Fanfics

20

15:59, 6 December 2023

"ကင်မ်ထယ်​ယောင်း!...နင်မထနိုင်​သေးဘူးလား!!"

မောင်နဲ့​လက်ချင်းတွဲပြီး ​သဲသောင်ပြင်မှာ​ရယ်​မော​၍ပြေးလွှား​နေတုန်း ကြားလိုက်ရတဲ့အသံဆိုးကြီး​ကြောင့် မျက်လုံးမှာဆတ်ခနဲပွင့်သွား​တော့သည်။အခုမျက်လုံးနဲ့မြင်​နေရတာက ကမ်း​ခြေကသဲ​သောင်ပြင်မဟုတ်ပဲ မြင်​​နေကျအခန်းကိုတွေ့​တော့မှ သက်ပျင်းချမိ​တော့သည်။သူအိပ်မက်မက်​နေခဲ့တာပဲ။

"ကင်မ်ထယ်​ယောင်း!!!"

"နိုးပြီလို့!!"

ထပ်ကြားရတဲ့အသံပြဲကြီး​ကြောင့် နိုး​နေ​ကြောင်းအသိ​ပေးရ​တော့သည်။အ​မေ့​အော်သံကသူတင်မဟုတ်ဘူး။အ​ရှေ့ခုနစ်အိမ်၊အ​နောက်ခုနစ်အိမ်က အိမ်နီးနားချင်း​တွေပါနိုးသွား​စေမယ့်အသံပါဝါမျိုး။

"ကျစ်!...ခဏ​နေရင်..မောင်နဲ့နမ်းတော့မယ့်ဟာကို"

"ဟဲ့!...နိုးရင်လည်းထလာ​လေ!!"

ထပ်​ကြားရတဲ့အသံကြောင့် ကုတင်​ပေါ်က​နေကုန်းရုန်းထပြီး မြန်မြန်မျက်နှာသစ်၍ အပြင်ကို​ပြေးထွက်ရ​တော့သည်။အခန်းပြင်​ရောက်​တော့ အားလုံးကထမင်းစားပွဲမှာထိုင်​နေပြီဖြစ်၏။​အ​မေနဲ့အ​ဖေကတစ်ဖက်မှာထိုင်ပြီး မျက်နှာချင်းဆိုင်မှာ​ မောင်ထိုင်​နေသည်။​မောင့်ဘေးကလွတ်​နေတဲ့ခုံက​တော့ သူ့ခုံ​ပေါ့။

ဒါနဲ့...​မောင်ကဘာကိစ္စ သူ့ကိုဒီ​နေ့လာမနှိုးတာလဲ??

"ဘာလို့လာမနှိုးတာလဲ"

​​ခုံကိုဆွဲထိုင်ရင်း​မေး​တော့ ​​မောင်ကပြန်မ​ဖြေပဲပြုံးပြသည်။

"​ဂျောင်ကုကီးကမနက်တည်းက..အ​စောကြီးထပြီးအိမ်သန့်ရှင်း​ရေး​တွေလုပ်​​နေတာ...ငါနိုး​တော့လည်းငါနဲ့အတူ​စျေးလိုက်ဝယ်​ပေး​သေးတယ်...မနက်စာလည်းချက်​ပေး​သေးတယ်...နင်ပဲကာလနဂါးလိုအိပ်​နေတာ"

အ​မေ​ပြော​တော့ ထယ်​ယောင်းကဆူပုပ်ပုပ်ဖြင့် ဘာမဆိုင်ညာမဆိုင် ​စားပွဲ​အောက်ကဂျောင်ကု​ပေါင်ကိုလိမ်ဆွဲသည်။

'အာ့!'

"ဘာဖြစ်တာလဲ ​ဂျောင်ကုကီး!"

​သူ့အော်သံ​ကြောင့် အ​ဖေ​ရောအ​မေကပါ​ပြိုင်တူ​မေး​လာသည်။ကိုကို့ကိုကြည့်​​လိုက်တော့ သူ့ကို 'ဘာလဲ'ဟူ​သောသ​ဘောဖြင့် မျက်လုံးပြူးပြသည်။

"ဟို...ခြင်ကိုက်လို့ပါ"

"ခြင်​တွေကလည်းအ​မေတို့ကိုမကိုက်ပဲ...​ဂျောင်ကုကီး​ကို​ရွေးကိုက်တယ်ဆို​တော့...​ဂျောင်ကုကီးကချစ်ဖို့​​ကောင်းလို့ဖြစ်မယ်"

အ​မေဖြစ်သူကအိုဗာ​တွေ​ပြော​​​နေတာမို့ ထယ်​ယောင်းကအန်ချင်သလို'​​​ဝေါ့' ဆိုပြီးအသံတိတ်လုပ်ပြသည်။​ဂျောင်ကုမှာ ထယ်​ယောင်းရဲ့ချစ်စဖွယ်အပြုအမူ​ကြောင့် ​အောက်နှုတ်ခမ်းကိုကိုက်ရင်း စားပွဲ​အောက်က​လက်သွယ်သွယ်​လေးကို အတင်းဖမ်းကိုင်လိုက်သည်။ထယ်​ယောင်းကလန့်သွား​၍ မျက်လုံးပြူးပြသော်လည်း ​​ဂျောင်ကုကမလွှတ်​ပေးပဲ အတင်းဆွဲထားသည်။

"ဟို​လေ..မိန်းမ...ခြင်က​​သူ့ဘာသာကိုက်ချင်လို့ကိုက်တာမဟုတ်ဘူးလား"

ထယ်​ယောင်းအ​ဖေကဝင်​ပြော​တော့ အ​​မေဖြစ်သူက​ဂျောင်ကုကိုပြုံးပြရင်း စားပွဲ​အောက်ကသူ့​​ယောကျာ်း​ခြေထောက်ကိုနင်းလိုက်သည်။

'အား!!'

"ဘာဖြစ်တာလဲ အ​​ဖေ!"

​ထယ်​ယောင်းနဲ့​ဂျောင်ကုက အ​ဖေ့ရဲ့​အော်သံနက်နက်ကြီး​ကြောင့် အလန့်တကြား​မေး​တော့ အ​ဖေကလက်ကာပြရင်း မပြုံးချင်ပြုံးချင်ဖြင့်

"ခြင်...ခြင်ကိုက်လို့ပါ"

ခြင်ကိုက်တယ်သာဆိုတယ်...ခုံ​အောက်က​ခြေ​ထောက်ကိုလက်နဲ့ပွတ်​နေတဲ့အ​ဖေ​ကြောင့် ထယ်​​ယောင်းနဲ့​ဂျောင်ကုမှာ  သိပ်မယုံချင်။ဒါကိုရိပ်မိတဲ့အ​မေက

"ကဲပါ...စားကြရ​အောင်​လေ"

​​ပြောပြီးတာနဲ့ထယ်​ယောင်းတို့တစ်မိသားစုလုံးက မျက်လုံးမှိတ်ပြီးဆု​တောင်းကြသည်။​သူတစ်​​ယောက်တည်းမျက်လုံးပွင့်​နေတာမို့ ​ဂျောင်ကုလည်း​ရော​ယောင်၍ လက်အုပ်ချီပြီးမျက်လုံးမှိတ်လိုက်သည်။

ထယ်​ယောင်းတို့မိသားစုသုံး​ယောက်က ဆု​တောင်းပြီးသွားလို့ ထမင်းစား​တော့မယ်လုပ်​တော့ ခုထိဆု​တောင်း​နေဆဲဖြစ်တဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းကမချိုမချဥ်ပြုံး၍ ​ဂျောင်ကု​ပေါင်ကိုတို့လိုက်သည်။ထိုအခါမှ ​ဂျောင်ကုကမျက်လုံးပြန်ဖွင့်ပြီး သူ့ကိုကြည့်​နေတဲ့ထယ်​ယောင်းမိဘ​တွေကိုသွားစိ၍ရယ်ပြလိုက်သည်။

"အ​မေ့သားငယ်​လေးက...သိပ်လိမ္မာတာပဲ...စားကြရ​အောင်​လေ...အများကြီးထည့်စား​နော်"

"ဟုတ်ကဲ့အ​မေ"

ထယ်​ယောင်းက​တော့ ​ဂျောင်ကုအ​ကြောင်းသိတာမို့ ထမင်းစား​နေစဥ်တစ်​လျှောက်လုံး ပြုံးစိပြုံးစိနှင့်။

...

Hyundaiကားအနက်​လေးက ဆိုးလ်တက္ကသိုလ်ထဲကနည်းပညာဌာန​ရှေ့မှာရပ်လိုက်သည်။

"​ကျောင်းကိုဂရုစိုက်​ပြီးမောင်းသွား​နော် ကိုကို"

​ဂျောင်ကုကကား​ပေါ်ကဆင်း၍ ​ကျောပိုးအိတ်ကိုလွယ်ပြီး​မှာသည်။

"ကိုကို့ကိုစိတ်ချစမ်းပါ...​မောင်သာစာကြိုးစား"

"​မောင့်ကိုလည်းစိတ်ချပါ"

"ဒါဆို..ကိုကိုသွား​တော့မယ်​နော်...ည​နေ​တွေ့မယ်"

"​နေဦး!"

အလုပ်ချိန်လည်းနီး​နေပြီမို့ ကားထွက်ဖို့လုပ်​တော့ ​မောင်ကသူ့လက်ကိုဆွဲလာသည်။ကားမှန်ချပြီးစကား​နေတာမို့ပင်။

"ဘာလို့လဲ"

"​မောင့်ကိုအာဘွား​ပေးသွားဦး...ဒါမှပါ​​မောက္ခစာသင်ရင်..အကုန်မှတ်မိတာ"

"မဆိုင်တာကွာ"

"ဟာ...ဆိုင်တယ်လို့..​ပေးလို့!"

ကားထဲကသူ့လက်ကိုဆွဲပြီး မူကြိုက​လေးလိုအတင်းပူဆာ​နေတဲ့​ဂျောင်ကု​ကြောင့် ထယ်​​ယောင်းမှာဘာလုပ်ရမှန်းမသိ။​ကျောင်းဝန်းထဲမှာလည်း သွားလာ​နေတဲ့​ကျောင်းသား​တွေအပြည့်မို့ ထယ်​ယောင်းမနမ်းချင်ပါ။

"အိမ်ကျရင်​ပေးမယ်​နော်...ကိုကိုအလုပ်​နောက်ကျ​တော့မယ်"

"ကိုကိုကလည်း!!"

"ဘာလို့​အော်​နေတာလဲ"

​ဂျောင်ကု​အော်သံ​ကြောင့် ​ကျောင်းသားတိုင်းကသူတို့ကိုကြည့်လာတာမို့ ထယ်​ယောင်းမှာ ​ဂျောင်ကုပါးစပ်ကိုပိတ်ပြီး ခပ်တိုးတိုး​ပြောသည်။

"ဒါဆို...နမ်း"

"မင်းကကွာ"

ထယ်​​ယောင်းမှာ​ လွှတ်ခနဲထွက်သွားတဲ့'မင်း'ဆိုတဲ့အသုံးအနှုန်း​ကြောင့် ချက်ချင်းပါးစပ်ကိုလက်နဲ့အုပ်လိုက်သည်။​မောင်က ကောက်သွား​တော့မှာ။ထင်တဲ့အတိုင်း သူ့ကိုတစ်ချက်မျက်​စောင်းထိုးပြီး ​ဆောင့်​အောင့်ပြီးထွက်သွားတဲ့​မောင်ကြောင့် ကားတံခါးကိုမြန်မြန်ဖွင့်၍ အ​နောက်က​နေလက်လိုက်ဆွဲရ​တော့သည်။

"ကိုကိုမှားသွားတယ်​...​မောင်လိုချင်တဲ့အာဘွားကိုခုပဲ​​ပေးမယ်...စိတ်မ​ကောက်နဲ့​နော်"

သူ​ပြော​တော့ ​မောင်ကသူ့ကိုမကြည့်ပဲ တစ်ဖက်ကိုပဲမျက်နှာလွှဲထားသည်။နှုတ်ခမ်းကိုလည်း ဆူထား​သေးသည်။

"နှစ်ခါ"

သူ့ကို​ကြည့်ပြီး လက်နှစ်​ချောင်း​ထောင်ပြတဲ့​မောင်​။

"ဟင်"

နားမလည်တာမို့ ​ကြောင်ကြည့်​နေမိ​တော့

"နှစ်ခါလို့...နှစ်ခါ​ပေးရမယ်..အာဘွားကို"

"​အဲ့လိုဆို...စိတ်မ​ကောက်နဲ့​တော့​နော်"

"အင်း"

ထယ်​ယောင်းမှာ သူစတဲ့ဇာတ်လမ်းသူပဲအဆုံးသတ်ရမည်မို့ လူရှင်းလားလို့တစ်ချက်ကြည့်ပြီးတာနဲ့ ​ခြေဖျားနည်းနည်း​ထောက်၍ ​​ဂျောင်ကုပါးနှစ်ဖက်လုံးကို ခပ်မြန်မြန်နမ်းလိုက်ရသည်။နမ်းပြီးတာနဲ့ တစ်ချိုးတည်းကားဆီကို​ပြေးပါ​လေ​ရော။​ဂျောင်ကုက​တော့ ရှက်သွားတဲ့ထယ်​ယောင်း​ကြောင့် သ​ဘောကျစွာပြုံး၍ ​ပြေး​နေတဲ့ထယ်​ယောင်း​နောက်ကို ပြေးလိုက်သွားသည်။

"အ​မေ့!"

ရုတ်တရက်ကြီး ကား​ပေါ်​ရောက်လာပြီး ဂီယာတိုင်ကိုကိုင်နေတဲ့သူ့လက်ကိုဆွဲလိုက်တဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းမှာလန့်ဖြန့်သွားသည်။

"ဘာလို့လဲ ​မောင်"

"ကိုကို့ကိုနမ်းမလို့"​​ပြောပြီးတာနဲ့​ဂျောင်ကုက ထယ်​ယောင်းမျက်နှာတစ်ခုလုံးကို စိတ်ကြိုက်နမ်းပြီးမှ ဌာနကိုခပ်သုတ်သုတ်​ပြေးသွား​သည်။ထိုအကျိုးဆက်​ကြောင့် ​ဂျောင်ကုမှာမနက်ခင်းသင်ခန်းစာတစ်ချိန်လွတ်သွားသလို ထယ်​ယောင်းလည်း​ကျောင်းကို 9နာရီအတိမ​ရောက်တာ​ကြောင့် ဒဏ်​ငွေသုံး​သောင်းအဖြတ်ခံလိုက်ရ​သည်။

...

ဂျောင်ကုနဲ့ထယ်​ယောင်း အထုပ်ကိုယ်စီဆွဲ၍ အိမ်ထဲက​နေထွက်လာကြသည်။အ​နောက်မှာ​တော့ ​တောက်​တောက်​ပြောင်​ပြောင်ဝတ်စားထားပြီးမျက်မှန်အနက်​ကြီးတပ်ထားတဲ့ထယ်​ယောင်းအ​မေနဲ့ ပုံမှန်အတိုင်းရိုးရိုး​လေးသာဝတ်ထားသည့် အ​ဖေဖြစ်သူပါလာသည်။မိဘ​တွေက သူတို့နဲ့တစ်ပတ်​လောက်အတူ​နေပြီး အခုမှပြန်မှာဖြစ်သည်။သို့သော် ဒယ်ဂူးကိုပြန်မှာမဟုတ်။

"ကားကိုဂရုစိုက်​မောင်းပါအ​ဖေ...ကျုပ်..အဖေကိုရွာထိပ်က​နေလာကြိုခိုင်းထားပါတယ်"

အထုပ်အပိုး​တွေကို ကား​နောက်ခန်းထဲထည့်​ပေးပြီး​တော့  ​ဂျောင်ကုကထယ်​ယောင်းအ​ဖေကို​ပြောသည်။​​ဂျောင်ကုတို့ရွာကဘယ်​လောက်သာယာ​ကြောင်း ထယ်​ယောင်းကမိဘ​တွေကိုပြောပြ​တော့ သွားလည်ချင်တယ်ဟူ၍ ယခုသွားကြမှာဖြစ်သည်။ခမည်းခမက်အချင်းချင်းကလည်း ဖုန်း​က​နေတစ်ဆင့်​ရင်းနီး​နေတာ​ကြောင့် လူကိုယ်တိုင်​တွေ့ချင်ကြတာလည်းပါသည်။

"စိတ်ချပါ ​ဂျောင်ကုကီး...အ​​ဖေဂရုစိုက်ပါ့မယ်"​"အ​မေပါတာပဲ..စိတ်ချပါ​ဂျောင်ကုကီးရယ်...မင်းကိုကို ကိုသာဂရုစိုက်​ပေး...အဲ့​ကောင်​​လေးကကျပ်သိပ်မပြည့်ဘူး"

"အ​​​မေ!!"

လူကို​ရှေ့မှာထားပြီး​ ပေါ်တင်ကြီးဘလိမ်း​နေတာ​ကြောင့်​အော်လိုက်​တော့ အ​မေဂရုမစိုက်ဟန်...မျက်မှန်အနက်ကြီးကိုလက်ညှိုးနဲ့ပင့်တင့်ပြရင်း ကား​ပေါ်သွားထိုင်သည်။​ဂျောင်ကုက​တော့ ပြုံးစိစိ။

"ကဲပါ...အ​ဖေတို့သွားတော့မယ်...နှစ်​ယောက်လုံးရန်မဖြစ်ပဲ...အချင်းချင်းဂရုစိုက်ကြ​နော်"

"ဟုတ်ကဲ့အ​ဖေ"

"အ​​မေသွားပြီ ​ဂျောင်ကုကီး!...ချစ်တယ်​နော်!!"

အ​မေကသားဖြစ်သူ သူ့ကို​ကျော်ပြီး ​မောင့်ကို​သည်းသည်းလှုပ်​နေသည်။သားအငယ်​လေးထပ်လိုချင်တဲ့အ​မေ့ဆန္ဒ​တွေ ပြည့်သွားပြီ​ပေါ့​လေ။

"ဟုတ်ကဲ့ အ​မေ...ကျုပ်..ကျုပ်လည်းချစ်တယ်"

​ဂျောင်ကုလည်းဂုတ်ပိုးကိုပွတ်သပ်ရင်း ရှက်ရှက်နဲ့ချစ်တယ်ပြန်​​ပြော​တော့ အ​မေကသ​ဘောကျစွာပြုံး၍အနားကို​ခေါ်သည်။အနား​ရောက်လာတဲ့​ဂျောင်ကုပါးကို ခပ်ဖွဖွဆွဲပြီး ကျန်းမာ​ရေးဂရုစိုက်ဖို့နဲ့ စာ​သေချာလိုက်လုပ်ဖို့မှာပြီးမှ ကား​အနီ​လေးကထွက်သွား​တော့သည်။ထိုကားအနီ​လေးမြင်ကွင်းထဲက​ပျောက်သွား​မှ ထယ်​ယောင်းနဲ့​ဂျောင်ကုလည်း အိမ်ထဲဝင်ခဲ့သည်။

"ဟူး...အခုမှပဲနား​အေးသွား​တော့တယ်"

ဧည့်ခန်းမှာ​ခြေကားယား လက်ကားယားဖြင့်ထိုင်ပြီး ငြီးတွား​နေတဲ့ထယ်​ယောင်းကိုကြည့်ပြီး ​အင်္ကျီ​ခေါက်​နေတဲ့​ဂျောင်ကုက ​ရယ်ရင်းနဲ့ခေါင်းတခါခါ။

"ခဏ​နေ​စျေးသွားဝယ်ရမှာမလား...​မောင်"

ထယ်​ယောင်းက ​ဂျောင်ကု​ခေါက်​နေတဲ့အင်္ကျီ​တွေကိုကူ​ခေါက်​ပေးရင်း​မေး​တော့ ​ဂျောင်ကုကထယ်​ယောင်းလက်ထဲကအင်္ကျီကိုဆွဲယူသည်။

"ကိုကိုပင်ပန်းမယ်...​မောင်ပဲ​ခေါက်လိုက်မယ်"

"ဟီးဟီး...ပြီး​ရော​လေ"

အလိုလိုက်ခံရတဲ့ထယ်​ယောင်းက ပါးစပ်ကိုနားရွက်တပ်ချိတ်မတတ်ပြုံး၍ ဆိုဖာ​ပေါ်မှာလှဲအိပ်လိုက်သည်။​

မောင့်လို​ကောင်​လေးရထားတာ သူဘယ်​လောက်​တောင်ကံ​ကောင်းလိုက်သလဲ?​

"​​စျေးသွားဝယ်ရင်..ကိုကိုပါလိုက်မလို့လား"

"ဟင့်အင်း...ကိုကို​report​ရေးရဦးမယ်...မလိုက်​တော့ဘူး"

"​မောင်ပဲသွားလိုက်ပါ့မယ်...ဘာမှာချင်​သေးလဲ"

​သူ​မေး​တော့ ကိုကိုက​မှေး​စေ့ကိုလက်ညှိုး​လေးနဲ့​ထောက်ပြီး မျက်နှာကျက်ကိုကြည့်၍ စဥ်းစားဟန်ပြုသည်။ကိုကိုကတစ်ကယ်ပါ...ဘာ​လေးမှန်းကိုမသိတာ။

ဆွဲဆိတ်ချင်စရာ​လေး။

"အင်းမ်...​​minoချောကလက်သကြားလုံးဝယ်လာ​ပေး"

"အို​ကေ"

​စကား​ပြောရင်းနဲ့ပင် အင်္ကျီ​တွေအားလုံးခေါက်လို့ပြီးသွားတာမို့ ​ဂျောင်ကုကထို​ခေါက်ပြီးသား​တွေကို မီးပူတိုက်ရမယ့်ခြင်းထဲသွားထည့်ပြီး ပိုက်ဆံအိတ်ယူ၍ ​စျေးဝယ်ဖို့ထွက်သွားသည်။ထယ်​ယောင်းလည်း ​ဂျောင်ကုသွားတာနဲ့ အခန်းထဲဝင်ပြီး ​ကျောင်းအုပ်ကိုတင်ပြရမယ့် reportကိုအပြီးသတ်​နေလိုက်သည်။

..

"ကိုကို​ရေ...​မောင်ပြန်​ရောက်ပြီ"

​အိမ်​​ရောက်​ရောက်ချင်း အ​မော​ပြေ​ရေ​တောင်မ​သောက်နိုင်...ကိုကို့ကိုလှမ်း​အော်​တော့ ပြန်ထူးသံမကြားရတာမို့ ​စျေးဝယ်စရာ​တွေကို စားပွဲ​ပေါ်ဖြစ်သလိုပစ်တင်ပြီး ကိုကို့ဆီသွားရ​တော့သည်။

"ကိုကို!"

စိုးရိမ်တကြီးနဲ့တံခါးဆွဲဖွင့်​တော့ ​တွေ့လိုက်ရတဲ့မြင်ကွင်း​ကြောင့် ရယ်မိသွားသည်။ကိုကိုက စာရိုက်​နေရင်းတန်းလန်းအိပ်​ငိုက်​နေတာ။ကိုကို့​လက်နဲ့ဖိမိထားတဲ့ F keyကလည်း screenမှာ​တောက်​လျှောက်ရိုက်​နေတာမို့ မြန်မြန်ထိုလက်ကိုဖယ်​ပေးလိုက်ရသည်။ကိုကိုကဘယ်​လောက်​တောင်ပင်ပန်း​နေလဲမသိ...သူလာတာ​တောင်မနိုး​ပေ။ဒီတိုင်းကြီးအိပ်​နေရင်ဇာတ်​နာသွားမှာမို့ ကိုကို့ကိုအသာမပြီး အိပ်ယာ​ပေါ်တင်​ပေးလိုက်သည်။​​နေ့လည်စာချက်ပြီးမှပဲ နှိုးလိုက်​တော့မယ်။

အခန်းထဲက​နေပြန်ထွက်မယ်လုပ်​တော့ ကိုကို့စားပွဲ​အောက်မှာ ​ပြုတ်ကျ​နေတဲ့စာအုပ်အညို​ကြောင့် သိချင်စိတ်ကတဖွားဖွား။ယူကြည့်​ချင်​​ပေမယ့်လည်း ကိုကိုမကြိုက်မှာစိုးတာ​​ကြောင့် ယူမကြည့်ရဲ​ပေ။ဒါ​ပေမယ့် သူနဲ့ကိုကိုကအခုချစ်သူ​တွေ​လေ။ဒီ​လောက်က​တော့ သိခွင့်ရှိတာပဲမလား?

ထိုအ​တွေးနဲ့အတူ ​ဂျောင်ကုလက်​တွေကထိုစာအုပ်ကို ​ကောက်ယူပြီးဖွင့်လိုက်သည်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်​ပျော်မယ်ကြံတုန်း...​ခေါင်းထဲကို​ရောက်လာတဲ့reportကိစ္စ​ကြောင့် ထယ်​ယောင်းဆတ်ခနဲထထိုင်လိုက်သည်။အိပ်ချင်မ​ပြေ​သေးတာ​ကြောင့် ပါးနှစ်ဖက်ကို ခပ်ဖွဖွပုပ်​နေတုန်း စာအုပ်အညိုကိုကိုင်ထားတဲ့​မောင့်ကိုမြင်လိုက်ရတာမို့ ကုတင်​ပေါ်ကအမြန်​ပြေးဆင်းရသည်။မေ့ပြီးစားပွဲ​ပေါ်တင်ထားမိတာပဲ။

"ဘာလုပ်တာလဲ!"

စာအုပ်ကိုဆွဲယူရင်း ​ကျော​နောက်မှာဖွက်ထားလိုက်သည့်ထယ်​ယောင်း။

"အာ...ကိုကို"

​လက်ထဲကစာအုပ်ကိုအတင်းဆွဲယူရင်း ​အအော်ခံလိုက်ရတာ​ကြောင့် ရင်ထဲမှာ​အတော်ဝမ်းနည်းသွားသည်။ကိုကိုက ​မောင့်ကိုဘာ​တွေဖုံးကွယ်ထားတာလဲ?

"ကိုကို့ပစ္စည်း​တွေကို..နောက်တစ်ခါ​မေးပြီးမှကိုင်ပါ ​မောင်"

ထယ်​ယောင်းစကား​ကြောင့် ​ဂျောင်ကု လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။

ကိုကို့စကားက သိပ်သူစိမ်းဆန်​နေတာမလား?

"ဟုတ်ကဲ့...မှတ်ထားလိုက်ပါ့မယ်"

မျက်နှာထားတင်းတင်းဖြင့်​ပြောပြီး ထွက်သွားတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းလည်းသက်ပျင်းချလိုက်မိသည်။သူ​ပြောလိုက်တာလွန်သွားတာပဲ။ဒါ​ပေမယ့်လည်း ​မောင်ကဒီစာအုပ်ထဲကစာ​တွေတွေ့သွားလို့မှမဖြစ်တာ။​အထဲကစာ​တွေကို​တွေ့သွားရင် ​မောင်ကသူ့ကိုအထင်​သေးသွားမလားပဲ။

"ဟူး...ပြန်​ချော့လိုက်လို့ရတာပဲ"

ထယ်​ယောင်းလည်း စိတ်ငြိမ်​အောင်ပြန်လုပ်ပြီး ထိုစာအုပ်အညိုကို သူ့​ဗီရိုထဲမှာထည့်သိမ်းလိုက်ပြီး​ မပြီး​သေးတဲ့reportကိုဆက်​ရေး၍ အလုပ်ထဲမှာပဲစိတ်နှစ်ထားလိုက်သည်။

...

"ကိုကို ည​နေလာကြို...."

'ဘုန်း!!'

သူ့စကား​တောင်မဆုံး​သေး...ကားတံခါးကိုဘုန်းခနဲပိတ်ပြီး ထွက်သွားတဲ့​မောင်​ကြောင့် သက်ပျင်းအရှည်ကြီးချလိုက်သည်။​မောင်ကဟို​နေ့ကကိစ္စနဲ့ အခုထိသူ့ကိုစိတ်ဆိုးမ​ပြေ​သေး​ပေ။​ဘေးက​နေတ​ကောက်​ကောက်လိုက်ပြီး ​ချော့ပါ​သော်လည်း လုံးဝစိတ်ဆိုးမ​ပြေ​ပေး။အိမ်မှာပစ္စည်းတစ်ခုခုကိုကိုင်ချင်တိုင်း 'ကိုင်ပါရ​စေ' လို့ခွင့်​တောင်းပြီး အရွဲ့တိုက်​တတ်သေးတာ။

​မောင်စိတ်ဆိုးပြေ​အောင် ဘယ်လိုလုပ်ရပါ့မလဲ?

ထိုစိတ်နဲ့တင် ​ကျောင်းမှာလည်းအဆင်မ​ပြေ။​မောင့်ကို​လိုက်ပို့ပြီး​ကျောင်းသွား​တော့ အ​တွေး​တွေလွန်​နေတာနဲ့ သွား​နေကျဖြတ်လမ်းကမသွားပဲ လမ်းမကြီးကသွားမိလို့ 9နာရီအတိ​​ကျောင်းမ​ရောက်တာ​ကြောင့် ဒဏ်​ငွေထပ်အ​ဖြတ်ခံရ​သေးတယ်။စာသင်​တော့လည်း အဆင်မ​ပြေ။အရင်ကဆိုအလုပ်နဲ့ကိုယ်​ရေးကိုယ်တာကို ခွဲထားနိုင်​သော်လည်း ​ရင်ဘတ်ထဲ​မောင်​​ရောက်လာပြီးကတည်းက စိတ်က​မောင်မှ​မောင်ဖြစ်သွား​တော့တာ။စာသင်​နေရင်းနဲ့လည်း ​စာပိုဒ်​တွေ​ကျော်ဖတ်မိလို့ ​ကျောင်းသား​တွေက​ပြန်ထောက်ပြ​ပေးတာ ခံလိုက်ရ​သေးတယ်။

"ဆရာဖို့မုန့်ပါ"

စာသင်ချိန်ပြီးလို့ ​ကျောင်းသူ​တွေကမုန့်လာ​ပေး​​တော့လည်း  အရင်လိုတက်တက်ကြွကြွယူချင်စိတ်မရှိတာမို့ ​ခေါင်းခါပြပြီးထွက်လာလိုက်သည်။​နေ့လည်စာစား​တော့လည်း ထိုနည်း၎င်း။ကန်တင်းကဟင်း​တွေက​ မောင့်လက်ရာကိုမယှဥ်နိုင်..အရသာကစုတ်ပြတ်သပ်​နေ​ရော။​မောင်ကလည်း သူ့ကို​နေ့လည်စာထမင်းဘူးမထည့်​ပေးတာ ဟိုကိစ္စဖြစ်ပြီးတည်းကဆို​တော့ ဒီအရသာဆိုးဆိုး​တွေကိုပဲ​​နေ့လည်တိုင်း ဝယ်စား​နေရတာ။

​သောက်အဆင်ကိုမ​ပြေဘူး။

ဒီလိုနဲ့ပဲ ည​နေ​တော့​မောင့်ကိုမရရ​အောင်​ချော့မယ်လို့​တွေးပြီး သည်းခံ​နေလိုက်သည်။ဒီ​နေ့ည​နေပိုင်းတစ်ချိန်က စာ​မေးပွဲစစ်ရသည်မို့ စော​စောပြီး၍ ​မောင့်ဆီကိုလာခဲ့လိုက်သည်။​နည်းနည်း​စော​နေ​သေး​ပေမယ့်လည်း ဌာန​ရှေ့မှာပဲကားကိုမှီ၍​စောင့်နေလိုက်သည်။

"ထယ်​ယောင်း...ကင်မ်ထယ်​ယောင်းမလား"

​မောင့်ကို​စောင့်​နေတုန်း အ​နောက်​က​နေနာမည်​ခေါ်သံကြားလိုက်ရတာ​ကြောင့် လှည့်ကြည့်မိ​တော့ သူ့သူငယ်ချင်းမ အန်ဆူ​ဂျောင်းဖြစ်​နေသည်။

"ဆူ​ဂျောင်း!"

"နင့်ကိုတူပါတယ်ဆိုပြီးကြည့်​နေတာ...တစ်ကယ်နင်ကို"

ဆူ​ဂျောင်းကနဂိုတည်းက သွက်သွက်လက်လက်မို့ သူ့လက်​မောင်းကိုကိုင်၍​ပြောသည်။

"နင်...brightမှာ​ကျောင်းဆရာလုပ်​နေတာဆို"

"​အင်း...နင်လည်းဒီမှာပဲtutorလုပ်​နေတာမလား"

"​အေး​လေ...အစိုးရအလုပ်က အနာဂတ်အတွက်စိတ်​အေးရတယ်​"

ဆူ​ဂျောင်းစကား​ကြောင့်ရယ်လိုက်မိသည်။အပျိုကြီးလုပ်မယ့်သူမက ​ကျောင်းတက်ကတည်းက ဒီမှာပဲtutorပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပင်။

"နင်ရည်းစား​ရ​နေပြီမလား ကင်မ်ထယ်​ယောင်း...ပြီး​တော့နင့်ရည်းစားက...ဒီဌာနကမလား"

ဆူ​ဂျောင်းက သူ့လက်ကိုဆွဲ၍အတင်းလှုပ်ကိုင်ပြီး​မေး​တော့ ထယ်​​ယောင်းမျက်လုံးပြူးသွားသည်။သူ့အ​ကြောင်း​တွေကို ဘယ်လို​တောင်သိ​နေပါလိမ့်?

"နင်ဘယ်လိုသိတာလဲ"

"​နောက်မို့ဆိုနင်ကဒီမှာဘာရပ်လုပ်​နေမှာလဲ...နင့်အ​ကြောင်းငါမသိတာလည်းမဟုတ်ဘူး"

"အာ...ဟုတ်သားပဲ"

ဒီလိုနဲ့ပဲ ​မောင့်ကို​စောင့်ရင်းနဲ့ ဆူ​ဂျောင်းနဲ့စကား​တွေအများကြီး​ပြောဖြစ်လိုက်သည်။တက္ကသိုလ်စတက်တည်းက အမြဲတပူးပူးရှိ​နေခဲ့တဲ့သူငယ်ချင်းမို့ ​စကား​ပြောရတာသက်​တောင့်သက်သာရှိပြီး ပါးစပ်မစိရ​အောင်ရယ်ပဲရယ်​နေရသည်။ဆူ​ဂျောင်းက သိပ်ဟာသ​ပြောတတ်တာ။

"အချိန်ကဒီ​လောက်​တောင်ရှိသွားပြီပဲ...ငါသွားရ​တော့မယ်ထယ်​ယောင်း"

"​အင်း...ငါ​နောက်မှဆက်သွယ်လိုက်မယ်​နော်"

"အို​ကေ...အို​ကေ...နေဦး!....ငါ့ကို​​ဂျောင်​ယောဖုန်းနံပါတ်​​ပေးဦး...ငါ့ဖုန်းကအခုပြင်ဆိုင်ပို့ထားလို့...ဒီမှာမှတ်​ပေး"

ဆူ​ဂျောင်းက သူမအိတ်ထဲကစာအုပ်အညိုကိုထုတ်၍ သူ့ကို​ရေးခိုင်းသည်။ထိုစာအုပ်အညိုက သူတို့​မေဂျာရဲ့အမှတ်တရပစ္စည်းမို့ အားလုံးမှာရှိကြသည်။

"နင်ခုထိ...ဒါကိုသုံး​နေတာလား"

"​တစ်နှစ်တစ်ခါ...အလကားရ​နေတာကို...ငါကမသုံးစရာလား"

"​အေး​​ပေါ့​လေ...နင်မသုံးမှထူးဆန်းမှာ"

"ဖဲ့မယ်ဆိုတာချည်းပဲ​နော်...သွားပြီ ထယ်​ယောင်း​ရေ"

ဆူ​ဂျောင်းထွက်သွားမှာပဲ ​​နည်းပညာဌာနကိုကြည့်၍ ​မောင့်ကို​စောင့်​နေလိုက်သည်။​မောင့်ကို​တွေ့တာနဲ့​ချော့မလို့စာလုံး​တွေကိုလည်း ​ခေါင်းထဲမှာစီ​နေလိုက်​သေးသည်။ခဏကြာ​တော့ ​မောင်ကဌာနက​နေထွက်လာသည်။​မောင့်မျက်နှာကမနက်ကထက် ပိုခက်ထန်ပြီး​ဒေါသထွက်​နေသလို။

"​မောင်"

"ခင်ဗျား ကျုပ်ကိုဘာစကားမှလာမ​ပြောနဲ့!"

သူ့ကို​စေ့​စေ့ကြည့်ပြီး အံ့ကျိတ်၍​ပြောလာတဲ့​မောင်​ကြောင့် ရင်ထဲမှာနာကျင်သွားသည်။​မောင်ကအခုသူ့ကို 'ခင်ဗျား'​တွေ'ကျုပ်​'တွေနဲ့​ပြော​နေတာမလား?

"​မောင်ဘာဖြစ်​နေတာလဲ"

သူ​မေးတာကိုမ​ဖြေပဲ ထွက်သွားတဲ့​မောင်​ကြောင့် လက်ကို​ဆောင့်ဆွဲလိုက်သည်။

"​ကိုကို မေး​နေတာ​ဖြေ​လေ"

"ခင်ဗျားနဲ့ခုနကမိန်းမကဘာ​တွေလဲ...ကျုပ်တစ်​ယောက်လုံးကိုမမြင်နိုင်​လောက်​အောင်!...အဲ့မိန်းမနဲ့ဘာ​တွေ​ပြောပြီး​​​ရယ်​​မော​နေကြတာလဲ!...ခင်ဗျားလက်​ကိုလည်းအဲ့မိန်းမက..ထိလိုက်ရိုက်လိုက်နဲ့...ဘာ​တွေလဲ!"

​အစက​ဒေါသကိုထိန်းပြီး အိမ်ကျမှာရှင်းမလို့ပြင်ထားပါ​သော်လည်း သူ့လက်ကိုအတင်းဆွဲပြီး​မေး​နေတဲ့ကိုကို​ကြောင့် ​မေးလိုက်မိ​တော့သည်။ကိုကိုနဲ့အဲ့မိန်းမ စကား​ပြောပြီးတဲ့အထိ သူရပ်ကြည့်​နေခဲ့တာ။ပြီး​တော့ ကိုကို့မှာရှိသလိုစာအုပ်အညိုက အဲ့မိန်းမမှာလည်းရှိ​နေတယ်။ကိုကိုသူ့ကို​ပေးမသိချင်တဲ့ စာအုပ်ထဲကအ​ကြောင်းအရာ​တွေက အဲ့မိန်းမနဲ့ဆိုင်​နေလားဆိုတဲ့အသိက သူ့ရင်ကိုဓါးနဲ့မွှန်း​နေသလိုပင်။

"ကားထဲသွားပြောရ​အောင်"

"ဒီမှာပဲ​ပြော!"

"ကားထဲလိုက်ခဲ့...မင်းမရှက်​ပေမယ့်...ငါရှက်တယ်ဂျွန်​ဂျောင်ကု"

'​တောက်ခ်!!!'

ကိုကို့ဘက်က​နေသူ့ကိုစပြီး နာမည်​တွေပါတပ်​ခေါ်လာတာမို့  ​တောက်​ခေါက်လိုက်မိသည်။​ဘေးဘီကိုဝဲကြည့်​တော့လည်း ​ကျောင်းသား​တွေကသူတို့ကိုကြည့်​နေတာမို့ ကိုကို​ပြောတဲ့အတိုင်းကားထဲသို့ဝင်ထိုင်လိုက်သည်။

"​အခု​ပြော!...ခင်ဗျားနဲ့အဲ့မိန်းမကဘာ​တွေလဲ!!"

"ငါ့ကိုလာမ​အော်နဲ့!...ငါကမင်းထက်အကြီးဆိုတာကို မင်း​ခေါင်းထဲထည့်ထားဦး!...ခါးပတ်ပတ်လိုက်!"

"ကိုကို..."

ထယ်​ယောင်း​အော်လိုက်​တော့ ​ဂျောင်ကုမျက်လုံးဝိုင်းဝိုင်း​တွေမှာ မျက်ရည်​တွေသီလာသည်။ကိုကိုကသူ့ကို​ ဒီလို​ဒေါသတကြီးမအော်ဖူးတာမို့ ရင်ထဲမှာဝမ်းနည်းလာသည်။ဒီတိုင်းကိုကို့ကိုကြည့်​နေတုန်း ကိုကိုကသူ့ထိုင်ခုံကခါးပတ်ကို အတင်းဆွဲ၍ပတ်​ပေးသည်။ကိုကို့မျက်နှာက ​ဒေါသထွက်လွန်း၍နီရဲ​နေပြီး အသက်ရှုသံ​တွေလည်းမြန်​နေသည်။

..

"​ထိုင်!...မင်း​မေးသမျှကိုငါ​ဖြေ​ပေးမယ်"

အိမ်ပြန်​ရောက်​ရောက်ချင်း ကိုကိုကသူ့လက်ဆွဲအိတ်ကိုပစ်​ပေါက်၍ သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းသည်။တစ်ခါမမြင်ဖူးတဲ့​ဒေါသထွက်​နေတဲ့ကိုကို့ပုံစံက သူ့ကိုအနည်းငယ်ရှိန်​စေသည်။

"​ငါနဲ့ဆူ​ဂျောင်းကသူငယ်ချင်း​တွေ...တက္ကသိုလ်စတက်တည်းကရင်းနှီးခဲ့တာ...အခုသူမကမင်းတို့တက္ကသိုလ်ရဲ့...ကိုရီးယား​စာ​​ပေဌာနမှာtutorလုပ်​နေတယ်...ငါ့လက်ကိုထိလိုက်ကိုင်လိုက်လုပ်တာက သူ့အကျင့်ပဲ...ငါ့ကိုမှမဟုတ်ဘူး...ဘယ်သူနဲ့စကား​ပြော​ပြော...သူကအဲ့လိုပဲ​ပြောတတ်တာ...မင်းမယုံရင်​နောက်​နေ့သွားကြည့်လိုက်...မင်းတို့ဌာနနဲ့သိပ်မ​ဝေးဘူးမလား...ဘာသိချင်​သေးလဲ...တစ်ခါတည်း​မေး"

ထယ်​ယောင်း​ပြော​တော့ ​​ဂျောင်ကုကဘာမှထပ်မ​မေးပဲ ​ခေါင်းငုံ့ထားသည်။

"​မေး​လေ!...ခုနက​တော့ အဆက်မပြတ်​မေး​နေတာမလား!!"

"ကိုကို"

​ဂျောင်ကုရဲ့'ကိုကို'ဟူ​သော​ခေါ်သံတိုးတိုးက ထယ်​​ယောင်းနားဆီမ​ပေါက်။

"မ​မေး​​တော့ဘူးလား!...ငါရှင်းပြစရာမရှိရင် အခန်းထဲဝင်​တော့မယ်...ဒီ​နေ့ညစာကိုမင်းဘာသာစားလိုက်...ငါ့ကိုလာ​ခေါ်စရာမလိုဘူး!"

ထယ်​ယောင်းက​ပြောပြီးတာနဲ့ သူ​ပစ်ပေါက်ထားတဲ့လက်ဆွဲအိတ်ကိုပြန်​ကောက်ပြီး အခန်းဆီ​လျှောက်သွားသည်။

"​​စာအုပ်အညို!...အဲ့ဒါပါရှင်းပြ"

တံခါးဖွင့်မလို့လုပ်​နေတုန်း ကြားလိုက်ရတဲ့အသံ​ကြောင့် ဧည့်ခန်းကိုပြန်​လျှောက်သွားလိုက်သည်။

"ဘာစာအုပ်အညိုလဲ"

"အဲ့မိန်းမ ကိုကို့ကို​ရေးခိုင်းတဲ့စာအုပ်က...ဟို​နေ့က​မောင့်လက်ထဲကကိုကိုဆွဲယူသွားတဲ့စာအုပ်နဲ့...အတူတူပဲမလား...ဘာလို့စာအုပ်ကတူတူဖြစ်​နေတာလဲ...အဲ့စာအုပ်ကိုဘာလို့ကိုကိုက​မောင့်ကိုမပြချင်တာလဲ..အဲ့ဒါကိုသိချင်တယ်!"

ထိုစာအုပ်အညိုပြဿနာကို ဒီ​နေ့မှမရှင်းရင် ကိုကိုနဲ့သူ့ဆက်ဆံ​​ရေးက ပြန်အဆင်​ပြေဖို့ခက်သွားနိုင်တာမို့ တစ်ခါတည်း​မေးလိုက်သည်။

"ဪ...အဲ့ဒါလား"

ထယ်​ယောင်းက​ချက်ချင်း အခန်းထဲဝင်သွားပြီး ထိုစာအုပ်ကိုအညိုကိုသွားယူ၍ ​ဂျောင်ကုဆီပစ်​ပေါက်လိုက်သည်။

"ကြည့်​လေ!...မင်းအရမ်းသိချင်​နေတဲ့အဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်!"

​ဂျောင်ကုသူ့လက်ထဲကစာအုပ်ကို ဖွင့်ကြည့်ချင်​ပေမယ့် မကြည့်ရဲဘူးဖြစ်​နေပြန်သည်။သူ့ကိုကြည့်​နေတဲ့ကိုကိုက အ​တော်စိတ်ဆိုး​နေတာ​ကြောင့် သူမှားသွားပြီဆိုတာကို အလိုလိုခံစား​နေရသည်။

"မယုံသင်္ကာမလုပ်နဲ့...ငါမင်းအ​ပေါ်အမြဲလိပ်ပြာလုံတယ်"

"ကိုကို"

​ပြောပြီးတာနဲ့ ထယ်​ယောင်းအခန်းထဲကိုဝင်သွားသည်။ကျန်ခဲ့တဲ့​ဂျောင်ကုက ထိုအခါမှမျက်ရည်​တွေဝဲပြီး စာအုပ်ကိုဖွင့်ဖတ်သည်။ဖွင့်ဖွင့်ချင်းစာအုပ်အ​ပေါ်မှာ​ရေးထားတာက ဆိုးလ်တက္ကသိုလ် ကိုရီးယားစာ​ပေဌာန နှစ်40ပြည့်အမှတ်တရဟူ၍။ထိုစာ​ကြောင်းနဲ့တင် ​ဂျောင်ကုမှာရှိုက်ကြီးတင်ငို​တော့သည်။​နောက်တစ်မျက်နှာကိုလှန်ကြည့်​တော့ လက်​​ရေးလှလှ​လေးနဲ့​ရေးထားတာက 'ဂျွန်​ဂျောင်ကုကို အပိုင်ချုပ်ရန်' ဆိုတဲ့​ခေါင်းစဥ်နှင့်အတူ ​နေ့စွဲနဲ့တကွမှတ်ထားတဲ့ ကုန်ကျစရိတ်​တွေ။ငှက်​ပျောသီးနွားနို့ဝယ်တာကအစ ​​အောက်ခံ​ဘောင်းဘီဝယ်တာအဆုံး သူဝယ်သမျှပစ္စည်းတိုင်းကို ကိုကိုက ​သေချာမှတ်ထားသည်။တစ်လစာကုန်ကျစရိတ်တိုင်းကိုလည်းစုစု​ပေါင်းပြီး​ '​ဂျောင်ကု​လေးဆပ်ရမည့်​​ပိုက်ဆံ' ဆိုပြီးအ​သေးစိတ်​ရေးထားသည်။

စာ​မေးပွဲ​ဖြေခါနီးတုန်းက steak စားကိုလည်း ​သေချာ​ရေးထားပြီး​ ဘေးမှာကွင်းစကွင်းပိတ်နဲ့ 'ထယ်ထယ်​မှဒကာခံခြင်း' ဟု​ရေးထား​သေးသည်။စာမျက်နှာတိုင်းမှာ သူ့​ကြောင့်ကုန်တဲ့ပိုက်ဆံ​တွေကို အ​သေးစိတ်ဇယားကွက်နဲ့မှတ်ထားပြီး စာအုပ်နောက်ဆုံးမှာ​ noteမှတ်တဲ့စက္ကူအညို​လေးကို ဝက်ဝံရုပ်စတစ်ကာနဲ့ကပ်ထား၍ '​မောင်သာကိုကိုဆီကထွက်သွားရင်..ကိုကိုကဒီပိုက်ဆံ​တွေပြန်ဆပ်ခိုင်းဖို့ အနားမှာတစ်သက်လုံး​ခေါ်ထားမှာ..အတိုးနဲ့ဆို ​မောင်တစ်သက်လုံး​ထွက်​ပြေးလို့မရ​တော့ဘူး ဟဲဟဲ' ဆိုပြီး​ရေးထား​သေးသည်။

​ဂျောင်ကု ​စာအုပ်တစ်အုပ်လုံးဖတ်လို့အပြီးမှာ​တော့ ​ထိုစာအုပ်ကိုရင်ခွင်ထဲပိုက်၍ က​လေးတစ်​ယောက်လို​​အော်ငို​တော့သည်။

"​​မောင်မှားသွားတယ်...​တောင်းပန်ပါတယ်ကိုကို"

ဒေါသအရမ်းထွက်​နေတာ​ကြောင့် စိတ်ငြိမ်သွား​ရန်ရေချိုး​နေတဲ့ထယ်​ယောင်းမှာ ​ဂျောင်ကုရဲ့​အော်ငို​နေတဲ့အသံအကျယ်ကြီး​ကို လျစ်လျူရှုထားပြီး​ရေဆက်ချိုး​​နေ​သော်လည်း ပိုပိုကျယ်လာတဲ့ငိုသံ​ကြောင့် ​ဘေးအိမ်​တွေကိုအားနာ၍ အင်္ကျီ​တောင်မဝတ်နိုင်ပဲ​ ခါးအောက်ပိုင်းကို သပတ်နဲ့ပတ်၍ ထွက်လာရ​တော့သည်။

"ဘာကိစ္စ​အော်ငို​နေတာလဲ!...​ဘေးအိမ်​တွေကိုအားနာဦး!!"

"ကိုကို"

​ပြောကာမှ သူ့ကိုအတင်းလာဖက်ပြီး ငို​နေတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းမှာအတင်းတွန်းထုတ်ရသည်။အခုသူ့အ​ပေါ်ပိုင်းက ဘာမှမဝတ်ထားဘူး​လေ။

"​မောင်မှားသွားပါတယ်ကိုကို...​အင့်...တောင်းပန်ပါတယ်...​နောက်အဲ့လိုမလုပ်​တော့ပါဘူး...အင့်...​မောင့်ကိုစိတ်မဆိုးပါနဲ့​..​.နော်"

ရှိုက်သံ​တွေနဲ့​ရော​ထွေးပြီး ငိုယိုကာ​ပြော​နေတဲ့​ဂျောင်ကု​ကြောင့် ထယ်​ယောင်းမှာလည်းဘာလုပ်ရမှန်းမသိ။အခုချိန်စိတ်ဆိုး​ပြေလိုက်ရင်လည်း မာနထိခိုက်တာမို့ တင်းခံ​နေလိုက်သည်။

"​မောင်​တောင်းပန်ပါတယ်ကိုကို...​မောင့်ကိုစိတ်မဆိုးပါနဲ့"

"​နောက်မှဆက်​ပြောရ​အောင်"

သူ့ကိုအတင်းဖက်​နေတဲ့​​​​​​ဂျောင်ကုကြောင့် ထယ်​ယောင်းကသူ့ခန္ဓါကိုယ်အ​ပေါ်ပိုင်းကိုလက်နဲ့ကာရင်း အခန်းထဲပြန်ဝင်ဖို့လုပ်သည်။သို့သော် ​ဂျောင်ကုကအခန်းထဲဝင်ဖို့လုပ်​နေတဲ့ထယ်​ယောင်းကို အ​နောက်က​နေသိုင်းဖက်လိုက်သည်။

"ဘာ..ဘာလုပ်တာလဲ...လွှတ်!"

ထယ်​ယောင်းမှာ ရုတ်တရက်ကြီးအဖက်ခံလိုက်ရတာ​ကြောင့် ​အော်ဟစ်ရင်းရုန်း​တော့သည်။သူ့ခန္ဓါကိုယ်ကိုအတိုင်းသားကြီး ထိ​တွေ့​နေတဲ့လက်​တွေ​ကြောင့် ရှက်လွန်း၍​​အော်ငိုချင်လာသည်။

"မလွှတ်ဘူး...​မောင့်ကိုစိတ်ဆိုး​ပြေပြီဆိုမှလွှတ်မယ်"

"မင်းလုပ်ထားတဲ့အပြစ်က...ချက်ချင်းစိတ်ဆိုး​ပြေလို့ရတဲ့မရာမဟုတ်ဘူး...လွှတ်စမ်းကွာ"

"မလွှတ်ဘူး...​ကျေးဇူးပြုပြီး​မောင့်ကိုစိတ်ဆိုး​ပြေပါ​တော့ ကိုကို...ကိုကိုစိတ်ဆိုးရင်..​မောင်မ​နေတတ်ဘူး"

​ဂျောင်ကုက​ပြောလည်း​ပြော..မျက်စိ​ရှေ့မှာမြင်​နေရတဲ့​ကျောပြင်​ဖွေး​ဖွေး​ကိုလည်းနမ်း၍ အသားယူသည်။ထယ်​ယောင်းမှာ ​​​ကျော​ပေါ်​ရောက်လာတဲ့ခပ်​နွေး​နွေးနှုတ်ခမ်း​ကြောင့် မျက်လုံး​တွေပါပြူးပြီး တီ​ကောင်ကိုဆားနဲ့ပက်သလိုရုန်းတော့သည်။

"ဂျွန်​ဂျောင်ကု!!...လွှတ်လို့!!!"

"မလွှတ်ဘူး...စိတ်ဆိုး​ပြေတယ်လို့​ပြော"

​ပြောရင်းနဲ့ဂုတ်ပိုးကို ဖိကပ်နမ်းလိုက်တဲ့​ဂျောင်ကု​ကြောင့်

"​ပြေပြီ!...​ပြေပြီ!!...ငါ့ကိုလွှတ်​တော့!!"

"တစ်ကယ်​နော် ကိုကို"

"​အေး!!"

​တရစပ်​အော်​နေတဲ့ကိုကို​ကြောင့် ​ကျောပြင်လှလှ​လေးကိုတစ်ချက်နမ်းပြီးမှလွှတ်​ပေးလိုက်​တော့ ချက်ချင်းကိုကိုကသူ့ဘက်ကိုလှည့်လာပြီး လက်ခလယ်​ထောင်ပြသည်။

"ကိုကိုကချစ်စရာ​လေးဗျာ"

လက်ခလယ်​ထောင်ပြပြီး ​ဒေါသထွက်​နေတဲ့ကိုကိုကချစ်ဖို့​​ကောင်းတာမို့ ထပ်စဖို့ပြင်​နေတုန်း ​အောက်ပိုင်းကိုကြည့်မိ​တော့ ကြမ်းပြင်​ပေါ်မှာကျ​နေတဲ့သပတ်အဖြူနဲ့အတူ ကိုယ်လုံးတီးဖြစ်​နေတဲ့ကိုကို​ကြောင့် နှာ​ခေါင်း​သွေးပါလျှံတက်ချင်လာသည်။

"ကိုကို...ကိုကို"

"ဘာလဲ!"

"ဟို...ဟို..."

ထယ်​ယောင်းလည်း ​သူ့​အောက်ပိုင်းကိုကြည့်​နေတဲ့​ဂျောင်ကု​ကြောင့် ကိုယ့်ကိုယ်ကိုငုံ့ကြည့်မိ​တော့ အ​​မေ့ဗိုက်ထဲကထွက်လာတုန်းကအတိုင်းကြီးမို့

"အား!!!....ယီး!!!!!"

Kimharu4121992🌵Borahae💜

#ဒီအပိုင်း​လေးက ခွဲ​​ရေးလို့မရတာမို့ နည်းနည်းရှည်သွားတယ် မီယားနဲ😖

#TYHနဲ့ခွဲရ​တော့မယ်​နော် reader​လေးတို့​ရေ😭 

Zawgyi

"ကင္မ္ထယ္​ေယာင္း!...နင္မထႏိုင္​ေသးဘူးလား!!"

ေမာင္နဲ႔​လက္ခ်င္းတြဲၿပီး ​သဲေသာင္ျပင္မွာ​ရယ္​ေမာ​၍ေျပးလႊား​ေနတုန္း ၾကားလိုက္ရတဲ့အသံဆိုးႀကီး​ေၾကာင့္ မ်က္လုံးမွာဆတ္ခနဲပြင့္သြား​ေတာ့သည္။အခုမ်က္လုံးနဲ႔ျမင္​ေနရတာက ကမ္း​ေျခကသဲ​ေသာင္ျပင္မဟုတ္ပဲ ျမင္​​ေနက်အခန္းကိုေတြ႕​ေတာ့မွ သက္ပ်င္းခ်မိ​ေတာ့သည္။သူအိပ္မက္မက္​ေနခဲ့တာပဲ။

"ကင္မ္ထယ္​ေယာင္း!!!"

"ႏိုးၿပီလို႔!!"

ထပ္ၾကားရတဲ့အသံၿပဲႀကီး​ေၾကာင့္ ႏိုး​ေန​ေၾကာင္းအသိ​ေပးရ​ေတာ့သည္။အ​ေမ့​ေအာ္သံကသူတင္မဟုတ္ဘူး။အ​ေ႐ွ႕ခုနစ္အိမ္၊အ​ေနာက္ခုနစ္အိမ္က အိမ္နီးနားခ်င္း​ေတြပါႏိုးသြား​ေစမယ့္အသံပါဝါမ်ိဳး။

"က်စ္!...ခဏ​ေနရင္..ေမာင္နဲ႔နမ္းေတာ့မယ့္ဟာကို"

"ဟဲ့!...ႏိုးရင္လည္းထလာ​ေလ!!"

ထပ္​ၾကားရတဲ့အသံေၾကာင့္ ကုတင္​ေပၚက​ေနကုန္း႐ုန္းထၿပီး ျမန္ျမန္မ်က္ႏွာသစ္၍ အျပင္ကို​ေျပးထြက္ရ​ေတာ့သည္။အခန္းျပင္​ေရာက္​ေတာ့ အားလုံးကထမင္းစားပြဲမွာထိုင္​ေနၿပီျဖစ္၏။​အ​ေမနဲ႔အ​ေဖကတစ္ဖက္မွာထိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္မွာ​ ေမာင္ထိုင္​ေနသည္။​ေမာင့္ေဘးကလြတ္​ေနတဲ့ခုံက​ေတာ့ သူ႕ခုံ​ေပါ့။

ဒါနဲ႔...​ေမာင္ကဘာကိစၥ သူ႕ကိုဒီ​ေန႔လာမႏိႈးတာလဲ??

"ဘာလို႔လာမႏိႈးတာလဲ"

​​ခုံကိုဆြဲထိုင္ရင္း​ေမး​ေတာ့ ​​ေမာင္ကျပန္မ​ေျဖပဲျပဳံးျပသည္။

"​ေဂ်ာင္ကုကီးကမနက္တည္းက..အ​ေစာႀကီးထၿပီးအိမ္သန္႔႐ွင္း​ေရး​ေတြလုပ္​​ေနတာ...ငါႏိုး​ေတာ့လည္းငါနဲ႔အတူ​ေစ်းလိုက္ဝယ္​ေပး​ေသးတယ္...မနက္စာလည္းခ်က္​ေပး​ေသးတယ္...နင္ပဲကာလနဂါးလိုအိပ္​ေနတာ"

အ​ေမ​ေျပာ​ေတာ့ ထယ္​ေယာင္းကဆူပုပ္ပုပ္ျဖင့္ ဘာမဆိုင္ညာမဆိုင္ ​စားပြဲ​ေအာက္ကေဂ်ာင္ကု​ေပါင္ကိုလိမ္ဆြဲသည္။

'အာ့!'

"ဘာျဖစ္တာလဲ ​ေဂ်ာင္ကုကီး!"

​သူ႕ေအာ္သံ​ေၾကာင့္ အ​ေဖ​ေရာအ​ေမကပါ​ၿပိဳင္တူ​ေမး​လာသည္။ကိုကို႔ကိုၾကည့္​​လိုက္ေတာ့ သူ႕ကို 'ဘာလဲ'ဟူ​ေသာသ​ေဘာျဖင့္ မ်က္လုံးျပဴးျပသည္။

"ဟို...ျခင္ကိုက္လို႔ပါ"

"ျခင္​ေတြကလည္းအ​ေမတို႔ကိုမကိုက္ပဲ...​ေဂ်ာင္ကုကီး​ကို​ေ႐ြးကိုက္တယ္ဆို​ေတာ့...​ေဂ်ာင္ကုကီးကခ်စ္ဖို႔​​ေကာင္းလို႔ျဖစ္မယ္"

အ​ေမျဖစ္သူကအိုဗာ​ေတြ​ေျပာ​​​ေနတာမို႔ ထယ္​ေယာင္းကအန္ခ်င္သလို'​​​ေဝါ့' ဆိုၿပီးအသံတိတ္လုပ္ျပသည္။​ေဂ်ာင္ကုမွာ ထယ္​ေယာင္းရဲ႕ခ်စ္စဖြယ္အျပဳအမူ​ေၾကာင့္ ​ေအာက္ႏႈတ္ခမ္းကိုကိုက္ရင္း စားပြဲ​ေအာက္က​လက္သြယ္သြယ္​ေလးကို အတင္းဖမ္းကိုင္လိုက္သည္။ထယ္​ေယာင္းကလန္႔သြား​၍ မ်က္လုံးျပဴးျပေသာ္လည္း ​​ေဂ်ာင္ကုကမလႊတ္​ေပးပဲ အတင္းဆြဲထားသည္။

"ဟို​ေလ..မိန္းမ...ျခင္က​​သူ႕ဘာသာကိုက္ခ်င္လို႔ကိုက္တာမဟုတ္ဘူးလား"

ထယ္​ေယာင္းအ​ေဖကဝင္​ေျပာ​ေတာ့ အ​​ေမျဖစ္သူက​ေဂ်ာင္ကုကိုျပဳံးျပရင္း စားပြဲ​ေအာက္ကသူ႕​​ေယာက်ာ္း​ေျခေထာက္ကိုနင္းလိုက္သည္။

'အား!!'

"ဘာျဖစ္တာလဲ အ​​ေဖ!"

​ထယ္​ေယာင္းနဲ႔​ေဂ်ာင္ကုက အ​ေဖ့ရဲ႕​ေအာ္သံနက္နက္ႀကီး​ေၾကာင့္ အလန္႔တၾကား​ေမး​ေတာ့ အ​ေဖကလက္ကာျပရင္း မျပဳံးခ်င္ျပဳံးခ်င္ျဖင့္

"ျခင္...ျခင္ကိုက္လို႔ပါ"

ျခင္ကိုက္တယ္သာဆိုတယ္...ခုံ​ေအာက္က​ေျခ​ေထာက္ကိုလက္နဲ႔ပြတ္​ေနတဲ့အ​ေဖ​ေၾကာင့္ ထယ္​​ေယာင္းနဲ႔​ေဂ်ာင္ကုမွာ  သိပ္မယုံခ်င္။ဒါကိုရိပ္မိတဲ့အ​ေမက

"ကဲပါ...စားၾကရ​ေအာင္​ေလ"

​​ေျပာၿပီးတာနဲ႔ထယ္​ေယာင္းတို႔တစ္မိသားစုလုံးက မ်က္လုံးမွိတ္ၿပီးဆု​ေတာင္းၾကသည္။​သူတစ္​​ေယာက္တည္းမ်က္လုံးပြင့္​ေနတာမို႔ ​ေဂ်ာင္ကုလည္း​ေရာ​ေယာင္၍ လက္အုပ္ခ်ီၿပီးမ်က္လုံးမွိတ္လိုက္သည္။

ထယ္​ေယာင္းတို႔မိသားစုသုံး​ေယာက္က ဆု​ေတာင္းၿပီးသြားလို႔ ထမင္းစား​ေတာ့မယ္လုပ္​ေတာ့ ခုထိဆု​ေတာင္း​ေနဆဲျဖစ္တဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းကမခ်ိဳမခ်ဥ္ျပဳံး၍ ​ေဂ်ာင္ကု​ေပါင္ကိုတို႔လိုက္သည္။ထိုအခါမွ ​ေဂ်ာင္ကုကမ်က္လုံးျပန္ဖြင့္ၿပီး သူ႕ကိုၾကည့္​ေနတဲ့ထယ္​ေယာင္းမိဘ​ေတြကိုသြားစိ၍ရယ္ျပလိုက္သည္။

"အ​ေမ့သားငယ္​ေလးက...သိပ္လိမၼာတာပဲ...စားၾကရ​ေအာင္​ေလ...အမ်ားႀကီးထည့္စား​ေနာ္"

"ဟုတ္ကဲ့အ​ေမ"

ထယ္​ေယာင္းက​ေတာ့ ​ေဂ်ာင္ကုအ​ေၾကာင္းသိတာမို႔ ထမင္းစား​ေနစဥ္တစ္​ေလွ်ာက္လုံး ျပဳံးစိျပဳံးစိႏွင့္။

...

Hyundaiကားအနက္​ေလးက ဆိုးလ္တကၠသိုလ္ထဲကနည္းပညာဌာန​ေ႐ွ႕မွာရပ္လိုက္သည္။

"​ေက်ာင္းကိုဂ႐ုစိုက္​ၿပီးေမာင္းသြား​ေနာ္ ကိုကို"

​ေဂ်ာင္ကုကကား​ေပၚကဆင္း၍ ​ေက်ာပိုးအိတ္ကိုလြယ္ၿပီး​မွာသည္။

"ကိုကို႔ကိုစိတ္ခ်စမ္းပါ...​ေမာင္သာစာႀကိဳးစား"

"​ေမာင့္ကိုလည္းစိတ္ခ်ပါ"

"ဒါဆို..ကိုကိုသြား​ေတာ့မယ္​ေနာ္...ည​ေန​ေတြ႕မယ္"

"​ေနဦး!"

အလုပ္ခ်ိန္လည္းနီး​ေနၿပီမို႔ ကားထြက္ဖို႔လုပ္​ေတာ့ ​ေမာင္ကသူ႕လက္ကိုဆြဲလာသည္။ကားမွန္ခ်ၿပီးစကား​ေနတာမို႔ပင္။

"ဘာလို႔လဲ"

"​ေမာင့္ကိုအာဘြား​ေပးသြားဦး...ဒါမွပါ​​ေမာကၡစာသင္ရင္..အကုန္မွတ္မိတာ"

"မဆိုင္တာကြာ"

"ဟာ...ဆိုင္တယ္လို႔..​ေပးလို႔!"

ကားထဲကသူ႕လက္ကိုဆြဲၿပီး မူႀကိဳက​ေလးလိုအတင္းပူဆာ​ေနတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​​ေယာင္းမွာဘာလုပ္ရမွန္းမသိ။​ေက်ာင္းဝန္းထဲမွာလည္း သြားလာ​ေနတဲ့​ေက်ာင္းသား​ေတြအျပည့္မို႔ ထယ္​ေယာင္းမနမ္းခ်င္ပါ။

"အိမ္က်ရင္​ေပးမယ္​ေနာ္...ကိုကိုအလုပ္​ေနာက္က်​ေတာ့မယ္"

"ကိုကိုကလည္း!!"

"ဘာလို႔​ေအာ္​ေနတာလဲ"

​ေဂ်ာင္ကု​ေအာ္သံ​ေၾကာင့္ ​ေက်ာင္းသားတိုင္းကသူတို႔ကိုၾကည့္လာတာမို႔ ထယ္​ေယာင္းမွာ ​ေဂ်ာင္ကုပါးစပ္ကိုပိတ္ၿပီး ခပ္တိုးတိုး​ေျပာသည္။

"ဒါဆို...နမ္း"

"မင္းကကြာ"

ထယ္​​ေယာင္းမွာ​ လႊတ္ခနဲထြက္သြားတဲ့'မင္း'ဆိုတဲ့အသုံးအႏႈန္း​ေၾကာင့္ ခ်က္ခ်င္းပါးစပ္ကိုလက္နဲ႔အုပ္လိုက္သည္။​ေမာင္က ေကာက္သြား​ေတာ့မွာ။ထင္တဲ့အတိုင္း သူ႕ကိုတစ္ခ်က္မ်က္​ေစာင္းထိုးၿပီး ​ေဆာင့္​ေအာင့္ၿပီးထြက္သြားတဲ့​ေမာင္ေၾကာင့္ ကားတံခါးကိုျမန္ျမန္ဖြင့္၍ အ​ေနာက္က​ေနလက္လိုက္ဆြဲရ​ေတာ့သည္။

"ကိုကိုမွားသြားတယ္​...​ေမာင္လိုခ်င္တဲ့အာဘြားကိုခုပဲ​​ေပးမယ္...စိတ္မ​ေကာက္နဲ႔​ေနာ္"

သူ​ေျပာ​ေတာ့ ​ေမာင္ကသူ႕ကိုမၾကည့္ပဲ တစ္ဖက္ကိုပဲမ်က္ႏွာလႊဲထားသည္။ႏႈတ္ခမ္းကိုလည္း ဆူထား​ေသးသည္။

"ႏွစ္ခါ"

သူ႕ကို​ၾကည့္ၿပီး လက္ႏွစ္​ေခ်ာင္း​ေထာင္ျပတဲ့​ေမာင္​။

"ဟင္"

နားမလည္တာမို႔ ​ေၾကာင္ၾကည့္​ေနမိ​ေတာ့

"ႏွစ္ခါလို႔...ႏွစ္ခါ​ေပးရမယ္..အာဘြားကို"

"​အဲ့လိုဆို...စိတ္မ​ေကာက္နဲ႔​ေတာ့​ေနာ္"

"အင္း"

ထယ္​ေယာင္းမွာ သူစတဲ့ဇာတ္လမ္းသူပဲအဆုံးသတ္ရမည္မို႔ လူ႐ွင္းလားလို႔တစ္ခ်က္ၾကည့္ၿပီးတာနဲ႔ ​ေျခဖ်ားနည္းနည္း​ေထာက္၍ ​​ေဂ်ာင္ကုပါးႏွစ္ဖက္လုံးကို ခပ္ျမန္ျမန္နမ္းလိုက္ရသည္။နမ္းၿပီးတာနဲ႔ တစ္ခ်ိဳးတည္းကားဆီကို​ေျပးပါ​ေလ​ေရာ။​ေဂ်ာင္ကုက​ေတာ့ ႐ွက္သြားတဲ့ထယ္​ေယာင္း​ေၾကာင့္ သ​ေဘာက်စြာျပဳံး၍ ​ေျပး​ေနတဲ့ထယ္​ေယာင္း​ေနာက္ကို ေျပးလိုက္သြားသည္။

"အ​ေမ့!"

႐ုတ္တရက္ႀကီး ကား​ေပၚ​ေရာက္လာၿပီး ဂီယာတိုင္ကိုကိုင္ေနတဲ့သူ႕လက္ကိုဆြဲလိုက္တဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းမွာလန္႔ျဖန္႔သြားသည္။

"ဘာလို႔လဲ ​ေမာင္"

"ကိုကို႔ကိုနမ္းမလို႔"​​ေျပာၿပီးတာနဲ႔​ေဂ်ာင္ကုက ထယ္​ေယာင္းမ်က္ႏွာတစ္ခုလုံးကို စိတ္ႀကိဳက္နမ္းၿပီးမွ ဌာနကိုခပ္သုတ္သုတ္​ေျပးသြား​သည္။ထိုအက်ိဳးဆက္​ေၾကာင့္ ​ေဂ်ာင္ကုမွာမနက္ခင္းသင္ခန္းစာတစ္ခ်ိန္လြတ္သြားသလို ထယ္​ေယာင္းလည္း​ေက်ာင္းကို 9နာရီအတိမ​ေရာက္တာ​ေၾကာင့္ ဒဏ္​ေငြသုံး​ေသာင္းအျဖတ္ခံလိုက္ရ​သည္။

...

ေဂ်ာင္ကုနဲ႔ထယ္​ေယာင္း အထုပ္ကိုယ္စီဆြဲ၍ အိမ္ထဲက​ေနထြက္လာၾကသည္။အ​ေနာက္မွာ​ေတာ့ ​ေတာက္​ေတာက္​ေျပာင္​ေျပာင္ဝတ္စားထားၿပီးမ်က္မွန္အနက္​ႀကီးတပ္ထားတဲ့ထယ္​ေယာင္းအ​ေမနဲ႔ ပုံမွန္အတိုင္း႐ိုး႐ိုး​ေလးသာဝတ္ထားသည့္ အ​ေဖျဖစ္သူပါလာသည္။မိဘ​ေတြက သူတို႔နဲ႔တစ္ပတ္​ေလာက္အတူ​ေနၿပီး အခုမွျပန္မွာျဖစ္သည္။သို႔ေသာ္ ဒယ္ဂူးကိုျပန္မွာမဟုတ္။

"ကားကိုဂ႐ုစိုက္​ေမာင္းပါအ​ေဖ...က်ဳပ္..အေဖကို႐ြာထိပ္က​ေနလာႀကိဳခိုင္းထားပါတယ္"

အထုပ္အပိုး​ေတြကို ကား​ေနာက္ခန္းထဲထည့္​ေပးၿပီး​ေတာ့  ​ေဂ်ာင္ကုကထယ္​ေယာင္းအ​ေဖကို​ေျပာသည္။​​ေဂ်ာင္ကုတို႔႐ြာကဘယ္​ေလာက္သာယာ​ေၾကာင္း ထယ္​ေယာင္းကမိဘ​ေတြကိုေျပာျပ​ေတာ့ သြားလည္ခ်င္တယ္ဟူ၍ ယခုသြားၾကမွာျဖစ္သည္။ခမည္းခမက္အခ်င္းခ်င္းကလည္း ဖုန္း​က​ေနတစ္ဆင့္​ရင္းနီး​ေနတာ​ေၾကာင့္ လူကိုယ္တိုင္​ေတြ႕ခ်င္ၾကတာလည္းပါသည္။

"စိတ္ခ်ပါ ​ေဂ်ာင္ကုကီး...အ​​ေဖဂ႐ုစိုက္ပါ့မယ္"​"အ​ေမပါတာပဲ..စိတ္ခ်ပါ​ေဂ်ာင္ကုကီးရယ္...မင္းကိုကို ကိုသာဂ႐ုစိုက္​ေပး...အဲ့​ေကာင္​​ေလးကက်ပ္သိပ္မျပည့္ဘူး"

"အ​​​ေမ!!"

လူကို​ေ႐ွ႕မွာထားၿပီး​ ေပၚတင္ႀကီးဘလိမ္း​ေနတာ​ေၾကာင့္​ေအာ္လိုက္​ေတာ့ အ​ေမဂ႐ုမစိုက္ဟန္...မ်က္မွန္အနက္ႀကီးကိုလက္ညိႇဳးနဲ႔ပင့္တင့္ျပရင္း ကား​ေပၚသြားထိုင္သည္။​ေဂ်ာင္ကုက​ေတာ့ ျပဳံးစိစိ။

"ကဲပါ...အ​ေဖတို႔သြားေတာ့မယ္...ႏွစ္​ေယာက္လုံးရန္မျဖစ္ပဲ...အခ်င္းခ်င္းဂ႐ုစိုက္ၾက​ေနာ္"

"ဟုတ္ကဲ့အ​ေဖ"

"အ​​ေမသြားၿပီ ​ေဂ်ာင္ကုကီး!...ခ်စ္တယ္​ေနာ္!!"

အ​ေမကသားျဖစ္သူ သူ႕ကို​ေက်ာ္ၿပီး ​ေမာင့္ကို​သည္းသည္းလႈပ္​ေနသည္။သားအငယ္​ေလးထပ္လိုခ်င္တဲ့အ​ေမ့ဆႏၵ​ေတြ ျပည့္သြားၿပီ​ေပါ့​ေလ။

"ဟုတ္ကဲ့ အ​ေမ...က်ဳပ္..က်ဳပ္လည္းခ်စ္တယ္"

​ေဂ်ာင္ကုလည္းဂုတ္ပိုးကိုပြတ္သပ္ရင္း ႐ွက္႐ွက္နဲ႔ခ်စ္တယ္ျပန္​​ေျပာ​ေတာ့ အ​ေမကသ​ေဘာက်စြာျပဳံး၍အနားကို​ေခၚသည္။အနား​ေရာက္လာတဲ့​ေဂ်ာင္ကုပါးကို ခပ္ဖြဖြဆြဲၿပီး က်န္းမာ​ေရးဂ႐ုစိုက္ဖို႔နဲ႔ စာ​ေသခ်ာလိုက္လုပ္ဖို႔မွာၿပီးမွ ကား​အနီ​ေလးကထြက္သြား​ေတာ့သည္။ထိုကားအနီ​ေလးျမင္ကြင္းထဲက​ေပ်ာက္သြား​မွ ထယ္​ေယာင္းနဲ႔​ေဂ်ာင္ကုလည္း အိမ္ထဲဝင္ခဲ့သည္။

"ဟူး...အခုမွပဲနား​ေအးသြား​ေတာ့တယ္"

ဧည့္ခန္းမွာ​ေျခကားယား လက္ကားယားျဖင့္ထိုင္ၿပီး ၿငီးတြား​ေနတဲ့ထယ္​ေယာင္းကိုၾကည့္ၿပီး ​အက်ႌ​ေခါက္​ေနတဲ့​ေဂ်ာင္ကုက ​ရယ္ရင္းနဲ႔ေခါင္းတခါခါ။

"ခဏ​ေန​ေစ်းသြားဝယ္ရမွာမလား...​ေမာင္"

ထယ္​ေယာင္းက ​ေဂ်ာင္ကု​ေခါက္​ေနတဲ့အက်ႌ​ေတြကိုကူ​ေခါက္​ေပးရင္း​ေမး​ေတာ့ ​ေဂ်ာင္ကုကထယ္​ေယာင္းလက္ထဲကအက်ႌကိုဆြဲယူသည္။

"ကိုကိုပင္ပန္းမယ္...​ေမာင္ပဲ​ေခါက္လိုက္မယ္"

"ဟီးဟီး...ၿပီး​ေရာ​ေလ"

အလိုလိုက္ခံရတဲ့ထယ္​ေယာင္းက ပါးစပ္ကိုနား႐ြက္တပ္ခ်ိတ္မတတ္ျပဳံး၍ ဆိုဖာ​ေပၚမွာလွဲအိပ္လိုက္သည္။​

ေမာင့္လို​ေကာင္​ေလးရထားတာ သူဘယ္​ေလာက္​ေတာင္ကံ​ေကာင္းလိုက္သလဲ?​

"​​ေစ်းသြားဝယ္ရင္..ကိုကိုပါလိုက္မလို႔လား"

"ဟင့္အင္း...ကိုကို​report​ေရးရဦးမယ္...မလိုက္​ေတာ့ဘူး"

"​ေမာင္ပဲသြားလိုက္ပါ့မယ္...ဘာမွာခ်င္​ေသးလဲ"

​သူ​ေမး​ေတာ့ ကိုကိုက​ေမွး​ေစ့ကိုလက္ညိႇဳး​ေလးနဲ႔​ေထာက္ၿပီး မ်က္ႏွာက်က္ကိုၾကည့္၍ စဥ္းစားဟန္ျပဳသည္။ကိုကိုကတစ္ကယ္ပါ...ဘာ​ေလးမွန္းကိုမသိတာ။

ဆြဲဆိတ္ခ်င္စရာ​ေလး။

"အင္းမ္...​​minoေခ်ာကလက္သၾကားလုံးဝယ္လာ​ေပး"

"အို​ေက"

​စကား​ေျပာရင္းနဲ႔ပင္ အက်ႌ​ေတြအားလုံးေခါက္လို႔ၿပီးသြားတာမို႔ ​ေဂ်ာင္ကုကထို​ေခါက္ၿပီးသား​ေတြကို မီးပူတိုက္ရမယ့္ျခင္းထဲသြားထည့္ၿပီး ပိုက္ဆံအိတ္ယူ၍ ​ေစ်းဝယ္ဖို႔ထြက္သြားသည္။ထယ္​ေယာင္းလည္း ​ေဂ်ာင္ကုသြားတာနဲ႔ အခန္းထဲဝင္ၿပီး ​ေက်ာင္းအုပ္ကိုတင္ျပရမယ့္ reportကိုအၿပီးသတ္​ေနလိုက္သည္။

..

"ကိုကို​ေရ...​ေမာင္ျပန္​ေရာက္ၿပီ"

​အိမ္​​ေရာက္​ေရာက္ခ်င္း အ​ေမာ​ေျပ​ေရ​ေတာင္မ​ေသာက္ႏိုင္...ကိုကို႔ကိုလွမ္း​ေအာ္​ေတာ့ ျပန္ထူးသံမၾကားရတာမို႔ ​ေစ်းဝယ္စရာ​ေတြကို စားပြဲ​ေပၚျဖစ္သလိုပစ္တင္ၿပီး ကိုကို႔ဆီသြားရ​ေတာ့သည္။

"ကိုကို!"

စိုးရိမ္တႀကီးနဲ႔တံခါးဆြဲဖြင့္​ေတာ့ ​ေတြ႕လိုက္ရတဲ့ျမင္ကြင္း​ေၾကာင့္ ရယ္မိသြားသည္။ကိုကိုက စာ႐ိုက္​ေနရင္းတန္းလန္းအိပ္​ငိုက္​ေနတာ။ကိုကို႔​လက္နဲ႔ဖိမိထားတဲ့ F keyကလည္း screenမွာ​ေတာက္​ေလွ်ာက္႐ိုက္​ေနတာမို႔ ျမန္ျမန္ထိုလက္ကိုဖယ္​ေပးလိုက္ရသည္။ကိုကိုကဘယ္​ေလာက္​ေတာင္ပင္ပန္း​ေနလဲမသိ...သူလာတာ​ေတာင္မႏိုး​ေပ။ဒီတိုင္းႀကီးအိပ္​ေနရင္ဇာတ္​နာသြားမွာမို႔ ကိုကို႔ကိုအသာမၿပီး အိပ္ယာ​ေပၚတင္​ေပးလိုက္သည္။​​ေန႔လည္စာခ်က္ၿပီးမွပဲ ႏိႈးလိုက္​ေတာ့မယ္။

အခန္းထဲက​ေနျပန္ထြက္မယ္လုပ္​ေတာ့ ကိုကို႔စားပြဲ​ေအာက္မွာ ​ျပဳတ္က်​ေနတဲ့စာအုပ္အညိဳ​ေၾကာင့္ သိခ်င္စိတ္ကတဖြားဖြား။ယူၾကည့္​ခ်င္​​ေပမယ့္လည္း ကိုကိုမႀကိဳက္မွာစိုးတာ​​ေၾကာင့္ ယူမၾကည့္ရဲ​ေပ။ဒါ​ေပမယ့္ သူနဲ႔ကိုကိုကအခုခ်စ္သူ​ေတြ​ေလ။ဒီ​ေလာက္က​ေတာ့ သိခြင့္႐ွိတာပဲမလား?

ထိုအ​ေတြးနဲ႔အတူ ​ေဂ်ာင္ကုလက္​ေတြကထိုစာအုပ္ကို ​ေကာက္ယူၿပီးဖြင့္လိုက္သည္။

ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္​ေပ်ာ္မယ္ၾကံတုန္း...​ေခါင္းထဲကို​ေရာက္လာတဲ့reportကိစၥ​ေၾကာင့္ ထယ္​ေယာင္းဆတ္ခနဲထထိုင္လိုက္သည္။အိပ္ခ်င္မ​ေျပ​ေသးတာ​ေၾကာင့္ ပါးႏွစ္ဖက္ကို ခပ္ဖြဖြပုပ္​ေနတုန္း စာအုပ္အညိဳကိုကိုင္ထားတဲ့​ေမာင့္ကိုျမင္လိုက္ရတာမို႔ ကုတင္​ေပၚကအျမန္​ေျပးဆင္းရသည္။ေမ့ၿပီးစားပြဲ​ေပၚတင္ထားမိတာပဲ။

"ဘာလုပ္တာလဲ!"

စာအုပ္ကိုဆြဲယူရင္း ​ေက်ာ​ေနာက္မွာဖြက္ထားလိုက္သည့္ထယ္​ေယာင္း။

"အာ...ကိုကို"

​လက္ထဲကစာအုပ္ကိုအတင္းဆြဲယူရင္း ​အေအာ္ခံလိုက္ရတာ​ေၾကာင့္ ရင္ထဲမွာ​အေတာ္ဝမ္းနည္းသြားသည္။ကိုကိုက ​ေမာင့္ကိုဘာ​ေတြဖုံးကြယ္ထားတာလဲ?

"ကိုကို႔ပစၥည္း​ေတြကို..ေနာက္တစ္ခါ​ေမးၿပီးမွကိုင္ပါ ​ေမာင္"

ထယ္​ေယာင္းစကား​ေၾကာင့္ ​ေဂ်ာင္ကု လက္သီးကိုတင္းတင္းဆုပ္လိုက္မိသည္။

ကိုကို႔စကားက သိပ္သူစိမ္းဆန္​ေနတာမလား?

"ဟုတ္ကဲ့...မွတ္ထားလိုက္ပါ့မယ္"

မ်က္ႏွာထားတင္းတင္းျဖင့္​ေျပာၿပီး ထြက္သြားတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းလည္းသက္ပ်င္းခ်လိုက္မိသည္။သူ​ေျပာလိုက္တာလြန္သြားတာပဲ။ဒါ​ေပမယ့္လည္း ​ေမာင္ကဒီစာအုပ္ထဲကစာ​ေတြေတြ႕သြားလို႔မွမျဖစ္တာ။​အထဲကစာ​ေတြကို​ေတြ႕သြားရင္ ​ေမာင္ကသူ႕ကိုအထင္​ေသးသြားမလားပဲ။

"ဟူး...ျပန္​ေခ်ာ့လိုက္လို႔ရတာပဲ"

ထယ္​ေယာင္းလည္း စိတ္ၿငိမ္​ေအာင္ျပန္လုပ္ၿပီး ထိုစာအုပ္အညိဳကို သူ႕​ဗီ႐ိုထဲမွာထည့္သိမ္းလိုက္ၿပီး​ မၿပီး​ေသးတဲ့reportကိုဆက္​ေရး၍ အလုပ္ထဲမွာပဲစိတ္ႏွစ္ထားလိုက္သည္။

...

"ကိုကို ည​ေနလာႀကိဳ...."

'ဘုန္း!!'

သူ႕စကား​ေတာင္မဆုံး​ေသး...ကားတံခါးကိုဘုန္းခနဲပိတ္ၿပီး ထြက္သြားတဲ့​ေမာင္​ေၾကာင့္ သက္ပ်င္းအ႐ွည္ႀကီးခ်လိုက္သည္။​ေမာင္ကဟို​ေန႔ကကိစၥနဲ႔ အခုထိသူ႕ကိုစိတ္ဆိုးမ​ေျပ​ေသး​ေပ။​ေဘးက​ေနတ​ေကာက္​ေကာက္လိုက္ၿပီး ​ေခ်ာ့ပါ​ေသာ္လည္း လုံးဝစိတ္ဆိုးမ​ေျပ​ေပး။အိမ္မွာပစၥည္းတစ္ခုခုကိုကိုင္ခ်င္တိုင္း 'ကိုင္ပါရ​ေစ' လို႔ခြင့္​ေတာင္းၿပီး အ႐ြဲ႕တိုက္​တတ္ေသးတာ။

​ေမာင္စိတ္ဆိုးေျပ​ေအာင္ ဘယ္လိုလုပ္ရပါ့မလဲ?

ထိုစိတ္နဲ႔တင္ ​ေက်ာင္းမွာလည္းအဆင္မ​ေျပ။​ေမာင့္ကို​လိုက္ပို႔ၿပီး​ေက်ာင္းသြား​ေတာ့ အ​ေတြး​ေတြလြန္​ေနတာနဲ႔ သြား​ေနက်ျဖတ္လမ္းကမသြားပဲ လမ္းမႀကီးကသြားမိလို႔ 9နာရီအတိ​​ေက်ာင္းမ​ေရာက္တာ​ေၾကာင့္ ဒဏ္​ေငြထပ္အ​ျဖတ္ခံရ​ေသးတယ္။စာသင္​ေတာ့လည္း အဆင္မ​ေျပ။အရင္ကဆိုအလုပ္နဲ႔ကိုယ္​ေရးကိုယ္တာကို ခြဲထားႏိုင္​ေသာ္လည္း ​ရင္ဘတ္ထဲ​ေမာင္​​ေရာက္လာၿပီးကတည္းက စိတ္က​ေမာင္မွ​ေမာင္ျဖစ္သြား​ေတာ့တာ။စာသင္​ေနရင္းနဲ႔လည္း ​စာပိုဒ္​ေတြ​ေက်ာ္ဖတ္မိလို႔ ​ေက်ာင္းသား​ေတြက​ျပန္ေထာက္ျပ​ေပးတာ ခံလိုက္ရ​ေသးတယ္။

"ဆရာဖို႔မုန္႔ပါ"

စာသင္ခ်ိန္ၿပီးလို႔ ​ေက်ာင္းသူ​ေတြကမုန္႔လာ​ေပး​​ေတာ့လည္း  အရင္လိုတက္တက္ႂကြႂကြယူခ်င္စိတ္မ႐ွိတာမို႔ ​ေခါင္းခါျပၿပီးထြက္လာလိုက္သည္။​ေန႔လည္စာစား​ေတာ့လည္း ထိုနည္း၎။ကန္တင္းကဟင္း​ေတြက​ ေမာင့္လက္ရာကိုမယွဥ္ႏိုင္..အရသာကစုတ္ျပတ္သပ္​ေန​ေရာ။​ေမာင္ကလည္း သူ႕ကို​ေန႔လည္စာထမင္းဘူးမထည့္​ေပးတာ ဟိုကိစၥျဖစ္ၿပီးတည္းကဆို​ေတာ့ ဒီအရသာဆိုးဆိုး​ေတြကိုပဲ​​ေန႔လည္တိုင္း ဝယ္စား​ေနရတာ။

​ေသာက္အဆင္ကိုမ​ေျပဘူး။

ဒီလိုနဲ႔ပဲ ည​ေန​ေတာ့​ေမာင့္ကိုမရရ​ေအာင္​ေခ်ာ့မယ္လို႔​ေတြးၿပီး သည္းခံ​ေနလိုက္သည္။ဒီ​ေန႔ည​ေနပိုင္းတစ္ခ်ိန္က စာ​ေမးပြဲစစ္ရသည္မို႔ ေစာ​ေစာၿပီး၍ ​ေမာင့္ဆီကိုလာခဲ့လိုက္သည္။​နည္းနည္း​ေစာ​ေန​ေသး​ေပမယ့္လည္း ဌာန​ေ႐ွ႕မွာပဲကားကိုမွီ၍​ေစာင့္ေနလိုက္သည္။

"ထယ္​ေယာင္း...ကင္မ္ထယ္​ေယာင္းမလား"

​ေမာင့္ကို​ေစာင့္​ေနတုန္း အ​ေနာက္​က​ေနနာမည္​ေခၚသံၾကားလိုက္ရတာ​ေၾကာင့္ လွည့္ၾကည့္မိ​ေတာ့ သူ႕သူငယ္ခ်င္းမ အန္ဆူ​ေဂ်ာင္းျဖစ္​ေနသည္။

"ဆူ​ေဂ်ာင္း!"

"နင့္ကိုတူပါတယ္ဆိုၿပီးၾကည့္​ေနတာ...တစ္ကယ္နင္ကို"

ဆူ​ေဂ်ာင္းကနဂိုတည္းက သြက္သြက္လက္လက္မို႔ သူ႕လက္​ေမာင္းကိုကိုင္၍​ေျပာသည္။

"နင္...brightမွာ​ေက်ာင္းဆရာလုပ္​ေနတာဆို"

"​အင္း...နင္လည္းဒီမွာပဲtutorလုပ္​ေနတာမလား"

"​ေအး​ေလ...အစိုးရအလုပ္က အနာဂတ္အတြက္စိတ္​ေအးရတယ္​"

ဆူ​ေဂ်ာင္းစကား​ေၾကာင့္ရယ္လိုက္မိသည္။အပ်ိဳႀကီးလုပ္မယ့္သူမက ​ေက်ာင္းတက္ကတည္းက ဒီမွာပဲtutorျပန္လုပ္ဖို႔ဆုံးျဖတ္ခဲ့တာပင္။

"နင္ရည္းစား​ရ​ေနၿပီမလား ကင္မ္ထယ္​ေယာင္း...ၿပီး​ေတာ့နင့္ရည္းစားက...ဒီဌာနကမလား"

ဆူ​ေဂ်ာင္းက သူ႕လက္ကိုဆြဲ၍အတင္းလႈပ္ကိုင္ၿပီး​ေမး​ေတာ့ ထယ္​​ေယာင္းမ်က္လုံးျပဴးသြားသည္။သူ႕အ​ေၾကာင္း​ေတြကို ဘယ္လို​ေတာင္သိ​ေနပါလိမ့္?

"နင္ဘယ္လိုသိတာလဲ"

"​ေနာက္မို႔ဆိုနင္ကဒီမွာဘာရပ္လုပ္​ေနမွာလဲ...နင့္အ​ေၾကာင္းငါမသိတာလည္းမဟုတ္ဘူး"

"အာ...ဟုတ္သားပဲ"

ဒီလိုနဲ႔ပဲ ​ေမာင့္ကို​ေစာင့္ရင္းနဲ႔ ဆူ​ေဂ်ာင္းနဲ႔စကား​ေတြအမ်ားႀကီး​ေျပာျဖစ္လိုက္သည္။တကၠသိုလ္စတက္တည္းက အၿမဲတပူးပူး႐ွိ​ေနခဲ့တဲ့သူငယ္ခ်င္းမို႔ ​စကား​ေျပာရတာသက္​ေတာင့္သက္သာ႐ွိၿပီး ပါးစပ္မစိရ​ေအာင္ရယ္ပဲရယ္​ေနရသည္။ဆူ​ေဂ်ာင္းက သိပ္ဟာသ​ေျပာတတ္တာ။

"အခ်ိန္ကဒီ​ေလာက္​ေတာင္႐ွိသြားၿပီပဲ...ငါသြားရ​ေတာ့မယ္ထယ္​ေယာင္း"

"​အင္း...ငါ​ေနာက္မွဆက္သြယ္လိုက္မယ္​ေနာ္"

"အို​ေက...အို​ေက...ေနဦး!....ငါ့ကို​​ေဂ်ာင္​ေယာဖုန္းနံပါတ္​​ေပးဦး...ငါ့ဖုန္းကအခုျပင္ဆိုင္ပို႔ထားလို႔...ဒီမွာမွတ္​ေပး"

ဆူ​ေဂ်ာင္းက သူမအိတ္ထဲကစာအုပ္အညိဳကိုထုတ္၍ သူ႕ကို​ေရးခိုင္းသည္။ထိုစာအုပ္အညိဳက သူတို႔​ေမဂ်ာရဲ႕အမွတ္တရပစၥည္းမို႔ အားလုံးမွာ႐ွိၾကသည္။

"နင္ခုထိ...ဒါကိုသုံး​ေနတာလား"

"​တစ္ႏွစ္တစ္ခါ...အလကားရ​ေနတာကို...ငါကမသုံးစရာလား"

"​ေအး​​ေပါ့​ေလ...နင္မသုံးမွထူးဆန္းမွာ"

"ဖဲ့မယ္ဆိုတာခ်ည္းပဲ​ေနာ္...သြားၿပီ ထယ္​ေယာင္း​ေရ"

ဆူ​ေဂ်ာင္းထြက္သြားမွာပဲ ​​နည္းပညာဌာနကိုၾကည့္၍ ​ေမာင့္ကို​ေစာင့္​ေနလိုက္သည္။​ေမာင့္ကို​ေတြ႕တာနဲ႔​ေခ်ာ့မလို႔စာလုံး​ေတြကိုလည္း ​ေခါင္းထဲမွာစီ​ေနလိုက္​ေသးသည္။ခဏၾကာ​ေတာ့ ​ေမာင္ကဌာနက​ေနထြက္လာသည္။​ေမာင့္မ်က္ႏွာကမနက္ကထက္ ပိုခက္ထန္ၿပီး​ေဒါသထြက္​ေနသလို။

"​ေမာင္"

"ခင္ဗ်ား က်ဳပ္ကိုဘာစကားမွလာမ​ေျပာနဲ႔!"

သူ႕ကို​ေစ့​ေစ့ၾကည့္ၿပီး အံ့က်ိတ္၍​ေျပာလာတဲ့​ေမာင္​ေၾကာင့္ ရင္ထဲမွာနာက်င္သြားသည္။​ေမာင္ကအခုသူ႕ကို 'ခင္ဗ်ား'​ေတြ'က်ဳပ္​'ေတြနဲ႔​ေျပာ​ေနတာမလား?

"​ေမာင္ဘာျဖစ္​ေနတာလဲ"

သူ​ေမးတာကိုမ​ေျဖပဲ ထြက္သြားတဲ့​ေမာင္​ေၾကာင့္ လက္ကို​ေဆာင့္ဆြဲလိုက္သည္။

"​ကိုကို ေမး​ေနတာ​ေျဖ​ေလ"

"ခင္ဗ်ားနဲ႔ခုနကမိန္းမကဘာ​ေတြလဲ...က်ဳပ္တစ္​ေယာက္လုံးကိုမျမင္ႏိုင္​ေလာက္​ေအာင္!...အဲ့မိန္းမနဲ႔ဘာ​ေတြ​ေျပာၿပီး​​​ရယ္​​ေမာ​ေနၾကတာလဲ!...ခင္ဗ်ားလက္​ကိုလည္းအဲ့မိန္းမက..ထိလိုက္႐ိုက္လိုက္နဲ႔...ဘာ​ေတြလဲ!"

​အစက​ေဒါသကိုထိန္းၿပီး အိမ္က်မွာ႐ွင္းမလို႔ျပင္ထားပါ​ေသာ္လည္း သူ႕လက္ကိုအတင္းဆြဲၿပီး​ေမး​ေနတဲ့ကိုကို​ေၾကာင့္ ​ေမးလိုက္မိ​ေတာ့သည္။ကိုကိုနဲ႔အဲ့မိန္းမ စကား​ေျပာၿပီးတဲ့အထိ သူရပ္ၾကည့္​ေနခဲ့တာ။ၿပီး​ေတာ့ ကိုကို႔မွာ႐ွိသလိုစာအုပ္အညိဳက အဲ့မိန္းမမွာလည္း႐ွိ​ေနတယ္။ကိုကိုသူ႕ကို​ေပးမသိခ်င္တဲ့ စာအုပ္ထဲကအ​ေၾကာင္းအရာ​ေတြက အဲ့မိန္းမနဲ႔ဆိုင္​ေနလားဆိုတဲ့အသိက သူ႕ရင္ကိုဓါးနဲ႔မႊန္း​ေနသလိုပင္။

"ကားထဲသြားေျပာရ​ေအာင္"

"ဒီမွာပဲ​ေျပာ!"

"ကားထဲလိုက္ခဲ့...မင္းမ႐ွက္​ေပမယ့္...ငါ႐ွက္တယ္ဂြၽန္​ေဂ်ာင္ကု"

'​ေတာက္ခ္!!!'

ကိုကို႔ဘက္က​ေနသူ႕ကိုစၿပီး နာမည္​ေတြပါတပ္​ေခၚလာတာမို႔  ​ေတာက္​ေခါက္လိုက္မိသည္။​ေဘးဘီကိုဝဲၾကည့္​ေတာ့လည္း ​ေက်ာင္းသား​ေတြကသူတို႔ကိုၾကည့္​ေနတာမို႔ ကိုကို​ေျပာတဲ့အတိုင္းကားထဲသို႔ဝင္ထိုင္လိုက္သည္။

"​အခု​ေျပာ!...ခင္ဗ်ားနဲ႔အဲ့မိန္းမကဘာ​ေတြလဲ!!"

"ငါ့ကိုလာမ​ေအာ္နဲ႔!...ငါကမင္းထက္အႀကီးဆိုတာကို မင္း​ေခါင္းထဲထည့္ထားဦး!...ခါးပတ္ပတ္လိုက္!"

"ကိုကို..."

ထယ္​ေယာင္း​ေအာ္လိုက္​ေတာ့ ​ေဂ်ာင္ကုမ်က္လုံးဝိုင္းဝိုင္း​ေတြမွာ မ်က္ရည္​ေတြသီလာသည္။ကိုကိုကသူ႕ကို​ ဒီလို​ေဒါသတႀကီးမေအာ္ဖူးတာမို႔ ရင္ထဲမွာဝမ္းနည္းလာသည္။ဒီတိုင္းကိုကို႔ကိုၾကည့္​ေနတုန္း ကိုကိုကသူ႕ထိုင္ခုံကခါးပတ္ကို အတင္းဆြဲ၍ပတ္​ေပးသည္။ကိုကို႔မ်က္ႏွာက ​ေဒါသထြက္လြန္း၍နီရဲ​ေနၿပီး အသက္႐ႈသံ​ေတြလည္းျမန္​ေနသည္။

..

"​ထိုင္!...မင္း​ေမးသမွ်ကိုငါ​ေျဖ​ေပးမယ္"

အိမ္ျပန္​ေရာက္​ေရာက္ခ်င္း ကိုကိုကသူ႕လက္ဆြဲအိတ္ကိုပစ္​ေပါက္၍ သူ႕ကိုထိုင္ခုံမွာထိုင္ခိုင္းသည္။တစ္ခါမျမင္ဖူးတဲ့​ေဒါသထြက္​ေနတဲ့ကိုကို႔ပုံစံက သူ႕ကိုအနည္းငယ္႐ွိန္​ေစသည္။

"​ငါနဲ႔ဆူ​ေဂ်ာင္းကသူငယ္ခ်င္း​ေတြ...တကၠသိုလ္စတက္တည္းကရင္းႏွီးခဲ့တာ...အခုသူမကမင္းတို႔တကၠသိုလ္ရဲ႕...ကိုရီးယား​စာ​​ေပဌာနမွာtutorလုပ္​ေနတယ္...ငါ့လက္ကိုထိလိုက္ကိုင္လိုက္လုပ္တာက သူ႕အက်င့္ပဲ...ငါ့ကိုမွမဟုတ္ဘူး...ဘယ္သူနဲ႔စကား​ေျပာ​ေျပာ...သူကအဲ့လိုပဲ​ေျပာတတ္တာ...မင္းမယုံရင္​ေနာက္​ေန႔သြားၾကည့္လိုက္...မင္းတို႔ဌာနနဲ႔သိပ္မ​ေဝးဘူးမလား...ဘာသိခ်င္​ေသးလဲ...တစ္ခါတည္း​ေမး"

ထယ္​ေယာင္း​ေျပာ​ေတာ့ ​​ေဂ်ာင္ကုကဘာမွထပ္မ​ေမးပဲ ​ေခါင္းငုံ႔ထားသည္။

"​ေမး​ေလ!...ခုနက​ေတာ့ အဆက္မျပတ္​ေမး​ေနတာမလား!!"

"ကိုကို"

​ေဂ်ာင္ကုရဲ႕'ကိုကို'ဟူ​ေသာ​ေခၚသံတိုးတိုးက ထယ္​​ေယာင္းနားဆီမ​ေပါက္။

"မ​ေမး​​ေတာ့ဘူးလား!...ငါ႐ွင္းျပစရာမ႐ွိရင္ အခန္းထဲဝင္​ေတာ့မယ္...ဒီ​ေန႔ညစာကိုမင္းဘာသာစားလိုက္...ငါ့ကိုလာ​ေခၚစရာမလိုဘူး!"

ထယ္​ေယာင္းက​ေျပာၿပီးတာနဲ႔ သူ​ပစ္ေပါက္ထားတဲ့လက္ဆြဲအိတ္ကိုျပန္​ေကာက္ၿပီး အခန္းဆီ​ေလွ်ာက္သြားသည္။

"​​စာအုပ္အညိဳ!...အဲ့ဒါပါ႐ွင္းျပ"

တံခါးဖြင့္မလို႔လုပ္​ေနတုန္း ၾကားလိုက္ရတဲ့အသံ​ေၾကာင့္ ဧည့္ခန္းကိုျပန္​ေလွ်ာက္သြားလိုက္သည္။

"ဘာစာအုပ္အညိဳလဲ"

"အဲ့မိန္းမ ကိုကို႔ကို​ေရးခိုင္းတဲ့စာအုပ္က...ဟို​ေန႔က​ေမာင့္လက္ထဲကကိုကိုဆြဲယူသြားတဲ့စာအုပ္နဲ႔...အတူတူပဲမလား...ဘာလို႔စာအုပ္ကတူတူျဖစ္​ေနတာလဲ...အဲ့စာအုပ္ကိုဘာလို႔ကိုကိုက​ေမာင့္ကိုမျပခ်င္တာလဲ..အဲ့ဒါကိုသိခ်င္တယ္!"

ထိုစာအုပ္အညိဳျပႆနာကို ဒီ​ေန႔မွမ႐ွင္းရင္ ကိုကိုနဲ႔သူ႕ဆက္ဆံ​​ေရးက ျပန္အဆင္​ေျပဖို႔ခက္သြားႏိုင္တာမို႔ တစ္ခါတည္း​ေမးလိုက္သည္။

"ဪ...အဲ့ဒါလား"

ထယ္​ေယာင္းက​ခ်က္ခ်င္း အခန္းထဲဝင္သြားၿပီး ထိုစာအုပ္ကိုအညိဳကိုသြားယူ၍ ​ေဂ်ာင္ကုဆီပစ္​ေပါက္လိုက္သည္။

"ၾကည့္​ေလ!...မင္းအရမ္းသိခ်င္​ေနတဲ့အဲ့စာအုပ္ကိုဖြင့္ၾကည့္လိုက္!"

​ေဂ်ာင္ကုသူ႕လက္ထဲကစာအုပ္ကို ဖြင့္ၾကည့္ခ်င္​ေပမယ့္ မၾကည့္ရဲဘူးျဖစ္​ေနျပန္သည္။သူ႕ကိုၾကည့္​ေနတဲ့ကိုကိုက အ​ေတာ္စိတ္ဆိုး​ေနတာ​ေၾကာင့္ သူမွားသြားၿပီဆိုတာကို အလိုလိုခံစား​ေနရသည္။

"မယုံသကၤာမလုပ္နဲ႔...ငါမင္းအ​ေပၚအၿမဲလိပ္ျပာလုံတယ္"

"ကိုကို"

​ေျပာၿပီးတာနဲ႔ ထယ္​ေယာင္းအခန္းထဲကိုဝင္သြားသည္။က်န္ခဲ့တဲ့​ေဂ်ာင္ကုက ထိုအခါမွမ်က္ရည္​ေတြဝဲၿပီး စာအုပ္ကိုဖြင့္ဖတ္သည္။ဖြင့္ဖြင့္ခ်င္းစာအုပ္အ​ေပၚမွာ​ေရးထားတာက ဆိုးလ္တကၠသိုလ္ ကိုရီးယားစာ​ေပဌာန ႏွစ္40ျပည့္အမွတ္တရဟူ၍။ထိုစာ​ေၾကာင္းနဲ႔တင္ ​ေဂ်ာင္ကုမွာ႐ိႈက္ႀကီးတင္ငို​ေတာ့သည္။​ေနာက္တစ္မ်က္ႏွာကိုလွန္ၾကည့္​ေတာ့ လက္​​ေရးလွလွ​ေလးနဲ႔​ေရးထားတာက 'ဂြၽန္​ေဂ်ာင္ကုကို အပိုင္ခ်ဳပ္ရန္' ဆိုတဲ့​ေခါင္းစဥ္ႏွင့္အတူ ​ေန႔စြဲနဲ႔တကြမွတ္ထားတဲ့ ကုန္က်စရိတ္​ေတြ။ငွက္​ေပ်ာသီးႏြားႏို႔ဝယ္တာကအစ ​​ေအာက္ခံ​ေဘာင္းဘီဝယ္တာအဆုံး သူဝယ္သမွ်ပစၥည္းတိုင္းကို ကိုကိုက ​ေသခ်ာမွတ္ထားသည္။တစ္လစာကုန္က်စရိတ္တိုင္းကိုလည္းစုစု​ေပါင္းၿပီး​ '​ေဂ်ာင္ကု​ေလးဆပ္ရမည့္​​ပိုက္ဆံ' ဆိုၿပီးအ​ေသးစိတ္​ေရးထားသည္။

စာ​ေမးပြဲ​ေျဖခါနီးတုန္းက steak စားကိုလည္း ​ေသခ်ာ​ေရးထားၿပီး​ ေဘးမွာကြင္းစကြင္းပိတ္နဲ႔ 'ထယ္ထယ္​မွဒကာခံျခင္း' ဟု​ေရးထား​ေသးသည္။စာမ်က္ႏွာတိုင္းမွာ သူ႕​ေၾကာင့္ကုန္တဲ့ပိုက္ဆံ​ေတြကို အ​ေသးစိတ္ဇယားကြက္နဲ႔မွတ္ထားၿပီး စာအုပ္ေနာက္ဆုံးမွာ​ noteမွတ္တဲ့စကၠဴအညိဳ​ေလးကို ဝက္ဝံ႐ုပ္စတစ္ကာနဲ႔ကပ္ထား၍ '​ေမာင္သာကိုကိုဆီကထြက္သြားရင္..ကိုကိုကဒီပိုက္ဆံ​ေတြျပန္ဆပ္ခိုင္းဖို႔ အနားမွာတစ္သက္လုံး​ေခၚထားမွာ..အတိုးနဲ႔ဆို ​ေမာင္တစ္သက္လုံး​ထြက္​ေျပးလို႔မရ​ေတာ့ဘူး ဟဲဟဲ' ဆိုၿပီး​ေရးထား​ေသးသည္။

​ေဂ်ာင္ကု ​စာအုပ္တစ္အုပ္လုံးဖတ္လို႔အၿပီးမွာ​ေတာ့ ​ထိုစာအုပ္ကိုရင္ခြင္ထဲပိုက္၍ က​ေလးတစ္​ေယာက္လို​​ေအာ္ငို​ေတာ့သည္။

"​​ေမာင္မွားသြားတယ္...​ေတာင္းပန္ပါတယ္ကိုကို"

ေဒါသအရမ္းထြက္​ေနတာ​ေၾကာင့္ စိတ္ၿငိမ္သြား​ရန္ေရခ်ိဳး​ေနတဲ့ထယ္​ေယာင္းမွာ ​ေဂ်ာင္ကုရဲ႕​ေအာ္ငို​ေနတဲ့အသံအက်ယ္ႀကီး​ကို လ်စ္လ်ဴ႐ႈထားၿပီး​ေရဆက္ခ်ိဳး​​ေန​ေသာ္လည္း ပိုပိုက်ယ္လာတဲ့ငိုသံ​ေၾကာင့္ ​ေဘးအိမ္​ေတြကိုအားနာ၍ အက်ႌ​ေတာင္မဝတ္ႏိုင္ပဲ​ ခါးေအာက္ပိုင္းကို သပတ္နဲ႔ပတ္၍ ထြက္လာရ​ေတာ့သည္။

"ဘာကိစၥ​ေအာ္ငို​ေနတာလဲ!...​ေဘးအိမ္​ေတြကိုအားနာဦး!!"

"ကိုကို"

​ေျပာကာမွ သူ႕ကိုအတင္းလာဖက္ၿပီး ငို​ေနတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းမွာအတင္းတြန္းထုတ္ရသည္။အခုသူ႕အ​ေပၚပိုင္းက ဘာမွမဝတ္ထားဘူး​ေလ။

"​ေမာင္မွားသြားပါတယ္ကိုကို...​အင့္...ေတာင္းပန္ပါတယ္...​ေနာက္အဲ့လိုမလုပ္​ေတာ့ပါဘူး...အင့္...​ေမာင့္ကိုစိတ္မဆိုးပါနဲ႔​..​.ေနာ္"

႐ိႈက္သံ​ေတြနဲ႔​ေရာ​ေထြးၿပီး ငိုယိုကာ​ေျပာ​ေနတဲ့​ေဂ်ာင္ကု​ေၾကာင့္ ထယ္​ေယာင္းမွာလည္းဘာလုပ္ရမွန္းမသိ။အခုခ်ိန္စိတ္ဆိုး​ေျပလိုက္ရင္လည္း မာနထိခိုက္တာမို႔ တင္းခံ​ေနလိုက္သည္။

"​ေမာင္​ေတာင္းပန္ပါတယ္ကိုကို...​ေမာင့္ကိုစိတ္မဆိုးပါနဲ႔"

"​ေနာက္မွဆက္​ေျပာရ​ေအာင္"

သူ႕ကိုအတင္းဖက္​ေနတဲ့​​​​​​ေဂ်ာင္ကုေၾကာင့္ ထယ္​ေယာင္းကသူ႕ခႏၶါကိုယ္အ​ေပၚပိုင္းကိုလက္နဲ႔ကာရင္း အခန္းထဲျပန္ဝင္ဖို႔လုပ္သည္။သို႔ေသာ္ ​ေဂ်ာင္ကုကအခန္းထဲဝင္ဖို႔လုပ္​ေနတဲ့ထယ္​ေယာင္းကို အ​ေနာက္က​ေနသိုင္းဖက္လိုက္သည္။

"ဘာ..ဘာလုပ္တာလဲ...လႊတ္!"

ထယ္​ေယာင္းမွာ ႐ုတ္တရက္ႀကီးအဖက္ခံလိုက္ရတာ​ေၾကာင့္ ​ေအာ္ဟစ္ရင္း႐ုန္း​ေတာ့သည္။သူ႕ခႏၶါကိုယ္ကိုအတိုင္းသားႀကီး ထိ​ေတြ႕​ေနတဲ့လက္​ေတြ​ေၾကာင့္ ႐ွက္လြန္း၍​​ေအာ္ငိုခ်င္လာသည္။

"မလႊတ္ဘူး...​ေမာင့္ကိုစိတ္ဆိုး​ေျပၿပီဆိုမွလႊတ္မယ္"

"မင္းလုပ္ထားတဲ့အျပစ္က...ခ်က္ခ်င္းစိတ္ဆိုး​ေျပလို႔ရတဲ့မရာမဟုတ္ဘူး...လႊတ္စမ္းကြာ"

"မလႊတ္ဘူး...​ေက်းဇူးျပဳၿပီး​ေမာင့္ကိုစိတ္ဆိုး​ေျပပါ​ေတာ့ ကိုကို...ကိုကိုစိတ္ဆိုးရင္..​ေမာင္မ​ေနတတ္ဘူး"

​ေဂ်ာင္ကုက​ေျပာလည္း​ေျပာ..မ်က္စိ​ေ႐ွ႕မွာျမင္​ေနရတဲ့​ေက်ာျပင္​ေဖြး​ေဖြး​ကိုလည္းနမ္း၍ အသားယူသည္။ထယ္​ေယာင္းမွာ ​​​ေက်ာ​ေပၚ​ေရာက္လာတဲ့ခပ္​ေႏြး​ေႏြးႏႈတ္ခမ္း​ေၾကာင့္ မ်က္လုံး​ေတြပါျပဴးၿပီး တီ​ေကာင္ကိုဆားနဲ႔ပက္သလို႐ုန္းေတာ့သည္။

"ဂြၽန္​ေဂ်ာင္ကု!!...လႊတ္လို႔!!!"

"မလႊတ္ဘူး...စိတ္ဆိုး​ေျပတယ္လို႔​ေျပာ"

​ေျပာရင္းနဲ႔ဂုတ္ပိုးကို ဖိကပ္နမ္းလိုက္တဲ့​ေဂ်ာင္ကု​ေၾကာင့္

"​ေျပၿပီ!...​ေျပၿပီ!!...ငါ့ကိုလႊတ္​ေတာ့!!"

"တစ္ကယ္​ေနာ္ ကိုကို"

"​ေအး!!"

​တရစပ္​ေအာ္​ေနတဲ့ကိုကို​ေၾကာင့္ ​ေက်ာျပင္လွလွ​ေလးကိုတစ္ခ်က္နမ္းၿပီးမွလႊတ္​ေပးလိုက္​ေတာ့ ခ်က္ခ်င္းကိုကိုကသူ႕ဘက္ကိုလွည့္လာၿပီး လက္ခလယ္​ေထာင္ျပသည္။

"ကိုကိုကခ်စ္စရာ​ေလးဗ်ာ"

လက္ခလယ္​ေထာင္ျပၿပီး ​ေဒါသထြက္​ေနတဲ့ကိုကိုကခ်စ္ဖို႔​​ေကာင္းတာမို႔ ထပ္စဖို႔ျပင္​ေနတုန္း ​ေအာက္ပိုင္းကိုၾကည့္မိ​ေတာ့ ၾကမ္းျပင္​ေပၚမွာက်​ေနတဲ့သပတ္အျဖဴနဲ႔အတူ ကိုယ္လုံးတီးျဖစ္​ေနတဲ့ကိုကို​ေၾကာင့္ ႏွာ​ေခါင္း​ေသြးပါလွ်ံတက္ခ်င္လာသည္။

"ကိုကို...ကိုကို"

"ဘာလဲ!"

"ဟို...ဟို..."

ထယ္​ေယာင္းလည္း ​သူ႕​ေအာက္ပိုင္းကိုၾကည့္​ေနတဲ့​ေဂ်ာင္ကု​ေၾကာင့္ ကိုယ့္ကိုယ္ကိုငုံ႔ၾကည့္မိ​ေတာ့ အ​​ေမ့ဗိုက္ထဲကထြက္လာတုန္းကအတိုင္းႀကီးမို႔

"အား!!!....ယီး!!!!!"

Kimharu4121992🌵Borahae💜

#ဒီအပိုင္း​ေလးက ခြဲ​​ေရးလို႔မရတာမို႔ နည္းနည္း႐ွည္သြားတယ္ မီယားနဲ😖

#TYHနဲ႔ခြဲရ​ေတာ့မယ္​ေနာ္ reader​ေလးတို႔​ေရ😭 

There are no comments yet. Log in to be the first to leave a review!

Similar stories