Fanfics
Extra |1|
17:11, 1 February 2026
Unicode
"ပြန်လာပြီလား ဆရာ.."
ကားပေါ်က ဆင်းသည်နှင့် အိမ်အကူမိန်းကလေးက သူ့ကိုခေါင်းငုံ့အရိုသေပြုတာမို့ သူကလည်း အပြုံးလေးနဲ့ တုန့်ပြန်လိုက်တယ်။ လက်ထပ်ပြီးသည့်နောက် ဒီအိမ်မှာ ချစ်ရသူနဲ့ လိုက်နေတာ၅နှစ်အတိ။ ချစ်သူရဲ့ မိဘတွေကလည်း သူ့ကိုမျက်နှာမငယ်စေခဲ့။ ဒါကြောင့်လည်း သူက လူမှုပတ်ဝန်းကျင်မှာ မျက်နှာပွင်ါနေတာ ဖြစ်လိမ့်မယ်။
"ဟုတ်သားပဲ ဒီနေ့ အဖေနဲ့အမေ အိမ်ပြန်မရောက်သေးဘူးလားခါတိုင်းထက် တိတ်ဆိတ်နေသလိုပဲ.."
"ရှိပါတယ် ဆရာ ဟို.. မစ္စတာလင်းလည်း ရှိနေပါတယ် သူတို့ကိုကြည့်ရတာ ဆရာ့ကိုစောင့်ရင်း တစ်ခုခုဆွေးနွေးနေပုံပဲ"
"ဟင် ဟုတ်လား.."
ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်ပြီး သက်ပြင်းမောတစ်ချက်ချလိုက်တယ်။ ထို့နောက် သူ့ခြေလှမ်းတွေက မိသားစု၃ယောက်ရှိတဲ့ နေရာကို ခပ်သွက်သွက် လှမ်းလေသည်..။ ဧည့်ခန်းထဲကိုရောက်တော့ ‌ရှောင်းပေါ်ပါ ရှိနေတာကို တွေ့ရသည်။
"ဪ သား လာပြီလား ဒီမှာ အခုပဲသားအကြောင်းပြောနေတာ.."
"ဟုတ်ကဲ့ မား!!!
သို့နှင့် မိန့်မိန့်ကြီး ထိုင်နေပြီး သူ့အားတစ်ချက်မှ ငဲ့မကြည့်သည့်ထိုလူသားကို မဝံ့မရဲ ကြည့်ပြီး ဘေးမှာ ကပ်ထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲဟင် ဒီနေ့ လူစုံတက်စုံပါလား!!
"အဟင်း!! မားလည်း မသိတော့ပါဘူး မင်းနည်းနည်းပါးပါးပြောကူစမ်းပါဦး လင်းပေါင်က အိမ်ခွဲနေချင်လို့တဲ့.."
"ဗျာ.. အိမ်ခွဲနေမယ် ဟုတ်လား!!
"ဟုတ်တယ် .."
"မင်း ဘာလို့ဒီလိုဆုံးဖြတ်ရတာလဲ ငါတို့ဒီမှာ မားတို့နဲ့အတူနေတာလည်း အဆင်ပြေနေတဲ့ဟာ.."
"ဒီမှာနေရတာ မလွတ်လပ်လို့!!!
အဖြေက တိကျသလို ပြတ်လည်းပြတ်တယ်။ တကယ်တော့မလွတ်လပ်တာ မဟုတ်ပဲ သူ့ကိုဆူပူကြိမ်းမောင်းတဲ့အခါ ကြားထဲကနေ မားနဲ့ပါးက ကာစီးကာစီး အမြဲလုပ်သည်ကိုလင်းပေါင်က သဘောမကျမှန်း သူသိပ်သိတာပေါ့...။
"အဲ့ဒါ ပြောတာပေါ့ ဘာကိုမလွတ်လပ်တာလဲ ဒီမှာဆိုမားက မင်းတို့ကို မျက်စိအောက်ထားပြီး ကောင်းကောင်းဂရုစိုက်နိုင်တယ်"
"ဟ!!! ကျုပ်က၊ ကလေးမှမဟုတ်တာ ကိုယ့်ကိုယ်ကိုယ်လည်းဂရုစိုက်နိုင်တယ် ဘယ်သူ့အကူညီမှ မလိုဘူး.."
"လင်းပေါင် မရိုင်းနဲ့ အဲ့ဒါ မင်းအမေနော်!!
"ခင်ဗျားပါးစပ်ပိတ်ထားစမ်းပါ !!
"လင်းပေါင်!!!
ပါးနဲ့မားက လင်းပေါင်ကို စိတ်ဆိုးပုံရပြီး ရှူးရှူးရှဲရှဲဖြစ်သွား၏။ သို့တိုင် လင်းပေါင်ကလည်း ဂရုမစိုက်...
"ကျိုးဖုန်း.. ငါတို့တစ်ပတ်အတွင်း အိမ်ပြောင်းမယ် !!
"ဟင် ဘယ်အိမ်ပြောင်းမှာလဲ.."
"ငါ ဝယ်ထားတဲ့အိမ်!!!!
ထိုစကားသာ ပြောပြီး လှည့်ထွက်သွားသူကို သူ့ကိုတစ်ချက်မှလှည့်မကြည့်။ သတိပြန်ရလာပြီးနောက် သူ့ကိုအစစ အရာရာဂရုစိုက်တဲ့ ပေါင်ပေါင်က ပျောက်ကွယ်သွားခဲ့သည်။ သူ့လက်သန်းကြွယ်က မောင်းကွင်းလေးကို ဖွဖွကလေးပွတ်သပ်ရင်းရင်နာနာနဲ့ ပြုံးလိုက်မိတယ်။
ပေါင်ပေါင်သာဆို သူ့ကို နာကျင်အောင် လုပ်မှာမဟုတ်ဘူး..။ သူကသာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို အလေးနက်ထားနေတာ ချစ်ရသူကတော့ လက်သန်းကြွယ်က လက်စွပ်တောင် ရှိမနေဘူးလေ။
ဒါပေမယ့် အပြစ်လည်း မဆိုသာ။ ကျေလည်း ကျေနပ်တယ်ဒီလမ်းက ကိုယ်တိုင်ရွေးခဲ့တဲ့ လမ်းဆိုမှတော့ ခရီးဆုံးတဲ့အထိလျှောက်ရတော့မှာပေါ့။ မင်းတစ်နေ့ကျ နားလည်လာပါလိမ့်မယ်။ငါမင်းကို မင်းထင်ထားတာထက် ချစ်တယ်။ မင်းအတွက်ဘာမဆို လုပ်ရဲတယ်ဆိုတာကိုပေါ့....။
........................
ချစ်ရသူ အမိန့်နဲ့ မိဘတွေစကားကိုလွန်ဆန်ပြီး သူတို့နှစ်ဦးသား ခပ်မြန်မြန်ပဲ အိမ်ပြောင်းဖြစ်တယ်။ တစ်အိမ်ထဲ အတူနေတာမှန်ပေမယ့် ချစ်ရသူက သူ့ကိုမကြည်ဖြူမှန်း သူသိပေမယ့်တတ်နိုင်တာလည်း မရှိဘူးပဲ။
လင်းပေါင် အတိတ်ကိုပြန်သတိရလာချိန်မှ စလို့ သူ့ကို လက်ဖျားနဲ့တောင်မထိ။ တစ်ခါတစ်လေတော့လည်း အတိတ်ကိုသတိမရပဲ သူ့ကိုသာ ငေးကြည့်ပါသော ပေါင်ပေါင်ကို သတိရမိသည်။ ပေါင်ပေါင်သာဆို သူ့ကိုဘယ်တုန်းကမှ နာကျင်အောင်လုပ်ခဲ့ဖူးတာမဟုတ်ဘူး။
"ဆရာ.. ဒီနေ့ အစောကြီးပြန်လာပါ့လား!!!
"ငါအမြဲတမ်း အစောကြီး ပြန်လာနေကျ မဟုတ်ဘူးလား "
"ဟုတ်သားပဲ"
လင်းပေါင်ရဲ့ အတွင်းရေးမှူး လီယမ်က သူ့ကိုကြည့်ပြီး ပြာယာခတ်စွာပြောသည်မို့ နည်းနည်းတောင်အံ့ဩသွားသေးတယ်။ဒီကောင့်ကို ကြည့်ရတာ မူမမှန်ဘူး။ နေဦး.. လီယမ်က အိမ်မှာရှိနေတယ်ဆိုတော့ သူလည်း ကျိန်းသေပေါက်ရှိနေမှာပဲ။
လှေခါးရင်းကနေ အပေါ်ကို တစ်ချက်လှမ်းကြည့်ပြီး ရင်ထဲလှပ်ခနဲ။
"သူရော ရှိနေတာလား!!!
"ဟုတ်.. ဒါပေမယ့်!!!
"ငါသွားတွေ့လိုက်ဦးမယ်!!
"ဒေါက်တာ နေပါဦးဗျ.."
ပြာပြာသလဲ ဇွတ်ဆွဲထားသည့် လီယမ်ရဲ့လက်ကို ဒိုင်းခနဲပြန်ကြည့်လိုက်တော့ မဝံ့မရဲ တံတွေးမျိုချကာ လက်ကိုပြန်ရုတ်သွားခဲ့သည်။
"သူဌေးက သူ့ကို မနှောက်ယှက်နဲ့တဲ့.."
"ရပါတယ် နှောက်ယှက်မယ့်သူက မင်းမှမဟုတ်တာသူမင်းကို မဆူပါဘူး ဆူချင်းဆူ ငါ့ကိုပဲ ဆူမှာပေါ့..."
ပြောလည်းပြော အပေါ်ထပ်ကို ခပ်သွက်သွက် တက်သွားပြီဖြစ်တဲ့ကျိုးဖုန်းကိုကြည့်ပြီး လီယမ်တစ်ယောက် ပြာပြာသလဲအနောက်ကနေ လိုက်သွားရတယ်။
"ဒေါက်တာ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ သူဌေးက တကယ်ပဲသူ့ကိုမနှောက်ယှက်ဖို့ ပြောထားခဲ့တာ"
"ဒီနေ့ မင်းထူးဆန်းနေတယ် လီယမ်.. ဒီလိုဆိုတော့ ငါကပိုတောင် သိချင်သွားပြီ မင်းဒီလောက်ထိ ပြာပြာသလဲနဲ့လိုက်တားနေရအောင် လူသိမခံနိုင်စရာ ဘာများရှိနေလို့လဲ"
"ဒေါက်တာ.."
လီယမ်ကို လစ်လျူရှုပြီး အခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ရင်းနှီးတဲ့ ကျောပြင်တစ်ခု။ နောက်ပြီး ရေချိုးခန်းထဲကနေတပတ် ပတ်ပြီး ထွက်လာသည့် မိန်းကလေး တစ်ယောက်။
"အမ်.. သူက ရှင့်အမျိုးသား ဖြစ်မယ်ထင်တယ်နော်.."
"လင်းပေါင်!!!
ချစ်ရသူမှာ သူ့အား တစ်ချက်သာ ပြန်ကြည့်ပြီး အကြည့်လွှဲလျက်မိန်းမငယ်လေးရဲ့ နှုတ်ထမ်းထောင့်စွန်းလေးကို လှမ်းနမ်းလိုက်တယ်။ မြင်ကွင်းကို ကြည့်ရင်း မျက်ရည်တွေ ဝဲတက်လာတယ်။အဲ့ဒီတော့ အိမ်ခွဲပြီး လွတ်လွတ်လပ်လပ် နေချင်တယ်ဆိုတာကဒီလို လုပ်ချင်လို့ပေါ့။
"ဘေဘီ.. ပြန်လိုက်တော့နော် ကိုယ်နောက်မှ ပြန်ပြီးဆက်သွယ်မယ်.."
"ဟုတ်ကဲ့.. ဆက်သွယ်လာမှာကို လိမ်လိမ်မာမာနဲ့စောင့်နေပါ့မယ်"
ကောင်မလေးက ခြေဖျားထောက်ပြီး ပါးတစ်ဖက်ကို အားရပါးရနမ်းသွားသည့်တိုင် လင်းပေါင်ကလည်း ပြုံးပြုံးကြီး..။ ပြီးမှတစ်ဖက်ကို လှည့်ပြီး အနမ်းခံလိုက်ရတဲ့ ပါးကို ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်လိုက်တယ်။
"တကယ်တော့ ပေါင်ပေါင်ပြောလို့ ငါအကုန်သိပြီးပြီ!!!
"............."
"ပါးနဲ့မားကိုလည်း ငါအကုန်ပြောပြပြီး အတည်ပြုခဲ့ပြီးပြီ!!
"............."
"မင်းက ဖောက်ပြန်တာကို မုန်းတယ် အာသာပြေဖို့အတွက်အရသာခံပြီး တွေ့သမျှလူတိုင်းနဲ့ လိုက်အိပ်တတ်တဲ့လူစားမျိုးမဟုတ်ဘူးဆိုတာ ငါသိတယ် လင်းပေါင်!!!
".........."
"အခု ငါ့မျက်နှာကိုကြည့်ပြီး အမှန်တရားကို ပြောလိုက်စမ်းပါ ငါ့ကို အသည်းခွဲချင်တာနဲ့ မင်းမလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အလုပ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား!!
"ဟုတ်တယ်..."
အမျိုးသားက သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ခနဲ့တဲ့တဲ့ပြုံးလေရဲ့။
"ရင်နာနေတာလား.."
မေးရိုးကို အသာပင့်ယူပြီး အသံခပ်အက်အက်နဲ့ မေးသည်ကိုမျက်ရည်တွေကြားကနေ ခပ်ဝါးဝါးမြင်နေရတယ်...။
"ရင်နာနေတယ်ဆိုလည်း ချောင်မှာ တိတ်တိတ်လေးသွားငိုလိုက်ပါ့လား ငါ့ရှေ့မှာ လာညည်းမပြနဲ့ စိတ်ပျက်တယ်.."
"ဘာ"
"ဟက်.. ငါ့ကိုလည်းအပြစ်မဖို့နဲ့ မင်းကို ရင်ခုန်ဖို့ငါမတောင်းဆိုဖူးဘူး.. မကျေနပ်ရင် ကွာလို့ရတယ်.."
ထိုအခါ သူသိလိုက်ရတာက လင်းပေါင် အခုလို လုပ်နေတာကသူစိတ်ပျက်ပြီး ကွာရှင်းသွားအောင်လို့ဆိုတာပဲ..။
ရေချိုးခန်းဆီ ဦးတည်သွားတဲ့ အမျိုးသားကို အနောက်ကနေခါးကို လက်နှစ်ဖက်နဲ့ ခပ်တင်းတင်း ဖက်ထားလိုက်တယ်။‌ဗလာကျင်းနေတဲ့ အမျိုးသားရဲ့ကျောပြင်မှာ မျက်နှာအပ်ပြီးမှရှိုက်သံတွေက တစထက်တစ ပိုကျယ်လျက်
"Sob... ကောင်းပါပြီ မင်းစိတ်ရှုပ်အောင် ငါမဆူတော့ပါဘူး မင်းကျေနပ်မယ်ဆို ငါ အ'အ' တစ်ယောက်လို နေနိုင်သလိုအကန်းတစ်ယောက်အဖြစ်လည်း နေပေးနိုင်ပါတယ် .."
".............."
"ငါ့ကို ဖြေပေးလို့ရမလားဟင်.. ငါတို့အတူနေလာခဲ့တဲ့၄နှစ်ကျော် ၅နှစ်အတွင်းမှာ မင်းရဲ့နှလုံးသားက ငါ့အတွက်တစ်ကြိမ်တောင် မလှုပ်ရှားခဲ့ဖူးဘူးလား.."
"ဟုတ်တယ်.."
တင်းနေအောင်ဖက်ထားတဲ့ လက်နှစ်ဖက်မှာ ဖြုတ်ချခြင်းခံလိုက်ရပြီး ထိုအမျိုးသားရဲ့ ကျောပြင်ဟာ သူနဲ့တစ်ဖြည်းဖြည်းဝေးကွာသွား ခဲ့သည်။ ထိုအခါ သူသည်လည်း ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်လဲကျရင်း မျက်ရည်တွေအား လွတ်လပ်စွာကျစီးခွင့် ပေးလိုက်တော့၏။
"လင်းပေါင် မင်းဘာလို့ အခုထိ ငါ့ကိုမမြင်ရသေးတာလဲ..အစကနေ အဆုံးထိ မင်းကို သွက်သွက်ခါအောင် ချစ်ခဲ့တဲ့လူကငါတစ်ယောက်တည်းရယ်ပါ ငါ့ကိုမြင်အောင် ကြည့်ပေးလို့မရဘူးလား.."
အခုတော့ သိလိုက်ရပြီ ဒီနှစ်တွေမှာ မင်းရဲ့နှလုံးသားကငါ့အပေါ် နည်းနည်းမှ မလှုပ်ရှားခဲ့ဖူးဘူး။
.....................
"ဒီနေ့ ပေကျင်းကနေ ပွဲတစ်ခုတက်ဖို့ အဖိတ်ခံရတယ် ဘယ်သူဖိတ်တာလဲ သိလား.."
နက်ခ်တိုင်ကို သေချာစည်းရင်း လင်းပေါင်က သူ့ကို ဖျတ်ခနဲကြည့်တယ်။ ပြီးမှ ဂရုမစိုက်တဲ့ ပုံစံမျိုးနဲ့ အကြည့်ပြန်လွှဲသွားပြီးလုပ်လက်စကိုပဲ ဆက်လုပ်နေလိုက်တယ်။ ထိုအခါ ကျိုးဖုန်းရဲ့အပြုံးက ပိုပီပြင်လာပြီး
"ရိပေါ် ငါတို့ကို ဖိတ်တာ သိလား သူနဲ့ သူ့ယောက်ျားရဲ့မင်္ဂလာ နှစ်ပတ်လည်တဲ့ ညဘက် ပါတီအကြီးကြီးပေးမယ်ဆိုပဲ!
လင်းပေါင်ရဲ့ လှုပ်ရှားမှုတွေ တုန့်ခနဲ ရပ်သွားတယ်။ စိတ်အလိုမကျ ဖြစ်သွားသူကိုကြည့်ပြီး သူ အူမြူးသွားရတာတော့ အမှန်။
"ငါတို့လည်း အဲ့ဒီလို ပါတီအကြီးကြီး ပေးကြရင် မကောင်းဘူးလား .."
".........."
"အဟွန်း!! သူဖိတ်တာကို ငါငြင်းလိုက်တယ် သိလားဘာလို့လည်းဆိုတော့ တစ်ယောက်ယောက် စိတ်မကောင်းဖြစ်သွားမှာ စိုးလို့.."
လင်းပေါင် အံကြိတ်ပြီး ပြဿနာမတက်ချင်၍ တမင်ရှောင်ထွက်လိုက်သည်။ သို့သော် ကျိုးဖုန်းမှာ ရှောင်ထွက်ခွင့် မပေး။
"တကယ်ဆို သူ့ဘဝက ကောင်းတယ် သူ့ယောက်ျားကချမ်းသာတယ် ရုပ်လည်းချောတယ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီး!!
သူ့ထံကို ချာခနဲ လှည့်ကြည့်လာတဲ့ မျက်ဝန်းတစ်စုံမှာစူးရှပြီး အန္တရာယ်များမှန်း သိသော်ငြား...
"ငါသာ မင်းကို မချစ်မိဘူးဆို အခုချိန် ရိပေါ်နဲ့ သူ့ဘဲကြီးကိုလုနေရလောက်ပြီ အဲ့လောက် ပြီးပြည့်စုံတဲ့ယောက်ျားကိုဘယ်သူက မလိုချင်ပဲ နေပါ့မလဲ ငါ့ကို လာမေးလည်း ငါကတော့လက်ထပ်ချင်တယ်လို့ပြော!!!! အစ်.."
စကားတောင် မဆုံးလိုက်။ လည်ပင်းပေါ် ကျရောက်လာတဲ့လက်တစ်ဖက်မှာ သန်မာလှသည်မို့ မျက်နှာတစ်ခုလုံးလည်းခဏအတွင်း ဖြူလျော်သွားတယ်။
"အစ်.. လင်း..ပေါင်!!!
"သတ္တိရှိရင် ထပ်ပြောလိုက်စမ်း!!!
လင်းပေါင်မှာ တောက်ခေါက်ပြီး လည်ပင်းပေါ်က လက်ကိုဖယ်ပေးလိုက်တယ်။ ကျိုးဖုန်းက ဖြူဖက်ဖြူလျော် အတိုင်းသာရှိနေပြီး သူ့ကို ခနဲ့တဲ့တဲ့ ကြည့်နေသေးတာ။
"မင်း အခုထိ ရိပေါ်အကြောင်းကြားရင် စိတ်လှုပ်ရှားနေတုန်းပဲလား"
"..........."
"ငါထင်သားပဲ မင်းစိတ်ထဲမှာ သူကသာ အချိန်ပြည့်နေရာယူထားတယ်ဆိုတာ.."
"သိလည်း ပြီးတာပဲ ငါအားယားနေတာမဟုတ်ဘူး စောက်စကားမများနဲ့.."
သို့နှင့် ထမင်းစားခန်းရှိရာကို ဦးတည်သွားတဲ့ လင်းပေါင်နောက်ကို သူ ထပ်ကြပ်မခွာ လိုက်လာခဲ့လိုက်တယ်..။ လင်းပေါင်ရဲ့ အိမ်အသစ်က အလုပ်သမား သိပ်မရှိ။ အိမ်မှာ ထမင်းချက်အဒေါ်ကြီးပဲ ရှိတယ်။
"ဆရာ.."
"ဘာပြောစရာရှိလို့လဲ.."
အဒေါ်ကြီးက လူငယ်လေးတစ်ယောက်ကို ခေါ်လာတာကိုသူတို့နှစ်ယောက်လုံး တွေ့လိုက်ရတယ်။
"ဒါက အက်ရှာ.. ဒေါ်ဒေါ်ရဲ့သားပါ ဆရာ အိမ်အလုပ်တွေကူလုပ်ဖို့ လူလိုတယ်ဆိုလို့.."
"လူလိုတာတော့ အမှန်ပဲ ဒါပေမယ့် သူလုပ်နိုင်ပါ့မလားသူ့ကို ကြည့်ရတာ အတော်ငယ်သေးတဲ့ပုံပဲ!!
"ဟုတ်သားပဲ ဒေါ်ဒေါ်.. အက်ရှာ အသက်က ဘယ်လောက်ရှိပြီလဲ"
"၁၆နှစ်ပါ!!
"ငယ်သေးတယ်"
"ဒါပေမယ့် သားက အကုန်လုပ်နိုင်ပါတယ် အဲ့ဒါကိုတော့ဆရာ စိတ်မပူပါနဲ့.."
ကျိုးဖုန်းမှာ အက်ရှာကို လှမ်းကြည့်တော့ ထိုကလေးငယ်မှာသူ့အကြည့်တွေနဲ့ ဆုံသွားပြီး ရှက်ကိုးရှက်ကန်းခေါင်းငုံ့သွားသည်။
"ဟုတ်ပြီလေ ခိုင်းကြည့်တာပေါ့ ဒီနေ့တော့ သူလုပ်ရမယ့်အလုပ်တွေမရှိဘူး မနက်ဖြန်ကစပြီး အလုပ်ဝင်လို့ရပြီ!!
"ဟုတ်ကဲ့ ကျေးဇူးပါ ဆရာ.. အက်ရှာ.. ဆရာ့ကိုကျေးဇူးတင်စကား ပြောလိုက်ဦးလေ.."
"ကျေးဇူးတင်ပါတယ် ဆရာ!!
ပြန်ထွက်သွားပြီဖြစ်တဲ့ အဒေါ်ကြီးနဲ့ အက်ရှာရဲ့ နောက်ကျောပြင်မှာ သူ့အကြည့်တွေ ကပ်လျက်ပါသွားသည်။
"စားစရာရှိတာမစားပဲ ဘာလို့လိုက်ငမ်းနေတာလဲ!!!
"ဟမ်!!
"ဆေးရုံကို သွားရမှာ မဟုတ်ဘူးလား"
"ဟီး!! ဟုတ်သားပဲ သတိပေးလို့ ကျေးဇူး!!!
"မင်းကိုလည်း ငါမပြောချင်ဘူး နေ့တိုင်း ဆေးရုံကိုသွားတယ် ပြီးတာနဲ့ လူနာပေါင်း သောင်းခြောက်ထောင်နဲ့တိုင်ပတ်တော့တာပဲ အိမ်မှာ အသက်ရှင်လျက် ရှိနေတဲ့လင်ကိုကျ နေကောင်းလား တစ်ခွန်းမမေးဘူး.."
အမျိုးသားရဲ့ စကားကြောင့် သူ ပြာပြာသလဲထရပ်ရင်း
"ဟင် မင်းနေ‌မကောင်းဘူးလား ပြစမ်း ငါစမ်းကြည့်မယ်!!!
နှဖူးဆီ လှမ်းနေတဲ့ လက်ကို လင်းပေါင်ရိုက်ထုတ်ပြီး
"သွားစမ်းပါ ပြောမှသိတဲ့ ဝဋ်ကြေတမ်းကြေလို ဂရုစိုက်မှုမျိူးကိုငါမလိုချင်ဘူး.."
"............."
"နောက်ပြီး မင်းကို အိမ်ပြန်ပို့ပေးတဲ့ ဆေးရုံက ကောင်ကဘယ်သူလဲ သူက ဘယ်မှာနေလဲ အသက်ဘယ်လောက်တဲ့လဲမင်းထက်တော့ အသက်ကြီးမယ့်ပုံပဲ အိမ်ထောင်ကျပြီးပြီလား.."
"အာ.. မင်းပြောတာ အစ်ကို Finnကို ပြောတာထင်တယ် အစ်ကိုက ငါ့ထက်စီနီယာကျတယ် သဘောလည်းကောင်းတယ်အဲ့နေ့က လမ်းကြုံလို့ပါ!!!
"ဘာလမ်းကြုံတာလဲ အဲ့ကောင်နေတဲ့ နေရာနဲ့ငါတို့နေရာကတစ်ခြားစီပဲ အဟင်း!! ထားပါတော့လေ မင်းက ဘေးမှာ ယောက်ျားရှိမှ နေနိုင်တဲ့ကောင်ဆိုတော့...."
"ဘာ!! လင်းပေါင် ငါပြောပြီးပြီလေ အစ်ကိုက လမ်းကြုံလို့လိုက်ပို့တာလို့.."
လင်းပေါင်မှာ သူပြောတာကို မကြားသည့်အလား ကော်ဖီကိုအကုန်မော့သောက်ပြီး ထထွက်သွားတယ်။ ဒီနေ့လည်းခါတိုင်းလိုတစ်ယောက်ထဲ မနက်စာ၊ စားရဦးမယ်ထင်ပါရဲ့။
....................
"ဒေါက်တာ အပြင်သွားပါတယ် သူဌေး!!
မနက်စာတွေကို စားပွဲပေါ်မှာပြင်ပေးနေရင်း အဒေါ်ကြီးက ပြောလိုက်ခြင်းသာ။ ထိုအခါ သူ့ရဲ့ မျက်ခုံးနှစ်ဖက်မှာ ပို၍ပင်စုကြုတ်သွားပြီး အံကိုတင်းတင်းကြိတ်လိုက်သည်။ စိတ်ထဲ၌လည်း ဘာကိုအလိုမကျလို့ မကျမှန်းမသိ။
"သူ ဘာမှ မစားသွားဘူးလား လီယမ်!!!
လီယမ် နှုတ်ခမ်းစွန်းလေးမှာ ချက်ချင်းကွေးတက်လာလေ၏။ သူဌေးက ဒေါက်တာကို မချစ်ဘူးလို့သာပြောပေမယ့် မသိမသာဂရုစိုက်တတ်တာ သူ့အပြင် ဘယ်သူက သိနိုင်မှာလဲ။
"ဟုတ်ကဲ့ မစားသွားခဲ့ပါဘူး ဒေါက်တာကိုကြည့်ရတာ အလျင်လိုနေတဲ့ပုံပဲ ဒါပေမယ့် သူဌေးကိုတော့ မနက်စာသေချာလေး ကျွေးဖို့ မှာခဲ့ပါတယ်.."
"ကျစ်!! စောက်ရေးမပါတာတွေ!!!
ခုံကိုဆွဲယူကာ စိတ်မပါစွာ ထိုင်ချရင်း တစ်ယောက်ထဲတိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ထိုင်စားနေလိုက်တယ်။ သူတွေးလေ ပိုပြီးနားမလည်လေပဲ။ အခုတလော ကျိုးဖုန်းကခြေလှမ်းတွေပျက်နေတာ သတိထားမိတယ်။ နောက်ကျမှပြန်လာတာတွေ မနက်ဆိုလည်း သူမနိုးခင်မှာ အပြင်သွားတတ်တာတွေ။
လူမမြင်ရပဲ နီးစပ်ရာလူကို ဂရုစိုက်ဖို့ မှာရအောင် သူကကလေးမှ မဟုတ်တာ။ ဒီကောင် ရူးများနေလားမသိဘူး။
"လီယမ်!!!
"ဟုတ်"
"လူတစ်ယောက်လွှတ်ပြီး ကျိုးဖုန်းကို နောက်ယောင်ခံပြီးလိုက်ခိုင်းလိုက် သူဘယ်ကိုသွားပြီး ဘယ်သူနဲ့တွေ့တယ်ဆိုတာကိုငါသိချင်တယ်.."
"ဒီလိုလုပ်လို့ ကောင်းပါ့မလား သူဌေးရဲ့ တော်ခါကျဒေါက်တာက သိသွားရင် နှစ်ယောက်ကြား အဖုထစ်ဖြစ်နေပါဦးမယ်"
"အဟွန်း!! သူနဲ့ငါ့ကြား အဖုထစ်ဖြစ်နေတာ ကြာပြီ လီယမ်အခုလည်း အဲ့ကောင်က ခြေလှမ်းတွေ ပျက်နေလို့သာမဟုတ်ရင် ဒီလိုတွေးမိမှာတောင် မဟုတ်ဘူး အခုကြည့်လေငါ့မျက်လုံးတွေ စဖွင့်ဖွင့်ချင်း ဒင်းကို မတွေ့ရဘူး ခါတိုင်းဆိုဒင်းကိုမတွေ့ချင်မှအဆုံး!!!
"ဟင်းဟင်း!! သူဌေးက ဒေါက်တာ ပစ်ထားလို့စိတ်ကောက်နေတာလား.."
ဘန်း!!!
"ဖြစ်စရာလား အဲ့လို မိန်းမလို မိန်းမရ အလုပ်တွေငါမလုပ်တတ်တာ မင်းအသိပဲ အခုဟာက အဲ့ကောင်ခြေလှမ်းတွေပျက်နေတာ ငါ့ကွယ်ရာမှာ ဖောက်ပြန်လို့ကတော့ သူနဲ့အဲ့ကောင်ကို အရေခွံဆုပ်ပစ်မယ်"
လီယမ် သူ့ကိုဘာမှ မပြောခင်မှာပဲ ဆက်၍
"သူဖောက်ပြန်တာကို ငါစိတ်ပူလို့မဟုတ်ဘူးနော် ငါ့ကွယ်ရာမှာခွေးဇာတ်ခင်းရင် ငါ့သိက္ခာတွေကျမှာစိုးလို့ ပြောနေရတာ.."
"........."
ရှေ့မှာရှိတဲ့ ရေခွက်ကို သူစူးစိုက်ကြည့်လိုက်တော့ သူ့ရဲ့စိတ်အလိုမကျဖြစ်နေတဲ့ မျက်နှာက ထင်ဟပ်လို့.. ။
ဟုတ်တယ် မင်းခြေလှမ်းတွေပျက်နေတာ ငါခံစားမိတယ်..။ မဟုတ်တာ လုပ်တာတွေကို ငါပြန်ပြီး မသိစေနဲ့ ကျိုးဖုန်း။
...................
"ဒီအထိပဲ လိုက်ပို့ပါတော့ ကျေးဇူးတင်ပါတယ်နော် အကို.."
"ရပါတယ် အိမ်ထဲထိ အစ်ကိုလိုက်ပို့ခွင့်မရှိတာတော့ဝမ်းနည်းစရာ.."
Finnက သက်ပြင်းချလျက် ပြောသည့်အခါ သူပြူံးရုံမျှ။ဒီလောက်ထိ နောက်ကျနေတာ သူရော အခုဆိုအိပ်လောက်ပြီပေါ့။
"ဘိုင့်ဘိုင်!! ကျွန်တော်အထဲ ဝင်တော့မယ်နော်"
"ဟုတ်ပါပြီ မနက်ဖြန်မှ ထပ်တွေ့ကြတာပေါ့!!
အစ်ကို့ကို နှုတ်ဆက်ပြီး စေ့ရုံစေ့ထားတဲ့ ခြံတံခါးကို အသာဆွဲဖွင့်ကာ အထဲဝင်ခဲ့လိုက်သည်။ အိမ်ထဲကို ရောက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတဲ့ တစ်ယောက်သောသူကြောင့် ရင်ထဲထိတ်ခနဲ။ ထိုလူသားက သူ့ကိုတမင်စောင့်နေပုံပေါ်ကာ ဝိုင်ကိုသောက်နေခြင်းပင်။
"ကျိုးဖုန်း မင်း ဒီလောက်ထိ နောက်ကျတယ်လား!!
"ဟုတ်တယ် ငါ့ဂျူတီရှိလို့လေ မင်း!! မင်းကရောမအိပ်သေးဘူးလား.."
"ဘယ်က ပြန်လာတာလဲ!!
လင်းပေါင်ရဲ့ တိကျပြတ်သားသည့် အသံကြောင့် သူချွေးစေးတွေပြန်လာရပြီ။ စူးရှသည့် ထိုအကြည့်မှာ သူဘာမှမပြောရသေးပေမယ့် တစ်ဖက်လူက အားလုံးသိသွားသည့်အတိုင်းပါပင်။
"ငါပြောပြီးပြီလေ ညဂျူတီရှိပါတယ်ဆို"
"ဒါဆို မနေ့ညကရော!!
"အဲ့.. အဲ့ဒါလည်း ညဂျူတီပဲ"
ခွမ်း!!!
ဝိုင်အပြည့်ပါသည့် ဖန်ခွက်လေးက ကြမ်းပြင်ပေါ်မှာ တစစီပြန့်ကျဲလို့။ ဒေါသအပြည့်နဲ့ သူ့ဆီလျှောက်လာသည့်အမျိုးသားမှာ မူးနေပေမယ့် ခြေလှမ်းတွေတော့မှန်နေဆဲပင်။ ထိုလူသားကို သူအမြဲငေးကြည့်ရတာ ကြိုက်သော်ငြားအခုတော့ ကြောက်စိတ်အနည်းငယ်မျှ ဝင်လာရလေပြီ။
"အပြင်မှာ မင်းကို လိုက်ပို့တဲ့ကောင်ကရော!!!
"မင်းအထင်မလွဲပါနဲ့ အစ်ကိုက နောက်ကျနေလို့ ငါ့ကိုလိုက်ပို့တာပါ.."
"အဟက်!! ဒါဆို မင်း Hotelမှာ တကူးတက သွားတွေ့တဲ့ ကောင်ကရော"
စကားကြောင့် သူ့မျက်လုံးတွေ ဝိုင်းစက်သွားရ၏  ။
"လင်းပေါင်!!!!
"မဖြေနိုင်တော့ဘူးလား.."
"............"
"မင်းဘာသာ ပြောမလား ဒါမှမဟုတ် ငါပြောပြရမလား"
"လင်းပေါင် ငါ!!!
အိခနဲ ပြိုကျလာတဲ့မျက်ရည်တွေကို လင်းပေါင်မြင်တော့စိတ်ပျက်သလို မျက်ကွယ်ပြုခြင်းခံလိုက်ရသည်။
"မင်းပြောတော့ မင်းအမေက သေပြီဆို!!!
လင်းပေါင်နှုတ်က ထွက်လာတော့ ဆတ်ခနဲ တုန်သွားတယ်။ သူ..သူဘယ်လိုများသိတာပါလိမ့်။
"မင်း.. ငါ့အကြောင်းတွေ စုံစမ်းနေတာလား လင်းပေါင်!!
"ဟုတ်တယ် ဆိုရင်ရော မင်းငါ့ကို ဘာလုပ်လို့ရမှာလဲ... မင်းငါ့ကိုပြောစမ်းပါ ငါတို့မသိအောင် ဘယ်နှစ်ခုလောက်လိမ်ထားသေးလည်းလို့ အဲ့ဒီကောင်နဲ့ မင်းရဲ့ ပတ်သတ်မှုကိုထုတ်ပြောလိုက်!!!
"ငါ.. ငါပြောပါ့မယ်!!!
"ပြော!!!
"သူ့နာမည်က ဖူကျင်ယွမ်!! ကနေဒါမှာ အမေနဲ့ နေတုန်းကရင်းနှီးခဲ့တဲ့သူပါ ငါ့အဖေသေပြီးတော့ အမေက အလောင်းကစားဖက်လာတယ်လေ လူကြီးမင်း ဖူကျင်ယွမ်ဆီမှာ တင်ထားတဲ့အကြွေးတွေက မနည်းမနောပဲ အမေ ပြန်မဆပ်နိုင်ဘူး ဆေးရုံကနေ ရတဲ့ လစာက ဘယ်လိုလုပ်လောက်မှာလဲ!!
"နောက်တော့ရော??
"နောက်တော့.... အမေက ငါ့ကို အဲ့ဒီလူလက်ထဲထိုးပေးလိုက်တယ် ငါလည်း မငြင်းဆန်ရဲတဲ့ အခြေနေမို့ ပေကျင်းကို တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာ အဲ့ဒီမှာမင်းကိုလည်း ပြန်တွေ့လို့တွေ့ငြားပေါ့ မထင်ထားမိဘူး အခုသူငါ့ကို ဒီနေရာမှာ ရှာတွေ့သွားခဲ့တယ်.."
အခု သူတွေ့ရတဲ့ ဖူကျင်ယွမ်က အရင်ကထက် ပိုပြီးတည်ငြိမ်နေကာ လိုက်ရောညီထွေနေတတ်သူပင်။ သူ့မှာလက်ထပ်ထားတဲ့သူ ရှိတော့လည်း ထိုလူက နားလည်ပေးသည်။ ဒါပေမယ့် အခြေနေတစ်ခုတော့ရှိတယ်။ သူနဲ့ ညတိုင်း လက်ဆုံစားပေးဖို့ တောင်းဆိုခြင်းအပေါ် သူဟာလည်း မငြင်းဆန်ခဲ့ချေ။ သူအဲ့လိုလုပ်ပေးပါက အမေ့ရဲ့ အကြွေးတွေလည်း အကုန်လျှော်ပေးမယ် ဆိုတော့ သူလက်ခံလိုက်ရတယ်။
ဘာပဲဖြစ်ဖြစ် ညစာ အတူစားရုံပဲဟာ...
"အဲ့တော့ ငါက မင်းလင်ငယ်လား!!!
အသံက အေးဆေးတည်ငြိမ်မှုရှိမနေ။ လင်းပေါင် မျက်ခုံးနှစ်ခုက စုကြုတ်လျက်ရှိနေပြီး သူ့ကို မုန်းတီးရွံရှာမှုအပြည့်နဲ့ကြည့်နေ၍ မျက်ဆံနက်ကလေးက ဆတ်ခနဲ ခုန်လှုပ်သွား၏။
"မဟုတ်... အဲ့လိုမဟုတ်ပါဘူး လင်းပေါင်!!!!
"ဒီအခြေနေက ငါက လင်ငယ်ပဲ ဖြစ်တော့မှာပေါ့!!!!
"မဟုတ်ပါဘူး ငါသူနဲ့ စေ့စပ်တဲ့အဆင့်တောင်မရောက်ခဲ့ပါဘူးလင်းပေါင် ငါ့ကို အထင်မလွဲပါနဲ့ ဒီနေ့ ဒီချိန်ထိ ငါချစ်ခဲ့တာမင်းတစ်ယောက်ထဲပါ.."
လင်းပေါင်နဲ့ မျက်နှာချင်းဆိုင်ပြီး သူပြာပြာသလဲရှင်းပြရတယ်။ လင်းပေါင်မှာ ဟက်ခနဲ တစ်ချက်ရယ်ရင်း
"လျှာရိုးမရှိတိုင်း လျှောက်ပြောနေတဲ့ မင်းရဲ့စကားတွေကိုငါယုံမယ် ထင်နေတာလား ညတိုင်း မင်းတို့ Hotel ထဲကိုအတူဝင်သွားတာ ငါ့မှာသက်သေရှိတယ်..."
"ငါတို့ ထမင်းအတူစားကြရုံပါ တစ်ခြား ဘာကိစ္စမှ မရှိပါဘူးငါ့ကိုယုံပါ လင်းပေါင်.."
".............."
"ဒါ... ဒါမှမဟုတ် ငါ့ကိုသူများနဲ့ တွဲမြင်လိုက်ရလို့ မင်းငါ့ကိုသဝန်တိုနေတာလားဟင်..."
ထိုအခါ ဒိုင်းခနဲကျရောက်လာတဲ့ လင်းပေါင်ရဲ့အကြည့်တွေကသူ့ကို လှောင်ချင်နေပုံ။
"သဝန်တိုတယ်ဆိုတာ ချစ်မှ တိုလို့ရတာ မင်းနဲ့ ငါ့ကြားမှာဘယ်တော့မှ အဲ့လိုဖြစ်လာမှာ မဟုတ်ဘူး !!!
ရင်ထဲဆစ်ခနဲ တစ်ချက်ဖြစ်ရင်း ပေါက်ခနဲကျလာသည့်မျက်ရည်တွေကို လစ်လျူရှုရင်း မျက်လွှာချလိုက်တယ်။ 
"မင်းဖောက်ပြန်ချင်ရင်လည်း နည်းနည်းအဆင့်တန်းရှိရှိဖောက်ပြန်လို့ မရဘူးလား...'
"လင်းပေါင် မင်းလွန်နေပြီ Hotel ကို သွားတိုင်း သူများနဲ့အိပ်တယ် ထင်နေတာလား ဒါမှမဟုတ် မင်းလိုမျိုး အိမ်ကိုပဲခေါ်ပြီး အိပ်လိုက်ရမှာလား.."
တရစပ် ပြန်ချေပလာတဲ့ စကားကြောင့် လင်းပေါင် ခဏတာဆွံ့အသွားသလို ဒေါသအဟုန်လည်း ပေါက်ကွဲထွက်လာတယ်။
"မင်းငါ့ကို ပြန်ပြောဖို့ အတော်သတ္တိရှိနေတယ်ပေါ့ ဟုတ်လား"
ပါးစောင်ကိုလျှာနဲ့ထိုးရင်း ‌တစ်ဖက်လူကို မထီသလိုမှင်သေသေကြည့်လေရဲ့။ ပြီးမှ
"ဟုတ်ပြီလေ.. မင်းနဲ့ငါ တွေ့ကြပြီပေါ့ "
ထို့နောက် အပေါ်ထပ်ကို တက်သွားသည်မို့ စိတ်ထဲတစ်မျိုးဖြစ်ရသည်။ လင်းပေါင်က ပြဿနာတစ်ခုကို ခေါင်းရှောင်တတ်တဲ့လူစားမျိူးမဟုတ်မှန်း သူသိတယ်။
"လင်းပေါင် မင်းဘာလုပ်မလို့လဲ!!
နောက်ကနေ ထပ်ကြပ်မခွာ လိုက်သွားရင်း သူ့အသံဟာလည်းတုန်ရီစွာ။
"လင်းပေါင်!!!
လင်းပေါင်က သူ့ကိုပြန်ဖြေရမယ့်အစား တံခါးကိုပဲ ခြေထောက်နဲ့ဆောင့်ကန်ပြီး အထဲဝင်သွားတယ်။ ပြီးမှ တစ်ခုခုကို အသည်းအသန်ရှာဖွေပုံဖြင့် အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်တယ်။ နောက်ဆုံးမှာတော့ ပြတင်းပေါက်အနီးမှာ ချိတ်ဆွဲထားတဲ့တစ်စုံတစ်ခုကို တွေ့တာနဲ့ သူ့နှုတ်ခမ်းက တွန့်ခနဲ။
"လင်းပေါင် မင်းးဘာလုပ်မလို့လဲ!!
၎င်းကို ယူလိုက်သည်နှင့် ထင်တဲ့အတိုင်း ကျိုးဖုန်းတစ်ကိုယ်လုံးတုန်ရီလာပြီး မျက်နှာကလည်း ဖြူဖက်ဖြူလျော်ဖြစ်လာတယ်။
"နည်းနည်းလေးကြာလာတော့ မင်းလိုဘာမဟုတ်တဲ့ကောင်ကငါ့ကို အာခံရဲလာပြီပေါ့.."
ကျိုးဖုန်းမှာ ဒူးနှစ်ဖက်လုံးညွတ်ကျကာ ကြမ်းပြင်ပေါ်ဒူးထောက်လျက်လေး ဖြစ်သွားသည်။
"လင်းပေါင် မလုပ်ပါနဲ့.. ပေါင်ပေါင်ငါ့ကို ပေးထားတာသူနဲ့ငါနဲ့ အမှတ်တရ ပစ္စည်းဆိုလို့ ဒါပဲရှိတော့တာ မင်းငါ့ကိုမကျေနပ်ရင် ဆူပါ၊ ရိုက်ပါ ငါသည်းခံနိုင်တယ် ..."
"ငါမင်းကို မရိုက်ဘူး မင်းကိုထိရမှာ မသထီလို့!!!
"............"
"အဲ့ဒီအစား ငါက မင်းရဲ့ စိတ်ကိုပဲ နာအောင်လုပ်ချင်တာ!!
‌ခွမ်း!!!!!
ပစ်ခွဲခံလိုက်ရတဲ့ ပန်းအိုးမှာ ၂ပိုင်း ခြမ်းသွားလေသည်..။
"မဟုတ်ဘူး!!! ပေါင်ပေါင်!!!!
တစ်နေရာဆီ လွင့်ထွက်သွားတဲ့ ပန်းအိုးကွဲစ ၂ပိုင်းကိုတရွတ်တိုက် လိုက်ကောက်ပြီး ရင်ထဲမှာပိုက်လျက် ကျိုးဖုန်းတအိအိရှိုက်ငိုသည်။
"အမှိုက်သရိုက်တွေကို အစကတည်းက မသယ်လာဖို့မင်းကို ငါမပြောဘူးလား.."
"ပေါင်ပေါင်နဲ့ ပတ်သတ်တဲ့ ပစ္စည်းက ဘယ်လိုလုပ်ပြီးအမှိုက်သရိုက် ဖြစ်ပါ့မလဲ.."
မျက်ရည်တွေက ဒလဟော ကျစီးလျက် ရှေ့မှာရှိတဲ့ နေကြာပန်းပွင့်လေးကို မှုန်ဝါးသောအမြင်အာရုံက‌နေတဆင့် တွေ့ရ၏။ ထိုအခိုက် ပေါင်ပေါင်နဲ့ရှိနေစဉ်တုန်းက စကားတစ်ချို့အားနားထဲမှာ ပြန်ကြားယောင်မိတော့သည်။
'ပန်းက ညှိုးပြီး သေသွားမယ့်ဟာကို ဘာလို့ လက်ဆောင်ပေးရတာလဲ..'
'ပန်းက အချိန်တန် သေမှာဆိုပေမယ့် ပန်းအိုး‌ရှိနေသ၍ မျိုးစေ့ပြန်စိုက်လို့ရတယ်လေ ကိုကိုရဲ့..'
'............'
'အဓိပ္ပာယ်ကို သိလား..'
ပေါင်ပေါင်က အနောက်ကနေ သူ့ကိုဖက်ထားသည်မို့ သူကပေါင်ပေါင်ရဲ့ ရင်ခွင်ထဲမှာ နစ်မြှုပ်နေ၏။
'ဒီနေကြာပန်းလေးက ပေါင်ပေါင်လေ ကိုကိုက နေမင်းကြီး ကိုကို့ရဲ့ အနွေးဓာတ်မရရင် ပေါင်ပေါင်က ညှိုးပြီး သေသွားမှာ!!
"Sob!! ပေါင်ပေါင် ကိုကိုအသုံးမကျလိုက်တာ ဒါလေးကိုတောင် သေချာမစောင့်ရှောက်နိုင်ဘူး.."
"ထစ်ခနဲရှိ မျက်ရည်လွယ်နေတာ စိတ်ပျက်ဖို့ကောင်းတယ်.."
လင်းပေါင်မှာ ကုတင်ပေါ် လျှောထိုင်ရင်း စီးကရက်တစ်လိပ်ကိုဖွာနေခြင်းပင်။ ဘာကြောင့်မှန်းမသိ ကျိုးဖုန်း တမ်းတနေတဲ့ ပေါင်ပေါင်က အတိတ်မေ့တုန်းက သူပဲဆိုတာ သိတာတောင် မနှစ်မြို့ပါချေ။ ‌ကျိုးဖုန်းနဲ့ အတူရှိစဉ်က ပေါင်ပေါင်ရဲ့မှတ်ဉာ‌ဏ်ကိုလည်း သူလုံးဝ မမှတ်မိပါ။ ဒါကြောင့်များ ကျိုးဖုန်း တမ်းတနေတာကို သဘောမကျတာလည်း ဖြစ်နိုင်တယ်။
ကျစ်... ကိုယ့်ဘာသာ တစ်ယောက်ထဲနေတာ အကောင်းကျိုးဖုန်း... ကျိုးဖုန်း မင်းကတော့ တကယ်ကို ပြဿနာပဲ။
🌴🌴🌴
ဒါက လင်းပေါင်နဲ့ ကျိုးကျိုးရဲ့ အချပ်ပိုပါ စုစုပေါင်း ၂ပိုင်းပါနော်
Zawgyi
"ပြန်လာပြီလား ဆရာ.."
"ရှိပါတယ် ဆရာ ဟို.. မစ်စတာလင်းလည်း ရှိနေပါတယ် သူတို့ကွိုကည့်ရတာ ဆရာ့ကိုစောင့်ရင်း တစ်ခုခုဆွေးနွေးနေပုံပဲ"
"ဟင် ဟုတ်လား.."
"ဪ သား လာပြီလား ဒီမှာ အခုပဲသားအွေကာင်းပြောနေတာ.."
"ဟုတ်ကဲ့ မား!!!
သို့နှင့် မိန့်မိန့်ွကီး ထိုင်နေပြီး သူ့အားတစ်ချက်မှ ငဲ့မွကည့်သည့်ထိုလူသားကို မဝံ့မရွဲကည့်ပြီး ဘေးမှာ ကပ်ထိုင်လိုက်သည်။
"ဘွာဖစ်လို့လဲဟင် ဒီနေ့ လူစုံတက်စုံပါလား!!
"ဟုတ်တယ် .."
"မင်း ဘာလို့ဒီလိုဆုံွးဖတ်ရတာလဲ ငါတို့ဒီမှာ မားတို့နဲ့အတူနေတာလည်း အဆင်ပြေနေတဲ့ဟာ.."
အွေဖက တိကျသလို ပြတ်လည်းပြတ်တယ်။ တကယ်တော့မလွတ်လပ်တာ မဟုတ်ပဲ သူ့ကိုဆူပွူကိမ်းမောင်းတဲ့အခွါကားထဲကနေ မားနဲ့ပါးက ကာစီးကာစီး အမြဲလုပ်သည်ကိုလင်းပေါင်က သဘောမကျမှန်း သူသိပ်သိတာပေါ့...။
"လင်းပေါင်!!!
"ငါ ဝယ်ထားတဲ့အိမ်!!!!
........................
ချစ်ရသူ အမိန့်နဲ့ မိဘတွေစကားကိုလွန်ဆန်ပြီး သူတို့နှစ်ဦးသား ခပ်မြန်မြန်ပဲ အိမ်ပြောင်ွးဖစ်တယ်။ တစ်အိမ်ထဲ အတူနေတာမှန်ပေမယ့် ချစ်ရသူက သူ့ကိုမွကည်ွဖူမှန်း သူသိပေမယ့်တတ်နိုင်တာလည်း မရှိဘူးပဲ။
"ဆရာ.. ဒီနေ့ အစွောကီးပြန်လာပါ့လား!!!
"ငါအမြဲတမ်း အစွောကီး ပြန်လာနေကျ မဟုတ်ဘူးလား "
"ဟုတ်သားပဲ"
လှေခါးရင်းကနေ အပေါ်ကို တစ်ချက်လှမ်ွးကည့်ပြီး ရင်ထဲလှပ်ခနဲ။
"သူရော ရှိနေတာလား!!!
"ဟုတ်.. ဒါပေမယ့်!!!
"ဒေါက်တာ နေပါဦးဗျ.."
ပြာပြာသလဲ ဇွတ်ဆွဲထားသည့် လီယမ်ရဲ့လက်ကို ဒိုင်းခနဲပြန်ွကည့်လိုက်တော့ မဝံ့မရဲ တံတွေးမျိုချကာ လက်ကိုပြန်ရုတ်သွားခဲ့သည်။
ပြောလည်းပြော အပေါ်ထပ်ကို ခပ်သွက်သွက် တက်သွားပြွီဖစ်တဲ့ကျိုးဖုန်းကွိုကည့်ပြီး လီယမ်တစ်ယောက် ပြာပြာသလဲအနောက်ကနေ လိုက်သွားရတယ်။
"ဒေါက်တာ.."
"အမ်.. သူက ရှင့်အမျိုးသာွးဖစ်မယ်ထင်တယ်နော်.."
"လင်းပေါင်!!!
ကောင်မလေးကွေခဖျားထောက်ပြီး ပါးတစ်ဖက်ကို အားရပါးရနမ်းသွားသည့်တိုင် လင်းပေါင်ကလည်း ပြုံးပြုံွးကီး..။ ပြီးမှတစ်ဖက်ကို လှည့်ပြီး အနမ်းခံလိုက်ရတဲ့ ပါးကို ခပ်ွကမ်ွးကမ်းပွတ်သုတ်ပစ်လိုက်တယ်။
"............."
"............."
".........."
"အခု ငါ့မျက်နှာကွိုကည့်ပြီး အမှန်တရားကို ပြောလိုက်စမ်းပါ ငါ့ကို အသည်းခွဲချင်တာနဲ့ မင်းမလုပ်ဘူးလို့ ဆုံွးဖတ်ထားတဲ့အလုပ်ကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမလား!!
"ဟုတ်တယ်..."
အမျိုးသားက သူ့မျက်နှာကို တည့်တည့်စိုက်ွကည့်ပြီး ခနဲ့တဲ့တဲ့ပြုံးလေရဲ့။
"ရင်နာနေတာလား.."
မေးရိုးကို အသာပင့်ယူပြီး အသံခပ်အက်အက်နဲ့ မေးသည်ကိုမျက်ရည်တွေကားကနေ ခပ်ဝါးဝါးမြင်နေရတယ်...။
"ဘာ"
"Sob... ကောင်းပါပြီ မင်းစိတ်ရှုပ်အောင် ငါမဆူတော့ပါဘူး မင်းကျေနပ်မယ်ဆို ငါ အ'အ' တစ်ယောက်လို နေနိုင်သလိုအကန်းတစ်ယောက်အွဖစ်လည်း နေပေးနိုင်ပါတယ် .."
".............."
"ငါ့ကိုွေဖပေးလို့ရမလားဟင်.. ငါတို့အတူနေလာခဲ့တဲ့၎နှစ်ကျော် ၅နှစ်အတွင်းမှာ မင်းရဲ့နှလုံးသားက ငါ့အတွက်တစ်ွကိမ်တောင် မလှုပ်ရှားခဲ့ဖူးဘူးလား.."
"ဟုတ်တယ်.."
တင်းနေအောင်ဖက်ထားတဲ့ လက်နှစ်ဖက်မွှာဖုတ်ချွခင်းခံလိုက်ရပြီး ထိုအမျိုးသားရဲ့ ကျောပြင်ဟာ သူနဲ့တစ်ွဖည်ွးဖည်းဝေးကွာသွား ခဲ့သည်။ ထိုအခါ သူသည်လည်ွးကမ်းပြင်ပေါ်အရုပ်ွကိုးပြတ်လဲကျရင်း မျက်ရည်တွေအား လွတ်လပ်စွာကျစီးခွင့် ပေးလိုက်တော့၏။
"လင်းပေါင် မင်းဘာလို့ အခုထိ ငါ့ကိုမမြင်ရသေးတာလဲ..အစကနေ အဆုံးထိ မင်းကို သွက်သွက်ခါအောင် ချစ်ခဲ့တဲ့လူကငါတစ်ယောက်တည်းရယ်ပါ ငါ့ကိုမြင်အောင်ွကည့်ပေးလို့မရဘူးလား.."
.....................
"ရိပေါ် ငါတို့ကို ဖိတ်တာ သိလား သူနဲ့ သူ့ယောက်ျားရဲ့မင်ဂလာ နှစ်ပတ်လည်တဲ့ ညဘက် ပါတီအွကီွးကီးပေးမယ်ဆိုပဲ!
"ငါတို့လည်း အဲ့ဒီလို ပါတီအွကီွးကီး ပေွးကရင် မကောင်းဘူးလား .."
".........."
"အဟွန်း!! သူဖိတ်တာကို ငါငြင်းလိုက်တယ် သိလားဘာလို့လည်းဆိုတော့ တစ်ယောက်ယောက် စိတ်မကောင်ွးဖစ်သွားမှာ စိုးလို့.."
"တကယ်ဆို သူ့ဘဝက ကောင်းတယ် သူ့ယောက်ျားကချမ်းသာတယ် ရုပ်လည်းချောတယ် ပျိုတိုင်ွးကိုက်တဲ့နှင်းဆီခိုင်ွကီး!!
သူ့ထံကို ချာခနဲ လှည့်ွကည့်လာတဲ့ မျက်ဝန်းတစ်စုံမှာစူးရှပြီး အန်တရာယ်များမှန်း သိသော်ငြား...
"ငါသာ မင်းကို မချစ်မိဘူးဆို အခုချိန် ရိပေါ်နဲ့ သူ့ဘွဲကီးကိုလုနေရလောက်ပြီ အဲ့လောက် ပြီးပြည့်စုံတဲ့ယောက်ျားကိုဘယ်သူက မလိုချင်ပဲ နေပါ့မလဲ ငါ့ကို လာမေးလည်း ငါကတော့လက်ထပ်ချင်တယ်လို့ပြော!!!! အစ်.."
စကားတောင် မဆုံးလိုက်။ လည်ပင်းပေါ် ကျရောက်လာတဲ့လက်တစ်ဖက်မှာ သန်မာလှသည်မို့ မျက်နှာတစ်ခုလုံးလည်းခဏအတွင်ွးဖူလျော်သွားတယ်။
"အစ်.. လင်း..ပေါင်!!!
"သတ်တိရှိရင် ထပ်ပြောလိုက်စမ်း!!!
"မင်း အခုထိ ရိပေါ်အွေကာင်ွးကားရင် စိတ်လှုပ်ရှားနေတုန်းပဲလား"
"..........."
"ဆရာ.."
"ဘာပြောစရာရှိလို့လဲ.."
အဒေါ်ွကီးက လူငယ်လေးတစ်ယောက်ကို ခေါ်လာတာကိုသူတို့နှစ်ယောက်လုံး တွေ့လိုက်ရတယ်။
"လူလိုတာတော့ အမှန်ပဲ ဒါပေမယ့် သူလုပ်နိုင်ပါ့မလားသူ့ကွိုကည့်ရတာ အတော်ငယ်သေးတဲ့ပုံပဲ!!
"၁၆နှစ်ပါ!!
"ငယ်သေးတယ်"
ကျိုးဖုန်းမှာ အက်ရှာကို လှမ်ွးကည့်တော့ ထိုကလေးငယ်မှာသူ့အွကည့်တွေနဲ့ ဆုံသွားပြီး ရှက်ကိုးရှက်ကန်းခေါင်းငုံ့သွားသည်။
"ဟုတ်ပြီလေ ခိုင်ွးကည့်တာပေါ့ ဒီနေ့တော့ သူလုပ်ရမယ့်အလုပ်တွေမရှိဘူး မနက်ွဖန်ကစပြီး အလုပ်ဝင်လို့ရပြီ!!
"ကျေးဇူးတင်ပါတယ် ဆရာ!!
ပြန်ထွက်သွားပြွီဖစ်တဲ့ အဒေါ်ွကီးနဲ့ အက်ရှာရဲ့ နောက်ကျောပြင်မှာ သူ့အွကည့်တွေ ကပ်လျက်ပါသွားသည်။
"ဟမ်!!
"မင်းကိုလည်း ငါမပြောချင်ဘူး နေ့တိုင်း ဆေးရုံကိုသွားတယ် ပြီးတာနဲ့ လူနာပေါင်း သောင်ွးေခာက်ထောင်နဲ့တိုင်ပတ်တော့တာပဲ အိမ်မှာ အသက်ရှင်လျက် ရှိနေတဲ့လင်ကိုကျ နေကောင်းလား တစ်ခွန်းမမေးဘူး.."
အမျိုးသားရဲ့ စကာွးေကာင့် သူ ပြာပြာသလဲထရပ်ရင်း
"ဟင် မင်းနေ‌မကောင်းဘူးလား ပြစမ်း ငါစမ်ွးကည့်မယ်!!!
"သွားစမ်းပါ ပြောမှသိတဲ့ ဝဋ်ွေကတမ်ွးေကလို ဂရုစိုက်မှုမျိုးကိုငါမလိုချင်ဘူး.."
"............."
"နောက်ပြီး မင်းကို အိမ်ပြန်ပို့ပေးတဲ့ ဆေးရုံက ကောင်ကဘယ်သူလဲ သူက ဘယ်မှာနေလဲ အသက်ဘယ်လောက်တဲ့လဲမင်းထက်တော့ အသက်ွကီးမယ့်ပုံပဲ အိမ်ထောင်ကျပြီးပြီလား.."
"အာ.. မင်းပြောတာ အစ်ကို Finnကို ပြောတာထင်တယ် အစ်ကိုက ငါ့ထက်စီနီယာကျတယ် သဘောလည်းကောင်းတယ်အဲ့နေ့က လမ်ွးကုံလို့ပါ!!!
"ဘာလမ်ွးကုံတာလဲ အဲ့ကောင်နေတဲ့ နေရာနဲ့ငါတို့နေရာကတစ်ွခားစီပဲ အဟင်း!! ထားပါတော့လေ မင်းက ဘေးမှာ ယောက်ျားရှိမှ နေနိုင်တဲ့ကောင်ဆိုတော့...."
"ဘာ!! လင်းပေါင် ငါပြောပြီးပြီလေ အစ်ကိုက လမ်ွးကုံလို့လိုက်ပို့တာလို့.."
....................
"ဟုတ်ကဲ့ မစားသွားခဲ့ပါဘူး ဒေါက်တာကွိုကည့်ရတာ အလျင်လိုနေတဲ့ပုံပဲ ဒါပေမယ့် သူဌေးကိုတော့ မနက်စာသေချာလေး ကျွေးဖို့ မှာခဲ့ပါတယ်.."
"လီယမ်!!!
"ဟုတ်"
"ဒီလိုလုပ်လို့ ကောင်းပါ့မလား သူဌေးရဲ့ တော်ခါကျဒေါက်တာက သိသွားရင် နှစ်ယောက်ွကား အဖုထစ်ွဖစ်နေပါဦးမယ်"
"အဟွန်း!! သူနဲ့ငွါ့ကား အဖုထစ်ွဖစ်နေတွာကာပြီ လီယမ်အခုလည်း အဲ့ကောင်ကွေခလှမ်းတွေ ပျက်နေလို့သာမဟုတ်ရင် ဒီလိုတွေးမိမှာတောင် မဟုတ်ဘူး အခွုကည့်လေငါ့မျက်လုံးတွေ စဖွင့်ဖွင့်ချင်း ဒင်းကို မတွေ့ရဘူး ခါတိုင်းဆိုဒင်းကိုမတွေ့ချင်မှအဆုံး!!!
ဘန်း!!!
"ွဖစ်စရာလား အဲ့လို မိန်းမလို မိန်းမရ အလုပ်တွေငါမလုပ်တတ်တာ မင်းအသိပဲ အခုဟာက အဲ့ကောင်ွေခလှမ်းတွေပျက်နေတာ ငါ့ကွယ်ရာမှာ ဖောက်ပြန်လို့ကတော့ သူနဲ့အဲ့ကောင်ကို အရေခွံဆုပ်ပစ်မယ်"
"သူဖောက်ပြန်တာကို ငါစိတ်ပူလို့မဟုတ်ဘူးနော် ငါ့ကွယ်ရာမှာခွေးဇာတ်ခင်းရင် ငါ့သိက်ခာတွေကျမှာစိုးလို့ ပြောနေရတာ.."
"........."
ရှေ့မှာရှိတဲ့ ရေခွက်ကို သူစူးစိုက်ွကည့်လိုက်တော့ သူ့ရဲ့စိတ်အလိုမကျွဖစ်နေတဲ့ မျက်နှာက ထင်ဟပ်လို့.. ။
...................
"ဟုတ်ပါပြီ မနက်ွဖန်မှ ထပ်တွေ့ကတာပေါ့!!
အစ်ကို့ကို နှုတ်ဆက်ပြီး စေ့ရုံစေ့ထားတွဲ့ခံတံခါးကို အသာဆွဲဖွင့်ကာ အထဲဝင်ခဲ့လိုက်သည်။ အိမ်ထဲကို ရောက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ ထိုင်နေတဲ့ တစ်ယောက်သောသွူေကာင့် ရင်ထဲထိတ်ခနဲ။ ထိုလူသားက သူ့ကိုတမင်စောင့်နေပုံပေါ်ကာ ဝိုင်ကိုသောက်နွေခင်းပင်။
"ဘယ်က ပြန်လာတာလဲ!!
လင်းပေါင်ရဲ့ တိကျပြတ်သားသည့် အသံွေကာင့် သူချွေးစေးတွေပြန်လာရပြီ။ စူးရှသည့် ထိုအွကည့်မှာ သူဘာမှမပြောရသေးပေမယ့် တစ်ဖက်လူက အားလုံးသိသွားသည့်အတိုင်းပါပင်။
"ဒါဆို မနေ့ညကရော!!
ခွမ်း!!!
ဝိုင်အပြည့်ပါသည့် ဖန်ခွက်လေးကွကမ်းပြင်ပေါ်မှာ တစစီပြန့်ကျဲလို့။ ဒေါသအပြည့်နဲ့ သူ့ဆီလျှောက်လာသည့်အမျိုးသားမှာ မူးနေပေမယ့်ွေခလှမ်းတွေတော့မှန်နေဆဲပင်။ ထိုလူသားကို သူအမြဲငေွးကည့်ရတွာကိုက်သော်ငြားအခုတော့ွေကာက်စိတ်အနည်းငယ်မျှ ဝင်လာရလေပြီ။
စကာွးေကာင့် သူ့မျက်လုံးတွေ ဝိုင်းစက်သွားရ၏  ။
"လင်းပေါင်!!!!
"မွေဖနိုင်တော့ဘူးလား.."
"............"
"လင်းပေါင် ငါ!!!
အိခနဲ ပြိုကျလာတဲ့မျက်ရည်တွေကို လင်းပေါင်မြင်တော့စိတ်ပျက်သလို မျက်ကွယ်ပြွုခင်းခံလိုက်ရသည်။
"မင်း.. ငါ့အွေကာင်းတွေ စုံစမ်းနေတာလား လင်းပေါင်!!
"ငါ.. ငါပြောပါ့မယ်!!!
"ပြော!!!
"သူ့နာမည်က ဖူကျင်ယွမ်!! ကနေဒါမှာ အမေနဲ့ နေတုန်းကရင်းနှီးခဲ့တဲ့သူပါ ငါ့အဖေသေပြီးတော့ အမေက အလောင်းကစားဖက်လာတယ်လေ လွူကီးမင်း ဖူကျင်ယွမ်ဆီမှာ တင်ထားတဲ့အွေကွးတွေက မနည်းမနောပဲ အမေ ပြန်မဆပ်နိုင်ဘူး ဆေးရုံကနေ ရတဲ့ လစာက ဘယ်လိုလုပ်လောက်မှာလဲ!!
"နောက်တော့ရော??
"နောက်တော့.... အမေက ငါ့ကို အဲ့ဒီလူလက်ထဲထိုးပေးလိုက်တယ် ငါလည်း မငြင်းဆန်ရဲတဲ့ အွေခနေမို့ ပေကျင်းကို တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာ အဲ့ဒီမှာမင်းကိုလည်း ပြန်တွေ့လို့တွေ့ငြားပေါ့ မထင်ထားမိဘူး အခုသူငါ့ကို ဒီနေရာမှာ ရှာတွေ့သွားခဲ့တယ်.."
ဘာပွဲဖစ်ွဖစ် ညစာ အတူစားရုံပဲဟာ...
"ဒီအွေခနေက ငါက လင်ငယ်ပွဲဖစ်တော့မှာပေါ့!!!!
"ငါတို့ ထမင်းအတူစာွးကရုံပါ တစ်ွခား ဘာကိစ်စမှ မရှိပါဘူးငါ့ကိုယုံပါ လင်းပေါင်.."
".............."
ထိုအခါ ဒိုင်းခနဲကျရောက်လာတဲ့ လင်းပေါင်ရဲ့အွကည့်တွေကသူ့ကို လှောင်ချင်နေပုံ။
"သဝန်တိုတယ်ဆိုတာ ချစ်မှ တိုလို့ရတာ မင်းနဲ့ ငွါ့ကားမှာဘယ်တော့မှ အဲ့လွိုဖစ်လာမှာ မဟုတ်ဘူး !!!
ရင်ထဲဆစ်ခနဲ တစ်ချက်ွဖစ်ရင်း ပေါက်ခနဲကျလာသည့်မျက်ရည်တွေကို လစ်လျူရှုရင်း မျက်လွှာချလိုက်တယ်။ 
တရစပ် ပြန်ချေပလာတဲ့ စကာွးေကာင့် လင်းပေါင် ခဏတာဆွံ့အသွားသလို ဒေါသအဟုန်လည်း ပေါက်ကွဲထွက်လာတယ်။
"မင်းငါ့ကို ပြန်ပြောဖို့ အတော်သတ်တိရှိနေတယ်ပေါ့ ဟုတ်လား"
ပါးစောင်ကိုလျှာနဲ့ထိုးရင်း ‌တစ်ဖက်လူကို မထီသလိုမှင်သေသွေကည့်လေရဲ့။ ပြီးမှ
"ဟုတ်ပြီလေ.. မင်းနဲ့ငါ တွေ့ကပြီပေါ့ "
ထို့နောက် အပေါ်ထပ်ကို တက်သွားသည်မို့ စိတ်ထဲတစ်မျိုွးဖစ်ရသည်။ လင်းပေါင်က ပြဿနာတစ်ခုကို ခေါင်းရှောင်တတ်တဲ့လူစားမျိုးမဟုတ်မှန်း သူသိတယ်။
နောက်ကနေ ထပ်ွကပ်မခွာ လိုက်သွားရင်း သူ့အသံဟာလည်းတုန်ရီစွာ။
"လင်းပေါင်!!!
၎င်းင်းကို ယူလိုက်သည်နှင့် ထင်တဲ့အတိုင်း ကျိုးဖုန်းတစ်ကိုယ်လုံးတုန်ရီလာပြီး မျက်နှာကလည်ွးဖူဖက်ွဖူလျော်ွဖစ်လာတယ်။
"နည်းနည်းလေွးကာလာတော့ မင်းလိုဘာမဟုတ်တဲ့ကောင်ကငါ့ကို အာခံရဲလာပြီပေါ့.."
ကျိုးဖုန်းမှာ ဒူးနှစ်ဖက်လုံးညွတ်ကျကွာကမ်းပြင်ပေါ်ဒူးထောက်လျက်လေွးဖစ်သွားသည်။
"လင်းပေါင် မလုပ်ပါနဲ့.. ပေါင်ပေါင်ငါ့ကို ပေးထားတာသူနဲ့ငါနဲ့ အမှတ်တရ ပစ်စည်းဆိုလို့ ဒါပဲရှိတော့တာ မင်းငါ့ကိုမကျေနပ်ရင် ဆူပါ၊ ရိုက်ပါ ငါသည်းခံနိုင်တယ် ..."
"............"
‌ခွမ်း!!!!!
ပစ်ခွဲခံလိုက်ရတဲ့ ပန်းအိုးမှာ ၂ပိုင်ွးခမ်းသွားလေသည်..။
"မဟုတ်ဘူး!!! ပေါင်ပေါင်!!!!
"ပေါင်ပေါင်နဲ့ ပတ်သတ်တဲ့ ပစ်စည်းက ဘယ်လိုလုပ်ပြီးအမှိုက်သရိုက်ွဖစ်ပါ့မလဲ.."
မျက်ရည်တွေက ဒလဟော ကျစီးလျက် ရှေ့မှာရှိတဲ့ နွေကာပန်းပွင့်လေးကို မှုန်ဝါးသောအမြင်အာရုံက‌နေတဆင့် တွေ့ရ၏။ ထိုအခိုက် ပေါင်ပေါင်နဲ့ရှိနေစဉ်တုန်းက စကားတစ်ချို့အားနားထဲမှာ ပြန်ွကားယောင်မိတော့သည်။
'............'
'အဓိပ်ပာယ်ကို သိလား..'
'ဒီနွေကာပန်းလေးက ပေါင်ပေါင်လေ ကိုကိုက နေမင်ွးကီး ကိုကို့ရဲ့ အနွေးဓာတ်မရရင် ပေါင်ပေါင်က ညှိုးပြီး သေသွားမှာ!!
🌴🌴🌴
There are no comments yet. Log in to be the first to leave a review!
Similar stories