Fanfics

20 (Final)

11:30, 13 October 2025

လီယိုနဲ့ ဆန်းဝန်းတို့ရဲ့ တိုက်ခန်းငယ်လေးက ငြိမ်သက်စွာ ။ လီယိုက ပြတင်းနားမှာ သူ့ရဲ့ပန်းချီကားကို ဆေးခြယ်နေပြီး ဆန်းဝန်းကတော့ ဂီတာ တစ်လက်ဖြင့်အလုပ် ရှုပ်နေသည်။

လီယိုနဲ့ မနီးမဝေး ပန်းချီကားနားမှာ ထိုင်ကာ ခပ်အေးအေး သီချင်း တီးလုံး တစ်ခုကို တီးခတ်နေသည်။

ဆန်းဝန်း သံစဉ် မဆုံးသေးခင်မှာပဲ အပြင်ဘက်က ကားဘရိတ်အုပ်သံ ပြင်းပြင်းတစ်ချက်နဲ့ တံခါးကို ဒုန်း ဆိုပြီး ဖွင့်ချလိုက်တဲ့ အသံကို ကြားလိုက်ရသည်။ တံခါးကို လက်နဲ့ တွန်းဖွင့်လိုက်ပုံရတဲ့ ဆန်းဝန်းရဲ့ဖခင် က ခြေလှမ်းကျဲတွေနဲ့ အခန်းထဲကို ဝင်လာခဲ့သည်။ သူ့ရဲ့ လက်ထဲမှာတော့ Conpany က စာရွက်စာတမ်းတွေ ပါလာပုံရသည်။

"ဆန်းဝန်း!"

သူ့ရဲ့ အသံက အခန်းနံရံတွေကို ထိမှန်ပြီး ပြန့်လွင့်သွားသည်။

" မင်း အခု ဘာတွေလုပ်နေတာလဲ! ဒီမှာ ဘာတွေဖြစ်နေတာလဲ သိရောသိလား "

သူ့အဖေရဲ့ အကြည့်က ချက်ချင်းဆိုသလို ပြတင်းနားက လီယို့ဆီ ကို ရောက်သွားသည်၊

"မင်းတကယ် မင်းရဲ့ ဂုဏ်သိက္ခာရှိတဲ့ အနာဂတ်ကို မင်း စွန့်လွှတ်ခဲ့ပြီပေါ့!"

ဖခင်က စာရွက်တွေကို ဆန်းဝန်းရဲ့ မျက်နှာဆီ ပစ်ပေါက်လိုက်ရင်း ပြောသည်။ ငါက မင်းကို တည်ငြိမ်တဲ့ လမ်းကြောင်းတစ်ခု ပေးဖို့ ကြိုးစားခဲ့တာ!

"ကျွန်တော် Daddy Company ကိုမလိုချင်ဘူး"

သူ့အဖေဖြစ်သူက လီယို့ဘက် လှည့်လိုက်ရင်း

" မင်း ငါ့သားကို ပိုက်ဆံလိုချင်လို့ ကပ်နေတာလား ဒါဆို ငါပေးမယ် ဘယ်လောက်လဲပြောလိုက် ငါ့သားတက်လမ်းတွေကို လာမပိတ်နဲ့"

" Daddy"

ဆန်းဝန်းဝင်ပြောမယ် အလုပ်မှာ လီယိုက သူ့အဖေနား တိုးလာခဲ့သည် ။သူ သက်ပြင်း သဲ့သဲ့ကို ခပ်ဖွဖွချရင်း

" ကျွန်တော် ဆန်းဝန်းကို ဘာမှ မရှိတော့ရင်တောင် လက်ခံနိုင်ပါတယ် "

ဆန်းဝန်းရဲ့ အဖေဖြစ်သူက Sofa မှာ ထိုင်ချရင်း သက်ပြင်းခပ်ပြင်းပြင်းကိုချကာ ခေါင်းကို တစ်ဆတ်ဆတ်ငြှိမ့်လိုက်သည်။

" ကောင်းပြီလေ တားလို့မှ မရပဲ စောင့်ကြည့်ရသေးတာပေါ့ ဆန်းဝန်း ဘာမှ မရှိတော့ရင်တောင် မင်းတကယ် လက်ခံနိုင်ရဲ့လားဆိုတာ "

စကားကို ခပ်ပြတ်ပြတ်ပြောကာ သူ အိမ်ထဲကနေ ခပ်မြန်မြန်ထထွက်သွားသည်။

သူ့အဖေ ထွက်သွားပြီးနောက် တိုက်ခန်းတစ်ခုလုံးဟာ အစောပိုင်းက ရိုက်ခတ်ခဲ့တဲ့ အခြေအနေကြောင့် အေးစက်ပြီး တိတ်ဆိတ်နေခဲ့သည်။

လီယို အခန်းထောင့်က သူ့ရဲ့ ပန်းချီကားချပ်အနီးမှာ ကျုံ့ပြီးထိုင်ချလိုက်သည်။ သူက ဆန်းဝန်းရဲ့တက်လမ်းကို ဖျက်ဆီးခဲ့သူလား? ဆန်းဝန်းရဲ့အဖေပြောသလို ဂုဏ်သိက္ခာကို ထိခိုက်စေမိပြီလား ။

လီယို သူ့လက်ကို ဆေးစက်တွေနဲ့ ပေကျံနေတဲ့ သူ့ပန်းချီကားပေါ် တင်လိုက်ပြီး မျက်ရည်တွေကို တိတ်တဆိတ် သုတ်လိုက်သည်။ သူ့မျက်လုံးတွေထဲမှာ စိတ်မကောင်းခြင်း နဲ့ အပြစ်ရှိသလို ခံစားရခြင်းတွေ ရောထွေးနေခဲ့သည်။

" လီယို Hyung "

တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ ဆန်းဝန်းရဲ့ လေသံခပ်တိုးတိုးက ဝင်ရောက်လာသည်။ သူ လီယိုထိုင်နေတဲ့ဘက်ကို ဖြည်းဖြည်းချင်း လှမ်းလာသည်။

ဆန်းဝန်းက စကားမပြောဘဲ လီယိုအနားရောက်လာပြီး သူ့ဘေးနား ဒူးထောက်ထိုင်ချလိုက်သည်။ သူ လီယိုရဲ့ ကိုယ်ကို ခပ်ဖွဖွ ထိကာ အနားလေးမှာပဲ ငြိမ်ငြိမ်လေး ထိုင်နေသည်။

" Daddy စကားတွေ အတွက် ကျွန်တော် တောင်းပန်တယ်နော် အကို့အမှားတစ်ခုမှ မရှိပါဘူး တစ်ခြား အတွေး မတွေးပါနဲ့ တစ်ခြားအရာတွေထက် ကျွန်တော်အကို့ကို ပိုလိုအပ်တယ် "

" မင်း ဘာမှ တောင်းပန်စရာ မလိုဘူး ဆန်းဝန်း"လီယို က တိုးတိုးလေး ပြောလိုက်ရင်း အောက်မှာ ထိုင်ချနေတဲ့ ဆန်းဝန်းကို ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။

တင်းကြပ်စွာ ဖက်လာတဲ့ ဆန်းဝန်းရဲ့ လက်တွေကြောင့် သူ ဆန်းဝန်းရဲ့ ပုခုံး အစွန်နားလေးကို ထိကပ် နမ်းလိုက်သည်။အဲ့ဒီနောက် သူ့ရဲ့ လက်ဖဝါးက ဆန်းဝန်းရဲ့ ပခုံးကို အားပေးတဲ့သဘောနဲ့ ညှစ်လိုက်သည်။

-------ညဉ့်နက်တဲ့အထိ လီယိုရဲ့ အခန်းထဲကနေ မီးရောင်တောက်တောက်လေး ထွက်နေဆဲ။ သူ့မျက်လုံးတွေက Laptop ရဲ့ Screen ကို စိုက်ကြည့်နေပြီး အာရုံ စိုက်ထားသည်။

လတ်တလော သူ အသေးစား အချိန်ပိုင်းအလုပ်တစ်ခုကို လက်ခံထားသည်။ အလုပ်က လိုအပ်တဲ့ စာတမ်းတွေကို အပြီးသတ်ဖို့ ညည့်နက်ထိ အလုပ်ရှုပ်နေခြင်း ဖြစ်သည်။

ဆန်းဝန်း ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး လီယိုရဲ့ နောက်ကျောကို စိုက်ကြည့်လိုက်သည်။

"Hyung အလုပ်လုပ်နေတဲ့ ပုံစံက ကြည့်ကောင်းပေမဲ့ အဲ့လောက်ကြီးကြ ဟုတ်သေးဘူးလေ ကျွန်တော် ဗိုက်ဆာနေပြီ "

လီယိုက ခေါင်းကိုသာ ဘယ်ညာ ဖြည်းဖြည်းလှုပ်ပြီး Screen ကို ဆက်ကြည့်နေသည်။

သူ ကုတင်ပေါ်ကနေ ဆင်းလိုက်ပြီး လီယိုရဲ့ အနားကို လျှောက်သွားလိုက်သည်။ လီယိုရဲ့ ပခုံးပေါ် ခေါင်းတင်လိုက်ပြီး မျက်နှာကို လည်ပင်းနားမှာ ပွတ်သပ်လိုက်သည်။

"ဗိုက်ဆာနေပြီလို့ "

ဆန်းဝန်းက မျက်နှာငယ်လေးနဲ့ လီယိုကို စိုက်ကြည့်လိုက်ပြီး သူ့ဗိုက်ကို ပွတ်ပြရင်း ပြောသည်။လီယိုက ခေါင်းကို စောင့်ငဲ့ကာ ပုခုံးပေါ်က ဆန်းဝန်းရဲ့ ပါးပြင်ကို ရွှတ်ခနဲ ဖိကပ်နမ်းချလိုက်သည်။

" ဆောရီးနော် မင်းကို ဗိုက်ဆာအောင် ပစ်ထားမိတာ အခု တစ်ခုခုလိုက်လုပ်ပေးမယ် လာ "

ဆန်းဝန်းက ဖက်ထားရာကနေ လွှတ်လိုက်ပြီး ခြေလှမ်းတွေက လျင်မြန်စွာ လှုပ်ရှားသွားသည်။ သူ မီးဖိုချောင်ဆီကို အမြန် လျှောက်သွားရင်း လေသံလေးနဲ့ သီချင်းတောင် ဟစ်ဆိုလိုက်သေးသည်။

လီယိုက ရေခဲသေတ္တာကို ဖွင့်ပြီး ကြက်ဥ၃လုံးဝက်ပေါင်ခြောက်တစ်ထုပ်ကို ထုတ်လိုက်သည်။သူ ကြက်ဥတွေကို ဇလုံထဲဖောက်ထည့်ပြီး ခက်ရင်းနဲ့ လျင်မြန်စွာ မွှေနေသည်။

လီယိုက ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီနည်းနည်းထည့်လိုက်ရင်း အပူပေးသည် ။ဆန်းဝန်းကတော့ စားပွဲပေါ်ကနေ ဖုန်းသုံးရင်း ထိုင်စောင့်နေသည်။

ဆီပူလာတာနဲ့ ဝက်ပေါင်ခြောက်ပြားတွေကို ဒယ်အိုးထဲကို အစီအရီ ထည့်လိုက်သည်။ဝက်ပေါင်ခြောက်တွေရဲ့ မွှေးပျံ့တဲ့အနံ့ ဟာ အခန်းထဲကို စတင်ပျံ့နှံ့လာသည်။ ဆန်းဝန်းက အနံ့ခံလိုက်ရင်း မျက်လုံးမှိတ်ကာ

" မွှေးနေတာပဲ "

" ခဏလေးပဲစောင့်နော် "

နီညိုရောင် ပြောင်းသွားတဲ့ ဝက်ပေါင်ခြောက်တွေကို သူ ဇွန်းနဲ့ လှန်လိုက်ရင်း ပြောသည်။ ကျန်နေတဲ့ ဆီနည်းနည်းထဲကို မွှေထားတဲ့ ကြက်ဥအရည်တွေကို ဖြည်းညှင်းစွာ လောင်းထည့်လိုက်တယ်။ ကြက်ဥတွေဟာ ပူနေတဲ့ ဒယ်အိုးရဲ့ မျက်နှာပြင်ပေါ်မှာ ပူဖောင်းလေးတွေ အဖြစ် ပေါက်ကွဲသွားပြီး အဝါရောင် ကြက်ဥပြားအဖြစ် လှပစွာ ပုံပေါ်လာသည်။

နောက်ဆုံးမှာတော့ လီယို ဒယ်အိုးကို မီးဖိုပေါ်ကနေ ဖယ်လိုက်ပြီး ကြက်ဥပြားနဲ့ နီညိုရောင် ဝက်ပေါင်ခြောက်တွေကို ပန်းကန်ပြားပေါ်မှာ သေချာ ထည့်သည်။

ဆန်းဝန်းထိုင်နေတဲ့ စားပွဲပေါ်ကို လာချပေးကာ ရေတစ်ခွက်ကိုပါ အသင့်ထည့်ပေးလိုက်သည်။

" ဒါစားထားနော် ကိုယ် အချိုပွဲ ပြင်ပေးမယ် "

ဆန်းဝန်းက ပြုံးပြရင်း ခေါင်းငြှိမ့်ပြသည်။

လီယိုက ရေခဲသေတ္တာထဲက နို့ဆီ တစ်ဘူးနဲ့ ချောကလက်မှုန့် တစ်ထုပ်ကို ထုတ်လိုက်သည်။ပြီးတော့ ပန်းကန်လုံးအသေးနှစ်လုံးထဲကို ရေခဲမုန့်ကို ထည့်လိုက်သည်။

သူ့ရဲ့ လက်ထဲမှာ နို့ဆီဘူးကို ကိုင်ထားပြီး အချိုပွဲပေါ်ကို စက်ဝိုင်းပုံစံ လှည့်ပတ်ပြီး ဆမ်းလိုက်သည်။အဲ့ဒီနောက် ချောကလက်မှုန့်တွေကိုလည်း အပေါ်ကနေ ဖြူးလိုက်သည်။

" ပြီးရင် ဒါလေးစားနော် "

ဆန်းဝန်းက မျက်လုံးတွေ ဝိုင်းစက်သွားပြီး ပန်းကန်လုံးကို နှစ်ဖက်လုံးကနေ လှမ်းယူလိုက်သည်။

" ကျေးဇူးပါ Hyung ဗိုက်တင်းသွားပြီ "

" ဒါဆို ကိုယ် အလုပ်လေး လက်စ သွားသတ်လိုက်ဦးမယ်နော် "

ဆန်းဝန်း ခေါင်းငြှိမ့်ပြလိုက်ကာ စားလက်စကို ဆက်စားနေလိုက်သည်။

-----လီယို သူ့ရဲ့ စာတမ်း အတွက် နောက်ဆုံးတစ်Fileကို ရိုက်ထည့်ပြီး 'Save'ခလုတ်ကို နှိပ်လိုက်တယ်။ နာရီကို ကြည့်လိုက်တော့ ညဉ့်နက် ၂ နာရီ ထိုးနေပြီ။ လီယိုဟာ သူ့ရဲ့ ခုံနောက်မှီကို မှီချလိုက်ပြီး လည်ပင်းကြောတွေကို ဆန့်ထုတ်လိုက်သည်။

ကွန်ပျူတာ Screen ရဲ့ အလင်းရောင်ကို ပိတ်လိုက်ချိန်မှာ အခန်းတစ်ခုလုံးဟာမှောင်မဲ တိတ်ဆိတ်နေသည်။ လီယိုက သူ့ရဲ့ မျက်လုံးတွေ အမှောင်ထဲမှာ အသားကျလာတဲ့အခါမှာတော့ ကုတင်ဘက်ကို လှည့်ကြည့်လိုက်သည်။

ဆန်းဝန်းက မျက်နှာကို ခေါင်းအုံးထဲ ထိုးထည့်ထားပြီး ခန္ဓာကိုယ်ကို စောင်အောက်မှာ ကွေးထားသည်။ လက်တစ်ဖက်က အပေါ်ဘက်ကို ဆန့်ထားသည်။

လီယို တိတ်ဆိတ်စွာပဲ ကုတင်နားကို လျှောက်သွားလိုက်သည် ။ သူက ဆန်းဝန်းကို အသေအချာ ကြည့်လိုက်တော့ ဆန်းဝန်းရဲ့ မျက်ခုံးအစုံဟာ နည်းနည်းလေး တွန့်ချိုးနေဆဲ။

လီယိုက ညင်သာစွာ ဆန်းဝန်းရဲ့ ကုတင်ဘေးမှာ ထိုင်ချလိုက်ပြီး ဆန်းဝန်းရဲ့ ဆံပင်တွေကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

" ကောင်းကောင်းအိပ် ကလေးလေး " လီယိုက တိုးတိုးလေး ရေရွတ်လိုက်သည်။

သူက ဆန်းဝန်းကို ပွတ်သပ်ပေးနေစဥ်မှာပဲ ဆန်းဝန်းရဲ့ မျက်နှာက အနည်းငယ် ပြေလျော့သွားပြီး ငြိမ်သက်တဲ့ အပြုံးလေးတစ်ခုကို ဖြတ်ခနဲ မြင်လိုက်ရသည်။လီယို ဆန်းဝန်းကို စောင်သေချာခြုံပေးလိုက်ပြီး သူကိုယ်တိုင် အိပ်ရာရဲ့ တစ်ဖက်ခြမ်းကို လှဲချလိုက်သည်။

အနည်းငယ် လှုပ်ရှားလာတဲ့ ကောင်လေးကို သူ့လက်မောင်းတွေအောက် လီယို ထည့်ဖက်ထားလိုက်ရင်း ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးနေသည်။

လီယို အိပ်ရာဘေးမှာ လှဲချပြီး အချိန်အနည်းငယ်ကြာတော့ မျက်လုံးတွေက ညအမှောင်နဲ့ ပိုပြီး အသားကျလာသည်။ သူ ခေါင်းအုံးနဲ့ အနည်းငယ်ကွာတဲ့ နေရာကနေ ငြိမ်သက်စွာ အိပ်ပျော်နေတဲ့ ဆန်းဝန်းရဲ့ မျက်နှာကို စိုက်ကြည့်နေမိသည်။

အခန်းပြတင်းပေါက်ကနေ ဝင်လာတဲ့ လမ်းမီးရောင် မှိန်ပြပြနဲ့ လရဲ့ ငွေရောင်အလင်းက ဆန်းဝန်းရဲ့ မျက်နှာပေါ်ကို ညင်သာစွာ ကျရောက်နေသည်။ အလင်းရောင်ကြောင့် ဆန်းဝန်းရဲ့ ဖြူစင်တဲ့ အသားအရေဟာ ပိုပြီး နုဖတ်နေပုံ ။

လီယို ဆန်းဝန်းရဲ့ ပါးပြင်ပေါ်က ကျရောက်နေတဲ့ မှောင်ရိပ်တွေကို စိုက်ကြည့်နေမိသည်။ ဆန်းဝန်းရဲ့ ရှည်လျားတဲ့ မျက်တောင်ကော့ကော့ လေးတွေဟာ သူ့ရဲ့ ပါးပြင်ပေါ်မှာ သေးငယ်တဲ့ မှောင်ရိပ်လေးတွေ ဖြစ်နေသည်။

သူ့ရဲ့ လက်တွေကလှုပ်ရှားသွားပြီး ဆန်းဝန်းရဲ့ နဖူးနားက ဆံပင်တွေကို ညင်သာစွာ သပ်တင်ပေးလိုက်သည်။ သူ့ မျက်လုံးတွေကဆန်းဝန်းရဲ့ အနည်းငယ် ပွင့်ဟနေတဲ့ နှုတ်ခမ်းကိုပဲ အာရုံစိုက်မိနေခဲ့သည်။

သူဟာ တဖြည်းဖြည်းချင်း ကိုယ်ကို ငုံ့လိုက်သည်။ လီယိုရဲ့ နှုတ်ခမ်းဟာ အိပ်ပျော်နေတဲ့ ဆန်းဝန်းရဲ့ နှုတ်ခမ်းကို ညင်သာစွာ ထိတွေ့လိုက်သည်။

ဆန်းဝန်းရဲ့ နှုတ်ခမ်းတွေကို ပြင်းထန်စွာ ဖိကပ်နမ်းလိုက်တော့ အိပ်ပျော်နေတဲ့ ဆန်းဝန်းက 'အင်း' ဆိုတဲ့ ညည်းသံလေး ထွက်လာပြီး ခေါင်းအုံးထဲမှာ ခေါင်းက အနည်းငယ် ရွေ့လျားသွားသည်။

လီယိုက သူ့လက်တစ်ဖက်နဲ့ ဆန်းဝန်းရဲ့ ပါးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နမ်းရှုံ့မှုကို ပိုမို နက်ရှိုင်းစေလိုက်သည်။

လီယို အသက်ရှူဖို့အတွက် သူ့နှုတ်ခမ်းတွေကို ခွဲလိုက်ပြီး ဆန်းဝန်းရဲ့ မျက်နှာနားမှာပဲ နဖူးချင်းအပ်ပြီး အသက်ရှူနေမိသည်။ ဆန်းဝန်းရဲ့ အသက်ရှူသံက ပုံမှန် မဟုတ်တော့ဘဲ ပိုမိုလေးလံ လာခဲ့ပြီ။

ဆန်းဝန်း မျက်လုံးကို မဖွင့်သေးပဲ လှုပ်ရှားလာပြီး လီယိုရဲ့ တီရှပ်ကို ပွတ်သပ် လိုက်သည်။တစ်ဆက်တည်း ဆန်းဝန်းရဲ့ လက်တစ်ဖက် ဟာ ရုတ်တရက်ဆိုသလို အရှိန်နဲ့ လီယိုရဲ့ လည်ပင်းနောက်ကနေ လှမ်းဆွဲလိုက်သည်။

ဆန်းဝန်းရဲ့ မျက်လုံးတွေ ညအမှောင်ကြားကနေ တဖြည်းဖြည်းချင်း ဖွင့်လာခဲ့ပြီး ဆန်းဝန်းရဲ့ နှုတ်ခမ်းတွေဟာ လီယိုရဲ့ နှုတ်ခမ်းတွေကို ပြန်လည် ထိကပ်လာခဲ့သည်။

လီယို့ ရဲ့ လက်တစ်ဖက်က ဆန်းဝန်းရဲ့ ဆံပင်တွေကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး နမ်းရှုံ့မှုကို အရှိန်မြှင့်လိုက်သည်။

နောက်တော့ ဆန်းဝန်းက ညင်သာစွာ ခွာလိုက်ပြီး လီယိုရဲ့ မျက်လုံးတွေကို စူးစူးစိုက်စိုက် ကြည့်လိုက်တယ်။ ဆန်းဝန်းရဲ့ မျက်နှာဟာ ညအမှောင်ကြားမှာ အရင်ကထက် ပိုပြီး တည်ကြည်လှပ နေဆဲ ။

" ချစ်တယ်နော် ဆန်းဝန်းနားးး"

ဆန်းဝန်းက ပြုံးလိုက်ပြီး လီယို့ရဲ့ လက်ကို ဆုပ်ကိုင်လိုက်သည်။

" ကျွန်တော်လည်း လီယို hyung ကိုချစ်တယ် "

ဆန်းဝန်းက ခေါင်းငုံ့လိုက်ပြီး လီယိုရဲ့ ရင်ခွင်ထဲကို မျက်နှာအပ်လိုက်သည်။ ညဟာ နက်သထက်နက်ပြီ။

လီယို အချိန်ဆွဲမနေတော့ဘဲ သူ့ရဲ့ နှုတ်ခမ်းတွေကို ဆန်းဝန်းရဲ့ နှုတ်ခမ်းတွေဆီ တတိယအကြိမ် ထပ်မံ ဖိကပ်လိုက်သည်။

သူ ဆန်းဝန်းရဲ့ အောက်နှုတ်ခမ်းကို ညင်သာစွာ ဖိကိုက်လိုက်ပြီး ဆန်းဝန်းရဲ့ ပါးစပ်ကို ဖွင့်လာအောင် လုပ်သည်။ ဆန်းဝန်းကလည်း ချက်ချင်းဆိုသလို တုံ့ပြန်လိုက်ပြီး လီယိုရဲ့ နမ်းရှုံ့မှုကို ပိုမိုနက်ရှိုင်းတဲ့ အနမ်းတစ်ခုဆီ ဦးဆောင်သွားခဲ့သည်။

သူတို့နှစ်ဦးရဲ့ အသက်ရှူသံတွေဟာ တစ်ဦးနဲ့တစ်ဦး ရောထွေးသွားပြီး နွေးထွေးတဲ့ အငွေ့အသက် တွေက အခန်းတွင်း ပျံ့နှံ့နေသည်။ လီယိုရဲ့ လက်တစ်ဖက်က ဆန်းဝန်းရဲ့ ပါးပြင်ကနေ လည်ပင်း ပြီးတော့ ပခုံးဆီကို ညင်သာစွာ ပွတ်သပ်ဆင်းသွားခဲ့သည်။

ဆန်းဝန်းရဲ့ လက်တွေက လီယိုရဲ့ နောက်ကျောကို ဖက်တွယ်လိုက်ပြီး လီယိုရဲ့ တီရှပ်သား အောက်က နွေးထွေးမှုကို ခံစားလိုက်ရသည်။ နှုတ်ခမ်းချင်း ခွာလိုက်ချိန်မှာတော့ စိုစွတ်ပြီး နက်ရှိုင်းတဲ့ အနမ်းသံ ဟာ တိတ်ဆိတ်တဲ့ အခန်းထဲမှာ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

အသက်ရှူဖို့အတွက် ခဏတာ ရပ်နားလိုက်တဲ့အခါ သူတို့နှစ်ဦးလုံးရဲ့ နဖူးတွေဟာ ထိကပ်နေဆဲ။ မျက်လုံးတွေက တစ်ဦးကိုတစ်ဦး ကြည့်နေပေမဲ့ စကားလုံးတွေ မရှိခဲ့ ။ လီယို့ ရဲ့ မျက်ဝန်းတွေထဲမှာ စူးရှတဲ့ ဆန္ဒ တစ်ခုကို ဆန်းဝန်း မြင်လိုက်ရသည် ။

ဆန်းဝန်းက အသံလွင်လွင်လေးနဲ့ တစ်ခစ်ခစ် ရယ်မောလိုက်ရင်း လီယိုရဲ့ နှုတ်ခမ်းကို သူ့နှုတ်ခမ်းနဲ့ ခပ်ဖွဖွ ပြန်ထိလိုက်သည်။

လီယိုက ဆန်းဝန်းရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရင်ဘတ်ပေါ် တင်လိုက်သည်။

