3
17:42, 29 August 2025အရာရာမှာ ပြည့်စုံခြင်း မရှိတောင် ရောင့်ရဲတက်ရမယ်လို့ မေမေက သူမသေခင်ပြောခဲ့တုံးက ဘာလို့လဲ လူဆိုတာ ပြည့်စုံနေရမယ်လေ မေမေလောဘမရှိတာကလဲ ဗျာလို့ အမြဲပြန်ပြောခဲ့တာ။
တကယ်က ငွေကြေးဂုဏ်ဒြပ်တွေ ပြည့်စုံပေမယ့် စိတ်ချမ်းသာခြင်း၊ပျော်ရွှင်ခြင်း စတာတွေ မရှိတဲ့အခါ ဘဝဟာ နေပျော်စရာ မရှိမှန်း သူ ကြီးလာတာနဲ့အမျှ နားလည်လာရတယ်။
သူဟာ ငယ်ငယ်ထဲက ယောက်ျားလေးပေမယ့် သူမတူတဲ့ထူးခြားချက်ရှိနေလို့ အဖေဆိုသူက လက်မခံနိုင်၍ မားမားက ကွာရှင်းကာ သားမိနှစ်ယောက်ထဲ နယ်မြို့လေးမှာ နေခဲ့ကြသည်။မေမေက သူ့အတွက်အမြဲ အားကိုးရတဲ့ စံပြပုဂ္ဂိုလ်တစ်ယောက် မိန်းမသားပေမယ့် သန်မာတဲ့ အမျိုးသမီးပေါ့။
အိမ်ပေါ်ကနေ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဆင်းလာပေမယ့် သုံးနှစ်အတွင်း နယ်မြို့လေးမှာ ကုန်စုံဆိုင်အသေးလေးဖွင့်နိုင်ကာ သူမျက်နာမငယ်ရအောင် ကြိုးစားခဲ့သည်။ပျော်ရွှင်မှုတွေက ကြာကြာမခံခဲ့ပါ သူအထက်တန်းပြီးတော့ မေမေက သူ့ကိုထားခဲ့ကာ လောကကြီးထဲက ထွက်သွားခဲ့သည်။
နယ်မြို့က ကောလိပ်အသေးလေးမှာ မေဂျာမစုံလို့ ချင်းမိုင်ထိတတ်ကာ ကျောင်းတတ်ရင်း သူ့အပေါ်အမြဲနွေးထွေးပေးတဲ့ သူအချိန်ပိုင်းလုပ်တဲ့ ဆိုင်က သူဌေးဖြစ်သူ Archen နဲ့ ဆုံခဲ့သည်။
သူအပေါ်နွေးထွေးကြင်နာမှု အမြဲပေးတဲ့လူက သူ့ကိုချစ်တယ်ဟု ဆိုလာတဲ့အခါ သူ့မှာအံ့ဩရသည်။သူကရောချစ်လား အကယ်၍ အချစ်ဟာ အားကိုးခြင်း၊ယုံကြည်ခြင်း၊နွေးထွေးခြင်းတွေ ခံစားရခြင်းဆိုလျှင် သေချာတယ် သူဟာချစ်မိနေပြီ။
သူ့ရဲ့ ထူးခြားချက်ကို ပြောပြတဲ့ အခါမှာလဲ ကြည်ကြည်ဖြူဖြူ နဲ့ကို ဒါကချို့ယွင်းချက်မဟုတ် ဘုရားပေးတဲ့လက်ဆောင်လို့ လက်ခံကာ သူ့ကို သာမာန်မဟုတ်ဘူးဆိုတဲ့ ခံစားချက်မရစေခဲ့ပြန်ဘူး။သူ့ထပ် အသက်ကြီးပေမယ့် Phiလို့ တတ်မခေါ်တာကို သဘောတကျလက်ခံကာ သူ့ခံစားချက်ကို အမြဲ အလိုလိုက်ပေးတဲ့ လူက သူ့ကို လက်ထပ်ရအောင်ဟု ပြောလာတော့ သူ့မှာ လက်ခံရန်တုံ့ဆိုင်းမိပြန်သည်။
ဘာတွေကြောင့် တွေဝေတုံ့ဆိုင်းနေရလဲ သူမသိ။သူသိတာက ဒီလူနဲ့ သေတဖန်သက်တဆုံး သူတကယ်နေနိုင်ရဲ့လားဆိုတာပဲ ထပ်တလဲလဲ တွေးနေမိတယ်ဆိုတာပဲ။သူက ချစ်တယ်လို့ ယုံကြည်စွာလက်ခံထားပေမယ့် တကယ်တမ်းမှာ တွန့်ဆုတ်နေမိတဲ့အတွက် သူလက်ခံတဲ့အချစ်ဆိုတဲ့ အရာကို ပြန်ကာစမ်းစစ်မိပြန်သည်။
နောက်ဆုံး ဒီလူကလွဲ တခြားသူကို အားကိုးခြင်း၊ယုံကြည်ခြင်း၊နွေးထွေးခြင်းမခံစားရတဲ့အခါ သူဟာ ဒီလူကို ချစ်တယ်ဆိုတဲ့ စိတ်နဲ့ လက်ထပ်ပွဲကို လက်ခံလိုက်သည်။စတွေ့ဆုံထဲက သာမာန်အသိုင်းအဝိုင်းက မဟုတ်မှန်းသိသာတဲ့ လူဟာ တကယ် မိသားစုနဲ့ သူ့ကို တွေ့ပေးတော့လဲ သူ့မှာ မိသားစုအသိုင်းအဝိုင်းရဲ့ ကြီးကျယ်မှုတွေကို မြင်ပြီး အံ့ဩရသည်။
"မိသားစုပိုင် အမွေ" ဆိုတဲ့ ဆွဲကြိုးလေးပေးတဲ့ အခါမှာလဲ သူဟာလည်တိုင်ပေါ်တင်ဖို့ ကြောက်မိသည်။သူဟာ ထိုက်တန်ရဲ့လား ဒီလူနဲ့ လက်ထပ်ဖို့ လက်ခံတာမှန်ရဲ့လား ဆိုတဲ့ အတွေးတွေနဲ့ပေါ့။
______________
ခမ်းနားတဲ့ အိမ်ကြီးထဲဝင်လာတော့ ရည်မွန်တဲ့ အပြုံးနဲ့ အမျိုးသမီးကြီးက သူတို့ကို လာကြိုတယ်။စိတ်လှုပ်ရှားနေတဲ့ သူ့လက်တွေကို Archen က ဖွဖွလေးစုပ်ကိုင်ကာ အဆင်ပြေမှာပါဟု တိုးတိုးလေး ပြုံးကာပြောသည်။
သူ့စိတ်တွေကို ကြိုသိနေတတ်တာမို့ သူ့မှာပြုံးရသည်။ထမင်းစားခန်းထဲမှာ ထိုင်နေတဲ့ အမျိုးသမီးကတော့ သူ့ကို သဘောမကျမှန်း ဝင်လာထဲကသိသာသည်။ခေါင်းငုံ့ကာ ဖုန်းသုံးနေတဲ့ ကောင်လေးကတော့ သူ့တည်ရှိမှုကို စိတ်မဝင်စားပါ။
လက်ဆောင်ဆိုကာ ဘူးလေးကမ်းပေးတဲ့ အမျိုးသမီးကို Archen က ချေပပေးသောအခါ ချို့ယွင်းချက်နဲ့ နယ်စွန်နယ်ဖြားကကောင်ဟု ခေါ်လာပြန်သည်။ဒီအခေါ်အဝေါ်တွေနဲ့ သူဟာ ကျင့်သားရနေပြီးသား။
"Phu ဒါလေးစား" စားသောက်စရာတွေ သူ့ပန်းကန်ထဲပဲ ထည့်ပေးနေတာမို့ သူ့မှာ ငြင်းမရ ခေါင်းညှိတ်၍ စားရုံသာ တတ်နိုင်သည်။
ဖုန်းသုံးနေခဲ့တဲ့လူက ထမင်းစားချိန် တစ်ချိန်လုံး သူ့ကို စိုက်ကြည့်နေလို့ ပြန်ကြည့်မိတဲ့အခါ စူးရှတဲ့ ဒီလူ့ရဲ့ မျက်ဝန်းတွေကြောင့် သူဟာ ရင်တွေတုန်လာရသည်။
ထမင်းစားပြီးတဲ့အထိ အဆင်မပြတ်တုန်နေတဲ့ ဘယ်ဘက်ရင်အုံလေးကို လက်ဖြင့်ဖိကာ တွေးမိသည်က ရာသီဥတု ပူလွန်းတာ ရင်တွေတောင်တုန်တယ်ဆိုတာပဲ။
______________
ဘာလိုလိုနဲ့ စေစပ်ဖို့တောင် နှစ်ရက်ပဲလိုတော့တယ်။အစက သေချာနေခဲ့တဲ့ ချစ်ခြင်းဆိုတဲ့ အရာက ပွဲနီးလေ ဝေဝါးလေ ဖြစ်ရသည်။သူကိုယ်သူလဲ ဆုံးဖြတ်ချက်ဝေဝါးတတ်တဲ့ လူမို့ စိတ်ပျက်မိသည်။
"သား Phuwin အမေဒီနေ့ အမေ့မြေးလေး ကို ခေါ်ထားလို့ ညနေစာဟင်းချက်ပေးမလား"
"ရတာပေါ့ အမေရဲ့ သူ့အတွက်ဘာချက်ပေးရမလဲ"
"အမဲသားကို အာလူးလေးနဲ့ ချက်ပေး သူကြိုက်တယ်"
"ဟုတ်"
ဒီအိမ်မှာ သုံးလေးရက်နေရင်း သတိထားမိတာက Archen ရဲ့ အမေဟာ တအားအထီးကျန်နေတယ်ဆိုတာပဲ။ထိုင်းနိုင်ငံတစ်ခုလုံးမသိသူမရှိတဲ့ သူဌေးမကြီးဟာ အရမ်းအထီးကျန်နေမယ်ဆိုတာ ဘယ်သူသိမလဲ။
အင်း ဒီအိမ်မှာ သူမတွေ့ချင်တဲ့လူတစ်ယောက်ကတော့ အခုသူဟင်းချက်ပေးရယ့် Pond နောက်တစ်ယောက်ကတော့ Pond ရဲ့အမေပဲ။ဒီသားမိနှစ်ယောက်နဲ့ ပထမတွေ့ဆုံမှုပြီးထဲက သူ့မှာ ရင်တုန်ပန်းတုန် ဖြစ်ရကာ ခံစားချက် တစ်ခုခုကျန်နေသည်။အထူးသဖြင့် Pond ကိုကြည့်လိုက်တိုင်း အမည်မဖော်ပြတတ်တဲ့ ခံစားချက်ကြီးကျန်ခဲ့သည်။သူကတော့ ထိုခံစားချက်ကို မကြိုက်။
ဟင်းချက်ပြီးတဲ့နောက် Corgi လေးနဲ့ ဆော့ပေးကာ နေနေတုံး အနောက်ကနေအဖက်ခံလိုက်ရလို့ လှည့်ကြည့်တော့ Archen ။အရင်ကနဲ့ မတူ ဟုခံစားလာရသည်။
သူ့စိတ်ကပဲ ထင်တာလား Archen ကပဲ ပြောင်းလဲလာတာလား။ဒါမှမဟုတ် ပြောင်းလဲလာတာက သူလား။
TBC....
Joong povပေးရမလား။
There are no comments yet. Log in to be the first to leave a review!





