Fanfics

Ep - 21

18:14, 21 October 2023

ေအာ.. အဲ့လိုရမယ္မ်ားထင္ေနလား..။သားကို ပုခက္ထဲမွာသိပ္မယ္တဲ့..မလူပ္ရဘူး ။စိတ္ခ်လို႔ရသည့္ထဲမွာ သူမပါေပ။တကယ္ကို ဥာဏ္နီဥာဏ္နက္မ်ားသည္ထင္ရတယ္။မေတာ္လို႔ ကိုယ္အိပ္ေနသည့္အခ်ိန္ကေလးယူၿပီး အိမ္ျပန္ရင္ဘယ္လိုလုပ္မလဲ။မျဖစ္ရပါဘူး... အဲ့တာေၾကာင့္ကုတင္ေပၚမွာပဲေခၚသိပ္မွာ။

"ဂြၽန္ေဂ်ာင္ကု"

ေရခ်ိဳးခန္းထဲမွ မ်က္ႏွာသစ္ကာထြက္လာသည့္ေဂ်ာင္ကုအား ဂ်ီမင္လွမ္းေခၚလိုက္သည္။

"ဘာလဲ "

မ်က္ႏွာေပၚ႐ွိ ေရစက္တို႔အားေျပာင္စင္ေအာင္တဘတ္ျဖင့္သုတ္ကာဂ်ီမင္အား ျပန္ေျဖလိုက္သည္။ဘာလဲတဲ့..ရင့္လိုက္တာ ေလသံက။အရင္တုန္းကၾကေတာ့ မင္ဆိုၿပီး..ႏူးညံ့လို႔။

"ကေလးကို ကုတင္ေပၚမွာ ကြၽန္ေတာ္နဲ႔အတူသိပ္မွာေနာ္"

"ကေလးကို မေတာ္လို႔တက္ဖိမိရင္ ဘယ္လိုလုပ္မလဲ "

"ဖိရဲဖိၾကည့္ ဖိမိတဲ့ေနရာျဖတ္ပစ္မယ္.."

မ်က္လံုးျပဴးျပၿပီး ေျပာလာသည့္ပံုစံကကေလးထိ ဓားၾကည့္ဆိုသည့္ပံုပင္။

"ေစာင္သြားယူသြား ေအးတယ္.."

"ေအးရင္ ဘာလို႔အဲယားကြန္းဖြင့္ထားေသးလဲ"

"ပူလို႔ေပါ့"

"ပူရင္ဘာလို႔ေစာင္ျခံဳလဲ"

"ေအးလို႔ေလ"

"ဟာ..ေအးရင္ အဲယားကြန္း မဖြင့္နဲ႔ေလ"

"ပူလို႔ ဖြင့္တာေလ"

"ပူရင္ ဘာလို႔ေစာင္ျခံဳေသးလဲ "

"ေအးလို႔ လို႔"

"မေျပာေတာ့ဘူး...မင္းကို"

"ေျပာနဲ႔"

Jimin ေျပာေျပာဆိုဆို ႏွင့္ ေစာင္ဆြဲျခံဳကာလွဲလိုက္သည္။

"တိုး ဟိုဘက္ကို..''

"ကေလးကိုအလည္မွာမထားပါဘူး..ခင္ဗ်ား တက္ဖိရင္ဘယ္လိုလုပ္မလဲ"

"ေအး အဲ့တာေၾကာင့္ ပုခက္ထဲမွာသိပ္လိုက္လို႔ငါမေျပာဘူးလား"

"ခင္ဗ်ား ေခၚသြားရင္ဘယ္လိုလုပ္မလဲ"

"ငါမသြားဘူးလို႔ေျပာၿပီးၿပီပဲ...မင္းတကယ္လက္ေပါက္ကပ္တဲ့ေကာင္ေလးပဲ "

"ဘာျဖစ္လဲ အဲ့ေတာ့..ခင္ဗ်ား ကြၽန္ေတာ့္ေဘးမွာအိပ္"

"ဘာလဲ အိပ္ေစခ်င္ရင္အိပ္ေစခ်င္တယ္ေပါ့..ပဲမ်ားေနေသးတယ္"

"မ်ားေနရင္ ခင္ဗ်ား တစ္ဝက္စားလိုက္ေလ"

ျဖန္း...တင္းပါးေပၚက်ေရာက္လာသည့္..လက္ဝါးတစ္ခုရဲ႕႐ိုက္ခ်က္ေၾကာင့္ ဂ်ီမင္တစ္ေယာက္ အီထြက္သြားေလသည္။

"အဲ့တာ ငါ့ကိုခံေျပာလို႔..ကိုယ့္ထက္အႀကီးကိုခံမေျပာရဘူး "

သူ႔အား စပ္စပ္ထိမခံ ျပန္ခံေျပာေနသည့္ေကာင္ေလးရဲ႕ တင္ပါးလံုးလံုး လက္ဝါးျဖင့္အားထည့္ကာ႐ိုက္လိုက္သည္။သူ႔အားဘာမွျပန္မေျပာဘဲ တင္ပါးပဲပြတ္ေနသည့္ေကာင္ေလးသည္ မ်က္ႏွာကိုေအာက္သို႔ငံု႔ထားတာေၾကာင့္..ခါးကိုင္းကာ ငံု႔ၾကည့္မိသည္။ပါးျပင္ေပၚသို႔ တစ္ရစ္ရစ္စီးက်ေနသည့္မ်က္ရည္ေၾကာင္း​ေတြနဲ႔အတူ မ်က္ႏွာေလးကသိသိသာသာ ႐ွံုမဲ့ေနသည္မို႔..

"ေတာ္ေတာ္နာသြားလား''

ဘာမွျပန္မေျပာသည့္ ေကာင္ေလးအားေဂ်ာင္ကုက..တစ္ခ်က္ရယ္ကာ..

"တိုး ဟိုဘက္ ငါအိပ္ေတာ့မယ္...မင္းငိုလည္းျပန္မေခ်ာ့ဘူး ဆက္ငို"

စာနာစိတ္မ႐ွိလူႀကီး...အီး...ဟီး..လူယုတ္မာႀကီး..အဟင့္...နာလိုက္တာလူလက္ေရာဟုတ္ရဲ႕လားမသိဘူး..ေက်ာင္းတုန္းက ဆရာမ႐ိုက္တာထက္ပင္အေတာ္ေလးကိုနာလွသည္။သူမ်ားသနားမလားဟု မ်က္ရည္ေလးက်ျပပါတယ္..ငံု႔ၾကည့္ၿပီးခပ္တည္တည္ႏွင့္ေဟာက္သြားေသးသည္။ဝမ္းနည္းစိတ္ေၾကာင့္လူကပိုလို႔ပင္မ်က္ရည္က်လာသည္။

သူက ကြၽန္ေတာ့္ကိုမခ်စ္ေတာ့ဘူးထင္တယ္။ဘာလို႔လဲ..ဘာလို႔လဲ..ေသခ်ာပါတယ္ သူကကြၽန္ေတာ့္ကိုမခ်စ္ေတာ့ဘူး။အရင္က မ်က္ရည္က်တာႏွင့္ ေထြးေပြ႔ကာေခ်ာ့ျမဴေပးသည့္ ရင္ခြင္ႀကီးကို လြမ္းသေယာင္။

အခုက်ေတာ့လူကိုဂ႐ုေတာင္မစိုက္ဘဲ..ေက်ေပးအိပ္ေနသည့္ေက်ာျပင္သာရလိုက္သည္။ပါးျပင္ေပၚကမ်က္ရည္စီးေၾကာင္းအားလက္ခံုအားလက္ျဖင့္ဖိသုတ္ကာ..ကုတင္ကေခါင္းရင္းကတုန္ျမည္လာသည့္ဖုန္းအား..ကိုင္လိုက္သည္။

"အာ..ေဟ်ာင္း"

.........."အင္း..အင္း..အိပ္ေတာ့မွာ".......

"အင္း..ေတာင္း..ေတာင္းပန္ပါတယ္".......

"ဟမ္...အင္း..မျဖစ္ႏိုင္ေတာ့ဘူး..ထင္တယ္"........

"ကြၽန္ေတာ့္ကိုမခ်စ္ေတာ့ဘူး..".......

"အာ...အင္း ကြၽန္ေတာဖုန္းခ်လိုက္ေတာ့မယ္ေနာ္ေနာက္မွထပ္ဆက္လိုက္မယ္"

ခပ္တိုးတိုး ဖုန္းေျပာေနသည့္အသံၾကားလိုက္ရတာေၾကာင့္ေဂ်ာင္ကုမသိမသာ နားစြင့္ကာနားေထာင္ေနမိသည္။Taehyung နဲ႔ဖုန္းေျပာေနတာျဖစ္မယ္။

ဖုန္းခ်လိုက္ၿပီထင္တယ္..။ေဂ်ာင္ကုလည္း အိပ္ခ်င္ေယာင္ေဆာင္လိုက္သည္။ဖုန္းအား​ကုတင္ေခါင္းရင္း ေပၚသို႔တင္ကာအိပ္ေပ်ာ္ေနသည့္သားဘက္လွည့္ကာ..ပါးနူးနူးညံ့ည့ံေလး အား ညင္သာစြာ ထိေတြ႔ေနမိသည္။

"ဟင္း.."

သက္ျပင္းခပ္ျပင္း ေငြ႔ေငြ႔ခ်ကာ ေက်ာေပးထားသည့္သူဘက္သို႔လွည့္ကာလက္အားတို႔ထိလိုက္ေတာ့ျပန္လွည့္မလာသျဖင့္..အိပ္ေပ်ာ္သြားတာျဖစ္လိမ့္မယ္။ထိုေၾကာင့္ ခါးေပၚသို႔လက္တင္ကာ..ခပ္တင္းတင္းဖက္ထားေနမိသည္။ေက်ာေပးထားသည့္ ေက်ာျပင္က်ယ္ႀကီးကိုပါးႏွင့္ပြတ္သက္ကာ..တိတ္တဆိတ္ငိုေႂကြးေနမိသည္။

ထို႔ေနာက္ ခါးေပၚကလက္အားျပန္႐ုတ္သိမ္းကာသားဘက္သို႔ျပန္လွည့္ကာ..မ်က္လံုးစံုအားမွိတ္ခ်လိုက္သည္။Jimin အိပ္ေပ်ာ္သြားမွေဂ်ာင္ကုကဂ်ီမင္ဘက္သို႔လွည့္လာၿပီး..ဂ်ီမင္ကိုေက်ာ္ကာအသာေလးကေလးကိုမခ်ီ၍ ပုခက္ထဲတြင္သိပ္လိုက္သည္။

ကေလးကိုသိပ္ၿပီးသည္ႏွင့္..အတတ္နိုင္ဆုံးေျခသံကိုမၾကားရေအာင္ဖြေလ်ွာက္လာရသည္။မေတာ္လို႔ အကိုေလးကႏိုးသြားရင္ ကေလးယူၿပီးထြက္ေျပးတယ္လုပ္ေနဦးမွာ။

"အင္း..."

