Fanfics

10 [Happy Ending]

18:59, 14 November 2024

"ငါ့ကို ဘာလို့ ဒါတွေလာပြောပြနေရတာလဲ Kim Mingyu"

"တောင်းပန်ပါတယ် ကျွန်တော်...ကျွန်တော် တကယ် တောင်းပန်ပါတယ်"

ချစ်ရသူ၏ လက်လေးကို တင်းနေအောင် ပြန် ဆုပ်ကိုင်လိုက်ရင်း တောင်းပန်စကားကိုသာ တဖွဖွ ပြောနေမိသည်။

"ဒီအချိန်မှ ဒါတွေလာပြောပြနေလဲ အပိုပဲ Mingyu ငါဘယ်လောက်တောင် နာကျင်ခံစားခဲ့ရလဲ မင်းသိလား"

.ဝမ်းနည်းမှုကို မျိုသိပ်ကာ ရင့်မာလှသော စကားလုံးများ ပြောထွက်လို့လာသည်။ ဒါဟာလည်း မကျက်သေးသော နှလုံးသားဒဏ်ရာကြောင့် ဖြစ်မည်။

"ကျွန်တော် သိပါတယ် နာကျင်ခဲ့ရမယ်ဆိုတာ ဒါပေမယ့်လေ ကျွန်တော့် အတွက်လဲ လွယ်ကူမနေခဲ့ပါဘူး"

"..."

ဆုပ်ကိုင်ထားသော လက်ကလေးကို ဖြည်းဖြည်းချင်း လွှတ်ပေးလိုက်သည်။

နှစ်ဦးလုံး၏ မျက်ဝန်းများတွင် ဝမ်းနည်းမှု၊ ကြေကွဲမှုတို့ဖြင့် ပြည့်နှက်လို့နေသည်။

Mingyu ကျလာသော မျက်ရည်များကို ခပ်မြန်မြန် သုတ်လိုက်သည်။

ထို့နောက် ဟန်ဆောင်ကာ ပြုံးရင်း

"အဟင်း... ကျွန်တော် ပြောပြချင်တဲ့ စကားတွေလဲ ပြောပြပြီးပြီ ဆိုတော့ ကျွန်တော် ပြန်တော့မယ် Hyung ကျန်းမာရေး ဂရုစိုက်နော်"

တစ်ခွန်းမှ ပြန်မပြောတော့တာကြောင့် နှုတ်ဆက်ကာ လှည့်ပြန်မည်လုပ်တော့

"Kim Mingyu!"

နောက်ကနေ အော်ခေါ်သံလေးကြောင့် လှည့်ကြည့်မိသည်။

"Mingyu... မင်း အတွက် ငါက အဲ့လောက်တောင် လွယ်ကူနေလား ဟမ်... အခုလည်း မင်းပြောချင်တာပြောပြီး ထားသွားပြန်ပြီ ငါ့... ငါ့ကို ထပ်ပြီးစွန့်ပစ်သွားပြန်ပြီ ... ငါက မင်း အတွက် မလိုရင် စွန့်ပစ်မယ့် အမှိုက်သာသာပဲလား... ဟင့်"

ရှိုက်ကြီးတငင် ငိုကြွေးလို့နေသော ချစ်ရသူနား အပြေးလေးသွားကာ

"မဟုတ်ပါဘူး hyung ရယ်... မငိုပါနဲ့တော့ တောင်းပန်ပါတယ် ကျွန်တော့်... ကျွန်တော့် ရင်တွေလည်း ကွဲလှပြီ"

ဟု ဆိုကာ မျက်ရည်လေးများကို လက်ဖမိုးဖြင့် ခပ်ဖွဖွသုတ်ပေးသည်။

မထိန်းထားနိုင်တော့တဲ့ အဆုံး ချစ်ရသူလေးကို တင်းနေအောင် ပွေ့ဖက်လိုက်ပြီး သူကိုယ်တိုင်ပင် ငိုမိသည်။

ခဏလောက်နေတော့

ပွေ့ဖက်ထားရာကနေ Wonwoo ခွာစေကာ

"ငါ မင်းကို နောက်ဆုံး အကြိမ် အခွင့်ရေးပေးမယ် Mingyu ဒုတိယတခါ ပေးခဲ့တဲ့ အခွင့်ရေးလိုမျိုးတော့ လက်လွတ်စပယ် မလုပ်နဲ့ ဒါဟာ နောက်ဆုံးပဲ"

"Hyung.!! တကယ်ပြောတာလား"

ထိုကောင်လေးမှာ မျက်လုံးလေးများ ဝင်းလက်လာပြီး ဝမ်းသာစွာဆိုတော့

"အင်း"

"ကျေးဇူးတင်ပါတယ် မောင်...မောင်လေ ဒီတခါ Won ကို စိတ်မပျက်စေရပါဘူး"

Wonwoo မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ပြီး နှာခေါင်းရှုံ့ကာ

"ဒီမယ်...နောက်ဆုံး အကြိမ် အခွင့်အရေးပေးမယ်လို့ပဲပြောတာ ပြန်လက်ခံတယ်လို့မပြောဘူး"

"ဗျာ..."

."ငါ့ကို အစကနေ ပြန်ပိုးပန်းကြည့်"

လက်နှစ်ဖက်ကို ပိုက်ကာ နှုတ်ခမ်းလေး ဆူကာ ပြောလာသော ချစ်ရသူလေးမှာ ချစ်စရာအတိ။

"ရတယ်ဗျာ... ကျွန်တော် အစကနေ ပြန်လိုက်မယ်"

ဆိုကာ ပြုံးပျော်၍ ပြောလာသော ကောင်လေး၏ မျက်ဝန်းတို့သည်လည်း ဝမ်းနည်းမှုကနေ အချစ်တို့ ပြည့်လျှံကာ ယိုဖိတ်မတတ်သော မြတ်နိုးမှုများဖြင့်သာ ပြည့်နှက်၍ နူးညံ့လှသည့် မျက်ဝန်းတစ်စုံ အဖြစ်သို့ ပြောင်းလဲခဲ့သည်။

လွယ်လွယ်နဲ့ လက်ခံလို့တော့ ဘယ်ဖြစ်မလဲ။ ကျွန်တော်ခံစားခဲ့ရတာတွေက သိပ်များလွန်းခဲ့တယ်။

သို့ပေသည့် အမှန်တရားကို သိရှိပြီး ဖြစ်တာကြောင့် တလွဲမာနတွေ မရှိထားချင်တော့ဘူး။ ထားခဲ့ရင် ကျွန်တော် သူနဲ့ တစ်ဘဝလုံး ဝေးသွားရလိမ့်မယ်။ ဖြစ်ပျက်ခဲ့သော အရာများကိုလည်း ကံကြမ္မာကြီးက ကျွန်တော့် ချစ်ခြင်း မေတ္တာ မှန်ကန်ရဲ့လားဆိုပြီး စမ်းသပ်ခဲ့တော့သည်ဟုသာ မှတ်ယူလိုက်ပါတော့သည်။

ကျွန်တော် မောင့်ကို ချစ်သည်။

.

"Wonwoo... ရော့ ... ငါ ရှေ့မှာ တွေ့လို့ ယူလာတာ"

နေကြာပန်းစည်းလေး တစ်ခုကို Jihoon ယူလာကာ ပေးသည်။

အလုပ်တွေ ပိနေရာက ရှစ်ခေါက်ချိုး ဖြစ်နေသည့် မျက်နှာဟာ ချက်ချင်းကို ပြောင်းသွားပြီး Jihoon ဆီက ပန်းစည်းလေးကို ခပ်မြန်မြန်ယူလိုက်သည်။

သူသိတာပေါ့... ဒါ ဘယ်သူ့ဆီကလည်းဆိုတာ

ပန်းစည်းလေးတွင် ကဒ်လေးတစ်ခုက ပါသေးသည်။

ဖတ်ကြည့်တော့

"ဒီနေ့အတွက်လည်း အားတင်းထားပါအချစ်ရေ...အလုပ်တွေရှုပ်နေရင်တောင် နေ့လည်စာစားဖို့ မမေ့နဲ့နော် ချစ်တယ်❤️"

.ကြည့်ပါအုံး... အချစ်ရေတဲ့ခုမှပိုးပန်းတုန်းရှိသေးတဲ့ သူကများ လူကို ပိုင်စိုးပိုင်းနင်းနဲ့။

သို့သော် သဘောကျသည်။

ဖတ်ပြီး မျက်နှာမှာ ရပ်တန့်၍ မရနိုင်အောင်ကိုပြုံးတော့သည်။

Jihoon နှင့် Seungkwan တို့မှာတော့ ထူးဆန်းလှသည့် မြင်ကွင်းကြောင့် ဘာဖြစ်သွားတာလည်းဆိုတဲ့ အကြည့်တွေနဲ့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ မေးငေါ့ပြကြသည်။

စပ်စုချင်လှသည့် Seungkwan က

"Hyung အဲ့တာ ဘယ်ကရတာလဲ"

"ဟင်... အဟမ်း ဘာမှမဟုတ်ပါဘူး ဒီတိုင်းပဲ ပန်းစည်းပါ"

"ပန်းစည်းတွေရောက်ရောက်နေတာ နှစ်ပတ် လောက်ရှိပြီ ဘယ်သူကပေးတာလဲ"

"ဘယ်သူမှ မဟုတ်ပါဘူး"

"ရည်းစားတွေများ ရနေတာလား အင်"

.ပြောင်စပ်စပ်လုပ်ကာ ပြောနေသော Seungkwan ကို ထရိုက်ချင်လာသည်။

"မဟုတ်ပါဘူးဆို"

"အဲ့ဆို ခုနက အဲ့ကဒ်ကို ဖတ်ပြီး ပြုံးနေတာကကြတော့ရော"

.Wonwoo ရှက်လာတာနဲ့

"ဟာ... ဒီတိုင်းပန်းစည်းပါဆိုနေမှ သွား... လုပ်စရာရှိတာ သွားလုပ်!"

သူ့ပုံစံဟာ အရမ်းကြီးများသိသာနေလား။

ဆူခံလိုက်ရသည့် Seungkwan ကတော့ သိတဲ့ အတိုင်း ဆောင့်အောင့်ရင်း ပါးစပ်ကလည်း ပွစိပွစိပြောကာ အခန်းထဲက ထွက်သွားတော့သည်။

ဒါကို မြင်တဲ့ အိတ်ထောင်ထဲ လက်ထည့်ကာ နံရံကို မှီကာ ရပ်နေတဲ့ Jihoon ဟာ သတိထားမိသည်။

Wonwoo ဘေးမှာ အသာလေး ကပ်ထိုင်လိုက်ပြီး

"Wonwoo... မင်း ရည်းစားရနေတာလား"

"အာ... ဘယ်ကသာ ပေါက်ပေါက်ရှာရှာ"

"ဟုတ်လို့လား"

"ဟုတ်ပါတယ် ... မင်းကလည်း"

ရယ်ကျဲကျဲနဲ့ ပြန်ဖြေသော Wonwoo ကို Jihoon တစ်ယောက် မယုံ

"မင်းကွာ... သူငယ်ချင်း အရင်းကြီးကို လိမ်ဖို့ကြိုးစားပြန်ပြီ"

"ဟင်... ငါ့ပုံစံက အရမ်းသိသာနေလို့လား"

"အေး... သိပ်ကိုသိသာတယ်"

"ခ်ခ်"

"ပြောနေရင်းနဲ့ကို တွေ့လား"

"အဟမ်း... ဟို... ချစ်သူတော့ မရှိသေးပါဘူး လာပြီး ပိုးပန်းနေတဲ့ သူရှိနေတာ"

"ဘယ်သူတဲ့လဲ"

"ဟို... ဟို..."

Jihoon ကို ပြန်ဖြေဖို့ရာ ဝေ့လည်ကြောင်ပတ် လုပ်နေတော့သည်။

"မင်းလည်း အဲ့လူကို သိပြီးသားဖြစ်မှာပါ"

"ဘယ်သူမို့လို့လဲ"

."Kim Mingyu"

"ဘာ!!!"

***

ဒီနေ့ အလုပ်စောပြီးတာကြောင့် Wonwoo တစ်ယောက် အိမ်သို့ မြန်မြန် ပြန်လာခဲ့သည်။ အိမ်မှာလည်း ဟိုကောင်လေး ဘာတွေ ပြင်ဆင်ထားမလဲ ဆိုပြီး သိချင်စိတ်တွေ ပြင်းပြလို့နေသည်။

ဒီနေ့နဲ့ဆို Mingyu သူ့ကို ပိုးပန်းနေတာ သုံးလခန့် ရှိပြီဖြစ်သည်။ ထိုကောင်လေးဟာ သိပ်ကိုလည်လွန်းသည်။ လူကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာကိုလည်း သိတဲ့ပုံပင်။ တခါတခါ ညို့ယူပုံများဆိုရင် နှလုံးသားပင် အရည်ပျော်ကျမတတ်။ အေးပေါ့လေ အရွယ်ကလည်း ကျောင်းသားအရွယ် မဟုတ်တော့ဘူးဆိုတော့ တော်တော် စကားလည်းတတ် အချုပ်လည်းတတ်လို့လာပုံရပါတယ်။

အိမ်အဝင်ဝတွင် စိမ်းစိုကာ ပွင့်လန်းနေသော နှင်းဆီပင်များကို တွေ့သည်။

အိမ်တံခါးကို ဖွင့်လိုက်သည့် အခါမှာတော့

စတော်ဘယ်ရီနံ့ သင်းသင်းလေးနဲ့ ပေါင်မုန့်ကင်နံ့ကိုရသည်။

အိတ်ကိုပင် မချ မီးဖိုထဲသို့ အလျင်အမြန်ပြေးဝင်လို့လာသည်။

ထင်ထားသည့် အတိုင်းပင်

ဝင်ဝင်ချင်း တွေ့လိုက်ရသည့် မြင်ကွင်းလေးကြောင့် စိတ်တို့ကို ပိုပြီး ပျော်ရွှင်စေ၏။

"အချစ် ပြန်လာပြီလား ထိုင်လေ ကိုယ် ပေါင်မုန့်ကင် လုပ်ပေးထားတယ်"

"အောင်မာ... ဘာအချစ်လဲ ခုထိ မင်းကိုငါ လက်မခံရသေးပါဘူးနော် ပြီးတော့လဲ သူများအိမ်ထဲခိုးဝင်ထားသေးတယ်"

"ဒီကဖြင့် မုန့်လုပ်ကျွေးချင်လွန်းလို့ အလုပ်ကအပြန် ဈေးဝယ်ပြီး ချက်ချင်းတန်းလာခဲ့တာကို ခုလိုပြောတော့ နှလုံးသားလေးနာကျင်သွားပြီ"

မျက်နှာငယ်လေးနဲ့ ပြောလာတဲ့ ပုံစံလေးကြည့်ကာ Wonwoo ရီမိတော့သည်။

"ဟားဟား... အရူးကောင်" ဟုဆိုကာ ဘေးနားက ပန်းကန်ထဲမှ ယိုသုတ်ထားသော ပေါင်မုန့်ကင်တစ်ချက်ယူကာ တစ်ကိုက် ကိုက်လိုက်သည်။

"ဟုတ်တယ် ကိုကို့ကြောင့် ရူးနေပြီရယ် ဘယ်တော့ အဖြေပြန်ပေးမှာလဲ"

ကိုကို ဟုခေါ်လိုက်သည်ကြောင့် စားနေသော ပေါင်မုန့်ကင်တောင် သီးတော့မလို

"အဟွတ်..အဟွတ် ...ဘာ ကိုကို??"

"အထူးဆန်းလေး ဖြစ်အောင် ခေါ်ကြည့်တာ"

အင်းပါ ဆိုပြီး ခေါင်းငြိမ့်ပြတော့ ထိုလူသားက မုန့်လုပ်ကျွေးရတဲ့ အနေနဲ့ ဒီနေ့ ဒီမှာ ညစာစားပြီးမှ ပြန်မှာနော်တဲ့လေ။

တွေ့လား ... လူလည်အကြီးစားဖြစ်နေပါပြီဆို။

.

ဒီနေ့ နားရက်ဖြစ်တာကြောင့် နှစ်ယောက်တူတူ ပန်းခြံထဲ လမ်းလျှောက်ထွက်လာကြသည်။

"ဒီနေ့ ရာသီဥတု သာယာတယ်နော်"

"အင်း... ဟုတ်တယ်နော်"

"အဲ့ဆို အဖြေပြန်ပေးတော့"

"ဟွန့်... ဘာမှလဲ မဆိုင်ဘူး"

ထိုသို့ ပြန်ပြောပေမယ့် ထိုကောင်လေးက အတည်ပေါက်နဲ့ ရပ်လိုက်ပြီး သူ့လက်ကလေးကို ယူကာ ဘယ်ဘက် ရင်ဘတ်ပေါ်ကို တင်စေသည်။

ထို့နောက်

"မောင့် အချစ်တွေ ပြန်လက်ခံပေးပါတော့ Won မောင်လေ ဒီတခါ ဘယ်တော့မှ Wonကို လက်မလွှတ်တော့ဘူး မောင် အရင်က သူရဲဘောကြောင်ခဲ့မိတယ် ဒါကြောင့်လဲ မောင်တို့ နှစ်ယောက်လုံးကို နာကျင်စေခဲ့တာပေါ့ မောင်တောင်းပန်ပါတယ်"

"မဟုတ်ပါဘူး ပြီးတာတွေက ပြီးခဲ့ပြီပဲ"

"မောင့်ကို ပြန်လက်ခံပေးမယ်မလား ဟင်"

"ဟို... အွန်း"

"ပြန်ပြောပါအုံး မကြားလိုက်လို့"

"အင်းလို့"

"ဘာကို အင်း တာလဲ??"

"ပြန်လက်ခံမယ်လို့!"

.

"ခ်ခ်... ချစ်ဖို့ကောင်းတာကွာ"

ဟုဆိုကာ နှုတ်ခမ်းလေးကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။

"လွမ်းနေခဲ့တာ"

"မောင်ရောပဲ"

နွေးထွေးလှတဲ့ ရင်ခွင်ကျယ်ကို အတင်းတိုးဖက်ထားလိုက်ရင်း

"ချစ်တယ် မောင်"

"မောင် လည်း ချစ်တယ် မောင့်ကို ထပ်ယုံကြည် ပေးတဲ့ အတွက်လည်း မောင် တကယ် ကျေးဇူးတင်ပါတယ်"

"Wonဆီကို ပြန်လာပေးခဲ့တဲ့ မောင့်ကိုလည်း Won ကျေးဇူးတင်ပါတယ်"

နှုတ်ခမ်းသားနှစ်စုံကို ထပ်တူကြစေကာ နွေးထွေးမှု ၊ မြတ်နိုးမှု ၊ ကျေနပ်မှု ၊ ပျော်ရွှင်ကြည်နူးမှုတို့ ခံစားလျက်

လက်သန်းလေးထောင်ပြတော့

"ဟင်... ဘာလို့လဲ Won"

"ကတိပေးပါ မောင် Wonကို ဘယ်တော့မှ ထားမသွားဘူးလို့"

"Won... မောင်ကတိပေးပါတယ် ဘယ်တော့မှထားမသွားဘူး"

လက်သန်းလေးနှစ်ခု ချိတ်ကာ ကတိသစ္စာတည်ကြသည် ဆိုပေမယ့် ရင်ထဲက နှလုံးသား အစုံဖြင့်ပါ ထိုကတိသစ္စာကို တည်မြဲစေခဲ့တော့သည်။

____________________

*The End*

ပုံပြင်လေးကတော့ လှပစွာ ဇာတ်သိမ်းခဲ့ပေသည့် ဖြစ်ရပ်မှန် တစ်ခုတွင်တော့ ...

ကောင်လေး တစ်ယောက်က ယခုထိသူရဲဘောကြောင်စွာ ရှောင်ဖယ်လို့နေသလို ကောင်မလေးတစ်ယောက်ကလည်း မာနဆိုတဲ့ အရာကို ရှေ့တန်းထားကာ ဝေးခဲ့ကြလေတော့သည်။

အချစ်ဆိုသည့် အရာဟာ ထိုက်တန်သည့် သူများအတွက် ချိုချင်ချိုမည်။

မထိုက်တန်သည့် သူအတွက်ကတော့ လွန်စွာမှ ခါးသီး၍ နာကြည်းဖွယ်ကောင်းသည်။

မာနရှေ့တန်းထားကာ မပြောဖြစ်ခဲ့သော စကားလုံးကို ပြောချင်ပါရဲ့

ဘယ်လိုနေ့ရက်တိုင်းမှာ မဆို မင်းကို စောင့်မျှော်နေတဲ့ ငါက ရှိနေဆဲပါလို့။

မင်း ပစ်ထားခဲ့တဲ့ အတိတ်ဒဏ်ရာ လှလှလေးတွေကို ထွေးပွေ့ရင်း ရှင်သန်နေပါတယ်။

ကံကြမ္မာကသာ ထပ်ပြီး အခွင့်အရေးပေးခဲ့မယ်ဆိုရင်တောင် အချစ်ရေ ကိုယ် မင်းနဲ့ တွေ့ဆုံဖို့ ထပ်ကြိုးစားမိအုံးမယ်။

အခုတော့ ပျော်ရွှင်ပါစေဟူသော ဆုတောင်းရုံလေးသာ ကိုယ့်မှာ တတ်နိုင်တော့သည်။

LEFTOVER -

စာဖတ်သူတစ်ဦးချင်းစီကို ကျေးဇူးတင်လျက်💌

-Verki

There are no comments yet. Log in to be the first to leave a review!

Similar stories