Fanfics

18

21:41, 5 October 2025

လီယို တစ်ယောက် ရုတ်တရက် လန့်နိုးလာချိန်မှာ အခန်းတစ်ခုလုံးက ညရဲ့တိတ်ဆိတ်ငြိမ်သက်မှုအောက်မှာ မှောင်မိုက်လို့နေသည်။

သူ့နားထဲမှာ သွေးခုန်သံသံမှလွဲလို့ တခြားအသံမရှိ။ လီယိုက သူ့ ဘေးဘက်ကို အသာအယာ ငုံ့ကြည့်လိုက်သည်။ သူ့ရဲ့ လက်မောင်းပေါ်မှာ ခေါင်းအုံးပြီး အိပ်ပျော်နေတဲ့ ဆန်းဝန်းကတော့ အသက်ရှူသံမှန်မှန်နဲ့ ငြိမ်သက်လို့နေသည်။

ပြတင်းပေါက်ကနေ မှိန်ဖျော့ဖျော့ ဖြာကျလာတဲ့ လရောင် က ဆန်းဝန်းရဲ့ မျက်နှာပေါ်ကို သိမ်မွေ့စွာ ထင်ဟပ်နေသည်။ ဖြောင့်စင်းနေတဲ့ နှာတံ တစ်လျှောက် သူဖြေးဖြေးလေး ထိမိသည်။သူ့ရဲ့ မျက်နှာသွင်ပြင်တွေဟာ ငြိမ်းချမ်း ပြီး အပြစ်ကင်းစင်လွန်းနေသည်။

နှုတ်ခမ်းအစွန်းလေးတွေက အနည်းငယ် ကွေးညွတ်နေသယောင် ထင်ရပြီး အသက်ရှူသံ နူးနူးညံ့ညံ့ လေးက လီယိုရဲ့လက်မောင်းနဲ့ ရင်ဘတ်အနီးနားကနေ ပုံမှန် စည်းချက်တစ်ခုလို ထွက်ပေါ်နေသည်။

လီယို လှုပ်ရှားလိုက်ရင် သူ နိုးသွားမှာစိုးတာမို့မလှုက်မယှက်ဖြင့်သာ သူ့ကို ငုံ့မိုး၍ ကြည့်နေမိသည်။

သူ့ကို ငုံ့ကြည့်နေရင်း လီယိုရဲ့ နှလုံးသားတစ်ခုလုံး စည်းချက်မညီစွာ တစ်ဒိတ်ဒိတ်ခုန်လာသည်။လီယို အိပ်ပျော်နေတဲ့ ဆန်းဝန်းရဲ့ နဖူးပြင်ကို ဖြာကျနေတဲ့ ဆံပင်စလေးတွေကို လက်ဖျားနဲ့ အသာအယာ ဖယ်ရှားလိုက်သည်။

လီယိုက သူ့ခန္ဓာကိုယ်ကို အနည်းငယ် ငုံ့ကိုင်းလိုက်ပြီး အနီးကပ်ဆုံးနေရာကနေ ဆန်းဝန်းရဲ့ မျက်နှာကို စူးစိုက်ကြည့်လိုက်သည်။

စိတ်မထိန်းနိုင်ခင်မှာပင် သူ့နှုတ်ခမ်းဖျားဟာ ဆန်းဝန်းရဲ့ နူးညံ့တဲ့ နှုတ်ခမ်း တွေကို စတင် ထိတွေ့လိုက်သည်။ အဲဒီထိတွေ့မှုဟာ နှင်းစက်ကလေးတစ်စက်လို နူးညံ့ ပြီး လျှပ်စစ်စီးဆင်းသွားသလိုမျိုး နွေးထွေးမှု တစ်ခုက လီယိုရဲ့ ခန္ဓာကိုယ်ထဲကို ချက်ချင်း စီးဝင်သွားသည်။

လီယိုက အနမ်းကို ဆွဲမခွာသေးဘဲ ခဏတာ ရပ်တန့်ထားရင်း ဆန်းဝန်းရဲ့ အောက်နှုတ်ခမ်းဖျားကို အသာအယာ ဖိကိုက်ထားမိလိုက်သည်။

ဒီအနမ်းကြောင့် ဆန်းဝန်းဟာ အနည်းငယ် လှုပ်ရှားသွားပြီး ညည်းသံလေး ပိစိကွေးလေး ထွက်ပေါ်လာတာကို သူကြားလိုက်ရသည်။

ပွင့်လာတဲ့မျက်လုံးတွေကြောင့် လီယိုနောက်ကိုအနည်းငယ် လန့်၍ ဆုတ်မိလိုက်သည်။ပြန်လည် ယှက်နွယ်လာတဲ့ ဆန်းဝန်းရဲ့ လက်တွေက လီယို့ရဲ့ လည်ပင်းမှာ နေရာယူလာသည်။

လီယို ခဏကြောင်ကြည့်နေမိသည်။ ဆန်းဝန်းက ခေါင်းကို ကြွလိုက်ရင်း လီယို့ရဲ့ နှုတ်ခမ်းကို ဖြတ်ခနဲ ထိကပ် နမ်းလိုက်သည်။

ဆန်းဝန်း၏ နဖူးကို သူထပ်မံ နူးညံ့စွာ နမ်းရှိုက်ပြီးနောက်လီယို၏ ရင်ထဲတွင် တိတ်ဆိတ်ငြိမ်သက်မှုထက် ပိုမိုပြင်းပြသော တောင်းဆိုမှု တစ်ခု ချက်ချင်း ပေါ်ပေါက်လာသည်။ ညဉ့်၏ မှောင်မိုက်မှု အေးစက်မှုနှင့် သူတို့နှစ်ဦးကြားက နီးကပ်လွန်းသော အနေအထားတို့သည် လီယို၏ စိတ်ဆန္ဒများကို မီးတိုက်လိုက်သလို ဖြစ်သွားသည်။

လီယို နောက်တစ်ကြိမ် ငုံ့ကိုင်းလိုက်ပြီး ယခုတစ်ကြိမ်တွင် နူးညံ့မှုမရှိတော့။ သူ့နှုတ်ခမ်းများသည် ဆန်းဝန်း၏နှုတ်ခမ်းများကို ချက်ချင်း သိမ်းပိုက် လိုက်သည်။ အနမ်းသည် ပြင်းထန်သော်လည်း နူးညံ့သည်။

လီယို နောက်ပြန်မဆုတ်တော့ဘဲ သူ့ရဲ့ အနမ်းကို ပိုမိုနက်ရှိုင်း စေရန် တောင်းဆိုလိုက်သည်။ လီယို၏ လက်တစ်ဖက်သည် ခေါင်းအုံးပေါ်ရှိ ဆန်းဝန်း၏ ဆံပင်များကို ဆုပ်ကိုင် လိုက်ပြီး သူ့ရဲ့ဦးခေါင်းကို သူ့အနမ်းထဲသို့ ပို၍ နစ်မြုပ်စေရန် ခေါင်းအုံးထဲ ဖိချလိုက်သည်။

သူတို့နှစ်ဦးရဲ့ အသက်ရှူသံတွေ ပြင်းထန်မြန်ဆန် လာပြီး ည၏ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ အသံများထွက်ပေါ်လာသည်။

ဆန်းဝန်းရဲ့ လက်များသည် လီယို့ ကျောပြင် ပေါ်သို့ ရောက်ရှိလာပြီး အင်္ကျီအောက်မှ ကြွက်သားများကို တင်းကျပ်စွာဖမ်းဆုပ်ကိုင်လိုက်သည်။ နွေးထွေးပြီး စိုအိနေတဲ့ အထိအတွေ့တွေက သူတို့နှစ်ဦးကြား ပိုပြီး ပြင်းထန်နေခဲ့ပါသည်။

ညဉ့်နက်ကြီးရဲ့ အေးစက်တဲ့ တိတ်ဆိတ်မှုကို ပြင်းထန်တဲ့ အသက်ရှူသံ တွေနဲ့ ဖြိုခွဲနေသယောင်။

ဆန်းဝန်း လီယို့ရဲ့ ကျောပြင်ကို အားရပါးရ ဆုပ်ကိုင် ထားဆဲ။လီယိုက အနမ်းကို ဖြတ်တောက်လိုက်ပြီး သူ့ရဲ့ နားရွက်ဖျား နားကို တိုးကပ်ကာ ပူနွေးတဲ့ လေပူ တွေနဲ့ သူ့နာမည်ကိုတိုးတိုးလေး ရေရွတ်လိုက်သည်။

"ဆန်းဝန်း..."

ဆန်းဝန်းဟာ ဘာမှ ပြန်မပြောဘဲ ညည်းသံနက်နက် တစ်ခုကိုသာ ထုတ်လိုက်ပြီး လီယို့ ဆံပင်တွေကို ဆုပ်ကိုင်ကာ သူ့နှုတ်ခမ်းတွေကို အလျင်အမြန် ပြန်လည် တောင်းဆို လိုက်တော့သည်။ ဒီအနမ်းဟာ အစောပိုင်းကလို ကြမ်းတမ်းပေမဲ့ သံယောဇဉ် တွေ ရောထွေးနေတဲ့ အရိုင်းဆန်တဲ့ မေတ္တာဖော်ပြချက် တစ်ခု ဖြစ်နေခဲ့သည်။

----

စိတ်ခံစားမှုများ ငြိမ်သက်သွားပြီးနောက် အိပ်ခန်း သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။ ပြတင်းပေါက်မှတစ်ဆင့် မနက်ခင်း နေရောင်ခြည်နွေးနွေး တစ်စင်း စတင် ဖြာကျလာသည်။

လီယို ပက်လက်လှန်ရင်း မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ပထမဆုံး မြင်လိုက်ရသည်မှာ သူ့ ရင်ဘတ်ပေါ်တွင် ခေါင်းတင် ကာ အေးချမ်းစွာ အိပ်ပျော်နေသော ဆန်းဝန်း ၏ ဆံပင်နက်နက်များပင်။ သူ့ရဲ့ မျက်နှာသွင်ပြင် တွင် ညက အဖြစ်အပျက်တွေရဲ့ ပင်ပန်းနွမ်းနယ်မှု နှင့် ကျေနပ်မှု တို့ ရောထွေးနေသည်။

သူ့လက်တစ်ဖက်သည် လီယို၏ ခါးကို အတင်းဖက်တွယ် ထားဆဲ။ လီယို သူ့ရဲ့ နူးညံ့သော ပခုံးတစ်ဖက်ကို အသာအယာ ဖိထားရင်း ညက အဖြစ်အပျက်တွေကို ပြန်တွေးနေမိသည်။

လီယို ဆန်းဝန်းကို အနှောင့်အယှက် မပေးလိုသောကြောင့် ဖြည်းညှင်းစွာ လှုပ်ရှားလိုက်သည်။ ဆန်းဝန်းရဲ့ နဖူးထက် ခပ်ဖွဖွ နမ်းလိုက်သည်။ဆန်းဝန်း မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်ဝန်းများက လီယိုကို အပြုံးချိုချိုလေး ဖြင့် တုံ့ပြန်လိုက်သည်။

"နေမြင့်နေပြီလား"

အသံက အိပ်ချင်မူးတူးဖြင့် တိုးတိတ် နေသည်။လီယိုက ပြုံးလိုက်ပြီး သူ့ ဆံပင်များကို ဖွဖွလေး ပွတ်သပ်လိုက်သည်။

"အင်း... ၉နာရီကျော်နေပြီ ဂေဟာသွားရမှာ"

ဆန်းဝန်းမျက်လုံးတွေကို လက်ဖြင့် ပွတ်လိုက်ရင်း ကုတင်ပေါ်မှ ထထိုင်လိုက်သည်။

သူ့ရဲ့ ညဝတ်အင်္ကျီပါးလေးဟာ တစ်ကိုယ်လုံးမှာ တွန့်ကြေလျက်ရှိပြီး ပခုံးတစ်ဖက်ကနေ လျှောကျနေသည်။ နဖူးပေါ်မှာ ဝဲကျနေတဲ့ ဆံပင်အချို့ဟာ အိပ်ရာနွေးငွေ့ကြောင့် ကပ်ညှိနေပြီး တစ်ဖက်က ဆံပင်ရှည်တွေကတော့ ခေါင်းအုံးရဲ့ဖိအားကြောင့် ပုံစံမကျဘဲ ဖရိုဖရဲ ဖြစ်နေသည်။

လီယို့ ကတော့ အိပ်ရာရဲ့ ဘေးမှာရှိတဲ့ အသေးစားစာကြည့်စားပွဲနားက ထိုင်ခုံမှာ ထိုင်လျက်သား။သူက လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကတည်းက နိုးနေခဲ့တာ ဖြစ်ပြီး ဆန်းဝန်းရဲ့ နှေးကွေးလေးလံတဲ့ နိုးထခြင်း အစီအစဉ် ကို စိတ်ရှည်လက်ရှည် စောင့်ကြည့်နေခဲ့သည် ။

လီယို နှုတ်ခမ်းများကော့တက်သွားသည်အထိ ပြုံးမိသည်။

ဆန်းဝန်း သန်းဝါးလိုက်တိုင်း လက်ဆန့်တန်းလိုက်တိုင်းမှာ လီယို ခေါင်းအသာအယာညိတ်ပြပြီး သဘောကျတဲ့ အမူအရာကို ပြသနေသည်။

လီယို စားပွဲပေါ်ကအသင့်ရှိတဲ့ ရေကို ဖန်ခွက်ထဲကနေ အသာအယာယူပြီး တစ်ငုံသောက်လိုက်သည်။ ဆန်းဝန်းက အိပ်ရာပေါ် ဘုတ်ခနဲ ပြန်လှဲချလိုက်သည်။ ထို့နောက်မှာတော့ လီယို့ ရဲ့ နှုတ်ခမ်းထောင့်စွန်းတွေက ပိုမိုမြင့်တက်သွား ပြီး

"ကလေးလေး နောက်ထပ် ဘယ်နှစ်မိနစ်လောက် အိပ်ချင်သေးတာလဲ "

ထူးထူးဆန်းဆန်း အခေါ်အဝေါ်ကြောင့် ဆန်းဝန်း သူ့အား ဆတ်ခနဲ ခေါင်းလှည့်ကြည့်လိုက်သည်။

" ဟင် ကြက်သီးထအောင်လို့ ဘယ်လိုခေါ်လိုက်တာ"

ဆန်းဝန်းက သူ့ဘာသာလက်တွေကို ပွတ်သတ်ရင်း ရယ်စစဖြင့်ပြောလာသည်။

" ဒါဆိုကလေးလေးလိုလုပ်မနေပဲ ထတော့ "

" ခုထမှာပါနော်"

ဆန်းဝန်း ကုတင်ပေါ်ကနေ ကောက်ထပြီး ရေချိုးခန်းဆီ ဦးတည်၍ သွားလိုက်သည်။

လီယို ဆန်းဝန်းရဲ့ ကြောပြင်ကိုငေးကာခပ်ဖွဖွ ထပ်ပြုံးမိလိုက်ပြန်ပါသည်။

------

ဆက်ရန်။ချိုတာလေး ရေးပေးထားတယ် ဟာဟ 🫶🏻

There are no comments yet. Log in to be the first to leave a review!

Similar stories