Fanfics

Ep -24

16:10, 22 October 2023

"ေနာက္ေန႔မွ သြားၾကတာေပါ့ဒီေန႔နားလိုက္ဦး"

"အင္းပါ..ေနာက္ေန႔ၾကမွသြားၾကတာေပါ့"

ဂ်ီမင္လည္း..စိတ္ေလ်ွာ့လိုက္ၿပီးေဂ်ာင္ကုေပါင္ေပၚသို႔တက္ထိုင္ကာရင္ခြင္ထဲတိုးဝင္လိုက္သည္။

"ဘာလိုခ်င္လို႔လဲ... "

ဂ်ီမင္ ဆံႏြယ္ေလးေတြအား..အသာအယာကိဳင္ၿပီး..ေဂ်ာင္ကုေမးသည္။

"ဘာလိုခ်င္တယ္လို႔ထင္လဲ"

"လိုခ်င္တာေျပာေလ...ဝယ္ေပးမယ္ "

"ကို...ကြၽန္ေတာ့္ကိုတကယ္ခ်စ္ေသးလို႔လား"

"အင္း...ခ်စ္ေတာ့မခ်စ္ေတာ့ဘူး..ဒါေပမယ့္ "

ဂ်ီမင္ ေဂ်ာင္ကုရင္ဘတ္ကို မ်က္ႏွာအပ္ကာခြၽဲေနရာမွ ႐ုတ္တရပ္ခါးဆန္႔လိုက္ၿပိး..ေဂ်ာင္ကုအား..မ်က္ေစာင္းထိုးကာ ၾကည့္ေနသည္။

"စတာ...စတာ..ငါမင္းကိုမခ်စ္ဘဲေနမလား..ခ်စ္လြန္းလို႔ အရာရာသည္းခံခဲ့တာ..အခုလည္း..မင္းေလးေၾကာင့္အိမ္ေရာက္ရင္အထိုးခံရေတာ့မယ္"

"ဟင့္အင္း..မျဖစ္ဘူး..ဘာကိစၥအထိုးခံရမွာလဲကြၽန္ေတာ္႐ွိသ၍ ကို႔ကိုဘယ္သူမွမထိေစရဘူး"

"ဟားဟား..ဟုတ္ပါၿပီ.. ဒါနဲ႔အခုဆိုအသက္ဘယ္ေလာက္႐ွိၿပီလဲမင္"

"၂၂"

"ငယ္ေသးတာပဲ"

"ဒါေပါ့..ကို ကြၽန္ေတာ္ ့လိုငယ္ငယ္ေခ်ာေခ်ာေလးရထားတာကံေကာင္းတယ္မွတ္"

"အာ..အဲ့ဒါဆို..ကိုယ္ကအဘိုးႀကီးမို႔လို႔လား"

ေဂ်ာင္ကု မဲ့႐ွံု႕ကာေျပာေတာ့ဂ်ီမင္ကသေဘာတက်ရယ္ကာ..ေျပာသည္။

"ဒါေပါ့..အဘိုးႀကီးေလ..ခင္ဗ်ား ႀကီးေၾကာင့္ပဲ ဒီငယ္ငယ္ေခ်ာေခ်ာေလးကေစာေစာစီးစီးကေလးအေဖျဖစ္ရၿပီေလ"

"ဒါေတာင္ ကိုယ့္ကိုအဘိုးႀကီးလို႔ေျပာခ်င္ေသးတယ္ကိုယ္အဘိုးႀကီးမဟုတ္လို႔ပဲ..မင့္ကိုကိုယ္ဝန္ရေအာင္စြမ္းေဆာင္ႏိုင္တာေပါ့"

ေဂ်ာင္ကုစကားေၾကာင့္ ဂ်ီမင္နားရြက္ဖ်ားေလးေတြနီရဲလာသည္။

"ေအာ္ ဒါနဲ႔မင္ ေက်ာင္းျပန္တက္ရမယ္ေနာ္မနက္ျဖန္ကစၿပီးေတာ့"

"ကိုေရာ မတက္ေတာ့ဘူးလား"

"အင္း... ကိုယ္အေဖစိတ္ခ်မ္းသာေအာင္ကုမၼဏီမွာပဲဝင္လုပ္မယ္လို႔စိတ္ကူးထားတယ္"

"ႏွေျမာဖို႔ေကာင္းလိုက္တာ..အဲ့ဒါမ်ား ဆရာဝန္လိုင္းယဴၿပီး စာေတြက်က္ေနေသးတယ္"

"ဘယ္သိမလဲ..အနာဂတ္မွာဒီလိုျဖစ္လာမယ္လို႔ဒါမွမဟုတ္ ဆရာဝန္လိုင္းပဲဆက္တက္ရမလား..သားဖြားမီးယပ္ လိုင္းယူလိုက္မယ္ေလအဲ့တာမွ မင္ေလး ကေလးေမြးရင္ကိုယ္ကိုတိုင္ေမြးေပးလို႔ရမွာ"

"ေအာ..ေနာက္ကေလးယူမယ္စဥ္းစားေနေသးတယ္..ဒီကေလးေတာင္ႏိုင္ေအာင္ထိန္းပါဦး"

"ကေလးကဘာမႏိုင္စရာ႐ွိလို႔လဲ..အခုေတာင္သူ႔ဘာသာသူအိပ္ေနတဲ့ဟာကို"

"ကေလးေမြးရတာလြယ္တယ္မွတ္ေနလားကြၽန္ေတာ္ေသၿပီလို႔ေတာင္ထင္ေနတာ..အရမ္းနာလြန္းလို႔... ကိုယ္ဝန္ေဆာင္လြယ္တယ္မ်ားထင္ေနလားဗိုက္ခံေနလို႔ ထိုင္မရထမရ..အိပ္မရတာေတြက်န္တာအမ်ားႀကီး႐ွိေသးတယ္.."

"အကိုေလး..အဲ့လိုမေျပာပါနဲ႔ ခင္ဗ်ား ေလးပူဆာသမ်ွ ေန႔ညမေရြး ညအခ်ိန္မေတာ္ႀကီးလုပ္ေပးရတဲ့ကြၽန္ေတာ္မ်ိဳးကေရာ..ၿပီးေတာ့..ပစ္ပယ္ခံရေသးတယ္..ခင္ဗ်ား ေလးကိစၥေတြကိုတစ္ေနကုန္မညည္းမညဴ လုပ္ေပးရတဲ့ကြၽန္ေတာ္မ်ိဳးကပိုေတာင္ပင္ပန္းေသးတယ္"

"ကြၽန္ေတာ္ကပိုပင္ပန္းတာပါေနာ္ မယံုရင္ခင္ဗ်ားကိုယ္ဝန္ေဆာင္ၾကည့္ပါလား"

"မေဆာင္ပါဘူး.."

"လူယုတ္မာ အဘိုးႀကီး"

ေဂ်ာင္ကုသည္ သူ၏ေပါင္ေပၚတြင္ထိုင္ေနသည့္ဂ်ီမင္အားဆိုဖာေပၚသို႔တြန္းလွဲလိုက္ကာအေပၚကအုပ္မိုးလိုက္ၿပီး..

"အဘိုးႀကီး..ဟုတ္လား.."

"ဟုတ္တယ္..အဘိုးႀကီး"

"ကိုယ္က..အဘိုးႀကီးဟုတ္လား..မဟုတ္လားသတ္ေသျပရမလား"

Jungkook စကားေၾကာင့္ ဂ်ီမင္လန္႔သြားသည္။

"မျဖစ္ဘူး..မျဖစ္ဘူး..ကြၽန္ေတာ္ယံုပါတယ္အဘိုးႀကီးမဟုတ္ဘူးဆိုတာ"

အခ်ိဳသတ္ကာေျပာၿပီး..ထထိုင္ရန္လုပ္ေတာ့ ေဂ်ာင္ကုသည္..ဂ်ီမင္အားျပန္လွဲခ်ကာေျပာသည္။

"ဘာျဖစ္တာလဲ.. ေၾကာက္လို႔လား"

"မ...မဟုတ္ပါဘူး အဟမ္း...ကေလးကိုသြားသိပ္လိုက္ဦးမယ္"

ဂ်ီမင္ပတ္ေ႐ွာင္ေနေသာေၾကာင့္..ေဂ်ာင္ကုကရယ္လိုက္ၿပီး..ေျပာသည္။

"ကေလးကသူ႔ဘာသာသူအိပ္ေနတာပါေနာ္ဟိုေန႔ကၾကေတာ့..ေရခ်ိဳးခန္းထဲထိေခၚၿပီးေတာ့"

"ဟို...ဟိုေလ..အဲ့တာက"

ဂ်ီမင္၏ဆက္ေျပာမည့္စကားမ်ားကို ေဂ်ာင္ကုကႏႈတ္ခမ္းတို့ျဖင့္ပိတ္ကာ အနမ္းတို႔ျဖင့္ေ႐ွ႕ဆက္ခဲ့သည္။_____________________

