Fanfics

24🍃

13:04, 18 April 2023

[Unicode]

နမ်ဂျွန်းကျောပေါ်ပါသွားတဲ့ ဆော့ဂျင်ကိုကြည့်ရင်း ​မြင်ကွင်းထဲမှပျောက်သွားမှ.. ထယ်ယောင်းအရုပ်ကျိုးပျက်ထိုင်ချလိုက်မိတယ်။

"ဒေါ်ကြီး.. ကျွန်တော်~ မှားသွားပြီလား"

"အင်း.." ဒေါ်ကြီးလည်း အင်း'တလုံးတည်းဖြေပြီး အခန်းပြင်ကိုထွက်လာပြီး.. နမ်ဂျွန်းအခန်းကိုလိုက်သွားလိုက်တယ်။

နမ်ဂျွန်းအင်္ကျီရဲ့ပခုံးနေရာမှာတော့ ဆော့ဂျင်ရဲ့မျက်ရည်တွေရွဲနစ်နေတယ်။ ဆော့ဂျင်ကို အဆောင်ထိမခေါ်သွားဘဲ အိမ်ကြီးထဲကသူ့အခန်းကိုသာ ခေါ်လာပြီး ကုတင်ပေါ်တင်ပေးလိုက်တယ်။

"Hyung.. ကျွန်တော်မလုပ်ဘူး"

"သိတယ်.. သိတာမို့လို့စိတ်မကောင်းမဖြစ်ပါနဲ့"

"ထယ်ယောင်းက မယုံဘူး Hyung~"

"သူမယုံလည်း Hyungယုံတယ်။"

"ဟင့်အင်း.. ထယ်ယောင်းယုံမှဖြစ်မယ်"

"ဆော့ဂျင်စိတ်မပူပါနဲ့.. Hyungက ထယ်ယောင်းယုံသွားအောင် သက်သေရှာပေးပါ့မယ် မငိုနဲ့တော့နော်.. "

"ဟုတ်"

"အင်္ကျီချွတ်လိုက်.. Hyung~ဆေးထည့်ပေးမယ်"

"ဟုတ်"

ဆော့ဂျင် ကျောပြင်ကအရမ်းနာနေတာကြောင့် မှောက်လျက်လေးလှဲနေလိုက်တယ်။

"ဒေါ်ကြီးဆေးရည်ယူလာပေးတယ်~"

"အော်~ ဟုတ်"

"ဒါလေးကို ရေနဲ့စိမ်ပြိးရေအရင်ချိုးပေးလိုက်.. အဲ့ဆိုသက်သာမြန်လိမ့်မယ်.. ပြီးမှဆေးလိမ်းပေးပါ နမ်ဂျွန်းလုပ်ပေးလိုက်"

"ဟုတ်ကဲ့ပါ.. ကျွန်တော်လုပ်ပေးလိုက်ပါ့မယ်"

ရေချိုးကန်ထဲမှာ ဆေးရည်ကိုသေချာလေး ရောစပ်ပေးပြီး.. ဆေးရည်ထဲခဏအကြာစိမ်ပြီးမှ ဆော့ဂျင်ကိုရေချိုးဖို့ပြောလိုက်တယ်။

"အ့.. စပ်လိုက်တာ"

ဘာဆေးရည်လဲတော့ မသိပေ။ ဝင်စိမ်လိုက်တာနဲ့ ကျောတပြင်လုံးစပ်သွားတာမို့. ဆော့ဂျင်အော်ဟစ်မိသွားတယ်။

"အဆင်ပြေရဲ့လား.. တခုခုဖြစ်လို့လား.. Hyungဝင်လာရမလား"

ဝင်လာရမလားဆိုတာအမေးပဲ.. ပြန်ဖြေချိန်မရ နမ်ဂျွန်းကရေချိုးခန်းထဲရောက်နေပြီ။

"အာ~ Hyung.. ရပါတယ်.. နည်းနည်းစပ်သွားလို့ပါ"

"အစမို့လို့ပါ.. စိမ်နေရင်းအဆင်ပြေသွားလိမ့်မယ်.. ဒါကတကယ်သက်သာမြန်လိမ့်မယ်"

"ဟုတ်မယ်..Hyung~ အခုတောင်အရမ်းမစပ်တော့ပါဘူး"

ဆော့ဂျင်ရေချိုးပြီးတာနဲ့ ကျောပေါ်သေချာလေး ဆေးလိမ်းပေးရတယ်။ စပ်သွားသည်ထင်တယ် တချက်ချက်ဆိုကိုယ်လေးက တွန့်သွားတာ။

"ဆော့ဂျင်.. နားနေလိုက်တော့.. ဆေးလိမ်းပေးထားပြီးပြီ ကောင်းသွားလိမ့်မယ်.."

"ဒါနဲ့ ဒီအခန်းက.."

