part 7
19:24, 9 February 2025(Unicode)
ဒီလိုနဲ့ မှောင်ရီစ ပျိုးလာတော့ Naniလည်း အခန်းထဲ ဝင်ကာ ရေချိုးဖို့ အိမ်ပေါ်ကို တက်လာခဲ့လိုက်သည်။
အခန်းထဲ ရောက်တော့ အိမ်နေတဲ့ လူက အခုထိ မနိုးသေးတာကို Naniတွေ့လိုက်ရသည်။
သူက အသက်ရော ရှိသေးလား ထားပါ အဲ့တာ သူကိစ္စ ဆိုပြီး Naniသူ့ဘာသာ ရေချိုးခန်းထဲ ဝင်သွားလိုက်တော့သည်။
ရေချိုးသန့်စင် ပြီးတော့ အောက်ကို ဆင်းလာခဲ့ရာ အိမ်အကူအဒေါ်ကြီးကတော့ ထမင်းဝိုင်းလေး ပြင်ပေးထားသည်။
"သားဗိုက်ဆာပြီလား အဒေါ် ထမင်းခူးပေးရတော့မလား"
"ဟုတ်ကဲ့"
Naniလည်း ထမင်းဝိုင်းကို စူးစူးစမ်းစမ်း ကြည့်လိုက်တော့ ဟင်းတွေက အတော်ကို စုံလင်လှသည်။သို့သော် ဟင်းတစ်မျိုးကြောင့် သူ နှာခေါင်းရှုံးလိုက်မိသည်။ဟင်းကတော့ တစ်ခြားမဟုတ် skyရဲ့ အကြိုက် ပုဇွန်တုံယမ်းဟင်းချို ဖြစ်နေသည်။Naniနှာခေါင်းရှုံရတာကလည်း ပုဇွန်နဲ့ ဓာတ်မတည့်ခြင်းကြောင့် ဖြစ်သည်။
"သားစားလို့ ရပြီနော် ဒါနဲ့ သား skyကရော"
"သူအိပ်နေတယ် ပြီးတော့ သူမစားတော့ဘူး" နေမှာ ဆိုပြီး အိမ်အကူအဒေါ်ကြီးအား ပြောလိုက်သည်။
"ဟုတ်လား သား တကယ်လို့ သူစားချင်ရင်လည်း အဒေါ်ပြင်ပေးလိုက်ပါ့မယ်"
"ဟုတ်"
"သား ဟင်းတွေ ထည့်စားနော် ပြီးတော့ သားစားချင်တာ ရှိရင်လည်း ပြောနော်"
"ဟုတ်ကဲ့ အဒေါ် ပုဇွန်ဟင်းကို မချက်ပေးလို့ ရလားဗျ"
"သားမကြိုက်လို့လား"
"အမ်... ဟုတ် သား မကြိုက်လို့ပါ"ဆိုပြီး naniလည်း ပွင့်ပွင့်လင်းလင်း မပြောပဲ ဒီတိုင်း လေးပဲ ပြောလိုက်သည်
"ဟုတ်ပါပြီ ပုဇွန်ကတော့ မချက်လို့တော့ မရဘူး သားရဲ့ သားskyအကြိုက်လေ အဒေါ်က သားကို တစ်မျိုး သားskyကို တစ်မျိုးစီ ချက်ပေးမယ်နော်"
"ဟုတ် ကျေးဇူးပါဗျ ကျွန်တော်က ပြောပြတာပါ"
"အေးအေး သားလေး စားစား"
Naniနဲ့ အဒေါ်ပရင် ပြောနေတာကို လှေကား အဆင်းကနေ နားထောင်နေတဲ့ ကောင်လေး တစ်ယောက်လည်း ရှိခဲ့သည်။ခများက ပုဇွန် မကြိုက်တာလား။ကြည့်ကြသေးတာပေါ့ ဆိုပြီး ပညာပြမယ် ဆိုတဲ့ ပုံစံနဲ့ လှေကားကနေ ဆင်းလာခဲ့သည်။
ထမင်းစားခန်း ရှေ့ကနေ skyဖြတ်သွားတာကို မြင်လိုက်တဲ့ အဒေါ်ပရင်ကတော့ skyအား လှမ်းခေါ်လိုက်သည်။
"သားး နိုးပြီလား ထမင်းမစားတော့ဘူးလား အဒေါ်ဘာလုပ်ပေးရမလဲ သားအတွက်"
"ရပါတယ်ဗျ ကျွန်တော်သွားလိုက်အုန်းမယ်" ဆိုပြီး သော့ဆွဲကာ ထွက်သွားတော့သည်။
Skyကားလေးနဲ့ ခြံထဲက ထွက်သွားတော့ အဒေါ်ပရင်က naniအား မေးလိုက်မိသည်။
"သားskyက ဘယ်သွားတာလဲ သားကို ပြောသွားလား"
"မပြောသွားဘူး"
"သူဌေးသိရင် တော့ ဆူခံရအုန်းမယ် ထင်တယ်"
"သူက ဘာသွားတက်လို့လဲ"
"သားskyက သူ့မိဘတွေနဲ့ နေတုန်းက ညဆို clubဆိုလား ဘာဆိုလား အဲ့လိုတွေ သွားတက်တယ် သူဌေးက အဲ့လိုတွေကို မကြိုက်တာ ခြံတံခါးသော့ခတ်ထားရင်လည်း ခြံကျော်ပြီး အိမ်ထဲ ဝင်တယ်"
"သော့ခတ်ရင်ရော သူထွက်လို့ မရဘူးမလား"
"ဘယ်ကသာ သားရယ် သော့ကို ဖြတ်ပြီးတောင် ထွက်တယ်"
"အဲ့တာဆို သူ့ကို ဘယ်သူမှ မနိုင်ကြဘူးလား"
"မနိုင်ဘူး သားရဲ့"
အော် အဲ့တာကြောင့်မို့ သူ့အဖေက ငါ့ကို ပြောင်းလဲ စေချင်တာ နေမှာ။ငါက သူ့ကို ဘယ်လို ပြောင်းလဲ ပေးရမှာလဲ နတ်ဆရာလည်း မဟုတ်ဘူး။နတ်ဆရာတောင် ဒီလိုလူမျိုးကို ပြောင်းလဲ နိုင်ပါ့မလား ဆိုပြီး စိတ်ထဲ ရေရွတ်ပြီး ထမင်းပန်းကန်လေးကို သိမ်းကာ ထလိုက်သည်။
"သား အဒေါ်ကို ပေး"
"ရပါတယ် သားဘာသာ ဆေးလိုက်ပါ့မယ်"
"မလုပ်ပါနဲ့ သားရယ် အဒေါ့်ကို ပေးပါ နော်" ဆိုပြီး naniဆီက လုယူကာ ဆေးကြောလိုက်သည်
"အဲ့တာဆို skyက ဒီည ပြန်မလာဘူးလား အဒေါ်"
"သားskyက မနက်မှ ပြန်လာတက်တဲ့ အကျင့်တော့ မရှိဘူး ညသွားပြီး ညပြန်လာတယ် ဒါပေမဲ့ သန်းခေါင်မှ ပြန်လာတာပေါ့ သားရယ်"
"အဲ့တာဆို ညကျရင် တံခါးပိတ်ထားရမှာလားဟင်"
"အဒေါ်လည်း မပြောတက်ပါဘူး သားရယ် "
"သားတို့ ခြံတံခါးပိတ်ထားလိုက်တာပေါ့"
"အေးအေး သား"
အဒေါ်ပရင်လည်း ဘာလုပ်ရမလဲ မသိ Naniနဲ့ တူတူ ခြံတံခါး သွားပိတ်လိုက်တော့သည်။
____________________
"လာ ဟျောင့် မင်းကို အိမ်ထောင်ကျသွားပြီ ဆိုတော့ မလာတော့ဘူး ထင်နေတာ"
"အိမ်ထောင်ကျရင် club က မလာရတော့ဘူးလား"
"မဟုတ်ပါဘူးကွာ ဒါနဲ့ မင်းယူထားတဲ့ သူနဲ့ရော ငါ့ကို မိတ်မဆက်ပေးတော့ဘူးလား"
"မင်းသိချင်ရင် အိမ်ကိုလာကြည့်လိုက်"
"မင်းကလည်းကွာ ဘာလဲကို မသိဘူး"
ဒီလိုနဲ့ pinkတို့ သူငယ်ချင်း နှစ်ယောက်လည်း ထပ်ရောက်လာပြန်တယ်
"ကိုကို...." ဆိုပြီး pinkလည်း skyဘေးကို ဝင်ထိုင်လိုက်တယ်
"Pinkကလေ ကိုကိုက အိမ်ထောင်ကျသွားတော့ pinkပေါ်ကို သူစိမ်းဆန်သွားပြီ ထင်နေတာ"
"မဟုတ်ပါဘူး ငါက ပုံမှန်တိုင်းပါပဲ"
"ကိုကိုက ဒီညအိမ်ပြန်မှာလား "
"မသိသေးဘူး"
"မပြန်ပါနဲ့လား pinkတို့ ညလုံးပေါက် နေရအောင်လေ"
"အင်း "
"ကိုကိုနဲ့ လက်ထပ်ထားတဲ့ သူကရော ဘာလုပ်တာလဲဟင် "
"သူက ကော်ဖီဆိုင် ဖွင့်ထားတယ်လို့တော့ ပြောတာပဲ "
"နာမည်ကရော ပြီးတော့ ကိုကိုထက် အသက်ငယ်လား"
"အသက်ကြီးတယ်လို့ ပြောတာပဲ Nani ဆိုလားပဲ"
"မင်းကလည်း ပြောတာပဲကြည့်ပဲ ကိုယ်လက်ထပ်ထားတဲ့ လူကို သေချာ မသိဘူးလား စကားလေး ဘာလေး ပြောမကြည့်ဘူးလား "
"မပြောဖူးပါဘူး သူနဲ့ ငါနဲ့က တွေ့တိုင်း အပေါက်လမ်းကို မတည့်တာ"
"မင်းတို့က ဆုံဖူးတာလား"
"အင်း... ပြောရမှာတော့ အရှည်ကြီးပဲ"
Skyလည်း သူနဲ့ Nani နဲ့ ဆုံခဲ့ကြောင်း ဖြစ်စဉ်မှန်သမျှကို ပြောပြလိုက်သည်။
"ဟား ရယ်ရတယ်ကွာ မင်းလို လူကို နိုင်တဲ့သူ ပေါ်လာနိုင်ပြီ နေမှာ "
Patရဲ့ စကားကိုတော့ pinkက သဘောမကျပါ အဲ့တာနဲ့ pinkလည်း စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကိုကို.... သွားက ရအောင်လေ "
"အင်း သွားက နှင့်လေ ပြီးမှ လာခဲ့မယ် အခုက feelမပါသေးလို့"
Linnနဲ့ pinkက အရင်သွားကလိုက်သည်။ဝိုင်းမှာ sky နဲ့ patနှစ်ယောက်ပဲ ကျန်ခဲ့တော့သည်။
"ဟျောင့် မနက်ဖြန်ကြရင် မင်းအိမ်ကို ငါအလည်လာခဲ့ရမလား"
"ဘာလုပ်မလို့လဲ"
"မင်းကမှ မိတ်ဆက်မပေးတာ ငါကိုယ်တိုင် လာကြည့်ရတော့မှာပေါ့ မင်းရဲ့ သတိုးသားလေးကို"
"ဘောကို မင်းရဲ့ သတိုးသား မင်းဒီနေ့ သွား,မပါပဲ အိမ်ပြန်ချင်တာလား"
"ငါပြောတာ မှားလို့လားကွာ လက်ထပ်ထားမှာတော့ မင်းရဲ့ အမျိုးသားလို့ပဲ သုံးရမလား "ဆိုပြီး skyအား လှောင်လိုက်သည်။
Skyကတော့ patအား မင်းပါးစပ်ပိတ်လိုက်တော့ ဆိုပြီး နောက်တစ်ခွက်ငှဲ့ကာ ထပ်မော့လိုက်သည်။
____________________
Naniလည်း ဒီကိစ္စတွေ အတောအတွင်း သူ့ရဲ့ ကော်ဖီ ဆိုင်လေးကို သူကောင်းကောင်း မဖွင့်နိုင်ပေ။ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေသည်။အဲ့တာကြောင့်မို့ ပုံမှန်တိုင်း ပြန်ဖြစ်အောင် သူလုပ်ရမယ် ဖြစ်မယ်။ဘာလို့ဆို customer တွေ ရှိပြီးသား ဆိုင်လေးလည်း ဖြစ်နေပြီ ဆိုတော့ သူစေတနာ အပြည့်နဲ့ ကိတ်လေးတွေ လုပ်ပြီး စားသုံးသူတွေကို သူကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေလည်း သူပေးချင်ပါသည်။အဲ့တာကြောင့်မို့ သူမအိပ်သေးဘူး သူလုပ်မဲ့ ကိတ်အသစ်လေးတွေ တွက် recipe နဲ့ ingredients တွေကို သူစာရင်း လုပ်နေရသည်။
ည ၁၂နာရီတောင် ရောက်နေပြီပဲ သူက ပြန်မလာတော့ဘူးလား ပြန်မလာလဲ သူ့ဘာသာသူ ဘယ်သူနဲ့ နေနေ သူ့ကိစ္စ ဆိုပြီး Naniလည်း ညအိပ်ဝတ်စုံလှဲကာ သူ့ဘာသာ စောင်လေး ခြုံကာ အိပ်နေလိုက်သည်။
"ဟျောင့် ငါတို့ ပြန်တော့မယ် မင်းတကယ် မပြန်ဘူးလား "
"မပြန်ဘူး ငါဒီမှာပဲ အိပ်မှာ "
"အေးကွာ ငါတို့ ပြန်ပြီ" ဆိုပြီး patနဲ့ linnကတော့ ပြန်သွားခဲ့သည်။
"ကိုကို"
"အင်း"
"ကိုကို "
Skyလည်း pinkက ဘာပြောမလို့လဲ ဆိုပြီး လှည့်ကြည့်လိုက်သည်။
Pinkလည်း သူ့ဘက်လှည့်လာတဲ့ skyရဲ့ မျက်နှာအား သူ့လက်နှစ်ပါးနဲ့ ပါးကို ကိုင်ကာ သူ့ရဲ့ နှုတ်ခမ်းဖြင့် skyရဲ့ နှုတ်ခမ်းအား ထပ်တူကျစေခဲ့သည်။
Skyလည်း မူးဝေနေတဲ့ အပြင် မြူးကြနေတဲ့ Djသံတွေ ဆိုတော့ ယောင်္ကျား တစ်ယောက်ဖြစ်သူအပြင် straight တစ်ယောက်လို့ ခံယူထားသေးသည့် လူတစ်ယောက်က ဒီအခြေနေကို ရပ်တန့်ပစ်ရအောင်လည်း ကိလေသာ ကုန်ခမ်းနေခြင်း မဟုတ်ပါ။ဒါကြောင့် pinkရဲ့ အနမ်းတွေကို skyလည်း ပြန်လည်တုံ့ပြန်လိုက်သည်။
ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ အနမ်းတွေက နာရီပေါင်း များစွာ အတော်ကြာခဲ့သည်။
Skyနဲ့ pinkလည်း အနမ်းရှည်များ ခရီးဆက်ပြီးနောက် pinkက skyအား ချစ်တယ်ကိုကို ဆိုပြီး ဖက်ကာ ပြောလိုက်သည်။
Skyကတော့ clubမှာ အပျော်ရှာနေသလို အိမ်မှာ ရှိနေတဲ့ ကောင်လေးကတော့ ဘာမှ မသိပဲ အေးဆေး အိပ်ပျော်နေတော့သည်။
_____________________
မနက်ရောက်တော့ Naniလည်း သူ့ဆိုင်လေးအား ဖွင့်ရမယ် ဆိုတဲ့ အသိနဲ့ ထလိုက်သည်။သူဘေးကို ကြည့်လိုက်တော့လည်း ဘယ်သူမှ ရှိမနေပေ။
"အော် အဲ့တာဆို သူက ပြန်ကို မလာတာလား"
Naniလည်း အတွေးတွေ ရုတ်သိမ်းကာ ဆိုင်ကို အာရုံစိုက်ရမယ် ဆိုပြီး ရေချိုးကာ ပြင်ဆင်ပြီး အောက်ကို ဆင်းလာခဲ့သည်။
"သား မနက်စာ စားလို့ရပြီနော် "
"ဟုတ် "
Naniလည်း မနက်စာ စားရင်း သူမေးချင်တဲ့ကိစ္စ တစ်ခုအား မေးဖို့ သူဆုံးဖြတ်ရ ခက်နေသည်။
"သား ဘာဖြစ်လို့လဲ ကော်ဖီနဲ့ မုန့်က အဆင်မပြေလို့လား သားစားချင်တာ ပြောနော် အဒေါ်ဝယ်ပေးမယ်"
"ဟုတ် သား အဆင်ပြေပါတယ် သားမေးချင်တာ ညက sky အိမ်ပြန်လာ လားဟင် "
"ပြန်မလာဘူး ထင်တယ်"
"ဟုတ် အဒေါ်"
"အဲ့တာဆို ကျွန်တော် ဆိုင်သွားလိုက်အုန်းမယ်နော် "
"အေးအေး သားလေး ကားယူသွားမှာ မလား"
"သား ကားမမောင်းတက်ဘူးဗျ "ဆိုပြီး အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဟုတ်လား သားအဲ့တာဆို ဘယ်လို သွားမှာလဲ"
"သား ဖေဖေကိုပဲ ဖုန်းဆက် ခေါ်လိုက်ပါ့မယ် "
"Hello "
"Hello ဖေဖေ "
"သားကို ဆိုင်သွားဖို့ လာခေါ်ပေးပါအုန်း"
"သားskyကရော သား"
"သူက ညခနဲက ပြန်ကို မလာဘူး ဖေဖေဖေဖေက ရုံးမှာလား"
"ဟုတ်တယ် သားရဲ့ သားကို လိုက်ပို့မဲ့သူ မရှိရင် ဖေဖေ CEOကို ပြောပြီး လာခေါ်လိုက်ပါ့မယ်"
"ဒေါက်ဒေါက်"
"ဝင်ခဲ့ပါ"
"CEO ကျွန်တော် ကျွန်တော့သားကို သူ့ကော်ဖီဆိုင်ကို ပို့ပေးဖို့ ခနလောက် သွားလို့ရမလားဗျ"
"ကျွန်တော်အဲ့အိမ်မှာ ကားနှစ်စီးထားပေးထားတယ်လေ"
"Naniက ကားမမောင်းတက်ဘူးဗျ"
"အဲ့တာဆို skyကရော "
"သားskyက အခုထိ အိမ်ပြန်မရောက်သေးဘူး ပြောတယ် "
"ဘာ ဒီကောင်ကတော့ အခုထိကို ပြောလို့မရတဲ့ကောင်ပဲ ရပါတယ် ခများသားကို သွားခေါ်ပြီး ပို့ပေးလိုက်ပါ"
"ဟုတ် CEO"
မကြာခင် ဖေဖေလည်း ရောက်လာခဲ့သည်။
"ဖေဖေ"
"သား လာ ဖေဖေတို့ သွားရအောင်" ဆိုပြီး သူ့ဆိုင်မှာ ဝင်ပို့ခဲ့လိုက်သည်။
Naniလည်း ဆိုင်ရောက်တော့ ဆိုင်ကို အဆင့်သင့်ဖြစ်အောင် ပြုလုပ်ပြီး ဖွင့်လိုက်သည်။
Naniခန့်ထားတဲ့ ကောင်လေးလည်း naniရောက်ပြီး မကြာမီ ဆိုင်ကို ရောက်လာခဲ့တယ်
"P'nani မင်္ဂလာပါဗျ"
"မင်္ဂလာပါ N'mike "
"ဟုတ် ဒါနဲ့ P'Nani ကျွန်တော်တို့က ဆိုင်ကို အခုပြန်ဖွင့်တာဆိုတော့ ဟိုနေ့က ပိတ်တာက Pမအားတာက ဘာရှိလို့လဲဟင်"ဆိုပြီး စပ်စုစွာ မေးလိုက်သည်။
"ဟုတ်ပါပြီ P' ပြောပြပါမယ်"
"ဟုတ် P' "
"အဲ့နေ့က အကိုရဲ့ မင်္ဂလာပွဲ အလှူလေး လုပ်လို့ပါ"
"ဟမ် P'Nani ဘာလို့လဲ ဘာလို့လက်ထပ်လိုက်တာလဲ" ဆိုပြီး စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။
Naniလေးကတော့ ရယ်ကာ P'ရဲ့ အိမ်က စီစဉ်ပေးလို့ပါ
"P' ကောင်မလေးက ချောလားဟင်"
"P'နဲ့ ယူထားတာ ကောင်မလေး မဟုတ်ဘူး"
"ဗျာ အဲ့တာဆို ကောင်လေးလား"
Naniကတော့ mikeကို ခေါင်းလေး ငြိမ့်ပြလိုက်သည်။
"အဲ့လူက ချောလားဟင် "
Mikeပြောမှ naniလည်း skyရဲ့ ပုံပန်းသဏ္ဍန်အား စဉ်းစားမိလိုက်သည်။စိတ်ကောင်းလေးနဲ့ ကြည့်ရင် skyက တကယ်ကို ကြည့်ကောင်းတဲ့ အသွင်အပြင်ရှိတယ်။ယောက်ျားတစ်ယောက် ရှိသင့်တဲ့ ခန္ဓာကိုယ်အချိုးအစားလည်း ရှိတယ်။ဒါပေမဲ့ သူဘယ်လိုမှ skyတွက် စိတ်ကောင်းလေးက မွေးမရပေ။
"အရမ်းရုပ်ဆိုးတာ"
"အဲ့တာဆို P'က ဘာလို့ လက်ခံလိုက်တာလဲ" ဆိုပြီး ထပ်မေးခွန်းထုတ်ပြန်တယ်
"ကဲပါ P'တို့ ဆိုင်အတွက် ပြင်ဆင်ရအောင် customer တွေ လာတော့မှာ" ဆိုပြီး သူတို့ရဲ့ စကားဝိုင်းကို Nani အဆုံးသတ်ခဲ့လိုက်သည်။
__________________
Skyလည်း pinkအား လိုက်ပို့ပေးကာ သူ့အိမ်သူ မောင်းနှင်းခဲ့လိုက်သည်။အချိန်အားဖြင့် ၁၀နာရီလောက် ရှိနေပြီ
တီ တီ
အဒေါ်ပရင်က ခြံတံခါးလေးအား လာဖွင့်ပေးသည်။
Skyလည်း အိမ်ရဲ့ ဆင်ဝင်အောက်မှာ ကားကို ရပ်ကာ အိမ်ထဲသို့ ဝင်လိုက်သည်။
"သား ပြန်လာပြီလား" အနောက်က လာတဲ့ အသံကို ကြည့်လိုက်တော့ အဒေါ်ပရင် ဖြစ်နေသည်။
"ဟုတ်တယ်"
"သား မနက်စာ စားမလား အဒေါ် ပြင်ပေးရမလား"
"ကျွန်တော် အပြင်က စားခဲ့ပြီ" ဆိုပြီး လှေကားပေါ် တက်မည့်အလုပ်
"သားNaniကတော့ သူ့ရဲ့ဆိုင်ကိုသွားပြီး သားsky" ဆိုပြီး အသံက ထပ်ထွက်လာပြန်သည်
"သားရှာနေမှာ ဆိုးလို့ အဒေါ်က ပြောပြတာပါ"
Skyလည်း ဘာမှ မပြောပဲ အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။
ငါလည်း အဲ့လူ အကြောင်း မမေးပဲနဲ့ ဘာကိစ္စ လာပြောပြနေတာလဲ ငါရှာနေလို့လား ဆိုပြီး ပွစိပွစီ ပြောကာ အခန်းထဲ ဝင်လိုက်သည်။
အခန်းထဲကတော့ စောင်တွေ ခေါက်ကာ သပ်သပ်ရပ်ရပ် လေး ဖြစ်နေသည်။ skyလည်း ကုတင်ပေါ် လှဲကာ အိပ်လိုက်စဉ် ကိုယ်သင်းနံ့လေး တစ်ခုကြောင့် သူအပြုံးလေး တစ်ခု ဝတ်ဆင်မိလိုက်သည်။ပြီးမှ သတိဝင်သွားကာ ဆန့်ကျင်ဘက် အရပ်ကို ပြောင်းလှည့်အိပ်လိုက်သည်။
___________________
ညနေ ရောက်တော့ naniဖေဖေ ရုံးဆင်းပြီး သူ့သားအား သူ့ရဲ့ အိမ်ရှေ့လေးပါ ပို့ပေးခဲ့လိုက်သည်။
"သား ဖေဖေ အထဲထိ မပို့ပေးတော့ဘူးနော် "
"ဟုတ်ဖေဖေ ရတယ် "
Nani လည်း ခြံထဲကို ဝင်လိုက်ရာ သူဒီကားကို မြင်ဖူးပါတယ်ဆိုတဲ့ အတွေးနဲ့ အိမ်ထဲသို့ ဝင်လိုက်သည်။
ဧည့်ခန်းထဲတွင် CEOနဲ့ သူ့သား ထိုင်နေတာကို တွေ့လိုက်ရသည်။
Skyကတော့ သူ့အား ဝင်ဝင်ချင်း အကြည့်စူးစူးဖြင့် တုံ့ပြန်လိုက်သည်။
"Nani လာထိုင်ပါအုန်း ဦးပြောစရာ ရှိလို့"
"ဟုတ်ကဲ့ "
"အခု အပြန်ကို မင်းအဖေပဲ လိုက်ပို့တာလား "
"ဟုတ်ပါတယ်"
"အခုက မင်းတို့က လက်ထပ်ထားတာ မဟုတ်ဘူးလား skyမင်းကိုငါ မပြောထားဘူးလား Nani ကို လိုက်ပို့ပေးရမယ် ဆိုတာ"
"ရပါတယ်ဦး ကျွန်တော် နောက်နေ့ကျရင် ကိုယ့်ဘာသာ taxiနဲ့ သွားလိုက်ပါမယ် ဒီနေ့ ဖေဖေ့ကို ပို့ခိုင်းတယ် ဆိုတာကလည်း ကျွန်တော် အစမလို့ ဘယ်လို သွားရမလဲ မသိလို့ပါ"
"Taxiနဲ့ မသွားပါနဲ့ ဦး skyကို လိုက်ပို့ခိုင်းပါ့မယ် ပြီးတော့ ဒီကောင် အိမ်မှာ ရှိမနေရင်လည်း မင်းအနေနဲ့ သူ့ကို ဖုန်းဆက်ပြီး ခေါ်လိုက်ပါ"
"ကျွန်တော်မှာ သူ့ဖုန်းနံပါတ်မရှိဘူး"
"ဟျောင့် ပေးလိုက်လေ မင်းရော Nani ဖုန်းနံပါတ်ယူထား "
ဒီလိုနဲ့ Nani နဲ့ skyလည်း ဖုန်းနံပါတ်တွေ အလှဲလှယ် လုပ်ခဲ့လိုက်ရသည်။
"Skyကို လိုက်မပို့ခိုင်းပါနဲ့ ကျွန်တော့ဘာသာ ပဲ သွားလိုက်ပါ့မယ် ဦး"
"အဲ့လိုတော့ ဘယ်ဟုတ်မလဲ ဒါမှ မဟုတ် ဦး driverငှားပေးရမလား "
"ငှားပေးလိုက် ဒယ်ဒီ ကျွန်တော်လည်း မပို့ပေးချင်ဘူး"
"ငါလည်း မင်းကို မပို့ခိုင်းပါဘူး"
"နှစ်ယောက်လုံး တော်တော့ ဦး driverလွှတ်ပေးလိုက်မယ်နော် ခြံပါ တစ်ခါတည်း စောင့်ခိုင်းဖို့" ဆိုပြီး skyဘက်အား လှည့်ကာ ပြောလိုက်သည်။
"ဟုတ်ဦး ကျေးဇူးတင်ပါတယ် "
"အဲ့တာဆို ဦးပြန်တော့မယ် skyမင်းအချိုးတွေ ပြင်ထားနော် driver ငှားတိုင်း မင်းပို့ပေးစရာ မလိုဘူး မထင်နဲ့ "
Skyကတော့ ဘာမှ ပြန်မပြောပေ။သူ့အဖေပြန်သွားမှ Naniအား သူစကားစလိုက်သည်။
"ခများ ယောက်ျား ဖြစ်ပြီး ကားလေးတောင် မမောင်းတက်ဘူးလား"
"ဘာ! ငါသာ ကားမောင်းတက်ရင်တောင် မင်းဆိုတာတောင် မလိုဘူး ရှင်းလား"
"အဲ့တာဆို မလိုအောင် လုပ်လေ"
"ငါကရော ငါ့ကို ပို့ပေးပါလို့ မင်းကို ခ ရပြီး ပြော နေလို့လား" ဆိုပြီး အိမ်ပေါ်ကို လက်သီးဆုတ်ကာ တက်သွားလိုက်သည်။
Sky လည်း အခဲမကြေနိုင်ပါ။ဘာလို့ဆို သူ့မှာ ညနေ ခနဲက သူ့အဖေရဲ့ တရားတွေရော ဆုံးမသံတွေရော သူနားထောင်ခဲ့ရသည်။Naniဆိုတဲ့သူ ဘာတွေ ပြောလိုက်ပြန်ပြီလဲ ဆိုတဲ့ ပုံစံနဲ့ပေါ့သူNaniအား ဒီလို ပြောလိုက်မိတာကိုလည်း သူအနေနဲ့ မှားသွားလား မှန်လား ဆိုတာလည်း သူမသိပါ။ငါပြောတာ မလွန်ပါဘူး ယောက်ျားတစ်ယောက် ဖြစ်ပြီး ကားတော့ မောင်းတက်ရမယ် မဟုတ်လား ဆိုပြီး အခန်းထဲသို့ သူဝင်လာခဲ့သည်။
အခန်းထဲတွင် ဟိုဘက်ကို လှည့်အိပ်နေတဲ့ ကောင်လေး တစ်ယောက်အား သူတွေ့လိုက်သည်။သူ့ ထိုကောင်လေးရဲ့ ကျောပြင်ကို ကြည့်လိုက်တော့လည်း ငြိမ်နေသည် မဟုတ်ပဲ အနည်းငယ် တုန်လှုပ်နေသည်။သူက ဘာဖြစ်တာလဲ ငိုနေတာလား ဆိုပြီး skyလည်း ကုတင်ပေါ် ဝင်လှဲလိုက်မိသည်။
တစ်ဖက်မှာမူ Nani လည်း သူ့ကို ဒီလို ပြောတာကို သူစိတ်တိုမိပါတယ်။ဒါဟာ ဝမ်းနည်းလို့ ကျတာ မဟုတ်ပဲ စိတ်တိုလို့သာ ဖြစ်သည်။သူကားမောင်းသင်ခဲ့ဖူးပါသည်။လူတစ်ယောက်ကို တိုက်မိတော့မလို ဖြစ်ခဲ့လို့ Nani အဲ့ခနဲက ကားမမောင်းဖြစ်တော့တာ ဒီနေ့ ဒီချိန်ထိပင် ဖြစ်သည်။
Naniလည်း စိတ်တိုပြီး မျက်ရည်ကျသွားခဲ့သည်။ဒါပေမဲ့ သူကုတင်ပေါ်မှာ ဘေးတစ်စောင်း ဝင်လှဲနေစဉ် ကုတက်ပေါ်သို့ လူတစ်ယောက် ဝင်လာတာကို သူသတိထားမိလိုက်သည်။တစ်ခြားသူတွေ မဖြစ်နိုင်ဘူး skyဆိုတဲ့ အတွေးဖြင့် သူကုတင်ပေါ်ကနေ ထလိုက်သည်။ထို့နောက် skyအား မကြည့်ပဲ အခန်းထဲမှ ထွက်သွားလိုက်တော့သည်။
ကျန်ခဲ့တဲ့ skyကလည်း ဘာလဲ ငါလာမှ သူက အခန်းထဲကနေ ထွက်သွားတာလား။ငါပြောတာ လွန်သွားတာလား။လွန်လွန် မလွန်လွန် မသိဘူးကွာ ဆိုပြီး နှဖူးပေါ် လက်တင်ကာ စဉ်းစားလိုက်သည်။
ညစာစားတဲ့ အချိန်ရောက်တော့လည်း Naniက ထမင်းစားနေသည်။skyလည်း ထမင်းစားဖို့ အောက်ဆင်းလာတော့ Nani ထမင်းစားနေတာကို သူတွေ့လိုက်သည်။
"သား sky ထမင်းစားရအောင်လေ"ဆိုတဲ့ အဒေါ်ပရင်ရဲ့ ခေါ်သံကြောင့် သူထမင်းစားခန်း ထဲအား ဝင်လိုက်သည်။
Skyဝင်လာတော့ မြင်တော့ Naniလည်း ထမင်းစားခန်းထဲက ထွက်လာခဲ့သည်။
"သား ဝပြီလား "
"ဟုတ် သားအန်ချင်လာလို့ "ဆိုပြီး skyအား ရွဲ့ကာ ပြောလိုက်သည်။
Nani လည်း အိမ်ပေါ်ကို တက်ကာ အခန်းထဲသို့ သွားနေလိုက်သည်။
Skyလည်း ဒီလူဘာဖြစ်တာလဲ ဆိုပြီး ထမင်းသာ စားနေလိုက်သည်။
Skyလည်း ထမင်းစားပြီးတော့ အခန်းထဲ ဝင်လိုက်သည်။သူဒီနေ့တော့ clubကို မသွားဖြစ်ပါ။ဒီနေ့ မင်းသွားရဲရင် သွားလိုက်တဲ့ ဆိုတဲ့ ဒယ်ဒီ အတွေးက စိုးမိုးနေသလို ဘာမှန်းမသိ ဒီနေ့တော့ clubကို သွားချင်စိတ်လည်း ရှိမနေပေ။
Skyအခန်းထဲ ဝင်တော့ သူလာတာကို မြင်တဲ့ Naniက အခန်းထဲက ထွက်ဖို့ လုပ်လိုက်သည်။
Skyလည်း Nani လက်ကောက်ဝတ်အား ဆွဲကာ မနေနိုင်တဲ့ အဆုံး သူမေးလိုက်သည်။
"ဒီမှာ ခများ ဘာဖြစ်နေတာလဲ"
"လွှတ်စမ်း ငါ့လက်ကို"
"ပြောစမ်းပါ ခများ ဘာဖြစ်နေတာလဲ"
"မင်းလို ဘာမှ မသိပဲ သူတစ်ပါးကို ဖိနှိမ့်ပြောတက်တဲ့ လူနဲ့ မနေချင်လို့"
"ဘာ! ခများ ဘာပြောလိုက်တာ "
"ငါပြောတာ မှားသွားလို့လား လွှတ်စမ်း ငါ့လက်ကို "
"အော် ကျွန်တော်သိပြီ ခများက အဲ့လို ပြောလို့ နာတာလား အမှန်တရား ပြောတာပဲလေ ခများက ဘာဖြစ် "
"ငါဘာလို့ ကားမမောင်းတာလဲ မင်းသိလား အေး မသိပဲနဲ့ မင်း အဲ့လို လက်လွတ်စပယ် မပြောနဲ့"
"ပြောတော့ ဘာဖြစ်လဲ"
"အေး ငါလို လူကလည်း မင်းပြောချင်တိုင်းပြော လုပ်ချင်တိုင်း လုပ်လို့ မရဘူး ဆိုတာ မင်းနားလည်ထား "
"ခများ သေချာလား" ဆိုပြီး Naniပုခုံးအား ကိုင်ကား နံရံနဲ့ ဖိကပ်လိုက်သည်။
"ဖယ်စမ်း ဖယ်" ဆိုပြီး naniလည်း skyအား တွန်းထုတ်လိုက်သည်။
သူတို့နှစ်ယောက်က အရပ်ချင်းသား မတိမ်းမယိမ်း ရှိနေပေမဲ့ ခန္ဓာကိုယ်ချင်းက ကွာလှသည်။Naniက skyထက် အသက်ကြီးသော်လည်း ခန္ဓာကိုယ်ကတော့ skyက ပိုထွားသည်။
Naniဘယ်လောက် တွန်းတွန်း skyကတော့ နည်းနည်းမှ မရွေ့ပေ
Skyလည်း တွန်းထုတ်နေတဲ့ Naniအား ဒူးအောက်ကနေ လက်လျှိုပြီး ပွေ့ချီလိုက်သည်။
Nani ကတော့ လွတ်စမ်းဆိုပြီး ရုန်းကန်နေဆဲပေါ့
ခများ ငြိမ်ငြိမ်နေလိုက်တော့ ဆိုပြီး ကုတင်ပေါ်ကို ချပေးလိုက်သည်။
Naniလည်း ကုတင်ပေါ်က ထပ်ထ လိုက်သည်။
ခများ ဗီရိုထဲက အရုပ်တွေ အကုန်လုံး လွှင့်ပစ်လိုက်ရမလား ဆိုမှ Naniလည်း တောက်တစ်ချက် ခေါက်ကာ skyအား လူယုတ်မာ ဆိုပြီး ပြောလိုက်သည်။
Skyကတော့ ဂရုမစိုက်ပဲ အခန်းတံခါးအား လော့သွားချလိုက်သည်။ပြီးတော့ သူမဟုတ်တဲ့ အတိုင်း ကုတင်ပေါ်သို့ ဝင်လှဲကာ အိပ်လိုက်သည်။
Naniလည်း စိတ်တိုပြီး skyအား မကြည့်ချင်သောကြောင့် သူတို့နှစ်ယောက်ကြားထဲ ဖက်လုံးထည့်ကာ ဟိုဘက်လှည့်ပြီး အိပ်လိုက်သည်။
Skyကတော့ ဒီလူက ဘာလဲ။ဒီအသက် ဒီအရွယ်နဲ့တောင် ကာတွန်းရုပ် pajamas တွေက ဝတ်သေးတာလား ဆိုပြီး ခေါင်းတယမ်းယမ်းနဲ့ ဖြစ်နေတော့သည်။
Sky သူ့ဘဝမှာ လူတွေကို ရင့်ရင့်သီးသီး ပြောခဲ့ရင်တောင် သူဒီလို တွေ မခံစားခဲ့ရတာ အမှန်ပင်။ဒီ Naniဆိုတဲ့ လူကျမှ ဘာဖြစ်တာလဲ ဆိုပြီး သူ့ဘေးမှ အိပ်ပျော်နေတဲ့ ကျောပြင်လေးအား ကြည့်ကာ သူတွေးလိုက်မိသည်။
TBCThanks for reading, guys
(Zawgyi)
____________________
____________________
_____________________
"Hello "
"P'nani မငျ်ဂလာပါဗြ"
"မငျ်ဂလာပါ N'mike "
"အဲ့နေ့က အကိုရဲ့ မငျ်ဂလာပှဲ အလှူလေး လုပျလို့ပါ"
__________________
___________________
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





