Fanfics
38💛
08:00, 31 October 2021
For ZG😍
Date of Wedding
~~~~~~~~~~~~~~~~~~~~~~
Ruby-Jiji မလိမ်နဲ့ဟာ
''ဟူး....ဟင်း....´´
Ji-ငါ ပြောပြီးပြီလေ။ငါ ဟိုနား သည်နား-
ji-Chae ကို သွားတွေ့တာ.....။
Ruby-ဟင်....ဘယ်လို။
Man1-ဟုတ်ကဲ့ မမလေး။
Man1-ဟုတ်ကဲ့ပါ မမလေး။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Kai-Ruby ဟိုဟာ-
Ruby-ဟုတ်.....ဟုတ်ကဲ့။
Ruby-ဟုတ်
'' ကျွန်မ ကန့်ကွက်ပါတယ်´´
Ji-ဟင်.....Lisa
Sa-Lisa ပါလား။
အရှိန် နဲ့ ခုန်တက်လာတာမလို့ Lisa ခန္ဓာကိုယ်လေးက နောက်ကို လှန်သွားပေမာ့် လွှတ်မပေးဘဲ ဆက်ဖက်ထားတာကြောင့် နှစ်ယောက်လုံးဟာ ဖက်ထားလျက်ပင် 360° ၅ ပတ်ေ
လာက် လည်နေပြီ ဖြစ်သည်။
Li-ချစ်တယ် Ruby Unnie။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
.................................................................Love and Loyaltyအချစ် နဲ့ သစ္စာ
For Uni😘
Date of Wedding
မင်္ဂလာဆောင် ဖို့အတွက် စီစဉ်ခိုင်းထားတဲ့ သူက မင်္ဂလာဆောင် ၂ ပွဲလုံးကို ဘူဆန်ရဲ့ အထင်ကရ နေရာတစ်ခု ဖြစ်တဲ့တစ်ပုံစံတည်း တစ်ထေရာတည်း တူတဲ့ အဖြူရောင် Church ကျောင်းကြီး နှစ်ကျောင်း ဘေးချင်းယှဉ်ကာ တည်ဆောက်ထားတဲ့ ညီနောင် ဘုရားကျောင်းလို့ အများက ခေါ်ကြတဲ့ ဘုရားကျောင်း ၂ ခုမှာ စီစဉ်ထားလေရဲ့။
Ruby တို့ မင်္ဂလာပွဲကို အကို ဘုရားကျောင်းလို့ ခေါ်တဲ့ ညာဘက်ခြမ်းက ဘုရားကျောင်းမှာ ကျင်းပပြီးတော့ Lisa တို့မင်္ဂလာပွဲ ကိုတော့ ညီ ဘုရားကျောင်းလို့ ခေါ်တဲ့ ဘယ်ဘက်ခြမ်းက ဘုရားကျောင်းမှာ ကျင်းပဖို့ စီစဉ်ထားလေရဲ့။
တစ်ဘလောက်စာ အကွာအဝေးတောင် မရှိတဲ့ မင်္ဂလာပွဲ နှစ်ပွဲ ကျင်းပရာ ဘုရားကျောင်း ၂ ကျောင်းကြောင့် ပွဲစီစဉ်တဲ့သူကို ကျေးဇူးတင်ရမလား အပြစ်တင်ရမလား မသဲကွဲတော့ပါ။သေချာတာကတော့ ဘုရားကျောင်း ၂ ခုလုံးရဲ့ ဝင်ပေါက်မှာ ထွက်လိုက် ဝင်လိုက် နဲ့ အလုပ်ရှုပ်နေတဲ့ ဧည့်သည်တွေ ကိုတော့ ဟိုဘက်ကကော ဒီဘက်ကပါ မြင်နေရတယ် ဆိုတာပါပဲ။
~~~~~~~~~~~~~~~~~~~~~~
Ruby-ဟိုတနေ့က ငါ အိပ်နေတုန်း နင်ဘယ်သွားတယ် ဆိုတာ ငါ့ကို မပြောပြရသေးဘူးနော် Jiji။
အိပ်နေတုန်း လစ်ခနဲ ထွက်သွားပြီး ဘယ်ကိုသွားတယ် ဘာသွားလုပ်တယ် မပြောပြတဲ့ Jiji ကို လွန်ခဲ့တဲ့ ၃ ရက်လောက်တည်းက Ruby တယောက် တရားခံစစ် စစ်နေပေမယ့် အဖြေမရတာကြောင့် တင်းနေပြီး ခုလည်း ဘုရားကျောင်းအနောက်က နားနေဆောင်မှာ မင်္ဂလာပွဲ အတွက် Make Up လိမ်းနေတာကို ကောင်းကောင်း မလိမ်းဘဲ Jiji ကို ရစ်နေခြင်းဖြစ်သည်။
Ji-ဒီတိုင်း ဟိုနား သည်နား သွားတာပါဆိုဟယ်။
Ruby-Jiji မလိမ်နဲ့ဟာ
Ji-ဟ.....ငါ က နင့်ကို လိမ်စရာလား ငါတကယ် ဟိုနား သည်နား သွားတာ။နင့် အခန်းထဲချည်း အောင်းနေရတာကြာတော့ ပျင်းတာပေါ့ အဲ့တာကြောင့် နင်အိပ်နေတုန်းဟိုနား သည်နား သွားတာ။နင် နိုးနေရင် ငါ့ကို သွားခိုင်းမှာမှ မဟုတ် တာကို။
Make up artist-သတို့သမီး ရေ နှုတ်ခမ်းနီ နည်းနည်း ထပ်ပြင် ချင်လို့ ခေါင်းလေး မော့ပြီး နှုတ်ခမ်းလေးကို ခပ်တင်းတင်းလေး စိပေးပါအုံး။
Make up ပြင်နေတဲ့ မာမီကြီးတွေ ထဲက တယောက်က နှုတ်ခမ်းနီ အတောင့် ၃ မျိုးလောက်ကို လက်ထဲမှာ စုကိုင်ပြီးတခြား လက်တစ်ဘက် က နှုတ်ခမ်းနီ ဆွဲတဲ့ စုတ်တံကို ကိုင်ထားကာ ဆိုးပြီးသား နှုတ်ခမ်းနီ အပေါ်မှာ ထပ်ဆိုးလို့ အဆင်ပြေအောင် သူလိုချင်တဲ့ အနေအထားကို ပြောပြပြီး Ruby ကိုနေခိုင်းလေရဲ့။
ထိုသို့ နေခိုင်းကာမှ ပြဿနာက စပြီ ဖြစ်သည်။
Ruby-မဆိုးဘူး နှုတ်ခမ်းနီ လည်း မဆိုးဘူး။ကျန်နေသေးတဲ့ နေရာတွေလည်း Make up ကိုလည်း ဆက်မပြင်ဘူး။
Ji-ဟ.....Ruby Jane ဘာဖြစ်တာလဲ ပွဲစဖို့ ၁ နာရီလောက်ပဲ လိုတော့တယ်။နင် ပြင်စရာတွေ အများကြီး ကျန်သေးတယ်။ဘာ ထ ဖြစ်တာလဲ ဟေ။ဘာလဲ ခုမှ Kai ကို မယူချင်တော့လို့ ငါ က နင့်ကို ခိုးပြေးရမှာလား။
Jiji ရဲ့ သတို့သမီး ကို ခိုးပြေးရမလား မေးလိုက်တဲ့ စကားကြောင့် Make up ပြင်နေတဲ့ အခန်းထဲမှာ ရှိနေတဲ့ Make up Artist တွေရော Hair Artist တွေပါ ထိတ်ထိတ်ပျာပျာတွေ ဖြစ်ကုန်ကြတော့သည်။
Ruby-ပေါက်ကရတွေ လျှောက် ပြောမနေနဲ့။ငါ Make upမလိမ်းဘူး ဆိုတာ က ဟို တနေ့က နင် ဘယ်သွားတယ် ဘာလုပ်တယ် ဆိုတာကို အမှန်တိုင်း မပြောမချင်း ငါ Makeup မလိမ်းဘူးလို့ ပြောတာဟဲ့။
''ဟူး....ဟင်း....´´
Ruby ရဲ့ အဖြေကို ကြားကာမှ အခန်းထဲမှာ ရှိနေတဲ့ သူတွေလည်း သက်ပြင်းချ နိုင်တော့သည်။ဘာလို့ဆို တကယ်လို့သာ Ruby ကိုJiji က ခိုးပြေး သွားလို့ မင်္ဂလာပွဲသာ ပျက်သွားခဲ့ ရင် အမောင် Kai ရဲ့ ဒေါသတွေဟာ သူတို့ ပေါ်ကျရုံ သာမက အမောင် Kai ရဲ့ မြိနေသော Katana ရဲ့ ဓားသွားကလည်း သူတို့ လည်ပင်းပေါ် ကျရောက်လိမ့်မယ် ဆိုတာကို သိနေတာကြောင့် ဖြစ်တော့သည်။
Ji-ငါ ပြောပြီးပြီလေ။ငါ ဟိုနား သည်နား-
Ruby-Kim Jisoo! နင်က ငါ့ကို တောင် အလေးမထားတော့ဘူးပေါ့။ငါ့ ကိုယ်တောင် လိမ်ပြောနေပြီပေါ့။
Jiji စကား မဆုံးခင် Ruby က ပိတ်အော်လိုက်တာ ကြောင့်Jiji  ဆက် ပြောမဲ့ စကားတွေ လည်ချောင်းထဲမှာတင် ပျောက်ကွယ်သွားတော့သည်။Ruby နောက်ဆက်တွဲ ဆက်ပြောလာတဲ့ စကားတွေမှာ ဝမ်းနည်းရိပ်လေးတွေ ဖြတ်သွားတဲ့ အပြင်ငိုသံလေးပါ ဖြည့်စွက် ပါနေတာကြောင့် Jiji ဘယ်လို ဖြေရမလဲ ဆိုတာ ဦးနှောက်ကို အမြန် အလုပ်ပေး လိုက်တော့သည်။Lisa ကို သွားထိုးတာ ပါလို့တော့ ဖြေလို့မရ။
ji-Chae ကို သွားတွေ့တာ.....။
Ruby-ဟင်....ဘယ်လို။
Ji-Chae ကို သွားတွေ့တာ။မတွေ့ရတာ ၂ ပတ်လောက် ရှိပြီ မလို့ ငါလည်း အတော်လွမ်းလာလို့ သွားတွေ့တာ။သူလည်း လက်ထပ်ဖို့ သိပ်လိုတော့တာ မဟုတ်ဘူးလေ။အဲ့တာ သူ လက်မထပ်ခင်လေး သူ့မျက်နှာလေးကို တခါလောက် အဝကြည့်ချင်လို့ သွားတွေ့တာ။ဒါပေမယ့်ငါ သူ့ကို လာတွေ့မှန်း သူမသိပါဘူး။ငါ အဝေးကပဲ ချောင်းကြည့်လာတာ။
Jiji စကားကြောင့် Jiji ကို အတင်းတွေ လျှောက်မေးနေ မိတဲ့ကိုယ့်ကိုယ် ကိုသာ Ruby အပြစ်တင်လိုက် မိတော့သည်။
* ဟုတ်သားပဲ သူလည်း Chae ကို လွမ်းရောပေါ့။လက်ထပ်ပွဲ မတိုင်ခင် တစ်ပါးသူ မပိုင်ဆိုင်ခင် သူ့အချစ်ဆုံး ပန်းလေးကိုသူ တယုတယ သွားကြည့်ချင် ရှာမှာပေါ့ *
Ruby-တောင်းပန်ပါတယ် အတင်းမေးမိလို့။
Ji-မလိုပါဘူးဟာ။လုပ်လုပ် Make up ဆက်ပြင် အချိန်က၁၅ မိနစ်လောက် ပုတ်သွားပြီ။မာမီ တို့ Jiji ညီမလေးကိုအမြန်ဆုံး နဲ့ အလှဆုံး ဖြစ်အောင် ပြင်ပေးနော်။Jiji အခမ်းအနား ပြင်ထားတာ သွားကြည့်လိုက်အုံးမယ်။
Make up artist-အေးအေး သွားလေ။
Ji-ကျေးဇူးပါ။Ruby ငါ သွားလိုက်အုံးမယ် ပြင်လို့မပြီးသေးတာတောင် ငါ့ ညီမလေးက တကယ်လှတာပဲ။ပြုံးပြုံးလေးနေနော်။
ပြောပြီး ပြုံးပြုံး ပြုံးပြုံး နဲ့ ဝတ်ထားတဲ့ ဂါဝန် အဖြူလေးကို မကာ အပြင်ဘက် ကို အပြေးတပိုင်း ထွက်သွားတဲ့ Jiji ကို ကြည့်ကာ Ruby ပြုံးလိုက်မိသည်။
* Jiji က သိပ်ကို ကြံခိုင်ပြီး သတ္တိရှိတဲ့သူပါပဲ။ချစ်တဲ့သူကိုလည်း စွန့်လွှတ်ရဲ သလို ချစ်တဲ့သူ တခြား သူနဲ့ ပျော်ရွှင်မှာ ကိုလည်း ပြုံးပြီး ကြည့်နေနိုင်သူပါ။ကျွန်မသာ လီ့ ကို အခုထိ မစွန့်လွှတ်နိုင် သေးတာ။အခုချိန်သာ လီ က ကျွန်မကို Kai နဲ့လက်မထပ် ပါနဲ့ သူ့ကို လက်ထပ် ပါလို့ ပြောရင် ကျွန်မ လီ့ ဆီ ကို ချက်ချင်း ကို ပြေးသွားမိမှာ အမှန်ပါ။ဒါပေမယ့် ဒါဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပါ။နာရီပိုင်း နေရင်ပဲ ကျွန်မ ရဲ့ လက်ထပ်ပွဲ က စ တော့မယ် ကျွန်မ လုံးဝကို လီ့ အပေါ် စိတ်မပြတ်နိုင်သေးဘူး။ကြည့်ရတာ တစ်သက်လုံး လီ့ ကို ချစ်ရင်းနဲ့ပဲ လီ မဟုတ်တဲ့ တခြား တယောက် နဲ့ ဘဝကို ရှင်သန် ရတော့မယ် တူပါ ရဲ့ လီရယ်*
Man1-မင်္ဂလာအချိန် နီးပြီမလို့ အဆင်သင့်ဖြစ်ရင် ထွက်ဖို့ပြင်ပါတော့လို့ ဗိုလ်ချုပ်က ပြောခိုင်းလိုက်လို့ပါ မမလေး။
တွေးနေတဲ့ အတွေးစလေးတွေ ကို ပျက်စီးအောင် ဖျက်စီးလိုက်တဲ့ Mr,Ruby ရဲ့ တပည့် တစ်ယောက်ကြောင့် Rubyလည်း မျက်လုံး တစ်ပတ်လည် လိုက်ပြီး စိတ်ပျက်စွာ
Ruby-အင်း လာခဲ့မယ် ခနစောင့်။
Man1-ဟုတ်ကဲ့ မမလေး။
Ruby-ခနလေး....Jiji ရော ဘယ်မှာလဲ။
Man1-မမလေး Jiji က ဘုရားကျောင်းထဲမှာ ပွဲမှာ လိုအပ်တာတွေ စစ်ဆေးပြီး ပြင်ဆင်နေပါတယ်။
Ruby-အင်း  ဖေဖေ ကို ပြောလိုက် ငါ အခု ထွက်လာပြီလို့။
Man1-ဟုတ်ကဲ့ပါ မမလေး။
~~~~~~~~~~~~~~~~~~~~~~~~~~~~
Announcer-မကြာမှီ အချိန်အတွင်းမှာ မင်္ဂလာ အချိန် ကျရောက် တော့မည် ဖြစ်ပါ၍ ဧည့်ပရိတ်သတ်များ ဘုရားကျောင်း အတွင်း မင်္ဂလာပွဲ ကျင်းပမည့် နေရာတွင် နေရာယူပေးကြပါရန် လေးစားစွာ ပန်ကြား အပ်ပါသည်။
Announcer လုပ်သူရဲ့ ကြေညာချက်ကြောင့် ဘုရားကျောင်း အတွင်း အပြင်ရှိ သူတွေ အားလုံး မင်္ဂလာပွဲကို အားပေးရန် ဘုရားကျောင်း ဘေး တစ်ဖက် တစ်ချပ် က ခုံတန်းရှည်များတွင် နေရာယူလိုက်ကြတော့သည်။
ရုတ်ရုတ် ရုတ်ရုတ် ကျွတ်စီ ကျွတ်စီ ဖြစ်နေကြတဲ့ သူတွေလည်း ခနလေး အတွင်းမှာပဲ ကိုယ့် နေရာကို ယူကာ မင်္ဂလာပွဲစမယ့် အချိန်ကို စောင့်မျှော်နေကြ တော့သည်။
Announcer-မင်္ဂလာ အချိန် အလွန်နီးပြီ မလို့ ဘုရားကျောင်း တံခါးများကို ပိတ်လိုက်ကြပါ။ပြီးတော့ သတို့သားလောင်း က သင်းအုပ်ဆရာ အရှေ့မှာ နေရာယူ ပေးပါ။
Announcer ရဲ့ စကား ဆုံးတာနဲ့ ပိတ်သွားတဲ့ ဘုရားကျောင်းကြီး ရဲ့ ပင်မ မုဒ်၀ တံခါးနဲ့ အတူ သတို့သားဝတ်စုံ နဲ့ အလွန် ခန့်ညားနေတဲ့ Kai ဟာ  မတ်တပ်ရပ်ပြီး Suit အဖြူလေးကို အဖျားလေးကနေ ကိုင်ပြီး သပ်သပ်ရပ်ရပ်လေး ဖြစ်အောင် ဆွဲချကာ သင်းအုပ်ဆရာ ရှိတဲ့ စင်မြင့်ပေါ်သို့ ခပ်ကျော့ကျော့လေး တက်သွားတော့ လေသည်။
Announcer-မင်္ဂလာ အချိန် အတိအကျ ဖြစ်ပြီမလို့။ဂျပန် ဧကရာဇ် အင်ပါယာကြီးရဲ့ လက်အောက်ခံ တစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား နိုင်ငံ ရဲ့ ဘုရင်ခံချုပ်။အင်ပါယာကြီးရဲ့ အားကိုးအားထားရာ ဖြစ်သော ဗိုလ်ချုပ်ကြီး MinatozakiRuby နဲ့ ဘုရင်ခံ ကတော် Mrs,Minatozaki Ruby Yeong တို့ရဲ့ သမီး အကြီး သတို့သမီးလောင်း Miss,Minatozaki Ruby Jane ကို ဘုရားကျောင်းအတွင်း သို့ကြွရောက်ပေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
Announcer ရဲ့ စကား ဆုံးတာနဲ့ ပွင့်လာတဲ့ ပင်မ မုဒ်ဝကြီးရဲ့ တံခါးကြီးနဲ့ ဝင်လာတဲ့ အလင်းတန်း အဖြူကြီး ထို အလင်းတန်းကို ထိုးဖောက်ကာ ဝင်ရောက်လာတဲ့ သေးသွယ်သွယ် ခန္ဓာကိုယ်လေး။မင်္ဂလာဝတ်စုံ အဖြူလေးကို ဝတ်ကာ Mr,Ruby ရဲ့ လက်ကို ချိတ်ကာ နောက်လက်တစ်ဘက်က လီလီ ပန်းတွေနဲ့ သီကုံးကာ ပြုလုပ်ထားတဲ့ ပန်းစီးလေးကို ကိုင်ထားပြီး သင်းအုပ်ဆရာကြီး နဲ့ သတို့သားလောင်း Kai ရှိရာ စင်မြင့်ဆီ သို့ တစ်လှမ်းချင်း လျှောက်လာလေရဲ့။
မင်္ဂလာဝတ်စုံ အဖြူရောင်လေးနဲ့ နတ်သမီးလေး တစ်ပါးလိုကြွကြွ လေး လျှောက်လှမ်းလာတဲ့ Ruby ကို Kai ကြည့်ကာပြုံးနေမိသည်။
Kai-နတ်သမီးလေးကို တကယ်ပိုင်ဆိုင် ရတော့မှာပါလား။အိမ်မက် မဟုတ်ဘူး ထင်ပါရဲ့(whisper)
သိပ်ကို လှလွန်းတဲ့ Ruby ကို ကြည့်ကာ Kai လည်း သတိလက်လွတ်စွာ တယောက်တည်း ရေရွတ်နေမိတော့သည်။
မကြာမှီအချိန်လေး အတွင်းမှာပဲ Kai ရဲ့ အရှေ့ကို Rubyရောက်လာပြီး Mr,Ruby က Ruby လက်လေးကို Kaiလက်ထဲ ကို ထည့်လိုက်ကာ.......
Mr,Ruby-အန်ကယ့် သမီးလေးကို စောင့်ရှောက်ပါ။ ပျော်အောင် ထားပေးပါ မောင်ရင်။
ရင်ထဲမှ လာသော ကြည်နူးမှု ဝမ်းနည်းမှုတွေ ကြောင့်ငိုသံလေး စွက်ကာ Kai ကို အမှာစကား ပြောနေတဲ့ Mr,Ruby ကြောင့် Ruby ပင် ရင်ထဲ တစ်မျိုးဖြစ်ကာ မျက်ရည်တွေပင် ဝဲတက်လာတော့သည်။
Kai- စိတ်ချပါ အန်ကယ်။Ruby ရဲ့ မျက်နှာ တစ်ချက်မညှိုးရအောင် ကျွန်တော် ကြိုးစားပါ့မယ် ခင်ဗျ။
Mr,Ruby ကို ရွှန်းရွှန်းဝေအောင် ပြန်ပြောနေတဲ့ Kai ရဲ့ အသံကြောင့် စောနက ဝမ်းနည်းနေတာတောင် Ruby စိတ်ထဲ ဘယ်ရောက်သွားတယ် မသိ။သူ့စိတ်ထဲ အတော်မှပျော်နေရဲ့လား မသိဘူး။ဘယ်ဘဝက ကုသိုလ်ကြောင့်သူ့ကိုဆိုရင် Ruby ကြည့်မရလဲ မသိတော့ပါ။
သေချာတာတခုကတော့ ဇာပဝါ ခပ်ပါးပါးလေး အောက်က Ruby ရဲ့ ခေါင်းကို အပေါ်မမော့ မိသလို မျက်လုံးတောင်လှန် မကြည့်မိပါ။
သင်းအုပ်ဆရာ-သတို့သား Seiko shita otoko Kai သည် သတို့ သမီး Minatozaki Ruby Jane အပေါ် ဆင်းရဲသည်ဖြစ်စေ ချမ်းသာ သည်ဖြစ်စေ။ ကျန်းမာသည် ဖြစ်စေ မကျန်းမာသည် ဖြစ်စေ။ သန်စွမ်းသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေ သစ္စာ ရှိစွာ ပေါင်းသင်းနိုင်ပါမည်လော။
Kai-ဟုတ်ကဲ့ ပေါင်းသင်းနိုင်ပါတယ်။
သင်းအုပ်ဆရာ-သတို့သမီး Minatozaki Ruby Jane သည် သတို့သား Seiko shita otoko Kai အပေါ် ဆင်းရဲသည်ဖြစ်စေ ချမ်းသာ သည်ဖြစ်စေ။ ကျန်းမာသည်ဖြစ်စေ မကျန်းမာသည ်ဖြစ်စေ။ သန်စွမ်းသည်ဖြစ်စေ မသန်စွမ်းသည်ဖြစ်စေ သစ္စာ ရှိစွာ ပေါင်းသင်းနိုင်ပါမည်လော။
သင်းအုပ်စရာရဲ့ မေးခွန်းကို အာစေး ထည့်ထားတဲ့ လူလို တို့ဆေး မိထားတဲ့ သူလို Ruby ဘာမှပြန်မဖြေဘဲ တောင့်တောင့်ကြီးသာ ရပ်နေမိတော့သည်။
Ruby ငြိမ်နေတာ ကြာပြီ ဖြစ်တာကြောင့် အောက်ရှိ ဧည့်သည်တွေနဲ့ မိသားစု ဝင်တွေမှာ ကျွတ်စီ ကျွတ်စီ ဖြစ်ကုန်ကြပြီ ဖြစ်တော့သည်။
Kai-Ruby ဟိုဟာ-
Ruby-လျှာ မရှည်နဲ့ ငါ သိတယ်။
Ruby လည်း Kai စကား မဆုံးခင် Kai ကို ပိတ် ငေါက်လိုက်ပြီး သက်ပြင်း တစ်ချက် ချလိုက်ကာ မျက်စိဆုံမှိတ်လိုက်ပြီး.........
Ruby-ဟုတ်.....ဟုတ်ကဲ့။
Ruby ဆီက ခပ်ရေးရေး အဖြေ အသံလေး ထွက်လာကာမှအားလုံး လည်း သက်ပြင်းချနိုင် ကြတော့သည်။
သင်းအုပ်ဆရာ-သတို့သား Seiko shita otoko Kai သည် သတို့သမီး Minatozaki Ruby Jane ကို ဇနီးမယား အဖြစ် လက်ခံပါသလား။
Kai-ဟုတ်ကဲ့ လက်ခံပါတယ်ဗျ။
သင်းအုပ်ဆရာ-သတို့သမီး Minatozaki Ruby Jane သည် သတို့သား Seiko shita otoko Kai ကို လင်ယောကျာ်း အဖြစ် လက်ခံပါသလား။
Ruby-ဟုတ်
သင်းအုပ်ဆရာ-Sekio shita otoko Kai နဲ့ Minatozaki Ruby Jane တို့ ရဲ့ မင်္ဂလာပွဲကို ကန့်ကွက်မည့်သူ ရှိပါသလား။
အပ်ကျ သံပင်မကြားရလောက်အောင် တိတ်ဆိတ်နေတဲ့ အတွက်ကြောင့် ကန့်ကွက်မည့်သူ မရှိကြောင်း ထင်ရှားလှတော့သည်။
သင်းအုပ်ဆရာ-ကန့်ကွက်မည့်သူ ရှိပါသလား။
ဒုတိယအကြိမ် မေးပြန်တော်လည်း ဘာအသံမှ မကြားရတာမလို့ ကန့်ကွက်သည့်သူမရှိကြောင်း ထပ်မံ ထင်ရှားသွားတော့သည်။Ruby စိတ်ထဲမှာတော့ တယောက်ယောက်များ တားမလားလို့ မျှော်လင့်နေမိတော့သည်။
သင်းအုပ်ဆရာ-ကန့်ကွက်မည့်သူ ရှိပါသလား။
သွားပြီ.....။တတိယအကြိမ် မေးသော်လည်း ဘာသံမှ ပြန်မထွက်လာတာ မလို့ Ruby ရဲ့ မျှော်လင့်ချက်တွေ ခံစားချက် တွေ နဲ့ အချစ်တွေဟာ ရေဆုန် မျောလေပြီ။သူ တကယ်ပင် မချစ်တဲ့သူ လက်ထဲမှာ သူ့ဘဝကို ပေးလိုက်ရတော့မည်ဆိုပြီး မျက်ရည်များပဲ ဝဲတက်လာက ချုံးပွဲချသာ ငိူချင်နေမိ တော့သည်။
မင်္ဂလာပွဲ စကတည်းက Kai ကို မော့မကြည့်ဘဲ ငုံ့ထားတဲ့Ruby ရဲ့ ခေါင်းဟာ လုံးဝကို ငိုက်စိုက် ကျသွားတော့သည်။ပြန်မော့လာဖို့ အကြောင်းမရှိတော့။
Sana နဲ့ Jiji လည်း ခေါင်းငိုက်စိုက်ကျနေတဲ့ Ruby ကို ကြည့်ပြီး စိတ်မကောင်းတာ အပြင် ဘာမှမတတ်နိုင် တာမလို့Ruby အဆင်ပြေပါစေလို့သာ ဆုတောင်း နေမိတော့သည်။
သင်းအုပ်ဆရာ-ကန့်ကွက်မည့် သူမရှိရင် လက်ထပ်ပွဲအောင်မြင်စွာ- - - -
'' ကျွန်မ ကန့်ကွက်ပါတယ်´´
* ဒီအသံ.....ငါ ရင်းရင်းနှီးနှီး သိတယ်။မဟုတ်မှ လွဲရောအဲ့ အသံက လီ.....*
''Minatozaki Ruby Jane ရဲ့ ချစ်သူ အနေနဲ့ ဒီ မင်္ဂလာပွဲကို ကျွန်မ ကန့်ကွက်ပါတယ်´´
ရုတ်တရက် ကန့်ကွက်တဲ့သူ ပေါ်လာတာကြောင့် Jiji နဲ့ Sana လည်း အသံလာရာ လမ်းကို ကြည့်လိုက်တော့ပိတ်ထားတဲ့ ပင်မ မုဒ်စ တံခါးကြီးကနေ ဝင်လာတဲ့ အလင်းတန် နဲ့ အတူ ပြေးဝင်လာတဲ့ ခပ်ဖြူဖြူ အရိပ်လေး။သေချာကြည့်ကာမှ လက်တစ်ဖက်မှာ ဒေါက်မြင့် ဖိနပ် တစ်စုံကို ကိုင်ထားပြီး ကျန်တဲ့ လက်တစ်ဖက် က သတို့သမီးဝတ်စုံ ဆင်စွယ်ရောင် ဂါဝန်လေးကို မ ကာ ဘုရားကျောင်း လျှောက်လမ်း ဖြစ်တဲ့ ကော်ဇောနီ အတိုင်း အပြေးတစ်ပိုင်းလျှောက်လာတဲ့ Lisa ရယ်ပါ။နဖူးမှာ ချွေးတွေ အများကြီထွက်နေတာ မလို့ တနေရာရာ ကနေ ပြေးလာမှန်း သိသာလှသည်။
Ji-ဟင်.....Lisa
Sa-Lisa ပါလား။
Li-ဒီ မင်္ဂလာပွဲကို Minatozaki Ruby Jane ရဲ့ ချစ်သူအနေနဲ့ ကျွန်မ ကန့်ကွက်ပါတယ် ဖာသာ။
ဘုရားကျောင်း အလယ်ခေါင်မှာ ရပ်ကာ ပြောလိုက်တဲ့ Lisa ရဲ့ စကားဆုံးတာနဲ့ စင်မြင့်ပေါ်က Ruby ဟာ လက်ထဲက ပန်းစည်းကို လွှတ်ပြစ်လိုက်ပြီး ဂါဝန်စ ကို လက်နှစ်ဖက်နဲ့ မ ကာ Lisa ဆီကို ပြေးသွားပြီး Lisa ပေါ်ကို ခုန်တက်ကာလက်တွေကို Lisa ရဲ့ လည်ပင်းမှာ သိုင်းဖက်ကာ ကျစ်ကျစ်ပါအောင် ဖက်ထားလိုက် တော့သည်။
အရှိန် နဲ့ ခုန်တက်လာတာမလို့ Lisa ခန္ဓာကိုယ်လေးက နောက်ကို လှန်သွားပေမာ့် လွှတ်မပေးဘဲ ဆက်ဖက်ထားတာကြောင့် နှစ်ယောက်လုံးဟာ ဖက်ထားလျက်ပင် 360° ၅ ပတ်လောက် လည်နေပြီ ဖြစ်သည်။
အဖြူရောင် နတ်သမီးလေး နှစ်ပါးရဲ့ ပျော်ရွှင်စွာ ပွေ့ဖက်ကြည်နူး နေမှုကြောင့် ကောင်းကင်ကြီး အပါအဝင် နတ်မျိုးနွယ် အကုန်လုံးက ကောင်းချီးပေးတော်မူသည်။
ထို မြင်ကွင်းဟာ ဆိုရင်ဖြင့် လောက ၌ ပင် အလှဆုံး ဖြစ်သည်ဟု ဆိုရတော့ပေမည်။
သင်းအုပ်ဆရာ-ကန့်ကွက်တဲ့သူ ရှိပါသဖြင့် ကန့်ကွက်မှု ကို သတို့သမီး ဘက်က လက်ခံပါသဖြင့် ဤ မင်္ဂလာပွဲ အထမမြောက် ကြောင်း ဝမ်းနည်းစွာ ကြေညာအပ်ပါသည်။
သင်းအုပ်ဆရာရဲ့ စကားကြောင့် ဧည့်သည် အများအပြားကစိတ်ပျက်ကာ အသံပေါင်းစုံထွက်လာပေမယ့် Jiji နဲ့ Sanaတီးတဲ့ လက်ခုပ်သံ နဲ့ လက်ခေါက်မှုတ်သံ ကတော့ ဘုရားကျောင်း တစ်ခုလုံး ကို ဟိန်းထွက်နေလေရဲ့။
Lisa တို့လည်း 360° လှည့်နေတာကို ရပ်လိုက်ပြီး Ruby ကို ချီထားလျက်ပင် နဖူးချင်း တေ့ထားကာ.......
Li-တောင်းပန်ပါတယ် နောက်ကျမှ ရောက်လာမိလို့။
Ruby-တောင်းပန်စရာ မလိုပါဘူး။ခုလို ရောက်လာပေးတာ နဲ့ တင် ကျေးဇူးတင်လှ ပါပြီ။
Li-ချစ်တယ် Ruby Unnie။
Ruby-ကျွန်မက ပိုချစ်ပါတယ်ရှင့်။
Ruby နဲ့ အဖြေ နဲ့ ပြန်ဖြေလိုက်တဲ့ အသံလေးကို Lisa သဘောကျစွာ ရီလိုက်ပြီး Ruby နဖူးလေးကို မြတ်နိုးစွာ နမ်းရှုံ့လိုက်တော့သည်။
ဘုရားကျောင်းရဲ့ မုဒ်၀ နားမှာ မတ်တပ်လေးရပ်ကာ ပြုံးပြီး  လက်ခုပ်တီး ပေးနေတဲ့ Chae ကို ကြည့်ကာ Jiji တီးတိုးပြောလိုက်မိတာက......
Ji-Chae လည်း သိပ် သတ္တိရှိတာပဲ။ချစ်ရတဲ့သူကို စွန့်လွှတ်ရဲတယ်။
❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
လက်ထပ်ပွဲ လုပ်လိုက်လို့ လန့်သွားကြသေးလား။Plot အသစ် စဉ်းစားလို့ ရထားတယ် သိလား ဒါပြီးရင် နောက် တစ်ပုဒ်ပေါ့။ဖတ်ရတာ ဘယ်လိုနေလဲဟင်။ခရစ်ယာန် ဘာသာဝင်မဟုတ်တာကြောင့် လက်ထပ်ပွဲ အမှားပါသွားရင် ခွင့်လွှတ်ပါနော်
Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#
There are no comments yet. Log in to be the first to leave a review!
Similar stories