Fanfics

Part 2

10:11, 30 September 2022

Unicode.....

"Sunghoon ssi စားလို့မပြီးသေးဘူးလားဗျ ကျွန်တော်စောင့်နေရတာတော်တော်ကြာပြီ"

"ကိုယ်ကနှေးတာမဟုတ်ပါဘူး မင်းတို့ကျောင်းကလူတွေကိုကစားတာမြန်နေတာ"

"နောက်လဲအဲ့လိုပဲမို့ မြန်မြန်စားတတ်အောင်လေ့ကျင့်ထားနော် ငါကဒီနေ့ပဲစောင့်ပေးမှာ"

"ဘာလို့အေးဆေးပဲစားလို့မရတာလဲ"

"နားချိန်က နာရီဝက်ပဲရတာလေ အဲ့နာရီဝက်လုံး ကန်တင်းမှာပဲအချိန်ကုန်တော့မို့လား"

"နာရီဝက်ပဲလား အရင်ကျောင်းမှာဆို တစ်နာရီရတာကို"

"အဲ့တာဆိုအဲ့ကျောင်းပြန်ပြောင်းလိုက်လေ"

"တော်ပါပြီဒီကျောင်းလေးပဲကောင်းပါတယ်"

"အဲ့ဆိုလဲစကားများမနေပဲမြန်မြန်စားတော့"

အရင်ကဆို ဆယ်ငါးမိနစ်လောက်နေတာနဲ့ကန်တင်းထဲမှာလူရှင်းသွားတတ်သည်။

ဒီနေ့အတွက်ဖို့ လူချောလေးနှစ်ယောက်ဟာကန်တင်းမှာပဲရှိနေသေးတဲ့အတွက်ကြောင့် ကျောင်းသူအများစုဟာလဲ ကန်တင်းထဲမှာပဲဝဲလည်လျက်။

ဒီနေ့တစ်ရက်လုံးကတော့Jaeyunတစ်ယောက် Sunghoonဆိုတဲ့ကျောင်းသားသစ်ရဲ့နားပူမှုတွေကြားဖြတ်သန်းခဲ့ရသည်။

Jaeyunကစိတ်ရှည်တတ်သူတစ်ယောက်မဟုတ်ပါ ဒီနေ့Sunghoonကိုတော်တော်စိတ်ရှည်ထားရသည်။

အကြောင်းကားကျောင်းသားသစ်ရဲ့ပထမဆုံးရက်ဖြစ်သည့်အတွက် နောက်ရက်တွေမြန်း Jaeyunဆီထပ်နားပူကြည့်ပါက Jaeyunကန်လွှတ်ဖို့သာဆုံးဖြတ်ထားသည်။

Jaeyunတစ်ယောက်စိတ်ညစ်ညစ်နဲ့အိမ်ပြန်လာရပါသည်ဆိုမှ အိမ်မှာJaeyunမမြင်ချင်သည့်လူကကြိုဆိုလို့နေသည်။

"မင်းဘာလာလုပ်တာလဲ"

"ကိုယ်နဲ့စေ့စပ်ထားတဲ့သူရဲ့အိမ်ကိုလာတာပဲ မင်းကမကျေနပ်ဘူးလား"

"ငါတို့နှစ်ယောက်လုံးသဘောမတူထားတဲ့စေ့စပ်ပွဲအကြောင်းကိုထည့်ထည့်မပြောစမ်းနဲ့"

"ဒါပေမဲ့စေ့စပ်ထားတယ်ဆိုတဲ့စကားကအမှန်တရားပဲလေ အဲ့တော့မင်းကိုငါပိုင်တယ်"

"မင်း...မင်းစေ့စပ်လိုက်ရုံနဲ့ပိုင်သွားပြီမင်းထင်နေတာလား ပြီးတော့ငါတို့က ခုမှအထက်တန်းပထမနှစ်ပဲရှိသေးတာနော်"

"အပိုတွေပြောမနေနဲ့ မင်းကိုငါတစ်ခုပြောချင်လို့လာစောင့်နေတာ"

"ဘာပြောမှာလဲ"

"ကျောင်းမှာမင်းဘယ်သူနဲ့ဘာတွေလုပ်နေတယ်ငါသိတယ် မင်းနဲ့ငါစေ့စပ်ထားသ၍မင်းဘယ်သူနဲ့မှမပေါင်းရဘူး"

"မင်းလူတွေကမိုက်လှချည်လား ကျောင်းမတူတာတောင်ငါအိမ်ပြန်မရောက်သေးခင် မင်းဆီသတင်းတွေဘာတွေရောက်လို့"

"..."

"တစ်ခုတော့ရှိတယ် မင်းချုပ်ခြယ်ချင်တိုင်း ချုပ်ခြယ်လို့ရတဲ့ထဲမှာငါမပါဘူး"

"မိဘတွေကငါတို့ကလက်ထပ်ပေးဖို့ထိရည်ရွယ်ပြီးစေ့စပ်ပေးထားတာနော်"

"မင်းဖြစ်စေချင်တဲ့အတိုင်းလုံးဝမဖြစ်စေရဘူး"

"ဟက်"

"..."

"​ေဩာ်ဒါနဲ့ Jaeyunစေ့စပ်ပွဲကနှစ်ယောက်လုံးသဘောမတူသာမဟုတ်ဘူးနော် ငါကကျေကျေနပ်နပ်ကြီးကိုသဘောတူခဲ့တာ မင်းမသိသေးဘူးထင်လို့"

ဒီကောင်ရူးနေတာပဲဖြစ်ရမယ်။မင်းနဲ့ငါကအရင်ကသူငယ်ချင်းဖြစ်ခဲ့ကြပေမဲ့ခုကစပြီးရန်သူပဲ။

Jaeyunစိတ်တိုတိုနဲ့ထိုလူကိုတိုက်ပြီးတော့တာအိမ်ထဲဝက်လာလိုက်သည်။

Jaeyun မိမိနဲ့စေ့စပ်ထားတဲ့သူကိုအရမ်းမုန်းပါတယ်။စေ့စပ်ပွဲကိုသဘောတူတဲ့ဖေဖေနဲ့မေမေကိုလဲမုန်းပစ်ချင်မိတယ်။

အပြင်မှာကျန်ခဲ့တဲ့လူဟာလဲ အထဲဝင်သွားတဲ့လူကိုကြည့်ပြီး မဲ့ပြုံးနှင့်ကျန်ရစ်ခဲ့သည်။

"မင်းကိုအပိုင်ယူပြမယ် Jaeyun"

ထိုစကားလုံးများကိုရွတ်ဆိုပြီးထွက်သွားတဲ့လူဟာအားလုံးအမြင်မှာမုန်းဖို့ကောင်းလှသည်။

Jaeyunအိပ်ခန်းထဲရောက်ရောက်ချင်း စိတ်ညစ်ညစ်နဲ့လွယ်အိတ်ကိုကုတင်ပေါ်ပစ်တင်လိုက်သည်။တစ်ကိုယ်လုံးကိုလဲအိပ်ယာပေါ်ဝင်လှဲရင်းဖြင့်။

"စိတ်ရှုပ်ဖို့ကောင်းလိုက်တာ"

"အားလုံးရူးနေကြတာထင်တယ်"

"မင်းလိုချင်တဲ့လက်ထက်ပွဲလုံးဝမဖြစ်စေရဘူး"

မတူညီတဲ့ဆုံးဖြတ်ချက်နှစ်ခုကြားမှာ ဘယ်သူ့ရဲ့ဆန္ဒဟာပြည့်ဝမလဲ။

"Park Sunghoon ဒီကိုခနလာထိုင်ပါအုန်း"

"ကျွန်တော်ဘာပြသနာမှမရှာခဲ့ဘူးလေ"

"အဲ့တာကြောင့်ပဲထိုင်ခိုင်းတာ တစ်ခုခုမြန်းထိထားသလားကြည့်မလို့"

"ဟာဗျာဖေဖေကလဲ ကျွန်တော်အမြဲပြသနာရှာနေတဲ့ကောင်မဟုတ်ပါ​ဘူး"

"အေးနောက်နေ့ပြသနာထပ်ရှာလို့ ကျောင်းထုတ်ခံရရင်မင်းနေစရာကျောင်းလဲကုန်ပြီထင်တယ်"

"ဒီတစ်ခါတော့မဖြစ်စေရဘူးစိတ်သာချ ခုသွားလို့ရပြီလား"

"သွားသွားမင်းကိုမြင်ရရင်ကိုငါသွေးတက်တယ်"

"ဒါနဲ့ဖေဖေဒီနေ့ပြန်လာတာစောတယ်နော်"

"ဟုတ်တယ် အလုပ်တွေလက်စသတ်ပြီးလို့"

"​ေဩာ်"

"ငါစောပြန်လာတော့မကြိုက်ဘူးမလား clubကိုသွားလို့မရတော့လို့မလား"

"အဲ့လိုမဟုတ်ပါဘူး ဖေဖေကလဲ"

"ငါမသိရင်ခက်မယ်"

ဟုတ်ပါတယ်လေ Park Sunghoonအကြောင်းမှမသိရင် Park Sunghoon အဖေဘယ်ပီသပါ့မလဲ။

"Morning Jaeyun"

"Morning"

Sunghoonတစ်ယောက်မိမိကနှုတ်ဆက်နေတာကို လှည့်တောင်မကြည့်ပဲပြန်နှုတ်ဆက်လာသူကြောင့် နှုတ်ခမ်းအလိုလိုဆူမိသွားသည်။

"ဘာတွေအဲ့လောက်ကုန်းရေးနေရတာလဲ"

"..."

"ပန်းချီဆွဲနေတာပဲ"

"..."

"ပန်းချီဆွဲရတာကြိုက်တာလား"

"အင်း"

Jaeyunဘေးကနေတစ်ခုပြီးတစ်ခုမေးနေသူကြောင့်ပြန်မဖြေရင်ကိုယ်ပဲအဆိုးဖြစ်မှာဆိုးလို့အင်းတစ်လုံးသာပြန်ဖြေလိုက်သည်။

တကယ်ဆိုမနေ့ညနေကကိစ္စကစိတ်ထဲအမြဲရောက်နေပြီးစိတ်တိုပြီးပန်းချီဆွဲရင်းစိတ်ကိုဖြေလျှော့နေရသည်မလား။

စကားကောင်းကောင်းပြန်ပြောဖို့ဆိုတာလုံးဝမဖြစ်နိုင်။

Sunghoon တစ်ယောက်ဟာလဲ တစ်ဖက်လူကအင်းတစ်လုံးသာပြန်ဖြေလာတာကြောင့်အခန်းထဲကနေထထွက်ခဲ့ပြီး ကျောင်းရဲ့နောက်ဖေးတစ်နေရာကိုသာထွက်လာခဲ့လိုက်သည်။

Sunghoonဘောင်းဘီအိတ်ကပ်ထဲကဆေးလိပ်တစ်လိပ်နဲ့မီးခြစ်ကိုထုတ်ပြီးဆေးလိပ်ဖွာရင်းJaeyunကိုစဥ်းစားခံဝင်ရတော့သည်။

Jaeyunကမိမိကိုမခင်ချင်လို့ပဲလား။သူ့ပုံစံကိုကအဲ့အတိုင်းမို့ပဲလား။

Sunghoonအရင်ပုံစံတိုင်းဆိုအဲ့လောက်တည်ငြိမ်နေသူကိုအမြင်ကပ်ပြီးပြသနာရှာမိမှာမှန်ပေမဲ့ Jaeyunကိုကြချစ်ဖို့ကောင်းသည်လို့ပဲအမြဲတွေးနေမိသည်။

Jaeyunမင်းကသိပ်စိတ်ဝင်စားဖို့ကောင်းတဲ့လူပဲ။ကိုယ်လဲမင်းနဲ့မှဘာတွေဖြစ်နေမှန်းမသိတော့ပါဘူးကွာ။

Sunghoonဆေးလိပ်ကိုမြေကြီးပေါ်ပစ်ချဖိချေပြီးစာသင်ခန်းထဲသို့တစ်ဖန်ပြန်ဝင်ခဲ့လိုက်သည်။

Sunghoonဝင်ဝင်ထိုင်ပြီးချင်းနှာခေါင်းရှုံ့လိုက်ရသည့်လူကJaeyun။

Jaeyunဆေးလိပ်နံ့ကိုအရမ်းမုန်းပါသည်။ဆေးလိပ်ကိုရောဆေးလိပ်သောက်တတ်တဲ့သူတွေကိုရောပေါ့။

Jaeyunဆေးလိပ်ကိုမုန်းသွားရသည့်အကြောင်းအရင်းကတစ်ခြားမဟုတ် Jaeyunနဲ့စေ့စပ်ထားသူတဲ့ဟာဆေးလိပ်ကိုအရမ်းကြိုက်တာကြောင့်။

"Sunghoon"

Sunghoonခုံပေါ်မှောက်အိပ်မလို့ကြံတုန်း ဘေးနားကအနှီလူသားခေါ်သံကြောင့်ဘာလဲပြောဆိုတဲ့မျက်နှာဘေးနှင့်မေးငေါ့မေးလိုက်သည်။

"မင်းနောက်နေ့တွေဆေးလိပ်ထပ်သောက်နေအုန်းမယ်ဆိုတခြားခုံသွားထိုင်"

Sunghoonတစ်ယောက် Jaeyunစကားကြောင့်မျက်ခုံးတစ်ဖက်ပင့်တက်သွားရသည်။

"ဘာလို့လဲ ဆေးလိပ်နံ့မခံနိုင်လို့လား"

"ဆေးလိပ်နံ့ကိုမုန်းလို့"

Sunghoon စိတ်ထဲမှာအခါတစ်သောင်းလောက်ရယ်နေလိုက်သည်။

အပြင်မှာတော့မရယ်ရဲ ဟုတ်တယ်လေအပြင်မှာရယ်ရင်ဆွဲထိုးခံရမှာပေါ့။

စာသင်ခန်းအတွင်းမှာ ကောင်လေးတစ်ယောက်ကိုပြုံးပြီးကြည့်နေတဲ့ကောင်လေးနဲ့ ဆေးလိပ်နံ့ကြောင့်နှာခေါင်းရှုံ့နေတဲ့ကောင်လေးတို့ရှိလေသည်။

အဲ့အပြင်ထိုကောင်လေးနှစ်ယောက်ရဲ့အမူအရာအားလုံးကိုမျက်စိဒေါက်ထောက်ကြည့်နေပြီး တစ်စုံတစ်ယောက်ဆီကိုသတင်းပေးတဲ့သူရှိလို့နေသည်။

To Be Continue.....

Zawgyi.....
















"မင်းဘာလာလုပ်တာလဲ"






"ဘာပြောမှာလဲ"



"..."




"ဟက်"

"..."

"​ဩော်ဒါနဲ့ Jaeyunစေ့စပ်ပွဲကနှစ်ယောက်လုံးသဘောမတူသာမဟုတ်ဘူးနော် ငါကကျေကျေနပ်နပ်ကြီးကိုသဘောတူခဲ့တာ မင်းမသိသေးဘူးထင်လို့"





















"​ဩော်"



"ငါမသိရင်ခက်မယ်"


"Morning Jaeyun"

"Morning"



"..."

"ပန်းချီဆွဲနေတာပဲ"

"..."


"အင်း"













"Sunghoon"










To Be Continue.....

There are no comments yet. Log in to be the first to leave a review!

Similar stories