Fanfics

part 6

19:37, 8 February 2025

(Unicode)

CEO ကတော့ နေ့ တစ်ပိုင်း ရုံးကို မသွားသလို Nani အဖေလည်း ခွင့်ယူထားလိုက်သည်။

"သား အဆင်သင့်ဖြစ်ပြီလား"

"ဟုတ်ဖေဖေ"

"အဲ့တာဆို ဖေဖေတို့ သွားရအောင်"

Naniတို့ မိသားစုလည်း ကားလေးနဲ့ သူတို့ ခြံထဲမှ ထွက်သွားခဲ့တော့သည်။

"ဟျောင့် မင်းအဝတ်စား မလှဲတော့ဘူးလား"

"မလှဲပါဘူး အဲ့လောက် အရေးကြီးတာလဲ မဟုတ်ပဲနဲ့"

"ဘာကွ "

"ကဲပါ အကိုရယ် သား သွားအပေါ်တက်ပြီး သပ်သပ်ရပ်ရပ် ပြင်ဆင်လာခဲ့"

Skyလည်း သက်ပြင်းချကာ အပေါ်ကို စိတ်မပါ လက်မပါဖြင့် တက်သွားတော့သည်။

"လာ ရှေ့နေကြီး ကြွပါ ခဗျ"

"ဟုတ်ကဲ့ Khun Suchat"

ဘာလိုလိုနဲ့ Naniတို့ ကားလေးလည်း CEOတို့ အိမ်ကို ရောက်ရှိလာပြီ ဖြစ်သည်။

သူဌေးဆိုသည့်အတိုင်း သာမန်အရပ်သား နေသလို တော့ မဟုတ်နိုင်ချေ။တိုက်ကြီးဆိုတာလည်း ဟိန်းထွက်နေသလို။ဂိုဒေါင်ထဲလည်း ကားဆိုတာ သုံးစီးပေါ့ဗျာ။CEOတို့ မိသားစုက သူတို့အိမ်မှာ အလုပ်သမား အရမ်း မများပဲ သူတို့မိသားစုအတွက် လုံလောက်တဲ့ ပမာဏလောက်သာ ထားရှိသည်။

"လာ Khun Thun တို့မိသားစု"

"ဟုတ်ကဲ့ CEO"

"သွား မင်းသားကို သွားခေါ်လိုက်အုန်း" ဆိုပြီး သူ့ဇနီး ဖြစ်သူအား ပြောလိုက်သည်။

"ဟုတ်အကို ဧည့်သည်တွေတွက် မုန့်တွေ ချပေးပါအုန်း" ဆိုပြီး သူ့ရဲ့ အိမ်အကူမလေးအား sky မာမီ မှာလိုက်သည်။

"ဟုတ်ကဲ့"

"သားရေ ပြီးပြီလား အောက်မှာ ဧည့်သည်တွေ ဆုံနေပြီ"

"ဟုတ်...လာပြီ မာမီ"  sky အသံကတော့ မပျော်မရွှင်ဖြစ်နေတော့သည်။

"သားလေး မုန့်စား"

"ဟုတ်အန်တီ "

"အန်တီတွေ ဘာတွေ မလုပ်ပါနဲ့ နောက်လည်း မေမေခေါ်ရမှာပဲ"

"ဗျာ...."

"မရှက်ပါနဲ့ သားရယ်" ဆိုပြီး sky မာမီ Naniအား စလိုက်သည်

Nani မေမေ ကတော့ ပြုံးပြုံးလေး ပေါ့

"မင်းသားက မလာတော့ဘူးလား ဧည့်သည်တွေက စောင့်နေရတာ"

"အော် အကိုရယ် လာမှာပေါ့ ဟော...လာပါပြီ"

Skyလှေကားမှ ဆင်းလာသည်ကို naniက လွှဲပြီး အားလုံးက ဝိုင်းကြည့်မိလိုက်သည်။

"သား လာထိုင် ဒီမှာ သားနဲ့ လက်ထပ်ပေးမဲ့ ကောင်လေး ချစ်စရာလေးနော် ချောလည်း ချောတယ်"

မာမီကလည်း သားတောင် မထိုင်ရသေးဘူး သူ့ရဲ့ ချီးကျူးခန်းက အရင်ဖွင့်နေတော့သည် ဆိုပြီး skyလည်း မာမီ ခေါ်တဲ့ နေရာမှာ ဝင်ထိုင်လိုက်သည်။

"ဟင်... သားနဲ့ လက်ထပ် ပေးမှာ သူလား"

ထိုအခါ Nani မှလည်း "လူမှုရေး မရှိတဲ့ လူပဲ"

"ဘာ ခများကလည်း မှားသေးတယ် ကျွန်တော့ကို လာပြီးတော့"

"မင်းအရင် ပြောလို့ ငါပြောတာလေ"

ဒီလိုနဲ့ sky နဲ့ Nani တစ်ယောက် တစ်ခွန်း ပြန်ပြောနေကြသည်။လူကြီးတွေကတော့ ဘာမှကို ဝင်မပြောပဲ ခန ကြောင်ကုန်ကြသည်။ထိုအခါsky ဒယ်ဒီ ဝင်တားမှပဲ ရပ်သွားကြတော့သည်။

"ဘာဖြစ်နေတာလဲ မင်းတို့က လူ‌ကြီးတွေ ရှိနေတာကို မသိတာလား"

Nani မေမေလည်း Naniအား ပေါင်လေး ပုတ်ကာ တားလိုက်သည်။

"သားရယ် ဒီက သားလေးနဲ့ ဘယ်မှာ တွေ့ဖူးလို့လဲ ဘာလို့ တွေ့တာနဲ့ ရန်သတ်နေတာလဲ "

"ဟို‌တစ်နေ့က သားကားရှေ့ကို ရပ်ထားတာ မလွတ်လို့ ပြောတာကို ဖယ်မပေးဘူး"

"ဘာ! မင်းငါ့ကို အဲ့လို ပြောခဲ့တာ ဟုတ်လို့လား အန်တီ သူကလေ ကျွန်တော်တို့ ကားဘီးကိုတောင် ခြေထောက်နဲ့ ကန်သွားသေးတာ"

"မာမီ သူလျှောက်ပြော....."

"ကဲ တော်ကြတော့ကွာ မင်းတို့တွေ ရှေ့နေ့ကိုလည်း အားနာကြအုန်း "

ရှေ့နေ ဆိုတဲ့ အသံကြားမှ skyလည်း

"ရှေ့နေ့က ဘာလုပ် မလို့လဲ"

"မင်းနဲ့ Naniကို လက်မှတ် အရင်ထိုးခိုင်း မလို့"

"တော်ပြီ ဒယ်ဒီ သား သူနဲ့ဆို မယူနိုင်ဘူး"

"ငါကလည်း မင်းမှန်းသိရင် ဒီကိစ္စကို...."

Nani ဖေဖေ naniအား ပခုံးလေး လှမ်းကိုင်လိုက်သည်။သား CEOသား သိလို့ မရဘူးဆိုတဲ့ မျက်လုံးလေးနဲ့

"ဘာလဲ ဘာကိစ္စလည်း "

"မင်းလို လူကို ဘာကိစ္စ ပြောရမှာလဲ"

သားကတော့ သူ့မယူနိုင်ဘူး ဆိုပြီး skyလည်း ထထွက်သွားမည့်အလုပ်

"သား" ဆိုပြီး skyမာမီ သူ့သားလေးအား ခေါ်လိုက်သည်။

"ဟျောင့် မင်းထွက်သွားမှာဆို တစ်ခါတည်း ရှေ့နေ့နဲ့ အမွေဖြတ်ကြောင်း လုပ်လိုက်တော့မယ်"

"ဒယ်ဒီ "

"အဲ့တာဆို အခု ချက်ချင်း ပြန်ထိုင်လိုက်"

ဒီလိုနဲ့ ရှေ့နေ့ကြီး ကမ်းပေးတဲ့ စာချုပ် နှစ်ခုပေါ်မှာ နှစ်ယောက်သား လက်မှတ် ရေးထိုးလိုက်ရသည်။

"နှစ်ယောက်သား ချစ်ချစ်ခင်ခင်နဲ့ ထာဝရ ပေါင်းဖက်နိုင်ပါစေလို့ ဆုတောင်း ပေးပါတယ်နော်"

Skyကတော့ ဟင်း ဘာတွေ လာဆုတောင်းနေတာလဲ ဆိုပြီး မျက်နှာ ရှုံကာ ဟိုဘက် လှည့်သွားသည်။

Naniကတော့ ဒီထိုင်လေးပဲ ထိုင်နေလိုက်သည်။

"အဲ့တာဆို ကျွန်တော် ပြန်လိုက်ပါအုန်းမယ်" ဆိုပြီး CEOကို နှုတ်ဆက်လိုက်သည်

"ဟုတ်ကဲ့ ရှေ့နေကြီး ကောင်းကောင်း ပြန်ပါ"

"ရှေ့နေကြီးလည်း ပြန်သွားပြီ ဆိုတော့ ကျွန်တော်တို့ မင်္ဂလာပွဲကို တိုင်ပင် ကြတာပေါ့"

"ဘာကို မင်္ဂလာပွဲ လည်း ဒယ်ဒီ ကျွန်တော်တော့ မလုပ်ချင်ဘူး"

"ဘာ မင်းက တစ်ကောင်ကြွက် မဟုတ်ဘူး ဟျောင့်"

"ဦးကို ကျွန်တော် တစ်ခုလောက် ပြောလို့ ရမလား"

"ပြောပါ"

"မင်္ဂလာပွဲကို မလုပ်လို့ ရမလားဗျ ဘာပဲ ဖြစ်ဖြစ် ကျွန်တော်တို့က...."

"ရပြီ ဦးသဘောပေါက်ပြီ" ဆိုပြီး skyဒယ်ဒီလည်း ဟန့်တားလိုက်သည်။

"အေးလေ ဘယ်လုပ်ချင်မလဲ သူရမဲ့ ပိုက်ဆံတွေ မင်္ဂလာ စရိတ်တွက် ဖယ်လိုက်ရင် မကျန်မှာ ဆိုးလို့ နေမှာ"

"ဘာ! မင်းဘာစကား ပြောလိုက်တာလဲ"

"ကျွန်တော်ပြောတာ ဘယ်နား မှားသွားလို့လဲ ဘာလဲ ခများမှာ အကြွေးတွေ ရှိနေလို့လား"

Naniလည်း ရုတ်တရက် ဆိုသလို စိတ်တွေ တိုကာ လက်သီးကို ကျစ်ကျစ် ဆုတ်ထားမိသည်။

ပြန်ပြောချင်ပေမဲ့လည်း ဖေဖေ နဲ့ CEOက တားနေသောကြောင့် သူဘာမှ ပြန်မတုံ့ပြန်လိုက်ပါ

"ပြန်မပြောနိုင်မှာတော့ တကယ်ပဲ နေမှာပဲ "

"ဟျောင့် sky မင်းဘာဖြစ်နေတာလဲ ဘာလို့ သူများ သားသမီးကို လျှောက်ပြောနေတာလဲ"

"သားပြောတာ မှားလို့လား ဒါမှ မဟုတ် မှန်သွားလို့လား  ဒယ်ဒီ"

"ဟျောင့် တော်လိုက်တော့"

"ဟုတ်ကဲ့ဗျ ကျွန်တော် တော်လိုက်ပါပြီ"

"မင်းက ပြောလေ ကဲလေ ပဲ"

"ကဲပါ အကိုရယ် စိတ်လျော့ပါ ဧည့်သည်တွေကို အားနာပါတယ်"

Nani တို့ မိသားစုလေး ကတော့ ဒီတိုင်းလေး ထိုင်နေရုံက လွှဲ ဘာပြောလို့ ရမလဲဗျာ

"အဲ့တာဆို ကျွန်တော် ပြောစရာ ရှိတယ် Khun Thun"

"ဟုတ်ကဲ့ CEO"

"ကျွန်တော်ကတော့ သူတို့ နှစ်ယောက်တွက် အိမ်တစ်အိမ်ပေးမယ် "

"သူနဲ့ တူတူ မနေနိုင်ပါဘူး "

"ဟျောင့် မင်းဘာမှ အထွန့် မတက်နဲ့"

"ပြီးတော့ မင်းရဲ့ကားနှစ်စီးပါ ယူသွား။ယောက်ျားလေး နှစ်ယောက်ထဲ ဆိုတော့ အိမ်အကူ တစ်ယောက် ငှားပေးမယ်"

"ခများလည်း ခများသားကို ပို့ပေးစရာ မလိုတော့ဘူး။သူ့ကို ကျွန်တော့သားက ပို့ပေးလိမ့်မယ်"

"ရပါတယ် ဖေဖေနဲ့ သွားလိုက်ပါ့မယ်"

"ဟုတ်ပါတယ် CEO အားနာစရာတွေ ဖြစ်နေပါပြီ"

"အားနာစရာ မဟုတ်တာရှင်။မဟုတ်လည်း ခမည်းခမက်တွေပဲကို ရပါတယ် သား skyက ပို့ပေးလိမ့်မယ်"

"ဟုတ်ပါတယ်ဗျာ ပြီးတော့ မင်းတို့တွေ မင်္ဂလာပွဲ မလုပ်ချင်ရင်တောင် ဘုန်းကြီးကျောင်းမှာ ဆွမ်းသွားလှူရမယ်"

"ဟုတ်ကဲ့ပါ အဲ့တာဆို ကျွန်တော်တို့ကို ပြန်ခွင့်ပြုပါအုန်း CEO" ဆိုပြီး Naniတို့ မိသားစုလည်း ပြန်လာခဲ့လိုက်သည်။

__________________________

"သားနဲ့ သားskyနဲ့က ဘယ်မှာ ဆုံဖူးတာလဲ "

"Restaurantတစ်ခုမှာပါ မေမေရယ် ဆုံခနဲက ရန်ဖြစ်နေရတာ ဒီလိုမှန်း သိရင် သားလက်မခံဘူး"

Naniလည်း ဒီတိုင်း ပြောလိုက်ပေမဲ့ ဖေဖေရဲ့ မျက်နှာလေးကို ကြည့်လိုက်တော့ သူ့ကြောင့်ဆိုတဲ့ ပုံစံလေး ဖြစ်နေသည်။

"သား တစ်နှစ်ပါပဲ ဖေဖေ တောင်းပန်တယ်နော်"

"ဟာ ဖေဖေကလည်း သားတို့က အဲ့လို ပြောရမဲ့ သူတွေမှ မဟုတ်တာ သားကလည်း ဒီတိုင်း ပြောလိုက်တာပါ သားပြောလိုက်တာကိုလည်း ဖေဖေ စိတ်ထဲ မထားပါနဲ့နော်"

"ဟုတ်ပါတယ် အကိုရယ် "

"အေးပါ "

ဒီလိုနဲ့ naniကတော့ သူ့ဆိုင်လေးမှာ ဝင်နေခဲ့လိုက်သည်။

____________________________

Sky လည်း ပွဲပြီးတော့ အိမ်မှာ ခြေငြိမ်ပါ့မလား Pat နဲ့ ထပ်ချိန်းလိုက်ပြန်သည်။

"သား ဘယ်သွားမလို့လဲ "

"Patကို တစ်ဝိုင်း ပြုစုမလို့ "

"မင်း အပြင်ထွက်ချင်‌တိုင်း ခေါင်းစဉ် မရှာနဲ့ "

"မဟုတ်ပါဘူး ဒယ်ဒီရာ ကျွန်တော်မှာ ဒီသူငယ်ချင်းပဲ ရှိတာ အဲ့လောက်ကတော့ လုပ်သင့်တယ် မဟုတ်ဘူးလား "

"အေးပါ ငါနောက်တစ်ရက် ခွင့်ပြုပေးလိုက်မယ် မင်းက မကြာခင်မှာ အိမ်ထောင်ပြုတော့မှာ အရင်လို လူပျိုလူလွတ် မဟုတ်တော့ဘူး ဆိုတာ မင်းတွေးထားနော်"

"အဲ့တာ သားဘာသာ ဆက်လုပ်ရမဲ့ ကိစ္စပါ မရောက်သေးတာကို အရင်မတွေးချင်ဘူး အခုတော့ ပျော်စရာလေးတွေ သွားရှာလိုက်အုန်း" ဒယ်ဒီ ဆိုပြီး ကားသော့ချိတ်ကို လှည့်ကာ လေချွန်ပြီး ထွက်သွားခဲ့သည်။

"ဟျောင့် sky မင်းက ဘာလို့ မင်္ဂလာ ပွဲမလုပ်တာလဲကွာ"

"မလုပ်ချင်ပါဘူး ဒီပွဲက ငါချစ်လို့ ယူထားတာလဲ မဟုတ်ဘူး "

"ဒါနဲ့မင်း လက်ထပ်မဲ့ ကိစ္စကိုရော pinkသိလား"

"သိချင်သိ မသိချင်နေ ငါဂရုမစိုက်ဘူး တော်ပြီကွာ သောက်မယ်"

Skyတို့ သောက်နေရင်းလည်း pinkဆီမှ callတစ်ခု ဝင်လာခဲ့သည်။

Skyလည်း မကိုင်ပဲ ဖုန်းအား button offလိုက်သည်။

ဒီလိုနဲ့ နောက်တစ်ခေါက် ထပ်ဝင်လာပြန်တယ်

"ဟျောင့် ဘယ်သူလဲ ကိုင်လိုက်ပါကွာ"

"Pinkဆီက"

"ကိုင်လိုက်လေ ဘာဖြစ်လို့လဲမှ မသိတာ"

"မကိုင်ချင်ဘူး နားပူတယ် "

Pinkလည်း ကိုကိုက မကိုင်ဘူး ဆိုတော့ patဆီကိုပဲ ဆက်ရမယ် patနဲ့ တူတူ ရှိလောက်တယ် ဆိုပြီး patအား ဖုန်းဆက်လိုက်သည်။

"ဟော တွေ့လား ငါ့ဆီကို ခေါ်ပြီ "

"မကိုင်ချင် မကိုင်နဲ့ပေါ့" ဆိုပြီး skyလည်း ခွက်တစ်ခွက်အား ဆက်မော့နေတော့သည်။

"Hello pink"

"Hello ကိုကိုနဲ့ patနဲ့ တူတူ ရှိနေတာလားဟင်"

Patလည်း skyအား ကြည့်လိုက်တော့ sky ကမပြောနဲ့ ဆိုတဲ့ ပုံစံဖြင့် ခေါင်းယမ်းပြသည်။

"ရှိတယ် ဘာဖြစ်လို့လဲ "

Skyလည်း ဒီလောက် ပြောနေတာကို ဒီအကောင်ကဆိုပြီး လက်ခလယ် ထောင်ပြလိုက်သည်။

"ကိုကို့ကို ဖုန်းကိုင်ပါအုန်းလို့ ဒါမှ မဟုတ်ရင် patတို့က အခု ဘယ်မှာလဲ"

"ကျွန်တော်တို့က လာနေကြ clubမှာ"

"အဲ့တာဆို pinkနဲ့ linnနဲ့ လာခဲ့မယ်လေ နော်"

"လာခဲ့လေဗျ လူစုံတော့ ကောင်းတာပေါ့ "

"ဟုတ် pat "

"ဟျောင့် pinkတို့က လာခဲ့မယ်တဲ့"

"မင်းဒီလောက် speakerဖွင့်ပြောနေတာ ငါ့နားက ကြားတယ် မကန်းသေးဘူး"

"ဟဲဟဲ လူစုံတာပေါ့ ပျော်စရာကောင်းတာလေ"

"မင်းဘာသာမင်းပျော်နေလိုက်"

မကြာပါဘူး pinkနဲ့ linnတို့လည်း ရောက်ရှိလာခဲ့သည်။pinkကတော့ ရောက်ရောက်ချင်းပင် စကား စလိုက်သည်။

"ကိုကို ဘာလို့ ဖုန်း မကိုင်တာလဲဟင်"

"မအားလို့"

"ဘာလို့ မအားတာလဲ"

"စိတ်တွေ ရှုပ်နေလို့ကွာ မင်းမေးခွန်းတွေက ပြီးအုန်းမှာလား"

"Pinkက ကိုကိုများ တစ်ခုခု ဖြစ်တာလားလို့ပါ"

"ဟုတ်တယ် pinkရယ် ဒီကောင်ကြီးကို သူ့အိမ်က အိမ်ထောင်ချပေးနေတာ "

"ဟင်.... ကိုကို ဘာလို့ pinkကို မပြောတာလဲ"

"ငါက ဘာလို့ မင်းကို ပြောရမှာလဲ"

"အဲ့တာဆို pinkက ကိုကို တွက် ဘာလဲ"

"ဒီတိုင်း clubမှာ တွေ့တဲ့ လူတစ်ယောက်ထပ် မပိုဘူး"

Pinkလည်း စိတ်တိုသွားကာ ဘာမှ မတုံ့ပြန်နိုင်သလို patတစ်ယောက်လည်း skyရဲ့ အပြောကြောင့် ဘာဆက်လုပ်ရမလဲ မသိတော့ပါ။

"Sky အဲ့လိုတော့ မပြောပါနဲ့ တို့သူငယ်ချင်း pinkက မင်းကို စိတ်ဝင်စားနေတာ မင်းသိရဲ့သားနဲ့ "

"အခု ကျွန်တော်ကရော ဘာပြောနေလို့လဲ ကျွန်တော့ဘာသာ အိမ်က ပေးစားလို့ ယူတာပဲ ရှိတာ ကျွန်တော့ စိတ်ထဲကလည်း ချစ်မနေဘူး ပြီးတော့ ကျွန်တော်လက်ထပ်ရမှာပဲ ယောက်ျားလေး တစ်ယောက်ပဲ"

"ဟင် ယောက်ျားလေး တစ်ယောက်"

"ဟုတ်တယ် ငါက ဂေးလည်း မဟုတ်ဘူး အဲ့တော့ ငါ့ဘာသာ နေမြဲတိုင်း နေနေ မှာပဲ မင်းလည်း ငါနဲ့ ပတ်သတ်ချင် ပတ်သတ် မပတ်သတ်ချင်ရင် မပတ်သတ်နဲ့" ဆိုပြီး skyလည်း pinkအား ပြောလိုက်သည်။

"အွန်း pinkနားလည်ပါတယ် pinkမှာလည်း ကြိုးစားခွင့်တော့ ရှိသေးတယ်မလား ကိုကို"

ဒီတစ်ခါ တကယ်ကို နားမလည်နိုင်တော့တာက patပါ။sky ကလည်း ကိုယ့်သူငယ်ချင်း ဆိုတော့ သူယူမဲ့ တစ်ဖက်လူကို လေးစားရမှာပဲ ဆိုတဲ့ အတွေးဖြင့် patလည်း skyအား တားဖို့ လိုအပ်သလို pinkကလည်း ပိုင်ရှင်ရှိရဲ့သားနဲ့ ဘာလို့ ဒီစကားတွေ ပြောနေရတာလဲ‌ ဆိုပြီး သူတို့ နှစ်ယောက်ကို ကြည့်ကာ patလည်း စိတ်ပျက်နေမိသည်။

"အဲ့တာတော့ မင်းသဘောပဲ လုပ်ချင်တာလုပ်"

ဒီနေ့ညကိုလည်း skyကတော့ clubမှာပဲ ထပ်မံ ပျော်မွေ့နေတော့သည်။

___________________________

ညက ကဲထားတော့ skyအခုထိ မထနိုင် ဖြစ်နေသည်။

"သားရေ သားလေး ထပါအုန်း မာမီတို့ ဘုန်းကြီးကျောင်းကို သွားရမယ်လေ"

Skyလည်း ဒါက အိမ်မက်လား ဘယ်က အသံလဲ ဆိုတဲ့ အတွေးတွေနဲ့ အဖြေပင် ဖော်မရဖြစ်နေသည်။

"သားရေ မာမီ ဝင်ခဲ့မယ်နော်" ဆိုပြီး သော့ပို တစ်ချောင်းနဲ့သာ ဝင်ခဲ့လိုက်သည်။

"သားရေ ထတော့လေ"

"အွန်း....."

"ကဲပါ ပျင်းကြောတွေ ဆွဲမနေနဲ့တော့ ထတော့" ဆိုပြီး skyမာမီလည်း လက်ကနေ ဆွဲထူလိုက်တော့သည်။

"မာမီ သား အိပ်ချင်သေးတယ် "

"သားမအိပ်နဲ့တော့ ထတော့ မာမီပြောတာ နားထောင် သားက အခုဆို အိမ်ထောင်ပြုတော့မဲ့ လူတစ်ယောက် ဖြစ်တော့မှာ ပြီးတော့ သားရဲ့ ကိုယ်ပိုင်မိသားစုလေးကို တည်ထောင်ရတော့မှာနော်" ဆိုပြီး သူ့အား ခေါင်းလေးအား ပွတ်ပြီး ပြောရှာသည်။

"ဟာ မာမီကလည်း အဲ့တာ ဒယ်ဒီပေးစားတာလေ သားယူချင်လို့မှ မဟုတ်တာ"

"အော် ဘာပဲ ဖြစ်ဖြစ်ပေါ့သားရယ် သားဒယ်ဒီက သားအတွက် ကောင်းအောင်လုပ်ပေးတာပါပြီးတော့ သားလေးက မာမီတို့နဲ့လည်း ခွဲနေရတော့မှာ" ဆိုပြီး skyမာမီမျက်ရည်လေး ကျသွားခဲ့သည်။

"မာမီကလည်း မငိုပါနဲ့ သားက အဝေး ထွက်သွားတာလဲ မဟုတ်ပဲနဲ့ "

"အွန်းပါ မာမီပျော်လို့ပါ သား လိမ်လိမ်မာမာ နေရမယ်နော် ကိုယ်ယူထားတဲ့သူပေါ်မှာလည်း ယောက်ျားကောင်း ပီသစွာ ပြုမူရမယ်နော်"

"သူလည်း ယောက်ျား သားလည်း ယောက်ျား အဲ့လောက် လုပ်ပေးစရာ မလိုပါဘူး မာမီရယ်"

"ဘာပဲ ဖြစ်ဖြစ် ကိုယ်က အိမ်ထောင်ဦးစီးပဲ သူများသားသမီး အားကိုးရမဲ့လူ ဖြစ်တော့ ပိုမကောင်းဘူးလား "

"သူက မာမီ့သားလား သားက မာမီ့သားလား"

"သားနဲ့ ပတ်သတ်မှတော့ naniလေးကလည်း မေမေ့သားပဲပေါ့"

"Naniလေးနဲ့ အဲ့လောက်တောင် ချစ်နေတာလား"

"ချစ်တာပေါ့ "

"သားလေးရော မချစ်ဘူးလား"

"မချစ်ပါဘူး ကြည့်လို့ကို မရတာ ဘယ်လိုလူမှန်း မသိဘူး"

Naniမေမေကတော့ အပြုံးလေးနဲ့ "နောက်မှ ချစ်သွားလို့ကတော့နော်" ဆိုပြီး စလိုက်တာ

"ဒါက တာဝန်ဝတ္တရား အရ ယူလိုက်တာ အဲ့လို နေ့ဆိုတာ သားဘဝမှာ မရှိလောက်ဘူး မာမီ"

"ထမင်းကို အကုန်စား စကားကို အကုန်မပြောရ‌ဘူးနော်"

"တော်ပြီ မာမီရာ သားရေချိုးပြီး ပြင်ဆင်ရမှာ မလား ပြင်ဆင်တော့မယ်"

"အေးအေး မာမီလည်း ဒယ်ဒီတွက် ဝတ်စုံ ထုတ်ပေးလိုက်အုန်းမယ် "

"ဟုတ်မာမီ"

Naniဆိုတဲ့ ခများက ကျွန်တော်တွက်သာ ဘာမှ မဟုတ်တာ အိမ်က လူတွေ ပါးစပ်ထဲတော့ ခများနာမည်က မူးယစ်ဆေး တစ်ခုလို စွဲနေပြီ ဆိုပြီး skyလည်း အတွေးတွေဖြင့် ဘုန်းကြီးကျောင်းသွားဖို့ ရေချိုးသန့်စင်ဖြီးလိမ်း နေလိုက်သည်။

____________________

Naniတို့ မိသားစုကတော့ ဘုန်းကြီး ကျောင်းကို အရင်ရောက်ရှိနေပြီးသာဖြစ်နေသည်။ထို့နောက်CEOတို့ မိသားစုလည်း ရောက်ရှိလာပြီ ဖြစ်သည်။

"စောင့်ရတာ ကြာသွားလားရှင့်"

"ဟုတ်မကြာသေးပါဘူး ကျွန်မတို့လည်း စောနကမှ ရောက်တာပါ"

"အဲ့တာဆို ဘုန်းကြီးကို လှူဖွယ်တွေနဲ့သွားကန်‌ တော့ကြရအောင်"

"ဟုတ် CEO"

"ကဲ မင်္ဂလာပွဲတွက် အလှူလာလုပ်တဲ့ လူနှစ်ယောက် ရေစက်ခွက်လေးတွေ ကိုင်ပေးပါ" ဆိုပြီး ဘုန်းဘုန်းက ပြောလိုက်သည်။

ဒီလိုနဲ့ ပေါင်းစပ်မဲ့ ကောင်လေး နှစ်ယောက်လည်း ကုသိုလ်မျိုးစေ့လေးကို တူတူချခဲ့လိုက်သည်။

"ကုသိုလ်ကောင်းမှုတွေ တူတူလုပ်ခွင့်ရတာဆိုတာ ဒါဟာ မွန်မြတ်ခြင်း တစ်ခု။နှစ်ယောက်သားလည်း ပျော်ရွှင်ရပါစေနော်"

"သာဓု" ဆိုပြီး နှစ်ယောက်သား ဘုန်းကြီးအား လက်အုပ်ချီကာ ဝတ်ပြုခဲ့ကြသည်။

မိသားစုလိုက် ကုသိုလ်တွေ လုပ်ပြီး ပြန်ကြမယ် အလုပ် CEOမှ

"Nani မင်းဒီနေ့ အထုတ်တွေ ပြင်ဆင်ထားလိုက်ပါ"

"ညနေ ကျရင် ဦးတို့ လာခေါ်မယ်"

"ကျွန်တော့သားကိုလေး ကျွန်တော်တို့ လိုက်ပို့ပေးလို့ရမလား CEO"

"ရပါတယ် ဘာဖြစ်လို့လဲkhun Thun"

"သားလေးနဲ့က တစ်ခါမှ မခွဲဘူး‌လို့ပါ" ဆိုပြီး Nani မေမေလည်း ဝမ်းနည်းသံလေးနဲ့ ပြောလိုက်သည်။

"ကောင်းပါပြီ အဲ့တာဆို ကျွန်တော်တို့ အိမ်ကို အရင်လာခဲ့ပါ ပြီးမှ သူတို့ပြောင်းပဲ အိမ်ကို ကျွန်တော်တို့ သွားကြတာပေါ့"

"သားရဲ့ ကော်ဖီ ဆိုင်ကိုရော ဒီနေ့ဖွင့်ထားတာလား"

အမယ် မေမေကတော့ ငါ့ထက် ဒီလူအကြောင်းကို ပိုသိနေတာလား ဆိုတဲ့ ပုံစံနဲ့ နားထောင်နေလိုက်သည်။

"ဟုတ် ကျွန်တော် ဒီနေ့တော့ ပိတ်ထားပါတယ်"

"အေးအေး သားလေး အဲ့တာဆို မာမီ တို့ အိမ်ကို အလည်လိုက်ခဲ့ပါလား မာမီတို့ ပေးစရာလေး ရှိလို့"

"ခမျာ"

"ဟုတ်ပါတယ် Khun Thun တို့လည်း ကျွန်တော်တို့ အိမ်ကို လာခဲ့ပါအုန်း"

"ဟုတ်ကဲ့ CEO"

ဒီလိုနဲ့ အိမ်ပြန်ရောက်လာတော့ skyတောင် မသိပေ။အိမ်ထဲမှာ အပြင်အဆင်‌ တွေနဲ့  စီစဉ်ထားသည်။

"ထိုင်ပါအုန်းရှင့်"

"ဟုတ်ကဲ့"

Nani တို့မိဘလည်း စီစဉ်ပေးထားတဲ့ နေရာမှာ ထိုင်လိုက်သည်။ထို့နောက် skyဒယ်ဒီနဲ့ မာမီတို့လည်း ဝင်ထိုင်လိုက်သည်။

"သား တို့ထိုင် မိဘတွေကို ဝတ်ပြုရမယ် "

"ကဲလုပ် အဲ့တာ မင်းမာမီရဲ့ အစီစဉ်ပဲ လုပ်ရမယ်"

Naniနဲ့ skyလည်း နှစ်ဖက်မိဘတွေကို ဝတ်ပြုလိုက်သည်။

Skyမာမီကလည်း လက်စွပ်လေးတစ်ကွင်းကို Naniမေမေအား လှမ်းပေးလိုက်သည်။

"ကျွန်မက သား Naniကို စွတ်ပေးလိုက်မယ်အစ်မက သားskyကို စွတ်ပေးလိုက်ပါဆိုပြီး ပြောလိုက်သည်"

Naniကို skyမာမီလည်း လက်ထပ် လက်စွပ်လေး စွတ်ပေးလိုက်သည်။

Nani မေမေလည်း skyကို လက်စွပ်လေး ဝတ်ပေးလိုက်သည်။

ဒီလိုနဲ့ ကောင်လေး နှစ်ယောက်က platinum wedding rings couple လေးနဲ့ပေါ့

အဲ့တာနဲ့ သူတို့ နှစ်ဦး မိဘတွေကို ထပ်မံ ဂါရဝ ပြုလိုက်သည်။

"Sky အခု မင်းက အရင်လို လူပျို လူလွတ် မဟုတ်တော့ဘူး ကိုယ့်အိမ်မှာကို ကိုယ့်မိသားစုနဲ့ကို နေရမယ်နော် "

"ဟုတ်ဒယ်ဒီ"

"ပြီးတော့ သား Naniလေးကိုလည်း ဂရုစိုက်နော် သားလေး "

"ဟုတ်မာမီ "

"Nani မေမေရော တစ်ခုခု ပြောပါအုန်း "ဆိုပြီး skyမာမီ ပြောလိုက်သည်။

"သားတို့နှစ်ယောက်လုံး ယုံကြည်မှု အပြည့်နဲ့ တူတူဖြတ်သန်းကြပါနော် ပြီးတော့ မေမေတို့ဆီလည်း လာလည်နော် "ဆိုပြီး ငိုလိုက်မိသည်။

Nani လည်း သူ့မေမေအား ဖက်ကာ ဝမ်းနည်းသံလေးနဲ့ ချော့မြူလိုက်သည်။

"သားလာမှာပေါ့ မေမေရဲ့"

"သား တစ်ခုခုဆိုရင် ဖေဖေနဲ့ မေမေရှိတယ်" ဆိုပြီး Nani ဖေဖေလည်း ဝမ်းနည်းစွာ ပြောလိုက်သည်။

"ဟုတ်ဖေဖေ "

"ကဲ အဲ့တာဆို ကျွန်တော်တို့တွေ Naniရဲ့ ပစ္စည်းတွေကို သွားသယ်ကြတာပေါ့ "

"ဟုတ်ကဲ့ပါ CEO "

Naniလည်း တစ်နှစ်ဆိုတဲ့ အချိန်ပေါ်မူတည်ပြီး သူ့အတွက် လိုအပ်မဲ့ ပစ္စည်းတွေသာ ယူခဲ့လိုက်သည်။

"ဒါ မင်းတို့ နေရမဲ့ အိမ်ပဲ"

"အိမ်ကလည်း နှစ်ထပ် တိုက်လေးကို လုံးဝ အသစ်လေးပင်။skyကတော့ ဒယ်ဒီက တမင်များ သူ့ကို အိမ်ထောင်ချပေးဖို့ကို planဆွဲထားတာလားကွာ။ဒီအိမ်ကို သူဘယ်ခနဲကများ ဆောက်လိုက်တာလဲ"ဆိုပြီး အံ့ဩနေတော့သည်။

အိမ်ထဲမှာကတော့ လိုအပ်မဲ့ ဟာတွေနဲ့ ပစ္စည်းတွေနဲ့ အိပ်ခန်း လေးခန်း ပါဝင်သည်။

အပေါ်ထပ်မှာ နှစ်ခန်း နဲ့ အောက်ထပ်မှာ နှစ်ခန်း ဖြစ်သည်။

မီးဖိုချောင်တစ်ခုရယ်၊ဧည့်ခန်း တစ်ခန်းလည်း ပါရှိသည်။

"မင်းတို့နေမဲ့ အခန်းတွက်လည်း အခန်းပစ္စည်းတွေ ထည့်ပြီးသား "

"မင်းတို့နေမဲ့အခန်း ကျွန်တော်က သူက တစ်ခန်းထဲ တူတူနေရမှာလား"

"ဟုတ်တယ်လေ သားလေးရဲ့ သားတို့က လက်ထပ်ထားတာလေ တူတူနေရမှာ မှာပေါ့" ဆိုပြီး sky မာမီကတော့ ရယ်ကာ ပြောလိုက်သည်။

"ဘာလဲ ခများက အခုမှ ကျွန်တော်နဲ့ မနေချင်တာလား "

"မင်းစကားပြော ဆင်ခြင်ပါ "

"ကဲပါ ဒါက အဒေါ် prin(ပရင်) မင်းတို့တွက် ငှားပေးထားတဲ့ အိမ်အကူ"

"ဟုတ်ကဲ့သားတို့ လိုအပ်တာ ရှိရင် အဒေါ့်ကို ပြောပါနော်"

"ဟုတ်ကဲ့ "

"အဲ့တာဆို ဒယ်ဒီနဲ့ မာမီ ပြန်တော့မယ်နော်" ဆိုပြီး sky နဲ့ naniအား sky မာမီ နှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့ "

"သား ဖေဖေတို့ ပြန်တော့မယ်နော် "

"ဟုတ်ဖေဖေ"

"မေမေ့ဆီကိုလည်း အလည်လာခဲ့နော် "

"လာခဲ့မှာပေါ့ မေမေရဲ့" ဆိုပြီး Nani သူ့ဖေဖေနဲ့ သူ့မေမေအား ဖက်ကာ ပြောလိုက်သည်။

"အဲ့တာဆို ဖေဖေ တို့ သွားတော့မယ်နော်" ဆိုပြီးnaniရဲ့မိဘ နှစ်ပါးလည်း ပြန်သွားခဲ့သည်။

Naniလည်း skyအား မျက်စောင်းထိုးကာ အိမ်ပေါ်ကို တက်သွားပြီး  ဘယ်အခန်းမှန်း မသိ သူဝင်ချင်တဲ့ အခန်းကို ဝင်လိုက်သည်။

အမယ်လေး ကြက်သီးထစရာ ကောင်းလိုက်တာ Naniမြင်လိုက်ရတာက မွေ့ယာပေါ်မှာ နှင်းဆီပန်း အနီတွေနဲ့ အလှဆင်ထားတာ ဖြစ်သည်။

Nani လည်း ဒီအခန်းမှာ မနေနိုင်ဘူး ဆိုကာ ဟိုအခန်းအား ပြောင်းလိုက်သည်။

အခန်းထဲမှာလေ ဘာမှကို မရှိပေ။ဒီတိုင်း ဗလာကျင်း ပုံစံ ဖြစ်နေသည်။

Naniလည်း ဘာလုပ်ရမလဲ မသိ ဟိုဘက်ခန်းထဲကို ပြန်ဝင်မယ်ပေါ့ ဆိုပြီး သူ့အိတ်လေးသူ ပြန်ဆွဲကာ ဝင်မည့်အလုပ်

Skyတစ်ယောက် အပေါ် အင်္ကျီ ချွတ်ကာ အဝတ်လှဲနေသည်။

"မင်း ရေချိုးခန်းထဲကို သွားလှဲပါ့လား "

"ကိုယ့်ဘာသာ ဒီနေရာမှာ လှဲတာ ဘာဖြစ်လဲ "

Naniလည်း မျက်စောင်းထိုးကာ မျက်လုံးကို ကာပြီး အခန်းထဲ ဝင်လိုက်တော့သည်။သူ့အဝတ်လေးတွေကို ထုတ်ကာ ဗီရိုလေးထဲကို ထည့်လိုက်သည်။

အင်္ကျီတွေ လှဲပြီးတဲ့ skyကတော့ ကုတင်ပေါ်ကို ဝုန်းခနဲ ပစ်လှဲကာ Naniကို စကား တစ်ခွန်းစလိုက်သည်။

"ခများ အိပ်တော့မှာလား"

"ဘာ မင်းဘာစကားပြောတာလဲ"

"လူစကားပြောတာလေ "

"မင်းမမိုက်ရိုင်းနဲ့နော်"

"ကျွန်တော်ပြောတဲ့ထဲ ဘယ်နား ရိုင်းတာ ပါလို့လဲခများ မအိပ်ရင် ထွက်ပြေး ကျွန်တော် အိပ်မလို့"

Naniလည်း ရှက်ကို့ရှက်ကန်းလေး ဖြစ်ကာ အိပ်ပါလား မင်းဘာသာ ငါလည်း ငါ့ဘာသာ အဝတ်တွေ လုပ်နေတာ

"နားညီးရင် မအိပ်ဘူး အဲ့တာကြောင့် ခများ ထွက်သွားပေး"

"ဘာ! မထွက်ပေးနိုင်ဘူး မင်းဘာသာ မကျေနပ်ရင် တစ်ခြားခန်း သွားအိပ်"

"တော်တော် ပြောရခက်တဲ့ လူပဲ "

Nani လည်း မသိချင်ယောင် ဆောင်ပြီး သူ့အထုတ်တွေကို သေချာ လုပ်နေတော့သည်။

Skyလည်း ခေါင်းအုပ်ကြီးနဲ့ နားကြီးပိတ်ကာ မှောက်အိပ်လိုက်တော့သည်။

Naniလည်း အဝတ်တွေ သေချာ သိမ်းပြီးတော့ အိမ်ကို ပတ်ကာ ကြည့်ရှုဖို့ အောက်ကို ဆင်းလာခဲ့တော့သည်။

အိမ်မှာလည်း မေမေ့ကို ကူညီပေးနေကြဆိုတော့ အိမ်အဒေါ်ကြီးကိုလည်း သူကူညီဖို့ရာ မေးလိုက်သည်။

"အဒေါ် သား ဘယ်လုပ်ပေးရမလဲဗျ"

"ဘာမှ မလိုပါဘူး သားရယ် သားပင်ပန်းနေတယ်မလား အနားယူလိုက်အုန်းလေ"

"သား မပင်ပန်းပါဘူးဗျ သားလည်း ပျင်းလို့ အောက်ဆင်းလာခဲ့တာ"

"အေးပါသားလေး သားအမျိုးသားကရော"

"ခမျာ"

"သားနဲ့ လက်ထပ်ထားတဲ့ သားskyကို ပြောတာ"

"အော် skyလား အိပ်နေတယ်"

'အေးအေးသားလေး သားလည်း အိမ်ရှေ့လေး ပတ်ကြည့်လိုက်လေ အိမ်ရှေ့မှာ အပင်လေးတွေလည်း ရှိတယ်"

"ဟုတ်အန်တီ အဲ့တာဆို ငါသွားကြည့်လိုက်မယ်ဗျ "

Naniလည်း အိမ်ရှေ့က အပင်လေးတွေကို လိုက်ကြည့်ကာ ရေလေး ဘာလေး လောင်းလိုက်သည်။ဘာပဲ ဖြစ်ဖြစ် သူ့အနေနဲ့ ပထမဆုံးရက်ကတော့ ချောချောချူချူ အဆင်ပြေပါတယ်ဆိုတဲ့ စိတ်လေးနဲ့ တစ်နှစ်အတွင်း skyကို သူပြောင်းလဲရမှာ ဆိုတော့ သူ့အတွက် ဒီကိစ္စက စိန်ခေါ်မှုလေးတွေ အနည်းငယ်တော့ ရှိနေနိုင်သည်။

TBCThanks for reading, guys

(Zawgyi)



















































"ဘာလဲ ဘာကိစ်စလညျး "

"မငျးလို လူကို ဘာကိစ်စ ပွောရမှာလဲ"












































__________________________









____________________________









"မလုပျခငြျပါဘူး ဒီပှဲက ငါခဈြလို့ ယူထားတာလဲ မဟုတျဘူး "

"ဒါနဲ့မငျး လကျထပျမဲ့ ကိစ်စကိုရော pinkသိလား"

"သိခငြျသိ မသိခငြျနငေါဂရုမစိုကျဘူး တောျပွီကှာ သောကျမယျ"











"Hello pink"


































___________________________






















Naniမမေကေတော့ အပွုံးလေးနဲ့ "နောကျမှ ခဈြသှားလို့ကတော့နောျ" ဆိုပွီး စလိုကျတာ

"ဒါက တာဝနျဝတ်တရား အရ ယူလိုကျတာ အဲ့လို နေ့ဆိုတာ သားဘဝမှာ မရှိလောကျဘူး မာမီ"






____________________







































































































TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories