Part 3
14:17, 1 October 2022Unicode...
တစ်ပတ်အတွင်းမှာပဲ Jaeyunနှင့်အခြားကျောင်းသူကျောင်းသားများသိလိုက်ရသည်က Park Sunghoonဆိုသည့်လူကအရမ်းဆိုးသည်ဆိုသည့်အကြောင်းပင်။
Sunghoonကသူ့ကို့ဝင်တိုက်မိယုံဖြင့် ယောကျာ်းလေးဆိုနေရာမှာတွင်ဆွဲထိုးတတ်သည်။မိန်းကလေးဆိုရင်တော့တွဲပြီးအသဲခွဲသည်။
ခုတစ်ပတ်အတွင်းမှာကို Sunghoonအသဲခွဲခဲ့တဲ့ကောင်မလေးသုံးယောက်ရှိပြီဖြစ်သည်။
ဒါပေမဲ့ Jaeyunဘာလုပ်လုပ်ဘာပြောပြောသည်းခံနိုင်တာကလဲSunghoonတစ်ယောက်ပဲရှိသည်။သည်းခံနိုင်တာမဟုတ်ပဲသည်းခံခဲ့တာ။
Jaeyunကအဆိုးလေးမဟုတ်ပါ။ဒါပေမဲ့ Sunghoonအပေါ်မှာတော့ဆိုးမိသည်။ဘာကြောင့်လဲဆိုရင်ရည်ရွယ်ချက်ကတစ်ခုတည်း Sunghoonတစ်ခြားသူတွေကိုလုပ်ခဲ့အတိုင်း Sunghoon ပြန်ခံရစေရန်။
Sunghoonတစ်ယောက် Jaeyunအပေါ်ဘာကြောင့်သည်းခံသလဲဆိုတာ Sunghoonတစ်ယောက်သာသိလိမ့်မည်။
Jaeyunနားလာရင်တော့ဆေးလိပ်မသောက်လာတတ်ကိုတော့Jaeyunသဘောကျမိသည်။
ဘာလို့ဆို JaeyunစကားကိုSunghoonတစ်ယောက်တည်းကသာပထမဆုံးနားထောင်ဖူးသူ။
Jaeyunဘယ်လောက်Sunghoonကိုအနားမကပ်ခံဖူးပြောခဲ့ပြောခဲ့ Jaeyunနောက်အမြဲကပ်ပါနေတတ်သူကြောင့် ဘယ်သွားသွားနှစ်ယောက်တွဲသွားဖြစ်နေသည်။
Sunghoonဘယ်လိုထိတောင်လိုက်ကပ်လဲဆိုရင် Jaeyunစာသင်ချိန်အတွင်းသန့်စင်ခန်းသွားရင်တောင်နောက်ကလိုက်လာလေ့ရှိသည်။
ဆရာမတွေကတောင်အမြဲပြောတဲ့စကားတစ်ခွန်းတဲ့ရှိသည်။
"မင်းတို့ကအမွှာတွေလား"တဲ့ ဆရာမတွေပြောလဲပြောချင်စရာပင်။
ကျန်တဲ့အချိန်တွေသာစကားနားထောင်ချင်နားထောင်မယ် နောက်ကလိုက်မလာနဲ့ဆိုတော့စကားကိုတော့လုံးဝနားမထောင်။
Sunghoonတစ်ယောက်အတန်းချိန်တွေလဲပုံမှန်မတက်ပါ ဒါပေမဲ့ထမင်းစားချိန်ဆိုရင်တော့ရောက်ရောက်လာတတ်သည်။
"Sunghoon မင်းအမြဲဒီလိုပဲနေနေတော့မှာလား"
"ကိုယ်ကဘယ်လိုနေနေလို့လဲ"
"ကောင်မလေးတွေနဲ့တွဲလိုက် ရန်ဖြစ်လိုက် အတန်းတွေပျက်လိုက်နဲ့"
"အာဒါကလား ဘာလဲ Jaeyunကကိုယ်ဒီလိုနေတာမကြိုက်လို့လား"
"မကြိုက်တာတော့လဲမဟုတ်ပါဘူး ဒါပေမဲ့....ဒါပေမဲ့"
"ဒါပေမဲ့ဘာဖြစ်လဲပြောလေ"
"ငါအဲ့လိုလူနဲ့အပေါင်းအသင်းမလုပ်ချင်ဘူး"
"ဘယ်လိုလူမျိုးနဲ့မှအပေါင်းအသင်းလုပ်ချင်တာလဲဟင်"
"Heeseung hyungလိုလူမျိုး"
"ဒါဆိုရင်တော့ကိုယ်နဲ့အပေါင်းအသင်းလုပ်လို့ရတော့မယ်မထင်ဘူး"
"..."
"မင်းကဒီလိုပြောတော့ကိုယ်အရမ်းဝမ်းနည်းတာပဲ ကိုယ်ကတော့မင်းကိုသူငယ်ချင်းအရင်းကြီးလိုသဘောထားတာကို"
"အဲ့လိုတော့လဲမဟုတ်ပါဘူး အတန်းချိန်လေးတော့ပုံမှန်တတ်ပေးသင့်တယ်မလား ပြီးတော့ရန်ဖြစ်တာကလဲကောင်းမှမကောင်းတာ ရည်းစားထားတာကတော့ထားပါတော့"
"အိုကေလေ ကိုယ်ကြိုးစားကြည့်မယ်"
"ငါလဲမင်းကိုခင်ပါတယ်"
သူလိုချင်တဲ့အဖြေရပြီးမှ "ငါလဲမင်းကိုခင်ပါတယ်"လို့ပြောတဲ့ကောင်လေးကိုSunghoonပြုံးပြီးကြည့်မိတော့တယ်။
Heeseung hyungလိုလူမျိုးနဲ့လို့ပြောတုန်းကတော့နည်းနည်းခံပြင်းမိသည်။
ဒီလိုတွေဖြစ်မိလို့ချစ်မိနေတာလားမေးရင် Sunghoonဟင့်အင်းလို့ပဲဖြေမိမယ်ထင်တယ်။
ပထဆုံးသောချစ်စရာကောင်းလွန်းတဲ့သူငယ်ချင်းမို့မထိရက်မကိုင်ရက်ထားမိခြင်းသာဖြစ်လိမ့်မည်။
ဒါပေမဲ့လဲ ခုနကအတန်းချိန်ပုံမှန်တက်ဖို့နဲ့ရန်သိပ်မဖြစ်ဖို့ကျတော့ပြောပြီး ရည်းစားထားတာတော့ဘာမှမဖြစ်ပါဘူးလို့ပြောတော့ဝမ်းနည်းမိတာတော့အမှန်။
Sunghoonကောင်မလေးတွေကိုတွဲချင်လို့တွဲတာမဟုတ်ပါ။မိမိနဲ့ရန်ဖြစ်တဲ့ကောင်တွေလိုက်နေတဲ့သူတွေကိုရွေးပြီးတွဲခြင်းသာ။
ပြီးရင်သူတို့ရှေ့ထိုကောင်မလေးတွေနဲ့တွဲပြီးလမ်းလျှောက်ပြလိုက်ရင်ဘယ်လောက်ခံရခက်လိုက်မလဲ။
Jaeyunပျော်ရွှင်နေရသည်။Jaeyunပြောပြီးနှစ်ပတ်အတွင်း Sunghoonကအတန်းလဲပုံမှန်တတ်သလိုရန်လဲသိပ်မဖြစ်တော့။
ရည်းစားကတော့တစ်ပတ်တစ်ယောက်နှုန်းလို့တော့ပြောရမလားပဲ။
Jaeyunပျော်ရတဲ့အကြောင်းအရင်ကလဲ မိမိစကားကိုSunghoonနားထောင်လို့သာ။
Jaeyunကမိမိစကားနားထောင်တဲ့သူတွေကိုအရမ်းသဘောကျသည်။
အဲ့တာကြောင့်ကလေးတွေဆိုအရမ်းချစ်တတ်သည်။
တစ်လတစ်ခါလဲ မိဘမဲ့ကျောင်းသွားပြီး ကလေးတွေနဲ့ဆော့ပေးဖြစ်သည်။
"ကိုယ်ဒီနေ့အိပ်ချင်နေလို့ အိပ်အုန်းမယ်နော်"
"အိပ်လေ အတန်းဆင်းရင်နှိုးလိုက်မယ်"
"ဒီနေ့ကျောင်းသားသစ်တစ်ယောက်ထပ်ရောက်တယ်နော်"
"သားလာလေ သူငယ်ချင်းတွေကိုနှုတ်ဆက်လိုက်အုန်း"
"Jay!"
ဒီအသံကကာယကံရှင်ဆီကထွက်လာတာမဟုတ်ပဲ Jaeyunဆီကထွက်လာတဲ့အသံ။Jaeyunအသံကြောင့်အားလုံးJaeyunကိုလှည့်ကြည့်ဖြစ်ကြသည်။
အိပ်နေတဲ့Sunghoonလဲ Jaeyunကိုမော့ကြည့်ဖြစ်သည်။
"ဟုတ်ပါတယ် Jay ပါ ကိုရီးယားနာမည်ကတော့ Park Jong Seong ပါ ရှေ့လျှောက်စောင့်ရှောက်ပေးကြပါအုန်း"
"သူလေးလဲ Parkမျိုးရိုးပဲဟေး"
"အရမ်းချောတာပဲ"
"အရမ်းမိုက်တယ်"
"ငါတို့အခန်းကိုပဲဒီလိုလူချောလေးတွေစုနေတာဘယ်ဘဝကကုသိုလ်ကံတွေပါလိမ့်"
"အေးဟယ်ဒီတစ်ယောက်ကတော်တော်လိမ္မာမဲ့ပုံပဲ"
ဒီစကားကြောင့်မဲ့ပြုံးပြုံးမိတာကနှစ်ယောက်။တစ်ယောက်ကကာယကံရှင်ကိုယ်တိုင်ဖြစ်ပြီး။ နောက်တစ်ယောက်ကတော့ Jaeyun။
Jaeyunပျော်ရွှင်မှုကနှစ်ပတ်ထဲပါပဲ။တစ်စုံတစ်ယောက်ရောက်မလာခဲ့ရင်တော့ ဒီနေ့လဲပျော်ရွှင်မိမယ်ထင်တယ်။
"Jayနဲ့သိတာလား"
"ဟင်...အင်းဟုတ်တယ်"
"Jayလဲခင်ဖို့ကောင်းမဲ့ပေါ်ပဲ"
"မင်းပဲခင်ငါကတော့မခင်ဘူး ပြီးတော့သူနဲ့ပေါင်းမယ်ဆိုငါနဲ့လာမပေါင်းနဲ့"
"အိုကေအိုကေ မင်းနဲ့ပဲပေါင်းမှာပါ ကိုယ်ကဒီတိုင်းသဘောပြောလိုက်တာပါ"
"သား Jong Seong ခုံလွတ်တစ်ခုံမှာသွားထိုင်လိုက်နော်"
"Jakeဘေးမှာထိုင်လို့မရဘူးလား"
"Jake?"
"Jaeyunကိုပြောတာပါ"
"မရဘူး Jay ငါမင်းနဲ့မထိုင်ချင်ဘူး"
"မင်းမထိုင်ချင်လဲငါမထိုင်တော့ပါဘူး"
Jong Seongတစ်ယောက် Sunghoonကိုတစ်ချက်ပြုံးပြလိုက်ပြီး ခုံလွတ်တစ်ခုံမှာဝင်ထိုင်လိုက်သည်။
"Jakeလားမင်းနာမည်ကလေ"
"ဟုတ်တယ် Assuie နာမည်လေ"
"မင်းကိုယ့်ကိုလဲမပြောပြဘူး သူများပြောမှသိရတယ်"
"တောင်းပန်ပါတယ် ပြီးတော့စိတ်တိုနေလို့ခနလောက်ငြိမ်ငြိမ်လေးနေပေးပါ့လား"
Jaeyunစကားကြောင့် Sunghoon Jayဆိုတဲ့လူကိုလှမ်းကြည့်မိလိုက်သည်။
Jaeyunနဲ့Jayကြားတစ်ခုခုရှိနေမဲ့ပုံပဲ။
ဒီပဟေဋိကြောင့်Sunghoonခုံပေါ်ခေါင်းငုံ့ထားပေမဲ့အိပ်မပျော်တော့။
Jayဆိုတာ Jaeyunနဲ့စေ့စပ်ထားတဲ့လူ မပြောမဆိုနဲ့ရောက်ချလာတာဘာအကြောင်းကြောင့်မြန်းလဲ။
မင်းဘာတွေကြံစည်နေတာလဲ Jay။မင်းရဲ့အစီအစဥ်တွေမဖြစ်မြောက်စေရဘူး။
Jayရဲ့အတွေးထဲမှာဘာတွေကြံစည်နေလဲဆိုတာကတော့ Jayတစ်ယောက်သာသိလိမ့်မည်။
To Be Continue.....
Zawgyi....
"..."
"ငါလဲမင်းကိုခင်ပါတယ်"
"Jay!"
"အရမ်းချောတာပဲ"
"အရမ်းမိုက်တယ်"
"Jayနဲ့သိတာလား"
"ဟင်...အင်းဟုတ်တယ်"
"Jake?"
"Jaeyunကိုပြောတာပါ"
"Jakeလားမင်းနာမည်ကလေ"
To Be Continue.....
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



