Fanfics

19

07:43, 6 October 2025

ဆန်းဝန်း ပထမဆုံး ရေချိုးခန်းထဲဝင်ပြီး ရေနွေးနွေးနဲ့ ခေါင်းလျှော် ကိုယ်တိုက်လိုက်တော့ လန်းဆန်းသွားသလို ခံစားရသည်။

ရေချိုးပြီးတာနဲ့ ဗီရိုထဲကနေ သေသေချာချာ မီးပူတိုက်ထားတဲ့ ခဲရောင်ဝတ်စုံနဲ့ အပြာနုရောင် ရှပ်အင်္ကျီကို ထုတ်ဝတ်လိုက်သည်။ ဖိနပ်အနက်ရောင်ကိုလည်း သေချာ တိုက်ချွတ်ပြီး စီးသည်။

ရုံးကို အချိန်မီရောက်ဖို့လိုတာမို့ လီယို ပြင်ပေးထားတဲ့ နံနက်စာကို အမြန်ဆုံးစားဖို့ ခုံမှာ ဝင်ထိုင်လိုက်သည်။ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင် နှစ်ချပ်ကိုသာ အလျင်စလို စားသောက်ပြီး အနားက အိတ်ကို ကောက်ယူလိုက်သည်။

အိတ်ထဲမှာ အစည်းအဝေးဆိုင်ရာ စာရွက်စာတမ်းတွေ Laptop၊ ဘောပင်၊ မှတ်စုစာအုပ်နဲ့ စီးပွားရေးကတ်ပြားတွေ ရှိမရှိ သေချာစစ်ဆေးသည်။

လီယိုက ကော်ဖီခွက်ကို ကမ်းပေးလာရင်း

" မင်းနောက်ကျနေပြီလား"

" နည်းနည်းပါ ကားမောင်းရတာ သိပ်မကြာပါဘူး အကို့ကိုဝင်ပို့ပေးခဲ့မယ်နော် "

" အာ ရတယ် စက်ဘီးနဲ့သွားလိုက်မယ် ခြံထဲမှာ ညက စက်ဘီးတွေ့တယ် သုံးလို့ရမလား"

" ရတယ် ဒါပေမဲ့ စိတ်မချဘူး အကိုလည်းနောက်ကျနေပြီမဟုတ်လား"

လိယို ခေါင်းကို အသာအယာ ခါပြပြီး

" ရပါတယ် မင်း အေးဆေးသွားပါ ကိုယ်ရေချိုးရဦးမှာ "

မသုံးဖူးတဲ့အသုံးအနှုန်းကြောင့် ဆန်းဝန်း မျက်ခုံးတစ်ချက် ပင့်တင်လိုက်ရင်း

" ညတည်းက ထူးဆန်းနေတာနော် ကြက်သီးထတယ် "

ရီသံစွက်စွက်နဲ့ ပြောလာရင်း ဆန်းဝန်းက စားပွဲကနေ ထလိုက်သည်။ ဘေးနာက အသင့်ချထားတဲ့ အိတ်ကို ကောက်ယူကာ လီယို့နား အပြေးလေး သွားဖက်သည်။

" ကျွန်တော် သွားနှင့်တော့မယ်နော် စာပို့လိုက်မယ်"

လီယိုက ဆန်းဝန်းရဲ့ မျက်နှာကို လက်နှစ်ဖက်နဲ့ ဖမ်းကိုင်လိုက်သည်၊ အေးမြပြီး နူးညံ့တဲ့ လက်ချောင်းလေးတွေဟာ ဆန်းဝန်းရဲ့ပြုံးနေတဲ့ ပါးပြင်ပေါ်မှာ ထိတွေ့လိုက်တော့ ဆန်းဝန်းရဲ့ နှုတ်ခမ်းထောင့်က ပို၍ ကော့တက်သွားသည်။

" အလုပ်အဆင်ပြေပါစေနော် ဆန်းဝန်းလေး"

လီယိုက ပါးနှစ်ဖက်ကို အသာလေး ဆွဲဆောင့်ပြီး ပြောလိုက်သည်။ အဲဒီနောက်မှာ နူးညံ့တဲ့ အနမ်းတစ်ပွင့်ကို ဆန်းဝန်းရဲ့ နဖူးပေါ် ခပ်ဖွဖွ ထိတွေ့လိုက်သည်။

-------လီယို သူ့ရဲ့ ဂျင်းဘောင်းဘီအဟောင်းနဲ့ လက်တိုတီရှပ်ကို ဝတ်ဆင်ပြီး တောင်ကုန်းပုံက တည်ငြိမ်အေးချမ်းတဲ့ ဘိုးဘွားရိပ်သာဆီကို စက်ဘီးနင်းပြီး ရောက်ရှိလာသည်။

ရိပ်သာထဲကို ဝင်လိုက်တာနဲ့ လီယို စက်ဘီးကို သေချာ သော့ခတ် နေရာချလိုက်သည်။သူ့ရဲ့ ပထမဆုံး အလုပ်ကတော့ လူကြီးတွေကို နံနက်စာ ကျွေးမွေးဖို့ ပြင်ဆင်ရာမှာ အကူအညီပေးခြင်းပဲ ဖြစ်သည်။

သူ အိပ်ရာထဲကနေ မထနိုင်သေးတဲ့ အဖွားရှီယွန်းရဲ့အခန်းကို သွားပြီး နွေးထွေးတဲ့ အပြုံးနဲ့ နှုတ်ဆက်လိုက်သည်။ အဖွားရဲ့လက်ကို အသာလေး ကိုင်ပြီး

"ဒီနေ့ မနက်ခင်းမှာ ဘာ စိတ်ဝင်စားစရာ အိပ်မက်တွေ မက်ခဲ့လဲ"

အဖွားက အသာလေး ပြုံးပြရင်း

" အိပ်မက်မမက်ခဲ့ပါဘူး အိပ်မပျော်လို့"

" အိပ်ပျော်မှ အားရှိမှာနော် အဖွား အိပ်နော် "

အဖွားက ခေါင်းတစ်ဆတ်ဆတ်ငြှိမ့်ပြရင်း လီယို့ရဲ့ လက်ဖဝါးတွေကို ပြန်လည် ထွေးပွေ့လာသည်။

----နေ့လည်ခင်းရဲ့ အပူရှိန်က တဖြည်းဖြည်း လျော့ကျစပြုနေပြီ။ ကောင်းကင်ဟာ ဝါဖန့်ဖန့်အလင်းနဲ့ ငြိမ်သက်လို့နေသည်။ လီယီု ဂေဟာရဲ့ ကျယ်ဝန်းတဲ့ ခြံဝင်းထဲက အရိပ်ကောင်းကောင်းပေးတဲ့ သစ်ပင်ကြီးတစ်ပင်အောက်မှာ ချထားတဲ့ ခုံတန်းရှည်ပေါ် ထိုင်နေသည်။

သူ့ဘေးနားက မြက်ခင်းပြင်ပေါ်မှာတော့ ကလေးငယ်တစ်ချို့က ဘောလုံးပစ်ရင်း ဆော့ကစားနေကြသည်။ သူတို့ရဲ့ ရယ်သံလေးတွေဟာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို အသက်ဝင်စေသလို ။

လီယိုရဲ့ လက်ထဲမှာတော့ ဆန်းဝန်းနဲ့ ပြောနေတဲ့ ဖုန်းတစ်လုံး။ နားထောင်ရင်း ပြုံးမိနေတဲ့ သူ့ရဲ့ မျက်နှာဟာ အေးချမ်းနေသည်။

"နေ့လည်စား စားနေပြီလား"

ဆန်းဝန်းက တစ်ဖက်ဖုန်းထဲကနေ အသံလွင်လွင်လေးဖြင့်မေးလာသည်။

" အင်း စားပြီးပြီ မင်းရော "

"စားနေတုန်းပဲ ။ ကလေးတွေ အသံတွေ ကြားနေ ရတယ်နော် ကစားနေကြတာလား "

" ဟုတ်တယ် "

"လွမ်းနေပြီနော် ညနေကြ လာခေါ်မယ် အဝတ်အစားတွေ ဝင်ယူပြီး ကျွန်တော့်ဆီ လိုက်နေနော် "

လီယိုက သဘောကျစွာ ရယ်လိုက်သည််။

" နေ့တိုင်းလိုက်နေလို့ မရလောက်ဘူး အဖွားက ပျင်းနေမှာပေါ့ "

သူ့စကားဆုံးတော့ ဆန်းဝန်းက နူးညံ့စွာ ရယ်တယ်။

" ရက်ခြားလောက် လိုက်နေပေါ့"

လီယိုက ခေါင်းညိတ်လိုက်မိပေမယ့် ဆန်းဝန်းက တော့ လီယို့ရဲ့ အသံကို တစ်ဖက်ဆီမှ နားစွင့်နေဆဲ။

" အိုကေ အဆင်ပြေတယ်နော် ကိုယ်လာခဲ့မယ်"

" ဒါဆို ညနေတွေ့ကြမယ် ဖုန်းချပြီနော်"

နေ့လည်ခင်းရဲ့ အလင်းရောင်က လီယိုရဲ့ ပခုံးပေါ် ကျရောက်နေပြီး သစ်ရွက်တွေရဲ့ အရိပ်အောက်မှာ ငြိမ်သက်နေတဲ့ လီယို ပေါ့ပါးစွာ ပြုံးရင်း ငြိမ်သက်နေသည်။

သူ ဘယ်အချိန်ကတည်းက ဆန်းဝန်းအပေါ် ဒီလောက်ထိ စိတ်ရောက်သွားသလဲ မြတ်နိုးမိသလဲ သူမတွေးတတ်။ အရင်က ရထားဖူးတဲ့ trauma ကိုတောင် ပြန်မတွေးဖြစ်တော့ ။ ဆန်းဝန်းက နူးညံ့ပြီး တွေးပေးတတ်တဲ့ လူမျိုး ဖြစ်သည်။

စတွေ့ကတည်းက လီယို့အပေါ် ကောင်းပေးပြီး ရင်ခုန်အောင် ဆွဲဆောင်နိုင်သည်။

--------

နေမင်းကြီးက အနောက်ဘက် ကုန်းမြေကို တဖြည်းဖြည်း နစ်မြုပ်စပြုလာပြီ။ ကောင်းကင်ယံမှာ ပုစွန်ဆီရောင် အလင်းတန်းတွေက ရစ်ပတ်လို့နေသည်။

ဂေဟာရဲ့ ခြံဝင်းထဲမှာ ဆော့နေတဲ့ ကလေးငယ်တွေရဲ့ အသံတွေက တိတ်ဆိတ်သွားပြီး တစ်ချို့က အိမ်ပြန်ဖို့ ပြင်ဆင်နေကြသည်။လီယို ဂေဟာရဲ့ အဝင်ဝမှာ ရပ်နေပြီး သူ့မျက်လုံးတွေက လမ်းမဘက်ကို အာရုံစိုက်ထားသည်။ သိပ်မကြာခင်မှာပဲ လမ်းထောင့်ကနေ အနက်ရောင်ကားလေးတစ်စီးက လှည့်ဝင်လာပြီး ဂေဟာရဲ့ အပြင်ဘက် တံခါးဝမှာ အသာအယာ ရပ်တန့်လိုက်သည်။

ကားပေါ်ကနေ ဆင်းလာသူကတော့ ဆန်းဝန်း။ ပေါ့ပါးတဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ထားပြီး သူ့ရဲ့ ဆံပင်လေးတွေကတော့ လေတိုက်လို့ လွင့်နေသည်။

ဆန်းဝန်းရဲ့ မျက်နှာက ပြုံးပျော်နေသယောင် ရှိပြီး လီယို့ဆီ ခပ်မြန်မြန်လျှောက်လာသည်။

"ပင်ပန်းနေပြီလား" ဆန်းဝန်းက လီယိုနားကို လျှောက်လာရင်း မေးလိုက်တယ်။

လီယိုက သူ့အနားရောက်လာတဲ့ ဆန်းဝန်းရဲ့ လက်ကို အသာလေး ဆွဲယူကိုင်လိုက်သည်။

" မင်းရဲ့ အသံကို ကြားလိုက်ရတော့ ပင်ပန်းတာတွေ ပြေပျောက်သွားပြီ မင်းရော ဒီနေ့ ပင်ပန်းခဲ့လား"

"နည်းနည်းတော့ ပင်ပန်းတာပေါ့ အခု တွေ့လိုက်ရတော့ ယူပစ်သလိုကို ပျောက်ကုန်ပြီဗျာ"

ဆန်းဝန်းက မျက်လုံးလေး ပင့်ကြည့်ရင်း ခပ်ချွဲချွဲလေး ပြောလိုက်သည်။

ဆန်းဝန်းက လီယိုရဲ့ ပခုံးပေါ် ခေါင်းအသာလေး မှီချလိုက်ပြီး ချက်ချင်း ပြန်ခွါလိုက်သည်။ သူတို့ကြား စကားတွေ အများကြီး မပြောဖြစ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ကြည့်တဲ့ အကြည့်တွေထဲမှာ နားလည်မှု ချစ်ခြင်းမေတ္တာတွေက အပြည့်အဝ ရှိနေသည်။

ဂေဟာရဲ့ တံခါးဝကနေ စောင့်ကြည့်နေတဲ့ ကလေးထိန်းတစ်ယောက်က ပြုံးလိုက်ရင်း ခေါင်းညိတ်ပြလိုက်သည်။ လီယိုက ကားထဲမဝင်ခင် ဂေဟာထဲကို တစ်ချက်လှည့်ကြည့်ပြီး နှုတ်ဆက်လိုက်သည်။----ဆန်းဝန်းတို့ရဲ့ ကားလေးဟာ မြို့ထဲက လူရှင်းပြီး တိတ်ဆိတ်နေတဲ့ စားသောက်ဆိုင်တစ်ခုဆီကို ဦးတည်ခဲ့သည်။ သူတို့ ရောက်တော့ ညဥ့်နက်ပိုင်း စားသုံးသူတွေ မရောက်သေးတဲ့အတွက် ဆိုင်ထဲမှာ လူပါးနေသည်။ ပြတင်းပေါက်နားက စားပွဲတစ်ခုကို ရွေးချယ်ပြီး ထိုင်လိုက်ကြသည်။အပြင်ဘက်မှာတော့ လေအေးတွေက တဖြူးဖြူးတိုက်ခတ်နေပြီး စားသောက်ဆိုင်ရဲ့ ပြတင်းပြင်ကို လာရောက် ရိုက်ခတ်နေသည်။

စားသောက်ဆိုင်ရဲ့ ပြတင်းပေါက်ကနေ မြင်ရတဲ့ ကောင်းကင်ဟာ အံ့မခန်း လှပနေခဲ့သည်။ နေမင်းကြီးက အဝေးက တိုက်အဆောက်အအုံတွေရဲ့ အနောက်မှာ ဖြည်းဖြည်းချင်း နစ်မြုပ်နေပြီး ကောင်းကင်ယံတစ်ခုလုံးဟာ ရောင်စုံရောစပ်ထားတဲ့ ပန်းချီကားတစ်ချပ်လိုပဲ။ ဝဲပျံနေတဲ့ ငှက်တစ်အုပ်ကတော့ ဒီအလှတရားကို ဖြတ်ကျော် ပျံသန်းသွားကြသည်။

" ကြည့်ပါဦး လီယို Hyung ဘယ်လောက်တောင် လှလိုက်လဲ "

ဆန်းဝန်းရဲ့ အသံက တိုးတိတ်ပြီး နူးညံ့နေသည်။လီယို့ ပြုံးပြလိုက်သည်။ ဆန်းဝန်းရဲ့ပါးပြင်ကို ခပ်ဖွဖွ လိမ်ဆွဲလိုက်ရင်း

" အစားအသောက်တွေ အေးကုန်တော့မယ် စားတော့နော် "

-----ဆက်ရန် ။ ပြီးဖို့ နောက်ဘယ်နှစ်ပိုင်းမှ လိုတော့ပါဘူးနော် အဆင်မပြေတာလေးရှိရင်ပြောခဲ့ပေးပါဦး 🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories