16
13:10, 27 November 2023"ကျုပ်ပြန်ရောက်ပြီ"
ခြံထဲကကွပ်ပျစ်မှာ ငွေဝင်ငွေထွက်စာရင်းတွေတွက်နေတုန်း ခြံရှေ့ကကြားလိုက်ရတဲ့အသံကြောင့် မျက်မှန်ကိုချွတ်ပြီးကြည့်လိုက်တော့ တွေ့ရပါပြီ..တစ်နှစ်လောက်ပြေးသွားတဲ့အိမ်ပြေးလေးကို။ဆိုးလ်ရောက်သွားလို့ထင်...အသားတွေတောင်ပိုဖြူလာသလို။လွယ်အိတ်အကြီးကြီးကိုလွယ်ထားပြီး အနက်ရောင်အနွေးထည်ထူထူရှည်ရှည်ကို ဝတ်ထားသည်။မျက်နှာထားကတော့ အပြစ်လုပ်ထားတဲ့လူမဟုတ်တဲ့အတိုင်း ခပ်တင်းတင်း။သူ့အမေအကျင့်တွေနဲ့ တထေရာတည်း။
"ကျုပ်ပြန်ရောက်ပြီလေ...အဖေပဲပြန်လာခဲ့ဆို"
ဂျောင်ကုက ဘုတ်ဆတ်ဆတ်ဖြင့်ပြောတော့
"ခွေးမသားလေး!...နောက်ဆုံးတော့ပြန်လာပြီပေါ့"
သူ့ဆီကိုပြေးလာတဲ့အဖေကြောင့် အရင်ဆုံးလက်နဲ့ကာပြလိုက်သည်။အဖေ့အကြောင်းကိုနောကျေနေပြီမို့ သူ့ကိုလာကန်တာဆိုတာသိတာပေါ့။သူလက်ကာပြလိုက်တော့ အဖေကကန်မယ့်ခြေထောက်ကိုပြန်ရုတ်ပြီး ဘာလဲဆိုတဲ့သဘောဖြင့်မေးဆတ်ပြသည်။
"ကျုပ်ကိုကန်ချင်ရင် နောက်မှကန်...ကျုပ်ကိုကိုလည်းပါတယ်...သူလန့်သွားလိမ့်မယ်"
ဂျွန်ဂျောင်ဆိုးမှာ သားဖြစ်သူရဲ့စကားတွေကိုနားမလည်ဖြစ်နေတုန်း သားရဲ့အနောက်ကနေ ကောင်လေးတစ်ယောက်ကကုပ်ကုပ်လေးထွက်လာသည်။သူ့ကိုမြင်တော့ ကြောက်လန့်နေသလိုမျက်နှာပေးနဲ့ သွားစိပြီး'မင်္ဂလာပါ ဦးလေး' လို့နှုတ်ဆက်တာမို့ တည်တင်းနေတဲ့မျက်နှာထားကိုပြန်ပြင်ပြီး ပြုံး၍ ပြန်နှုတ်ဆက်လိုက်သည်။ထိုတော့မှ ထိုကောင်လေးမှ လေးထောင့်ဆန်ဆန်အပြုံးကြီးကြီးဖြင့် အေးအေးလူလူထပ်ပြုံးပြတော့သည်။
"ဧည့်သည်ပါလာတာပဲ...ဝင်လေ"
"ဧည့်သည်မဟုတ်ဘူး...ကျုပ်ကိုကို...အဖေ့သားမက်ဖြစ်မယ့်လူ"
"ဟေ!"
ဂျောင်ကုစကားကြောင့် အဖေဖြစ်သူမှာနေရာထိုင်ခင်းပြင်ပေးနေရင်း ပါးစပ်အဟောင်းသား။ထယ်ယောင်းကလည်း စရောက်ရောက်ချင်း အကုန်ပြောပြလိုက်တဲ့ဂျောင်ကုကြောင့် ချောင်းတွေထဆိုးပြီးဂျောင်ကုလက်ကိုအနောက်ကနေ ဆွဲဆိတ်တော့သည်။
"ဟို...ဟိုလေ...ကျွန်တော်ကဂျောင်ကုလေးနဲ့တူတူ..ဆိုးလ်မှာနေတဲ့တစ်ယောက်ပါ...ခုကျတော့ဂျောင်ကုလေးရဲ့...ရည်း...ရည်းစားဖြစ်သွားတာပါ"
ထယ်ယောင်းအသံကတိုးညှင်းပြီးတော့ ထစ်အနေသည်။လက်ချောင်းတွေကိုပွတ်သပ်နေပြီး မျက်ဝန်းညိုတွေကလည်းတောင်ကြည့်မြောက်ကြည့်ဖြင့်။ဂျောင်ကုအဖေကိုရင်မဆိုင်ရဲပဲ မျက်နှာရဲ၍ရှက်နေတော့သည်။ဂျောင်ကုဖခင်ကတော့ ထယ်ယောင်းပြောတာကိုနားထောင်ပြီး ဂျောင်ကုမျက်နှာကိုကြည့်နေသည်။ဂျွန်အိမ်က'မိမနိုင်ဖမနိုင်လေး'က အမေကိုရှာမယ်ဆိုပြီးထွက်သွားတာ ပြန်လာတော့ရည်းစားပါခေါ်လာတာပဲ။
"ကျုပ်တို့ကိုခွဲဖို့မကြိုးစားနဲ့နော်...ကျုပ်ကိုကိုနဲ့မခွဲနိုင်ဘူး"
ဂျောင်ကုက ထယ်ယောင်းလက်ကိုတင်းတင်းကိုင်ပြီးပြောတော့ အဖေဖြစ်သူဂျွန်ဂျောင်ဆိုးရဲ့မျက်နှာမှာ အမြင်ကပ်မှုတွေကတဖွဲသား။
"တော်တယ်...မင်းအရမ်းတော်တယ်ဂျောင်ကုကီး...သားမက်ခေါ်လာပေးလို့ အရမ်းကျေးဇူးတင်တယ်...ချွေးမသာခေါ်လာရင်..မင်းရောမင်းဟာမကိုပါ ရွာပြင်ထိလိုက်ရိုက်ထုတ်မလို့တွေးထားတာ..မိန်းမတွေများဘာကောင်းတာမှတ်လို့"
အမေကိုအတော်မုန်းသွားတဲ့အဖေက အမေထွက်သွားတဲ့နေ့ကစပြီး 'မ'မုန်းတီးရေးဝါဒီကိုစကျင့်သုံးခဲ့တာမို့ သူနဲ့ကိုကို့ကိုလက်ခံပေးတာဖြစ်မည်။တော်ပါသေးရဲ့...အဖေသဘောမတူမှာကိုစိုးရိမ်နေခဲ့တာ။သဘောမတူလည်း ကိုကို့လက်ကိုဆွဲပြီးပြန်ဖို့တွေးထားပြီးသားပါ။ခုလိုသဘောတူပေးတော့ နှစ်ဆပျော်ရတော့တာပေါ့။
"ဒီကလေးက...ဆိုးလ်မှာမင်းနေတဲ့အိမ်ကကလေးပေါ့...အသက်တူတူပဲလား"
ဂျောင်ကုအဖေစကားကြောင့် ထယ်ယောင်းမျက်နှာကပြုံးစိစိ။အခုသူ့ကိုဂျောင်ကုနဲ့ရွယ်တူလိုပြောလိုက်တာမလား?သူကအဲ့လောက်တောင်နုတယ်ပေါ့။ယောက္ခထီးကြီးကို ခုတည်းကအမှတ်100အပြည့်ပေးလိုက်ပြီ။
"ဘယ်ကသာ...ကျုပ်ကိုကိုကကျောင်းဆရာ...ကျုပ်ထက်7နှစ်တောင်ကြီးတယ်...ဒါကြောင့်ကိုကိုလို့ခေါ်တာ"
"အော်...အဲ့လိုလား...ပိုကောင်းသွားတာပေါ့...မင်းကိုထိန်းကျောင်းမယ့်လူလိုနေတာနဲ့အတော်ပဲ...နာမည်ဘယ်လိုခေါ်လဲ သားလေးက"
"ကျွန်တော့်နာမည် ကင်မ်ထယ်ယောင်းပါဦးလေး"
ထယ်ယောင်းက ပြုံးရွှင်ပြီးရည်ရည်မွန်မွန်ပြောပြတော့ ဂျွန်ဂျောင်ဆိုးမျက်နှာမှာပြုံးယောင်သမ်းသွားသည်။ဒီလိုကျတော့လည်း သူ့သားကဘယ်ဆိုးလို့လဲ?ရည်ရည်မွန်မွန်နဲ့ အလုပ်အကိုင်ကောင်းကောင်းရှိတဲ့ကောင်လေးကို ခေါ်လာတာပဲ။လူရွေးတာတော့ သူ့ထက်တော်တယ်ပြောရမယ်။
"ဦးလေးလို့မခေါ်နဲ့...မောင်ခေါ်သလိုအဖေလို့ပဲခေါ်ပါ"
ဂျောင်ကုရဲ့သူ့ကိုယ်သူ 'မောင်' ဆိုပြီးသုံးနှုန်းလိုက်တဲ့အခေါ်အဝေါ်ကြီးကြောင့် ရေနွေးသောက်နေတဲ့ဂျွန်ဂျောင်ဆိုးမှာ ထသီးတော့သည်။ခွေးမသားလေးကတော့ နားကြားမြင့်ကပ်စရာတွေလုပ်နေတော့တာ။သူလည်း ဂျောင်ကုအမေနဲ့တုန်းက ကိုယ့်ကိုယ်ကို 'မောင်' လို့သုံးခဲ့တာကို သတိရတော့ ချက်ချင်းခေါင်းခါပြီး ဖိတ်ကျသွားတဲ့ရေနွေးတွေကို လက်သုတ်ပုဝါနဲ့ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
"အဟွန်း...ဂျောင်ကုကီးခေါ်သလို အဖေလို့ပဲခေါ်ပါ သားလေးထယ်ယောင်း"
နွေးနွေးထွေးထွေးပြောလာတဲ့ဂျောင်ကုအဖေ့ကြောင့် ထယ်ယောင်းပြုံးလိုက်သည်။ဂျောင်ကုလေးရဲ့နွေးထွေးတဲ့အမူအကျင့်တွေက ဖခင်ဖြစ်သူဆီကလက်ဆင့်ကမ်းလာတာဖြစ်မယ်။
"ဟုတ်ကဲ့...အ..အဖေ"
ထယ်ယောင်းက ဂုတ်ပိုးကိုပွတ်ပြီးအရှက်သည်းစွာပြောတော့ ဂျွန်ဂျောင်ဆိုးနဲ့ဂျွန်ဂျောင်ကုတို့သားအဖနှစ်ယောက်လုံး မှိုရသလိုမျက်နှာထားတွေဖြစ်ကုန်တော့သည်။
"မောင့်ကိုကိုက ချစ်စရာလေးဗျာ"
ပြောရင်းနဲ့ပါးကိုနမ်းလိုက်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းရော ဂျောင်ကုအဖေပါမျက်နှာတွေရဲတက်သွားသည်။
"ယီး!...မင်းအဖေကအရှေ့မှာနော်...ငါမဆဲချင်ဘူး"
မဆဲချင်ဘူးဆိုပြီး သူ့အနားသို့ကပ်ကာတိုးတိုးလေးဆဲသွားတဲ့ကိုကိုကြောင့် ဂျောင်ကုမှာနှာခေါင်းရှုံ့ပြီးရယ်မိတော့သည်။ဒါကိုကြည့်နေတဲ့ဂျွန်ဂျောင်ဆိုးကတော့ မျောက်အုန်းသီးရသလိုဖြစ်နေတဲ့သားမျက်နှာကိုကြည့်ပြီး စိတ်ပျက်နေပုံပေါ်သည်။
'မူး!!!'