"Hyungအခန်းပါ.. ညကျရင်လည်း ဒီမှာပဲအိပ်လိုက်တော့.. Hyungက အခြားအခန်းမှာသွားအိပ်ပေးမယ်"

"ဒီမှာပဲနေပြီးစောင့်နေပေးပါ.. ထယ်ယောင်းဝင်လာမှာစိုးလို့ သူနဲ့မတွေ့ချင်ဘူး~"

"Hyungသိပါပြီ"

🍃🍃🍃

ထယ်ယောင်း စိတ်တွေအရမ်းရှုပ်ထွေးနေတယ်။ ဆော့ဂျင်ကို ယုံကြည်ပေးချင်ပေမဲ့ ဂျောင်မင်နဲ့လည်း သံသယမကင်းဖြစ်နေတာကြောင့် မယုံပေးနိုင်ပေ။

အခုလည်း အဖေတယောက်အသက်ဆုံးနိုင်တဲ့အထိဖြစ်သွားတာကြောင့် အရမ်းစိတ်ပူလွန်သွားတယ်။ လုပ်တဲ့သူနာမည်ကို ဆော့ဂျင်လို့ကြားလိုက်ရတော့ ဒေါသထွက်သွားခဲ့တယ်။ ဆော့ဂျင်ဖြစ်နေတာကြောင့်ကိ​ု ပိုပြီးဒေါသထွက်မိတယ်။

ထယ်ယောင်းစိတ်ထဲမှာ.. ဂျောင်မင်တို့သားအမိ ဆိုတာ သိနေတယ်။

ဒါပေမဲ့ ဆော့ဂျင်.. ဆော့ဂျင်က ဘာလို့သူတို့နဲ့အမြဲပတ်သက်နေရတာလဲ!!

သူတို့ခိုင်းတဲ့အတိုင်း ဘာလို့လုပ်ပေးတာလဲ!!?

ဘာလို့လဲ!? ဘာလို့လဲ!!

ထယ်ယောင်းအိမ်ငယ်လေးမှာ တယောက်တည်းအော်ဟစ်ရင်း မျက်စိရှေ့က မှန်ကို လက်သီးနဲ့ထိုးပစ်လိုက်တယ်။

လက်မှာ သွေးတွေစီးကျနေတယ်။ စီးကျပါစေ!!! ဆော့ဂျင်ကိုရိုက်ခဲ့တဲ့ဒီလက်တွေက.. ဒီလောက်တော့ အပြစ်ခံထိုက်ပါတယ်။

ဖွင့်ပြောဖို့ သူပြင်ဆင်ထားတာတွေအကုန် ထယ်ယောင်းဖျက်ဆီးပစ်လိုက်တယ်။ ပွင့်ဖတ်မခြွေရသေးတဲ့နှင်းဆီပန်းတွေကိ​ု အကုန်ရိုက်ချေပစ်လိုက်တယ်။ ချိတ်ဆွဲထားပြီးသား ဆော့ဂျင်ရဲ့ဓာတ်ပုံတွေကိုလည်း အကုန်စုတ်ဗြဲပစ်လိုက်တယ်။ ဆော့ဂျင်နဲ့အတူတူတွဲရိုက်ထားကို ဘောင်ခတ်ပြီးပုံအကြီးချဲ့ထားကိုလည်း ရိုက်ခွဲပစ်လိုက်တယ်။အခန်းထဲရှိနေတဲ့ပန်းအိုးတွေကိုလည်း အကုန်ပစ်ခွဲပစ်တယ်။ အခန်းထဲမှာ မှန်စတွေပြန့်ကျဲကုန်ပြီ။

🍃🍃🍃

သခင်ကြီးအခြေအနေက အသက်သေတဲ့အထိတော့ မဖြစ်သွား။ ဒေါက်တာယွန်းဂီက အမြန်ကူညီပေးနိုင်ခဲ့တယ်။ ဒါပေမဲ့လည်း အခုအခြေအနေက စိတ်မချရသေးတာကြောင့် ဆိုးလ်ကိုခေါ်သွားမှာဖြစ်တယ်။

ဆိုးလ်ကိုခေါ်သွားဖို့အတွက် လူနာတင်ကားမျိူးနဲ့မှ အဆင်ပြေမှာမလို့ ကားခေါ်လိုက်ရသေးတော့ အချိန်နည်းနည်းကြာသွားတယ်။

ဟိုဆော့တယောက် ကားအဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း.. ထယ်ယောင်းကိုခေါ်ဖို့လာပေမဲ့ အိမ်အောက်နားမှာပဲရှိသေးတယ်။ ဆူညံ့ပွက်လောရိုက်နေတဲ့အသံကြောင့် မခေါ်ရဲတော့ဘဲ ပြန်ပြေးသွားဖို့စဥ်းစားနေမိပြီ။

အသံတွေငြိမ်ကျသွားတော့မှာ အခန်းနားလေးကို ကပ်ပြီးတံခါးခေါက်လိုက်တယ်။

"သူဌေး~ သူ~ သူဌေး"

"ဘာလဲ?"

လက်မှာလဲသွေးတွေစီးကျနေတဲ့ ထယ်ယောင်းလက်ကိုမြင်ပြီး.. ဟိုဆော့လန့်ဖြတ်သွားတယ်။

"ဟို.. ကားအဆင်သင့်ဖြစ်နေပြီတဲ့"

"အေ.. လာပြီ.. ဟိုဆော့..မသွားနဲ့အုံး"

"ဗျာ.. ဟုတ်ကဲ့"

"အခန်းရှင်းပြီး အခန်းထဲကပစ္စည်းတွေအကုန်မီးရှို့လိုက်.. ဘာမှမကျန်စေနဲ့.. ​ပြီးတော့အထဲမှာတွေ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောနဲ့.."

"ဟုတ်ကဲ့.."

ထယ်ယောင်းကားပေါ်ရောက်မှ.. ဒေါက်တာယွန်းဂီက လက်ကဒဏ်ရာကိုကြည့်ကာ..

"ချုပ်ရမယ်.. ထယ်ယောင်းဒီအတိုင်းမရဘူး သွေးအရမ်းထွက်နေတယ်"

"မချုပ်တော့ဘူး.. နောက်ကျနေမယ်"

"အချိန်ရသေးတယ်.. လာ"

ကားပေါ်ကနေဆင်းပြီး ဒဏ်ရာကိုချုပ်ပေးလိုက်တယ်။ ဒေါက်တာယွန်းဂီကကျွမ်းကျင်သူမို့ ခဏလေးအတွင်းမှာပြီးသွားတယ်။ ဆေးထည့်ပေးကာ ပတ်တီးစည်းပေးတယ် လက်ကဒဏ်ရာဘယ်လိုရလာလဲဆိုတာ မမေးပေ။

မေးစရာမလိုပင်။ထယ်ယောင်း စိတ်လိုက်မာန်ပါလုပ်ချလိုက်ပြီဆိုတာ သိတယ်။ ကားလမ်းတလျှောက် ထယ်ယောင်းဘာစကားမှ မပြောဘဲလိုက်ပါလာတယ်။

"ဟင်!!!"

တိတ်ဆိတ်နေရင်းမှထယ်ယောင်းက ရုတ်တရက်ဟင်ခနဲထလုပ်တော့.. မင်ယွန်းဂီလန့်သွားကာ..

"ဘာဖြစ်တာလဲ.."

"ဘာမှမဖြစ်ပါဘူး"

ထယ်ယောင်းအတွေးများနေတုန်း ရုတ်တရက်တွေးမိတာက အိမ်ကြီးမှာ ဆော့ဂျင်က ဂျောင်မင်တို့သားအမိနဲ့အတူကျန်ခဲ့တာပဲ။ လုံးဝစိတ်မချတော့ပေ ဖြစ်နိုင်ရင်ကားကိုပြန်လှည့်ခိုင်းပြီး ဆော့ဂျင်ကိုခေါ်လာလိုက်ချင်တယ်။

အခုချိန်မှာလုပ်နိုင်တာက စိတ်ချရတဲ့နမ်ဂျွန်းကိုပြောဖို့ပင်။ ဒါကြောင့်ထယ်ယောင်းဘာမှမစဥ်းစားတော့ဘဲ နမ်ဂျွန်းဆီကိ​ု မတ်ဆေ့ခ်ျပို့ထားလိုက်တယ်။ ပြီးတော့ ဒေါက်တာယွန်းဂီကိုလည်း အရေးကြီးတာပြောရအုံးမယ်။

"ဒေါက်တာ.. ဒီကိစ္စကိ​ု အတတ်နိုင်ဆုံးလျို့ဝှက်ထားပေးပါ.. အများကိုမသိစေချင်ဘူး.. အဆိပ်ခတ်တဲ့ကိစ္စဆိုတော့ ရဲတွေပါပါလာလိမ့်မယ်"

"အတတ်နိုင်ဆုံး ကူညီပေးပါ့မယ်"

"အတတ်နိုင်ဆုံးကိုမလိုချင်ဘူး.. လုံးဝမသိအောင်တာဝန်ယူပေးပါ.. ဆော့ဂျင်အတွက်စိတ်ပူလို့.. ရဲတွေပါလာရင်ဆော့ဂျင်ကိုပဲ အရင်စစ်မေးကြမှာ."

"ဟုတ်ပါပြီ.. စိတ်ချပါ"

🍃🍃🍃

ဆော့ဂျင်ညနေတုန်းက ဆေးသောက်ပြီးလဲနေလိုက်တာ.. အိပ်ပျော်သွားတယ်။ နိုးလာတော့ ကုတင်ခြေရင်းမှာရှိနေတဲ့စားပွဲမှာ စာအုပ်ထိုင်ဖတ်နေတဲ့ Hyung~

"နိုးပြီလား.."

"ဘယ်နှနာရီဖြစ်သွားပြီလဲ Hyung"

"8Pm ပါ ထလေ.. ညစာစားရအောင် Hyungယူခဲ့ပေးမယ်"

"ဟုတ်~"

"ဒါနဲ့.. သခင်ကြီးအခြေအနေကရော.."

"ဆော့ဂျင်စိတ်မပူပါနဲ့.. အသက်အန္တရာယ်မရှိတော့ဘူး..ဆိုးလ်ကဆေးရုံကိုပို့ဖို့သွားကြပြီ။ ထယ်ယောင်းလည်းလိုက်သွားတယ်"

"အော်~"

"စားလိုက်.. ဘာမှစိတ်ညစ်မနေနဲ့"

"ပြီးတော့ ထယ်ယောင်းဆီက ခုနကမှဖုန်းလာသေးတယ်။ ဂျောင်မင်တို့သားအမိနဲ့ ဆော့ဂျင်ကိုဝေးဝေးထားဖို့ပြောတယ်။ ငါ့အနားမှာပဲခေါ်ထားတဲ့"

"သူ့ကျွန်တော့်ကို တကယ်မယုံဘူးပဲ~"

🍃🍃🍃

"တောက်ခ်.. စောက်သုံးမကျလိုက်တာ.. နင်အဆိပ်နည်းနည်းပဲထည့်လိုက်တာလား.."

"ကျွန်တော်နဲ့မဆိုင်ဘူးအမေ.. အဖိုးကြီးကိုကအသက်ပြင်းလွန်းတာ"

"တခါတည်းသေအောင်မသတ်ဘူး.. အခွင့်အရေးထပ်ရဖို့က မလွယ်ဘူး"

"စိတ်မပူပါနဲ့အမေရယ်.. အဖေမသေရင်လည်း သားကိုလုပ်ကြတာပေါ့"

"ထယ်ယောင်းကို~ အာ_ ငါ့သားက ဒီလိုလည်းဉာဏ်ကောင်းသားပဲ"

"ဒါနဲ့ အမေကျွန်တော်တခုတော့ ပြောမယ်.. ထယ်ယောင်းမရှိတော့အောင် ကျွန်တော်လုပ်နိုင်ရင်.. ကျွန်တော့်ကိုဆော့ဂျင်နဲ့သဘောတူပေး။ ဆော့ဂျင်ကို လိုချင်တယ်"

"မရဘူး"

"အဲ့ဆို ကျွန်တော်မကူညီဘူး.."

"တကယ်ပါပဲ.. အဲ့စည်းစိမ်တွေသာအကုန်ရရင် မင်းလည်းကြိုက်တာလုပ်တော့.. ဆော့ဂျင်ကိုလည်း ကြိုက်သလိုလုပ် ငါဘာမှမပြောတော့ဘူး. အခုတော့လုံးဝသွားမပတ်သက်နဲ့.."

"ရ​ပါတယ်.. အမေ~ ချစ်လိုက်တာ.. ဒါနဲ့ဒီတောထဲမှာနေရတာ တကယ်ပျင်းတယ်.. ခြံကိုရရင်တော့ ရောင်းလိုက်မယ်။ တန်ဖိုးက ဒီတသက်စားကုန်မယ်မထင်ဘူး"

"အမေလည်း ဒီလိုစဥ်းစားထားတယ်.. ဒီအကြံအစည်တွေကို မင်းအဖေကိုမပြောနဲ့.. အဲ့တရားသမားက အစီအစဉ်တွေကို ဖျက်ဆီးလိမ့်မယ်"

"သိပ်သိတာပေါ့.. အမေဆိုးလ်ပြန်ရအောင်.. ပျင်းနေပြီ"

"သွားလို့မရဘူး.. ထယ်ယောင်းတို့ပြန်လာတဲ့အထိစောင့်ရအောင်.. အခုသွားရင် ထွက်ပြေးသလိုဖြစ်နေမယ်"

"အော်~ ဟုတ်သားပဲ"

"နေအုံး.. ဘယ်လိုကူညီမှာလဲ.."

"သေနတ်သမားငှားလိုက်လို့ရတယ်လေ.. ဆိုးလ်ကိုပြန်ရောက်တဲ့အချိန်ရောက်မှ ဒီကိစ္စကို အစီအစဥ်ဆွဲကြရအောင်.."

"..."

"အမေ~ ကျွန်တော့်ကိုယုံလိုက်ပါ.. ကိစ္စက အလွယ်လေးပဲ.. အမှားမပါဘဲ တခါတည်းအပြတ်ဖြတ်မှာမို့လို့ စိတ်မပူပါနဲ့"

Part 24 (END)🍃

ရေးပြီးရင်ပြီးသလောက် Upပေးပါ့မယ်.. တပတ်နှစ်ပိုင်းထက် ပိုချင်လည်းပိုမယ်ပေါ့နော်🍃

ဇာတ်သိမ်းက အပိုင်း၃၀လောက်ထိတော့ မှန်းထားပါတယ်💚

ဖတ်ပေးတာကျေးဇူးတင်ပါတယ်ရှင့်💚

...Zawgyi...

[Unicode]

နမ္ဂြၽန္းေက်ာေပၚပါသြားတဲ့ ေဆာ့ဂ်င္ကိုၾကည့္ရင္း ​ျမင္ကြင္းထဲမွေပ်ာက္သြားမွ.. ထယ္ေယာင္းအ႐ုပ္က်ိဳးပ်က္ထိုင္ခ်လိဳက္မိတယ္။

"ေဒၚႀကီး.. ကြၽန္ေတာ္~ မွားသြားၿပီလား"

"အင္း.." ေဒၚႀကီးလည္း အင္း'တလုံးတည္းေျဖၿပီး အခန္းျပင္ကိုထြက္လာၿပီး.. နမ္ဂြၽန္းအခန္းကိုလိုက္သြားလိုက္တယ္။

နမ္ဂြၽန္းအကၤ်ီရဲ႕ပခုံးေနရာမွာေတာ့ ေဆာ့ဂ်င္ရဲ႕မ်က္ရည္ေတြ႐ြဲနစ္ေနတယ္။ ေဆာ့ဂ်င္ကို အေဆာင္ထိမေခၚသြားဘဲ အိမ္ႀကီးထဲကသူ႕အခန္းကိုသာ ေခၚလာၿပီး ကုတင္ေပၚတင္ေပးလိုက္တယ္။

"Hyung.. ကြၽန္ေတာ္မလုပ္ဘူး"

"သိတယ္.. သိတာမို႔လို႔စိတ္မေကာင္းမျဖစ္ပါနဲ႕"

"ထယ္ေယာင္းက မယုံဘူး Hyung~"

"သူမယုံလည္း Hyungယုံတယ္။"

"ဟင့္အင္း.. ထယ္ေယာင္းယုံမွျဖစ္မယ္"

"ေဆာ့ဂ်င္စိတ္မပူပါနဲ႕.. Hyungက ထယ္ေယာင္းယုံသြားေအာင္ သက္ေသရွာေပးပါ့မယ္ မငိုနဲ႕ေတာ့ေနာ္.. "

"ဟုတ္"

"အကၤ်ီခြၽတ္လိုက္.. Hyung~ေဆးထည့္ေပးမယ္"

"ဟုတ္"

ေဆာ့ဂ်င္ ေက်ာျပင္ကအရမ္းနာေနတာေၾကာင့္ ေမွာက္လ်က္ေလးလွဲေနလိုက္တယ္။

"ေဒၚႀကီးေဆးရည္ယူလာေပးတယ္~"

"ေအာ္~ ဟုတ္"

"ဒါေလးကို ေရနဲ႕စိမ္ၿပိးေရအရင္ခ်ိဳးေပးလိုက္.. အဲ့ဆိုသက္သာျမန္လိမ့္မယ္.. ၿပီးမွေဆးလိမ္းေပးပါ နမ္ဂြၽန္းလုပ္ေပးလိုက္"

"ဟုတ္ကဲ့ပါ.. ကြၽန္ေတာ္လုပ္ေပးလိုက္ပါ့မယ္"

ေရခ်ိဳးကန္ထဲမွာ ေဆးရည္ကိုေသခ်ာေလး ေရာစပ္ေပးၿပီး.. ေဆးရည္ထဲခဏအၾကာစိမ္ၿပီးမွ ေဆာ့ဂ်င္ကိုေရခ်ိဳးဖို႔ေျပာလိုက္တယ္။

"အ့.. စပ္လိုက္တာ"

ဘာေဆးရည္လဲေတာ့ မသိေပ။ ဝင္စိမ္လိုက္တာနဲ႕ ေက်ာတျပင္လုံးစပ္သြားတာမို႔. ေဆာ့ဂ်င္ေအာ္ဟစ္မိသြားတယ္။

"အဆင္ေျပရဲ႕လား.. တခုခုျဖစ္လို႔လား.. Hyungဝင္လာရမလား"

ဝင္လာရမလားဆိုတာအေမးပဲ.. ျပန္ေျဖခ်ိန္မရ နမ္ဂြၽန္းကေရခ်ိဳးခန္းထဲေရာက္ေနၿပီ။

"အာ~ Hyung.. ရပါတယ္.. နည္းနည္းစပ္သြားလို႔ပါ"

"အစမို႔လို႔ပါ.. စိမ္ေနရင္းအဆင္ေျပသြားလိမ့္မယ္.. ဒါကတကယ္သက္သာျမန္လိမ့္မယ္"

"ဟုတ္မယ္..Hyung~ အခုေတာင္အရမ္းမစပ္ေတာ့ပါဘူး"

ေဆာ့ဂ်င္ေရခ်ိဳးၿပီးတာနဲ႕ ေက်ာေပၚေသခ်ာေလး ေဆးလိမ္းေပးရတယ္။ စပ္သြားသည္ထင္တယ္ တခ်က္ခ်က္ဆိုကိုယ္ေလးက တြန့္သြားတာ။

"ေဆာ့ဂ်င္.. နားေနလိုက္ေတာ့.. ေဆးလိမ္းေပးထားၿပီးၿပီ ေကာင္းသြားလိမ့္မယ္.."

"ဒါနဲ႕ ဒီအခန္းက.."

"Hyungအခန္းပါ.. ညက်ရင္လည္း ဒီမွာပဲအိပ္လိုက္ေတာ့.. Hyungက အျခားအခန္းမွာသြားအိပ္ေပးမယ္"

"ဒီမွာပဲေနၿပီးေစာင့္ေနေပးပါ.. ထယ္ေယာင္းဝင္လာမွာစိုးလို႔ သူနဲ႕မေတြ႕ခ်င္ဘူး~"

"Hyungသိပါၿပီ"

🍃🍃🍃

ထယ္ေယာင္း စိတ္ေတြအရမ္းရႈပ္ေထြးေနတယ္။ ေဆာ့ဂ်င္ကို ယုံၾကည္ေပးခ်င္ေပမဲ့ ေဂ်ာင္မင္နဲ႕လည္း သံသယမကင္းျဖစ္ေနတာေၾကာင့္ မယုံေပးနိုင္ေပ။

အခုလည္း အေဖတေယာက္အသက္ဆုံးနိုင္တဲ့အထိျဖစ္သြားတာေၾကာင့္ အရမ္းစိတ္ပူလြန္သြားတယ္။ လုပ္တဲ့သူနာမည္ကို ေဆာ့ဂ်င္လို႔ၾကားလိုက္ရေတာ့ ေဒါသထြက္သြားခဲ့တယ္။ ေဆာ့ဂ်င္ျဖစ္ေနတာေၾကာင့္ကိ​ု ပိုၿပီးေဒါသထြက္မိတယ္။

ထယ္ေယာင္းစိတ္ထဲမွာ.. ေဂ်ာင္မင္တို႔သားအမိ ဆိုတာ သိေနတယ္။

ဒါေပမဲ့ ေဆာ့ဂ်င္.. ေဆာ့ဂ်င္က ဘာလို႔သူတို႔နဲ႕အၿမဲပတ္သက္ေနရတာလဲ!!

သူတို႔ခိုင္းတဲ့အတိုင္း ဘာလို႔လုပ္ေပးတာလဲ!!?

ဘာလို႔လဲ!? ဘာလို႔လဲ!!

ထယ္ေယာင္းအိမ္ငယ္ေလးမွာ တေယာက္တည္းေအာ္ဟစ္ရင္း မ်က္စိေရွ႕က မွန္ကို လက္သီးနဲ႕ထိုးပစ္လိုက္တယ္။

လက္မွာ ေသြးေတြစီးက်ေနတယ္။ စီးက်ပါေစ!!! ေဆာ့ဂ်င္ကိုရိုက္ခဲ့တဲ့ဒီလက္ေတြက.. ဒီေလာက္ေတာ့ အျပစ္ခံထိုက္ပါတယ္။

ဖြင့္ေျပာဖို႔ သူျပင္ဆင္ထားတာေတြအကုန္ ထယ္ေယာင္းဖ်က္ဆီးပစ္လိုက္တယ္။ ပြင့္ဖတ္မေႁခြရေသးတဲ့ႏွင္းဆီပန္းေတြကိ​ု အကုန္ရိုက္ေခ်ပစ္လိုက္တယ္။ ခ်ိတ္ဆြဲထားၿပီးသား ေဆာ့ဂ်င္ရဲ႕ဓာတ္ပုံေတြကိုလည္း အကုန္စုတ္ၿဗဲပစ္လိုက္တယ္။ ေဆာ့ဂ်င္နဲ႕အတူတူတြဲရိုက္ထားကို ေဘာင္ခတ္ၿပီးပုံအႀကီးခ်ဲ့ထားကိုလည္း ရိုက္ခြဲပစ္လိုက္တယ္။အခန္းထဲရွိေနတဲ့ပန္းအိုးေတြကိုလည္း အကုန္ပစ္ခြဲပစ္တယ္။ အခန္းထဲမွာ မွန္စေတြျပန့္က်ဲကုန္ၿပီ။

🍃🍃🍃

သခင္ႀကီးအေျခအေနက အသက္ေသတဲ့အထိေတာ့ မျဖစ္သြား။ ေဒါက္တာယြန္းဂီက အျမန္ကူညီေပးနိုင္ခဲ့တယ္။ ဒါေပမဲ့လည္း အခုအေျခအေနက စိတ္မခ်ရေသးတာေၾကာင့္ ဆိုးလ္ကိုေခၚသြားမွာျဖစ္တယ္။

ဆိုးလ္ကိုေခၚသြားဖို႔အတြက္ လူနာတင္ကားမ်ိဴးနဲ႕မွ အဆင္ေျပမွာမလို႔ ကားေခၚလိုက္ရေသးေတာ့ အခ်ိန္နည္းနည္းၾကာသြားတယ္။

ဟိုေဆာ့တေယာက္ ကားအဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း.. ထယ္ေယာင္းကိုေခၚဖို႔လာေပမဲ့ အိမ္ေအာက္နားမွာပဲရွိေသးတယ္။ ဆူညံ့ပြက္ေလာရိုက္ေနတဲ့အသံေၾကာင့္ မေခၚရဲေတာ့ဘဲ ျပန္ေျပးသြားဖို႔စဥ္းစားေနမိၿပီ။

အသံေတြၿငိမ္က်သြားေတာ့မွာ အခန္းနားေလးကို ကပ္ၿပီးတံခါးေခါက္လိုက္တယ္။

"သူေဌး~ သူ~ သူေဌး"

"ဘာလဲ?"

လက္မွာလဲေသြးေတြစီးက်ေနတဲ့ ထယ္ေယာင္းလက္ကိုျမင္ၿပီး.. ဟိုေဆာ့လန့္ျဖတ္သြားတယ္။

"ဟို.. ကားအဆင္သင့္ျဖစ္ေနၿပီတဲ့"

"ေအ.. လာၿပီ.. ဟိုေဆာ့..မသြားနဲ႕အုံး"

"ဗ်ာ.. ဟုတ္ကဲ့"

"အခန္းရွင္းၿပီး အခန္းထဲကပစၥည္းေတြအကုန္မီးရွို႔လိုက္.. ဘာမွမက်န္ေစနဲ႕.. ​ၿပီးေတာ့အထဲမွာေတြ႕တာေတြကို ဘယ္သူ႕ကိုမွျပန္မေျပာနဲ႕.."

"ဟုတ္ကဲ့.."

ထယ္ေယာင္းကားေပၚေရာက္မွ.. ေဒါက္တာယြန္းဂီက လက္ကဒဏ္ရာကိုၾကည့္ကာ..

"ခ်ဳပ္ရမယ္.. ထယ္ေယာင္းဒီအတိုင္းမရဘူး ေသြးအရမ္းထြက္ေနတယ္"

"မခ်ဳပ္ေတာ့ဘူး.. ေနာက္က်ေနမယ္"

"အခ်ိန္ရေသးတယ္.. လာ"

ကားေပၚကေနဆင္းၿပီး ဒဏ္ရာကိုခ်ဳပ္ေပးလိုက္တယ္။ ေဒါက္တာယြန္းဂီကကြၽမ္းက်င္သူမို႔ ခဏေလးအတြင္းမွာၿပီးသြားတယ္။ ေဆးထည့္ေပးကာ ပတ္တီးစည္းေပးတယ္ လက္ကဒဏ္ရာဘယ္လိုရလာလဲဆိုတာ မေမးေပ။

ေမးစရာမလိုပင္။ထယ္ေယာင္း စိတ္လိုက္မာန္ပါလုပ္ခ်လိဳက္ၿပီဆိုတာ သိတယ္။ ကားလမ္းတေလွ်ာက္ ထယ္ေယာင္းဘာစကားမွ မေျပာဘဲလိုက္ပါလာတယ္။

"ဟင္!!!"

တိတ္ဆိတ္ေနရင္းမွထယ္ေယာင္းက ႐ုတ္တရက္ဟင္ခနဲထလုပ္ေတာ့.. မင္ယြန္းဂီလန့္သြားကာ..

"ဘာျဖစ္တာလဲ.."

"ဘာမွမျဖစ္ပါဘူး"

ထယ္ေယာင္းအေတြးမ်ားေနတုန္း ႐ုတ္တရက္ေတြးမိတာက အိမ္ႀကီးမွာ ေဆာ့ဂ်င္က ေဂ်ာင္မင္တို႔သားအမိနဲ႕အတူက်န္ခဲ့တာပဲ။ လုံးဝစိတ္မခ်ေတာ့ေပ ျဖစ္နိုင္ရင္ကားကိုျပန္လွည့္ခိုင္းၿပီး ေဆာ့ဂ်င္ကိုေခၚလာလိုက္ခ်င္တယ္။

အခုခ်ိန္မွာလုပ္နိုင္တာက စိတ္ခ်ရတဲ့နမ္ဂြၽန္းကိုေျပာဖို႔ပင္။ ဒါေၾကာင့္ထယ္ေယာင္းဘာမွမစဥ္းစားေတာ့ဘဲ နမ္ဂြၽန္းဆီကိ​ု မတ္ေဆ့ခ္်ပိဳ႕ထားလိုက္တယ္။ ၿပီးေတာ့ ေဒါက္တာယြန္းဂီကိုလည္း အေရးႀကီးတာေျပာရအုံးမယ္။

"ေဒါက္တာ.. ဒီကိစၥကိ​ု အတတ္နိုင္ဆုံးလ်ိဳ႕ဝွက္ထားေပးပါ.. အမ်ားကိုမသိေစခ်င္ဘူး.. အဆိပ္ခတ္တဲ့ကိစၥဆိုေတာ့ ရဲေတြပါပါလာလိမ့္မယ္"

"အတတ္နိုင္ဆုံး ကူညီေပးပါ့မယ္"

"အတတ္နိုင္ဆုံးကိုမလိုခ်င္ဘူး.. လုံးဝမသိေအာင္တာဝန္ယူေပးပါ.. ေဆာ့ဂ်င္အတြက္စိတ္ပူလို႔.. ရဲေတြပါလာရင္ေဆာ့ဂ်င္ကိုပဲ အရင္စစ္ေမးၾကမွာ."

"ဟုတ္ပါၿပီ.. စိတ္ခ်ပါ"

🍃🍃🍃

ေဆာ့ဂ်င္ညေနတုန္းက ေဆးေသာက္ၿပီးလဲေနလိုက္တာ.. အိပ္ေပ်ာ္သြားတယ္။ နိုးလာေတာ့ ကုတင္ေျခရင္းမွာရွိေနတဲ့စားပြဲမွာ စာအုပ္ထိုင္ဖတ္ေနတဲ့ Hyung~

"နိုးၿပီလား.."

"ဘယ္ႏွနာရီျဖစ္သြားၿပီလဲ Hyung"

"8Pm ပါ ထေလ.. ညစာစားရေအာင္ Hyungယူခဲ့ေပးမယ္"

"ဟုတ္~"

"ဒါနဲ႕.. သခင္ႀကီးအေျခအေနကေရာ.."

"ေဆာ့ဂ်င္စိတ္မပူပါနဲ႕.. အသက္အႏၱရာယ္မရွိေတာ့ဘူး..ဆိုးလ္ကေဆး႐ုံကိုပို႔ဖို႔သြားၾကၿပီ။ ထယ္ေယာင္းလည္းလိုက္သြားတယ္"

"ေအာ္~"

"စားလိုက္.. ဘာမွစိတ္ညစ္မေနနဲ႕"

"ၿပီးေတာ့ ထယ္ေယာင္းဆီက ခုနကမွဖုန္းလာေသးတယ္။ ေဂ်ာင္မင္တို႔သားအမိနဲ႕ ေဆာ့ဂ်င္ကိုေဝးေဝးထားဖို႔ေျပာတယ္။ ငါ့အနားမွာပဲေခၚထားတဲ့"

"သူ႕ကြၽန္ေတာ့္ကို တကယ္မယုံဘူးပဲ~"

🍃🍃🍃

"ေတာက္ခ္.. ေစာက္သုံးမက်လိဳက္တာ.. နင္အဆိပ္နည္းနည္းပဲထည့္လိုက္တာလား.."

"ကြၽန္ေတာ္နဲ႕မဆိုင္ဘူးအေမ.. အဖိုးႀကီးကိုကအသက္ျပင္းလြန္းတာ"

"တခါတည္းေသေအာင္မသတ္ဘူး.. အခြင့္အေရးထပ္ရဖို႔က မလြယ္ဘူး"

"စိတ္မပူပါနဲ႕အေမရယ္.. အေဖမေသရင္လည္း သားကိုလုပ္ၾကတာေပါ့"

"ထယ္ေယာင္းကို~ အာ_ ငါ့သားက ဒီလိုလည္းဉာဏ္ေကာင္းသားပဲ"

"ဒါနဲ႕ အေမကြၽန္ေတာ္တခုေတာ့ ေျပာမယ္.. ထယ္ေယာင္းမရွိေတာ့ေအာင္ ကြၽန္ေတာ္လုပ္နိုင္ရင္.. ကြၽန္ေတာ့္ကိုေဆာ့ဂ်င္နဲ႕သေဘာတူေပး။ ေဆာ့ဂ်င္ကို လိုခ်င္တယ္"

"မရဘူး"

"အဲ့ဆို ကြၽန္ေတာ္မကူညီဘူး.."

"တကယ္ပါပဲ.. အဲ့စည္းစိမ္ေတြသာအကုန္ရရင္ မင္းလည္းႀကိဳက္တာလုပ္ေတာ့.. ေဆာ့ဂ်င္ကိုလည္း ႀကိဳက္သလိုလုပ္ ငါဘာမွမေျပာေတာ့ဘူး. အခုေတာ့လုံးဝသြားမပတ္သက္နဲ႕.."

"ရ​ပါတယ္.. အေမ~ ခ်စ္လိုက္တာ.. ဒါနဲ႕ဒီေတာထဲမွာေနရတာ တကယ္ပ်င္းတယ္.. ၿခံကိုရရင္ေတာ့ ေရာင္းလိုက္မယ္။ တန္ဖိုးက ဒီတသက္စားကုန္မယ္မထင္ဘူး"

"အေမလည္း ဒီလိုစဥ္းစားထားတယ္.. ဒီအႀကံအစည္ေတြကို မင္းအေဖကိုမေျပာနဲ႕.. အဲ့တရားသမားက အစီအစဥ္ေတြကို ဖ်က္ဆီးလိမ့္မယ္"

"သိပ္သိတာေပါ့.. အေမဆိုးလ္ျပန္ရေအာင္.. ပ်င္းေနၿပီ"

"သြားလို႔မရဘူး.. ထယ္ေယာင္းတို႔ျပန္လာတဲ့အထိေစာင့္ရေအာင္.. အခုသြားရင္ ထြက္ေျပးသလိုျဖစ္ေနမယ္"

"ေအာ္~ ဟုတ္သားပဲ"

"ေနအုံး.. ဘယ္လိုကူညီမွာလဲ.."

"ေသနတ္သမားငွားလိုက္လို႔ရတယ္ေလ.. ဆိုးလ္ကိုျပန္ေရာက္တဲ့အခ်ိန္ေရာက္မွ ဒီကိစၥကို အစီအစဥ္ဆြဲၾကရေအာင္.."

"..."

"အေမ~ ကြၽန္ေတာ့္ကိုယုံလိုက္ပါ.. ကိစၥက အလြယ္ေလးပဲ.. အမွားမပါဘဲ တခါတည္းအျပတ္ျဖတ္မွာမို႔လို႔ စိတ္မပူပါနဲ႕"

Part 24 (END)🍃

ေရးၿပီးရင္ၿပီးသေလာက္ Upေပးပါ့မယ္.. တပတ္ႏွစ္ပိုင္းထက္ ပိုခ်င္လည္းပိုမယ္ေပါ့ေနာ္🍃

ဇာတ္သိမ္းက အပိုင္း၃၀ေလာက္ထိေတာ့ မွန္းထားပါတယ္💚

ဖတ္ေပးတာေက်းဇူးတင္ပါတယ္ရွင့္💚

There are no comments yet. Log in to be the first to leave a review!

Similar stories