Fanfics
Ep -7
17:08, 22 August 2023
"ဗျာ.."
"အာ omma!!"
"ဂျီမင်..."
စားပွဲခုံအောက်ကဂျောင်ကုခြေသလူံး ဂျီမင်ကခြေမနဲ့ခြေညှိုးဖြင့် ညပ်ကာဆွဲလိမ်လိုက်သည်။
"အားး..."
"ဟုတ်.ဟျောင်း"
"ငါယောက်ျား ဟုတ်လား...မဟုတ်လား..သိချင်လား"
~~~~~~~~~~~~~~~~~~~~~~~~
"အင်း...ဟင်း..အင်း..''
"အရမ်းချမ်းနေလား..."
"ခနလေးနော်.."
နောက်ဆုံးတော့ လည်းအားတင်းကာကြည့်ပြီးအင်္ကျီချွတ်ပေးလိုက်သည်။သူ့တုန်းကငါ့ကိုချွတ်ပေးတော့..လွယ်လွယ်ငါ့ကျမှဘာလို့လက်တုန်နေတာလဲ..
အားးးးးးး.. ~~~~~~
"ဟင့်အင်း..ချမ်းတယ်"
~~~~~~~~~~~~~~~~~~~~~~~
"ဟင့်အင်း.."
"၁၁ ၊၁၂လောက်"
"အင်းပါ..သိတယ်"
တံခါးဖွင့်ဖွင့်လိုက်ချင်းကိုယ်ပေါ်သို့ကိုင်းကျလာတဲ့..ကိုယ်ကြီးကြောင့် ဂျီမင်ကထိန်းလိုက်သည်။
"ဘာ..ဘာလုပ်မလို့လဲ.."
"အ...အင်း.."
(Unicode)
"ဟာ အမေကလည်းတကယ်ပါဆို..ကျွန်တော်ကအဲ့လိုလူမျိုးလား..''
ဟိုကောင်လေး ရှုပ်ထားတဲ့ပြဿနာကိုသူ့အမေအားပြန်ရှင်းပြနေခြင်းသာ။ကော်ဖီသောက်နေရင်း..သူ့အားမျက်လုံးလှန်ကြည့်လာသောအမေက ဟုတ်လို့လားဆိူသည့်အဓိပ္ပါယ်ပင်။
"ဟျောင့်..ပတ်ဂျီမင်..ရှင်းပြလိုက်လေ..''
ဘေးနားထိုင် အမေဝယ်လာတဲ့အသီးတွေကိုလက်နှစ်ဖက်လုံး တစ်ဖက်ကပန်းသီး..တစ်ဖက်ကစပျစ်ကိုင်ကာမိန့်မိန့်ကြီးထိုင်စားနေတဲ့ပတ်ဂျီမင်ဆီမှပန်းသီးဆွဲလုကာ ပြောလိုက်သည်။
"ဟုတ်ပါတယ် အန်တီရဲ့..ကျွန်တော်ပြောတာကို အန်တီကတစ်မျိုးထင်သွားတာ.."
"အဲ့တာဆို မင်းကဂျောင်ကုရဲ့ကောင်လေးမဟုတ်ဘူးပေါ့"
"မဟုတ်ပါဘူးဗျာ..ကျွန်တော့်မှာရည်းစားရှိတယ်"
"ဟုတ်ပါပြီ..ငါ့မှာတော့တကယ်ထင်ပြီးဝမ်းသာလိုက်ရတာ... ကိစ္စမရှိပါဘူး..နောက်လည်းမင်းကငါ့သမက်ဖြစ်ရင်ရတယ်..အခုမဖြစ်သေးလည်း.."
"ဗျာ.."
"အာ omma!!"
Jungkook အမေရဲ့စကားကြောင့်Jiminကကြောင်သွားပြီး ဂျောင်ကုကရှက်သွားသည်။
"ဂျီမင်..."
သူ့အိမ် အပြေးဝင်လာကာ ဂျီမင်အားအရင်ခေါ်လိုက်တဲ့ ထယ်ယောင်းကြောင့် ဂျောင်ကုမျက်နှာမဲ့သွားသည်။ဘယ့်နဲ့...ငါ့အိမ်လည်းလာသေးတယ်..မေးတော့သူ့လင်ကိူအရင်ဆုံးမေတယ်...ကျက်သရေတုံးချက်က 9+ပဲ..
"ထယ်ယောင်းဟျောင်း..လာလေ''
အိမ်ရှေ့မှာတစ်ခုပြီးတစ်ခုထိုင်စားပြီး..သူ့အားအမြဲတမ်း ဆူအောင့်ကာပြောသည့်ကောင်လေးကထယ်ယောင်းလည်းလာရော အသံလေးကိုချိုသာလို့။ထယ်ယောင်းကိူအဲ့တစ်ချက်တော့မနာလိုဖြစ်မိသား..သူ့ကိုခေါ်ရင် ခင်ဗျား ခင်ဗျား နဲ့ထယ်ယောင်း​ရှေ့ရောက်ရင် စီနီယာ ဂျောင်ကုဆိုပြီး..အသုံးအနှုန်းကချက်ချင်းကိုယဉ်ကျေးသွားပြန်ရော..။ဘယ်ဘဝကအကုသိုလ်လည်းမသိဘူး..စီနီယာ ဖြစ်ပြီးလေး။လေးစားမခံရတဲ့ဘဝ..။ငါကလည်း..သူ့ကိုမှ ကားတိုက်မိတာကိုအကခြားတစ်ယောက်ိုကားတိုက်ရင် ဆေးရုံလိုက်ပို့ပေးပြီး..လျော်ကြေးပေးရင်ကိစ္စကပြီးပြီ..။ဒီကောင်လေးကိုမှတိုက်မိတော့..စပ်စပ်ထိမခံတဲ့သူမို့..ကိုယ့်အိမ်ပေါ်ထိခေါ်လာရသည်။မကျေနပ်တာများရှိရင်..ခင်ဗျား ၊ဂျန်ဂျောင်ကုဆိုပြီးခေါ်သည်လေ..လိုချင်တာများရှိလို့ကတော့..စီနီယာဂျောင်ကုဆိုပြီး..ကပ်ချွဲပြန်သေးသည်။လူကိုဆို တစ်ချိန်လုံး အမြင်မကြည်..ကြက်ပေါက်ကြနေတာပဲ..ပါးစပ်ကလည်းပိကျိ ပိကျိ...ပိကျိနဲ့..နားကိုညည်းနေတာပဲအဘိုကြီးပေါက်စ အတိုင်းပဲ။ပတ်ဂျီမင်...ကြောက်ဖို့ကောင်းလိုက်တာ..
ဂျောင်ကု banana milk ဘူးကိုကိုင်ကာသောက်နေရင်း အိမ်ရှေ့ ဂျီမင်နှင့်မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်ကာ သူတို့နှစ်ယောက်အခြေအနေအား မျက်မှောင်ကျုံကာကြည့်နေသည်။
"Jimin ဟျောင်းစာကူးပေးရမလား.."
"ရပါတယ်ဟျောင်းရဲ့..ကိုယ့်ဘာသာကိုယ်ပဲကူးလိုက်ပါမယ်.."
ကိုယ့်ဘာသာကိုယ်ပဲကူးလိုက်ပါ့မယ်ဆိုပြီး..မျက်လုံးက ကျွန်တော့်ဆီရောက်လာတဲ့ ကြက်ပေါက်။သူ့ရည်းစားကြတော့မရေးခိုင်းဘဲ..ငါ့ကိုမျက်စောင်းလာမထိုးနဲ့..ပတ်ကြက်ပေါက်။
"ထယ်ယောင်း..သူ့ကိုစာကူးပေးလိုက်ကွာသက်သက်မူနေတာ..သူ့ဘာသူလည်းကူးနိုင်မှာမဟုတ်ဘူး.."
"အေး..ငါပဲ..အိမ်ယူသွားပြီးကူးပေးလိုက်မယ်"
"စာအုပ်ပဲမယူသွားနဲ့..လူပါသယ်သွားပါလား"
အမယ်..အမယ်..ခင်ဗျား ဒီလိုတာဝန်မယူချင်လို့ရမလား..လူကိုကားနဲ့တိုက်ပြီး..အခုမှတာဝန်ယူရတာတစ်နေ့ပဲရှိသေးတယ်...ရှောင်ပြေးလို့ရမလားဟဟပဲရမယ် ဂျန်ဂျောင်ကုရေ..
"အင်း..အဲ့ဒါဆို..ဂျီမင်ကိုငါ့အိမ်ခေါ်သွားလိုက်မယ် အဆင်ပြေလား..ဂျီမင်"
"ရပါတယ်..ကျွန်တော်ဒီမှာနေရတာအဆင်ပြေတယ်...ထယ်ယောင်းဟျောင်းရဲ့"
"ဂျောင်ကုလည်းအနေကြပ်မှာပေါ့..အဲ့တာကြောင့် ဟျောင်းနဲ့လိုက်နေလိုက်လေ..."
"ဟျောင်းရယ်..စီနီယာဂျောင်ကုကအနေမကြပ်ပါဘူးဟုတ်တယ်မလား"
စားပွဲခုံအောက်ကဂျောင်ကုခြေသလူံး ဂျီမင်ကခြေမနဲ့ခြေညိုှးဖြင့် ညပ်ကာဆွဲလိမ်လိုက်သည်။
"အားး..."
"Jungkook ဘာဖြစ်လို့လဲ "
ခြေသလုံးအားဆွဲလိမ်ထားသည့် ပတ်ဂျီမင်ကောင်စုတ်လေးအားကြည့်လိုက်တော့လူကိုမျက်လုံးပြူးပြနေသည်။
"ပုရွက်ဆိတ်ကိုက်လို့...အားလားလား...ဟုတ်တာပေါ့..ငါအနေမကြပ်ပါဘူး..ငါကားနဲ့တိုက်မိထားတာ ငါတာဝန်ယူရမှာပေါ့မဟုတ်ဘူးလား..''
"ဟုတ်တာပေါ့..စီနီယာ ဂျောင်ကု ကတာဝန်ယူပေးမယ်လို့ပြောနေပြီပဲ..အပြစ်ရှိတဲ့ သူကိုတာဝန်ယူခိုင်းရမှာပေါ့"
"ဟုတ်ပါပြီ..ငါပြန်လိုက်ဦးမယ်..မနက်ကျထက်လာခဲ့မယ်နော်ဂျီမင်"
"ဟုတ်.ဟျောင်း"
ထယ်ယောင်းထွက်သွားပြီးလို့မကြာသေး..ဂျီမင်က​ဂျောင်ကုအားလှမ်းရိုက်လိုက်သည်။
"ခင်ဗျား ဟာလေ..တကယ်လူပဲ..တာဝန်ယူမှုမရှိဘူး..ခင်ဗျား ယောကျာ်း မဟုတ်ဘူးလား"
"ငါယောကျ်ား ဟုတ်လား...မဟုတ်လား..သိချင်လား"
ချက်ချင်း ခြေချိတ်ထိုင်ကာ..ဆွဲဆောင်သောမျက်ဝန်းအနေ့အထားသို့ပြောင်းလိုက်ပြီး..အတည်ပေါက်ကြီးပြောလာသည့်..ဂျောင်ကုကြောင့် ဂျီမင်​ကျောချမ်းလာသည်။ထိုကြောင့် ချက်ချင်းမျက်နှာချိုသွေးကာ
"ဟီး..မဟုတ်ပါဘူး..စကားအရပြောလိုက်တာ"
ဂျောင်ကု ကတော့ချက်ချင်းအချိုးပြောင်းသွားသောဂျီမင်ကိုကြည့်ကာ စိတ်ထဲကနေကြိတ်ရီနေသည်။တစ်ခါတစ်လေ ဒီကြက်ပေါက်ကိုစရတာပျော်ဖို့ကောင်းတယ်။
~~~~~~~~~~~~~~~~~~~~~~~~
"အင်း...ဟင်း..အင်း..''
ညသန်းခေါင်လောက်ကြီး..ညည်းသံတွေကြောင့်ဂျောင်ကုနိုးလာခဲ့သည်။ဘာသံတွေလဲကွာ...ကောင်းကောင်းမအိပ်ရဘူး..အိပ်ချင်မူးတူးဖြင့် မျက်လုံးကိုပွက်လိုက်ပြီးမှအသံဘယ်နားကလာတာလဲလို့..ဘေးနားပတ်လည်လိုက်ကြည့်မိတော့..သူ့ဘေးနားမှာ ကွေးကွေးလေး အိပ်ကာတကိုယ်လုံး တုံနေသည့်ဂျီမင်...။
ဒီကောင်လေး ဖျားနေတာလား..တစ်ကိုယ်လုံးလည်းချွေးတွေရွဲလို့..နှဖူးကိုစမ်းကြည့်လိုက်တော့..ကိုယ်တွေပူကျစ်နေတာပဲ..။
"အင်း..ချမ်းတယ်..ချမ်း...တယ်"
"အရမ်းချမ်းနေလား..."
အခုဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေသူမှာဂျောင်ကုပင်။ဖျားနေသည့်သူကိုတစ်ခါမှမပြုစုဖူးပေ..။ဂျီမင်ကိုလည်း ဘာလုပ်ပေးလို့ပေးရမှန်းမသိဖြစ်နေသည်။
"ခနလေးနော်.."
ကုတင်ပေါ်ကဆင်းကာ အမေ့ဆီအမြန်ဖုန်းဆက်လိုက်သည်။
"ဟယ်လို..ညသန်းခေါင်းကြီး ဘာကိစ္စဖုန်းလာဆက်တာလဲ..လူမှူရေးနားမလည်ဘူးလား..ဂျောင်ကုရယ်"
"နေပါဦး..ကျွန်နော်ပြောတာနားထောင်ပါဦးပတ်ဂျီမင် ဖျားနေလို့..တစ်ကိုယ်လုံး တုံပြီးချမ်းတယ် ဆိုပြီးပြောနေတယ်..သားဘာလုပ်ရမှန်းမသိလို့"
"ဟေ...အဲ့တာဆို..သူ့ကို​ရေဘတ်တိုက်ပေးပြီး အဝတ်စားလဲပေးလိုက်..ပြီးရင် ရေစိုဝတ်လေးကို နဖူးပေါ်တင်ထားပေးပြီး..ဆေးတိုက်လိုက်"
"ရေဘတ်တိုက်ရမှာက တစ်ကိုယ်လုံးလား"
"အေးပေါ့..မင်းငယ်ငယ်တုန်းကငါအဲ့တိုင်းလုပ်ပေးလာတာ''
"မတူဘူးလေ..အမေကလည်း..သူကကလေးမှမဟုတ်တာ"
"အဲ့တာဆို နင်ဘာသာနင် ကြိုက်တာသာတိုက်လိုက် ငါအိပ်ပြီ..ဒါပဲ"
ဖုန်းချသွားတဲ့ အမေကြောင့် ဂျောင်ကုတော့အကြပ်ရိုက်ပြီ။မဖြစ်သေးပါဘူး..ခပ်မြန်မြန်လေး ရေဇလုံထဲသို့ရေထည့်ကာ တဘတ်အသေးတစ်ထည်ကိုရေစိမ်ကာရေပြန်ညစ်လိုက်ပြီး...မျက်နှာမှစကာခပ်ဖွဖွလေးသုတ်ပေးနေတော့..သူကကျွန်တော့်ဘက်တိုးလာကာ ပေါင်ပေါ်ခေါင်းအုံးကာ ကွေးကွေးလေးအိပ်နေသည်။
"ဂျီမင် ခနလေး ရေဘတ်တိုက်ရမယ်.."
သက်ပြင်းချကာ မျက်စိစုံမှိတ်လိုက်ပြီး လက်တွေကို အကျႌကြယ်သီးဆီသို့်ပို့လိုက်ပြီးတစ်လုံးချင်းစီဖြုတ်နေမိသည်။အား ငါဘာလုပ်နေတာလဲ...စိတ်လျှော့စိတ်လျှော့ဂျောင်ကု..မင်းကယောကျာ်းကောင်းအဖြောင့်မဟုတ်ရင်..သမာဓိရှိတယ်..အဟမ်း...ကြည့်ချင်လာရတာလဲ..မကြည့်ချင်နဲ့..ကြည့်မှရမှာပေါ့..မကြည့်ရင်ဘယ်လိုလုပ်ရေဘတ်တိုက်မလဲ..
ဂျောင်ကုတစ်ယောက်တည်းစိတ်ထဲမှာတိုက်ပွဲဆင်နွှဲနေသည်။
နောက်ဆုံးတော့ လည်းအားတင်းကာကြည့်ပြီးအကျႌချွတ်ပေးလိုက်သည်။သူ့တုန်းကငါ့ကိုချွတ်ပေးတော့..လွယ်လွယ်ငါ့ကျမှဘာလိူ့လက်တုန်နေတာလဲ..
ပေါ်လာသည့် ဖြူဖြူဖွေးဖွေး ရင်ဘတ်နှင့်Six packမရှိပေမယ့် လှပတဲ့ခန္ဓာကိုယ်အချိုးအစားက ငေးချင်စရာ။
ထွက်စမ်း..ညစ်ပတ်တဲ့အတွေးတွေထွက်စမ်း..ဂျန်ဂျောင်ကုမင်းကယောကျာ်းကောင်းတစ်ယောက်..
ရေစိုကိုကိုကိုင်ကာ အရင်ဆုံးလက်ကိုအရင်ရေဘတ်တိုက်ပြီး ခန္ဓာကိုယ် ကို..တိုက်ရသည်။
နေဦး ပြီးတော့ဘောင်းဘီကိုရော ချွတ်ရမှာလားအမေရေ သားသေချင်လာပြီ။ဘာလို့ကောင်လေးတစ်ယောက်ကိုရေဘတ်တိုက်ပေးရတာ အဲ့လောက်တောင်ခက်ရတာလဲ။ယွန်းဂီဟျောင်း အကျႌမဝတ်ထားတုန်းကတော့ဘာမှမခံစားရဘဲ..သူ့ကြမှ..လက်တုန်နေရတာလဲ။
အားးးးးးး.. ~~~~~~
နောက်ဆုံးတော့လည်း တစ်ကိုယ်လုံးရေဘတ်တိုက်ပေးကာအကျႌလဲပေးပြီးခဲ့ပြီ။ဂျောင်ကုမှာတစ်ကိုယ်လုံး ချွေးတွေရွှဲလို့..
စာမေးပွဲမှာစာမရရင်တောင်..အဲ့လောက်ဖြစ်မယ်မထင်ဘူး..shit*ပတ်ဂျီမင်..ပတ်ဂျီမင် မင်းဒုက္ခပေးတာငါပြန်အိပ်လို့မရတော့ဘူး..
"ဂျီမင်..ထဦး..ဆေးသောက်ရအောင်"
"ဟင့်အင်း..ချမ်းတယ်"
"အင်း..ဆေးအရင်သောင်လိုက်ပြီးရင်အချမ်းသက်သာသွားလိမ့်မယ်.."
ဂျီမင်ကိုထူပေးကာ ဆေးတိုက်ပြီးစောင်ပြန်ခြုံပေးထားလိုက်သည်။သူ့အိပ်ယာပေါ်ပြန်တက်လာချိန်သူ့ဘက်တိုးကာ ခါးကိုလာဖက်ဂျီမင်ကြောင့်ရုန်းရန်ပြင်လိုက်သော်လည်း ချမ်းတယ်ဟုပြောကာ ပိုတိူးလာတာကြောင့်ရင်ခွင်ထဲထည့်ကာ ပြန်ဖက်လိုက်သည် ။ဒီတစ်ကြိမ်ပဲ ငါ့ကိုဖက်ပြီးအိပ်တော့..မင်းမှာကရည်းသားရှိတယ်..မသင့်တော်ဘူး...
~~~~~~~~~~~~~~~~~~~~~~~
"မင်းခြေထောက်လဲသက်သာနေပြီ..အိမ်ပြန်ဖို့စိတ်ကူးမရှိဘူးလား"
"ဟင့်အင်း.."
ဟာ..လက်ပေါက်ကပ်လိုက်တဲ့ကောင်လေးဘယ်လိုဖြစ်လို့..ပက်ကျိလိုငါ့အိမ်ပေါ်မှာကပ်နေရတာလဲ..ခြေထောက်လည်း လျှောက်လို့အဆင်ပြေလောက်ပြီဟာကို..မင်းဘယ်ထိငါ့အိမ်မှာကပ်နေမှာလဲ..ပတ်ဂျီမင်ရေ
"မင်း..အိမ်သေချာစောင့်..ငါသူငယ်ချင်းမွေးနေ့ရှိလို့သွားမလို့ နောက်ကျမှာ"
"ဘယ်အချိန်လောက် ပြန်လာမှာလဲ"
"၁၁ ၊၁၂လောက်"
"အင်း..အင်း..သွားမြန်မြန်"
"မင်းလျှောက်သွားမနေနဲ့ဦး..ခြေထောက်ကအခုမှထောက်လို့ရတာ..နားလည်လား"
"အင်းပါ..သိတယ်"
ဂျောင်ကုသွားပြီးနောက်ပိုင်း ဂျီမင်က စားလိုက်တီဗီကြည့်လိုက်ဖြင့် ဆိုဖာ​ပေါ်မှာတင်အိပ်ပျော်သွားသည်။ည၁၁နာရီလောက်ကြတော့ တစ်ရေးနိုးလာပြီးရေထသောက်တော့..ဖိနပ်စင်မှာဖိနပ်မတွေ့တာမို့..ဂျန်ဂျောင်ကုပြန်မရောက်သေးမှန်းသိလိုက်သည်။
"ဂျီမင်...ပတ်ဂျီမင် ရေ...ဂျီမင်လေးရေ.."
တံခါးကိုတဒုန်းဒုန်းနဲ့လာခေါက်ကာသူ့နာမည်အား အာလေးလျှာလေးဖြင့်ခေါ်နေတာကြောင့်ဂျန်ဂျောင်ကု မူးပြီးအိမ်ပြန်လာပြီမှန်းအတပ်သိနေသည်။
"လာပြီ...အကျယ်ကြီး အော်မနေနဲ့"
တံခါးဖွင့်ဖွင့်လိုက်ချင်းကိုယ်ပေါ်သို့ကိုင်းကျလာတဲ့..ကို်ယ်ကြီးကြောင့် ဂျီမင်ကထိန်းလိုက်သည်။
"ခင်ဗျား ဘယ်လောက်တောက်သောက်လာတာလဲ"
"နည်းနည်းလေး..အေ့...ပိစိလေး...သောက်တာ"
"အသိတရားဝင်ဦးဂျန်ဂျောင်ကု...ခင်ဗျား ကိုယ်ကြီးကအလေးကြီးပဲ..ကျွန်တော်မသယ်နိုင်ဘူး"
"ငါကျတော့မင်းကိုချီရတယ်..မင်းလဲငါ့ကိုပြန်ချီအေ့"
အမလေးဟယ့်..လေးလိုက်တာ..ခင်ဗျားကိုယ်ကြီးကိုဘယ်လိုလုပ်တွဲမလဲ..ခင်ဗျား ကျွန်တော့်ကိုချီတာကဟုတ်တယ်လေ..ကျွန်တော်ကပေါ့တယ်..ကျွန်တော့်ထက်အရပ်ခေါင်းတစ်လုံးစာမြှင့်တဲ့ခင်ဗျားကို ကျွန်တော်ကဘယ်လိုလုပ်ပြန်ချီမလဲ..
"အော်..နေနေ..မင်းကခြေထောက်ကျိုးနေတာမလား..ငါချီမယ်"
အရက်မူးပြီး ပြောချင်ရာပြေကာ ဂျီမင်အားချက်ချင်းပွေ့ချီလိုက်တဲ့ဂျောင်ကု။
"ခင်ဗျား ဘာလို့ချီတာလဲ..အောက်ချပေး"
မူးမူးနဲ့ ဂျီမင်ကိုအိမ်ပေါ်ထိ ချီသွားပြီး..ကုတင်ပေါ်သို့ပစ်တင်လိုက်သည်။ဂျီမင်ပေါ်သို့ထပ်အုပ်မိုးလိုက်တာကြောင့်..ဂျီမင်လန့်သွားသည်။
"ဘာ..ဘာလုပ်မလို့လဲ.."
"ဘာလုပ်မယ်လို့ထင်လဲ..မင်းနားကစတော်ဘယ်ရီသီးအနံ့ရတယ်..မင်းစတော်ဘယ်ရီစားထားတာလား"
"အ...အင်း.."
"ငါ့ကိုမကျွေးချင်ဘူးလား..''
နှုတ်ခမ်းကို လက်မဖြင့်ပွတ်ဆွဲလိုက်တာကြောင့်ကြက်သီးတွေ တဖြန်းဖြန်းထသွားရသည်။ဒီလူကြီး ဘာတွေလာလုပ်နေတာလဲ..ရင်ဘတ်ထဲမှာလည်း ဝုန်းဒိုင်းကြဲနေပြီ..
"အောက်ကပန်းကန်ထဲမှာ..ရှိတယ်..သွားယူ​ပေးမယ်​လေ"
ရယ်ကြဲကြဲဖြင့်..သူ့စက်ကွင်းကလွတ်အောင်ထယူမယ်ဆိုပြီး ထကာမှ ပြန်ဆွဲချကာပါးနှစ်ဖက်ဆွဲယူခံလိုက်ရပြီး..ကျွန်တော့်နှုတ်ခမ်းသားကိုသူ့နှုတ်ခမ်းသားတို့ကထိကပ်လာသည်။
There are no comments yet. Log in to be the first to leave a review!
More by chann91
Similar stories