Fanfics

Ep -6

17:08, 22 August 2023

"Park.jimin ထေန႔လည္စာစားမယ္"

"ခနေလး..ခနေလး...ဂိမ္းႏိုင္ေတာ့မယ္"

အေတာ္လက္ေပါက္ကပ္ ပတ္ဂ်ီမင္။ေန႔လည္စာျပင္ၿပီးလို႔ စားဖို႔လာေခယ္တာ၁၂နာရီကတည္းက..ခနေလး...ခနေလး..ဆိုၿပီးေနေနတာတစ္နာရီထိုးေနၿပီ။ငါကေတာ့ ဗိုက္စာလို႔ေသေတာ့မယ္..ဒင္းကဂိမ္းေဆာ့ေကာင္းတုန္း..ကားတိုက္ကတည္းကတစ္ခါတည္းဂိမ္းမေဆ့ာ ႏိုင္ေအာင္တိုက္လိုက္ရမွာ။

အိပ္ယာေပၚကာ ေမွာက္ကာ ဂိမ္းေဆာ့ေနသည့္ဂ်ီမင္လက္ထဲကဖုန္းကိုယူလိုက္ၿပီး ဖုန္းပိတ္ကာတစ္ဖက္စားပြဲေပၚသို႔တင္လိုက္ေတာ့..ပတ္ဂ်ီမင္ ရဲ႕ ေအာင္လွေသာအသံကက်ယ္ေလာင္စြာ ထြက္ေပၚလာသည္။

သူ႔လင္ထယ္ေယာင္းၾကေတာ့ အသံကခ်ိဳသာလို႔ငါ့ဆိုစကားေကာင္း မေျပာဘူး...

"ခင္ဗ်ား ဘာလို႔ဂိမ္းေဆာ့ေနတာကိုလာလုတာလဲအခုဒီမွာ ဂိမ္း႐ွံုးသြားၿပီ..ႏိုင္ခါနီးမွကြာစိတ္ဓာတ္ပဲ.."

"ငါဗိုက္စာလို႔ေသေတာ့မယ္ကြ...ေစတနာနဲ႔ မင္းကိုအိမ္ေခၚထားၿပီး ျပဳစုေပးေနတာ..ငါပစ္ထားလိုက္ရင္ မင္းဘာသာ ယက္ကန္ယက္ကန္ ၾကက္ေျခက်ိဳးသလိုျဖစ္ေနလိမ့္မယ္..''

"ဘာဗ်..ခင္ဗ်ား လြန္လာၿပီ..ခင္ဗ်ား ကားနဲ႔တိုက္သြားၿပီး..တာဝန္ယူရမွာေပါ့..ကိုယ္လြတ္႐ုန္းလို႔ရမလား...''

"ေအး..မင္းကိုငါတာဝန္ေက်ေအာင္ ျပဳစုေပးေနတာပဲ..ေန႔လည္စာစားခ်ိန္ေတာ့ထမင္းစားေပါ့..မင္းဂိမ္းထိုင္ေဆာ့ေနေတာ့ငါကဗိုက္စာလို႔ေသေတာ့မယ္...''

"ဟဲ့..သားေရ ဆူညံေနတာပဲ.. အိမ္ကိုဘယ္သူေရာက္ေနတာလဲ..''

Jungkookနဲ႔ဂ်ီမင္စကားမ်ားေနတုန္းေအာက္ထက္ကေနအေပၚထက္သို႔တက္လာရင္းေျပာေနသည့္ ေဂ်ာင္ကုအေမရဲ႕အသံေၾကာင့္ေဂ်ာင္ကုကျပန္ေျပာဖို႔ပါးစပ္ဟလိုက္ခ်ိန္..ဂ်ီမင္ကေျပးပိတ္လိုက္ၿပီး

"အဟင့္...ဟင့္..ဂ်န္ေဂ်ာင္ကုလူယုတ္မာႀကီး..ခင္ဗ်ား ကြၽန္ေတာ့္ကိုတာဝန္ယူမွာလားမယူဘူးလားခင္ဗ်ား ကြၽန္ေတာ့္ကိုလုပ္ခ်င္တိုင္းလုပ္ၿပီးပစ္ထားလို႔ရမလား...အဟင့္...ခင္ဗ်ား ေၾကာင့္ကြၽန္ေတာ့္ဘဝႀကီးပ်က္္သြားၿပီနားလည္လား..အဟင့္...စားၿပီးနားမလည္လုပ္တဲ့သူႀကီး..ဒီဗုိက္ကိစၥကိုဘယ္လိုလုပ္မွာလဲ..ခင္ဗ်ား တာဝန္ယူရမယ္.."

ဂ်ီမင္စကားၾကားၿပီး...ေဂ်ာင္ကုလဲသာေသလိုက္ခ်င္ေတာ့သည္။ပတ္ဂ်ီမင္... မင္းေတာ့..လားအိုမားေရ..အထင္မလြဲပါနဲ႔...

ပတ္ဂ်ီမင္ ကိုျပန္ၾကည့္ၾကည့္ေတာ့..သူႏိုင္တယ္ဆိူသည့္အၾကည့္ႏွင့္..လူယုတ္မာျပံဳးျပံဳးေနလ်က္။

"ဂ်န္ေဂ်ာင္ကု..မင္း..မင္း...လာခဲ့စမ္း..ငါမင္းကိုငယ္ငယ္ကအဲ့လိုဆံုးမခဲ့လား..အခုေတာ့သူမ်ားသားသမီးကို...မင္းအစားငါ႐ွက္လြန္းလို႔ ဘယ္လိုလုပ္ရမလဲ..မင္းအဲ့ေကာင္ေလးကိုတာဝန္ယူရမယ္..ေ႐ွာင္ေျပးလို္႔ကေတာ့ငါအေၾကာင္းသိမယ္..ၾကားလား"

ေဂ်ာင္ကုအေမအခန္းထဲသို႔ဝင္လာေတာ့ခ်က္ခ်င္းဂ်ီမင္ကေနမေကာင္းကာႏြမ္းနယ္ေနသည့္ပံုေျပာင္းကာ ဟန္ေဆာင္လိုင္သည္။ေဂ်ာင္ကုအေမကအခန္းထဲေရာက္ေရာက္ခ်င္းေဂ်ာင္ကုနားရြက္ကိုဆြဲကာေက်ာ အားတဘုန္းဘုန္း႐ိုက္လ်က္ဆူေနတာေတြ႔ေတာ့...ဂ်ီမင္တစ္ေယာက္မသိမသာခိုးရယ္ေနသည္။

ခင္ဗ်ား အေမကတစ္ကယ္ထင္သြားတယ္နဲ႔တူတယ္...ဟားဟား..ဂြ်န္ေဂ်ာင္ကုေရခံလိုက္ေပဦးေပါ့...ဟီးဟီး..

ေဂ်ာင္ကုကေတာ့ ကုတင္ေပၚမွာ သူ႔အားႀကိတ္ရယ္ေနသည့္ဂ်ီမင္အား...စိတ္ထဲကေနႀကိမ္ဆဲေနသည္။

"အား...အား..ေတာ္ပါေတာ့အေမရဲ႕...နာတယ္ဗ်"

ေဂ်ာင္ကုအေမက သူ႔အား႐ိုက္ေနရာမွလႊတ္လိုက္ၿပီးကုတင္ေပၚမွာႏြမ္းနယ္စြာအိပ္ေနသည့္..ဂ်ီမင္ေဘးသို႔သြားထိုင္ကာ..ဂ်ီမင္လက္ကိုဆုပ္ကိုင္ကာတယုတယေျပာေနသည္။

"သားေလး..စိတ္မပူနဲ႔သိလား...အန္တီကအျပည့္အဝတာဝန္ယူတယ္..ဂ်န္ေဂ်ာင္ကုသားကိုတစ္ခုခုလုပ္တာနဲ႔ အန္တီကိုလာေျပာ..ၾကားလား..ဂ်န္ေဂ်ာင္ကုမင္းၾကပ္ၾကပ္သတိထား..ငါအခုဒီကသားေလးစားဖို႔တစ္ခုခုသြားဝယ္လိုက္ဦးမယ္..ျပန္လာလို႔မင္းသူ႔ကိုတစ္ခုခုလုပ္သံၾကားရင္.ေသမယ္သာမွတ္.."

ံ္ဂ်ီမင္အေမထြက္သြားၿပီးမွ..ေဂ်ာင္ကုက

"Park jiminမင္းဘယ္လိုေျပာလိုက္တာလဲငါ့အေမအထင္လြဲသြားၿပီ.."

"ကြၽန္ေတာ္ဘာမွမေျပာပါဘူး..ခင္ဗ်ား ကားတိုက္လို႔ဒီကိူေရာက္လာတာကိုေျပာတာေလအန္တီကသူ႔ဘာသူထင္သြားတာ...ကြၽန္ေတာ္လဲမတတ္ႏိုင္ဘူး...ဟီး.."

"ငါ့ကို သြားၿဖီးျပမေနနဲ႔.."ေဂ်ာင္ကုေျပာမွ ဂ်ီမင္ကပိုၿပီးသြားၿဖီးကာရယ္ျပလိုက္သည္။

"မင္းကိုထမင္းမေကြၽးဘူး..အဲ့မွာအငတ္ေန"

ဟင့္အင္း..အဲ့လိုလုပ္လို႔မျဖစ္ဘူးေလ..ငါထမင္းမစားရေသးဘူး...သူေျပာမွဗိုက္ကဆႏၵျပလာၿပီ...

"ဂ်န္ေဂ်ာင္ကု...စီနီယာေဂ်ာင္ကု..ကြၽန္ေတာ္မွားသြားပါတယ္ စီနီယာ ေဂ်ာင္ကု!!!''

အိမ္အေပၚထပ္ကေန သူ႔အားမွားသြားပါတယ္ဟုလွမ္းေအာ္ေနတဲ့ထိုေကာင္ေလးရဲ႕အသံအား မၾကားခ်င္ေယာင္ေဆာင္ကာ ကိုယ့္ဘာသာကိုယ္ထမင္းထိုင္စားေနသည္။

ခနၾကာေတာ့..အိမ္အေပၚကေျခသံၾကားသည္မို႔ထၾကည့္ၾကည့္ေတာ့ ေထာ့နဲ႔ ေထာ့နဲ႔ ႏွင့္အိမ္အေပၚထပ္ကဆင္းလာသည့္ ဂ်ီမင္။ဒီေကာင္ေလးေလွကားေပၚကေခ်ာ္က်မွ..မ်ိဳးျပဳတ္ေနဦးမယ္...

"ပတ္ဂ်ီမင္ မင္းေခ်ာ္က်ဦးမယ္..ဘာျဖစ္လို႔ဆင္းလာတာလဲ"

"ဗိုက္စာလို႔ေလ...အေမ့...အား"

ေျပာလို႔ဆိုလို႔မဆံုးေသးဘူး..ေလွကားေပၚကေနျပဳတ္က်တဲ့ဂ်ီမင္ေၾကာင့္ အေျပးဖမ္းလိုက္ရေသးသည္။

"အင့္.."

ေဂ်ာင္ကုက အေပၚကယိုင္က်သည့္ဂ်ီမင္ကိုယ္ကို ေအနာက္ေနလက္တန္႔ကာ ေျပးဖမ္းလိုက္တာေတာ့..ဂ်ီမင္ကေဂ်ာင္ကုဖက္လိုက္သလိုေဂ်ာင္ကုကလဲ ဖက္သကဲ့သို႔ျဖစ္သြားသည္။ထို႔ေနာက္ေဂ်ာင္ကုက ဂ်ီမင္ကိုခ်ီကာ..ထိုင္ခံုေပၚသို႔ခ်ေပးၿပီး..

"ဘာျဖစ္သြားေသးလဲ.."

"ဟင့္အင္း.."

"ငါသာမ႐ွိရင္ မင္းျပဳတ္က်ၿပီးေသေနေလာက္ၿပီ"

"ေက်းဇူးပဲ.."

"ေရာ့...ႀကိဳက္တာထည့္စား..''

သူ႔ေ႐ွ႕အား ထမင္းပန္းကန္လာခ်ေပးေသာ ေဂ်ာင္ကုကိုဂ်ီမင္ျပံဳးျပလိုက္သည္။သူ႔အရမ္းဗိုက္စာေနၿပီေလ..