ဂ်ီမင္ မိမိဘက္သို႔လွည့္အိပ္လာသည္မို႔..ခါးေပၚထိ႐ွိေသာ ေစာင္အားအေပၚထိဆြဲကာပုခံုးထိလံုေအာင္ျခံဳကာ ကို္ယ္ေသးေသားေလးအား ရင္ခြင္ထဲထည့္ဖက္ကာအိပ္စက္ျခင္းဆီသို႔ဦးတည္လိုက္သည္။မအိပ္ခင္ နဖူးႏုႏုထက္ေပၚသို႔ အနမ္းတစ္ပြင့္ေႁခြကာ..'Goodnight baby'ဟုေျပာခဲ့ေသးသည္။

အိပ္မေပ်ာ္ေသးသည့္ ဂ်ီမင္လည္း..ရင္ခြင္က်ယ္ႀကီးထဲသို႔ေရာက္ေနသည္ကို..သေဘာတက်ရယ္လိုက္ကာ..ထိုလူ၏ခါးထက္၌ လက္တို႔ျဖင့္ ျပန္လည္ေပြ႔ဖက္ကာ..အိပ္မက္ကမာၻဆီသို႔ ။လွပေသာည၌..အိပ္မက္တို႔သည္ေပ်ာ္စရာျဖစ္ေနသည္မွာႀကိမ္းေသပင္။

====================

"Jeon jungkook!!!"

နားထဲသို႔က်ယ္ေလာင္စြာ ဝင္လာသည့္အသံေၾကာင့္..နားတစ္ဖက္လံုးအူသြားကာ..အလိုလိုႏိုးလာခဲ့သည္။

"ဂြၽန္ေဂ်ာင္ကု ေရာ့"

ျမင္ရသည္ကဝိုးတဝါးျဖစ္ေနတာေၾကာင့္ လက္ခံုျဖင့္မ်က္လံုးအားပြတ္ကာ ျပန္ၾကည့္လိုက္သည္။ကေလးအား ဂ်ိဳင္းကေနမကာ သူ႔အားလက္ဆန္႔ကာေပးေနတာေၾကာင့္..ေယာင္နနႏွင့္ ဂ်ိဳင္းကေနမကာျပန္ယူလိုက္သည္။

" ကေလးအီးပါခ်တာ ေဆးေပးလိုက္..အႏွီးပါေလ်ွာ္ခဲ့"

"ဟမ္.."

"သြားထ မ်က္ႏွာသစ္ရင္းတစ္ခါတည္းလုပ္ေပးလိုက္"

"ဟမ္.."

အခုထက္ထိ တ ဟမ္ ဟမ္ ႏွင့္ျပန္ေမးေနေသာေဂ်ာင္ကုကိုၾကည့္ၿပီးစိတ္မ႐ွည္ေတာ့သည့္ဂ်ီမင္။

"မင္း.. အခုၾကေတာ့ ငါယူၿပီးျပန္မွာစိတ္မပူဘူးလား..''

ခ်စ္ေတာ့ခ်စ္တယ္ ကေလးခ်ီးေပတာကိုမေဆးေပးခ်င္တဲ့ ပတ္ဂ်ီမင္ ပတ္ဂ်ီမင္။မွတ္ေတာင္ထားရဦးမယ္ ။လည္ခ်က္က ဂ်င္႐ွံုးတယ္ ။ကေလးအီးပါမွ သူ႔အားလာေပးသည့္ငလည္ေလး ပတ္ဂ်ီမင္ ။

"ကဲ သြားပါ သြားကြၽန္ေတာ္မနက္စာသြားျပင္မလို႔..အႏွီးပါေလ်ွာ္ခဲ့ေနာ္.."

သူမေၾကာက္ေတာ့ပါဘူး..ကေလးကိုသာျပန္ေခၚခ်င္ရင္ မေန႔ကတည္းကသူအိပ္ေနတုန္းျပန္ေခၚသြားမွာေပါ့။ညက ကေလးကိုပုခက္ထဲသို႔သြားျပန္သိပ္ထဲက သူအိပ္မေပ်ာ္ေသးသည္မို႔သိသည္။ေျပာေတာ့ မခ်စ္ေတာ့ဘူး ဆိုၿပီး ႏွဖူးကိုနမ္းၿပီးေတာ့ေတာင္'Goodnight baby'ဟုေျပာသြားေသးတယ္။

႐ႈပ္ပြေနသည့္ေဂ်ာင္ကုဆံပင္အားနဖူးေပၚကေန သပ္တင္ေပးလိုက္သည့္ဂ်ီမင္။

ဂ်ီမင္ ဆံပင္သပ္တင္ေပးလိုက္တာေၾကာင့္ကြၽန္ေတာ့္ ေလာကတစ္ခုလံုးရပ္တန္႔သြားသလိုျဖစ္သြားသည္။ရင္ဘတ္ထဲက တဒုတ္ဒုတ္ႏွင့္ခုန္ေနသည့္ ႏွလံုးက အျပင္ဘက္သို႔ထြက္လာေတာ့မည္ေတာင္မွတ္ရသည္။

"ကြၽန္ေတာ္ အဲ့ေလာက္ေတာင္ေခ်ာလား"

"ဟမ္.."

"အဲ့ေလာက္ၾကည့္မေနနဲ႔..႐ွက္တယ္"

"မနက္စာျပင္ထား ငါမ်က္ႏွာသစ္ၿပီးရင္ဆင္းလာခဲ့မယ္.."

"အင္း.."

ကေလးခ်ီကာ ေရခ်ိဳးခန္းထဲဝင္သြားသည့္..ေဂ်ာင္ကုေက်ာကိုၾကည့္ကာဂ်ီမင္ႏွစ္ၿခိဳက္စြာျပံဳးလိုက္မိသည္။သူတို႔က အခုညားခါစ ဇႏွီးေမာင္ႏွံေတြနဲ႔မတူဘူးလား..။

ုေပ်ာ္ရႊင္ေနတဲ့ ဂ်ီမင္ရဲ႕အေပ်ာ္ကိုဖ်က္စီးလိုက္တာကေတာ့သတင္းဆိုးတစ္ခုပင္။ေဂ်ာင္ကု ကကေလးအားခ်ီကာ ေအာက္သို႔ဆင္းလာေတာ့ မ်က္ႏွာမေကာင္းသည့္ဂ်ီမင္ေၾကာင့္..ထမင္းစားပြဲမွာဝင္ထိုင္ကာေမးလိုက္သည္။

"ဘာျဖစ္လို႔လဲ မ်က္ႏွာလည္းမေကာင္းဘူး''

"သဘက္ခါၾကရင္ ခင္ဗ်ား တို႔မဂၤလာေဆာင္မဟုတ္ဘူးလား.."

ညိဳးငယ္ေနေသာ မ်က္ႏွာေလးျဖင့္..တိုးတိုးေလး ေမး႐ွာသည္။

"ဟုတ္တယ္ေလ.."

ထိုစကားကို ေပါ့ပါးစြာေျပာလိုက္သည့္..ေဂ်ာင္ကုကိုၾကည့္ၿပီး ဂ်ီမင္အလိုလိုဝမ္းနည္းလာခဲ့သည္။ခ်က္ခ်င္း မ်က္ရည္တို႔ဝဲတက္လာႁပီး...နာက်င္မႈတို႔ကလည္း ရင္ဘတ္ထဲတြင္အျပည့္ပင္။ေဂ်ာင္ကု ဂ်ီမင္အေျခအေန..တစ္ခ်က္ၾကည့္လိုက္ၿပီးဂ်ီမင္လက္ကိုဆြဲလိုက္ကာ..ဂ်ီမင္ကိုသူ႔အားၾကည့္ေစသည္။

"အခ်ိန္ တစ္ရက္ေပးမယ္..တစ္ရက္အတြင္းစိတ္ဆိုးေျပေအာင္လုပ္ႏိုင္ရင္..မဂၤလာပြဲဖ်က္ေပးမယ္"

"တကယ္လား.."

ခ်က္ခ်င္း ျပန္လည္ဝင္းပလာသည့္မ်က္ႏွာေလးေၾကာင့္... ေဂ်ာင္ကုစိတ္ထဲလည္းပို၍ ေက်နပ္သြားသည္။သူသာေတာင္းဆိုရင္ ကြၽန္ေတာ္ကအကုန္လုပ္ေပးဖို႔ အသင့္႐ွိေနသူပါ။အခုလိုသူကိုယ္တိုင္ လက္ထပ္ဖို႔ေျပာလာေတာ့အလြန္ကိုေပ်ာ္ရႊင္ေနမိတာ..။ကြၽန္ေတာ့္ကိုမခ်စ္ရင္ေတာင္ သားအတြက္စဥ္းစားၿပီးလက္ထပ္ဖို႔ေျပာခဲ့တာလို႔ထင္တယ္အဲ့ဒါေၾကာင့္ ေက်ေက်နပ္နပ္ႀကီးဝမ္းသာမိတာေပါ့။

"ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲဟင္..ခင္ဗ်ား ဘယ္လိုျဖစ္ရင္စိတ္ဆိုးေျပမလဲဟင္"

"ေအာ.. ေဟာ..ငါစိတ္ဆိုးသြားၿပီ..''

"ဟမ္... ဘာျဖစ္လို႔လဲဟင္"

အလန္႔တၾကား မ်က္လံုးျပဴးမ်က္စံျပဴးျဖင့္ေမးလာသည့္ jiminကိုၾကည့္ေဂ်ာင္ကုစိတ္ထဲ၌ႀကိတ္ရယ္ေနေလသည္။ဒီကေလးကို စရတာေပ်ာ္ဖို႔ေကာင္းတယ္။

"အခုထက္ထိ ခင္ဗ်ား ခင္ဗ်ား နဲ႔ေခၚေနတုန္းပဲလား..မင္းေယာက်ာ္းျဖစ္လာမယ့္သူကို"

"အဲ့တာဆို ေဂ်ာင္ကုလို႔ေခၚမယ္"

"ကိုယ့္ထက္အသက္ႀကီးသူကိုအဲ့လိုေခၚစရာလား ထပ္အ႐ိုက္ခံခ်င္ၿပီလား"

ကြၽန္ေတာ္ ဂ်ီမင္ကိုဆူလိုက္ေတာ့..သူကႏႈတ္ခမ္းဆူေထာ္လာၿပီး..ေစာင့္ေအာင့္ကာျပန္ေျပာသည္။

"အဲ့တာဆို ဘယ္လိုေခၚရမွာလဲ"

"ကိုကို...ကိုကိုလို႔ေခၚ"

"ဟမ္..ကိုကို ဟုတ္လား..အဲ့တာမိန္းကေလးေခၚတဲ့ဟာႀကီးေလ"

"မိန္းကေလးမွ ေခၚရမယ္လို႔ မသတ္မွတ္ထားဘူးေလ.."

"ဒါေပမယ့္ တျခားဟာေျပာင္းေခၚမယ္ေလ''

"ဘယ္လိုေခၚမွာတုန္း.."

"ကုကု ဆိုရင္ေရာ"

"ငါကကေလးလား အေမကသားကိုအဲ့တိုင္းေခၚတာ..''

"ဟြန္႔...ဂြၽန္..ဆိုရင္ေရာ"

"ဟင့္အင္း ငါမႀကိဳက္ဘူး.."

"Kookie..jungkookieဆိုရင္ေရာ ''

"အင္း..မဆိုးဘူး အဲ့အတိုင္းေခၚ ဒါေပမယ့္ ငါက ကိုကိုဆိုတဲ့နာမ္စားေလးကိုပိုသေဘာက်တယ္"

"မနက္စာေတြ ေအးေတာ့မယ္စားေတာ့"

သူမေခၚခ်င္တာေၾကာင့္ ခ်က္ခ်င္းလမ္းေၾကာင္းလႊဲသြားသည့္..ပတ္ဂ်ီမင္..လည္လိုက္တာမွ..မႊတ္ေနတာပဲ။စကားကလည္း တတ္ပါ့..။

"ေရာ့..သားအတြက္ႏို႔ဘူး.."

"သားနာမည္က ဂြၽန္မင္ေဂ်ာင္ေနာ္..မွတ္ထားဦး"

"ဂြၽန္မင္ေဂ်ာင္... မေကာင္းပါဘူးအဲ့တာႀကီးက.. ဂြၽန္ေဂ်ာင္မင္ ဆိုရင္ေရာ..ဟုတ္တယ္ ဂြၽန္ေဂ်ာင္မင္..''

"ဟင့္အင္း ဂြၽန္မင္ေဂ်ာင္ပဲထားမွာ"

"မရဘူး ဂြၽန္ေဂ်ာင္မင္"

"ဂြၽန္မင္ေဂ်ာင္ပဲ"

"ဂြၽန္ေဂ်ာင္မင္ပါဆို.."

==================ကဲ ဒါဒါတို႔ေရ ေရးေပးလိုက္ၿပီေနာ္Voteေလးေပးရင္ေပ်ာ္မိမွာပဲ..ဂြၽန္ေဂ်ာင္မင္နဲ႔ ဂြၽန္မင္ေဂ်ာင္အသင္း..ဒါဒါတို႔ကေရာ ဘယ္အသင္းလဲေဝ့

Unicode

အော.. အဲ့လိုရမယ်များထင်နေလား..။သားကို ပုခက်ထဲမှာသိပ်မယ်တဲ့..မလူပ်ရဘူး ။စိတ်ချလို့ရသည့်ထဲမှာ သူမပါပေ။တကယ်ကို ဉာဏ်နီဉာဏ်နက်များသည်ထင်ရတယ်။မတော်လို့ ကိုယ်အိပ်နေသည့်အချိန်ကလေးယူပြီး အိမ်ပြန်ရင်ဘယ်လိုလုပ်မလဲ။မဖြစ်ရပါဘူး... အဲ့တာကြောင့်ကုတင်ပေါ်မှာပဲခေါ်သိပ်မှာ။

"ဂျွန်ဂျောင်ကု"

ရေချိုးခန်းထဲမှ မျက်နှာသစ်ကာထွက်လာသည့်ဂျောင်ကုအား ဂျီမင်လှမ်းခေါ်လိုက်သည်။

"ဘာလဲ "

မျက်နှာပေါ်ရှိ ရေစက်တို့အားပြောင်စင်အောင်တဘတ်ဖြင့်သုတ်ကာဂျီမင်အား ပြန်ဖြေလိုက်သည်။ဘာလဲတဲ့..ရင့်လိုက်တာ လေသံက။အရင်တုန်းကကြတော့ မင်ဆိုပြီး..နူးညံ့လို့။

"ကလေးကို ကုတင်ပေါ်မှာ ကျွန်တော်နဲ့အတူသိပ်မှာနော်"

"ကလေးကို မတော်လို့တက်ဖိမိရင် ဘယ်လိုလုပ်မလဲ "

"ဖိရဲဖိကြည့် ဖိမိတဲ့နေရာဖြတ်ပစ်မယ်.."

မျက်လုံးပြူးပြပြီး ပြောလာသည့်ပုံစံကကလေးထိ ဓားကြည့်ဆိုသည့်ပုံပင်။

"စောင်သွားယူသွား အေးတယ်.."

"အေးရင် ဘာလို့အဲယားကွန်းဖွင့်ထားသေးလဲ"

"ပူလို့ပေါ့"

"ပူရင်ဘာလို့စောင်ခြုံလဲ"

"အေးလို့လေ"

"ဟာ..အေးရင် အဲယားကွန်း မဖွင့်နဲ့လေ"

"ပူလို့ ဖွင့်တာလေ"

"ပူရင် ဘာလို့စောင်ခြုံသေးလဲ "

"အေးလို့ လို့"

"မပြောတော့ဘူး...မင်းကို"

"ပြောနဲ့"

Jimin ပြောပြောဆိုဆို နှင့် စောင်ဆွဲခြုံကာလှဲလိုက်သည်။

"တိုး ဟိုဘက်ကို..''

"ကလေးကိုအလည်မှာမထားပါဘူး..ခင်ဗျား တက်ဖိရင်ဘယ်လိုလုပ်မလဲ"

"အေး အဲ့တာကြောင့် ပုခက်ထဲမှာသိပ်လိုက်လို့ငါမပြောဘူးလား"

"ခင်ဗျား ခေါ်သွားရင်ဘယ်လိုလုပ်မလဲ"

"ငါမသွားဘူးလို့ပြောပြီးပြီပဲ...မင်းတကယ်လက်ပေါက်ကပ်တဲ့ကောင်လေးပဲ "

"ဘာဖြစ်လဲ အဲ့တော့..ခင်ဗျား ကျွန်တော့်ဘေးမှာအိပ်"

"ဘာလဲ အိပ်စေချင်ရင်အိပ်စေချင်တယ်ပေါ့..ပဲများနေသေးတယ်"

"များနေရင် ခင်ဗျား တစ်ဝက်စားလိုက်လေ"

ဖြန်း...တင်းပါးပေါ်ကျရောက်လာသည့်..လက်ဝါးတစ်ခုရဲ့ရိုက်ချက်ကြောင့် ဂျီမင်တစ်ယောက် အီထွက်သွားလေသည်။

"အဲ့တာ ငါ့ကိုခံပြောလို့..ကိုယ့်ထက်အကြီးကိုခံမပြောရဘူး "

သူ့အား စပ်စပ်ထိမခံ ပြန်ခံပြောနေသည့်ကောင်လေးရဲ့ တင်ပါးလုံးလုံး လက်ဝါးဖြင့်အားထည့်ကာရိုက်လိုက်သည်။သူ့အားဘာမှပြန်မပြောဘဲ တင်ပါးပဲပွတ်နေသည့်ကောင်လေးသည် မျက်နှာကိုအောက်သို့ငုံ့ထားတာကြောင့်..ခါးကိုင်းကာ ငုံ့ကြည့်မိသည်။ပါးပြင်ပေါ်သို့ တစ်ရစ်ရစ်စီးကျနေသည့်မျက်ရည်ကြောင်း​တွေနဲ့အတူ မျက်နှာလေးကသိသိသာသာ ရှုံမဲ့နေသည်မို့..

"တော်တော်နာသွားလား''

ဘာမှပြန်မပြောသည့် ကောင်လေးအားဂျောင်ကုက..တစ်ချက်ရယ်ကာ..

"တိုး ဟိုဘက် ငါအိပ်တော့မယ်...မင်းငိုလည်းပြန်မချော့ဘူး ဆက်ငို"

စာနာစိတ်မရှိလူကြီး...အီး...ဟီး..လူယုတ်မာကြီး..အဟင့်...နာလိုက်တာလူလက်ရောဟုတ်ရဲ့လားမသိဘူး..ကျောင်းတုန်းက ဆရာမရိုက်တာထက်ပင်အနော်လေးကိုနာလှသည်။သူများသနားမလားဟု မျက်ရည်လေးကျပြပါတယ်..ငုံ့ကြည့်ပြီးခပ်တည်တည်နှင့်ဟောက်သွားသေးသည်။ဝမ်းနည်းစိတ်ကြောင့်လူကပိုလို့ပင်မျက်ရည်ကျလာသည်။

သူက ကျွန်တော့်ကိုမချစ်တော့ဘူးထင်တယ်။ဘာလို့လဲ..ဘာလို့လဲ..သေချာပါတယ် သူကကျွန်တော့်ကိုမချစ်တော့ဘူး။အရင်က မျက်ရည်ကျတာနှင့် ထွေးပွေ့ကာချော့မြူပေးသည့် ရင်ခွင်ကြီးကို လွမ်းသယောင်။

အခုကျတော့လူကိုဂရုတောင်မစိုက်ဘဲ..ကျေပေးအိပ်နေသည့်ကျောပြင်သာရလိုက်သည်။ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းအားလက်ခုံအားလက်ဖြင့်ဖိသုတ်ကာ..ကုတင်ကခေါင်းရင်းကတုန်မြည်လာသည့်ဖုန်းအား..ကိုင်လိုက်သည်။

"အာ..ဟျောင်း"

"အင်း..အင်း..အိပ်တော့မှာ"

"အင်း..တောင်း..တောင်းပန်ပါတယ်"

"ဟမ်...အင်း..မဖြစ်နိုင်တော့ဘူး..ထင်တယ်"

"ကျွန်တော့်ကိုမချစ်တော့ဘူး.."

"အာ...အင်း ကျွန်တောဖုန်းချလိုက်တော့မယ်နော်နောက်မှထပ်ဆက်လိုက်မယ်"

ခပ်တိုးတိုး ဖုန်းပြောနေသည့်အသံကြားလိုက်ရတာကြောင့်ဂျောင်ကုမသိမသာ နစွင့်ကာနားထောင်နေမိသည်။

ဖုန်းချလိုက်ပြီထင်တယ်..။ဂျောင်ကုလည်း အိပ်ချင်ယောင်ဆောင်လိုက်သည်။ဖုန်းအား​ကုတင်ခေါင်းရင်း ပေါ်သို့တင်ကာအိပ်ပျော်နေသည့်သားဘက်လှည့်ကာ..ပါးနူးနူးညံ့ည့ံလေး အား ညင်သာစွာ ထိတွေ့နေမိသည်။

"ဟင်း.."

သက်ပြင်းခပ်ပြင်း ငွေ့ငွေ့ချကာ ကျောပေးထားသည့်သူဘက်သို့လှည့်ကာလက်အားတို့ထိလိုက်တော့ပြန်လှည့်မလာသဖြင့်..အိပ်ပျော်သွားတာဖြစ်လိမ့်မယ်။ထိုကြောင့် ခါးပေါ်သို့လက်တင်ကာ..ခပ်တင်းတင်းဖက်ထားနေမိသည်။ကျောပေးထားသည့် ကျောပြင်ကျယ်ကြီးကိုပါးနှင့်ပွတ်သက်ကာ..တိတ်တဆိတ်ငိုကြွေးနေမိသည်။

ထို့နောက် ခါးပေါ်ကလက်အားပြန်ရုတ်သိမ်းကာသားဘက်သို့ပြန်လှည့်ကာ..မျက်လုံးစုံအားမှိတ်ချလိုက်သည်။Jimin အိပ်ပျော်သွားမှဂျောင်ကုကဂျီမင်ဘက်သို့လှည့်လာပြီး..ဂျီမင်ကိုကျော်ကာအသာလေးကလေးကိုမချီ၍ ပုခက်ထဲတွင်သိပ်လိုက်သည်။

ကလေးကိုသိပ်ပြီးသည်နှင့်..အတတ်နိုင်ဆုံးခြေသံကိုမကြားရအောင်ဖွလျှောက်လာရသည်။မတော်လို့ အကိုလေးကနိုးသွားရင် ကလေးယူပြီးထွက်ပြေးတယ်လုပ်နေဦးမှာ။

"အင်း..."

ဂျီမင် မိမိဘက်သို့လှည့်အိပ်လာသည်မို့..ခါးပေါ်ထိရှိသော စောင်အားအပေါ်ထိဆွဲကာပုခုံးထိလုံအောင်ခြုံကာ ကို်ယ်သေးသေားလေးအား ရင်ခွင်ထဲထည့်ဖက်ကာအိပ်စက်ခြင်းဆီသို့ဦးတည်လိုက်သည်။မအိပ်ခင် နဖူးနုနုထက်ပေါ်သို့ အနမ်းတစ်ပွင့်ခြွေကာ..'Goodnight baby'ဟုပြောခဲ့သေးသည်။

အိပ်မပျော်သေးသည့် ဂျီမင်လည်း..ရင်ခွင်ကျယ်ကြီးထဲသို့ရောက်နေသည်ကို..သဘောတကျရယ်လိုက်ကာ..ထိုလူ၏ခါးထက်၌ လက်တို့ဖြင့် ပြန်လည်ပွေ့ဖက်ကာ..အိပ်မက်ကမ္ဘာဆီသို့ ။လှပသောည၌..အိပ်မက်တို့သည်ပျော်စရာဖြစ်နေသည်မှာကြိမ်းသေပင်။

====================

"Jeon jungkook!!!"

နားထဲသို့ကျယ်လောင်စွာ ဝင်လာသည့်အသံကြောင့်..နားတစ်ဖက်လုံးအူသွားကာ..အလိုလိုနိုးလာခဲ့သည်။

"ဂျွန်ဂျောင်ကု ရော့"

မြင်ရသည်ကဝိုးတဝါးဖြစ်နေတာကြောင့် လက်ခုံဖြင့်မျက်လုံးအားပွတ်ကာ ပြန်ကြည့်လိုက်သည်။ကလေးအား ဂျိုင်းကနေမကာ သူ့အားလက်ဆန့်ကာပေးနေတာကြောင့်..ယောင်နနနှင့် ဂျိုင်းကနေမကာပြန်ယူလိုက်သည်။

" ကလေးအီးပါချတာ ဆေးပေးလိုက်..အနှီးပါလျှော်ခဲ့"

"ဟမ်.."

"သွားထ မျက်နှာသစ်ရင်းတစ်ခါတည်းလုပ်ပေးလိုက်"

"ဟမ်.."

အခုထက်ထိ တ ဟမ် ဟမ် နှင့်ပြန်မေးနေသောဂျောင်ကုကိုကြည့်ပြီးစိတ်မရှည်တော့သည့်ဂျီမင်။

"မင်း.. အခုကြတော့ ငါယူပြီးပြန်မှာစိတ်မပူဘူးလား..''

ချစ်တော့ချစ်တယ် ကလေးချီးပေးတာကိုမဆေးပေးချင်တဲ့ ပတ်ဂျီမင် ပတ်ဂျီမင်။မှတ်တောင်ထားရဦးမယ် ။လည်ချက်က ဂျင်ရှုံးတယ် ။ကလေးအီးပါမှ သူ့အားလာပေးသည့်ငလည်လေး ပတ်ဂျီမင် ။

"ကဲ သွားပါ သွားကျွန်တော်မနက်စာသွားပြင်မလို့..အနှီးပါလျှော်ခဲ့နော်.."

သူမကြောက်တော့ပါဘူး..ကလေးကိုသာပြန်ခေါ်ချင်ရင် မနေ့ကတည်းကသူအိပ်နေတုန်းပြန်ခေါ်သွားမှာပေါ့။ညက ကလေးကိုပုခက်ထဲသို့သွားပြန်သိပ်ထဲက သူအိပ်မပျော်သေးသည်မို့သိသည်။ပြောတော့ မချစ်တော့ဘူး ဆိုပြီး နှဖူးကိုနမ်းပြီးတော့တောင်'Goodnight baby'ဟုပြောသွားသေးတယ်။

ရှုပ်ပွနေသည့်ဂျောင်ကုဆံပင်အားနဖူးပေါ်ကနေ သပ်တင်ပေးလိုက်သည့်ဂျီမင်။

ဂျီမင် ဆံပင်သပ်တင်ပေးလိုက်တာကြောင့်ကျွန်တော့် လောကတစ်ခုလုံးရပ်တန့်သွားသလိုဖြစ်သွားသည်။ရင်ဘတ်ထဲက တဒုတ်ဒုတ်နှင့်ခုန်နေသည့် နှလုံးက အပြင်ဘက်သို့ထွက်လာတော့မည်တောင်မှတ်ရသည်။

"ကျွန်တော် အဲ့လောက်တောင်ချောလား"

"ဟမ်.."

"အဲ့လောက်ကြည့်မနေနဲ့..ရှက်တယ်"

"မနက်စာပြင်ထား ငါမျက်နှာသစ်ပြီးရင်ဆင်းလာခဲ့မယ်.."

"အင်း.."

ကလေးချီကာ ရေချိုးခန်းထဲဝင်သွားသည့်..ဂျောင်ကုကျောကိုကြည့်ကာဂျီမင်နှစ်ခြိုက်စွာပြုံးလိုက်မိသည်။သူတို့က အခုညားခါစ ဇနှီးမောင်နှံတွေနဲ့မတူဘူးလား..။

ုပျော်ရွှင်နေတဲ့ ဂျီမင်ရဲ့အပျော်ကိုဖျက်စီးလိုက်တာကတော့သတင်းဆိုးတစ်ခုပင်။ဂျောင်ကု ကကလေးအားချီကာ အောက်သို့ဆင်းလာတော့ မျက်နှာမကောင်းသည့်ဂျီမင်ကြောင့်..ထမင်းစားပွဲမှာဝင်ထိုင်ကာမေးလိုက်သည်။

"ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းဘူး''

"သဘက်ခါကြရင် ခင်ဗျား တို့မင်္ဂလာဆောင်မဟုတ်ဘူးလား.."

ညိုးငယ်နေသော မျက်နှာလေးဖြင့်..တိုးတိုးလေး မေးရှာသည်။

"ဟုတ်တယ်လေ.."

ထိုစကားကို ပေါ့ပါးစွာပြောလိုက်သည့်..ဂျောင်ကုကိုကြည့်ပြီး ဂျီမင်အလိုလိုဝမ်းနည်းလာခဲ့သည်။ချက်ချင်း မျက်ရည်တို့ဝဲတက်လာပြီး...နာကျင်မှုတို့ကလည်း ရင်ဘတ်ထဲတွင်အပြည့်ပင်။ဂျောင်ကု ဂျီမင်အခြေအနေ..တစ်ချက်ကြည့်လိုက်ပြီးဂျီမင်လက်ကိုဆွဲလိုက်ကာ..ဂျီမင်ကိုသူ့အားကြည့်စေသည်။

"အချိန် တစ်ရက်ပေးမယ်..တစ်ရက်အတွင်းစိတ်ဆိုးပြေအောင်လုပ်နိုင်ရင်..မင်္ဂလာပွဲဖျက်ပေးမယ်"

"တကယ်လား.."

ချက်ချင်း ပြန်လည်ဝင်းပလာသည့်မျက်နှာလေးကြောင့်... ဂျောင်ကုစိတ်ထဲလည်းပို၍ ကျေနပ်သွားသည်။သူသာတောင်းဆိုရင် ကျွန်တော်ကအကုန်လုပ်ပေးဖို့ အသင့်ရှိနေသူပါ။အခုလိုသူကိုယ်တိုင် လက်ထပ်ဖို့ပြောလာတော့အလွန်ကိုပျော်ရွှင်နေမိတာ..။ကျွန်တော့်ကိုမချစ်ရင်တောင် သားအတွက်စဉ်းစားပြီးလက်ထပ်ဖို့ပြောခဲ့တာလို့ထင်တယ်အဲ့ဒါကြောင့် ကျေကျေနပ်နပ်ကြီးဝမ်းသာမိတာပေါ့။

"ကျွန်တော် ဘာလုပ်ပေးရမလဲဟင်..ခင်ဗျား ဘယ်လိုဖြစ်ရင်စိတ်ဆိုးပြေမလဲဟင်"

"အော.. ဟော..ငါစိတ်ဆိုးသွားပြီ..''

"ဟမ်... ဘာဖြစ်လို့လဲဟင်"

အလန့်တကြား မျက်လုံးပြူးမျက်စံပြူးဖြင့်မေးလာသည့် jiminကိုကြည့်ဂျောင်ကုစိတ်ထဲ၌ကြိတ်ရယ်နေလေသည်။ဒီကလေးကို စရတာပျော်ဖို့ကောင်းတယ်။

"အခုထက်ထိ ခင်ဗျား ခင်ဗျား နဲ့ခေါ်နေတုန်းပဲလား..မင်းယောကျာ်းဖြစ်လာမယ့်သူကို"

"အဲ့တာဆို ဂျောင်ကုလို့ခေါ်မယ်"

"ကိုယ့်ထက်အသက်ကြီးသူကိုအဲ့လိုခေါ်စရာလား ထပ်အရိုက်ခံချင်ပြီလား"

ကျွန်တော် ဂျီမင်ကိုဆူလိုက်တော့..သူကနှုတ်ခမ်းဆူထော်လာပြီး..စောင့်အောင့်ကာပြန်ပြောသည်။

"အဲ့တာဆို ဘယ်လိုခေါ်ရမှာလဲ"

"ကိုကို...ကိုကိုလို့ခေါ်"

"ဟမ်..ကိုကို ဟုတ်လား..အဲ့တာမိန်းကလေးခေါ်တဲ့ဟာကြီးလေ"

"မိန်းကလေးမှ ခေါ်ရမယ်လို့ မသတ်မှတ်ထားဘူးလေ.."

"ဒါပေမယ့် တခြားဟာပြောင်းခေါ်မယ်လေ''

"ဘယ်လိုခေါ်မှာတုန်း.."

"ကုကု ဆိုရင်ရော"

"ငါကကလေးလား အမေကသားကိုအဲ့တိုင်းခေါ်တာ..''

"ဟွန့်...ဂျွန်..ဆိုရင်ရော"

"ဟင့်အင်း ငါမကြိုက်ဘူး.."

"Kookie..jungkookieဆိုရင်ရော ''

"အင်း..မဆိုးဘူး အဲ့အတိုင်းခေါ် ဒါပေမယ့် ငါက ကိုကိုဆိုတဲ့နာမ်စားလေးကိုပိုသဘောကျတယ်"

"မနက်စာတွေ အေးတော့မယ်စားတော့"

သူမခေါ်ချင်တာကြောင့် ချက်ချင်းလမ်းကြောင်းလွှဲသွားသည့်..ပတ်ဂျီမင်..လည်လိုက်တာမှ..မွှတ်နေတာပဲ။စကားကလည်း တတ်ပါ့..။

"ရော့..သားအတွက်နို့ဘူး.."

"သားနာမည်က ဂျွန်မင်ဂျောင်နော်..မှတ်ထားဦး"

"ဂျွန်မင်ဂျောင်... မကောင်းပါဘူးအဲ့တာကြီးက.. ဂျွန်ဂျောင်မင် ဆိုရင်ရော..ဟုတ်တယ် ဂျွန်ဂျောင်မင်..''

"ဟင့်အင်း ဂျွန်မင်ဂျောင်ပဲထားမှာ"

"မရဘူး ဂျွန်ဂျောင်မင်"

"ဂျွန်မင်ဂျောင်ပဲ"

"ဂျွန်ဂျောင်မင်ပါဆို.."

==================ကဲ ဒါဒါတို့ရေ ရေးပေးလိုက်ပြီနော်Voteလေးပေးရင်ပျော်မိမှာပဲ..ဂျွန်ဂျောင်မင်နဲ့ ဂျွန်မင်ဂျောင်အသင်း..ဒါဒါတို့ကရော ဘယ်အသင်းလဲဝေ့

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories