4
17:42, 29 August 2025ဦးလေးပြောတဲ့ စကားတွေဟာ နားထဲကနေမထွက်။အခုထိ အရာရာ မေမေ့သဘောနဲ့ နေထိုင်လာတာမို့ မေမေက ဒီလိုမျိုး ခွဲခြားတတ်တဲ့လူဆိုတာ လက်မခံနိုင်။ဒီအကြောင်းပြချက်တစ်ခုတည်းနဲ့ မေမေက ဦးလေးကို မုန်းရင်မတရားပါ။
လူတိုင်းဟာ ချစ်ချင်တဲ့ လူကို ချစ်ခွင့်ရှိသည်ဟု သူကတော့ ယူဆသည်။သူ့ဘဝရဲ့ အချစ်ဆိုတာကိုလဲ သူကပဲ ရွေးချယ်၍ ချစ်ချင်သည်။မေမေက ဝင်စွက်ဖက်မှာ မလိုလား။
အကြောင်းအရာအမျိုးမျိုးနဲ့ လူက စိတ်ထဲမှာ မွန်းကြပ်လာတာနဲ့ သူငယ်ချင်းတွေရှိရာ ဆုံနေကျ Barကို ထွက်လာလိုက်တယ်။ရောက်ထဲက သက်ပြင်းတချချနဲ့ သောက်နေတဲ့ သူ့ကို Santa က
"အိုး ဟိုး ခွေးအကြီးလည်လိမ်တဲ့ရုပ်နဲ့ သောက်နေတာများ ဘာဖြစ်လာတာလဲ"
"ငါလား ဘာမှမဖြစ်ဘူး"
"သေချာလား တကယ် ခွေးအကြီးလည်လိမ်တဲ့ရုပ်ကြီးနဲ့ အင်း ခန့်မှန်းရမယ်ဆို မင်းအမေကြောင့်ပဲ မဟုတ်လား "
"မဟုတ်ပါဘူး ဒီလိုပဲ"
"ဒါနဲ့ မင်းကိုကြည့်ရတာ တစ်မျိုးဖြစ်ေနတယ်တစ်ယောက်ယောက်ကို သဘောကျနေတာလား"
"မဟုတ်ပါဘူး ဒီအတိုင်းပဲ "
"လိမ်ပြန်ပြီ"
"မလိမ်ပါဘူးကွာ"
"ဒါနဲ့ မင်းနဲ့ Mint ကိစ္စက တကယ်လား"
"မနက်ဖြန်မှတွေ့မှာပါကွာ မသိသေးဘူး သတင်းတွေကပျံ့နေပြီလား"
"အော် ဒါနဲ့ မင်းဦးလေးဘန်ကောက်ပြန်ရောက်နေတာလား သူအရင်က ချင်းမိုင်မှာသွားနေတာမလား ဘယ်နားနေခဲ့လဲမင်းသိလား "
"ဘာလုပ်ချင်လို့လဲ"
"ဟိုနေ့က သူ့ကို တွေ့လိုက်တယ် လူလက်တွဲထားတဲ့ ကောင်လေးကချောလို့ မေးလိုက်တော့ သူ့ချစ်သူတဲ့ ဘယ်မှာဆုံလဲဆိုတော့ ချင်းမိုင်ဆိုတော့ ငါလဲအာ့လိုအချောလေးနဲ့ နီးဖို့ ချင်းမိုင်ပြောင်းမလားလို့"
"သူက အဲ့လိုမိတ်ဆက်တာလား ဒါနဲ့ မင်း ချင်းမိုင်ပြောင်းရင် မင်းရည်းစားတော့ဝမ်းနည်းကျန်ခဲ့မယ်ထင်တယ်"
"စကားအဖြစ်ပြောတာ ငါ့ရည်းစားထားခဲ့စရာလား ကွ ဒါပေမယ့် တော်တော်ချောတာနော် မင်းဦးလေးကောင်လေးက အပြုံးကလဲလှ မျက်နာလေးကလဲအေးချမ်း မင်းဦးလေးကံကောင်းတာ"
"အေးကွာ" ဆိုပြီး သက်ပြင်းရှည်ကြီး ချကာ ဝီစကီခပ်ရှရှကို တစ်ကျိုက်တည်းမော့လိုက်သည်။
"Pond Naravit ကျန်တဲ့လူကိုလိမ် ငါ့မလိမ်နဲ့ မင်းတစ်ယောက်ယောက်ကို သဘောကျနေပြီမဟုတ်လား"
ခေါင်းခါ၍သာ ငြင်းနေမိသည်။တကယ်က ဘယ်လိုဝန်ခံရမလဲ သူ့စိတ်ထဲကေန သဘောကျတဲ့လူက သူ့ဦးလေး လက်ထပ်ဖို့ထိ ရည်ရွယ်ထားတဲ့ ချစ်သူဆိုတာ။
ဘာလုပ်သင့်လဲ။ စိတ်ထဲကနေ ဘယ်လိုထုတ်ရမလဲ။မေမေ့ဆီက အမိန့်တွေကရော ဘယ်လိုလုပ်မှ ငြင်းဆန်နိုင်မှာလဲ။
______________
မေမေ့အမိန့်တွေကို မလွန်ဆန်နိုင်တော့လဲ အခုသူဟာ မေမေချိန်းပေးထားတဲ့ အိမ်ထောင်ဖက်တွေ့တဲ့နေရာကို လာခဲ့ရသည်။စားပွဲနေရာမှာ ထိုင်နေတဲ့ မိန်းကလေးက
"Khun Naravit ကျွန်မက Mintပါ" ဟုဆိုကာ မျက်နာချင်းဆိုင် ထိုင်ခုံကို လက်ညွှန်ပြသည့် အမျိုးသမီးက ဒီတွေ့ဆုံမှုကို ဖိအားပေးခံရလို့ ရောက်လာရမှန်း ထင်ရှားသည်။
"အားတော့နာပေမယ့် ကျွန်မက ဒီတွေ့ဆုံမှုကို သဘောမကျဘူး ဘာလို့ဆို တွေ့ဆုံမှုတွေကနေ ရှာရတဲ့လူနဲ့ လက်မထပ်ချင်ဘူး "
"ကျွန်တော်ရောပဲ အားနာပေမယ့် ကျွန်တော်ဒီနေ့လာတာ မေမေဖိအားပေးလို့ ကျွန်တော်က ကျွန်တော်ချစ်တဲ့လူနဲ့ပဲ လက်ထပ်ချင်တာ"
"ဘဝတူတွေပဲ ဒါဆို အိမ်ပြန်ရောက်ရင် တစ်ယောက်နဲ့တစ်ယောက် သဘောမတွေ့ဘူး ပြောကြမလား "
"အဲ့လိုပဲလုပ်ကြတာပေါ့" ပြောရဆိုရလွယ်တဲ့ မိန်းကလေးကြောင့် စကားသုံးခွန်းလောက်နဲ့ တွေ့ဆုံမှုက ပြီးသွားခဲ့ရပြီ။
"ဒါဆို ကျွန်မသွားအုံးမယ် ချိန်းထားတာလေးရှိလို့" ဟုဆိုကာ ထသွားတဲ့ မိန်းကလေးက ခပ်လှမ်းလှမ်းမှာထိုင်နေတဲ့ ခပ်မိုက်မိုက်လည်သာဂျက်ကတ်နဲ့ ကောင်လေးရဲ့ ပါးကိုကပ်၍နမ်းလိုက်သည်။ထို့နောက် လက်ချင်းချိတ်ကာထွက်သွားကြသည်။
နေရာမှာ ကျန်နေခဲ့တဲ့ သူကတော့ မေမေမေးရင် ဒီနေ့ အိမ်ထောင်ဖက်တွေ့တဲ့အကြောင်းဘယ်လိုပြောရမလဲဆိုတာ စဉ်းစားရုံနဲ့တင် ခေါင်းကိုက်ရသည်။သေချာတာ မေမေက အခုဆွေးနွေးသလို အမေ ကျွန်တော်သူ့ကို မကြိုက်ဘူး ကျွန်တော်တို့ အဆင်မပြေဘူးလောက်နဲ့ လက်မခံလောက်ဘူးလေ။
___________
စိတ်ရှုပ်လို့ အိမ်မပြန်ချင်ဖြစ်နေတာမို့ အချိန်ကိုကြည့်တော့ ညနေစောင်းပဲရှိသေးတာမို့ အချိန်ခဏဖြုန်းရန် နီးစပ်ရာ ကုန်တိုက်တစ်ခုထဲကို ခဏဝင်ပြီး ဟိုလျှောက်ဒီလျှောက် လျှောက်မည်ဟု ဆုံးဖြတ်လိုက်သည်။
ကုန်တိုက်ထဲရောက်တော့ ဘယ်အရာက ဆွဲဆောင်လိုက်လဲမသိ တတိယထပ်က အရုပ်တွေရောင်းတဲ့ ဆိုင်ထဲကို ခြေလှမ်းများက ရောက်ရှိလာသည်။ရောက်လက်စနဲ့ မထူးဘူးဟုဆိုကာ လတ်တလောဘေဘီလေးမွေးထားတဲ့ သူငယ်ချင်းလင်မယားအတွက် အရုပ်ရွေးပေးရန်ပဲ ပြင်လိုက်တော့သည်။
အရုပ်ရွေးနေတုံး မျက်စီရှေ့ပေါ်လာတဲ့ မျက်နာလှလှလေး အမွှေးပွရုပ်လေးတွေကို သဘောတကျညှစ်ကြည့်နေပုံက အသည်းယားစရာ။သူ့အပြုံးလေးတွေက ရင်ထဲက အပူတွေကို အေးချမ်းစေသည်ဟု ခံစားရသည်။
မျက်လုံးချင်းဆုံသွားသောအခါ ဝိုင်းသွားတဲ့ မျက်ဝန်းလေး။ထို့နောက် သူ့ကို ပြုံးပြလာတဲ့ ကောင်လေး။ဒီအပြုံးတွေကို တခြားလူက တစ်ဘဝလုံးပိုင်ဆိုင်မှာလို့ သိရတဲ့အခါကျ နှလုံးသားက နာကျင်လာရသည်။
"Phuwin တစ်ယောက်ထဲလား ဦးလေးရော"
"ပါတယ် အခုလေးတင်ဖုန်းလာလို့ခဏထွက်သွားတာ "
"အော်"
စေ့စပ်ခါနီး အတွဲတွေမို့ တပူးတွဲတွဲမြင်ရတာ မဆန်းပေမယ့် သူ့ရဲ့စိတ်နှလုံးကတော့ သူတို့တွဲလျက်ရှိနေလျှင်ပင် မရွှင်လန်းနိုင်တော့။
အရုပ်ရွေးမယ့် အစီအစဉ်ဟာ ဘယ်ရောက်သွားမှန်း မသိတော့သလို သူဘာဆက်ပြောရမလဲဆိုတာဟာလဲ စဉ်းစားမရ။ဒီအတိုင်းမျက်နာနုနုလေးကိုပဲ ငေးကြည့်ချင်နေတော့တာ။
"အစ်ကိုတို့ ဒီဘက်မှာ ချစ်သူများနေ့အတွက် အကြို ပရိုမိုးရှင်း ချထားတာတွေရှိတယ်ရှင့် အတွဲတွေဆို 25%လျှော့ပေးတယ်ရှင့် " ဝန်ထမ်းမလေးရဲ့ စကားက ဘေးက အေးချမ်းလှတဲ့အလှတရားလေးကို ငေးကြည့်နေတဲ့ သူ့ကို ပြုံးသွားစေသည်။
"အာ ကျွန်တော်တို့က . . ."
"ဟုတ် အတွဲဆိုတာ အထောက်အထားပြဖို့လိုလား မသိဘူး"
"မလိုဘူးရှင့် 50%ဆိုရင်တော့လိုတယ်"
"ဟုတ်ကဲ့ ဘာအရုပ်လေးတွေလဲဗျ"
"ဒီပန်ဒါရုပ်လေးနဲ့ ဝက်ဝံညိုလေးပါ နှစ်ရုပ်အတွဲကို 25%လျှော့တာ ပါရှင့်"
"ကျွန်တော်ယူမယ်နော်"
အိပ်ခန်းထဲမယ် အရုပ်ဆို ဘာအရုပ်မှမထားတဲ့ သူက အရုပ်နှစ်ရုပ်ဝယ်ပြီး လုပ်စရာမရှိပေမယ့် ဒီအရုပ်၂ရုပ်ကိုတော့ တုံ့ဆိုင်းမနေပဲ ဝယ်လိုက်ကာ
"ရော့ Phuwin ကျွန်တော်တို့ ကုန်တိုက်မှာ တွေ့တဲ့ အထိန်းအမှတ်နဲ့ ယူလိုက်နော်"
"အာ မဟုတ်တာ "
"အမွှေးပွလေးတွေက ကိုင်လို့ကောင်းတယ် အိပ်ခန်းထဲထားအိပ်ရင် အိပ်မက်ဆိုးတွေလဲ ကာကွယ်ပေးမယ်ထင်တယ်"။ လျှာရိုးမရှိပြောတဲ့ သူ့စကားကို သဘောတကျရယ်ကာ သူကမ်းပေးတဲ့ အရုပ်လေး နှစ်ရုပ်ကို ယူ၍
"ကျေးဇူးပါဟု" နှစ်နှစ်ခြိုက်ခြိုက်ပြုံးပြကာ ဆိုလာသည်။
ကိုယ့်အတွက်မဟုတ်တဲ့ အပြုံးတွေကို ခဏခဏ မြင်ရတဲ့ အခါ ဒီအပြုံးတွေကြောင့် ရင်ထဲမှာ ဝမ်းနည်းသလို ခံစားလာရသည်။
ဒီခံစားချက်တွေက ဒီတိုင်း သာမာန်မဟုတ်မှန်းခံစားမိပေမယ့် ဒီအခိုက်အတန့်လေးမှာပဲ သေချာတဲ့ အဖြေတစ်ခုရလိုက်တယ်။အဲ့ဒါက တခြားမဟုတ်ဘူး ကိုယ် မင်းကိုချစ်နေတယ်ဆိုတဲ့ ခံစားချက်ပဲ Phuwin ။
TBC......
ကြာသာပတေးည၁နာရီကအိပ်တာ သောကြာနေ့လည်၁နာရီမှနိုးတာနဲ့ မနေ့ကဘာမှမတင်ပေးမိဘူးမို့ ဒီနေ့စောစော တင်ပေးလိုက်ပါတယ် 🫶🏻
There are no comments yet. Log in to be the first to leave a review!