အော်သံအကျယ်ကြီးနဲ့အတူ သူတို့ရှိရာသို့ပြေးလာတဲ့ ချိုကားကားနဲ့အမွေးပွပွနွားအညိုကြီးကြောင့် ထယ်ယောင်းမျက်စိတွေပြူးကျယ်သွားပြီး ဂျောင်ကုအနောက်မှာပြေးပုန်းတော့သည်။ဂျောင်ကုကတော့ လက်နှစ်ဖက်ကိုဆန့်တန်းပြီးပြုံးရွှင်နေသည်။
"ဘွန်းဘွန်း!!...မင်းငါ့ကိုမှတ်မိသေးတယ်ပေါ့"
'မူး!!!'
ဂျောင်ကုနားကိုရောက်လာပြီး ရင်ဘတ်ကိုနှာခေါင်းဖြင့်ထိုးနေတဲ့ဘွန်းဘွန်းဆိုတဲ့နွားကြီးက သခင်ကိုခုမှပြန်တွေ့ရသည်ကြောင့် မျက်ရည်တွေရွှဲပြီးခေါင်းထိုး၍ အတင်းပွတ်သပ်ခိုင်းသည်။ဂျောင်ကုရယ်သံတွေက ခြံတစ်ခုလုံးကိုလွှမ်းသွားပြီးတခစ်ခစ်ဖြင့်။ဂျောင်ကုနောက်ကထယ်ယောင်းကတော့ နွားအညိုကြီးကိုကြောက်တာကြောင့် ဂျောင်ကုအနွေးထည်ကိုကျစ်ကျစ်ဆုပ်ထားပြီး အနောက်ကနေခေါင်းလေးပြူကာကြည့်နေသည်။ဘယ်လောက်တောင်ကြောက်သွားသလဲဆိုရင် ထယ်ယောင်းမျက်နှာလေးကဖြူဖျော့သွားသည်အထိပင်။
"မင်းကိုမတွေ့ရတော့ဘူးထင်နေတာ...ငါမင်းကိုအရမ်းလွမ်းနေတာဘွန်းဘွန်း"
"ခွေးမသားလေး!...အဲ့လောက်ချစ်နေရင်မင်းဘာကိစ္စနဲ့...ဟိုဘက်ရွာကယူဂျယ်ဆော့ကိုသွားရောင်းစားခဲ့သေးလဲ"
အဖေက သူ့ခေါင်းကိုဂွက်ခနဲလာခေါက်ရင်းပြောသည်။သူကလည်းသူပဲ..အမေ့ကိုမြို့တက်ရှာမယ်ဆိုပြီး ဘွန်းဘွန်းကိုဟိုဘက်ရွာက ငွေတိုးချေးစားတဲ့ယူဂျယ်ဆော့ဆိုတဲ့လူဆီ ရောင်းစားခဲ့တာလေ။ငွေလိုနေတာမို့ ပေါက်စျေးထက်အများကြီးစျေးနှိမ်ရောင်းခဲ့သေးတာ။ကြည့်ရတာ အဖေသွားပြန်ဝယ်လိုက်တာထင်တယ်။
"အဖေ ဘွန်းဘွန်းကိုသွားပြန်ဝယ်ထားတာလား"
"ငါမဝယ်လို့ ဘယ်ကောင်ကသွားဝယ်မှာလဲ...သိန်း80လောက်တန်တဲ့နွားကို သိန်း20နဲ့ရောင်းစားသွားတဲ့ငတုံးကြောင့်...ငါ့မှာချက်ချင်းအထုပ်ဆွဲပြီးသွားပြန်ဝယ်ထားရတာကွ...ဒါတောင်ဟိုလူကမရောင်းဘူးဆိုလို့...10သိန်းအပိုဆောင်းပေးခဲ့ရသေးတယ်"
"တော်သေးတာပေါ့ဗျာ...ကျုပ်မှာဘွန်းဘွန်းကိုဆုံးရှုံးရပြီထင်နေတာ"
ဂျောင်ကုမှာ ဘွန်းဘွန်းဆိုတဲ့နွားညိုကြီးကိုဖက်ပြီးပြောတော့ အဖေဖြစ်သူကခြေထောက်ကို ခပ်ဖွဖွကန်လိုက်သည်။သားလေးတစ်ယောက်ရှိပါတယ်..မွှေလိုက်တာဆိုတာ လက်ရောခြေပါမြှောက်ပြီး အရှုံးပေးရတယ်။
"ကဲ...မင်းနွားကိုလွှတ်လိုက်...သားလေးထယ်ယောင်းနားဖို့ စီစဥ်ပေးလိုက်ဦး"
ဂျောင်ကုမှာ အဖေပြောမှသတိရပြီး ဘွန်းဘွန်းကိုဖက်ထားတာလွှတ်၍ ထယ်ယောင်းကိုလှည့်ကြည့်တော့သည်။အိမ်နံရံနားမှာကပ်နေတဲ့ကိုကိုက ဘွန်းဘွန်းကိုကြောက်လို့ထင်တယ်..ခန္ဓါကိုယ်လေးကိုကျုံ့ပြီး ထိုင်နေတာ။နောက်နေ့မှဘွန်းဘွန်းနဲ့ရင်းနီးအောင်မိတ်ဆက်ပေးရမယ်။ဘွန်းဘွန်းကို ကိုကိုလည်းချစ်မှာပါ။
"ဘွန်းဘွန်းရေ...မင်းသခင်ငါက ရည်းစားရသွားပြီကွ..ဟိုမှာထိုင်နေတာတွေ့လား...အဲ့ဒါငါ့ကိုကိုပဲ..အရင်လိုမင်းနဲ့ လေလွင့်စရာမလိုတော့ဘူး"
ဘွန်းဘွန်းကို တိုးတိုးကပ်ပြီးပြောတော့ ဘွန်းဘွန်းကနားလည်တယ်ထင်...ကိုကို့ဘက်ကိုလှည့်ပြီး'မူး' ဟုအော်သည်။ထိုအော်သံကြီးကြောင့် ကိုကိုကပိုကြောက်ပြီး အဖေ့နောက်ကိုပြေးလိုက်သွားတော့သည်။
"ကိုကို!...မောင့်ကိုစောင့်ဦးလေ!!"
အဖေအနောက်ကိုလိုက်သွားတဲ့ကိုကိုက သူ့ကိုတစ်ချက်တောင်လှည့်မကြည့်ပဲ ပြေးသွားတာများတန်းလို့။
သိပ်ချစ်ဖို့ကောင်းတဲ့ ကိုကို။
...
"ဒါကအဖေ့စိုက်ခင်းတွေလေ...ဟိုးအထိပါတယ်"
ဂျောင်ကုအဖေကထယ်ယောင်းလက်ကိုဆွဲ၍ ဂျွန်မိသားစုအပိုင်စိုက်ခင်းတွေကို လိုက်ပြနေတာဖြစ်သည်။မျက်စိတစ်ဆုံးမြင်နေရတဲ့ စတော်ဘယ်ရီစိုက်ခင်းတွေကြောင့် ထယ်ယောင်းမျက်နှာကဝင်းခနဲ။စတော်ဘယ်ရီဆိုတာ သူ့အကြိုက်မလား?
"သားလေးထယ်ယောင်းကစတော်ဘယ်ရီကြိုက်လား"
"ကျွန်တော်သိပ်ကြိုက်တာ!"
တက်တက်ကြွကြွပြန်ဖြေတဲ့ထယ်ယောင်းကြောင့် ဂျောင်ဆိုးကပြုံးပြီး အနီးမှာရှိတဲ့စတော်ဘယ်ရီတစ်လုံးကိုခူး၍ပေးလိုက်သည်။
"စားကြည့်...အဖေတို့စိုက်ခင်းကပိုးသတ်ဆေးမသုံးဘူး...သဘာဝအတိုင်းစိုက်တာ...အော်ဂဲနစ်စစ်စစ်"
အဖေပေးတဲ့စတော်ဘယ်ရီကို လက်နှစ်ဖက်နဲ့ရိုရိုသေသေယူပြီး တစ်ကိုက်ကိုက်ကြည့်လိုက်တော့ ချိုရဲပြီးအရည်ရွှမ်းနေတာကြောင့် စားနေရင်းတန်းလန်းနဲ့ရပ်လိုက်မိသည်။ဘုရားစူး...တစ်သက်နဲ့တစ်ကိုယ် ဒီလောက်အရသာရှိတဲ့စတော်ဘယ်ရီကိုမစားဖူးတာ။
"ချိုတယ်မလား"
"ဟုတ်...အရမ်းချိုတာပဲ"
"သားလေးကြိုက်ရင်...ကြိုက်သလောက်ယူစားလို့ရတယ်"
ဂျောင်ကုအဖေကပြောရင်းနဲ့ မှည့်နေတဲ့နီရဲရဲစတော်ဘယ်ရီတွေကိုခြင်းအသေးလေးနဲ့ခူးထည့်ပြီး ထယ်ယောင်းကိုပေးသည်။သူ့သားမက်လောင်းလေးကိုချစ်လိုက်တာများ..ဘေးကသားအရင်းကိုတောင်မြင်ပုံမပေါ်။
"မောင့်လည်းတစ်ကိုက်ကျွေး"
ဂျောင်ကုက ထယ်ယောင်းလက်ထဲကစတော်ဘယ်ရီကို မျက်စောင်းထိုးပြပြီးပြောတော့
"မင်းမှာလက်မပါဘူးလား!...ခူးစားလေ...ပြီးတော့...မင်းစတော်ဘယ်ရီသုံးခင်းကိုငါမသိအောင်ခိုးရောင်းသွားတာလည်းသိတယ်နော်...ညကျမှမင်းနဲ့စာရင်းရှင်းမယ်"
ဂျောင်ကုမှာ ခေါင်းကိုဂွက်ခနဲထပ်အခေါက်ခံလိုက်ရတဲ့အပြင် ထယ်ယောင်းရှေ့မှာပါအဆူခံလိုက်ရတာမို့ မျက်နှာကဆူပုပ်ပုပ်။ထယ်ယောင်းကတော့ ဂျောင်ကုကိုတောင်ဂရုမစိုက်အား...စတော်ဘယ်ရီကိုခြင်းထဲကနှိုက်စားရင်း ယောက္ခထီးလောင်းနောက်သို့လိုက်သွားသည်။
"ဒါကအဖေတို့အပိုင်နွားခြံလေ...အဖေကိုယ်တိုင်သေချာမွေးထားတဲ့နွားတွေ"
"ဝါး!!...တော်တော်များတာပဲနော် အဖေ"
မျက်စိရှေ့ကခြံအကျယ်ကြီးမှာ အကောင်ရေများစွာရှိနေတဲ့နွားတွေကြောင့် ထယ်ယောင်းမှာပါးစပ်အဟောင်းသား။မောင့်အဖေက စိုက်ပျိုးရေးနဲ့မွေးမြူရေးကို တွင်တွင်ကျယ်ကျယ်လုပ်တာပဲ။
"ဒါဘာနွားတွေလဲ သိလား"
အဖေမေးတော့ ခေါင်းခါပြလိုက်သည်။နွားကနွားပဲမဟုတ်ဘူးလား?
