5
17:12, 9 September 2025၃ရက်မြောက်နေ့ မနက်။
အားလုံးကပြန်ဖို့ အတွက် ပစ္စည်းတွေနေရာချပြီးကားပေါ်အသီးသီးတက်ကြသည်။ အပြန်တွင်လည်း အလာတုန်းကအတိုင်းပင် ဝင်ထိုင်လိုက်ကြပြီး အပြန်ခရီးကို စတင်လိုက်သည်။
တောင်ပေါ်လေက လတ်ဆတ်နေပြီး မြင့်မားလွန်းတဲ့ထင်းရှူးပင်တွေ တောင်ကုန်းတွေကွေ့ကောက်နေတဲ့ လမ်းများကို ပတ်ရင်း ညနေခင်း နေရောင်အောက်တွင် ကားလေးက အေးဆေးစွာ မောင်းနှင်နေ၏ ။ ပြတင်းပေါက်များမှတစ်ဆင့် အေးမြသောလေနုအေးသည် တောရိုင်းပန်းများနှင့် ထင်းရှူးပင်တို့၏ ရနံ့သင်းသင်းတို့နှင့်အတူ သယ်ဆောင်လာ၏ ။
ဆန်းဝန်း ထိုင်ခုံတွင် နောက်ပြန်မှီကာ လေထဲလွင့်နေတဲ့ လီယိုရဲ့ ဆံပင် ၊ နေရောင်ခြည်နဲ့အတူ တောက်ပနေတဲ့ သူ၏ပါးပြင်များကို စိုက်ငေး ကြည့်နေမိ၏။ သူ့ ကို တိုးတိုးလေး စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်က အပြုံးကိုတော့ ဖုံးကွယ်ထားနိုင်ခဲ့ပါ သည် ။
"ကြည့်ရတာ ပျော်နေပုံပဲ အကို "
ဆန်းဝန်းက လီယိုကို မေးလိုက်သည် ။
သူ ခေါင်းငုံ့ကာ ပြန်ပြုံးပြသည်။
"ဒီဂေဟာရောက်မှ ခရီးထွက်ဖူးတာလေ"
လီယို ဘာမှထပ်မပြောတော့ပဲ တိတ်ဆိတ်သွားသည်။ ဆန်းဝန်းက သူ့အား ခဏအကြာ စိုက်ကြည့်ပြီးနောက် ခေါင်းကို ထိုင်ခုံအနောက်ဖက်ကို မှီချလိုက်သည်။
လမ်းသည် သိသိသာသာ ကွေ့ကောက်ကာ အောက်ဘက်ချိုင့်ဝှမ်းထဲ နိမ့်ကျသွားမလို ဖြစ်သွားတဲ့အတွက် ဆန်းဝန်းရဲ့ ခန္ဓာကိုယ်လေးက လီယို ရဲ့ လက်တွေကြား ဝင်ရောက်မိသား ဖြစ်သွားသည်။
လီယို တွန်းလဲမတွန်းမိသလို လက်တွေကိုလည်း ဖယ်လိုက်ခြင်းမရှိပါ ။
"ရရဲ့လား "
မော့ကြည့်လာတဲ့ မျက်ဝန်းလက်လက်တွေကို သူတစ်အံ့တဩငေးမောနေမိစဉ်မှာပင် ထိုကောင်လေးက သူ့လက်ထဲမှ ရုန်းထွက်နေပြီး ဖြစ်သည် ။
" ကားပေါ်က ခဏဆင်းပေးကြနော် "
တာဝန်ခံက ကားကိုစစ်ဆေးရမှာ ဖြစ်တဲ့အတွက် အားလုံးကိုကားပေါ်က ဆင်းစေလိုက်သည် ။
ကားနှင့် မလှမ်းမကမ်း ခပ်လှမ်းလှမ်းမှာ သူတို့ လမ်းဆင်းလျှောက်ကြသည် ။ ကောင်းကင်ကြီးသည် နွေးထွေးနေပြီး လေထုသည်လည်း ငြိမ်သက်နေသည် ။ မိုးချုပ်ကာစ ဖြစ်နေပြီမို့ ကောင်းကင်တွင် ကြယ်များကလည်း ဟိုတစ်စဒီတစ်စ ထွက်နေလေပြီ ။
ရှေ့တွင် မှိန်ပြပြ မီးတုတ်များကိုတောင်ပေါ်တစ်နေရာတွင် တွေ့လိုက်ရ၏ ။
ဆန်းဝန်း ထိုနေရာတွင် ရပ်ကာ ငြိမ်သက်စွာ ကြည့်နေ၏။
" မြို့တွေမှာ မီးတုတ်တွေ မသုံးကြဘူးနော် "
" အင်း လျှပ်စစ်မီး ရလို့နေမယ် "
" ကျွန်တော်ငယ်ငယ်တုန်းက အခန်းအလှဆင်တဲ့နေရာမှာ ဖယောင်းတိုင်မီး သုံးခဲ့ရဖူးတယ် အဖွားရဲ့ အိမ်ကိုတောင်လွမ်းသွားတယ် "
ဆန်းဝန်းငယ်ငယ်က အဖွားနဲ့ အတူကြီးပြင်းခဲ့ရပြီးအရွယ်ရောက်မှ မိသားစုနဲ့ အတူပြန်နေခြင်းဖြစ်သည်။ အဖွားက ချမ်းသာသော်လည်း ရှေးရိုးဆန်တာမို့ ခေတ်ပေါ် ပစ္စည်းများထက် ရှေးဆန်တဲ့မီးအိမ်တို့ ဖယောင်းတိုင်တို့ကို ထွန်းထားလေ့ရှိတယ်။
"တစ်ခေါက်တော့ သွားလည်ဦးမှပဲ"
လီယိုက ခေါင်းကို ဆတ်ဆတ်ငြှိမ့်၍သာ ပြန်ပြုံးပြလာသည်။
အဲ့ဒီနောက်မှာတော့ ကားပြန်ရသွားပြီဆိုတဲ့ အသံကြောင့် သူတို့ ကားပေါ်ပြန်တက်ခဲ့ကြသည် ။
မှောင်မည်းနေတဲ့ ကောင်းကင်မှာ ပိုများ တဲ့ ကြယ်လေးတွေ ပေါ်လာပြီး တိမ်တွေကြား ဝင်လိုက်ထွက်လိုက် လှပနေကြသည် ။
--------------------[Leo's Pov]
မနက်က ဂေဟာကို လူသစ်ရောက်လာတဲ့အတွက် ညနေဘက် Duty ထွက်ချိန်တွင် Welcome Party လုပ်ကြမည် ဖြစ်သည် ။ အားလုံးက ပြင်ဆင်ထားသည့်ဆိုင်အတွင်း ဝင်ထိုင်လိုက်ကြသည် ။ လူကတော့ ၅ယောက် ၆ယောက်လောက်သာ ရှိသည် ။
ဆိုင်အတွင်းက ကျဉ်းပေမဲ့ အပြင်အဆင်ကတော့ မဆိုးလှ ။ အေးအေးဆေးဆေးလည်း ရှိပြီး အစားအသောက်အရသာလည်း ကောင်းသည် ။အားလုံးပြန်ဖို့လမ်းသင့်တဲ့ဆိုင်မို့ ဒီဆိုင်ကိုသာ ရွေးလိုက်ကြ ခြင်းဖြစ်သည် ။
"လီယို ဆူဟို့ ကို သွားခေါ်ပေးလို့ရလား သူဒီနေရာမသိဘူး "
တာဝန်ခံက မျက်စ ပစ်ပြလိုက်ပြီး ကျွန်တော့်အားပြောလိုက်သည် ။
" အစ်ကို နဲ့ အတူပါလာမယ် ထင်တာ "
"သူအလုပ်လက်စသတ်နေလို့ ကျန်ခဲ့တာ "
" သွားခေါ်လိုက်မယ် ဖုန်းဆက်ပေးထားဦး"
ပြောပြီးပြီးချင်း နေရာမှ ထ၍ ဆိုင်ပြင်ဘက်ကို ထွက်လာလိုက်၏ ။ ဆိုင်နဲ့ ဂေဟာနဲ့ကသိပ်မဝေးတာမို့ ကားမစီးတော့ပဲလမ်းလျှာက်ဖို့ပဲ တွေးလိုက်၏ ။ လက်ကနာရီကိုမြှောက်ကြည့်မိတော့ ၆ နာရီပင်ထိုးနေလေပြီ ။
ညနေခင်းဖြစ်တာကြောင့် လေအေးအေးက နှာဖျားထိပ်နားကနေ ဖြတ်တောက်သွားတာကို ခံစားလိုက်ရ၏ ။ ဂေဟာနားရောက်သည့်တိုင် ဆူဟို့ကိုမတွေ့ရသေးတာမို့ ဂိတ်အဝမှာတင် ကျွန်တော်ရပ်စောင့်နေလိုက်ရသည်။
" Ring Ring "
အိတ်ကပ်ထဲ ထည့်ထားတဲ့ ဖုန်းကမြည်လာခြင်း ဖြစ်သည်။
"ဟဲလို လီယို Sorry ကွာ ငါအလုပ်လေးရှိလို့ မလိုက်နိုင်တော့ဘူး ထင်တယ် "
" ဪ ကျွန်တော်က အဝတောင်ရောက်နေပြီ"
"ဆောရီးကွာ နောက်တစ်ခေါက်ကြ Join ပါ့မယ်"
"အိုကေဗျာ"
လမ်းမီးတိုင်အောက်မှာရှိတဲ့ အုတ်ခုံပေါ်မှာ ခဏထိုင်ရင်း ဆိုင်ကိုပြန်သွားရ မသွားရ စဉ်းစားရပြန်သည်။ တကယ်ဆို ကျွန်တော်က အရက်ဆိုင်ထိုင်ရတာ သိပ်မကြိုက်။ ပိုက်ဆံကုန်သည် အချိန်ကုန်သည် ။ အိမ်ပြန်နောက်ကျရင် အဖွားက မျှော်နေတတ်သေးသည် ။
"တီ တီ"
ကားဟွန်းသံကြောင့် ဖုန်းကြည့်နေရာကနေ အသံလာရာဆီကို မော့ကြည့်လိုက်၏ ။
ကားပေါ်က ဆင်းလာပြီး ရပ်နေတဲ့ သူ ။မီးအလင်းကြောင့် မျက်နှာက ရှင်းလင်းစွာ မြင်နေရပြီး နှာတံစင်းစင်းက ထင်းထွက်နေသည်။ ပကတိကြည်လင်နေတဲ့ မျက်ဝန်းညိုညိုတွေက ကျွန်တော့်အား စိုက်ကြည့်နေသည်။
"ဟင် သူပဲလား ဒီအချိန်ကြီး"
ကျွန်တော် တစ်ခဏမျှ ပြန်ကြောင်ကြည့်နေမိ၏ ။ အသိပြန်ဝင်လာတဲ့အချိန်မှာ မျက်နှာကို ဘေးဘက် ချက်ချင်းလှည့်လိုက်ပြီး ဟိုဟိုဒီဒီ ကြည့်လိုက်၏ ။
ဆန်းဝန်းက ကျွန်တော့်ဆီ လျှောက်လာနေပြီး ပြုံးနေသည်။
" အကို ဘာလုပ်နေတာလဲ"
သူမျက်စပစ်ပြကာ ကျွန်တော့်ကိုမေးသည်။
" ကိစ္စလေးရှိလို့ပါ အဲ့ဒီဘက်ကရော "
ဆန်းဝန်းက ခေါင်းကို ခါရမ်းလိုက်ကာ
"ကျွန်တော့်ကို မင်းနဲ့ ငါပဲ သုံးလို့ရပါတယ် ကျွန်တော် အကို့ထက် ငယ်ပါတယ်နော်"
ပြုံးစစဖြင့် သူကျွန်တော့်ကို ပြောသည်။တစ်လက်စတည်းမှာပင် သူ့ရဲ့ အကြည့်စူးစူးကို ကျွန်တော် ရှောင်လွှဲမိသည်။ ကျွန်တော် ထရပ်လိုက်သည် ။
"အင်း "
ကျွန်တော် အင်း တစ်လုံးသာ ပြန်ပြောလိုက်တော့ သူက အလိုမကျဟန် မျက်ခုံးတွေကို တွန့်ချိုးပစ်သေးသည်။ သူနဲ့ ကျွန်တော် သိတာဖြင့် ရက်ပိုင်းတောင်မရှိသေး ။ အသိအကျွမ်းတောင် မဟုတ်လှ ။ ဒါပေမဲ့ ဆန်းဝန်းက သွက်ပြီး ဖော်ရွေတတ်တဲ့ Typeဖြစ်မယ်လို့ ထင်လိုက်သည်။
" စကားက နည်းလိုက်တာ ဒါနဲ့ အကို အထွေအထူးမရှိတော့ရင် ကျွန်တော်နဲ့ တစ်နေရာ လိုက်ခဲ့ပါလား တစ်ယောက်တည်း ညစာ စားရဖို့ အတွက်ပျင်းလို့ပါ "
ကျွန်တော်လည်း အရက်သွားမသောက်ချင် ၊အားလည်း နာတာမို့ သူ့ကို ခေါင်းငြှိမ့်ပြလိုက်သည်။အဲ့ဒီနောက် ကားရှိရာ လမ်းဘက်ကို ခြေလှမ်းတွေ ဦးတည်လိုက်သည်။
ကားပေါ်တွင် လမ်းတစ်လျှောက် ဘာစကားမှ မပြောဖြစ် ။လေထုကလည်းအေးစက်နေသလို သူတို့ကြားက အကွာအဝေးသည် နီးနေသော်လည်း အေးစက်နေ၏ ။
----ဆက်ရန် ။
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)