Fanfics

Ep - 22

18:14, 21 October 2023

"ဂြၽန္ေဂ်ာင္မင္"

"ဂြၽန္မင္ေဂ်ာင္ကြာ"

"ေဂ်ာင္မင္လို႔"

"မင္ေဂ်ာင္ပဲ.."

ကေလးကိုပုခက္ထဲမွာ သိပ္ထားၿပီး..တစ္ေယာက္ႏွင့္တစ္ေယာက္ျငင္းခုန္ေနၾကသည္။

"ဂြၽန္ေဂ်ာင္ကု..."

"ဘာလဲ"

"ေဂ်ာင္မင္ ပဲထားမွာ.."

"ငါက မင္ေဂ်ာင္ပဲထားမွာ"

"ဟာ..ခင္ဗ်ား ေယာက်ာ္းမဟုတ္ဘူးလား..ကိုယ့္ထက္အငယ္ကို ဦးစားေပးရတယ္ေလ..မသိဘူးလား"

"ငါေယာက်ာ္းဟုတ္ လား မဟုတ္လား..မင္းမသိဘူးလား.."

"ဟာ..ခင္ဗ်ားေနာ္..ညစ္ပတ္တဲ့စကား​ေတြလာမေျပာနဲ႔ "

"ငါေျပာတဲ့ထဲမွာ ညစ္ပတ္တာပါလို႔လား.."

ဒီလူႀကီးေတာ့ ဒါသက္သက္ေဒါသလာစြေနတာ။ရန္ျဖစ္ေနသည့္ၾကားက ဖုန္းဝင္လာသည္ေၾကာင့္တစ္ေယာက္ႏွင့္တစ္ေယာက္ အၾကည့္စစ္ထိုးရင္းေဂ်ာင္ကုကဖုန္းကိုင္လိုက္သည္။ဖုန္းကို speaker ဖြင့္လိုက္ၿပီး..အၾကည့္စစ္ဆက္ထိုးေနၾကေသးသည္။

"ေဂ်ာင္ကု..သား ကေလးကိုေခၚၿပီးဘယ္ထြက္သြားတာတုန္း မေန႔ကလဲ..အိမ္လဲျပန္မလာဘူး"

"အဲ့တာ ကြၽန္ေတာ္"

ေဂ်ာင္ကု စကားေျပာေနရင္း..လက္ထဲကဖုန္းကိုဂ်ီမင္ကဆြဲလုလိုက္သည္။

"မဂၤလာပါ အေမ"

"ေဟ ဘယ္သူလဲမသိဘူး"

"အာ..ကြၽန္ေတာ္ပတ္ဂ်ီမင္ပါ"

ေဂ်ာင္ကုက ဂ်ီမင္ကိုမ်က္လံုးျပဴးျပကာဖုန္းေတာင္းေသာ္လည္း..ဂ်ီမင္ကမ်က္လံုးျပန္ျပဴးျပကာ ျပန္ေတာင္းသည့္လက္အား႐ိုက္ထုတ္လိုက္သည္။

ပတ္ဂ်ီမင္ ေရ မင္း ဘာျပႆနာ႐ွာဦးမလို႔လဲ။အေမ ကေရာ ဂ်ီမင္ေျပာလိုက္ရင္သေဘာတူပါ့မလား..။

"ေအာ္..သားရဲ႕အိမ္မွာေတြ႔တဲ့ေကာင္ေလးမလား"

"ဟုတ္ပါတယ္ဗ်.. ကြၽန္ေတာ္ အခုဂြၽန္ေဂ်ာင္ကုကိုခိုးေျပးသြားတာခင္ဗ်..အဲ့တာေၾကာင့္ အေမ့ကိုဘာမွစိတ္မပူဖို႔ေျပာတာပါ"

"ဘယ္လို..ခိုးေျပးတယ္..ေဂ်ာင္ကုမွာကကေလးနဲ႔းေလသားရဲ႕..မင္းလက္ခံႏိုင္ပါ့မလား..သားကိုလည္းအန္တီတို႔က..ဟိုေဆာ့နဲ႔ေစ့စပ္ေပးထားတာဆိုေတာ့..သားေဂ်ာင္ကုကိုျပန္ပို႔ေပးလို႔ရမလား..အန္တီေတာင္းဆိုပါတယ္"

ၾကားလိုက္ရတဲ့ စကားေၾကာင့္ ေကာ္ဖီေတာင္သီးသြားတယ္ ။ဂ်ီမင္ရဲ႕ ခိုးေျပးသြားတယ္ဆိုတဲ့စကားေၾကာင့္မဟုတ္ဘဲ တကူးတကအေမကဂ်ီမင္ကိုျပန္ပို႔ခိုင္းေနတာေၾကာင့္ပင္။ ငါ့ image ပ်က္လိုက္တာ..ဘယ္ႏွယ့္..သူ႔ကိုပဲျပန္ပို႔ခိုင္းရတယ္႐ွိေသးတယ္..။အေမတစ္ေယာက္ကေတာ့ေလ သူ႔သားကိုမိန္းကေလးမ်ားထင္ေနလားမသိဘူး ။ငါ့ဘာသာျပန္ခ်င္ရင္ အေစာႀကီးကတည္းကျပန္ၿပီ..ဒီလက္ေတာက္ေလာက္ေလးကျပန္ပို႔ေပးစရာေတာင္မလိုဘူး။ပတ္ဂ်ီမင္ကိုမ်ား..ငါ့ကိုျပန္ပို႔ေပးပါ တဲ့လား..စိတ္နာလိုက္တာအေမရာ။ကိုယ့္သားကို..အႏု ဇာတ္သြင္းေနတာ။အေမ့သားက အထက္ကပါဗ်။

"အန္တီကလည္း..လက္မခံႏိုင္စရာအေၾကာင္းမ႐ွိပါဘူးဗ်ာ..အန္တီရဲ႕ေျမးကို..ကြၽန္ေတာ္ကိုယ္တိုင္ေမြးထားတာပါ..ကြၽန္ေတာ့္သားအရင္းႀကီး..မယံုရင္ အန္တီသားကိုေမးၾကည့္ "

လက္ထဲကဖုန္းအား ဟိုလူႀကီးအားျပန္ေပးေတာ့မၾကည့္တဲ့အၾကည့္နဲ႔ၾကည့္ကာ..ဖုန္းျပန္ယူသြားသည္။

"အေမ"

"သား ဟိုေကာင္ေလးေျပာတာ တကယ္ပဲလား သား"

"ဟို...ဟို...ဟုတ္တယ္အေမ.."

