Ep 5
19:48, 29 July 2023"ငါတို႔တြဲျကည့္ရေအာင္ေလ..ငါကမိန္းကေလးမဟုတ္ေတာ့..မူေနစရာမလိုဘူးမလား''
"ဒါေပါ့ဗ်..ဒါဆိုကြၽန္ေတာ္တို႔ရည္းစားျဖစ္သြားၿပီေနာ္..စီနီယာထယ္ေယာင္းကကြၽန္ေတာ့္ကို အခုမခ်စ္ေသးဘူးဆိုရင္ေတာင္ေနာက္ေတာ့ခ်စ္လာမွာပါ.."
ဒီေကာင္ေလးကတကယ္ခ်စ္ဖို႔ေကာင္းတာပဲ။ငါမင္းကိုခ်စ္မိလာဖို႔ ႀကိဳးစားသင့္တယ္ထင္တယ္။မင္းကေရာငါ့ကိုတကယ္ခ်စ္တာဟုတ္လို႔လား..။
ေဘးနားကေဂ်ာင္ကုကေတာ့ မဲ့ရြဲ႔ကာလြယ္အိတ္ေကာက္လြယ္ခ်က္ခ်င္းထထြက္သြားသည္။
ယြန္းဂီကေတာ့ကိုယ့္ဘာသာမသိခ်င္ေယာင္ေဆာင္ၿပီး ထမင္းဆက္စားလ်က္။
"စီနီယာ..ညေနအတန္းမတက္နဲ႔ေတာ့...ကြၽန္ေတာ္နဲ႔dateရေအာင္"
"အင္း..သြားၾကတာေပါ့.. "
ႏွစ္ေယာက္သားေက်ာင္းမွထြက္လာခဲ့ၿပီး႐ုပ္႐ွင္ရံုသို႔ဦးတည္ခဲ့သည္။
"စီနီယာ ဘာ႐ုပ္႐ွင္ၾကည့္မလဲဟင္.."
"စီနီယာလို႔မေခၚနဲ႔ေတာ့..ေဟ်ာင္းလို႔ေခၚပါလားပိုၿပိးရင္းႏွီးတာေပါ့..မင္းကိုလည္းဂ်ီမင္လို႔ပဲေခၚမယ္"
တြဲၿပီဆိုမွေတာ့... ဆက္ဆံေရးၾကဲေနလို႔မျဖစ္ဘူးေလ..ကြၽန္ေတာ့္ဘက္ကပဲစၿပီးရင္းႏွီးေအာင္လုပ္ရေတာ့မွာေပါ့..
"ဟုတ္..ေဟ်ာင္း..တစ္ေယာက္နဲ႔တစ္ေယာက္ရင္းရင္းႏွီးႏွီးေနၾကတာေပါ့.."
ဂ်ီမင္စကားေၾကာင့္ ထယ္ေယာင္းျပံဳးမိလိုက္သည္။
"သရဲကားၾကည့္မလား"ဂ်ီမင္ ထိုစကားၾကားလိုက္ရခ်င္း မ်က္ႏွာခ်က္ခ်င္းျဖဴေဖ်ာ့သြားသည္။သူကမာၻေပၚမွာအေၾကာက္ဆံုးက သရဲပဲ။ဂ်ီမင္ထယ္ေယာင္းဘက္ကိုျပန္လွည့္ၾကည့္လိုက္သည္။
"ၾကည့္...ၾကည့္မလို႔လား..''
Jimin ကစကားထစ္စြာေျပာလာတာေၾကာင့္ထယ္ေယာင္းက ဂ်ီမင္ဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ေခြၽးစေတြစို႔လာတာေတြ႔တာေၾကာင့္ ထပ္ေမးလိုက္သည္။
"ေၾကာက္လို႔လား..ေၾကာက္ရင္ေနာက္တျခားဇာတ္ကားၾကည့္မယ္ေလ.."
"အင္း...အင္း..တျခားဇာတ္ကားေျပာင္းၾကည့္မယ္ေလ..ကြၽန္ေတာ္သရဲအရမ္းေၾကာက္တတ္လို႔"
ထယ္ေယာင္းရယ္လိုက္မိသည္။သူကအရမ္းခ်စ္ဖို႔ေကာင္းတာပဲ..ပြင့္ပြင့္လင္းလင္းလည္း႐ွိတယ္..။
"အင္းပါ..တျခားဇာတ္ကားသြားေရြးရေအာင္"
ဟုေျပာကာ ႐ုတ္တရတ္သူ႔လက္ကိုလာကိုင္တဲ့ထယ္ေယာင္းေဟ်ာင္းရဲ႕လက္ေၾကာင့္..ကြၽန္ေတာ္ ရင္ဘတ္ထဲကတဒုတ္ဒုတ္နဲ႔ ျမည္လာသည္။ကြၽန္ေတာ္လည္း ေဟ်ာင္းရဲ႕လက္ကိုျပန္ဆုပ္ကိုင္လိုက္သည္။
ကြၽနိေတာ္ ဂ်ီမင္ရဲ႕လက္ကိုကိုင္လိုက္ေတာ့သူကလန္႔သြားပံုရတယ္ ခႏၶာကိုယ္ ေလးတစ္ခ်က္တြန္႔သြားတယ္။ၿပီးမွကြၽန္ေတာ့္လက္ကို ျပန္ဆပ္ကိုင္လိုက္တဲ့ဂ်ီမင္ရဲ႕လက္ေၾကာင့္ စိတ္ထဲအလိုလိုၾကည္ႏူးမိတယ္။
ေနာက္ဆံုးေတာ့ romance ဇာတ္ကားေလးသာေရြးျဖစ္သည္။ု႐ုပ္႐ွင္ၾကည့္ၿပီးေနာက္ ဂ်ီမင္ရဲ႕ေတာင္းဆိုခ်က္ေၾကာင့္ ကစားကြင္းသို႔ဦးတည္ခဲ့သည္။
ကစားကြင္းမွာ တစ္ခုၿပီးတစ္ခုကစားကာ အူျမဴးေနေသာ ဂ်ီမင္ကိုၾကည့္ၿပီး သူပါစိတ္ခ်မ္းသာမိသည္။လူတစ္ေယာက္ကလူတစ္ေယာက္ကိုအခ်ိန္တိုအတြင္းခ်စ္မိႏိုင္လား...။ကြၽန္ေတာ္ေတာ့ ဂ်ီမင္ကိုခ်စ္မိဖို႔နည္းစပ္လာၿပီထင္တယ္။
"Hyung ကြၽနိေတာ္ဗိုက္စာေနၿပီတစ္ခုခုသြားစားရေအာင္ "
"Omm သြားရေအာင္..ပဲေခါက္ဆြဲစားမလား"
"အင္း..သြားစားမယ္"
သူ႔ကိူသြားေလးစိကာ ရီျပလာသည့္ဂ်ီမင္ကိုတေမ့တေမာ ေငးမိေနျပန္ၿပီ။ရီလိုက္ရင္ ေမွးသြားတဲ့မ်က္လံုးေလးေတြနဲ႔မို႔တက္လာတဲ့ ပါးေဖာင္းေဖာင္းေလးေတြကသိပ္ခ်စ္ဖို႔ေကာင္းတာပဲ။ကြၽန္ေတာ္ဂ်ီမင္ကိုတကယ္ေႂကြမိေနၿပီ..။
"ေဟ်ာင္း..အဟန္႔.. ေတာ္ရံုပဲကည့္ေလ..႐ွက္တယ္ဗ်.."
"ဟမ္..အင္းပါ..လာသြားရေအာင္"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ဒီေန႔တစ္ေန႔လံုး ေဟ်ာင္းနဲ႔ေလ်ွာက္လည္ရတာေပ်ာ္ဖို႔ေကာင္းလိုက္တာ..ဟီးဟီး...။ေဟ်ာင္းကေလေသခ်ာၾကည့္ေလေခ်ာေလပဲ.ကြၽန္ေတာ္ေတာ့ေဟ်ာင္းကိုေႂကြၿပီးရင္း ေႂကြေနၿပီ..
ဂြီ...
ဟာ ဗိုက္စာလိုက္တာ..အခုခ်ိန္မွဘာလို႔ဗိုက္စာလာရတာလဲ..မီးဖိုေခ်ာင္က ေရခဲေသတၱာ ကိုသြားဖြင့္ၾကည့္ေတာ့လဲေျပာင္သလင္းခါေနသည္။
မေန႔ကမွ ဝယ္ထားတဲ့ဟာေတြဘယ္ေရာက္သြားတာလဲ။အဟင့္...ငါကလဲေလ..သံုးမိနစ္တစ္ခါဗိုက္စာေနေတာ့တာပဲ။ငါအဲ့ေလာက္လဲမစားမိပါဘူး...
ေဘးနားကပိုက္ဆံအိတ္သာ ေကာက္ဆြဲၿပီး၂၄နာရီစတိုးဆိုင္သာသြားရေတာ့သည္။ဂ်ီမင္ေလတခြၽန္ခြၽန္နဲ႔ ၂၄နာရီစတိုးဆိုင္သို႔သြားစဥ္...
ဒုန္းးး
့"အားးးးး "
________________________
"အား...ကြၽတ္..ကြၽတ္..နာလိုက္တာ.."
ငါဘာျဖစ္သြားလဲ... ဘယ္ကိုေရာက္ေနတာပါလိမ့္..အခုသူသိတာ သူအိပ္ယာတစ္ခုေပၚမွာ..အိမ္အျပင္ကထူးဆန္းေနၿပီးဘယ္သူ႔အိမ္လဲ..မဟုတ္လႊဲေရာ..ငါ့ကိုလူကုန္ကူးမလို႔ဖမ္းလာတာမ်ားလား။ေမေမ ေရ သားကိုကယ္ပါဦး..အဟင့္..ငါဒီတိုင္းေနလို႔မျဖစ္ဘူး..ထြက္ေျပးရမယ္..
"ဂ်ီမင္.."
ေတြးရင္းနဲ႔ပင္.. သူ႔နာမည္အားေခၚလိုက္တဲ့ရင္းႏွီးေနတဲ့အသံေၾကာင့္ တံခါးေပါက္ကိုလွည့္ၾကည့္လိုက္ေတာ့
"ႏိုးလာၿပီလား...''
"Jeon jungkook ကြၽန္ေတာ္ကခင္ဗ်ားကိုလူေကာင္းလို႔ထင္တာ.အခုက်ေတာ့..လူကုန္ကူးတဲ့အလုပ္လုပ္ရတဲ့အထိ ေအာက္တန္းက်လိုက္တာ..ကြၽန္ေတာ့္ကိုေတာ့လႊတ္ေပးပါဗ်ာ...''
ကြၽန္ေတာ္ထိုသို႔ေျပာေတာ့ သူကကြၽန္ေတာ့္နားကိုအေျပးလာၿပီး ႏွဖူးအားလက္ျဖင့္လာစမ္းသည္။မ်က္ႏွာကိုကိုင္ကာဟိုၾကည့္ ဒီၾကည့္ ေခါင္းကိုပါလ်ည့္ပတ္ၾကည့္ေနေသးသည္။
"ခင္ဗ်ား..ဘာလုပ္ေနတာလဲ.. ''
"ငါက မင္းေခါင္းပါထိသြားတာလားလို႔..''
"ကြၽန္ေတာ့္ကိုမထိနဲ႔..ခင္ဗ်ား ကရြံဖို႔ေကာင္းတယ္.."ေဂ်ာင္ကုလက္ကို ႐ိုက္လိုက္ကာ ဖယ္လိုက္ၿပီးေျပာလိုက္သည္။
"ေဟ့..ငါမင္းကိုဘာလုပ္ေနလို႔ မင္းကအဲ့လိုေျပာေနရတာလဲ.."
"ခင္ဗ်ား ကြၽန္ေတာ့္ကိုလူကုန္ကူးမလို႔မဟုတ္ဘူးလား"
"ဟား...ဟား...ငါက..မင္းကို..ပတ္ဂ်ီမင္စဥ္းစဥ္းစားစားေျပာ ပါကြာ..ငါကအဲ့လိုလူမ်ိဳးလား..မင္းကိုလမ္းမွငါ့ကားနဲ႔တိုက္မိလို႔ ေမ့သြားတာနဲ႔ ဆရာဝန္နဲ႔ျပေပးၿပီးအိမ္ေခၚလာတာ.."
"ဗ်ာ...ကား..ကားနဲ႔တိုက္မိတာ..ကြၽန္္ေတာ္ဘာ..ဘာျဖစ္သြားလဲဟင္"
ကားတိုက္မိတာ..ေမ့ေတာင္ေမ့သြားတယ္ခုနတည္းကေအာက္ပိုင္းကနာေနတာငါေအာက္ပိုင္းမ်ားေသသြားတာလား..လက္ကလည္းသိပ္လုွပ္မရဘူး..လက္က်ိဳးသြားတာလား..ဂ်ီမင္ ရလာတဲ့ရလဒ္ကိုမခံယူဝံေသးေပ။ေအာက္ပိုင္းေတာ့မေသပါေစနဲ႔ဘုရား..ဘုရား။သူကိုယ္တိုင္ေစာင္ျခံဳထားသၫ့္ေအာက္ပိုင္းကိုမၾကည့္ရဲတာေၾကာင့္ ေဂ်ာင္ကုကိုမရဲတရဲေမးလိုက္သည္။
"သိပ္မဆိုးပါဘူး..ေျခေထာက္အဆစ္လြဲသြားၿပီးလက္လည္း ေက်ာက္ပတ္တီးပဲစီးလိုက္ရတာအနည္းဆံုးတစ္ပတ္ေလာက္နားလိုက္ရင္အဆင္ေျပပါတယ္ "
"ဘာ!!!..ဂ်န္ေဂ်ာင္ကုရက္စက္လိုက္တာဗ်ာ..ခင္ဗ်ား လူလူခ်င္းကိုယ္ခ်င္းမစာ..ခင္ဗ်ား ညီေလာက္႐ွိတဲ့အရြယ္ကိုမွ..ဖ်က္စီးလိုက္ရလားအဟင့္...အဟင့္"
အက်ယ္ႀကီးေအာ္ငိုေနတဲ့..ဂ်ီမင္ေၾကာင့္ေဂ်ာင္အၾကပ္႐ိုက္ကာ..ဘာလုပ္လို႔ဘာကိုင္ရမွန္းျဖစ္သြားသည္။ဘယ္လိုေတြေတာင္ ေအာ္ငိုေနရတာလဲ..အိမ္နီးခ်င္းေတြၾကားရင္ ငါ့ကိုတစ္မ်ိဳးထင္ကုန္ေတာ့မွာဘဲ..
"ဂ်ီ..ဂ်ီမင္..မင္းအဲ့လိုႀကီးမငိုပါနဲ႔ကြာမသိရင္ငါကမင္းကို..ဟိုဟာ..အတင္းၾကပ္လုပ္လိုက္တယ္ ထင္သြားဦးမယ္..တစ္ပတ္ေလာက္ဆိုသက္သာသြားပါၿပီကြာ "
"ဟင့္...ဟင့္..ကြၽန္ေတာ္ေက်ာင္းကိုဘယ္လိုသြားမလဲ.."
"ေအာ္..ဂ်ိဳင္းေထာက္႐ွိတယ္..အဲ့တာနဲ႔သြား.."
"အီး...ဟီး..ျဗဲ..အဲ့တာႀကီးနဲ႔သြားမွေတာ့႐ိႈးပဲ့တာေပါ့ဗ်..ဂ်ိဳင္းေထာက္ႀကီးနဲ႔ဘယ္လွေတာ့မလဲ..အဲ့တာႀကီး မသြားခ်င္ဘူး "
လက္က်ိဳးတာေတာင္ လွခ်င္ေသးတယ္..တကယ့္ဟာေလး..
"ဟင္..ေအး..ေအးပါကြာ.. မသံုးနဲ႔ငါလိုက္ပို႔ေပးမယ္.. "
"မသြားဘူး..ကြၽန္ေတာ္လည္းေက်ာင္းမသြားဘူးခင္ဗ်ား လည္းမသြားရဘူး..သူမ်ားကိုကားနဲ႔တိုက္ၿပီးေအးေအးေဆးေဆး ေက်ာင္းတက္ခ်င္ေသးတာလား
"ေအးပါကြာ..မသြားေတာ့ပါဘူးတိတ္ေတာ့မငိုနဲ႔..ေဘးအိမ္ကလူေတြအိပ္ေနေလာက္ၿပီ..မင္းအသံေတြၾကားၿပီး..ငါ့ကိုကေလးတစ္ေယာက္ေခၚၿပီးႏွိပ္စက္ထားတယ္ထင္ဦးမယ္"
"အင္း..ဒါခင္ဗ်ား အိမ္လား
"ဟုတ္တယ္.. "
"ကြၽန္ေတာ္ ဗိုက္စာလို႔တစ္ခုခုေကြၽးပါလား
"အင္း...ငါခုနေလးတင္..ေခါက္ဆြဲ ျပဳတ္လာတယ္.."
အိပ္ယာေပၚခံုအေသးေလးတစ္လံုးတင္ေပးၿပီးေခါက္ဆြဲပုတ္ပန္းကန္အားခ်ေပးလိုက္သည္။ဘယ္ဘက္ႏွင့္ မစားတတ္စားတတ္စားေနတာေၾကာင့္ေခါက္ဆြဲ ပန္းကန္ကိုယူကာ ဇြန္းနဲ႔ခပ္လိုက္ၿပီး..မႈတ္ကာသူ႔ပါးစပ္နားေတာ့ေပးေတာ့ ကြၽန္ေတာ့္ကိုျပဴးေၾကာင္ေၾကာင္နဲ႔ၾကည့္ေနသည္။
"စားေလ.."
"ကိုယ့္ဘာသာကိုယ္စားမယ္"
"မင္းဘယ္လက္တူကိုင္တတ္လို႔ လား..ေရာ့စားငါလက္ေညာင္းေနၿပီ"
ထိုသို႔ေျပာမွ စားသည့္ဂ်ီမင္ေၾကာင့္ ေဂ်ာင္ကုမ်က္ႏွာျပံဳးေယာင္သမ္းသြားသည္။ဂ်ီမင္အိပ္ေနစဥ္..အိပ္ယာကအိကနဲက်သြားသည့္အသိေၾကာင့္ ေနာက္သို႔လွည့္ၾကည့္ေတာ့အိပ္ယာေပၚတက္လာသည့္ ေဂ်ာင္ကုကိုေတြ႔လိုက္ရတာေၾကာင့္လန္႔သြားသည္။
"ခင္ဗ်ား ဘာလို႔တက္လာတာလဲ"
"ငါကဒီမွာမအိပ္လို႔ ဘယ္မွာအိပ္ရမွာလဲ..''
"ကြၽန္ေတာ္အိပ္ေနတယ္ေလဗ်ာ..''
"မင္းနဲ႔ငါအခုမွတူတူအိပ္ဖူးတာလား..ဟိုဘက္နည္းနည္းတိုး "
ဟုတ္လည္းဟုတ္ပါတယ္ေလ..ကိစၥမရွိပါဘူး။ဤသို႔ျဖင့္ ဂ်ီမင္သည္ ေဂ်ာင္ကုႏွင့္အတူညတစ္ညကိုအိပ္ျခင္းျဖင့္ ထပ္ၿပီးကုန္ဆံုးခဲ့ျပန္သည္။
"ဂ်ီမင္..ထ...ထ"
"အြန္း...မထခ်င္ေသးဘူး.."
"ထကြာ..၈နာရီ ထိုးေနၿပီ..လာေရခ်ိဳးခန္းလိုက္ပို႔ေပးမယ္"
"၁၀မိနစ္..ခန..၁၀မိနစ္တည္း..ေက်ာင္းတက္မွာမွမဟုတ္ေတာ့တာ"
"အင္း..အဲ့တာဆို..ေနာက္၁၀မိနစ္မွလာႏိႈးေတာ့မယ္..ေကာင္းေကာင္းအိပ္"
ႏႈတ္ခမ္းဆူကာ အိပ္ေပ်ာ္ေနသည့္ေကာင္ေလးကိုေစာင္ေလးျပန္ျခံဳေပးၿပီး ေအာက္ထပ္သို႔ျပန္ဆင္းလာလိုက္သည္။
"ေဂ်ာင္ကု...ဂ်န္ေဂ်ာင္ကု.."အိမ္ေ႐ွ႕ကဝင္လာရင္း ကြၽန္ေတာ့္နာမည္ကိုတစာစာေအာ္ေခၚေမသည့္ထယ္ေယာင္းကိုျပန္ေမးလိုက္သည္။
"ထယ္ေယာင္း..ဘာလာလုပ္တာလဲကြ"
"ေက်ာင္းသြားမယ္ေလကြာ..ဒီေန႔ေဘာလံုးပြဲ႐ွိတယ္ "
"ငါမလိုက္ေတာ့ဘူးကြာ.."
"ဘာျဖစ္လို႔လဲ.. "
"မေန႔ကငါလူတစ္ေယာက္ကိုကားတိုက္မိလို႔..အဲ့တာသူ႔ကိုျပဳစုေပးရဦးမယ္"
"ဘယ္သူ႔ကိုတိုက္မိတာလဲ?...''
"Park jimin.. ''
"ဘာ..ဂ်ီမင္ကိုလား.."
"ေအး.."
"သူဘယ္မွာလဲ.."
"အေပၚထပ္မွာအိပ္ေနတယ္.."
ထယ္ေယာင္းခ်က္ခ်င္း အိမ္အေပၚထပ္ကိုေျပးတက္သြားၿပီး..အခန္းထဲကအိပ္ယာထဲမွာအိပ္ေနသည့္ဂ်ီမင္ေဘးနားသို႔ခ်က္ခ်င္း.သြားလိုက္ၿပီး..
"Jimin..''
Jiminကအိပ္ေနရာမွႏိုးလာၿပီး..ထယ္ေယာင္းကိုေတြ႔ေတာ့ ခ်က္ခ်င္းထထိုင္ကာ
"ေဟ်ာင္း..ဘယ္လိုလုပ္ေရာက္လာတာလဲဟင္"
"ဂ်ီမင္..ေဂ်ာင္ကုကားနဲ႔တိုက္မိလို႔ဆို..ဘယ္လိုျဖစ္တာလဲ.. ဘယ္နားနာေနလဲဟင္..ကိုယ္ဘာလုပ္ေပးရမလဲ"
"ကြၽန္ေတာ္သက္သာေနပါၿပီေဟ်ာင္းရဲ႕"
"ေသခ်ာရဲ႕လား..ဂ်ီမင္.."
"ကြၽန္ေတာ္ အဆင္ေျပပါတယ္..စီနီယာ ေဂ်ာင္ကုေရာ"
"ေအာက္ထပ္မွာမနက္စာျပင္ေနတယ္.."
"ေအာ္..."
"ေဟ်ာင္းေက်ာင္းမသြားဘူးလား.."
"အစကေတာ့ ေက်ာင္းသြားမလို႔ေဂ်ာင္ကုကိုလာေခၚတာအခုဂ်ီမင္ကိုျပဳစုေပးမလို႔ ေက်ာင္းမသြားေတာ့ဘူး"
"ရပါတယ္ေဟ်ာင္းရဲ႕..စီနီယာ ေဂ်ာင္ကုလည္း႐ွိေနတာဘဲ..."
"ကိုယ့္ခ်စ္သူတစ္ေယာက္လံုးဒဏ္ရာရထားတာကိုကိုယ္ကဘာလုိလုပ္ေက်ာင္းသြားရက္မလဲ"
"ရပါတယ္..ကြၽန္ေတာ္ကတစ္ပတ္ေလာက္နားရင္အဆင္ေျပတယ္..ေဟ်ာင္းေက်ာင္းသြားၿပီးကြၽန္ေတာ့္ကိုဟိုေဆာ့ဆီက စာကူးေရးမလို႔စာအုပ္ငွါးလာခဲ့ေပးေလ..အဲ့က်ရင္ စီနီယာ ေဂ်ာင္ကုလည္းေဟ်ာင္းဆီကစာကူးလို႔ရတယ္ ကြၽန္ေတာ္လည္း ဟိုေဆာ့ဆီကစာကူးလို႔ရတယ္..စာေတြေနာက္မက်ေတာ့ဘူး"
"ဟုတ္ပါၿပီ..ေကာင္းေကာင္းေနေနာ္..ကိုယ္ေက်ာင္းကျပန္လာရင္..စာအုပ္ငွါးခဲ့ေပးမယ္"
"ဟုတ္..ေကာင္းေကာင္းသြားပါ"
"အင္း..ကိုယ္သြားၿပီေနာ္''
"ဟုတ္"
ထယ္ေယာင္းထြက္သြားမွ အခန္းထဲကိုေဂ်ာင္ကုဝင္လာၿပီး
"ခင္ဗ်ား ကြၽန္ေတာ့္ကိုလာတြဲေပးဦး..ေရခ်ိဳးခန္းသြားမလို႔"
"မင္းဟာေလ..ခုနကထယ္ေယာင္းကိုေျပာတဲ့ေလသံနဲ႔မ်ားတျခားဆီပဲ..တတ္လဲတတ္ႏိုင္တယ္..မင္းဟာေလ..ခုနကေနာ့ပ်ားရည္ေမွာက္ထားတဲ့အသံနဲ႔..ငါ့ၾကေတာ့..လူမိုက္သံနဲ႔"
"စကားမမ်ားနဲ႔..လာျမန္ျမန္တြဲ..''
Jungkook ကိုဂ်ီမင္က လာတြဲကူရန္ေျပာလိုက္ေသာ္လည္းေဂ်ာင္ကုကေကာက္ေပြ႔ခ်ီလိုက္သျဖင့္ဂ်ီမင္အနည္းငယ္႐ွက္သြားၿပီး ...
"Jeon jungkook!!!''ဟူသည့္ ဂ်ီမင္ဆီမွခပ္စူးစူးေအာ္သံေလးထြက္ေပၚလာသည္။
Unicode
ငါတို့တွဲကြည့်ရအောင်လေ..ငါကမိန်းကလေးမဟုတ်တော့..မူနေစရာမလိုဘူးမလား''
"ဒါပေါ့ဗျ..ဒါဆိုကျွန်တော်တို့ရည်းစားဖြစ်သွားပြီနော်..စီနီယာထယ်ယောင်းကကျွန်တော့်ကို အခုမချစ်သေးဘူးဆိုရင်တောင်နောက်တော့ချစ်လာမှာပါ.."
ဒီကောင်လေးကတကယ်ချစ်ဖို့ကောင်းတာပဲ။ငါမင်းကိုချစ်မိလာဖို့ ကြိုးစားသင့်တယ်ထင်တယ်။မင်းကရောငါ့ကိုတကယ်ချစ်တာဟုတ်လို့လား..။
ဘေးနားကဂျောင်ကုကတော့ မဲ့ရွဲ့ကာလွယ်အိတ်ကောက်လွယ်ချက်ချင်းထထွက်သွားသည်။
ယွန်းဂီကတော့ကိုယ့်ဘာသာမသိချင်ယောင်ဆောင်ပြီး ထမင်းဆက်စားလျက်။
"စီနီယာ..ညနေအတန်းမတက်နဲ့တော့...ကျွန်တော်နဲ့dateရအောင်"
"အင်း..သွားကြတာပေါ့.. "
နှစ်ယောက်သားကျောင်းမှထွက်လာခဲ့ပြီးရုပ်ရှင်ရုံသို့ဦးတည်ခဲ့သည်။
"စီနီယာ ဘာရုပ်ရှင်ကြည့်မလဲဟင်.."
"စီနီယာလို့မခေါ်နဲ့တော့..ဟျောင်းလို့ခေါ်ပါလားပိုပြိးရင်းနှီးတာပေါ့..မင်းကိုလည်းဂျီမင်လို့ပဲခေါ်မယ်"
တွဲပြီဆိုမှတော့... ဆက်ဆံရေးကြဲနေလို့မဖြစ်ဘူးလေ..ကျွန်တော့်ဘက်ကပဲစပြီးရင်းနှီးအောင်လုပ်ရတော့မှာပေါ့..
"ဟုတ်..ဟျောင်း..တစ်ယောက်နဲ့တစ်ယောက်ရင်းရင်းနှီးနှီးနေကြတာပေါ့.."
ဂျီမင်စကားကြောင့် ထယ်ယောင်းပြုံးမိလိုက်သည်။
"သရဲကားကြည့်မလား"ဂျီမင် ထိုစကားကြားလိုက်ရချင်း မျက်နှာချက်ချင်းဖြူဖျော့သွားသည်။သူကမ္ဘာပေါ်မှာအကြောက်ဆုံးက သရဲပဲ။ဂျီမင်ထယ်ယောင်းဘက်ကိုပြန်လှည့်ကြည့်လိုက်သည်။
"ကြည့်...ကြည့်မလို့လား..''
Jimin ကစကားထစ်စွာပြောလာတာကြောင့်ထယ်ယောင်းက ဂျီမင်ဘက်ကိုလှည့်ကြည့်လိုက်တော့ချွေးစတွေစို့လာတာတွေ့တာကြောင့် ထပ်မေးလိုက်သည်။
"ကြောက်လို့လား..ကြောက်ရင်နောက်တခြားဇာတ်ကားကြည့်မယ်လေ.."
"အင်း...အင်း..တခြားဇာတ်ကားပြောင်းကြည့်မယ်လေ..ကျွန်တော်သရဲအရမ်းကြောက်တတ်လို့"
ထယ်ယောင်းရယ်လိုက်မိသည်။သူကအရမ်းချစ်ဖို့ကောင်းတာပဲ..ပွင့်ပွင့်လင်းလင်းလည်းရှိတယ်..။
"အင်းပါ..တခြားဇာတ်ကားသွားရွေးရအောင်"
ဟုပြောကာ ရုတ်တရတ်သူ့လက်ကိုလာကိုင်တဲ့ထယ်ယောင်းဟျောင်းရဲ့လက်ကြောင့်..ကျွန်တော် ရင်ဘတ်ထဲကတဒုတ်ဒုတ်နဲ့ မြည်လာသည်။ကျွန်တော်လည်း ဟျောင်းရဲ့လက်ကိုပြန်ဆုပ်ကိုင်လိုက်သည်။
ကျွနိတော် ဂျီမင်ရဲ့လက်ကိုကိုင်လိုက်တော့သူကလန့်သွားပုံရတယ် ခန္ဓာကိုယ် လေးတစ်ချက်တွန့်သွားတယ်။ပြီးမှကျွန်တော့်လက်ကို ပြန်ဆပ်ကိုင်လိုက်တဲ့ဂျီမင်ရဲ့လက်ကြောင့် စိတ်ထဲအလိုလိုကြည်နူးမိတယ်။
နောက်ဆုံးတော့ romance ဇာတ်ကားလေးသာရွေးဖြစ်သည်။ုရုပ်ရှင်ကြည့်ပြီးနောက် ဂျီမင်ရဲ့တောင်းဆိုချက်ကြောင့် ကစားကွင်းသို့ဦးတည်ခဲ့သည်။
ကစားကွင်းမှာ တစ်ခုပြီးတစ်ခုကစားကာ အူမြူးနေသော ဂျီမင်ကိုကြည့်ပြီး သူပါစိတ်ချမ်းသာမိသည်။လူတစ်ယောက်ကလူတစ်ယောက်ကိုအချိန်တိုအတွင်းချစ်မိနိုင်လား...။ကျွန်တော်တော့ ဂျီမင်ကိုချစ်မိဖို့နည်းစပ်လာပြီထင်တယ်။
"Hyung ကျွနိတော်ဗိုက်စာနေပြီတစ်ခုခုသွားစားရအောင် "
"Omm သွားရအောင်..ပဲခေါက်ဆွဲစားမလား"
"အင်း..သွားစားမယ်"
သူ့ကိူသွားလေးစိကာ ရီပြလာသည့်ဂျီမင်ကိုတမေ့တမော ငေးမိနေပြန်ပြီ။ရီလိုက်ရင် မှေးသွားတဲ့မျက်လုံးလေးတွေနဲ့မို့တက်လာတဲ့ ပါးဖောင်းဖောင်းလေးတွေကသိပ်ချစ်ဖို့ကောင်းတာပဲ။ကျွန်တော်ဂျီမင်ကိုတကယ်ကြွေမိနေပြီ..။
"ဟျောင်း..အဟန့်.. တော်ရုံပဲကည့်လေ..ရှက်တယ်ဗျ.."
"ဟမ်..အင်းပါ..လာသွားရအောင်"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ဒီနေ့တစ်နေ့လုံး ဟျောင်းနဲ့လျှောက်လည်ရတာပျော်ဖို့ကောင်းလိုက်တာ..ဟီးဟီး...။ဟျောင်းကလေသေချာကြည့်လေချောလေပဲ.ကျွန်တော်တော့ဟျောင်းကိုကြွေပြီးရင်း ကြွေနေပြီ..
ဂွီ...
ဟာ ဗိုက်စာလိုက်တာ..အခုချိန်မှဘာလို့ဗိုက်စာလာရတာလဲ..မီးဖိုချောင်က ရေခဲသေတ္တာ ကိုသွားဖွင့်ကြည့်တော့လဲပြောင်သလင်းခါနေသည်။
မနေ့ကမှ ဝယ်ထားတဲ့ဟာတွေဘယ်ရောက်သွားတာလဲ။အဟင့်...ငါကလဲလေ..သုံးမိနစ်တစ်ခါဗိုက်စာနေတော့တာပဲ။ငါအဲ့လောက်လဲမစားမိပါဘူး...
ဘေးနားကပိုက်ဆံအိတ်သာ ကောက်ဆွဲပြီး၂၄နာရီစတိုးဆိုင်သာသွားရတော့သည်။ဂျီမင်လေတချွန်ချွန်နဲ့ ၂၄နာရီစတိုးဆိုင်သို့သွားစဉ်...
ဒုန်းးး
့"အားးးးး "
________________________
"အား...ကျွတ်..ကျွတ်..နာလိုက်တာ.."
ငါဘာဖြစ်သွားလဲ... ဘယ်ကိုရောက်နေတာပါလိမ့်..အခုသူသိတာ သူအိပ်ယာတစ်ခုပေါ်မှာ..အိမ်အပြင်ကထူးဆန်းနေပြီးဘယ်သူ့အိမ်လဲ..မဟုတ်လွှဲရော..ငါ့ကိုလူကုန်ကူးမလို့ဖမ်းလာတာများလား။မေမေ ရေ သားကိုကယ်ပါဦး..အဟင့်..ငါဒီတိုင်းနေလို့မဖြစ်ဘူး..ထွက်ပြေးရမယ်..
"ဂျီမင်.."
တွေးရင်းနဲ့ပင်.. သူ့နာမည်အားခေါ်လိုက်တဲ့ရင်းနှီးနေတဲ့အသံကြောင့် တံခါးပေါက်ကိုလှည့်ကြည့်လိုက်တော့
"နိုးလာပြီလား...''
"Jeon jungkook ကျွန်တော်ကခင်ဗျားကိုလူကောင်းလို့ထင်တာ.အခုကျတော့..လူကုန်ကူးတဲ့အလုပ်လုပ်ရတဲ့အထိ အောက်တန်းကျလိုက်တာ..ကျွန်တော့်ကိုတော့လွှတ်ပေးပါဗျာ...''
ကျွန်တော်ထိုသို့ပြောတော့ သူကကျွန်တော့်နားကိုအပြေးလာပြီး နှဖူးအားလက်ဖြင့်လာစမ်းသည်။မျက်နှာကိုကိုင်ကာဟိုကြည့် ဒီကြည့် ခေါင်းကိုပါလျည့်ပတ်ကြည့်နေသေးသည်။
"ခင်ဗျား..ဘာလုပ်နေတာလဲ.. ''
"ငါက မင်းခေါင်းပါထိသွားတာလားလို့..''
"ကျွန်တော့်ကိုမထိနဲ့..ခင်ဗျား ကရွံဖို့ကောင်းတယ်.."ဂျောင်ကုလက်ကို ရိုက်လိုက်ကာ ဖယ်လိုက်ပြီးပြောလိုက်သည်။
"ဟေ့..ငါမင်းကိုဘာလုပ်နေလို့ မင်းကအဲ့လိုပြောနေရတာလဲ.."
"ခင်ဗျား ကျွန်တော့်ကိုလူကုန်ကူးမလို့မဟုတ်ဘူးလား"
"ဟား...ဟား...ငါက..မင်းကို..ပတ်ဂျီမင်စဉ်းစဉ်းစားစားပြော ပါကွာ..ငါကအဲ့လိုလူမျိုးလား..မင်းကိုလမ်းမှငါ့ကားနဲ့တိုက်မိလို့ မေ့သွားတာနဲ့ ဆရာဝန်နဲ့ပြပေးပြီးအိမ်ခေါ်လာတာ.."
"ဗျာ...ကား..ကားနဲ့တိုက်မိတာ..ကျွန််တော်ဘာ..ဘာဖြစ်သွားလဲဟင်"
ကားတိုက်မိတာ..မေ့တောင်မေ့သွားတယ်ခုနတည်းကအောက်ပိုင်းကနာနေတာငါအောက်ပိုင်းများသေသွားတာလား..လက်ကလည်းသိပ်လုှပ်မရဘူး..လက်ကျိုးသွားတာလား..ဂျီမင် ရလာတဲ့ရလဒ်ကိုမခံယူဝံသေးပေ။အောက်ပိုင်းတော့မသေပါစေနဲ့ဘုရား..ဘုရား။သူကိုယ်တိုင်စောင်ခြုံထားသည့်အောက်ပိုင်းကိုမကြည့်ရဲတာကြောင့် ဂျောင်ကုကိုမရဲတရဲမေးလိုက်သည်။
"သိပ်မဆိုးပါဘူး..ခြေထောက်အဆစ်လွဲသွားပြီးလက်လည်း ကျောက်ပတ်တီးပဲစီးလိုက်ရတာအနည်းဆုံးတစ်ပတ်လောက်နားလိုက်ရင်အဆင်ပြေပါတယ် "
"ဘာ!!!..ဂျန်ဂျောင်ကုရက်စက်လိုက်တာဗျာ..ခင်ဗျား လူလူချင်းကိုယ်ချင်းမစာ..ခင်ဗျား ညီလောက်ရှိတဲ့အရွယ်ကိုမှ..ဖျက်စီးလိုက်ရလားအဟင့်...အဟင့်"
အကျယ်ကြီးအော်ငိုနေတဲ့..ဂျီမင်ကြောင့်ဂျောင်အကြပ်ရိုက်ကာ..ဘာလုပ်လို့ဘာကိုင်ရမှန်းဖြစ်သွားသည်။ဘယ်လိုတွေတောင် အော်ငိုနေရတာလဲ..အိမ်နီးချင်းတွေကြားရင် ငါ့ကိုတစ်မျိုးထင်ကုန်တော့မှာဘဲ..
"ဂျီ..ဂျီမင်..မင်းအဲ့လိုကြီးမငိုပါနဲ့ကွာမသိရင်ငါကမင်းကို..ဟိုဟာ..အတင်းကြပ်လုပ်လိုက်တယ် ထင်သွားဦးမယ်..တစ်ပတ်လောက်ဆိုသက်သာသွားပါပြီကွာ "
"ဟင့်...ဟင့်..ကျွန်တော်ကျောင်းကိုဘယ်လိုသွားမလဲ.."
"အော်..ဂျိုင်းထောက်ရှိတယ်..အဲ့တာနဲ့သွား.."
"အီး...ဟီး..ဗြဲ..အဲ့တာကြီးနဲ့သွားမှတော့ရှိုးပဲ့တာပေါ့ဗျ..ဂျိုင်းထောက်ကြီးနဲ့ဘယ်လှတော့မလဲ..အဲ့တာကြီး မသွားချင်ဘူး "
လက်ကျိုးတာတောင် လှချင်သေးတယ်..တကယ့်ဟာလေး..
"ဟင်..အေး..အေးပါကွာ.. မသုံးနဲ့ငါလိုက်ပို့ပေးမယ်.. "
"မသွားဘူး..ကျွန်တော်လည်းကျောင်းမသွားဘူးခင်ဗျား လည်းမသွားရဘူး..သူများကိုကားနဲ့တိုက်ပြီးအေးအေးဆေးဆေး ကျောင်းတက်ချင်သေးတာလား
"အေးပါကွာ..မသွားတော့ပါဘူးတိတ်တော့မငိုနဲ့..ဘေးအိမ်ကလူတွေအိပ်နေလောက်ပြီ..မင်းအသံတွေကြားပြီး..ငါ့ကိုကလေးတစ်ယောက်ခေါ်ပြီးနှိပ်စက်ထားတယ်ထင်ဦးမယ်"
"အင်း..ဒါခင်ဗျား အိမ်လား
"ဟုတ်တယ်.. "
"ကျွန်တော် ဗိုက်စာလို့တစ်ခုခုကျွေးပါလား
"အင်း...ငါခုနလေးတင်..ခေါက်ဆွဲ ပြုတ်လာတယ်.."
အိပ်ယာပေါ်ခုံအသေးလေးတစ်လုံးတင်ပေးပြီးခေါက်ဆွဲပုတ်ပန်းကန်အားချပေးလိုက်သည်။ဘယ်ဘက်နှင့် မစားတတ်စားတတ်စားနေတာကြောင့်ခေါက်ဆွဲ ပန်းကန်ကိုယူကာ ဇွန်းနဲ့ခပ်လိုက်ပြီး..မှုတ်ကာသူ့ပါးစပ်နားတော့ပေးတော့ ကျွန်တော့်ကိုပြူးကြောင်ကြောင်နဲ့ကြည့်နေသည်။
"စားလေ.."
"ကိုယ့်ဘာသာကိုယ်စားမယ်"
"မင်းဘယ်လက်တူကိုင်တတ်လို့ လား..ရော့စားငါလက်ညောင်းနေပြီ"
ထိုသို့ပြောမှ စားသည့်ဂျီမင်ကြောင့် ဂျောင်ကုမျက်နှာပြုံးယောင်သမ်းသွားသည်။ဂျီမင်အိပ်နေစဉ်..အိပ်ယာကအိကနဲကျသွားသည့်အသိကြောင့် နောက်သို့လှည့်ကြည့်တော့အိပ်ယာပေါ်တက်လာသည့် ဂျောင်ကုကိုတွေ့လိုက်ရတာကြောင့်လန့်သွားသည်။
"ခင်ဗျား ဘာလို့တက်လာတာလဲ"
"ငါကဒီမှာမအိပ်လို့ ဘယ်မှာအိပ်ရမှာလဲ..''
"ကျွန်တော်အိပ်နေတယ်လေဗျာ..''
"မင်းနဲ့ငါအခုမှတူတူအိပ်ဖူးတာလား..ဟိုဘက်နည်းနည်းတိုး "
ဟုတ်လည်းဟုတ်ပါတယ်လေ..ကိစ္စမရှိပါဘူး။ဤသို့ဖြင့် ဂျီမင်သည် ဂျောင်ကုနှင့်အတူညတစ်ညကိုအိပ်ခြင်းဖြင့် ထပ်ပြီးကုန်ဆုံးခဲ့ပြန်သည်။
"ဂျီမင်..ထ...ထ"
"အွန်း...မထချင်သေးဘူး.."
"ထကွာ..၈နာရီ ထိုးနေပြီ..လာရေချိုးခန်းလိုက်ပို့ပေးမယ်"
"၁၀မိနစ်..ခန..၁၀မိနစ်တည်း..ကျောင်းတက်မှာမှမဟုတ်တော့တာ"
"အင်း..အဲ့တာဆို..နောက်၁၀မိနစ်မှလာနှိုးတော့မယ်..ကောင်းကောင်းအိပ်"
နှုတ်ခမ်းဆူကာ အိပ်ပျော်နေသည့်ကောင်လေးကိုစောင်လေးပြန်ခြုံပေးပြီး အောက်ထပ်သို့ပြန်ဆင်းလာလိုက်သည်။
"ဂျောင်ကု...ဂျန်ဂျောင်ကု.."အိမ်ရှေ့ကဝင်လာရင်း ကျွန်တော့်နာမည်ကိုတစာစာအော်ခေါ်မေသည့်ထယ်ယောင်းကိုပြန်မေးလိုက်သည်။
"ထယ်ယောင်း..ဘာလာလုပ်တာလဲကွ"
"ကျောင်းသွားမယ်လေကွာ..ဒီနေ့ဘောလုံးပွဲရှိတယ် "
"ငါမလိုက်တော့ဘူးကွာ.."
"ဘာဖြစ်လို့လဲ.. "
"မနေ့ကငါလူတစ်ယောက်ကိုကားတိုက်မိလို့..အဲ့တာသူ့ကိုပြုစုပေးရဦးမယ်"
"ဘယ်သူ့ကိုတိုက်မိတာလဲ?...''
"Park jimin.. ''
"ဘာ..ဂျီမင်ကိုလား.."
"အေး.."
"သူဘယ်မှာလဲ.."
"အပေါ်ထပ်မှာအိပ်နေတယ်.."
ထယ်ယောင်းချက်ချင်း အိမ်အပေါ်ထပ်ကိုပြေးတက်သွားပြီး..အခန်းထဲကအိပ်ယာထဲမှာအိပ်နေသည့်ဂျီမင်ဘေးနားသို့ချက်ချင်း.သွားလိုက်ပြီး..
"Jimin..''
Jiminကအိပ်နေရာမှနိုးလာပြီး..ထယ်ယောင်းကိုတွေ့တော့ ချက်ချင်းထထိုင်ကာ
"ဟျောင်း..ဘယ်လိုလုပ်ရောက်လာတာလဲဟင်"
"ဂျီမင်..ဂျောင်ကုကားနဲ့တိုက်မိလို့ဆို..ဘယ်လိုဖြစ်တာလဲ.. ဘယ်နားနာနေလဲဟင်..ကိုယ်ဘာလုပ်ပေးရမလဲ"
"ကျွန်တော်သက်သာနေပါပြီဟျောင်းရဲ့"
"သေချာရဲ့လား..ဂျီမင်.."
"ကျွန်တော် အဆင်ပြေပါတယ်..စီနီယာ ဂျောင်ကုရော"
"အောက်ထပ်မှာမနက်စာပြင်နေတယ်.."
"အော်..."
"ဟျောင်းကျောင်းမသွားဘူးလား.."
"အစကတော့ ကျောင်းသွားမလို့ဂျောင်ကုကိုလာခေါ်တာအခုဂျီမင်ကိုပြုစုပေးမလို့ ကျောင်းမသွားတော့ဘူး"
"ရပါတယ်ဟျောင်းရဲ့..စီနီယာ ဂျောင်ကုလည်းရှိနေတာဘဲ..."
"ကိုယ့်ချစ်သူတစ်ယောက်လုံးဒဏ်ရာရထားတာကိုကိုယ်ကဘာလိုလုပ်ကျောင်းသွားရက်မလဲ"
"ရပါတယ်..ကျွန်တော်ကတစ်ပတ်လောက်နားရင်အဆင်ပြေတယ်..ဟျောင်းကျောင်းသွားပြီးကျွန်တော့်ကိုဟိုဆော့ဆီက စာကူးရေးမလို့စာအုပ်ငှါးလာခဲ့ပေးလေ..အဲ့ကျရင် စီနီယာ ဂျောင်ကုလည်းဟျောင်းဆီကစာကူးလို့ရတယ် ကျွန်တော်လည်း ဟိုဆော့ဆီကစာကူးလို့ရတယ်..စာတွေနောက်မကျတော့ဘူး"
"ဟုတ်ပါပြီ..ကောင်းကောင်းနေနော်..ကိုယ်ကျောင်းကပြန်လာရင်..စာအုပ်ငှါးခဲ့ပေးမယ်"
"ဟုတ်..ကောင်းကောင်းသွားပါ"
"အင်း..ကိုယ်သွားပြီနော်''
"ဟုတ်"
ထယ်ယောင်းထွက်သွားမှ အခန်းထဲကိုဂျောင်ကုဝင်လာပြီး
"ခင်ဗျား ကျွန်တော့်ကိုလာတွဲပေးဦး..ရေချိုးခန်းသွားမလို့"
"မင်းဟာလေ..ခုနကထယ်ယောင်းကိုပြောတဲ့လေသံနဲ့များတခြားဆီပဲ..တတ်လဲတတ်နိုင်တယ်..မင်းဟာလေ..ခုနကနော့ပျားရည်မှောက်ထားတဲ့အသံနဲ့..ငါ့ကြတော့..လူမိုက်သံနဲ့"
"စကားမများနဲ့..လာမြန်မြန်တွဲ..''
Jungkook ကိုဂျီမင်က လာတွဲကူရန်ပြောလိုက်သော်လည်းဂျောင်ကုကကောက်ပွေ့ချီလိုက်သဖြင့်ဂျီမင်အနည်းငယ်ရှက်သွားပြီး ...
"Jeon jungkook!!!''ဟူသည့် ဂျီမင်ဆီမှခပ်စူးစူးအော်သံလေးထွက်ပေါ်လာသည်။
There are no comments yet. Log in to be the first to leave a review!


![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