" မင်းမှာ ဘာတွေပဲ ဖြစ်လာလာ ကိုယ်ရှိတယ်နော် ဆန်းဝန်း ။ ဘာမှ မရှိတော့ရင်တောင် ကိုယ့်ကို အားကိုးလို့ရတယ် "

ဆန်းဝန်းက ရယ်မောလိုက်သည်။

" Superman လားဗျ"

လီယိုက ပြန်ရယ်မောရင်း ဆန်းဝန်းကို ရင်ခွင်ထဲကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး စောင်ကို ခေါင်းအုံးအောက်ထိ ဆွဲယူလိုက်သည်။

အပြင်ဘက်က လမ်းမီးရောင်ဟာ ပြတင်းပေါက်ကနေ ဝင်လာပြီး သူတို့နှစ်ဦးကို အရိပ်နှစ်ခု အဖြစ် နံရံပေါ်မှာ ပုံဖော်ပေးနေသည်။

ကုတင်ဘေးက စားပွဲပေါ်မှာတော့ ခွက်ထဲက ချောကလက်အချိုပွဲ အကြွင်းအကျန်တွေက ညအိပ်ရာဝင် အမှတ်တရလေးတစ်ခုအဖြစ် ကျန်နေဆဲ။

လီယိုဟာ ဆန်းဝန်းကို ပိုပြီး နွေးထွေးအောင် ဖက်လိုက်ပြီး မျက်လုံးမှိတ်လိုက်သည်။

ထိုစဥ်မှာပဲ ပြတင်းပေါက်အပြင်ဘက်က တိတ်ဆိတ်ခြင်း ကို ဖောက်ခွဲလိုက်တဲ့ အသံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

နွေရာသီရဲ့ မိုးစက်တွေဟာ ခေါင်မိုးနဲ့ ပြတင်းမှန်တွေကို စတင်ရိုက်ခတ်လာခဲ့ပြီ။ အစပိုင်းမှာတော့ ဖြည်းညှင်းစွာ စတင်ခဲ့ပြီးမကြာမီမှာပဲ အားပြင်းတဲ့ မိုးသံ အဖြစ်ကို ပြောင်းလဲသွားသည်။

ဆန်းဝန်းဟာ လီယိုရဲ့ ရင်ခွင်ထဲမှာ ခေါင်းကို ပိုပြီး မှီချလိုက်သည်။ သူ့ရဲ့ မျက်လုံးတွေက အပြင်ဘက်က မိုးသံကို နားထောင်နေပုံရသည်။

"မိုးရွာနေပြီ..." ဆန်းဝန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

ဆန်းဝန်းက သူ့ရဲ့ မျက်နှာကို လီယိုရဲ့ လည်ပင်းနားမှာ ပွတ်သပ်လိုက်သည်။ သူ့ရဲ့ အသက်ရှူသံက ပုံမှန် ပြန်ဖြစ်လာခဲ့ပြီ။

" အိပ်တော့နော် အယ်ဂီ "

လီယိုတိုးတိုးလေးပြောကာ ဆန်းဝန်းကို ပိုတိုး၍ ဖက်လိုက်သည်။

ရွာချနေတဲ့ မိုးသံဟာနားဝင်ချိုလာတဲ့အခါ လီယိုနဲ့ ဆန်းဝန်း အတူ မျက်လုံးမှိတ်ပြီး ငြိမ်းချမ်းစွာ အိပ်စက်ခြင်းဆီကို လိုက်ပါသွားခဲ့သည်။ မနက်ဖြန် မိုးစဲသွားတဲ့အခါ သူတို့ရဲ့ ဘဝအသစ် ကလည်း စတင်လာပါတော့မည် ။

------

The End 🫶🏻 အပိုင်းတိုင်းကို ခံစားပြီး လိုက်ဖတ်ပေးကြတဲ့ တစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ် လိုအပ်နေတဲ့ အရေးအသားတွေပါရင်လည်း စိတ်ရင်းနဲ့ တောင်းပန်ပါတယ်နော် တာ့တာ ။

There are no comments yet. Log in to be the first to leave a review!

Similar stories