Ep -26
16:11, 22 October 2023"သဘောမတူနိုင်ဘူး..ငါလုံးဝသဘောမတူဘူး"
"အဖေ!!"
"ကျွန်တော်တို့အတွက် လက်ထပ်တာကအရေးမကြ်းပါဘူး..တရားရုံးမှာလက်မှတ်ထိုးရင်ရပါပြီ..ကလေးလည်းရှိနေပြီဆိုတော့..လက်ထပ်စာချုပ်မှာ ပဲလက်မှတ်ထိုးမလားလို့ပါ..ယောကျာ်းလေးတွေလည်းဖြစ်နေတော့"
"မေမေ့.."
"ဟုတ်ကဲ့..အဆင်ပြေပါတယ် "
"ကို..ကို..ကျွန်တော်"
"သွေး..သွေးတွေ..အီး..ဟီး.. "
ဂျီမင်က ငိုယိုကာပြောလာတာကြောင့်ဂျောင်ကုအသည်းအသန်..ဒဏ်ရာအားလိုက်ရှာနေသည်။
"ခါးမှာ..အဟင့်''
"ပြကြည့်စမ်း"
"ဘာနဲ့ခြစ်မိတာလဲ"
"မသိဘူး...နာလိုက်တာ.. "
"နာတာကို..''
"အင်း..ဟိုလေ...ဟိုဟာ"
"အင်း..ပြောလေ.."
"အဲ့ဒါဆို..သားအိမ်ထုတ်လိုက်မလား..မင်လေးလည်းလွတ်လွတ်လပ်လပ်နေလို့ရတာပေါ့"
"တကယ်လား.."
"ကိုက လိုချင်တယ် မလား.."
"ဟုတ်ပါပြီ...အသဲလေးရဲ့ "
_____________________
Unicode
"သဘောမတူနိုင်ဘူး..ငါလုံးဝသဘောမတူဘူး"
"အဖေ ကလေးတောင်ရနေပြီ..အဖေတားလည်းမထူးဘူးထင်တယ်..အဲ့တာကြောင့် သဘောတူပေးပါ"
ဂျောင်ကု နှင့်သူ၏အဖေ တို့ စကားပြောနေကြသည်ကို ဘေးကဂျီမင်ကအပြစ်ကင်းစင်သည့်မျက်နှာငယ်လေးဖြင့်ငုတ်တုတ်ထိုင်ကာ နားထောင်နေသည်။
Jungkook၏အမေကလည်းကလေးလေးအားချီထားပြီး...မျက်နှာထားကတော့တင်းမာလျက်။
"အဖေ..ဒီလိုသဘောမတူလို့ဘာများပြောင်းလဲသွားမှာမို့လို့လဲဘာမှမပြောင်းလဲဘူးအဖေ.."
"ဂျွန်ဂျောင်ကု..မင်းလုပ်ချင်ရာလုပ်လာပြီး..ငါ့ကိုသဘောတူခိုင်းနေတာလား..မင်းဘာသာမင်းလမ်းပေါ်က ဟာတွေနဲ့ရချင်တိုင်းရလာတဲ့ကလေးကိုငါ့မြေးလို့မသတ်မှတ်နိုင်ဘူး..ပြီးတော့ယောကျာ်းလေးတစ်ယောက်ကကိုယ်ဝန်ဆောင်နိုင်တယ်ဟုလား..မင်းတို့ခေတ်ကြမှပဲကြားဖူးတယ် ဟက်....မင်းကိုငါတစ်ကယ်စိတ်ပျက်တယဂျွန်ဂျောင်ကု"
"အဖေ!!"
