part 10
19:26, 12 February 2025(Unicode)
"သားရေ "
ဒါက မာမီရဲ့ အသံပဲ ငါက အခု ဘယ်မှာ အိပ်နေတာလဲ မာမီတို့ အိမ်မှာလား မဟုတ်ပါဘူး ငါက အိမ်အသစ်မှာ အိပ်နေတာ မဟုတ်ဘူးလား
ရုတ်တရက်ထပ်မံ ပေါ်ထွက်လာသော မာမီရဲ့ အသံက skyကို ပိုလို့ပင် သေချာအောင် လုပ်နိုင်ခဲ့သည်။
"သားရေ ထပါအုန်း"
"ဟင်..."(အိပ်ချင်မူးတူးအသံလေးပေါ့)
Skyလည်း တံခါး ဖွင့်လိုက်တော့ မာမီက သူ့လက်နှစ်ဖက်အား ဆန့်လိုက်သည်။သဘောက မာမီ့ကို ဖက်ပါပေါ့ဆိုတဲ့ အနေထားလေးဖြစ်သည်။Skyလည်း သူ့မာမီကို ဖက်လိုက်သည်။
"သားက မာမီကို လွမ်းနေတာ"
"ဟုတ်လို့လား အိမ်လည်တောင်မလာပဲနဲ့ အဲ့တာကြောင့် မာမီက လာရတာပေါ့ရှင်" ဆိုပြီး skyပါးနှစ်ကို လက်ဖြင့်ဆွဲကာ ပြောလိုက်သည်။
Skyက သူ့ဒယ်ဒီနဲ့သာ အပေါက်လမ်း မတည့်တာ။သူ့မာမီတွက်ဆို သူက အမြဲတမ်း ကလေးလေးလိုပင် ဖြစ်သည်။
"သား Naniက ဆိုင်သွားပြီတဲ့ မေမေက တွေ့ချင်နေတာကို ပြီးတော့ သားက လိုက်မပို့ဘူးလား"
"Kanရှိတယ်လေ မာမီရဲ့"
"အော် Kan ရှိအုန်းတော့ သားက သူ့ခင်ပွန်းလေ ပြီးတော့ သားလည်း အလုပ်မှ မရှိတာ လိုက်ပို့ပေးလေ သားလေးရဲ့"
"ဒီအလုပ်မရှိတဲ့ ကိစ္စက ပါလာပြန်ပြီ သားလည်း အလုပ်က မရှိတာ မဟုတ်ပါဘူး မလုပ်တာပါဗျာ"
"လုပ်တော့ ပိုမကောင်းဘူးလား သားရယ်"
"သားမလုပ်ချင်သေးဘူး မာမီရာ ပြီးတော့ ဒယ်ဒီရဲ့ ကုမ္ပဏီက သား ဘယ်ချိန်ဝင်ဝင် ရပါတယ်"
Skyက business နဲ့ ပြီးထားတော့ သူ့အဖေရဲ့ လုပ်ငန်းကို ဦးစီးဖို့က သူ့တွက် အရမ်းမခက်ခဲပေ။
"Nani လေးက အလုပ်လက်မဲ့နဲ့ ဆက်မနေချင်တော့ရင် ဘယ်လို လုပ်လဲ"
"မနေနဲ့ပေါ့ အခုတောင် အိမ်က အတင်းကြပ်ပေးစားလို့ ယူထားရတာ ယူချင်တာ မဟုတ်ဘူး"
"ကဲပါ စောင့်ကြည့်သေးတာပေါ့ "
"တော်ပြီ မာမီရာ အောက်မှာ မနက်စာ သွားစားကြရအောင်"
Skyတို့ သားမိနှစ်ယောက်လည်း မနက်စာ စားကာ စကားတွေ ဆက်နေမိကြသည်။____________________
ညနေရောက်တော့ Naniနဲ့ Kanနဲ့ တူတူ ပြန်လာခဲ့သည်။
အိမ်အပေါက်ထဲ ဝင်ဝင် ခြင်း သား Naniဆိုပြီး ဧည့်ခန်းထဲကနေ ခေါ်သံတစ်ခုကို သူကြားလိုက်သည်။
"မာမီက သားကို မျှော်နေတာ "
"ဟုတ် အန်တီ အလည်လာတာလား "
"မာမီပါဆို "
"ဟုတ် "
Naniလည်း လည်ပင်းလေး ပွတ်ကာ ပြုံးပြလိုက်သည်။သူ့အတွက် ဒီအခေါ်ဝေါ်က ကျင့်သားမရသေးတော့ အခက်ခဲ ဖြစ်နေသည်။
"မာမီက မနက်ခနဲက ရောက်နေတာ မာမီရောက်တော့ သားက ဆိုင်သွားပြီတဲ့ အဲ့တာနဲ့ ညနေ သားပြန်လာတာကို စောင့်နေတာ "
"ဟုတ် "
ထိုအခါ လှေကားပေါ်မှ ဆင်းလာတဲ့ လူကတော့ ချောင်းတစ်ချက် ဟန့်လိုက်လေသည်။
"သားအရင်းများ မှားနေတာလား မာမီ "
"မမှားပါဘူး သားရယ် သားတို့က မာမီ သားတွေပဲကို နော် သားလေး Nani "
"ဟုတ်မာမီ "
"ဘာမာမီလဲ ခများ မာမီလည်း မဟုတ်ပဲနဲ့"
"ဟဲ့... သား ကိုယ့်ထက် အကြီးကို ဘယ်လိုတွေ ပြောနေတာလဲ "
"ရပါတယ် အန်တီ သား အိမ်ပေါ် ခန သွားလိုက်အုန်းမယ်ဗျ အန်တီတို့ သားမိ အေးအေးဆေးဆေး နေလိုက်ပါအုန်းဗျ "
Naniက ခေါင်းလေး ငုတ်ကာ အိမ်ပေါ်တက်သွားသည်။skyမာမီလည်း skyအား ဘာလို့ အဲ့လို ပြောရတာလဲ သား Naniလေးကို ဆိုပြီး မျက်စောင်း ထိုးလိုက်သည်။
အခြေနေကို နားမလည်တဲ့ skyကတော့ ဒီလူက အရင်က အဲ့လို မဟုတ်ပါဘူး။ငါ့ကို ပြန်ပြောနေကြပါ။ဘယ်တုန်းက သူက အဲ့လို ငြိမ်ခံတက်သွားရတာလဲ။အခုတော့ မာမီရှေ့မှာ သူက ဗီလိန်ဖြစ်နေပြီပေါ့
အိပ်ခန်းထဲ ရောက်တော့ Naniက အဲ့skyကို ဘယ်သူကများ မွေးထားလို့ အဲ့လောက် အကျင့်ပုတ်ရုတ်နေရတာလဲ။သူ့ဒယ်ဒီရော မာမီရောက စိတ်ထားကောင်းသလောက် သူကျမှ ဆိုးသွမ်းနေတာ။အဲ့ကောင် မွေးစားသား နေမှာ ဆိုပြီး သူရေချိုးဖို့သာ လုပ်လိုက်တော့သည်။
သူရေချိုးပြီး ကုတင်ပေါ်မှာ ထိုင်ကာ ခေါင်းသုတ်နေသည်။သိပ်မကြာပါဘူး skyက အခန်းထဲ ဝင်လာကာ အောက်မှာ မာမီစောင့်နေတယ်တဲ့။
"အဲ့တာ မင်းမာမီဆို ငါက တွေ့လို့ရလို့လား"
"စကားကို ကတ်သတ် မပြောနဲ့ လိုက်ခဲ့"
Skyလည်း Naniလက်ကို ရုတ်တရက် ဆွဲကာ သူနဲ့ လိုက်ခဲ့ဖို့ လုပ်လိုက်သည်။
"ဖယ် ငါ့ဘာသာ သွားတက်တယ် "
Naniလည်း skyလက်အား ဖြုတ်ကာ အရှေ့ကနေ အရင်သွားလိုက်မိသည်။
Sky တစ်ခါတစ်ခါ Naniကို ဘာလို့မှန်း မသိ အဲ့လို ငါပိုင်ငါနိုင်တွေ သွားသွားလုပ်နေမိသည်။သူလုပ်တိုင်းလည်း အချည်းနှီးသာ ဖြစ်နေသည်။
"သား လာ "
"ဟုတ်အန်တီ "
"မာမီလို့သာ ခေါ် skyပြောတာတွေ စိတ်ထဲ မထားနဲ့နော်"
"ဟုတ် ရပါတယ်ဗျ"
"ဒီမှာ မာမီ ဝယ်လာတဲ့ အသီးတွေ အဒေါ်ပရင်ကို ခွဲခိုင်းထားတာ "
"ဟုတ်မာမီ "
"အာ..."
Naniလည်း ကြောင်သွားကာ ငါက ပါးစပ်ပဲ ဟရမှာလား။skyမာမီက ဘာလို့ ငါ့ကို ခွံကျွေးတာလဲ ဆိုပြီး skyကို လှည့်ကြည့်လိုက်သည်။
"သား ပါးစပ်ဟ မာမီက သားကို ချစ်လို့ ကျွေးတာ"
"စားစား ခများကို ကျွေးနေတာ ကျွန်တော့တောင် မကျွေးဘူး "
"ကျွေးမှာပါ သားရယ် သားက နောက်မှ စား သားNaniကို မာမီ အရင်ကျွေးအုန်းမယ် "
Naniတို့လည်း အသီးတွေ စားရင်း စကားပြောဖြစ်ကြတယ်။မာမီကလည်း Nani ပေါ်ကို နွေးထွေးပေးရှာတယ်။
"သား မေမေ တို့ရော အလည်လာလား "
"မလာဖြစ်ဘူး မာမီ "
"အော်အေးအေး "
"ဟုတ် သားအားတဲ့ အချိန်ကျမှ သွားလည်မလို့ပါ"
"ကောင်းတယ် သားလေး သားskyပါ ခေါ်သွား"
"သားက လိုက်ရအုန်းမှာလား"
"ငါလည်း မင်းကို မခေါ်ပါဘူး "
"ကျွန်တော်လည်း မလိုက်ပါဘူး"
" မိဘအိမ်ကို နှစ်ယောက်လုံး တူတူသွားရမယ် မာမီ့စကားကို နားထောင်ကြ"
"ဟုတ် "
ခြံထဲကို ကားတစ်စီး ဝင်လာသည်။ ထိုသူက ဒယ်ဒီဖြစ် နေသည်။ကုမ္ပဏီက အပြန် မာမီကို ဝင်ခေါ်ခြင်း ဖြစ်သည်။
"မင်းက ထူးထူးဆန်းဆန်း အိမ်မှာ ရှိနေတာလား"
"ကျွန်တော်က အိမ်မှာ မရှိလို့ ဘယ်မှာ ရှိရမှာလဲ ဒယ်ဒီ"
"ပြောမရဘူးလေ မင်းက အရင်ကဆို အိမ်မှ မကပ်တာ အခု အိမ်ထောင်ကျမှ အချိုးပြောင်းသွားတာလား "
"မာမီလာနေလို့ "
"ထင်သားပဲ မင်းအခုထိ အသိတရား မရသေးဘူးမလား"
"သူညတွေ မသွားဖြစ်တာ တစ်ပတ်လောက် ရှိနေပြီ ဦး"
Skyဒယ်ဒီ အံ့ဩခြင်း အပြည့်ဖြင့် သူ့နားသူပင် မယုံနိုင်။
"သူက ဘာလို့ မသွားတာလဲ"
"ဒယ်ဒီက သွားစေချင်တာလား မသွားစေချင်တာလား"
"မင်းက ဘာလို့ မသွားတာလဲ "
"မသိဘူး စိတ်ထဲ မသွားချင်လို့ "
"ကောင်းတယ် မာမီသားလေး လိမ္မာနေပြီ အဲ့တာ သားNaniကြောင့်ပဲ "
"ခမျာ.... သားဘာမှ မလုပ်ရပါဘူး မာမီ "
"သားဘာသာ မသွားချင်လို့ပါဆို မာမီက တစ်မျိုး "
"ဟုတ်ပါပြီ ဘာပဲ ဖြစ်ဖြစ် မသွားတာက မသွားတာပဲလေ "
"အခု မင်းသားနဲ့ သားမက်ကို တွေ့ရလို့ ပျော်ပြီမလား အိမ်ပြန်ကြမယ် "
"ဟုတ်အကို သားတို့ မာမီနဲ့ ဒယ်ဒီ ပြန်တော့မယ်နော် ပြီးတော့ သားNaniကို ဂရုစိုက်အုန်းနော်"
"ဟုတ်မာမီ "
"ဦးတို့ ပြန်တော့မယ်နော် "
"ဟုတ်ကဲ့ခမျ "
"ဟျောင့် ဒယ်ဒီပြန်ပြီနော် "
"ဟုတ် "
ပြန်လမ်း တစ်လျှောက် Sky ဒယ်ဒီကတော့ အပြုံးနဲ့ပေါ့ ဘာပဲ ဖြစ်ဖြစ် သူ့သားက အနည်းငယ် ပြောင်းလဲ လာပြီပဲ။သူ့အကြံတွေ အလုပ်ဖြစ်တယ်ဆိုပြီး ကားမောင်းရင်း တစ်ချက် ပြုံးလိုက်သည်။
_____________________
"သားတို့ ထမင်းစားတော့မလား"
"ဟုတ် အဒေါ် "
သူတို့ နှစ်ယောက် ယူပြီး ခနဲက ထမင်းဝိုင်းမှာ ပထမဆုံး တူတူထိုင်စားကြခြင်းပင်။ဘာစကားမှ မပြောဖြစ်ဘူး ထမင်းတွေကိုသာ ငုံ့စားနေကြသည်။
Skyကတော့ ထမင်းစားပြီး ခနဲက အခန်းထဲ အရင်သွားကာ ဂိမ်းဆော့နေသည်။Naniကတော့ ဒီနေ့တွက် ထွေထွေထူးထူး လုပ်စရာ မရှိတာကြောင့် ဧည့်ခန်းထဲမှာ TVကြည့်နေလိုက်သည်။
Kanနဲ့ အဒေါ်ပရင်ကလည်း Nani ထိုင်နေတဲ့ ဆိုဖာ ဘေးအောက်တွင် ထိုင်ကာ ကြည့်နေကြသည်။
"အပေါ်မှာ ထိုင်ကြပါ Kanနဲ့ အဒေါ်ပရင် "
"ရပါတယ် သားရယ် "
"မလုပ်ပါနဲ့ ကျွန်တော် ငရဲကြီးနေပါလိမ့်မယ်"
"ရပါတယ် အကိုလေးရယ် ကျွန်တော်တို့ အောက်ကနေ ထိုင်ကြည့်လည်း မြင်ရပါတယ်ဗျ"
"ကျွန်တော့ကို ခင်ရင် ဒီပေါ်မှာ ထိုင်ကြည့်ပေးပါဗျာ"
Naniက ခွင့်တောင်း လိုက်တော့ kanနဲ့ အဒေါ်ပရင် တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရာ ဘာလုပ်ရမလဲ မသိဖြစ်ခဲ့သည်။
"ကဲပါ ထိုင်ကြပါ "
အဒေါ်ပရင်နဲ့ kanလည်း ဆိုဖာပေါ်မှာ ဝင်ထိုင်လိုက်ကြသည်။
"ဒီအိမ်မှာ ကျွန်တော် အခင်ဆုံးက အဒေါ်ပရင်နဲ့ kanပဲ သိလား "
Naniစကား တစ်ခွန်းကြောင့် ဘယ်ခနဲက ထမင်းစားခန်းထဲ ရောက်နေမှန်း မသိတဲ့ လူတစ်ယောက်က ရေခဲသေတ္တာထဲမှ ရေဗူးယူကာ ဝုန်းခနဲ ပိတ်ကာ အသံပြုလိုက်သည်။ရေဗူးယူကာ အိမ်ပေါ်ကို မျက်နှာ တင်းတင်းဖြင့် တက်သွားသည်။
Naniတို့ကတော့ ဘာဖြစ်တာလဲ ဆိုတဲ့ အကြည့်ဖြင့် လှေကားက တက်သွားတဲ့ skyကို ကြည့်လိုက်ကြသည်။အသံက တိုးတိုးလေးမှ မဟုတ်တာ ဧည့်ခန်းနဲ့ ထမင်းစားခန်းက အရမ်းကြီး မဝေးပေမဲ့လည်း skyလုပ်လိုက်တာက အနည်းငယ် ကျယ်လောင်သွားခဲ့သည်။
"အကိုလေးskyက တစ်ခုခုများ ဖြစ်လို့လား"
"သားsky ဘာများ စိတ်မကြည်လို့လဲ မသိဘူးနော် "
"ထားလိုက် သူ ဂိမ်းရှုံးလို့ နေမှာပါ ကျွန်တော်တို့ ဇာတ်ကား ဆက်ကြည့်ကြမယ်လေ"
"ဟုတ်အကိုလေး "_______________________
Naniတို့လည်း ဇာတ်ကားက ဟာသကား ဖြစ်တော့ ဟီးဟီးဟားဟားပေါ့။အသံတွေက အိမ်ပေါ်ထပ်ထိကြားရအောင် ကျယ်လောင်လွန်းလှသည်။skyလည်း ပထမ အစိုင်ခဲကမှ မကြေသေးဘူး ခများက ရယ်နိုင်သေးတယ်ပေါ့ ဆိုပြီး သွားပြောဖို့ အောက်ကို ဆင်းလာခဲ့သည်။
"ဒီမှာ အချိန်လည်း ကြည့်ကြအုန်း ခများတို့ ရယ်နေတာ အပေါ်ကနေတောင် ကြားရတယ် "
"၉နာရီ ရှိသေးတာကို ဘာဖြစ်လို့လဲ "
"အခု ချက်ချင်း အဲ့TVကို ပိတ်လိုက်တော့"
"မပိတ်တော့ ဘာဖြစ်လဲ ငါတို့ဘာသာ ကြည့်နေတာကို "
Skyလည်း remote ယူပြီး TVအား ပိတ်လိုက်သည်။
"အဒေါ်ပရင်နဲ့ kanလည်း အနား ယူတော့။ခများလည်း အိပ်တော့ "
"မအိပ်ချင်ဘူး "
Naniလည်း remote ပြန်ယူကာ TVကို ပြန်ဖွင့်လိုက်သည်။
Skyကလည်း ပြန်ပိတ်။ဒီလိုနဲ့ တစ်ယောက် တစ်လှည့် ပိတ်လိုက် ဖွင့်လိုက် လုပ်နေကြသည်။ကြားထဲက kanနဲ့ အဒေါ်ပရင်ကတော့ မျက်လုံးလေး ကလယ် ကလယ်နဲ့ skyနဲ့ Nani ကြားက တိုက်ပွဲကို ပါးစပ်လေး ပိတ်ကာ ကြည့်နေကြသည်။
နောက်ဆုံးမှာ skyလည်း remoteကို အဝေး လွှင့်ပစ်လိုက်သည်။Naniကို ဒူးအောက်ကနေ ပွေ့ချီကာ လှေကားပေါ်သို့ တက်လိုက်သည်။
"ဖယ် ချပေးငါ့ကို "
Naniလည်း လက်သီးနဲ့ ထုလိုက်၊ရုန်းလိုက်နဲ့ skyအား လုပ်လိုက်သည်။
"ငြိမ်ငြိမ်နေနော် မဟုတ်ရင် ပစ်ချပစ်မှာ "
Naniလည်း skyအား မျက်စောင်းထိုးကာ နှုတ်ခမ်းကိုက်ပြီး ကြည့်လိုက်သည်။
"Kan အဲ့remoteကို သိမ်းထားလိုက် "
"ဟုတ်အကိုလေး sky "
အခန်းထဲ ရောက်တော့ sky လည်း Naniအား ကုတင်ပေါ်ချပေးလိုက်သည်။
"မင်းဘာလို့ ဒီလိုမျိုး လာလုပ်တာလဲ "
"ဘာလဲ "
Skyက သူမဟုတ်တဲ့ ပုံစံဖြင့် မေးလိုက်သည်။
"ဘာလို့ ငါTVကြည့်နေတာကို လာနှောက်ယှက်ရတာလဲ ဒါက ငါ့ရဲ့ လွတ်လပ်ခွင့်လေ"
Naniလည်း မတ်တပ်ရပ်ကာ ကုတင်ပေါ်မှာ ထိုင်နေတဲ့ skyအား ရန်တွေ့နေသည်။
"အမြင်ကတ်လို့ "
"ဘာ! "
"ခများ အဲ့လိုတွေ ရယ်နေတာ အမြင်ကတ်လို့ "
"အဲ့တာဆို ငါက ငိုပေးရမှာလား မင်းကလေ တော်တော်ကို အကျင့်မကောင်းတဲ့ကောင် "
"ခများ ပြောချင်တာပြော ပြီးရင် အိပ်လိုက်တော့ မနက်ဆိုင်သွားရမှာမလား"
"မင်းဘာလို့ အပြစ်မရှိသလိုလို ငါ့ကိုပဲ တွေးပေးနေတာလို လို လုပ်နေရတာလဲ "
.........
"Hello "
သူတို့နှစ်ယောက် စကား များနေရင်း ဝင်လာတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခု။
"ကိုကို မလာဘူးလား "
"အင်း မလာဘူး "
"ဘာလို့လဲဟင် pinkက ဒီနေ့ လာမယ် ထင်နေတာ"
"အင်း လာချင်စိတ် မရှိလို့ ဒါပဲနော်"
မတ်တပ်ရပ်ကာ နားထောင်နေတဲ့ Nani ကတော့ အပိုတွေ ဆိုပြီး မျက်စိထောင့်ကပ်ကာ skyအား လက်ပိုက်ကြည့်နေလိုက်သည်။
"ငါ့ဆိုင်ကို လာတဲ့ ကောင်မလေးလား "
"ဟုတ်တယ် "
"ဘာတဲ့လဲ "
"Clubမလာဘူးလား မေးတာ"
"မင်းက မသွားဘူးလား "
Nani လည်း စောနက ရန်ဖြစ်နေတာပင် ဘယ်ရောက်မှန်းမသိ။သူ skyဘာကြောင့် clubသွားတာ ခြေလှမ်းကျဲနေလည်း ဆိုတာ သူသိချင်မိပါသည်။
"မသွားချင်လို့ "
"ဘာလို့လဲ မင်းသွားနေကျ မဟုတ်ဘူးလား"
"ဟုတ်တယ် သွားချင်စိတ် မရှိလို့ ခများ မအိပ်တော့ဘူးလား ဒါမှ မဟုတ် ကုတင်ပေါ်ထိ ပွေ့ချီပြီး သိပ်ပေးရမလား "
"မလိုဘူး ငါ့ဘာသာ အိပ်တက်တယ် နောက်တစ်ခါ မင်းသာ ငါ့ကို အဲ့လိုတွေ လာမလုပ်မိစေနဲ့"
"လုပ်တော့ ဘာဖြစ်လဲ ခများ အိပ်ချိန်တောင် ရောက်နေပြီ ကျွန်တော်သာ လာမပြောရင် ခများက ဖနက် မိုးလင်းထိ ရယ်နေမှာလား"
"မင်းနော် စကားပြော ဆင်ခြင်စမ်းပါ ငါမင်းထက် အသက်ကြီးတယ် မင်းနဲ့ငါ ရွယ်တူ မဟုတ်ဘူး"
"သိတယ် ခများ လည်း ကျွန်တော့ထက် ကြီးတာ အသက်ပဲ ရှိတာ"
"မင်းဘာစကား ပြောတာလဲ "
"ခများရဲ့ အရပ် ခန္ဓာကိုယ် ကျွန်တော့ထက် ကြီးလို့လား "
"တော်ပြီကွာ အေး ငါသတိပေးပြီးပြီနော် ငါ့ရဲ့လွတ်လပ်ခွင့်တွေကို လာပိတ်ကြည့် ငါ့အကြောင်း သိစေရမယ်"
Naniလည်း စောင်ခြုံကာ skyအား ကျောပေးပြီးအိပ်လိုက်သည်။
Skyရဲ့ စိတ်တွေကလည်း အဆိုး မရနိုင်ပေ။သူဒီရက်ပိုင်းထဲတော့ clubမရောက်ဖြစ်တာ ကြာနေသည်။ clubမှ ရတဲ့ အနံ့တောင် သူမေ့ချင်နေပြီ။ဘာကြောင့် မသွားချင်ရတာလဲ ဆိုပြီး သူ့မှာ အကြောင်းပြချက် ခိုင်ခိုင်မာမာလည်း မရှိပါ။အဲ့တာနဲ့ သူလည်း ဂိမ်းဆက်ဆော့ နေလိုက်သည်။သူ့ဘေးမှာ အိပ်နေတဲ့ ကောင်လေးကတော့ ညအိပ်ဝတ်စုံ အပန်းရောင်လေးပေါ့။ခများကလေ ဒီအရုပ်တွေကို အရမ်းကြိုက်တာလား ခများရဲ့ အသုံးအဆောင် ပစ္စည်းတွေကလည်း ခများဆိုင်က အရုပ်တွေလိုမျိုးပဲ ကလေး ဆန်လိုက်တာ လွန်ရော ဆိုပြီး လျှောကျနေတဲ့ စောင်လေးအား Nani ကိုယ်တစောင်းလေး ပေါ်သို့ ခြုံပေးလိုက်သည်။ skyကတော့ အိပ်မပျော်တော့ ဂိမ်းသာ ဆက်ဆော့နေလိုက်သည်။
TBCThanks for reading, guys
(Zawgyi)
"သားရေ "
ဒါက မာမီရဲ့ အသံပဲ ငါက အခု ဘယျမှာ အိပျနတောလဲ မာမီတို့ အိမျမှာလား မဟုတျပါဘူး ငါက အိမျအသဈမှာ အိပျနတော မဟုတျဘူးလား
_____________________
.........
"Hello "
"ခမြားရဲ့ အရပျ ခန်ဓာကိုယျ ကြှနျတော့ထကျ ကွီးလို့လား "
TBCThanks for reading, guys
There are no comments yet. Log in to be the first to leave a review!





