Fanfics
25🍃
13:04, 18 April 2023
[Unicode]
ဆိုးလ်ကို ရောက်တော့ ဂျီမင်နဲ့ဂျောင်ဂုပါ ဆေးရုံကိုရောက်လာခဲ့တယ်။ သူတို့နှစ်ယောက်ကိုကျတော့အခြေအနေတွေကို ထယ်ယောင်း အမှန်တိုင်းပြောပြလိုက်တယ်။
အဖေလည်း နေပြန်ကောင်းသွားတော့ ဒီကိစ္စကို ဒိအတိုင်းမထားဘူး. ရဲလက်အပ်မယ် ပြောနေတာကြောင့် အဲ့လိုမလုပ်ဖို့ ထယ်ယောင်းတော်တော်လေး တောင်းပန်ထားရတယ်။
ရဲလက်ထဲအပ်လို့ စုံစမ်းရေးစရင် ထိပ်ဆုံးကအပြစ်ခံမယ့်သူက ဆော့ဂျင်ပဲဖြစ်နေလိမ့်မယ်။သက်သေလည်းမရှိတော့ နောက်ကွယ်ကလာလုပ်သွားတဲ့သူကို ဖော်ထုတ်ဖို့ကမလွယ်။ အားလုံးအမြင်မှာ ဆော့ဂျင်ကပဲ တရားခံဖြစ်နေတယ်။
တကယ်လုပ်ကြံသူ နောက်ကွယ်ကလူက ဂျောင်မင်တို့သားအမိပဲဆိုတာကို ထယ်ယောင်းအကျိူးအကြောင်းဆီလျှော်စွာရှင်းပြတော့ သခင်ကြီးကလည်း လက်ခံပေးခဲ့တာကြောင့် ဒီကိစ္စကအခုတော့ ဒီလောက်နဲ့ပြီးသွားခဲ့တယ်။
သခင်ကြီးလည်းနေကောင်းသွားပြီဆိုတော့ ထယ်ယောင်းခြံကို အမြန်ပြန်လာခဲ့လိုက်တယ်။ ဒီအတိုင်းလွတ်ထားလို့ကမရ.. ဆော့ဂျင်ကိုလည်းဘယ်လိုမျက်နှာပြရမလဲ မသိသေးပေ။
ဒီပြန်မလာခင်.. ဆော့ဂျင်အမေတို့ဆီကို ထယ်ယောင်းသွားခဲ့တယ် ပိုက်ဆံတွေနဲ့အတူ အားဆေးဘူးတွေ သစ်သီးတွေပါဝယ်လာခဲ့လိုက်တယ်။
"မဂ်လာပါ.. ကင်မ်ထယ်ယောင်းရှီ"
"မဂ်လာပါ အန်တီ.. ဆော့ဂျင်ပေးခိုင်းလိုက်တာလေးရှိလို့ပါ.."
"အဲ့လောက်ပိုက်ဆံအများကြီး.."
"ယူလိုက်ပါအန်တီ.. ဆော့ဂျင်ကအလုပ်လုပ်ပြိးရလာတာတွေပါ.. သူကိုယ်တိုင်မလာနိုင်လို့ ကျွန်တော့်ကိုပေးခိုင်းလိူက်တာပါ"
"အေးကွယ်.. အန်တီကလည်း သားလေးသတိရနေတာ.. မနက်ဖြန်သူ့မွေးနေ့ဆိုတော့"
"ဟုတ်ကဲ့ပါ.. ကျွန်တော်ဆော့ဂျင်ကို ပြောပေးလိုက်ပါ့မယ်"
ဆော့ဂျင်ကတော့ ထယ်ယောင်းမရှိတော့ ဘာအလုပ်မှလုပ်စရာမလိုပေ။ အိမ်ကြီးကိုလည်းမသွားဘူး ဂျောင်မင်တို့နဲ့လည်းအတွေ့မခံဘူး.. နမ်ဂျွန်းအနောက်ကိုပဲ ဘယ်သွားသွား လိုက်နေလိုက်တယ်။ ညရောက်ရင်တော့ ဟိုဆော့ရှိတဲ့အဆောင်မှာပဲ ပြန်အိပ်တယ်။ ဒီလိုပဲနေလာတာ ၁ပတ်ပြည့်တော့မယ်။
"ဆော့ဂျင်... သူဌေးပြန်ရောက်နေပြီ အခုရုံခန်းကိုလာခဲ့တဲ့"
"အခုလား.."
"အခုတဲ့.."
အလုပ်သမားကောင်လေးတယောက်က လာခေါ်တာကြောင့် ဆော့ဂျင်လိုက်လာလိုက်တယ်။ရံခန်းထဲရောက်တော့ ထယ်ယောင်းက ကျောပေးကာရပ်နေတယ်။
"ရောက်ပါပြီ"
"...."ထယ်ယောင်း ခဏလောက်ငြိမ်နေလိုက်တယ်။ ပြန်တွေ့ရတာ အရမ်းအားနာနေသလိုဖြစ်နေမိတယ်။
ထယ်ယောင်းဒီဘက်ကို လှည့်ကြည့်လိုက်တော့ ဆော့ဂျင်ကခေါင်းငုံ့နေပြီး အင်္ကျီအနားစလေးကို ချေပစ်နေတယ်။
"ထိုင်လေ.. မေးစရာရှိလို့ခေါ်လိုက်တာ.. အဲ့နေကဘယ်လိုဖြစ်သွားတာလဲ.."
"မသိဘူး.. ငါသိတာဆိုလို့ ငါမလုပ်ဘူးဆိုတာပဲ"
"မလုပ်ဘူးတလုံးတည်းပဲမပြောနဲ့လေ.. ဘယ်လိုဖြစ်သွားလဲ အသေးစိတ်ပြောပြလေ"
"မသိဘူးဆိုမှ. ဘယ်လိုပြောပြရမှာလဲ.."
"ဘယ်လိုပဲပြောပြော တတ်သလိုပြောကွာ.."
"အဲ့နေ့က ဒီတိုင်းပဲဆန်ပြုတ်လုပ်ပေးတယ်.. ငါမသိတုန်း အချိန်ထဲမှာ တယောက်ယောက်လာထည့်လိုက်တာဖြစ်မယ်..
ငါတကယ်မသိတော့ဘူး ငါပြောနိုင်တာ ဒါအကုန်ပဲ. ထပ်သိချင်ရင်ဂျောင်မင်ကိုမေးလိုက်ပါ ထပ်မေးစရာမရှိရင်သွားတော့မယ်။"
ဆော့ဂျင်ထပြန်ဖို့ ဆိုဖာပေါ်ကထရပ်လိုက်တော့.. ထယ်ယောင်းက ဆော့ဂျင်ကိုလက်ကောက်ဝတ်ကနေ ဆုပ်ကိုင်ကာ..
"တောင်းပန်ပါတယ်။"
"..."ဘာမှပြန်မပြော။
ဆော့ဂျင်ကိုအနောက်ကနေ ဖက်ထားလိုက်ကာ..
"ငါလွန်သွားမှန်းသိပါတယ်.. တောင်းပန်ပါတယ်"
"...."ဆော့ဂျင်က ထယ်ယောင်းဖက်ထားတာကို ရုန်းလည်းမရုန်း.. တောင့်တောင့်ကြီးရပ်နေတယ်။
"ပြီးတော့ Happy Birthday par"
"...."
"တခုခုပြန်ပြောအုံးလေ.. တောင်းပန်ပါတယ်"
"...."
"တကယ်ပဲ ဘာစကားမှမပြောတော့ဘူးလား.. ပြွတ်စ်.."
ဘာမှပြန်မဖြေဘဲနေနေတာကြောင့် ထယ်ယောင်းအနောက်ကနေ ဆော့ဂျင်ပါးပြင်လေးအား အသံထွက်အောင်နမ်းပစ်လိုက်တယ်။
"ဘာလုပ်တာလဲ.. ဖယ်.."
ဖက်ထားရာမှ အတင်းရုန်းပြီး စကားသံထွက်လာတယ်။
"အာ.. စကားပြောပြီပေါ့.. ဒီလိုမျိုးကအလုပ်ဖြစ်သားပဲ."
"အဓိပ္ပါယ်မရှိတာတော်တော့.. ငါအခုသွားတော့မယ်."
"ဒီလိုမျိုးမရုန်းပါနဲ့ မွေးနေ့ရှင်လေးရေ.. ဒီနေ့ကမွေးနေ့မယ့်လား.. စိတ်မဆိုးပါနဲ့"
"ဘယ်လိုသိတာလဲ.."
"ဒီလိုပဲလေ.. သိတာပေါ့.. အခုဘာလိုချင်လဲပြော ဘာပဲဖြစ်ဖြစ်လုပ်ပေးမယ်.."
"ကတိပေးလား"
"အင်း.. ကတိပေးတယ်. အခုလိုတာမရှိသေးရင် လိုတဲ့အချိန်တောင်းလို့ရတယ်.. မင်းပြောတဲ့အတိုင်းလုပ်ပေးမယ်"
"အဲ့ဆို ဒီဇင်ဘာကုန်ရင်ထွက်သွားခွင့်ပေးပါ။"
ထိုစကားကြောင့် ဆော့ဂျင်ကိုဖက်ထားတဲ့ထယ်ယောင်းလက်တွေပြေလျော့သွားကာ.. မျက်နှာချင်းဆိုင်ဖြစ်သွားအောင် ဆော့ဂျင်ကိုယ်လေးကို ဒီဘက်လှည့်လိုက်ကာ.. လက်ကလေးကိုဆုပ်ကိုင်လိုက်ရင်း.
"ဆော့ဂျင်~ ဘာလို့ဒီလိုမျိူး.."
ဆော့ဂျင်လက်တွေကို ထယ်ယောင်းလက်တွေကြားကနေ ဆွဲဖယ်ပစ်လိုက်တယ်။
"ငါနာကျင်ရတာများပြီ!! နင်တို့မိသားစုတွေနဲ့ငါဘာမှထပ်မပတ်သက်ချင်တော့ဘူး.. ထပ်ပြီးလည်းစိတ်ဒုက္ခမရောက်ချင်တော့ဘူး.. မင်းငါ့ကိုအဲ့အကြွေးတွေနဲ့ ထပ်ခြိမ်းခြောက်ရင်လည်း ဘယ်လိုနည်းလမ်းနဲ့ဖစ်ဖစ် ငွေရအောင်ရှာပြီးဆပ်ပေးမယ်.. ဒီဇင်ဘာကုန်ရင် ငါထွက်သွားမယ်.."
ပြောပြီးပြီချင်းလှည့်ထွက်သွားတဲ့ဆော့ဂျင်ကို ထွက်သွားခွင့်မပေးဘဲအနောက်ကနေ ထယ်ယောင်းပြန်ဖက်ထားလိုက်တယ်။
"ဆော့ဂျင်~ ဒီလိုမျိုးတော့မလုပ်ပါနဲ့ တောင်းပန်ပါတယ်.."
ထယ်ယောင်းအသံတွေ တုန်ရီနေတာကို ဆော့ဂျင်ခံစားမိတယ်။
"ငါလည်းတောင်းပန်ပါတယ်.. ထွက်သွားခွင့်ပေးပါ"
ဖက်ထားတဲ့ထယ်ယောင်းလက်တွေအကုန်ဖြုတ်ချပြီးထွက်လာလိုက်တယ်။
ဘယ်လိုလုပ်ရမလဲ.. ဒီနှစ်ဒီဇင်ဘာကို ၃၁ရက်ထက်ပိုပြီး နောက်ထပ်ရက်တွေထပ်ပေါင်းထည့်လို့မရတော့ဘူးလား~!
ဆော့ဂျင်ထွက်သွားပြီးမှ ထယ်ယောင်းရဲ့ရုံးခန်းထဲဝင်လာသူက ဂျောင်မင်။ ထယ်ယောင်းလည်းမျှော်လင့်ချက်မဲ့သလိုခံစားရကာ.. ကြမ်းပြင်ပေါ်ထိုင်ချနေမိတဲ့အချိန်မှာ ဝင်လာသူကဂျောင်မင်ပင်။
"ဟ.. ဘယ်လို​ဖြစ်တာလဲ.. ဆော့ဂျင်က မင်းကိုတော်တော်စိတ်ကုန်သွားတဲ့ပုံပဲ."
"တောက်ခ်. မင်းအလုပ်လားအဲဒါ.."
ထယ်ယောင်း ထိုင်နေရာကနေထလာပြီး ဂျောင်မင်အင်္ကျီစကိုဆွဲကာ ထိုးပစ်ဖို့လက်ရွယ်ထားလိုက်တယ်..
"ဟို..ဟိူး.. ဘာလို့အဲ့လောက်ဒေါသထွက်နေတာလဲ ငါကပြန်​တော့မှာမလို့ လာနှုတ်ဆက်တာပါ"
"အဲ့ဆိုလည်း ပြန်တော​့.. မင်းတို့နောက်တခါထပ်မလာကြရင်ကောင်းလိမ့်မယ်"
"မသွားခင်.. တခုတော့ပြောပြလိုက်မယ်.. မင်းကငတုံးပဲ!!"
"ဘာ!!"
"ဆော့ဂျင်က ဘာကြံရာပါမှမဟုတ်ဘူး.. ငါတို့ထည့်တာ အဆိပ်က.. မဆိုင်ဘဲအရိုက်ခံလိုက်ရတာ.. သနားပါတယ်"
ခွပ်!! ခွပ်!!
ထယ်ယောင်း ဂျောင်မင်းအား ဒေါသကြောင့်စိတ်မထိန်းနိုင်ဘဲ ဆွဲထိုးပစ်လိုက်တယ်။
"ဟဲ့.. ​တော်တော့.. ငါ့သားကိုဘယ်လိုတောင်ထိုးနေတာလဲ"
ဂျောင်မင်အမေက ကြားထဲကနေအတင်းဝင်ပြီး.. ဂျောင်မင်ဘက်ကနေလာကာပေးတာကြောင့် ထယ်ယောင်းရပ်လိုက်တယ်။
"အဒေါ့်သားကိုထိတော့ တော်တော်နာလား.. နှစ်ယောက်လုံးယုတ်မာလိုက်တာ.."
"ဘာကိုလဲ.. ဘာသက်သေရှိလို့လာစွပ်စွဲနေတာလဲ"
"သက်သေမရှိလို့ပေါ့.. ဒါနဲ့ဂျောင်မင်ကိုထိုးလိုက်တာစိတ်မဆိုးပါနဲ့
ကျွန်တော်က ဂျောင်မင်ကိုအိမ်ပြန်ခါနီး လက်ဆောင်ပေးတာပါ.. ကောင်းကောင်းပြန်ကြပါ"
🍃🍃🍃
အချိန်တွေ တရွေ့ရွေ့ကုန်နေလိုက်တာ.. ဒီဇင်ဘာလပင်ကုန်ဆုံးတော့မည်။ ထယ်ယောင်းလည်း တမိုင်မိုင်နဲ့ ဘာမှကိုလုပ်ချင်စိတ်မရှိတော့ပေ။
အခွင့်အရေးရရင်ရသလို ဆော့ဂျင်ကိုမထွက်သွားဖို့ပြောပေမဲ့.. သူပြန်ပြောတာက.. ကတိတည်ပေးပါတဲ့။ ကျွန်တော်ပဲမှားတာပါ ဘာပဲလိုချင်လိုချင်ဖြည့်ဆည်းပေးမယ်လို့ ကတိပေးခဲ့မိတာကိုး။
ဆော့ဂျင်ကအရင်လိုမဟုတ်ပေ။ သူ့ကိုတွေ့တာနဲ့ကို ရှောင်သွားတတ်တယ်။ နမ်ဂျွန်းနောက်ကိုပဲ လိုက်နေတတ်တယ်။ ငါကသူဌေးပဲဆိုပြီးတော့လည်း ထယ်ယောင်းအာဏာမပြရဲပေ။ ဆော့ဂျင်ဘက်က ပိုဆိုးသွားမှာကိုပင် စိုးရိမ်နေမိတယ်။
နှစ်ကုန်တော့မယ်ဆိုတော့ နှစ်တိုင်းကျင်းပလေ့ရှိတဲ့ပါတီကိုကျင်းပရမယ့်အချိန်ရောက်လာပြီ။ အဲ့နေ့ညဆို ခြံထဲကအလုပ်သမားတွေအကုန်လည်း အေးဆေးပျော်ပါးလို့ရတယ်။ မပျော်ပါးခင် ပြင်ဆင်တာကတော့လုပ်ရအုံးမယ်ပေါ့။ အသိမိတ်ဆွေတွေ ရှယ်ယာရှင်တွေကိုလည်း ဖိတ်ခေါ်တယ်။ ပွဲတော်တခုလိုပင် စည်းကားလှတယ်။
ဂျီမင်နဲ့ဂျောင်ဂုဆိုတဲ့ VVIPနှစ်ယောက်လည်း မပါမဖြစ်ပေါ့။ ဂျောင်ဂုလည်းဒီကိုမရောက်ဖူးသေးတော​့ တခါတည်းအတော်ဖြစ်သွားတယ်။ သူတို့နှစ်ယောက်ကို အိမ်ငယ်ဆီကိုခေါ်လာခဲ့တယ်။
"ထယ်ယောင်း.. မင်းစိတ်တိုင်းကျလုပ်ထားတဲ့အိမ်ကအရင်တိုင်းပဲ​နော်.. ငါတောင်မရောက်ဖြစ်တာကြာပြီ"
ဒီအိမ်ကိုတစ်ခါနှစ်ခါလောက်ပဲရောက်ဖူးတဲ့ ဂျီမင်မှပြောလိုက်ခြင်းပင်။ ဂျောင်ဂုကအခုမှတွေ့ဖူးတော့ သေချာကြည့်နေတယ်။
"အိမ်လေးကနေချင်စရာလေးပဲ.. ဒါနဲ့ပါတီအချိန်ပဲရောက်တော့မယ်.. မင်းရုပ်ကဘာဖြစ်နေတာလဲ ထယ်ယောင်း"
ဂျောင်ဂုမေးရင်လည်း မေးချင်စရာပင်။ ထယ်ယောင်းကိုက ဒီဇင်ဘာရဲ့လေးတချက်တိုက်ခတ်သွားတိုင်း ပိုပြီးငိုင်ကျနေတာ။
"ဒီလိုကွာ.." ဆော့ဂျင်က သူ့ကိုအမြဲရှောင်နေပြီး.. ထွက်သွားခွင့်ပေးရမယ်ဆိုတဲ့အကြောင်းကို သူတို့နှစ်ယောက်ကို ထယ်ယောင်းပြောပြလိုက်မယ်..
jk "မင်းအဲ့လောက်ဖြစ်နေရင်လည်း ထွက်သွားလို့မရအောင် အပိုင်သိမ်းလိုက်ပေါ့"
jm "ဂျောင်ဂု.. မင်းဘယ်လိုအကြံအစည်တွေ.."
jk "ဂျီမင်အေးဆေးနေ.. ငါထယ်ယောင်းကိုအကြံပေးနေတာ"
th "ငါပုံမှန်ဆိုလုပ်ရဲပေမဲ့.. အခုကဆော့ဂျင်ငါ့ကိုထပ်ပြီးစိတ်ဆိုးသွားမှာ ကြောက်နေတယ်"
jk "ဒီမှာ ဘာလဲကြည့်.. "
ဆေးဗူးသေးသေးလေးတဗူးကို စားပွဲပေါ်တင်ပေးလိုက်တယ်။
jm "ဘာလဲ.. အဲဒါက.."
jk "ဒီဗူးထဲက ဆေးအမှုန့်လေးနည်းနည်းလောက်သာ ဆော့ဂျင်Hyungကို တိုက်လိုက်.. မင်းကိုချက်ချင်းတောင်းဆိုလာလိမ့်မယ်.."
jm "ဘာ!! မင်းဒါတွေဘယ်သွားသွားယူဆောင်နေတာလား"
jk "ဘာဖြစ်လို့လဲ? အကျိုးရှိတာပဲ.. အခုထယ်ယောင်းကိုကူညီနိုင်ပြီလေ"
သူတို့နှစ်ယောက်ပြောနေကြပေမဲ့ ထယ်ယောင်းဘာမှဝင်မပြောသေးပေ။
jk "ထယ်ယောင်း.. ဘာမှစဥ်းစားမနေနဲ့ လုပ်လိုက်.."
th "မင်းဆိုရင်ရော.. မင်းချစ်တဲ့သူကိုအဲ့လိုလုပ်ရဲလား"
jk "ငါချစ်တဲ့သူက ဘယ်ကိုမှ ထွက်မသွားဘူး.. ငါ့အနားမှာပဲရှိနေတာ ရူးနေတာတခုပဲ"
ဂျောင်ဂုဂျီမင်ကိုကြည့်ရင်း ဒီစကားကိုပြောလိုက်တယ်။
jk "ယူထားစမ်းပါ.. မင်းလိုလာလိမ့်မယ်"
ဂျောင်ဂုထိုဆေးဗူးကို ထယ်ယောင်းလက်ထဲကိုအတင်းထည့်ပေးလိုက်တယ်။
th "အေးပါကွာ.."
ထိုဆေးဗူးကိုယူပြီး အနီးနားကဆွဲအံဖွင့်ပြီး ထည့်ထားလိုက်တယ်။ ဂျောင်ဂုကိုကြည့်ရတာ မယူမချင်း မနားတမ်းပြောနေမယ့်ပုံပင်။
th "သွားစို့.. ခြံထဲလျှောက်ကြည့်ရအောင်လေ.. ၆နာရီလောက်ဆိုစပြီ"
jk "ဆော့ဂျင်Hyungဆီကို လိုက်ပို့ပေးအုံး.. မတွေ့ရတာကြာပြီ"
th "အေးပါ.. သွားရအောင်"
သူတို့သုံးတယောက်အတူတူထွက်သွားပြီး ခဏအကြာမှ တယောက်တည်းထိုအိမ်ငယ်ကိုပြန်လာပြီး ဆေးဗူးလာယူသွားသူက ပတ်ဂျီမင်။
🍃🍃🍃
ပါတီစနေပြီမို့လိ​ု့ ပျော်ပါးသူတွေလည်း ပျော်ပါးနေကြသလို အလုပ်မပြတ်သေးသူများက စားဖိုဆောင်အဖွဲ့ပင်။ စားဖိုးဆောင်အဖွဲ့မှာက အများစုကမိန်းကလေးတွေဖြစ်ကြပြီး ယောက်ျားလေးအနည်းငယ်သာရှိတယ် ဆော့ဂျင်အပါအဝင်ပေါ့။
အစားအသောက်တွေပြင်ပေးရ ဝိုင်ပုလင်းတွေ ဝိုင်ခွက်တွေပြင်ဆင်ပေးရ စားပွဲထိုးလုပ်ပေးရသူတွေရောရှိကြတယ်။
"ဆော့ဂျင် ဝိုင်ပုလင်းတွေလိုသေးလို့ သွားယူရအောင်.. အိမ်ကြီးထဲမှာယူရမှာ Hyungနဲ့အတူသွားရအောင် သယ်ရမှာများမယ်ထင်တယ်"
"ဟုတ်ကဲ့ Hyung"
ဆော့ဂျင်နဲ့နမ်ဂျွန်း အတူတူထွက်သွားကြတယ်။
ထယ်ယောင်းကတော့ လာရောက်ပေးကြတဲ့ဧည့်သည်တွေကို လိုက်ဧည့်ခံနေရတယ်။ သခင်ကြီးက ပါတီမှာမရှိတော့ ထယ်ယောင်းပဲဦးဆောင်ပြီး လိုက်ဧည့်ခံနေရတယ်။ ဝိုင်တောင်မသောက်အားသေး။
ဂျီမင်က ထယ်ယောင်းအတွက်ဝိုင်တခွက်ယူလိုက်တယ်။ ပြီးတော့ ကိုယ်တိုင်စက္ကူလေးနဲ့ထုပ်ပြီးယူလာတဲ့ ဂျောင်ဂုပေးထားတဲ့ဆေးဗူးထဲက ဆေးပမာဏနည်းနည်းကို ရောထားလိုက်တယ်။ ခိုးကြောက်ခိုးဝှက်လုပ်နေရတာမို​့ ဂျီမင်လက်တုန်နေမိတယ်။
"ဂျီမင် ဘာလုပ်နေတာလဲ"
ရုတ်တရက် ဂျောင်ဂုရဲ့ခေါ်သံကြောင့် ဂျီမင်လန့်ပြီး လက်ထဲက ဆေးမရှိတော့တဲ့စက္ကူလေးက အောက်ပြုတ်ကျသွားခဲ့တယ်။
"ဘာမှမလုပ်ပါဘူး.. ငါထယ်ယောင်းအတွက်ဝိုင်လာယူပေးတာ.."
ဂျီမင်ခပ်မြန်မြန်ဖြေပြီး ထွက်လာလိုက်တယ်။ ဂျောင်ဂုက ဟိုမေးဒီမေးဆို ပေါ်သွားမှာစိုးရိမ်တာကြောင့်ပင်။
"ရော့.. ထယ်ယောင်း.. သောက်လိုက်အုံး.. ဘာမှမသောက်ရသေးဘူးမယ့်လား"
"အင်း.."
ထယ်ယောင်းဝိုင်သောက်တာကို ဂျီမင်စောင့်ကြည့်နေပေမဲ့ ဂျောင်ဂုလည်း အနားကိုရောက်လာတာကြောင့် ဂျီမင်ထွက်လာလိုက်တယ်။
ဂျီမင်တယောက်အိမ်ငယ်ဆီကိုသွားပြီး စောင့်နေလိုက်တယ်။ ဘာပဲဖြစ်ဖြစ် ခဏကြာရင်ထယ်ယောင်းရောက်လာတော့မယ်ဆိုတာ သိနေတယ်လေ။
"ဂျောင်~ ဂျောင်ဂု"
ထယ်ယောင်း မျက်လုံးတွေစိုက်ကျနေပြီး တခုခုဖြစ်နေတဲ့ပုံပေါ်နေတယ်။
"ဘာဖြစ်တာလဲ.. တခွက်ပဲသောက်ရသေးတာကို.."
"မဟုတ်ဘူး.. ငါ..ငါမရတော့ဘူး ပူနေပြီ"
"ဘာ! မင်း!!"
"ဟုတ်တယ်.. ငါမရတော့ဘူး"
"အမြန်သွားတော့.. ထယ်ယောင်း ငါဒီမှာကြည့်ထားပေးမယ်.. သေချာလည်းအိမ်ရောက်အောင်သွား တွေ့ကရာဆွဲလုပ်မိကုန်မယ်"
ဂျောင်ဂုက ထယ်ယောင်းကိုဘယ်သူဆေးခတ်လဲမစဥ်းစားဘဲ ဆော့ဂျင်ကိုပဲလိုက်ရှာတော့တယ်။ တွေ့တာနဲ့ချုပ်ဖမ်းသွားပြီး ထယ်ယောင်းဆီပို့မလို့။
အိမ်ငယ်ဆီကအခန်းမှာ ဂျီမင်တယောက်တည်းရှိနေတုန်း.. မျှော်နေရတဲ့သူက တံခါးဆွဲဖွင့်ပြီးဝင်လာတာကြောင့် ဂျီမင်အနားသွားပြီး ယိုင်တိုင်တိုင်ဖြစ်နေတဲ့ခန္ဓာကိုယ်ကို ထိန်းထားလိုက်တယ်။
ဂျီမင်ခါးဆီကို ဖက်တွယ်လိုက်တဲ့ လက်တစုံကြောင့်~
"ထယ်~"
Part 25 (END)🍃
[Zawgyi]
တကယ်လုပ်ကြံသူ နောက်ကွယ်ကလူက ဂျောင်မင်တို့သားအမိပဲဆိုတာကို ထယ်ယောင်းအကျိုးအကြောင်းဆီလျှော်စွာရှင်းပြတော့ သခင်ကြီးကလည်း လက်ခံပေးခဲ့တာကြောင့် ဒီကိစ္စကအခုတော့ ဒီလောက်နဲ့ပြီးသွားခဲ့တယ်။
"ယူလိုက်ပါအန်တီ.. ဆော့ဂျင်ကအလုပ်လုပ်ပြိးရလာတာတွေပါ.. သူကိုယ်တိုင်မလာနိုင်လို့ ကျွန်တော့်ကိုပေးခိုင်းလိုက်တာပါ"
"အခုလား.."
"အခုတဲ့.."
"ရောက်ပါပြီ"
"တောင်းပန်ပါတယ်။"
"..."ဘာမှပြန်မပြော။
"...."
"...."
"ဘာလုပ်တာလဲ.. ဖယ်.."
"ဘယ်လိုသိတာလဲ.."
"ကတိပေးလား"
"ဆော့ဂျင်~ ဘာလို့ဒီလိုမျိုး.."
"ဟို..ဟိုး.. ဘာလို့အဲ့လောက်ဒေါသထွက်နေတာလဲ ငါကပြန်​တော့မှာမလို့ လာနှုတ်ဆက်တာပါ"
"ဘာ!!"
ခွပ်!! ခွပ်!!
🍃🍃🍃
jk "ဒီမှာ ဘာလဲကြည့်.. "
jm "ဘာလဲ.. အဲဒါက.."
jk "ငါချစ်တဲ့သူက ဘယ်သူကိုမှထွက်မသွားဘူး.. ငါ့အနားမှာပဲရှိနေတာ ရူးနေတာတခုပဲ"
th "အေးပါကွာ.."
th "အေးပါ.. သွားရအောင်"
🍃🍃🍃
"ဟုတ်ကဲ့ Hyung"
"ဂျီမင် ဘာလုပ်နေတာလဲ"
"အင်း.."
"ဂျောင်~ ဂျောင်ဂု"
"ဘာ! မင်း!!"
"ဟုတ်တယ်.. ငါမရတော့ဘူး"
"ထယ်~"
Part 25 (END)🍃
There are no comments yet. Log in to be the first to leave a review!
Similar stories