"အဲ့တာဆို ေျမးေလးကို ဂ်ီမင္ေလးနဲ႔ရခဲ့တာေပါ့..ဒါနဲ႔မ်ား ဘာလို႔လိမ္ရတာလဲ ဂြၽန္ေဂ်ာင္ကုရယ္"

"အဲ့တာက..အဲ့တာက..သားတို႔ၾကားျပႆနာေလး႐ွိခဲ့လို႔.."

သူ႔အေမ ဘက္က ေလသံကသိသိသာသာမာေနတာမို႔ ေဂ်ာင္ကုလည္းနည္းနည္းေၾကာက္လာသည္္။ဒီကိစၥအေဖသာသိရင္ ဒီထက္အေျခအေနပိုဆိုးသြားမည္မွာအမွန္။

"ဂြၽန္ေဂ်ာင္ကု မင္းျပန္လာရဲရင္ ျပန္လာၾကည့္အေမြျဖတ္ပစ္မယ္ မင္းေၾကာင့္အခုလက္ထပ္ပြဲေတြေရာဘယ္လိုလုပ္မွာလဲ..ဟမ္..ငါတို႔ကို မ်က္ႏွာ ပ်က္ေအာင္လုပ္တာလား..မင္းအေဖသာ သိရင္ဘာလုပ္မလဲ..အခုဟိုေဆာ့တို႔ဘက္ကိုေရာ ဘယ္လိုေျပာရမလဲ မင္းစဥ္းစားဥာဏ္မ႐ွိဘူးလား..ဒါနဲ႔မ်ား..ကေလးကိုေထာက္ထားၿပီး..ဟိုေဆာ့ကိုလက္မခံနဲ႔ေပါ့ အခုဘာလို႔လက္ခံေသးလဲ..အားလံုးမ်က္ႏွာပ်က္စရာေတြျဖစ္ကုန္ၿပီ..မင္းဆံုးျဖတ္..အဲ့ေကာင္ေလးကိုယူရင္ အိမ္ျပန္မလာနဲ႔..မင္းကိုအေမြျဖတ္မယ္..အဲ့ေကာင္ေလးကိုယူမလား ဟိုေဆာ့ကိုယူမလားဆံုးျဖတ္.."

ေဂ်ာင္ကု လည္းသူ၏အေမရဲ႕စကားမ်ားေၾကာင့္ေအာင့္သက္သက္ေတာ့ျဖစ္သြားသည္။ဂ်ီမင္ကိုၾကည့္ေတာ့လည္း..မ်က္ႏွာမရႊင္ေတာ့ဘဲမ်က္ႏွာငယ္ေလးနဲ႔။သူလည္း ဂ်ီမင္နဲ႔သာဆိုရင္ အေမကသေဘာတူမယ္ထင္ထားခဲ့တာ။ဒါေပမယ့္... အေမစိတ္ဆိုးခ်င္စရာလည္းဟုတ္ေနတာပဲေလ။

ေဆြမ်ိဳးေတြ ၊လုပ္ငန္း႐ွင္ေတြ၊အေဖ့ရဲ႕မိတ္ေဆြေတြအားလံုးကိုဖိတ္ထားခဲ့တာ..။အခုမဂၤလာပြဲသာဖ်က္လိုက္ရင္..ဟိုဘက္ကမိသားစုေရာ..အေဖပါမ်က္ႏွာပ်က္ရလိမ့္မယ္ ။ဟူး..သူဆံုးျဖတ္ရေတာ့မယ္..တစ္ခုပဲ..အားလံုးအဆင္ေျပေအာင္နည္းလမ္းတစ္ခုပဲ႐ွိတယ္..။

"ေဟ်ာင္း...ေဟ်ာင္း..ဘာလုပ္ဖို႔စဥ္းစားထားလဲဟင္"

အသနားခံေနသည့္ မ်က္ဝန္းမ်ားျဖင့္ၾကည့္လာၿပီးထိုမ်က္ဝန္းတို႔က ညိဳ႕ဓာတ္ျပင္းလြန္းသည္။ကိုယ္ခ်စ္ေနသည့္သူမလို႔လားမသိဘူး..ဘယ္လိုပံုစံပဲျဖစ္ေနပါေစ..ခ်စ္ကိုခ်စ္ေနရတာ။အခ်စ္ဆိုတာ..ဒါလား။သူ႔အတြက္ဆို အရာအားလုံးကို စြန္႔လႊတ္ႏိုင္ဘူးအမွားမျမင္ႏိုင္ဘဲ..သူသာကိုယ္ရဲ႕ကမာၻျဖစ္ေနခဲ့တာ။

"မင္း..ထယ္ေယာင္းကိုမခ်စ္ေတာ့ဘူးလား"

"ျပတ္သြားၿပီ..ကြၽန္ေတာ္လမ္းခြဲၿပီးသြားၿပီ..ကြၽန္ေတာ္ အရမ္းလြမ္းေနခဲ့တာ..ၿပီး​ေတာ့ အရမ္းလည္းေနာင္တရေနခဲ့တာ..အခြင့္အေရး မ႐ွိေတာ့ဘူးလို႔ထင္ၿပီး..တစ္ညလံုး အိပ္မေပ်ာ္ဘဲ..နားထဲမွာကေလးငိုသံေတြပဲပဲ့တင္ၿပီးၾကားေနရတယ္ကိုယ့္ကိုကိုယ္လည္း ရင္နာေနမိတယ္ ေဟ်ာင္း ထြက္သြားၿပီး ေနာက္ပိုင္း..ကြၽန္ေတာ္ တစ္ရက္မွအိပ္မရခဲ့ဘူး..ေၾကာက္ေနတာ ေနာက္ထပ္မေတြ႔ရေတာ့မွာေဟ်ာင္းနဲ႔ကေလးကို ေနာက္ထပ္မေတြ႔ရေတာ့မွာအရမ္းေၾကာက္ေနတာ.."

ငိုယိုကာ ေျပာလာသည့္ ဂ်ီမင္ကိုၾကည့္ၿပီး..ေဂ်ာင္ကုစိတ္မေကာင္းျဖစ္သြားသည္။တသိမ့္သိမ့္တံုေနသည့္ ကိုယ္ငယ္ေလးအား..ေပြ႔ဖက္လိုက္ၿပီး..

"မငိုနဲ႔..မငိုနဲ႔ေတာ့"

"ကြၽန္ေတာ့္ကိုကတိေပး..ဟိုေဆာ့နဲ႔လက္မထပ္ပါဘူးလို႔..ကတိေပး"

ရင္ခြင္ထဲ ကေနျပန္ေမာ့ၾကည့္လာကာ..ဂ်ီမင္ေျပာသည့္စကားေၾကာင့္..ေဂ်ာင္ကုေတြေဝသြားသည္။

"Jimin..."

"ေဟ်ာင္း..ကတိေပးလို႔"

"ဂ်ီမင္ အခုကိုယ္တို႔က.."

"ေဂ်ာင္ကု..ကတိေပးပါ.."

ဂ်ီမင္ တစ္ကယ္ကို ေၾကာက္ရြံ႕ေနကာ..အေျဖကိုေစာင့္ဆိုင္းေနသည္။ေဂ်ာင္ကု ျငင္းမွာသိပ္ေၾကာက္ေနသည့္..သူ႔ရဲ႕စိတ္ေၾကာင့္..ေမ်ွာ္လင့္ေနရင္း..ေျဖလာမည့္အေျဖကိုလည္းမၾကားရဲေပ။

"ကိုယ္.."

"ကြၽန္ေတာ့္ကိုမခ်စ္ဘူးလား..အေဝးႀကီးကိုထြက္ေျပးရေအာင္ေလ..ဟင္..ထြက္ေျပးရေအာင္..ကြၽန္ေတာ္အမ်ားႀကီးခ်စ္ေပးမယ္..အမ်ားႀကီးဂ႐ုစိုက္ေပးမယ္.."

မ်က္လံုးဝိုင္းဝိုင္းေလးျဖင့္..လက္ေသးေသးေဖာင္းေဖာင္းေလးက..ကြၽန္ေတာ့္ပါးႏွစ္ဖက္ကိုအုပ္ကိုင္ကာ..ခ်စ္စရာေကာင္းစြာေတာင္းဆိုလာသည္။ကေလးတစ္ေယာက္မုန္႔ေတာင္းေနတဲ့အတိုင္းပင္။

ဒါေပမယ့္ ဘယ္လိုလုပ္ရမလဲ... ။အားလံုးအဆင္ေျပသြားေအာင္..ဟိုေဆာ့နဲ႔လက္ထပ္ၿပီး..တစ္လေလာက္ေနရင္ကြာ႐ွင္းလိုက္ရင္..အရာအရာအဆင္ေျပသြားၿပီ။ဟိုေဆာ့ဘက္ကအေဖနဲ႔အေမ လည္းလုပ္ငန္းေတြအကုန္အဆင္​ေျပလိမ့္မယ္..ကြာ႐ွင္းၿပီးရင္လည္း..ဂ်ီမင္နဲ႔ေပါင္းလို႔ရလိမ့္မယ္အေဖနဲ႔အေမလည္းမ်က္ႏွာပ်က္စရာမလိုေတာ့ဘူး လို႔စဥ္းစားထားေပမယ့္..ဂ်ီမင္ေၾကာင့္ဘယ္လိုလုပ္ရမလဲ။

"ဂ်ီမင္ ကိုယ္ခနေလာက္စဥ္းစားဦးမယ္မနက္စာစားႏွင့္ေနာ္"

ဂ်ီမင္ပုခံုးကိုလက္ႏွစ္ဖက္ျဖင့္ကိုင္ကာ..ထိုင္ခံုမွာထိုင္ေစၿပီး..ေဂ်ာင္ကုကအိမ္ေပၚသို႔တက္သြားသည္။

ေဂ်ာင္ကုက သူ႔ကိုတကယ္မခ်စ္ေတာ့တာလား။ဒါမွမဟုတ္ ဟိုေဆာ့ကိုတကယ္ခ်စ္မိသြားတာလား။

__________________________

"Hoseok shi အခုဘယ္ကိုေမာင္းရမွာလဲ"

"အဆင္ေျပတဲ့ေနရာသာေမာင္းလိုက္ပါ"

"မင္းရဲ႕အေဖ နဲ႔အေမစိတ္ပူေနဦးမယ္..တကယ္ဒီလိုလုပ္မွျဖစ္မွာလား"

"အင္း...သူတို႔စိတ္ပူရေအာင္လည္း..ကြၽန္ေတာ္မူလတန္းကေလးမွမဟုတ္တာ..ဒီလိုမွမလုပ္ရင္ ဂြၽန္ေဂ်ာင္ကုအတြက္လည္းအဆင္မေျပဘူးကြၽန္ေတာ့္အတြက္လည္းအဆင္ေျပမွာမဟုတ္ဘူး အခုကုမၼဏီက ေဒဝါလီခံရေတာ့မလိုျဖစ္ေနတာ..ေသခ်ာေပါက္မရရေအာင္ေပးစားလိမ့္မယ္၊ဖိတ္စာေတြလည္းေဝၿပီးသြားၿပီ မဂၤလာပြဲဖ်က္လိုက္ရင္လည္း အားလံုးမ်က္ႏွာပ်က္လိမ့္မယ္..အဲ့တာေၾကာင့္ အခုလိုလုပ္လိုက္တာ အေဖနဲ႔အေမ မ်က္ႏွာပဲပ်က္မွာ...ဂ်ီမင္တို႔အတြက္လည္းအဆင္ေျပၿပီး ကြၽန္ေတာ့္အတြက္လည္းအဆင္ေျပတယ္"

"အဲ့ဒါနဲ႔ပဲ သားခိုးရာလိုက္သြားၿပီဆိုၿပီး...စာေရးၿပီးထြက္ေျပးလာတယ္ေပါ့"

"အင္း.."

"ေနာက္ပိုင္း သူတို႔ကမင္းငါနဲ႔ခိုးေျပးတာလို႔အထင္မွားသြားရင္ဘယ္လိုလုပ္မလဲ"

"မမွားပါဘူး ကြၽန္ေတာ္ကဘယ္သူနဲ႔ခိုးေျပးမွာဆိုၿပီးစာထဲထည့္ေရးခဲ့တာမွမဟုတ္တာ..အနည္းဆံုးတစ္ပတ္ေလာက္ေနၿပီး ျပန္မွာပါအိမ္ျပန္ေရာက္လည္း အေဖထိုးတာခံရၿပီးအေမပါး႐ိုက္တာခံရရံုေပါ့.."

မနက္က ဟိုေဆာ့ႏွင့္ဖုန္းေျပာျဖစ္ၿပီး...အကူညီေတာင္းစရာ႐ွိသည္ဟု ဆိုလာတာေၾကာင့္..အျပင္မွာစကားေျပာျဖစ္ခဲ့သည္။ဟိုေဆာ့ေျပာပံုအရဆိုရင္ ေသခ်ာေပါက္ေဂ်ာင္ကုကလည္း လက္ထပ္ပြဲပ်က္ေစခ်င္ပံုရၿပီးလက္ထပ္ပြဲက ဖ်က္လို႔မရ၍ ေဂ်ာင္ကုကစိတ္ညစ္ေနၿပီး ဂ်ီမင္ကလည္း ငိုေနသည္။ႏွစ္ဖက္မိဘေတြလည္း... လက္ထပ္ပြဲဖ်က္ေပးမွာမဟုတ္ေပ။ေနာက္ဆံုး ဟိုေဆာ့က အိမ္မွာ စာတစ္ေစာင္ထားခဲ့ၿပီး...ခိုးေျပးသြားၿပီဟုေျပာကာ ထယ္ေယာင္းက ဘူဆန္သြားရမည့္လမ္းေၾကာင္း႐ွိေနတာေၾကာင့္ထယ္ေယာင္းႏွင့္အတူလိုက္သြားခဲ့သည္။

သူ႔ဘဝတစ္ေလ်ွာက္လံုး အေမနဲ႔အေဖထိန္းခ်ဳပ္တာခံလာရၿပီး..သူတို႔ခ်သည့္ပံုစံခြက္ထဲကေနႀကီးျပင္းလာခဲ့ရသည္။ဟိုေဆာ့က အေနေအးသူမဟုတ္ဘဲအေနေအးေအာင္ေနသည့္ စ႐ိုက္မိ်ဳးျဖင့္ေနလာခဲ့ရသည္။ အရာရာ ခ်ဳပ္ခ်ယ္လြန္းသည့္မိဘ​ေတြြေၾကာင့္ ကေလးအရြယ္မွာပင္ ေပ်ာ္ရႊင္စြာ မေဆာ့ခဲ့ရဘဲစာဘဲဖိလုပ္ေနခဲ့ရသည္။သူ႔အတြက္ ဆိုသူ၏အမဟိုဘီက အျမဲတမ္းေပ်ာ္ရႊင္ေစခဲ့ၿပီးသူ႔ရဲ႕ငယ္ဘဝတြင္ သူစာလုပ္ေနခ်ိန္၌ တိတ္တိတ္ေလးအခန္းထဲသို႔ဟိုဘီက ဝင္လာၿပီး..မိဘေတြမသိေအာင္ခိုး ေဆာ့ခဲ့ၾကသည္။

ဟိုဘီကမိန္းကေလးျဖစ္တာေၾကာင့္...ေ႐ွးအယူ႐ွိေသာမိဘမ်ားက ဟိုေဆာ့အေပၚမွာေမ်ွာ္လင့္ခ်က္ေတြထားၿပီး ကုမၼဏီဦးစီးႏိုင္ရန္ပံုစံသြင္းခဲ့ၾကျခင္းပင္။

ဟိုဘီဆံုးၿပီးေနာက္ ဟိုေဆာ့သည္လည္း..ေပ်ာ္ရႊင္ေအာင္လုပ္ေပးခဲ့သည့္ သူ႔အမျဖစ္သူမ႐ွိေတာ့တာေၾကာင့္လည္း ေပ်ာ္ရႊင္ျခင္းတို႔ႏွင့္ေဝးကြာခဲ့သည္။

တကၠသိုလ္ စစတက္ျခင္းမွာ ေဖာ္ေရႊစြာမိတ္ဖြဲ႔လာသည့္ ဂ်ီမင္ေၾကာင့္ ေပ်ာ္ရႊင္လာရသည္္။ ပထမႏွစ္တက္ေနစဥ္အေတာတြင္းမွာပင္..တစ္ဦးတည္း ေသာ သူငယ္ခ်င္း ျဖစ္သူဂ်ီမင္ေၾကာင့္ အလြန္ပင္ေပ်ာ္ရႊင္ခဲ့ရၿပီး..ခင္တြယ္လာမိသည္။

သူ၏ သူငယ္ခ်င္းအား အဆင္ေျပေစခ်င္တာ​ေၾကာင့္ ထပ္ၿပီက်င္းၾကပ္စြာမေနခ်င္ေတာ့တာေၾကာင့္ပါ အခုလိုလုပ္ခဲ့သည္။

"ေက်းဇူးတင္ပါတယ္ "

"ရပါတယ္ လမ္းၾကံဳဝင္ေခၚလိုက္တာပါ.."

ထယ္ေယာင္းေျပာသည့္ စကားေၾကာင့္ဟိုေဆာ့ ရယ္လိုက္မိသည္။

"ဟုတ္ပါၿပီ..ထပ္ၿပီး လမ္းၾကံဳလိုက္ပါေသးရယ္"

"ထပ္ၿပီး ေခၚေပးပါ့မယ္"

-------------^-^----:)------^.^-------

Up တာၾကာသြားလို႔ေတာင္းပန္ပါတယ္..ဒါဒါတို႔ေရ..

Unicode

"ဂျွန်ဂျောင်မင်"

"ဂျွန်မင်ဂျောင်ကွာ"

"ဂျောင်မင်လို့"

"မင်ဂျောင်ပဲ.."

ကလေးကိုပုခက်ထဲမှာ သိပ်ထားပြီး..တစ်ယောက်နှင့်တစ်ယောက်ငြင်းခုန်နေကြသည်။

"ဂျွန်ဂျောင်ကု..."

"ဘာလဲ"

"ဂျောင်မင် ပဲထားမှာ.."

"ငါက မင်ဂျောင်ပဲထားမှာ"

"ဟာ..ခင်ဗျား ယောကျာ်းမဟုတ်ဘူးလား..ကိုယ့်ထက်အငယ်ကို ဦးစားပေးရတယ်လေ..မသိဘူးလား"

"ငါယောကျာ်းဟုတ် လား မဟုတ်လား..မင်းမသိဘူးလား.."

"ဟာ..ခင်ဗျားနော်..ညစ်ပတ်တဲ့စကား​တွေလာမပြောနဲ့ "

"ငါပြောတဲ့ထဲမှာ ညစ်ပတ်တာပါလို့လား.."

ဒီလူကြီးတော့ ဒါသက်သက်ဒေါသလာစွနေတာ။ရန်ဖြစ်နေသည့်ကြားက ဖုန်းဝင်လာသည်ကြောင့်တစ်ယောက်နှင့်တစ်ယောက် အကြည့်စစ်ထိုးရင်းဂျောင်ကုကဖုန်းကိုင်လိုက်သည်။ဖုန်းကို speaker ဖွင့်လိုက်ပြီး..အကြည့်စစ်ဆက်ထိုးနေကြသေးသည်။

"ဂျောင်ကု..သား ကလေးကိုခေါ်ပြီးဘယ်ထွက်သွားတာတုန်း မနေ့ကလဲ..အိမ်လဲပြန်မလာဘူး"

"အဲ့တာ ကျွန်တော်"

ဂျောင်ကု စကားပြောနေရင်း..လက်ထဲကဖုန်းကိုဂျီမင်ကဆွဲလုလိုက်သည်။

"မင်္ဂလာပါ အမေ"

"ဟေ ဘယ်သူလဲမသိဘူး"

"အာ..ကျွန်တော်ပတ်ဂျီမင်ပါ"

ဂျောင်ကုက ဂျီမင်ကိုမျက်လုံးပြူးပြကာဖုန်းတောင်းသော်လည်း..ဂျီမင်ကမျက်လုံးပြန်ပြူးပြကာ ပြန်တောင်းသည့်လက်အားရိုက်ထုတ်လိုက်သည်။

ပတ်ဂျီမင် ရေ မင်း ဘာပြဿနာရှာဦးမလို့လဲ။အမေ ကရော ဂျီမင်ပြောလိုက်ရင်သဘောတူပါ့မလား..။

"အော်..သားရဲ့အိမ်မှာတွေ့တဲ့ကောင်လေးမလား"

"ဟုတ်ပါတယ်ဗျ.. ကျွန်တော် အခုဂျွန်ဂျောင်ကုကိုခိုးပြေးသွားတာခင်ဗျ..အဲ့တာကြောင့် အမေ့ကိုဘာမှစိတ်မပူဖို့ပြောတာပါ"

"ဘယ်လို..ခိုးပြေးတယ်..ဂျောင်ကုမှာကကလေးနဲ့းလေသားရဲ့..မင်းလက်ခံနိုင်ပါ့မလား..သားကိုလည်းအန်တီတို့က..ဟိုဆော့နဲ့စေ့စပ်ပေးထားတာဆိုတော့..သားဂျောင်ကုကိုပြန်ပို့ပေးလို့ရမလား..အန်တီတောင်းဆိုပါတယ်"

ကြားလိုက်ရတဲ့ စကားကြောင့် ကော်ဖီတောင်သီးသွားတယ် ။ဂျီမင်ရဲ့ ခိုးပြေးသွားတယ်ဆိုတဲ့စကားကြောင့်မဟုတ်ဘဲ တကူးတကအမေကဂျီမင်ကိုပြန်ပို့ခိုင်းနေတာကြောင့်ပင်။ ငါ့ image ပျက်လိုက်တာ..ဘယ်နှယ့်..သူ့ကိုပဲပြန်ပို့ခိုင်းရတယ်ရှိသေးတယ်..။အမေတစ်ယောက်ကတော့လေ သူ့သားကိုမိန်းကလေးများထင်နေလားမသိဘူး ။ငါ့ဘာသာပြန်ချင်ရင် အစောကြီးကတည်းကပြန်ပြီ..ဒီလက်တောက်လောက်လေးကပြန်ပို့ပေးစရာတောင်မလိုဘူး။ပတ်ဂျီမင်ကိုများ..ငါ့ကိုပြန်ပို့ပေးပါ တဲ့လား..စိတ်နာလိုက်တာအမေရာ။ကိုယ့်သားကို..အနု ဇာတ်သွင်းနေတာ။အမေ့သားက အထက်ကပါဗျ။

"အန်တီကလည်း..လက်မခံနိုင်စရာအကြောင်းမရှိပါဘူးဗျာ..အန်တီရဲ့မြေးကို..ကျွန်တော်ကိုယ်တိုင်မွေးထားတာပါ..ကျွန်တော့်သားအရင်းကြီး..မယုံရင် အန်တီသားကိုမေးကြည့် "

လက်ထဲကဖုန်းအား ဟိုလူကြီးအားပြန်ပေးတော့မကြည့်တဲ့အကြည့်နဲ့ကြည့်ကာ..ဖုန်းပြန်ယူသွားသည်။

"အမေ"

"သား ဟိုကောင်လေးပြောတာ တကယ်ပဲလား သား"

"ဟို...ဟို...ဟုတ်တယ်အမေ.."

"အဲ့တာဆို မြေးလေးကို ဂျီမင်လေးနဲ့ရခဲ့တာပေါ့..ဒါနဲ့များ ဘာလို့လိမ်ရတာလဲ ဂျွန်ဂျောင်ကုရယ်"

"အဲ့တာက..အဲ့တာက..သားတို့ကြားပြဿနာလေးရှိခဲ့လို့.."

သူ့အမေ ဘက်က လေသံကသိသိသာသာမာနေတာမို့ ဂျောင်ကုလည်းနည်းနည်းကြောက်လာသည််။ဒီကိစ္စအဖေသာသိရင် ဒီထက်အခြေအနေပိုဆိုးသွားမည်မှာအမှန်။

"ဂျွန်ဂျောင်ကု မင်းပြန်လာရဲရင် ပြန်လာကြည့်အမွေဖြတ်ပစ်မယ် မင်းကြောင့်အခုလက်ထပ်ပွဲတွေရောဘယ်လိုလုပ်မှာလဲ..ဟမ်..ငါတို့ကို မျက်နှာ ပျက်အောင်လုပ်တာလား..မင်းအဖေသာ သိရင်ဘာလုပ်မလဲ..အခုဟိုဆော့တို့ဘက်ကိုရော ဘယ်လိုပြောရမလဲ မင်းစဉ်းစားဉာဏ်မရှိဘူးလား..ဒါနဲ့များ..ကလေးကိုထောက်ထားပြီး..ဟိုဆော့ကိုလက်မခံနဲ့ပေါ့ အခုဘာလို့လက်ခံသေးလဲ..အားလုံးမျက်နှာပျက်စရာတွေဖြစ်ကုန်ပြီ..မင်းဆုံးဖြတ်..အဲ့ကောင်လေးကိုယူရင် အိမ်ပြန်မလာနဲ့..မင်းကိုအမွေဖြတ်မယ်..အဲ့ကောင်လေးကိုယူမလား ဟိုဆော့ကိုယူမလားဆုံးဖြတ်.."

ဂျောင်ကု လည်းသူ၏အမေရဲ့စကားများကြောင့်အောင့်သက်သက်တော့ဖြစ်သွားသည်။ဂျီမင်ကိုကြည့်တော့လည်း..မျက်နှာမရွှင်တော့ဘဲမျက်နှာငယ်လေးနဲ့။သူလည်း ဂျီမင်နဲ့သာဆိုရင် အမေကသဘောတူမယ်ထင်ထားခဲ့တာ။ဒါပေမယ့်... အမေစိတ်ဆိုးချင်စရာလည်းဟုတ်နေတာပဲလေ။

ဆွေမျိုးတွေ ၊လုပ်ငန်းရှင်တွေ၊အဖေ့ရဲ့မိတ်ဆွေတွေအားလုံးကိုဖိတ်ထားခဲ့တာ..။အခုမင်္ဂလာပွဲသာဖျက်လိုက်ရင်..ဟိုဘက်ကမိသားစုရော..အဖေပါမျက်နှာပျက်ရလိမ့်မယ် ။ဟူး..သူဆုံးဖြတ်ရတော့မယ်..တစ်ခုပဲ..အားလုံးအဆင်ပြေအောင်နည်းလမ်းတစ်ခုပဲရှိတယ်..။

"ဟျောင်း...ဟျောင်း..ဘာလုပ်ဖို့စဉ်းစားထားလဲဟင်"

အသနားခံနေသည့် မျက်ဝန်းများဖြင့်ကြည့်လာပြီးထိုမျက်ဝန်းတို့က ညို့ဓာတ်ပြင်းလွန်းသည်။ကိုယ်ချစ်နေသည့်သူမလို့လားမသိဘူး..ဘယ်လိုပုံစံပဲဖြစ်နေပါစေ..ချစ်ကိုချစ်နေရတာ။အချစ်ဆိုတာ..ဒါလား။သူ့အတွက်ဆို အရာအားလုံးကို စွန့်လွှတ်နိုင်ဘူးအမှားမမြင်နိုင်ဘဲ..သူသာကိုယ်ရဲ့ကမ္ဘာဖြစ်နေခဲ့တာ။

"မင်း..ထယ်ယောင်းကိုမချစ်တော့ဘူးလား"

"ပြတ်သွားပြီ..ကျွန်တော်လမ်းခွဲပြီးသွားပြီ..ကျွန်တော် အရမ်းလွမ်းနေခဲ့တာ..ပြီး​တော့ အရမ်းလည်းနောင်တရနေခဲ့တာ..အခွင့်အရေး မရှိတော့ဘူးလို့ထင်ပြီး..တစ်ညလုံး အိပ်မပျော်ဘဲ..နားထဲမှာကလေးငိုသံတွေပဲပဲ့တင်ပြီးကြားနေရတယ်ကိုယ့်ကိုကိုယ်လည်း ရင်နာနေမိတယ် ဟျောင်း ထွက်သွားပြီး နောက်ပိုင်း..ကျွန်တော် တစ်ရက်မှအိပ်မရခဲ့ဘူး..ကြောက်နေတာ နောက်ထပ်မတွေ့ရတော့မှာဟျောင်းနဲ့ကလေးကို နောက်ထပ်မတွေ့ရတော့မှာအရမ်းကြောက်နေတာ.."

ငိုယိုကာ ပြောလာသည့် ဂျီမင်ကိုကြည့်ပြီး..ဂျောင်ကုစိတ်မကောင်းဖြစ်သွားသည်။တသိမ့်သိမ့်တုံနေသည့် ကိုယ်ငယ်လေးအား..ပွေ့ဖက်လိုက်ပြီး..

"မငိုနဲ့..မငိုနဲ့တော့"

"ကျွန်တော့်ကိုကတိပေး..ဟိုဆော့နဲ့လက်မထပ်ပါဘူးလို့..ကတိပေး"

ရင်ခွင်ထဲ ကနေပြန်မော့ကြည့်လာကာ..ဂျီမင်ပြောသည့်စကားကြောင့်..ဂျောင်ကုတွေဝေသွားသည်။

"Jimin..."

"ဟျောင်း..ကတိပေးလို့"

"ဂျီမင် အခုကိုယ်တို့က.."

"ဂျောင်ကု..ကတိပေးပါ.."

ဂျီမင် တစ်ကယ်ကို ကြောက်ရွံ့နေကာ..အဖြေကိုစောင့်ဆိုင်းနေသည်။ဂျောင်ကု ငြင်းမှာသိပ်ကြောက်နေသည့်..သူ့ရဲ့စိတ်ကြောင့်..မျှော်လင့်နေရင်း..ဖြေလာမည့်အဖြေကိုလည်းမကြားရဲပေ။

"ကိုယ်.."

"ကျွန်တော့်ကိုမချစ်ဘူးလား..အဝေးကြီးကိုထွက်ပြေးရအောင်လေ..ဟင်..ထွက်ပြေးရအောင်..ကျွန်တော်အများကြီးချစ်ပေးမယ်..အများကြီးဂရုစိုက်ပေးမယ်.."

မျက်လုံးဝိုင်းဝိုင်းလေးဖြင့်..လက်သေးသေးဖောင်းဖောင်းလေးက..ကျွန်တော့်ပါးနှစ်ဖက်ကိုအုပ်ကိုင်ကာ..ချစ်စရာကောင်းစွာတောင်းဆိုလာသည်။ကလေးတစ်ယောက်မုန့်တောင်းနေတဲ့အတိုင်းပင်။

ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ... ။အားလုံးအဆင်ပြေသွားအောင်..ဟိုဆော့နဲ့လက်ထပ်ပြီး..တစ်လလောက်နေရင်ကွာရှင်းလိုက်ရင်..အရာအရာအဆင်ပြေသွားပြီ။ဟိုဆော့ဘက်ကအဖေနဲ့အမေ လည်းလုပ်ငန်းတွေအကုန်အဆင်​ပြေလိမ့်မယ်..ကွာရှင်းပြီးရင်လည်း..ဂျီမင်နဲ့ပေါင်းလို့ရလိမ့်မယ်အဖေနဲ့အမေလည်းမျက်နှာပျက်စရာမလိုတော့ဘူး လို့စဉ်းစားထားပေမယ့်..ဂျီမင်ကြောင့်ဘယ်လိုလုပ်ရမလဲ။

"ဂျီမင် ကိုယ်ခနလောက်စဉ်းစားဦးမယ်မနက်စာစားနှင့်နော်"

ဂျီမင်ပုခုံးကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ..ထိုင်ခုံမှာထိုင်စေပြီး..ဂျောင်ကုကအိမ်ပေါ်သို့တက်သွားသည်။

ဂျောင်ကုက သူ့ကိုတကယ်မချစ်တော့တာလား။ဒါမှမဟုတ် ဟိုဆော့ကိုတကယ်ချစ်မိသွားတာလား။

__________________________

"Hoseok shi အခုဘယ်ကိုမောင်းရမှာလဲ"

"အဆင်ပြေတဲ့နေရာသာမောင်းလိုက်ပါ"

"မင်းရဲ့အဖေ နဲ့အမေစိတ်ပူနေဦးမယ်..တကယ်ဒီလိုလုပ်မှဖြစ်မှာလား"

"အင်း...သူတို့စိတ်ပူရအောင်လည်း..ကျွန်တော်မူလတန်းကလေးမှမဟုတ်တာ..ဒီလိုမှမလုပ်ရင် ဂျွန်ဂျောင်ကုအတွက်လည်းအဆင်မပြေဘူးကျွန်တော့်အတွက်လည်းအဆင်ပြေမှာမဟုတ်ဘူး အခုကုမ္မဏီက ဒေဝါလီခံရတော့မလိုဖြစ်နေတာ..သေချာပေါက်မရရအောင်ပေးစားလိမ့်မယ်၊ဖိတ်စာတွေလည်းဝေပြီးသွားပြီ မင်္ဂလာပွဲဖျက်လိုက်ရင်လည်း အားလုံးမျက်နှာပျက်လိမ့်မယ်..အဲ့တာကြောင့် အခုလိုလုပ်လိုက်တာ အဖေနဲ့အမေ မျက်နှာပဲပျက်မှာ...ဂျီမင်တို့အတွက်လည်းအဆင်ပြေပြီး ကျွန်တော့်အတွက်လည်းအဆင်ပြေတယ်"

"အဲ့ဒါနဲ့ပဲ သားခိုးရာလိုက်သွားပြီဆိုပြီး...စာရေးပြီးထွက်ပြေးလာတယ်ပေါ့"

"အင်း.."

"နောက်ပိုင်း သူတို့ကမင်းငါနဲ့ခိုးပြေးတာလို့အထင်မှားသွားရင်ဘယ်လိုလုပ်မလဲ"

"မမှားပါဘူး ကျွန်တော်ကဘယ်သူနဲ့ခိုးပြေးမှာဆိုပြီးစာထဲထည့်ရေးခဲ့တာမှမဟုတ်တာ..အနည်းဆုံးတစ်ပတ်လောက်နေပြီး ပြန်မှာပါအိမ်ပြန်ရောက်လည်း အဖေထိုးတာခံရပြီးအမေပါးရိုက်တာခံရရုံပေါ့.."

မနက်က ဟိုဆော့နှင့်ဖုန်းပြောဖြစ်ပြီး...အကူညီတောင်းစရာရှိသည်ဟု ဆိုလာတာကြောင့်..အပြင်မှာစကားပြောဖြစ်ခဲ့သည်။ဟိုဆော့ပြောပုံအရဆိုရင် သေချာပေါက်ဂျောင်ကုကလည်း လက်ထပ်ပွဲပျက်စေချင်ပုံရပြီးလက်ထပ်ပွဲက ဖျက်လို့မရ၍ ဂျောင်ကုကစိတ်ညစ်နေပြီး ဂျီမင်ကလည်း ငိုနေသည်။နှစ်ဖက်မိဘတွေလည်း... လက်ထပ်ပွဲဖျက်ပေးမှာမဟုတ်ပေ။နောက်ဆုံး ဟိုဆော့က အိမ်မှာ စာတစ်စောင်ထားခဲ့ပြီး...ခိုးပြေးသွားပြီဟုပြောကာ ထယ်ယောင်းက ဘူဆန်သွားရမည့်လမ်းကြောင်းရှိနေတာကြောင့်ထယ်ယောင်းနှင့်အတူလိုက်သွားခဲ့သည်။

သူ့ဘဝတစ်လျှောက်လုံး အမေနဲ့အဖေထိန်းချုပ်တာခံလာရပြီး..သူတို့ချသည့်ပုံစံခွက်ထဲကနေကြီးပြင်းလာခဲ့ရသည်။ဟိုဆော့က အနေအေးသူမဟုတ်ဘဲအနေအေးအောင်နေသည့် စရိုက်မိျုးဖြင့်နေလာခဲ့ရသည်။ အရာရာ ချုပ်ချယ်လွန်းသည့်မိဘ​တွွေကြောင့် ကလေးအရွယ်မှာပင် ပျော်ရွှင်စွာ မဆော့ခဲ့ရဘဲစာဘဲဖိလုပ်နေခဲ့ရသည်။သူ့အတွက် ဆိုသူ၏အမဟိုဘီက အမြဲတမ်းပျော်ရွှင်စေခဲ့ပြီးသူ့ရဲ့ငယ်ဘဝတွင် သူစာလုပ်နေချိန်၌ တိတ်တိတ်လေးအခန်းထဲသို့ဟိုဘီက ဝင်လာပြီး..မိဘတွေမသိအောင်ခိုး ဆော့ခဲ့ကြသည်။

ဟိုဘီကမိန်းကလေးဖြစ်တာကြောင့်...ရှေးအယူရှိသောမိဘများက ဟိုဆော့အပေါ်မှာမျှော်လင့်ချက်တွေထားပြီး ကုမ္မဏီဦးစီးနိုင်ရန်ပုံစံသွင်းခဲ့ကြခြင်းပင်။

ဟိုဘီဆုံးပြီးနောက် ဟိုဆော့သည်လည်း..ပျော်ရွှင်အောင်လုပ်ပေးခဲ့သည့် သူ့အမဖြစ်သူမရှိတော့တာကြောင့်လည်း ပျော်ရွှင်ခြင်းတို့နှင့်ဝေးကွာခဲ့သည်။

တက္ကသိုလ် စစတက်ခြင်းမှာ ဖော်ရွှေစွာမိတ်ဖွဲ့လာသည့် ဂျီမင်ကြောင့် ပျော်ရွှင်လာရသည််။ ပထမနှစ်တက်နေစဉ်အတောတွင်းမှာပင်..တစ်ဦးတည်း သော သူငယ်ချင်း ဖြစ်သူဂျီမင်ကြောင့် အလွန်ပင်ပျော်ရွှင်ခဲ့ရပြီး..ခင်တွယ်လာမိသည်။

သူ၏ သူငယ်ချင်းအား အဆင်ပြေစေချင်တာ​ကြောင့် ထပ်ပြီကျင်းကြပ်စွာမနေချင်တော့တာကြောင့်ပါ အခုလိုလုပ်ခဲ့သည်။

"ကျေးဇူးတင်ပါတယ် "

"ရပါတယ် လမ်းကြုံဝင်ခေါ်လိုက်တာပါ.."

ထယ်ယောင်းပြောသည့် စကားကြောင့်ဟိုဆော့ ရယ်လိုက်မိသည်။

"ဟုတ်ပါပြီ..ထပ်ပြီး လမ်းကြုံလိုက်ပါသေးရယ်"

"ထပ်ပြီး ခေါ်ပေးပါ့မယ်"

-------------^-^----:)------^.^-------

Up တာကြာသွားလို့တောင်းပန်ပါတယ်..ဒါဒါတို့ရေ..

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories