Fanfics
31 (ဇာတ်သိမ်းပိုင်း)
11:27, 24 January 2026
Unicode
သားနဲ့သမီးရဲ့ ဆယ်နှစ်ပြည့် မွေးနေ့။
သိုက်သိုက်ဝန်းဝန်း ရှိနေကြသော လူကုံထံတွေကြားမှာ သမီးကပျော်နေသလောက် သားကတော့ ငြိမ်ငြိမ်လေးသာ ထိုင်နေခြင်းဖြစ်သည်။ အမြွှာဖြစ်သော်ငြား အကျင့်စရိုက်ကတော့တစ်ခြားစီပဲ။ ကလေးနှစ်ယောက်မှာ တူညီသည့် တစ်ခုတည်းသော အရာက ပုစွန်ကြိုက်တာပင်။
ခက်တာက သားငယ်က အလတ်ဂျစ်ရှိသည်မို့ ပုစွန်အစား တစ်ခြားဟာကို ဂျင်းထည့်ပြီး ကျွေးရတာ ကြာတော့လည်း သူကလိပ်ပြာမလုံချင်သလို သားငယ်ကိုလည်း သိပ်သနားမိပြန်တယ်။ ‌ဒါကိုသိတဲ့ ရှောင်းကျန့်က သူ့ကို နှစ်သိမ့်နေလို့သာ တော်ပါသေးရဲ့။
"ရိပေါ်.."
ကျန်းချန် မျက်နှာက ကြည်လင်နေပြီး အရောင်တွေတဖိတ်ဖိတ်တောက်နေ၏။ အကြောင်းကတော့ သူပျော်နေပါတယ်ပေါ့...။ ဒင်းကလည်း ဟွိုက်ခွမ်းကောနဲ့ ကိစ္စကြောင့် ပေကျင်းကို ပြန်ပြီးမလာနိုင်ပါ ။ သူတို့သတင်းကို မိဘတွေသိတော့ အဖွားဖြစ်သူကသွေးတတ်ပြီး မူးမေ့လဲသည်ဆိုပဲ..။
အခုမှ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာသည့် ကျန်းချန်မှာ ဘေးကဟွိုက်ခွမ်းကောကို လက်ချိတ်ပြီး မိမိကို ပြန်လာဖြစ်မယ်ဆိုတဲ့အကြောင်း မပြောခဲ့ပါချေ။
"ကျန်းချန် မင်းဘယ်လိုရောက်လာတာလဲ ပြောတော့ဖြင့်ဟိုမှာပဲ အခြေချမယ်ဆို.."
"အဲ့တုန်းက ငါ့မိသားစုက ငါ့ကို ပြန်လာရဲရင် ပြန်လာကြည့်ဆိုပြီးခြိမ်းခြောက်ထားတော့ ငါကြောက်လို့ အထူးသဖြင့် ငါ့အဖွား!!
ကျန်းချန်မှာ တကယ်လည်း ဟိုမှာ အခြေချဖို့ ဆုံးဖြတ်ထား၏။ တစ်ခါတစ်လေ မိသားစုကို လွမ်းပေမယ့် မားဆီ ပြန်သွားပါကအတင်းမကြပ် အိမ်ထောင်ပြုပေးမှာကို ကြိုသိသည်။ ဒါကြောင့်မိသားစုကိုလွမ်းတဲ့စိတ်အား ဟွိုက်ခွမ်းကော မျက်နှာကိုကြည့်ကာဖြေဖျောက်ခဲ့ရသည်။
မိသားစုကို လွမ်းတာက သက်သက် ဟွိုက်ခွမ်းကောကို ချစ်တာက သက်သက်။ ထိုအရာကြောင့် ဟွိုက်ခွမ်းကောကို မစွန့်လွှတ်နိုင်ပါ။ အခုလည်း ဆယ်စုနှစ်ကြာအောင် မဆက်သွယ်ခဲ့သည့်မားက ဖွားဖွားရဲ့ နောက်ဆုံးအချိန်မှာ သူ့ကိုတွေ့ချင်ပါတယ်ဆို၍ဖုန်းဆက်ပြီး ပြောလာ၏။ သူ ပေကျင်းကို ရောက်တာ တစ်ပတ်ဝန်းကျင်လောက်ရှိပြီ‌ဆိုပေမယ့် သေချာ ရိပေါ်ကိုမဆက်သွယ်တာဖြစ်၏။
"မင်းပြန်လာတာ ဘာလို့ ငါ့ကိုကြိုမပြောရတာလဲ"
"ကြိုပြောရင် ဘယ်လိုလုပ် Surprise ဖြစ်ပါတော့မလဲ"
ကျန်းချန်က အနားကပ်လာပြီး သူ့ပခုံးလေးကို ဝိုက်ဖက်ရင်းရယ်သွမ်းလာ၏။
"ငါလည်း ပြန်လာဖြစ်မယ်မထင်ထားဘူး"
"ငါ့အဖွားက သူ့ရဲ့နောက်ဆုံးအချိန်မှာ ငါ့ကိုတွေ့ချင်တယ်ဆိုလို့ပြန်လာခဲ့တာ.."
"ဒါဆို မင်းတို့ကို အားရီက သဘောတူပြီလား!!!
"ငါတို့နှစ်ယောက် အတူတူနေတာ နှစ်ချီနေပြီလေသူသဘောမတူချင်လည်း တူရတော့မှာပဲ.."
ထိုအခါ လေတံခွန်လေးကို ဝှေ့ယမ်းပြီး ပြေးလွှားဆော့နေတဲ့ကျင်းကျင်းကို သူကြည့်လျက်
"ကျင်းကျင်း.. ဦးဦးဆီလာခဲ့"
သူ့ကိုမြင်တဲ့အခါ ကျင်းကျင်းက ခဏကြောင်သွား၏။ ပြီးမှမှတ်မိသွားဟန် အပြုံးကြီးကြီးဖြင့် သူ့ဆီပြေးလာခဲ့သည်..။
"ဦးဦး.. သမီးတို့ဆီ လာတာလား!!!!
သူ ကလေးငယ်ကို ကောက်ပွေ့လိုက်ရင်း
"သိပ်ဟုတ်တာပေါ့ မောင်လေးရော ? ဘာလို့ သမီးကိုပဲတွေ့ရတာလဲ"
"ရှောင်ချီက ဒီလိုနေရာတွေ မကြိုက်ဘူးလေ သူအိမ်ထဲမှာရှိပါတယ် ဦးဦးရဲ့.."
ထိုအခါ ရိပေါ်က မျက်ခုံးပင့်ရင်း ဘေးနားကနေ
"ရှောင်ချီ တစ်ယောက်ထဲလား သမီး.."
"ဟုတ်ကဲ့ ပါးပါး!!
အထဲမှာရှိနေတဲ့ ရှောင်ချီကတော့ တစ်ယောက်ထဲ ထိုင်နေရင်း ပါးပါး သူ့အတွက် ကန့်ထားတဲ့ ပုစွန်တွေကို တမြုံ့မြုံ့စားနေ၏ ။ အရသာထက် သူက ပုံသဏ္ဌာန်ကို သဘောကျတာမို့ အရသာကိုစိတ်မဝင်စားပါ။ တလောက ကျင်းကျင်းစားနေတဲ့ ပုစွန်ကိုသူယူစားမလို့ ပြင်နေစဉ်မှာပဲ ကျင်းကျင်းက သူ့လက်ထဲကပုစွန်ကို အတင်းပြန်လုစား၏။ ထိုအခါ သူငိုမဲ့မဲ့နဲ့ ပါးပါးတို့ကိုပြန်တိုင်သော်ငြား အချည်းအနှီးသာ။
ထိုအခိုက် သူနဲ့ ရွယ်တူ ကောင်လေးတစ်ယောက် သူ့ဘေးမှာလာထိုင်၏။ ဘေးဘီကိုကြည့်သော်လည်း တစ်ခြားဘယ်သူ့ကိုမှမတွေ့ရ။ ကြည့်ရတာ မိဘတွေနဲ့ ကွဲလာသည်ထင်ပါရဲ့။
"မင်းက ဘယ်သူလဲ မိဘတွေရော!!!
"အပြင်မှာ ရှိတယ်.."
"ဒါဆို!!!
"မင်းက မွေးနေ့ရှင်လား!!!
သားသားနားနား ဝတ်စားဆင်ယင်ထားသည့် ကလေးငယ်မှာ သူ့ကို စူးစမ်းသလိုကြည့်ပြီး မေး‌လေရဲ့။
"ဟုတ်တယ် ဘာလို့လဲ.."
"ပါးနဲ့မားက မွေးနေ့ပွဲကို ငါ့ကိုပါ ခေါ်လာခဲ့တာ .."
"............"
"ငါ မွေးနေ့ရှင်ကို မမြင်ဖူးလို့ လာကြည့်တာ..."
"အပြင်မှာ ပတ်ပြေးနေတဲ့ ငါ့မမကို မင်းမတွေ့ခဲ့ဘူးလား.."
"မင်းတို့က အမြွှာဆို!!!
"အင်း!!
"မင်း... ဘာတွေစားနေတာလဲ"
"ပုစွန်လေ.. မင်းစားချင်လား"
ပုစွန် တစ်ကောင်ကို ယူပြီး လှမ်းပေးတော့ ထိုကလေးက မျက်မှောင်ကြုတ်သည်။ ပြီးမှ
"လာနောက်နေတာလား အဲ့ဒါ ပုစွန်မှ မဟုတ်တာ!!!
"ပုစွန်ပါဆို!!!
"ဒါဆို ဘာလို့အခွံခွာဖို့ မလိုရတာလဲ"
"အာ .. ဘာလို့ဆို ပါးပါးက ငါ့ကိုချစ်လို့ ပုစွန် အခွံခွာပေးထားတာလေ"
ထိုကလေးက သူ့လက်ထဲက ဖြူဖက်ဖြူလျော်ဖြစ်နေတဲ့ ပုစွန်ကိုဆတ်ခနဲ လှမ်းယူပြီး အလယ်ကနေ ချိုးပစ်ကာ တစ်ပိုင်းကိုပါးစပ်ထဲကောက်ထည့်လိုက်သည်။
"မင်းအလိမ်ခံလိုက်ရပြီ ဒါက ပုစွန်မဟုတ်ဘူး..."
"မင်းကမှ လူလိမ်... ပါးပါးက ငါ့ကို ပိုချစ်လို့ ပုစွန်ခွာပေးထားတာပါဆို"
ရှောင်ချီက အကြောမခံ။ ထိုအခါ တစ်ဖက်ကောင်လေးကလည်းဇွတ်အတင်း ပြန်ငြင်းသည်။ ထိုစဉ် ရိပေါ်နဲ့တကွ ကျန်းချန်ပါအနားရောက်လာ၏။ ကျန်းချန်မှာ ရှောင်ချီစားနေတဲ့ အတုအယောင် ပုစွန်တစ်ကောင်ကို ကောက်ကြည့်ပြီး ရှောင်ချီ့ကို မယုံကြည်နိုင်စွာကြည့်လျက်
"ရှောင်ချီ... သား ဘာလို့ ဂျုံနဲ့လုပ်ထားတဲ့ မုန့်တွေစားနေတာလဲ ကောင်းလို့လား.."
ရိပေါ် လှမ်းတားချိန်မရလိုက်။ ကျန်းချန်မှာ မျက်လုံးအပြူးသားနဲ့မလုံမလဲဖြစ်သွားသည့် ရိပေါ်ကို ကြည့်ကာ ကြောအမ်းသွားရ၏။ ရှောင်ချီ ကိစ္စကို သူ ကျန်းချန်အား မပြောပြမိ။ အခုတော့ သူ့ကိုငိုမဲ့မဲ့ ကြည့်နေသော သားဖြစ်သူအား ကြည့်ကာ ရိပေါ်မလုံမလဲဖြစ်ရလေသည်။
သွားပြီ... အခုတကယ်သွားပြီ။ ရှောင်ချီက ဘယ်တုန်းကမှသူတို့ကို စိတ်မဆိုးဖူးဘူး။ လိုချင်တာမရလို့လည်း ငိုတတ်တဲ့ ကလေးမဟုတ်သည့်တိုင် အခုတော့ သူ့ရဲ့အလိမ်အညာကြောင့် ရှောင်ချီမှာ မျက်ရည်ဝဲလာလေပြီ။
"ရှောင်ချီ...!!!
"ပါးပါးလူလိမ်!! ပြောတော့ ရှောင်ချီကို ပိုချစ်လို့ ပုစွန်ခွှာပြီးသားကျွေးတာဆို!!!
ခြေဆောင့်ပြီး ရှောင်ချီ အိခနဲ ငိုချတော့ ရိပေါ် ပြာယာခတ်သွားတာအမှန်ပင်။ ကြောင်အမ်းကာ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်နေတဲ့ သူ့ကိုကြည့်ပြီး ကျန်းချန်ကလည်း မနေသာတော့ပါ။
"ရှောင်ချီ မငိုရဘူးလေ ငိုရင် ချစ်စရာမကောင်းပဲ နေမယ်.."
"ပါးပါး လူလိမ် လူညာ... ဒယ်ဒီလည်း မကောင်းဘူး Sob!!!
"ရှောင်ချီ ပါးပါး ရှင်းပြပါရစေ.."
ဘယ်သူပြောတာမှ နားမထောင်တဲ့ ရှောင်ချီက ရှိုက်ကြီးတငင်ငိုပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ်။
"ရိပေါ်.. ရှောင်ချီက!!!
"ပြီးမှ ဆက်ပြောရအောင် ငါ့သားက ပိုအရေးကြီးတယ်"
သူ့မှာ ငိုနေတဲ့ သားနောက်ကို အမြန်ပြေးကာ လိုက်ပေမယ့်သားက သူ့အခန်းထဲ ပြေးဝင်ကာ အထဲက လော့ခ်ချသွားလေပြီ။ ထိုအခါ သူက တံခါးကို လက်နဲ့ ရိုက်ရင်း
"ရှောင်ချီ.. သားလေး တံခါးဖွင့်ပေးပါဦး ပါးပါး ရှင်းပြပါရစေ !!
ဘယ်လိုပဲခေါ်ခေါ် ရှောင်ချီက ပြန်မထူးပါ။ ဒီလိုဆိုရင်တော့ရှောင်းကျန့်ကို ပြောပြီး တံခါးဖျက်ပြီး ဝင်ရတော့မှာပဲ..။သူတွေးနေစဉ်မှာပဲ ရှောင်းကျန့်က အောက်ထပ်ကနေ သူ့ရှိရာကိုရောက်လာနေပြီဖြစ်တယ်။
"ရိပေါ်..."
"ရှောင်းကျန့် တစ်ခုခုလုပ်ပါဦး ရှောင်ချီ ကျွန်တော်တို့ကိုစိတ်ဆိုးသွားပြီ..."
"ကျန်းချန်ပြောလို့ ကိုယ်သိပြီးပြီ စိတ်မပူပါနဲ့ !!!
ထို့နောက် ရှောင်းကျန့်မှာ တံခါးနား ကပ်သွားပြီး...
"သားငယ်.. တံခါးဖွင့်ပါဦး ဒယ်ဒီရောက်နေပြီလေ ဒယ်ဒီနဲ့ ပါးပါးက သားကို တမင်လိမ်ထားတာ မဟုတ်ပါဘူးအဲ့တုန်းက သားလေးက ငယ်သေးလို့လေ.."
"ဒယ်ဒီ လူလိမ်.. ဒယ်ဒီကို မတွေ့ချင်ဘူး ဒယ်ဒီနဲ့ ပါးပါးကရှောင်ချီကို မချစ်ဘူး..."
"ဘာလို့ အဲ့လိုပြောရတာလဲ ဒယ်ဒီတို့က သားကို ဘယ်လောက်ထိ ချစ်လိုက်သလဲ .."
"မကြားချင်ဘူး!!!
ရှောင်းကျန့်မှာ သက်ပြင်းသဲ့သဲ့ချသည်။ တံခါးမဖွင့်ပဲ အထဲကိုဘယ်လိုဝင်ပြီး ရှောင်ချီကို ချော့ရပါ့။
"တံခါးဖျက်လိုက် ရှောင်းကျန့်"
"ကိုယ်တို့ အတင်းအကြပ် ဝင်သွားရင် ရှောင်ချီ ပိုပြီးစိတ်ဆိုးလောက်တယ် တစ်ခြားနည်းလမ်း ထပ်ပြီးစဉ်းစားရအောင် ရှောင်ချီ စိတ်လျှော့သွားစေမယ့် တစ်ခုခုပေါ့"
ရှောင်ချီက သူတို့ကို ဘယ်တုန်းကမှ စိတ်မဆိုးဖူးတော့ ဒီနေ့ပြဿနာက သူတို့အတွက် တကယ် အသစ်အဆန်းပါပင်။
"အကြံရပြီ!!!
ရိပေါ် စဉ်းစားမိတဲ့ တစ်ခုသော အရာကြောင့် မျက်ဝန်းတွေကအရောင်တစ်လက်လက်။
"ဘာအကြံလဲ ရိပေါ်!!
"‌သားက ရှောင်းပေါ်ကို အရမ်းချစ်တာလေ ရှောင်းပေါ်ချော့ရင်ရလောက်တယ်..."
"ဒါပေမယ့် !!!!
"ကျွန်တော်တို့မှာ တစ်ခြားနည်းလမ်းမရှိတော့ဘူး ဒါကတစ်ခုတည်းသော နည်းလမ်းပဲ.."
ရိပေါ်မှာ ဖုန်းထုတ်ပြီး ရှောင်းပေါ်ကို ချက်ချင်းခေါ်ရတယ်...။ သားကြီး ဖုန်းကိုင်ပါစေလို့ မျှော်လင့်ရင်း...
"ဟယ်လို.. သား  ပါးပါး နှောက်ယှက်ဖို့ မရည်ရွယ်ပါဘူး!!!
Screen ပေါ်မှာ ‌ထင်ရှားစွာ ပေါ်နေတဲ့သားကို သူကတော့အားနာနာ ပြောရတယ်။
"ဘာလို့လဲ ပါးပါး.. ဘာလို့ ကျွန်တာ့်ကို အလောတကြီးဖုန်းခေါ်ရတာလဲ.."
"ဘာလို့လဲ သား မအားဘူးလားဟင်!!
"မဟုတ်ပါဘူး တကယ်တော့ သား စာလုပ်နေတာ ပြီးတောင်ပြီးနေပြီ နောက်ပြီး ဖိုးဖိုးခိုင်းထားတဲ့ အလုပ်တွေလည်းရှိသေးလို့.."
"အဟင်း!! တစ်ခြား မဟုတ်ပါဘူး ရှောင်ချီစိတ်ကောက်သွားလို့ပါးပါး သူ့ကို ဘယ်လိုချော့ချော့ လုံးဝ တံခါးမဖွင့်ပေးဘူးလေမင်းဒယ်ဒီနဲ့ ပါးပါး အခုပဲ တံခါးဖျက်မလို့တွေးနေတာသားကို သတိရသွားလို့ပါ.. ပုံမှန်ဆို ရှောင်ချီလေးက သားကို ပိုခင်တွယ်တာမလား .."
"နားလည်ပြီ.. အဲ့ဒီတော့ ပါးပါးက ကျွန်တော့်ကို တပ်ကူခေါ်တာပေါ့ ဟုတ်လား"
"သားက အရင်အတိုင်း ဉာဏ်ကောင်းတုန်းပဲ.."
ရှောင်းပေါ်နဲ့ စကားပြောပြီးနောက် ဘေးနားမှာ ရပ်နေတဲ့ရှောင်းကျန့်ကို သူတစ်ချက်ကြည့်တယ်။ ပြီးမှ တံခါးနားကိုပိုတိုးကပ်ရင်း
"ရှောင်ချီ ကိုကိုက သားကိုသတိရလို့ ဖုန်းဆက်တယ်..."
အခြေနေက ဘာမှမထူး...
"သားအရမ်းဆိုးတာ ကိုကိုသိသွားရင် ဘယ်လိုလုပ်မလဲသား နည်းနည်းပါးပါး ကိုကိုနဲ့ စကားပြောပေးလိုက်ပါဦး သားကိုကိုက သားအတွက် ဘာမွေးနေ့လက်ဆောင် ဝယ်ပေးထားလည်း သိလားဟင်!!!
ဂျောက်!!!
တံခါးပွင့်လာတော့ သူရော ရှောင်းကျန့်ပါ အားတက်သွားတာအမှန်။ ပြီးမှ ရှောင်ချီရဲ့ ငိုထားလို့ မို့အစ်နေသည့် ချစ်စဖွယ်မျက်နှာလေးက ရုပ်လုံးပေါ်လာ၏။
"ဒီမှာ သားကိုကိုနဲ့ ပြောလိုက်ဦးနော် ကိုကိုက သားကိုလွမ်းနေတာ.."
သူလှမ်းပေးတဲ့ဖုန်းကို ရှောင်ချီက လက်သေးသေးလေးဖြင့်လှမ်းယူ၏။ သားရဲ့ မို့အစ်နေတဲ့ မျက်နှာကိုမြင်တော့ သူရောရှောင်းကျန့်ပါ စိတ်မကောင်းကြ။ ရှောင်ချီက ငိုခဲတဲ့ ကလေးမို့ ပိုပြီး စိတ်မကောင်းဖြစ်သွားကြခြင်း ဖြစ်၏။
"ရှောင်ချီ.. ဘာလို့ငိုနေတာလဲ!!!
ထိုအခါမှ ရှောင်ချီမျက်ရည်တွေက ရှောင်းပေါ်ကိုမြင်သည့်အခါအိခနဲ ပြိုကျလာပြန်သည်။
"မငိုနဲ့.. ရှောင်ချီ ရုပ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲ"
"ကိုကို.. ဒယ်ဒီနဲ့ပါးပါးနဲ့ နောက်ပြီး အားရီတို့ကရော သားကိုဝိုင်းလိမ်ကြတယ်..."
"ဟုတ်လား ကိုကို့ကိုပြောပါဦး သူတို့က ဘယ်လိုလိမ်ကြတာလဲ"
"သားကို ဂျုံနဲ့လုပ်ထားတဲ့ မုန့်ကို လိမ်ကျွေးတာ ဒယ်ဒီနဲ့ပါးပါးကသားကို လုံးဝမချစ်ဘူး သိလား သူတို့စိတ်ထဲမှာ သားမရှိဘူး.."
"ရှောင်ချီ!! မငိုနဲ့ ဒယ်ဒီရော ပါးပါးရော ရှောင်ချီကိုချစ်ပါတယ်ကိုကိုကလည်း ရှောင်ချီကို ချစ်တာပဲ ဘယ်သူမှမချစ်ရင်တောင်ကိစ္စမရှိဘူး ကိုကို မင်းကိုချစ်တယ်နော်.."
"Sob... ကိုကို ပါးပါးတို့ မရိုးသားဘူး!!!
"ပါးပါးတို့လိမ်တယ်ဆိုတာကလည်း ရှောင်ချီ့ကို ချစ်ကြလို့ရှောင်ချီ စိတ်မကောင်း ဖြစ်သွားမှာ စိုးလို့လေ.."
".............."
"ရှောင်ချီကို ပါးပါးတို့က ဘာလို့ ဂျုံနဲ့လုပ်ထားတဲ့ မုန့်ကိုပုစွန်ဆိုပြီး လိမ်ကျွေးတယ်ထင်လဲ"
ရှောင်ချီက ခေါင်းခါတော့ ရှောင်းပေါ်မှာ ပြုံးလျက် သူ့ညီလေးမျက်နှာကိုသာ မလွတ်တမ်းစိုက်ကြည့်ရင်း
"ရှောင်ချီက ဖိုးဖိုးနဲ့တူတာ ပုစွန်နဲ့ မတည့်ဘူး အဲ့ဒါကြောင့်ရှောင်ချီ စိတ်မကောင်းဖြစ်မှာစိုးလို့ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်ကိုလိမ်ကျွေးခဲ့တာပါ.."
"ဒါပေမယ့်!!!!
"ရှောင်ချီက လိမ်မာတဲ့ ကလေးပဲ မဟုတ်လား ပါးပါးနဲ့ဒယ်ဒီကိုဒုတိယအခွင့်ရေး ပေးလိုက်ပါနော် ကိုကို အာမခံတယ်နောက်ဆိုသူတို့ ရှောင်ချီကို မလိမ်ရဲတော့ပါဘူး.."
ရှောင်ချီရဲ့ မျက်နှာက ပြန်ပျော့ပြောင်းသွားတာမို့ ရိပေါ်နဲ့ရှောင်းကျန့်မှာ စိတ်သက်ရာ ရသွားတော့သည်။
"ရှောင်ချီရဲ့ ဆယ်နှစ်ပြည့်မွေးနေ့မှာ ကိုကိုက ရှောင်ချီလိုချင်တဲ့စက်ဘီးလေး လက်ဆောင်ပေးလိုက်တယ်နော်..."
ဆိုရင်ပဲ ရှောင်ချီမျက်လုံးအရောင်တွေက တစ်လက်လက်။
"ကိုကို.. တကယ်လားဟင်.."
"လိမ်မာတယ် အပြင်ထွက်ကြည့်လိုက် လက်ဆောင်ကအစောကြီးကတည်းက ရောက်နေပြီ.."
ထိုအခါ ရှောင်ချီမှာ ဝရံတာဘက်ကို ပြေးသွားသည်မို့ ရိပေါ်တို့နှစ်ယောက်ပါ အနောက်က လိုက်ရတော့သည်။ အပြင်မှာတော့ ကျင်းကျင်းက ကိုကိုပို့ပေးတဲ့ စက်ဘီးလေးကို မစီးတတ်၊စီးတတ်စီးနေတာပင်။ သူ့ကိုတွေ့တော့ အနီရောင် ဂါဝန်လေးဖြင့်ချစ်စဖွယ်ဖြစ်နေသော ကျင်းကျင်းမှာ လက်လှမ်းပြလေသည်။
"ကိုကို ရှောင်ချီ တွေ့ရပြီ!!!!
"ရှောင်ချီကြိုက်တဲ့ အနီရောင်လေးကို၊ ကိုကို ကိုယ်တိုင်ရွေးပေးတာ သိလား ကောင်းကောင်းတန်ဖိုးထားရမယ်နော်!!
"ဟုတ် ကိုကို စိတ်ချပါ ရှောင်ချီ ဆိုးလည်း မဆိုးပါဘူးကိုကိုပြန်လာမယ့်နေ့ကို လိမ်လိမ်မာမာနဲ့ စောင့်နေပါ့မယ်!!
"ကိုကိုက မင်းကိုယုံပြီးသား!!!
ရှောင်ချီနဲ့ကျင်းကျင်းက အကြိုက်မတူပါ။ ကျင်းကျင်းကအပြာရောင်ကြိုက်တတ်ပေမယ့် ရှောင်ချီကတော့ အနီရောင်ပဲကြိုက်သည်မို့ လက်ဆောင်ပစ္စည်းနဲ့ ပတ်သတ်ရင် နှစ်ယောက်သား ရန်ဖြစ်ကြတယ်ဆိုတာက ခပ်ရှားရှားပင်။
ရှောင်းပေါ်မှာ အလုပ်ကိစ္စရှိသေးတာမို့ ခပ်မြနိမြန်နှုတ်ဆက်ပြီးဖုန်းချသွားသည်။ ထို့နောက် ရိပေါ်က ရှောင်ချီရှေ့မှာ ဆောင့်ကြောင့် ထိုင်ရင်း
"ရှောင်ချီ!! ပါးပါးနဲ့ဒယ်ဒီက ဘယ်လိုလုပ်သားကို မချစ်ပဲနေပါ့မလဲ.."
ရှောင်းကျန့်ဟာလည်း ခပ်ပြုံးပြုံးဖြင့်
"ဟုတ်တယ် ရှောင်ချီ.. ပါးပါးနဲ့ ဒယ်ဒီက သားကိုရောကျင်းကျင်းကိုရော အရမ်းချစ်တာ .."
‌ရှောင်းကျန့်က စိတ်ပြေသွားတဲ့ သားဖြစ်သူကို ပွေ့ချီလိုက်ပြီးပါးတစ်ချက် နမ်းရှုံ့ရင်း အောက်ထပ်ကို ပြန်ဆင်းလာလိုက်တယ်။သူ့ကိုကို ပို့လိုက်တဲ့ စက်ဘီးကြောင့် ရှောင်ချီမှာ အလွန်အမင်းပျော်သွားကာ ရှောင်းကျန့်ပေါ်ကနေ ခုန်ဆင်းပစ်လိုက်တော့သည်။
"ကိုကိုက သားအကြိုက်ကို တော်တော်သိတာပဲ.."
"မွေးနေ့လက်ဆောင်က အရမ်းမိုက်တာပဲ ငါကိုင်ကြည့်လို့ရလား"
ရှောင်ချီကြည့်လိုက်တော့ ခုနက ကောင်လေး ဖြစ်နေ၏..။သို့ရာတွင် သကောင့်သားကို သူသိပ်တော့ သဘောမကျလှပါ။အကြောင်းကတော့ ပါးပါးတို့ဖုံးထားတဲ့ အမှန်တရားကိုမတောင်းဆိုပါပဲ ဖော်ထုတ်ပေးလို့ဖြစ်သည်။ အချိန်တန်ရင် သိမှာဆိုပေမယ့် ပါးပါးတို့ကသာ သူ့ကို အမှန်အတိုင်း မပြောပါရင်သူလည်း သိချင်စိတ်ရှိမနေပါ။
"ဒါပေါ့... ဩစတေးလျမှာနေတဲ့ ငါ့ကိုကိုက ပို့လိုက်တာလေ!!!
"ဟုတ်လား တကူးတကကြီး!!
"ကိုကိုက ငါ့ကိုချစ်လို့ ပို့ပေးတဲ့ဟာ မင်းက မနာလိုနေတာမလား"
"ငါက ဘာလို့ မနာလိုရမှာလဲ"
"ဘာလို့ဆို မင်းကို တကူးတက ပို့ပေးမယ့် ကိုကိုမရှိလို့"
ထိုကလေးမှာ မျက်နှာကြီးမဲ့ရှုံ့သွားသည်မို့ သူခိုးခိုးခစ်ခစ်ရယ်ရင်း
"မင်းနာမည် ဘယ်လိုခေါ်တာလဲ ငါက ရှောင်းရှောင်ချီ!!!
"ငါ့နာမည်က ကျန်းဇီချန်း ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်းတွေဖြစ်သွားပြီနော် .."
"ဘယ်သူက မင်းနဲ့ သူငယ်ချင်းလုပ်ချင်တယ် ပြောလို့လဲ သူက ကျင်းကျင်း ငါတို့က အမြွှာတွေ ဒါမှမဟုတ် မင်း သူ့ကိုသွားနှုတ်ဆက်လိုက်ပါ့လား ကျင်းကျင်းက ဖော်ရွေတယ်.."
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ရယ်မောနေသည့်ကျင်းကျင်းအား မေးငေါ့ရင်း သကောင့်သားလေးကို နားချလိုက်သည်။ သူ သူငယ်ချင်း မလိုချင်ပါ။ ကိုကိုကလည်းသူ့အရွယ်တုန်းက တစ်ယောက်ထဲတောက်ပခဲ့တာလို့ ပါးပါးကပြောဖူးပါသည်။ ကိုကို့ကို စံထားပြီး သူကလည်း တစ်ယောက်ထဲသာ နေချင်သည်။ သူငယ်ချင်း မလိုချင်။
သူအတွေးများနေခိုက် သကောင့်သားမှာ သူ့ပါးကို ဆွဲညှစ်လိုက်သည်မို့ ထခုန်မိမတတ်ဖြစ်သွားရတယ်။
"မင်းဘာလုပ်တာလဲ!!!
"ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်း ဖြစ်သွားပြီ!!!
ပြောပြီး လှစ်ခနဲ ပြေးထွက်သွားသည်မို့ သူ့မှာစွေ့စွေ့ခုန်ရင်း
"ကျန်းမျိုးရိုးနဲ့ကောင် ငါ သဘောမတူဘူး.. နားလည်လားငါ သူငယ်ချင်း မလိုဘူးလို့!!
ရှောင်းကျန့်နဲ့ ရိပေါ်မှာ သားဖြစ်သူကိုကြည့်ပြီး ခေါင်းတခါခါ။ သားက အမြဲတမ်း တည်ငြိမ်နေသည့်သူပင်။ အခုလိုမျိုးကတ်ကတ်လန် စွာနေတဲ့ပုံကလည်း ကလေးပီပီ ချစ်စရာကောင်းသည်ဟု ထင်မိတာမို့ အသည်းတယားယား။
မွေးနေ့ပြီးတော့ အချိန်က ည၁၂ခွဲ။ ကျန်းချန်တို့ကို နှုတ်ဆက်ပြီးသားနဲ့ သမီးကို သိပ်ပြီးမှ နှစ်ယောက်လုံး အခန်းထဲ ပြန်ဝင်လာလိုက်တယ်။ အရာရာ ရိပေါ်က ပိုပင်ပန်းသည်မို့ အခန်းထဲရောက်တာနဲ့ အပေါ်က ကုတ်အင်္ကျီတွေ အကုန်ချွတ်ပစ်လိုက်သည်။ ပင်ပန်းမှုကြောင့် ချွေးစိုနေတဲ့ ရိပေါ်မျက်နှာလေးကမီးရောင်အောက်မှာ အကြည့်လွှဲပစ်ချင်စရာမရှိ။ ရှောင်းကျန့်ကလည်း အမျိုးသားဆီ လျှောက်လာရင်း မျက်တောင်ပင်မခတ်။
သူ့ဟာသူ အင်္ကျီတွေ ချွတ်နေတဲ့ ရိပေါ်က သူရောက်နေသည်ကိုသတိမထားမိ။ သူကလည်း ရိပေါ်နောက်မှာ ရပ်ရင်း အနောက်ကနေ သိမ်းကျုံး ဖက်ပစ်လိုက်သည်။
"ဘာလုပ်တာလဲ.."
"ဖက်တာလေ.."
"ဒီမှာ ချွတ်နေတာ မပြီးသေးဘူး "
"နောက်မှချွတ်တော့ မင်းမျက်နှာလေးကို ကြည့်ပါရစေဦး!!!
ပုခုံးကနေ ကိုင်ပြီး မျက်နှာချင်းဆိုင် ဖြစ်သွားအောင်ဆွဲလှည့်လိုက်သည်။
"ပင်ပန်းလား!!
"အင်း.."
ထို့နောက် အနမ်းတစ်ပွင့်က ရိပေါ်နှဖူးပေါ်မှာ ကျရောက်လျက်
"ဘာလုပ်တာလဲ!!
"ဆုချတာ!!
"ဘာအတွက်လဲ.."
"ပင်ပန်းထားလို့ ကိုယ်က ဆုချတာ!!
ရိပေါ် မျက်ခုံးတွေ ပင့်တက်လျက် ပခုံးပေါ်မှာရှိနေသောအမျိုးသားရဲ့ လက်တွေကို ဖြုတ်ချကာ ချွတ်လက်စ အင်္ကျီကိုချွတ်ကာ အဝေးကို လှမ်းပစ်ပြီး ကုတင်ပေါ်မှာ ခပ်သာသာလေးခြေချိတ်ပြီး သွားထိုင်လိုက်တယ်။
"ဆုချတာဆို ဒီလောက်နဲ့ မလောက်သေးဘူး ခင်ဗျားလည်းသိတယ်မလား ကျွန်တော် အများကြီးပင်ပန်းထားတာလေ"
"ဒါဆို မင်းဘာလိုချင်တာလဲ.."
"အနားတိုးခဲ့..."
ရိပေါ်ခေါ်တော့ ရှောင်းကျန့်ကမငြင်းသာ။ အပြုံးမပျက် အနားကိုတိုးသွားလိုက်တယ်။
"ထပ်တိုးဦး!!!
ခေါင်းကို ငုံ့ကိုင်းလိုက်တော့ ရိပေါ်က အလျင်အမြန် အင်္ကျီကော်လံကို စိတ်မရှည်စွာ လှမ်းဆွဲပြီး နှုတ်ခမ်းချင်းဖိကပ်ပစ်လိုက်တယ်။
"ရိပေါ်!! မင်း..."
"ကျွန်တော်အများကြီး ပင်ပန်းထားရတာလေ ဘာလဲဒီလောက်တောင် မပေးချင်ဘူးလား"
"ဘယ်လိုဖြစ်နိုင်မှာလဲ ကိုယ်က မင်းအပိုင်ပဲဟာ ကြိုက်သလိုလုပ်လို့ရတယ်လေ.."
ရိပေါ်နဲ့ ဘေးချင်းကပ်ထိုင်ပြီး နုနယ်နေသေးတဲ့ ရိပေါ်မျက်နှာကိုတစိမ့်စိမ့်ငေးကြည့်နေမိတယ်။
"ဘာကြည့်တာလဲ ပါးရေတွန့်နေလို့လား!!
"မဟုတ်ပါဘူး ကိုယ့်အချစ်က သိပ်ကိုကြည့်ကောင်းနေလို့လေ သူများတွေဆို မင်းကို မအိုဆေးတွေစားထားတယ်လို့တောင်ထင်တော့မှာ သိလား.."
"ပေါက်တက်ကရတွေ!!!
"တကယ်ပြောတာပါဆို!!
"နောက်မနေနဲ့တော့..."
ရိပေါ် ရယ်ကျဲကျဲဖြင့် သူ့ကိုစနောက်နေတဲ့ အမျိုးသားရဲ့ရင်ဘက်ကို လက်သီးဆုပ်လေးနဲ့ ဖွဖွ ထိုး‌လိုက်တယ်။
"အဲ့ဒီတုန်းက ကျွန်တော် တကယ်ကြောက်သွားတာ!!
"ဘယ်တုန်းကလဲ!!
"လင်းပေါင် ကျွန်တော့်ကို ကားတင်ပြေးတော့လေ!!!
"............"
"ကျွန်တော် အရမ်းကြောက်သွားတာ"
"ဘာကို ကြောက်တာလဲ"
"ခင်ဗျားမျက်နှာကို ထပ်မတွေ့ရမှာ ကြောက်တာ စဉ်းစားကြည့်လေ အဲ့တုန်းက ခင်ဗျားကျွန်တော့်ကိုချစ်တယ်လို့ပြောထားခဲ့တာ ကျွန်တော့်ဘက်က အဖြေတောင် မပေးရသေးဘူး သေမယ်ဆိုရင်တောင် ဘယ်လိုလုပ်အသေဖြောင့်မှာလဲ"
"နိမိတ်မရှိတဲ့ စကားတွေ မပြောပါနဲ့တော့ အချစ်ရယ် နောက်ပြီး ကိုယ်တို့နှစ်ယောက်ရဲ့ စကားဝိုင်းထဲကို ဘယ်ကနေဘယ်လို လင်းပေါင်က ပါလာရတာလဲ.."
"သဝန်တိုတာလား.."
"တိုတယ်လေ ကိုယ့်စိတ်နဲ့ဆို အစကတည်းက မင်းနဲ့ သိခွင့်မရလို့ ကိုယ့်ဘာသာ ဝမ်းနည်းနေတာ.."
သူ့ကို လှည့်မကြည့်ပဲ ရှောင်းကျန့်က ပြောခြင်းသာမို့ သူကလည်းကြိတ်ပြီး ရယ်ရင်း အမျိုးသားရဲ့ အနားကို တိုးကပ်သွားလိုက်သည်။
"တစ်ချို့လူတွေက စောလွန်းအားကြီးတယ် တစ်ချို့ကျလည်းနောက်ကျတယ် ကျွန်တော့်အမျိုးသားကတော့ ကွက်တိကျသွားတာ.."
"ကွက်တိကျတယ် ဟုတ်လား!!
"အွန်း!!
တစ်ဖြည်းဖြည်း ပြုံးပျော်လာပုံကိုကြည့်ပြီး ရိပေါ် အမျိုးသားကိုအသည်းတယားယား ဖြစ်သွားရတယ်။ ထို့နောက် မျက်နှာကိုရှောင်းကျန့်ရင်ခွင်ထဲမှာ ထည့်ဝှက်ရင်း တင်းနေအောင်ပြန်ဖက်ထားလိုက်သည်။
"ကျန့်ကောကော... ခင်ဗျား သူ့အကြောင်းပြောတာမကြိုက်ရင်ဟန်နီ ထပ်မပြောတော့ပါဘူး တကယ်တော့ ကျွန်တော် သူ့ကိုအားနာမိရုံပါ အဲ့ဒီထက် မပိုပါဘူး.. ကျွန်တော်က ကျန့်ကောကောကို ချစ်တယ်၊ လေးစားတယ် တန်ဖိုးလည်းထားပါတယ် "
"ကိုယ်လည်း မင်းကိုချစ်ပါတယ် ဟန်နီရဲ့.. ရှေ့လျှောက်ပြီးရန်မဖြစ်ပဲ နေရအောင်နော်.."
"အွန်း!!!
"ကိုယ်ကပဲ အမြဲ‌အလျှော့ပေးပါ့မယ် .."
"ခင်ဗျားကို ယုံပါတယ်ဗျာ.. "
ရင်ခွင်ထဲမှာရှိတဲ့ကောင်လေးကို သူငုံ့ကြည့်သည်။ ထိုကောင်လေးမှာ အသက် တစ်နှစ်နဲ့တစ်နှစ်ကြီးလာပေမယ့် အခုထိ ၁၈နှစ်အရွယ်လေးလို နုပျိုနေဆဲ။
ကလေး၃ယောက် ရပြီးတဲ့နောက်မှာတောင် ဒီလောက်ထိ လှရက်နိုင်သေးတယ်။ ရိပေါ်မှာ ဘာစကားမှ မပြောပဲ သူ့ကိုသာစိုက်ကြည့်နေသော ထိုလူသားကြောင့် မျက်နှာလေး ပန်းရောင်ပြေးသွားရ၏။
"အဟမ်း . ဟို..."
သူ့စကားတွေက နှုတ်ခမ်းပေါ် ထပ်တူကျလာသည့် နှုတ်ခမ်းတစ်စုံကြောင့် လမ်းတစ်ဝက်မှာ ရပ်တန့်သွား၏။ ပြူးတိပြူးကြောင် ဖြစ်သွားသည့်သူ့ကို အမျိုးသားက အိပ်ယာပေါ်ပစ်လှဲပြီး အပေါ်စီးကနေ အုပ်မိုးကာ ဆက်၍ နမ်းပြန်၏။ သို့ရာတွင်သူကလည်း ထိုအနမ်းတွေအောက်ကနေ လွတ်မြောက်နိုင်စွမ်း မရှိခဲ့။
..............................
"ချီမင်.. အခုတလော သားအဆင်ပြေရဲ့လား"
"ဟုတ် ပြေပါတယ် ဖာသာ!!
"မင်းမရှိတော့ ညီလေးတွေ ညီမလေးတွေက လွမ်းနေတာသူတို့ အစားတောင် ကောင်းကောင်းမစားနိုင်ကြဘူးလေ"
ဖာသာက သက်ပြင်းတချချနဲ့ ပြောရင်း သူ့ကိုငြင်သာစွာကြည့်လေတယ်။ သူကလည်း တစ်ချိန်က ဒီနေရာက ၊ ကလေးတစ်ယောက်ဖြစ်ခဲ့တာမို့ ကျောင်းက လူအများစုက သူ့ကိုမသိသူမရှိကြ။ သူဟာလည်း မွေးနေ့လောက်ပဲ လာဖြစ်တော့တယ်...။
ဖာသာက သဘောကောင်းတယ်။ သူ့ကို သားအရင်းတစ်ယောက်လို ချစ်ပြီး ထွက်သွားရတော့မယ့်အချိန်ရောက်တာတောင်ဒီမှာပဲ ဆက်နေဖို့ ခဏခဏ နားချသော်လည်း သူသိတယ်ဒီလိုလုပ်လို့မရဘူးဆိုတာကိုပေါ့။ လိမ်လည်မှုနဲ့ ထောင်ကျသွားတဲ့မွေးစားမိဘတွေက သူ့အပေါ် မကောင်းသည်မို့ ပြန်လွမ်းစရာလည်းမရှိ။ အဲ့ဒီအဖြစ်ပျက် ဖြစ်သွားပြီးနောက် မိဘမဲ့ဂေဟာကိုသူပြန်ရောက်လာတာ ၃ကြိမ်မြောက်။
အခုတော့ သူအမှန်တကယ် လွတ်မြောက်သွားပြီလို့ ဆိုရမှာပေါ့။ သူများ လောင်းရိပ်အောက်မှာ သူကလည်း နေလိုစိတ်မရှိပါဘူး။နောက်ပြီး သူ့ကိုမွေးထားတဲ့ မိဘတွေကိုတောင် မမြင်ခဲ့ဘူးတာ။
"အရွယ်ရောက်လာတော့ အရပ်ရှည်လာပြီး လူချောလေးဖြစ်လာခဲ့တာပဲ..."
"ဟုတ်ကဲ့ ဖာသာ!!!
"ဒါဆို ညီလေးတွေ ညီမလေးတွေနဲ့ သွားတွေ့လိုက်ပါဦး!!
"အဟား!! ကျွန်တော်က တစ်နှစ်မှ တစ်ကြိမ်ရောက်တာဆိုတော့သူတို့ ကျွန်တော့်မျက်နှာကို မှတ်မိပါ့မလား"
"အဲ့အတွက် ပူမနေနဲ့ ရှုယီက မင်းရဲ့ ပုံကို နေ့တိုင်းဆွဲပြီးကလေးတွေ မမေ့အောင် လုပ်ပေးတာလေ သွားမှာသာသွားစမ်းပါ.."
"ဟမ်.. ရှုယီက အဲ့လိုလုပ်ပေးတာလား!!!
အံ့အားသင့်သွားပေမယ့် သူ့မှာရှုယီကို ကျေးဇူးတင်စိတ်နည်းနည်းမှရှိမနေပါ။ ရှုယီက သူဂေဟာမှာ နေတုန်းကရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်ပင်။
"ဒါဆို ကျွန်တော် သူတို့ကို သွားတွေ့လိုက်ဦးမယ်!!
"ကောင်းပြီ!!!
သူ ဖာသာကို နှုတ်ဆက်ပြီး လှည့်ထွက်လာတော့ Massage notiသံက ထွက်ပေါ်လာသည်မို့ ဖုန်းထုတ်ကြည့်လိုက်တယ်..။ phone number က သူမရင်းနှီးတဲ့ နံပါတ်တစ်ခုမို့ မျက်မှောင်ကြုတ်သွားပေမယ့် ပို့လာတဲ့ စာစောင်ကို ဖွင့်ဖတ်ကြည့်ရင်းစုကြုတ်ထားတဲ့ မျက်ခုံးတို့က ဖြည်းဖြည်းချင်း ပြေလျော့သွားတယ်။
'သို့/ ချီချီ... မွေးနေ့မှာ ပျော်ရွှင်ပါစေ ဘယ်တုန်းကမှ မဆက်သွယ်နိုင်ခဲ့လို့ တောင်းပန်ပါတယ် တကယ်တော့ ဖိုးဖိုးက ကျွန်တော့်ဖုန်းကို သိမ်းထားတာဒီနေ့ဒီချိန်ထိ အိမ်ကိုဖုန်းဆက်တဲ့ အရေအတွက်ကတောင်လက်ချိုးရေလို့ ရတယ်.. ချီချီ ကျွန်တော့်ကို စိတ်မဆိုးရဘူးနော်...
ဖိုးဖိုးက ကျွန်တော့်ကို သူငယ်ချင်း ရစေချင်နေတာဒယ်ဒီနဲ့ ပါးပါးကလည်း အဲ့အတိုင်းပဲ အဲ့ဒါကြောင့် သူငယ်ချင်းးရှာမလားလို့ စဉ်းစားနေတာ ဒါပေမယ့် ခင်‌ဗျားစိတ်မပူပါနဲ့ကျွန်တော် ဘယ်သူ့ကိုမှ ခင်ဗျားထက် ပိုပြီး မခင်တွယ်ပါဘူး ကျွန်တော် ပြန်လာတာကို စောင့်နေပါ..
မှ \ ရှောင်းပေါ်ပေါ်.....
မျက်ရည်ကျမတတ် ဝမ်းသာစို့နင့်မှု‌နဲ့အတူ ရင်ထဲ အနွေးလှိုင်းလေး တစ်ဖြတ် ဖြစ်သွားတယ်။ ကိုယ့်မွေးနေ့ ရောက်တိုင်းပန်းစည်းတွေ ပို့ပေးနေတာက မင်းလား ရှောင်းပေါ်..။ အိမ်ပြန်တဲ့အချိန်ရောက်ရင် သေချာတယ် သူ့တံခါးဝမှာ ပန်းစည်းနဲ့ သူကြိုက်တတ်တဲ့ မုန့်တွေ ၊ တွေ့ရလိမ့်မယ်ဆိုတာ။
"ရှောင်းပေါ် တကယ် မင်းဖြစ်နေတာပဲ!!!!!
တုန်ရီတဲ့လက်တွေနဲ့ ဖုန်းခေါ်လိုက်တော့ ဆက်သွယ်မှုဧရိယာပြင်ပတဲ့။
"ပြဿနာမရှိပါဘူး မင်းပြန်လာဦးမှာပဲ ဘယ်လောက်ကြာကြာကိုယ်စောင့်ပါ့မယ်.." 
Phone Screen ပေါ်မှာ အသက်၈နှစ်အရွယ် ကောင်လေးတစ်ယောက်မှာ အရယ်အပြုံးမရှိပေမယ့် ကြည့်လို့ကောင်းနေဆဲ။
"ကိုကိုချီမင်!! ဘာရပ်လုပ်နေတာလဲ ကျွန်တော်တို့နဲ့လာကစားလေ.."
ကလေးတစ်ယောက်ရဲ့ အသံကြားမှ ဘယ်အချိန်ကမှန်းမသိလှိမ့်ဆင်းလာတဲ့ မျက်ရည်တွေကို လက်နဲ့ ဖွဖွလေးသုတ်ပစ်လိုက်တယ်။ ထို့နောက် အပြုံးနဲ့အတူ သူ့ကို လက်ယက်ခေါ်နေတဲ့ကလေးရှိရာကို အပြေးလေး သွားရင်း
"လာပြီ.. ကိုကို မင်းတို့ကို သတိရနေတာ.."
The...End
စာနည်းနည်းရှည်လို့ ကျေးဇူးတင်လွှာကိုကျိန်းသေ ဖတ်ပေးပါနော် 😖😖
Zawgyi
သိုက်သိုက်ဝန်းဝန်း ရှိနွေကသော လူကုံထံတွေကားမှာ သမီးကပျော်နေသလောက် သားကတော့ ငြိမ်ငြိမ်လေးသာ ထိုင်နွေခင်ွးဖစ်သည်။ အမြွှာဖစ်သော်ငြား အကျင့်စရိုက်ကတော့တစ်ွခားစီပဲ။ ကလေးနှစ်ယောက်မှာ တူညီသည့် တစ်ခုတည်းသော အရာက ပုစွန်ွကိုက်တာပင်။
"ရိပေါ်.."
ကျန်းချန် မျက်နှာကွကည်လင်နေပြီး အရောင်တွေတဖိတ်ဖိတ်တောက်နေ၏။ အွေကာင်းကတော့ သူပျော်နေပါတယ်ပေါ့...။ ဒင်းကလည်း ဟွိုက်ခွမ်းကောနဲ့ ကိစ်စွေကာင့် ပေကျင်းကို ပြန်ပြီးမလာနိုင်ပါ ။ သူတို့သတင်းကို မိဘတွေသိတော့ အဖွာွးဖစ်သူကသွေးတတ်ပြီး မူးမေ့လဲသည်ဆိုပဲ..။
အခုမှ ဆိုင်းမဆင့်ဘုံမဆင့်ရောက်လာသည့် ကျန်းချန်မှာ ဘေးကဟွိုက်ခွမ်းကောကို လက်ချိတ်ပြီး မိမိကို ပြန်လွာဖစ်မယ်ဆိုတဲ့အွေကာင်း မပြောခဲ့ပါချေ။
"ကျန်းချန် မင်းဘယ်လိုရောက်လာတာလဲ ပြောတေွာ့ဖင့်ဟိုမှာပဲ အွေခချမယ်ဆို.."
"အဲ့တုန်းက ငါ့မိသားစုက ငါ့ကို ပြန်လာရဲရင် ပြန်လွာကည့်ဆိုပြီွးခိမ်ွးေခာက်ထားတော့ ငွါေကာက်လို့ အထူးသွဖင့် ငါ့အဖွား!!
ကျန်းချန်မှာ တကယ်လည်း ဟိုမှာ အွေခချဖို့ ဆုံွးဖတ်ထား၏။ တစ်ခါတစ်လေ မိသားစုကို လွမ်းပေမယ့် မားဆီ ပြန်သွားပါကအတင်းမွကပ် အိမ်ထောင်ပြုပေးမှာကွိုကိုသိသည်။ ဒွါေကာင့်မိသားစုကိုလွမ်းတဲ့စိတ်အား ဟွိုက်ခွမ်းကော မျက်နှာကွိုကည့်ကွာေဖဖျောက်ခဲ့ရသည်။
"မင်းပြန်လာတာ ဘာလို့ ငါ့ကွိုကိုမပြောရတာလဲ"
"ွကိုပြောရင် ဘယ်လိုလုပ် Surpriseွဖစ်ပါတော့မလဲ"
"ငါလည်း ပြန်လွာဖစ်မယ်မထင်ထားဘူး"
ထိုအခါ လေတံခွန်လေးကို ဝှေ့ယမ်းပြီး ပြေးလွှားဆော့နေတဲ့ကျင်းကျင်းကို သွူကည့်လျက်
သူ့ကိုမြင်တဲ့အခါ ကျင်းကျင်းက ခဏွေကာင်သွား၏။ ပြီးမှမှတ်မိသွားဟန် အပြုံွးကီွးကီွးဖင့် သူ့ဆီပြေးလာခဲ့သည်..။
"ရှောင်ချီက ဒီလိုနေရာတွေ မွကိုက်ဘူးလေ သူအိမ်ထဲမှာရှိပါတယ် ဦးဦးရဲ့.."
"ဟုတ်ကဲ့ ပါးပါး!!
"အပြင်မှာ ရှိတယ်.."
"ဒါဆို!!!
"မင်းက မွေးနေ့ရှင်လား!!!
သားသားနားနား ဝတ်စားဆင်ယင်ထားသည့် ကလေးငယ်မှာ သူ့ကို စူးစမ်းသလွိုကည့်ပြီး မေး‌လေရဲ့။
"ဟုတ်တယ် ဘာလို့လဲ.."
"............"
"ငါ မွေးနေ့ရှင်ကို မမြင်ဖူးလို့ လွာကည့်တာ..."
"မင်းတို့က အမြွှာဆို!!!
"အင်း!!
"မင်း... ဘာတွေစားနေတာလဲ"
ပုစွန် တစ်ကောင်ကို ယူပြီး လှမ်းပေးတော့ ထိုကလေးက မျက်မှောင်ွကုတ်သည်။ ပြီးမှ
"ပုစွန်ပါဆို!!!
ထိုကလေးက သူ့လက်ထဲကွဖူဖက်ွဖူလျော်ွဖစ်နေတဲ့ ပုစွန်ကိုဆတ်ခနဲ လှမ်းယူပြီး အလယ်ကနေ ချိုးပစ်ကာ တစ်ပိုင်းကိုပါးစပ်ထဲကောက်ထည့်လိုက်သည်။
"ရှောင်ချီ...!!!
ွေခဆောင့်ပြီး ရှောင်ချီ အိခနဲ ငိုချတော့ ရိပေါ် ပြာယာခတ်သွားတာအမှန်ပင်။ွေကာင်အမ်းကာ ဘာလုပ်လို့ လုပ်ရမှန်းမသွိဖစ်နေတဲ့ သူ့ကွိုကည့်ပြီး ကျန်းချန်ကလည်း မနေသာတော့ပါ။
ဘယ်သူပြောတာမှ နားမထောင်တဲ့ ရှောင်ချီက ရှိုက်ွကီးတငင်ငိုပြီး အပေါ်ထပ်ကို ပြေးတက်သွားတယ်။
"ရိပေါ်.. ရှောင်ချီက!!!
"ပြီးမှ ဆက်ပြောရအောင် ငါ့သားက ပိုအရေွးကီးတယ်"
"ရိပေါ်..."
"မွကားချင်ဘူး!!!
"ကိုယ်တို့ အတင်းအွကပ် ဝင်သွားရင် ရှောင်ချီ ပိုပြီးစိတ်ဆိုးလောက်တယ် တစ်ွခားနည်းလမ်း ထပ်ပြီးစဉ်းစားရအောင် ရှောင်ချီ စိတ်လျှော့သွားစေမယ့် တစ်ခုခုပေါ့"
"အွကံရပြီ!!!
ရိပေါ် စဉ်းစားမိတဲ့ တစ်ခုသော အရွာေကာင့် မျက်ဝန်းတွေကအရောင်တစ်လက်လက်။
"ဘာအွကံလဲ ရိပေါ်!!
"ဒါပေမယ့် !!!!
"ကျွန်တော်တို့မှာ တစ်ွခားနည်းလမ်းမရှိတော့ဘူး ဒါကတစ်ခုတည်းသော နည်းလမ်းပဲ.."
"ဘာလို့လဲ ပါးပါး.. ဘာလို့ ကျွန်တာ့်ကို အလောတွကီးဖုန်းခေါ်ရတာလဲ.."
"အဟင်း!! တစ်ွခား မဟုတ်ပါဘူး ရှောင်ချီစိတ်ကောက်သွားလို့ပါးပါး သူ့ကို ဘယ်လိုချော့ချော့ လုံးဝ တံခါးမဖွင့်ပေးဘူးလေမင်းဒယ်ဒီနဲ့ ပါးပါး အခုပဲ တံခါးဖျက်မလို့တွေးနေတာသားကို သတိရသွားလို့ပါ.. ပုံမှန်ဆို ရှောင်ချီလေးက သားကို ပိုခင်တွယ်တာမလား .."
အွေခနေက ဘာမှမထူး...
ဂျောက်!!!
သူလှမ်းပေးတဲ့ဖုန်းကို ရှောင်ချီက လက်သေးသေးလေွးဖင့်လှမ်းယူ၏။ သားရဲ့ မို့အစ်နေတဲ့ မျက်နှာကိုမြင်တော့ သူရောရှောင်းကျန့်ပါ စိတ်မကောင်ွးက။ ရှောင်ချီက ငိုခဲတဲ့ ကလေးမို့ ပိုပြီး စိတ်မကောင်ွးဖစ်သွာွးကွခင်ွးဖစ်၏။
"ကိုကို.. ဒယ်ဒီနဲ့ပါးပါးနဲ့ နောက်ပြီး အားရီတို့ကရော သားကိုဝိုင်းလိမ်ွကတယ်..."
"ဟုတ်လား ကိုကို့ကိုပြောပါဦး သူတို့က ဘယ်လိုလိမ်ွကတာလဲ"
"ရှောင်ချီ!! မငိုနဲ့ ဒယ်ဒီရော ပါးပါးရော ရှောင်ချီကိုချစ်ပါတယ်ကိုကိုကလည်း ရှောင်ချီကို ချစ်တာပဲ ဘယ်သူမှမချစ်ရင်တောင်ကိစ်စမရှိဘူး ကိုကို မင်းကိုချစ်တယ်နော်.."
"ပါးပါးတို့လိမ်တယ်ဆိုတာကလည်း ရှောင်ချီ့ကို ချစ်ွကလို့ရှောင်ချီ စိတ်မကောင်ွးဖစ်သွားမှာ စိုးလို့လေ.."
".............."
ရှောင်ချီက ခေါင်းခါတော့ ရှောင်းပေါ်မှာ ပြုံးလျက် သူ့ညီလေးမျက်နှာကိုသာ မလွတ်တမ်းစိုက်ွကည့်ရင်း
"ရှောင်ချီက ဖိုးဖိုးနဲ့တူတာ ပုစွန်နဲ့ မတည့်ဘူး အဲ့ဒွါေကာင့်ရှောင်ချီ စိတ်မကောင်ွးဖစ်မှာစိုးလို့ ဂျုံနဲ့ လုပ်ထားတဲ့ မုန့်ကိုလိမ်ကျွေးခဲ့တာပါ.."
"ဒါပေမယ့်!!!!
"ကိုကို.. တကယ်လားဟင်.."
"လိမ်မာတယ် အပြင်ထွက်ွကည့်လိုက် လက်ဆောင်ကအစွောကီးကတည်းက ရောက်နေပြီ.."
"ရှောင်ချွီကိုက်တဲ့ အနီရောင်လေးကို၊ ကိုကို ကိုယ်တိုင်ရွေးပေးတာ သိလား ကောင်းကောင်းတန်ဖိုးထားရမယ်နော်!!
ရှောင်ချီနဲ့ကျင်းကျင်းက အွကိုက်မတူပါ။ ကျင်းကျင်းကအပြာရောင်ွကိုက်တတ်ပေမယ့် ရှောင်ချီကတော့ အနီရောင်ပွဲကိုက်သည်မို့ လက်ဆောင်ပစ်စည်းနဲ့ ပတ်သတ်ရင် နှစ်ယောက်သား ရန်ွဖစ်ွကတယ်ဆိုတာက ခပ်ရှားရှားပင်။
ရှောင်းပေါ်မှာ အလုပ်ကိစ်စရှိသေးတာမို့ ခပ်မြနိမြန်နှုတ်ဆက်ပြီးဖုန်းချသွားသည်။ ထို့နောက် ရိပေါ်က ရှောင်ချီရှေ့မှာ ဆောင့်ွေကာင့် ထိုင်ရင်း
ရှောင်းကျန့်ဟာလည်း ခပ်ပြုံးပြုံွးဖင့်
‌ရှောင်းကျန့်က စိတ်ပြေသွားတဲ့ သာွးဖစ်သူကို ပွေ့ချီလိုက်ပြီးပါးတစ်ချက် နမ်းရှုံ့ရင်း အောက်ထပ်ကို ပြန်ဆင်းလာလိုက်တယ်။သူ့ကိုကို ပို့လိုက်တဲ့ စက်ဘီွးေကာင့် ရှောင်ချီမှာ အလွန်အမင်းပျော်သွားကာ ရှောင်းကျန့်ပေါ်ကနေ ခုန်ဆင်းပစ်လိုက်တော့သည်။
"ကိုကိုက သားအွကိုက်ကို တော်တော်သိတာပဲ.."
"မွေးနေ့လက်ဆောင်က အရမ်းမိုက်တာပဲ ငါကိုင်ွကည့်လို့ရလား"
"ဟုတ်လား တကူးတကွကီး!!
ထိုကလေးမှာ မျက်နွှာကီးမဲ့ရှုံ့သွားသည်မို့ သူခိုးခိုးခစ်ခစ်ရယ်ရင်း
"ငါ့နာမည်က ကျန်းဇီချန်း ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်းတွေဖစ်သွားပြီနော် .."
သူအတွေးများနေခိုက် သကောင့်သားမှာ သူ့ပါးကို ဆွဲညှစ်လိုက်သည်မို့ ထခုန်မိမတတ်ွဖစ်သွားရတယ်။
"မင်းဘာလုပ်တာလဲ!!!
"ဒီနေ့ကစပြီး ငါတို့ သူငယ်ချင်ွးဖစ်သွားပြီ!!!
"ဘာလုပ်တာလဲ.."
"ဖက်တာလေ.."
"နောက်မှချွတ်တော့ မင်းမျက်နှာလေးကွိုကည့်ပါရစေဦး!!!
ပုခုံးကနေ ကိုင်ပြီး မျက်နှာချင်းဆိုင်ွဖစ်သွားအောင်ဆွဲလှည့်လိုက်သည်။
"ပင်ပန်းလား!!
"အင်း.."
"ဘာလုပ်တာလဲ!!
"ဆုချတာ!!
"ဘာအတွက်လဲ.."
ရိပေါ် မျက်ခုံးတွေ ပင့်တက်လျက် ပခုံးပေါ်မှာရှိနေသောအမျိုးသားရဲ့ လက်တွေကွိုဖုတ်ချကာ ချွတ်လက်စ အင်ကျီကိုချွတ်ကာ အဝေးကို လှမ်းပစ်ပြီး ကုတင်ပေါ်မှာ ခပ်သာသာလေွးေခချိတ်ပြီး သွားထိုင်လိုက်တယ်။
"ဆုချတာဆို ဒီလောက်နဲ့ မလောက်သေးဘူး ခင်ဗျားလည်းသိတယ်မလား ကျွန်တော် အမျာွးကီးပင်ပန်းထားတာလေ"
"အနားတိုးခဲ့..."
"ထပ်တိုးဦး!!!
ခေါင်းကို ငုံ့ကိုင်းလိုက်တော့ ရိပေါ်က အလျင်အမြန် အင်ကျီကော်လံကို စိတ်မရှည်စွာ လှမ်းဆွဲပြီး နှုတ်ခမ်းချင်းဖိကပ်ပစ်လိုက်တယ်။
"ရိပေါ်!! မင်း..."
"ကျွန်တော်အမျာွးကီး ပင်ပန်းထားရတာလေ ဘာလဲဒီလောက်တောင် မပေးချင်ဘူးလား"
"ဘယ်လွိုဖစ်နိုင်မှာလဲ ကိုယ်က မင်းအပိုင်ပဲဟွာကိုက်သလိုလုပ်လို့ရတယ်လေ.."
ရိပေါ်နဲ့ ဘေးချင်းကပ်ထိုင်ပြီး နုနယ်နေသေးတဲ့ ရိပေါ်မျက်နှာကိုတစိမ့်စိမ့်ငေွးကည့်နေမိတယ်။
"ဘွာကည့်တာလဲ ပါးရေတွန့်နေလို့လား!!
"မဟုတ်ပါဘူး ကိုယ့်အချစ်က သိပ်ကွိုကည့်ကောင်းနေလို့လေ သူများတွေဆို မင်းကို မအိုဆေးတွေစားထားတယ်လို့တောင်ထင်တော့မှာ သိလား.."
"ပေါက်တက်ကရတွေ!!!
"တကယ်ပြောတာပါဆို!!
"နောက်မနေနဲ့တော့..."
ရိပေါ် ရယ်ကျဲကျွဲဖင့် သူ့ကိုစနောက်နေတဲ့ အမျိုးသားရဲ့ရင်ဘက်ကို လက်သီးဆုပ်လေးနဲ့ ဖွဖွ ထိုး‌လိုက်တယ်။
"အဲ့ဒီတုန်းက ကျွန်တော် တကယ်ွေကာက်သွားတာ!!
"ဘယ်တုန်းကလဲ!!
"............"
"ကျွန်တော် အရမ်ွးေကာက်သွားတာ"
"ဘာကိုွေကာက်တာလဲ"
"ခင်ဗျားမျက်နှာကို ထပ်မတွေ့ရမှာွေကာက်တာ စဉ်းစာွးကည့်လေ အဲ့တုန်းက ခင်ဗျားကျွန်တော့်ကိုချစ်တယ်လို့ပြောထားခဲ့တာ ကျွန်တော့်ဘက်က အွေဖတောင် မပေးရသေးဘူး သေမယ်ဆိုရင်တောင် ဘယ်လိုလုပ်အသွေေဖာင့်မှာလဲ"
"သဝန်တိုတာလား.."
သူ့ကို လှည့်မွကည့်ပဲ ရှောင်းကျန့်က ပြွောခင်းသာမို့ သူကလည်ွးကိတ်ပြီး ရယ်ရင်း အမျိုးသားရဲ့ အနားကို တိုးကပ်သွားလိုက်သည်။
"တစ်ချို့လူတွေက စောလွန်းအာွးကီးတယ် တစ်ချို့ကျလည်းနောက်ကျတယ် ကျွန်တော့်အမျိုးသားကတော့ ကွက်တိကျသွားတာ.."
"ကွက်တိကျတယ် ဟုတ်လား!!
"အွန်း!!
"ကျန့်ကောကော... ခင်ဗျား သူ့အွေကာင်းပြောတာမွကိုက်ရင်ဟန်နီ ထပ်မပြောတော့ပါဘူး တကယ်တော့ ကျွန်တော် သူ့ကိုအားနာမိရုံပါ အဲ့ဒီထက် မပိုပါဘူး.. ကျွန်တော်က ကျန့်ကောကောကို ချစ်တယ်၊ လေးစားတယ် တန်ဖိုးလည်းထားပါတယ် "
"ကိုယ်လည်း မင်းကိုချစ်ပါတယ် ဟန်နီရဲ့.. ရှေ့လျှောက်ပြီးရန်မွဖစ်ပဲ နေရအောင်နော်.."
"အွန်း!!!
ရင်ခွင်ထဲမှာရှိတဲ့ကောင်လေးကို သူငုံွ့ကည့်သည်။ ထိုကောင်လေးမှာ အသက် တစ်နှစ်နဲ့တစ်နှစ်ွကီးလာပေမယ့် အခုထိ ၁၈နှစ်အရွယ်လေးလို နုပျိုနေဆဲ။
"အဟမ်း . ဟို..."
..............................
"ဟုတ် ပြေပါတယ် ဖာသာ!!
"မင်းမရှိတော့ ညီလေးတွေ ညီမလေးတွေက လွမ်းနေတာသူတို့ အစားတောင် ကောင်းကောင်းမစားနိုင်ွကဘူးလေ"
ဖာသာက သက်ပြင်းတချချနဲ့ ပြောရင်း သူ့ကိုငြင်သာစွာကည့်လေတယ်။ သူကလည်း တစ်ချိန်က ဒီနေရာက ၊ ကလေးတစ်ယောက်ွဖစ်ခဲ့တာမို့ ကျောင်းက လူအများစုက သူ့ကိုမသိသူမရွှိက။ သူဟာလည်း မွေးနေ့လောက်ပဲ လွာဖစ်တော့တယ်...။
"အရွယ်ရောက်လာတော့ အရပ်ရှည်လာပြီး လူချောလေွးဖစ်လာခဲ့တာပဲ..."
"ဟုတ်ကဲ့ ဖာသာ!!!
"အဟား!! ကျွန်တော်က တစ်နှစ်မှ တစ်ွကိမ်ရောက်တာဆိုတော့သူတို့ ကျွန်တော့်မျက်နှာကို မှတ်မိပါ့မလား"
"ကောင်းပြီ!!!
သူ ဖာသာကို နှုတ်ဆက်ပြီး လှည့်ထွက်လာတော့ Massage notiသံက ထွက်ပေါ်လာသည်မို့ ဖုန်းထုတ်ွကည့်လိုက်တယ်..။ phone number က သူမရင်းနှီးတဲ့ နံပါတ်တစ်ခုမို့ မျက်မှောင်ွကုတ်သွားပေမယ့် ပို့လာတဲ့ စာစောင်ကို ဖွင့်ဖတ်ွကည့်ရင်းစွုကုတ်ထားတဲ့ မျက်ခုံးတို့ကွဖည်ွးဖည်းချင်း ပြေလျော့သွားတယ်။
ဖိုးဖိုးက ကျွန်တော့်ကို သူငယ်ချင်း ရစေချင်နေတာဒယ်ဒီနဲ့ ပါးပါးကလည်း အဲ့အတိုင်းပဲ အဲ့ဒွါေကာင့် သူငယ်ချင်းးရှာမလားလို့ စဉ်းစားနေတာ ဒါပေမယ့် ခင်‌ဗျားစိတ်မပူပါနဲ့ကျွန်တော် ဘယ်သူ့ကိုမှ ခင်ဗျားထက် ပိုပြီး မခင်တွယ်ပါဘူး ကျွန်တော် ပြန်လာတာကို စောင့်နေပါ..
မှ \ ရှောင်းပေါ်ပေါ်.....
"ရှောင်းပေါ် တကယ် မင်ွးဖစ်နေတာပဲ!!!!!
"ပြဿနာမရှိပါဘူး မင်းပြန်လာဦးမှာပဲ ဘယ်လောက်ွကွာကာကိုယ်စောင့်ပါ့မယ်.." 
Phone Screen ပေါ်မှာ အသက်၈နှစ်အရွယ် ကောင်လေးတစ်ယောက်မှာ အရယ်အပြုံးမရှိပေမယ့်ွကည့်လို့ကောင်းနေဆဲ။
The...End
There are no comments yet. Log in to be the first to leave a review!
Similar stories