15
10:52, 26 November 2023နှင်းတွေလွှမ်းနေတဲ့မနက်ခင်းမှာ ကောင်လေးတစ်ယောက်ကတော့ အနွေးထည်ထူပွပွကြီးဖြင့် လမ်းမထက်မှာပြေးလွှားနေသည်။လက်ထဲမှာလည်းအထုပ်တစ်ထုပ်ကို ကိုင်လို့ထားသေးသည်။သိုးမွေးဦးထုပ်အနက်ရောင်လေးဖြင့် ခပ်မြန်မြန်ပြေးသွားပုံမှာ နှင်းတွေကြားထဲပြေးလွှားနေတဲ့ယုန်လေးတစ်ကောင်အလား။
"အိုး...တော်တော်အေးတာပဲ"
အပြင်မှာအေးခဲသွားမတတ်အေးနေမှုက အိမ်ထဲဝင်မှနွေးသွားတော့သည်။နှင်းရေတွေစိုသွားတဲ့ဖိနပ်ကို ဖိနပ်ချွတ်စင်ရဲ့အောက်ဆုံးထပ်မှာသေချာကပ်ချွတ်ပြီးတော့ ဒုတိယထပ်ကအိမ်စီးဖိနပ်အညိုလေးကိုထုတ်စီးလိုက်သည်။သိုးမွေးဦးထုပ်နဲ့အနွေးထည်ထူထူကြီးကိုချွတ်ပြီး ခုံပေါ်မှာလွှားတင်ပြီးတာနဲ့ အေပရွန်အညိုရောင်ကိုဝတ်ဆင်လိုက်သည်။
ဝယ်လာတဲ့အိတ်ထဲကပေါင်မုန့်ထုပ်ကိုယူပြီး ပေါင်မုန့်အတုံးကြီးကို ဘေးသားတွေလှီး၍လေးထောင့်ပုံစံဖြစ်အောင် လုပ်လိုက်သည်။ပြီးတာနဲ့အထဲကပေါင်မုန့်အသားကို နည်းနည်းလောက်ဓါးနဲ့လှီးထုတ်ပြီး ပတ်ပတ်လည်ကိုထောပတ်သုတ်၍မိုက်ကရိုဝေ့ဗ်ဖြင့် 2မိနစ်ခန့်အပူပေးလိုက်သည်။ဒါမှပေါင်မုန့်ကအိအိလေးနဲ့ ထောပတ်အနံ့သင်းနေမှာ။ပေါင်မုန့်ကိုအပူပေးနေတုန်း ရေခဲသေတ္တာထဲကစတော်ဘယ်ရီတွေကိုထုတ်၍ ဆေးကြောပြီးအတုံးသေးသေးလေးဖြစ်အောင်လှီး၍ ဝယ်လာတဲ့ဒိန်ချဥ်နဲ့ရော၍ကြိတ်စက်ဖြင့်ကြိတ်လိုက်သည်။ပေါင်မုန့်ရတာနဲ့ ရောကျိတ်ထားတဲ့စတော်ဘယ်ရီဒိန်ချဥ်တွေကို ဇွန်းဖြင့်ခပ်၍အသားထုတ်ထားတဲ့ပေါင်မုန့်ပေါ်ထည့်လိုက်ပြီး အပေါ်ကနေစတော်ဘယ်ရီတစ်လုံးဖြင့်အလှဆင်ပြီးတာနဲ့ စတော်ဘယ်ရီဒိန်ချဥ်ပေါင်မုန့်ရိုးရိုးရှင်းရှင်းဖြင့် ပြီးသွားပြီဖြစ်သည်။သောက်စရာအနေနဲ့ကတော့ နွားနို့ဖြင့်ချောကလက်ကိုရောကျိုထားသည်။
အချိုကဲတာမကြိုက်တဲ့ကာစတန်မာကြောင့် ချောကလက်အခါးကိုအသုံးပြုထားသည်။
အားလုံးပြီးသွားတာနဲ့ သွားနှိုးဖို့ပြင်ရတော့သည်။ကျုပ်အဖြစ်ကဘာနဲ့တူလဲဆိုရင် မင်းသားလေးကိုခစားရတဲ့အထိန်းတော်လိုပဲ။
"ကိုကို..ထတော့...မောင်မနက်စာလုပ်ပြီးပြီ"
နားထဲချိုအီစွာဝင်လာတဲ့အသံနဲ့အတူ ပါးပေါ်ကအနမ်းတစ်ပွင့်ကြောင့် ထယ်ယောင်းမျက်နှာလေးပြုံးသွားသည်။သို့သော်မထချင်သေးတာကြောင့် စောင်ကိုအတင်းဆွဲ၍ ခေါင်းမြှီးခြုံပြီးပေတေအိပ်နေမိသည်။
"ကိုကိုမထရင်..မောင်အတင်းနမ်းပစ်မှာနော်"
"ထပြီ...ဟီး"
ဂျောင်ကုပြောတော့ ထယ်ယောင်းကသွားဖြဲရယ်ပြ၍ ရေချိုးခန်းထဲသို့ပြေးဝင်သွားသည်။တရားဝင်ချစ်သူတွေဖြစ်တာ တစ်ပတ်တိတိရှိနေပြီဖြစ်သော်လည်း ထယ်ယောင်းကနမ်းရမှာ၊ပွေ့ဖက်ရမှာကို အရမ်းရှက်တတ်သည်။
..
မျက်နှာသစ်ပြီးတော့အင်္ကျီမလဲတော့ပဲ ပိုးသားညအိပ်ဝတ်စုံနဲ့ပင် အပေါ်ကအနွေးထည်အပါးတစ်ထည်ကောက်စွပ်၍ မီးဖိုချောင်သို့ထွက်လာခဲ့လိုက်သည်။
"ဗိုက်ဆာပြီလား"
ဂျောင်ကုက ကျိုထားတဲ့ချောကလက်ကို ခွက်လှလှလေးထဲထည့်ရင်းနဲ့မေးတော့ ထယ်ယောင်းကခေါင်းညိတ်ပြသည်။
"ဒီနေ့မနက်စာကဘာလဲဟင်"
စားပွဲခုံပေါ်မေးတင်၍ ကလေးတစ်ယောက်လိုမေးလာသည့်ထယ်ယောင်းကြောင့် ချောကလက်ထည့်နေတဲ့ဂျောင်ကုလက်တွေ ဘေးသို့ချော်ကုန်တော့သည်။အများကြီးမမှောက်သွားလို့ တော်သေးသည်။
"ကိုကိုကြိုက်တဲ့စတော်ဘယ်ရီဒိန်ချဥ်ပေါင်မုန့်နဲ့...ချောကလက်ပူပူတစ်ခွက်"
"ရေး!...ငါအဲ့ဒါကြိုက်တယ်"
"ဘာငါလဲ...ကိုကိုလို့ပြောရမှာလေ"
မျက်စိရှေ့ရောက်လာတဲ့ပေါင်မုန့်ပန်းကန်နဲ့အတူ ဆူပုပ်ပုပ်ပြောလာသည့်ဂျောင်ကုကြောင့် ထယ်ယောင်းမျက်နှာလေးပန်းနုရောင်သမ်းသွားသည်။သူတစ်ကယ်ကို အဲ့လိုအခေါ်အဝေါ်တွေနဲ့နေသားမကျသေးတာ။သူ့ကိုယ်သူ 'ကိုကို' လို့ပြောပြီး ဂျောင်ကုလေးကို 'မောင်' လို့ခေါ်ဖို့အတွက် ပါးစပ်ကမရဲ။ရှက်လို့ဘယ်လိုမှပြောမထွက်ပေမယ့် ဂျောင်ကုလေးကအတင်းအဲ့လိုခေါ်ခိုင်းသည်။ချစ်သူတွေဖြစ်နေပြီမို့ အခေါ်အဝေါ်တွေပြောင်းသင့်နေပြီတဲ့လေ။
"မောင်ပြောတာကြားတယ်မလား...ငါတွေမင်းတွေနဲ့မပြောနဲ့...မောင်မကြိုက်ဘူး"
တမောင်တည်းမောင်နေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာအငွေ့ပျံချင်နေပြီဖြစ်သည်။
"ကိုကို့သဘောပါ...မောင်အတင်းအကျပ်မလုပ်တော့ဘူး...ကိုကိုကြိုက်သလိုခေါ်တော့...မောင့်ကို ကိုကိုကချစ်မှမချစ်ပဲ...မောင်ကပဲချစ်နေတာ"
ဝမ်းနည်းသွားတဲ့ဂျောင်ကုမျက်နှာကြောင့် ထယ်ယောင်းမှာမနေသာတော့။
"အာ..ဘယ်ကသာ...ငါ...မဟုတ်...ကျစ်!..ကိုကိုကချစ်တာပေါ့...နည်းနည်းရှက်နေလို့ပါ...နားလည်ပေးပါလားဂျောင်ကုလေးရယ်"
ထိုသို့ပြောတော့မှ ဂျောင်ကုမျက်နှာကပြန်ပြီးပြုံးလာသည်။အမှန်တော့ခုနက တမင်ဝမ်းနည်းချင်ယောင်ဆောင်လိုက်တာ။ကိုကိုကသူအဲ့လိုလုပ်ပြတာနဲ့ ချက်ချင်းပြာယာခတ်သွားမယ်မှန်းသိလို့။
"ဂျောင်ကုလေးလို့မခေါ်နဲ့တော့...မောင်လို့ခေါ်ပါဆို"
"အင်း...ကို..ကိုကိုအဲ့လိုခေါ်ပါ့မယ်"
ထယ်ယောင်းမှာမျက်နှာရဲရင်းနဲ့ပင် ကတိပေးရတော့သည်။သူ့ကလေးလေးကသိပ်ချွဲတတ်တာ..ဒီလိုချွဲပုံမျိုးကိုကျွန်တော်ကလည်းဘယ်ခံနိုင်ပါ့မလဲ?အကုန်လိုက်လျောပေးရတာ။
"ပေါင်မုန့်ကို..ဓါးနဲ့အလယ်ကနေခွဲလိုက်"
ဂျောင်ကုပြောတော့ ထယ်ယောင်းကခေါင်းညိတ်၍ဓါးနဲ့ခွဲလိုက်တော့ ပေါင်မုန့်ပေါ်ကယိုတွေကရေတံခွန်လိုအပေါ်ကနေစီးကျလာသည်။
"ဝါး...မိုက်လိုက်တာ"
"မြည်းကြည့်လေ"
ထယ်ယောင်းခက်ရင်းနဲ့ဖဲ့၍ ပါးစပ်ထဲထည့်လိုက်တော့ နူးညံ့ပြီးပျော်ဝင်သွားတဲ့ချိုချိုချဥ်ချဥ်အရသာကြောင့် မျက်လုံးတွေမှိတ်ကျသွားတဲ့အထိ နှစ်ခြိုက်သွားသည်။
"ကိုကိုကြိုက်ရဲ့လား"
"အင်း...ဂျောင်ကုလေးကအတော်ဆုံး...အဲ...မောင်ကအတော်ဆုံးပဲ"
လက်မလေးထောင်ပြီး ပြောတဲ့ပြောလာတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမျက်နှာမှာအပြုံးတွေလျှံထွက်လာသည်။သူလုပ်ပေးသမျှကို ကောင်းကောင်းစားပေးတဲ့ရှေ့ကဝက်ဝံပေါက်လေးက ဒီကမ္ဘာပေါ်ကချစ်စရာအကောင်းဆုံးဖြစ်တည်မှုလေးပင်။
ကိုကို့ကို ဒီမောင်ကအသည်းနင့်အောင်ချစ်ရပါ၏။
..
"ရှေ့လ9ရက်နေ့...အောင်စာရင်းထွက်မှာနော်...စိတ်ပူနေလား"
စျေးတွန်းလှည်းကိုနှစ်ယောက်တူတူတွန်းနေရင်း ထယ်ယောင်းကမေးလာသည်။
"စိတ်မပူပါဘူး...မောင်ဖြေခဲ့တာမောင်သိတာပေါ့"
"SKYထဲမှာမှ...ဘာလို့ဆိုးလ်တက္ကသိုလ်မှာတက်ချင်တာလဲ"
(SKY ဆိုတာက Seoul National University , Korea University , Yonsei University ကိုစုပြီးခေါ်တဲ့အခေါ်အဝေါ်ပါ။ထိုတက္ကသိုလ်3ခုလုံးက တောင်ကိုရီးယားရဲ့ထိပ်တန်းတက္ကသိုလ်တွေဖြစ်ပြီး ဝင်ခွင့်ရဖို့အတော်ခက်ပါတယ်။)
"ကိုကိုတက်ခဲ့တဲ့တက္ကသိုလ်မို့လို့လေ"
ဂျောင်ကုအဖြေကရိုးရှင်းသည်။ထယ်ယောင်းဘွဲ့ရခဲ့တဲ့တက္ကသိုလ်မို့ သူလည်းအဲ့မှာတက်ချင်သည်။
"ဂျောင်ကုလေးက..အဲ့ကျောင်းတက်ပြီးရင်ဘာဆက်လုပ်ချင်တာလဲ"
ထယ်ယောင်းအပြောကြောင့် ဂျောင်ကုမျက်ခုံးတန်းတွေကတွန့်ချိုးသွားသည်။ 'မောင်'လို့ခေါ်ပါဆို ကိုကိုကမမှတ်ထားဘူး။
"မောင်ကျောင်းပြီးတာနဲ့...ကိုယ်ပိုင်လုပ်ငန်းတစ်ခုစလုပ်မယ်...ကိုကိုသဘောကျတဲ့ပိုက်ဆံတွေ အများကြီးရှာမယ်...အဲ့ကျရင်ကိုကို့ကိုဘာအလုပ်မှာမလုပ်ခိုင်းတော့ပဲ..မောင့်အနားမှာပဲထားမယ်...ဒါဆိုကိုကိုနဲ့တစ်နေ့လုံးတူတူရှိရမှာမလား...မောင်ကအဲ့လောက်ထိကြိုတွေးထားတာ"
ဂျောင်ကုစကားကြောင့် ထယ်ယောင်းမှာမျက်ရည်တွေဝဲလာသည်။သူ့ကလေးလေးက သူ့ကိုအဲ့လောက်တောင်ချစ်တယ်ဆိုတာသိရတော့ သူချစ်ပေးတာကတောင်နည်းနေသလိုခံစားရသည်။ရင်ထဲမှာဝမ်းနည်းလာမှုကြောင့် ဘာမပြောနဲ့ညာမပြောနဲ့ ဘေးကကလေးလေးကိုဖက်လိုက်မိတော့သည်။
ဂျောင်ကုမှာ ရုတ်တရက်ဖက်ခံလိုက်ရတာမို့ လန့်သွားသော်လည်း သဘောကျစွာပြုံး၍ သူ့ကိုဖက်ထားတဲ့ကိုကိုသေးသေးလေးကိုပြန်ဖက်ထားပြီး အသည်းယားတာကြောင့် ဖျစ်ညှစ်မိလိုက်သည်။
"ဘာဖြစ်လို့လဲကိုကို"
"ဘာမှမဖြစ်ဘူး"
သူ့ကိုဖက်ထားတဲ့ ကိုကိုအသံလှိုင်းကတုန်ရီနေသည်။ကြည့်ရတာ သူပြောလိုက်တဲ့စကားကိုဝမ်းနည်းသွားတဲ့ပုံ။
"မောင်ပြောလိုက်တဲ့စကားကိုမကြိုက်လို့လား...ကိုကိုကမောင့်ကိုအဲ့လိုမလုပ်စေချင်ပဲ...တစ်ခြားလုပ်စေချင်တာရှိလို့လား...ဒါဆိုလည်းမောင့်ကိုပြောပါ...ကိုကိုဖြစ်စေချင်တာကိုမောင်လုပ်မယ်"
ဂျောင်ကုစကားကြောင့် ထယ်ယောင်းကဖက်ထားကိုလွှတ်ပြီး ခေါင်းကိုဘယ်ညာယမ်းပြလိုက်သည်။
"မရှိဘူး...ဂျောင်ကုလေးအိပ်မက်အတိုင်းလုပ်ပါ...ကိုကိုအားပေးနေမယ်"
"မောင်"
"ဟင်!"
"ဂျောင်ကုလေးမဟုတ်ဘူး...မောင်လို့"
ဆူပုပ်ပုပ်ပြောလာတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာသဘောကျစွာပြုံး၍ခေါင်းညိတ်ပြီး
"အင်း...မောင်...ကိုကို့ရဲ့မောင်"
"ကိုကိုကဗျာ"
အရှက်သည်းစွာတိုးတိုးလေးပြောလာတဲ့ ကိုကို့ကိုအတင်းဖက်လိုက်တော့ ကိုကို့ရယ်သံလွင်လွင်လေးတွေကထွက်ပေါ်လာသည်။
စျေးတွန်းလှည်းကိုပစ်ပြီးဖက်နေတဲ့ ကောင်လေးနှစ်ယောက်ကို စျေးဝယ်သူတွေကကွက်ကြည့်ကွက်ကြည့်နှင့်။ထိုအထဲတွင် ထယ်ယောင်းကိုလွန်စွာမှသဘောကျနေတဲ့ဆရာမရှင်းလည်းပါသည်။ဆရာမရှင်းလက်ထဲက မုန်ညှင်းထုပ်အကြီးကြီးက အောက်သို့ဘုတ်ခနဲပြုတ်ကျသွားသည်။တစ်ဦးကိုတစ်ဦးဖက်ပြီး ပြုံးနေကြတဲ့ထယ်ယောင်းနဲ့ဂျောင်ကုကိုကြည့်ပြီး ဆရာမရှင်းမှာမျက်ရည်တွေဝဲလာသည်။
နောက်ဆုံးတော့ သူမ ထင်ထားတာကတစ်ကယ်ဖြစ်သွားပြီပဲ။
"ဟဲ့..သမီး...ဘာတွေငေးနေတာလဲ...ကင်ချီစိမ်ဖို့မုန်ညှင်းထုပ်ရွေးပါဆို...အကုန်ပြုတ်ကျကုန်ပြီဟယ်...ညည်းကတော့လေ...အမြဲနမော်နမဲ့နဲ့..ဒါကြောင့်လည်းခုထိရည်းစားမရသေးတာ..မြန်မြန်ကောက်!...ဝန်ထမ်းတွေတွေ့ရင်ပြောနေဦးမယ်"
"မေမေပဲကောက်တော့"
"ဟဲ့...ဘယ်သွားတာလဲ...အို...ဒီကောင်မလေးနဲ့တော့လေ"
ဆရာမရှင်းအမေမှာ မျက်နှာကိုလက်နဲ့အုပ်ပြီးပြေးသွားတဲ့သမီးဖြစ်သူကို မျက်စိတစ်ဆုံးလိုက်ကြည့်ပြီး ပွစိပွစိဖြင့်ကျန်ခဲ့သည်။
ပြေးသွားတဲ့ဆရာမရှင်းကတော့ ထောင့်တစ်နေရာရောက်တာနဲ့ ဆောင့်ကြောင့်ထိုင်ချပြီးဒူးခေါင်းပေါ်မျက်နှာဖွက်ကာ ငိုတော့သည်။
ဒီတစ်သက်တော့ တစ်ကယ်ကြီးဆရာကင်မ်ကိုလက်လွှတ်ရတော့မှာလား?အရေးထဲဝမ်းနည်းနေပါတယ်ဆို မေမေကလည်းဆူလိုက်သေးတယ်။
သမီး အခုအသည်းကွဲနေတာကိုမေမေသိလား?မေမေမသိပါဘူး။မေမေသိတာ ဆူဖို့ပဲသိတာ။ခုတော့ မေမေ့သမီးကဆရာကင်မ်ကိုမရနိုင်တော့ဘူး။မေမေလည်း ဒီတစ်သက်မြေးမချီရတော့ဘူး။
မေမေ့သမီးရဲ့စိတ်ကူးယဥ်အချစ်ဇာတ်လမ်းလေး...အဆုံးသတ်သွားပြီလို့!!။
ထိုအတွေးတွေနဲ့အတူ ဆရာမရှင်းမှာတရှုံ့ရှုံ့နဲ့ငိုနေတော့သည်။
...
တက္ကသိုလ်ဝင်စာမေးပွဲပြီးတာနဲ့ အတန်းသစ်တွေပြန်ဖွင့်ဖို့ကြားမှာ ပိတ်ရက်1လတိတိရတာမို့ ထယ်ယောင်းမှာနေ့တိုင်းအားလပ်နေသည်။ထို1လပြီးတာနဲ့ အတန်းသစ်တွေအတွက် ပုဂ္ဂလိကကျောင်းတွေကပြန်ဖွင့်မှာဖြစ်သည်။အစိုးရကျောင်းတွေကတော့ 3လပိုင်းမှပြန်ဖွင့်မှာဖြစ်၏။ဒီလိုပိတ်ရက်ဆို ထယ်ယောင်းတို့လိုဆရာတွေက ဘောနပ်စ်အများကြီးရပြီး ခရီးထွက်ကြ၊မွေးရပ်မြေပြန်ကြနဲ့ မိသားစုနှင့်အတူအချိန်ဖြုန်းကြသည်။
ထယ်ယောင်းက အရင်နှစ်တွေကဆို မွေးရပ်မြေပြန်ပြီး မိဘတွေနဲ့အတူ အချိန်ဖြုန်းတတ်ပေမယ့် ဒီနှစ်ကတော့ဂျောင်ကုရှိနေသည်မို့ မွေးရပ်မြေမပြန်ဖို့ဆုံးဖြတ်ပြီး မိဘတွေကိုမလာနိုင်ကြောင်းပြောထားသည်။ရှားရှားပါးပါးပိတ်ရက်လေးကို ချစ်သူအသစ်စက်စက်လေးနဲ့ပဲ အချိန်ဖြုန်းချင်တာပေါ့။အခုလည်းပြင်ဆင်နေတာက ဂျောင်ကုလေးနဲ့အတူနှင်းလျှောသွားစီးဖို့ပင်။
"ကိုကိုရေ...ပြီးပြီလား"
အပြင်ကနေအော်မေးတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းနှုတ်ခမ်းပါးတွေကော့တက်သွားသည်။ဂျောင်ကုဆီက 'ကိုကို'လို့အခေါ်ခံရတိုင်း လူကဒူးတောင်မခိုင်ချင်..ရင်ခုန်နှုန်းတွေမမှန်ပဲ ယိုင်တိုင်တိုင်ရယ်။
"ပြီးပြီ...မောင်"
ထယ်ယောင်းကပြန်အော်ပြောသော်လည်း 'မောင်' ဆိုတဲ့နေရာကိုတော့တိုးတိုးလေးသာပြောလိုက်သည်။သူခုချိန်ထိ ထိုအခေါ်အဝေါ်တွေကြား ရှက်နေပါသေးသည်။
မျက်စိရှေ့ရောက်လာတဲ့ကိုကိုက skinny ဂျင်းအနက်စွေးစွေးနဲ့ အဖြူရောင်လေဖောင်းမိုးကာအနွေးထည်ကိုဝတ်ထားပြီး လက်အိတ်အပြည့်အစုံဖြင့် စမတ်ကျကျဝတ်ဆင်ထားသည်။ခေါင်းစွပ်မစွပ်ထားပဲ ဆံပင်တွေကိုသေချာပုံသွင်းထားပြီး ထူးထူးခြားခြားလေးထောင့်မျက်မှန်အနက်ကို ဝတ်ထားသည့်ကိုကိုက ဒီနေ့ကျမှနည်းနည်းပဲများနေသလို။သူကတော့ ကိုကိုဝယ်ပေးထားတဲ့ကိုကို့နည်းတူလေဖောင်းမိုးကာအနွေးထည်အနက်ဖြင့် လက်အိတ်အနက်ရောင်ကိုဝတ်ထားပြီး မာဖလာပါပတ်ထားသည်။
"မာဖလာမပတ်ဘူးလား...အေးမယ်လေ"
သူပြောတော့ ခေါင်းခါပြသည်။ပြီးတာနဲ့ရှေ့ကနေထွက်သွားပြီး ကားကိုနည်းနည်းစစ်၍ကားစက်နှိုးသည်။ညနေစောင်းမို့မြူတွေကဆိုင်းချင်နေပြီဖြစ်သည်။
ကားထဲမှာheaterဖွင့်ထားတာမို့ နွေးနွေးလေးနှင့်နေလို့ကောင်းသည်။နှင်းနည်းနည်းကျနေတာကြောင့် ထယ်ယောင်းကကားကိုဂရုတစိုက်မောင်းပြီး ဘေးကဂျောင်ကုကတော့ ထယ်ယောင်းရဲ့စတီယာတိုင်ကိုမကိုင်ထားတဲ့ လက်တစ်ဖက်ကိုကိုင်၍ မျက်လုံးဝိုင်းဝိုင်းလေးဖြင့် အပြင်ကိုလိုက်ကြည့်နေသည်။
"နှင်းလျှောကွင်းမှာဆို..နှင်းတွေပိုကျမယ်ထင်တယ်နော်ကိုကို"
"အင်း...ကိုကိုလည်းအဲ့လိုထင်တယ်"
ထယ်ယောင်းအဖြေကြောင့် ဂျောင်ကုကနှာခေါင်းလေးရှုံ့ပြီးရယ်သည်။အခုဆိုကိုကိုက သူ့ကိုယ်သူ'ကိုကို'လို့ပြောတာကို အကျင့်ပါနေပြီဖြစ်သည်။
တစ်နာရီခွဲလောက်ကားမောင်းပြီးတော့မှ အလိုရှိရာနှင်းလျှောကွင်းသို့ရောက်လာသည်။ညဘက်မှစီးတဲ့လူပိုများတာကြောင့် အပေါက်ဝမှာတင်လူတွေနဲ့ရှုပ်ယှက်ခတ်နေသည်။ထယ်ယောင်းကကားပေါ်ကဆင်းတာနဲ့ ဂျောင်ကုလက်ကိုဆွဲ၍လက်မှတ်သွားဖြတ်သည်။ဂျောင်ကုလည်း ထယ်ယောင်းလက်ကိုပြန်ယှက်ကိုင်ပြီး ပျော်နေတုန်းခဏပဲ.. လက်မှတ်ဖြတ်တဲ့ကောင်တာမှာ သူ့ကိုကိုကိုငေးနေတဲ့မိန်းကလေးတစ်သိုက်ကြောင့် ကိုကိုဘေးမှာပိတ်ရပ်၍ ထိုမိန်းကလေးအုပ်စုကို စိုက်ကြည့်ပေးလိုက်သည်။ထိုသို့လုပ်မှ ထိုမိန်းကလေးအုပ်စုကအကြည့်လွှဲသွားတော့တာပင်။
"ဒါကြီး..မပတ်ထားလို့မရဘူးလား"
မာဖလာအတင်းပတ်ပေးနေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာမပတ်ချင်တာမို့ အတင်းငြင်းတော့သည်။တမင်ရှိုးထုတ်လာတာမို့ ဒါကြီးကိုမပတ်ချင်ပါ။
"မရဘူး...ကိုကို့ကိုလိုက်ကြည့်နေကြတာ မောင်မကြိုက်ဘူး"
တစ်ဖက်မိန်းကလေးအုပ်စုကို မျက်စောင်းထိုးပြီးပြောတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာအခြေအနေကို သဘောပေါက်ပြီးလက်ခံလိုက်ရတော့သည်။
"ကိုကို့ကိုလိုက်ကြည့်လို့...သဝန်တိုနေတာပေါ့"
ထယ်ယောင်းက ဂျောင်ကုရဲ့နှာခေါင်းထိပ်လေးကိုတို့၍ ရယ်သံနှောပြီးမေးသည်။
"ခင်ဗျားကိုဆွေကြည့်တာနဲ့တင်...ကျုပ်ကလူသတ်ချင်နေပြီ"
ချက်ချင်း ခင်ဗျားတွေကျုပ်တွေဖြစ်ကုန်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာဆက်မစရဲတော့ပဲ ပါးစပ်လေးပိတ်၍မာဖလာပတ်ပေးတာကိုငြိမ်ခံနေရသည်။မာဖလာပတ်ပေးထားတာက သူ့မျက်နှာတစ်ဝက်ဖုံးတဲ့အထိပင်။
..
"မောင်လုပ်ပေးမယ်"
ဖိနပ်တွေသွားထုတ်တော့ ဂျောင်ကုကပဲထယ်ယောင်းကိုနှင်းလျှောဖိနပ်၊ဦးထုပ်နဲ့ဒူးကာကိုဝတ်ပေးသည်။ပြီးတာနဲ့ နှစ်ယောက်အတူထွက်လာတာက လူအပြည့်ဖြစ်နေတဲ့နှင်းလျှောစီးတဲ့ကွင်းသို့။
"မောင့်နားမှာပဲနေနော်ကိုကို...လူတွေများတယ်"
ဂျောင်ကုကပြောပြီးတာနဲ့ ကွင်းထဲသို့ကျွမ်းကျင်စွာဆင်းသွားသည်။သို့သော်ထယ်ယောင်းကတော့လိုက်မလာသေးပဲ တုန်တုန်ချိချိဖြင့် တန်းကိုကိုင်လျက်ကျန်ခဲ့သည်။ပါးစပ်ကလည်းတိုးတိုးလေး 'မောင်' လို့ခေါ်နေသေးသည်။
"ကိုကို...လာလေ"
ဂျောင်ကုကခပ်ဝေးဝေးကနေ လက်ယက်ပြပြီးလှမ်းခေါ်တော့ ထယ်ယောင်းကခေါင်းခါပြသည်။သူမှ နှင်းလျှောမစီးတတ်ပဲလေ။
တော်တော်နဲ့ကွင်းထဲမဝင်လာတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမှာ ထယ်ယောင်းဆီပြန်သွားရတော့သည်။
"ဘာလို့လိုက်မလာတာလဲ ကိုကို"
"ကိုကိုမှ မစီးတတ်တာ"
တိုးတိုးလေးမှ တစ်ကယ့်ကိုတိုးတိုးလေးဖြေလိုက်ပေမယ့် သေချာအာရုံစိုက်နားထောင်နေတဲ့ဂျောင်ကုကတော့ ကြားဖြစ်အောင်ကြားလိုက်တာမို့ ပြုံးစိစိဖြစ်သွားသည်။သူ့ကိုကိုက နှင်းလျှောမစီးတတ်ပဲ နှင်းလျှောကွင်းလာချင်တာကိုး။
"မောင်သင်ပေးမှာပေါ့...လာ"
လက်ကဆွဲ၍ခေါ်တော့မှ မချင့်မရဲဖြင့်နောက်ကပါလာသည်။သူ့လက်ကိုအားကိုးတကြီးဆုပ်ကိုင်ထားတဲ့ ကိုကို့လက်သေးသေးလေးက သူ့လက်ထဲမှာမြုပ်လို့။
"နှင်းလျှောစီးတာက ကိုကိုထင်သလောက်မခက်ပါဘူး...ကိုယ်သွားမယ့်လမ်းကြောင်းအတိုင်း ခန္ဓါကိုယ်ကိုမတ်မတ်ထားရမယ်...ကွေ့ချင်ရင်တော့ခန္ဓါကိုယ်ကိုပါ လိုက်ယိမ်းရမယ်...ski poleနဲ့ထိန်းလို့ရတယ်...ကိုကိုရပ်ချင်ရင်တော့ ခြေထောက်ကိုAပုံသဏ္ဍာန်...ဒီလိုလေး...မောင်လုပ်ပြသလိုလုပ်လိုက်ရင်ရပြီ...လွယ်တယ်မလား"
(Ski poleဆိုတာက နှင်းလျှောစီးရင်သုံးတဲ့ အချောင်း2ချောင်းကိုပြောတာပါ...မြင်ဖူးကြတယ်ဟုတ်)
ဂျောင်ကုက ခြေထောက်ကိုAပုံသဏ္ဍာန်လုပ်ပြရင်းမေးတော့ ထယ်ယောင်းကခေါင်းညိတ်ပြသည်။
"ကဲ...ဒါဆို..မောင်နဲ့တူတူ...ဟာ!...ကိုကို!!"
ပြောလို့တောင်မဆုံးသေး သူ့ရှေ့ကနေအရင်ထွက်သွားတဲ့ထယ်ယောင်းကြောင့် ဂျောင်ကုမှာလန့်သွားတော့သည်။
ထယ်ယောင်းက ဂျောင်ကုပြောတဲ့အတိုင်းလွယ်လွယ်လေးဆိုပြီး လုပ်လိုက်တော့လျှောခနဲထွက်သွားတဲ့အရှိန်ကြောင့် မျက်လုံးတွေပြူးလာတော့သည်။ကုန်းဆင်းဖြစ်တာမို့ အရှိန်ကမတရားမြန်နေပြီး စီးနေတဲ့လူတွေကိုလည်းတိုက်မိမှာစိုးရသည်။ရပ်လိုက်ချင်သော်လည်း ခြေထောက်တွေကနှင်းရိုက်ထားသလိုအေးခဲနေပြီး ခုနကဂျောင်ကုသင်ပေးလိုက်တဲ့ ရပ်ရမယ့်ပုံသဏ္ဍာန်တွေပါမေ့ကုန်တော့သည်။
"ကိုကို...ကိုကိုမရပ်တတ်ဘူး!!"
ထယ်ယောင်းမှာ မတတ်နိုင်တဲ့အဆုံးထအော်ပါတော့သည်။နှင်းလျှောစီးနေတဲ့လူတွေကလည်း ခြေကားယားလက်ကားယားဖြင့် အပေါ်ကနေလျှောစီးလာတဲ့ထယ်ယောင်းကြောင့် အလန့်တကြားဖြင့်ဘေးသို့ကပ်သွားကြသည်။
"မောင်!!...ကိုကိုမရပ်တတ်တော့ဘူး!!!...အား!!...ကယ်ပါဦး!!!"
ထယ်ယောင်းမှာ လန့်လွန်းလို့ ဂျောင်ကုကိုသာလှမ်းခေါ်တော့သည်။
အနောက်ကလိုက်လာတဲ့ဂျောင်ကုမှာလည်း သူ့ထက်ဦးစွာထွက်သွားတဲ့ထယ်ယောင်းနောက်ကို အသည်းအသန်လိုက်ရသည်။ကုန်းဆင်းမို့အရှိန်များလွန်းတာမို့ ထယ်ယောင်းကိုမှီဖို့ခက်သည်။ခန္ဓါကိုယ်ကိုအရှေ့သို့ကိုင်း၍ အရှိန်ဖြင့်သွားတော့မှ ထယ်ယောင်းကိုမှီတော့မလိုဖြစ်လာသည်။
"ကိုကို!...ခြေထောက်ကိုAပုံသဏ္ဍာန်လုပ်လိုက်!!"
"ကိုကို...မလုပ်တတ်ဘူး!!...အား!!..ယီးပဲ!!...ကြောက်စရာကြီး!!!...ယီး!!!"
ထယ်ယောင်းရဲ့ဆဲဆိုသံကြောင့် နှင်းလျှောစီးနေကြတဲ့လူတွေက တအံ့တသြကြည့်ကြသည်။မျက်နှာချောချောလေးနဲ့ ဆဲနေတာမလား?ဒါပေမယ့်လည်း ကြည့်ကောင်းမှုကတစ်စက်တောင်မလျော့သွားတာမို့ ကောင်လေးတွေကအစငေးနေကြသည်။
"မောင်လာပြီ!"
ဂျောင်ကု ထယ်ယောင်းရှေ့ကိုရောက်အောင်မြန်မြန်သွားလိုက်ပြီး ski poleတွေကိုလွှတ်ပစ်၍ လက်နှစ်ဖက်ကိုဆန့်တန်းထားလိုက်သည်။ဒီလိုမှမလုပ်ရင် ကိုကိုကဟိုးအောက်ထိရောက်သွားတော့မှာ။
"မောင်!!...ဘာလုပ်တာလဲ!...ဖယ်လေ!!!"
"ရတယ်!...မောင်ထိန်းထားမယ်!!"
ပြောရင်းနဲ့ တဖြည်းဖြည်းသူ့နားရောက်လာတဲ့ကိုကိုကအရှိန်ပြင်းပြင်းဖြင့် သူ့ရင်ဘတ်ထဲကိုဝင်တိုက်သည်။အရှိန်ပြင်းတာကြောင့် နှစ်ယောက်လုံးနှင်းတွေပေါ်လုံးထွေးပြီး သုံးပတ်လောက်လိမ့်သွားသည်။ဂျောင်ကုလက်မောင်းတွေကြားက ထယ်ယောင်းမှာအရုပ်လေးလိုမလှုပ်မယှက်ဖြင့်ရင်ခွင်ထဲမှာငြိမ်နေသည်။
"မောင်!...နာသွားလား!!"
ထယ်ယောင်းရဲ့စိုးရိမ်မှုလွန်ကဲနေတဲ့အသံလေးထွက်လာတော့ ဂျောင်ကုအော်ရယ်မိတော့သည်။သူ့ကိုကိုက သိပ်ချစ်ဖို့ကောင်းတာ..ဘာလေးမှန်းလည်းမသိ။
"ဘာလို့ရယ်နေတာလဲကွာ"
သူမေးတာကိုမဖြေပဲ ရယ်နေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမျက်နှာကဆူပုပ်ပုပ်ဖြစ်လာသည်။
"ကိုကိုကချစ်ဖို့ကောင်းလို့လေ...မောင့်ကိုတောင်မစောင့်ပဲထွက်သွားတာ..ဘယ်လောက်လောလိုက်သလဲ...ဒါပေမယ့်လည်းဒီအမှားလေးကပဲ...အမှတ်တရအဖြစ်ကျန်ခဲ့တော့မှာမို့...မောင်ကတွေးမိပြီးပျော်လို့ရယ်တာပါ"
"ဟီး...ကိုကိုကလွယ်တယ်ဆိုပြီးလက်တည့်စမ်းလိုက်တာ"
သွားစိပြီးပြုံးရယ်ကာပြောနေတဲ့ထယ်ယောင်းက နှင်းဖြူဖြူတွေကြားထဲမှာ ကလေးတစ်ယောက်ချစ်ဖို့ကောင်းလွန်းနေတာမို့ ဂျောင်ကုမှာမနေနိုင်စွာ အိစက်နေတဲ့ပါးပြင်လေးကိုနမ်းမိတော့သည်။
"ဟာ!...လူတွေရှိနေတယ်လေ"
မျက်လုံးလေးကိုတောင်ကြည့်မြောက်ကြည့်ဖြင့် ပြောလာတဲ့ထယ်ယောင်းအသံကခပ်စွာစွာ။
"ရှိရှိ...မောင့်ကိုကိုကဒီလောက်ချစ်ဖို့ကောင်းနေတော့...မောင်ကဘယ်သည်းခံနိုင်ပါတော့မလဲ"
"မင်းကကွာ"
သူ့ရင်ဘတ်ကိုလာထုပြီးပြောနေတဲ့ကိုကိုကြောင့် ရင်ခုန်သံတွေကမူမမှန်ချင်တော့။နှုတ်ခမ်းအိအိလေးကိုဆွဲနမ်းပစ်လိုက်ချင်ပါသော်လည်း လူကြားထဲမှာမို့အောက်နှုတ်ခမ်းကိုဖိကိုက်ရင်း ထိန်းချုပ်နေရသည်။
"ထပ်စီးဦးမှာလား"
"ဟင့်အင်း...ပင်ပန်းသွားပြီ...အိမ်ပြန်ချင်တယ်...ဗိုက်ဆာနေပြီ"
ထယ်ယောင်းက မျက်နှာမဲ့၍ဗိုက်ကိုပွတ်ပြပြီးပြောသည်။
"အိုကေ...ဒါဆိုပြန်ရအောင်...မောင့်လက်ကိုကိုင်ထား"
တူတူလက်တွဲပြီးနှင်းလျှောစီးကွင်းမှာ တီတီတာတာတွေပြောကာ ရယ်မောရင်းလမ်းလျှောက်နေတဲ့Nikeအနွေးထည်ဆင်တူနဲ့ကောင်လေးနှစ်ယောက်က သိပ်လိုက်ဖက်သည်။ကောင်မလေးတွေက ငေးကြည့်ချင်ကြသော်လည်း အနွေးထည်အဖြူဝတ်ထားတဲ့ကောင်လေးကိုကြည့်ရင် ဘေးကအနက်ရောင်အနွေးထည်နဲ့ကောင်လေးဆီက မျက်စောင်းထိုးခံရ ၊ အနက်ရောင်အနွေးထည်နဲ့ကောင်လေးကိုကြည့်ရင် အဖြူရောင်အနွေးထည်နဲ့ကောင်လေးဆီက မျက်စောင်းထိုးခံရတာမို့ ဘယ်ကောင်မလေးမှမကြည့်ရတော့ချေ။
...
'တီးတောင်...တီးတောင်...တီးတောင်'
မီးဖိုချောင်ထဲမှာ ဂျောင်ကုဟင်းချက်နေတာကို ထယ်ယောင်းကနောက်ကနေခါးကိုဖက်ပြီးပုခုံးပေါ်မေးတင်၍ သိချင်တာတွေမေးကာလိုက်ရှုပ်နေတုန်း ကြားလိုက်ရတဲ့ဘဲလ်သံကြောင့် နှစ်ယောက်လုံးလှုပ်ရှားမှုတွေရပ်သွားသည်။
"ဘယ်သူလဲမသိဘူး...ကိုကို သွားကြည့်လိုက်မယ်"
"မောင်လည်းလိုက်မယ်"
ပြေးထွက်သွားတဲ့ကိုကို့နောက်ကို အေပရွန်တောင်မချွတ်အားပဲ လိုက်ရတော့သည်။အစောကြီးရောက်လာတတ်တဲ့ ဧည့်သည်မရှိတာမို့ ကိုကိုတစ်ယောက်တည်းတံခါးသွားဖွင့်မှာကို စိတ်မချပါ။
"ဦးလေးနမ်!"
ကိုကိုတံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့လူကြောင့် ဂျောင်ကုမျက်လုံးတွေပြူးကျယ်သွားသည်။ဦးလေးနမ်ဆိုတာ သူ့ဦးလေးအရင်း၊အဖေ့ရဲ့ညီပင်။
"တူလေး!...အမယ်လေး...တော်သေးတာပေါ့ကွာ...ငါ့မှာအိမ်မှားမှာစိုးရိမ်နေတာ...မင်းအဖေစကားပါးခိုင်းလိုက်လို့ငါ့တူရေ..မင်းကိုအိမ်ပြန်လာခဲ့တော့တဲ့"
"ဗျာ!!"
'ဗျာ' ဆိုတဲ့အသံအကျယ်ကြီးကတော့ ထယ်ယောင်းဆီမှဖြစ်၏။
Kimharu4121992🌵Borahae💜
Zawgyi
ႏွင္းေတြလႊမ္းေနတဲ့မနက္ခင္းမွာ ေကာင္ေလးတစ္ေယာက္ကေတာ့ အေႏြးထည္ထူပြပြႀကီးျဖင့္ လမ္းမထက္မွာေျပးလႊားေနသည္။လက္ထဲမွာလည္းအထုပ္တစ္ထုပ္ကို ကိုင္လို႔ထားေသးသည္။သိုးေမြးဦးထုပ္အနက္ေရာင္ေလးျဖင့္ ခပ္ျမန္ျမန္ေျပးသြားပုံမွာ ႏွင္းေတြၾကားထဲေျပးလႊားေနတဲ့ယုန္ေလးတစ္ေကာင္အလား။
"အိုး...ေတာ္ေတာ္ေအးတာပဲ"
အျပင္မွာေအးခဲသြားမတတ္ေအးေနမႈက အိမ္ထဲဝင္မွေႏြးသြားေတာ့သည္။ႏွင္းေရေတြစိုသြားတဲ့ဖိနပ္ကို ဖိနပ္ခြၽတ္စင္ရဲ႕ေအာက္ဆုံးထပ္မွာေသခ်ာကပ္ခြၽတ္ၿပီးေတာ့ ဒုတိယထပ္ကအိမ္စီးဖိနပ္အညိဳေလးကိုထုတ္စီးလိုက္သည္။သိုးေမြးဦးထုပ္နဲ႔အေႏြးထည္ထူထူႀကီးကိုခြၽတ္ၿပီး ခုံေပၚမွာလႊားတင္ၿပီးတာနဲ႔ ေအပ႐ြန္အညိဳေရာင္ကိုဝတ္ဆင္လိုက္သည္။
ဝယ္လာတဲ့အိတ္ထဲကေပါင္မုန္႔ထုပ္ကိုယူၿပီး ေပါင္မုန္႔အတုံးႀကီးကို ေဘးသားေတြလွီး၍ေလးေထာင့္ပုံစံျဖစ္ေအာင္ လုပ္လိုက္သည္။ၿပီးတာနဲ႔အထဲကေပါင္မုန္႔အသားကို နည္းနည္းေလာက္ဓါးနဲ႔လွီးထုတ္ၿပီး ပတ္ပတ္လည္ကိုေထာပတ္သုတ္၍မိုက္က႐ိုေဝ့ဗ္ျဖင့္ 2မိနစ္ခန္႔အပူေပးလိုက္သည္။ဒါမွေပါင္မုန္႔ကအိအိေလးနဲ႔ ေထာပတ္အနံ႔သင္းေနမွာ။ေပါင္မုန္႔ကိုအပူေပးေနတုန္း ေရခဲေသတၱာထဲကစေတာ္ဘယ္ရီေတြကိုထုတ္၍ ေဆးေၾကာၿပီးအတုံးေသးေသးေလးျဖစ္ေအာင္လွီး၍ ဝယ္လာတဲ့ဒိန္ခ်ဥ္နဲ႔ေရာ၍ႀကိတ္စက္ျဖင့္ႀကိတ္လိုက္သည္။ေပါင္မုန္႔ရတာနဲ႔ ေရာက်ိတ္ထားတဲ့စေတာ္ဘယ္ရီဒိန္ခ်ဥ္ေတြကို ဇြန္းျဖင့္ခပ္၍အသားထုတ္ထားတဲ့ေပါင္မုန္႔ေပၚထည့္လိုက္ၿပီး အေပၚကေနစေတာ္ဘယ္ရီတစ္လုံးျဖင့္အလွဆင္ၿပီးတာနဲ႔ စေတာ္ဘယ္ရီဒိန္ခ်ဥ္ေပါင္မုန္႔႐ိုး႐ိုး႐ွင္း႐ွင္းျဖင့္ ၿပီးသြားၿပီျဖစ္သည္။ေသာက္စရာအေနနဲ႔ကေတာ့ ႏြားႏို႔ျဖင့္ေခ်ာကလက္ကိုေရာက်ိဳထားသည္။
အခ်ိဳကဲတာမႀကိဳက္တဲ့ကာစတန္မာေၾကာင့္ ေခ်ာကလက္အခါးကိုအသုံးျပဳထားသည္။
အားလုံးၿပီးသြားတာနဲ႔ သြားႏိႈးဖို႔ျပင္ရေတာ့သည္။က်ဳပ္အျဖစ္ကဘာနဲ႔တူလဲဆိုရင္ မင္းသားေလးကိုခစားရတဲ့အထိန္းေတာ္လိုပဲ။
"ကိုကို..ထေတာ့...ေမာင္မနက္စာလုပ္ၿပီးၿပီ"
နားထဲခ်ိဳအီစြာဝင္လာတဲ့အသံနဲ႔အတူ ပါးေပၚကအနမ္းတစ္ပြင့္ေၾကာင့္ ထယ္ေယာင္းမ်က္ႏွာေလးျပဳံးသြားသည္။သို႔ေသာ္မထခ်င္ေသးတာေၾကာင့္ ေစာင္ကိုအတင္းဆြဲ၍ ေခါင္းၿမႇီးျခဳံၿပီးေပေတအိပ္ေနမိသည္။
"ကိုကိုမထရင္..ေမာင္အတင္းနမ္းပစ္မွာေနာ္"
"ထၿပီ...ဟီး"
ေဂ်ာင္ကုေျပာေတာ့ ထယ္ေယာင္းကသြားၿဖဲရယ္ျပ၍ ေရခ်ိဳးခန္းထဲသို႔ေျပးဝင္သြားသည္။တရားဝင္ခ်စ္သူေတြျဖစ္တာ တစ္ပတ္တိတိ႐ွိေနၿပီျဖစ္ေသာ္လည္း ထယ္ေယာင္းကနမ္းရမွာ၊ေပြ႕ဖက္ရမွာကို အရမ္း႐ွက္တတ္သည္။
..
မ်က္ႏွာသစ္ၿပီးေတာ့အက်ႌမလဲေတာ့ပဲ ပိုးသားညအိပ္ဝတ္စုံနဲ႔ပင္ အေပၚကအေႏြးထည္အပါးတစ္ထည္ေကာက္စြပ္၍ မီးဖိုေခ်ာင္သို႔ထြက္လာခဲ့လိုက္သည္။
"ဗိုက္ဆာၿပီလား"
ေဂ်ာင္ကုက က်ိဳထားတဲ့ေခ်ာကလက္ကို ခြက္လွလွေလးထဲထည့္ရင္းနဲ႔ေမးေတာ့ ထယ္ေယာင္းကေခါင္းညိတ္ျပသည္။
"ဒီေန႔မနက္စာကဘာလဲဟင္"
စားပြဲခုံေပၚေမးတင္၍ ကေလးတစ္ေယာက္လိုေမးလာသည့္ထယ္ေယာင္းေၾကာင့္ ေခ်ာကလက္ထည့္ေနတဲ့ေဂ်ာင္ကုလက္ေတြ ေဘးသို႔ေခ်ာ္ကုန္ေတာ့သည္။အမ်ားႀကီးမေမွာက္သြားလို႔ ေတာ္ေသးသည္။
"ကိုကိုႀကိဳက္တဲ့စေတာ္ဘယ္ရီဒိန္ခ်ဥ္ေပါင္မုန္႔နဲ႔...ေခ်ာကလက္ပူပူတစ္ခြက္"
"ေရး!...ငါအဲ့ဒါႀကိဳက္တယ္"
"ဘာငါလဲ...ကိုကိုလို႔ေျပာရမွာေလ"
မ်က္စိေ႐ွ႕ေရာက္လာတဲ့ေပါင္မုန္႔ပန္းကန္နဲ႔အတူ ဆူပုပ္ပုပ္ေျပာလာသည့္ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမ်က္ႏွာေလးပန္းႏုေရာင္သမ္းသြားသည္။သူတစ္ကယ္ကို အဲ့လိုအေခၚအေဝၚေတြနဲ႔ေနသားမက်ေသးတာ။သူ႕ကိုယ္သူ 'ကိုကို' လို႔ေျပာၿပီး ေဂ်ာင္ကုေလးကို 'ေမာင္' လို႔ေခၚဖို႔အတြက္ ပါးစပ္ကမရဲ။႐ွက္လို႔ဘယ္လိုမွေျပာမထြက္ေပမယ့္ ေဂ်ာင္ကုေလးကအတင္းအဲ့လိုေခၚခိုင္းသည္။ခ်စ္သူေတြျဖစ္ေနၿပီမို႔ အေခၚအေဝၚေတြေျပာင္းသင့္ေနၿပီတဲ့ေလ။
"ေမာင္ေျပာတာၾကားတယ္မလား...ငါေတြမင္းေတြနဲ႔မေျပာနဲ႔...ေမာင္မႀကိဳက္ဘူး"
တေမာင္တည္းေမာင္ေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာအေငြ႕ပ်ံခ်င္ေနၿပီျဖစ္သည္။
"ကိုကို႔သေဘာပါ...ေမာင္အတင္းအက်ပ္မလုပ္ေတာ့ဘူး...ကိုကိုႀကိဳက္သလိုေခၚေတာ့...ေမာင့္ကို ကိုကိုကခ်စ္မွမခ်စ္ပဲ...ေမာင္ကပဲခ်စ္ေနတာ"
ဝမ္းနည္းသြားတဲ့ေဂ်ာင္ကုမ်က္ႏွာေၾကာင့္ ထယ္ေယာင္းမွာမေနသာေတာ့။
"အာ..ဘယ္ကသာ...ငါ...မဟုတ္...က်စ္!..ကိုကိုကခ်စ္တာေပါ့...နည္းနည္း႐ွက္ေနလို႔ပါ...နားလည္ေပးပါလားေဂ်ာင္ကုေလးရယ္"
ထိုသို႔ေျပာေတာ့မွ ေဂ်ာင္ကုမ်က္ႏွာကျပန္ၿပီးျပဳံးလာသည္။အမွန္ေတာ့ခုနက တမင္ဝမ္းနည္းခ်င္ေယာင္ေဆာင္လိုက္တာ။ကိုကိုကသူအဲ့လိုလုပ္ျပတာနဲ႔ ခ်က္ခ်င္းျပာယာခတ္သြားမယ္မွန္းသိလို႔။
"ေဂ်ာင္ကုေလးလို႔မေခၚနဲ႔ေတာ့...ေမာင္လို႔ေခၚပါဆို"
"အင္း...ကို..ကိုကိုအဲ့လိုေခၚပါ့မယ္"
ထယ္ေယာင္းမွာမ်က္ႏွာရဲရင္းနဲ႔ပင္ ကတိေပးရေတာ့သည္။သူ႕ကေလးေလးကသိပ္ခြၽဲတတ္တာ..ဒီလိုခြၽဲပုံမ်ိဳးကိုကြၽန္ေတာ္ကလည္းဘယ္ခံႏိုင္ပါ့မလဲ?အကုန္လိုက္ေလ်ာေပးရတာ။
"ေပါင္မုန္႔ကို..ဓါးနဲ႔အလယ္ကေနခြဲလိုက္"
ေဂ်ာင္ကုေျပာေတာ့ ထယ္ေယာင္းကေခါင္းညိတ္၍ဓါးနဲ႔ခြဲလိုက္ေတာ့ ေပါင္မုန္႔ေပၚကယိုေတြကေရတံခြန္လိုအေပၚကေနစီးက်လာသည္။
"ဝါး...မိုက္လိုက္တာ"
"ျမည္းၾကည့္ေလ"
ထယ္ေယာင္းခက္ရင္းနဲ႔ဖဲ့၍ ပါးစပ္ထဲထည့္လိုက္ေတာ့ ႏူးညံ့ၿပီးေပ်ာ္ဝင္သြားတဲ့ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာေၾကာင့္ မ်က္လုံးေတြမွိတ္က်သြားတဲ့အထိ ႏွစ္ၿခိဳက္သြားသည္။
"ကိုကိုႀကိဳက္ရဲ႕လား"
"အင္း...ေဂ်ာင္ကုေလးကအေတာ္ဆုံး...အဲ...ေမာင္ကအေတာ္ဆုံးပဲ"
လက္မေလးေထာင္ၿပီး ေျပာတဲ့ေျပာလာတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာမွာအျပဳံးေတြလွ်ံထြက္လာသည္။သူလုပ္ေပးသမွ်ကို ေကာင္းေကာင္းစားေပးတဲ့ေ႐ွ႕ကဝက္ဝံေပါက္ေလးက ဒီကမ႓ာေပၚကခ်စ္စရာအေကာင္းဆုံးျဖစ္တည္မႈေလးပင္။
ကိုကို႔ကို ဒီေမာင္ကအသည္းနင့္ေအာင္ခ်စ္ရပါ၏။
..
"ေ႐ွ႕လ9ရက္ေန႔...ေအာင္စာရင္းထြက္မွာေနာ္...စိတ္ပူေနလား"
ေစ်းတြန္းလွည္းကိုႏွစ္ေယာက္တူတူတြန္းေနရင္း ထယ္ေယာင္းကေမးလာသည္။
"စိတ္မပူပါဘူး...ေမာင္ေျဖခဲ့တာေမာင္သိတာေပါ့"
"SKYထဲမွာမွ...ဘာလို႔ဆိုးလ္တကၠသိုလ္မွာတက္ခ်င္တာလဲ"
(SKY ဆိုတာက Seoul National University , Korea University , Yonsei University ကိုစုၿပီးေခၚတဲ့အေခၚအေဝၚပါ။ထိုတကၠသိုလ္3ခုလုံးက ေတာင္ကိုရီးယားရဲ႕ထိပ္တန္းတကၠသိုလ္ေတြျဖစ္ၿပီး ဝင္ခြင့္ရဖို႔အေတာ္ခက္ပါတယ္။)
"ကိုကိုတက္ခဲ့တဲ့တကၠသိုလ္မို႔လို႔ေလ"
ေဂ်ာင္ကုအေျဖက႐ိုး႐ွင္းသည္။ထယ္ေယာင္းဘြဲ႕ရခဲ့တဲ့တကၠသိုလ္မို႔ သူလည္းအဲ့မွာတက္ခ်င္သည္။
"ေဂ်ာင္ကုေလးက..အဲ့ေက်ာင္းတက္ၿပီးရင္ဘာဆက္လုပ္ခ်င္တာလဲ"
ထယ္ေယာင္းအေျပာေၾကာင့္ ေဂ်ာင္ကုမ်က္ခုံးတန္းေတြကတြန္႔ခ်ိဳးသြားသည္။ 'ေမာင္'လို႔ေခၚပါဆို ကိုကိုကမမွတ္ထားဘူး။
"ေမာင္ေက်ာင္းၿပီးတာနဲ႔...ကိုယ္ပိုင္လုပ္ငန္းတစ္ခုစလုပ္မယ္...ကိုကိုသေဘာက်တဲ့ပိုက္ဆံေတြ အမ်ားႀကီး႐ွာမယ္...အဲ့က်ရင္ကိုကို႔ကိုဘာအလုပ္မွာမလုပ္ခိုင္းေတာ့ပဲ..ေမာင့္အနားမွာပဲထားမယ္...ဒါဆိုကိုကိုနဲ႔တစ္ေန႔လုံးတူတူ႐ွိရမွာမလား...ေမာင္ကအဲ့ေလာက္ထိႀကိဳေတြးထားတာ"
ေဂ်ာင္ကုစကားေၾကာင့္ ထယ္ေယာင္းမွာမ်က္ရည္ေတြဝဲလာသည္။သူ႕ကေလးေလးက သူ႕ကိုအဲ့ေလာက္ေတာင္ခ်စ္တယ္ဆိုတာသိရေတာ့ သူခ်စ္ေပးတာကေတာင္နည္းေနသလိုခံစားရသည္။ရင္ထဲမွာဝမ္းနည္းလာမႈေၾကာင့္ ဘာမေျပာနဲ႔ညာမေျပာနဲ႔ ေဘးကကေလးေလးကိုဖက္လိုက္မိေတာ့သည္။
ေဂ်ာင္ကုမွာ ႐ုတ္တရက္ဖက္ခံလိုက္ရတာမို႔ လန္႔သြားေသာ္လည္း သေဘာက်စြာျပဳံး၍ သူ႕ကိုဖက္ထားတဲ့ကိုကိုေသးေသးေလးကိုျပန္ဖက္ထားၿပီး အသည္းယားတာေၾကာင့္ ဖ်စ္ညႇစ္မိလိုက္သည္။
"ဘာျဖစ္လို႔လဲကိုကို"
"ဘာမွမျဖစ္ဘူး"
သူ႕ကိုဖက္ထားတဲ့ ကိုကိုအသံလိႈင္းကတုန္ရီေနသည္။ၾကည့္ရတာ သူေျပာလိုက္တဲ့စကားကိုဝမ္းနည္းသြားတဲ့ပုံ။
"ေမာင္ေျပာလိုက္တဲ့စကားကိုမႀကိဳက္လို႔လား...ကိုကိုကေမာင့္ကိုအဲ့လိုမလုပ္ေစခ်င္ပဲ...တစ္ျခားလုပ္ေစခ်င္တာ႐ွိလို႔လား...ဒါဆိုလည္းေမာင့္ကိုေျပာပါ...ကိုကိုျဖစ္ေစခ်င္တာကိုေမာင္လုပ္မယ္"
ေဂ်ာင္ကုစကားေၾကာင့္ ထယ္ေယာင္းကဖက္ထားကိုလႊတ္ၿပီး ေခါင္းကိုဘယ္ညာယမ္းျပလိုက္သည္။
"မ႐ွိဘူး...ေဂ်ာင္ကုေလးအိပ္မက္အတိုင္းလုပ္ပါ...ကိုကိုအားေပးေနမယ္"
"ေမာင္"
"ဟင္!"
"ေဂ်ာင္ကုေလးမဟုတ္ဘူး...ေမာင္လို႔"
ဆူပုပ္ပုပ္ေျပာလာတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာသေဘာက်စြာျပဳံး၍ေခါင္းညိတ္ၿပီး
"အင္း...ေမာင္...ကိုကို႔ရဲ႕ေမာင္"
"ကိုကိုကဗ်ာ"
အ႐ွက္သည္းစြာတိုးတိုးေလးေျပာလာတဲ့ ကိုကို႔ကိုအတင္းဖက္လိုက္ေတာ့ ကိုကို႔ရယ္သံလြင္လြင္ေလးေတြကထြက္ေပၚလာသည္။
ေစ်းတြန္းလွည္းကိုပစ္ၿပီးဖက္ေနတဲ့ ေကာင္ေလးႏွစ္ေယာက္ကို ေစ်းဝယ္သူေတြကကြက္ၾကည့္ကြက္ၾကည့္ႏွင့္။ထိုအထဲတြင္ ထယ္ေယာင္းကိုလြန္စြာမွသေဘာက်ေနတဲ့ဆရာမ႐ွင္းလည္းပါသည္။ဆရာမ႐ွင္းလက္ထဲက မုန္ညႇင္းထုပ္အႀကီးႀကီးက ေအာက္သို႔ဘုတ္ခနဲျပဳတ္က်သြားသည္။တစ္ဦးကိုတစ္ဦးဖက္ၿပီး ျပဳံးေနၾကတဲ့ထယ္ေယာင္းနဲ႔ေဂ်ာင္ကုကိုၾကည့္ၿပီး ဆရာမ႐ွင္းမွာမ်က္ရည္ေတြဝဲလာသည္။
ေနာက္ဆုံးေတာ့ သူမ ထင္ထားတာကတစ္ကယ္ျဖစ္သြားၿပီပဲ။
"ဟဲ့..သမီး...ဘာေတြေငးေနတာလဲ...ကင္ခ်ီစိမ္ဖို႔မုန္ညႇင္းထုပ္ေ႐ြးပါဆို...အကုန္ျပဳတ္က်ကုန္ၿပီဟယ္...ညည္းကေတာ့ေလ...အၿမဲနေမာ္နမဲ့နဲ႔..ဒါေၾကာင့္လည္းခုထိရည္းစားမရေသးတာ..ျမန္ျမန္ေကာက္!...ဝန္ထမ္းေတြေတြ႕ရင္ေျပာေနဦးမယ္"
"ေမေမပဲေကာက္ေတာ့"
"ဟဲ့...ဘယ္သြားတာလဲ...အို...ဒီေကာင္မေလးနဲ႔ေတာ့ေလ"
ဆရာမ႐ွင္းအေမမွာ မ်က္ႏွာကိုလက္နဲ႔အုပ္ၿပီးေျပးသြားတဲ့သမီးျဖစ္သူကို မ်က္စိတစ္ဆုံးလိုက္ၾကည့္ၿပီး ပြစိပြစိျဖင့္က်န္ခဲ့သည္။
ေျပးသြားတဲ့ဆရာမ႐ွင္းကေတာ့ ေထာင့္တစ္ေနရာေရာက္တာနဲ႔ ေဆာင့္ေၾကာင့္ထိုင္ခ်ၿပီးဒူးေခါင္းေပၚမ်က္ႏွာဖြက္ကာ ငိုေတာ့သည္။
ဒီတစ္သက္ေတာ့ တစ္ကယ္ႀကီးဆရာကင္မ္ကိုလက္လႊတ္ရေတာ့မွာလား?အေရးထဲဝမ္းနည္းေနပါတယ္ဆို ေမေမကလည္းဆူလိုက္ေသးတယ္။
သမီး အခုအသည္းကြဲေနတာကိုေမေမသိလား?ေမေမမသိပါဘူး။ေမေမသိတာ ဆူဖို႔ပဲသိတာ။ခုေတာ့ ေမေမ့သမီးကဆရာကင္မ္ကိုမရႏိုင္ေတာ့ဘူး။ေမေမလည္း ဒီတစ္သက္ေျမးမခ်ီရေတာ့ဘူး။
ေမေမ့သမီးရဲ႕စိတ္ကူးယဥ္အခ်စ္ဇာတ္လမ္းေလး...အဆုံးသတ္သြားၿပီလို႔!!။
ထိုအေတြးေတြနဲ႔အတူ ဆရာမ႐ွင္းမွာတ႐ႈံ႕႐ႈံ႕နဲ႔ငိုေနေတာ့သည္။
...
တကၠသိုလ္ဝင္စာေမးပြဲၿပီးတာနဲ႔ အတန္းသစ္ေတြျပန္ဖြင့္ဖို႔ၾကားမွာ ပိတ္ရက္1လတိတိရတာမို႔ ထယ္ေယာင္းမွာေန႔တိုင္းအားလပ္ေနသည္။ထို1လၿပီးတာနဲ႔ အတန္းသစ္ေတြအတြက္ ပုဂၢလိကေက်ာင္းေတြကျပန္ဖြင့္မွာျဖစ္သည္။အစိုးရေက်ာင္းေတြကေတာ့ 3လပိုင္းမွျပန္ဖြင့္မွာျဖစ္၏။ဒီလိုပိတ္ရက္ဆို ထယ္ေယာင္းတို႔လိုဆရာေတြက ေဘာနပ္စ္အမ်ားႀကီးရၿပီး ခရီးထြက္ၾက၊ေမြးရပ္ေျမျပန္ၾကနဲ႔ မိသားစုႏွင့္အတူအခ်ိန္ျဖဳန္းၾကသည္။
ထယ္ေယာင္းက အရင္ႏွစ္ေတြကဆို ေမြးရပ္ေျမျပန္ၿပီး မိဘေတြနဲ႔အတူ အခ်ိန္ျဖဳန္းတတ္ေပမယ့္ ဒီႏွစ္ကေတာ့ေဂ်ာင္ကု႐ွိေနသည္မို႔ ေမြးရပ္ေျမမျပန္ဖို႔ဆုံးျဖတ္ၿပီး မိဘေတြကိုမလာႏိုင္ေၾကာင္းေျပာထားသည္။႐ွား႐ွားပါးပါးပိတ္ရက္ေလးကို ခ်စ္သူအသစ္စက္စက္ေလးနဲ႔ပဲ အခ်ိန္ျဖဳန္းခ်င္တာေပါ့။အခုလည္းျပင္ဆင္ေနတာက ေဂ်ာင္ကုေလးနဲ႔အတူႏွင္းေလွ်ာသြားစီးဖို႔ပင္။
"ကိုကိုေရ...ၿပီးၿပီလား"
အျပင္ကေနေအာ္ေမးတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းႏႈတ္ခမ္းပါးေတြေကာ့တက္သြားသည္။ေဂ်ာင္ကုဆီက 'ကိုကို'လို႔အေခၚခံရတိုင္း လူကဒူးေတာင္မခိုင္ခ်င္..ရင္ခုန္ႏႈန္းေတြမမွန္ပဲ ယိုင္တိုင္တိုင္ရယ္။
"ၿပီးၿပီ...ေမာင္"
ထယ္ေယာင္းကျပန္ေအာ္ေျပာေသာ္လည္း 'ေမာင္' ဆိုတဲ့ေနရာကိုေတာ့တိုးတိုးေလးသာေျပာလိုက္သည္။သူခုခ်ိန္ထိ ထိုအေခၚအေဝၚေတြၾကား ႐ွက္ေနပါေသးသည္။
မ်က္စိေ႐ွ႕ေရာက္လာတဲ့ကိုကိုက skinny ဂ်င္းအနက္ေစြးေစြးနဲ႔ အျဖဴေရာင္ေလေဖာင္းမိုးကာအေႏြးထည္ကိုဝတ္ထားၿပီး လက္အိတ္အျပည့္အစုံျဖင့္ စမတ္က်က်ဝတ္ဆင္ထားသည္။ေခါင္းစြပ္မစြပ္ထားပဲ ဆံပင္ေတြကိုေသခ်ာပုံသြင္းထားၿပီး ထူးထူးျခားျခားေလးေထာင့္မ်က္မွန္အနက္ကို ဝတ္ထားသည့္ကိုကိုက ဒီေန႔က်မွနည္းနည္းပဲမ်ားေနသလို။သူကေတာ့ ကိုကိုဝယ္ေပးထားတဲ့ကိုကို႔နည္းတူေလေဖာင္းမိုးကာအေႏြးထည္အနက္ျဖင့္ လက္အိတ္အနက္ေရာင္ကိုဝတ္ထားၿပီး မာဖလာပါပတ္ထားသည္။
"မာဖလာမပတ္ဘူးလား...ေအးမယ္ေလ"
သူေျပာေတာ့ ေခါင္းခါျပသည္။ၿပီးတာနဲ႔ေ႐ွ႕ကေနထြက္သြားၿပီး ကားကိုနည္းနည္းစစ္၍ကားစက္ႏိႈးသည္။ညေနေစာင္းမို႔ျမဴေတြကဆိုင္းခ်င္ေနၿပီျဖစ္သည္။
ကားထဲမွာheaterဖြင့္ထားတာမို႔ ေႏြးေႏြးေလးႏွင့္ေနလို႔ေကာင္းသည္။ႏွင္းနည္းနည္းက်ေနတာေၾကာင့္ ထယ္ေယာင္းကကားကိုဂ႐ုတစိုက္ေမာင္းၿပီး ေဘးကေဂ်ာင္ကုကေတာ့ ထယ္ေယာင္းရဲ႕စတီယာတိုင္ကိုမကိုင္ထားတဲ့ လက္တစ္ဖက္ကိုကိုင္၍ မ်က္လုံးဝိုင္းဝိုင္းေလးျဖင့္ အျပင္ကိုလိုက္ၾကည့္ေနသည္။
"ႏွင္းေလွ်ာကြင္းမွာဆို..ႏွင္းေတြပိုက်မယ္ထင္တယ္ေနာ္ကိုကို"
"အင္း...ကိုကိုလည္းအဲ့လိုထင္တယ္"
ထယ္ေယာင္းအေျဖေၾကာင့္ ေဂ်ာင္ကုကႏွာေခါင္းေလး႐ႈံ႕ၿပီးရယ္သည္။အခုဆိုကိုကိုက သူ႕ကိုယ္သူ'ကိုကို'လို႔ေျပာတာကို အက်င့္ပါေနၿပီျဖစ္သည္။
တစ္နာရီခြဲေလာက္ကားေမာင္းၿပီးေတာ့မွ အလို႐ွိရာႏွင္းေလွ်ာကြင္းသို႔ေရာက္လာသည္။ညဘက္မွစီးတဲ့လူပိုမ်ားတာေၾကာင့္ အေပါက္ဝမွာတင္လူေတြနဲ႔႐ႈပ္ယွက္ခတ္ေနသည္။ထယ္ေယာင္းကကားေပၚကဆင္းတာနဲ႔ ေဂ်ာင္ကုလက္ကိုဆြဲ၍လက္မွတ္သြားျဖတ္သည္။ေဂ်ာင္ကုလည္း ထယ္ေယာင္းလက္ကိုျပန္ယွက္ကိုင္ၿပီး ေပ်ာ္ေနတုန္းခဏပဲ.. လက္မွတ္ျဖတ္တဲ့ေကာင္တာမွာ သူ႕ကိုကိုကိုေငးေနတဲ့မိန္းကေလးတစ္သိုက္ေၾကာင့္ ကိုကိုေဘးမွာပိတ္ရပ္၍ ထိုမိန္းကေလးအုပ္စုကို စိုက္ၾကည့္ေပးလိုက္သည္။ထိုသို႔လုပ္မွ ထိုမိန္းကေလးအုပ္စုကအၾကည့္လႊဲသြားေတာ့တာပင္။
"ဒါႀကီး..မပတ္ထားလို႔မရဘူးလား"
မာဖလာအတင္းပတ္ေပးေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာမပတ္ခ်င္တာမို႔ အတင္းျငင္းေတာ့သည္။တမင္႐ိႈးထုတ္လာတာမို႔ ဒါႀကီးကိုမပတ္ခ်င္ပါ။
"မရဘူး...ကိုကို႔ကိုလိုက္ၾကည့္ေနၾကတာ ေမာင္မႀကိဳက္ဘူး"
တစ္ဖက္မိန္းကေလးအုပ္စုကို မ်က္ေစာင္းထိုးၿပီးေျပာတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာအေျခအေနကို သေဘာေပါက္ၿပီးလက္ခံလိုက္ရေတာ့သည္။
"ကိုကို႔ကိုလိုက္ၾကည့္လို႔...သဝန္တိုေနတာေပါ့"
ထယ္ေယာင္းက ေဂ်ာင္ကုရဲ႕ႏွာေခါင္းထိပ္ေလးကိုတို႔၍ ရယ္သံေႏွာၿပီးေမးသည္။
"ခင္ဗ်ားကိုေဆြၾကည့္တာနဲ႔တင္...က်ဳပ္ကလူသတ္ခ်င္ေနၿပီ"
ခ်က္ခ်င္း ခင္ဗ်ားေတြက်ဳပ္ေတြျဖစ္ကုန္တဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာဆက္မစရဲေတာ့ပဲ ပါးစပ္ေလးပိတ္၍မာဖလာပတ္ေပးတာကိုၿငိမ္ခံေနရသည္။မာဖလာပတ္ေပးထားတာက သူ႕မ်က္ႏွာတစ္ဝက္ဖုံးတဲ့အထိပင္။
..
"ေမာင္လုပ္ေပးမယ္"
ဖိနပ္ေတြသြားထုတ္ေတာ့ ေဂ်ာင္ကုကပဲထယ္ေယာင္းကိုႏွင္းေလွ်ာဖိနပ္၊ဦးထုပ္နဲ႔ဒူးကာကိုဝတ္ေပးသည္။ၿပီးတာနဲ႔ ႏွစ္ေယာက္အတူထြက္လာတာက လူအျပည့္ျဖစ္ေနတဲ့ႏွင္းေလွ်ာစီးတဲ့ကြင္းသို႔။
"ေမာင့္နားမွာပဲေနေနာ္ကိုကို...လူေတြမ်ားတယ္"
ေဂ်ာင္ကုကေျပာၿပီးတာနဲ႔ ကြင္းထဲသို႔ကြၽမ္းက်င္စြာဆင္းသြားသည္။သို႔ေသာ္ထယ္ေယာင္းကေတာ့လိုက္မလာေသးပဲ တုန္တုန္ခ်ိခ်ိျဖင့္ တန္းကိုကိုင္လ်က္က်န္ခဲ့သည္။ပါးစပ္ကလည္းတိုးတိုးေလး 'ေမာင္' လို႔ေခၚေနေသးသည္။
"ကိုကို...လာေလ"
ေဂ်ာင္ကုကခပ္ေဝးေဝးကေန လက္ယက္ျပၿပီးလွမ္းေခၚေတာ့ ထယ္ေယာင္းကေခါင္းခါျပသည္။သူမွ ႏွင္းေလွ်ာမစီးတတ္ပဲေလ။
ေတာ္ေတာ္နဲ႔ကြင္းထဲမဝင္လာတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမွာ ထယ္ေယာင္းဆီျပန္သြားရေတာ့သည္။
"ဘာလို႔လိုက္မလာတာလဲ ကိုကို"
"ကိုကိုမွ မစီးတတ္တာ"
တိုးတိုးေလးမွ တစ္ကယ့္ကိုတိုးတိုးေလးေျဖလိုက္ေပမယ့္ ေသခ်ာအာ႐ုံစိုက္နားေထာင္ေနတဲ့ေဂ်ာင္ကုကေတာ့ ၾကားျဖစ္ေအာင္ၾကားလိုက္တာမို႔ ျပဳံးစိစိျဖစ္သြားသည္။သူ႕ကိုကိုက ႏွင္းေလွ်ာမစီးတတ္ပဲ ႏွင္းေလွ်ာကြင္းလာခ်င္တာကိုး။
"ေမာင္သင္ေပးမွာေပါ့...လာ"
လက္ကဆြဲ၍ေခၚေတာ့မွ မခ်င့္မရဲျဖင့္ေနာက္ကပါလာသည္။သူ႕လက္ကိုအားကိုးတႀကီးဆုပ္ကိုင္ထားတဲ့ ကိုကို႔လက္ေသးေသးေလးက သူ႕လက္ထဲမွာျမဳပ္လို႔။
"ႏွင္းေလွ်ာစီးတာက ကိုကိုထင္သေလာက္မခက္ပါဘူး...ကိုယ္သြားမယ့္လမ္းေၾကာင္းအတိုင္း ခႏၶါကိုယ္ကိုမတ္မတ္ထားရမယ္...ေကြ႕ခ်င္ရင္ေတာ့ခႏၶါကိုယ္ကိုပါ လိုက္ယိမ္းရမယ္...ski poleနဲ႔ထိန္းလို႔ရတယ္...ကိုကိုရပ္ခ်င္ရင္ေတာ့ ေျခေထာက္ကိုAပုံသ႑ာန္...ဒီလိုေလး...ေမာင္လုပ္ျပသလိုလုပ္လိုက္ရင္ရၿပီ...လြယ္တယ္မလား"
(Ski poleဆိုတာက ႏွင္းေလွ်ာစီးရင္သုံးတဲ့ အေခ်ာင္း2ေခ်ာင္းကိုေျပာတာပါ...ျမင္ဖူးၾကတယ္ဟုတ္)
ေဂ်ာင္ကုက ေျခေထာက္ကိုAပုံသ႑ာန္လုပ္ျပရင္းေမးေတာ့ ထယ္ေယာင္းကေခါင္းညိတ္ျပသည္။
"ကဲ...ဒါဆို..ေမာင္နဲ႔တူတူ...ဟာ!...ကိုကို!!"
ေျပာလို႔ေတာင္မဆုံးေသး သူ႕ေ႐ွ႕ကေနအရင္ထြက္သြားတဲ့ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုမွာလန္႔သြားေတာ့သည္။
ထယ္ေယာင္းက ေဂ်ာင္ကုေျပာတဲ့အတိုင္းလြယ္လြယ္ေလးဆိုၿပီး လုပ္လိုက္ေတာ့ေလွ်ာခနဲထြက္သြားတဲ့အ႐ွိန္ေၾကာင့္ မ်က္လုံးေတြျပဴးလာေတာ့သည္။ကုန္းဆင္းျဖစ္တာမို႔ အ႐ွိန္ကမတရားျမန္ေနၿပီး စီးေနတဲ့လူေတြကိုလည္းတိုက္မိမွာစိုးရသည္။ရပ္လိုက္ခ်င္ေသာ္လည္း ေျခေထာက္ေတြကႏွင္း႐ိုက္ထားသလိုေအးခဲေနၿပီး ခုနကေဂ်ာင္ကုသင္ေပးလိုက္တဲ့ ရပ္ရမယ့္ပုံသ႑ာန္ေတြပါေမ့ကုန္ေတာ့သည္။
"ကိုကို...ကိုကိုမရပ္တတ္ဘူး!!"
ထယ္ေယာင္းမွာ မတတ္ႏိုင္တဲ့အဆုံးထေအာ္ပါေတာ့သည္။ႏွင္းေလွ်ာစီးေနတဲ့လူေတြကလည္း ေျခကားယားလက္ကားယားျဖင့္ အေပၚကေနေလွ်ာစီးလာတဲ့ထယ္ေယာင္းေၾကာင့္ အလန္႔တၾကားျဖင့္ေဘးသို႔ကပ္သြားၾကသည္။
"ေမာင္!!...ကိုကိုမရပ္တတ္ေတာ့ဘူး!!!...အား!!...ကယ္ပါဦး!!!"
ထယ္ေယာင္းမွာ လန္႔လြန္းလို႔ ေဂ်ာင္ကုကိုသာလွမ္းေခၚေတာ့သည္။
အေနာက္ကလိုက္လာတဲ့ေဂ်ာင္ကုမွာလည္း သူ႕ထက္ဦးစြာထြက္သြားတဲ့ထယ္ေယာင္းေနာက္ကို အသည္းအသန္လိုက္ရသည္။ကုန္းဆင္းမို႔အ႐ွိန္မ်ားလြန္းတာမို႔ ထယ္ေယာင္းကိုမွီဖို႔ခက္သည္။ခႏၶါကိုယ္ကိုအေ႐ွ႕သို႔ကိုင္း၍ အ႐ွိန္ျဖင့္သြားေတာ့မွ ထယ္ေယာင္းကိုမွီေတာ့မလိုျဖစ္လာသည္။
"ကိုကို!...ေျခေထာက္ကိုAပုံသ႑ာန္လုပ္လိုက္!!"
"ကိုကို...မလုပ္တတ္ဘူး!!...အား!!..ယီးပဲ!!...ေၾကာက္စရာႀကီး!!!...ယီး!!!"
ထယ္ေယာင္းရဲ႕ဆဲဆိုသံေၾကာင့္ ႏွင္းေလွ်ာစီးေနၾကတဲ့လူေတြက တအံ့တၾသၾကည့္ၾကသည္။မ်က္ႏွာေခ်ာေခ်ာေလးနဲ႔ ဆဲေနတာမလား?ဒါေပမယ့္လည္း ၾကည့္ေကာင္းမႈကတစ္စက္ေတာင္မေလ်ာ့သြားတာမို႔ ေကာင္ေလးေတြကအစေငးေနၾကသည္။
"ေမာင္လာၿပီ!"
ေဂ်ာင္ကု ထယ္ေယာင္းေ႐ွ႕ကိုေရာက္ေအာင္ျမန္ျမန္သြားလိုက္ၿပီး ski poleေတြကိုလႊတ္ပစ္၍ လက္ႏွစ္ဖက္ကိုဆန္႔တန္းထားလိုက္သည္။ဒီလိုမွမလုပ္ရင္ ကိုကိုကဟိုးေအာက္ထိေရာက္သြားေတာ့မွာ။
"ေမာင္!!...ဘာလုပ္တာလဲ!...ဖယ္ေလ!!!"
"ရတယ္!...ေမာင္ထိန္းထားမယ္!!"
ေျပာရင္းနဲ႔ တျဖည္းျဖည္းသူ႕နားေရာက္လာတဲ့ကိုကိုကအ႐ွိန္ျပင္းျပင္းျဖင့္ သူ႕ရင္ဘတ္ထဲကိုဝင္တိုက္သည္။အ႐ွိန္ျပင္းတာေၾကာင့္ ႏွစ္ေယာက္လုံးႏွင္းေတြေပၚလုံးေထြးၿပီး သုံးပတ္ေလာက္လိမ့္သြားသည္။ေဂ်ာင္ကုလက္ေမာင္းေတြၾကားက ထယ္ေယာင္းမွာအ႐ုပ္ေလးလိုမလႈပ္မယွက္ျဖင့္ရင္ခြင္ထဲမွာၿငိမ္ေနသည္။
"ေမာင္!...နာသြားလား!!"
ထယ္ေယာင္းရဲ႕စိုးရိမ္မႈလြန္ကဲေနတဲ့အသံေလးထြက္လာေတာ့ ေဂ်ာင္ကုေအာ္ရယ္မိေတာ့သည္။သူ႕ကိုကိုက သိပ္ခ်စ္ဖို႔ေကာင္းတာ..ဘာေလးမွန္းလည္းမသိ။
"ဘာလို႔ရယ္ေနတာလဲကြာ"
သူေမးတာကိုမေျဖပဲ ရယ္ေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမ်က္ႏွာကဆူပုပ္ပုပ္ျဖစ္လာသည္။
"ကိုကိုကခ်စ္ဖို႔ေကာင္းလို႔ေလ...ေမာင့္ကိုေတာင္မေစာင့္ပဲထြက္သြားတာ..ဘယ္ေလာက္ေလာလိုက္သလဲ...ဒါေပမယ့္လည္းဒီအမွားေလးကပဲ...အမွတ္တရအျဖစ္က်န္ခဲ့ေတာ့မွာမို႔...ေမာင္ကေတြးမိၿပီးေပ်ာ္လို႔ရယ္တာပါ"
"ဟီး...ကိုကိုကလြယ္တယ္ဆိုၿပီးလက္တည့္စမ္းလိုက္တာ"
သြားစိၿပီးျပဳံးရယ္ကာေျပာေနတဲ့ထယ္ေယာင္းက ႏွင္းျဖဴျဖဴေတြၾကားထဲမွာ ကေလးတစ္ေယာက္ခ်စ္ဖို႔ေကာင္းလြန္းေနတာမို႔ ေဂ်ာင္ကုမွာမေနႏိုင္စြာ အိစက္ေနတဲ့ပါးျပင္ေလးကိုနမ္းမိေတာ့သည္။
"ဟာ!...လူေတြ႐ွိေနတယ္ေလ"
မ်က္လုံးေလးကိုေတာင္ၾကည့္ေျမာက္ၾကည့္ျဖင့္ ေျပာလာတဲ့ထယ္ေယာင္းအသံကခပ္စြာစြာ။
"႐ွိ႐ွိ...ေမာင့္ကိုကိုကဒီေလာက္ခ်စ္ဖို႔ေကာင္းေနေတာ့...ေမာင္ကဘယ္သည္းခံႏိုင္ပါေတာ့မလဲ"
"မင္းကကြာ"
သူ႕ရင္ဘတ္ကိုလာထုၿပီးေျပာေနတဲ့ကိုကိုေၾကာင့္ ရင္ခုန္သံေတြကမူမမွန္ခ်င္ေတာ့။ႏႈတ္ခမ္းအိအိေလးကိုဆြဲနမ္းပစ္လိုက္ခ်င္ပါေသာ္လည္း လူၾကားထဲမွာမို႔ေအာက္ႏႈတ္ခမ္းကိုဖိကိုက္ရင္း ထိန္းခ်ဳပ္ေနရသည္။
"ထပ္စီးဦးမွာလား"
"ဟင့္အင္း...ပင္ပန္းသြားၿပီ...အိမ္ျပန္ခ်င္တယ္...ဗိုက္ဆာေနၿပီ"
ထယ္ေယာင္းက မ်က္ႏွာမဲ့၍ဗိုက္ကိုပြတ္ျပၿပီးေျပာသည္။
"အိုေက...ဒါဆိုျပန္ရေအာင္...ေမာင့္လက္ကိုကိုင္ထား"
တူတူလက္တြဲၿပီးႏွင္းေလွ်ာစီးကြင္းမွာ တီတီတာတာေတြေျပာကာ ရယ္ေမာရင္းလမ္းေလွ်ာက္ေနတဲ့Nikeအေႏြးထည္ဆင္တူနဲ႔ေကာင္ေလးႏွစ္ေယာက္က သိပ္လိုက္ဖက္သည္။ေကာင္မေလးေတြက ေငးၾကည့္ခ်င္ၾကေသာ္လည္း အေႏြးထည္အျဖဴဝတ္ထားတဲ့ေကာင္ေလးကိုၾကည့္ရင္ ေဘးကအနက္ေရာင္အေႏြးထည္နဲ႔ေကာင္ေလးဆီက မ်က္ေစာင္းထိုးခံရ ၊ အနက္ေရာင္အေႏြးထည္နဲ႔ေကာင္ေလးကိုၾကည့္ရင္ အျဖဴေရာင္အေႏြးထည္နဲ႔ေကာင္ေလးဆီက မ်က္ေစာင္းထိုးခံရတာမို႔ ဘယ္ေကာင္မေလးမွမၾကည့္ရေတာ့ေခ်။
...
'တီးေတာင္...တီးေတာင္...တီးေတာင္'
မီးဖိုေခ်ာင္ထဲမွာ ေဂ်ာင္ကုဟင္းခ်က္ေနတာကို ထယ္ေယာင္းကေနာက္ကေနခါးကိုဖက္ၿပီးပုခုံးေပၚေမးတင္၍ သိခ်င္တာေတြေမးကာလိုက္႐ႈပ္ေနတုန္း ၾကားလိုက္ရတဲ့ဘဲလ္သံေၾကာင့္ ႏွစ္ေယာက္လုံးလႈပ္႐ွားမႈေတြရပ္သြားသည္။
"ဘယ္သူလဲမသိဘူး...ကိုကို သြားၾကည့္လိုက္မယ္"
"ေမာင္လည္းလိုက္မယ္"
ေျပးထြက္သြားတဲ့ကိုကို႔ေနာက္ကို ေအပ႐ြန္ေတာင္မခြၽတ္အားပဲ လိုက္ရေတာ့သည္။အေစာႀကီးေရာက္လာတတ္တဲ့ ဧည့္သည္မ႐ွိတာမို႔ ကိုကိုတစ္ေယာက္တည္းတံခါးသြားဖြင့္မွာကို စိတ္မခ်ပါ။
"ဦးေလးနမ္!"
ကိုကိုတံခါးဖြင့္လိုက္ေတာ့ ျမင္လိုက္ရတဲ့လူေၾကာင့္ ေဂ်ာင္ကုမ်က္လုံးေတြျပဴးက်ယ္သြားသည္။ဦးေလးနမ္ဆိုတာ သူ႕ဦးေလးအရင္း၊အေဖ့ရဲ႕ညီပင္။
"တူေလး!...အမယ္ေလး...ေတာ္ေသးတာေပါ့ကြာ...ငါ့မွာအိမ္မွားမွာစိုးရိမ္ေနတာ...မင္းအေဖစကားပါးခိုင္းလိုက္လို႔ငါ့တူေရ..မင္းကိုအိမ္ျပန္လာခဲ့ေတာ့တဲ့"
"ဗ်ာ!!"
'ဗ်ာ' ဆိုတဲ့အသံအက်ယ္ႀကီးကေတာ့ ထယ္ေယာင္းဆီမွျဖစ္၏။
Kimharu4121992🌵Borahae💜
There are no comments yet. Log in to be the first to leave a review!





