Fanfics

part 9

19:31, 11 February 2025

(Unicode)

Naniလည်း သူ့ဆိုင်သူ ရောက်တော့ ညအား ကိစ္စက သူ့အတွေးထဲ ဝင်ရောက်လာခဲ့သည်။ငါလုပ်လိုက်တာ လွန်များ သွားပြီလား။သူကန်လိုက်လို့ သူသုံးစားမရတော့ရင်ရော ဘယ်လို လုပ်မလဲ။ဘာပဲ ဖြစ်ဖြစ်  သူက ငါ့ကို အရင် လာလုပ်တာပဲ ဆိုပြီး တစ်ယောက်တည်း cashier မှာ ထိုင်ပြီး စကား ပြောနေတော့သည်။

"P'Nani P'Nani"

"ဟင် "

"ငွေရှင်းနေတယ် P'"

"အော်အေး တောင်းပန်ပါတယ်ဗျ ကျွန်တော်မသိလိုက်လို့ပါ "

"ရပါတယ်ရှင့် "

Customer ကောင်မလေးလည်း ထွက်သွားတော့ mikeလည်း တစ်ခါမှ ဒီလို အတွေး ပြန့်နေတဲ့ P'Naniအား မမြင်ဖူးခဲ့ပါ။

"P' "

"အင်း N'mike"

"P'နေများ မကောင်းလို့လား"

"ဘာလို့လဲ P'နေကောင်းပါတယ်"

"ကျွန်တော့ ဒီမှာ အလုပ်စဝင်ခနဲက အခုထိ P'ဒီလို ဖြစ်တာ ဒါ ပထမဆုံး မြင်ဖူးတာပဲ P'တစ်ခုခု ဖြစ်လို့လား"

"အမ်း... P' ဘာမှ မဖြစ်ပါဘူး"

Naniလည်း mikeအား ပြောလိုက်ရမလား လို့ပင် တွေးလို့ မဆုံးသေးဘူး။

"P'တစ်ခုခု ဖြစ်နေတယ်လား P'နဲ့ လက်ထပ်ထားတဲ့ လူက P'ကို တစ်ခုခု လုပ်လိုက်တယ်မလား"

"ဟုတ်တယ် "

"ကျွန်တော်ထင်တဲ့ အတိုင်းပဲ သူက P'ကို ဘာလုပ်လိုက်တာလဲ "

"မဟုတ်ဘူး N'mike "

"ဘာကို မဟုတ်ရမှာလဲ P'ရာ ယူထားတာမှ မကြာသေးဘူး ဒီလိုကိစ္စတွေက အိမ်တွင်းအကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ် "

Naniလည်း N'mike ကို ပြောပြခါမှ ပိုဆိုးနေတော့သည်။ Nani ဟုတ်တယ်လို့ ပြောလိုက်သည်က တစ်ခုခုဖြစ်နေတာလား ဆိုတဲ့ စကားကို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။N'mikeကလည်း ထင်ချင်ရာ ထင်ပြီး သူထင်တာတွေ ပြောနေတော့သည်။

"ခနလေး နေပါအုန်း N'mike ရယ် P'ပြောတာကို နားထောင်ပါအုန်း"

"ပြောပြပါ P' ပြီးရင် ကျွန်တော်တို့ တရားဥပဒေအတိုင်း လုပ်ကြတာပေါ့ "

"တကယ်တော့လေ ညက တစ်ခုခု ဖြစ်တယ် ဆိုတာ ဟုတ်ပါတယ် ပြီးတော့ သူက P'ကို လုပ်တာ မဟုတ်ပါဘူး P'က သူ့ကို လုပ်လိုက်တာပါ"

Mikeလည်း မျက်လုံးမျက်စံ ပြူးသွားကာ P'Naniဆိုပြီး အသံကုန်အော်ဟစ်လိုက်သည်။ဆိုင်မှာ chill လုပ်နေကြတဲ့ ကောင်မလေးတွေက ဘာဖြစ်တာလဲ ဆိုပြီး သူတို့နှစ်ယောက်ကို ကြည့်လိုက်ကြသည်။

"တိုးတိုးပြောပါ "

Naniလည်း mikeရဲ့ ပါးစပ်အား အလျင်အမြန် ပိတ်လိုက်ရသေးသည်။

"P'က ဘာလုပ်လိုက်တာလဲ "

"P'တို့ ညက စကားများပြီး အချေအတင် ဖြစ်ခဲ့ကြတယ် ညရောက်တော့ သူက မူးပြီး ပြန်လာတာ P'လည်း ရန်ဖြစ်ထားတော့ ဟိုဘက်အခန်းကို သွားအိပ်ဖို့ လုပ်တာ အဲ့တာ သူက မသွားရဘူး ဆိုပြီး ကုတင်ပေါ်ကို ဆွဲလှဲလိုက်တာ ပြီးတော့...."

"ပြီးတော့ ဘာဖြစ်တာလဲ P'"

"သူက P'အပေါ်ကို အုပ်မိုးသလိုကြီး လာလုပ်တော့ P'လည်း သူ့ရဲ့ ဟိုနေရာကို ကန်ပစ်လိုက်တာ"

"အော် P'ရယ် ဘာများလဲလို့ P'က အဲ့အကြောင်း ကြောင့် တစ်နေကုန် စိတ်နဲ့ လူနဲ့ မကပ်နေတာပေါ့"

"မဟုတ်ပါဘူး"

"အခုမှ ငြင်းမနေပါနဲ့"

"P'အမှန်တိုင်း ပြောရရင် P'ကန်လိုက်လို့ သူဘာမှတော့ မဖြစ်လောက်ပါဘူးမလား"

"မဖြစ်လောက်ပါဘူး ဖြစ်လည်း သူဖြစ်တာ P'ဖြစ်တာ မဟုတ်ဘူး တွေးမနေနဲ့ "

"အော် အေးပါ အေးပါ "

Nani လည်း ရယ်ရခက် ငိုရခက်ပင်။mikeကို မေးကာမှ အပိုင်းတစ်ကို ဇာတ်သိမ်းသွားခဲ့သည်။____________________

Skyလည်း ညက Naniရဲ့ ကန်ချက် ပြင်းလား မပြင်းလားကတော့ နေ့လည် လောက်မှ သူနိုးတော့သည်။မူးနေတဲ့ အရှိန်ရှိရင်တောင် သူပုံမှန် 9/10နာရီ နိုးတက်ပါသေးသည်။အခုက နေ့လည် 2နာရီကို ရှိနေပြီ ဖြစ်သည်။

Ph Ring Tone မြည်သံ

"Hello "

"Hello ကိုကို အိပ်နေတာလားဟင်"

"အင်းး"

"ကိုကို ညက သောက်တာ များသွားလို့လား "

"အင်း အခုက ဘာကိစ္စ ရှိလို့လဲ "

"Pinkက ကိုကိုနဲ့ cafeဆိုင်သွားမလို့"

"မင်းဘာသာ တစ်ယောက်တည်း သွားလို့ ရလား"

"ဟာ... ကိုကိုပဲ pink ကို ပို့ပေးမယ်ဆိုပြီး ပြောထား ပြီးတော့ "

"ငါပြောခဲ့တာလား "

"ဟုတ်တယ်လေ ကိုကိုကလည်း"

"အွန်း အဲ့တာဆိုလည်း ပြီးတာပဲ ခနစောင့် လာခေါ်လိုက်မယ်"

"ဟုတ်ကိုကို"

Skyလည်း ပြင်ဆင်ကာ pinkအား သွားခေါ်လိုက်သည်။

"ကိုကို ‌"

Pinkလည်း ‌ကားပေါ်ရောက်တော့ skyအား အနမ်းပေးလိုက်သည်။

Skyလည်း pinkအနမ်းတွေကို ပြန်လည်တုံ့ပြန်ခြင်း မရှိပဲ အနောက်ဆုတ်ကာ ဘယ်သွားမှာလဲ ဆိုပြီး pinkအား မေးလိုက်သည်။

ကိုကိုက ဘာဖြစ်လို့လဲ သူစိတ်မကြည်လို့ နေမှာပါ ဆိုပြီး pinkလည်း စိတ်ထဲ မထားလိုက်ပါ။

"Me♪ody cafeသွားမယ် "

"အင်း "

ဆိုင်ရှေ့ရောက်တော့ skyကတော့ ဒီတိုင်းပဲ ကားပေါ်မှာပဲ စောင့်မယ် ဆိုတဲ့ ပုံစံနဲ့ နေလိုက်သည်။

"ကိုကို သွားမယ်လေ"

"ဟမ် သွားလေ ငါက လိုက်ရအုန်းမှာလား"

"ကိုကိုကလည်း တူတူသွားမယ်လို့ လုပ်ထားတာလေ မရဘူး လာ သွားမယ်"

Skyလည်း မြန်မြန်ပြီးရင် ပြီးရော ဆိုပြီး ကားထဲမှ ထွက်လိုက်သည်။ဆိုင်ထဲ ဝင်ခံနီး ကျတော့ pink က skyရဲ့ လက်အား ဆွဲကာ မသိတဲ့ လူတွေဆို ဒါဟာ အတွဲလေး တစ်တွဲ ကော်ဖီဆိုင် လာတဲ့ ပုံစံမျိုး ဖြစ်နေသည်။

Sky နဲ့ pinkလည်း cake, bread တွေ အကုန်ထားတဲ့ counter ရောက်တော့ mikeက နှုတ်ဆက်စကားလေး ဆိုလိုက်သည်။

"မင်္ဂလာပါဗျ ဘာလေး ပေးရမလဲဗျ"

"မင်္ဂလာပါရှင့် ကိုကို ဘာစားမလဲဟင်"

"ရတယ် အဆင်ပြေတာသာ မှာလိုက်"

"အဲ့တာဆို kuromi နဲ့ my melody cake နှစ်ခုပေးနော် "

"ဟုတ် my melody လေးကတော့ မရတော့ဘူးဗျ"

"ဟုတ်လား "

"ဟုတ်တယ်ဗျ ဒါပေမဲ့ မနေ့ကမှ menuအသစ် ဖြစ်တဲ့ cookieလေးတွေတော့ ရှိတယ်ဗျ"

"ဟုတ်လား တစ်ချက်ကြည့်လို့ရမလား "

"ဟုတ် ဒီမှာပါဗျ"

"ချစ်စရာလေး တွေပဲ "

"အဲ့တာဆို အဲ့ထဲက kuromi,hello kitty,my melody ယူမယ် တစ်မျိုးကို နှစ်ခုစီနော် ပြီးတော့ စောနက kuromi cakeလေးရယ်"

"ဟုတ်ကဲ့ဗျ ပါဆယ်လား ဆိုင်စားလားဗျ "

"ဆိုင်စားမယ်နော် ကိုကို "

"အင်း စား "

"ဟုတ်ကဲ့ အဲ့တာဆို ခနလေး စောင့်ပေးပါအုန်းနော် cashier အကိုက အနောက်မှာ မုန့်လေးတွေ ထပ်လုပ်နေလို့ပါဗျ"

ဒီလိုနဲ့ Naniလည်း ထွက်လာတော့ mikeက P' ငွေရှင်းဖို့ တဲ့ ဆိုပြီး ပြောလာသည်။

Naniလည်း ငွေရှင်းမဲ့သူတွေကို ကြည့်လိုက်တော့ skyနဲ့ ကောင်မလေး တစ်ယောက် ဖြစ်နေသည်။

Skyနဲ့ Naniလည်း အကြည့်စုံသွားပြီး naniက အရင်ဆုံး အကြည့်လွှဲလိုက်သည်။ပြီးတော့ table no.လေးနဲ့ ဘောက်ချာလေးအား ပေးလိုက်သည်။

"အားပေးမှုတွက် ကျေးဇူးပါဗျ "

"ဟုတ်ကဲ့ရှင့် "

Skyနဲ့ pinkလည်း သူတို့ ထိုင်ဖို့ လွှတ်တဲ့ table no.က ဖြစ်ချင်တော့ cashier counter နဲ့ မျက်စောင်ထိုးပုံစံ ဖြစ်နေသည်။

Mikeလည်း skyတို့ မှာထားတဲ့ မုန့်လေးတွေအား လာချပေးလိုက်သည်။

မှာထားတာတွေ ရတော့ pinkက မိန်းကလေးတို့ သဘာဝတိုင်း ပုံလေးတွေ ရိုက်ယူနေလိုက်သည်။

"ကိုကို ပြီးရင် ဓာတ်ပုံ ရိုက်ပေးအုန်းနော် "

Selfie ဆွဲလိုက်လေ ""

"ကိုကို ဓာတ်ပုံရိုက်ပေးတာ ခံချင်လို့လေ"

Pinkလည်း skyအား သူ့ဖုန်းကို ကမ်းပေးလိုက်သည်။ skyလည်း pinkအား ဓာတ်ပုံရိုက်ပေးလိုက်သည်။Nani ဒီမြင်ကွင်းကို မမြင်ရအောင် မျက်စိမကောင်းတဲ့ လူတစ်ယောက် မဟုတ်ပါ။

"ရော့ ပြီးပြီ"

"လှလိုက်တာ ကိုကိုကတော်သောပဲ"

"ကိုကို... အာ "ဆိုပြီး pink skyအား ခွံကျွေးလိုက်သည်။

အစက skyလည်း ငြင်းမလို့ပါပဲ Naniသူတို့ဝိုင်းအား ကြည့်နေတာ သူတွေ့လိုက်သောကြောင့် pinkခွံကျွေးတာကို သူစားလိုက်သည်။ပြီးတော့ skyလည်း pinkကို ပြန်လည်ခွံကျွေးလိုက်သည်။

Naniလည်း ဆက်မကြည့်ချင်သောကြောင့် ဆိုင်ဝင်ပေါက်ကိုအား ကြည့်နေလိုက်သည်။

Skyနဲ့ pinkလည်း စားပြီး ပြန်သွားကြတော့

"ဟူးးးး စိတ်ပျက်စရာ မြင်ကွင်းပဲ "

"ဟင် ဘာလို့လဲ P'ရဲ့ "

"ဘာမှ မဟုတ်ပါဘူး ဒီတိုင်းပဲ မျက်စိထဲ ကန့်လန့်ဖြစ်သွားလို့ "

"ဟုတ်ပါပြီ P'ရာ ကျွန်တော်တို့တောင် ဆိုင်ပိတ်ရတော့မှာပဲ "

"ဟုတ်သားပဲ "

Nani လည်း kan အရင်ရောက်နေရင် အားနာလို့ ဆိုပြီး kanအား ဖုန်းနံပါတ်လေး တောင်းကာ သူအားလုံး ပြီးစီးမှ ဖုန်းလှမ်းဆက်တော့သည်။

ဆိုင်လည်း သိမ်းပြီးတော့ kanအား ဖုန်းလှမ်း ဆက်လိုက်သည်။

"Hello Kan P'ကို လာကြိုလို့ ရပြီနော်"

"ဟုတ်အကိုလေး အကိုလေး skyက သူကြိုခဲ့မယ်လို့ ပြောတယ်ဗျ"

"ဟမ် kanကပဲ P'ကို လာကြိုရမှာလေ P'သူနဲ့ မပြန်ချင်ဘူး အဲ့တာ လာကြိုပေးလို့ ရမလား "

'ကျွန်တော်လာကြိုချင်ပေမဲ့ အကိုလေးက မှာသွားတော့ ကျွန်တော်မလာရဲလို့ပါ "

"ရတယ် ရတယ် P'ဘာသာ taxiငှားပြီး ပြန်တော့မယ် "ဆိုပြီး ဖုန်းချလိုက်သည်။

"P'ဘာဖြစ်လို့လဲ"

"ဘာမှ မဖြစ်ပါဘူး N'mike ပြန်တော့လေ "

"P'ကို kanလာမကြိုသေးဘူးမလား သူလာ‌တဲ့ထိ ကျွန်တော်စောင့်ပေးမယ်လေ"

"ရပါတယ် kanက ကြာအုန်းမှာမို့ "

"ဟုတ် တစ်ယောက်တည်း နေလို့ဖြစ်ရဲ့လား "

"ဟားး mikeရာ P'ကို ကလေးထင်နေတာလား "

"စိတ်မချလို့ပါ P'ရာ "

"ရပါတယ် သွားသွား P'ဘာမှ မဖြစ်ဘူးရယ် "

"ဟုတ်အဲ့တာဆို ကျွန်တော်သွားပြီနော် "

Naniလည်း mikeပြန်သွားတော့ ဆိုင်အပေါက်ဝလေးမှ taxiအလာကို စောင့်နေလိုက်သည်။

သူ့အရှေ့ကို ရပ်လာတဲ့ ကားအနက်တစ်စီး ကားပေါ်မှ ဆင်းလာတာကလည်း စောနက တွေ့ထားတဲ့ မျက်နှာပင် ဖြစ်နေသည်။

"ကားပေါ်တက် ပြန်မယ်"

"ဘာကိစ္စ တက်ရမှာလဲ မင်းတင်ခေါ်ချင်တိုင်း တင်ခေါ်လို့ရတဲ့ထဲမှာ ငါမပါဘူး "

Naniလည်း သူ့ဆိုင်ရှေ့မှာ taxiကို မစောင့်တော့ပဲ လမ်းပဲ လျှောက်လိုက်တော့သည်။

Skyလည်း ဒီလူက ဘာလဲ ဆိုပြီး Naniဘေးကနေ ကားနဲ့ ကပ်လျက် လိုက် လိုက်သည်။

ခန နေတော့ naniရှေ့ကနေကားကို ပိတ်ရပ်လိုက်သည်။

"ခများကို ကားပေါ်တက်လို့ ပြောနေတာလေ"

"ငါမတက်ချင်ဘူး ပြီးတော့ မင်းကို ဘယ်သူက လာကြိုခိုင်းလို့လဲ "

ဒီတစ်ခါ ငြိမ်သွားတာက skyပင်။သူဘာလို့ ကြိုချင်နေရတာလဲ။ဘာလို့မှန်းတော့ သူလည်း မသိဘူး။pinkကို ပြန်ပို့ပြီး အိမ်ကို ဝင်ကာ kanကို Nani အား မကြိုဖို့ သူမှာခဲ့လိုက်သည်။ပြီးတော့ Naniအား သူလာကြိုလိုက်သည်။

"ဒယ်ဒီကြောင့်မို့ "

"ရတယ် မင်းဒယ်ဒီကိုလည်း ငါပြောထားလိုက်မယ် မင်းဘာသာ ကောင်မလေးတွေနဲ့ အချိန်ဖြုံးလိုက်ပါ"

"ခများ ဘာဖြစ်နေတာလဲ မတက်ဘူး ဆိုရင် ကျွန်တော့ အဆိုး မဆိုနဲ့နော်"

"ငါမင်းနဲ့ မပြန်ချင်ဘူး အဲ့တာကြောင့်မို့ ငါ့ဘာသာ လမ်းလျှောက်ပြန်လိုက်မယ် ပြီးတော့ မင်းဒယ်ဒီကိုလည်း မသိစေရဘူး "

Skyလည်း တော်တော်ကို စကား များနေတဲ့ naniအား ပွေ့ချီလိုက်သည်။

"လွှတ်စမ်း မင်းဘာလုပ်တာလဲ"

"ခများ စကားတွေများနေတာ နားတွေ အရမ်း ညီးလာပြီ' ဆိုပြီး ကားတံခါးအား naniကို ချီရင်း ဖွင့်လိုက်သည်။

"ရတယ် အောက်ချပေး ငါ့ဘာသာ တက်မယ်"

Skyလည်း naniကို အသာချပေးလိုက်သည်။

Naniလည်း ကား အနောက်တံခါးအား ဖွင့်ကာ ဝင်ထိုင်လိုက်သည်။

Skyလည်း naniထိုင်လိုက်တဲ့ ကားတံခါးအား ထပ်မံ ပြန်ဖွင့်ကာ စကား စလိုက်သည်။

"ခများ အဲ့တာ ဘာလုပ်တာလဲ"

"မင်း မောင်းမှာဆို မောင်းလိုက်တော့ မဟုတ်ရင် ငါပြန်ဆင်းမှာ "

Skyတစ်ယောက် ကားတံခါး ဖွင့်ကာ မောင်းမဲ့ နေရာမှာ ထိုင်လိုက်ရင်း အနောက်လှည့်ကာ naniအား စကား စလိုက်သည်။

"ခများ ကျွန်တော့ကို driver ထင်နေတာလား ဘာကိစ္စ အဲ့အနောက်မှာ ထိုင်တာလဲ"

"မင်းရဲ့ တစ်ခြား မိန်းကလေးတွေ ထိုင်တဲ့ နေရာမှာ မထိုင်ချင်လို့ ပြီးတော့ အဲ့နေရာမှာ ထိုင်ရအောင်လည်း မင်းနဲ့ငါက ဘာမှ မဟုတ်ဘူး"

"ဘာ! ခများနဲ့ ကျွန်တော်က လက်ထပ်ထားတာ ကျွန်တော်က ခများရဲ့ ယောက်ျားပဲ"

"ဒီတိုင်း မိဘပေးစားလို့ ယူထားတာပဲ ပြီးတော့ မင်းနဲ့ငါက ချစ်လို့ ယူထားတာလည်း မဟုတ်ဘူး အဲ့တော့ မင်းနဲ့ငါရဲ့ ဆက်ဆံရေးက လက်မှတ်ထိုးထားရုံ သက်သက်ပဲ "

"ဘာပဲ ဖြစ်ဖြစ် ကျွန်တော်က ခများရဲ့ တရားဝင်အမျိုးသားပဲ "

"တော်ပါတော့ ဘာကို အမျိုးသားလဲ အမျိုးသား တစ်ယောက်မှာ ရှိရမဲ့ ကျင့်ဝတ်တွေရော မင်းမှာ ရှိလို့လား ငါ့ရဲ့ ညက လုပ်ရပ်အတွက် ငါမင်းကို စိုးရိမ်နေတာ မင်းကိုကြည့်ရတာ ကောင်မလေး တစ်ယောက်ကိုတောင် ငါ့ဆိုင်ကို ခေါ်လာနိုင်တယ် ဆိုတော့ အဆင်ပြေမဲ့ ပုံပါပဲ"

တကယ်တော့ naniမှာ ကော်ဖီဆိုင် ရှိတယ် လို့ပဲ သိတာ ဘယ်ဆိုင်လဲ ဆိုတာ skyမသိပေ။ဆုံချင်တော့လည်း တိုက်တိုက်ဆိုင်ဆိုက် ကမ္ဘာကြီးက ကျဉ်းလွန်းနေတော့သည်။

"ခများ ပြောလို့ ပြီးပြီလား ယောက်ျား တစ်ယောက် ရှိရမဲ့ ကျင့်ဝတ်တွေ ဘာတွေ နားမလည်ဘူး ‌ကျွန်တော်သိတာက ခများက ကျွန်တော့ရဲ့ ယောက်ျားပဲ "

"အဲ့စကား ထည့်ထည့် မပြောနဲ့ ရွံဖို့ ကောင်းတယ်

"ပြောတော့ ဘာဖြစ်လဲ ‌"

"မင်းလိုမျိုး ကိုယ့်မှာ လက်ထပ်ထားတဲ့ လူ ရှိရဲ့သားနဲ့ ကောင်မလေးတွေနဲ့ ရှုပ်ပွေနေတဲ့ လူနဲ့ ပတ်သတ်မိတဲ့ ငါကိုက မှားတာ "

"ဘာလဲ သဝန်တိုနေတာလား ဒါက ကျွန်တော်ရဲ့ ပုံစံပဲ ခများ ဘာမှ လာပြီး ပြောပိုင်ခွင့်မရှိဘူး မကျေနပ်ရင် ခများ လာမပတ်သက်နဲ့ "

"မင်းနဲ့ ပတ်သတ်ချင်လို့များ ထင်နေလား အချိန်တစ်ခု...."

"ပြောလေ မပြောနိုင်တော့ဘူးမလား"

"အေးပါ မင်းစောင့်နေလိုက်"

"အမယ်လေး ကြောက်လိုက်တာ ဘာလုပ်မလို့လဲဗျ"

"ခများ ရဲ့ ပစ္စည်းတွေကိုလည်း kanနဲ့ အဒေါ်ပရင်ကို မူလ နေရာမှာ ပြန်ထားခိုင်းထားတယ် အဲ့တာ ခများ ပြန်ရွေ့ဖို့ မကြိုးစားနဲ့"

"မင်းဘာလို့ ငါ့ကို လိုက်ပြီး ခြယ်လှယ်နေရတာလဲ မင်းလုပ်ချင်တိုင်း လုပ်လို့ရတဲ့ မိန်းကလေးတွေ မဟုတ်ဘူးနော် "

"ခများက ယောက်ျားလေးမို့လို ကို ထူးထူးခြားခြားလေး ဖြစ်သွားအောင် တစ်ခုခု လုပ်ချင်တာ"

"မင်းက အရမ်းရွံဖို့ကောင်းတယ်"

"ဟားဟား... "

Skyလည်း ကားမောင်းကာ အိမ်ပြန်ခရီးကိုပဲ ဆက်လိုက်မိသည်။သူ့စိတ်ထဲမှာ လည်း တစ်မျိုးခံစားနေရလို့  Naniကို ကြိုချင်စိတ်လည်း ရှိနေသလို သူတစ်နေရာ သွားဖို့ လုပ်ထားသည်။ဒါပေမဲ့ တစ်ဖက်လူကလည်း မာနထိပ်ခေါင် ဖြစ်နေသလို သူကိုယ်တိုင်ကလည်း အထိမခံတဲ့ လူဖြစ်နေတော့ ဘယ်တော့များမှ ဒီဆက်ဆံရေးက ကောင်းလာနိုင်မှာ လဲလို့သာ တွေးနေမိတော့သည်။____________________

Naniလည်း အိမ်ရောက်တော့ ကားပေါ်ကနေ ဆင်းလိုက်ပြီး အိမ်ပေါ်တက်ကာ အစတုန်းက နေခဲ့ထဲ အခန်းထဲကို ဝင်လိုက်သည်။အခန်းထဲ ရောက်တော့လည်း အင်္ကျီလှဲကာ ကုတင်ပေါ်တွင် ဝင်လှဲဖို့သာပဲ သူတွေးလိုက်သည်။

ညစာ စားတဲ့ အချိန်ထိကို  naniက ဆင်းမလာပေ။skyလည်း သွားတက်ကြည့်လိုက်တော့ ကုတင်ပေါ်မှာ ညအိပ်ဝတ်စုံလေးနဲ့ အိပ်ပျော်နေတဲ့ လူသားလေးအား တွေ့လိုက်ရသည်။ထို့‌ ကြောင့် skyလည်း သူ့ဘာသာပဲ စားနေလိုက်တော့သည်။

Nani လည်း ဆိုင်က ပင်ပန်းတာ တစ်မျိုး ဟိုလူနဲ့ စကား များရတာ တစ်မျိုး သူတကယ်ကို ပင်ပန်းနေသည်။အဲ့တာနဲ့ ရောက်ရောက်ချင်း ကုတင်ပေါ် ဝင်လှဲကာ အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည်။Naniလည်း တစ်ရေးနိုးရော Naniရဲ့ ဗိုက်ကလေးက သံစုံတီးဝိုင်းကဲသို့ပင် ဖြစ်နေသည်။

အဲ့တာနဲ့ ဘေးဘက်ကို ဝေ့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ skyအား တွေ့လိုက်သည်။skyမကြားအောင် ခြေသံ ဖွဖွလေးဖြင့် လျှောက်လိုက်ပြီး အောက်သို့ ဆင်းလာခဲ့သည်။ထမင်းစားခန်းထဲ ဝင်ကြည့်တော့လည်း ဘာမှ မရှိပေ။အဲ့တာနဲ့ ရေလေးပဲ သောက်ကာ သူအပေါ်ကို ပြန်တက်ခဲ့လိုက်သည်။

သူအခန်းထဲ ဝင်ကြည့်လိုက်တော့ sky ကုတင်ပေါ်မှာ ငုတ်တုတ်ထိုင်နေတာကို တွေ့လိုက်ရသည်။

"ခများ အောက်ကို ဘာသွားလုပ်တာလဲ ဗိုက်ဆာလို့လဲ"

"မဆာဘူး ငါ့ဘာသာ ရေသွားသောက်တာ"

ပါးစပ်က မာနအထိခိုက် မခံနိုင်လို့ လိမ်ပြောပေမဲ့ ဗိုက်ကလေးက သူ့အား အရှက်ခွဲနေလေရဲ့

ဂွီ....

"ခများ ဗိုက်ဆာ နေတာ မလား မလိမ်နဲ့"

"ရော့ ဒီမှာ စားလိုက်"

"မစားချင်ဘူး "

"စားမှာဖြင့် စားလိုက် ရှက်နေရင် ကျွန်တော် ဟိုဘက် လှည့်ပေးမယ် "

"မင်းက ဘာကိစ္စ ငါ့ကို ကျွေးနေတာလဲ ဘာလဲ မင်းကောင်မလေးတွက် ဝယ်တာကို သူက မကြိုက်လို့ ငါ့ကို လာကျွေးတာလား "

"ခများ အဲ့လောက် အ တွေးတွေ မတုံး အ,စမ်း ပါနဲ့ စားမှာသာ စားစမ်းပါ" ဆို ပြီး naniလက်ထဲအား သူဝယ်လာတဲ့ မုန့်တွေအား ထည့်ပေးလိုက်သည်။

Nani လည်း skyပေးတဲ့ မုန့်တွေ စားကာ ဗိုက်တွေကို ပြည့်တင်းသွားသည်။ကုတင်ပေါ်ကို ထိုင်ကာ လှဲလိုက်မည့် အလုပ်

"ခများ ကျေးဇူး မတင်တတ်ဘူးလား"

"အော် ကျေးဇူး တင်ခံ ချင်တာလား "

Skyလည်း ဘာမှ ပြန်မပြောပဲ Naniနဲ့ ဆန့်ကျင်ဘက်လှည့်လိုက်သည်။

ဆန့်ကျင် ကို လှည့်အိပ်တဲ့ skyကျောပြင်အား Nani လည်း လက်ကလေးနဲ့ ပုတ်ကာ "ကျေးဇူး တင်ပဲနော်" ဆိုပြီး ပြောလိုက်သည်။

Sky ပြန်လှည့်ကြည့်လိုက်တော့ Naniရဲ့ နောက်ကျောလေးအား ကြည့်ပြီး "ခများကလေ တကယ့်လူပဲ" ဆိုပြီး skyပြုံးလိုက်မိသည်။

TBCThanks for reading,guys

(Zawgyi)


"P'Nani P'Nani"






"P' "
































"Hello "



"ကိုကို ညက သောကျတာ မြားသှားလို့လား "

"အငျး အခုက ဘာကိစ်စ ရှိလို့လဲ "





















"မငျ်ဂလာပါဗဘြာလေး ပေးရမလဲဗြ"

























































































































TBCThanks for reading,guys

There are no comments yet. Log in to be the first to leave a review!

Similar stories