Ep 4
19:48, 29 July 2023"Jimin ကန်တင်းသွားမယ် ဘာလုပ်နေတာလဲငါဗိုက်စာနေပြီ.. ''
"ခနနေပါဦးကွ..''
"ရည်းစားစာရေးနေတာကွ.."
"ဘယ်သူ့ကိုပေးမလို့လဲ..''
"ကင်ထယ်ယောင်းကို"
"ဟမ်..ဘယ်မှာလဲ"
ထယ်ကိုချစ်ရပါသောမင်...
"ဘယ်လိုလုပ်ကြမလဲ "
"ဗျာ...ဂျောင်ကု...ဂျောင်ကု"
"Jeon jungkook!''
"ဘာ..ဘာတုန်းကွ..''
"ဗိုက်စာလို့..."
"စားအဲ့မှာ သေအောင်စား.."
"မစားဘူး.."
"ရော့..တစ်ခုပဲရမယ်..''
"မင်း မင်း..ကငါ့ကို?? "
Unicode
"Jimin ကန်တင်းသွားမယ် ဘာလုပ်နေတာလဲငါဗိုက်စာနေပြီ.. ''
"ခနနေပါဦးကွ..''
ဘေးမှာ တစ်ခုခုကိုရေးနေတဲ့ ဂျီမင်ကိုဗိုက်အရမ်းစာနေပြီဖြစ်သော ဟိုဆော့ကစိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။
"ဂျီမင်ဘာတွေရေးနေတာလဲကွာ..အခုမှစာကြိုးစားနေတာလား"
"ရည်းစားစာရေးနေတာကွ.."
"ဘယ်သူ့ကိုပေးမလို့လဲ..''
"ကင်ထယ်ယောင်းကို"
"မင်းသူ့ကိုတကယ်ကြိုက်တာရော ဟုတ်ရဲ့လားကွာ"
"တကယ်ကြိုက်တာကွ..သူကအရမ်းချစ်စရာကောင်းတယ်..သေတ္တာအပြုံးကြီးနဲ့''
"Box smile လို့ပြောပါကွာ..ဘာသာမပြန်စမ်းနဲ့''
"ဟာ ဟိုမှာ ကင်ထယ်ယောင်းနဲ့ဂျွန်ဂျောင်ကု.."
"ဟမ်..ဘယ်မှာလဲ"
ဟိုဆော့စကားကြောင့် ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်တော့ သူတို့အခန်းရှေ့ကနေဖြတ်သွားတဲ့နှစ်ယောက်ကိုတွေ့လိုက်ရသည်။ဟုတ်ပြီ အချိန်ကောင်းပဲ..ဂျီမင် စာရွက်လေယာဉ်ပျံ ပုံစံခေါက်. တံခါးပေါက်နားကချောင်းပြီး ထယ်ယောင်းရှေ့သို့ရောက်အောင်ပစ်လိုက်သည်။သို့သော်ထိသွားသည်ကဂျွန်ဂျောင်ကုပင်။
"ဟာ..ဟျောင့် ဂျွန်ဂျောင်ကုဆီရောက်သွားပြီ"ဂျီမင်က တံခါးဘေးကချောင်းနေရင်းဘေးနားကဟိုဆော့ကိုခေါ်ကာ ပြောလိုက်သည်။
"ပတ်ဂျီမင် မင်းကတော့လုပ်လိုက်တလွဲကြည့်ပဲ"
ဂျောင်ကုသူ့ရှေ့ကျလာသော စာရွက်ကိုဖွင့်ကြည့်လိုက်တော့
"ချစ်ရပါသော ထယ်ကျွန်တော် ရည်းစားစာပေးတာပါစာတွေလည်းမသီကုံးတတ်ဘူးဘာမှလည်းမရေးတတ်လို့ အဓိကအကြောင်းအရာပဲပြောလိုက်တော့မယ်ကျွန်တော် ထယ့်ကိုချစ်တယ်..အဖြေပြန်ပေးနော်
ထယ်ကိုချစ်ရပါသောမင်...
ဟား..ဘယ်လိုတွေတောင် အရေးကသားညံ့ရတာလဲ..''
Jungkookနောက်သို့လှည့်ကြည့်လိုက်တော့ဂျီမင်ကိုတွေ့လိုက်တာကြောင့်..သူသိလိုက်ပြီဒီစာကဟိုကောင်လေး ထယ်ယောင်းကိုပေးသည့်စာဖြစ်လောက်သည်။ဂျောင်ကုတစ်ချက်ရီလိုက်တာ..မဲ့ပြုံးတစ်ချက်ပြုံးလိုက်ပြီး သူတို့နောက်တွင်တွေ့သည့်ဆရာမကိုပေးလိုက်သည်။
"ဟာ..ဂျောင် ဟိုဆော့..ဟိုကောင်ကဆရာမကိုပေး လိုက်ပြီ"
ဂျီမင်ကအလန့်တကြား ဟိုဆော့ကိုပြောလိုက်တော့ဟိုဆော့က
"ဘာ..ဘာ ဟျောင့်အဲ့တာကွိုင်တတ်နိုင်တယ်နော်.."
"ဘယ်လိုလုပ်ကြမလဲ "
ဂျီမင်ကဂျောင်ကု မျက်လုံးပြူးပြကာ မပေးဖို့အချက်ပြပေမယ့် ဂျောင်ကုကမသိချင်ယောင်ဆောင်ကာ..ဆရာမအားပေးလိုက်သည်။
"ဆရာမ ဟိုနားကကောင်လေးကဆရာမကိုပေးခိုင်းလိုက်တာ..''
ဆရာမကစာရွက်ကိုဖြန့်ကာချက်ချင်းဖွင့်ဖတ်လိုက်ပြီးတောက်စ် ခေါက်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။အချိန်ကိုက်ကို ဂျီမင်တို့ကအခန်းထဲပြန်ဝင်သွားပြီး အပေါက်ဝနားက မင်ယွန်းဂီအားဆရာမကတွေ့သွားသည်။
"မင်ယွန်းဂီ..လာစမ်း..အခုချက်ချင်း''
ဆရာမကအံကြိတ်သံကြီးနဲ့ခေါ်နော့ ယွန်းဂီကြက်သီးတဖြန်းဖြန်းထသွားသည်။ဂျောင်ကုလည်း လူလွဲသွားသည်မို့မသိမသာထိုနေရာက်နေထွက်လာခဲ့သည်။
"Min yoongiမင်းဒါဆရာမကိုလုပ်ရမယ့်အပြုအမူလား ဟမ်''
"ဗျာ..ကျွန်တော်ဘာလုပ်မိလို့လဲဗျ.."
"မင်းငါ့ကိုရည်းစားစာလာပေးတယ်..မင်းကိုအပြစ်ပေးရမယ် ကျောင်းအုပ်ကြီးရုံးခန်းလို"
"နေ နေပါဦး..ကျွန်တော်ရည်းစာစာမပေးမိပါဘူး"
"မင်းဘာမှလာမငြင်းနဲ့..ဒီမှာမင်းပေးတဲ့ရည်းစားစာ..''.
"ဗျာ...ကျွန်တော်မပေးမိပါဘူး..''
"မင်းကလက်ပူးလက်ကြပ်မိတာတောင်..ငြင်းချင်တာလား..ဒီမှာမင်းရေးထားတာထယ်ကိုချစ်ရပါသောမင် မင်းနာမည်မင်ယွန်းဂီ..ပြီးတော့ ချွဲထယ်မီ ကငါ့နာနာမည် မင်းနာမည်ကြီးပါတာတောင် ငါ့ကိုငြင်းချင်တာလား မင်ယွန်းဂီ"
"မဟုတ်ပါဘူး..ကျွန်တော်မပေးပါဘူး..ဆရာမရယ်"
"မင်းသူငယ်ချင်းဂျန်ဂျောင်ကုကိုယ်တိုင်ပြောသွားတာကိုမင်းကငြင်းနေရလား"
"ဗျာ...ဂျောင်ကု...ဂျောင်ကု"
"ဟုတယ်..မင်းရုံးခန်းလိုက်ခဲ့..မင်းကိုကျောင်းအုပ်ကြီးနဲ့တိုင်မယ်''
"ဆရာမ...ဆရာမ..ကျွန်တော်မပေးပါဘူးဗျာတကယ်ပြောတာ..ပါဗျာ...ကျွန်တော့်ကိုချောက်ချသွားတာ..သူငယ်ချင်းတွေစရင်းနောက်ရင်းနဲ့မလို့တောင်းပန်ပါတယ်ဗျ..''
Min yoongi ခါးကျိုးအောင်တောင်းပန်မှဆရာမကလည်း..စိတ်လျှော့သွားသည်။
မိကျောင်းမသား..ဂျန်ဂျောင်ကု..မင်းအဖေမို့လို့ငါ့ကိုချောက်ချသွားတာလား..မင်းသေပြီဘဲ။
ကန်တင်းသို့ မျက်မှောင်ကြီးကျုံကာတရှူးရှူးတရှဲရှဲဝင်လာသည့် မင်ယွန်းဂီကြောင့်ဂျောင်ကုလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်သွားသည်။
"Jeon jungkook!''
"ဘာ..ဘာတုန်းကွ..''
"ဟျောင့်ငါ့ကိုမင်းအဖေများမှတ်နေလား..အဲ့လိုချောက်ချသွားရအောင်"
"ဒါ..ဒါကလေ..အဲ့လိုရှိတယ်ကွ..ငါပြောပြမယ်အရင်ထိုင်ပါကွာ"
လွယ်အိတ်ကိုစားပွဲပေါ် စောင့်ချကာထိုင်လိုက်တဲ့ မင်ယွန်းဂီ။
"ငါကမင်းကိုပြောတာမဟုတ်ဘူး..အဲ့တာလူလွဲသွားတာ စိတ်ထဲမထားပါနဲ့ကွ"
"ဘာကိစ္စလူလွဲရတာလဲ..အဲ့ရည်းစာကဘယ်ကဟာလဲ..''
"အော်..အဲ့ဒါက..ထယ်ယောင်းကိုပထနှစ်ကကောင်လေးကပေးတာ အဲ့တာငါ့ကိုလာထိလို့မှတ်သွားအောင် ဆရာမကိုသွားပေးလိုက်တာ..မင်းကတိုက်တိုက်ဆိုင်ဆိုင် ငါလက်ညိုးထိုးပြတဲ့နေရာရောက်လာတာလေ..ဆရာမကမင်းကိုထင်သွားတာပေါ့"
"နောက်တစ်ခါဆိုရင် မင်းကိုလမ်းမလျှောက်နိုင်လုပ်ပစ်မယ်"
"ဟာ..ဟျောင့် မင်းနော်ငါ့ကိုမဟုတ်တာမကြံနဲ့"
"ငါကောက်ပေါက်လိုက်ရ... ခြေထောက်ရိုက်ချိုးမယ်လို့ပြောတာကွ..''
ရေခွက်ကိုင်ကာ သူ့ကိုခြိမ်းခြောက်နေသောမင်ယွန်းဂီကိုကြည့်ပြီး..ဂျောင်ကုကတဟားဟားနှင့်ရယ်နေသည်။
"ဟာ..ဂျီမင်..ဟိုမှာကင်ထယ်ယောင်းလာပြီ''
Jimin အိမ်သာသွားနေလို့ ကန်တင်းကိုနောက်မှရောက်လာပြီးဂျီမင်ရောက်လာပြီးသည်နှင့်ခနနေတော့ထယ်ယောင်းကကန်တင်းထဲသို့ဝင်လာသည်။
"Hoseok ကင်ထယ်ယောင်းကအခုမှကန်တင်းရောက်တာလား"
"ဟုတ်တယ်..ဂျွန်ဂျောင်ကုအရင်ရောက်တာပြီးတော့မင်ယွန်းဂီ..အခုမှကင်ထယ်ယောင်းကဝင်လာတာ"
"ဘယ်သွားလို့ပါလိမ့်..ဂျန်ဂျောင်ကုဆိုမှစီနီယာ ဖြစ်နေလို့သာပေါ့မဟုတ်ရင်အမှုန့်ကြိတ်ပစ်ပြီ..တွေ့ကြသေးတာပေါ့ "
ခပ်တည်တည်နဲ့ ဂျောင်ကုတို့စားပွဲကိုထသွားသောဂျီမင်ကိုကြည့်ပြီးဟိုဆော့ကခေါင်းခါလျက်။လက်ရဲဇက်ရဲ လုပ်ရဲကိုင်ရဲတဲ့ ရပ်ကွက် ကလာတဲ့သူ့သူငယ်ချင်းလေးကိုမတားတော့ပေ။
ဂျောင်ကုဘေးကိုခပ်တည်တည်ဝင်လိုက်ပြီးဂျောင်ကုစားနေသော ထမင်းပန်းကန်ကိုသူဘက်ဆွဲကာ သူ့ကိုကြောင်ကြည့်နေသည့်ဂျောင်ကုလက်ထဲကဇွန်းကိုလုကာစားနေသည်။
"ဟေ့..မင်းဘာလို့ငါ့ထမင်းလုပြီးလာစားနေတာလဲ"
"ဗိုက်စာလို့..."
"ဗိုက်စာရင်ဝယ်စားပါလား"
"ပိုက်ဆံမရှိလို့ပေါ့..စီနီယာကျွန်တော့်အိမ်မှာလည်း အိပ်သွားသေးတယ်..ထမင်းတစ်ပန်းကန်ပြန်ကျွေးရတာကို ကပ်စေးနည်းနေရလား"
ဂျီမင်ပြောလိုက်တဲ့စကားကြောင့် မင်ယွန်းဂီနှင့် ကင်ထယ်ယောင်းက ခေါင်းထောင်ကာ သူ့ကိုကြည့်လာသည်။
"စားအဲ့မှာ သေအောင်စား.."
Jungkook ရွဲ့ပြောတော့ ဂျီမင်က
"ဒါပေါ့..စားရမှာပေါ့..စီနီယာ စားအုံးမလား"
"မစားဘူး.."
ဂျောင်ကုကပြောရင်းဆိုရင်း..တူကိုယူကာအသားပြားအားညှပ်လိုက်တော့..ဂျီမင်က ဂျောင်ကုလက်ကိုရိုက်လိုက်သည်။
"ဘာလို့လာစားတာလဲ..မစားဘူးဆို"
"ဟ..အဲ့တာငါဝယ်ထားတာလေ...ငါနေ့လည်စာမစားရသေးဘူး..သူများထမင်းပန်းကန်လည်းလာစားသေးတယ်..''
"ရော့..တစ်ခုပဲရမယ်..''
Jimin ကတူကိုယူကာ အသားပြားကိုညှပ်ယူပြီး ဂျောင်ကုပါးစပ်နားတေ့ပေးပြီးပြောသည်။ဂျောင်ကုက ဂျီမင်ခွန့်ကျွေးသည့် အသားပြားကိူစားလိုက်တာကြောင့် သူတို့ကိုကြည့်နေသည့်ထယ်ယောင်းနှင့် ယွန်းဂီကပါးစပ်အဟောင်းသားနှင့်ကြည့်နေသည်။
"မင်းတို့နှစ်ယောက်တွဲနေတာဘယ်လောက်ရှိပြီလဲ"
ယွန်းဂီစကားကြောင့် ဂျောင်ကုနှင့်ဂျီမင်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီး
"ငါကသူနဲ့တွဲတယ်..မင်းကိုဘယ်သူပြောလဲ''
"ဟုတယ်..ကျွန်တော်ကဘာလို့သူနဲ့တွဲရမှာလဲ"ဂျီမင်အပြောကိုယွန်းဂီက
"မင်းတို့နှစ်ယောက်လုပ်နေတဲ့ပုံကိုကြည့်လေ..ဘယ်သူကအတွဲမဟုတ်ဘူးလို့ထင်မှာလဲ"
ဂျီမင်ကထပ်ပြီး..ပြောလိုက်သည်။
"ကျွန်တော်ကသူ့ကိုမကြိုက်ပါဘူး..ကျွန်တော့်မှာကြိုက်နေတဲ့သူရှိတယ်..ဟူးး မထူးပါဘူးတစ်ခါတည်းပြောလိုက်ဦးမယ်မဟုတ်ရင် အဖျက်သမား ကဝင်နှောက်တတ်လို့..စီနီယာ ကင်ထယ်ယောင်း ကျွန်တော် စီနီယာ့ကိုချစ်တယ်..အဲ့တာကျွန်တော့်ကိုအဖြေပြန်ပေးပါ"
ဂျီမင်ရုတ်တရပ်ပြောလိုက်သည့်စကားကြောင့်ထယ်ယောင်းက ရေသောက်နေ ရာမှသီးသွားသည်။
"မင်း မင်း..ကငါ့ကို?? "
"ဟုတ်တယ်လေ..ကျွန်တော်ရည်းစားစာပေးတော့အဖျက်သမားကဆရာမသွားပေးပစ်တယ်လေ..အဲ့တာကြောင့် တစ်ခါတည်းပြောလိုက်တာ"
Jimin ကဂျောင်ကုကိုမျက်စောင်းထိုးကာပြောလိုက်သည်။
"နေပါဦး မင်းကငါ့ကိုတကယ်ကြိုက်တာရောဟုတ်ရဲ့လား..''
"ဟ..တစ်ကယ်ကြိုက်လို့ပေါ့ဗျ..မဟုတ်ရင်သိက္ခာအကျခံပြီးမပြောဘူး.."
ထယ်ယောင်း ဒီကောင်လေးကိုသတိထားမိတာကြာပြီ။ဟိုတစ်ခါ ကန်တင်းမှာဂျောင်ကုကိုစကားပြောစရာရှိလို့ဆိုပြီး ခေါ်တဲ့အချိန်ကတည်းကဆိုပါတော့။ဂျောင်ကုက အဲ့ကောင်လေး သူ့ကို ခြိမ်းခြောက်ခဲ့တဲ့အကြောင်း ပြန်ပြောပြတော့ရီလိုက်ရသေးတယ်။ဒီလက်ရဲဇက်ရဲနိုင်တဲ့ ကောင်လေးကအများတွေထက်ကျွန်တော့်အာရုံထဲထင်းနေသလိုပင်။အခုတော့ ဒီကောင်လေးကသူ့ကိုကြိုက်နေတာတဲ့လား..မင်းကချစ်စရာကောင်းသားပဲ။ငါမင်းနဲ့တွဲကြည့်ရင်ကောင်းမလား..။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)