Fanfics

part 8

20:20, 10 February 2025

(Unicode)

Nani လည်း ညက သူ့ရဲ့ အရုပ်တွေကို ဖျက်ဆီးခံရမှာ ဆိုးလို့သာ သူငြိမ်လိုက်တာ မနက်ရောက်တော့ သူနိုးလာတော့ အိပ်ပျော်နေတဲ့ skyအား အမြင်ကတ်တဲ့ ပုဒ်မဖြင့် ဖက်လုံးနဲ့ ရိုက်ကာ ရေချိုးခန်းထဲ ဝင်လိုက်သည်။

အိပ်ပျော်လွန်နေတာလား အိပ်မက် မက်နေတာလားကို မသဲကွဲတဲ့ skyကတော့ ဖက်လုံးနဲ့ ရိုက်ခံရတာကိုတောင် မသိချေ။

Naniလည်း အောက်ဆင်း မနက်စာ စားပြီးသော အခါ သူ့ကို ပို့ပေးမဲ့ driverကလည်း ရောက်နေပြီ ဖြစ်သည်။

"သား ဒါက သားကို ပို့ပေးမဲ့ driver လေးပဲ"

"ဟုတ်ကဲ့"

Nani driverကောင်လေးကို ကြည့်လိုက်တော့လည်း အသက်က မိမိထက် ငယ်မယ် ထင်ရသည်။

"အဆင်သင့် ဖြစ်ရင် သွားတော့မလား အကိုလေး"

"သွားကြတာပေါ့"

"အကိုလေး တက်ပါ" ဆိုပြီး ကားတံခါးလေးအား ဖွင့်ပေးရှာတယ်

"ကျေးဇူးပါဗျ "

ဒီလိုနဲ့ ကားမောင်းနှင်းခဲ့ရာ လမ်းတစ်ဝက် ရောက်တော့ Naniက စကားစလိုက်သည်။

"မင်းနာမည်က ဘယ်သူလဲ ပြီးတော့ အသက်ကရော "

"ကျွန်တော့ နာမည်က Kanပါ အသက်က 25နှစ်ပါ"

"အော် P' ထက် ငယ်တာပဲ "

"ဟုတ် အကို‌လေး ကရော"

"P'နာမည်က Nani ပါ ပြီးတော့ အသက်က 27နှစ် "

"အကိုလေးက မထင်ရဘူးပဲ ကျွန်တော်က ကျွန်တော့ထက် ငယ်မယ် ထင်နေတာ"

"အဲ့လောက် မမြှောက်ပါနဲ့ P'ဆိုင်ကနေ မုန့်တွေ ထည့်ပေးလိုက်မယ် အဒေါ်ပရင်နဲ့ တူတူစားနော်"

"ကျွန်တော် မုန့်စားချင်လို့ ပြောတာ မဟုတ်ပါဘူး အကိုလေးရာ "

"ဟုတ်ပါပြီ P'ကလည်း ကျေးဇူးတင်လို့ ကျွေးတာပါ"

"ဟုတ်ကဲ့ပါ အကိုလေး"

ဒီလိုနဲ့ ဆိုင်ကို ရောက်လာတော့ Naniက သူ့ဆိုင်မှာ အသစ်ထပ်လုပ်မဲ့ menuအသစ် မုန့်လေးတွေ လုပ်ပေးကာ ထည့်ပေးလိုက်သည်။

"စောင့်ရတာ ကြာသွားလားဟင်"

"ရပါတယ် အကို‌လေး"

"ရော့ Kan ယူသွားလိုက်နော်"

"အများကြီးပဲ အကိုလေး"

"မများပါဘူး အဒေါ်ပရင်နဲ့ တူတူစားနော်"

"ဟုတ်ကဲ့ အကိုလေး ပြီးတော့ ကျွန်တော် ဘယ်ချိန်လာကြိုပေးရမလဲဗျ"

"ညနေ 5နာရီ လောက်"

"ဟုတ်အကိုလေး"

Mikeကလည်း ဆိုင်ကို အလာ kanကလည်း ဆိုင်ထဲမှ အထွက်ပေါ့

Mikeလည်း မျက်မှန်ကိုင်းလေးအား မ,တင်ပြီး ဆိုင်ထဲမှ မုန့်ထုတ်တွေ အများကြီးနဲ့ ထွက်လာတဲ့ လူအား ကြည့်လိုက်မိသည်။

ပြီးတော့ ဆိုင်ထဲလည်း ရောက်တော့ P'Nani အား နှုတ်ဆက်ကာ မေးခွန်း ထုတ်လိုက်သည်။

"P'Nani စောနက လူက ဒီနေ့ လုပ်မဲ့ မုန့်တွေကို အကုန်ဝယ်သွားတာလား "

"စောနက ထွက်သွားတဲ့ လူဆိုတာ.... အော် Kanကို ပြောတာလား"

"P' က နာမည်ပါ သိနေတာလား "

"အဲ့တာ P'တို့ အိမ်က driver ကောင်လေးပါ နာမည်က Kanတဲ့ mikeနဲ့ ရွယ်တူလောက်ပဲ"

"ဝိုးးး P' Naniတို့က driver တွေနဲ့"

"ဟုတ်တယ် P'မှ ကား မမောင်းတက်တာ ပြီးတော့ ဖေဖေကိုလည်း လိုက်မပို့ခိုင်းတော့‌ဘူးလေ"

"P'ရဲ့ လူကိုရော ဘာလို့ မပို့ခိုင်းတာလဲ"

"တော်ပါ သူ့ကို မပို့ခိုင်းချင်ပါဘူး"

"ဘာလို့လဲ P'ရဲ့ "

"သူကလည်း P'ကို လိုက်မပို့ပေးချင်ဘူး အဲ့တာနဲ့ သူ့အဖေကလည်း P'အတွက် driver ငှားပေးထားတာ "

Mikeကတော့ Nani ပြောသမျှကို ဂရုတစိုက်လေး နားစွင့်နေလိုက်သည်။

"ကဲပါ P'တို့ မုန့်လုပ်ရအောင် "

"ဟုတ်ကဲ့ပါဗျ "ဆိုပြီး ကော်ဖီဆိုင်အတွက် မုန့်အသစ် menuတွေ ထပ်တိုးလုပ်ကြဖို့ လုပ်ငန်းစလိုက်ကြသည်။

________________________

Skyလည်း နိုးထလာတော့ ဘေးမှာ ဘယ်သူမှ မရှိပေ။ skyလည်း ဟိုNaniဆိုတဲ့ လူအား ပို့ပေးရအုန်းမှာ ဆိုတဲ့ အသိနဲ့ မျက်နှာသစ်လိုက်ပြီး အောက်သို့ ဆင်းလာရာ ကောင်လေး တစ်ယောက်ကို တွေ့လိုက်သည်။

"အဒေါ်ပရင် သူက ဘယ်သူလဲ" ဆိုသည့် အသံကို ကြားတော့ အဒေါ်ပရင်နဲ့ kanကတော့ Naniပေးလိုက်တဲ့ မုန့်လေးတွေကို ကြည့် နေရင်း လန့်သွားခဲ့သည်။

"အော် သားsky ဒါက သားဒယ်ဒီ ငှားပေးထားတဲ့ driver ကောင်လေးပါ နာမည်က Kanတဲ့ အသက်ကတော့ 25နှစ်တဲ့သား"

"ရပြီ ရပြီ ကျွန်တော် သူ့ရဲ့ ကိုယ်ရေးရာဇဝင် အချက်လက်တွေ တောင်းနေတာ မဟုတ်ဘူး ဒါနဲ့ ဟိုလူရော"

"သား Nani လား "

"ဟုတ်တယ်"

"သားNaniက မနက်က Kanလိုက်ပို့လို့ သူ့ဆိုင်ကို သွားပြီ သားရဲ့"

"ဟုတ်လား"

Skyပါးစပ်ကသာ ထို အတိုင်း တုံ့ပြန်လိုက်တာ စိတ်ထဲမှာကတော့ ပို့စရာ မလိုတော့ ငါ့အတွက် သက်သာတယ် ဆိုပြီး ရေရွတ်မိလိုက်သည်။

"ဟုတ်တယ် သားရဲ့ သားမနက်စာ စားတော့မလား "

"အွန်း... စားတော့မယ်"

"အဲ့တာဆို အဒေါ်လုပ်ပေးမယ်နော်"

Skyလည်း ထမင်းစားပွဲပေါ်မှာ တွေ့တဲ့ မုန့်လေးတွေကို ကိုင်ကြည့်လိုက်ရာ အလွန်ချစ်စရာ ကောင်းနေသည်။

"သား အဲ့မုန့်လေးတွေလည်း စားလို့ရတယ်"

အိမ်အကူအဒေါ်ကြီးနဲ့ အသံကို ကြားတော့ skyလည်း လက်ထဲက မုန့်တွေကို စားပွဲပေါ် ပြန်ချလိုက်သည်။

"ဘယ်က မုန့်တွေလဲ"

"သား Naniက အဒေါ်တို့တွက် လုပ်ပေးလိုက်တာပါ သားစားချင်ရင် စားပါ အဒေါ်တို့ မစားရသေးပါဘူး အသန့်တွေပါနော်"

"ကျွန်တော်မစားချင်ပါဘူး ပြီးတော့ စားပွဲပေါ်ကနေ အဲ့တာတွေကို ရွေ့ပေးပါ မျက်စိရှုပ်လို့ "

"ဟုတ်ကဲ့ ကျွန်တော်ရွေ့ပေးပါမယ် " ဆိုပြီး kanလည်း ရွေ့ပေးလိုက်သည်။

Skyလည်း မနက်စာ စားပြီးတော့ သူ့အခန်းထဲသူ ပြန်ဝင်သွားသည်။အဲ့အခန်းထဲမှာ ဘာလုပ်လဲ မေးရင် skyလည်း ယောက်ျားလေး ပီပီ လူငယ် ထဲက လူငယ်ဆိုတော့ ယောက်ျားလေး အများစု လုပ်ကြသလို ဂိမ်းဆော့တာကိုလည်း သူဝါသနာ ပါသေးသည်။ညဆိုရင် clubတက်တယ် ကျန်တဲ့ချိန်ဆို games ဆော့တက်တယ် အဲ့လို အရာတွေနဲ့ပဲ သူ့ရဲ့ နေ့တစ်နေ့ကို ကုန်ဆုံးတက်တယ် ။သူရခဲ့တဲ့ business bachelor degree ကတော့ uniကို လွှင့်ရင်လွှင့် မလွှင့်ရင် ဖုန်တက်နေလောက်ရောပေါ့။

"ဒီအကို‌ လေးက ဘယ်သူလဲ အဒေါ် "

"အဲ့တာ သားကို အလုပ်ခန့်ပေးထားတဲ့ CEOရဲ့ သား နာမည်က skyတဲ့"

"အဲ့တာဆို ဒီအကိုလေးနဲ့ ကျွန်တော်မနက်က လိုက်ပို့နဲ့ အကိုလေး Naniက ညီကိုတွေလား"

"ဟယ် ဘယ်ကသာ သူတို့က လက်ထပ်ထားတာ"

"ဗျာ"

"ဘာလို့လဲ လန့်လိုက်တာ"

"အကိုလေး Naniနဲ့ အကိုလေး skyက မတည့်ကြဘူးလား"

"အဒေါ်လည်း မပြောတက်ဘူး မိဘတွေ ပေးစားထားတယ်လို့ ပြောတယ် ချစ်လား မချစ်လားတော့ မသိဘူးသားရယ်"

"အော် အဲ့တာကြောင့်မို့ နေမှာ"

ဒါနဲ့ အကိုလေး skyက အကိုလေး Naniထက် အသက်ကြီးတာလား"

"မဟုတ်ဘူး သား Naniက ပိုကြီးတာ သားskyက အခုမှ 21လောက်ပဲ ရှိအုန်းမယ် ထင်တယ်"

"အော် ကျွန်တော်ထက်‌တောင် ငယ်တာပဲ"

Kanလည်း အခုမှ ရောက်တဲ့ အသစ်လေး ဆိုတော့ မမြင်ဖူးတဲ့ လူနှစ်ယောက် အကြောင်းအား မေးလိုက်ခြင်း ဖြစ်သည်။____________________

ညနေ ရောက်တော့ kanလည်း အကိုလေး Naniကို သွားကြိုရှာတယ်

ဖြစ်ချင်တော့ ဒီနေ့ကျမှ Naniတို့ ဆိုင်ကလည်း menuအသစ်တွေကြောင့် လူကျနေတော့ ပိတ်နေကျ အချိန်ထပ် နောက်ကျနေသည် ဖြစ်သည်။Kanကတော့  အကိုလေး ထွက်မလာသေးတော့ ကားပေါ်မှာ စောင့်နေသည်။

"P'nani ပင်ပန်းသွားပြီ "

"N'mikeရောပါပဲ ဘာပဲ ဖြစ်ဖြစ် P' နဲ့ တူတူ ကြိုးစားပေးလို့ ကျေးဇူးပါကွာ "

"ရပါတယ် P'ရာ "

"ဟုတ်ပါပြီ အဲ့တာဆို ဆိုင်ပိတ်ကြတာပေါ့"

"ဟုတ် P' "

Naniနဲ့ mikeလည်း ဆိုင်သိမ်းပြီး ထွက်လာတော့ Kanကို တွေ့လိုက်ရသည်။

"အကိုလေး ပြီးပြီလားဗျ "

"ပြီးပြီ Kan 5နာရီလောက်ထဲက ရောက်နေတာလား P'အားနာပါတယ်ကွာ "

"ရပါတယ် အကိုလေး "

"အော် ဒါနဲ့ ဒါက P'ဆိုင်မှာ လုပ်တဲ့ N' လေ နာမည်က mikeတဲ့ kanနဲ့ အသက်က တူတူပဲ "

"ဟုတ် တွေ့ရတာ ဝမ်းသာပါတယ်ဗျ ကျွန်တော်နာမည် Kanပါ "

"ဟုတ်ကဲ့ ကျွန်တော် နာမည်က mikeက "

"အဲ့တာဆို P'Nani နဲ့ Kan ကျွန်တော် ပြန်လိုက်အုန်းမယ် နော်" ဆိုပြီး mikeတစ်ယောက် သူ့ဆိုင်လေးနဲ့သူ ပြန်သွားတော့သည်။

"ကျွန်တော်တို့လည်း ပြန်တော့မလား အကိုလေး"

"ပြန်ကြမယ်လေ နည်းနည်းတောင် နောက်ကျနေပြီ ထင်တယ် "

ကားပေါ်ရောက်တော့ kanက

"အကိုလေး လုပ်ပေးတဲ့ မုန့်တွေက ကောင်းလိုက်တာ ကျွန်တော့မှာလေ ချစ်စရာ ကောင်းလွန်းလို့ စားကို မစားရက်ဘူး"

"တကယ်အရသာ ရှိတာလား Kan"

"ရှိတာပေါ့ အကိုလေးရဲ့ ကျွန်တော်ဖြင့် ဒါမျိုး အရုပ်လေးတွေနဲ့ တစ်ခါမှကို မစားဖူးဘူး"

"အဲ့တာဆို P'က အားရင် အိမ်မှာ လုပ်ပေးမယ်နော် "

"အားနာစရာ ကောင်းပါတယ် အကိုလေးရယ် ကျွန်တော်က ဒီတိုင်း ပြောပြတာပါ "

"အားနာစရာ မလိုပါဘူး P' က ကျွေးချင်လို့ပါ"

"ဟုတ်ကဲ့ အကိုလေး"

Naniတို့လည်း ခြံထဲ ဝင်လာတော့ skyရဲ့ ကားတွေက ဒီတိုင်း ပဲ ရှိနေသေးတာကို Nani သတိထားမိလိုက်သည်။

အဲ့တာဆို skyက အိမ်မှာ ရှိနေတာလား။စောသေးလို့ နေမှာပါ ဆိုပြီး ကားပေါ်က ဆင်းကာ naniလည်း အခန်းထဲ ဝင်လိုက်သည်။

အခန်းထဲ ရောက်တော့ sky က gamesဆော့နေသည်။

Naniလည်း သူ့ပစ္စည်းတွေ အခန်းထဲ  ထည့်ပြီး စာကြည့်စားပွဲတွင် ထိုင်ကာ သူလုပ်စရာ ရှိတဲ့ အလုပ်တွေကို ဆက်လုပ်နေလိုက်သည်။

Skyလည်း ဂိမ်းဆော့ပြီး ခနနားကာ သူ့ရဲ့ လက်ဆစ်တွေကို ချိုးနေလိုက်သည်။သူ လက်တွေကို မြှောက်ကာ ပျင်းကြောဆန့်လိုက်တော့ စာကြည့်စားပွဲပေါ်မှာ အလုပ် လုပ်နေတဲ့ လူအား သူတွေ့လိုက်ရသည်။ဒီလူတောင် ပြန်ရောက်နေပြီလား။ဒီလူကလေ တော်တော် တော့ အလုပ် လုပ်နိုင်တဲ့ လူပဲ ဆိုပြီး skyလည်း ကောက်ချက် ချလိုက်မိသည်။

Skyလည်း ဂိမ်းဆော့ပြီး ဇက်ကြောတွေ တက်နေတော့ လန်းဆန်းအောင် ရေသွားချိုးလိုက်သည်။

Skyလည်း ရေချိုးနေတော့ သူရဲ့ ဖုန်းမြင်သံအား သတိမထားမိလိုက်ပေ။

အခန်းထဲမှာရှိနေတဲ့ ကောင်လေးကတော့ ကျယ်လောင်စွာ မြည်နေတဲ့ အသံကြောင့် အလုပ်လုပ်နေတဲ့ သူ့အတွက်တော့ အနည်းငယ် စိတ်အနှောက်ယှက် ဖြစ်စေသည်။

ကိုင်ပေးလိုက်ရင် ကောင်းမလား။ဒါမှ မဟုတ် ဒီတိုင်းပဲ ထားလိုက်ရမလား ဆိုပြီး သူတွေးလို့ပင် မဆုံး ဖုန်းမြည်သံတွေမှာလဲ သုံးလေးခါထက် မနည်း မြည်နေတော့ naniလည်း ဖုန်းရှိရာသို့ သွားကြည့်လိုက်တာ contact number ကြောင့် သူကိုင်ရမလား မကိုင်ရမလား တွေးနေသည်။

ဘာမှ မဖြစ်ပါဘူး ငါကိုင်လိုက်မယ် ဆိုပြီး ကိုင်လိုက်ရာ

"Hello'

"ဟျောင့် မင်းဖုန်းမကိုင်ပဲ ဘာလုပ်နေတာလဲ ငါအဲ့လောက် ဘေလ်ပေါနေတာ မဟုတ်ဘူးကွ"

"ဟိုလေ skyက ရေချိုးနေတယ် အကိုက skyမဟုတ်ဘူးနော်"

"အဲ့တာဆို ဘယ်သူလဲ ဘာလို့ skyဖုန်းကို ကိုင်တာလဲဗျ'

"Skyက ရေချိုးနေလို့ပါ ဖုန်းကလည်း အရမ်းမြည်နေလို့ ဖုန်းကို သနားလို့ ကိုင်လိုက်တာပါ"

Skyလည်း ဒီလို ဖြစ်နေတာ မထူးဆန်ပါဘူး သူနဲ့ ပေါင်းနေတာတွေကလည်း သူနဲ့ တစ်ထေရာတည်း ကြီးကြီးကျယ်ကျယ်တွေ ဆိုတာ Nani မှတ်ချက်ပေးလိုက်သည်။

"အော် ဟုတ်ကဲ့ အဲ့တာဆို အကိုက skyနဲ့ လက်ထပ်ထားတဲ့ အကိုလားဗျ"

"ဟုတ်ပါတယ် ဘာလို့လဲ "

"ဘာမှ မဟုတ်ပါဘူးဗျ skyရေချိုးပြီးရင် ကျွန်တော်ဖုန်းဆက် တယ်" ဆိုတာလေး ပြောပေးပါအုန်းဗျ

"အကို ပြောပေးမယ်နော်" ဆိုပြီး Nani လည်း တုံ့ပြန်မှုလေး တစ်ခု ပေးလိုက်သည်။

Skyလည်း ရေချိုးပြီးတော့ အခန်းထဲမှ ထွက်လာရာ Naniက အခန်း ဝ ကနေ ရပ်နေတာကို တွေ့လိုက်ရသည်။

Skyလည်း ဒီလူက ဘာလဲ ဆိုပြီး ဘေးကနေ သွားမည့်အလုပ် Naniလက်ထဲမှာ သူ့ဖုန်းအား တွေ့လိုက်ရသည်။

"ဒါ ကျွန်တော့ ဖုန်းမလား ခများ ဘာလုပ်တာလဲ"

အမယ် သူကများ ငါက မင်းဖုန်းကို ဘာလုပ်ရမှာလဲ  ဆိုတဲ့ ပုံစံဖြင့် ကြည့်လိုက်သည်။

ဒီမှာ အပြောလေး ဘာလေး ဆင်ခြင်ပါအုန်းမင်းဖုန်းကို ငါက ဘာလုပ်ရမှာလဲ

သူ့ငယ်ချင်းဆီက ဖုန်းလာတဲ့ အကြောင်း ပြောမလို့ပါပဲ ဒါပေမဲ့ skyရဲ့ အပြောကြောင့် naniလည်း အောင့်သက်သက် ဖြစ်သွားသည်။

"ဒါ ကျွန်တော့ ဒယ်ဒီ ဝယ်ပေးထားတာဗျ"

"မင်းဒယ်ဒီ ဝယ်ပေးတော့ ငါက ဘာလုပ်ရမှာလဲ အဲ့လို ပြောကြေးဆို ငါ့ပိုက်ဆံနဲ့ ဝယ်ထားတဲ့ ငါဖုန်းက မင်းဖုန်းထက် တန်ကြေးပိုရှိမှာပေါ့" ဆိုပြီး Naniလည်း skyအား ရွဲ့စောင်းကာပြောလိုက်သည်။

"ခများ အပိုတွေ မပြောပါနဲ့ ကျွန်တော့ဖုန်းကို ဘာလို့ ကိုင်တာလဲ ပြောစမ်းပါ"

"Patဆိုတဲ့ လူတစ်ယောက်ဆီက ဖုန်းလာတာ သုံးခါထက် မနည်းပဲ ငါမကိုင်ဖို့ လုပ်ပါသေးတယ် အရမ်းကို နားညီးလာလို့ ငါတို့လို အလုပ်ရှိတဲ့ လူတွေတွက်က ဒါတွေက အဆင်မပြေဘူးလေ မင်းသိတယ်မလား အော် မင်းကဘယ်သိမလဲလေနော် မင်းက အလုပ်ကော ရှိလို့လား"

"ဘာ! ခများ စကားပြောတာ လွန်မလာနဲ့နော် ကျွန်တော်ဘာသာ မလုပ်ချင်လို့ မလုပ်တာ အဲ့တာ ခများနဲ့ ဘာဆိုင်လဲ"

"မဆိုင်ပါဘူး အဲ့တာ မင်းကိစ္စပါ ငါသာ မင်းနေရာမှာဆို ရှက်လို့ပါ ဘွဲ့ရတဲ့ လူတစ်ယောက် ဖြစ်ပြီး မိဘ ပိုက်ဆံ ထိုင် ဖြုံး နေလို့"

"ကျွန်တော်က ကိုယ့်မိဘ ပိုက်ဆံကို ကိုယ့်ဘာသာ ဖြုံးတာ ခများလိုတော့ သူ‌ဌေးကို မရလို့ ဆိုပြီး ငါးမရ ရေချိုးမပြန်ဘူး ရှင်းလား "

"မင်း ဘာစကား ပြောတာလဲ"

"ကျွန်တော်ပြောတာ မရှင်းလို့လား နောက်တစ် ခေါက် ပြန်ပြောပေးရမလား ခများ ကျွန်တော့ ဒယ်ဒီကို ပိုက်ဆံကြောင့် ကပ်တာမလား"

"ကျွန်တော့ ဒယ်ဒီ က လက်မခံတော့ ခများ ကျွန်တော်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တာလား"

Naniလည်း စိတ်တွေက ပေါက်ကွဲ သွားတဲ့ ဗုန်းတစ်လုံး ကဲသို့ပင် အပိုင်း ပိုင်း အစစ ကွဲထွက်သွားသည်။ထို့နောက် skyရဲ့ အင်္ကျီကော်လံစအား ဆွဲလိုက်ကာ

"ငါသာ တကယ်လို့ မင်းဒယ်ဒီကိုသာ ယူလိုက်ရင် မင်းဆိုတဲ့ လူနဲ့ လက်ထပ်မှာကို မဟုတ်ဘူး နားလည်လား"

"ဖယ်စမ်း ခများလက်တွေ" ဆိုပြီး skyလည်း Naniလက်တွေအား ဖြုတ်ချလိုက်သည်။

"ခများတို့ အိမ်က ပိုက်ဆံ‌တွက် ဘာမဆို လုပ်မှာ ပဲ မလား"

"မင်းတော်လိုက်တော့နော် ဒီမှာ မင်းဖုန်းကို ယူပြီး ငါ့ရှေ့က ထွက်သွား‌လိုက်တော့ မင်းလို လူမျိုးရဲ့ ဖုန်းကို ကိုင်မိလိုက်တဲ့ ငါကိုက မှားသွားတာ နောက်နေ့ မင်းဖုန်းကို ကိုင်မိတဲ့ နေ့ ငါ့လက်ကို ဖြတ်ပစ်တဲ့ နေ့ပဲ"

"ကျွန်တော်လို လူကလည်း ထွက်သွားမှာပါ ဒီအခန်းထဲမှာ နေရတာကို စိတ်ကုန်လွန်းလို့" ဆိုပြီး skyလည်း တံခါးကို ဝုန်းကခနဲ ပိတ်ကာ ထွက်သွားခဲ့သည်။

Naniလည်း တကယ်ကို ဒါက ဝဋ်ကြွေးပဲ ပြောရမလား။သူတကယ်ကို စိတ်ညစ်နေပါသည်။လပိုင်းတောင် မရှိသေးတဲ့ အချိန်အတွင်းမှာ sky နဲ့ သူဒီလိုမျိုးတွေ ဖြစ်နေရတာ တစ်နှစ်အတွင်းမှာရော သူလုပ်နိုင်ပါ့မလား။ သည်းခံရမယ် တစ်နှစ်မှာ ရအောင် လုပ်ရမယ် ဆိုပြီး naniလည်း ကိုယ့်စိတ်ကို ဖြေလျှော့လိုက်သည်။

Skyလည်း ဒေါသ တစ်ရှူးရှူးဖြင့် ကားမောင်းရင် စိတ်တွေက တကယ်ကို အဆုံးစွန်ထိ ရောက်နေမိနေသည်။သူ့ကို ဒယ်ဒီ clubတွေ တက် အလုပ်မလုပ်လို့ ပြောခံရတာတွေတောင် သူဒီလောက် မနာခဲ့ပါ။အခုဟာ သူနဲ့ ပေးစားထားတဲ့ လူတစ်ယောက်က ဒီလို ပြောတော့ သူတော်တော်ကို စိတ်တိုသွားခဲ့သည်။ Nani ဆိုတဲ့လူ ခများ သတိသာ ထားနေတော့ ဆိုပြီး အတွေးတွေဖြင့် ကားကို အရှိန်တင်ကာ clubသို့ မောင်းနှင်းခဲ့လိုက်သည်။

"ဟျောင့် ဘာလဲ ဘာကိစ္စလဲ"

"ဘာဖြစ်လာလို့လဲ sky"

"ဘာဖြစ်ရမှာလဲ ဟိုNaniဆိုတဲ့ လူနဲ့ စကား များလာတာ"

"ဟမ်...ဘာကြောင့် များလာတာလဲ Naniဆိုတဲ့ အကိုကလည်း သဘောကောင်းမဲ့ ပုံလေးပါ"

"ဘာကို သဘောကောင်းတာလဲ မင်းဖုန်းဆက်တဲ့ ကိစ္စနဲ့ ငါတို့ စကား များလာတာ"

"ငါ့ကြောင့် ဟုတ်လား ငါဘာမှ မလုပ်မိပါဘူးကွာ ဒါမှ မဟုတ် မင်းကိုပဲ club ကို မသွားစေချင်လို့လား"

"ဘယ်ကသာ ငါက သူငါ့ဖုန်းကို ကိုင်ထားတာ တွေ့လို့ သူခိုးစစ်သလို မေးလိုက်မိတာကွာ"

"အဲ့တာ မင်းလွန်တာပေါ့"

"ဘာ! သူငါ့ကို ပြန်ပြောတာတွေကျ မင်းမသိပဲနဲ့"

"P'Naniက ဘာပြန်ပြောလို့လဲ"

"ငါ့ကို အလုပ်မရှိ ဘာညာ နဲ့ ဆိုပြီး ပြောတယ်ကွာ"

"P'Naniက သူ့ကို အရင်ပြောလို့ မင်းကို ပြောတာ နေမှာပေါ့ မင်းကလည်း မင်းပဲ သူများကို ပြောလိုက်တာ အမြဲအလွန်ကြည့်ပဲ"

"မင်းက ဘာဖြစ် P'Nani P'Naniနဲ့"

"ငါတို့ထက် ကြီးလို့ P'ခေါ်တာလေကွာ"

"မင်းလည်း Nani ဆိုတဲ့ လူအကြောင်းသိအောင် တစ်နေ့လောက် အိမ်လာခဲ့လိုက်"

"လာမှာ ငါအလုပ်တွေ မအားလို့ ဒါနဲ့မင်းကရော ဒီတစ်သက် အလုပ်မလုပ်တော့ဘူးလား"

"ဘာလို့ မေးတာလဲ"

"ကိုယ့်သူငယ်ချင်းမို့ ပြောတာပါကွာ မင်းဘယ်ချိန်ထိ ဒီလို နေမှာလဲကွာ အခုဆို မင်းက အရင်လို လူပျို မဟုတ်တော့ဘူးနော် ဘာပဲ ဖြစ်ဖြစ် အိမ်ထောင် ဦးစီးပဲ မလား "

"တော်စမ်းပါကွာ ဘာကို အိမ်ထောင်ဦးစီးလဲ ငါချစ်လို့ ယူထားတာလဲ မဟုတ်ဘူး အဲ့တော့ ငါလည်း လုပ်မကျွေးနိုင်ဘူး "

"မင်းလုပ်ကျွေးစရာ မလိုပါဘူး ဟိုက သူ့စီးပွားရေးနဲ့သူကွ "

"အဲ့တာဆို မင်းက ဘာကို ပြောချင်တာလဲ "

"ငါက ငါ့သူငယ်ချင်းမှာလဲ သူ့ရဲ့ ကိုယ်ပိုင် အရည်ချင်းနဲ့ ကြိုးစားနေတဲ့ လူတစ်ယောက် ဖြစ်စေချင်တာပါကွာ "

"အဲ့အကြောင်းတွေ တော်တော့ကွာ ငါအိမ်မှာ တစ်ပွဲ ဖြစ်လာတာ ငါ မင်းနဲ့ ထပ်မဖြစ်ချင်ဘူး pat"

"အေးပါ ငါက ပြောပြတာပါ "

"မပြောပြနဲ့ ငါမသိချင်ဘူး "

Patကတော့ skyကို ဘယ်လိုပြောရမလဲကို မသိတော့ပေ။

__________________

တစ်ဖက်မှာလည်း ခြံတံခါး ပိတ်ဖို့ အဒေါ်ပရင်က Nani အား မေးလိုက်သည်။Naniလည်း skyနဲ့ စကား များထားတော့ အဒေါ်ပရင်ကို အဒေါ်ဘာသာ မေးလိုက်ပါဆိုပြီး ဖုန်းနံပါတ် ပေးလိုက်ပေမဲ့ အဒေါ်ပရင်ကလည်း မဆက်ရဲပေ။

"သား အဒေါ်လည်း မဆက်ရဲဘူး ပြီးတော့ သားက သူ့အမျိုးသားပဲ ဆိုတော့ သားပဲ ဆက်လိုက်ပါ" ဆိုပြီး မျက်နှာ ငယ်လေးနဲ့ ပြောလိုက်သည်။

"ဟုတ်ပါတယ် အကိုလေးရယ် အကိုလေးပဲ ဆက်လိုက်ပါ"ဆိုပြီး kanကပါ ထပ်မံ ပြောလိုက်သည်။

Naniလည်း skyအား စိတ်ပူလို့ မဟုတ်ပဲ အိမ်လုံခြုံရေး အတွက် လုပ်ရမယ် ဆိုပြီး သူလည်း  skyဖုန်းနံပါတ်အား ခေါ်လိုက်သည်။

Sky နဲ့ pat နှစ်ယောက်တည်း ကဲနေရင်း ည 12ကျတော့ skyရဲ့ ဖုန်းမှ ring tone သံလေး မြည်လာခဲ့သည်

"ဟျောင့် မင်းဖုန်းမြည်နေတယ်"

"ဘယ်သူလဲကွာ pinkပဲ နေမှာပေါ့ မကိုင်ချင်ဘူး"

Skyလည်း နောက်တစ်ခွက် ထပ်မော့နေလိုက်သည်။ဖုန်းရဲ့ မြည်သံတွေ မရပ်တန့်သေးပဲ မနေနိုင်တဲ့ patကပဲ skyရဲ့ ဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ

"ဟျောင့် pinkမဟုတ်ဘူး"

"အဲ့တာဆို ဒယ်ဒီလား ဒယ်ဒီလည်း မကိုင်ဘူးကွာ"

"ဘယ်က ဒယ်ဒီလဲ မင်းယောက်ျား P'Nani" ဆိုပြီး patလည်း အလန့်တကြား ပြောလိုက်သည်။patတစ်ယောက် မူးနေတာတွေကို ကြက်ပျောက်ငှက်ပျောက်ပင်။

"ဘာ Nani "

Skyလည်း မယုံနိုင်စွာ patလက်ထဲမှ သူ့ရဲ့ ဖုန်းအား လှမ်းယူလိုက်သည်။

"ဟျောင့် ကိုင်လိုက်လေ ဘာပြောမလို့လဲမှ မသိတာ "

Skyလည်း ဒီလူ ဘာပြောမလို့လဲ ဆိုပြီး ဖုန်းအား ကိုင်လိုက်သည်။

"ဘာကိစ္စလဲ "

"ဟာ ‌မင်းကလည်း ကောင်းကောင်းမွန်မွန်ပြောပါကွာ "

"မပြောချင်ပါဘူး"

Naniလည်း ဘာမှ ပြန်မပြောရသေးဘူး သူတို့ သူငယ်ချင်း နှစ်ယောက် တိုင်းခန်း ညှိနေကြသည်ကို အတိုင်းသား ကြားနေရသည်။

"မင်းဒီနေ့ ပြန်လာမှာလား  ခြံတံခါး ပိတ်ရမှာမို့ ဖုန်းဆက်လိုက်တာ"

"ပြန်မလာ...."

Pat လည်း skyဖုန်းအား လုယူလိုက်ကာ

"Hello P'Nani လားဗျ ကျွန်တော် Patပါ "

"ဟုတ် ပါတယ်"

"Skyဒီည ပြန်လာမှာရယ် ဘာမှ စိတ်မပူပါနဲ့နော် ကျွန်တော် စောစောပြန်လွှတ်လိုက်ပါ့မယ်"

"စိတ်တော့ မပူပါဘူး စောစောပြန်လာရင်တော့ ကောင်းပါတယ် P'တို့လည်း အိမ်လုံခြုံရေးတွက်မိုပါ "

"ဟုတ် ကျွန်တော် နားလည်ပါတယ် ကျွန်တော်တို့ အခုပဲ ပြန်လာပြီနော်"

patလည်း P'nani နဲ့ ဖုန်းပြောတာ ချလိုက်ပြီး "ဟျောင့်ပြန်မယ်" ဆိုကာ skyအား အလျင်မြန်ပဲ ဆွဲထူလိုက်သည်။

"ဟျောင့် ဘာလို့ ပြန်မှာလဲ မပြန်ဘူး "

"လာပါကွာ ရော့ သေချာပြန် ငါလည်း သေချာပြန်မယ်" ဆိုပြီး skyအား သူ့ကားထဲသို့ ထည့်ပေးလိုက်သည်။

"Bye bye ကွာ" ဆိုပြီး skyလည်း patအား နှုတ်ဆက်ခဲ့လိုက်သည်။

Sky Clubသွားတဲ့ တစ်လျှောက်လုံး ဒီနေ့ညက အိမ်ပြန်တာ စောတဲ့နေ့ တစ်နေ့ ဖြစ်သွားနိုင်သည်။

Skyလည်း အိမ်ပြန်ရောက်တော့ ကားထဲမှာ ထွက်လာပြီး အိမ်ပေါ်တက်လာတော့ ဒရီးဒယိုင်ဖြစ်နေသည်။

သူအခန်းထဲ ဝင်လိုက်တော့ Naniက လက်ထဲမှာလည်း ပစ္စည်းတွေနဲ့ ဟိုဘက်ခန်းနဲ့ ဒီဘက်ခန်း ကူးနေတာကို သူမြင်လိုက်ရသည်။

Naniလည်း skyက စိတ်ကုန်တယ် ပြောတော့ မင်းတင် စိတ်ကုန်တာ မဟုတ်ဘူး ငါလည်း စိတ်ကုန်တက်တယ် ဆိုပြီး ညတွင်းချင်း kanနဲ့ တစ်ယောက်အိပ် မွေ့ယာသွားဝယ်လိုက်သည်။ပြီးတာနဲ့ သူတို့အိမ်နေကျ အခန်းရဲ့ ဘေးမှာ ထည့်လိုက်ပြီး သူ့ရဲ့ ပစ္စည်းတွေအား သယ်ယူကာ နေရာ ချလိုက်သည်။

"ခများ ဘာလုပ်နေတာလဲ "

Naniကတော့ skyအား ဘာမှ မပြောပေ။

"ခများကို မေးနေတယ်လေ "

Naniလည်း ဘာမှ မတုံ့ပြန်တော့ skyလည်း အခန်းထဲက ထွက်မည့် Nani အား အခန်းထဲ တွန်းကာ အခန်းတံခါးအား lockချလိုက်သည်။

"ဖယ်စမ်းပါ ငါဟိုဘက်ခန်းမှာ သွားအိပ်မလို့"

"မအိပ်ရဘူး ခများ ဒီမှာပဲ အိပ်ရမယ် "

"မင်းလို မူးပြီးအရက်နံ့ နံ့စော်နေတဲ့ လူနဲ့ မအိပ်နိုင်ဘူး"

Nani လည်း skyအား တွန်းဖယ်ကာ အခန်းထဲမှ ထွက်သွားမည့်အလုပ် လက်ကောက်ဝတ်ကနေ ဆွဲယူလိုက်ခြင်း ခံလိုက်ရသည်။လျှက်တစ်ပြက် ဆွဲခံလိုက်ရတော့ ဘယ်လောက် အားပါလည်း ဆိုတာ သိသာလား မသိသာလား  ခန္ဓာကိုယ်လေးက ကုတင်ပေါ်သို့ ကျသွားခဲ့သည်။

"မူး‌ တဲ့လူက ဘယ်လိုလဲဆိုတာ ပြရမလဲ "ဆိုပြီး Naniရဲ့ ကိုယ်လေးပေါ်ကို skyလည်း အုပ်မိုးလိုက်သည်။

Skyလည်း Naniရဲ့ လည်ပင်းလေးအား နမ်းတော့မည့်အလုပ် အားခနဲ ဆိုတဲ့ ခပ်စူးစူး အသံက ပေါ်ပေါက်လာခဲ့သည်။

Nani သူ့ကို ဒီလိုအပြုမူတွေ လာလုပ်နေတာ သူတကယ်ပင် မကြိုက်ပါ အဲ့တာနဲ့ သူဘာလုပ်ရမလဲ မသိတော့ ဖြစ်ချင်တာ ဖြစ်ဆိုပြီး skyရဲ့ ညီလေးအား သူခြေထောက်ဖြင့် တည့်တည့် ကန်လိုက်သည်။ပြီးနောက် အော်နေသည့် skyအား တွန်းဖယ်ကာ သူအခန်းထဲမှ ထွက်ပြေးခဲ့သည်။

အခန်းထဲမှာ အော်နေတဲ့ skyကတော့ နာကျင်မှုက အထွတ်အထိပ်ပေါ့။ ဒီညမှာ Naniဆိုတဲ့ လူက skyလုပ်ချင်တိုင်း လုပ်လို့ မရတဲ့ ပထမဦးဆုံး လူ ဖြစ်နေခဲ့သည်။

TBCThanks for reading, guys

(Zawgyi)















































________________________





































































"Hello'


































"ဟြောငျ့ ဘာလဲ ဘာကိစ်စလဲ"

"ဘာဖွဈလာလို့လဲ sky"

"ဘာဖွဈရမှာလဲ ဟိုNaniဆိုတဲ့ လူနဲ့ စကား မြားလာတာ"
























__________________
















"ဘာကိစ်စလဲ "
































TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories