Fanfics

Part 1

12:15, 3 December 2022

Unicode

"Jake Jake Jake!"

Jaeyunတစ်ယောက်ကျောင်းသွားဖို့ပြင်ဆင်နေတုန်းအိမ်ရှေ့ကခေါ်သံကြောင့်ပြတင်း​ပေါက်ကနေလှမ်းကြည့်လိုက်သည်။

အင်းသူချစ်ရတဲ့သူ Park Sunghoon။

Jakeဆိုတဲ့နာမ်စားကလဲ Park Sunghoonဆိုတဲ့သူပဲခေါ်ခွင့်ရှိတဲ့နာမ်စားလေး။

Sunghoon မိမိဘဝထဲကိုဝင်လာသည်ကအထက်တန်းပထမနှစ်ကတည်းက။

ခုအထက်တန်းဒုတိယနှစ်ကိုရောက်လို့တောင်နေပြီ။ဘယ်ကတည်းကစချစ်မိသွားလဲမသိပေမဲ့ Jaeyunဆိုတဲ့မိမိကပဲတစ်ဖက်သတ်ချစ်မိနေတာဆိုတာကတော့ကျိန်းသေတယ်။

ပထမဆုံးစတွေ့တဲ့နေ့ မိမိဘေးကိုအတင့်ရဲစွာလာထိုင်တဲ့ကောင်​လေး။

Jaeyunဟာ ကျောင်းမှာလူတော်လူကောင်းထဲမပါသလို ကျောင်းလူဆိုးထဲလဲမပါပေ။

Jaeyunကအမြဲကျောင်းမှာ မျက်နှာတည်တည်နဲ့နေတာများသည်။ငယ်ငယ်ကတည်းကမျက်နှာတည်တည်နဲ့နေလာတဲ့Jaeyunပေမဲ့ Jaeyunကကျောင်းမှာကောင်မလေးတွေစိတ်ဝင်စားခြင်းခံရသည်။

Jaeyunကလူအကြိုက်များခံရဆုံး Top2ဆို Heeseungက Top1။

Heeseungဆိုတာအခြားသူမဟုတ် Jaeyunအားကျရတဲ့ကျောင်းသားခေါင်းဆောင်။

စာမေးပွဲရလဒ်ဆိုလဲTop10ဝင်ရုံသာ Top5အတွင်းတော့မဝင်။

Jaeyunကအမြဲအေးစက်စက်နိုင်သည်။ဆရာ၊ဆရာမတွေအပေါ်တောင်မှတစ်ခွန်းမေးတစ်ခွန်းဖြေယုံသာ။

Jaeyunကနောက်ဆုံးတန်းကပြတင်းပေါက်နားမှာထိုင်သည်။Jaeyunဘေးကိုဘယ်သူမှလာမထိုင်ရဲကြ ။

Park Sunghoonဆိုတဲ့လူရောက်မလာခင်အထိပေါ့။

အဲ့နေ့ Sunghoonပထမဆုံးအတန်းကိုလာတဲ့နေ့က Jaeyunဟာ အဖေ့ရဲ့ဆုံးမမှုကိုတစ်ညလုံးနားထောင်ခဲ့ရတာကြောင့် အိပ်ချင်နေ၍ ခုံပေါ်မှာမှောက်အိပ်နေခဲ့သည်။

"ကဲအတန်းထဲကျောင်းသားသစ်ရောက်တယ် အားလုံးကြိုဆိုလိုက်ကြပါအုန်း"

"ဝါးချောလိုက်တာ ငါ့typeလေးပဲဟိ"

"နှာတံလေးမှာမှည့်လေးနဲ့အရမ်းချစ်ဖို့ကောင်းတာပဲ"

"အရပ်ကြီးကလဲအရှည်ကြီးပဲဟယ်"

စသည်ဖြင့်မိန်းကလေးများရဲ့သဘောကျသံများထွက်လာသည်။

Jaeyunကျောင်းသားသစ်ကိုချီးကျူးနေတဲ့အသံတွေကြားပေမဲ့ မျက်လုံးမဖွင့်နိုင်တာကြောင့်ထမကြည့်ဖြစ်။

"ကဲသားကိုယ့်ကိုယ်ကိုမိတ်ဆက်လိုက်ပါအုန်း"

"ငါ့နာမည် Sunghoon Park Sunghoon"

Sunghoonအတန်းထဲဝင်လာကတည်းက အားလုံးရဲ့မျက်လုံးတွေကသဘောကျတဲ့မျက်လုံးများ အားကျတဲ့မျက်လုံးများဖြင့်ကြည့်နေကြသည်။

နောက်ဆုံးတန်းကကောင်​လေးကတော့ သူ့ကိုဖြင့်မော့တောင်ကြည့်မလာ။

ကိုယ့်ကိုယ်ကိုမိတ်ဆက်ပြီးတဲ့ထိတောင်မှမော့ကြည့်မလာ။

အဟက် Park Sunghoonဆိုတဲ့ငါ့ကိုလာကြောနေတာပဲ။

"သားနောက်ဆုံးနားတွေမှာခုံတွေလွတ်တယ်နော် သားထိုင်ချင်တဲ့ခုံထိုင်လိုက်နော်"

"ဟုတ်ကဲ့ပါဆရာမ"

"အရမ်းလိမ္မာတာပဲ"

"အေးဟယ် ငါတော့တကယ် လူပြောင်းကြိုက်ပြီ"

"ငါကတော့ Jaeyun ကိုပဲဟေ့ သူ့စတိုင်ကပိုမိမိုက်တယ်"

Sunghoon စိတ်ထဲမှာအတန်းထဲကလူတွေကိုဟားတိုက်ရယ်လိုက်သည်။

Park Sunghoonအကြောင်းမသိကြသေးဘူးပဲ။

အရင်ကျောင်းမှာရန်တွေဖြစ်ခဲ့လို့ အဖေကဒီကျောင်းကိုပြောင်းပေးလိုက်တာကိုမြန်း ငါ့ကိုလိမ္မာတယ်တဲ့ အဟက်။

Sunghoon အတန်းထဲကလူတွေကိုစိတ်ထဲကဟားတိုက်ရင်း Jaeyunဘေးကခုံမှာဝင်ထိုင်လိုက်သည်။

အားလုံးက Sunghoon ဘယ်ခုံမှာထိုင်မလဲလိုက်ကြည့်နေတာကြောင့် Sunghoon တစ်ယောက် Jaeyunဘေးဝင်ထိုင်လိုက်တော့ တစ်ချို့ကဘုရားတနေကြသလို တစ်ချို့ကပွဲကြီးပွဲကောင်းကြည့်ဖို့ပြင်ဆင်နေကြသည်။

Jaeyunတစ်ယောက်အိပ်နေတုန်း ဘေးခုံမှာလူတစ်ယောက်ဝင်ထိုင်သလိုခံစားရတာကြောင့်မော့ကြည့််လိုက်သည်။

ဆရာမလဲစာသင်တော့မှာမလား။Jaeyunကစာသင်နေချိန်တွင်တော့စာထဲကိုစိတ်ဝင်တစားနားထောင်တဲ့ကျောင်းသားထဲပါဝင်သည်။

Jaeyunမော့ကြည့်လိုက်တော့ အင်းချောသားပဲ ကောင်မလေးတွေချီးကျူးလဲချီးကျူးထိုက်ပါတယ်။

ဒါပေမဲ့ စီနီယာ Heeseungကပိုချောတယ်မလား။

လူတိုင်းကစီနီယာHeeseungကိုသဘောကျကြသည်။Jaeyunအပါအဝင်ပေါ့။စီနီယာHeeseungကတော့စာကိုပဲကမ္ဘာထင်သည်။

"ဟိတ် အဲ့လောက်ကြီးစိုက်မကြည့်နဲ့လေ ကိုယ်မနေတတ်ဘူး"

Jaeyunအတွေးထဲနစ်မြောနေတုန်း ကျောင်းသားသစ်ရဲ့စကားသံကြောင့်လက်ရှိကိုပြန်ရောက်လာခဲ့သည်။

"ငါစိုက်ကြည့်နေတာမဟုတ်ဘူး အတွေးများသွားလို့မင်းကိုယ်မင်းအထင်တွေဇွတ်ကြီးမနေနဲ့"

"ဘာအတွေးလဲ ကိုယ်ချောလိုက်တာဆိုတဲ့အတွေးလား"

"ဦးနှောက်လာမစားနဲ့တော့ စာသင်နေပြီ"

Sunghoon မိမိဝင်ထိုင်လိုက်တော့ မော့ကြည့်လာတဲ့ကောင်လေးကြောင့်တစ်ချက်ပြုံးမိသွားသည်။

ချစ်ဖို့ကောင်းတယ် ခွေးပေါက်လေးအတိုင်းပဲ မိမိတွဲခဲ့ဖူးတဲ့သူတွေနဲ့လားလားမှမသက်ဆိုင်။

မော့ကြည့်လာပြီး တော်တော်နဲ့အကြည့်မလွှဲတာကြောင့် ထိုကောင်​းေလးကိုစကားစပြောလိုက်သည်။

ပြီးတော့Sunghoon ထိုကောင်လေးနဲ့စကားပြောတော့ကိုယ့်ကိုယ်ကိုသုံးလိုက်မိတဲ့အသုံးအနှုန်းကကိုယ်တဲ့ စိတ်ဝင်စားစရာပဲ။

စာသင်နေတဲ့အတွင်း Sunghoon တစ်ယောက် Jaeyunကိုသာကြည့်မိနေသည်။

ကြည့်လေကြည့်လေချစ်ဖို့ကောင်းလေးဆိုဒီကောင်လေးပဲ။

ဆရာမစာသင်ချိန်အပြီးဆရာမထွက်သွားကြောင့် Sunghoon ထိုချစ်စရာကောင်းတဲ့ခွေးပေါက်လေးကိုမိတ်ဆက်ဖို့ပြင်လိုက်သည်။

"ကိုယ့်နာမည် Sunghoon မင်းကရော"

"Jaeyun"

"ချစ်စရာလေးနော်"

"ဟမ်"

"ဟိုရှေ့ကကောင်မလေးကိုပြောတာပါ"

"​ေဩာ်"

Sunghoon ရဲ့စကားကိုတစ်ခွန်းမေးတစ်ခွန်းဖြေသာလုပ်တဲ့ကောင်လေးဟာအရမ်းချစ်ဖို့ကောင်းသည်။

Jaeyunကို Sunghoon ချစ်ဖို့ကောင်းတယ်လို့တွေးနေတာဒီနေ့တစ်နေ့တင်တော်တော်များများနေပြီ။

နာမည်မေးလိုက်တော့ Jaeyunတဲ့ဖြေပုံလေးကချစ်စရာလေးမို့ ချစ်စရာလေးလို့တွေးရင်းပါးစပ်ကထွက်သွားတော့ အူကြောင်ကြောင်ပုံစံလေးနဲ့ကြည့်လာတာကအသဲယားစရာ။

ရှေ့ကကောင်မလေးကိုပြောတာလို့ပြောလိုက်တော့​ေဩာ်ဆိုပြီး ပြောပြီးထထွက်သွားဖို့ပြင်သည်။

Jaeyun အတန်းပြီးလို့ ကန်တင်းသွားပြီးနေ့လည်စာစားမှာကိုလာမိတ်ဆက်နေတဲ့ကျောင်းသားသစ်ကြောင့်စိတ်ရှည်ရှည်နဲ့ဖြေပေးနေရသည်။

ချစ်စရာလေးလို့ထပြောသောသူကြောင့် ကြောင်အသွားပေမဲ့ အတန်းခေါင်းဆောင်မလေး Hanwonကိုပြောတာလို့ပြောလာသည်။

သူပြောလဲပြောချင်စရာပဲ Hanwonကချစ်ဖို့ကောင်းသလောက် စိတ်ထားလဲအရမ်းကောင်းသည် အဲ့တာကြောင့်ခေါင်းဆောင်ဖြစ်နေတာလဲဖြစ်နိုင်သည်။

"ဘယ်သွားမလို့လဲ"

ထထွက်သွားဖို့ပြင်တော့ မေးလာသူကြောင့် Sunghoon နေ့လည်စာစားဖို့မေ့နေတာလားဟုတောင် Jaeyunတွေးလိုက်မိသည်။

"ကန်တင်းသွားပြီး နေ့လည်စာစားရမယ်လေ"

"အာဟုတ်သားပဲနော်"

"..."

"ကိုယ့်ကိုခေါ်သွားအုန်းလေ ကိုယ်ကခုမှကျောင်းပြောင်းလာတော့ကန်တင်းကဘယ်မှာမှန်းမသိသေးဘူး"

"အလုပ်ရှုပ်လိုက်တာ မြန်မြန်လာ မစောင့်ဘူး"

"အိုကေ အိုကေ"

ကန်တင်းကလူတွေရဲ့အံ့ဩတဲ့အကြည့်တွေနဲ့စကားသံတွေက Jaeyunနဲ့Sunghoonကိုသာဦးတည်နေသည်။

Jaeyun ကျောင်းနေလာတဲ့တစ်လျှောက်ဘယ်သူနဲ့မှထမင်းတူတူမစားဖူးသေးဘူးလေ အမြဲတစ်ယောက်တည်း။

တစ်ခါတစ်လေ Heeseungတို့Jungwonတို့ခေါ်ရင်တောင်မှ အားနာနာနဲ့ငြင်းပြီးတစ်ယောက်တည်းထိုင်စားလေ့ရှိသည်။

JungwonဆိုတာHeeseungရဲ့ညီလေးသာဖြစ်သည်။Jungwonကတော့Heeseungနဲ့ခြားနားစွာလူဆိုးကောင်လေးပေါ့။

ဒီနေ့ကတော့မိုးရွာမှာသေချာနေတာကြောင့် တစ်ချို့ဆိုထီးဝယ်ဖို့တောင်ပြင်ဆင်နေကြသည်။

To Be Continue.....

ဒါ​လေးက Donation အတွက်ficလေးပါ တစ်နေ့တစ်ပိုင်းတင်ပေးသွားပါ့မယ် luv u💙

Zawgyi

"Jake Jake Jake!"





























"ဟုတျကဲ့ပါဆရာမ"

"အရမျးလိမ်မာတာပဲ"


























"Jaeyun"
















"..."









To Be Continue.....

3.5К1410

There are no comments yet. Log in to be the first to leave a review!

Similar stories