Fanfics

23🍃

12:50, 18 April 2023

[Unicode]

ပုံမှန်ဆို ဒေါ်ကြီးနဲ့အတူတူ မီးဖိုခန်းထဲအလုပ်လုပ်ရပေမဲ့ ဒီနေ့သခင်ကြီးက ဒီခြံထဲမှာ အဓိကနေရာက အလုပ်လုပ်တဲ့အလုပ်သမားဌာနအလိုက်ခေါင်းဆောင်တွေကို ထမင်းဖိတ်ကျွေးမယ်ပြောထားတော့ မီးဖိုခန်းအကုန် အလုပ်ရှုပ်နေတယ်။

အကူမိန်းကလေးတွေလည်း လာပြီးလုပ်ပေးကြပေမဲ့ ချက်ရမယ့် ဟင်းအမျိုးအမည်တွေကလည်း များတာကြောင့် တယောက်မှမအားလပ်ပေ။ အချိန်ကပ်နေတော့မှ အားလုံးပြီးသွားတော့တယ်။

"ဟူး~ အခုမှပြီးသ​ွားတော့တယ်.. တခါမှအဲ့လောက်အလုပ်မများဖူးသေးဘူး"

"ဟုတ်ပ.. သခင်ကြီးကအဲ့လိုပဲ အလုပ်သမားခေါင်းဆောင်တွေကိုခေါ်ပြီး တွေ့ဆုံတတ်တယ်။"

"အော် ဟုတ်ကဲ့ ဒေါ်ကြီး"

"ကလေးမလေးတွေ.. အကုန်ပြီးနေပြီဆိုတော့ ပြန်လို့ရပြီနော်.."

"ဟုတ်" အကူမိန်းကလေးတွေလည်း အကုန်ပြန်သွားကြတယ်။ ကျန်ခဲ့တာက ဒေါ်ကြီးနဲ့ဆော့ဂျင်နှစ်ယောက်တည်း..

"သခင်ကြီးက ခရုဆန်ပြုတ်တပွဲလုပ်ပေးဖို့ပြောတယ်။" မိန်းကလေးတယောက်ရောက်လာကာ လာပြောခဲ့တယ်။

"ဟုတ်သားပဲ သခင်ကြီးကခရုဆန်ပြုတ်ကို အရမ်းကြိုက်တာ"

ပြောပြောဆိုဆို ဒေါ်ကြီးပဲထပြင်ဆင်နေတော့ အားနာတာနဲ့..

"ဒေါ်ကြီး နားလိုက်ပါတော့.. ကျွန်တော် သခင်ကြီးအတွက် လုပ်ပေးလိုက်ပါ့မယ်.."

"ဆော့ဂျင်လည်း ပင်ပန်းနေတာကို.."

"မဟုတ်တာ ရပါတယ်"

🍃🍃🍃

စားသောက်ပွဲမှာ အစားအသောက်တွေအစီအရင်ဖြင့် စားသုံးမည့်သူများလည်း ရောက်နေကြပြီ ခေါင်းဆောင်ကင်နမ်ဂျွန်း ။ ဒေါက်တာမင်ယွန်းဂီနှင့် အခြားအလုပ်ဋ္ဌာနကသူလည်း၃ယောက်လောက်ပါတယ်။ ဂျောင်မင်နဲ့ သူ့အမေ ကင်မ်ထယ်ယောင်း သခင်ကြီးပေါ့။

ဆော့ဂျင်ကတော့ ဘေးနားကနေ ရပ်ကြည့်နေရင်းကို ဗိုက်ဆာလာတယ်။ အနံ့လေးပဲရှုနေလိုက်တယ်။ ပြီးရင်တော့ သူနဲ့ဒေါ်ကြီးလည်းစားရမှာပါပဲ လို့စိတ်တင်းထားလိုက်တယ်။ အစားအသောက်တွေဆီကနေ မျက်လူံးမခွာနိုင်ဖြစ်နေတာ.. ဒေါ်ကြီးကဘေးကနေ လက်မောင်းလေးကိုကိုင်လိုက်မှ သိတယ်..

"ဆော့ဂျင်. သောက်ရေခွက်လေးယူပေးလိုက်အုံး.. ခွက်နည်းနေသေးလို့"

"အာ~ ဟုတ်ကဲ့"

🍃🍃🍃

"အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်. မတွေ့ရတာပြီနော်.. အစားအသောက်တွေကို ဘယ်လိုမြင်လဲ"

"ဟုတ်ကဲ့ ဒီလိုအစားအသောက်တွေကို ကျွေးမွေးဖို့ခေါ်ပေးတာ ကျေးဇူးတင်ပါတယ် သခင်ကြီး။ တကယ့်အရသာရှိမယ့်ပုံပါပဲ."

"ကဲကဲ.. ဒါဆိုလည်း မောင်ရင်တို့စားကြပါအုံး"

"ဒါနဲ့ သခင်ကြီးကဆန်ပြုတ်သောက်မလို့လား.. နေမကောင်းလိ​ု့လား.."

"အစကတော့ အစီအစဥ်မရှိပါဘူး.. ခရုဆန်ပြုတ်လေးမြင်လိုက်တော့ သောက်ချင်သွားပြီ.. အရင်ကတည်းက အကြိုက်မို့လို့ပါ"

"ဟုတ်ကဲ့.. ကောင်းပါတယ်"

"များများစားကြနော်.. လိုသလောက်ထပ်ယူလို့ရပါတယ်"

"ဟုတ်ကဲ့ အရသာရှိရှိစားပါ့မယ်"

အကုန်သူ့ဟာသူစားသောက်နေကြပေမဲ့.. မစားသေးဘဲ သခင်ကြီးဆန်ပြုတ်သောက်တာကို တရိပ်ရိပ်ကြည့်နေသူက ဂျောင်မင်တို့သားအမိ။

ဆန်ပြုတ်သောက်နေရင်း တဆက်ဆက်နာကျင်လာတဲ့ဒဏ်ကြောင့် ရင်ဘတ်ကိုဆုပ်ကိုင်လိုက်ကာ..

"အ့.."

သခင်ကြီးပါးစပ်ထဲက သွေးတွေပါထွက်လာတာကြောင့် အကုန်ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ ဒေါက်တာယွန်းဂီက အမြန်အနားသွားကထိန်းလိုက်တဲ့အချိန်မှာ သခင်ကြီးသတိမေ့သွားခဲ့ပြီ။

"အဆိပ်ပဲ!"

"ဒေါက်တာ.. ဘယ်လိုလုပ်မလဲ! တခုခုလုပ်ပါအူံး.."

ထယ်ယောင်းလည်း စိတ်ပူတကြီးဖြစ်ကာ.. ဘာလုပ်ရမှန်းမသိပေ။

"အမြန်နေရာ ရွေ့လိုက်ပါ... ဆေးအိတ်အမြန်သွားယူခဲ့မယ်"

မင်ယွန်းဂီက အပြေးတပိုင်းထွက်သွားတော့.. လူအရမ်းအုံမှာစိုးတာကြောင့်ကျန်တဲ့သူတွေကို ပြန်ခိုင်းလိုက်ရတယ်။ထယ်ယောင်းက ဖခင်ဖြစ်သူကို အခန်းထဲပို့ပေးခဲ့တယ်။

နမ်ဂျွန်းကတော့ ထိုနေရာမှာရှိနေဆဲပင်။ ဟိုသားအမိပုံစံက မူမမှန်တာကို နမ်ဂျွန်းသတိထားမိတယ်။ ဟန်ဆောင်ကာ စိတ်ပူပေးသလိုလုပ်နေတာ..

🍃🍃🍃

"ဟဲ့.. ဒီဆန်ပြုတ်ကဘယ်သူလုပ်တာလဲ"

တချိန်လုံးငြိမ်နေတဲ့ ဟယ်ဆွန်း(ဂျောင်မင်အမေ)က သခင်ကြီးအခုလိုဖြစ်မှ စိတ်ပူတကြီးဖြစ်ကာထမေးတယ်။

"ဟို.. ဟို.. "

ဒေါ်ကြီးကတော့ ကြောက်လန့်တာကြောင့် ပြောမထွက်ပေ။ ဆော့ဂျင်ကလည်း ရေခွက်လေးသွားယူခိုင်းလိုက်တာ ကြာနေတယ်။

"ဟိုမနေနဲ့ အခုကိစ္စကသေရေးရှင်ရေးကိစ္စ.. ဒီအတိုင်းငြိမ်နေလို့ရမလား"

"ကင်မ်ဆော့ဂျင်ပါ"

"ဘာ!!!"

ဒေါက်တာရောက်နေပြီမို့ ဒီကိစ္စကိုသိရဖို့အတွက် ဒီကိုပြန်လာခဲ့တာ.. ကြားလိုက်ရတဲ့နာမည်ကြောင့် ထယ်ယောင်းကလည်း ထိတ်လန့်တကြားဖြစ်သွားခဲ့တယ်။

ဂျောင်မင်mon : "ငါထင်တယ်.. အစကတည်းက အဲ့ကောင်လေးက အကျင့်စရိုက်မကောင်းတာ"

ဆော့ဂျင်ခွက်ယူပေးပြီးပြန်လာတော့ အနေအထားတွေက မူမမှန်ပေ။ စားသောက်မယ့်သူတွေလည်း မရှိတော့ပေ။ ဟင်းပွဲတွေကလည်းအရာမယွင်း။ ရှိတဲ့သူတွေကလည်း ဆော့ဂျင်ကိုကြည့်နေတယ့် အကြည့်တွေက တမျိုးပင်။

ဆော့ဂျင်ထိုသူတွေကိုကြည့်ရင်း အတွေးလွန်နေရာက ရုတ်တရက် လက်ကနေဆောင့်ဆွဲခံလိုက်ရတယ်။ လက်ထဲက ဖန်ခွက်တွေလည်း ကြမ်းပြင်ပေါ်ကျကာ အကုန်ကွဲကြေပြီ။

"လိုက်ခဲ့.."

"ဟမ်.. ဘာ~ ဘာဖြစ်လို့လဲ"

ထယ်ယောင်းက အရမ်းဒေါသထွက်နေတဲ့ပုံပေါ်တာကြောင့် ဆော့ဂျင်စကားတွေထပ်ကုန်တယ်။ သူမေးတာကို ပြန်မဖြေဘဲ ထယ်ယောင်းက ဆော့ဂျင်ကိုလှေကားလျှောက်လုံး ဆွဲခေါ်သွားကာ.. အခန်းထဲရောက်မှ လွှတ်ပေးလိုက်တယ်။

"ဘာလို့လဲ!!!.. ဘာလို့မင်းပဲဖြစ်နေရတာလဲ?"

အခန်းထဲမှာ ဟိန်းထွက်လာတဲ့ထယ်ယောင်းရဲ့အသံကြောင့် ဆော့ဂျင်ဘာမှန်းမသိသေးတာတောင် ကြောက်နေမိတယ်။

"ငါ~ ငါဘာလုပ်မိလို့လဲ?"

"ကိုယ်လုပ်တာ ကိုယ်သိရမှာပေါ့!! ဘာတွေရိုးသားချင်ယောင်ဆောင်နေတာလဲ!!"

"ငါတကယ်မသိဘူး"

"မသိရင် သိအောင်နားထောင်!!"

ထိုစကားနဲ့အတူ ဆော့ဂျင်ကိုအင်္ကျီစကနေ ဆုပ်ကိုင်ထားပြီး အနီးကပ်ဆွဲသွင်းလိုက်ကာ ဒေါသကြီးစွာပြောတယ်။ ဆော့ဂျင်လည်ပင်းနေရာက တင်းကျပ်လွန်းလို့ မျက်နှာတွေပါရဲတက်နေပြီ။

"ငါ့ညီလည်း မင်းကြောင့်သေရပြီးပြီ အခု.. အခုငါ့အဖေကို မင်းအဆိပ်ခပ်တယ်။ နောက်ဆို ငါ့ကိုရောသတ်အုံးမှာ မယ့်လား!!"

အင်္ကျီစကို ပြန်လွတ်ပေးလိုက်တော့. ဆော့ဂျင်ကြမ်းပြင်ပေါ် ပုံကျသွားခဲ့တယ်။

"အဟွတ်~ အဟွတ်~ ဟင့်အင်း.. ငါမလုပ်ဘူး.. ငါတကယ်မသိတာ"

"အဲဒီခရုဆန်ပြုတ်ကို မင်းလုပ်ထားတာလေ.."

"ဟုတ်တယ်.. ငါလုပ်ထားတာ.. ဒါပေမဲ့ အဆိပ်ကိစ္စကို~ ငါ° ငါတကယ်မသိတာ"

"တော်တော့ မင်းကိုငါဒီအတိုင်းအလွတ်မပေးနိုင်ဘူး"

"ထယ်ယောင်း~ ငါမလုပ်ဘူး~ ယုံကြည်ပေးပါ.. ငါ့ကို.. ငါတောင်းပန်ပါတယ်"

ဆော့ဂျင် ကြမ်းပြင်ပေါ်ထိုင်လျက်သားနဲ့ ထယ်ယောင်းလက်အား ဆုပ်ကိုင်ကာ.. ယုံပေးဖို့ပြောပေမဲ့.. လက်တွေကိုဆွဲဖြုတ်ချင်းခံလိုက်ရတယ်။

"မင်းကို အပြစ်ပေးရမယ်"

ဆော့ဂျင်ခေါင်းငုံ့နေကာ မျက်ရည်တွေဆက်တိုက်ကျလာမိတယ်။ မျက်ရည်တွေမကျချင်ပေမဲ့.. သူနဲ့ပတ်သက်ရင်ကို မျက်ရည်ကလွယ်လွန်းနေတယ်။ ဘာလို့မယုံပေးတာလဲ? ကိုယ်ချစ်တဲ့သူကကိုယ့်ကိုမယုံကြည်ပေးတာ တကယ်နာကျင်ရတယ်။

"အား.."

သတိလွတ်သွားသလို အတွေးတွေများကာ ငိုနေမိတုန်း ရုတ်တရက်ကျောပေါ်ရောက်လာတဲ့ ခါးပတ်ကြောင့် ကျောတပြင်လုံးအောင့်သွားတယ်။ လက်ကလေးတွေကလည်း ဘောင်းဘီစကို ပိုတင်းကျပ်စွာဆုပ်ကိုင်လျက်သား။

"ထယ်ယောင်း~ အ့.. တကယ်~ တကယ်ရက်စက်~တယ်.. အ့.."

ထမပြေးမိဘဲ ဒီနေရာမှာပဲထိုင်လျက် အရိုက်ခံနေမိတယ်။

🍃🍃🍃

"ဒေါ်ကြီးရေ.. မြန်မြန်လုပ်ပါ.. သော့.. မြန်မြန်"

"လာပါပြီ.. လိုက်ရှာနေရလို့ပါ"

ထယ်ယောင်းဆွဲခေါ်သွားတဲ့ပုံစံကို တွေ့ကတည်းက နမ်ဂျွန်း.. ဆော့ဂျင်ကို အရမ်းစိတ်ပူနေတယ်။ ချက်ချင်းအပေါ်ထပ်ကို လိုက်လာလိုက်တယ်။ ဆော့ဂျင်ကိုတခုခုလုပ်လိုက်မှာစိုးရိမ်တာကြောင့် အခန်းတံခါးကို ကပ်ပြီးနားထောင်နေပေမဲ့ ဘာအသံမှမကြားပေ။

"နမ်ဂျွန်.. ဒီအခန်းက အသံလုံတယ် ကြားရမှာ မဟုတ်ဘူး"

"ဒေါ်ကြီး သော့ရှာပေးပါ.. ဒီအခန်းကိုဖွင့်မယ်.. ကျွန်တော့်စိတ်တွေလေးနေတယ်။"

"ဟုတ်ပြီ.. ဒေါ်ကြီးလည်းဆော့ဂျင်ကိုစိတ်ပူတယ်.. သူဌေးလေးက ပေါက်ကွဲလာရင် စိတ်လိုက်မာန်ပါလုပ်တတ်တယ်"

အချိန်တခုကြာတဲ့အထိ သော့မရသေးပေ။ တံခါးကိုဖျက်ဝင်ဖို့ကျတော့လည်း မလွယ်ပေ။

"သော့ရပြီ.. ဖွင့်လိုက်တော့"

သော့ရတာနဲ့ နမ်ဂျွန်းချက်ချင်းတံခါးဖွင့်လိုက်တော့ ဆော့ဂျင်က ဒူးထောက်နေပြီး.. ထယ်ယောင်းကခါးပတ်နဲ့ရိုက်လိုက်တာကို မျက်မြင်။သူ့မလာခင် ဘယ်လောက်ထိရိုက်ထားပြီးပြီလဲ မသိပေ။ ဆော့ဂျင်တကိုယ်လူံးတုန်ရီနေကာ အရမ်းနာကျင်နေသည့်ပုံပင်။

ထိုကြောင့် နောက်တချက်ထပ်ရိုက်ဖို့လုပ်နေတဲ့ထယ်ယောင်းလက်တွေကို.. နမ်ဂျွန်းဆုပ်ကိုင်လိုက်ကာ.. လက်ထဲက ခါးပတ်ကို ဆွဲလုကာ.. လွင့်ပစ်လိုက်တယ်။

နမ်ဂျွန်းတို့ကိုတွေ့လိုက်မှ တင်းထားသမျှလွတ်ချလိုက်တော့..ယိမ်းထိုးကျသွားတဲ့ခန္ဓာကိုယ်လေးကို ဒေါ်ကြီးကတော့ ဆော့ဂျင်အနားကိုပြေးဝင်ပြီး ဖက်ထားကာ ထိန်းကိုင်ပေးထားတယ်။

"တော်တော့.. လူတယောက်ကိုအသေသတ်မလို့လုပ်နေတာလား.."

"..."

"သေချာစုံစမ်းပါအုံး.. တယောက်ယောက်လုပ်ကြံသွားတာလည်း ဖြစ်နိုင်တာပဲ.."

"အခြားသူတွေပါသေးတာသိတယ်.. ဆော့ဂျင်က ကြံရာပါ"

"ဒါဆိုလည်းသိတဲ့သူရှိရင်.. အဲ့လိုရိုက်ပါလား.. ဘာလို့ဆော့ဂျင်ကိုမှ..ဟ့~"

နမ်ဂျွန်း.. ဒေါသထွက်လွန်းလို့ လည်ပင်းကြောတွေထောင်နေကာ.. လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။ စကားပြောတာလည်း ဒေါသကြောင့် အံကျိတ်သံဖြစ်နေပြီ။

"ဘာလို့လဲဆိုတော့.. အမှတ်မရှိလို့ သူအဲဒါတခါမကတော့ဘူး.. အမှတ်ရှိသွားအောင်လို့ လုပ်ပေးတာ.."

"ဟာကွာ~ ခွပ်!! ခွပ်!"

နမ်ဂျွန်းစိတ်မထိန်းနိုင်ဘဲ ဆွဲထိုးလိုက်တယ်။ သူဌေးတွေ ဘာတွေနားမလည်ပေ။ ဆော့ဂျင်အပေါ်လုပ်ထားတာ တကယ်လွန်နေပြီ။ သုံးလေးချက်လောက် ဆက်တိုက်ထိုးလိုက်တော့ ထယ်ယောင်းနှုတ်ခမ်းထောင့်က သွေးတွေကျနေတယ်။

နမ်ဂျွန်း ဆော့ဂျင်ကို ကျောပိုးကာ ထွက်သွားလိုက်တယ်။ ကျောပေါရောက်တော့ ဆော့ဂျင်ရဲ့စကားသံ သဲ့သဲ့လေးကိုကြားရတယ်။

"Hyung.. နာတယ်~"

Part 23 (END)🍃

ဖတ်ပေးကြတာကျေးဇူးတင်ပါတယ်🍃💚

ဒီနေ့အပိုင်းက ရေးလိုက်ဖျက်လိုက်နဲ့ တော်တော်ကြာသွားတယ်😞

အဆိပ်မိတဲ့အခန်းကိုမှာလေ.. အမှားပါသွားရင်တောင်းပန်ပါတယ် စဥ်းစားတုန်းကအဆင်ပြေနေတယ် ရေးလည်းရေးရော ရေးချမကျဖြစ်နေတာ..

Hawarngထဲမှာ park seo joon အဆိပ်သောက်တဲ့ဇာတ်ဝင်ခန်းပါတာကို ​ကြည့်ပြီးပဲ ရေးလိုက်ပါတယ်။ အဓိကကတော့ အသက်မသေတာကို ပြောချင်တာပါ..

ဖတ်ရအဆင်မပြေဖတ်သွားရင်.. တကယ်တောင်းပန်ပါတယ်🍃

[Zawgyi]

ပုံမွန္ဆို ေဒၚႀကီးနဲ႕အတူတူ မီးဖိုခန္းထဲအလုပ္လုပ္ရေပမဲ့ ဒီေန႕သခင္ႀကီးက ဒီၿခံထဲမွာ အဓိကေနရာက အလုပ္လုပ္တဲ့အလုပ္သမားဌာနအလိုက္ေခါင္းေဆာင္ေတြကို ထမင္းဖိတ္ေကြၽးမယ္ေျပာထားေတာ့ မီးဖိုခန္းအကုန္ အလုပ္ရႈပ္ေနတယ္။

အကူမိန္းကေလးေတြလည္း လာၿပီးလုပ္ေပးၾကေပမဲ့ ခ်က္ရမယ့္ ဟင္းအမ်ိဳးအမည္ေတြကလည္း မ်ားတာေၾကာင့္ တေယာက္မွမအားလပ္ေပ။ အခ်ိန္ကပ္ေနေတာ့မွ အားလုံးၿပီးသြားေတာ့တယ္။

"ဟူး~ အခုမွၿပီးသ​ြားေတာ့တယ္.. တခါမွအဲ့ေလာက္အလုပ္မမ်ားဖူးေသးဘူး"

"ဟုတ္ပ.. သခင္ႀကီးကအဲ့လိုပဲ အလုပ္သမားေခါင္းေဆာင္ေတြကိုေခၚၿပီး ေတြ႕ဆုံတတ္တယ္။"

"ေအာ္ ဟုတ္ကဲ့ ေဒၚႀကီး"

"ကေလးမေလးေတြ.. အကုန္ၿပီးေနၿပီဆိုေတာ့ ျပန္လို႔ရၿပီေနာ္.."

"ဟုတ္" အကူမိန္းကေလးေတြလည္း အကုန္ျပန္သြားၾကတယ္။ က်န္ခဲ့တာက ေဒၚႀကီးနဲ႕ေဆာ့ဂ်င္ႏွစ္ေယာက္တည္း..

"သခင္ႀကီးက ခ႐ုဆန္ျပဳတ္တပြဲလုပ္ေပးဖို႔ေျပာတယ္။" မိန္းကေလးတေယာက္ေရာက္လာကာ လာေျပာခဲ့တယ္။

"ဟုတ္သားပဲ သခင္ႀကီးကခ႐ုဆန္ျပဳတ္ကို အရမ္းႀကိဳက္တာ"

ေျပာေျပာဆိုဆို ေဒၚႀကီးပဲထျပင္ဆင္ေနေတာ့ အားနာတာနဲ႕..

"ေဒၚႀကီး နားလိုက္ပါေတာ့.. ကြၽန္ေတာ္ သခင္ႀကီးအတြက္ လုပ္ေပးလိုက္ပါ့မယ္.."

"ေဆာ့ဂ်င္လည္း ပင္ပန္းေနတာကို.."

"မဟုတ္တာ ရပါတယ္"

🍃🍃🍃

စားေသာက္ပြဲမွာ အစားအေသာက္ေတြအစီအရင္ျဖင့္ စားသုံးမည့္သူမ်ားလည္း ေရာက္ေနၾကၿပီ ေခါင္းေဆာင္ကင္နမ္ဂြၽန္း ။ ေဒါက္တာမင္ယြန္းဂီႏွင့္ အျခားအလုပ္႒ာနကသူလည္း၃ေယာက္ေလာက္ပါတယ္။ ေဂ်ာင္မင္နဲ႕ သူ႕အေမ ကင္မ္ထယ္ေယာင္း သခင္ႀကီးေပါ့။

ေဆာ့ဂ်င္ကေတာ့ ေဘးနားကေန ရပ္ၾကည့္ေနရင္းကို ဗိုက္ဆာလာတယ္။ အနံ႕ေလးပဲရႈေနလိုက္တယ္။ ၿပီးရင္ေတာ့ သူနဲ႕ေဒၚႀကီးလည္းစားရမွာပါပဲ လို႔စိတ္တင္းထားလိုက္တယ္။ အစားအေသာက္ေတြဆီကေန မ်က္လူံးမခြာနိုင္ျဖစ္ေနတာ.. ေဒၚႀကီးကေဘးကေန လက္ေမာင္းေလးကိုကိုင္လိုက္မွ သိတယ္..

"ေဆာ့ဂ်င္. ေသာက္ေရခြက္ေလးယူေပးလိုက္အုံး.. ခြက္နည္းေနေသးလို႔"

"အာ~ ဟုတ္ကဲ့"

🍃🍃🍃

"အားလုံးပဲ ေတြ႕ရတာဝမ္းသာပါတယ္. မေတြ႕ရတာၿပီေနာ္.. အစားအေသာက္ေတြကို ဘယ္လိုျမင္လဲ"

"ဟုတ္ကဲ့ ဒီလိုအစားအေသာက္ေတြကို ေကြၽးေမြးဖို႔ေခၚေပးတာ ေက်းဇူးတင္ပါတယ္ သခင္ႀကီး။ တကယ့္အရသာရွိမယ့္ပုံပါပဲ."

"ကဲကဲ.. ဒါဆိုလည္း ေမာင္ရင္တို႔စားၾကပါအုံး"

"ဒါနဲ႕ သခင္ႀကီးကဆန္ျပဳတ္ေသာက္မလို႔လား.. ေနမေကာင္းလိ​ု႔လား.."

"အစကေတာ့ အစီအစဥ္မရွိပါဘူး.. ခ႐ုဆန္ျပဳတ္ေလးျမင္လိုက္ေတာ့ ေသာက္ခ်င္သြားၿပီ.. အရင္ကတည္းက အႀကိဳက္မို႔လို႔ပါ"

"ဟုတ္ကဲ့.. ေကာင္းပါတယ္"

"မ်ားမ်ားစားၾကေနာ္.. လိုသေလာက္ထပ္ယူလို႔ရပါတယ္"

"ဟုတ္ကဲ့ အရသာရွိရွိစားပါ့မယ္"

အကုန္သူ႕ဟာသူစားေသာက္ေနၾကေပမဲ့.. မစားေသးဘဲ သခင္ႀကီးဆန္ျပဳတ္ေသာက္တာကို တရိပ္ရိပ္ၾကည့္ေနသူက ေဂ်ာင္မင္တို႔သားအမိ။

ဆန္ျပဳတ္ေသာက္ေနရင္း တဆက္ဆက္နာက်င္လာတဲ့ဒဏ္ေၾကာင့္ ရင္ဘတ္ကိုဆုပ္ကိုင္လိုက္ကာ..

"အ့.."

သခင္ႀကီးပါးစပ္ထဲက ေသြးေတြပါထြက္လာတာေၾကာင့္ အကုန္႐ုတ္႐ုတ္သဲသဲျဖစ္ကုန္တယ္။ ေဒါက္တာယြန္းဂီက အျမန္အနားသြားကထိန္းလိုက္တဲ့အခ်ိန္မွာ သခင္ႀကီးသတိေမ့သြားခဲ့ၿပီ။

"အဆိပ္ပဲ!"

"ေဒါက္တာ.. ဘယ္လိုလုပ္မလဲ! တခုခုလုပ္ပါအူံး.."

ထယ္ေယာင္းလည္း စိတ္ပူတႀကီးျဖစ္ကာ.. ဘာလုပ္ရမွန္းမသိေပ။

"အျမန္ေနရာ ေ႐ြ႕လိုက္ပါ... ေဆးအိတ္အျမန္သြားယူခဲ့မယ္"

မင္ယြန္းဂီက အေျပးတပိုင္းထြက္သြားေတာ့.. လူအရမ္းအုံမွာစိုးတာေၾကာင့္က်န္တဲ့သူေတြကို ျပန္ခိုင္းလိုက္ရတယ္။ထယ္ေယာင္းက ဖခင္ျဖစ္သူကို အခန္းထဲပို႔ေပးခဲ့တယ္။

နမ္ဂြၽန္းကေတာ့ ထိုေနရာမွာရွိေနဆဲပင္။ ဟိုသားအမိပုံစံက မူမမွန္တာကို နမ္ဂြၽန္းသတိထားမိတယ္။ ဟန္ေဆာင္ကာ စိတ္ပူေပးသလိုလုပ္ေနတာ..

🍃🍃🍃

"ဟဲ့.. ဒီဆန္ျပဳတ္ကဘယ္သူလုပ္တာလဲ"

တခ်ိန္လုံးၿငိမ္ေနတဲ့ ဟယ္ဆြန္း(ေဂ်ာင္မင္အေမ)က သခင္ႀကီးအခုလိုျဖစ္မွ စိတ္ပူတႀကီးျဖစ္ကာထေမးတယ္။

"ဟို.. ဟို.. "

ေဒၚႀကီးကေတာ့ ေၾကာက္လန့္တာေၾကာင့္ ေျပာမထြက္ေပ။ ေဆာ့ဂ်င္ကလည္း ေရခြက္ေလးသြားယူခိုင္းလိုက္တာ ၾကာေနတယ္။

"ဟိုမေနနဲ႕ အခုကိစၥကေသေရးရွင္ေရးကိစၥ.. ဒီအတိုင္းၿငိမ္ေနလို႔ရမလား"

"ကင္မ္ေဆာ့ဂ်င္ပါ"

"ဘာ!!!"

ေဒါက္တာေရာက္ေနၿပီမို႔ ဒီကိစၥကိုသိရဖို႔အတြက္ ဒီကိုျပန္လာခဲ့တာ.. ၾကားလိုက္ရတဲ့နာမည္ေၾကာင့္ ထယ္ေယာင္းကလည္း ထိတ္လန့္တၾကားျဖစ္သြားခဲ့တယ္။

ေဂ်ာင္မင္mon : "ငါထင္တယ္.. အစကတည္းက အဲ့ေကာင္ေလးက အက်င့္စရိုက္မေကာင္းတာ"

ေဆာ့ဂ်င္ခြက္ယူေပးၿပီးျပန္လာေတာ့ အေနအထားေတြက မူမမွန္ေပ။ စားေသာက္မယ့္သူေတြလည္း မရွိေတာ့ေပ။ ဟင္းပြဲေတြကလည္းအရာမယြင္း။ ရွိတဲ့သူေတြကလည္း ေဆာ့ဂ်င္ကိုၾကည့္ေနတယ့္ အၾကည့္ေတြက တမ်ိဳးပင္။

ေဆာ့ဂ်င္ထိုသူေတြကိုၾကည့္ရင္း အေတြးလြန္ေနရာက ႐ုတ္တရက္ လက္ကေနေဆာင့္ဆြဲခံလိုက္ရတယ္။ လက္ထဲက ဖန္ခြက္ေတြလည္း ၾကမ္းျပင္ေပၚက်ကာ အကုန္ကြဲေၾကၿပီ။

"လိုက္ခဲ့.."

"ဟမ္.. ဘာ~ ဘာျဖစ္လို႔လဲ"

ထယ္ေယာင္းက အရမ္းေဒါသထြက္ေနတဲ့ပုံေပၚတာေၾကာင့္ ေဆာ့ဂ်င္စကားေတြထပ္ကုန္တယ္။ သူေမးတာကို ျပန္မေျဖဘဲ ထယ္ေယာင္းက ေဆာ့ဂ်င္ကိုေလွကားေလွ်ာက္လုံး ဆြဲေခၚသြားကာ.. အခန္းထဲေရာက္မွ လႊတ္ေပးလိုက္တယ္။

"ဘာလို႔လဲ!!!.. ဘာလို႔မင္းပဲျဖစ္ေနရတာလဲ?"

အခန္းထဲမွာ ဟိန္းထြက္လာတဲ့ထယ္ေယာင္းရဲ႕အသံေၾကာင့္ ေဆာ့ဂ်င္ဘာမွန္းမသိေသးတာေတာင္ ေၾကာက္ေနမိတယ္။

"ငါ~ ငါဘာလုပ္မိလို႔လဲ?"

"ကိုယ္လုပ္တာ ကိုယ္သိရမွာေပါ့!! ဘာေတြရိုးသားခ်င္ေယာင္ေဆာင္ေနတာလဲ!!"

"ငါတကယ္မသိဘူး"

"မသိရင္ သိေအာင္နားေထာင္!!"

ထိုစကားနဲ႕အတူ ေဆာ့ဂ်င္ကိုအကၤ်ီစကေန ဆုပ္ကိုင္ထားၿပီး အနီးကပ္ဆြဲသြင္းလိုက္ကာ ေဒါသႀကီးစြာေျပာတယ္။ ေဆာ့ဂ်င္လည္ပင္းေနရာက တင္းက်ပ္လြန္းလို႔ မ်က္ႏွာေတြပါရဲတက္ေနၿပီ။

"ငါ့ညီလည္း မင္းေၾကာင့္ေသရၿပီးၿပီ အခု.. အခုငါ့အေဖကို မင္းအဆိပ္ခပ္တယ္။ ေနာက္ဆို ငါ့ကိုေရာသတ္အုံးမွာ မယ့္လား!!"

အကၤ်ီစကို ျပန္လြတ္ေပးလိုက္ေတာ့. ေဆာ့ဂ်င္ၾကမ္းျပင္ေပၚ ပုံက်သြားခဲ့တယ္။

"အဟြတ္~ အဟြတ္~ ဟင့္အင္း.. ငါမလုပ္ဘူး.. ငါတကယ္မသိတာ"

"အဲဒီခ႐ုဆန္ျပဳတ္ကို မင္းလုပ္ထားတာေလ.."

"ဟုတ္တယ္.. ငါလုပ္ထားတာ.. ဒါေပမဲ့ အဆိပ္ကိစၥကို~ ငါ° ငါတကယ္မသိတာ"

"ေတာ္ေတာ့ မင္းကိုငါဒီအတိုင္းအလြတ္မေပးနိုင္ဘူး"

"ထယ္ေယာင္း~ ငါမလုပ္ဘူး~ ယုံၾကည္ေပးပါ.. ငါ့ကို.. ငါေတာင္းပန္ပါတယ္"

ေဆာ့ဂ်င္ ၾကမ္းျပင္ေပၚထိုင္လ်က္သားနဲ႕ ထယ္ေယာင္းလက္အား ဆုပ္ကိုင္ကာ.. ယုံေပးဖို႔ေျပာေပမဲ့.. လက္ေတြကိုဆြဲျဖဳတ္ခ်င္းခံလိုက္ရတယ္။

"မင္းကို အျပစ္ေပးရမယ္"

ေဆာ့ဂ်င္ေခါင္းငုံ႕ေနကာ မ်က္ရည္ေတြဆက္တိုက္က်လာမိတယ္။ မ်က္ရည္ေတြမက်ခ်င္ေပမဲ့.. သူနဲ႕ပတ္သက္ရင္ကို မ်က္ရည္ကလြယ္လြန္းေနတယ္။ ဘာလို႔မယုံေပးတာလဲ? ကိုယ္ခ်စ္တဲ့သူကကိုယ့္ကိုမယုံၾကည္ေပးတာ တကယ္နာက်င္ရတယ္။

"အား.."

သတိလြတ္သြားသလို အေတြးေတြမ်ားကာ ငိုေနမိတုန္း ႐ုတ္တရက္ေက်ာေပၚေရာက္လာတဲ့ ခါးပတ္ေၾကာင့္ ေက်ာတျပင္လုံးေအာင့္သြားတယ္။ လက္ကေလးေတြကလည္း ေဘာင္းဘီစကို ပိုတင္းက်ပ္စြာဆုပ္ကိုင္လ်က္သား။

"ထယ္ေယာင္း~ အ့.. တကယ္~ တကယ္ရက္စက္~တယ္.. အ့.."

ထမေျပးမိဘဲ ဒီေနရာမွာပဲထိုင္လ်က္ အရိုက္ခံေနမိတယ္။

🍃🍃🍃

"ေဒၚႀကီးေရ.. ျမန္ျမန္လုပ္ပါ.. ေသာ့.. ျမန္ျမန္"

"လာပါၿပီ.. လိုက္ရွာေနရလို႔ပါ"

ထယ္ေယာင္းဆြဲေခၚသြားတဲ့ပုံစံကို ေတြ႕ကတည္းက နမ္ဂြၽန္း.. ေဆာ့ဂ်င္ကို အရမ္းစိတ္ပူေနတယ္။ ခ်က္ခ်င္းအေပၚထပ္ကို လိုက္လာလိုက္တယ္။ ေဆာ့ဂ်င္ကိုတခုခုလုပ္လိုက္မွာစိုးရိမ္တာေၾကာင့္ အခန္းတံခါးကို ကပ္ၿပီးနားေထာင္ေနေပမဲ့ ဘာအသံမွမၾကားေပ။

"နမ္ဂြၽန္.. ဒီအခန္းက အသံလုံတယ္ ၾကားရမွာ မဟုတ္ဘူး"

"ေဒၚႀကီး ေသာ့ရွာေပးပါ.. ဒီအခန္းကိုဖြင့္မယ္.. ကြၽန္ေတာ့္စိတ္ေတြေလးေနတယ္။"

"ဟုတ္ၿပီ.. ေဒၚႀကီးလည္းေဆာ့ဂ်င္ကိုစိတ္ပူတယ္.. သူေဌးေလးက ေပါက္ကြဲလာရင္ စိတ္လိုက္မာန္ပါလုပ္တတ္တယ္"

အခ်ိန္တခုၾကာတဲ့အထိ ေသာ့မရေသးေပ။ တံခါးကိုဖ်က္ဝင္ဖို႔က်ေတာ့လည္း မလြယ္ေပ။

"ေသာ့ရၿပီ.. ဖြင့္လိုက္ေတာ့"

ေသာ့ရတာနဲ႕ နမ္ဂြၽန္းခ်က္ခ်င္းတံခါးဖြင့္လိုက္ေတာ့ ေဆာ့ဂ်င္က ဒူးေထာက္ေနၿပီး.. ထယ္ေယာင္းကခါးပတ္နဲ႕ရိုက္လိုက္တာကို မ်က္ျမင္။သူ႕မလာခင္ ဘယ္ေလာက္ထိရိုက္ထားၿပီးၿပီလဲ မသိေပ။ ေဆာ့ဂ်င္တကိုယ္လူံးတုန္ရီေနကာ အရမ္းနာက်င္ေနသည့္ပုံပင္။

ထိုေၾကာင့္ ေနာက္တခ်က္ထပ္ရိုက္ဖို႔လုပ္ေနတဲ့ထယ္ေယာင္းလက္ေတြကို.. နမ္ဂြၽန္းဆုပ္ကိုင္လိုက္ကာ.. လက္ထဲက ခါးပတ္ကို ဆြဲလုကာ.. လြင့္ပစ္လိုက္တယ္။

နမ္ဂြၽန္းတို႔ကိုေတြ႕လိုက္မွ တင္းထားသမွ်လြတ္ခ်လိဳက္ေတာ့..ယိမ္းထိုးက်သြားတဲ့ခႏၶာကိုယ္ေလးကို ေဒၚႀကီးကေတာ့ ေဆာ့ဂ်င္အနားကိုေျပးဝင္ၿပီး ဖက္ထားကာ ထိန္းကိုင္ေပးထားတယ္။

"ေတာ္ေတာ့.. လူတေယာက္ကိုအေသသတ္မလို႔လုပ္ေနတာလား.."

"..."

"ေသခ်ာစုံစမ္းပါအုံး.. တေယာက္ေယာက္လုပ္ႀကံသြားတာလည္း ျဖစ္နိုင္တာပဲ.."

"အျခားသူေတြပါေသးတာသိတယ္.. ေဆာ့ဂ်င္က ႀကံရာပါ"

"ဒါဆိုလည္းသိတဲ့သူရွိရင္.. အဲ့လိုရိုက္ပါလား.. ဘာလို႔ေဆာ့ဂ်င္ကိုမွ..ဟ့~"

နမ္ဂြၽန္း.. ေဒါသထြက္လြန္းလို႔ လည္ပင္းေၾကာေတြေထာင္ေနကာ.. လက္သီးကိုက်စ္က်စ္ပါေအာင္ ဆုပ္ထားတယ္။ စကားေျပာတာလည္း ေဒါသေၾကာင့္ အံက်ိတ္သံျဖစ္ေနၿပီ။

"ဘာလို႔လဲဆိုေတာ့.. အမွတ္မရွိလို႔ သူအဲဒါတခါမကေတာ့ဘူး.. အမွတ္ရွိသြားေအာင္လို႔ လုပ္ေပးတာ.."

"ဟာကြာ~ ခြပ္!! ခြပ္!"

နမ္ဂြၽန္းစိတ္မထိန္းနိုင္ဘဲ ဆြဲထိုးလိုက္တယ္။ သူေဌးေတြ ဘာေတြနားမလည္ေပ။ ေဆာ့ဂ်င္အေပၚလုပ္ထားတာ တကယ္လြန္ေနၿပီ။ သုံးေလးခ်က္ေလာက္ ဆက္တိုက္ထိုးလိုက္ေတာ့ ထယ္ေယာင္းႏႈတ္ခမ္းေထာင့္က ေသြးေတြက်ေနတယ္။

နမ္ဂြၽန္း ေဆာ့ဂ်င္ကို ေက်ာပိုးကာ ထြက္သြားလိုက္တယ္။ ေက်ာေပါေရာက္ေတာ့ ေဆာ့ဂ်င္ရဲ႕စကားသံ သဲ့သဲ့ေလးကိုၾကားရတယ္။

"Hyung.. နာတယ္~"

Part 23 (END)🍃

ဖတ္ေပးၾကတာေက်းဇူးတင္ပါတယ္🍃💚

ဒီေန႕အပိုင္းက ေရးလိုက္ဖ်က္လိုက္နဲ႕ ေတာ္ေတာ္ၾကာသြားတယ္😞

အဆိပ္မိတဲ့အခန္းကိုမွာေလ.. အမွားပါသြားရင္ေတာင္းပန္ပါတယ္ စဥ္းစားတုန္းကအဆင္ေျပေနတယ္ ေရးလည္းေရးေရာ ေရးခ်မက်ျဖစ္ေနတာ..

Hawarngထဲမွာ park seo joon အဆိပ္ေသာက္တဲ့ဇာတ္ဝင္ခန္းပါတာကို ​ၾကည့္ၿပီးပဲ ေရးလိုက္ပါတယ္။ အဓိကကေတာ့ အသက္မေသတာကို ေျပာခ်င္တာပါ..

ဖတ္ရအဆင္မေျပဖတ္သြားရင္.. တကယ္ေတာင္းပန္ပါတယ္🍃

There are no comments yet. Log in to be the first to leave a review!

Similar stories