"အဲ့ဒါနို့စားနွားတွေလေ...ခန္ဓါကိုယ်မှာအကွက်တွေပါတဲ့နွားတွေကိုနို့စားနွားလို့ခေါ်တယ်...အဖေတို့ကသူတို့ဆီကနေ့တိုင်းနို့ရတယ်...အဲ့နို့တွေကိုjudoဆိုတဲ့နွားနို့ထုတ်တဲ့မိတ်ဖက်ကုမ္ပဏီကိုတင်ပို့ရတာ"
"ဒါဆို...ကျွန်တော်တို့ဆိုးလ်မှာသောက်နေတဲ့နွားနို့က...ဒီနွားတွေဆီကပေါ့"
"အင်းပေါ့"
ထယ်ယောင်းမှာတအံ့တသြဖြင့် တဝါးဝါးဖြစ်နေသည်။ဂျောင်ကုအဖေကတော့ ထယ်ယောင်းလေးကိုကြည့်ပြီး အသည်းတယားယား။သူ့သားထက်7နှစ်ကြီးတယ်သာဆိုတယ်..ကလေးလေးတစ်ယောက်လိုပါပဲလား?အပြစ်ကင်းပြီးချစ်ဖို့ကောင်းလိုက်တာဆိုတာ အိမ်ကခွေးမသားလေးနဲ့တစ်ခြားစီ။
နွားခြံကြီးကိုကြည့်ပြီး ထယ်ယောင်းကပြုံးစိစိ။လက်စသတ်တော့ သူ့ရည်းစားလေးက တောသူဌေးလေးပဲ။ဟဲဟဲ...ငါတော့လူရွေးမှန်ပြီ။
"ကိုကို...ဘာတွေပြုံးနေတာလဲ"
ဂျောင်ကုမေးတော့ ထယ်ယောင်းကပြုံးနေတာကိုရပ်ပြီး ဂျောင်ကုနှာခေါင်းထိပ်ကိုတို့၍
"သဘာကျလို့လေ"
"ဟင်!...ဘာကိုလဲ"
သူမေးတော့ ကိုကိုကမဖြေပဲခေါင်းခါပြပြီး အဖေ့နောက်သို့လိုက်သွားသည်။ပျော်နေပုံရတဲ့ကိုကို့ကြောင့် ခေါ်လာတာမှန်သွားသည်။ကိုကိုသဘောမကျမှာကို လာတဲ့တစ်လမ်းလုံးစိုးရိမ်နေခဲ့တာ။ခုလိုလေးဆိုတော့ တော်ပါသေးရဲ့။
...
"ခံတွင်းတွေ့ပါ့မလားမသိပေမယ့် စားကြည့်ဦး...သားလေးကြိုက်တာတွေပြောနော်...အဖေနောက်နေ့ချက်ပေးမယ်"
မျက်စိရှေ့ကဟင်းပွဲတွေအများကြီးကြောင့် ထယ်ယောင်းမှာလက်ရောခေါင်းပါခါပြလိုက်သည်။
"ကျွန်တော်ကအစာမရွေးပါဘူး...အဖေကြိုက်တာချက်ပါ"
"ဟုတ်ပါပြီ...ဒါဆိုစားကြရအောင်လေ...ဂျောင်ကုကီး..မင်းကိုကို့ကိုအများကြီးထည့်ပေးလိုက်"
"ဟုတ်"
ဂျောင်ကုက အဖေဖြစ်သူစကားအတိုင်း ထယ်ယောင်းပန်းကန်ထဲကိုဟင်းတွေပုံနေအောင်ထည့်ပေးသည်။ထယ်ယောင်းကလည်း ခေါင်းတညိတ်ညိတ်၊လက်မလေးတထောင်ထောင်ဖြင့် မြိန်ရေရှက်ရေစားသည်။သို့သော် ထမင်းတစ်ခါကုန်သွားတိုင်း ထပ်ထပ်ဖြည့်ပေးနေတဲ့ယောက္ခထီးကြောင့် ထယ်ယောင်းမှာအားနာလို့စားရင်းစားရင်းဖြင့် စားပိုးနင့်မလိုဖြစ်လာသည်။ဘေးကဂျောင်ကုကလည်း အလိုက်ကန်းဆိုးမသိပဲ သူ့ပန်းကန်ထဲကိုဟင်းတွေထည့်ထည့်ပေးသည်။
"ဒါတွေကုန်အောင်စားရမယ်နော် သားလေး"
ကြားလိုက်ရတဲ့ယောက္ခထီးအသံကြောင့် ထယ်ယောင်းမှာဆောင်းတွင်းကြီးမှာမိုးကြိုးပစ်ချခံလိုက်သလို လန့်သွားသည်။ဒီလောက်ဟင်းပွဲတွေအများကြီးက မသိရင်နာရေးအိမ်မှာကျွေးသလိုပဲမလား?သူ့တော့ဒါတွေအကုန်စားရမယ်ဆို ဗိုက်ကွဲပြီးသေမှာပဲ။
"ဟုတ်...ဟုတ်ကဲ့အဖေ...ကျွန်တော်စားပါ့မယ်"
မစားချင်သော်လည်း အိမ်ရှင်ကျေနပ်အောင် တတ်နိုင်သမျှစားပေးရသည်။ယောက္ခထီးဆီကနေ အမှတ်ရဖို့လိုအပ်တယ်လေ။
..
ထမင်းဝိုင်းမှာ အားနာစိတ်အပြည့်ဖြင့်စားသောက်ပြီးတာနဲ့ ထယ်ယောင်းမှာသန့်စင်ခန်းသို့ပြေးပြီး အန်ထုတ်တော့သည်။
"ဟူး...ခုမှပဲနေလို့ကောင်းသွားတော့တယ်"
အန်ထုတ်ပြီးတာနဲ့ ရေအေးအေးတွေနဲ့မျက်နှာပါတစ်ခါတည်းသစ်ခဲ့လိုက်သည်။အန်တုန်းကမျက်ရည်တွေပါထွက်လာတာမို့ မောင်သိသွားရင်ဝမ်းနည်းသွားမှာစိုးလို့ပင်။
"ကိုကို...ဒီကိုလာ"
ခြံထဲမှာမီးမွှေးပြီး ထိုင်နေကြတဲ့ဂျောင်ကုတို့သားအဖကြောင့် ထယ်ယောင်းလည်းပြေးသွားပြီးထိုင်လိုက်သည်။တစ်ကိုယ်လုံးအေးစက်နေတာ အခုမှပဲနွေးသွားတော့သည်။
"ကောင်းကင်ကိုမော့ကြည့်လိုက် ကိုကို"
ဂျောင်ကုကလက်ညှိုးထိုးပြီးပြောပြတော့ ထယ်ယောင်းကချက်ချင်းမော့ကြည့်လိုက်သည်။မြို့ပြမှာလိုမဟုတ်ပဲ ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ကြယ်တာရာတွေကြောင့် ထယ်ယောင်းမျက်လုံးလေးတွေက တလက်လက်ဖြစ်နေသည်။
"ဒီမှာအဝကြည့်သွား...သားလေးတို့ဆိုးလ်မှာဒီလိုမတွေ့ရဘူးမလား"
ထယ်ယောင်းမှာ ခုထိခေါင်းမော့ထားလျက်နဲ့ပင် ဂျောင်ကုအဖေ့ကိုခေါင်းညိတ်ပြသည်။ဂျောင်ကုနဲ့အဖေဖြစ်သူကတော့ ချစ်ဖို့ကောင်းတဲ့ထယ်ယောင်းဆီကအကြည့်မလွှဲနိုင်ပဲအပြုံးကိုယ်စီဖြင့်။
"ကဲ...ညလည်းနက်နေပြီဆိုတော့...အဖေသွားအိပ်တော့မယ်...နွားနို့သောက်လိုက်ဦးနော်"
"ဟုတ်ကဲ့...အိပ်မက်လှလှမက်ပါစေအဖေ"
"သားလေးလည်း အိပ်မက်လှလှမက်ပါစေကွယ်"
ဂျွန်ဂျောင်ဆိုးက ဂျောင်ကုတို့ကိုနှုတ်ဆက်ပြီးတာနဲ့ အိမ်ထဲဝင်သွားသည်။
"ဟာ!...ဘာလုပ်တာလဲ...အဖေမြင်သွားမယ်လေ"
အဖေဖြစ်သူမရှိတော့တာနဲ့ သူ့ကိုဖက်ပြီးအသားယူတော့တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာတွန်းထုတ်ရင်း ဆူတော့သည်။
"မောင့်အဖေက ခေါင်းအုံးနဲ့ခေါင်းထိတာနဲ့အိပ်ပြီ...အိပ်ပျော်သွားရင်လည်း..ဆင်အော်တာတောင်မနိုးဘူး"
"ဒါနဲ့..မင်းဖက်တာဘာဆိုင်လဲ"
ထယ်ယောင်းပြောတော့ ဂျောင်ကုကဖက်နေတာကိုချက်ချင်းရပ်ပြီး လက်ပိုက်၍ဟိုဘက်သို့မျက်နှာလှည့်သွားသည်။ဒါဟာစိတ်ကောက်သွားပါပြီဆိုတဲ့သဘော။
"ဒါက ဘာဖြစ်ရပြန်တာလဲကွာ"
ထယ်ယောင်းမှာပြောတုန်းကပြောပြီး..ပြီးတော့သူပဲမနေနိုင်။လက်ပိုက်ထားတဲ့ဂျောင်ကုလက်ကိုအတင်းဆွဲပြီး သူ့ဘက်သို့လှည့်စေကာမေးတော့သည်။
"ကိုကိုကမောင့်ကို...မင်း လို့ခေါ်တယ်!"
ဂျောင်ကုကထယ်ယောင်းလက်ကိုအတင်းရုန်းပြီး မျက်နှာမဲ့ကာပြောသည်။
"ဟာ!..အဲ့ဒါကစိတ်တိုသွားလို့လေ"
"မောင်ဘာလုပ်မိလို့ ကိုကိုကစိတ်တိုတာလဲ...မောင့်ချစ်သူကိုမောင်ဖက်တာပဲ...မဖက်ရဘူးလား...မောင်ကဖက်ခွင့်တောင်မရှိဘူးပေါ့"
"အဲ့လိုမဟုတ်ဘူးလေကွာ...အဖေတွေ့သွားမှာစိုးလို့လေ"
ရစ်နေတဲ့ရည်းစားလေးကြောင့် ထယ်ယောင်းမှာခေါင်းကုတ်ရင်းဖြေရှင်းချက်ပေးရတော့သည်။
"ဒါဆို...အဖေမတွေ့နိုင်တဲ့နေရာဆို..ဖက်လို့ရတယ်ပေါ့"
"အင်း"
ထယ်ယောင်းက'အင်း' ဆိုတာနဲ့ ဂျောင်ကုကထယ်ယောင်းလက်ကိုဆွဲပြီး ခြံပြင်သို့ခေါ်သွားတော့သည်။
"ဒါကဘယ်လဲ!"
"အဖေမတွေ့နိုင်တဲ့နေရာကို"
ထယ်ယောင်းမှာ အမှောင်ထဲမှာမို့ ဂျောင်ကုလက်ကိုအားကိုးတကြီးဆုပ်ကိုင်ပြီး လိုက်ပြေးရတော့သည်။
"ဟင်!...ဒီနေရာကိုဘာလို့လာတာလဲ"
ဂျောင်ကု ထယ်ယောင်းကိုခေါ်လာတာက နွားခြံသို့ဖြစ်၏။အိမ်နဲ့လည်းနည်းနည်းလှမ်းပြီး အဖေသာမက ဘယ်သူမှမတွေ့နိုင်တဲ့နေရာဖြစ်သည်။
"ကိုကို့ကိုဖက်မလို့လေ...ကိုကိုပဲအဖေမတွေ့နိုင်တဲ့နေရာဆို ဖက်လို့ရတယ်ဆို"
"အဲ့လိုဆိုပေမယ့်..ဒီလောက်လုပ်စရာလိုလို့လား"
ထယ်ယောင်းမေးတော့ ဂျောင်ကုကထယ်ယောင်းရဲ့လက်သွယ်သွယ်လေးတွေကိုကိုင်ပြီး
"မောင်ဒီနေ့တစ်နေ့လုံး..ကိုကို့ကိုဘယ်လောက်တောင်နမ်းချင်နေလဲသိလား...ဒါကြောင့်မောင့်အလိုကိုလိုက်ဗျာ"
ဂျောင်ကုကပြောရင်းနဲ့ ထယ်ယောင်းခါးကိုဖက်ပြီးနမ်းဖို့ပြင်တာမို့ ထယ်ယောင်းကအကြောက်အကန်တွန်းထုတ်တော့သည်။
"မင်းပြောတော့ ဖက်ပဲဖက်မှာဆို!"
"အဲ့လိုမပြောခဲ့ပါဘူး...ကိုကို့ဘာသာဖက်မယ်ပဲထင်နေတာလေ...မောင်ကအစတည်းကဖက်ပြီးနမ်းမလို့ကြံစည်နေတာ"
"မင်းကနဂိုတည်းက အကြံဆိုးနဲ့ပဲ"
"မင်းလို့ထပ်ခေါ်ရင်...ကိုကို့နှုတ်ခမ်းကိုပေါက်ထွက်အောင်..နမ်းပစ်တော့မှာ"
"မောင်...မောင်ကလည်း"
နမ်းမယ်ဆိုတာနဲ့ ထယ်ယောင်းမျက်နှာတစ်ခုလုံးက စတော်ဘယ်ရီလိုရဲတက်လာသည်။
မျက်စိရှေ့မှာကိုက်စားချင်စရာ မျက်နှာရဲနေတဲ့ကိုကို့ကြောင့် ရင်ဘတ်ထဲမှာယားကျိယားကျိဖြစ်လာပြီး ခါးသေးသေးလေးကိုအတင်းဆွဲဖက်ပြီးနမ်းမိတော့သည်။အမြဲအိစက်နေတဲ့နှင်းဆီရောင်နှုတ်ခမ်းလေးက ဘယ်နှကြိမ်နမ်းနမ်းရိုးအီသွားသည်ဟူ၍မရှိ။ထပ်ခါထပ်ခါစားချင်နေသော နတ်သုဒ္ဓါအလား..စွဲမက်ဖွယ်ကောင်းလှသည်။
နှုတ်ခမ်းအိအိလေးကို မျက်လုံးစုံမှိတ်၍အပေါ်တစ်လှည့်အောက်တစ်လှည့်စုပ်ယူကာနမ်းရှိုက်နေတုန်း သူ့ရင်ဘတ်ကိုတွန်းလာတဲ့လက်လေးကြောင့် ဂျောင်ကုမှာမျက်လုံးပြန်ဖွင့်ပြီး ထယ်ယောင်းမျက်နှာကိုကြည့်ရတော့သည်။
"ဘာလို့လဲ ကိုကို"
"နွား...နွားတွေကြည့်နေလို့"
အနောက်ကိုလက်ညှိုးထိုးပြီးပြောလာတဲ့ချစ်ရသူကြောင့် လှည့်ကြည့်လိုက်တော့ သူတို့နှစ်ယောက်ကိုအထူးအဆန်းကြည့်နေကြတဲ့ နွားအုပ်ကြီးကိုတွေ့လိုက်ရသည်။ဘွန်းဘွန်းကအဆိုးဆုံးပင်။ထပြီးတော့ကိုကြည့်နေတာ။ဒါကြောင့် ကိုကိုကအတင်းရုန်းနေတာကိုး။
"သူတို့ကဘာသိမှာလဲ ကိုကိုရာ"
"အို!...သိသိမသိသိ ကိုကိုရှက်တယ်!"
ကိုကို့အော်သံသေးသေးလေးက ချစ်ဖို့ကောင်းလွန်းနေတာမို့ရယ်လိုက်မိသည်။ပြီးတာနဲ့ချောင်းနေကြတဲ့နွားအုပ်ဘက်ကိုလှည့်ပြီး
"အိပ်ကြတော့လေ!!...ခုချက်ချင်းမအိပ်ရင်..မနက်ကျရင်မြက်ခြောက်မစားရဖူးမှတ်!!!"
ဂျောင်ကုပြောတော့မှ နွားတွေမှာ'မူး' ဟုအော်ပြီး ခေါင်းလှည့်သွားကြတော့သည်။
"ကဲ...နမ်းလို့ရပြီကိုကို"
ဒီလိုနဲ့ပဲ ထယ်ယောင်းမှာဂျောင်ကုရဲ့အနမ်းချိုချိုတွေကို မိနစ်အနည်းငယ်ကြာခံယူလိုက်ရတော့သည်။ညဘက်ကြီးနွားခြံထဲမှာနမ်းနေတာက နည်းနည်းတော့ကို့ရိုးကားယားနိုင်သော်လည်း ရင်ခုန်လွန်းနေခဲ့ပြန်သည်။
Kimharu4121992🌵Borahae💜
#ဆေးပေါင်းခတဲ့တန်ဆောင်မုန်းလပြည့်နေ့လေးမှာ ကိုယ့်ficလေးဖတ်ပြီး နည်းနည်းလေးဖြစ်ဖြစ်စိတ်ကြည်နူးသွားစေဖို့ မျှော်လင့်ပါတယ်readerလေးတို့ရေ♡
Zawgyi
"က်ဳပ္ျပန္ေရာက္ၿပီ"
ျခံထဲကကြပ္ပ်စ္မွာ ေငြဝင္ေငြထြက္စာရင္းေတြတြက္ေနတုန္း ျခံေ႐ွ႕ကၾကားလိုက္ရတဲ့အသံေၾကာင့္ မ်က္မွန္ကိုခြၽတ္ၿပီးၾကည့္လိုက္ေတာ့ ေတြ႕ရပါၿပီ..တစ္ႏွစ္ေလာက္ေျပးသြားတဲ့အိမ္ေျပးေလးကို။ဆိုးလ္ေရာက္သြားလို႔ထင္...အသားေတြေတာင္ပိုျဖဴလာသလို။လြယ္အိတ္အႀကီးႀကီးကိုလြယ္ထားၿပီး အနက္ေရာင္အေႏြးထည္ထူထူ႐ွည္႐ွည္ကို ဝတ္ထားသည္။မ်က္ႏွာထားကေတာ့ အျပစ္လုပ္ထားတဲ့လူမဟုတ္တဲ့အတိုင္း ခပ္တင္းတင္း။သူ႕အေမအက်င့္ေတြနဲ႔ တေထရာတည္း။
"က်ဳပ္ျပန္ေရာက္ၿပီေလ...အေဖပဲျပန္လာခဲ့ဆို"
ေဂ်ာင္ကုက ဘုတ္ဆတ္ဆတ္ျဖင့္ေျပာေတာ့
"ေခြးမသားေလး!...ေနာက္ဆုံးေတာ့ျပန္လာၿပီေပါ့"
သူ႕ဆီကိုေျပးလာတဲ့အေဖေၾကာင့္ အရင္ဆုံးလက္နဲ႔ကာျပလိုက္သည္။အေဖ့အေၾကာင္းကိုေနာေက်ေနၿပီမို႔ သူ႕ကိုလာကန္တာဆိုတာသိတာေပါ့။သူလက္ကာျပလိုက္ေတာ့ အေဖကကန္မယ့္ေျခေထာက္ကိုျပန္႐ုတ္ၿပီး ဘာလဲဆိုတဲ့သေဘာျဖင့္ေမးဆတ္ျပသည္။
"က်ဳပ္ကိုကန္ခ်င္ရင္ ေနာက္မွကန္...က်ဳပ္ကိုကိုလည္းပါတယ္...သူလန္႔သြားလိမ့္မယ္"
ဂြၽန္ေဂ်ာင္ဆိုးမွာ သားျဖစ္သူရဲ႕စကားေတြကိုနားမလည္ျဖစ္ေနတုန္း သားရဲ႕အေနာက္ကေန ေကာင္ေလးတစ္ေယာက္ကကုပ္ကုပ္ေလးထြက္လာသည္။သူ႕ကိုျမင္ေတာ့ ေၾကာက္လန္႔ေနသလိုမ်က္ႏွာေပးနဲ႔ သြားစိၿပီး'မဂၤလာပါ ဦးေလး' လို႔ႏႈတ္ဆက္တာမို႔ တည္တင္းေနတဲ့မ်က္ႏွာထားကိုျပန္ျပင္ၿပီး ျပဳံး၍ ျပန္ႏႈတ္ဆက္လိုက္သည္။ထိုေတာ့မွ ထိုေကာင္ေလးမွ ေလးေထာင့္ဆန္ဆန္အျပဳံးႀကီးႀကီးျဖင့္ ေအးေအးလူလူထပ္ျပဳံးျပေတာ့သည္။
"ဧည့္သည္ပါလာတာပဲ...ဝင္ေလ"
"ဧည့္သည္မဟုတ္ဘူး...က်ဳပ္ကိုကို...အေဖ့သားမက္ျဖစ္မယ့္လူ"
"ေဟ!"
ေဂ်ာင္ကုစကားေၾကာင့္ အေဖျဖစ္သူမွာေနရာထိုင္ခင္းျပင္ေပးေနရင္း ပါးစပ္အေဟာင္းသား။ထယ္ေယာင္းကလည္း စေရာက္ေရာက္ခ်င္း အကုန္ေျပာျပလိုက္တဲ့ေဂ်ာင္ကုေၾကာင့္ ေခ်ာင္းေတြထဆိုးၿပီးေဂ်ာင္ကုလက္ကိုအေနာက္ကေန ဆြဲဆိတ္ေတာ့သည္။
"ဟို...ဟိုေလ...ကြၽန္ေတာ္ကေဂ်ာင္ကုေလးနဲ႔တူတူ..ဆိုးလ္မွာေနတဲ့တစ္ေယာက္ပါ...ခုက်ေတာ့ေဂ်ာင္ကုေလးရဲ႕...ရည္း...ရည္းစားျဖစ္သြားတာပါ"
ထယ္ေယာင္းအသံကတိုးညႇင္းၿပီးေတာ့ ထစ္အေနသည္။လက္ေခ်ာင္းေတြကိုပြတ္သပ္ေနၿပီး မ်က္ဝန္းညိဳေတြကလည္းေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္။ေဂ်ာင္ကုအေဖကိုရင္မဆိုင္ရဲပဲ မ်က္ႏွာရဲ၍႐ွက္ေနေတာ့သည္။ေဂ်ာင္ကုဖခင္ကေတာ့ ထယ္ေယာင္းေျပာတာကိုနားေထာင္ၿပီး ေဂ်ာင္ကုမ်က္ႏွာကိုၾကည့္ေနသည္။ဂြၽန္အိမ္က'မိမႏိုင္ဖမႏိုင္ေလး'က အေမကို႐ွာမယ္ဆိုၿပီးထြက္သြားတာ ျပန္လာေတာ့ရည္းစားပါေခၚလာတာပဲ။
"က်ဳပ္တို႔ကိုခြဲဖို႔မႀကိဳးစားနဲ႔ေနာ္...က်ဳပ္ကိုကိုနဲ႔မခြဲႏိုင္ဘူး"
ေဂ်ာင္ကုက ထယ္ေယာင္းလက္ကိုတင္းတင္းကိုင္ၿပီးေျပာေတာ့ အေဖျဖစ္သူဂြၽန္ေဂ်ာင္ဆိုးရဲ႕မ်က္ႏွာမွာ အျမင္ကပ္မႈေတြကတဖြဲသား။
"ေတာ္တယ္...မင္းအရမ္းေတာ္တယ္ေဂ်ာင္ကုကီး...သားမက္ေခၚလာေပးလို႔ အရမ္းေက်းဇူးတင္တယ္...ေခြၽးမသာေခၚလာရင္..မင္းေရာမင္းဟာမကိုပါ ႐ြာျပင္ထိလိုက္႐ိုက္ထုတ္မလို႔ေတြးထားတာ..မိန္းမေတြမ်ားဘာေကာင္းတာမွတ္လို႔"
အေမကိုအေတာ္မုန္းသြားတဲ့အေဖက အေမထြက္သြားတဲ့ေန႔ကစၿပီး 'မ'မုန္းတီးေရးဝါဒီကိုစက်င့္သုံးခဲ့တာမို႔ သူနဲ႔ကိုကို႔ကိုလက္ခံေပးတာျဖစ္မည္။ေတာ္ပါေသးရဲ႕...အေဖသေဘာမတူမွာကိုစိုးရိမ္ေနခဲ့တာ။သေဘာမတူလည္း ကိုကို႔လက္ကိုဆြဲၿပီးျပန္ဖို႔ေတြးထားၿပီးသားပါ။ခုလိုသေဘာတူေပးေတာ့ ႏွစ္ဆေပ်ာ္ရေတာ့တာေပါ့။
"ဒီကေလးက...ဆိုးလ္မွာမင္းေနတဲ့အိမ္ကကေလးေပါ့...အသက္တူတူပဲလား"
ေဂ်ာင္ကုအေဖစကားေၾကာင့္ ထယ္ေယာင္းမ်က္ႏွာကျပဳံးစိစိ။အခုသူ႕ကိုေဂ်ာင္ကုနဲ႔႐ြယ္တူလိုေျပာလိုက္တာမလား?သူကအဲ့ေလာက္ေတာင္ႏုတယ္ေပါ့။ေယာကၡထီးႀကီးကို ခုတည္းကအမွတ္100အျပည့္ေပးလိုက္ၿပီ။
"ဘယ္ကသာ...က်ဳပ္ကိုကိုကေက်ာင္းဆရာ...က်ဳပ္ထက္7ႏွစ္ေတာင္ႀကီးတယ္...ဒါေၾကာင့္ကိုကိုလို႔ေခၚတာ"
"ေအာ္...အဲ့လိုလား...ပိုေကာင္းသြားတာေပါ့...မင္းကိုထိန္းေက်ာင္းမယ့္လူလိုေနတာနဲ႔အေတာ္ပဲ...နာမည္ဘယ္လိုေခၚလဲ သားေလးက"
"ကြၽန္ေတာ္႕နာမည္ ကင္မ္ထယ္ေယာင္းပါဦးေလး"
ထယ္ေယာင္းက ျပဳံး႐ႊင္ၿပီးရည္ရည္မြန္မြန္ေျပာျပေတာ့ ဂြၽန္ေဂ်ာင္ဆိုးမ်က္ႏွာမွာျပဳံးေယာင္သမ္းသြားသည္။ဒီလိုက်ေတာ့လည္း သူ႕သားကဘယ္ဆိုးလို႔လဲ?ရည္ရည္မြန္မြန္နဲ႔ အလုပ္အကိုင္ေကာင္းေကာင္း႐ွိတဲ့ေကာင္ေလးကို ေခၚလာတာပဲ။လူေ႐ြးတာေတာ့ သူ႕ထက္ေတာ္တယ္ေျပာရမယ္။
"ဦးေလးလို႔မေခၚနဲ႔...ေမာင္ေခၚသလိုအေဖလို႔ပဲေခၚပါ"
ေဂ်ာင္ကုရဲ႕သူ႕ကိုယ္သူ 'ေမာင္' ဆိုၿပီးသုံးႏႈန္းလိုက္တဲ့အေခၚအေဝၚႀကီးေၾကာင့္ ေရေႏြးေသာက္ေနတဲ့ဂြၽန္ေဂ်ာင္ဆိုးမွာ ထသီးေတာ့သည္။ေခြးမသားေလးကေတာ့ နားၾကားျမင့္ကပ္စရာေတြလုပ္ေနေတာ့တာ။သူလည္း ေဂ်ာင္ကုအေမနဲ႔တုန္းက ကိုယ့္ကိုယ္ကို 'ေမာင္' လို႔သုံးခဲ့တာကို သတိရေတာ့ ခ်က္ခ်င္းေခါင္းခါၿပီး ဖိတ္က်သြားတဲ့ေရေႏြးေတြကို လက္သုတ္ပုဝါနဲ႔ခပ္ၾကမ္းၾကမ္းသုတ္ပစ္လိုက္သည္။
"အဟြန္း...ေဂ်ာင္ကုကီးေခၚသလို အေဖလို႔ပဲေခၚပါ သားေလးထယ္ေယာင္း"
ေႏြးေႏြးေထြးေထြးေျပာလာတဲ့ေဂ်ာင္ကုအေဖ့ေၾကာင့္ ထယ္ေယာင္းျပဳံးလိုက္သည္။ေဂ်ာင္ကုေလးရဲ႕ေႏြးေထြးတဲ့အမူအက်င့္ေတြက ဖခင္ျဖစ္သူဆီကလက္ဆင့္ကမ္းလာတာျဖစ္မယ္။
"ဟုတ္ကဲ့...အ..အေဖ"
ထယ္ေယာင္းက ဂုတ္ပိုးကိုပြတ္ၿပီးအ႐ွက္သည္းစြာေျပာေတာ့ ဂြၽန္ေဂ်ာင္ဆိုးနဲ႔ဂြၽန္ေဂ်ာင္ကုတို႔သားအဖႏွစ္ေယာက္လုံး မိႈရသလိုမ်က္ႏွာထားေတြျဖစ္ကုန္ေတာ့သည္။
"ေမာင့္ကိုကိုက ခ်စ္စရာေလးဗ်ာ"
ေျပာရင္းနဲ႔ပါးကိုနမ္းလိုက္တဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းေရာ ေဂ်ာင္ကုအေဖပါမ်က္ႏွာေတြရဲတက္သြားသည္။
"ယီး!...မင္းအေဖကအေ႐ွ႕မွာေနာ္...ငါမဆဲခ်င္ဘူး"
မဆဲခ်င္ဘူးဆိုၿပီး သူ႕အနားသို႔ကပ္ကာတိုးတိုးေလးဆဲသြားတဲ့ကိုကိုေၾကာင့္ ေဂ်ာင္ကုမွာႏွာေခါင္း႐ႈံ႕ၿပီးရယ္မိေတာ့သည္။ဒါကိုၾကည့္ေနတဲ့ဂြၽန္ေဂ်ာင္ဆိုးကေတာ့ ေမ်ာက္အုန္းသီးရသလိုျဖစ္ေနတဲ့သားမ်က္ႏွာကိုၾကည့္ၿပီး စိတ္ပ်က္ေနပုံေပၚသည္။
'မူး!!!'
ေအာ္သံအက်ယ္ႀကီးနဲ႔အတူ သူတို႔႐ွိရာသို႔ေျပးလာတဲ့ ခ်ိဳကားကားနဲ႔အေမြးပြပြႏြားအညိဳႀကီးေၾကာင့္ ထယ္ေယာင္းမ်က္စိေတြျပဴးက်ယ္သြားၿပီး ေဂ်ာင္ကုအေနာက္မွာေျပးပုန္းေတာ့သည္။ေဂ်ာင္ကုကေတာ့ လက္ႏွစ္ဖက္ကိုဆန္႔တန္းၿပီးျပဳံး႐ႊင္ေနသည္။
"ဘြန္းဘြန္း!!...မင္းငါ့ကိုမွတ္မိေသးတယ္ေပါ့"
'မူး!!!'
ေဂ်ာင္ကုနားကိုေရာက္လာၿပီး ရင္ဘတ္ကိုႏွာေခါင္းျဖင့္ထိုးေနတဲ့ဘြန္းဘြန္းဆိုတဲ့ႏြားႀကီးက သခင္ကိုခုမွျပန္ေတြ႕ရသည္ေၾကာင့္ မ်က္ရည္ေတြ႐ႊဲၿပီးေခါင္းထိုး၍ အတင္းပြတ္သပ္ခိုင္းသည္။ေဂ်ာင္ကုရယ္သံေတြက ျခံတစ္ခုလုံးကိုလႊမ္းသြားၿပီးတခစ္ခစ္ျဖင့္။ေဂ်ာင္ကုေနာက္ကထယ္ေယာင္းကေတာ့ ႏြားအညိဳႀကီးကိုေၾကာက္တာေၾကာင့္ ေဂ်ာင္ကုအေႏြးထည္ကိုက်စ္က်စ္ဆုပ္ထားၿပီး အေနာက္ကေနေခါင္းေလးျပဴကာၾကည့္ေနသည္။ဘယ္ေလာက္ေတာင္ေၾကာက္သြားသလဲဆိုရင္ ထယ္ေယာင္းမ်က္ႏွာေလးကျဖဴေဖ်ာ့သြားသည္အထိပင္။
"မင္းကိုမေတြ႕ရေတာ့ဘူးထင္ေနတာ...ငါမင္းကိုအရမ္းလြမ္းေနတာဘြန္းဘြန္း"
"ေခြးမသားေလး!...အဲ့ေလာက္ခ်စ္ေနရင္မင္းဘာကိစၥနဲ႔...ဟိုဘက္႐ြာကယူဂ်ယ္ေဆာ့ကိုသြားေရာင္းစားခဲ့ေသးလဲ"
အေဖက သူ႕ေခါင္းကိုဂြက္ခနဲလာေခါက္ရင္းေျပာသည္။သူကလည္းသူပဲ..အေမ့ကိုၿမိဳ႕တက္႐ွာမယ္ဆိုၿပီး ဘြန္းဘြန္းကိုဟိုဘက္႐ြာက ေငြတိုးေခ်းစားတဲ့ယူဂ်ယ္ေဆာ့ဆိုတဲ့လူဆီ ေရာင္းစားခဲ့တာေလ။ေငြလိုေနတာမို႔ ေပါက္ေစ်းထက္အမ်ားႀကီးေစ်းႏွိမ္ေရာင္းခဲ့ေသးတာ။ၾကည့္ရတာ အေဖသြားျပန္ဝယ္လိုက္တာထင္တယ္။
"အေဖ ဘြန္းဘြန္းကိုသြားျပန္ဝယ္ထားတာလား"
"ငါမဝယ္လို႔ ဘယ္ေကာင္ကသြားဝယ္မွာလဲ...သိန္း80ေလာက္တန္တဲ့ႏြားကို သိန္း20နဲ႔ေရာင္းစားသြားတဲ့ငတုံးေၾကာင့္...ငါ့မွာခ်က္ခ်င္းအထုပ္ဆြဲၿပီးသြားျပန္ဝယ္ထားရတာကြ...ဒါေတာင္ဟိုလူကမေရာင္းဘူးဆိုလို႔...10သိန္းအပိုေဆာင္းေပးခဲ့ရေသးတယ္"
"ေတာ္ေသးတာေပါ့ဗ်ာ...က်ဳပ္မွာဘြန္းဘြန္းကိုဆုံး႐ႈံးရၿပီထင္ေနတာ"
ေဂ်ာင္ကုမွာ ဘြန္းဘြန္းဆိုတဲ့ႏြားညိဳႀကီးကိုဖက္ၿပီးေျပာေတာ့ အေဖျဖစ္သူကေျခေထာက္ကို ခပ္ဖြဖြကန္လိုက္သည္။သားေလးတစ္ေယာက္႐ွိပါတယ္..ေမႊလိုက္တာဆိုတာ လက္ေရာေျခပါေျမႇာက္ၿပီး အ႐ႈံးေပးရတယ္။
"ကဲ...မင္းႏြားကိုလႊတ္လိုက္...သားေလးထယ္ေယာင္းနားဖို႔ စီစဥ္ေပးလိုက္ဦး"
ေဂ်ာင္ကုမွာ အေဖေျပာမွသတိရၿပီး ဘြန္းဘြန္းကိုဖက္ထားတာလႊတ္၍ ထယ္ေယာင္းကိုလွည့္ၾကည့္ေတာ့သည္။အိမ္နံရံနားမွာကပ္ေနတဲ့ကိုကိုက ဘြန္းဘြန္းကိုေၾကာက္လို႔ထင္တယ္..ခႏၶါကိုယ္ေလးကိုက်ံဳ႕ၿပီး ထိုင္ေနတာ။ေနာက္ေန႔မွဘြန္းဘြန္းနဲ႔ရင္းနီးေအာင္မိတ္ဆက္ေပးရမယ္။ဘြန္းဘြန္းကို ကိုကိုလည္းခ်စ္မွာပါ။
"ဘြန္းဘြန္းေရ...မင္းသခင္ငါက ရည္းစားရသြားၿပီကြ..ဟိုမွာထိုင္ေနတာေတြ႕လား...အဲ့ဒါငါ့ကိုကိုပဲ..အရင္လိုမင္းနဲ႔ ေလလြင့္စရာမလိုေတာ့ဘူး"
ဘြန္းဘြန္းကို တိုးတိုးကပ္ၿပီးေျပာေတာ့ ဘြန္းဘြန္းကနားလည္တယ္ထင္...ကိုကို႔ဘက္ကိုလွည့္ၿပီး'မူး' ဟုေအာ္သည္။ထိုေအာ္သံႀကီးေၾကာင့္ ကိုကိုကပိုေၾကာက္ၿပီး အေဖ့ေနာက္ကိုေျပးလိုက္သြားေတာ့သည္။
"ကိုကို!...ေမာင့္ကိုေစာင့္ဦးေလ!!"
အေဖအေနာက္ကိုလိုက္သြားတဲ့ကိုကိုက သူ႕ကိုတစ္ခ်က္ေတာင္လွည့္မၾကည့္ပဲ ေျပးသြားတာမ်ားတန္းလို႔။
သိပ္ခ်စ္ဖို႔ေကာင္းတဲ့ ကိုကို။
...
"ဒါကအေဖ့စိုက္ခင္းေတြေလ...ဟိုးအထိပါတယ္"
ေဂ်ာင္ကုအေဖကထယ္ေယာင္းလက္ကိုဆြဲ၍ ဂြၽန္မိသားစုအပိုင္စိုက္ခင္းေတြကို လိုက္ျပေနတာျဖစ္သည္။မ်က္စိတစ္ဆုံးျမင္ေနရတဲ့ စေတာ္ဘယ္ရီစိုက္ခင္းေတြေၾကာင့္ ထယ္ေယာင္းမ်က္ႏွာကဝင္းခနဲ။စေတာ္ဘယ္ရီဆိုတာ သူ႕အႀကိဳက္မလား?
"သားေလးထယ္ေယာင္းကစေတာ္ဘယ္ရီႀကိဳက္လား"
"ကြၽန္ေတာ္သိပ္ႀကိဳက္တာ!"
တက္တက္ႂကြႂကြျပန္ေျဖတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဆိုးကျပဳံးၿပီး အနီးမွာ႐ွိတဲ့စေတာ္ဘယ္ရီတစ္လုံးကိုခူး၍ေပးလိုက္သည္။
"စားၾကည့္...အေဖတို႔စိုက္ခင္းကပိုးသတ္ေဆးမသုံးဘူး...သဘာဝအတိုင္းစိုက္တာ...ေအာ္ဂဲနစ္စစ္စစ္"
အေဖေပးတဲ့စေတာ္ဘယ္ရီကို လက္ႏွစ္ဖက္နဲ႔႐ို႐ိုေသေသယူၿပီး တစ္ကိုက္ကိုက္ၾကည့္လိုက္ေတာ့ ခ်ိဳရဲၿပီးအရည္႐ႊမ္းေနတာေၾကာင့္ စားေနရင္းတန္းလန္းနဲ႔ရပ္လိုက္မိသည္။ဘုရားစူး...တစ္သက္နဲ႔တစ္ကိုယ္ ဒီေလာက္အရသာ႐ွိတဲ့စေတာ္ဘယ္ရီကိုမစားဖူးတာ။
"ခ်ိဳတယ္မလား"
"ဟုတ္...အရမ္းခ်ိဳတာပဲ"
"သားေလးႀကိဳက္ရင္...ႀကိဳက္သေလာက္ယူစားလို႔ရတယ္"
ေဂ်ာင္ကုအေဖကေျပာရင္းနဲ႔ မွည့္ေနတဲ့နီရဲရဲစေတာ္ဘယ္ရီေတြကိုျခင္းအေသးေလးနဲ႔ခူးထည့္ၿပီး ထယ္ေယာင္းကိုေပးသည္။သူ႕သားမက္ေလာင္းေလးကိုခ်စ္လိုက္တာမ်ား..ေဘးကသားအရင္းကိုေတာင္ျမင္ပုံမေပၚ။
"ေမာင့္လည္းတစ္ကိုက္ေကြၽး"
ေဂ်ာင္ကုက ထယ္ေယာင္းလက္ထဲကစေတာ္ဘယ္ရီကို မ်က္ေစာင္းထိုးျပၿပီးေျပာေတာ့
"မင္းမွာလက္မပါဘူးလား!...ခူးစားေလ...ၿပီးေတာ့...မင္းစေတာ္ဘယ္ရီသုံးခင္းကိုငါမသိေအာင္ခိုးေရာင္းသြားတာလည္းသိတယ္ေနာ္...ညက်မွမင္းနဲ႔စာရင္း႐ွင္းမယ္"
ေဂ်ာင္ကုမွာ ေခါင္းကိုဂြက္ခနဲထပ္အေခါက္ခံလိုက္ရတဲ့အျပင္ ထယ္ေယာင္းေ႐ွ႕မွာပါအဆူခံလိုက္ရတာမို႔ မ်က္ႏွာကဆူပုပ္ပုပ္။ထယ္ေယာင္းကေတာ့ ေဂ်ာင္ကုကိုေတာင္ဂ႐ုမစိုက္အား...စေတာ္ဘယ္ရီကိုျခင္းထဲကႏိႈက္စားရင္း ေယာကၡထီးေလာင္းေနာက္သို႔လိုက္သြားသည္။
"ဒါကအေဖတို႔အပိုင္ႏြားျခံေလ...အေဖကိုယ္တိုင္ေသခ်ာေမြးထားတဲ့ႏြားေတြ"
"ဝါး!!...ေတာ္ေတာ္မ်ားတာပဲေနာ္ အေဖ"
မ်က္စိေ႐ွ႕ကျခံအက်ယ္ႀကီးမွာ အေကာင္ေရမ်ားစြာ႐ွိေနတဲ့ႏြားေတြေၾကာင့္ ထယ္ေယာင္းမွာပါးစပ္အေဟာင္းသား။ေမာင့္အေဖက စိုက္ပ်ိဳးေရးနဲ႔ေမြးျမဴေရးကို တြင္တြင္က်ယ္က်ယ္လုပ္တာပဲ။
"ဒါဘာႏြားေတြလဲ သိလား"
အေဖေမးေတာ့ ေခါင္းခါျပလိုက္သည္။ႏြားကႏြားပဲမဟုတ္ဘူးလား?
"အဲ့ဒါႏို႔စားႏြားေတြေလ...ခႏၶါကိုယ္မွာအကြက္ေတြပါတဲ့ႏြားေတြကိုႏို႔စားႏြားလို႔ေခၚတယ္...အေဖတို႔ကသူတို႔ဆီကေန႔တိုင္းႏို႔ရတယ္...အဲ့ႏို႔ေတြကိုjudoဆိုတဲ့ႏြားႏို႔ထုတ္တဲ့မိတ္ဖက္ကုမၸဏီကိုတင္ပို႔ရတာ"
"ဒါဆို...ကြၽန္ေတာ္တို႔ဆိုးလ္မွာေသာက္ေနတဲ့ႏြားႏို႔က...ဒီႏြားေတြဆီကေပါ့"
"အင္းေပါ့"
ထယ္ေယာင္းမွာတအံ့တၾသျဖင့္ တဝါးဝါးျဖစ္ေနသည္။ေဂ်ာင္ကုအေဖကေတာ့ ထယ္ေယာင္းေလးကိုၾကည့္ၿပီး အသည္းတယားယား။သူ႕သားထက္7ႏွစ္ႀကီးတယ္သာဆိုတယ္..ကေလးေလးတစ္ေယာက္လိုပါပဲလား?အျပစ္ကင္းၿပီးခ်စ္ဖို႔ေကာင္းလိုက္တာဆိုတာ အိမ္ကေခြးမသားေလးနဲ႔တစ္ျခားစီ။
ႏြားျခံႀကီးကိုၾကည့္ၿပီး ထယ္ေယာင္းကျပဳံးစိစိ။လက္စသတ္ေတာ့ သူ႕ရည္းစားေလးက ေတာသူေဌးေလးပဲ။ဟဲဟဲ...ငါေတာ့လူေ႐ြးမွန္ၿပီ။
"ကိုကို...ဘာေတြျပဳံးေနတာလဲ"
ေဂ်ာင္ကုေမးေတာ့ ထယ္ေယာင္းကျပဳံးေနတာကိုရပ္ၿပီး ေဂ်ာင္ကုႏွာေခါင္းထိပ္ကိုတို႔၍
"သဘာက်လို႔ေလ"
"ဟင္!...ဘာကိုလဲ"
သူေမးေတာ့ ကိုကိုကမေျဖပဲေခါင္းခါျပၿပီး အေဖ့ေနာက္သို႔လိုက္သြားသည္။ေပ်ာ္ေနပုံရတဲ့ကိုကို႔ေၾကာင့္ ေခၚလာတာမွန္သြားသည္။ကိုကိုသေဘာမက်မွာကို လာတဲ့တစ္လမ္းလုံးစိုးရိမ္ေနခဲ့တာ။ခုလိုေလးဆိုေတာ့ ေတာ္ပါေသးရဲ႕။
...
"ခံတြင္းေတြ႕ပါ့မလားမသိေပမယ့္ စားၾကည့္ဦး...သားေလးႀကိဳက္တာေတြေျပာေနာ္...အေဖေနာက္ေန႔ခ်က္ေပးမယ္"
မ်က္စိေ႐ွ႕ကဟင္းပြဲေတြအမ်ားႀကီးေၾကာင့္ ထယ္ေယာင္းမွာလက္ေရာေခါင္းပါခါျပလိုက္သည္။
"ကြၽန္ေတာ္ကအစာမေ႐ြးပါဘူး...အေဖႀကိဳက္တာခ်က္ပါ"
"ဟုတ္ပါၿပီ...ဒါဆိုစားၾကရေအာင္ေလ...ေဂ်ာင္ကုကီး..မင္းကိုကို႔ကိုအမ်ားႀကီးထည့္ေပးလိုက္"
"ဟုတ္"
ေဂ်ာင္ကုက အေဖျဖစ္သူစကားအတိုင္း ထယ္ေယာင္းပန္းကန္ထဲကိုဟင္းေတြပုံေနေအာင္ထည့္ေပးသည္။ထယ္ေယာင္းကလည္း ေခါင္းတညိတ္ညိတ္၊လက္မေလးတေထာင္ေထာင္ျဖင့္ ၿမိန္ေရ႐ွက္ေရစားသည္။သို႔ေသာ္ ထမင္းတစ္ခါကုန္သြားတိုင္း ထပ္ထပ္ျဖည့္ေပးေနတဲ့ေယာကၡထီးေၾကာင့္ ထယ္ေယာင္းမွာအားနာလို႔စားရင္းစားရင္းျဖင့္ စားပိုးနင့္မလိုျဖစ္လာသည္။ေဘးကေဂ်ာင္ကုကလည္း အလိုက္ကန္းဆိုးမသိပဲ သူ႕ပန္းကန္ထဲကိုဟင္းေတြထည့္ထည့္ေပးသည္။
"ဒါေတြကုန္ေအာင္စားရမယ္ေနာ္ သားေလး"
ၾကားလိုက္ရတဲ့ေယာကၡထီးအသံေၾကာင့္ ထယ္ေယာင္းမွာေဆာင္းတြင္းႀကီးမွာမိုးႀကိဳးပစ္ခ်ခံလိုက္သလို လန္႔သြားသည္။ဒီေလာက္ဟင္းပြဲေတြအမ်ားႀကီးက မသိရင္နာေရးအိမ္မွာေကြၽးသလိုပဲမလား?သူ႕ေတာ့ဒါေတြအကုန္စားရမယ္ဆို ဗိုက္ကြဲၿပီးေသမွာပဲ။
"ဟုတ္...ဟုတ္ကဲ့အေဖ...ကြၽန္ေတာ္စားပါ့မယ္"
မစားခ်င္ေသာ္လည္း အိမ္႐ွင္ေက်နပ္ေအာင္ တတ္ႏိုင္သမွ်စားေပးရသည္။ေယာကၡထီးဆီကေန အမွတ္ရဖို႔လိုအပ္တယ္ေလ။
..
ထမင္းဝိုင္းမွာ အားနာစိတ္အျပည့္ျဖင့္စားေသာက္ၿပီးတာနဲ႔ ထယ္ေယာင္းမွာသန္႔စင္ခန္းသို႔ေျပးၿပီး အန္ထုတ္ေတာ့သည္။
"ဟူး...ခုမွပဲေနလို႔ေကာင္းသြားေတာ့တယ္"
အန္ထုတ္ၿပီးတာနဲ႔ ေရေအးေအးေတြနဲ႔မ်က္ႏွာပါတစ္ခါတည္းသစ္ခဲ့လိုက္သည္။အန္တုန္းကမ်က္ရည္ေတြပါထြက္လာတာမို႔ ေမာင္သိသြားရင္ဝမ္းနည္းသြားမွာစိုးလို႔ပင္။
"ကိုကို...ဒီကိုလာ"
ျခံထဲမွာမီးေမႊးၿပီး ထိုင္ေနၾကတဲ့ေဂ်ာင္ကုတို႔သားအဖေၾကာင့္ ထယ္ေယာင္းလည္းေျပးသြားၿပီးထိုင္လိုက္သည္။တစ္ကိုယ္လုံးေအးစက္ေနတာ အခုမွပဲေႏြးသြားေတာ့သည္။
"ေကာင္းကင္ကိုေမာ့ၾကည့္လိုက္ ကိုကို"
ေဂ်ာင္ကုကလက္ညိႇဳးထိုးၿပီးေျပာျပေတာ့ ထယ္ေယာင္းကခ်က္ခ်င္းေမာ့ၾကည့္လိုက္သည္။ၿမိဳ႕ျပမွာလိုမဟုတ္ပဲ ႐ွင္း႐ွင္းလင္းလင္းျမင္ေနရတဲ့ ၾကယ္တာရာေတြေၾကာင့္ ထယ္ေယာင္းမ်က္လုံးေလးေတြက တလက္လက္ျဖစ္ေနသည္။
"ဒီမွာအဝၾကည့္သြား...သားေလးတို႔ဆိုးလ္မွာဒီလိုမေတြ႕ရဘူးမလား"
ထယ္ေယာင္းမွာ ခုထိေခါင္းေမာ့ထားလ်က္နဲ႔ပင္ ေဂ်ာင္ကုအေဖ့ကိုေခါင္းညိတ္ျပသည္။ေဂ်ာင္ကုနဲ႔အေဖျဖစ္သူကေတာ့ ခ်စ္ဖို႔ေကာင္းတဲ့ထယ္ေယာင္းဆီကအၾကည့္မလႊဲႏိုင္ပဲအျပဳံးကိုယ္စီျဖင့္။
"ကဲ...ညလည္းနက္ေနၿပီဆိုေတာ့...အေဖသြားအိပ္ေတာ့မယ္...ႏြားႏို႔ေသာက္လိုက္ဦးေနာ္"
"ဟုတ္ကဲ့...အိပ္မက္လွလွမက္ပါေစအေဖ"
"သားေလးလည္း အိပ္မက္လွလွမက္ပါေစကြယ္"
ဂြၽန္ေဂ်ာင္ဆိုးက ေဂ်ာင္ကုတို႔ကိုႏႈတ္ဆက္ၿပီးတာနဲ႔ အိမ္ထဲဝင္သြားသည္။
"ဟာ!...ဘာလုပ္တာလဲ...အေဖျမင္သြားမယ္ေလ"
အေဖျဖစ္သူမ႐ွိေတာ့တာနဲ႔ သူ႕ကိုဖက္ၿပီးအသားယူေတာ့တဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာတြန္းထုတ္ရင္း ဆူေတာ့သည္။
"ေမာင့္အေဖက ေခါင္းအုံးနဲ႔ေခါင္းထိတာနဲ႔အိပ္ၿပီ...အိပ္ေပ်ာ္သြားရင္လည္း..ဆင္ေအာ္တာေတာင္မႏိုးဘူး"
"ဒါနဲ႔..မင္းဖက္တာဘာဆိုင္လဲ"
ထယ္ေယာင္းေျပာေတာ့ ေဂ်ာင္ကုကဖက္ေနတာကိုခ်က္ခ်င္းရပ္ၿပီး လက္ပိုက္၍ဟိုဘက္သို႔မ်က္ႏွာလွည့္သြားသည္။ဒါဟာစိတ္ေကာက္သြားပါၿပီဆိုတဲ့သေဘာ။
"ဒါက ဘာျဖစ္ရျပန္တာလဲကြာ"
ထယ္ေယာင္းမွာေျပာတုန္းကေျပာၿပီး..ၿပီးေတာ့သူပဲမေနႏိုင္။လက္ပိုက္ထားတဲ့ေဂ်ာင္ကုလက္ကိုအတင္းဆြဲၿပီး သူ႕ဘက္သို႔လွည့္ေစကာေမးေတာ့သည္။
"ကိုကိုကေမာင့္ကို...မင္း လို႔ေခၚတယ္!"
ေဂ်ာင္ကုကထယ္ေယာင္းလက္ကိုအတင္း႐ုန္းၿပီး မ်က္ႏွာမဲ့ကာေျပာသည္။
"ဟာ!..အဲ့ဒါကစိတ္တိုသြားလို႔ေလ"
"ေမာင္ဘာလုပ္မိလို႔ ကိုကိုကစိတ္တိုတာလဲ...ေမာင့္ခ်စ္သူကိုေမာင္ဖက္တာပဲ...မဖက္ရဘူးလား...ေမာင္ကဖက္ခြင့္ေတာင္မ႐ွိဘူးေပါ့"
"အဲ့လိုမဟုတ္ဘူးေလကြာ...အေဖေတြ႕သြားမွာစိုးလို႔ေလ"
ရစ္ေနတဲ့ရည္းစားေလးေၾကာင့္ ထယ္ေယာင္းမွာေခါင္းကုတ္ရင္းေျဖ႐ွင္းခ်က္ေပးရေတာ့သည္။
"ဒါဆို...အေဖမေတြ႕ႏိုင္တဲ့ေနရာဆို..ဖက္လို႔ရတယ္ေပါ့"
"အင္း"
ထယ္ေယာင္းက'အင္း' ဆိုတာနဲ႔ ေဂ်ာင္ကုကထယ္ေယာင္းလက္ကိုဆြဲၿပီး ျခံျပင္သို႔ေခၚသြားေတာ့သည္။
"ဒါကဘယ္လဲ!"
"အေဖမေတြ႕ႏိုင္တဲ့ေနရာကို"
ထယ္ေယာင္းမွာ အေမွာင္ထဲမွာမို႔ ေဂ်ာင္ကုလက္ကိုအားကိုးတႀကီးဆုပ္ကိုင္ၿပီး လိုက္ေျပးရေတာ့သည္။
"ဟင္!...ဒီေနရာကိုဘာလို႔လာတာလဲ"
ေဂ်ာင္ကု ထယ္ေယာင္းကိုေခၚလာတာက ႏြားျခံသို႔ျဖစ္၏။အိမ္နဲ႔လည္းနည္းနည္းလွမ္းၿပီး အေဖသာမက ဘယ္သူမွမေတြ႕ႏိုင္တဲ့ေနရာျဖစ္သည္။
"ကိုကို႔ကိုဖက္မလို႔ေလ...ကိုကိုပဲအေဖမေတြ႕ႏိုင္တဲ့ေနရာဆို ဖက္လို႔ရတယ္ဆို"
"အဲ့လိုဆိုေပမယ့္..ဒီေလာက္လုပ္စရာလိုလို႔လား"
ထယ္ေယာင္းေမးေတာ့ ေဂ်ာင္ကုကထယ္ေယာင္းရဲ႕လက္သြယ္သြယ္ေလးေတြကိုကိုင္ၿပီး
"ေမာင္ဒီေန႔တစ္ေန႔လုံး..ကိုကို႔ကိုဘယ္ေလာက္ေတာင္နမ္းခ်င္ေနလဲသိလား...ဒါေၾကာင့္ေမာင့္အလိုကိုလိုက္ဗ်ာ"
ေဂ်ာင္ကုကေျပာရင္းနဲ႔ ထယ္ေယာင္းခါးကိုဖက္ၿပီးနမ္းဖို႔ျပင္တာမို႔ ထယ္ေယာင္းကအေၾကာက္အကန္တြန္းထုတ္ေတာ့သည္။
"မင္းေျပာေတာ့ ဖက္ပဲဖက္မွာဆို!"
"အဲ့လိုမေျပာခဲ့ပါဘူး...ကိုကို႔ဘာသာဖက္မယ္ပဲထင္ေနတာေလ...ေမာင္ကအစတည္းကဖက္ၿပီးနမ္းမလို႔ၾကံစည္ေနတာ"
"မင္းကနဂိုတည္းက အၾကံဆိုးနဲ႔ပဲ"
"မင္းလို႔ထပ္ေခၚရင္...ကိုကို႔ႏႈတ္ခမ္းကိုေပါက္ထြက္ေအာင္..နမ္းပစ္ေတာ့မွာ"
"ေမာင္...ေမာင္ကလည္း"
နမ္းမယ္ဆိုတာနဲ႔ ထယ္ေယာင္းမ်က္ႏွာတစ္ခုလုံးက စေတာ္ဘယ္ရီလိုရဲတက္လာသည္။
မ်က္စိေ႐ွ႕မွာကိုက္စားခ်င္စရာ မ်က္ႏွာရဲေနတဲ့ကိုကို႔ေၾကာင့္ ရင္ဘတ္ထဲမွာယားက်ိယားက်ိျဖစ္လာၿပီး ခါးေသးေသးေလးကိုအတင္းဆြဲဖက္ၿပီးနမ္းမိေတာ့သည္။အၿမဲအိစက္ေနတဲ့ႏွင္းဆီေရာင္ႏႈတ္ခမ္းေလးက ဘယ္ႏွႀကိမ္နမ္းနမ္း႐ိုးအီသြားသည္ဟူ၍မ႐ွိ။ထပ္ခါထပ္ခါစားခ်င္ေနေသာ နတ္သုဒၶါအလား..စြဲမက္ဖြယ္ေကာင္းလွသည္။
ႏႈတ္ခမ္းအိအိေလးကို မ်က္လုံးစုံမွိတ္၍အေပၚတစ္လွည့္ေအာက္တစ္လွည့္စုပ္ယူကာနမ္း႐ိႈက္ေနတုန္း သူ႕ရင္ဘတ္ကိုတြန္းလာတဲ့လက္ေလးေၾကာင့္ ေဂ်ာင္ကုမွာမ်က္လုံးျပန္ဖြင့္ၿပီး ထယ္ေယာင္းမ်က္ႏွာကိုၾကည့္ရေတာ့သည္။
"ဘာလို႔လဲ ကိုကို"
"ႏြား...ႏြားေတြၾကည့္ေနလို႔"
အေနာက္ကိုလက္ညိႇဳးထိုးၿပီးေျပာလာတဲ့ခ်စ္ရသူေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သူတို႔ႏွစ္ေယာက္ကိုအထူးအဆန္းၾကည့္ေနၾကတဲ့ ႏြားအုပ္ႀကီးကိုေတြ႕လိုက္ရသည္။ဘြန္းဘြန္းကအဆိုးဆုံးပင္။ထၿပီးေတာ့ကိုၾကည့္ေနတာ။ဒါေၾကာင့္ ကိုကိုကအတင္း႐ုန္းေနတာကိုး။
"သူတို႔ကဘာသိမွာလဲ ကိုကိုရာ"
"အို!...သိသိမသိသိ ကိုကို႐ွက္တယ္!"
ကိုကို႔ေအာ္သံေသးေသးေလးက ခ်စ္ဖို႔ေကာင္းလြန္းေနတာမို႔ရယ္လိုက္မိသည္။ၿပီးတာနဲ႔ေခ်ာင္းေနၾကတဲ့ႏြားအုပ္ဘက္ကိုလွည့္ၿပီး
"အိပ္ၾကေတာ့ေလ!!...ခုခ်က္ခ်င္းမအိပ္ရင္..မနက္က်ရင္ျမက္ေျခာက္မစားရဖူးမွတ္!!!"
ေဂ်ာင္ကုေျပာေတာ့မွ ႏြားေတြမွာ'မူး' ဟုေအာ္ၿပီး ေခါင္းလွည့္သြားၾကေတာ့သည္။
"ကဲ...နမ္းလို႔ရၿပီကိုကို"
ဒီလိုနဲ႔ပဲ ထယ္ေယာင္းမွာေဂ်ာင္ကုရဲ႕အနမ္းခ်ိဳခ်ိဳေတြကို မိနစ္အနည္းငယ္ၾကာခံယူလိုက္ရေတာ့သည္။ညဘက္ႀကီးႏြားျခံထဲမွာနမ္းေနတာက နည္းနည္းေတာ့ကို႔႐ိုးကားယားႏိုင္ေသာ္လည္း ရင္ခုန္လြန္းေနခဲ့ျပန္သည္။
Kimharu4121992🌵Borahae💜
#ေဆးေပါင္းခတဲ့တန္ေဆာင္မုန္းလျပည့္ေန႔ေလးမွာ ကိုယ့္ficေလးဖတ္ၿပီး နည္းနည္းေလးျဖစ္ျဖစ္စိတ္ၾကည္ႏူးသြားေစဖို႔ ေမွ်ာ္လင့္ပါတယ္readerေလးတို႔ေရ♡
There are no comments yet. Log in to be the first to leave a review!