ေရခ်ိဳးခန္းမွထြက္လာၿပီး..ကုတင္ေပၚ႐ွိ ေစာင္ပံုထဲတြင္နစ္ဝင္ကာအိပ္ေပ်ာ္ေနသည့္ဂ်ီမင္အား..ၾကည့္ၿပီးေဂ်ာင္ကုျပံဳးကာၾကည့္ေနသည္။

ေစာင္ပံုၾကားထဲမွ တစ္စြန္းတစ္စ ထြက္ေပၚေနသည့္ ပုခံုးျဖဴျဖဴထက္တြင္အနီေရာင္အကြက္မ်ားက..အႏွံ႔အျပား႐ွိေနသည္။ႏႈတ္ခမ္းဖူးဖူးတို႔၏ ေထာင့္စြန္းတြင္ေပါက္ေနၿပီးကုတင္ေပၚတြင္ေျခကားယား လက္ကားယားျဖင့္အိပ္ေပ်ာ္ေနသည္။

ဗီ႐ိုထဲမွာ အက်ႌတစ္ထည္အား..ေကာက္ဝတ္ကာ..အိပ္ယာေပၚ႐ွိ ၾကက္ေပါက္ေလးကိုေရခ်ိဳးခန္းထဲသို႔ ခ်ီၿပီး..သန္႔စင္ေပးရေသးသည္။ထို႔ေနာက္ အက်ႌတစ္ထည္ယူကာဝတ္ေပးၿပီး..ေစာင္ျပန္ျခံဳကာ ျပန္အိပ္ေစသည္။ကုတင္ေပၚကၾကက္ေပါက္ေလးကေတာ့..တစ္ေရးေတာင္မႏိုးဘဲ အိပ္ေနတာမ်ား။

"ပင္ပန္းသြားၿပီ ကိုယ့္ရဲ႕မင္ေလး"

ေဂ်ာင္ကု က ဂ်ီမင္ရဲ႕နဖူးေလးအားခပ္ဖြဖြေလး နမ္းကာ ေအာက္ထပ္သို႔ဆင္းသြားသည္။_________________________

Taehyungႏွင့္ဟိုေဆာ့တို႔ ဘူဆန္သို႔ေရာက္႐ွိခဲ့ၿပီ။ထိုင္ခံကိုေနာက္လွန္ခ်ကာ ေကြးေကြးေလးအိပ္ေနသည ဟိုေဆာ့ကိုမႏိႈးေတာ့ဘဲ..အေႏြးထည္အားဟိုေဆာ့ကိုယ္ေပၚသို႔ျခံဳေပးကာ..ဟိုတယ္ထဲသို႔အရင္ဝင္ခဲ့သည္။

"ညမ တစ္ေယာက္ခန္းႏွစ္ခန္းေပးပါ အကိုႀကိဳၿပီးဘိုကင္ယူထားတဲ့အခန္းေပးပါအကိုကKim groupကကင္ထယ္ေယာင္းပါ"

"ဟုတ္ကဲ့..မန္ေနဂ်ာႀကိဳေျပာထားပါတယ္..တစ္ေယာက္ခန္းေနာက္တစ္ခန္းက..အထူးေနရာေဘးကပဲေပးရမလား႐ွင့္"

"Special ထဲကပဲေပးပါ"

"ႏွစ္ေယာက္ခန္းပဲ႐ွိေတာ့တယ္႐ွင့္..ကုတင္ကေတာ့ ႏွစ္လံုးပါ "

"အဲ့ဒါဆို special ႏွစ္ေယာက္ခန္းပဲယူလိုက္မယ္..ဘိုကင္လုပ္ထားတဲ့အခန္းဖ်က္ေပးပါ"

"ဟုတ္ကဲ့..အခန္းေသာ့ပါ႐ွင့္..လိုက္ပို႔ေပးရဦးမလား"

ေပးသည့္အခန္းေသာ့အားယူၿပီး..ထယ္ေယာင္းျပန္ေျပာသည္။

"ရပါတယ္ ကြၽန္ေတာ္တို႔အျပင္သြားဦးမွာမို႔..ျပန္လာရင္ေနာက္က်မွာ.."

"ေအာ္..ဟုတ္ကဲ့"

ထယ္ေယာင္းလည္း..ကားဆီသို႔ျပန္လာကာကားထဲသို႔ျပန္ဝင္ထိုင္လိုက္ၿပီး..အခုထိအိပ္ေပ်ာ္ေနသည့္ဟိုေဆာ့အား..ႏိႈးလိုက္သည္။

"Hoseok shi..ဘူဆန္ေရာက္ၿပီ..ထေတာ့"

ထယ္ေယာင္းလႈပ္ႏႈိးမႈေၾကာင့္..ဟိုေဆာ့ႏိုးလာခဲ့သည္။

"အာ...ေတာင္းပန္ပါတယ္ ကြၽန္ေတာ္အိပ္ေပ်ာ္သြားလို႔"

"ရပါတယ္..အခုကြၽန္ေတာ္ႏွစ္ေယာက္ခန္း တစ္ခန္းယူထားတယ္..ဟိုတယ္မွာပဲနားမလားေလ်ွာက္သြားဦးမလား"

"ႏွစ္ေယာက္အခန္းလား"

ဟိုေဆာ့..စိုးရိမ္မိသြားသည္မွာအမွန္..။ေယာက်ာ္း ေလးႏွစ္ေယာက္ဆိုတာဟုတ္ေပမယ့္ႏွစ္ေယာက္ ခန္းထဲမွာေနရမွာဆိုေတာ့တစ္မ်ိဳးေတာ့ျဖစ္မိသား။

"ကုတင္ႏွစ္ခုပါ..အဆင္မေျပရင္ သြားျပန္လဲေပးမယ္"

"အာ..မဟုတ္တာ..ရပါတယ္ကြၽန္ေတာ္ကဒီတိုင္းေမးၾကည့္တာပါ..စီနီယာလုပ္စရာ႐ွိတာလုပ္ပါ..ကြၽန္ေတာ္ကဟိုတယ္မွာေနခဲ့လည္းရပါတယ္"

"ကိုယ္က တစ္ခုခုသြားစားမလားလို႔..အလုပ္ကမနက္ျဖန္မွပါ"

"အဲ့ဒါဆိုလည္း..တစ္ခုခုသြားစားၾကမယ္ေလ"

"ဟုတ္ၿပီ.."

ဟူး...ေတာ္ေသးတယ္..။ကုတင္ႏွစ္ခုမို႔လို႔..လန္႔လိုက္တာ ။ဟိုေဆာ့ႏွင့္ထယ္ေယာင္းကအရမ္းခင္မင္ရင္းႏွီးသည့္သူမ်ားမဟုတ္ေတာ့ဟိုေဆာ့အေနႏွင့္ေနရထိုင္ရခက္လွသည္။မျဖစ္မေနမို႔လို႔သာ..အကူညီေတာင္းမိတာျဖစ္သည္။တစ္ကယ္တမ္းၾကရင္..စကားဆယ္ခြန္းျပည့္ေအာင္ေတာင္မေျပာႏိုင္ၾကဘူး။

"Hoseok shi ရင္းရင္းႏွီးႏွီး သက္သက္သာသာေနပါ..အကိုတစ္ေယာက္လိုသေဘာထားၿပီး..ရင္းရင္းႏွီးႏွီးေနလို႔ရပါတယ္"

စီနီယာ ထယ္ေယာင္းဘက္ကထိုသို႔..ေျပာလာသည္ေၾကာင့္..စိတ္သက္သာရာရမိသည္။

"ဟုတ္.. "

"လြတ္လြတ္လပ္လပ္ ေနေပါ့..စိတ္ေျဖေလ်ွာ့တဲ့အေနနဲ႔ စိတ္ကေနရၾကပ္ေနရင္ လူကလည္းေနရၾကပ္လိမ့္မယ္"

"ဟုတ္..ေက်းဇူးပါ "

"ငါ့ကိုမင္းအကိုတစ္ေယာက္လိုသေဘာထားလိုက္ "

"ဟုတ္.."

ထယ္ေယာင္းႏွင့္ဟိုေဆာ့တို႔ စားေသာက္ဆိုင္တစ္ဆိုင္သို႔..ဝင္ခဲ့သည္။

"စီနီယာ ႀကိဳက္တာမွာလိုက္ပါ ကြၽန္ေတာ္ကဘာျဖစ္ျဖစ္စားပါတယ္"

"အင္း..အဲ့တာဆိုကို္ယ္ပဲမွာလိုက္မယ္"

ထယ္ေယာင္း..အစားအေသာက္မွာၿပီး..ဖုန္းခနသံုးေနစဥ္..

"ထယ္ေယာင္း"

"ဗ်ာ..အေဖ ဘယ္လိုလုပ္ေရာက္ေနတာလဲ "

"အေဖက ညစာစားပြဲ႐ွိလို႔..လာတာ..မနက္ျဖန္ အလုပ္ကိုအေဖပဲလုပ္လိုက္မယ္..သားျပန္ရင္ျပန္မျပန္ရင္လည္း နားဦးေပါ့"

ထယ္ေယာင္းအေဖသည္..ထယ္ေယာင္းအားစကားေျပာေနရင္း..ဟိုေဆာ့အားသတိထားမိသြားသည္။

ဟိုေဆာ့သည္မဂၤလာေဆာင္ခါနီး..ခိုးေျပးသြားသည္ဟူ၍ သီတင္းသည္ပ်ံႏွံ႕ေနတာေၾကာင့္ မသိတဲ့သူမ႐ွိေပ။ထယ္ေယာင္း၏အေဖသည္လည္း ေသခ်ာေပါက္သိလိမ့္မည္ဟု ထင္သည္။

"ေဂ်ာင္ဟိုေဆာ့ မဟုတ္လားသားက..ထယ္ေယာင္းမဟုတ္မွလြဲေရာ မင္းတို႔ခိုးေျပးလာၾကတာလား ''

Unicode

"နောက်နေ့မှ သွားကြတာပေါ့ဒီနေ့နားလိုက်ဦး"

"အင်းပါ..နောက်နေ့ကြမှသွားကြတာပေါ့"

ဂျီမင်လည်း..စိတ်လျှော့လိုက်ပြီးဂျောင်ကုပေါင်ပေါ်သို့တက်ထိုင်ကာရင်ခွင်ထဲတိုးဝင်လိုက်သည်။

"ဘာလိုချင်လို့လဲ... "

ဂျီမင် ဆံနွယ်လေးတွေအား..အသာအယာကိုင်ပြီး..ဂျောင်ကုမေးသည်။

"ဘာလိုချင်တယ်လို့ထင်လဲ"

"လိုချင်တာပြောလေ...ဝယ်ပေးမယ် "

"ကို...ကျွန်တော့်ကိုတကယ်ချစ်သေးလို့လား"

"အင်း...ချစ်တော့မချစ်တော့ဘူး..ဒါပေမယ့် "

ဂျီမင် ဂျောင်ကုရင်ဘတ်ကို မျက်နှာအပ်ကာချွဲနေရာမှ ရုတ်တရပ်ခါးဆန့်လိုက်ပြိး..ဂျောင်ကုအား..မျက်စောင်းထိုးကာ ကြည့်နေသည်။

"စတာ...စတာ..ငါမင်းကိုမချစ်ဘဲနေမလား..ချစ်လွန်းလို့ အရာရာသည်းခံခဲ့တာ..အခုလည်း..မင်းလေးကြောင့်အိမ်ရောက်ရင်အထိုးခံရတော့မယ်"

"ဟင့်အင်း..မဖြစ်ဘူး..ဘာကိစ္စအထိုးခံရမှာလဲကျွန်တော်ရှိသ၍ ကို့ကိုဘယ်သူမှမထိစေရဘူး"

"ဟားဟား..ဟုတ်ပါပြီ.. ဒါနဲ့အခုဆိုအသက်ဘယ်လောက်ရှိပြီလဲမင်"

"၂၂"

"ငယ်သေးတာပဲ"

"ဒါပေါ့..ကို ကျွန်တော် ့လိုငယ်ငယ်ချောချောလေးရထားတာကံကောင်းတယ်မှတ်"

"အာ..အဲ့ဒါဆို..ကိုယ်ကအဘိုးကြီးမို့လို့လား"

ဂျောင်ကု မဲ့ရှုံ့ကာပြောတော့ဂျီမင်ကသဘောတကျရယ်ကာ..ပြောသည်။

"ဒါပေါ့..အဘိုးကြီးလေ..ခင်ဗျား ကြီးကြောင့်ပဲ ဒီငယ်ငယ်ချောချောလေးကစောစောစီးစီးကလေးအဖေဖြစ်ရပြီလေ"

"ဒါတောင် ကိုယ့်ကိုအဘိုးကြီးလို့ပြောချင်သေးတယ်ကိုယ်အဘိုးကြီးမဟုတ်လို့ပဲ..မင့်ကိုကိုယ်ဝန်ရအောင်စွမ်းဆောင်နိုင်တာပေါ့"

ဂျောင်ကုစကားကြောင့် ဂျီမင်နားရွက်ဖျားလေးတွေနီရဲလာသည်။

"အော် ဒါနဲ့မင် ကျောင်းပြန်တက်ရမယ်နော်မနက်ဖြန်ကစပြီးတော့"

"ကိုရော မတက်တော့ဘူးလား"

"အင်း... ကိုယ်အဖေစိတ်ချမ်းသာအောင်ကုမ္မဏီမှာပဲဝင်လုပ်မယ်လို့စိတ်ကူးထားတယ်"

"နှမြောဖို့ကောင်းလိုက်တာ..အဲ့ဒါများ ဆရာဝန်လိုင်းယူပြီး စာတွေကျက်နေသေးတယ်"

"ဘယ်သိမလဲ..အနာဂတ်မှာဒီလိုဖြစ်လာမယ်လို့ဒါမှမဟုတ် ဆရာဝန်လိုင်းပဲဆက်တက်ရမလား..သားဖွားမီးယပ် လိုင်းယူလိုက်မယ်လေအဲ့တာမှ မင်လေး ကလေးမွေးရင်ကိုယ်ကိုတိုင်မွေးပေးလို့ရမှာ"

"အော..နောက်ကလေးယူမယ်စဉ်းစားနေသေးတယ်..ဒီကလေးတောင်နိုင်အောင်ထိန်းပါဦး"

"ကလေးကဘာမနိုင်စရာရှိလို့လဲ..အခုတောင်သူ့ဘာသာသူအိပ်နေတဲ့ဟာကို"

"ကလေးမွေးရတာလွယ်တယ်မှတ်နေလားကျွန်တော်သေပြီလို့တောင်ထင်နေတာ..အရမ်းနာလွန်းလို့... ကိုယ်ဝန်ဆောင်လွယ်တယ်များထင်နေလားဗိုက်ခံနေလို့ ထိုင်မရထမရ..အိပ်မရတာတွေကျန်တာအများကြီးရှိသေးတယ်.."

"အကိုလေး..အဲ့လိုမပြောပါနဲ့ ခင်ဗျား လေးပူဆာသမျှ နေ့ညမရွေး ညအချိန်မတော်ကြီးလုပ်ပေးရတဲ့ကျွန်တော်မျိုးကရော..ပြီးတော့..ပစ်ပယ်ခံရသေးတယ်..ခင်ဗျား လေးကိစ္စတွေကိုတစ်နေကုန်မညည်းမညူ လုပ်ပေးရတဲ့ကျွန်တော်မျိုးကပိုတောင်ပင်ပန်းသေးတယ်"

"ကျွန်တော်ကပိုပင်ပန်းတာပါနော် မယုံရင်ခင်ဗျားကိုယ်ဝန်ဆောင်ကြည့်ပါလား"

"မဆောင်ပါဘူး.."

"လူယုတ်မာ အဘိုးကြီး"

ဂျောင်ကုသည် သူ၏ပေါင်ပေါ်တွင်ထိုင်နေသည့်ဂျီမင်အားဆိုဖာပေါ်သို့တွန်းလှဲလိုက်ကာအပေါ်ကအုပ်မိုးလိုက်ပြီး..

"အဘိုးကြီး..ဟုတ်လား.."

"ဟုတ်တယ်..အဘိုးကြီး"

"ကိုယ်က..အဘိုးကြီးဟုတ်လား..မဟုတ်လားသတ်သေပြရမလား"

Jungkook စကားကြောင့် ဂျီမင်လန့်သွားသည်။

"မဖြစ်ဘူး..မဖြစ်ဘူး..ကျွန်တော်ယုံပါတယ်အဘိုးကြီးမဟုတ်ဘူးဆိုတာ"

အချိုသတ်ကာပြောပြီး..ထထိုင်ရန်လုပ်တော့ ဂျောင်ကုသည်..ဂျီမင်အားပြန်လှဲချကာပြောသည်။

"ဘာဖြစ်တာလဲ.. ကြောက်လို့လား"

"မ...မဟုတ်ပါဘူး အဟမ်း...ကလေးကိုသွားသိပ်လိုက်ဦးမယ်"

ဂျီမင်ပတ်ရှောင်နေသောကြောင့်..ဂျောင်ကုကရယ်လိုက်ပြီး..ပြောသည်။

"ကလေးကသူ့ဘာသာသူအိပ်နေတာပါနော်ဟိုနေ့ကကြတော့..ရေချိုးခန်းထဲထိခေါ်ပြီးတော့"

"ဟို...ဟိုလေ..အဲ့တာက"

ဂျီမင်၏ဆက်ပြောမည့်စကားများကို ဂျောင်ကုကနှုတ်ခမ်းတို့ဖြင့်ပိတ်ကာ အနမ်းတို့ဖြင့်ရှေ့ဆက်ခဲ့သည်။_____________________

ရေချိုးခန်းမှထွက်လာပြီး..ကုတင်ပေါ်ရှိ စောင်ပုံထဲတွင်နစ်ဝင်ကာအိပ်ပျော်နေသည့်ဂျီမင်အား..ကြည့်ပြီးဂျောင်ကုပြုံးကာကြည့်နေသည်။

စောင်ပုံကြားထဲမှ တစ်စွန်းတစ်စ ထွက်ပေါ်နေသည့် ပုခုံးဖြူဖြူထက်တွင်အနီရောင်အကွက်များက..အနှံ့အပြားရှိနေသည်။နှုတ်ခမ်းဖူးဖူးတို့၏ ထောင့်စွန်းတွင်ပေါက်နေပြီးကုတင်ပေါ်တွင်ခြေကားယား လက်ကားယားဖြင့်အိပ်ပျော်နေသည်။

ဗီရိုထဲမှာ အကျႌတစ်ထည်အား..ကောက်ဝတ်ကာ..အိပ်ယာပေါ်ရှိ ကြက်ပေါက်လေးကိုရေချိုးခန်းထဲသို့ ချီပြီး..သန့်စင်ပေးရသေးသည်။ထို့နောက် အကျႌတစ်ထည်ယူကာဝတ်ပေးပြီး..စောင်ပြန်ခြုံကာ ပြန်အိပ်စေသည်။ကုတင်ပေါ်ကကြက်ပေါက်လေးကတော့..တစ်ရေးတောင်မနိုးဘဲ အိပ်နေတာများ။

"ပင်ပန်းသွားပြီ ကိုယ့်ရဲ့မင်လေး"

ဂျောင်ကု က ဂျီမင်ရဲ့နဖူးလေးအားခပ်ဖွဖွလေး နမ်းကာ အောက်ထပ်သို့ဆင်းသွားသည်။_________________________

Taehyungနှင့်ဟိုဆော့တို့ ဘူဆန်သို့ရောက်ရှိခဲ့ပြီ။ထိုင်ခံကိုနောက်လှန်ချကာ ကွေးကွေးလေးအိပ်နေသည ဟိုဆော့ကိုမနှိုးတော့ဘဲ..အနွေးထည်အားဟိုဆော့ကိုယ်ပေါ်သို့ခြုံပေးကာ..ဟိုတယ်ထဲသို့အရင်ဝင်ခဲ့သည်။

"ညမ တစ်ယောက်ခန်းနှစ်ခန်းပေးပါ အကိုကြိုပြီးဘိုကင်ယူထားတဲ့အခန်းပေးပါအကိုကKim groupကကင်ထယ်ယောင်းပါ"

"ဟုတ်ကဲ့..မန်နေဂျာကြိုပြောထားပါတယ်..တစ်ယောက်ခန်းနောက်တစ်ခန်းက..အထူးနေရာဘေးကပဲပေးရမလားရှင့်"

"Special ထဲကပဲပေးပါ"

"နှစ်ယောက်ခန်းပဲရှိတော့တယ်ရှင့်..ကုတင်ကတော့ နှစ်လုံးပါ "

"အဲ့ဒါဆို special နှစ်ယောက်ခန်းပဲယူလိုက်မယ်..ဘိုကင်လုပ်ထားတဲ့အခန်းဖျက်ပေးပါ"

"ဟုတ်ကဲ့..အခန်းသော့ပါရှင့်..လိုက်ပို့ပေးရဦးမလား"

ပေးသည့်အခန်းသော့အားယူပြီး..ထယ်ယောင်းပြန်ပြောသည်။

"ရပါတယ် ကျွန်တော်တို့အပြင်သွားဦးမှာမို့..ပြန်လာရင်နောက်ကျမှာ.."

"အော်..ဟုတ်ကဲ့"

ထယ်ယောင်းလည်း..ကားဆီသို့ပြန်လာကာကားထဲသို့ပြန်ဝင်ထိုင်လိုက်ပြီး..အခုထိအိပ်ပျော်နေသည့်ဟိုဆော့အား..နှိုးလိုက်သည်။

"Hoseok shi..ဘူဆန်ရောက်ပြီ..ထတော့"

ထယ်ယောင်းလှုပ်နှိုးမှုကြောင့်..ဟိုဆော့နိုးလာခဲ့သည်။

"အာ...တောင်းပန်ပါတယ် ကျွန်တော်အိပ်ပျော်သွားလို့"

"ရပါတယ်..အခုကျွန်တော်နှစ်ယောက်ခန်း တစ်ခန်းယူထားတယ်..ဟိုတယ်မှာပဲနားမလားလျှောက်သွားဦးမလား"

"နှစ်ယောက်အခန်းလား"

ဟိုဆော့..စိုးရိမ်မိသွားသည်မှာအမှန်..။ယောကျာ်း လေးနှစ်ယောက်ဆိုတာဟုတ်ပေမယ့်နှစ်ယောက် ခန်းထဲမှာနေရမှာဆိုတော့တစ်မျိုးတော့ဖြစ်မိသား။

"ကုတင်နှစ်ခုပါ..အဆင်မပြေရင် သွားပြန်လဲပေးမယ်"

"အာ..မဟုတ်တာ..ရပါတယ်ကျွန်တော်ကဒီတိုင်းမေးကြည့်တာပါ..စီနီယာလုပ်စရာရှိတာလုပ်ပါ..ကျွန်တော်ကဟိုတယ်မှာနေခဲ့လည်းရပါတယ်"

"ကိုယ်က တစ်ခုခုသွားစားမလားလို့..အလုပ်ကမနက်ဖြန်မှပါ"

"အဲ့ဒါဆိုလည်း..တစ်ခုခုသွားစားကြမယ်လေ"

"ဟုတ်ပြီ.."

ဟူး...တော်သေးတယ်..။ကုတင်နှစ်ခုမို့လို့..လန့်လိုက်တာ ။ဟိုဆော့နှင့်ထယ်ယောင်းကအရမ်းခင်မင်ရင်းနှီးသည့်သူများမဟုတ်တော့ဟိုဆော့အနေနှင့်နေရထိုင်ရခက်လှသည်။မဖြစ်မနေမို့လို့သာ..အကူညီတောင်းမိတာဖြစ်သည်။တစ်ကယ်တမ်းကြရင်..စကားဆယ်ခွန်းပြည့်အောင်တောင်မပြောနိုင်ကြဘူး။

"Hoseok shi ရင်းရင်းနှီးနှီး သက်သက်သာသာနေပါ..အကိုတစ်ယောက်လိုသဘောထားပြီး..ရင်းရင်းနှီးနှီးနေလို့ရပါတယ်"

စီနီယာ ထယ်ယောင်းဘက်ကထိုသို့..ပြောလာသည်ကြောင့်..စိတ်သက်သာရာရမိသည်။

"ဟုတ်.. "

"လွတ်လွတ်လပ်လပ် နေပေါ့..စိတ်ဖြေလျှော့တဲ့အနေနဲ့ စိတ်ကနေရကြပ်နေရင် လူကလည်းနေရကြပ်လိမ့်မယ်"

"ဟုတ်..ကျေးဇူးပါ "

"ငါ့ကိုမင်းအကိုတစ်ယောက်လိုသဘောထားလိုက် "

"ဟုတ်.."

ထယ်ယောင်းနှင့်ဟိုဆော့တို့ စားသောက်ဆိုင်တစ်ဆိုင်သို့..ဝင်ခဲ့သည်။

"စီနီယာ ကြိုက်တာမှာလိုက်ပါ ကျွန်တော်ကဘာဖြစ်ဖြစ်စားပါတယ်"

"အင်း..အဲ့တာဆိုကို်ယ်ပဲမှာလိုက်မယ်"

ထယ်ယောင်း..အစားအသောက်မှာပြီး..ဖုန်းခနသုံးနေစဉ်..

"ထယ်ယောင်း"

"ဗျာ..အဖေ ဘယ်လိုလုပ်ရောက်နေတာလဲ "

"အဖေက ညစာစားပွဲရှိလို့..လာတာ..မနက်ဖြန် အလုပ်ကိုအဖေပဲလုပ်လိုက်မယ်..သားပြန်ရင်ပြန်မပြန်ရင်လည်း နားဦးပေါ့"

ထယ်ယောင်းအဖေသည်..ထယ်ယောင်းအားစကားပြောနေရင်း..ဟိုဆော့အားသတိထားမိသွားသည်။

ဟိုဆော့သည်မင်္ဂလာဆောင်ခါနီး..ခိုးပြေးသွားသည်ဟူ၍ သီတင်းသည်ပျံနှံ့နေတာကြောင့် မသိတဲ့သူမရှိပေ။ထယ်ယောင်း၏အဖေသည်လည်း သေချာပေါက်သိလိမ့်မည်ဟု ထင်သည်။

"ဂျောင်ဟိုဆော့ မဟုတ်လားသားက..ထယ်ယောင်းမဟုတ်မှလွဲရော မင်းတို့ခိုးပြေးလာကြတာလား ''

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories