4
10:24, 12 November 2025လီယို လက်က နာရီကို မြှောက်ကြည့်မိတော့ မနက် ၄နာရီထိုးဖို့ မိနစ်၂၀လောက်သာ လိုတော့သည် ။ မီးပုံသည် မီးတောက်နည်းနည်းမျှသာ ကျန်သော်လည်း ညရဲ့ အေးဆိမ့်မှုကို ထိန်းပေးထား၏ ။
ထိုင်နေတဲ့ခုံကို နောက်သို့ မှီချလိုက်ကာ လက်ကို အပေါ်သို့ မြှောက်တင်လိုက်သည် ။ တစ်ကိုယ်လုံးမှာ ရှိသမျှ အကြောတွေ အကုန်ပြေသွားကာ ပါးစပ်မှလည်း သမ်းမိလိုက်၏ ။
" အကို မအိပ်ဖြစ်ဖူးလား "
အနောက်မှ ထွက်လာတဲ့ အသံအေးအေးကြောင့် လီယို ချက်ချင်းလှည့်ကြည့်မိသည် ။
" နေထွက်တော့မှာဆိုတော့ မအိပ်တော့ပဲ နေထွက်တာစောင့်မလို့ပါ အခုချိန်က အရမ်းလှတာလေ "
ထိုကောင်လေးက လီယိုရဲ့ ရှေ့ကခုံကို ဝင်ထိုင်လိုက်ပြီး မီးပုံထဲသို့ ထင်ချောင်းများထိုးထည့်လိုက်သည်။
"ကျွန်တော် America မှာတုန်းကဆို ဒီထက်တောင်လှသေးတယ် လိုက်လည်ပတ်ရင်း တောင်ကုန်းတွေပေါ်တက်ကြည့်ရတာ အရမ်းလှတယ် ။ အရုဏ်တက်ချိန်နီးလာတာနဲ့ တစ်ပြိုင်တည်း အောက်မှာ မြူခိုးတွေ ဖုံးလွှမ်းနေတဲ့ မြင်ကွင်းကို အစ်ကို တွေးကြည့် "
"ပြောမှပဲ ကျွန်တော်တောင် သွားလည်ချင်သွားပြီ"
ညရဲ့ အမှောင်ထုထဲမှာ သိပ်မသိမကျွမ်းသေးတဲ့ လူနှစ်ဦးဟာ ဟိုဟိုဒီဒီပြောကာ ပြုံးစစနှင့် ဆက်၍ ရှိနေကြ၏ ။
ည၏အမှောင်ထုမှ တစ်ဆင့် နေ့တစ်နေ့၏ ပထမဆုံးသော အလင်းတန်းများကို ပေးစွမ်းသည့် အလင်းရောင် သည် စတင်လာသည်။ နေမင်းကြီးသည် ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး မိုးကုပ်စက်ဝိုင်းပေါ်တွင် တောက်ပနေသည် ။
သူ၏ အလင်းရောင်သည် တောင်ကုန်း များ၏ အစွန် များကို တစ်ခုပြီးတစ်ခု ထိတွေ့နေသည်။ မြင်ကွင်းက သပ်သပ်ရပ်ရပ်ပါပဲ။ ငှက်များသည် ကောင်းကင်တွင် ဝရိယ ရှိစွာ ပျံဝဲနေပြီး နံနက်ခင်းအလင်းရောင်သည် ကွေ့ကောက်နေသော လွင်ပြင်များကို ဖြည်းညှင်းစွာ လင်းလက်တောက်ပနေသည်။
လေထုသည် အေးမြနေပြီး ချမ်းစိမ့်စိမ့် ဖြစ်စေ၍ ။
" ဟေ့ မအိပ်ကြရသေးတာလား ခုမှ နိုးတာလား "
ယူ က နိုးလာပြီး လီယို တို့ရှိရာကို လျှောက်လာသည် ။ သူအကြောများကို ဖြေလျော့လိုက်ရင်း မေးသည် ။
" မအိပ်ရသေးတာ "
"အတော်နေနိုင်တဲ့ကောင်"
---------------------
" ကဲ အားလုံးပဲ အခုကစပြီး သတိထားကြပြီး အဆင်ပြေသလို လှည့်ပတ်ကြည့်လို့ရတယ် နေ့လည် ၁၂ နာရီမှာ ဒီနေရာမှာ ပြန်ဆုံကြမယ် အားလုံးအိုကေနော် "
တောင်ပေါ်ရောက်ကြပြီမို့ အားလုံးကို လှည့်ပတ်ကြည့်ရန် တာဝန်ခံက ပြော၏ ။ အားလုံးက အစုလိုက်အစုလိုက် သူ့အဖွဲ့နဲ့သူ ထွက်သွားကြ၏ ။
" လီယို သွားမယ်လေ "
ချိုရှင်း က ပုခုံးကိုလာတို့ထိပြီး ခေါ်သည်။ ချိုရှင်း က အီတလီသူ ဖြစ်ပြီး အသက် ၂၁ နှစ်ဖြစ်သည် ။ လီယိုနဲ့ ငယ်သူငယ်ချင်း မဟုတ်ပေမဲ့ သူမ ကိုရီးယား ရောက်မှ ခင်ကြခြင်း ဖြစ်သည် ။
သူမက သွက်လက်ပြီး စကားပြောတဲ့နေရာမှာ သိမ်မွေ့သည် ။ လီယို့အတွက် တစ်ဦးတည်းရှိတဲ့ မိန်းကလေး သူငယ်ချင်းလည်း ဖြစ်သည် ။
" အင်းသွားမယ်လေ ဓာတ်ပုံရိုက်မှာမလား "
ချိုရှင်း ရဲ့ အကျင့်ကို သိပြီးသားမို့ ကင်မရာကို အဆင်သင့်ထုတ်ကာ မေးလိုက်သည် ။
" ဟီးဟီး နင်ကလဲ ထုံးစံအတိုင်းပေါ့ဟ "
လီယို့ပခုံးကို လက်နဲ့ပုတ်ရင်း သူမပြောလိုက်သည်။
-------
တောင်ကုန်းက အမြင့်ကြီးဖြစ်ပြီးအောက်မှာမြင်နေရတဲ့ အိမ်တွေ သစ်ပင်တွေက အစီအရီ ပြည့်ကျပ်နေသည်။ မနက်စောစော ဖြစ်တာကြောင့် မြူတွေက စိုင်းနေပြီး ဟိုတစ်ကွက်ဒီတစ်ကွက်သာ အောက်ကိုမြင်ရ၏ ။
နောက်ခံနေရာလေးက လှနေတာမို့ ချိုရှင်း က ဒီနေရာကို ရွေးချယ်လိုက်သည်။လီယိုက သူ့စိတ်တိုင်းကျ ပုံရအောင် စိတ်ရှည်လက်ရှည်နဲ့ ရိုက်ပေးနေသည် ။
" ဟေ့ ပြုတ်ကျဦးမယ် "
တာဝန်ခံက လှမ်းစလိုက်တဲ့ အသံ ဖြစ်သည် ။ဘေးမှာ အီဆန်းဝန်းလည်း ပါလာတာမို့ သူတို့ လှမ်း၍ ပြုံးပြလိုက်သည် ။
" ဒီ Model မ အရမ်း ဂျေးများလို့ဗျာ "
လီယို က ရယ်သံစွက်စွက်နဲ့ပြောလိုက်ရင်း ချိုရငှင်းကို မျက်စောင်းထိုးပြသည် ။
တာဝန်ခံက ဟက်ခနဲ တစ်ချက်ရယ်ပြကာ
" သတိထား လျှောက်ကြ ခြေချော်မယ် "
"ဟုတ်ကဲ့ဗျ "
ထွက်သွားတဲ့ ဆန်းဝန်းရဲ့ နောက်ကျောကို လီယို လှမ်းကြည့်မိသည် ။ ညကလောက်အရယ်အပြုံးမရှိပဲ တည်လို့နေသည် ။စိတ်ညစ်စရာရှိလို့ ဖြစ်ပါလိမ့်မယ်လို့တွေးပြီး ချိုရှင်းကို ဓာတ်ပုံဆက်ရိုက်ပေးနေလိုက်၏ ။---------
