Ep -27(Final)
11:56, 6 November 2023Jungkook နှင့်Jiminလည်းရုံးတက်လက်မှတ်ထိုးပြီး..ဂျီမင်တို့ခြံထဲရှိ သီးခြားအိမ်တစ်လုံးပြောင်းလဲနေထိုင်ခဲ့သည်။
"အေးပါ..သွားသွား "
______________________
"Jimin! Jimin!.."
"အင်းလေ အေ့..သယ်ချင်းတွေက..ပြောတယ်..မင်းယောကျာ်းက..အေ့..ချောလားတဲ့..အေ့..ငါကလည်းပြောလိုက်တာပေါ့..ငါ့ယောကျာ်း ဖင်လေးဖွေးနေတာပဲလို့..ပေါင်လေးတွေကလည်း..လှမှလှလို့..အေ့..ပီးတော့ မင်းရဲ့ဟိုဟာ"
"ဂျွန်ဂျောင်ကု!!!"
______________________
လေးနှစ်ကြာသော်....
"အဲ့..ဒယ်ဒီ..ခစ် ခစ်.."
"လာ..မနက်စာလာစား"
>>>>>>>>>>>>>>>>>>>>
"ကို..ပြန်လာပြီလား.."
"အင်း..လာပါဦး..ကိုယ့်ဆီကို.."
The End.......
Unicode
Jungkook နှင့်Jiminလည်းရုံးတက်လက်မှတ်ထိုးပြီး..ဂျီမင်တို့ခြံထဲရှိ သီးခြားအိမ်တစ်လုံးပြောင်းလဲနေထိုင်ခဲ့သည်။
"မင်လေး..ကိုယ်ဒီနေ့နောက်ကျမယ်နော်သူငယ်ချင်းတွေကဂုဏ်ပြုတဲ့အနေနဲ့သွားသောက်မလားလို့.."
"အင်း..သွားလေ အရမ်းနောက်မကျစေနဲ့နော်"
"အင်းပါ..အဲ့ဆိုကိုယ်သွားပြီနော်"
ဂျောင်ကုထွက်သွားပြီးနောက်ပိုင်း..ဂျီမင်သက်ပြင်းချမိသည်။တကယ်တမ်းအိမ်ထောင်သည်ဖြစ်သွားတော့..ဘဝကအကျဉ်းကျသွားသလိုဖြစ်သွားတယ်။တစ်နေ့တစ်နေ့လုပ်လိုက်ရတဲ့..အိမ်မှုကိစ္စ..ကလေးအဝတ်တွေလျှော်၊ငိုရင်ပြေးထိန်းရ၊ညဘက်ဆိုလည်း ကလေးကထငိုလို့ထထိန်းရသေးတယ်။အိမ်အပြင်ထွက်ရတယ်လို့တောင်..မရှိတော့ဘူး။တစ်နေ့တစ်နေ့ ဒါတွေနဲ့ပဲ ပတ်ချာလည်ရိုက်နေလို့လူလည်း..နုံးနေပြီ။ကိုယ့်ကိုကိုယ် ပြင်ဆင်ဖို့အချိန်တောင် မရှိလု့ိလူလည်းပေတိပေစုတ်ညစ်ညစ်ပတ်ပတ်ဖြစ်နေပြီ။
တကယ်..စောစောစီးစီး လင်ယူမိတာမှားတာပဲ။အခုကလေးကတစ်ဖက်နဲ့..အဲ့ဒီလင်ဖြစ်သူကလည်း..အိမ်ကိုမကပ်ဘူး။တစ်ခါတစ်လေတော့ လင်ယူမိတာအကြီးအကျယ်နောင်တရတယ်။ငြီးငွေ့လာပြီ...အရင်ကလွတ်လွတ်လပ်လပ်နေခဲ့တာကိုသတိရတယ်။ဘယ်လိုပဲချစ်တယ်ပြောပြော..အရမ်းအလုပ်တွေလုပ်ရပါများတော့..စိတ်ညစ်မိတာအမှန်ပဲ။
"သားဘာတွေသက်ပြင်းခနခနချနေတာတုန်း..ပေစုတ်နေတာပဲ..သွားရေသွားချိုး..အမေ ကလေးထိန်းပေးထားမယ်"
"ခနနေမှ..ချိုးတော့မယ်အမေရာ..သားပင်ပန်းလို့..နားချင်လို့"
"မေမေ့သားလေးတော်တော်ပင်ပန်းနေပြီလား..အိမ်ထောင်ပြုလိုက်တော့..ဘယ်လိုနေလဲ"
ဂျီမင်၏အမေကဂရုဏာသက်စွာပြောတော့
"ပင်ပန်းတယ် မေမေ..အရင်ကလိုမလွတ်လပ်တော့သလိုပဲအိမ်ထောင်ပြုပြီးနောက်ပိုင်း..အခက်အခဲတွေ ရှိလာနိုင်လား"
"ဒါပေါ့..အိမ်ထောင်တစ်ခုကိုနိုင်နင်းအောင်တည်ဆောက်နိုင်ရတယ်..အထူးသဖြင့်လင်နဲ့မယားနဲ့လို့ဖြစ်လာရင် အရာရာကိုညှိနှိုင်းတိုင်ပက်ရတယ်..ရည်းစား ဘဝတုန်းကလိုအဆင်မပြေတိုင်းပြတ်လို့မရဘူးတကယ်လို့..သားတို့ကွာရှင်းတယ်ပဲထား..အိမ်ထောင်သည် ကွာရှင်ထားတာဆိုတဲ့နာမည်ဆိုးကြီးကတော့ကျန်ခဲ့လိမ့်မယ်..ယောကျာ်းဖြစ်သူကို သေချာထိန်းသိမ်းနိုင်ရတယ်..အရမ်းတင်းကြပ်လွန်းရင်လည်းသူတို့ကထွက်ပေါက်ရှာတတ်တယ်သား..လွှတ်ထားပြန်တော့လည်းလွတ်လပ်ပြီးလုပ်ချင်ရာလုပ်တတ်တယ်အဲ့တော့ သားကပဲအရာအားလုံးကိုချင့်ချိန်ပြီးထိန်းသိမ်းရမယ်.."
"မေမေ..သူကအခုတလောအပြင်တွေပဲသွားနေတယ်..သားတစ်ယောက် ထဲပဲအလုပ်တွေလုပ်နေရတာ"
"ဒါတွေကိုမေမေကဖြေရှင်းပေးလို့မရဘူးလေသားကိုယ်တိုင်ဖြေရှင်းရမှာ.."
"ဟုတ်အမေ..သားရေသွားချိုးတော့မယ်..မင်မင်လေးကိုထိန်းပေးထားဦးနော်"
"အေးပါ..သွားသွား "
______________________
"Jimin! Jimin!.."
တံခါးအားတဒုန်း..ဒုန်းထုကာ အပြင်ကအော်ခေါ်သံကြောင့် ဂျီမင်အိပ်နေရင်းနိုးသွားပြီး အိမ်တံခါးသွားဖွင့်ပေးလိုက်သည်။
"ခင်ဗျား ဘာလို့အဲ့လောက်သောက်လာရတာလဲသူများတွေအိပ်နေပြီဟာကို..ဘာလို့အော်ခေါ်နေတာလဲ..ဂျွန်ဂျောင်ကု"
တံခါးဖွင့်ဖွင့်လိုက်ချင်း သူ့ပေါ်သို့ယိုင်ကျလာသောဂျောင်ကု၏ခန္ဓာကိုယ်အလေးကြီးကိုမနိုင့်တနိုင့်နှင့်တွဲကာအိမ်ထဲသို့ဝင်ရသည်။
နေ့လည်ကတည်းကစိတ်မကြည်တာနဲ့..အခုလိုစိတ်လွတ်ကိုယ်လွတ်မူးလာသည့်..ဂျောင်ကုအား မနာလိုပြီး ဒေါသထွက်ကာအော်လိုက်သည့်ဂျီမင်။
"မင်း..ငါ့ကို..လာမအော်နဲ့အေ့.."
"ဘာ မင်း ဟုတ်လား..ခင်ဗျား ဘာလို့အဲ့လောက်တောင်မူးရူးအောင်သောက်ခဲ့တာလဲ..အိမ်မှာ ခင်ဗျား ယောကျာ်း ကျွန်တော်ရှိတယ်ဆိုရောသတိရရဲ့လား"
"အေ့..ဟားဟား..အပုလေး..မင်းကငါ့ယောကျာ်းဆိုတာသိတာပေါ့..အေ့..မင်းတင်ပါးလေးကဖွေးနေတာပဲ..အေ့ဟိဟိ"
ဂျီမင်သည် သူ့အားအပုလေးဟုခေါ်ကာနောက်ဆက်ပြောသည့်စကားကြောင့်အကြီးအကျယ် ဒေါသထွက်တော့သည်။
"ဘာ..ခင်ဗျား အပုလေးဟုတ်လား..ထစမ်း..အခုထ.."
"အင်းလေ အေ့..သယ်ချင်းတွေက..ပြောတယ်..မင်းယောကျာ်းက..အေ့..ချောလားတဲ့..အေ့..ငါကလည်းပြောလိုက်တာပေ့ါ..ငါ့ယောကျာ်း ဖင်လေးဖွေးနေတာပဲလို့..ပေါင်လေးတွေကလည်း..လှမှလှလို့..အေ့..ပီးတော့ မင်းရဲ့ဟိုဟာ"
"ဂျွန်ဂျောင်ကု!!!"
Jungkook ၏စကားမဆုံးခင်ဂျီမင်ကထအော်လိုက်ပြီး..ဆိုဖာပေါ်ရှိခေါင်းအုံးနှင့်ထုရိုက်တော့သည်။
"ခင်ဗျား.. သူများတွေကိုအဲ့လိုလျှောက်ပြောစရာလား..ဟမ်..ကဲဟယ်..ပြောချင်ဦး..နှာဘူးကောင်..နှာဘူးကြီး.."
"အ့..အာ့..မောင်နာတယ် မရိုက်နဲ့ဘေဘီရယ်"
ဂျီမင်ရိုက်နေသည့်ခေါင်းအုံးအား..ဂျောင်ကုဆွဲယူပြီး..မူးမူးရူးရူးရူးဖြင့်ပြောနေသည်။
"ဘာ!! ဘေဘီ၊မောင် ဟုတ်လား..ခင်ဗျား ကျွန်တော့်ကိုဘယ်သူများမှတ်နေလဲ..ဟမ်..အဲ့တာဘယ်ကောင်မကခေါ်တာလဲပြောစမ်း..ဂျွန်ဂျောင်ကု "
"ဟီးဟီး... အေ့..ကိုယ့်ရဲ့လေဒီလေး..ဘေဘီ ဆန်ဒရာ(Sandra).."
ရင်ဘတ်ကိုပုတ်ပြကာ..ပြုံးပြုံးကြီးပြောသည့်ဂျောင်ကုကြောင့်ဂျီမင်လည်းငိုချင်စိတ်ပါပေါက်လာသည်။လုပ်ရက်လိုက်တာ... ခင်ဗျား.. တကယ်ရက်စက်တယ်..
"ဆန်...ဆန်ဒရာ ဂျွန်ဂျောင်ကု ခင်ဗျား နဲ့ကျွန်တော်လက်ထပ်တာ ဘယ်လောက်ကြာသေးလို့..နောက်မီးလင်းနေတာလဲ..ပြောစမ်း..ကျွန်တော့်ကိုပြောစမ်းပါ"
ဂျီမင်ဒေါသထွက်လွန်းလို့... အောက်နှုတ်ခမ်းအား ခပ်တင်းတင်းဖိကိုက်ထားသည်။မျက်ဝန်းတို့သည်လည်းနီရဲကာမျက်ရည်များဝေ့သီနေသည်။တင်းကြပ်လာသည့် ရင်ဘတ်နှင့်အတူမွန်းကြပ်ခြင်းတို့သည်လည်း..နှလုံးသားအားပိုနာကျင်စေသည်။
ဘာကြောင့်များ..ခင်ဗျား နဲ့ကျွန်တော်လက်ထပ်တာ တစ်ပတ်တောင်မပြည့်သေးဘဲ..ဘယ်လိုဖြစ်ရတာလဲ ...ကျွန်တော်ကဘာများဖြစ်နေလို့လဲ..မိန်းကလေး တစ်ယောက် နဲ့ထပ်ပြီးပက်သက်ရတာလဲ..ကျွန်တော်ကယောကျာ်းလေးဆိုပေမယ့်..ခင်ဗျား ကိုအလိုမလိုက်ခဲ့တာရှိလို့လား ..ရက်စက်လိုက်တာ ဂျွန်ဂျောင်ကုခင်ဗျား သိပ်ရက်စက်တယ်ဗျာ..
"ဘေ..ဘီ..ဟုတ်တယ် လေ..ဆန်ဒရာ..သူကမောင်လို့ခေါ်တာ..အေ့..မင်ယောင်းကိုအေ့မင်ယောင်းရဲ့ဘေဘီက..သူ့ကိုမောင်လို့ခေါ်တာ..အေ့..သူကကိုယ်ရဲ့ဝေီဆိုပြီး..ဆန်ဒရာကိုခေါ်လို့အေ့..ခေါ်ကြည့်တာ..မင်းကို..အေ့''
"ဟမ်..သေချာပြန်ပြောစမ်း..ဆန်ဒရာကဘယ်သူလဲ"
"မင်ယောင်းရဲ့ဘေဘီပါဆိုနေ..အင့်"
"ခင်ဗျား ဖောက်ပြန်နေတာမဟုတ်ဘူးလား"
"အော်ဟော..မင်းငါ့ကိုဘာများမှတ်နေလဲငါ့မှာမင်လေးရှိတယ်..ငါ့ယောကျာ်းမင်းလည်းငါ့ကိုမချိန်နဲ့ ငါမှာကလေးရှိတယ်..သွားစမ်..ဝေးဝေး"
သူ့အား..အတင်းတွန်းထုတ်နေသည့်ဂျွန်ဂျောင်ကုကြောင့် လူကရယ်ရခက်ငိုရခက်။ခင်ဗျား ဟာလေလူကိုငိုရအောင်သိပ်လုပ်တာပဲ။မကောင်းတဲ့လူကြီး..။ဂျီမင်..ဂျောင်ကုအားတင်းကြပ်စွာဖက်လိုက်ပြီး..တရှုံရှုံငိုနေသည်။သူ့မှာ..ဂျောင်ကုတကယ်ဖောက်ပြန်နေသည်ဟုထင်ကာရင်နာလိုက်ရတာ..။ပြီးတော့..သူ့သူငယ်ချင်းရည်းစားဖြစ်နေသည်။
"ငိုနဲ့... ငိုနဲ့... မင်းကမင်လေးနဲ့တူတယ်..အလကားနေငိုတာပဲ..အေ့.."
ဂျီမင်ဖက်ထာရာမှခွာလိုက်ပြီး..ဂျောင်ကုပါးအားခပ်ဆတ်ဆတ်ရိုက်ကာ
"ခင်ဗျား သေချာကြည့်ဦး..ကျွန်တော်ကခင်ဗျားမင်လေး"
အဲ့တော့မှ..သူ့အားအပြူးအပြဲလာကြည့်သည့်ပြီး...ခေါင်းတငြိမ့်ငြိမ့်နဲ့..ခေါင်းအုံးပေါ်မျက်နှာအပ်ကာအိပ်ပျော်သွားသည်။အင်း..ဒီနေ့ခင်ဗျားအဲ့မှာပဲအိပ်..ခင်ဗျား ကိုယ်လုံးကြီးကိုကျွန်တော်မသယ်နိုင်ဘူး..။
______________________
လေးနှစ်ကြာသော်....
"ကိုရေ..ကို..ကလေးလာထိန်းလို့.."
မီးဖိုချောင်တွင်ဟင်းချက်နေသည့်..ဂျီမင်သည်အိမ်ပေါ်ရှိဂျောင်ကုအား..လှမ်းအော်နေသည်။
"လာပြီ..လာပြီ..ဟာbaby minမင်းလျှောက်သွားနေပြန်ပြီလား.."
တောက်..တောက်၊တောက်..တောက်နှင့်လျှောက်သွားနေသည့်..မင်မင်လေးအား..နောက်မှလိုက်ဖမ်းကာ..ဂျောင်ကုပွေ့ချီလိုက်ပြီး..ပါးဖြူဖြူဖောင်းဖောင်းလေးအား..တစ်ဖက်မွှေးကြူလိုက်သည်။
"အဲ့..ဒယ်ဒီ..ခစ် ခစ်.."
အခုဆို..ဂျောင်မင်လေးကသုံးနှစ်ကျော်ကျော်လေးနှစ်အရွယ်လေးရောက်နေပြီ။စကားမပီကလာပီကလာ..ပြောတတ်ပြီး..ဟိုဟိုဒီဒီလျှောက်သွားတတ်တာကြောင့်..ဂျောင်ကုမှာအမြဲတမ်းပြေးလိုက်ကာထိန်းနေရသည်။
"လာ..မနက်စာလာစား"
မီးဖိုချောင်ထဲမှဂျီမင်က..အိမ်ရှေ့ရှိသားအဖအားပြောလိုက်သည်။ကို ကအခုဆို ဆရာဝန်ပေါက်စလေးတောင်ဖြစ်နေပြီ..။ယောက္ခမကြီး ရဲ့သူငယ်ချင်းဆေးရုံမှာအလုပ်ဝင်လုပ်နေတယ်လေ..။
ကျွန်တော်က တော့..အင်ဂျင်နီယာတစ်ယောက် ဖြစ်လာပြီ။
ထယ်ယောင်းဟျောင်းလည်း..နာမည်ကြီးအဆိုတော် ၊မင်းသာဖြစ်နေပြီ။ိဟိုဆော့ကအကသမားတစ်ယောက်ဖြစ်ချင်တာ။အစကတော့သူ့အမေကအနုပညာလမ်းကြောင်းကိုသဘောမတူဘူး..နောက်ပိုင်းဟိုဆော့ကအကြီးအကျယ်မစားမသောက်မအိပ်ဘဲဆန္ဒပြနေတာမို့သူ့အမေလည်းခွင့်ပြုလိုက်တာ။အခုဟိုဆော့ကတော့Dancer တစ်ယောက်အဖြစ်ရပ်တည်နေတယ်။ဟိုဆော့ကသင်တန်းတွေတောင်ပြန်ဖွင့်ပြီး..အကဆရာတစ်ယောက်တောင်နေပြီ။သတင်းကောင်းတစ်ခုကတော့..ဟိုဆော့နဲ့ထယ်ယောင်းဟျောင်းတို့တွဲနေကြပြီလေ။
မထင်ထားဘူးမလား..ကျွန်တော်လည်းစဉ်စားနေတာနှစ်ယောက်လုံးကရေခဲတုံးလိုဖြစ်နေတာကို..ဘယ်လိုတွဲဖြစ်ကြလဲမသိဘူး။
"မင်လေး..ကိုယ်ဆေးရုံသွားတော့မယ်နော်..သားကိုအမေ့ဆီမှာထားခဲ့လိုက်မယ်နော်"
"ဟုတ်..ကောင်းကောင်းသွားနော် "
ဂျောင်ကုသွားတာနဲ့..ဂျီမင်လည်း..အလုပ်သွားရန်ပြင်ဆင်ရတော့သည်။ကိုက ကျွန်တော့်ကိုအလုပ်ထွက်ခိုင်းတာ..။သူရှာကျွေးပါမယ်တဲ့လေ..။ကျွန်တော်ကသူ့လုပ်စာကြီးကိုထိုင်မစားချင်ဘူးလေ..အဲ့တာကြောင့်မနည်းချော့မော့ပြီး..အလုပ်ဆက်လုပ်နေတာ။
မိသားစုဘဝကတစ်ကယ်တော့ပျော်စရာကောင်းပါတယ်ဗျ။အချစ်တွေနဲ့တည်ဆောက်ထားတဲ့မိသားစုလေးပေါ့..အားလုံးက..မေတ္တာတွေ နဲ့အေးချမ်းတယ်။
>>>>>>>>>>>>>>>>>>>>
"ကို..ပြန်လာပြီလား.."
"အင်း..လာပါဦး..ကို်ယ့်ဆီကို.."
အနားသို့လျှောက်လာသည့်ဂျီမင်အား..ခါးကနေဆွဲကာသိမ်းကျုံးဖက်လိုက်ပြီး..
"ကိုယ့်ရဲ့အသည်းလေး..မင်လေးကိုတွေ့တော့ပင်ပန်းတာတွေပျောက်သွားပြီ.."
"ဘာတွေကပ်ချွဲနေတာလည်း.."
"ဘာမှမဟုတ်ပါဘူးကွာ..ချစ်တယ်..မင်လေး"
"ကျွန်တော်လည်း..ဒီကလူကြီးကိုသိပ်ချစ်ပါတယ်ဗျ"
ဂျောင်ကု၏ခါးကိုပြန်ဖက်တွယ်လိုက်ပြီး..ဂျောင်ကု၏ကိုယ်သင်းနံ့ကိုရှူရှိုက်နေမိသည်။ဒီလူကြီးဟာလေ..ဒီနှစ်အတွင်းပိုခန့်ပိုချောလာပြီးအရပ်ကလည်းရှည်လာသေးသည်။မနာလိုလိုက်တာ..ဒီတိုင်းဆိုမိန်းကလေးတွေဝိုင်းဝိုင်းလည်နေမှာ..။ကလေးအဖေလို့ဘယ်သူကထင်မှာလဲ။အသက်လည်းငယ်ငယ်လေးရှိသေးတယ်။
"ကို... ကိုကကျွန်တော့်အပိုင်နော်..ဘယ်သူကိုမှထပ်မချစ်ရဘူး.."
"အင်း..ကိုယ်ကမင်လေးတစ်ယောက်တည်းရဲ့အပိုင်..မင်လေးကလွဲပြီး..ဘယ်သူ့ကိုမှထပ်မချစ်ပါဘူးဗျ..အရမ်းချစ်တယ် "
ဂျီမင်၏မေးစေ့လေးကိုကိုင်ကာမျက်နှာကိုအသာလေးမော့စေပြီး..နူးညံ့သော နှုတ်ခမ်းနုနုတို့အား..ညင်သာယာစွာထိကပ်၍အနမ်းတို့လှပစွာရေးဆွဲရင်း..ဂျီမင်ထံ၌အနမ်း တံဆိပ် ခတ်နှိပ်ကာသူ၏အပိုင်ဖြစ်ကြောင်းသက်သေပြခဲ့သည်။
မေတ္တာဆိုတာ ရောင်ပြန်ဟပ်ပါတယ်..အချစ်ဆိုတာလည်းအသွားရှိရင်အလာရှိတယ်။ကျွန်တော်ဂျီမင်ကို ချစ်ခဲ့တယ်..နှလုံးသား တစ်ခုလုံးကိုပုံအပ်ပြီးချစ်ခဲ့တာ..သူကပြန်မချစ်ခဲ့လို့နာကျင်ရပေမယ့်လည်း..အခုကျွန်တော်ပြန်ရလိုက်တဲ့သူရဲ့အချစ်တွေကြောင့်..ကျွန်တော်နာကျင်ရတာကမဆိုသလောက်ပါပဲ။အဆုံးသတ်လှပဖို့..အများကြီးနာကျင်ခဲ့ရတယ်..ကျွန်တော်ဟာအချစ်ရူးတစ်ယောက်ဖြစ်ခဲ့တယ်။အခုတော့..ပတ်ဂျီမင်ကိုချစ်လွန်းလို့..ဂျီမင်ရူးဖြစ်နေပြီ။
အချစ်ဦး..ရည်းစာဦးမဟုတ်ပေမယ့်တသက်တာအတွက်..အချစ်ဆုံးသောနှလုံးသားတစ်ခုနှင့်ရင်းပြီးချစ်ရသည့်သူသည်ပတ်ဂျီမင်တစ်ယောက်သာ။
The End.......
အခုနောက်ဆုံးအပိုင်းထိဖတ်ရှူ့ပေးခဲ့ကြသည့်စာဖတ်သူအားလုံးကိုကျေးဇူးတင်ရှိပါတယ်။အရေးအသားမသေသတ်သေးတာတွေလိုအပ်သေးတာတွေရှိသေးတဲ့အတွက်..သည်းခံဖတ်ပေးကြတဲ့စာဖတ်သူတို့အားအလွန်ကျေးဇူးတင်ရှိပါတယ်။နောက်လည်းသည်ထက်ပိုကောင်းအောင်ရေးနိုင်ဖို့ကြိုးသားသွားပါ့မယ်။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)