဆုံးပဲ။
ဘြန္းဘြန္းေခါင္းကိုပြတ္သပ္ေပးေနရင္း အခ်ိန္နည္းနည္းၾကာေတာ့ ဘြန္းဘြန္းကထယ္ေယာင္းလက္ထဲကိုပိုၿပီးေခါင္းတိုးဝင္ရင္း ရင္ဘတ္နားထိတိုးဝင္လာေတာ့ ထယ္ေယာင္းမွာမေၾကာက္ေတာ့ပဲ ရင္ဘတ္နားကယားက်ိက်ိအထိအေတြ႕ေၾကာင့္ တစ္ခစ္ခစ္ရယ္သံေတြပလုံစီေအာင္ထြက္လာေတာ့သည္။
"မေၾကာက္ေတာ့ဘူးမလား"
"အင္း...ဘြန္းဘြန္းကခ်စ္ဖို႔ေကာင္းသားပဲ"
ထယ္ေယာင္းမွာ ဘြန္းဘြန္းလည္ပင္းကခ်လူအႀကီးကိုထိေတြ႕ရင္း နား႐ြက္အႀကီးႀကီးေတြကိုလႈပ္ယမ္း၍ ေဆာ့ကစားေနသည္။
"ဘြန္းဘြန္း...ထိုင္ခ်လိုက္"
ေဂ်ာင္ကုေျပာတာနဲ႔ ဘြန္းဘြန္းဆိုတဲ့ႏြားညိဳႀကီးကအမိန္႔နာခံစြာ ခ်က္ခ်င္းထိုင္ခ်သည္။
"ဘာလို႔ထိုင္ခိုင္းတာလဲ"
"ကိုကို႔ကိုစီးခိုင္းမလို႔"
ေဂ်ာင္ကုကေျပာရင္းနဲ႔ ထယ္ေယာင္းကိုခါးကေနပင့္မရင္း ဘြန္းဘြန္းေပၚကိုတင္ေပးေတာ့ ထယ္ေယာင္းမွာအလန္႔တၾကားျဖင့္ေဂ်ာင္ကုအက်ႌစကို မလႊတ္တမ္းကိုင္ထားေတာ့သည္။
"ကိုကိုမစီးရဲဘူး...ေၾကာက္တယ္"
"ေမာင္ေဘးမွာ႐ွိေနတယ္ေလ...ဘြန္းဘြန္းထေတာ့"
ေဂ်ာင္ကုေျပာလိုက္တာနဲ႔ ဘြန္းဘြန္းကမတ္တပ္ရပ္လိုက္တာမို႔ ထယ္ေယာင္းမွာပိုလန္႔သြားေတာ့သည္။
"အေမ့!...အျမင့္ႀကီးပဲ!!"
ဘြန္းဘြန္းကအေတာ္ထြားတဲ့ႏြားႀကီးမို႔ ႏြားေပၚကထယ္ေယာင္းမွာေဂ်ာင္ကုထက္ကိုယ္တစ္ဝက္စာေလာက္ျမင့္သြားရသည္။
"ကိုကိုေၾကာက္ရင္...ေမာင့္လက္ကိုကိုင္ထားေလ"
"အင္း"
ဒီလိုနဲ႔ပဲ ဘြန္းဘြန္းကိုစီးၿပီးေမာင့္လက္ကိုကိုင္၍ ေမာင္ေခၚသြားတဲ့႐ြာထိပ္ကဆည္ကိုသြားၿပီး ႐ႈခင္းၾကည့္ကာဓါတ္ပုံ႐ိုက္ၾကသည္။ၿပီးတာနဲ႔ ႏွစ္ေယာက္သားဘြန္းဘြန္းကိုတက္စီးၿပီး ႐ြာအျပင္လမ္း႐ိုးအတိုင္းျပန္လာခဲ့ၾကသည္။ျမင္းမဟုတ္ပဲႏြားစီးရတာ ေပ်ာ္ဖို႔ေကာင္းတာေတာ့အမွန္ပဲ။႐ြာဓေလ့နဲ႔ညီတဲ့ ႐ိုမန္႔တစ္ေလးေပါ့ေလ။
...
ေဂ်ာင္ကုတို႔႐ြာက႐ြာဆိုေသာ္ျငား ႐ြာနဲ႔မတူပဲအေတာ္တိုးတက္တဲ့အထဲတြင္ပါၿပီး ၿမိဳ႕ငယ္ေလးလိုျဖစ္သည္။စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးကို အဓိကလုပ္ကိုင္ၾကၿပီး တစ္႐ြာလုံးကလူခ်မ္းသာေတြခ်ည္းပင္။႐ြာမွာအထက္တန္းေက်ာင္းနဲ႔ ေဆး႐ုံလည္း႐ွိသည္။ေလး႐ြာေပါင္းၿပီးစုေရာင္းတဲ့ ေစ်းအႀကီးႀကီးလည္း႐ွိသည္။
ေဂ်ာင္ကုက ထယ္ေယာင္းလက္ကိုဆြဲ၍ သူငယ္ငယ္တည္းကတက္ခဲ့တဲ့ေက်ာင္းနဲ႔ ႐ြာရဲ႕အထင္ကရေနရာေတြကိုလိုက္ျပသည္။အနီေရာင္မီးျပတိုက္႐ွိတဲ့႐ြာအလြန္က ပင္လယ္ေသးေသးေလးကိုလည္း ဆိုင္ကယ္ျဖင့္လိုက္ျပသည္။သေဘာေကာင္းၿပီး ေ႐ွး႐ိုးမစြဲတဲ့႐ြာသားေတြကလည္း သူတို႔ႏွစ္ဦးရဲ႕အခ်စ္ကိုကဲ့ရဲ႕႐ႈံ႕ခ်ျခင္းမ႐ွိပဲ ထယ္ေယာင္းကိုခ်စ္ေပးၾကၿပီး ေန႔တိုင္းစားစရာေတြလာပို႔ေပးတတ္ၾကသည္။ထယ္ေယာင္းကေတာ့ သူ႕အားလပ္ရက္မွာေဂ်ာင္ကုနဲ႔အတူ ဒီလိုျဖတ္သန္းရတာကို ေပ်ာ္႐ႊင္ေနသည္။
"ေမာင္...ကိုကိုေလ ဒီ႐ြာမွာေနရတာသိပ္ေပ်ာ္တာပဲ"
အေလ့က်ေပါက္ေလ့႐ွိတဲ့႐ြာလမ္းမႀကီးထက္က အဝါေရာင္ပန္းေတြကို ထယ္ေယာင္းကထိေတြ႕ရင္းနဲ႔ေျပာလာသည္။
"ဒါဆို...ဆိုးလ္မျပန္ေတာ့ပဲ...ေမာင္တို႔ဒီမွာပဲေနၾကရေအာင္"
"အဲ့လိုလုပ္လို႔ေတာ့ဘယ္ရမလဲ...ေမာင္လည္းတကၠသိုလ္ဆက္တက္ရဦးမယ္ေလ...ကိုကိုလည္းအလုပ္ႀကိဳးစားၿပီး...ေမာင့္ကိုတင့္ေတာင္းတင့္တယ္ထားႏိုင္ဖို႔...ပိုက္ဆံစုရဦးမယ္...ဒါမွအေဖကေမာင့္ကို..ကိုကိုလက္ထဲထည့္မွာေပါ့"
ေဂ်ာင္ကုမွာ ထယ္ေယာင္းရဲ႕ခ်စ္စဖြယ္အေတြးေလးေၾကာင့္ ေခါင္းေမာ့ကာေအာ္ရယ္မိသည္။ထယ္ေယာင္းဆီကခပ္ေဆြေဆြအၾကည့္ကိုရေတာ့မွ ရယ္ေနတာကိုအ႐ွိန္သတ္လိုက္ရသည္။
"က်ဳပ္ကိုကိုက..သိပ္ကိုခ်စ္ဖို႔ေကာင္းေနေတာ့တာဗ်ာ..ဒီေမာင္ေတာ့႐ူးၿပီးရင္း႐ူးရခ်ည္ရဲ႕"
ေဆြၾကည့္ေနတဲ့ကိုကို႔ကို ရင္ခြင္ထဲအတင္းထည့္ၿပီးဖက္ေတာ့ ပြစိပြစိနဲ႔ေရ႐ြတ္သံတိုးတိုးကို ၾကားရသည္။သူကအေလးအနက္ထားၿပီးေျပာေနတာကို ရယ္ရမလားဆိုၿပီးဗိုက္ေခါက္ကိုလည္း လိမ္ဆြဲေသးတာ။ႂကြက္သားေျမာင္းေတြ႐ွိတဲ့ဗိုက္ေၾကာင့္လိမ္ဆြဲမရေတာ့ ပိုေဒါသထြက္ကာရင္ခြင္ထဲက႐ုန္းထြက္ၿပီး ေခါင္းကိုေခါက္လိုက္သည္မွာဂြက္ခနဲ။
"ကိုကိုကလည္း...ေမာင္နာသြားၿပီ"
ေခါင္းကိုပြတ္ၿပီးမ်က္ႏွာမဲ့ကာေျပာေတာ့ ကိုကိုကစိုးရိမ္သြားသည့္ႏွယ္..ခ်က္ခ်င္းသူ႕ေခါင္းကိုလာပြတ္ေပးၿပီး 'ကိုကိုေတာင္းပန္ပါတယ္' တဲ့။
"ေမာင့္ကိုခ်စ္လား"
ခ်စ္လားလို႔ေမးတိုင္း ရဲတက္သြားတဲ့စေတာ္ဘယ္ရီေရာင္မ်က္ႏွာေလးက ခုခ်ိန္ထိမေျပာင္းလဲေသးေပ။
"မခ်စ္ရင္ ဒီထိလိုက္လာမလားကြာ"
"ခ်စ္လားပဲေမးတာေလကိုကိုရာ...မဆိုင္တာေတြမေျဖနဲ႔...ခ်စ္တယ္လို႔ေျဖ"
"ဗိုက္ဆာလိုက္တာ"
ေမးတာကိုမေျဖပဲစကားလမ္းေၾကာင္းလႊဲကာ အျပစ္မ႐ွိတဲ့ပန္းဝါဝါေတြကိုလိုက္ခူးေနတဲ့ကိုကိုေၾကာင့္ ခႏၶါကိုယ္ေသးေသးေလးကိုသူ႕ဘက္သို႔ဆြဲလွည့္လိုက္သည္။
"ဘာလို႔ခ်စ္တယ္လို႔မေျဖခ်င္ရတာလဲ...ေမာင့္ကိုမခ်စ္လို႔လား"
အနိမ့္သံသုံးၿပီးေမးလာတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာအေၾကာမတင္းႏိုင္ေတာ့။ေဂ်ာင္ကုရဲ႕ပါးႏွစ္ဖက္ကိုကိုင္ၿပီး သူ႕ထက္အရပ္အနည္းငယိပိုျမင့္တဲ့ေဂ်ာင္ကုရဲ႕နဖူးကို ေျခဖ်ားေထာက္၍ညင္ညင္သာသာနမ္းလိုက္ၿပီး
"ေမာင့္ကိုအရမ္းခ်စ္တာပါေမာင္ရယ္"
ထယ္ေယာင္းကေျပာၿပီးတာနဲ႔ ေဂ်ာင္ကုရင္ခြင္ထဲတိုးဝင္ၿပီး မ်က္ႏွာဖြက္ထားသည္။ေဂ်ာင္ကုကထယ္ေယာင္းရဲ႕အေျဖေၾကာင့္ သေဘာက်စြာျပဳံးရင္း ရင္ခြင္ထဲတိုးဝင္လာတဲ့ဝက္ဝံေပါက္ေလးကို အတင္းဖက္ထားၿပီးေခါင္းလုံးလုံးေလးကိုနမ္းလိုက္သည္။
"ေမာင္လည္းကိုကို႔ကိုအရမ္းခ်စ္တယ္...ခ်စ္တယ္ဆိုတဲ့စကားထက္ပိုတယ္...အဲ့ထက္ပိုတဲ့စကား႐ွိေၾကာင္းကိုလည္း...ေမာင့္အျပဳအမူေတြနဲ႔တစ္ဆင့္သက္ေသျပပါ့မယ္...ကိုကိုေစာင့္ၾကည့္ေပးမယ္မလား"
"အဲ့စကားက႐ွိလို႔လား"
"ကိုကိုေစာင့္ၾကည့္ေပါ့...ၿပီးေတာ့ေမာင့္ကိုတင့္ေတာင္းတင့္တယ္ထားဖို႔ကိစၥကို...ကိုကိုစိတ္မပူလည္းရတယ္...ေမာင္ကပဲကိုကို႔ကိုၿပီးျပည့္စုံေအာင္ထားမွာ...ေမာင္ကပဲအကုန္ႀကိဳးစားသြားမွာ...ကိုကိုအပင္ပန္းခံစရာမလိုပါဘူး...ကိုကို႔မိဘေတြဆီကေနေမာင္လိုက္ေတာင္းမွာမို႔...ကိုကိုကဒီတိုင္းေလးေမာင့္ေဘးမွာ႐ွိေနေပးပါ...က်န္တာေတြစိတ္မပူပါနဲ႔"
ေမာင္ေျပာသမွ်ကို ေမာင့္ရင္ခြင္ကိုမွီကာနားေထာင္ေနရင္း သက္ပ်င္းရဲ႕ရဲ႕ေလးခ်မိသည္။အခုသူတို႔အေၾကာင္းကို ေမာင့္အေဖကသိၿပီးသေဘာတူေပမယ့္ သူ႕မိဘေတြေရာအသာတၾကည္သေဘာတူပါ့မလား?ဆိုတာကိုေတြးရင္းအနာဂတ္အတြက္ ရင္ေမာေနမိသည္။
Kimharu4121992🌵Borahae💜
There are no comments yet. Log in to be the first to leave a review!