ေဂ်ာင္ကုကသူ႔အားမ်က္လံုးေလးေတြေမွးသြားသည္အထိျပံဳးျပေသာ ေကာင္ေလးေၾကာင့္..ရီလိုက္သည္။

"သားေရ...သားေလး..ေရာ့..ေမေမကသားအတြက္မုန္႔ေတြဝယ္ခဲ့တယ္..ဂ်န္ေဂ်ာင္ကုသားကိုႏွိပ္စက္ေသးလား..''

ေစ်းကျပန္လာၿပီး..စားစရာမ်ားကိုဝယ္လာသည့္အေမက သူ႔အားေက်ာ္၍ ဂ်ီမင္ဆီသြားကာဂ႐ုစိုက္ယုယျပေနတာမို႔..ေဂ်ာင္ကုစိတ္အခ်ဥ္ေပါက္သြားသည္။

"သူ႔လား..အဟင့္...သူကအေမ့ကိုျပန္တိုင္လို႔ဆိုၿပီးသားကိုထမင္းမေကြၽးဘူး...သားကလည္းေနမေကာင္းေတာ့..ေျခေထာက္ကလည္းနာေနေတာ့ကိုယ့္ဘာသာကိုေအာင္ဆင္းၿပီးစားမလို႔လုပ္ေတာ့ေလွကားေပၚကလိမ့္က်သြားေသးတယ္..အဲ့တာကိုသူက လာမထူဘဲ...ေသ..ေသလို႔ေျပာတယ္အေမအဟင့္...သားအရမ္းဝမ္းနည္းတာပဲ"

သူ႔အားမီးေတာက္မ​်က္လံူးမ်ားျဖင့္ၾကည့္လာ​ေသာ အေမေၾကာင့္...ေဂ်ာင္ကုေက်ာခ်မ္းလာသည္။သူ႔ေစာ္ပေလာ္တီးခံရေတာ့မည္...ပတ္ဂ်ီမင္..မိေက်ာင္းမသားေလး..မင္းကိုေစတနာထားလို႔ကိုမရဘူး..ဥာဏ္နီဥာဏ္နက္က ထြက္လိုက္တာ..အေမကတကယ္ထင္သြားၿပီ...အေမ့ေ႐ွ႕ေရာက္ေတာ့..အျဖဴထည္ေလးက်လို႔..မင္းသားေယာင္ေဆာင္ထားတဲ့ ဘီလူးႀကီး...

"အား..အေမေရ...ေတာ္ပါေတာ့ဗ်"

ဂ်ီမင္ေကာင္းမႈေၾကာင့္ ေဂ်ာင္ကုတစ္ေယာက္႐ိုက္ခံေနရပါေတာ့သည္။ေဘးကဂ်ီမင္ကေတာ့ျပံဳးျပံဳးႀကီး ထိုင္ၾကည့္လ်က္...

Unicode

"Park.jimin ထနေ့လည်စာစားမယ်"

"ခနလေး..ခနလေး...ဂိမ်းနိုင်တော့မယ်"

အတော်လက်ပေါက်ကပ် ပတ်ဂျီမင်။နေ့လည်စာပြင်ပြီးလို့ စားဖို့လာခေယ်တာ၁၂နာရီကတည်းက..ခနလေး...ခနလေး..ဆိုပြီးနေနေတာတစ်နာရီထိုးနေပြီ။ငါကတော့ ဗိုက်စာလို့သေတော့မယ်..ဒင်းကဂိမ်းဆော့ကောင်းတုန်း..ကားတိုက်ကတည်းကတစ်ခါတည်းဂိမ်းမဆေ့ာ နိုင်အောင်တိုက်လိုက်ရမှာ။

အိပ်ယာပေါ်ကာ မှောက်ကာ ဂိမ်းဆော့နေသည့်ဂျီမင်လက်ထဲကဖုန်းကိုယူလိုက်ပြီး ဖုန်းပိတ်ကာတစ်ဖက်စားပွဲပေါ်သို့တင်လိုက်တော့..ပတ်ဂျီမင် ရဲ့ အောင်လှသောအသံကကျယ်လောင်စွာ ထွက်ပေါ်လာသည်။

သူ့လင်ထယ်ယောင်းကြတော့ အသံကချိုသာလို့ငါ့ဆိုစကားကောင်း မပြောဘူး...

"ခင်ဗျား ဘာလို့ဂိမ်းဆော့နေတာကိုလာလုတာလဲအခုဒီမှာ ဂိမ်းရှုံးသွားပြီ..နိုင်ခါနီးမှကွာစိတ်ဓာတ်ပဲ.."

"ငါဗိုက်စာလို့သေတော့မယ်ကွ...စေတနာနဲ့ မင်းကိုအိမ်ခေါ်ထားပြီး ပြုစုပေးနေတာ..ငါပစ်ထားလိုက်ရင် မင်းဘာသာ ယက်ကန်ယက်ကန် ကြက်ခြေကျိုးသလိုဖြစ်နေလိမ့်မယ်..''

"ဘာဗျ..ခင်ဗျား လွန်လာပြီ..ခင်ဗျား ကားနဲ့တိုက်သွားပြီး..တာဝန်ယူရမှာပေါ့..ကိုယ်လွတ်ရုန်းလို့ရမလား...''

"အေး..မင်းကိုငါတာဝန်ကျေအောင် ပြုစုပေးနေတာပဲ..နေ့လည်စာစားချိန်တော့ထမင်းစားပေါ့..မင်းဂိမ်းထိုင်ဆော့နေတော့ငါကဗိုက်စာလို့သေတော့မယ်...''

"ဟဲ့..သားရေ ဆူညံနေတာပဲ.. အိမ်ကိုဘယ်သူရောက်နေတာလဲ..''

Jungkookနဲ့ဂျီမင်စကားများနေတုန်းအောက်ထက်ကနေအပေါ်ထက်သို့တက်လာရင်းပြောနေသည့် ဂျောင်ကုအမေရဲ့အသံကြောင့်ဂျောင်ကုကပြန်ပြောဖို့ပါးစပ်ဟလိုက်ချိန်..ဂျီမင်ကပြေးပိတ်လိုက်ပြီး

"အဟင့်...ဟင့်..ဂျန်ဂျောင်ကုလူယုတ်မာကြီး..ခင်ဗျား ကျွန်တော့်ကိုတာဝန်ယူမှာလားမယူဘူးလားခင်ဗျား ကျွန်တော့်ကိုလုပ်ချင်တိုင်းလုပ်ပြီးပစ်ထားလို့ရမလား...အဟင့်...ခင်ဗျား ကြောင့်ကျွန်တော့်ဘဝကြီးပျက််သွားပြီနားလည်လား..အဟင့်...စားပြီးနားမလည်လုပ်တဲ့သူကြီး..ဒီဗိုက်ကိစ္စကိုဘယ်လိုလုပ်မှာလဲ..ခင်ဗျား တာဝန်ယူရမယ်.."

ဂျီမင်စကားကြားပြီး...ဂျောင်ကုလဲသာသေလိုက်ချင်တော့သည်။ပတ်ဂျီမင်... မင်းတော့..လားအိုမားရေ..အထင်မလွဲပါနဲ့...

ပတ်ဂျီမင် ကိုပြန်ကြည့်ကြည့်တော့..သူနိုင်တယ်ဆိူသည့်အကြည့်နှင့်..လူယုတ်မာပြုံးပြုံးနေလျက်။

"ဂျန်ဂျောင်ကု..မင်း..မင်း...လာခဲ့စမ်း..ငါမင်းကိုငယ်ငယ်ကအဲ့လိုဆုံးမခဲ့လား..အခုတော့သူများသားသမီးကို...မင်းအစားငါရှက်လွန်းလို့ ဘယ်လိုလုပ်ရမလဲ..မင်းအဲ့ကောင်လေးကိုတာဝန်ယူရမယ်..ရှောင်ပြေးလို်ကတော့ငါအကြောင်းသိမယ်..ကြားလား"

ဂျောင်ကုအမေအခန်းထဲသို့ဝင်လာတော့ချက်ချင်းဂျီမင်ကနေမကောင်းကာနွမ်းနယ်နေသည့်ပုံပြောင်းကာ ဟန်ဆောင်လိုင်သည်။ဂျောင်ကုအမေကအခန်းထဲရောက်ရောက်ချင်းဂျောင်ကုနားရွက်ကိုဆွဲကာကျော အားတဘုန်းဘုန်းရိုက်လျက်ဆူနေတာတွေ့တော့...ဂျီမင်တစ်ယောက်မသိမသာခိုးရယ်နေသည်။

ခင်ဗျား အမေကတစ်ကယ်ထင်သွားတယ်နဲ့တူတယ်...ဟားဟား..ဂျန်ဂျောင်ကုရေခံလိုက်ပေဦးပေါ့...ဟီးဟီး..

ဂျောင်ကုကတော့ ကုတင်ပေါ်မှာ သူ့အားကြိတ်ရယ်နေသည့်ဂျီမင်အား...စိတ်ထဲကနေကြိမ်ဆဲနေသည်။

"အား...အား..တော်ပါတော့အမေရဲ့...နာတယ်ဗျ"

ဂျောင်ကုအမေက သူ့အားရိုက်နေရာမှလွှတ်လိုက်ပြီးကုတင်ပေါ်မှာနွမ်းန်စွာအိပ်နေသည့်..ဂျီမင်ဘေးသို့သွားထိုင်ကာ..ဂျီမင်လက်ကိုဆုပ်ကိုင်ကာတယုတယပြောနေသည်။

"သားလေး..စိတ်မပူနဲ့သိလား...အန်တီကအပြည့်အဝတာဝန်ယူတယ်..ဂျန်ဂျောင်ကုသားကိုတစ်ခုခုလုပ်တာနဲ့ အန်တီကိုလာပြော..ကြားလား..ဂျန်ဂျောင်ကုမင်းကြပ်ကြပ်သတိထား..ငါအခုဒီကသားလေးစားဖို့တစ်ခုခုသွားဝယ်လိုက်ဦးမယ်..ပြန်လာလို့မင်းသူ့ကိုတစ်ခုခုလုပ်သံကြားရင်.သေမယ်သာမှတ်.."

ံ်ဂျီမင်အမေထွက်သွားပြီးမှ..ဂျောင်ကုက

"Park jiminမင်းဘယ်လိုပြောလိုက်တာလဲငါ့အမေအထင်လွဲသွားပြီ.."

"ကျွန်တော်ဘာမှမပြောပါဘူး..ခင်ဗျား ကားတိုက်လို့ဒီကိူရောက်လာတာကိုပြောတာလေအန်တီကသူ့ဘာသူထင်သွားတာ...ကျွန်တော်လဲမတတ်နိုင်ဘူး...ဟီး.."

"ငါ့ကို သွားဖြီးပြမနေနဲ့.."ဂျောင်ကုပြောမှ ဂျီမင်ကပိုပြီးသွားဖြီးကာရယ်ပြလိုက်သည်။

"မင်းကိုထမင်းမကျွေးဘူး..အဲ့မှာအငတ်နေ"

ဟင့်အင်း..အဖဲ့လိုလုပ်လို့မဖြစ်ဘူးလေ..ငါထမင်းမစားရသေးဘူး...သူပြောမှဗိုက်ကဆန္ဒပြလာပြီ...

"ဂျန်ဂျောင်ကု...စီနီယာဂျောင်ကု..ကျွန်တော်မှားသွားပါတယ် စီနီယာ ဂျောင်ကု!!!''

အိမ်အပေါ်ထပ်ကနေ သူ့အားမှားသွားပါတယ်ဟုလှမ်းအော်နေတဲ့ထိုကောင်လေးရဲ့အသံအား မကြားချင်ယောင်ဆောင်ကာ ကိုယ့်ဘာသာကိုယ်ထမင်းထိုင်စားနေသည်။

ခနကြာတော့..အိမ်အပေါ်ကခြေသံကြားသည်မို့ထကြည့်ကြည့်တော့ ထော့နဲ့ ထော့နဲ့ နှင့်အိမ်အပေါ်ထပ်ကဆင်းလာသည့် ဂျီမင်။ဒီကောင်လေးလှေကားပေါ်ကချော်ကျမှ..မျိုးပြုတ်နေဦးမယ်...

"ပတ်ဂျီမင် မင်းချော်ကျဦးမယ်..ဘာဖြစ်လို့ဆင်းလာတာလဲ"

"ဗိုက်စာလို့လေ...အမေ့...အား"

ပြောလို့ဆိုလို့မဆုံးသေးဘူး..လှေကားပေါ်ကနေပြုတ်ကျတဲ့ဂျီမင်ကြောင့် အပြေးဖမ်းလိုက်ရသေးသည်။

"အင့်.."

ဂျောင်ကုက အပေါ်ကယိုင်ကျသည့်ဂျီမင်ကိုယ်ကို အေနာက်နေလက်တန့်ကာ ပြေးဖမ်းလိုက်တာတော့..ဂျီမင်ကဂျောင်ကုဖက်လိုက်သလိုဂျောင်ကုကလဲ ဖက်သကဲ့သို့ဖြစ်သွားသည်။ထို့နောက်ဂျောင်ကုက ဂျီမင်ကိုချီကာ..ထိုင်ခုံပေါ်သို့ချပေးပြီး..

"ဘာဖြစ်သွားသေးလဲ.."

"ဟင့်အင်း.."

"ငါသာမရှိရင် မင်းပြုတ်ကျပြီးသေနေလောက်ပြီ"

"ကျေးဇူးပဲ.."

"ရော့...ကြိုက်တာထည့်စား..''

သူ့ရှေ့အား ထမင်းပန်းကန်လာချပေးသော ဂျောင်ကုကိုဂျီမင်ပြုံးပြလိုက်သည်။သူ့အရမ်းဗိုက်စာနေပြီလေ..

ဂျောင်ကုကသူ့အားမျက်လုံးလေးတွေမှေးသွားသည်အထိပြုံးပြသော ကောင်လေးကြောင့်..ရီလိုက်သည်။

"သားရေ...သားလေး..ရော့..မေမေကသားအတွက်မုန့်တွေဝယ်ခဲ့တယ်..ဂျန်ဂျောင်ကုသားကိုနှိပ်စက်သေးလား..''

ဈေးကပြန်လာပြီး..စားစရာများကိုဝယ်လာသည့်အမေက သူ့အားကျော်၍ ဂျီမင်ဆီသွားကာဂရုစိုက်ယုယပြနေတာမို့..ဂျောင်ကုစိတ်အချဉ်ပေါက်သွားသည်။

"သူ့လား..အဟင့်...သူကအမေ့ကိုပြန်တိုင်လို့ဆိုပြီးသားကိုထမင်းမကျွေးဘူး...သားကလည်းနေမကောင်းတော့..ခြေထောက်ကလည်းနာနေတော့ကိုယ့်ဘာသာကိုအောင်ဆင်းပြီးစားမလို့လုပ်တော့လှေကားပေါ်ကလိမ့်ကျသွားသေးတယ်..အဲ့တာကိုသူက လာမထူဘဲ...သေ..သေလို့ပြောတယ်အမေအဟင့်...သားအရမ်းဝမ်းနည်းတာပဲ"

သူ့အားမီးတောက်မ​ျက်လူံးများဖြင့်ကြည့်လာ​သော အမေကြောင့်...ဂျောင်ကုကျောချမ်းလာသည်။သူ့စော်ပလော်တီးခံရတော့မည်...ပတ်ဂျီမင်..မိကျောင်းမသားလေး..မင်းကိုစေတနာထားလို့ကိုမရဘူး..ဉာဏ်နီဉာဏ်နက်က ထွက်လိုက်တာ..အမေကတကယ်ထင်သွားပြီ...အမေ့ရှေ့ရောက်တော့..အဖြူထည်လေးကျလို့..မင်းသားယောင်ဆောင်ထားတဲ့ ဘီလူးကြီး...

"အား..အမေရေ...တော်ပါတော့ဗျ"

ဂျီမင်ကောင်းမှုကြောင့် ဂျောင်ကုတစ်ယောက်ရိုက်ခံနေရပါတော့သည်။ဘေးကဂျီမင်ကတော့ပြုံးပြုံးကြီး ထိုင်ကြည့်လျက်...

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories