Fanfics

ကျေးဇူးတင်လွှာ

11:27, 24 January 2026

ဇာတ်သိမ်းပိုင်းလေး ရေးတာကို အတော်ကြာသွားတယ် ဒီလို ဖြစ်သွားရတာလည်း ကိစ္စလေးနည်းနည်းရှိသွားလို့ပါ...

ပထမဆုံး အနေနဲ့ ပြောချင်တာက တောင်းပန်စကားပါ.. Ficတစ်ပုဒ်လုံး ခြုံငုံကြည့်ရင် လိုအပ်ချက်တွေရယ် ကောင်းလားဆိုးလား ဆိုတာလည်း မသိပါဘူး။ အမှန်တော့ ကိုယ်ကကိုယ်ရေးပြီးသာကို၊ ကိုယ်တိုင်ပြန်မဖတ်ရဲဘူး ဖြစ်နေတာ....

ဒါက အကောင့်ဟောင်းမှာ ရေးခဲ့ဖူးပြီးသား Fic,ပါ ပြန်တင်တော့ တစ်ချို့နေရာတွေ မေ့သွားတယ်ဆိုတာ အမှန်ပါပဲ။စဉ်းစားရသလောက် ရေးခဲ့ပေမယ့် ဇာတ်သိမ်းပိုင်းနဲ့ ရိပေါ်ကလေးထပ်ရပြီးနောက် အပိုင်းတွေကို တကယ်ပဲ မေ့သွားခဲ့တာပါ အဲ့ဒါကြောင့် အစားထိုးရေးခဲ့ရတာပါ။

ကိုယ့်စိတ်ကြိုက် ပြန်ရေးခဲ့တဲ့ အပိုင်းတွေတုန်းက ကြိုက်တဲ့သူလည်း ရှိသလို မကြိုက်တဲ့သူလည်းရှိပါတယ်။ အမှန်တော့ ဒါကကိုယ့်လိုအပ်ချက်ပါပဲ စာရေးသူတစ်ယောက်အနေနဲ့ ကိုယ်ရေးတာ ကိုယ့်ဘာသာ ဘာလုပ်လုပ်ဆိုတဲ့စိတ်နဲ့ ပြန်ပြင်မရေးသင့်ပါဘူး ။

တစ်ချို့နေရာတွေမှာဆို စဉ်းစားလို့တောင် မထွက်ဘူး...အထူးသဖြင့် ရှောင်းပေါ်ရဲ့ ခံစားချက် အပိုင်းတွေ..။ သိပ်ပြီးအားရစရာ မကောင်းဘူး။ Extra ရှိပါသေးတယ်နော်

အရင် အကောင့်ဟောင်းက လုံးဝဝင်မရတော့လို့ ဒီမှာပဲပြန်ရေးလိုက်တာပါ အမှန်ဆို Telegram မှာ အစ်မ တစ်ယောက် ကိုယ့်ကိုလာမပြောရင် ပြန်မရေးဖြစ်ပါဘူး ❤️❤️❤️

မေးချင်တာက ‌ကိုကိုကျန့်တို့ အတွဲကလွဲပြီး တစ်ခြားကြိုက်တဲ့ဇာတ်ကောင် ရှိသေးလား ရှိရင် ပြောခဲ့ပါဦး နောက်ပြီးကိုယ့်ရဲ့ လိုအပ်ချက်တစ်ခုခုရှိရင် ပြောပြအကြံပြုခဲ့လို့ရပါတယ်။ တကယ်တော့ ကိုယ်က Follower သာ ရှိခဲ့ပြီး အရည်အချင်းလုံးဝ မရှိတဲ့သူပါ အခုချိန်ထိ ရေးသမျှတွေ ဘာမှအားမရဘူး။

နောက်ဆုံး မေးချင်တာက ရှောင်းပေါ်တို့ အတွဲကို Extra မှာရေးရင် ဖတ်ချင်ကြလား။ ဖတ်ချင်တယ်ဆိုမှ ရေးမှာပါမဖတ်ဘူးဆို မရေးပါဘူး

အားလုံးကို ကျေးဇူးပါရှင့်...

There are no comments yet. Log in to be the first to leave a review!

Similar stories