Ep -23
18:14, 21 October 2023Jungkook ၏အေမသည္..ေဆြႀကီးမ်ိဳးႀကီးေတြထဲကမဟုတ္ဘဲ..သာမန္ မိန္းကေလးတစ္ေယာက္သာျဖစ္သည္။ေဂ်ာင္ကု၏အေဖနဲ႔အေမကို..သူ႔အဘြားကသေဘာမတူ၍ခိုးေျပးခဲ့ၾကသည္။အဲ့တာေၾကာင့္ပဲ..အဆင့္အတန္းမတူသည့္သူ႔အေမအား ခ်ဴစားသည္ဟု အျပင္းအထန္ကဲ့ရဲ႕႐ွံုခ်ခဲ့ၾကသည္။
ထယ္ေယာင္း၊ေဂ်ာင္ကုႏွင့္ယြန္းဂီတို႔ကငယ္ငယ္တည္းက တစ္ေယာက္နဲ႔တစ္ေယာက္အလြန္ခင္မင္ရင္ႏွီးလာၾကသည့္ သူငယ္ခ်င္းေတြျဖစ္ၾကသည္။သို႔ေပမယ့္..ဟိုဘီရဲ႕ကိစၥေၾကာင့္..ထယ္ေယာင္းႏွင့္ေဂ်ာင္ကု ေက်ာင္းတြင္အႀကီးအက်ယ္ရန္ျဖစ္ၾကၿပီး..ယြန္းဂီကၾကားထဲကေနဝင္တားရင္း... စိတ္မ႐ွည္ေတာ့ဘဲ တား၍မရတာေၾကာင့္ႏွစ္ေယာက္လံုးအား..တစ္ေယာက္တစ္ခ်က္စီထိုးရင္း ရန္ပြဲျဖစ္ပြားခဲ့သည္။
ရန္ျဖစ္ၿပီး သံုးေယာက္လံုး..တစ္ေယာက္ႏွင့္တစ္ေယာက္စူး႐ွစြာ စိုက္ၾကည့္ကာ..ေဒါသေျဖေနၾကသည္။
"ဂြၽန္ေဂ်ာင္ကု "
"ကင္ထယ္ေယာင္း "
"အမိႈက္လိုေကာင္ေတြ"
Yoongi ၏စကားကိုၾကားၿပီး..Taehyung နွင့္Jungkookတို႔၏အၾကည့္စူးစူးတို႔သည္ယြန္းဂီ ဆီသို႔က်ေရာက္သြားသည္။
"ဘာ..!!"
ထယ္ေယာင္းႏွင့္ ေဂ်ာင္ကုတို႔၏ေအာ္သံအက်ယ္ႀကီးေၾကာင့္ကန္တင္းမွာ႐ွိသည့္လူေတြအားလံုးအၾကည့္မ်ားကသူတို႔ေပၚသို႔ စုျပံဳကာ က်ေရာက္လာသည္။
"ဘာၾကည့္ေနတာလဲ!!"
Yoongiက ေဘးနားကၾကည့္ေနသည့္သူမ်ားကိုလွမ္းေအာ္လိုက္တာေၾကာင့္..တစ္ခ်ိဳ႕ကေၾကာက္သြားကာ..တစ္ခ်ိဳ႕ကလည္းကန္တင္းမွျမန္ျမန္ထြက္သြားသည္။
"ေတာ္ၾကေတာ့..မင္းတို႔လည္း..ေတာ္သင့္ၿပီ..ၿပီးတဲ့ကိစၥေတြကၿပီးေနၿပီ..အခုထက္ထိအညိဳးထားေနတုန္းပဲလား..ကေလးမဟုတ္သူငယ္မဟုတ္နဲ႔..ရန္ျဖစ္ေနၾကေသးတယ္..ဘယ္ေတာ့မွရင့္က်က္ၾကမွာလဲ"
ယြန္းဂီ စကားေၾကာင့္ ေဂ်ာင္ကု ကမေနႏိုင္မထိုင္ႏိုင္ ျပန္ေျပာသည္။
"ေဟ်ာင္းလည္း ရန္ျဖစ္တဲ့ထဲမွာပါတာပဲေလ"
"မင္းေတာ့..ငါလုပ္လိုက္ရ..ဘာကိစၥငါ့ကိုျပန္ခံေျပာေနတာလဲ"
ထယ္ေယာင္း၊ေဂ်ာင္ကုႏွင့္ယြန္းဂီသည္သူငယ္ခ်င္းမ်ားျဖစ္ေသာလည္း..ယြန္းဂီသည္သူတို႔ထပ္အသက္တစ္ႏွစ္ပိုႀကီး..အကိုလိုျဖစ္ေနတာေၾကာင့္..ယြန္းဂီကိုေတာ့ေၾကာက္ၾကသည္။ယြန္းဂီသည္စိတ္တိုလ်ွင္..ျခေသၤ့ တစ္ေကာင္ ဝင္စီးထားသကဲ့သို႔ေပါက္ကြဲတတ္သျဖင့္..ယြန္းဂီ ဆိုရင္ႏွစ္ေယာက္လံုးေၾကာက္ၾကသည္။အကိုတစ္ေယာက္ အျဖစ္ေလးစားၿပီးေၾကာက္သည္ဆိုလည္းမမွားေပ။
"မင္းတို႔..ေနာက္တစ္ခါရန္မျဖစ္ျကနဲ႔..နားလည္လား..ေနာက္တစ္ခါ ရန္ျဖစ္ရင္မင္းတို႔ကိုငါကိုယ္တိူင္ရဲစခန္းပို႔ပစ္မယ္"
ဘယ္သူ႔ဆီကမွ စကားသံမထြက္လာဘဲတစ္ေယာက္နဲ႔တစ္ေယာက္ ေပေစာင္းေစာင္းၾကည့္ေနသည့္အတြက္..ယြန္းဂီမွ
"ဂြၽန္ေဂ်ာင္ကု..ထယ္ေယာင္းကိုေတာင္းပန္လိုက္"
ထိုစကားၾကားေတာ့ ေဂ်ာင္ကုမွမခံမရပ္ႏိုင္ျဖစ္ၿပီးယြန္ဂီအားေျပာသည္။
"ေဟ်ာင္း..သူအရင္ရန္လာစတာေလ.."
ယြန္းဂီမွျပန္ေျပာသည္။
"ထယ္ေယာင္း..ေတာင္းပန္ပါတယ္ "
"ေဟ်ာင္း"
ထယ္ေယာင္းက..မေတာင္းပန္ခ်င္သျဖင့္..ယြန္းဂီအားေအာ္ေျပာသည္။
"မင္းတို႔ႏွစ္ေကာင္ကကေလးလား..အဲ့လိုျဖစ္ေနရေအာင္. အျပန္အလွန္ ေတာင္းပန္အခုခ်က္ခ်င္း"
"ေတာင္းပန္တယ္"
"ေအး..ေတာင္းပန္တယ္''
တစ္ေယာက္ နဲ႔တစ္ေယာက္ မ်က္ႏွာ လႊဲကာခပ္ျပတ္ျပတ္ေျပာေသာေၾကာင့္..ယြန္းဂီလည္းမွတ္ေလာက္သားေလာက္ေအာင္အျပစ္ေပးရမည္ဟုေကာက္ခ်က္ခ်လိုက္သည္။
"ေကြၽးလိုက္ေလ..ဘာလုပ္ေနတာလဲေန႔လည္စာငတ္ခ်င္လို႔လား"
"ေဟ်ာင္း..ဒါကဘာလဲ"
ထယ္ေယာင္း မွမေက်မခ်မ္းအသံျဖင့္..ယြန္းဂီအားေျပာသည္။
"၁...၂....၃"
"ေရာ့..စား"
"ေရာ့"
အျပန္အလွန္ထမင္းခြံ႕ေကြၽးခိုင္းေနသည့္..ယြန္းဂီကိုလြန္ဆန္ခ်င္ေသာလည္း..ေန႔လည္စာငတ္မွန္းသိတာေၾကာင့္..ေအာင့္အီးကာ..အျပန္အလွန္ ထမင္းခြံ႕ေကြၽးေနရသည္။ကန္တင္းတစ္ခုလံုးကလည္း...သူတို႔ကိုၾကည့္ကာလွမ္းရယ္ေနသည္။
"အသားထည့္ေလကြာ"
"အသားစားခ်င္ရင္..ကို္႔ဘာသာထည့္ေပါ့ကြ"
သူ႔အား ဆလပ္ရြက္ ႏွင့္ထမင္းနဲ႔ဘဲပတ္ကာေကြၽးေနသည့္ထယ္ေယာင္းကို ေဂ်ာင္ကုလွမ္းေအာ္လိုက္ရင္း..ထယ္ေယာင္းကလည္းျပန္ေအာ္သည္ေၾကာင့္..အေျခအေနတင္းမာသြားျပန္သည္။
"ႏွစ္ေယာက္လံုး အသားမပါဘဲ...ထမင္းစားခ်င္လို႔လား"
ယြန္းဂီ ကေလသံမာမာေျပာလိုက္မွ..ထယ္ေယာင္းကအသားထည့္ေပးသည္။ခြံ႕သာေကြၽးေနေပမယ့္..စိတ္ထဲမွာေတာ့..တစ္ေယာက္ နဲ႔တစ္ေယာက္ ဆဲေန႐ွာသည္။
<<<<<<<<<<<<<<<<<<<<<<<<
အရင္ကအေၾကာင္းေတြျပန္စဥ္းစားၿပီး..ထယ္ေယာင္းတစ္ေယာက္တည္းရယ္ေနမိသည္။
ဂ်ီမင္ကိုေလယာဥ္ကြင္းမွာသြားႀကိဳကတည္းက..ဂ်ီမင္ကေဂ်ာင္ကုကိုစိတ္ထဲတြင္ေမတၱာ႐ွိေနသည္မွန္းသူရိပ္မိခဲ့သည္။မၾကာပါဘူး..ကြၽန္ေတာ္ကိုလမ္းခြဲေပးဖို႔ဆိုလာသည္။သူလိမ္ညာခဲ့မိတာေတြအတြက္..ထယ္ေယာင္းအားကိုယ္တိုင္ေတာင္းပန္ခဲ့သည္။
__________________________
"Jimin..."
ေဂ်ာင္ကုအိမ္အေပၚထပ္ဆင္းဆင္းခ်င္း..တီဗီထိုင္ၾကည့္ေနသည့္..ဂ်ီမင္အားေတြ႔လိုက္သည္။"အင္း"
"ကေလးေရာ"
"လႊတ္ပစ္လိုက္ၿပီ"
"ဟမ္.."
ဘယ္ႏွယ့္..ပုခက္ႀကီးလုပ္ေနတာေတြ႔လ်ွက္နဲ႔လာေမးေနေသးတယ္။
"ဟိုေဆာ့က..."
"မသိဘူးဗ်ာ..ဘာမွမသိဘူး..ခင္ဗ်ား ဘာသာယူခ်င္ယူမခ်င္ေန..ေနာက္ေယာက်ာ္းယူလို႔ကေတာ့..ေသခန္းျပတ္ပဲ"
"ေအာ..ကိုယ္ကေနာက္ေယာက်ာ္းယူတယ္ေျပာရေအာင္..ကိုယ္ကဘယ္သူနဲ႔ယူဖူးလို႔လဲ..ကိုယ္မွလက္မထပ္ဖူးတာ"
ဂ်ီမင္း၏ေဘးနားသို႔..ကပ္ထိုင္ကာ..ေဂ်ာင္ကုေျပာေတာ့...ဂ်ီမင္ကတစ္ဖက္သို႔မ်က္ႏွာလႊဲထားကာျပန္ေျပာသည္။
"ဟတ္...လက္မထပ္ဖူးဘူးေပါ့..ဟုတ္လား"
"ေအးေလ.."
"ဒီမွာ..စာခ်ဳပ္..ခင္ဗ်ား နဲ႔လက္ထပ္ထားတာကြာ႐ွင္းရဲကြာ႐ွင္းၾကည့္..တရားစြဲၿပီး..ပိုင္ဆိုင္မႈ ၄ပံု၃ပံုေတာင္းပစ္မယ္"
သူေ႐ွ႕သို႔..ဂ်ီမင္ခ်ေပးသည့္..စာခ်ဳပ္ကိုယူကာ..ၾကည့္လိုက္သည္။ဘယ္တုန္းက..စာခ်ဳပ္ခ်ဳပ္လိုက္တာပါလိမ့္..။စာခ်ဳပ္၏ေဂ်ာင္ကုလက္မွတ္ထိုးရမည့္..ေနရာတြင္..လက္မွတ္မဟုတ္ဘဲ..လက္ေဗြရာတစ္ခုျဖစ္ေနသည္။ပတ္ဂ်ီမင္တို႔မ်ား..ဥာဏ္ေကာင္းလိုက္ေပစြ။လည္ခ်က္ကမ္းကုန္သည္..။
ေဂ်ာင္ကု..ဂ်ီမင္ေပးသည့္စာခ်ဳပ္ေလးကိုၾကည့္ၿပီး..သေဘာတက်ရယ္လိုက္သည္။..သူ႔အားစိတ္ဆိုးေနေသာ္လည္းလက္ထပ္သြားမွာလည္း..စိုးရြံ႕ေနတာေၾကာင့္..ၾကံစည္ထားသည္ကသိသာသည္။
ႏႈတ္ခမ္းဆူကာ သူ႔အားစိတ္ဆိုးမာန္ဆိုးျဖင့္စိတ္ဆိုးေတာ္မူေနသည့္အသဲယားစရာ ဂ်ီမင္၏ပံုစံသည္သူ႔အား..စေနာက္ခ်င္ေနသည့္စိတ္အားလွံုေဆာ္ေနသေယာင္ပင္။
"ေနပါဦး"
"ကိုယ္တစ္ခါမွ..လက္မွတ္မထိုးဖူးပါဘူး..ၿပီးေတာ့လက္ေဗြရာက..ပိုေတာင္မျဖစ္ႏိုင္ဘူး"
ေဂ်ာင္ကုက..မွင္ေပေနသည့္သူလက္မအားေထာင္ျပကာေျပာေတာ့ဂ်ီမင္မလံုမလဲျဖစ္လာသည္။
"အဟမ္း..ဘာပဲျဖစ္ျဖစ္ စာခ်ဳပ္ကစာခ်ဳပ္ပဲလက္မွတ္ျဖစ္ျဖစ္..လက္ေဗြျဖစ္ျဖစ္"
ေဂ်ာင္ကုအိပ္ေပ်ာ္ေနသည့္အခ်ိန္တိတ္တိတ္ေလး သူ႔လက္မကိုယူကာလက္ေဗြႏွိပ္ခဲ့ျခင္းျဖစ္တာေၾကာင့္..ေဂ်ာင္ကုကဘယ္အခ်ိန္..လက္ေဗြ ႏွိပ္လိုက္မွန္းမသိေခ်။
"ကိုယ့္အထင္အက်ံဳးမဝင္ဘူးထင္တယ္..လက္ေဗြ ဒီတိုင္းႏွိပ္ထားတာ..ကာယကံရွင္က ဆႏၵ မပါဘူးေလ..ၿပီးေတာ့လက္မွတ္မွမဟုတ္တာ.."
"ခင္ဗ်ား... ဟြန္႔..မရဘူးဗ်ာ..ကြာမ႐ွင္းေပးႏိုင္ဘူး"
"ကိုယ့္ဘက္လွည့္ပါဦး..ဟိုေဆာ့ကအိမ္ကထြက္ေျပးသြားၿပီတဲ့..အဲ့တာေၾကာင့္ မဂၤလာေဆာင္ လို႔မရေတာ့ဘူး.."
"ဟင္..တကယ္လား.."
ဝမ္းသာအားရျဖင့္... ေဂ်ာင္ကုကိုဖက္ကာေမးလိုက္သည္။
"အင္း..အဲ့ဒါလာေျပာတာ..ေနာက္ေန႔ကိုယ့္မိဘအိမ္သြားရေအာင္..ၿပီးရင္..မင္ရဲ႕မိဘေတြဆီသြားမယ္"
"ဟမ္...ဟမ္..တကယ္ေျပာေနတာ လား"
"အင္း...တကယ္"
"အဲ့ဒါဆိုရင္ ကြၽန္ေတာ့္ကိုလက္ထပ္မွာေပါ့.."
"ဒါေပါ့..မင္ ကိုပဲလက္ထပ္မွာ"
"ေဂ်ာင္ကု.."
ဂ်ီမင္...အလြန္ဝမ္းသာကာေဂ်ာင္ကုကိုဖက္ၿပီး..ငိုေနသည္။
"မငိုနဲ႔ေလ...တိတ္.."
"ေဂ်ာင္ကု..အခုသြားရေအာင္..အေဖနဲ႔အေမဆီကို"
Unicode
Jungkook ၏အမေသည်..ဆွေကြီးမျိုးကြီးတွေထဲကမဟုတ်ဘဲ..သာမန် မိန်းကလေးတစ်ယောက်သာဖြစ်သည်။ဂျောင်ကု၏အဖေနဲ့အမေကို..သူ့အဘွားကသဘောမတူ၍ခိုးပြေးခဲ့ကြသည်။အဲ့တာကြောင့်ပဲ..အဆင့်အတန်းမတူသည့်သူ့အမေအား ချူစားသည်ဟု အပြင်းအထန်ကဲ့ရဲ့ရှုံချခဲ့ကြသည်။
ထယ်ယောင်း၊ဂျောင်ကုနှင့်ယွန်းဂီတို့ကငယ်ငယ်တည်းက တစ်ယောက်နဲ့တစ်ယောက်အလွန်ခင်မင်ရင်နှီးလာကြသည့် သူငယ်ချင်းတွေဖြစ်ကြသည်။သို့ပေမယ့်..ဟိုဘီရဲ့ကိစ္စကြောင့်..ထယ်ယောင်းနှင့်ဂျောင်ကု ကျောင်းတွင်အကြီးအကျယ်ရန်ဖြစ်ကြပြီး..ယွန်းဂီကကြားထဲကနေဝင်တားရင်း... စိတ်မရှည်တော့ဘဲ တား၍မရတာကြောင့်နှစ်ယောက်လုံးအား..တစ်ယောက်တစ်ချက်စီထိုးရင်း ရန်ပွဲဖြစ်ပွားခဲ့သည်။
ရန်ဖြစ်ပြီး သုံးယောက်လုံး..တစ်ယောက်နှင့်တစ်ယောက်စူးရှစွာ စိုက်ကြည့်ကာ..ဒေါသဖြေနေကြသည်။
"ဂျွန်ဂျောင်ကု "
"ကင်ထယ်ယောင်း "
"အမှိုက်လိုကောင်တွေ"
Yoongi ၏စကားကိုကြားပြီး..Taehyung နှင့်Jungkookတို့၏အကြည့်စူးစူးတို့သည်ယွန်းဂီ ဆီသို့ကျရောက်သွားသည်။
"ဘာ..!!"
ထယ်ယောင်းနှင့် ဂျောင်ကုတို့၏အော်သံအကျယ်ကြီးကြောင့်ကန်တင်းမှာရှိသည့်လူတွေအားလုံးအကြည့်များကသူတို့ပေါ်သို့ စုပြုံကာ ကျရောက်လာသည်။
"ဘာကြည့်နေတာလဲ!!"
Yoongiက ဘေးနားကကြည့်နေသည့်သူများကိုလှမ်းအော်လိုက်တာကြောင့်..တစ်ချို့ကကြောက်သွားကာ..တစ်ချို့ကလည်းကန်တင်းမှမြန်မြန်ထွက်သွားသည်။
"တော်ကြတော့..မင်းတို့လည်း..တော်သင့်ပြီ..ပြီးတဲ့ကိစ္စတွေကပြီးနေပြီ..အခုထက်ထိအညိုးထားနေတုန်းပဲလား..ကလေးမဟုတ်သူငယ်မဟုတ်နဲ့..ရန်ဖြစ်နေကြသေးတယ်..ဘယ်တော့မှရင့်ကျက်ကြမှာလဲ"
ယွန်းဂီ စကားကြောင့် ဂျောင်ကု ကမနေနိုင်မထိုင်နိုင် ပြန်ပြောသည်။
"ဟျောင်းလည်း ရန်ဖြစ်တဲ့ထဲမှာပါတာပဲလေ"
"မင်းတော့..ငါလုပ်လိုက်ရ..ဘာကိစ္စငါ့ကိုပြန်ခံပြောနေတာလဲ"
ထယ်ယောင်း၊ဂျောင်ကုနှင့်ယွန်းဂီသည်သူငယ်ချင်းများဖြစ်သောလည်း..ယွန်းဂီသည်သူတို့ထပ်အသက်တစ်နှစ်ပိုကြီး..အကိုလိုဖြစ်နေတာကြောင့်..ယွန်းဂီကိုတော့ကြောက်ကြသည်။ယွန်းဂီသည်စိတ်တိုလျှင်..ခြငေ်္သ့ တစ်ကောင် ဝင်စီးထားသကဲ့သို့ပေါက်ကွဲတတ်သဖြင့်..ယွန်းဂီ ဆိုရင်နှစ်ယောက်လုံးကြောက်ကြသည်။အကိုတစ်ယောက် အဖြစ်လေးစားပြီးကြောက်သည်ဆိုလည်းမမှားပေ။
"မင်းတို့..နောက်တစ်ခါရန်မဖြစ်ကြနဲ့..နားလည်လား..နောက်တစ်ခါ ရန်ဖြစ်ရင်မင်းတို့ကိုငါကိုယ်တိူင်ရဲစခန်းပို့ပစ်မယ်"
ဘယ်သူ့ဆီကမှ စကားသံမထွက်လာဘဲတစ်ယောက်နဲ့တစ်ယောက် ပေစောင်းစောင်းကြည့်နေသည့်အတွက်..ယွန်းဂီမှ
"ဂျွန်ဂျောင်ကု..ထယ်ယောင်းကိုတောင်းပန်လိုက်"
ထိုစကားကြားတော့ ဂျောင်ကုမှမခံမရပ်နိုင်ဖြစ်ပြီးယွန်ဂီအားပြောသည်။
"ဟျောင်း..သူအရင်ရန်လာစတာလေ.."
ယွန်းဂီမှပြန်ပြောသည်။
"ထယ်ယောင်း..တောင်းပန်ပါတယ် "
"ဟျောင်း"
ထယ်ယောင်းက..မတောင်းပန်ချင်သဖြင့်..ယွန်းဂီအားအော်ပြောသည်။
"မင်းတို့နှစ်ကောင်ကကလေးလား..အဲ့လိုဖြစ်နေရအောင်. အပြန်အလှန် တောင်းပန်အခုချက်ချင်း"
"တောင်းပန်တယ်"
"အေး..တောင်းပန်တယ်''
တစ်ယောက် နဲ့တစ်ယောက် မျက်နှာ လွှဲကာခပ်ပြတ်ပြတ်ပြောသောကြောင့်..ယွန်းဂီလည်းမှတ်လောက်သားလောက်အောင်အပြစ်ပေးရမည်ဟုကောက်ချက်ချလိုက်သည်။
"ကျွေးလိုက်လေ..ဘာလုပ်နေတာလဲနေ့လည်စာငတ်ချင်လို့လား"
"ဟျောင်း..ဒါကဘာလဲ"
ထယ်ယောင်း မှမကျေမချမ်းအသံဖြင့်..ယွန်းဂီအားပြောသည်။
"၁...၂....၃"
"ရော့..စား"
"ရော့"
အပြန်အလှန်ထမင်းခွံ့ကျွေးခိုင်းနေသည့်..ယွန်းဂီကိုလွန်ဆန်ချင်သောလည်း..နေ့လည်စာငတ်မှန်းသိတာကြောင့်..အောင့်အီးကာ..အပြန်အလှန် ထမင်းခွံ့ကျွေးနေရသည်။ကန်တင်းတစ်ခုလုံးကလည်း...သူတို့ကိုကြည့်ကာလှမ်းရယ်နေသည်။
"အသားထည့်လေကွာ"
"အသားစားချင်ရင်..ကို့်ဘာသာထည့်ပေါ့ကွ"
သူ့အား ဆလပ်ရွက် နှင့်ထမင်းနဲ့ဘဲပတ်ကာကျွေးနေသည့်ထယ်ယောင်းကို ဂျောင်ကုလှမ်းအော်လိုက်ရင်း..ထယ်ယောင်းကလည်းပြန်အော်သည်ကြောင့်..အခြေအနေတင်းမာသွားပြန်သည်။
"နှစ်ယောက်လုံး အသားမပါဘဲ...ထမင်းစားချင်လို့လား"
ယွန်းဂီ ကလေသံမာမာပြောလိုက်မှ..ထယ်ယောင်းကအသားထည့်ပေးသည်။ခွံ့သာကျွေးနေပေမယ့်..စိတ်ထဲမှာတော့..တစ်ယောက် နဲ့တစ်ယောက် ဆဲနေရှာသည်။
<<<<<<<<<<<<<<<<<<<<<<<<
အရင်ကအကြောင်းတွေပြန်စဉ်းစားပြီး..ထယ်ယောင်းတစ်ယောက်တည်းရယ်နေမိသည်။
ဂျီမင်ကိုလေယာဉ်ကွင်းမှာသွားကြိုကတည်းက..ဂျီမင်ကဂျောင်ကုကိုစိတ်ထဲတွင်မေတ္တာရှိနေသည်မှန်းသူရိပ်မိခဲ့သည်။မကြာပါဘူး..ကျွန်တော်ကိုလမ်းခွဲပေးဖို့ဆိုလာသည်။သူလိမ်ညာခဲ့မိတာတွေအတွက်..ထယ်ယောင်းအားကိုယ်တိုင်တောင်းပန်ခဲ့သည်။
__________________________
"Jimin..."
ဂျောင်ကုအိမ်အပေါ်ထပ်ဆင်းဆင်းချင်း..တီဗီထိုင်ကြည့်နေသည့်..ဂျီမင်အားတွေ့လိုက်သည်။"အင်း"
"ကလေးရော"
"လွှတ်ပစ်လိုက်ပြီ"
"ဟမ်.."
ဘယ်နှယ့်..ပုခက်ကြီးလုပ်နေတာတွေ့လျှက်နဲ့လာမေးနေသေးတယ်။
"ဟိုဆော့က..."
"မသိဘူးဗျာ..ဘာမှမသိဘူး..ခင်ဗျား ဘာသာယူချင်ယူမချင်နေ..နောက်ယောကျာ်းယူလို့ကတော့..သေခန်းပြတ်ပဲ"
"အော..ကိုယ်ကနောက်ယောကျာ်းယူတယ်ပြောရအောင်..ကိုယ်ကဘယ်သူနဲ့ယူဖူးလို့လဲ..ကိုယ်မှလက်မထပ်ဖူးတာ"
ဂျီမင်း၏ဘေးနားသို့..ကပ်ထိုင်ကာ..ဂျောင်ကုပြောတော့...ဂျီမင်ကတစ်ဖက်သို့မျက်နှာလွှဲထားကာပြန်ပြောသည်။
"ဟတ်...လက်မထပ်ဖူးဘူးပေါ့..ဟုတ်လား"
"အေးလေ.."
"ဒီမှာ..စာချုပ်..ခင်ဗျား နဲ့လက်ထပ်ထားတာကွာရှင်းရဲကွာရှင်းကြည့်..တရားစွဲပြီး..ပိုင်ဆိုင်မှု ၄ပုံ၃ပုံတောင်းပစ်မယ်"
သူရှေ့သို့..ဂျီမင်ချပေးသည့်..စာချုပ်ကိုယူကာ..ကြည့်လိုက်သည်။ဘယ်တုန်းက..စာချုပ်ချုပ်လိုက်တာပါလိမ့်..။စာချုပ်၏ဂျောင်ကုလက်မှတ်ထိုးရမည့်..နေရာတွင်..လက်မှတ်မဟုတ်ဘဲ..လက်ဗွေရာတစ်ခုဖြစ်နေသည်။ပတ်ဂျီမင်တို့များ..ဉာဏ်ကောင်းလိုက်ပေစွ။လည်ချက်ကမ်းကုန်သည်..။
ဂျောင်ကု..ဂျီမင်ပေးသည့်စာချုပ်လေးကိုကြည့်ပြီး..သဘောတကျရယ်လိုက်သည်။..သူ့အားစိတ်ဆိုးနေသော်လည်းလက်ထပ်သွားမှာလည်း..စိုးရွံ့နေတာကြောင့်..ကြံစည်ထားသည်ကသိသာသည်။
နှုတ်ခမ်းဆူကာ သူ့အားစိတ်ဆိုးမာန်ဆိုးဖြင့်စိတ်ဆိုးတော်မူနေသည့်အသဲယားစရာ ဂျီမင်၏ပုံစံသည်သူ့အား..စနောက်ချင်နေသည့်စိတ်အားလှုံဆော်နေသယောင်ပင်။
"နေပါဦး"
"ကိုယ်တစ်ခါမှ..လက်မှတ်မထိုးဖူးပါဘူး..ပြီးတော့လက်ဗွေရာက..ပိုတောင်မဖြစ်နိုင်ဘူး"
ဂျောင်ကုက..မှင်ပေနေသည့်သူလက်မအားထောင်ပြကာပြောတော့ဂျီမင်မလုံမလဲဖြစ်လာသည်။
"အဟမ်း..ဘာပဲဖြစ်ဖြစ် စာချုပ်ကစာချုပ်ပဲလက်မှတ်ဖြစ်ဖြစ်..လက်ဗွေဖြစ်ဖြစ်"
ဂျောင်ကုအိပ်ပျော်နေသည့်အချိန်တိတ်တိတ်လေး သူ့လက်မကိုယူကာလက်ဗွေနှိပ်ခဲ့ခြင်းဖြစ်တာကြောင့်..ဂျောင်ကုကဘယ်အချိန်..လက်ဗွေ နှိပ်လိုက်မှန်းမသိချေ။
"ကိုယ့်အထင်အကျုံးမဝင်ဘူးထင်တယ်..လက်ဗွေ ဒီတိုင်းနှိပ်ထားတာ..ကာယကံရှင်က ဆန္ဒ မပါဘူးလေ..ပြီးတော့လက်မှတ်မှမဟုတ်တာ.."
"ခင်ဗျား... ဟွန့်..မရဘူးဗျာ..ကွာမရှင်းပေးနိုင်ဘူး"
"ကိုယ့်ဘက်လှည့်ပါဦး..ဟိုဆော့ကအိမ်ကထွက်ပြေးသွားပြီတဲ့..အဲ့တာကြောင့် မင်္ဂလာဆောင် လို့မရတော့ဘူး.."
"ဟင်..တကယ်လား.."
ဝမ်းသာအားရဖြင့်... ဂျောင်ကုကိုဖက်ကာမေးလိုက်သည်။
"အင်း..အဲ့ဒါလာပြောတာ..နောက်နေ့ကိုယ့်မိဘအိမ်သွားရအောင်..ပြီးရင်..မင်ရဲ့မိဘတွေဆီသွားမယ်"
"ဟမ်...ဟမ်..တကယ်ပြောနေတာ လား"
"အင်း...တကယ်"
"အဲ့ဒါဆိုရင် ကျွန်တော့်ကိုလက်ထပ်မှာပေါ့.."
"ဒါပေါ့..မင် ကိုပဲလက်ထပ်မှာ"
"ဂျောင်ကု.."
ဂျီမင်...အလွန်ဝမ်းသာကာဂျောင်ကုကိုဖက်ပြီး..ငိုနေသည်။
"မငိုနဲ့လေ...တိတ်.."
"ဂျောင်ကု..အခုသွားရအောင်..အဖေနဲ့အမေဆီကို"
There are no comments yet. Log in to be the first to leave a review!


![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



