20
15:59, 6 December 2023"ကင်မ်ထယ်ယောင်း!...နင်မထနိုင်သေးဘူးလား!!"
မောင်နဲ့လက်ချင်းတွဲပြီး သဲသောင်ပြင်မှာရယ်မော၍ပြေးလွှားနေတုန်း ကြားလိုက်ရတဲ့အသံဆိုးကြီးကြောင့် မျက်လုံးမှာဆတ်ခနဲပွင့်သွားတော့သည်။အခုမျက်လုံးနဲ့မြင်နေရတာက ကမ်းခြေကသဲသောင်ပြင်မဟုတ်ပဲ မြင်နေကျအခန်းကိုတွေ့တော့မှ သက်ပျင်းချမိတော့သည်။သူအိပ်မက်မက်နေခဲ့တာပဲ။
"ကင်မ်ထယ်ယောင်း!!!"
"နိုးပြီလို့!!"
ထပ်ကြားရတဲ့အသံပြဲကြီးကြောင့် နိုးနေကြောင်းအသိပေးရတော့သည်။အမေ့အော်သံကသူတင်မဟုတ်ဘူး။အရှေ့ခုနစ်အိမ်၊အနောက်ခုနစ်အိမ်က အိမ်နီးနားချင်းတွေပါနိုးသွားစေမယ့်အသံပါဝါမျိုး။
"ကျစ်!...ခဏနေရင်..မောင်နဲ့နမ်းတော့မယ့်ဟာကို"
"ဟဲ့!...နိုးရင်လည်းထလာလေ!!"
ထပ်ကြားရတဲ့အသံကြောင့် ကုတင်ပေါ်ကနေကုန်းရုန်းထပြီး မြန်မြန်မျက်နှာသစ်၍ အပြင်ကိုပြေးထွက်ရတော့သည်။အခန်းပြင်ရောက်တော့ အားလုံးကထမင်းစားပွဲမှာထိုင်နေပြီဖြစ်၏။အမေနဲ့အဖေကတစ်ဖက်မှာထိုင်ပြီး မျက်နှာချင်းဆိုင်မှာ မောင်ထိုင်နေသည်။မောင့်ဘေးကလွတ်နေတဲ့ခုံကတော့ သူ့ခုံပေါ့။
ဒါနဲ့...မောင်ကဘာကိစ္စ သူ့ကိုဒီနေ့လာမနှိုးတာလဲ??
"ဘာလို့လာမနှိုးတာလဲ"
ခုံကိုဆွဲထိုင်ရင်းမေးတော့ မောင်ကပြန်မဖြေပဲပြုံးပြသည်။
"ဂျောင်ကုကီးကမနက်တည်းက..အစောကြီးထပြီးအိမ်သန့်ရှင်းရေးတွေလုပ်နေတာ...ငါနိုးတော့လည်းငါနဲ့အတူစျေးလိုက်ဝယ်ပေးသေးတယ်...မနက်စာလည်းချက်ပေးသေးတယ်...နင်ပဲကာလနဂါးလိုအိပ်နေတာ"
အမေပြောတော့ ထယ်ယောင်းကဆူပုပ်ပုပ်ဖြင့် ဘာမဆိုင်ညာမဆိုင် စားပွဲအောက်ကဂျောင်ကုပေါင်ကိုလိမ်ဆွဲသည်။
'အာ့!'
"ဘာဖြစ်တာလဲ ဂျောင်ကုကီး!"
သူ့အော်သံကြောင့် အဖေရောအမေကပါပြိုင်တူမေးလာသည်။ကိုကို့ကိုကြည့်လိုက်တော့ သူ့ကို 'ဘာလဲ'ဟူသောသဘောဖြင့် မျက်လုံးပြူးပြသည်။
"ဟို...ခြင်ကိုက်လို့ပါ"
"ခြင်တွေကလည်းအမေတို့ကိုမကိုက်ပဲ...ဂျောင်ကုကီးကိုရွေးကိုက်တယ်ဆိုတော့...ဂျောင်ကုကီးကချစ်ဖို့ကောင်းလို့ဖြစ်မယ်"
အမေဖြစ်သူကအိုဗာတွေပြောနေတာမို့ ထယ်ယောင်းကအန်ချင်သလို'ဝေါ့' ဆိုပြီးအသံတိတ်လုပ်ပြသည်။ဂျောင်ကုမှာ ထယ်ယောင်းရဲ့ချစ်စဖွယ်အပြုအမူကြောင့် အောက်နှုတ်ခမ်းကိုကိုက်ရင်း စားပွဲအောက်ကလက်သွယ်သွယ်လေးကို အတင်းဖမ်းကိုင်လိုက်သည်။ထယ်ယောင်းကလန့်သွား၍ မျက်လုံးပြူးပြသော်လည်း ဂျောင်ကုကမလွှတ်ပေးပဲ အတင်းဆွဲထားသည်။
"ဟိုလေ..မိန်းမ...ခြင်ကသူ့ဘာသာကိုက်ချင်လို့ကိုက်တာမဟုတ်ဘူးလား"
ထယ်ယောင်းအဖေကဝင်ပြောတော့ အမေဖြစ်သူကဂျောင်ကုကိုပြုံးပြရင်း စားပွဲအောက်ကသူ့ယောကျာ်းခြေထောက်ကိုနင်းလိုက်သည်။
'အား!!'
"ဘာဖြစ်တာလဲ အဖေ!"
ထယ်ယောင်းနဲ့ဂျောင်ကုက အဖေ့ရဲ့အော်သံနက်နက်ကြီးကြောင့် အလန့်တကြားမေးတော့ အဖေကလက်ကာပြရင်း မပြုံးချင်ပြုံးချင်ဖြင့်
"ခြင်...ခြင်ကိုက်လို့ပါ"
ခြင်ကိုက်တယ်သာဆိုတယ်...ခုံအောက်ကခြေထောက်ကိုလက်နဲ့ပွတ်နေတဲ့အဖေကြောင့် ထယ်ယောင်းနဲ့ဂျောင်ကုမှာ သိပ်မယုံချင်။ဒါကိုရိပ်မိတဲ့အမေက
"ကဲပါ...စားကြရအောင်လေ"
ပြောပြီးတာနဲ့ထယ်ယောင်းတို့တစ်မိသားစုလုံးက မျက်လုံးမှိတ်ပြီးဆုတောင်းကြသည်။သူတစ်ယောက်တည်းမျက်လုံးပွင့်နေတာမို့ ဂျောင်ကုလည်းရောယောင်၍ လက်အုပ်ချီပြီးမျက်လုံးမှိတ်လိုက်သည်။
ထယ်ယောင်းတို့မိသားစုသုံးယောက်က ဆုတောင်းပြီးသွားလို့ ထမင်းစားတော့မယ်လုပ်တော့ ခုထိဆုတောင်းနေဆဲဖြစ်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းကမချိုမချဥ်ပြုံး၍ ဂျောင်ကုပေါင်ကိုတို့လိုက်သည်။ထိုအခါမှ ဂျောင်ကုကမျက်လုံးပြန်ဖွင့်ပြီး သူ့ကိုကြည့်နေတဲ့ထယ်ယောင်းမိဘတွေကိုသွားစိ၍ရယ်ပြလိုက်သည်။
"အမေ့သားငယ်လေးက...သိပ်လိမ္မာတာပဲ...စားကြရအောင်လေ...အများကြီးထည့်စားနော်"
"ဟုတ်ကဲ့အမေ"
ထယ်ယောင်းကတော့ ဂျောင်ကုအကြောင်းသိတာမို့ ထမင်းစားနေစဥ်တစ်လျှောက်လုံး ပြုံးစိပြုံးစိနှင့်။
...
Hyundaiကားအနက်လေးက ဆိုးလ်တက္ကသိုလ်ထဲကနည်းပညာဌာနရှေ့မှာရပ်လိုက်သည်။
"ကျောင်းကိုဂရုစိုက်ပြီးမောင်းသွားနော် ကိုကို"
ဂျောင်ကုကကားပေါ်ကဆင်း၍ ကျောပိုးအိတ်ကိုလွယ်ပြီးမှာသည်။
"ကိုကို့ကိုစိတ်ချစမ်းပါ...မောင်သာစာကြိုးစား"
"မောင့်ကိုလည်းစိတ်ချပါ"
"ဒါဆို..ကိုကိုသွားတော့မယ်နော်...ညနေတွေ့မယ်"
"နေဦး!"
အလုပ်ချိန်လည်းနီးနေပြီမို့ ကားထွက်ဖို့လုပ်တော့ မောင်ကသူ့လက်ကိုဆွဲလာသည်။ကားမှန်ချပြီးစကားနေတာမို့ပင်။
"ဘာလို့လဲ"
"မောင့်ကိုအာဘွားပေးသွားဦး...ဒါမှပါမောက္ခစာသင်ရင်..အကုန်မှတ်မိတာ"
"မဆိုင်တာကွာ"
"ဟာ...ဆိုင်တယ်လို့..ပေးလို့!"
ကားထဲကသူ့လက်ကိုဆွဲပြီး မူကြိုကလေးလိုအတင်းပူဆာနေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာဘာလုပ်ရမှန်းမသိ။ကျောင်းဝန်းထဲမှာလည်း သွားလာနေတဲ့ကျောင်းသားတွေအပြည့်မို့ ထယ်ယောင်းမနမ်းချင်ပါ။
"အိမ်ကျရင်ပေးမယ်နော်...ကိုကိုအလုပ်နောက်ကျတော့မယ်"
"ကိုကိုကလည်း!!"
"ဘာလို့အော်နေတာလဲ"
ဂျောင်ကုအော်သံကြောင့် ကျောင်းသားတိုင်းကသူတို့ကိုကြည့်လာတာမို့ ထယ်ယောင်းမှာ ဂျောင်ကုပါးစပ်ကိုပိတ်ပြီး ခပ်တိုးတိုးပြောသည်။
"ဒါဆို...နမ်း"
"မင်းကကွာ"
ထယ်ယောင်းမှာ လွှတ်ခနဲထွက်သွားတဲ့'မင်း'ဆိုတဲ့အသုံးအနှုန်းကြောင့် ချက်ချင်းပါးစပ်ကိုလက်နဲ့အုပ်လိုက်သည်။မောင်က ကောက်သွားတော့မှာ။ထင်တဲ့အတိုင်း သူ့ကိုတစ်ချက်မျက်စောင်းထိုးပြီး ဆောင့်အောင့်ပြီးထွက်သွားတဲ့မောင်ကြောင့် ကားတံခါးကိုမြန်မြန်ဖွင့်၍ အနောက်ကနေလက်လိုက်ဆွဲရတော့သည်။
"ကိုကိုမှားသွားတယ်...မောင်လိုချင်တဲ့အာဘွားကိုခုပဲပေးမယ်...စိတ်မကောက်နဲ့နော်"
သူပြောတော့ မောင်ကသူ့ကိုမကြည့်ပဲ တစ်ဖက်ကိုပဲမျက်နှာလွှဲထားသည်။နှုတ်ခမ်းကိုလည်း ဆူထားသေးသည်။
"နှစ်ခါ"
သူ့ကိုကြည့်ပြီး လက်နှစ်ချောင်းထောင်ပြတဲ့မောင်။
"ဟင်"
နားမလည်တာမို့ ကြောင်ကြည့်နေမိတော့
"နှစ်ခါလို့...နှစ်ခါပေးရမယ်..အာဘွားကို"
"အဲ့လိုဆို...စိတ်မကောက်နဲ့တော့နော်"
"အင်း"
ထယ်ယောင်းမှာ သူစတဲ့ဇာတ်လမ်းသူပဲအဆုံးသတ်ရမည်မို့ လူရှင်းလားလို့တစ်ချက်ကြည့်ပြီးတာနဲ့ ခြေဖျားနည်းနည်းထောက်၍ ဂျောင်ကုပါးနှစ်ဖက်လုံးကို ခပ်မြန်မြန်နမ်းလိုက်ရသည်။နမ်းပြီးတာနဲ့ တစ်ချိုးတည်းကားဆီကိုပြေးပါလေရော။ဂျောင်ကုကတော့ ရှက်သွားတဲ့ထယ်ယောင်းကြောင့် သဘောကျစွာပြုံး၍ ပြေးနေတဲ့ထယ်ယောင်းနောက်ကို ပြေးလိုက်သွားသည်။
"အမေ့!"
ရုတ်တရက်ကြီး ကားပေါ်ရောက်လာပြီး ဂီယာတိုင်ကိုကိုင်နေတဲ့သူ့လက်ကိုဆွဲလိုက်တဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာလန့်ဖြန့်သွားသည်။
"ဘာလို့လဲ မောင်"
"ကိုကို့ကိုနမ်းမလို့"ပြောပြီးတာနဲ့ဂျောင်ကုက ထယ်ယောင်းမျက်နှာတစ်ခုလုံးကို စိတ်ကြိုက်နမ်းပြီးမှ ဌာနကိုခပ်သုတ်သုတ်ပြေးသွားသည်။ထိုအကျိုးဆက်ကြောင့် ဂျောင်ကုမှာမနက်ခင်းသင်ခန်းစာတစ်ချိန်လွတ်သွားသလို ထယ်ယောင်းလည်းကျောင်းကို 9နာရီအတိမရောက်တာကြောင့် ဒဏ်ငွေသုံးသောင်းအဖြတ်ခံလိုက်ရသည်။
...
ဂျောင်ကုနဲ့ထယ်ယောင်း အထုပ်ကိုယ်စီဆွဲ၍ အိမ်ထဲကနေထွက်လာကြသည်။အနောက်မှာတော့ တောက်တောက်ပြောင်ပြောင်ဝတ်စားထားပြီးမျက်မှန်အနက်ကြီးတပ်ထားတဲ့ထယ်ယောင်းအမေနဲ့ ပုံမှန်အတိုင်းရိုးရိုးလေးသာဝတ်ထားသည့် အဖေဖြစ်သူပါလာသည်။မိဘတွေက သူတို့နဲ့တစ်ပတ်လောက်အတူနေပြီး အခုမှပြန်မှာဖြစ်သည်။သို့သော် ဒယ်ဂူးကိုပြန်မှာမဟုတ်။
"ကားကိုဂရုစိုက်မောင်းပါအဖေ...ကျုပ်..အဖေကိုရွာထိပ်ကနေလာကြိုခိုင်းထားပါတယ်"
အထုပ်အပိုးတွေကို ကားနောက်ခန်းထဲထည့်ပေးပြီးတော့ ဂျောင်ကုကထယ်ယောင်းအဖေကိုပြောသည်။ဂျောင်ကုတို့ရွာကဘယ်လောက်သာယာကြောင်း ထယ်ယောင်းကမိဘတွေကိုပြောပြတော့ သွားလည်ချင်တယ်ဟူ၍ ယခုသွားကြမှာဖြစ်သည်။ခမည်းခမက်အချင်းချင်းကလည်း ဖုန်းကနေတစ်ဆင့်ရင်းနီးနေတာကြောင့် လူကိုယ်တိုင်တွေ့ချင်ကြတာလည်းပါသည်။
"စိတ်ချပါ ဂျောင်ကုကီး...အဖေဂရုစိုက်ပါ့မယ်""အမေပါတာပဲ..စိတ်ချပါဂျောင်ကုကီးရယ်...မင်းကိုကို ကိုသာဂရုစိုက်ပေး...အဲ့ကောင်လေးကကျပ်သိပ်မပြည့်ဘူး"
"အမေ!!"
လူကိုရှေ့မှာထားပြီး ပေါ်တင်ကြီးဘလိမ်းနေတာကြောင့်အော်လိုက်တော့ အမေဂရုမစိုက်ဟန်...မျက်မှန်အနက်ကြီးကိုလက်ညှိုးနဲ့ပင့်တင့်ပြရင်း ကားပေါ်သွားထိုင်သည်။ဂျောင်ကုကတော့ ပြုံးစိစိ။
"ကဲပါ...အဖေတို့သွားတော့မယ်...နှစ်ယောက်လုံးရန်မဖြစ်ပဲ...အချင်းချင်းဂရုစိုက်ကြနော်"
"ဟုတ်ကဲ့အဖေ"
"အမေသွားပြီ ဂျောင်ကုကီး!...ချစ်တယ်နော်!!"
အမေကသားဖြစ်သူ သူ့ကိုကျော်ပြီး မောင့်ကိုသည်းသည်းလှုပ်နေသည်။သားအငယ်လေးထပ်လိုချင်တဲ့အမေ့ဆန္ဒတွေ ပြည့်သွားပြီပေါ့လေ။
"ဟုတ်ကဲ့ အမေ...ကျုပ်..ကျုပ်လည်းချစ်တယ်"
ဂျောင်ကုလည်းဂုတ်ပိုးကိုပွတ်သပ်ရင်း ရှက်ရှက်နဲ့ချစ်တယ်ပြန်ပြောတော့ အမေကသဘောကျစွာပြုံး၍အနားကိုခေါ်သည်။အနားရောက်လာတဲ့ဂျောင်ကုပါးကို ခပ်ဖွဖွဆွဲပြီး ကျန်းမာရေးဂရုစိုက်ဖို့နဲ့ စာသေချာလိုက်လုပ်ဖို့မှာပြီးမှ ကားအနီလေးကထွက်သွားတော့သည်။ထိုကားအနီလေးမြင်ကွင်းထဲကပျောက်သွားမှ ထယ်ယောင်းနဲ့ဂျောင်ကုလည်း အိမ်ထဲဝင်ခဲ့သည်။
"ဟူး...အခုမှပဲနားအေးသွားတော့တယ်"
ဧည့်ခန်းမှာခြေကားယား လက်ကားယားဖြင့်ထိုင်ပြီး ငြီးတွားနေတဲ့ထယ်ယောင်းကိုကြည့်ပြီး အင်္ကျီခေါက်နေတဲ့ဂျောင်ကုက ရယ်ရင်းနဲ့ခေါင်းတခါခါ။
"ခဏနေစျေးသွားဝယ်ရမှာမလား...မောင်"
ထယ်ယောင်းက ဂျောင်ကုခေါက်နေတဲ့အင်္ကျီတွေကိုကူခေါက်ပေးရင်းမေးတော့ ဂျောင်ကုကထယ်ယောင်းလက်ထဲကအင်္ကျီကိုဆွဲယူသည်။
"ကိုကိုပင်ပန်းမယ်...မောင်ပဲခေါက်လိုက်မယ်"
"ဟီးဟီး...ပြီးရောလေ"
အလိုလိုက်ခံရတဲ့ထယ်ယောင်းက ပါးစပ်ကိုနားရွက်တပ်ချိတ်မတတ်ပြုံး၍ ဆိုဖာပေါ်မှာလှဲအိပ်လိုက်သည်။
မောင့်လိုကောင်လေးရထားတာ သူဘယ်လောက်တောင်ကံကောင်းလိုက်သလဲ?
"စျေးသွားဝယ်ရင်..ကိုကိုပါလိုက်မလို့လား"
"ဟင့်အင်း...ကိုကိုreportရေးရဦးမယ်...မလိုက်တော့ဘူး"
"မောင်ပဲသွားလိုက်ပါ့မယ်...ဘာမှာချင်သေးလဲ"
သူမေးတော့ ကိုကိုကမှေးစေ့ကိုလက်ညှိုးလေးနဲ့ထောက်ပြီး မျက်နှာကျက်ကိုကြည့်၍ စဥ်းစားဟန်ပြုသည်။ကိုကိုကတစ်ကယ်ပါ...ဘာလေးမှန်းကိုမသိတာ။
ဆွဲဆိတ်ချင်စရာလေး။
"အင်းမ်...minoချောကလက်သကြားလုံးဝယ်လာပေး"
"အိုကေ"
စကားပြောရင်းနဲ့ပင် အင်္ကျီတွေအားလုံးခေါက်လို့ပြီးသွားတာမို့ ဂျောင်ကုကထိုခေါက်ပြီးသားတွေကို မီးပူတိုက်ရမယ့်ခြင်းထဲသွားထည့်ပြီး ပိုက်ဆံအိတ်ယူ၍ စျေးဝယ်ဖို့ထွက်သွားသည်။ထယ်ယောင်းလည်း ဂျောင်ကုသွားတာနဲ့ အခန်းထဲဝင်ပြီး ကျောင်းအုပ်ကိုတင်ပြရမယ့် reportကိုအပြီးသတ်နေလိုက်သည်။
..
"ကိုကိုရေ...မောင်ပြန်ရောက်ပြီ"
အိမ်ရောက်ရောက်ချင်း အမောပြေရေတောင်မသောက်နိုင်...ကိုကို့ကိုလှမ်းအော်တော့ ပြန်ထူးသံမကြားရတာမို့ စျေးဝယ်စရာတွေကို စားပွဲပေါ်ဖြစ်သလိုပစ်တင်ပြီး ကိုကို့ဆီသွားရတော့သည်။
"ကိုကို!"
စိုးရိမ်တကြီးနဲ့တံခါးဆွဲဖွင့်တော့ တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် ရယ်မိသွားသည်။ကိုကိုက စာရိုက်နေရင်းတန်းလန်းအိပ်ငိုက်နေတာ။ကိုကို့လက်နဲ့ဖိမိထားတဲ့ F keyကလည်း screenမှာတောက်လျှောက်ရိုက်နေတာမို့ မြန်မြန်ထိုလက်ကိုဖယ်ပေးလိုက်ရသည်။ကိုကိုကဘယ်လောက်တောင်ပင်ပန်းနေလဲမသိ...သူလာတာတောင်မနိုးပေ။ဒီတိုင်းကြီးအိပ်နေရင်ဇာတ်နာသွားမှာမို့ ကိုကို့ကိုအသာမပြီး အိပ်ယာပေါ်တင်ပေးလိုက်သည်။နေ့လည်စာချက်ပြီးမှပဲ နှိုးလိုက်တော့မယ်။
အခန်းထဲကနေပြန်ထွက်မယ်လုပ်တော့ ကိုကို့စားပွဲအောက်မှာ ပြုတ်ကျနေတဲ့စာအုပ်အညိုကြောင့် သိချင်စိတ်ကတဖွားဖွား။ယူကြည့်ချင်ပေမယ့်လည်း ကိုကိုမကြိုက်မှာစိုးတာကြောင့် ယူမကြည့်ရဲပေ။ဒါပေမယ့် သူနဲ့ကိုကိုကအခုချစ်သူတွေလေ။ဒီလောက်ကတော့ သိခွင့်ရှိတာပဲမလား?
ထိုအတွေးနဲ့အတူ ဂျောင်ကုလက်တွေကထိုစာအုပ်ကို ကောက်ယူပြီးဖွင့်လိုက်သည်။
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ်ကြံတုန်း...ခေါင်းထဲကိုရောက်လာတဲ့reportကိစ္စကြောင့် ထယ်ယောင်းဆတ်ခနဲထထိုင်လိုက်သည်။အိပ်ချင်မပြေသေးတာကြောင့် ပါးနှစ်ဖက်ကို ခပ်ဖွဖွပုပ်နေတုန်း စာအုပ်အညိုကိုကိုင်ထားတဲ့မောင့်ကိုမြင်လိုက်ရတာမို့ ကုတင်ပေါ်ကအမြန်ပြေးဆင်းရသည်။မေ့ပြီးစားပွဲပေါ်တင်ထားမိတာပဲ။
"ဘာလုပ်တာလဲ!"
စာအုပ်ကိုဆွဲယူရင်း ကျောနောက်မှာဖွက်ထားလိုက်သည့်ထယ်ယောင်း။
"အာ...ကိုကို"
လက်ထဲကစာအုပ်ကိုအတင်းဆွဲယူရင်း အအော်ခံလိုက်ရတာကြောင့် ရင်ထဲမှာအတော်ဝမ်းနည်းသွားသည်။ကိုကိုက မောင့်ကိုဘာတွေဖုံးကွယ်ထားတာလဲ?
"ကိုကို့ပစ္စည်းတွေကို..နောက်တစ်ခါမေးပြီးမှကိုင်ပါ မောင်"
ထယ်ယောင်းစကားကြောင့် ဂျောင်ကု လက်သီးကိုတင်းတင်းဆုပ်လိုက်မိသည်။
ကိုကို့စကားက သိပ်သူစိမ်းဆန်နေတာမလား?
"ဟုတ်ကဲ့...မှတ်ထားလိုက်ပါ့မယ်"
မျက်နှာထားတင်းတင်းဖြင့်ပြောပြီး ထွက်သွားတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းလည်းသက်ပျင်းချလိုက်မိသည်။သူပြောလိုက်တာလွန်သွားတာပဲ။ဒါပေမယ့်လည်း မောင်ကဒီစာအုပ်ထဲကစာတွေတွေ့သွားလို့မှမဖြစ်တာ။အထဲကစာတွေကိုတွေ့သွားရင် မောင်ကသူ့ကိုအထင်သေးသွားမလားပဲ။
"ဟူး...ပြန်ချော့လိုက်လို့ရတာပဲ"
ထယ်ယောင်းလည်း စိတ်ငြိမ်အောင်ပြန်လုပ်ပြီး ထိုစာအုပ်အညိုကို သူ့ဗီရိုထဲမှာထည့်သိမ်းလိုက်ပြီး မပြီးသေးတဲ့reportကိုဆက်ရေး၍ အလုပ်ထဲမှာပဲစိတ်နှစ်ထားလိုက်သည်။
...
"ကိုကို ညနေလာကြို...."
'ဘုန်း!!'
သူ့စကားတောင်မဆုံးသေး...ကားတံခါးကိုဘုန်းခနဲပိတ်ပြီး ထွက်သွားတဲ့မောင်ကြောင့် သက်ပျင်းအရှည်ကြီးချလိုက်သည်။မောင်ကဟိုနေ့ကကိစ္စနဲ့ အခုထိသူ့ကိုစိတ်ဆိုးမပြေသေးပေ။ဘေးကနေတကောက်ကောက်လိုက်ပြီး ချော့ပါသော်လည်း လုံးဝစိတ်ဆိုးမပြေပေး။အိမ်မှာပစ္စည်းတစ်ခုခုကိုကိုင်ချင်တိုင်း 'ကိုင်ပါရစေ' လို့ခွင့်တောင်းပြီး အရွဲ့တိုက်တတ်သေးတာ။
မောင်စိတ်ဆိုးပြေအောင် ဘယ်လိုလုပ်ရပါ့မလဲ?
ထိုစိတ်နဲ့တင် ကျောင်းမှာလည်းအဆင်မပြေ။မောင့်ကိုလိုက်ပို့ပြီးကျောင်းသွားတော့ အတွေးတွေလွန်နေတာနဲ့ သွားနေကျဖြတ်လမ်းကမသွားပဲ လမ်းမကြီးကသွားမိလို့ 9နာရီအတိကျောင်းမရောက်တာကြောင့် ဒဏ်ငွေထပ်အဖြတ်ခံရသေးတယ်။စာသင်တော့လည်း အဆင်မပြေ။အရင်ကဆိုအလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲထားနိုင်သော်လည်း ရင်ဘတ်ထဲမောင်ရောက်လာပြီးကတည်းက စိတ်ကမောင်မှမောင်ဖြစ်သွားတော့တာ။စာသင်နေရင်းနဲ့လည်း စာပိုဒ်တွေကျော်ဖတ်မိလို့ ကျောင်းသားတွေကပြန်ထောက်ပြပေးတာ ခံလိုက်ရသေးတယ်။
"ဆရာဖို့မုန့်ပါ"
စာသင်ချိန်ပြီးလို့ ကျောင်းသူတွေကမုန့်လာပေးတော့လည်း အရင်လိုတက်တက်ကြွကြွယူချင်စိတ်မရှိတာမို့ ခေါင်းခါပြပြီးထွက်လာလိုက်သည်။နေ့လည်စာစားတော့လည်း ထိုနည်း၎င်း။ကန်တင်းကဟင်းတွေက မောင့်လက်ရာကိုမယှဥ်နိုင်..အရသာကစုတ်ပြတ်သပ်နေရော။မောင်ကလည်း သူ့ကိုနေ့လည်စာထမင်းဘူးမထည့်ပေးတာ ဟိုကိစ္စဖြစ်ပြီးတည်းကဆိုတော့ ဒီအရသာဆိုးဆိုးတွေကိုပဲနေ့လည်တိုင်း ဝယ်စားနေရတာ။
သောက်အဆင်ကိုမပြေဘူး။
ဒီလိုနဲ့ပဲ ညနေတော့မောင့်ကိုမရရအောင်ချော့မယ်လို့တွေးပြီး သည်းခံနေလိုက်သည်။ဒီနေ့ညနေပိုင်းတစ်ချိန်က စာမေးပွဲစစ်ရသည်မို့ စောစောပြီး၍ မောင့်ဆီကိုလာခဲ့လိုက်သည်။နည်းနည်းစောနေသေးပေမယ့်လည်း ဌာနရှေ့မှာပဲကားကိုမှီ၍စောင့်နေလိုက်သည်။
"ထယ်ယောင်း...ကင်မ်ထယ်ယောင်းမလား"
မောင့်ကိုစောင့်နေတုန်း အနောက်ကနေနာမည်ခေါ်သံကြားလိုက်ရတာကြောင့် လှည့်ကြည့်မိတော့ သူ့သူငယ်ချင်းမ အန်ဆူဂျောင်းဖြစ်နေသည်။
"ဆူဂျောင်း!"
"နင့်ကိုတူပါတယ်ဆိုပြီးကြည့်နေတာ...တစ်ကယ်နင်ကို"
ဆူဂျောင်းကနဂိုတည်းက သွက်သွက်လက်လက်မို့ သူ့လက်မောင်းကိုကိုင်၍ပြောသည်။
"နင်...brightမှာကျောင်းဆရာလုပ်နေတာဆို"
"အင်း...နင်လည်းဒီမှာပဲtutorလုပ်နေတာမလား"
"အေးလေ...အစိုးရအလုပ်က အနာဂတ်အတွက်စိတ်အေးရတယ်"
ဆူဂျောင်းစကားကြောင့်ရယ်လိုက်မိသည်။အပျိုကြီးလုပ်မယ့်သူမက ကျောင်းတက်ကတည်းက ဒီမှာပဲtutorပြန်လုပ်ဖို့ဆုံးဖြတ်ခဲ့တာပင်။
"နင်ရည်းစားရနေပြီမလား ကင်မ်ထယ်ယောင်း...ပြီးတော့နင့်ရည်းစားက...ဒီဌာနကမလား"
ဆူဂျောင်းက သူ့လက်ကိုဆွဲ၍အတင်းလှုပ်ကိုင်ပြီးမေးတော့ ထယ်ယောင်းမျက်လုံးပြူးသွားသည်။သူ့အကြောင်းတွေကို ဘယ်လိုတောင်သိနေပါလိမ့်?
"နင်ဘယ်လိုသိတာလဲ"
"နောက်မို့ဆိုနင်ကဒီမှာဘာရပ်လုပ်နေမှာလဲ...နင့်အကြောင်းငါမသိတာလည်းမဟုတ်ဘူး"
"အာ...ဟုတ်သားပဲ"
ဒီလိုနဲ့ပဲ မောင့်ကိုစောင့်ရင်းနဲ့ ဆူဂျောင်းနဲ့စကားတွေအများကြီးပြောဖြစ်လိုက်သည်။တက္ကသိုလ်စတက်တည်းက အမြဲတပူးပူးရှိနေခဲ့တဲ့သူငယ်ချင်းမို့ စကားပြောရတာသက်တောင့်သက်သာရှိပြီး ပါးစပ်မစိရအောင်ရယ်ပဲရယ်နေရသည်။ဆူဂျောင်းက သိပ်ဟာသပြောတတ်တာ။
"အချိန်ကဒီလောက်တောင်ရှိသွားပြီပဲ...ငါသွားရတော့မယ်ထယ်ယောင်း"
"အင်း...ငါနောက်မှဆက်သွယ်လိုက်မယ်နော်"
"အိုကေ...အိုကေ...နေဦး!....ငါ့ကိုဂျောင်ယောဖုန်းနံပါတ်ပေးဦး...ငါ့ဖုန်းကအခုပြင်ဆိုင်ပို့ထားလို့...ဒီမှာမှတ်ပေး"
ဆူဂျောင်းက သူမအိတ်ထဲကစာအုပ်အညိုကိုထုတ်၍ သူ့ကိုရေးခိုင်းသည်။ထိုစာအုပ်အညိုက သူတို့မေဂျာရဲ့အမှတ်တရပစ္စည်းမို့ အားလုံးမှာရှိကြသည်။
"နင်ခုထိ...ဒါကိုသုံးနေတာလား"
"တစ်နှစ်တစ်ခါ...အလကားရနေတာကို...ငါကမသုံးစရာလား"
"အေးပေါ့လေ...နင်မသုံးမှထူးဆန်းမှာ"
"ဖဲ့မယ်ဆိုတာချည်းပဲနော်...သွားပြီ ထယ်ယောင်းရေ"
ဆူဂျောင်းထွက်သွားမှာပဲ နည်းပညာဌာနကိုကြည့်၍ မောင့်ကိုစောင့်နေလိုက်သည်။မောင့်ကိုတွေ့တာနဲ့ချော့မလို့စာလုံးတွေကိုလည်း ခေါင်းထဲမှာစီနေလိုက်သေးသည်။ခဏကြာတော့ မောင်ကဌာနကနေထွက်လာသည်။မောင့်မျက်နှာကမနက်ကထက် ပိုခက်ထန်ပြီးဒေါသထွက်နေသလို။
"မောင်"
"ခင်ဗျား ကျုပ်ကိုဘာစကားမှလာမပြောနဲ့!"
သူ့ကိုစေ့စေ့ကြည့်ပြီး အံ့ကျိတ်၍ပြောလာတဲ့မောင်ကြောင့် ရင်ထဲမှာနာကျင်သွားသည်။မောင်ကအခုသူ့ကို 'ခင်ဗျား'တွေ'ကျုပ်'တွေနဲ့ပြောနေတာမလား?
"မောင်ဘာဖြစ်နေတာလဲ"
သူမေးတာကိုမဖြေပဲ ထွက်သွားတဲ့မောင်ကြောင့် လက်ကိုဆောင့်ဆွဲလိုက်သည်။
"ကိုကို မေးနေတာဖြေလေ"
"ခင်ဗျားနဲ့ခုနကမိန်းမကဘာတွေလဲ...ကျုပ်တစ်ယောက်လုံးကိုမမြင်နိုင်လောက်အောင်!...အဲ့မိန်းမနဲ့ဘာတွေပြောပြီးရယ်မောနေကြတာလဲ!...ခင်ဗျားလက်ကိုလည်းအဲ့မိန်းမက..ထိလိုက်ရိုက်လိုက်နဲ့...ဘာတွေလဲ!"
အစကဒေါသကိုထိန်းပြီး အိမ်ကျမှာရှင်းမလို့ပြင်ထားပါသော်လည်း သူ့လက်ကိုအတင်းဆွဲပြီးမေးနေတဲ့ကိုကိုကြောင့် မေးလိုက်မိတော့သည်။ကိုကိုနဲ့အဲ့မိန်းမ စကားပြောပြီးတဲ့အထိ သူရပ်ကြည့်နေခဲ့တာ။ပြီးတော့ ကိုကို့မှာရှိသလိုစာအုပ်အညိုက အဲ့မိန်းမမှာလည်းရှိနေတယ်။ကိုကိုသူ့ကိုပေးမသိချင်တဲ့ စာအုပ်ထဲကအကြောင်းအရာတွေက အဲ့မိန်းမနဲ့ဆိုင်နေလားဆိုတဲ့အသိက သူ့ရင်ကိုဓါးနဲ့မွှန်းနေသလိုပင်။
"ကားထဲသွားပြောရအောင်"
"ဒီမှာပဲပြော!"
"ကားထဲလိုက်ခဲ့...မင်းမရှက်ပေမယ့်...ငါရှက်တယ်ဂျွန်ဂျောင်ကု"
'တောက်ခ်!!!'
ကိုကို့ဘက်ကနေသူ့ကိုစပြီး နာမည်တွေပါတပ်ခေါ်လာတာမို့ တောက်ခေါက်လိုက်မိသည်။ဘေးဘီကိုဝဲကြည့်တော့လည်း ကျောင်းသားတွေကသူတို့ကိုကြည့်နေတာမို့ ကိုကိုပြောတဲ့အတိုင်းကားထဲသို့ဝင်ထိုင်လိုက်သည်။
"အခုပြော!...ခင်ဗျားနဲ့အဲ့မိန်းမကဘာတွေလဲ!!"
"ငါ့ကိုလာမအော်နဲ့!...ငါကမင်းထက်အကြီးဆိုတာကို မင်းခေါင်းထဲထည့်ထားဦး!...ခါးပတ်ပတ်လိုက်!"
"ကိုကို..."
ထယ်ယောင်းအော်လိုက်တော့ ဂျောင်ကုမျက်လုံးဝိုင်းဝိုင်းတွေမှာ မျက်ရည်တွေသီလာသည်။ကိုကိုကသူ့ကို ဒီလိုဒေါသတကြီးမအော်ဖူးတာမို့ ရင်ထဲမှာဝမ်းနည်းလာသည်။ဒီတိုင်းကိုကို့ကိုကြည့်နေတုန်း ကိုကိုကသူ့ထိုင်ခုံကခါးပတ်ကို အတင်းဆွဲ၍ပတ်ပေးသည်။ကိုကို့မျက်နှာက ဒေါသထွက်လွန်း၍နီရဲနေပြီး အသက်ရှုသံတွေလည်းမြန်နေသည်။
..
"ထိုင်!...မင်းမေးသမျှကိုငါဖြေပေးမယ်"
အိမ်ပြန်ရောက်ရောက်ချင်း ကိုကိုကသူ့လက်ဆွဲအိတ်ကိုပစ်ပေါက်၍ သူ့ကိုထိုင်ခုံမှာထိုင်ခိုင်းသည်။တစ်ခါမမြင်ဖူးတဲ့ဒေါသထွက်နေတဲ့ကိုကို့ပုံစံက သူ့ကိုအနည်းငယ်ရှိန်စေသည်။
"ငါနဲ့ဆူဂျောင်းကသူငယ်ချင်းတွေ...တက္ကသိုလ်စတက်တည်းကရင်းနှီးခဲ့တာ...အခုသူမကမင်းတို့တက္ကသိုလ်ရဲ့...ကိုရီးယားစာပေဌာနမှာtutorလုပ်နေတယ်...ငါ့လက်ကိုထိလိုက်ကိုင်လိုက်လုပ်တာက သူ့အကျင့်ပဲ...ငါ့ကိုမှမဟုတ်ဘူး...ဘယ်သူနဲ့စကားပြောပြော...သူကအဲ့လိုပဲပြောတတ်တာ...မင်းမယုံရင်နောက်နေ့သွားကြည့်လိုက်...မင်းတို့ဌာနနဲ့သိပ်မဝေးဘူးမလား...ဘာသိချင်သေးလဲ...တစ်ခါတည်းမေး"
ထယ်ယောင်းပြောတော့ ဂျောင်ကုကဘာမှထပ်မမေးပဲ ခေါင်းငုံ့ထားသည်။
"မေးလေ!...ခုနကတော့ အဆက်မပြတ်မေးနေတာမလား!!"
"ကိုကို"
ဂျောင်ကုရဲ့'ကိုကို'ဟူသောခေါ်သံတိုးတိုးက ထယ်ယောင်းနားဆီမပေါက်။
"မမေးတော့ဘူးလား!...ငါရှင်းပြစရာမရှိရင် အခန်းထဲဝင်တော့မယ်...ဒီနေ့ညစာကိုမင်းဘာသာစားလိုက်...ငါ့ကိုလာခေါ်စရာမလိုဘူး!"
ထယ်ယောင်းကပြောပြီးတာနဲ့ သူပစ်ပေါက်ထားတဲ့လက်ဆွဲအိတ်ကိုပြန်ကောက်ပြီး အခန်းဆီလျှောက်သွားသည်။
"စာအုပ်အညို!...အဲ့ဒါပါရှင်းပြ"
တံခါးဖွင့်မလို့လုပ်နေတုန်း ကြားလိုက်ရတဲ့အသံကြောင့် ဧည့်ခန်းကိုပြန်လျှောက်သွားလိုက်သည်။
"ဘာစာအုပ်အညိုလဲ"
"အဲ့မိန်းမ ကိုကို့ကိုရေးခိုင်းတဲ့စာအုပ်က...ဟိုနေ့ကမောင့်လက်ထဲကကိုကိုဆွဲယူသွားတဲ့စာအုပ်နဲ့...အတူတူပဲမလား...ဘာလို့စာအုပ်ကတူတူဖြစ်နေတာလဲ...အဲ့စာအုပ်ကိုဘာလို့ကိုကိုကမောင့်ကိုမပြချင်တာလဲ..အဲ့ဒါကိုသိချင်တယ်!"
ထိုစာအုပ်အညိုပြဿနာကို ဒီနေ့မှမရှင်းရင် ကိုကိုနဲ့သူ့ဆက်ဆံရေးက ပြန်အဆင်ပြေဖို့ခက်သွားနိုင်တာမို့ တစ်ခါတည်းမေးလိုက်သည်။
"ဪ...အဲ့ဒါလား"
ထယ်ယောင်းကချက်ချင်း အခန်းထဲဝင်သွားပြီး ထိုစာအုပ်ကိုအညိုကိုသွားယူ၍ ဂျောင်ကုဆီပစ်ပေါက်လိုက်သည်။
"ကြည့်လေ!...မင်းအရမ်းသိချင်နေတဲ့အဲ့စာအုပ်ကိုဖွင့်ကြည့်လိုက်!"
ဂျောင်ကုသူ့လက်ထဲကစာအုပ်ကို ဖွင့်ကြည့်ချင်ပေမယ့် မကြည့်ရဲဘူးဖြစ်နေပြန်သည်။သူ့ကိုကြည့်နေတဲ့ကိုကိုက အတော်စိတ်ဆိုးနေတာကြောင့် သူမှားသွားပြီဆိုတာကို အလိုလိုခံစားနေရသည်။
"မယုံသင်္ကာမလုပ်နဲ့...ငါမင်းအပေါ်အမြဲလိပ်ပြာလုံတယ်"
"ကိုကို"
ပြောပြီးတာနဲ့ ထယ်ယောင်းအခန်းထဲကိုဝင်သွားသည်။ကျန်ခဲ့တဲ့ဂျောင်ကုက ထိုအခါမှမျက်ရည်တွေဝဲပြီး စာအုပ်ကိုဖွင့်ဖတ်သည်။ဖွင့်ဖွင့်ချင်းစာအုပ်အပေါ်မှာရေးထားတာက ဆိုးလ်တက္ကသိုလ် ကိုရီးယားစာပေဌာန နှစ်40ပြည့်အမှတ်တရဟူ၍။ထိုစာကြောင်းနဲ့တင် ဂျောင်ကုမှာရှိုက်ကြီးတင်ငိုတော့သည်။နောက်တစ်မျက်နှာကိုလှန်ကြည့်တော့ လက်ရေးလှလှလေးနဲ့ရေးထားတာက 'ဂျွန်ဂျောင်ကုကို အပိုင်ချုပ်ရန်' ဆိုတဲ့ခေါင်းစဥ်နှင့်အတူ နေ့စွဲနဲ့တကွမှတ်ထားတဲ့ ကုန်ကျစရိတ်တွေ။ငှက်ပျောသီးနွားနို့ဝယ်တာကအစ အောက်ခံဘောင်းဘီဝယ်တာအဆုံး သူဝယ်သမျှပစ္စည်းတိုင်းကို ကိုကိုက သေချာမှတ်ထားသည်။တစ်လစာကုန်ကျစရိတ်တိုင်းကိုလည်းစုစုပေါင်းပြီး 'ဂျောင်ကုလေးဆပ်ရမည့်ပိုက်ဆံ' ဆိုပြီးအသေးစိတ်ရေးထားသည်။
စာမေးပွဲဖြေခါနီးတုန်းက steak စားကိုလည်း သေချာရေးထားပြီး ဘေးမှာကွင်းစကွင်းပိတ်နဲ့ 'ထယ်ထယ်မှဒကာခံခြင်း' ဟုရေးထားသေးသည်။စာမျက်နှာတိုင်းမှာ သူ့ကြောင့်ကုန်တဲ့ပိုက်ဆံတွေကို အသေးစိတ်ဇယားကွက်နဲ့မှတ်ထားပြီး စာအုပ်နောက်ဆုံးမှာ noteမှတ်တဲ့စက္ကူအညိုလေးကို ဝက်ဝံရုပ်စတစ်ကာနဲ့ကပ်ထား၍ 'မောင်သာကိုကိုဆီကထွက်သွားရင်..ကိုကိုကဒီပိုက်ဆံတွေပြန်ဆပ်ခိုင်းဖို့ အနားမှာတစ်သက်လုံးခေါ်ထားမှာ..အတိုးနဲ့ဆို မောင်တစ်သက်လုံးထွက်ပြေးလို့မရတော့ဘူး ဟဲဟဲ' ဆိုပြီးရေးထားသေးသည်။
ဂျောင်ကု စာအုပ်တစ်အုပ်လုံးဖတ်လို့အပြီးမှာတော့ ထိုစာအုပ်ကိုရင်ခွင်ထဲပိုက်၍ ကလေးတစ်ယောက်လိုအော်ငိုတော့သည်။
"မောင်မှားသွားတယ်...တောင်းပန်ပါတယ်ကိုကို"
ဒေါသအရမ်းထွက်နေတာကြောင့် စိတ်ငြိမ်သွားရန်ရေချိုးနေတဲ့ထယ်ယောင်းမှာ ဂျောင်ကုရဲ့အော်ငိုနေတဲ့အသံအကျယ်ကြီးကို လျစ်လျူရှုထားပြီးရေဆက်ချိုးနေသော်လည်း ပိုပိုကျယ်လာတဲ့ငိုသံကြောင့် ဘေးအိမ်တွေကိုအားနာ၍ အင်္ကျီတောင်မဝတ်နိုင်ပဲ ခါးအောက်ပိုင်းကို သပတ်နဲ့ပတ်၍ ထွက်လာရတော့သည်။
"ဘာကိစ္စအော်ငိုနေတာလဲ!...ဘေးအိမ်တွေကိုအားနာဦး!!"
"ကိုကို"
ပြောကာမှ သူ့ကိုအတင်းလာဖက်ပြီး ငိုနေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာအတင်းတွန်းထုတ်ရသည်။အခုသူ့အပေါ်ပိုင်းက ဘာမှမဝတ်ထားဘူးလေ။
"မောင်မှားသွားပါတယ်ကိုကို...အင့်...တောင်းပန်ပါတယ်...နောက်အဲ့လိုမလုပ်တော့ပါဘူး...အင့်...မောင့်ကိုစိတ်မဆိုးပါနဲ့...နော်"
ရှိုက်သံတွေနဲ့ရောထွေးပြီး ငိုယိုကာပြောနေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းမှာလည်းဘာလုပ်ရမှန်းမသိ။အခုချိန်စိတ်ဆိုးပြေလိုက်ရင်လည်း မာနထိခိုက်တာမို့ တင်းခံနေလိုက်သည်။
"မောင်တောင်းပန်ပါတယ်ကိုကို...မောင့်ကိုစိတ်မဆိုးပါနဲ့"
"နောက်မှဆက်ပြောရအောင်"
သူ့ကိုအတင်းဖက်နေတဲ့ဂျောင်ကုကြောင့် ထယ်ယောင်းကသူ့ခန္ဓါကိုယ်အပေါ်ပိုင်းကိုလက်နဲ့ကာရင်း အခန်းထဲပြန်ဝင်ဖို့လုပ်သည်။သို့သော် ဂျောင်ကုကအခန်းထဲဝင်ဖို့လုပ်နေတဲ့ထယ်ယောင်းကို အနောက်ကနေသိုင်းဖက်လိုက်သည်။
"ဘာ..ဘာလုပ်တာလဲ...လွှတ်!"
ထယ်ယောင်းမှာ ရုတ်တရက်ကြီးအဖက်ခံလိုက်ရတာကြောင့် အော်ဟစ်ရင်းရုန်းတော့သည်။သူ့ခန္ဓါကိုယ်ကိုအတိုင်းသားကြီး ထိတွေ့နေတဲ့လက်တွေကြောင့် ရှက်လွန်း၍အော်ငိုချင်လာသည်။
"မလွှတ်ဘူး...မောင့်ကိုစိတ်ဆိုးပြေပြီဆိုမှလွှတ်မယ်"
"မင်းလုပ်ထားတဲ့အပြစ်က...ချက်ချင်းစိတ်ဆိုးပြေလို့ရတဲ့မရာမဟုတ်ဘူး...လွှတ်စမ်းကွာ"
"မလွှတ်ဘူး...ကျေးဇူးပြုပြီးမောင့်ကိုစိတ်ဆိုးပြေပါတော့ ကိုကို...ကိုကိုစိတ်ဆိုးရင်..မောင်မနေတတ်ဘူး"
ဂျောင်ကုကပြောလည်းပြော..မျက်စိရှေ့မှာမြင်နေရတဲ့ကျောပြင်ဖွေးဖွေးကိုလည်းနမ်း၍ အသားယူသည်။ထယ်ယောင်းမှာ ကျောပေါ်ရောက်လာတဲ့ခပ်နွေးနွေးနှုတ်ခမ်းကြောင့် မျက်လုံးတွေပါပြူးပြီး တီကောင်ကိုဆားနဲ့ပက်သလိုရုန်းတော့သည်။
"ဂျွန်ဂျောင်ကု!!...လွှတ်လို့!!!"
"မလွှတ်ဘူး...စိတ်ဆိုးပြေတယ်လို့ပြော"
ပြောရင်းနဲ့ဂုတ်ပိုးကို ဖိကပ်နမ်းလိုက်တဲ့ဂျောင်ကုကြောင့်
"ပြေပြီ!...ပြေပြီ!!...ငါ့ကိုလွှတ်တော့!!"
"တစ်ကယ်နော် ကိုကို"
"အေး!!"
တရစပ်အော်နေတဲ့ကိုကိုကြောင့် ကျောပြင်လှလှလေးကိုတစ်ချက်နမ်းပြီးမှလွှတ်ပေးလိုက်တော့ ချက်ချင်းကိုကိုကသူ့ဘက်ကိုလှည့်လာပြီး လက်ခလယ်ထောင်ပြသည်။
"ကိုကိုကချစ်စရာလေးဗျာ"
လက်ခလယ်ထောင်ပြပြီး ဒေါသထွက်နေတဲ့ကိုကိုကချစ်ဖို့ကောင်းတာမို့ ထပ်စဖို့ပြင်နေတုန်း အောက်ပိုင်းကိုကြည့်မိတော့ ကြမ်းပြင်ပေါ်မှာကျနေတဲ့သပတ်အဖြူနဲ့အတူ ကိုယ်လုံးတီးဖြစ်နေတဲ့ကိုကိုကြောင့် နှာခေါင်းသွေးပါလျှံတက်ချင်လာသည်။
"ကိုကို...ကိုကို"
"ဘာလဲ!"
"ဟို...ဟို..."
ထယ်ယောင်းလည်း သူ့အောက်ပိုင်းကိုကြည့်နေတဲ့ဂျောင်ကုကြောင့် ကိုယ့်ကိုယ်ကိုငုံ့ကြည့်မိတော့ အမေ့ဗိုက်ထဲကထွက်လာတုန်းကအတိုင်းကြီးမို့
"အား!!!....ယီး!!!!!"
Kimharu4121992🌵Borahae💜
#ဒီအပိုင်းလေးက ခွဲရေးလို့မရတာမို့ နည်းနည်းရှည်သွားတယ် မီယားနဲ😖
#TYHနဲ့ခွဲရတော့မယ်နော် readerလေးတို့ရေ😭
Zawgyi
"ကင္မ္ထယ္ေယာင္း!...နင္မထႏိုင္ေသးဘူးလား!!"
ေမာင္နဲ႔လက္ခ်င္းတြဲၿပီး သဲေသာင္ျပင္မွာရယ္ေမာ၍ေျပးလႊားေနတုန္း ၾကားလိုက္ရတဲ့အသံဆိုးႀကီးေၾကာင့္ မ်က္လုံးမွာဆတ္ခနဲပြင့္သြားေတာ့သည္။အခုမ်က္လုံးနဲ႔ျမင္ေနရတာက ကမ္းေျခကသဲေသာင္ျပင္မဟုတ္ပဲ ျမင္ေနက်အခန္းကိုေတြ႕ေတာ့မွ သက္ပ်င္းခ်မိေတာ့သည္။သူအိပ္မက္မက္ေနခဲ့တာပဲ။
"ကင္မ္ထယ္ေယာင္း!!!"
"ႏိုးၿပီလို႔!!"
ထပ္ၾကားရတဲ့အသံၿပဲႀကီးေၾကာင့္ ႏိုးေနေၾကာင္းအသိေပးရေတာ့သည္။အေမ့ေအာ္သံကသူတင္မဟုတ္ဘူး။အေ႐ွ႕ခုနစ္အိမ္၊အေနာက္ခုနစ္အိမ္က အိမ္နီးနားခ်င္းေတြပါႏိုးသြားေစမယ့္အသံပါဝါမ်ိဳး။
"က်စ္!...ခဏေနရင္..ေမာင္နဲ႔နမ္းေတာ့မယ့္ဟာကို"
"ဟဲ့!...ႏိုးရင္လည္းထလာေလ!!"
ထပ္ၾကားရတဲ့အသံေၾကာင့္ ကုတင္ေပၚကေနကုန္း႐ုန္းထၿပီး ျမန္ျမန္မ်က္ႏွာသစ္၍ အျပင္ကိုေျပးထြက္ရေတာ့သည္။အခန္းျပင္ေရာက္ေတာ့ အားလုံးကထမင္းစားပြဲမွာထိုင္ေနၿပီျဖစ္၏။အေမနဲ႔အေဖကတစ္ဖက္မွာထိုင္ၿပီး မ်က္ႏွာခ်င္းဆိုင္မွာ ေမာင္ထိုင္ေနသည္။ေမာင့္ေဘးကလြတ္ေနတဲ့ခုံကေတာ့ သူ႕ခုံေပါ့။
ဒါနဲ႔...ေမာင္ကဘာကိစၥ သူ႕ကိုဒီေန႔လာမႏိႈးတာလဲ??
"ဘာလို႔လာမႏိႈးတာလဲ"
ခုံကိုဆြဲထိုင္ရင္းေမးေတာ့ ေမာင္ကျပန္မေျဖပဲျပဳံးျပသည္။
"ေဂ်ာင္ကုကီးကမနက္တည္းက..အေစာႀကီးထၿပီးအိမ္သန္႔႐ွင္းေရးေတြလုပ္ေနတာ...ငါႏိုးေတာ့လည္းငါနဲ႔အတူေစ်းလိုက္ဝယ္ေပးေသးတယ္...မနက္စာလည္းခ်က္ေပးေသးတယ္...နင္ပဲကာလနဂါးလိုအိပ္ေနတာ"
အေမေျပာေတာ့ ထယ္ေယာင္းကဆူပုပ္ပုပ္ျဖင့္ ဘာမဆိုင္ညာမဆိုင္ စားပြဲေအာက္ကေဂ်ာင္ကုေပါင္ကိုလိမ္ဆြဲသည္။
'အာ့!'
"ဘာျဖစ္တာလဲ ေဂ်ာင္ကုကီး!"
သူ႕ေအာ္သံေၾကာင့္ အေဖေရာအေမကပါၿပိဳင္တူေမးလာသည္။ကိုကို႔ကိုၾကည့္လိုက္ေတာ့ သူ႕ကို 'ဘာလဲ'ဟူေသာသေဘာျဖင့္ မ်က္လုံးျပဴးျပသည္။
"ဟို...ျခင္ကိုက္လို႔ပါ"
"ျခင္ေတြကလည္းအေမတို႔ကိုမကိုက္ပဲ...ေဂ်ာင္ကုကီးကိုေ႐ြးကိုက္တယ္ဆိုေတာ့...ေဂ်ာင္ကုကီးကခ်စ္ဖို႔ေကာင္းလို႔ျဖစ္မယ္"
အေမျဖစ္သူကအိုဗာေတြေျပာေနတာမို႔ ထယ္ေယာင္းကအန္ခ်င္သလို'ေဝါ့' ဆိုၿပီးအသံတိတ္လုပ္ျပသည္။ေဂ်ာင္ကုမွာ ထယ္ေယာင္းရဲ႕ခ်စ္စဖြယ္အျပဳအမူေၾကာင့္ ေအာက္ႏႈတ္ခမ္းကိုကိုက္ရင္း စားပြဲေအာက္ကလက္သြယ္သြယ္ေလးကို အတင္းဖမ္းကိုင္လိုက္သည္။ထယ္ေယာင္းကလန္႔သြား၍ မ်က္လုံးျပဴးျပေသာ္လည္း ေဂ်ာင္ကုကမလႊတ္ေပးပဲ အတင္းဆြဲထားသည္။
"ဟိုေလ..မိန္းမ...ျခင္ကသူ႕ဘာသာကိုက္ခ်င္လို႔ကိုက္တာမဟုတ္ဘူးလား"
ထယ္ေယာင္းအေဖကဝင္ေျပာေတာ့ အေမျဖစ္သူကေဂ်ာင္ကုကိုျပဳံးျပရင္း စားပြဲေအာက္ကသူ႕ေယာက်ာ္းေျခေထာက္ကိုနင္းလိုက္သည္။
'အား!!'
"ဘာျဖစ္တာလဲ အေဖ!"
ထယ္ေယာင္းနဲ႔ေဂ်ာင္ကုက အေဖ့ရဲ႕ေအာ္သံနက္နက္ႀကီးေၾကာင့္ အလန္႔တၾကားေမးေတာ့ အေဖကလက္ကာျပရင္း မျပဳံးခ်င္ျပဳံးခ်င္ျဖင့္
"ျခင္...ျခင္ကိုက္လို႔ပါ"
ျခင္ကိုက္တယ္သာဆိုတယ္...ခုံေအာက္ကေျခေထာက္ကိုလက္နဲ႔ပြတ္ေနတဲ့အေဖေၾကာင့္ ထယ္ေယာင္းနဲ႔ေဂ်ာင္ကုမွာ သိပ္မယုံခ်င္။ဒါကိုရိပ္မိတဲ့အေမက
"ကဲပါ...စားၾကရေအာင္ေလ"
ေျပာၿပီးတာနဲ႔ထယ္ေယာင္းတို႔တစ္မိသားစုလုံးက မ်က္လုံးမွိတ္ၿပီးဆုေတာင္းၾကသည္။သူတစ္ေယာက္တည္းမ်က္လုံးပြင့္ေနတာမို႔ ေဂ်ာင္ကုလည္းေရာေယာင္၍ လက္အုပ္ခ်ီၿပီးမ်က္လုံးမွိတ္လိုက္သည္။
ထယ္ေယာင္းတို႔မိသားစုသုံးေယာက္က ဆုေတာင္းၿပီးသြားလို႔ ထမင္းစားေတာ့မယ္လုပ္ေတာ့ ခုထိဆုေတာင္းေနဆဲျဖစ္တဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းကမခ်ိဳမခ်ဥ္ျပဳံး၍ ေဂ်ာင္ကုေပါင္ကိုတို႔လိုက္သည္။ထိုအခါမွ ေဂ်ာင္ကုကမ်က္လုံးျပန္ဖြင့္ၿပီး သူ႕ကိုၾကည့္ေနတဲ့ထယ္ေယာင္းမိဘေတြကိုသြားစိ၍ရယ္ျပလိုက္သည္။
"အေမ့သားငယ္ေလးက...သိပ္လိမၼာတာပဲ...စားၾကရေအာင္ေလ...အမ်ားႀကီးထည့္စားေနာ္"
"ဟုတ္ကဲ့အေမ"
ထယ္ေယာင္းကေတာ့ ေဂ်ာင္ကုအေၾကာင္းသိတာမို႔ ထမင္းစားေနစဥ္တစ္ေလွ်ာက္လုံး ျပဳံးစိျပဳံးစိႏွင့္။
...
Hyundaiကားအနက္ေလးက ဆိုးလ္တကၠသိုလ္ထဲကနည္းပညာဌာနေ႐ွ႕မွာရပ္လိုက္သည္။
"ေက်ာင္းကိုဂ႐ုစိုက္ၿပီးေမာင္းသြားေနာ္ ကိုကို"
ေဂ်ာင္ကုကကားေပၚကဆင္း၍ ေက်ာပိုးအိတ္ကိုလြယ္ၿပီးမွာသည္။
"ကိုကို႔ကိုစိတ္ခ်စမ္းပါ...ေမာင္သာစာႀကိဳးစား"
"ေမာင့္ကိုလည္းစိတ္ခ်ပါ"
"ဒါဆို..ကိုကိုသြားေတာ့မယ္ေနာ္...ညေနေတြ႕မယ္"
"ေနဦး!"
အလုပ္ခ်ိန္လည္းနီးေနၿပီမို႔ ကားထြက္ဖို႔လုပ္ေတာ့ ေမာင္ကသူ႕လက္ကိုဆြဲလာသည္။ကားမွန္ခ်ၿပီးစကားေနတာမို႔ပင္။
"ဘာလို႔လဲ"
"ေမာင့္ကိုအာဘြားေပးသြားဦး...ဒါမွပါေမာကၡစာသင္ရင္..အကုန္မွတ္မိတာ"
"မဆိုင္တာကြာ"
"ဟာ...ဆိုင္တယ္လို႔..ေပးလို႔!"
ကားထဲကသူ႕လက္ကိုဆြဲၿပီး မူႀကိဳကေလးလိုအတင္းပူဆာေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာဘာလုပ္ရမွန္းမသိ။ေက်ာင္းဝန္းထဲမွာလည္း သြားလာေနတဲ့ေက်ာင္းသားေတြအျပည့္မို႔ ထယ္ေယာင္းမနမ္းခ်င္ပါ။
"အိမ္က်ရင္ေပးမယ္ေနာ္...ကိုကိုအလုပ္ေနာက္က်ေတာ့မယ္"
"ကိုကိုကလည္း!!"
"ဘာလို႔ေအာ္ေနတာလဲ"
ေဂ်ာင္ကုေအာ္သံေၾကာင့္ ေက်ာင္းသားတိုင္းကသူတို႔ကိုၾကည့္လာတာမို႔ ထယ္ေယာင္းမွာ ေဂ်ာင္ကုပါးစပ္ကိုပိတ္ၿပီး ခပ္တိုးတိုးေျပာသည္။
"ဒါဆို...နမ္း"
"မင္းကကြာ"
ထယ္ေယာင္းမွာ လႊတ္ခနဲထြက္သြားတဲ့'မင္း'ဆိုတဲ့အသုံးအႏႈန္းေၾကာင့္ ခ်က္ခ်င္းပါးစပ္ကိုလက္နဲ႔အုပ္လိုက္သည္။ေမာင္က ေကာက္သြားေတာ့မွာ။ထင္တဲ့အတိုင္း သူ႕ကိုတစ္ခ်က္မ်က္ေစာင္းထိုးၿပီး ေဆာင့္ေအာင့္ၿပီးထြက္သြားတဲ့ေမာင္ေၾကာင့္ ကားတံခါးကိုျမန္ျမန္ဖြင့္၍ အေနာက္ကေနလက္လိုက္ဆြဲရေတာ့သည္။
"ကိုကိုမွားသြားတယ္...ေမာင္လိုခ်င္တဲ့အာဘြားကိုခုပဲေပးမယ္...စိတ္မေကာက္နဲ႔ေနာ္"
သူေျပာေတာ့ ေမာင္ကသူ႕ကိုမၾကည့္ပဲ တစ္ဖက္ကိုပဲမ်က္ႏွာလႊဲထားသည္။ႏႈတ္ခမ္းကိုလည္း ဆူထားေသးသည္။
"ႏွစ္ခါ"
သူ႕ကိုၾကည့္ၿပီး လက္ႏွစ္ေခ်ာင္းေထာင္ျပတဲ့ေမာင္။
"ဟင္"
နားမလည္တာမို႔ ေၾကာင္ၾကည့္ေနမိေတာ့
"ႏွစ္ခါလို႔...ႏွစ္ခါေပးရမယ္..အာဘြားကို"
"အဲ့လိုဆို...စိတ္မေကာက္နဲ႔ေတာ့ေနာ္"
"အင္း"
ထယ္ေယာင္းမွာ သူစတဲ့ဇာတ္လမ္းသူပဲအဆုံးသတ္ရမည္မို႔ လူ႐ွင္းလားလို႔တစ္ခ်က္ၾကည့္ၿပီးတာနဲ႔ ေျခဖ်ားနည္းနည္းေထာက္၍ ေဂ်ာင္ကုပါးႏွစ္ဖက္လုံးကို ခပ္ျမန္ျမန္နမ္းလိုက္ရသည္။နမ္းၿပီးတာနဲ႔ တစ္ခ်ိဳးတည္းကားဆီကိုေျပးပါေလေရာ။ေဂ်ာင္ကုကေတာ့ ႐ွက္သြားတဲ့ထယ္ေယာင္းေၾကာင့္ သေဘာက်စြာျပဳံး၍ ေျပးေနတဲ့ထယ္ေယာင္းေနာက္ကို ေျပးလိုက္သြားသည္။
"အေမ့!"
႐ုတ္တရက္ႀကီး ကားေပၚေရာက္လာၿပီး ဂီယာတိုင္ကိုကိုင္ေနတဲ့သူ႕လက္ကိုဆြဲလိုက္တဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာလန္႔ျဖန္႔သြားသည္။
"ဘာလို႔လဲ ေမာင္"
"ကိုကို႔ကိုနမ္းမလို႔"ေျပာၿပီးတာနဲ႔ေဂ်ာင္ကုက ထယ္ေယာင္းမ်က္ႏွာတစ္ခုလုံးကို စိတ္ႀကိဳက္နမ္းၿပီးမွ ဌာနကိုခပ္သုတ္သုတ္ေျပးသြားသည္။ထိုအက်ိဳးဆက္ေၾကာင့္ ေဂ်ာင္ကုမွာမနက္ခင္းသင္ခန္းစာတစ္ခ်ိန္လြတ္သြားသလို ထယ္ေယာင္းလည္းေက်ာင္းကို 9နာရီအတိမေရာက္တာေၾကာင့္ ဒဏ္ေငြသုံးေသာင္းအျဖတ္ခံလိုက္ရသည္။
...
ေဂ်ာင္ကုနဲ႔ထယ္ေယာင္း အထုပ္ကိုယ္စီဆြဲ၍ အိမ္ထဲကေနထြက္လာၾကသည္။အေနာက္မွာေတာ့ ေတာက္ေတာက္ေျပာင္ေျပာင္ဝတ္စားထားၿပီးမ်က္မွန္အနက္ႀကီးတပ္ထားတဲ့ထယ္ေယာင္းအေမနဲ႔ ပုံမွန္အတိုင္း႐ိုး႐ိုးေလးသာဝတ္ထားသည့္ အေဖျဖစ္သူပါလာသည္။မိဘေတြက သူတို႔နဲ႔တစ္ပတ္ေလာက္အတူေနၿပီး အခုမွျပန္မွာျဖစ္သည္။သို႔ေသာ္ ဒယ္ဂူးကိုျပန္မွာမဟုတ္။
"ကားကိုဂ႐ုစိုက္ေမာင္းပါအေဖ...က်ဳပ္..အေဖကို႐ြာထိပ္ကေနလာႀကိဳခိုင္းထားပါတယ္"
အထုပ္အပိုးေတြကို ကားေနာက္ခန္းထဲထည့္ေပးၿပီးေတာ့ ေဂ်ာင္ကုကထယ္ေယာင္းအေဖကိုေျပာသည္။ေဂ်ာင္ကုတို႔႐ြာကဘယ္ေလာက္သာယာေၾကာင္း ထယ္ေယာင္းကမိဘေတြကိုေျပာျပေတာ့ သြားလည္ခ်င္တယ္ဟူ၍ ယခုသြားၾကမွာျဖစ္သည္။ခမည္းခမက္အခ်င္းခ်င္းကလည္း ဖုန္းကေနတစ္ဆင့္ရင္းနီးေနတာေၾကာင့္ လူကိုယ္တိုင္ေတြ႕ခ်င္ၾကတာလည္းပါသည္။
"စိတ္ခ်ပါ ေဂ်ာင္ကုကီး...အေဖဂ႐ုစိုက္ပါ့မယ္""အေမပါတာပဲ..စိတ္ခ်ပါေဂ်ာင္ကုကီးရယ္...မင္းကိုကို ကိုသာဂ႐ုစိုက္ေပး...အဲ့ေကာင္ေလးကက်ပ္သိပ္မျပည့္ဘူး"
"အေမ!!"
လူကိုေ႐ွ႕မွာထားၿပီး ေပၚတင္ႀကီးဘလိမ္းေနတာေၾကာင့္ေအာ္လိုက္ေတာ့ အေမဂ႐ုမစိုက္ဟန္...မ်က္မွန္အနက္ႀကီးကိုလက္ညိႇဳးနဲ႔ပင့္တင့္ျပရင္း ကားေပၚသြားထိုင္သည္။ေဂ်ာင္ကုကေတာ့ ျပဳံးစိစိ။
"ကဲပါ...အေဖတို႔သြားေတာ့မယ္...ႏွစ္ေယာက္လုံးရန္မျဖစ္ပဲ...အခ်င္းခ်င္းဂ႐ုစိုက္ၾကေနာ္"
"ဟုတ္ကဲ့အေဖ"
"အေမသြားၿပီ ေဂ်ာင္ကုကီး!...ခ်စ္တယ္ေနာ္!!"
အေမကသားျဖစ္သူ သူ႕ကိုေက်ာ္ၿပီး ေမာင့္ကိုသည္းသည္းလႈပ္ေနသည္။သားအငယ္ေလးထပ္လိုခ်င္တဲ့အေမ့ဆႏၵေတြ ျပည့္သြားၿပီေပါ့ေလ။
"ဟုတ္ကဲ့ အေမ...က်ဳပ္..က်ဳပ္လည္းခ်စ္တယ္"
ေဂ်ာင္ကုလည္းဂုတ္ပိုးကိုပြတ္သပ္ရင္း ႐ွက္႐ွက္နဲ႔ခ်စ္တယ္ျပန္ေျပာေတာ့ အေမကသေဘာက်စြာျပဳံး၍အနားကိုေခၚသည္။အနားေရာက္လာတဲ့ေဂ်ာင္ကုပါးကို ခပ္ဖြဖြဆြဲၿပီး က်န္းမာေရးဂ႐ုစိုက္ဖို႔နဲ႔ စာေသခ်ာလိုက္လုပ္ဖို႔မွာၿပီးမွ ကားအနီေလးကထြက္သြားေတာ့သည္။ထိုကားအနီေလးျမင္ကြင္းထဲကေပ်ာက္သြားမွ ထယ္ေယာင္းနဲ႔ေဂ်ာင္ကုလည္း အိမ္ထဲဝင္ခဲ့သည္။
"ဟူး...အခုမွပဲနားေအးသြားေတာ့တယ္"
ဧည့္ခန္းမွာေျခကားယား လက္ကားယားျဖင့္ထိုင္ၿပီး ၿငီးတြားေနတဲ့ထယ္ေယာင္းကိုၾကည့္ၿပီး အက်ႌေခါက္ေနတဲ့ေဂ်ာင္ကုက ရယ္ရင္းနဲ႔ေခါင္းတခါခါ။
"ခဏေနေစ်းသြားဝယ္ရမွာမလား...ေမာင္"
ထယ္ေယာင္းက ေဂ်ာင္ကုေခါက္ေနတဲ့အက်ႌေတြကိုကူေခါက္ေပးရင္းေမးေတာ့ ေဂ်ာင္ကုကထယ္ေယာင္းလက္ထဲကအက်ႌကိုဆြဲယူသည္။
"ကိုကိုပင္ပန္းမယ္...ေမာင္ပဲေခါက္လိုက္မယ္"
"ဟီးဟီး...ၿပီးေရာေလ"
အလိုလိုက္ခံရတဲ့ထယ္ေယာင္းက ပါးစပ္ကိုနား႐ြက္တပ္ခ်ိတ္မတတ္ျပဳံး၍ ဆိုဖာေပၚမွာလွဲအိပ္လိုက္သည္။
ေမာင့္လိုေကာင္ေလးရထားတာ သူဘယ္ေလာက္ေတာင္ကံေကာင္းလိုက္သလဲ?
"ေစ်းသြားဝယ္ရင္..ကိုကိုပါလိုက္မလို႔လား"
"ဟင့္အင္း...ကိုကိုreportေရးရဦးမယ္...မလိုက္ေတာ့ဘူး"
"ေမာင္ပဲသြားလိုက္ပါ့မယ္...ဘာမွာခ်င္ေသးလဲ"
သူေမးေတာ့ ကိုကိုကေမွးေစ့ကိုလက္ညိႇဳးေလးနဲ႔ေထာက္ၿပီး မ်က္ႏွာက်က္ကိုၾကည့္၍ စဥ္းစားဟန္ျပဳသည္။ကိုကိုကတစ္ကယ္ပါ...ဘာေလးမွန္းကိုမသိတာ။
ဆြဲဆိတ္ခ်င္စရာေလး။
"အင္းမ္...minoေခ်ာကလက္သၾကားလုံးဝယ္လာေပး"
"အိုေက"
စကားေျပာရင္းနဲ႔ပင္ အက်ႌေတြအားလုံးေခါက္လို႔ၿပီးသြားတာမို႔ ေဂ်ာင္ကုကထိုေခါက္ၿပီးသားေတြကို မီးပူတိုက္ရမယ့္ျခင္းထဲသြားထည့္ၿပီး ပိုက္ဆံအိတ္ယူ၍ ေစ်းဝယ္ဖို႔ထြက္သြားသည္။ထယ္ေယာင္းလည္း ေဂ်ာင္ကုသြားတာနဲ႔ အခန္းထဲဝင္ၿပီး ေက်ာင္းအုပ္ကိုတင္ျပရမယ့္ reportကိုအၿပီးသတ္ေနလိုက္သည္။
..
"ကိုကိုေရ...ေမာင္ျပန္ေရာက္ၿပီ"
အိမ္ေရာက္ေရာက္ခ်င္း အေမာေျပေရေတာင္မေသာက္ႏိုင္...ကိုကို႔ကိုလွမ္းေအာ္ေတာ့ ျပန္ထူးသံမၾကားရတာမို႔ ေစ်းဝယ္စရာေတြကို စားပြဲေပၚျဖစ္သလိုပစ္တင္ၿပီး ကိုကို႔ဆီသြားရေတာ့သည္။
"ကိုကို!"
စိုးရိမ္တႀကီးနဲ႔တံခါးဆြဲဖြင့္ေတာ့ ေတြ႕လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ရယ္မိသြားသည္။ကိုကိုက စာ႐ိုက္ေနရင္းတန္းလန္းအိပ္ငိုက္ေနတာ။ကိုကို႔လက္နဲ႔ဖိမိထားတဲ့ F keyကလည္း screenမွာေတာက္ေလွ်ာက္႐ိုက္ေနတာမို႔ ျမန္ျမန္ထိုလက္ကိုဖယ္ေပးလိုက္ရသည္။ကိုကိုကဘယ္ေလာက္ေတာင္ပင္ပန္းေနလဲမသိ...သူလာတာေတာင္မႏိုးေပ။ဒီတိုင္းႀကီးအိပ္ေနရင္ဇာတ္နာသြားမွာမို႔ ကိုကို႔ကိုအသာမၿပီး အိပ္ယာေပၚတင္ေပးလိုက္သည္။ေန႔လည္စာခ်က္ၿပီးမွပဲ ႏိႈးလိုက္ေတာ့မယ္။
အခန္းထဲကေနျပန္ထြက္မယ္လုပ္ေတာ့ ကိုကို႔စားပြဲေအာက္မွာ ျပဳတ္က်ေနတဲ့စာအုပ္အညိဳေၾကာင့္ သိခ်င္စိတ္ကတဖြားဖြား။ယူၾကည့္ခ်င္ေပမယ့္လည္း ကိုကိုမႀကိဳက္မွာစိုးတာေၾကာင့္ ယူမၾကည့္ရဲေပ။ဒါေပမယ့္ သူနဲ႔ကိုကိုကအခုခ်စ္သူေတြေလ။ဒီေလာက္ကေတာ့ သိခြင့္႐ွိတာပဲမလား?
ထိုအေတြးနဲ႔အတူ ေဂ်ာင္ကုလက္ေတြကထိုစာအုပ္ကို ေကာက္ယူၿပီးဖြင့္လိုက္သည္။
ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္မယ္ၾကံတုန္း...ေခါင္းထဲကိုေရာက္လာတဲ့reportကိစၥေၾကာင့္ ထယ္ေယာင္းဆတ္ခနဲထထိုင္လိုက္သည္။အိပ္ခ်င္မေျပေသးတာေၾကာင့္ ပါးႏွစ္ဖက္ကို ခပ္ဖြဖြပုပ္ေနတုန္း စာအုပ္အညိဳကိုကိုင္ထားတဲ့ေမာင့္ကိုျမင္လိုက္ရတာမို႔ ကုတင္ေပၚကအျမန္ေျပးဆင္းရသည္။ေမ့ၿပီးစားပြဲေပၚတင္ထားမိတာပဲ။
"ဘာလုပ္တာလဲ!"
စာအုပ္ကိုဆြဲယူရင္း ေက်ာေနာက္မွာဖြက္ထားလိုက္သည့္ထယ္ေယာင္း။
"အာ...ကိုကို"
လက္ထဲကစာအုပ္ကိုအတင္းဆြဲယူရင္း အေအာ္ခံလိုက္ရတာေၾကာင့္ ရင္ထဲမွာအေတာ္ဝမ္းနည္းသြားသည္။ကိုကိုက ေမာင့္ကိုဘာေတြဖုံးကြယ္ထားတာလဲ?
"ကိုကို႔ပစၥည္းေတြကို..ေနာက္တစ္ခါေမးၿပီးမွကိုင္ပါ ေမာင္"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ကု လက္သီးကိုတင္းတင္းဆုပ္လိုက္မိသည္။
ကိုကို႔စကားက သိပ္သူစိမ္းဆန္ေနတာမလား?
"ဟုတ္ကဲ့...မွတ္ထားလိုက္ပါ့မယ္"
မ်က္ႏွာထားတင္းတင္းျဖင့္ေျပာၿပီး ထြက္သြားတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းလည္းသက္ပ်င္းခ်လိုက္မိသည္။သူေျပာလိုက္တာလြန္သြားတာပဲ။ဒါေပမယ့္လည္း ေမာင္ကဒီစာအုပ္ထဲကစာေတြေတြ႕သြားလို႔မွမျဖစ္တာ။အထဲကစာေတြကိုေတြ႕သြားရင္ ေမာင္ကသူ႕ကိုအထင္ေသးသြားမလားပဲ။
"ဟူး...ျပန္ေခ်ာ့လိုက္လို႔ရတာပဲ"
ထယ္ေယာင္းလည္း စိတ္ၿငိမ္ေအာင္ျပန္လုပ္ၿပီး ထိုစာအုပ္အညိဳကို သူ႕ဗီ႐ိုထဲမွာထည့္သိမ္းလိုက္ၿပီး မၿပီးေသးတဲ့reportကိုဆက္ေရး၍ အလုပ္ထဲမွာပဲစိတ္ႏွစ္ထားလိုက္သည္။
...
"ကိုကို ညေနလာႀကိဳ...."
'ဘုန္း!!'
သူ႕စကားေတာင္မဆုံးေသး...ကားတံခါးကိုဘုန္းခနဲပိတ္ၿပီး ထြက္သြားတဲ့ေမာင္ေၾကာင့္ သက္ပ်င္းအ႐ွည္ႀကီးခ်လိုက္သည္။ေမာင္ကဟိုေန႔ကကိစၥနဲ႔ အခုထိသူ႕ကိုစိတ္ဆိုးမေျပေသးေပ။ေဘးကေနတေကာက္ေကာက္လိုက္ၿပီး ေခ်ာ့ပါေသာ္လည္း လုံးဝစိတ္ဆိုးမေျပေပး။အိမ္မွာပစၥည္းတစ္ခုခုကိုကိုင္ခ်င္တိုင္း 'ကိုင္ပါရေစ' လို႔ခြင့္ေတာင္းၿပီး အ႐ြဲ႕တိုက္တတ္ေသးတာ။
ေမာင္စိတ္ဆိုးေျပေအာင္ ဘယ္လိုလုပ္ရပါ့မလဲ?
ထိုစိတ္နဲ႔တင္ ေက်ာင္းမွာလည္းအဆင္မေျပ။ေမာင့္ကိုလိုက္ပို႔ၿပီးေက်ာင္းသြားေတာ့ အေတြးေတြလြန္ေနတာနဲ႔ သြားေနက်ျဖတ္လမ္းကမသြားပဲ လမ္းမႀကီးကသြားမိလို႔ 9နာရီအတိေက်ာင္းမေရာက္တာေၾကာင့္ ဒဏ္ေငြထပ္အျဖတ္ခံရေသးတယ္။စာသင္ေတာ့လည္း အဆင္မေျပ။အရင္ကဆိုအလုပ္နဲ႔ကိုယ္ေရးကိုယ္တာကို ခြဲထားႏိုင္ေသာ္လည္း ရင္ဘတ္ထဲေမာင္ေရာက္လာၿပီးကတည္းက စိတ္ကေမာင္မွေမာင္ျဖစ္သြားေတာ့တာ။စာသင္ေနရင္းနဲ႔လည္း စာပိုဒ္ေတြေက်ာ္ဖတ္မိလို႔ ေက်ာင္းသားေတြကျပန္ေထာက္ျပေပးတာ ခံလိုက္ရေသးတယ္။
"ဆရာဖို႔မုန္႔ပါ"
စာသင္ခ်ိန္ၿပီးလို႔ ေက်ာင္းသူေတြကမုန္႔လာေပးေတာ့လည္း အရင္လိုတက္တက္ႂကြႂကြယူခ်င္စိတ္မ႐ွိတာမို႔ ေခါင္းခါျပၿပီးထြက္လာလိုက္သည္။ေန႔လည္စာစားေတာ့လည္း ထိုနည္း၎။ကန္တင္းကဟင္းေတြက ေမာင့္လက္ရာကိုမယွဥ္ႏိုင္..အရသာကစုတ္ျပတ္သပ္ေနေရာ။ေမာင္ကလည္း သူ႕ကိုေန႔လည္စာထမင္းဘူးမထည့္ေပးတာ ဟိုကိစၥျဖစ္ၿပီးတည္းကဆိုေတာ့ ဒီအရသာဆိုးဆိုးေတြကိုပဲေန႔လည္တိုင္း ဝယ္စားေနရတာ။
ေသာက္အဆင္ကိုမေျပဘူး။
ဒီလိုနဲ႔ပဲ ညေနေတာ့ေမာင့္ကိုမရရေအာင္ေခ်ာ့မယ္လို႔ေတြးၿပီး သည္းခံေနလိုက္သည္။ဒီေန႔ညေနပိုင္းတစ္ခ်ိန္က စာေမးပြဲစစ္ရသည္မို႔ ေစာေစာၿပီး၍ ေမာင့္ဆီကိုလာခဲ့လိုက္သည္။နည္းနည္းေစာေနေသးေပမယ့္လည္း ဌာနေ႐ွ႕မွာပဲကားကိုမွီ၍ေစာင့္ေနလိုက္သည္။
"ထယ္ေယာင္း...ကင္မ္ထယ္ေယာင္းမလား"
ေမာင့္ကိုေစာင့္ေနတုန္း အေနာက္ကေနနာမည္ေခၚသံၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္မိေတာ့ သူ႕သူငယ္ခ်င္းမ အန္ဆူေဂ်ာင္းျဖစ္ေနသည္။
"ဆူေဂ်ာင္း!"
"နင့္ကိုတူပါတယ္ဆိုၿပီးၾကည့္ေနတာ...တစ္ကယ္နင္ကို"
ဆူေဂ်ာင္းကနဂိုတည္းက သြက္သြက္လက္လက္မို႔ သူ႕လက္ေမာင္းကိုကိုင္၍ေျပာသည္။
"နင္...brightမွာေက်ာင္းဆရာလုပ္ေနတာဆို"
"အင္း...နင္လည္းဒီမွာပဲtutorလုပ္ေနတာမလား"
"ေအးေလ...အစိုးရအလုပ္က အနာဂတ္အတြက္စိတ္ေအးရတယ္"
ဆူေဂ်ာင္းစကားေၾကာင့္ရယ္လိုက္မိသည္။အပ်ိဳႀကီးလုပ္မယ့္သူမက ေက်ာင္းတက္ကတည္းက ဒီမွာပဲtutorျပန္လုပ္ဖို႔ဆုံးျဖတ္ခဲ့တာပင္။
"နင္ရည္းစားရေနၿပီမလား ကင္မ္ထယ္ေယာင္း...ၿပီးေတာ့နင့္ရည္းစားက...ဒီဌာနကမလား"
ဆူေဂ်ာင္းက သူ႕လက္ကိုဆြဲ၍အတင္းလႈပ္ကိုင္ၿပီးေမးေတာ့ ထယ္ေယာင္းမ်က္လုံးျပဴးသြားသည္။သူ႕အေၾကာင္းေတြကို ဘယ္လိုေတာင္သိေနပါလိမ့္?
"နင္ဘယ္လိုသိတာလဲ"
"ေနာက္မို႔ဆိုနင္ကဒီမွာဘာရပ္လုပ္ေနမွာလဲ...နင့္အေၾကာင္းငါမသိတာလည္းမဟုတ္ဘူး"
"အာ...ဟုတ္သားပဲ"
ဒီလိုနဲ႔ပဲ ေမာင့္ကိုေစာင့္ရင္းနဲ႔ ဆူေဂ်ာင္းနဲ႔စကားေတြအမ်ားႀကီးေျပာျဖစ္လိုက္သည္။တကၠသိုလ္စတက္တည္းက အၿမဲတပူးပူး႐ွိေနခဲ့တဲ့သူငယ္ခ်င္းမို႔ စကားေျပာရတာသက္ေတာင့္သက္သာ႐ွိၿပီး ပါးစပ္မစိရေအာင္ရယ္ပဲရယ္ေနရသည္။ဆူေဂ်ာင္းက သိပ္ဟာသေျပာတတ္တာ။
"အခ်ိန္ကဒီေလာက္ေတာင္႐ွိသြားၿပီပဲ...ငါသြားရေတာ့မယ္ထယ္ေယာင္း"
"အင္း...ငါေနာက္မွဆက္သြယ္လိုက္မယ္ေနာ္"
"အိုေက...အိုေက...ေနဦး!....ငါ့ကိုေဂ်ာင္ေယာဖုန္းနံပါတ္ေပးဦး...ငါ့ဖုန္းကအခုျပင္ဆိုင္ပို႔ထားလို႔...ဒီမွာမွတ္ေပး"
ဆူေဂ်ာင္းက သူမအိတ္ထဲကစာအုပ္အညိဳကိုထုတ္၍ သူ႕ကိုေရးခိုင္းသည္။ထိုစာအုပ္အညိဳက သူတို႔ေမဂ်ာရဲ႕အမွတ္တရပစၥည္းမို႔ အားလုံးမွာ႐ွိၾကသည္။
"နင္ခုထိ...ဒါကိုသုံးေနတာလား"
"တစ္ႏွစ္တစ္ခါ...အလကားရေနတာကို...ငါကမသုံးစရာလား"
"ေအးေပါ့ေလ...နင္မသုံးမွထူးဆန္းမွာ"
"ဖဲ့မယ္ဆိုတာခ်ည္းပဲေနာ္...သြားၿပီ ထယ္ေယာင္းေရ"
ဆူေဂ်ာင္းထြက္သြားမွာပဲ နည္းပညာဌာနကိုၾကည့္၍ ေမာင့္ကိုေစာင့္ေနလိုက္သည္။ေမာင့္ကိုေတြ႕တာနဲ႔ေခ်ာ့မလို႔စာလုံးေတြကိုလည္း ေခါင္းထဲမွာစီေနလိုက္ေသးသည္။ခဏၾကာေတာ့ ေမာင္ကဌာနကေနထြက္လာသည္။ေမာင့္မ်က္ႏွာကမနက္ကထက္ ပိုခက္ထန္ၿပီးေဒါသထြက္ေနသလို။
"ေမာင္"
"ခင္ဗ်ား က်ဳပ္ကိုဘာစကားမွလာမေျပာနဲ႔!"
သူ႕ကိုေစ့ေစ့ၾကည့္ၿပီး အံ့က်ိတ္၍ေျပာလာတဲ့ေမာင္ေၾကာင့္ ရင္ထဲမွာနာက်င္သြားသည္။ေမာင္ကအခုသူ႕ကို 'ခင္ဗ်ား'ေတြ'က်ဳပ္'ေတြနဲ႔ေျပာေနတာမလား?
"ေမာင္ဘာျဖစ္ေနတာလဲ"
သူေမးတာကိုမေျဖပဲ ထြက္သြားတဲ့ေမာင္ေၾကာင့္ လက္ကိုေဆာင့္ဆြဲလိုက္သည္။
"ကိုကို ေမးေနတာေျဖေလ"
"ခင္ဗ်ားနဲ႔ခုနကမိန္းမကဘာေတြလဲ...က်ဳပ္တစ္ေယာက္လုံးကိုမျမင္ႏိုင္ေလာက္ေအာင္!...အဲ့မိန္းမနဲ႔ဘာေတြေျပာၿပီးရယ္ေမာေနၾကတာလဲ!...ခင္ဗ်ားလက္ကိုလည္းအဲ့မိန္းမက..ထိလိုက္႐ိုက္လိုက္နဲ႔...ဘာေတြလဲ!"
အစကေဒါသကိုထိန္းၿပီး အိမ္က်မွာ႐ွင္းမလို႔ျပင္ထားပါေသာ္လည္း သူ႕လက္ကိုအတင္းဆြဲၿပီးေမးေနတဲ့ကိုကိုေၾကာင့္ ေမးလိုက္မိေတာ့သည္။ကိုကိုနဲ႔အဲ့မိန္းမ စကားေျပာၿပီးတဲ့အထိ သူရပ္ၾကည့္ေနခဲ့တာ။ၿပီးေတာ့ ကိုကို႔မွာ႐ွိသလိုစာအုပ္အညိဳက အဲ့မိန္းမမွာလည္း႐ွိေနတယ္။ကိုကိုသူ႕ကိုေပးမသိခ်င္တဲ့ စာအုပ္ထဲကအေၾကာင္းအရာေတြက အဲ့မိန္းမနဲ႔ဆိုင္ေနလားဆိုတဲ့အသိက သူ႕ရင္ကိုဓါးနဲ႔မႊန္းေနသလိုပင္။
"ကားထဲသြားေျပာရေအာင္"
"ဒီမွာပဲေျပာ!"
"ကားထဲလိုက္ခဲ့...မင္းမ႐ွက္ေပမယ့္...ငါ႐ွက္တယ္ဂြၽန္ေဂ်ာင္ကု"
'ေတာက္ခ္!!!'
ကိုကို႔ဘက္ကေနသူ႕ကိုစၿပီး နာမည္ေတြပါတပ္ေခၚလာတာမို႔ ေတာက္ေခါက္လိုက္မိသည္။ေဘးဘီကိုဝဲၾကည့္ေတာ့လည္း ေက်ာင္းသားေတြကသူတို႔ကိုၾကည့္ေနတာမို႔ ကိုကိုေျပာတဲ့အတိုင္းကားထဲသို႔ဝင္ထိုင္လိုက္သည္။
"အခုေျပာ!...ခင္ဗ်ားနဲ႔အဲ့မိန္းမကဘာေတြလဲ!!"
"ငါ့ကိုလာမေအာ္နဲ႔!...ငါကမင္းထက္အႀကီးဆိုတာကို မင္းေခါင္းထဲထည့္ထားဦး!...ခါးပတ္ပတ္လိုက္!"
"ကိုကို..."
ထယ္ေယာင္းေအာ္လိုက္ေတာ့ ေဂ်ာင္ကုမ်က္လုံးဝိုင္းဝိုင္းေတြမွာ မ်က္ရည္ေတြသီလာသည္။ကိုကိုကသူ႕ကို ဒီလိုေဒါသတႀကီးမေအာ္ဖူးတာမို႔ ရင္ထဲမွာဝမ္းနည္းလာသည္။ဒီတိုင္းကိုကို႔ကိုၾကည့္ေနတုန္း ကိုကိုကသူ႕ထိုင္ခုံကခါးပတ္ကို အတင္းဆြဲ၍ပတ္ေပးသည္။ကိုကို႔မ်က္ႏွာက ေဒါသထြက္လြန္း၍နီရဲေနၿပီး အသက္႐ႈသံေတြလည္းျမန္ေနသည္။
..
"ထိုင္!...မင္းေမးသမွ်ကိုငါေျဖေပးမယ္"
အိမ္ျပန္ေရာက္ေရာက္ခ်င္း ကိုကိုကသူ႕လက္ဆြဲအိတ္ကိုပစ္ေပါက္၍ သူ႕ကိုထိုင္ခုံမွာထိုင္ခိုင္းသည္။တစ္ခါမျမင္ဖူးတဲ့ေဒါသထြက္ေနတဲ့ကိုကို႔ပုံစံက သူ႕ကိုအနည္းငယ္႐ွိန္ေစသည္။
"ငါနဲ႔ဆူေဂ်ာင္းကသူငယ္ခ်င္းေတြ...တကၠသိုလ္စတက္တည္းကရင္းႏွီးခဲ့တာ...အခုသူမကမင္းတို႔တကၠသိုလ္ရဲ႕...ကိုရီးယားစာေပဌာနမွာtutorလုပ္ေနတယ္...ငါ့လက္ကိုထိလိုက္ကိုင္လိုက္လုပ္တာက သူ႕အက်င့္ပဲ...ငါ့ကိုမွမဟုတ္ဘူး...ဘယ္သူနဲ႔စကားေျပာေျပာ...သူကအဲ့လိုပဲေျပာတတ္တာ...မင္းမယုံရင္ေနာက္ေန႔သြားၾကည့္လိုက္...မင္းတို႔ဌာနနဲ႔သိပ္မေဝးဘူးမလား...ဘာသိခ်င္ေသးလဲ...တစ္ခါတည္းေမး"
ထယ္ေယာင္းေျပာေတာ့ ေဂ်ာင္ကုကဘာမွထပ္မေမးပဲ ေခါင္းငုံ႔ထားသည္။
"ေမးေလ!...ခုနကေတာ့ အဆက္မျပတ္ေမးေနတာမလား!!"
"ကိုကို"
ေဂ်ာင္ကုရဲ႕'ကိုကို'ဟူေသာေခၚသံတိုးတိုးက ထယ္ေယာင္းနားဆီမေပါက္။
"မေမးေတာ့ဘူးလား!...ငါ႐ွင္းျပစရာမ႐ွိရင္ အခန္းထဲဝင္ေတာ့မယ္...ဒီေန႔ညစာကိုမင္းဘာသာစားလိုက္...ငါ့ကိုလာေခၚစရာမလိုဘူး!"
ထယ္ေယာင္းကေျပာၿပီးတာနဲ႔ သူပစ္ေပါက္ထားတဲ့လက္ဆြဲအိတ္ကိုျပန္ေကာက္ၿပီး အခန္းဆီေလွ်ာက္သြားသည္။
"စာအုပ္အညိဳ!...အဲ့ဒါပါ႐ွင္းျပ"
တံခါးဖြင့္မလို႔လုပ္ေနတုန္း ၾကားလိုက္ရတဲ့အသံေၾကာင့္ ဧည့္ခန္းကိုျပန္ေလွ်ာက္သြားလိုက္သည္။
"ဘာစာအုပ္အညိဳလဲ"
"အဲ့မိန္းမ ကိုကို႔ကိုေရးခိုင္းတဲ့စာအုပ္က...ဟိုေန႔ကေမာင့္လက္ထဲကကိုကိုဆြဲယူသြားတဲ့စာအုပ္နဲ႔...အတူတူပဲမလား...ဘာလို႔စာအုပ္ကတူတူျဖစ္ေနတာလဲ...အဲ့စာအုပ္ကိုဘာလို႔ကိုကိုကေမာင့္ကိုမျပခ်င္တာလဲ..အဲ့ဒါကိုသိခ်င္တယ္!"
ထိုစာအုပ္အညိဳျပႆနာကို ဒီေန႔မွမ႐ွင္းရင္ ကိုကိုနဲ႔သူ႕ဆက္ဆံေရးက ျပန္အဆင္ေျပဖို႔ခက္သြားႏိုင္တာမို႔ တစ္ခါတည္းေမးလိုက္သည္။
"ဪ...အဲ့ဒါလား"
ထယ္ေယာင္းကခ်က္ခ်င္း အခန္းထဲဝင္သြားၿပီး ထိုစာအုပ္ကိုအညိဳကိုသြားယူ၍ ေဂ်ာင္ကုဆီပစ္ေပါက္လိုက္သည္။
"ၾကည့္ေလ!...မင္းအရမ္းသိခ်င္ေနတဲ့အဲ့စာအုပ္ကိုဖြင့္ၾကည့္လိုက္!"
ေဂ်ာင္ကုသူ႕လက္ထဲကစာအုပ္ကို ဖြင့္ၾကည့္ခ်င္ေပမယ့္ မၾကည့္ရဲဘူးျဖစ္ေနျပန္သည္။သူ႕ကိုၾကည့္ေနတဲ့ကိုကိုက အေတာ္စိတ္ဆိုးေနတာေၾကာင့္ သူမွားသြားၿပီဆိုတာကို အလိုလိုခံစားေနရသည္။
"မယုံသကၤာမလုပ္နဲ႔...ငါမင္းအေပၚအၿမဲလိပ္ျပာလုံတယ္"
"ကိုကို"
ေျပာၿပီးတာနဲ႔ ထယ္ေယာင္းအခန္းထဲကိုဝင္သြားသည္။က်န္ခဲ့တဲ့ေဂ်ာင္ကုက ထိုအခါမွမ်က္ရည္ေတြဝဲၿပီး စာအုပ္ကိုဖြင့္ဖတ္သည္။ဖြင့္ဖြင့္ခ်င္းစာအုပ္အေပၚမွာေရးထားတာက ဆိုးလ္တကၠသိုလ္ ကိုရီးယားစာေပဌာန ႏွစ္40ျပည့္အမွတ္တရဟူ၍။ထိုစာေၾကာင္းနဲ႔တင္ ေဂ်ာင္ကုမွာ႐ိႈက္ႀကီးတင္ငိုေတာ့သည္။ေနာက္တစ္မ်က္ႏွာကိုလွန္ၾကည့္ေတာ့ လက္ေရးလွလွေလးနဲ႔ေရးထားတာက 'ဂြၽန္ေဂ်ာင္ကုကို အပိုင္ခ်ဳပ္ရန္' ဆိုတဲ့ေခါင္းစဥ္ႏွင့္အတူ ေန႔စြဲနဲ႔တကြမွတ္ထားတဲ့ ကုန္က်စရိတ္ေတြ။ငွက္ေပ်ာသီးႏြားႏို႔ဝယ္တာကအစ ေအာက္ခံေဘာင္းဘီဝယ္တာအဆုံး သူဝယ္သမွ်ပစၥည္းတိုင္းကို ကိုကိုက ေသခ်ာမွတ္ထားသည္။တစ္လစာကုန္က်စရိတ္တိုင္းကိုလည္းစုစုေပါင္းၿပီး 'ေဂ်ာင္ကုေလးဆပ္ရမည့္ပိုက္ဆံ' ဆိုၿပီးအေသးစိတ္ေရးထားသည္။
စာေမးပြဲေျဖခါနီးတုန္းက steak စားကိုလည္း ေသခ်ာေရးထားၿပီး ေဘးမွာကြင္းစကြင္းပိတ္နဲ႔ 'ထယ္ထယ္မွဒကာခံျခင္း' ဟုေရးထားေသးသည္။စာမ်က္ႏွာတိုင္းမွာ သူ႕ေၾကာင့္ကုန္တဲ့ပိုက္ဆံေတြကို အေသးစိတ္ဇယားကြက္နဲ႔မွတ္ထားၿပီး စာအုပ္ေနာက္ဆုံးမွာ noteမွတ္တဲ့စကၠဴအညိဳေလးကို ဝက္ဝံ႐ုပ္စတစ္ကာနဲ႔ကပ္ထား၍ 'ေမာင္သာကိုကိုဆီကထြက္သြားရင္..ကိုကိုကဒီပိုက္ဆံေတြျပန္ဆပ္ခိုင္းဖို႔ အနားမွာတစ္သက္လုံးေခၚထားမွာ..အတိုးနဲ႔ဆို ေမာင္တစ္သက္လုံးထြက္ေျပးလို႔မရေတာ့ဘူး ဟဲဟဲ' ဆိုၿပီးေရးထားေသးသည္။
ေဂ်ာင္ကု စာအုပ္တစ္အုပ္လုံးဖတ္လို႔အၿပီးမွာေတာ့ ထိုစာအုပ္ကိုရင္ခြင္ထဲပိုက္၍ ကေလးတစ္ေယာက္လိုေအာ္ငိုေတာ့သည္။
"ေမာင္မွားသြားတယ္...ေတာင္းပန္ပါတယ္ကိုကို"
ေဒါသအရမ္းထြက္ေနတာေၾကာင့္ စိတ္ၿငိမ္သြားရန္ေရခ်ိဳးေနတဲ့ထယ္ေယာင္းမွာ ေဂ်ာင္ကုရဲ႕ေအာ္ငိုေနတဲ့အသံအက်ယ္ႀကီးကို လ်စ္လ်ဴ႐ႈထားၿပီးေရဆက္ခ်ိဳးေနေသာ္လည္း ပိုပိုက်ယ္လာတဲ့ငိုသံေၾကာင့္ ေဘးအိမ္ေတြကိုအားနာ၍ အက်ႌေတာင္မဝတ္ႏိုင္ပဲ ခါးေအာက္ပိုင္းကို သပတ္နဲ႔ပတ္၍ ထြက္လာရေတာ့သည္။
"ဘာကိစၥေအာ္ငိုေနတာလဲ!...ေဘးအိမ္ေတြကိုအားနာဦး!!"
"ကိုကို"
ေျပာကာမွ သူ႕ကိုအတင္းလာဖက္ၿပီး ငိုေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာအတင္းတြန္းထုတ္ရသည္။အခုသူ႕အေပၚပိုင္းက ဘာမွမဝတ္ထားဘူးေလ။
"ေမာင္မွားသြားပါတယ္ကိုကို...အင့္...ေတာင္းပန္ပါတယ္...ေနာက္အဲ့လိုမလုပ္ေတာ့ပါဘူး...အင့္...ေမာင့္ကိုစိတ္မဆိုးပါနဲ႔...ေနာ္"
႐ိႈက္သံေတြနဲ႔ေရာေထြးၿပီး ငိုယိုကာေျပာေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမွာလည္းဘာလုပ္ရမွန္းမသိ။အခုခ်ိန္စိတ္ဆိုးေျပလိုက္ရင္လည္း မာနထိခိုက္တာမို႔ တင္းခံေနလိုက္သည္။
"ေမာင္ေတာင္းပန္ပါတယ္ကိုကို...ေမာင့္ကိုစိတ္မဆိုးပါနဲ႔"
"ေနာက္မွဆက္ေျပာရေအာင္"
သူ႕ကိုအတင္းဖက္ေနတဲ့ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းကသူ႕ခႏၶါကိုယ္အေပၚပိုင္းကိုလက္နဲ႔ကာရင္း အခန္းထဲျပန္ဝင္ဖို႔လုပ္သည္။သို႔ေသာ္ ေဂ်ာင္ကုကအခန္းထဲဝင္ဖို႔လုပ္ေနတဲ့ထယ္ေယာင္းကို အေနာက္ကေနသိုင္းဖက္လိုက္သည္။
"ဘာ..ဘာလုပ္တာလဲ...လႊတ္!"
ထယ္ေယာင္းမွာ ႐ုတ္တရက္ႀကီးအဖက္ခံလိုက္ရတာေၾကာင့္ ေအာ္ဟစ္ရင္း႐ုန္းေတာ့သည္။သူ႕ခႏၶါကိုယ္ကိုအတိုင္းသားႀကီး ထိေတြ႕ေနတဲ့လက္ေတြေၾကာင့္ ႐ွက္လြန္း၍ေအာ္ငိုခ်င္လာသည္။
"မလႊတ္ဘူး...ေမာင့္ကိုစိတ္ဆိုးေျပၿပီဆိုမွလႊတ္မယ္"
"မင္းလုပ္ထားတဲ့အျပစ္က...ခ်က္ခ်င္းစိတ္ဆိုးေျပလို႔ရတဲ့မရာမဟုတ္ဘူး...လႊတ္စမ္းကြာ"
"မလႊတ္ဘူး...ေက်းဇူးျပဳၿပီးေမာင့္ကိုစိတ္ဆိုးေျပပါေတာ့ ကိုကို...ကိုကိုစိတ္ဆိုးရင္..ေမာင္မေနတတ္ဘူး"
ေဂ်ာင္ကုကေျပာလည္းေျပာ..မ်က္စိေ႐ွ႕မွာျမင္ေနရတဲ့ေက်ာျပင္ေဖြးေဖြးကိုလည္းနမ္း၍ အသားယူသည္။ထယ္ေယာင္းမွာ ေက်ာေပၚေရာက္လာတဲ့ခပ္ေႏြးေႏြးႏႈတ္ခမ္းေၾကာင့္ မ်က္လုံးေတြပါျပဴးၿပီး တီေကာင္ကိုဆားနဲ႔ပက္သလို႐ုန္းေတာ့သည္။
"ဂြၽန္ေဂ်ာင္ကု!!...လႊတ္လို႔!!!"
"မလႊတ္ဘူး...စိတ္ဆိုးေျပတယ္လို႔ေျပာ"
ေျပာရင္းနဲ႔ဂုတ္ပိုးကို ဖိကပ္နမ္းလိုက္တဲ့ေဂ်ာင္ကုေၾကာင့္
"ေျပၿပီ!...ေျပၿပီ!!...ငါ့ကိုလႊတ္ေတာ့!!"
"တစ္ကယ္ေနာ္ ကိုကို"
"ေအး!!"
တရစပ္ေအာ္ေနတဲ့ကိုကိုေၾကာင့္ ေက်ာျပင္လွလွေလးကိုတစ္ခ်က္နမ္းၿပီးမွလႊတ္ေပးလိုက္ေတာ့ ခ်က္ခ်င္းကိုကိုကသူ႕ဘက္ကိုလွည့္လာၿပီး လက္ခလယ္ေထာင္ျပသည္။
"ကိုကိုကခ်စ္စရာေလးဗ်ာ"
လက္ခလယ္ေထာင္ျပၿပီး ေဒါသထြက္ေနတဲ့ကိုကိုကခ်စ္ဖို႔ေကာင္းတာမို႔ ထပ္စဖို႔ျပင္ေနတုန္း ေအာက္ပိုင္းကိုၾကည့္မိေတာ့ ၾကမ္းျပင္ေပၚမွာက်ေနတဲ့သပတ္အျဖဴနဲ႔အတူ ကိုယ္လုံးတီးျဖစ္ေနတဲ့ကိုကိုေၾကာင့္ ႏွာေခါင္းေသြးပါလွ်ံတက္ခ်င္လာသည္။
"ကိုကို...ကိုကို"
"ဘာလဲ!"
"ဟို...ဟို..."
ထယ္ေယာင္းလည္း သူ႕ေအာက္ပိုင္းကိုၾကည့္ေနတဲ့ေဂ်ာင္ကုေၾကာင့္ ကိုယ့္ကိုယ္ကိုငုံ႔ၾကည့္မိေတာ့ အေမ့ဗိုက္ထဲကထြက္လာတုန္းကအတိုင္းႀကီးမို႔
"အား!!!....ယီး!!!!!"
Kimharu4121992🌵Borahae💜
#ဒီအပိုင္းေလးက ခြဲေရးလို႔မရတာမို႔ နည္းနည္း႐ွည္သြားတယ္ မီယားနဲ😖
#TYHနဲ႔ခြဲရေတာ့မယ္ေနာ္ readerေလးတို႔ေရ😭
There are no comments yet. Log in to be the first to leave a review!





