9
18:02, 1 September 2024"မောင် မျက်နှာလည်းမကောင်းပါလား ဘာဖြစ်နေတာလဲ ဟင်"
ရောက်ကတည်း မောင် ဟာ သက်ပြင်းတချချဖြင့် ဘေးနားက မြင်ရတဲ့သူအဖို့တောင် ထပ်တူထပ်မျှ ခံစားမိပြီး သနားစေမိသည်။
"အင်း... ဘာမှမဟုတ်ပါဘူး"
"Wonကို မလိမ်ပါနဲ့ မောင်ရယ် မောင် တစ်ခုခုဖြစ်နေတာမလား စိတ်ညစ်စရာရှိလို့လား"
သက်ပြင်းချလိုက်ကာ
"ဟင်း... မောင့် မာမီနဲ့ပါ"
"စကားများကြပြန်ပြီလား"
"အင်း"
မောင့် မာမီက ဘယ်လောက်တောင် ချုပ်ချယ်ပြီး စည်းကမ်းတင်းကျပ်တဲ့ သူလည်းဆိုတာ Wonwoo အသိဆုံးဖြစ်ပါသည်။ မောင် ပြောပြနေကြပင်။ မောင်က လိမ္မာသည်။ အပြင်မှာ ခပ်ဆိုးဆိုးပုံစံလေး ဆိုပေသည့် တကယ့်ကို လူကြီးလေးလို ရင့်ကျက်သော သူတစ်ယောက်ဖြစ်သည်။ တစ်နှစ်လောက် ငယ်ပေသည့် အတွေးအခေါ်များမှာ ကျွန်တော့်ထက်တောင် ပို၍ ရင့်ကျက်လို့နေတတ်သေးသည်။
တစ်ခါတစ်လေ ဂျစ်ကန်ကန်ပုံစံလေးများကြောင့်လည်း ကျွန်တော် အချစ်ပိုရပြန်သည်။ မောင်က ချွဲသည့်နေရာမှာလည်း ထူးချွန်သည့်သူတစ်ဦး ဖြစ်သည်။ လူကောင်ကသာကြီးနေတာ လူကို လာချွဲပြီဆို အရည်ပျော်ကျမတတ်ပင်။
ရင့်ကျက်လှသည့် ကောင်လေးမှာ သူ့မာမီနဲ့ ကတောက်ကဆဖြစ်ပြီးသည့် အချိန်တိုင်းတွင် အတွေးလွန်နေတတ်ပါသေးသည်။ မောင် က အမေချစ် သားလေးဖြစ်သည်။ အခုလည်း သူ့မာမီနဲ့ ဘာတွေ စကားများလာပြန်သလဲ မသိ။ နွမ်းလျလို့နေသော မျက်နှာလေးကို တွေ့ရသည်မှာ ကျွန်တော် စိတ်မချမ်းသာ။
"မောင် ကလည်း မိဘနဲ့ သားသမီးဆိုတာ ဒီလိုပါပဲ ဘာမှ စိတ်ထဲထားမနေပါနဲ့ အန်တီကလည်း မောင့်ကို ကောင်းစေချင်လို့ပါ"
"မောင် သိပါတယ် Won ဒါပေမဲ့လေ မာမီက သိပ်အတ္တကြီးလွန်းတယ် မောင့်ကို အရုပ်တစ်ရုပ်လို ခြယ်လှယ်ချင်နေတာ"
"လူကြီးကို အဲ့လိုမပြောရဘူးလေ မောင်ရဲ့"
"ဟုတ်တယ် Wonရဲ့"
"ဘာ့ကြောင့် စကားများခဲ့ကြတာလည်းတော့ မသိပေမယ့် ဘယ်မိဘမဆို ကိုယ့်သားသမီး ကောင်းစေချင်လို့ ပြောကြတဲ့သူချည်းပဲလေ မောင်ကပဲ အလျော့ပေးလိုက်ပါ... နော်"
"အင်း... ဟော့ဒီက ကိုကိုဆုံးမတာကို နာခံပါ့မယ်ဗျ"
"မောင်နော် ... ဒီက အကောင်းပြောနေတာကို"
"ဟုတ်ပါပြီဗျာ... လာပါအုံး မောင့်ဆီကို"
ရင်ခွင်ကျယ်ကြီးထဲကို တိုးဝင်လိုက်သည်။
နွေးထွေးမှုကို ခံစားကာ ရှုပ်ထွေးနေသော စိတ်များပင် ကြည်လင်သွားသည်အထိ ချစ်ရသူနှင့် ထိတွေ့မှုလေးသည် တန်ဖိုးကြီးလှ၏။
"ချစ်တယ် Won"
မှီထားသော ခေါင်းလုံးလုံးလေးကို ဖွဖွလေးနမ်းရင်း ချစ်စကားဆိုမိသည်။
"Won လည်း မောင့်ကို ချစ်ပါတယ်"
.
"မာမီ! မာမီ...!"
"ဟဲ့ ... အလောတကြီးနဲ့ ဘာဖြစ်လာတာလဲ"
ဧည့်ခန်းထဲမှာ မိန့်မိန့်ကြီး စာထိုင်ဖတ်လို့နေတဲ့ မာမီက ပြန်ပြောသည်။
မာမီ့ရှေ့ကို သွားဖို့ လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း အံကိုကြိတ်ကာ
"ဘာလို့ အဲ့လိုလုပ်ရတာလဲ"
"ဘာကိုလဲ"
"စကောလားရှစ် ဖျတ်သိမ်းတဲ့ကိစ္စ!"
"အော် ... အဲ့တာလား"
"ဘာလို့ ဖျတ်သိမ်းလိုက်ရတာလဲ"
"အင်း ... အဲ့ကိစ္စ ငါ့ပါးစပ်က ထုတ်ပြောမှ မင်း နားလည်မှာလား"
"ဘာလို့အဲ့လိုလုပ်ရတာလဲ ဗျာ သူတကယ်ကြိုးစားထားတာဗျ"
"အဲ့တာတွေ ငါမသိချင်ဘူး Kim Mingyu မင်းကို ငါ သူနဲ့ ခပ်ဝေးဝေးနေဖို့ပြောခဲ့သားပဲ"
"ဟ ... အဲ့တာ ကျွန်တော့်ချစ်သူလို့"
"တွေ့လား မင်းက အဲ့ကောင်လေးနဲ့ ပတ်သက်ရင်ကို ဆတ်ဆတ်ထိမခံဖြစ်နေတာ"
"စကောလားရှစ် ပြန်ထောက်ပံ့ပေးလိုက်ပါ"
"မပေးနိုင်ဘူး"
သွေးအေးစွာ ပြောလာသော မာမီ့ကို စိတ်ပျက်မိသည်။
"မာမီ!"
"မင်း အဲ့ကောင်လေးနဲ့ ပတ်သက်ပြီးကတည်းက ငါ့အပေါ်မှာ အခုလိုတွေကလန်ကဆန်တွေ ပြန်လုပ်နေတာ ငါမကြိုက်ဘူး"
"ဟာ... မာမီကတော့ ဗျာ"
"ဒီမယ် Mingyu ဒါ မာမီ မင်းကို နောက်ဆုံး သတိပေးခြင်းပဲ မင်း အဲ့ကောင်လေးကို အဆက်အသွယ် ဖြတ်ရင်ဖြတ် မဟုတ်ရင် အဲ့ကောင်လေးရဲ့ ဘဝရှေ့လမ်းတွေ ရှေ့ဆက်တိုး မရအောင် ငါလုပ်ပလိုက်နိုင်တယ် နားလည်လား"
"....."
"လူဆိုတာ ကိုယ်နဲ့ တန်ရာတန်ရာ နေတတ်ရတယ်။ မင်း အဆင့်ကို မင်းသိစမ်း ! မာမီ မင်းအပေါ်မှာ မျှော်လင့်ထားတဲ့ အရာတွေ အများကြီးပဲ ဒါတွေကို မင်းက အချစ်ဆိုတဲ့ ဘာမဟုတ်တဲ့ အရာအတွက် မျက်ကန်း တစ္ဆေ လို လုပ်မနေစမ်းနဲ့"
"ဒါပေမဲ့..."
