2
17:42, 29 August 2025ထိုနေ့တွေ့ဆုံမှုပြီးထဲက သူ့စိတ်ထဲမှာ ထိုကောင်လေးကို ထပ်မံ၍ တွေ့ချင်နေမိသည်။ဘာမှစဉ်းစားမရနိုင်လောက်အောင်ကို လွမ်းနေသည်။သူဘာလုပ်သင့်လဲ။မဖြစ်သင့်ဘူးမလား။
"Pond သား မင်းဦးလေးက သန်ဘက်ခါစေ့စပ်တော့မှာ အဲ့နေ့ အတွက် သားလာဖို့ မမေ့နဲ့နော် ပွဲလာတဲ့ ရှယ်ယာရှင် အချို့နဲ့ မိတ်ဆက်ပေးမယ်"
"မေမေ ဒီတိုင်း သားတို့ရသင့်တာပဲ ယူပြီး ဦးလေးကို သူရသင့်တာပေးရင်ရော"
"Pond Naravit ဘာလို့ပျော့ညံ့ရတာလဲ ဒါမင်းပိုင်ရမယ့်အရာတွေ မင်းအဖေလက်နဲ့ ကိုယ်တိုင် ပျိုးထောင်ခဲ့တဲ့ group ကြီးလေ"
"ဟုတ်"
"နေဦး မနက်ဖြန် Mint နဲ့ သွားတွေ့လိုက် ဆွေကြီးမျိုးကြီးကိုမှ ချမ်းသာတာလဲအရမ်း သားနဲ့ဆို နေနဲ့လရွှေနဲ့မြမို့ မေမေ့ကို စိတ်မပျက်စေနဲ့နော်"
"အိမ်ထောင်ဖက်ရှာတာ ကျွန်တော့်ဘာသာ ကျွန်တော် ကြည့်လုပ်လို့မရဘူးလား မေမေ"
"မရပါဘူး တော်ကြာ မတော်လို့ ရုပ်ပဲရှိတဲ့ ဟိုလို ကောင်လေး နဲ့တွေ့လာရင် ဘယ်လိုလုပ်မလဲ"
"- - -"
မေမေရဲ့ တဇွတ်ထိုးမှုတွေကြောင့် သူ့မှာ သက်ပြင်းသာချနိုင်သည်။အကယ်၍ သူက အဲ့လို ကောင်လေးမျိုးနဲ့တွေ့ချင်တာ မဟုတ်ပဲ အဲ့ ကောင်လေး ကိုမှ လိုချင်တယ်ဆိုရင်ရော မေမေဘယ်လိုတုံ့ပြန်မလဲ။
အင်း အတိအကျကြီး လိုချင်တယ် မဟုတ်ပေမယ့် သူခံစားမိသည် ဒီ နူးညံ့ပြီးချောမောတဲ့ကောင်လေးက သူ့ကိုထူးထူးခြားခြား ခံစားရစေသည်ဟုလေ။
__________
ဖွားဖွားက ညနေဘက်အိမ်ကို လာပါဆိုလို့ သူလာရပေမယ့် သူ့စိတ်ထဲ လေးလံနေသည်။ကားပေါ်တစ်လျှောက်လုံး မျက်လုံးမှိတ်ကာ နေပေမယ့်လဲ စိတ်ထဲမယ် ဟိုနေ့က အရမ်းဂရုစိုက်နေတဲ့ နှစ်ယောက်ကိုသာ မြင်နေသည်။
"သခင်လေး ရောက်ပါပြီ"
ခေါင်းညှိတ်ပြ၍ ကားပေါ်က ဆင်းလာကာ အိမ်ထဲကို ဝင်ရန်ပြင်နေရင်း အပြင်မှာ ဖွားဖွားရဲ့ Corgi လေးနဲ့ ဆော့နေတဲ့ ဘောင်းဘီတိုအမဲလေးကိုအင်္ကျီပွပွအဖြူနဲ့ ဝတ်ထားတဲ့ကောင်လေးကို မြင်တော့ အိမ်ထဲဝင်ရန် ခြေထောက်တွေ တုံ့ဆိုင်းသွားသည်။
သူကြည့်နေတုံးမှာပင် ထိုကောင်လေး နောက်ကနေထွက်လာကာ ထိုကောင်လေးရဲ့ ခါးတွေကို ဆွဲဖက်လိုက်တဲ့ လက်တစ်စုံကြောင့် သူအံများကြိတ်ထားလိုက်မိသည်။
"အော် Pond မင်းကို အပေါ်မှာ မေမေစောင့်နေတယ်"
"ဟုတ်ကဲ့"
မမြင်ချင်ယောင်ဆောင်၍ အိမ်ထဲဝင်လာလိုက်သည်။သူဟာတကယ်ပဲ သူ့ဦးလေးရဲ့ ချစ်သူ အပေါ်မှာ မရိုးသားတဲ့ စိတ်ထားမိနေပြီလား။
"Pond မင်းအမေပြောတာ မင်း Mintနဲ့ တွေ့ဖို့ရှိတယ်ဆို"
"ဟုတ် ဖွားဖွား"
"သား သဘောကျရဲ့လား"
"ကျွန်တော် . . .ကျွန်တော်"
"သဘောမကျရင်မလုပ်နဲ့ လူဆိုတာ ငြင်းတတ်ရတယ်"
"မေမေဝမ်းနည်းမှာစိုးလို့"
"မေမေဝမ်းနည်းနေရတာထပ် သားတစ်ဘဝလုံးဝမ်းနည်းရမှာ ဘယ်ဟာ သားရွေးမလဲ"
"- - -"
ပြန်မဖြေနိုင်တဲ့ သူ့ကိုကြည့်ကာ ပြုံးသွားတဲ့ဖွားဖွားကို ကြည့်ကာ သူ့စိတ်ထဲ ရှင်းမပြနိုင်တဲ့ ခံစားချက် ဖြစ်လာရသည်။
"လာ ညနေစာစားသွားမယ် Phuwin လေးက ဟင်းချက်ထားတာ စားသွား"
"ကျွန်တော် ဗိုက်မဆာဘူး"
"လာပါ စားသွား မင်းဦးလေးနဲ့ ယူပြီးရင် နိုင်ငံခြားသွားပြီး အခြေချကြမှာဆိုတော့ မစားရတော့ဘူး"
"ဖွားဖွား"
"ပြောလေ ကလေး"
"သူက ဘာချို့ယွင်းချက်ရှိတာလဲ"
"ချို့ယွင်းချက် မဟုတ်ပါဘူး ဘုရားကပေးထားတဲ့ ဆုလာဘ်ပေါ့ သားမေမေကတော့ သဘောမကျဘူး"
"ဘာလဲဟင် သိလို့ရမလား"
"အချိန်တန်ရင်သိရမှာပေါ့ ကလေးရယ်"
ဖွားဖွားက သူ့ဆံပင်တွေကို ထိုးဖွပြီး ခပ်ပြုံးပြုံးနှင့် စကားဆိုသည်။သူနဲ့မဆိုင်တဲ့ ကောင်လေးအကြောင်း သူဘာလို့မေးနေမိတာလဲ။
_____________
ဖွားဖွားရဲ့ အတင်းဆွဲခေါ်မှုကြောင့် ထမင်းစားခန်းထဲ သူလိုက်ထိုင်နေရပြီ။သူနေရာယူပြီးမှ ဟင်းပွဲတွေ သယ်ကာ ရောက်လာတဲ့ ကောင်လေး။
ဖွားဖွားရော ဦးလေးပါ မရှိတဲ့အချိန်မှာ ဟင်းပွဲတွေ လာချပေးရင်းသူ့ကိုပြုံးပြသည်။အပြုံးတွေက လှလွန်းလို့ ရုတ်တရက်ဒီအပြုံးတွေကို သူ့အတွက်ပဲ လုကာသိမ်းထားချင်လာသည်။သူတကယ် သူ့ဦးလေးချစ်သူ အပေါ်မှာ မထားသင့်တဲ့ စိတ်ထားနေမိပြီထင်သည်။
"နာမည်က Phuwin ထင်တယ်နော်"
"ဟုတ်ကဲ့"
"ကျွန်တော်က Pond အသက် 25 Phuwin ကြည့်ရတာ ကျွန်တော့်ထပ်ငယ်ပုံပဲ"
"မငယ်ပါဘူး ရွယ်တူပဲ"
"ဒီဟင်းတွေအကုန် Phuwin ချက်ထားတာလား"
"ဟုတ်တယ် Pondရေ မေမေအတွက် ကျန်းမာရေးနဲ့ကိုက်မှာတွေ ငါကြိုက်တာတွေနဲ့ မေမေက မင်းလာမယ်ဆိုလို့ မင်းကြိုက်တာတွေ ချက်ပေးထားတာ Phuwin က" သူ့လဲမမေးပါဘဲ ဝင်ဖြေကာ ထိုကောင်လေး၏ နှဖူးကို နမ်းသွားတဲ့ ဦးလေးကြောင့် သူလက်သီးကိုကျစ်နေအောင် စုပ်ထားမိပြန်သည်။
သူမကြိုက်လဲ ဘာတတ်နိုင်မလဲ သူ့လူမှ မဟုတ်တာ သူ့လူသာဆိုရင်တော့ ဘယ်သူ့ကိုမှ မပြဘူး သိမ်းထားမိမှာ သေချာပေါက်ပဲ။
"Pond ခဏလောက် စကားပြောရအောင်"
"ဟုတ်" သူ့ဦးလေးက သူနှင့်စကားပြောချင်လာပြန်သည်။ဘာတွေပြောမှာလဲ။
ထမင်းစားပြီး ခြံထဲမှာ ရပ်နေတုံး ဦးလေးက ရောက်လာကာ
"Pond "
"ဟုတ်ကဲ့"
"ငါပြောမယ့် စကားတွေက တစ်မျိုးဖြစ်နေမလား မသိပေမယ့် ငါဒီပစ္စည်းတွေ မလိုချင်ဘူး Pond မင်းအမေဖြစ်ဖြစ် မင်းဖြစ်ဖြစ် ယူလို့ရတယ်"
"ဦးလေး ပစ္စည်းတွေပါ "
"ငါ့ပစ္စည်းတွေ ဆိုကေမယ့် ငါမင်းအမေကို မယူတော့ဘူးလို့ ပြောပြီးသား ဒါပေမယ့် ငါအိမ်ထဲကနေထွက်သွားအောင် ဖိအားပေးခံခဲ့ရတယ်"
"မေမေက အဲ့လိုလုပ်ခဲ့တာလား"
"မပြောချင်ပေမယ့် ဟုတ်တယ် Pond ငါက ယောက်ျားတွေကိုပဲ ကြိုက်မှန်း မင်းအမေသိတော့ ငါ့မိဘတောင်မရှက်ပေမယ့် သူရှက်လို့ ငါအိမ်ပေါ်က မောင်းချခံခဲ့ရတယ် မတတ်နိုင်တဲ့ အဆုံးငါ ထွက်သွားခဲ့ရတယ် ငါအခုပြန်လာတာ Phuwin ကို သူ့မှာမရှိတဲ့ မိသားစုဆိုတာ ခဏခံစားရအောင် ခေါ်လာပေးတာ မင်္ဂလာပွဲပြီးရင် ငါတို့ ထွက်သွားမှာ အဲ့ရက်ပိုင်းလေးပဲ Phuwin ကို ကောင်းကောင်းဆက်ဆံပေးလို့ရမလား ငါတောင်းဆိုတာပါ"
"မေမေလုပ်ခဲ့တာတွေ မသိခဲ့ဘူး Phuwin ကတော့ မပူပါနဲ့ ကျွန်တော်ကောင်းကောင်းမွန်မွန်ဆက်ဆံမှာပါ"
"ကျေးဇူး မင်းလဲ မင်းအမေကို မယုံသင့်ဘူး တချို့ကိစ္စတွေ မင်းအတွက်မင်းတွေးပြီး အမှန်တရားကို မင်းရှာသင့်တယ်"
"အကြံပေးတဲ့ အတွက် ကျေးဇူး ဦးလေးငယ်"
ဦးလေးနဲ့စကားပြောပြီးနောက် သူ့မှာ မေးခွန်းများစွာ ကျန်ခဲ့သည်။မေမေကတကယ်ပဲ ဒီလိုလူလား။မေမေနဲ့ ဦးလေးမှာ ဘယ်သူ့ စကားကအမှန်လဲ။မေမေမှ သူမယုံရင် သူဘယ်သူ့ကိုယုံရမလဲ။
သူသာတကယ် ဒီကောင်လေးကို လိုချင်တယ် ဟုဆိုလျှင်ရော မေမေဘယ်လိုတုံ့ပြန်မလဲ။
TBC.....
There are no comments yet. Log in to be the first to leave a review!





