Part 4
11:21, 2 October 2022Unicode
Jaeyunအတန်းချိန်ပြီးတော့ Jayကိုခေါ်ပြီးထွက်ခဲ့လိုက်တယ် ကျောင်းရဲ့နောက်ဖေးတစ်နေရာသို့။
"Jake"
"မင်းငါ့ကို Jakeလို့မခေါ်နဲ့ Jay"
"အဲဲ့ဆိုမင်းလဲငါ့ကို Jong Seongလို့ခေါ်လေ"
"အိုကေလေအဓိကက မင်းပါးစပ်ကJakeဆိုတဲ့စကားလုံးထွက်မလာဖို့ပဲ"
"ငါကတော့မင်းပါးစပ်က Jong Seongလိုခေါ်သံလေးကြားချင်နေတာနဲ့အတော်ပဲ"
"Jong Seongမင်းကငါ့ကိုဒီကျောင်းထိလာပြီးတော့ကိုဒုက္ခလာပေးနေတာပဲ"
"Jaeyun မင်းကငါ့အပိုင်ဖြစ်လာမှာလေ"
"မင်းအဲ့တာနဲ့ပဲခြိမ်းခြောက်မနေနဲ့ကျန်တဲ့အကွက်လေးဘာလေးပြောင်းရှာလိုက်အုန်း"
ထိုစကားပြောပြီး Jaeyun Jayနားကထွက်လာလိုက်သည်။ဟုတ်တယ်လေ ထမင်းစားဖို့ Sunghoonစောင့်နေတယ်မလား။
"မင်းစောင့်ကြည့်နေလိုက် Jaeyun!!"
Jayကတော့ထွက်ခွာသွားတဲ့ကျောပြင်ကိုကြည့်ပြီး အော်ဟစ်ကျန်နေခဲ့တယ်။
Jaeyunကန်တင်းကိုရောက်လာတော့ကောင်းကင်ကြီးကအုံ့မှိုင်းလို့။
ထိုအတိုင်း Park Sunghoonဆိုတဲ့လူသားရဲ့မျက်နှာဟာလဲ ကောင်းကင်ကြီးနဲ့အပြိုင်အဆိုင်အုံ့မှိုင်းလို့နေသည်။
အကြောင်းကား အထက်တန်းပထမနှစ်Cခန်းမှကောင်လေးတစ်စုက Hanwonကိုရိသဲ့ရိသဲ့လုပ်နေသောကြောင့်။
ကိုယ့်အတန်းခေါင်းဆောင်ကိုကိုယ်စောင့်ရှောက်ဖို့လိုတယ်မလား။
"မင်းတို့သူကမင်းကိုမကြိုက်ဘူးလို့ပြောနေတယ်မဟုတ်လား"
"ဟေ့ရောင် မင်းကိုယ်ငါတို့ကြောက်မယ်ထင်မနေနဲ့ မဆိုင်ရင်ဘေးဖယ်နေစမ်းပါ"
ဟုတ်ပါတယ်Hanwonကိုကြိုက်နေတဲ့ကောင်ကကျောင်းရဲ့မနိုင်စိန်လူဆိုးတွေထဲပါသည်။ဆရာမတွေလက်လွှတ်ထားရတဲ့ထဲလဲပါသည်။
ဘယ်သူကမှလဲသူတို့ကိုရန်မစရဲ။Park Sunghoonကလွဲလို့ပေါ့။
"Sunghoonရယ် ငါဘာမှမဖြစ်ပါဘူး ဒီတိုင်းသွားရအောင်"
"နင့်ကိုထပ်မနှောက်ယှက်ရဲအောင်ငါသူတို့ကပညာပေးချင်သေးတယ်"
"ဒါပေမဲ့ခုကကျောင်းထဲမှာလေ"
ဒီစကားကHanwonဆီကထွက်လာတာမဟုတ်။Jayနဲ့စကားများပြီးပြန်လာတဲ့Jaeyunဆီက။
"အေးမင်းတို့နောက်ထပ်နှောက်ယှက်တာမြင်လို့ကတော့သေမယ်မှတ်"
"မင်းပဲသေမလား ငါတို့ပဲသေမလားစောင့်ကြည့်ကြတာပေါ့"
ကန်တင်းကလူတစ်စုကြားရေပန်းစားနေတဲ့စကားတစ်ခုရှိသည်။ထိုစကားက "Sunghoonက Jaeyunတစ်ခွန်းဆိုတစ်ခွန်းပဲ"တဲ့။
ဒီစကားဟာ Jaeyunနဲ့စေ့စပ်ထားသူ Jayနားဆီရောက်သွားတော့ Jayတစ်ယောက် ထိုင်နေတဲ့ဝိုင်းကိုလက်သီးအားပြင်းပြင်းတစ်ချက်ထိုးပြီးထွက်သွားတာကိုတစ်ခြားသူသတိမထားမိပေမဲ့ သစ်ပင်တစ်ပင်အကွယ်နောက်မှာဆေးလိပ်ခိုးသောက်နေတဲ့ကောင်လေးတစ်ယောက်ကတော့သတိထားမိခဲ့တယ်။
Hanwonကိုကူညီပေးတဲ့ကိစ္စကြောင့် Hanwonနဲ့Sunghoonတော်တော်ရင်းနှီးလာပြီဖြစ်သည်။
"Sunghoonငါ့ကိုစာအုပ်လေးတွေကူလိုက်ပို့ပေးပါ့လား"
"အင်းရတယ်လေ Hanwon"
Hanwonနဲ့Sunghoonဆရာ့ရုံးခန်းဆီသို့သွားတဲ့တစ်လျှောက် အားလုံးရဲ့အမြင်မှာနှစ်ယောက်ကလိုက်ဖက်နေသယောင်။
"Sunghoonနဲ့Jaeyunကအရင်ကတည်းကသိတာလား"
"မဟုတ်ပါဘူး ဒီရောက်မှတွေ့ဖူးတာရယ်"
"ေဩာ်အရမ်းရင်းနှီးနေပုံပေါက်လို့မေးကြည့်တာရယ် ဟီး"
Sunghoonမိမိကိုပြုံးပြလာတဲ့Hanwonကြောင့်ရင်နည်းနည်းခုန်သွားရသည်။
Hanwonကချစ်ဖို့ကောင်းသည်။ဆံပင်ကဂုတ်ထောက်လောက်လေးကို သွားလေးကသွားတက်လေးဖြင့်ပြုံးရယ်လိုက်တိုင်းချစ်စဖွယ်အတိ။
HanwonဘေးကနေSunghoonရဲ့မျက်နှာချောချောလေးကိုငေးကြည့်နေမိသည်။
Sunghoonရဲ့Hanwonအတွက်ဆွဲဆောင်မှုအရှိဆုံးအရာကိုပြောပါဆိုလျှင် Hanwonနှာတံကမှည့်လေးလို့သာဖြေမိမည်။
"ခုလိုလိုက်ပို့ပေးတဲ့အတွက်ကျေးဇူးပါSunghoonရေ"
"ရပါတယ် အဲ့ဆိုငါအတန်းထဲပြန်တော့မယ်နော်"
"ကောင်းကောင်းသွားအုန်းနော်"
"ကျောင်းထဲမှာပါကွာ စိတ်မပူပါနဲ့"
ဒီစကားပြောရင်းSunghoonကHanwonခေါင်းကိုအသဲယားစွာပုတ်လိုက်ပြီးထွက်သွားခဲ့သည်။
Hanwonရဲ့ပါးလေးနှစ်ဖက်ဟာ အနီရောင်လေးသို့တဖြေးဖြေးပြောင်းရင်းရပ်နေရမှမရွေ့တော့ပေ။
တစ်ပတ်လောက်နေတော့ SunghoonကသူHanwonကိုချစ်မိနေပြီထင်ကြောင်းJaeyunကို အသိပေးပြောကြားလာသည်။
"Jake"
"အင်းပြောလေ"
Jakeလို့Sunghoonစခေါ်ခဲ့တာမနေ့ကမှဖြစ်သည်။Jakeလို့ပဲခေါ်ချင်တယ်လို့တစ်နေကုန်ဂျီလိုက်ကြနေသောSunghoonကြောင့်Jaeyunကလက်ခံခဲ့ခြင်း။
ခုSunghoonခေါ်တော့လဲJaeyunတစ်ယောက်မော့ကြည့်မလာ စာကြည့်တိုက်ကယူလာတဲ့စာအုပ်ကိုသာဖတ်နေသည်။
"ကိုယ်Hanwonကိုချစ်မိနေပြီထင်တယ် အဲ့တာဘယ်လိုရှေ့ဆက်ရမလဲမသိဘူး"
"ဘယ်လို မင်းလိုလူက Hanwonကိုလား"
"အင်းဖွင့်ပြောရင်ကောင်မလားလို့စဥ်းစားနေတာ"
"အရင်လူတွေလိုခနတာပဲဆို မင်းကိုမပြောစေချင်ဘူး Hanwonကချစ်ဖို့ကောင်းတယ်ကလေးလိုပဲ"
"မင်းရော Hanwonကိုသဘောကျနေတာလား"
"မဟုတ်...မဟုတ်ပါဘူး"
စကားတွေထစ်ပြီးငြင်းလာတာJaeyunကြောင့် Sunghoonစိတ်တွင်းရှိအတွေးက JaeyunလဲHanwonကိုသဘောကျနေတာပဲဆိုပြီး။
"ကိုယ်ခုပဲHanwonကိုဖွင့်ပြောဖို့ဆုံးဖြတ်လိုက်ပြီ ခနတာအတွက်လဲမဟုတ်ဘူး"
"မမြန်လွန်းဘူးလား"
"ဒီတစ်ပတ်အတွင်းဖွင့်ပြောမယ်"
Sunghoonခုချက်ချင်းကြီးဖွင့်ပြောဖို့ဘာကြောင့်ဆုံးဖြတ်လိုက်လဲဆိုသာSunghoonတစ်ယောက်သာသိလိမ့်မည်။
သူပြောချင်ရာပြောပြီးထွက်သွားတဲ့Sunghoonကြောင့် Jaeyunသက်ပြင်းချရုံသာ။
Sunghoonဟာပြောတဲ့အတိုင်းတကယ်လုပ်ပါ၏။ခုကျောင်းတစ်ကျောင်းလုံးမှာSunghoonဘက်မှစပြီးHanwonကိုစဖွင့်ခဲ့သည်ဆိုတာ။
Sunghoonတွဲခဲ့သူတိုင်းကိုSunghoonဘက်မှဖွင့်ပြောခဲ့ဖူးသူမရှိ။
Sunghoonဘက်မှစဖွင့်ပြောခဲ့သောကြောင့်အားလုံးဟာHanwonကိုကံကောင်းသည်ဟုဆိုကြသလို Sunghoonကိုနှမြောလဲနှမြောနေကြသည်။
Hanwonဘက်ကလဲSunghoonကိုသဘောကျနေခြင်းဖြစ်သောကြောင့်ဖွင့်ပြောသည့်နေ့မှာပဲအဖြေပေးခဲ့သည်။
Jeongsongအတွက်တော့ယခုကြားနေရတဲ့သတင်းတွေဟာစိတ်ကိုအဆုံးထိပျော်ရွှင်မှုတွေပေးနေသယောင်။
Sunghoonဟာနေ့လည်စာကိုHanwonနဲ့အတူတူJaeyunဘေးနားမှာလာထိုင်စားပေမဲ့ Jaeyunဟာနှစ်ယောက်ပဲတူတူစားပါဆိုပြီး Heeseungဘေးမှာသာသွားထိုင်စား၏။
Heeseungနဲ့Jaeyunဟာ အတန်းမတူပေမဲ့စာကြည့်တိုက်မှာတွေ့ပြီးရင်းနှီးနေကြပြီဖြစ်သည်။
ထွက်သွားတဲ့Jaeyunကိုလိုက်ကြည့်ပြီး Heeseungနဲ့ပြုံးပြုံးရွှင်ရွှင်စားနေသည့်မြင်ကွင်းကိုမြင်နေရသည့်Sunghoonအတွက်စိတ်တိုချင်စရာ။
Hanwonကတော့Sunghoonဘေးမှာပျော်ရွှင်စွာစားနေ၍ Sunghoonဖြစ်နေတဲ့အဖြစ်အပျက်ကိုလုံးဝမသိလိုက်ပါ။
ဒီနေ့အတွက်အရာအားလုံးဟာပြည့်စုံနေသယောင်။ရာသီဥတုဟာလဲသာယာနေသယောင်။ကျောင်းတွင်းရှိလူအားလုံးရဲ့စိတ်ဟာလဲသာယာနေပါ့မလား။
To Be Continue.....
Zawgyi.....
"Jake"
"အဲ့ဆိုမင်းလဲငါ့ကို Jong Seongလို့ခေါ်လေ"
"အင်းရတယ်လေ Hanwon"
"ဩော်အရမ်းရင်းနှီးနေပုံပေါက်လို့မေးကြည့်တာရယ် ဟီး"
"Jake"
"အင်းပြောလေ"
"မဟုတ်...မဟုတ်ပါဘူး"
"မမြန်လွန်းဘူးလား"
To Be Continue.....
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