ဂျောင်ကု သူ့အဖေ၏စကားကိုကြားပြီး..မျက်နှာ တစ်လုံးနီရဲကာအံကြိတ်ထားပြီးဒေါသထွက်ကာပြန်အော်လိုက်သည်။
ဂျီမင်သည်ထိုင်နေရာမှထလာကာ...ဂျောင်ကုလက်ကိုစွဲလိုက်ပြီး..ဂျောင်ကု၏အဖေကိုဂါရဝပြုလိုက်သည်။
"ကျွန်တော်က Park groupရဲ့ သားပါလမ်းပေါ်ကဖြစ်ချင်တိုင်းဖြစ်လာတဲ့သူမဟုတ်ပါဘူး...ကျွန်တော်လည်းမမျှော်လင့်ဘဲသားကိုရခဲ့တာမို့..ရှက်လည်းရှက်တာနဲ့ကျွန်တော်တို့ကြားကအဆင်မပြေတာတွေကြောင့်ပါ..အမေရိကားမှာမွေးခဲ့တာပါ..ပြီးတော့ဂျောင်ကုဟျောင်း ကကျွန်တော်တောင်းတိုမှုကြောင့်အဖေနဲ့အမေ တို့ကိုမပြောခဲ့တာ..အကုန်ကျွန်တော့်အမှားပါ သူ့အမှားမဟုတ်ပါဘူး"
"ဒါဆို မင်းကPark groupရဲ့သားပေါ့..ဒီကိစ္စကိုမင်းအဖေနဲ့အမေရောသိပြီးပြီလား"
"ဟင့်အင်း..ကျွန်တော်မပြောရသေးပါဘူး..ကျွန်တော့်တို့ကိုခွင့်လွှတ်ပေးပါ..ခုနကဂျောင်ကုဟျောင်းအော်လိုက်မိတဲ့အတွက်လည်းတောင်းပန်ပါတယ်..ကျွန်တော်ဟျောင်းကိုတကယ်ချစ်တာပါသစ္စာရှိရှိပေါင်းသင်းမှာပါ..နောက်ထပ်ကလေးတွေလည်းအများကြီးမွေးပေးပါ့မယ်..ကျွန်တော်တို့ကိုသဘောတူပေးပါ..မတူလို့လည်းမရပါဘူး...သဘောမတူရင်ကျွန်တော် ဂျွန်ဂျောင်ကုကိုတရားစွဲပါမယ်ဒါကယောကျာ်းလေးတစ်ယောက်ကျူးလွန်ထားတဲ့အပြစ်ပါ..ပြီးတော့ကလေးတစ်ယောက်ပါရှိသေးတယ်..အန်ကယ်သဘောမတူတာနဲ့ကျွန်တော့်ကိုတာဝန်မယူဘူးလို့သတ်မှတ်လိုက်မှာပါ..အဲ့ဒီအခါကြရင်အန်ကယ်သားက အနည်းဆုံး ၃နှစ်၅နှစ်လောက်ကအသာလေးပဲ..ဒါတောင်ကျွန်တော်မှန်းပြောတာပါ..ကျွန်တော်မင်္ဂလာပွဲအကြီးကြီးမလုပ်ချင်ပါဘူး..လက်ထပ်စာချုပ်မှာလက်မှတ်ထိုးတဲ့ထိလောက်ဆိုရင်ရပါပြီ"
ဂျောင်ကုသည် ဂျီမင်ပြောသည့်ထောင့်စေ့လှသောစကားတွေကြောင့်..ပြုံး၍နားထောင်နေသည်။ဂျီမင်၏စကားကြောင့် ဂျောင်ကုရဲ့အဖေမျက်နှာထားမှာတင်းမာမှုလျော့သွားပြီး..ချောင်းတစ်ချက်ဟန့်ကာပြောသည်။
"အေး..မင်းတို့ကအဲ့လောက်တောင်းဆိုနေမှတော့ ငါလက်ခံရမှာပေါ့..ပြီးမှ ကွဲတာတွေကွာတာတွေငါမကြားချင်ဘူး.."
"ကျေးဇူးတင်ပါတယ်.. အဖေနဲ့အမေ"
"မင်းကိုဘယ်သူကအဖေခေါ်ခိုင်းလို့လဲ"
"အန်ကယ်သားနဲ့လက်ထပ်လိုက်ရင်အန်ကယ်ကကျွန်တော့်ယောက္ခမဖြစ်မှာလေအဲ့တာကြောင့်ကြိုခေါ်ထားတာပါ"
"ကဲပါ လာအန်တီနေ့လည်စာပြင်ထားတယ်သမက်လေးရော.. သားရောလာ.."
ဂျောင်ကု၏အမေမှကလေးကိုပွေ့ထားရင်းအလှဆုံးပြုံးကာ ထမင်းစားရန်ခေါ်သည်။ထို့နောက် နေ့လည်စာစားပြီး..ဂျီမင်၏မိဘတွေဆီသို့သွားခဲ့သည်။
ဂျီမင်အကြောင်းစုံအား..သူ့၏မိဘတွေအားပြောပြလိုက်တော့ အမေနှင့်အဖေကသူ့ကိုဆူလိုက်သည်သာမက ရိုက်ရန်ရွယ်နေတာကြောင့်ဂျောင်ကုပါဝင်တားခဲ့ရသေးသည်။
"မင်းတို့လက်ထပ်ပွဲဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ"
ဂျီမင်အဖေ၏အမေးကိုဂျောင်ကုကပြန်ဖြေသည်။
"ကျွန်တော်တို့အတွက် လက်ထပ်တာကအရေးမြက်းပါဘူး..တရားရုံးမှာလက်မှတ်ထိုးရင်ရပါပြီ..ကလေးလည်းရှိနေပြီဆိုတော့..လက်ထပ်စာချုပ်မှာ ပဲလက်မှတ်ထိုးမလားလို့ပါ..ယောကျာ်းလေးတွေလည်းဖြစ်နေတော့"
"မင်းသူများသားသမီးကိုအဲ့လိုလုပ်လို့ရမလား..ဒါငါ့သားကွ..မင်းငါ့သားကိုတန်ဖိုးမထားတာလား..ဟမ်.."
ဂျီမင်အဖေကခုံးအားလက်ဖြင့်ထုကာအော်ပြောလိုက်တာကြောင့်..ဂျောင်ကုလန့်သွားသည်။
"အဲ့လိုမဟုတ်ပါဘူးဗျ..ဂျီမင်ကလည်းလက်ထပ်ပွဲမလုပ်ချင်ဘူးလို့ပြောလာလို့ပါဦးလေးသဘောမကျဘူးဆိုရင်ကျွန်တော်လက်ထပ်ပွဲပြင်ဆင်လိုက်ပါ့မယ်.."
ဂျောင်ကု လည်းမြန်မြန်ဆန်ဆန်ပင်ပြန်ပြောသည်။ဂျီမင်မှ
"အဖေ..သားတို့ကကလေးလည်းရနေပြီပဲအဲ့တာတွေမလိုတော့ပါဘူး..တစ်ယောက်နဲ့တစ်ယောက် သစ္စာ ရှိရင် ရပါပြီ"
"ဒီလိုအခြေအနေထိရောက်ပြီးမှတော့မင်းတို့သဘောပဲ..ဂျွန်ဂျောင်ကု..မင်းကိုငါပြောမယ် ငါ့သားကိုပျော်အောင်ထား..ငါ့သားကိုအနိုင်ကျင့်တာတို့..နှိပ်စက်တာတို့လုပ်ရင် ငါကိုယ်တိုင်မင်းကိုသတ်မယ်..အေး..ဖောက်ပြန်တာတို့ဘာတို့ကြားရရင်မင်းအသက်ကိုငါကိုယ်တိုင်နှုတ်မယ်ကြားလား"
"ဟုတ်ကဲ့ပါ... ကျွန်တော်ဂျီမင်ကို သစ္စာ ရှိရှိပေါင်းသင်းမှာပါ"
"အေး...ဘာသံညာသံမကြားချင်ဘူးနော်..ပတ်ဂျီမင် ပြီးတော့မင်းကျောင်းပြီးအောင်တက်..လင်ယူပြီးတော့လုပ်ချင်ရာလုပ်မနေနဲ့..ဂျွန်ဂျောင်ကု.. မင်းကအကြီးပဲ..သူ့ကိုလမ်းမှားမရောက်စေနဲ့..သေချာဆုံးမ"
သူ့ကိုယုံကြည်ပေးကြတဲ့ဂျီမင်ရဲ့အဖေကြောင့်ဂျောင်ကုစိတ်ထဲပျော်မိသည်။ဂျီမင်၏အမေမှမျက်ရည်တွေဝဲကာသူတို့အားဝမ်းနည်းစွာကြည့်နေပြီး..ပြောသည်။
"သား..ဂျောင်ကု မင်းကိုအန်တီတို့စိတ်ချမယ်နော်..မင်းက Jeon group ကသားဆိုတော့အန်တီတို့ကJeon groupနဲ့စီးပွားဖက်တွေမို့ရင်းနှီးကြတယ်..ဂျီမင်ကဆိုးတယ်ကွယ့်တစ်ဦးတည်းသောသားဆိုတော့..အလိုလိုက်ထားတော့ပိုဆိုးတယ်..မင်းကပဲသားကိုဂရုစိုက်ပေးပါ..သည်းခံပေးပါတကယ်တမ်း..သားလေးအိမ်ထောင်ကျသွားတော့..သားလေးကိုမခွဲချင်ဘူး"
"မေမေ့.."
ဂျီမင်သည်သူ၏အမေကိုဖက်ကာ..ရင်ခွင်ထဲတွင်တရှုံရှုံငိုနေသည်။
သူနားလည်တယ်..ကိုယ့်ရဲ့သားကိုသူများကိုပေးလိုက်ရသလိုမလား..။အမှန်တကယ်..အရွယ်ရောက်လာပြီး..သားသမီးတိုင်းကထွက်သွားကြတာကြီးပဲ။အထူးသဖြင့်ယောကျာ်းလေးတွေပေါ့..မိခင်အပေါ်ဆိုးတတ်သည်လေ..ဂျီမင်ကတစ်ဦးတည်းသောသားမလို့..သူ၏အမေကအတော်လေးချစ်ရှသည့်ပုံပင်။
ဂျီမင်၏အမေကလည်း..ဂျီမင်ဖက်ကာငိုနေသည်။
"ဒီည အိမ်မှာအိပ်သွားကြပါလား..မြေးလေးကိုလည်းအမေကအခုမှတွေ့ရတာမလား"
"ဟုတ်..နေပါ့မယ်..ကျွန်တော်နဲ့ဂျီမင်လည်း..တစ်ပတ်တစ်ခါလောက်လာပေးပါ့မယ်.."
ဂျောင်ကုက သူမအဆင်ပြေရန်အတွက်..ပြောလိုက်သည်။
"ဂျီမင်ကျောင်းသွားရင်ကလေးကို..ဘယ်လိုလုပ်မလဲ ...သားဂျောင်ကုမင်းတို့အဆင်ပြေရင်..အန်တီတို့အိမ်မှာနေပါလား..သားကျောင်းသွားတော့အန်တီတို့ကိုကလေးပေးထားခဲ့ပေါ့"
"ကျွန်တော်ကအဆင်ပြေပါတယ်..ဂျီမင်ကိုသာမေးကြည့်လိုက်ပါ..သူနေရင်ကျွန်တော်လည်းအဆင်ပြေပါတယ်"
"အမေတို့အိမ်မှာမဟုတ်ပါဘူး..ခြံထဲမှာအိမ်နှစ်အိမ်ရှိတယ်လေ..ဟိုဘက်အိမ်မှာမို့လို့သားတို့လည်းအနေမကြပ်ဘူးပေါ့"
"ဟုတ်မေမေ..အဲ့ဆိုသားတို့မနက်ဖြန်အိမ်ပြောင်းလာခဲ့မယ်''
"အင်း...ဟုတ်ပြီ..အခုသွားနားကြလေ..သားဂျောင်ကုဂျီမင်လေးအခန်းမှာပဲအိပ်မယ်မလား"
"ဟုတ်ကဲ့..အဆင်ပြေပါတယ် "
ဂျောင်ကုနှင့်ဂျီမင်..အိမ်အပေါ်သို့တက်သွားပြီးသည်နှင့်..ဂျီမင်၏အမေမှသူ၏မြေးလေးကိုချီကာကြည့်ပြီး..ပြုံးရွှင်နေသည်။
"ကြည့်ပါဦး.မြေးလေးက.ဂျီမင်နဲ့တစ်ပုံစံတည်း..ရှင်ဟာလေ..သမက်ကိုဇွတ်ဟောက်တာပဲကောင်လေးကရင့်ကျက်နေပါပြီ..ရုပ်လည်းချောတယ်စာရိတ္တလည်းကောင်းတယ်ဂျီမင်လေးကအိမ်ထောင်ဖက်ရွေးတာတော်တယ်"
ဂျီမင်၏အမေကကလေးကို..ကြည့်နေရင်း..သူ၏ယောကျာ်းအားလှမ်းပြောသည်။ဂျီမင်၏အဖေကလည်း..
"အဲ့ကောင်လေးကလူရည်မွန်လေးမှန်းသိပါတယ်အဓိကကမင်းရဲ့သားပဲ..အဲ့ကောင်လေးကငါ့သားဒဏ်ကိုခံနိုင်တာအံ့သြတယ်.."
"အို..ရှင်ကလည်း...သားကလိမ္မာလာပါပြီသူလည်းကလေးအဖေဖြစ်နေနေပြီပဲ.."
"ပေးချီပါဦး..ငါရဲ့မြေးလေးကို"
ဂျီမင်အဖေလည်းသူ့မိန်းမလက်ထဲကလေးလေးအားယူကာချီပြီး..ပီတိ ဖြာနေသည်။
"ကို..ကို..ကျွန်တော်"
ရေချိုးခန်းကထွက်ထွက်ချင်း..သူ့ကိုပြေးဖက်ကာငိုနေသည့်ဂျီမင်။
"ဂျီမင်...ဘာဖြစ်လို့လဲ.. ကိုယ့်ကိုပြော"
"သွေး..သွေးတွေ..အီး..ဟီး.. "
ဂျီမင်က ငိိုယိုကာပြောလာတာကြောင့်ဂျောင်ကုအသည်းအသန်..ဒဏ်ရာအားလိုက်ရှာနေသည်။
"သွေး..ဟုတ်လား..ဘာဖြစ်လို့လဲ..ဘယ်နေရာထိလာတာလဲ..ချောလဲတာလားကိုယ့်ကိုပြကြည့်"
"ခါးမှာ..အဟင့်''
"ပြကြည့်စမ်း"
ဂျီမင်၏ခါးကိုကြည့်လိုက်တော့..ခြစ်ရာအကြီးကြီးရှိနေသည်။
"ဘာနဲ့ခြစ်မိတာလဲ"
"မသိဘူး...နာလိုက်တာ.. "
"ဟမ်..ကိုယ်ခြစ်မိတာကိုယ်မသိဘူးလားကိုယ်ဆေးထည့်ပေးမယ်..မငိုနဲ့ တော့အရမ်းနာနေလား"
"အင်း...စပ်ဖျင်းစပ်ဖျင်းနဲ့"
ဂျောင်ကု ဂျီမင်၏ခါးကိုဆေးထည့်ပေးနေရင်း..ဂျီမင်ကတော့နာလို့အော်ငိုနေသည်။ဒဏ်ရာကတော်တော်လေးကြီးတာပဲ..တော်သေးတယ် သိပ်မနက်လို့..နေဦးဘာနဲ့များဖြစ်မိလာတာလဲ..။
"ကလေးလား..ဘာလို့ငိုနေတာလဲ "
"နာတာကို..''
Jimin ၏ရှုံမဲ့နေသောမျက်နှာနှင့်ကပ်ကပ်လန်ပြန်ရန်တွေ့နေခြင်းကို..ဂျောင်ကုတစ်ယောက်ချစ်မဝဖြစ်နေသည်။
"ဟုတ်ပါပြီ.. အခုသက်သာသွားလိမ့်မယ်.."
"အင်း..ဟိုလေ...ဟိုဟာ"
ဂျီမင်တစ်ယောက် မျက်စိဂနာမငြိမ်ဘဲတောင်ကြည့်မြောက်ကြည့်ဖြင့်..ဂုတ်ကိုပွတ်ကာ..တ ဟို..ဟိုဖြစ်နေတာကြောင့်ဂျောင်ကုကခပ်ဖွဖွရယ်လိုက်သည်၊
"အင်း..ပြောလေ.."
"ဟိုဟာလေ..တား..တားဆေးအဲ့တာဝယ်ချင်လို့.."
"အာ...ကိုယ်ဝယ်ပေးမယ်..ဘယ်လိုဖြစ်တာလဲကိုယ့်ရဲ့အချစ်ကလည်း..စိတ်လောလှချီလား"
ဂျောင်ကုစကားကြောင့် ဂျီမင်ပါးနှစ်ဖက်တို့နီမြန်းသွားသည်။
"အင်း..ဟို..၃နှစ်လောက်ကြာမှထပ်ယူမလားလို့..မဟုတ်ရင်..ခင်ဗျား လုပ်ပုံနဲ့ဆို..နောက်တစ်ယောက် ထပ်ရသွားလိမ့်မယ်"
ဂျီမင်ရှက်ပေမယ့်လည်း..ဂျောင်ကုအားမျက်စောင်းထိုးကာ မကျေနပ်ဟန်နှင့်ပြောလိုက်သည်။
"အဲ့ဒါဆိူ..သားအိမ်ထုတ်လိုက်မလား..မင်လေးလည်းလွတ်လွတ်လပ်လပ်နေလို့ရတာပေါ့"
ဂျောင်ကုခါးအားဖက်ပြီး...ရင်ဘတ်ကိုမျက်နှာအပ်၍ချွဲနွဲ့ကာပြောသည့်ဂျီမင်။
"ဟင့်အင်း..ကျွန်တော်ကကလေးတွေမွေးဦးမှာ.."
ဂျီမင်၏အပြောကြောင့်ဂျောင်ကုကျေနပ်သွားပြီး..ဂျီမင်အားမချီကာပါးမို့မို့လေးအားတစ်ချက်နမ်းလိုက်သည်။
"တကယ်လား.."
"ကိုက လိုချင်တယ် မလား.."
"သားလေးတစ်ရောက်ရှိနေပြီပဲ..ကိုယ့်အတွက်လုံလောက်ပါတယ်..မင်လေးတစ်ကယ်လို့အလုပ်ရှုပ်တယ်ဆိုရင်..ထုတ်လိုက်..ကို့ဘက်ကိုမတွေးနဲ့"
"ဘာလဲ..ကလေးထပ်မလိုချင်ဘူးပေါ့..ခင်ဗျား ကကျွန်တော်နဲ့ရတဲ့ကလေထပ်မလိုချင်တော့ဘူးပေါ့"
ဂျောင်ကု၏ဗိုက်အား..လက်သီးဆုပ်သေးသေးလေးဖြင့်ထိုးလိုက်ကာ..ဂျီမင်စိတ်ဆိုးသည့်ဟန်ဖြင့်နှုတ်ခမ်းဆူကာပြောသည်ကိုဂျောင်ကုကပြန်ဖြေလိုက်သည်။
"မဟုတ်ရပါဘူးဗျာ.. ကိုယ်ကကလေးလေးတွေထပ်ရရင်ပိုပျော်တာပေါ့ဗျ..အချစ်ကလေးကထပ်မွေးပေးရင်ကိုယ်က လေး..ငါး..ယောက်ယူပစ်လိုက်မှာ"
"ဂျွန်ဂျောင်ကု.. ခင်ဗျား နော်..ကျွန်တော့်ကိုမစာမနာနဲ့"
ဂျီမင်အပြောကြောင့် ဂျောင်ကုခပ်ဖွဖွလေးရယ်ကာလက်ထဲမှာ ပွေ့ချီထားသည့်အကောင်ပေါက်လေးကိုဖြစ်ညှစ်လိုက်သည်။
"မင်းလေးကိုချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ..ကိုယ့်ရဲ့အသဲအသက်လေး"
"အား..အရိုးတွေကျိုးကုန်တော့မယ်..ခင်ဗျား ကလေအားကြီးနဲ့မဖက်နဲ့"
"ဟုတ်ပါပြီ...အသဲလေးရဲ့ "
ကျွန်တော့်မှာလေ တစ်နေ့တစ်နေ့ဒီလူသားလေးကို..ချစ်လွန်းလို့အသဲယားလွန်းလို့ ငုံထားချင်တယ်။မင်လေးကိုပိုင်ဆိုင်ခွင့်ရလို့ပိုပြီးတော့တောင်ပျော်သေးတယ်...။ကျွန်တော်တော့တစ်နေ့တစ်နေ့ပိုပြီးတော့တောင်စွဲလမ်းလာပြီ။
_____________________
နောက်တစ်ပိုင်းနှစ်ပိုင်းဆိုရင် ဇာတ်သိမ်းတော့မယ်နော်..ဂရုစိုက်ကြနော်.. ဒါဒါတို့..
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)