Fanfics

part 5

11:18, 12 April 2025

(Unicode)

"ကိုကို... ကိုကို" ဆိုပြီး ခေါ်သံ တစ်ခုကြောင့် skyတစ်ယောက်လည်း လှဲအိပ်နေရင်း မျက်မှောင်ကြုံ မိလိုက်သည်။

"ကိုကိုထပါအုန်း" ဆိုတဲ့ အသံက ထပ်မံထွက်လာပြန်သည်။

pinkလည်း skyအား လက်မောင်းမှ လှုပ်ရမ်းကာ နိုးလိုက်သည်။

"ဟင်...  မင်းက ဘယ်လိုဖြစ်ပြီး  ဒီကို ရောက်နေတာလဲ"

တကယ်တော့ မနေ့ညက skyနဲ့ pat နှစ်ယောက်သား clubမှာ ရှိနေခဲ့ကြရာ patက အချိန်ကျတော့ ပြန်ဖို့ လုပ်သော်လည်း skyက သူ့စကားအတိုင်း မပြန်ပေ။patလည်း ဘာလုပ်ရမလဲ မသိ အကြံကုန် ဂဠန်ဆားချက် ဆိုသည့်အတိုင်း pinkအား ဖုန်းဆက်ခေါ်လိုက်သည်။

Pink ရောက်လာတော့ patလည်း skyကို ဂရုစိုက်လိုက်ပါအုန်း ဆိုပြီး ပြန်သွားခဲ့သည်။

"Pinkကို patခေါ်လိုက်တာ "

"Pat အဲ့ကောင်‌ရော" ဆိုပြီး skyလည်း မျက်လုံးဝေ့ကာ ရှာလိုက်သည်။

"Patက မရှိတော့ဘူး ပြန်သွားပြီ "

"အဲ့ခွေးကောင် လူချင်းတွေ့ရင် မှတ်လောက်သားလောက် ဆော်ပစ်အုန်းမယ် "

'ကဲပါ ကိုကိုရယ် ပြန်ရအောင်လေနော်" ဆိုပြီး pink က နောက်တစ်ခေါက် လက်မောင်းအား ကိုင်ရမ်းလိုက်ပြန်တယ်။

Skyလည်း သူ့စိတ်တွေ အရမ်း ရှုပ်နေတော့" မပြန်ဘူးကွာ" ဆိုပြီး pink ရဲ့ လက်အား သူပုတ်ချလိုက်သည်။

Pinkမှာလည်း skyရဲ့ အပြုမူကြောင့် ရုတ်တရက် ဆိုသလို လန့်သွားခဲ့သည်။

"ကိုကို... Pinkက ကိုကို့တွက် ကောင်းအောင် မို့ပါ "ဆိုပြီး ငိုသံလေးဖြင့် ပြန်ပြောလေရဲ့

"မင်းကွာ ဘာလို့ လာငိုနေတာလဲ "

Pinkလည်း ဘာမှ ဆက်မပြောပဲ ငိုနေတော့သည်။

"တော်ပြီကွာ တိတ်တော့ ငါတကယ်ကို အိမ်မပြန်ချင်လို့ မင်းပြန်ချင်ရင် ပြန်တော့"

ဆိုပြီး sky ကောင်းကောင်းမွန်မွန်လေး ပြန်ပြောလိုက်သည်။

"ကိုကို မပြန်ရင် pinkလည်း မပြန်ချင်ဘူး "

"အဲ့တာဆိုလည်း မင်းသဘောပဲ" ဆိုပြီး skyပြောလိုက်တော့ pinkလည်း skyနဲ့ ညလုံးပေါက် နေဖို့သာ ဆုံးဖြတ်လိုက်တော့သည်။

_____________________

"မင်းသား က အခုထိ ပြန်မလာသေးဘူးလား"

မနက် ၈နာရီလောက် ကုမ္ပဏီ မသွားခင် skyဒယ်ဒီ သူ့သား အခုထိ အိမ်ကို မရောက်သေးတော့ မေးလိုက်မိသည်။

"ဟုတ်တယ် အကို သားလေးက ညက တစ်ညလုံး ပြန်မလာ‌ဘူး "

"အေးပါ ငါဒီတစ်ရက်‌ တော့ ဒီကောင်ကို လွှတ်‌ ပေး ထားလိုက်အုန်းမယ်" ဆိုပြီး skyဒယ်ဒီလည်း မနက်စာ စားရင် စကားဆိုလိုက်သည်။

Skyမာမီလည်း ဒီသားဖ နှစ်ယောက် ကြားမှာ နေရတာလဲ အသက်ရှု ချောင်ရတယ်လို့ကို မရှိတော့ပါဘူး

ဒီလိုနဲ့ ညနေ ရောက်လာပြန်တော့ Nani နဲ့ sky ဒယ်ဒီ ပြောခဲ့သည့် အတိုင်း မနေ့က restaurantမှာ စာရွက်စာတမ်းတွေကို လက်မှတ်ထိုးဖို့ အချက်လက်တွေကို စစ်ဆေးနေကြသည်။

Khun Suchat ရဲ့ ကမ်းလှမ်းချက်နဲ့ Khun Nani ရဲ့ တောင်းဆိုချက် မှန်ကန်လား ဆိုတာ ဖတ်ကြည့်လိုက်ပါအုန်း ဆိုပြီး ရှေ့နေ့ဆီမှ စကားသံလေး ထွက်လာခဲ့သည်။

"ဟုတ်ကဲ့ အကြောင်းရာ အားလုံးက မှန်ကန်ပါတယ်"

"အဲ့တာဆို လက်မှတ်ထိုးကြတာပေါ့"

"ဟုတ်"

ဒီလိုနဲ့ သဘောတူ စာချုပ်ကို သူတို့ လက်မှတ်ထိုးခဲ့ကြသည်။

"ဒီစာရွက် တွေ ကို တစ်ယောက် တစ်ရွက် သိမ်းထားပိုင်ခွင့် ရှိပါတယ်။ကျွန်တော့ဆီမှာလည်း Khun Suchat နဲ့ Khun Naniတို့ရဲ့ လက်မှတ်ပါတဲ့ တစ်ရွက် ရှိပါတယ်။"

'တစ်နှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့ရင်လည်း Khun naniဆန္ဒအတိုင်း လုပ်ပေးရမှာ ဖြစ်သလို Khun Suchat ကလည်း အကြွေးတွေကို ကြေအေးပေးရမှာ ဖြစ်ပါတယ်"

"သို့သော် Khun Nani ဘက်က တစ်နှစ်အတွင်း မလုပ်နိုင်ခဲ့ရင်လည်း ကျွန်တော်တို့ Khun Suchat ရဲ့ သဘောအတိုင်း တရားရုံကနေ ဆင့်ခေါ်စာ ရောက်လာမှာ ဖြစ်ပါတယ်ခမျ"

"ဟုတ်ကဲ့ "

"အဲ့တာဆို ကျွန်တော့ကို ပြန်ခွင့်ပြုပါအုန်းခမျ" ဆိုပြီး ရှေ့နေ့ကတော့ ပြန်သွားတော့သည်။

"ဦးကလည်း ဦးစကားကို တည်တာမို့လို့ မင်းလည်း တစ်နှစ်အတွင်းကြိုးစားလိုက်ပါအုန်း"

"ဟုတ်ကဲ့ပါ တစ်နှစ်ပြည့်သွားရင် ကျွန်တော် တောင်းဆိုထားတဲ့ အတိုင်း လုပ်ပေးဖို့လဲ ဦးလေးကို မေတ္တာရပ်ခံပါတယ်"

"ကောင်းပြီ အဲ့တာဆို မနက်ဖြန် ဦးသားနဲ့ မင်းကို တွေ့ပေးဖို့ ဦးအိမ်ကို မင်းတို့မိသားစု လာခဲ့ပါ"

"ဟုတ်ကဲ့ CEO "

"အဲ့တာဆို ကျွန်တော်သွားတော့မယ်" ဆိုပြီး CEOကတော့ ထွက်သွားလေသည်။

________________________

Skyလည်း မနေ့ညက pinkနဲ့ အတူရှိနေခဲ့သည်။ဒီနေ့ တစ်နေ့ကုန် သူ့အိမ်ကို သူမသွားရသေးပေ။Patအိမ်မှာသာ သူအချိန်ကုန်နေတော့သည်။

"ဟျောင့် sky မင်း အိမ်လေးဘာလေး ပြန်ပါအုန်းလားကွာ "

"မပြန်ဘူး မင်းဘာဖြစ်နေတာလဲ ငါ့ကို မနေစေချင်တာလား"

"အဲ့လို မဟုတ်ပါဘူးကွာ မင်းဒယ်ဒီကို စိတ်ဆိုးရင်တောင် မင်းမာမီ မျက်နှာ လေးတော့ ကြည့်ပါအုန်းကွာ"

"တော်ပြီကွာ ငါပြန်တော့မယ်" ဆိုပြီး skyလည်း ထွက်သွားသည်။

Naniနဲ့  Nani ဖေဖေ လည်း CEO နဲ့ တွေ့ဆုံပြီး ကိုယ့်အိမ်ကို ပြန်လာခဲ့လိုက်သည်။

"သား ခနလေးနော် ဖေဖေ toilet လေး ဝင်ချင်လို့ ရှေ့နားက ဆိုင်မှာ ခနလေး ရပ်လိုက်အုန်းမယ်"

"ဖေဖေ ဒီတိုင်း ဝင်လို့ ရပါ့မလား"

"မရလည်း ဟင်းတစ်ပွဲ ဝယ်ခဲ့လိုက်မယ် သားရယ်"

"ဟုတ်ဖေဖေ "

"အဲ့တာဆို သား ကားပေါ်မှာ ခန နေခဲ့အုန်းနော်"

တစ်ဖက်မှာလည်း skyက ည၇နာရီထိုးတော့မည် ဆိုသဖြင့် restaurant တစ်ခုမှာ ဝင်စားလိုက်သည်။တကယ်တော့ သူ့ဒယ်ဒီနဲ့ ထမင်းစား မဆုံချင်လို့ သူဒီလမ်းကို ရွေးချယ်ခဲ့လိုက်သည်။Skyလည်း ထမင်းစားပြီးတော့ ဆိုင်ထဲက ထွက်ပြီး ကားမောင်းကာ ထွက်သွားမဲ့ အလုပ် ကားတစ်စီးက သူ့အရှေ့ကနေ ပိတ်ရပ်ထားတာမျိုးတော့ မဟုတ်ပဲ skyရဲ့ကား ထွက်ဖို့ မလွတ်တဲ့ ပုံစံ မျိုးဖြစ်နေသည်။

Skyလည်း ကားဟွန်းတီးလိုက်သည်။

တီ တီ တီ

"ဒီကားက ဘာကားလဲ လူမှုရေး မရှိတာပဲ"

Skyလည်း နောက်ထပ် ထပ်တီးလိုက်သည်။

သို့သော် အရှေ့က ကားက တုတ်တုတ်ပင် မလှုပ်ပေ။

တီ တီ တီ

Naniလည်း အနောက်က ကားက ဘာလို့ အဲ့လောက်တောင် ဟွန်းတီးနေတာလဲ ဆိုပြီး ကားထဲကနေ အနောက်ကို လှည့်ကြည့်လိုက်သည်။

"ဟ သူ့ကား ထွက်ဖို့ ငါတို့ကားနဲ့ မလွတ်နေတာပဲ"

"ဖေဖေရယ် မြန်မြန်လာပါတော့ "ဆိုပြီး Nani  ဆုတောင်းနေတော့သည်။

Skyမှာမူ မွေးကခနဲက ပါမလာတဲ့ အရာလေးကလည်း စိတ်မရှည်ခြင်းပင်။

ဒေါက် ဒေါက် ဒေါက် ( ကားတံခါးမှန် ခေါက်သံ)

Nani လည်း ကားမှန်လေးအား အနည်းငယ် ချလိုက်သည်။

"ဒီမှာ ဟွန်းတီးနေတာ ခများ မသိဘူးလား"

"ကျွန်တော်....."

"ခများမှာ ဖယ်ပေးရမယ် ဆိုတဲ့ အသိတရား ပါမလာခဲ့ဘူးလား "

Naniလည်း အစက ကောင်းကောင်းမွန်မွန်လေး ပြောမလို့ပါ တစ်ဖက်လူက သူ့ကို ဘာမှတောင် ပြောချိန်မပေး ဇွတ်ကို ဟောက်နေတော့သည်။

"ကားစီးနေပြီး ဘာမှ နားမလည်ဘူးလားစီးတဲ့ ကားကိုက ငါ့ကားဘီး တစ်စီးစားလောက်ကို မရှိဘူး" ဆိုပြီး skyထိုစကားလည်း ထပ်တိုး ပြောလိုက်သည်။

"ဘာ! မင်းဘာသာ ဘာကားစီးစီး ဂရုမစိုက်ဘူးပြီး‌ တော့ သူများကို အဲ့လို ချိုးနှိမ်ပြောဖို့ပဲ မင်းမှာ အသိရှိတာလား" ဆိုပြီး Naniလည်း စိတ်တိုတိုနဲ့ ပြန်ပြောလိုက်သည်။

Nani တို့ အနေနဲ့လည်း သူတို့ တမင်ရည်ရွယ်ပြီး ပိတ်ရပ်ထားသည် မဟုတ်ပါ။စောနက packing မှာ ထားစရာ မရှိအောင်ကို ကားတွေက များပြားနေသည်။အဲ့တာနဲ့ ဖေဖေ ကလည်း ခနဆိုတဲ့ အတွေးနဲ့ ရပ်ခဲ့လိုက်ခြင်း ဖြစ်သည်။ဖြစ်ချင်‌ တော့ ဖေဖေလည်း ဟင်းပွဲ ဝယ်နေခြင်းလို့သာ Nani ထင်ပြီး ကားပေါ်မှာပဲ စောင့်နေခဲ့လိုက်သည်။

"အဲ့တာ ခများကို ပြောရမှာ သူများ ကားရှေ့လည်း ပိတ်ရပ်ထားသေးတယ် စကားပြောတာက ဒေါင့်ကို မကျိုးဘူး"

"အဲ့တာ မင်းကို ပြောရမှာ အဲ့လောက်တောင် မစောင့်နိုင်ရင် မင်းဘာသာ လေယာဉ်ပျံဝယ်စီး" ဆိုပြီး Nani လည်း ကားမှန်တံခါးကို ပြန်တင်လိုက်သည်။

Skyလည်း ဒေါသတစ်ရှူးရှူးနဲ့ပေါ့ အဲ့တာနဲ့ Nani တို့ ကားနောက်ဘီးကြီးကို ကန်ခဲ့လိုက်သည်။

"မင်းဘာလုပ်တာလဲ "

"ကားဘီးကောင်းလား စမ်းကြည့်တာ" ဆိုပြီး ရွဲ့ကာ သူ့ကားထဲကို ဝင်သွားခဲ့သည်။

သူ့ဘေးက ကားက လည်း ထွက်သွားတော့ skyလည်း အရည်မရ အဖတ်မရတွေနဲ့ စကား မများ ချင်ဘူး ဆို၍ သူ့ရဲ့ ကားအား အရှိန်တင်ကာ မောင်းထွက်ခဲ့တော့သည်။

Nani ကတော့ တောက်တစ်ချက် ခေါက်လိုက်ကာ ဘာလူမှန်းကို မသိဘူး ဆိုပြီး ပြောလိုက်သည်။

တကယ်တော့ Naniဆိုတာ တစ်ခြားသူတွေနဲ့ဆို သူ့ဘာသာ အေးဆေးလေး နေတာရယ် ဒီလူနဲ့ကျမှ တကယ် တစ်ခါမှ မတိုဘူးတဲ့ စိတ်တွေကို တိုနေရတော့သည်။

"သား စောင့်ရတာ ကြာသွားလား"

"နည်းနည်းပါ သားက စကားတောင် များခဲ့သေးတယ် "

"ဟင် ဘာဖြစ်တာလဲ"

"ကား မလွတ်လို့တဲ့ အဲ့တာကို ဇွတ်လာပြောနေတာ"

"သားကလည်း ဖေဖေ့ကို လာမခေါ်ပဲနဲ့"

"သားလည်း အစက လာခေါ်မလို့ပါပဲ သူက ဇွတ်ဟောက်နေလို့ သူ့ကို ပြန်ဟောက်နေတာ"

"ဟော သားရယ်" ဆိုပြီး Nani ဖေဖေ ကလည်း ရယ်ကျဲကျဲလေးပေါ့

"ကဲပါ အဲ့လူအကြောင်း ပြောမနေနဲ့တော့ ပြန်ရအောင် ဖေဖေ"

"အေးအေး "

ဒီလိုနဲ့ naniတို့  သားဖ နှစ်ယောက်လည်း အိမ်ပြန်ခဲ့လိုက်သည်။

________________________

Skyလည်း သူ့ရဲ့ ပြိုင်ကား အား ခြံထဲသို့ မောင်းနှင်ခဲ့လိုက်ပြီး အိမ်ထဲ ဝင်လိုက်သည်။ထမင်းစားခန်းထဲမှာ ဒယ်ဒီနဲ့ မာမီကို သူ့တွေ့ပါသည်။မမြင်ချင်ယောင် ဆောင်ပြီး အိမ်ပေါ်တက်မည့် အလုပ် သူ့မာမီရဲ့ အသံကို ကြားလိုက်သည်။

"သား ထမင်းစားရအောင်"

"သားစားခဲ့ပြီ မာမီ" ဆိုပြီး အပေါ်ကို တက်မည့် အလုပ်

"Sky ထမင်းလာစား" ဆိုပြီး သူ့ဒယ်ဒီရဲ့ အသံက အနောက်ကနေ လိုက်လာတော့သည်။

Skyလည်း အဲ့လို ဖြစ်မှာ ဆိုးလို့ ထမင်းစားခဲ့ပါတယ်ဆိုနေမှ ပက်ပင်းတိုးနေတော့သည်။

"သားစားခဲ့ပြီ ဒယ်ဒီ "

"စားခဲ့လည်း လာခဲ့ ပြောစရာ ရှိသေးတယ်"

"ဒယ်ဒီ ရဲ့ ပြောစရာတွေက မပြီးသေးဘူး လားဗျာ "

"ငါလာဆို လာခဲ့ ဟျောင့်"

Sky လည်း ထမင်းစားခန်းထဲသို့ လျှောက်လာခဲ့ရတော့သည်။

"မင်း မနက်ဖြန် နေ့လည်ကျရင် မင်းနဲ့ သဘောတူထားတဲ့ သူ ရောက်လာလိမ့်မယ် အဲ့တာ မနက်ဖြန် မင်း အိမ်မှာပဲနေ ဘယ်မှ ထွက်ဖို့ မစဉ်းစားနဲ့ ထွက်ဖို့ ကြံမယ် ဆိုရင်လည်း ငါပြောထားတာကို မင်းဦးနှောက်ထဲမှာ မှတ်ထား"

"ဒယ်ဒီပြောမှာ ဒဲပဲ မလား ကျွန်တော်သွားတော့မယ် "

"တွေ့လား မင်းသား ဘယ်တော့မှ ပြောင်းလဲမှာလဲ"

"ကဲပါ အကိုရယ် ထမင်းစား သားလေးလည်း သူ့ဘာသာသူ ပြောင်းလည်းသွားမှာပါ "

"ဟူးးး ငါလည်း သားတစ်ယောက်ပဲ ရှိလို့ တော်တော့သည်"

__________________________

Skyလည်း မနေ့ညက ညလုံးပေါက် ကဲခဲ့တော့ တစ်ကိုယ်လုံးလည်း ညောင်းကိုက်နေတာ အမှန်ပင်။အဲ့တာနဲ့ ရေချိုးသန့်စင်လိုက်သည်။

Sky လည်း ရေချိုးခန်းထဲမှ သပတ်တစ်ထည်နဲ့ ခေါင်းသုတ်ကာ ထွက်လာခဲ့သည်။ ထိုစဉ် patဆီက ဖုန်းဝင်လာခဲ့သည်။

"ပြော ဟျောင့် "

"အေး sky မင်းအိမ်မှာလား"

"မဟုတ်ဘူး clubမှာ "

"ဟာ မင်း အိမ်မပြန်ဘူးလား ဒီနေ့ရော ညလုံးပေါက်အုန်းမလို့လား"

"ငါအိမ်မှာ ပြော အခုက ဘာကိစ္စ ဖုန်းဆက်တာလဲ"

"မင်းစုံစမ်း ခိုင်းတဲ့ ကိစ္စ ပြောမလို့ပါကွာ"

"အေး ဘာတဲ့လဲ"

"မင်းအဖေရဲ့ မန်နေဂျာ နာမည်က Khun Thun သူ့မှာ သားလေး တစ်ယောက်ရှိတယ် ငါတို့ထက် ကြီးလားတော့ မသိဘူး သူ့မှာ ကော်ဖီဆိုင်လေးလည်း ရှိတယ်"

"မင်းစုံစမ်းလာတာ ဒါလား ကလေးအထာကွာ ငါက ဘာကြောင့် ငါ့အဖေက လက်ထပ်စေချင်တာလဲ စုံစမ်းခိုင်းတာ"

"ဟာ... မင်းကလည်း ‌ငါပြောတာ မပြီးသေးဘူး "

"ပြော မင်းကိုက မြန်မြန် မပြောဘူး"

အေး အဲ့တာ သူတို့ မိသားစုက အရမ်းကြီးတော့ မချမ်းသာဘူး အလယ်အလတ်ပေါ့ ပြီးတော့ ငါစုံစမ်းရသလောက် သူတို့မှာ အကြွေးရှိနေတယ်လို့ ကြားတယ် ဟုတ်မဟုတ်တော့ မသေချာဘူး"

"ဘယ်သူ့ဆီမှာ ရှိတာလဲ ငါ့အဖေဆီမှာလား"

"အဲ့တာကတော့ တိတိကျကျ မသိဘူး ဘာလို့ဆို ငါလည်း အခုကိစ္စက မင်းအဖေရဲ့ လက်အောက်က ဆိုတော့ information တွေက သိပ်တော့ မရဘူး ဒီလောက်ရတာတောင် မင်းကံကောင်းတယ်မှတ်

"အေးပါကွာ thanks‌ ဟျောင့်"

"ဟျောင့် မင်းမင်္ဂလာပွဲကျ ငါ့ကို သတိုးသား အရံ လုပ်ခိုင်းမှာလား"

"ငါ့ပုံစံက ဒီပွဲကို အရမ်းကို လက်ခံချင်နေတဲ့ပုံ ပေါက်နေတာလား"

"အေးပါကွာ ဖိုက်တင်း bachelor night ကို ရှယ်လုပ်ပေးနော် ဒါပဲ ဟျောင့် " ဆိုပြီး အဆုံးမှာ patတစ်ယောက် skyအား စသွားသေးသည်။

Skyလည်း စဉ်းစားခန်းတွေ ဝင်နေရတော့သည်။သူတို့က ဘယ်သူ့ဆီမှာ အကြွေးတင်နေရတာလဲ ငါ့အဖေဆီမှာ များလား။ဒါမှ မဟုတ်ရင် သူတို့တွေ အကြွေးဆပ်နိုင်ဖို့ ငါ့အဖေ့ကို သူက ချဉ်းကပ်‌တာလား။အဲ့တာဆို ဒယ်ဒီက ဘာလို့ ငါနဲ့  ပေးစားချင်ရတာလဲ။ ဘာပဲ ဖြစ်ဖြစ် အဲ့လို ပိုက်ဆံမက်တဲ့ လူတွေ ငါ့အကြောင်း သိစေရမယ် ဆိုပြီး skyကတော့ ဒီတစ်ခါ သူ့အလှည့်ပဲ ဆိုတဲ့ မျက်နှာမျိုးနဲ့ ကြိတ်ပြုံး ပြုံး လိုက်သည်။

TBCThanks for reading, guys

(Zawgyi)





















_____________________






















________________________


















































________________________
















__________________________







"ငါအိမျမှာ ပွော အခုက ဘာကိစ်စ ဖုနျးဆကျတာလဲ"















TBCThanks for reading, guys

There are no comments yet. Log in to be the first to leave a review!

Similar stories