ညသည် တိတ်ဆိတ်ငြိမ်သက်နေပြီး သစ်ရွက်ခြောက်များနှင့် အဝေးမှ ပုရစ်များ၏ တေးဆိုသံများက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ သူတို့နှစ်ဦးသည် မြို့၏ဆူညံသံတွေ ဝေးကွာတဲ့ မြက်ခင်းပြင်ပေါ်တွင် ဖြန့်ခင်းထားတဲ့ စောင်ပေါ် ထိုင်နေကြသည်။သူတို့အထက်တွင် ကောင်းကင်ကြီးသည် ကြယ်ပွင့်များ၏ မှိတ်တုတ်တုတ် မြင်ကွင်းဖြင့် လွမ်းမိုးထားသည်။
"သူငယ်ချင်းတွေနဲ့ သွားမထိုင်ဘူးလား "
ရုတ်တရက် လီယို ထိုင်နေတဲ့ ဖျာပေါ်ကို လာထိုင်တဲ့ ဆန်းဝန်းကြောင့် သူမေးလိုက်ခြင်း ဖြစ်၏ ။
ဆန်းဝန်း လီယို့ ကို စိုက်ကြည့်ရင်း နှုတ်ခမ်း လှုပ်ရုံမျှ ပြုံးလိုက်ပြီး 'လှတယ် ' ဟု ခပ်တိုးတိုးပြောလိုက်သည် ။
အကြည့်တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေတဲ့ ဆန်းဝန်းကို လီယိုက လန့်ပြီး လှည့်ကြည့်လိုက်တယ်။
" ဟင် "
လီယို နားမလည်သည့် ဟန်ဖြင့် သူ့ကိုပြောလိုက်သည်။ တစ်ခဏမျှ ဆန်းဝန်းဘက်မှတုံ့ဆိုင်းသွားကာ တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော် ကြယ်တွေကို အကြိမ်ပေါင်း တစ်ထောင်လောက် ကြည့်ဖူးပေပမယ့် အကို့မျက်လုံးတွေက အဲ့ဒီကြယ်တွေထက် လှတယ် "
သူတို့ကြားက စကားလုံးတွေက အချိတ်အဆက် မိမနေပါ ။ လီယိုက သူ့အသက်ရှုသံကို ခံစားလိုက်ရပြီး နှလုံးခုန်သည်လည်း မြန်လာသည်။
' ဘာလဲ ငါ့ကို လာပိုးပမ်း နေတာလား စနေတာလား '
စိတ်ထဲမှာ တွေးမိလိုက်ပေမဲ့ မဖြစ်နိုင်ပါဘူးလို့ တွေးမိပြန်သည်။
ကြောင်တောင်တောင်ဖြစ်နေတဲ့ လီယို့ ကို ဆန်းဝန်း က ဟက်ခနဲတစ်ချက်ရယ်ပြကာ
" ဒီတိုင်း စတာပါ လန့်မသွားနဲ့ အကို့မှာ မီးခြစ်ရှိမလား လာငှါးတာ "
" ဟင့်အင်း မရှိဘူး "
သူချက်ချင်းပင် ပြန်ဖြေလိုက်၏ ။ ချွေးစများ စို့နေပြီး ခေါင်းထဲတွင်လည်း ဗလာသက်သက်ဖြစ်နေသည်။
" ကျေးဇူးပဲနော် "
ထထွက်သွားတဲ့ ဆန်းဝန်းရဲ့ နောက်ကျောကို သူတွေတွေလေး ငေးကြည့်ပြီးတဲ့နောက် ခေါင်းကို တွင်တွင်ခါချလိုက်ပါ၏ ။
-----ဆက်ရန် ။အစပျိုးနေတုန်းမို့ ပျင်းမသွားကြပါနဲ့နော် တကယ်ချစ်စရာ ကလေးနှစ်ယောက်မို့ သေချာလေး ပုံဖော်ချင်တာကြောင့်ပါ ကြိုက်နှစ်သက်ကြဖို့ မျှော်လင့်ပါတယ် 💕
There are no comments yet. Log in to be the first to leave a review!


![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)