"ဒါပေမဲ့ဆိုတဲ့ အကြောင်းပြချက်တွေ ငါမလိုချင်ဘူး ဖြတ်ဆိုဖြတ်လိုက် ငါက ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တာ မင်း အသိဆုံးပါ"
"သား တောင်းပန်ပါတယ် မာမီရယ် ဒီလိုတွေ မလုပ်ပါနဲ့"
"မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်"
ဒီလိုနဲ့ ချစ်ရသူ ကောင်းစားဖို့အရေး ဆုံးဖြတ်ချက် တစ်ခုကို ရင်နာနာနဲ့ ဆုံးဖြတ်ခဲ့ရသည်။
နိုင်ငံခြားသို့ ကျောင်းသွားတတ်ရန် စေလွှတ်ခြင်းခံခဲ့ရသည်။
အချိန်၄နှစ်ခန့် ကြာသွားခဲ့ပြီဖြစ်သည်။
ပြန်ရောက်တော့လည်း ဘယ်ကမှန်းမသိတဲ့ မိန်းကလေးတစ်ယောက်နဲ့ စေ့စပ်ပေးပြန်သည်။
မာမီ ဟာ သိပ်ကို အတ္တကြီးလွန်းသော သူတစ်ယောက်ဖြစ်သည်။
"လက်ထက်ပွဲကို ဖျတ်သိမ်းပေးပါ မာမီ"
"ဘာ!... ဘာပြောတယ် စေ့စပ်ပွဲကိုတောင် မင်းကိုယ်တိုင် လက်ခံခဲ့တာလေ"
"မာမီ စီစဥ်ခဲ့လို့ပါ"
"အဲ့တုန်းကတောင် လက်ခံခဲ့ပြီး ခုမှ ဘာထ ဖြစ်တာလဲ"
"ကျွန်တော် ထပ်ပြီး ဟန်မဆောင်နိုင်တော့ဘူး"
"ဘာကို ဟန်မဆောင်နိုင်တာလဲ"
"ကျွန်တော် ချစ်ရတဲ့သူဟာ ကျွန်တော့်ကြောင့် နာကျင်နေရတာကို သိရက်နဲ့ မသိကျိုးနွံပြုကာ မနေနိုင်တော့ဘူး မာမီ"
ကြေကွဲစွာ ထွက်ပေါ်လာ လာသော စကားတစ်လုံးစီကို မာမီ့မှာ ဖြေဆိုစရာ စကားလုံး ပျောက်ရှလို့နေပုံ ရသည်။
"ဒါပေမယ့်...."
"တော်ပါတော့ မာမီရယ်... ကျွန်တော် တကယ် ပင်ပန်းနေပြီ ချစ်ရသူရဲ့ မုန်းတီးမှုနှင့် ရွံရှာမှုကို ခံစားရတဲ့ ဟောဒီက ကျွန်တော့် ရင်ဘတ်ကြီး တစ်ခုလုံးလည်း စုတ်ပြတ်သတ်နေပြီ.... မာမီသိလား.... မာမီက သိပ်ကို တကိုယ်ကောင်းဆန်ပြီး အတ္တကြီးလွန်းတယ် ကျွန်တော့်အပေါ်မှာ တစ်စက်ကလေးတောင် စာနာ ထောက်ထားမယ်ဆိုတာ မရှိဘူး ဒါကြောင့်လည်း ဒယ်ဒီက မာမီကို ပစ်သွားခဲ့တာ!"
ဖြောင်း !
ပါးပေါ်က နာကျင်မှုဟာ ရှိန်းကနဲ။
"တိတ်စမ်း Kim Mingyu!! ငါ့ကို ဘယ်လို စကားတွေ လာပြောနေတာလဲ"
ခနဲ့စွာ ပြုံးလိုက်ပြီး နာကျင်သွားသော ပါးပြင်အား ခပ်ဖွဖွ ပွတ်ကာ
"ကျွန်တော်က အမှန်တရားကို ပြောပြနေတာ"
"Kim Mingyu !"
"ဒီနေ့က စပြီး ကျွန်တော် မာမီ့ရဲ့ အရုပ် မဟုတ်တော့ဘူး ဒါကိုမှ မကျေနပ်ရင်လည်း ကျွန်တော့်ကို သား အဖြစ်ကနေ စွန့်လွှတ်လိုက်"
"Kim Mingyu!!!!! အဲ့တာ ဘယ်သွားမလို့လဲ"
"ကျွန်တော့် ချစ်သူဆီ"
တစ်စက်မှတောင် ပြန်လှည့်မကြည့်မိပဲ ကားသော့ကို အမြန်ယူကာ လျင်မြန်စွာ ထွက်ခွာခဲ့တော့သည်။
ဒီတခါတော့ မောင် သတ္တိရှိရှိနဲ့ Won အတွက် အရာအားလုံး ရင်ဆိုင်သွားမယ်....
----------------
To be continued 💌
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



